Unicode Version
မြွေကျိန်စာ(စ/ဆုံး)
————————
”ဒုတ် ဒုတ် ဒုတ်”
ကိုကျော်ခေါင် သစ်ပင်ငယ်လေးတစ်ခုကို ဓားမဖြင့် တဒုတ်ဒုတ်ခုတ်နေလေ
သည်။ အချိန်ကား ညနေသုံးနာရီဝန်း
ကျင် ။ အိမ်၌ ထင်းမရှိတော့၍ ထင်း
ခုတ်ထွက်လာခြင်းပင်။
”ရှူးးးး ရှူးးးး”
”ဟ ဘာသံလဲ ဟ”
ကိုကျော်ခေါင် ထိုသစ်ပင်လေးကို
ခုတ်နေရင်းမှ ထို ရှူး ရှူး ဆိုသော
အသံကို နားစွင့်ကြည့်လိုက်မိသည်။
”ဝှီးးးးးးးး”
ရုတ်တရက် ဝှီးခနဲ တိုက်ခတ်လိုက်
သောလေစိမ်းကြောင့် ကိုကျော်ခေါင်
ကျောထဲ စိမ့်ကနဲ ဖြစ်သွားမိသည်။
သစ်ပင်များ လည်းထိုလေအဝှေ့ ယိမ်း
ထိုးသွားလေတော့သည်။ဘာမှ မဟုတ်လောက်ပါဘူး ဆိုသော အတွေး
နှင့် အတူ ကိုကျော်ခေါင် အပင်ခြောက်လေးကိုသာ တဒုတ်ဒုတ်
ခုတ်နေလိုက်တော့သည်။
”ဒုတ် ဒုတ် ဒုတ်”
”ကျွိ”
”ဘိုင်း”
ထို အပင်ခြောက်လေးလည်း ကိုကျော်ခေါင့် ဓားချက်အောက်တွင်
မြေခ သွားလေတော့သည်။
ဟူးးးးမောတာ ကွာ
ကိုကျော်ခေါင် ထိုသို့ပြောရင်း နဖူးပေါ်မှ ကျလာသော ချွေးစက်
အချို့ကို လက်ဖမိုးနှင့် သုတ်လိုက်ပြီးနောက်
အသင့် ယူလာသော မီးတောက် ချက် အရက် ကို သုံးလေးကျိုက်
မော့ ချလိုက်တော့၏။ထိုစဉ်
”ရှူး ရှူး”
”ဟာ ဘာသံလဲ ဟ”
စောစောက ၎င်းကြားလိုက်ရသော အသံ ထပ်မံ ထွက်ပေါ်လာလေ
တော့သည်။ထိုစဉ်
”ဝုန်း ”
ခနဲ မိုးချိန်းသံ လိုလို ကြားလိုက် ရပြီး လျှင်
”ရွှတ်”
”ဟာ အလို ဘယ်လိုဖြစ်တာပါလိမ့်”
ချုံဘုတ်ငယ်လေးတစ်ခု ရုတ်တရက်
ရွတ်ခနဲ လှုပ်ရှမ်းသွားလေတော့သည်။
ကိုကျော်ခေါင် ထိုလှုပ်ရမ်းသွားသော
ချုံ ဘုတ်လေးကို သေချာစိုက်ကြည့်
မိလိုက်သည်။
”ရွှတ်”
”ဟာ”
နောက်ထပ်တစ်ခုသော ခြုံဘုတ်လေး လှုပ်ရမ်းသွား
သည်ကို ထပ်မံ၍တွေ့လိုက်ရလေတော့
သည်။
”ဟာတောခြောက်တာလား”
ထိုအတွေးနှင့်အတူ စောစောက လှုပ်ရမ်းသွားသော ချုံ ဘုတ်လေးကို
ကြည့်လိုက်ရာ မျက်စိလျင်လှသော
ကိုကျော်ခေါင်က
”အမယ် မောင်မင်းကြီးသား ပျူတစ်
ပျူတစ်လုပ်နေပါလား”
မှန်ပေသည်။ ကလေးတစ်ယောက်၏
ပေါင်လုံးခန့်ရှိသော မြွေတစ်ကောင်
၏ ခေါင်းလေးကို ကိုကျော်ခေါင်
ရုတ်တရက်တွေ့လိုက်ရလေတော့သည်။
”မင်းတော့ ကံဆိုးပြီဟေ့ ကျော်ခေါင်
ကမြွေသား ခပ်ကြိုက်ကြိုက်နဲ့ ”
