မြွေငန်းရှင်မ

မြွေငန်းရှင်မ(စ/ဆုံး)

———————

တောင်တက်ရင်..မြွေငန်းရှင်မရဲ့နတ်ကွန်းမှာခွင့်တောင်းသွားအုံး.တော်ရေ…၊. အေးပါရှင်မရာ ငါနားလည်ပါတယ်ဟ. ..ကိုဘိုသောင်းတစ်ယောက်မိန်းမဖြစ်သူ၏ မှာခွန်းချွေမူကြောင့် အပြုံးလေးဖြစ်ပြ
န်လည်ပြောရင်း။

မြိုင်မဟာရွာ…ထိုရွာကြီးသည် လယ် ၊ကိုင်းနှင့်တောတက်အမဲလိုက်..အလုပ်မျိုးစုံဖြစ်ဖွံဖြိုးသောရွာကြီးပင်ဖြစ်၏။

ထိုအတူဤရွာကြီး၏ဓလေ့မှာမူ မြွေငန်းရှင်မဟုအမည်ရသောနတ်ကွန်းတစ်ခု၌ စားသောက်ဖွယ်ရာ များဖြစ်ပူဇော်ပသပြီးမှအလုပ်များကိုလုပ်ကိုင်ကြသည်မှာရွာ၏ထုံးတမ်းစဥ်လာဖြစ်နေလေသည်။

ဘယ်အစဥ်အဆက်ကတည်းလုပ်လာသောဓလေ့မှန်းမသိပေမဲ့..မြိုင်မဟာရွာသားများကမပယ်ရှားပဲဆက်လက်၍ပူဇော်ပသကြ၏။

မြွေငန်းရှင်မကိုပူဇော်ပသကြရင် ဘေးကင်းကြသည်ဟုယုံကြည်သတ်မှတ်ကြသည်။လမ်းတွင်အမှတ်မထင်မြွေဆိုးများတွေတတ်ရင်တောင်ရှောင်ကွင်းသွားတတ်ကြ၏။

မြွေငန်းရှင်…မြွေငန်းရှင်မဆိုတာအပြင်မှာကောတကယ်ရှိနိုင်ပမလား ဟုတစ်ချိုတစ်ချိုသောသူများကတွေးထင်ကြပေမည်။

မှန်ပါသည်မြွေငန်းရှင်မဆိုတာ အမှန်တကယ်လည်းရှိခဲ့သလို. ရာဇဝင်တစ်ခုလည်းဖြစ်ခဲ့သည်ဟုရှေ့မှီနောက်မှီလူကြီးများကပြောပြဖူးကြသည်လေ။

​မြွေငန်းရှင်မနတ်ကွန်းဟာ ရွာနှင့်မလှမ်းမကမ်းတွင်တည်ရှိပြီးထိုနတ်နန်း၏