ထိုသို့တီးတိုးရေရွတ်ရင်း စောစောက
အပင်ခုတ်တဲ့ ဓားမ ကိုအသာလှမ်းစမ်း
ကာ
”ရော့ကွာ”
”ဒုတ်”
”ဖလပ် ဖလပ် ဖလပ်”
လူသာမူးနေသော်လည်း လက်မမူးသော ကိုကျော်ခေါင်၏ ဓား
ချက်ကြောင့် ထိုစပါးကြီးမြွေ မှာ
ဖြတ်ဖြတ်လူးသွားလေတော့သည်။
လမ်းမှန်းကောင်းလှသော ကိုကျော်ခေါင်၏ ဓားချက်က ထ်ုမြွေ
လေး၏ ခါးလောက်က ချက်ကောင်း
ကိုထိလျက်မိသား။ အလွန်လျင့်မြန်လှ
သော ကိုကျော်ခေါင်ကာ ထိုမြွေလေး
ကို ဆက်ခနဲကောက်လိုက်ရင်း
မြေပေါ်သို့ သုံးလေးချက်ကိုင်ပေါက်
ချလ်ုက်လေတော့သည်။
”ရော့ကွာ ကိုင်း ကိုင်း သေစမ်းသေစမ်း”
”ဖလပ် ဖလပ် ဖလပ်”
ထိုမြွေလည်း သုံးလေးချက်မျှလူးလွန့်
ရင်း ငြိမ်ကျသွားလေတော့သည်။
”ဟားးဟားးး မိုက်တယ်ကွာ မြွေသား
မြည်းရတော့မယ်ပေါ့ နှိပ်ဟ”
ကိုကျော်ခေါင် ဝမ်းသာမဆုံး တပြုံးပြုံး
နှင့်။ ထိုသေသွားသောမြွေက်ု ဓားဖြင့်
အရေခွံကို လှီးလိုက်ရင်း
”ဇွိ ””””
”ဗျစ် ဗျစ် ဗျစ်”
ကိုကျော်ခေါင် ထိုမြွေ၏ အရေခွံကို
ဇွိခနဲ နေအောင်ဆွဲခွာလိုက်လေတော့
သည်။ ထိုမြွေမှာ အရေခွံ မရှိသော၍
သွေးများ စို့နေသော အသားစိုင်များသာ ပေါ်လာလေတော့
သည်။
”အရသာ ရှိလိုက်မယ့်ပုံကွာ ကျော်ခေါင်
တို့ကတော့ ထီပေါက်ပြီဟေ့ မြွေသား
မစားရတာ ခပ်ကြာကြာနဲ့”
ထိုသို့ပြောရင်း ထိုအရေခွံခွာထားသော
မြွေကို စောစောက ၎င်းခုတ်လှဲလိုက်
သော သစ်ပင်လေး ပေါ်တင်ရင်း နှစ်လက်မ ခန့်အတုံးငယ်လေးများအဖြစ်
တုံးလိုက်လေတော့သည်။
”အမြည်းကောင်းနဲ့ မီးတောက်ပေါ့ကွာ
ဟ ဟ”
ကိုကျော်ခေါင် ထိုသို့ပြောရင်း စောစော
ကတုံးထားသော မြွေသားတစ်လေး
များကို ငှက်ပျောရွက်တစ်ရွက်အား
ခုတ်၍ နှီးများဖြင့်ချီလိုက်လေတော့
သည်။ ပြီးနောက် ၎င်းခုတ်လာသော
သစ်ပင်ခြောက်လေးကို ထမ်းရင်း မိမိ
နေထိုင်ရာ ချစ်ဇနီးရှိသည့် နေအိမ်လေး
သို့ ပြန်လာခဲ့လိုက်လေတော့သတည်း။
©©©©©©©©
”မိန်းမရေ မိန်းမ ”
ကိုကျော်ခေါင် အိမ်ပြန်ရောက်တော့
သူ့ချစ်လှစွားသော ဇနီးလေးကို
လှမ်းခေါ်လိုက်လေတော့သည်။ အချိန်
ကား ညနေ လေးနာရီဝန်းကျင် နွား
ရိုင်းသွင်းချိန်။ သို့သော် နေအိမ်အတွင်း
မှ ကိုကျော်ခေါင် မိန်းမ ပြန်ထူးသံ
ကိုမကြားရ။
”မိန်းမရေ အလို ဘယ်များသွားနေပါ
လိမ့် အိပ်များအိပ်နေလေရော့လား”
ကိုကျော်ခေါင်လည်း ၎င်းခုတ်လှဲလာ
သော ထင်းအဖြစ်လဲ သစ်ပင်ငယ်လေး
ကို မြေကြီးပေါ် သို့ဝုန်းခနဲ ပစ်ချလိုက်
လေတော့သည်။
”မိန်းမရေ အကိုပြန်လာပြီဟ”
ပြန်မထူး။ ကိုကျော်ခေါင် အနည်းငယ်
စိတ်ပူသွား၍ နေအိမ်ထဲသို့ အပြေးတစ်
ပိုင်းနှင့် ဝင်သွားလိုက်လေတော့သည်။
”ဟင် ဧည့်ခန်းထဲမှာလည်း မရှိဘူး
ဘယ်များသွားနေတာပါလိမ့်”
ချမ်းသာတဲ့ လူတန်းစားတော့မဟုတ်ပေ
နေအိမ်လေးမှာ အစိုးရက ချပေးထား
သော လုံးချင်းအိမ်ငယ်လေးနှင့်နေရ
လေသည်။ ထူးဆန်းသည်ကား ကိုကျော်ခေါင် တို့အိမ်ကလေးမှာ အခြားအိမ်များနှင့် သိပ်မနီးပဲ သီးခြား
လေးဖြစ်နေလေသည်။
”အိပ်နေတာလားဟ”
ကိုကျော်ခေါင် သူ့ဇနီးအိပ်နေသည်
ထင်မှတ်၍ အိပ်ခန်းအပေါက်ဝက
လိုက်ကာ လေးကို ဆွဲလှန်လိုက်ရာ
……………………
”ဟာ သောက်မြွေမျိုးတွေ”
ကုတင်ပေါ်၌ ကားသူ့မိန်းမ ရှိမနေပေ။
စောစောတွေ့ခဲ့သလို မြွေတစ်ကောင်သာ ကုတင်ပေါ်၌ အရှည်လိုက်ကြီးရှိနေလေသည်။
”တွေ့ကြပြီပေါ့ကွာ ကျော်ခေါင်ကွ
ဘာမှတ်လဲ”
ထိုသို့ပြောရင်း စောစောက ထင်းခုတ်
ဓားမကို ပြေးယူကာ ထိုအိပ်ခန်းထဲသို့
အပြေးဝင်လိုက်သည့်တိုင် ထိုမြွေက
မပြေးပေ။ မျက်နှာပြောင်တိုက်နေခြင်း
လား မပြေးနိုင်၍ လားကိုကျော်ခေါင်
နားမလည်တော့။ ပါလာသောဓားမ
ဖြင့် ထိုမြွေ၏ ဦးခေါင်းနေရာကို အားကုန် လွှဲ၍ ပိုင်းချလိုက်လေတော့
သည်။ ထင်းခုတ်ဓားမ ဖြစ်သည့်အလျောက် ကိုကျော်ခေါင်၏
ပြင်းထန်လှသော ဓားချက်က ထိုမြွေ၏
ဦးခေါင်းကို တိခနဲ ပြတ်ထွက်သွားစေ
ခဲ့လေသည်။
”ဖျန်းးးးး”
”ဟားဟားးးး”
၎င်း၏ ဓားချက်နှင့် အတူထိုမြွေ၏
ပြတ်ထွက်သွားသော လည်ပင်းနေရာ
ကသွေးများဖြာခနဲ ထွက်လာလေတော့
သည်။
”မှတ်ထားကွ ကျော်ခေါင်တဲ့ ရော့ကွာ
ရော့ကွာ”
နောက်ထပ်နှစ်ချက်ဆင့်၍ ပိုင်းချလိုက်
လေတော့သည်။ မြွေမှာ သုံးပိုင်းဖြစ်
သွား၍ သွေးများ အိပ်ရာခင်းပေါ်၌ ရဲ
ဘဒေါင်းခတ်သွားလေတော့သည်။
”တော်တော် လတ်ဆတ်တဲ့ကောင်
သွေးတွေကို အများကြီးပဲ”
မျက်နာကို လာစင်သော သွေးစသွေးန
များကို လက်ဖြင့် သုတ်ချလိုက်ရင်း
ထိုသို့ကောက်ချက်ချလိုက်လေတော့
သည်။
”ချက်စား မယ် မင်းကိုချက်စားမယ်
မိန်းမ ကလည်းအရေးအကြောင်းအိမ်
မှာကို မရှိဘူး မရှိတာပဲ ကောင်းပါတယ်
တော်နေကြာ ငါ့မိန်းမ မြွေ မြင်ပြီး
အသက်ထွက်သွားအုံးမယ် ဟားဟားး”
အရူးတစ်ယောက်ပမာ ကိုကျော်ခေါင်
စကားများကို တောင်စဉ်ရေမရ ပြောရင်း ထိုမြွေကြီးကို အပိုင်းပိုင်းထပ်
ခုတ်ပလိုက်လေတော့သည်။
”ရော့ကွာ ရော့ကွာ”
”ဒုတ် ဒုတ် ဒုတ်”
ထိုသို့ခုတ်ပိုင်းရင်း မြွေသားတစ်များကို
လက်ဖြင့် ပိုက်ရင်း မီးဖိုချောင်ထဲဝင်
သွားလေတော့သည်။ မီးဖိုချောင်ထဲမှ
ခပ်ကြီးကြီး အိုးတစ်လုံးကို ယူကာ
ထိုသားတစ်များကို ထည့်လိုက်လေတော့
သည်။
”ရေသေချာ ဆေးပြီးရင် မာဆလာလေး
ထည့် ချင်းလေးနိုင်းချင်းနဲ့ ဂွတ်”
ကိုကျော်ခေါင် ထိုသားတစ်များထည့်
ထားသော အိုးကို ယူ၍ ရေးဆေးရန်
ထွက်လာခဲ့လေတော့သည်။
”ဝေါ ”
ပိုက်မှ အသင့်ကျလာသော ရေဖြင့်
ထိုသားတစ်များကို စိမ်ပြေနပြေ ထိုင်
ဆေးနေလိုက်သည်။ထိုစဉ်
”ဦးကျော် ခေါင် အာ့ဘာတွေလဲ”
ငှက်ပစ်ထွက်လာသော နွားကျောင်းသား
လေးဖိုးထောင်က မေးလိုက်လေသည်။
”မြွေလေကွ ဖိုးထောင်ရ ငါအရက်နဲ့မြည်းမို့”
ထိုသို့ပြောရင်း အသားတစ်တုံးကို ကောက်ကာ ထောင်ပြလိုက်လေသည်။
ထိုအခါ ဖိုးထောင် ဆိုသော ကလေးက
မျက်စိမျက်နာပျက်သွားရင်
”အားးးးးးးးးး”
ကြောက်လန့်တကြားအော်ဟစ်ကာ
နောက်ပြန်လှည့်မကြည့်ပဲ ခြေကုန်သုတ်
၍ ထွက်ပြေးသွားလေတော့သည်။
”ဟ မြွေကိုများ အဲ့လောက်ကြောက်ရ
လားကွ ဟားဟားးးးး”
ကိုကျော်ခေါင် အရူးတစ်ယောက်လို
ရယ်မောလိုက်ရင်း ထိုအသားတုံးများ
ကိုသာ ပုံမှန်အတိုင်း ထိုင်၍ သာဆေးနေ
လေတော့သတည်း။
©©©©©©©©©
”သာဒင် ကျော်ခေါင်တို့ အိမ်က ရန်ဖြစ်
သံကြားသလိုပဲကွ”
”အဘ ကလည်း လင်မယားချင်း ရန်ဖြစ်
တာနေမယ်ပေါ့ ဘာမထူးဆန်းပါဘူး”
”ထူးတော့ထူးတယ် ငါ့တူရ ရန်ဖြစ်တာက တစ်ချက်လောက်အော်
ပြီးပြီးသွားတာ ကွ”
”ပြန်ချစ်သွားကြတာနေမယ်ပေါ့ အဘရယ်”
”ဟဟ မင်းကတော့ နောက်ပြီကွာ”
ထိုစဉ် နွားကျောင်းသားလေး ဖိုးထောင်က အလောတကြီးပြေးလာရင်း
”အဘ ရေ အဘသန်းအောင်”
”ဟာ ဖိုးထောင်ရ ဘာဖြစ်လာတာလဲ
အလော တကြီး”
”ဟို ဟို ဟိုလေ”
အပြေးလွန်လာ၍ မောနေကာ ပြောမည့်
စကားများ ထစ်နေလေသည်။
”ရော့ ရေသောက် ပြောဟ မထိတ်သာ မလန့်သာနဲ့ မင်းဟာကလည်း”
ဖိုးထောင်လည်း အဘသန်းမောင် ကမ်းပေး
သော ရေခွက်ကို တဂွတ် ဂွတ်မော့ပြီးနောက်
တော့။
”အဘ ဦးကျော်ခေါင်လေ …………………………………………
အဲ့လိုမျိုးပဲ အဘ”
ထိုအခါ အဘသန်းမောင်ဆိုသူနှင့်
ကိုသာဒင် တို့မျက်နှာ အကြီးအကျယ်ပျက်
သွားကာ
”ဘာ ဘာကွ”
”ဘာပြောတယ် ဖိုးထောင်”
”ဟုတ်တယ် အဘရေ ကျွန်တော်တောင်
ကြောက်လို့ပြေးလာတာ”
”ဟာ ဒီကောင် မလုပ်သင့်တာ တွေလုပ်
ပြီထင်တယ်”
”သွားသွား ဖိုးထောင် ရပ်ကွက်လူကြီး
ကို အကျိုးအကြောင်းပြော ပြီးခေါ်လာခဲ့”
”ဟုတ် ဟုတ်ကဲ့ အဘ”
ထိုသို့ပြောရင်း ဖိုးထောင်လည်းရပ်ကွက်
လူကြီးများကိုခေါ်ရန်ထွက်သွားလိုက်
လေတော့သည်။ အဘသန်းအောင်နှင့်
သာဒင်လည်း ကိုကျော်ခေါင် အိမ်သို့
ခပ်မြန်မြန်လေး သုတ်ခြေတင်လိုက်ကြ
လေတော့သတည်း။ ။
©©©©©©©©©
”ဟာ ဘုရားရေ”
”အလို ဘုရား ဘုရား”
ကိုသာဒင်နှင့် အဘသန်းအောင် အသား
တုံးများ ထိုင်ဆေးနေသော ကိုကျော်ခေါင် ကိုအဝေးမှ လှမ်းမြင်လိုက်၍ အာမေဋိတ်သံများ
ကိုစီ ထွက်သွားကြလေတော့သည်။
ကိုကျော်ခေါင်၏ ပုံပန်းသဏ္ဌာန်မှာ
သရဲ သဘက်စီးနေသည့်အလား။
မျက်လုံးမှာ လဲနီမြန်းကာ မီးဝင်းဝင်း
တောက်လျက်။ သွေးများဖြင့်ရဲနေသော
အကျီင်္ကို ဝတ်ဆင်ထားရင် လူသေ
တစ်ကောင်၏ လက်တစ်ဖက်ကို
အပူအပင်ကင်းစွာ ဆေးကြောနေလေ
သည်။ ထိုစဉ် အဘ သန်းအောင်က
”ဟေ့ကောင် ကျော်ခေါင်”
ကိုကျော်ခေါ် တစ်ယောက် အသံလာရာ
ဆီသို့ ဆက်ခနဲကြည့်လိုက်လေတော့
သည်။ ကိုကျော်ခေါင်၏ အကြည့်
ကြီးမှ လွန်စွာကြောက်ဖို့ကောင်းလှပေ
သည်။
”မင်းဘာလုပ်နေတာလဲ ကွ”
”အေ်ာ အဘသန်းအောင်ပါလား
ကျုပ်မြွေဖမ်းလာတာ ဖိုးထောင်ပြောပြ
လိုက်တယ် မဟုတ်လား အဘလာလေ
ဟင်းစား ရတယ် ယူအုံးမှာလား”
”ဟေ့ကောင် မင်းရူးနေလားမင်းသတ်
ထားတာ မြွေမဟုတ်ဘူး မင်းမိန်းမ
မသီတာ ကိုသတ်ထားတာ”
”ဟာ အဘ မနောက်နဲ့ဗျာ ကျုပ်သတ်တာ မြွေဗျ”
”ဟာ ဒီကောင်တော့ခက်ပြီ ဒုက္ခတော့များ ကုန်တော့မှာပဲ”
ကိုကျော်ခေါင် အဘသန်းမောင်နှင့်
ကိုသာဒင် ကိုပြူးတူးကြောင်တောင်
ကြည့်နေလိုက်တော့သည်။ ထိုစဉ်
”ဟာ ဟေ့ကောင် ကျော်ခေါင်”
ရပ်ကွက်လူကြီးနှင့် ရဲအချို့ပြေးလာ
ကြလေတော့သည်။
”စခန်းမှူးကြီး မြင်တဲ့အတိုင်းပါပဲ”
ရပ်ကွက်လူကြီးလည်း အသင့်ပါလာ
သော ရဲအရာရှိ ကိုပြောလေတော့
သည်။ ထိုစဉ် ရုံးရုံး ရုန်းရုန်း ဖြစ်သွား
သော ထိုနေရာ သို့လူများ ဖြောခနဲ
ရောက်လာကြလေတော့သည်။
”အလို လူသေကြီး”
”ဟာ လက်ပြတ်ကြီး ဝေါ့”
”ဘုရားရေ”
စပ်စပ်စုစု နှင့်ရောက်လာသူများကလည်း
ထို အခြင်းအရာ များကို မြင်သွားကြ
ပြီး ဘုရားတ သူကတ အန်သူက အန်နှင့်
ဖြစ်ကုန်ကြလေတော့သည်။
”ကိုကျော်ခေါင် စိတ်အေးအေးထားပါ”
ရဲအရာကြီး ကထိုသို့ပြောရင်း ကိုကျော်ခေါင့် အနီးသို့တဖြေးဖြေး တိုး
ကပ်လိုက်လေတော့သည်။ထိုအခါ
ကိုကျော်ခေါင်က
”ဟေ့လူ ရှေ့တိုးမလာ နဲ့နော် ဟော
ဒီမှာ တွေ့လား”
အနီးမှ စောစောကသူ့မိန်းမ မသီတာကို
ခုတ်သတ်ထားသော ထင်းခုတ်
ဓားမကိုပြေးဆွဲရင်း ပြောလေသည်။
”ကိုကျော်ခေါင် ခင်များလက်နက်ချပါ
ကျုပ်တို့ ခင်များကို ကျုပ်တို့လူသတ်မှုနဲ့
ဖမ်းရလိမ့်မယ်”
”ဘာ လူသတ်တယ် ဟုတ်လား ကျုပ်သတ်တာ မြွေမြွေ”
ကိုကျော်ခေါင် အရူးတစ်ယောက်ပမာ
သွေးရူးသွေးတမ်းနှင့် လျှောက်ပြော
ကာနေလေတော့သည်။
”ခင်များ မိန်းမ ကိုခင်များသတ်လိုက်တာ
ပဲ”
”ဘာ ကျုပ် ကျုပ်မသတ်ဘူးနော်”
ဓားမကြီးကို ရဲအရာရှိ နှင့်ရပ်ကွက်လူ
ကြီးများရှိရာ ကိုထိုးချိန်ထားရင်း
ခေါင်းကို ပြုတ်ထွက်မတတ် ခါရမ်းကာ
အပြင်းအထန်ငြင်းလေတော့သည်။
”ကိုကျော်ခေါင် စိတ်အေးအေးထားပါ
ခင်များ ဓားကို အသာလေးချလိုက်”
”မဝင် လာနဲ့နော် ကျုပ်အကုန် ပိုင်းပစ်
မှာဗျ”
”စိတ် ထိန်းမောင် ကျော်ခေါင်”
၎င်းအား တစ်ယောက်တစ်မျိုးဝိုင်း၍ ပြောဆို တားဆီးကြလေသည်။ခဏကြာတော့ ကိုကျော်ခေါင် ငြိမ်ကျသွားလေတော့
သည်။
”ဓားကြီးကို အသာလေး ချလိုက်ပါ
ကိုကျော်ခေါင်”
ကိုကျော်ခေါင် ဓားကြီးကို လွတ်မချသေးပဲ ၎င်းခုတ်ပိုင်းထားသော
အသားတစ်များကို အသားတုံးများကို
သာ ငေးကြည့်နေလိုက်သည်။ မကြာပါ
”ဒုတ် ”
ဓားကြီးကို ဒုတ်ခနဲလွတ်ချလိုက်လေ
တော့သည်။
”ဟာ သီ သီတာ ဟာ သွေးတွေ”
ကိုကျော်ခေါင် သရဲပူးခံရထားသော
လူတစ်ယောက်နှယ် ။ယခုမှ အသက်ပြန်
ဝင်လာသော လူတစ်ယောက်ကဲ့သို့ပင်။
မြေကြီးပေါ်တွင် ဒူးထောက်ချလျက်
”ဟာ လုပ်ကြပါအုံးဗျာ အားဟားဟားးး”
ကိုကျော်ခေါင်တစ်ယောက် အသံသြကြီး
ဖြင့် တွေ့သမျှလူများကို အကူအညီတောင်းနေလေသည်။
ငိုသံမျာလည်း ရောယှက်လို့
”အဘ အဘ သန်းမောင် လုပ် လုပ်ပါအုံး
ဗျာ ကျုပ် ကျုပ်မိန်းမသေပြီ”
”ဟူးးးးး”
အဘသန်းမောင်လည်း သက်ပြင်းလေပူ
ကြီးကိုမှုတ်ထုတ်လိုက်ရင်း ခေါင်းကို
လေးတွဲ့စွာ ခါရမ်းလိုက်လေတော့ သည်။
”ကျုပ် ကျုပ် ကျုပ်သတ်တာ မြွေဗျ အာ
သေပါပြီဗျာ ကျုပ်မိန်းမ သေပြီ
ကယ်ကြပါအုံးး”
လာရောက်၍ ကြည့်နေသူအပေါင်းက
လည်း ကိုကျော်ခေါင်၏ လုပ်ရက်ကို
နားမလည်သော်လည်း ဂရုဏာသက်နေ
မိကြလေသည်။
”ကျော်ခေါင်က သူ့မိန်းမ ကိုတအားချစ်တာကွ”
”ဓားနဲ့ခုတ်ရလောက်အောင်လည်း ဘာဖြစ်ထားကြတာလဲ မသိ”
”သနားပါတယ် ကွာ”
”အမလေးကြောက်ဖို့ကောင်းလိုက်တာ”
”လူစိတ်ပျောက်သွားတာ နေမှာပေါ့”
တစ်ယောက်တစ်ပေါက်ဝိုင်းဝန်းကာ
ပြောဆိုကြလေတော့သည်။
ကိုကျော်ခေါင်မှာတော့ ထိုနေရာမှာပင်
ဒူးထောက်ချရင်း ချုံးပွဲချငိုနေလေ
တော့သည်။
”ကိုကျော်ခေါင် ကျုပ်တို့နဲ့စခန်းကို
လိုက်ခဲ့ပါ ”
ရဲအရာရှိက ထိုသို့ပြောရင်းကိုကျော်ခေါင်ကို လက်ထိပ်ခတ်ရင်း ခေါ်ဆောင်သွားလေ
တော့ သတည်းးးး။ ။
©©©©©©©©
ကိုကျော်ခေါင် တစ်ယောက်လူသတ်မှု
နှင့် ထောင်ဒဏ် နှစ်ရှည်လများခံစား
ခဲ့လိုက်ရသည်။ သို့သော်သူယခုချိန်ထိ
ပြောနေသည်ကား
”ငါသတ်တာ မြွေ ငါ့မိန်းမ မဟုတ်ဘူး”
ဟူသောစကားလေးသာဖြစ်လေတော့
သည်။ ညနေစောင်းနွားရိုင်းသွင်းချိန်
ရောက်ပြီဆိုလျှင် လူမရှိသော ကိုကျော်ခေါင်တို့ အိမ်မှ အော်ငိုသံများ
အော်ဟစ်သံများကို ကြားရသူ အချို့
လည်းကြားနေရကာ ခြောက်လှန်းတတ်
သေး၏။ မသိသူ လည်းမသိလိုက်ရသလို ထိုနေရာလေးမှ
ကိုကျော်ခေါင် တစ်ယောက်မြွေတစ်ကောင်သတ်ရာမှ ဖြစ်ပေါ်လာခဲ့သော ဇာတ်လမ်းလေးနှင့်အတူ ကိုကျော်ခေါင့်
မိန်းမ အသတ်ခံလိုက်ရသည့် ထိုအိမ်
ကလေးမှာလဲ ယနေ့ ၂၀၁၈ ထိတိုင်
အောင် တည်ရှိနေသေးသည်ကို သိလိုက်
ရလေတော့သတည်းးးးး။ ။
@@@ ပြီးပါပြီ @@@
{ဖြစ်ရပ်မှန်အား အခြေခံထား၍}
စာဖတ်သူတို့အား အစဉ်လေးစားလျက်
#လျှပ်ပန်းအိမ်
Zawgyi Version
မြွေကျိန်စာ(စ/ဆုံး)
————————
”ဒုတ် ဒုတ် ဒုတ်”
ခုတ်ထွက်လာခြင်းပင်။
”ရှူးးးး ရှူးးးး”
”ဟ ဘာသံလဲ ဟ”
”ဝှီးးးးးးးး”
ခုတ်နေလိုက်တော့သည်။
”ဒုတ် ဒုတ် ဒုတ်”
”ကျွိ”
”ဘိုင်း”
မြေခ သွားလေတော့သည်။
ဟူးးးးမောတာ ကွာ
မော့ ချလိုက်တော့၏။ထိုစဉ်
”ရှူး ရှူး”
”ဟာ ဘာသံလဲ ဟ”
တော့သည်။ထိုစဉ်
”ဝုန်း ”
”ရွှတ်”
မိလိုက်သည်။
”ရွှတ်”
”ဟာ”
သည်။
”ဟာတောခြောက်တာလား”
ကိုကျော်ခေါင်က
ပျူတစ်လုပ်နေပါလား”
မှန်ပေသည်။ ကလေးတစ်ယောက်၏
ကာ
”ရော့ကွာ”
”ဒုတ်”
”ဖလပ် ဖလပ် ဖလပ်”
ကိုထိလျက်မိသား။ အလွန်လျင့်မြန်လှ
ချလ်ုက်လေတော့သည်။
”ဖလပ် ဖလပ် ဖလပ်”
”ဇွိ ””””
”ဗျစ် ဗျစ် ဗျစ်”
သည်။
မစားရတာ ခပ်ကြာကြာနဲ့”
တုံးလိုက်လေတော့သည်။
ဟ ဟ”
©©©©©©©©
”မိန်းမရေ မိန်းမ ”
ကိုမကြားရ။
လေတော့သည်။
လေးဖြစ်နေလေသည်။
”အိပ်နေတာလားဟ”
……………………
”ဟာ သောက်မြွေမျိုးတွေ”
ဘာမှတ်လဲ”
နားမလည်တော့။ ပါလာသောဓားမ
သည်။
သည်။
သည်။
ထွက်လာခဲ့လေတော့သည်။
”ဝေါ ”
ဆေးနေလိုက်သည်။ထိုစဉ်
”အားးးးးးးးးး”
လားကွ ဟားဟားးးးး”
လေတော့သတည်း။
©©©©©©©©©
သံကြားသလိုပဲကွ”
ပြီးပြီးသွားတာ ကွ”
”အဘ ရေ အဘသန်းအောင်”
အလော တကြီး”
”ဟို ဟို ဟိုလေ”
စကားများ ထစ်နေလေသည်။
တော့။
”အဘ ဦးကျော်ခေါင်လေ …………………………………………
အဲ့လိုမျိုးပဲ အဘ”
သွားကာ
”ဘာ ဘာကွ”
”ဘာပြောတယ် ဖိုးထောင်”
ကြောက်လို့ပြေးလာတာ”
ပြီထင်တယ်”
”ဟုတ် ဟုတ်ကဲ့ အဘ”
လေတော့သည်။ အဘသန်းအောင်နှင့်
လေတော့သတည်း။ ။
©©©©©©©©©
”ဟာ ဘုရားရေ”
”အလို ဘုရား ဘုရား”
သည်။ ထိုစဉ် အဘ သန်းအောင်က
”ဟေ့ကောင် ကျော်ခေါင်”
သည်။
”မင်းဘာလုပ်နေတာလဲ ကွ”
”အော် အဘသန်းအောင်ပါလား
မသီတာ ကိုသတ်ထားတာ”
ကြည့်နေလိုက်တော့သည်။ ထိုစဉ်
ကြလေတော့သည်။
ရောက်လာကြလေတော့သည်။
”အလို လူသေကြီး”
”ဟာ လက်ပြတ်ကြီး ဝေါ့”
”ဘုရားရေ”
ဖြစ်ကုန်ကြလေတော့သည်။
ကပ်လိုက်လေတော့သည်။ထိုအခါ
ကိုကျော်ခေါင်က
ဒီမှာ တွေ့လား”
ဖမ်းရလိမ့်မယ်”
ကာနေလေတော့သည်။
ပဲ”
မှာဗျ”
သည်။
ကိုကျော်ခေါင်”
”ဒုတ် ”
တော့သည်။
”ဟာ သီ သီတာ ဟာ သွေးတွေ”
လူတစ်ယောက်နှယ် ။ယခုမှ အသက်ပြန်
”ဟူးးးးး”
ကယ်ကြပါအုံးး”
မိကြလေသည်။
”သနားပါတယ် ကွာ”
ပြောဆိုကြလေတော့သည်။
တော့သည်။
လိုက်ခဲ့ပါ ”
တော့ သတည်းးးး။ ။
©©©©©©©©
ပြောနေသည်ကား
ရလေတော့သတည်းးးးး။ ။
@@@ ပြီးပါပြီ @@@
#လျှပ်ပန်းအိမ်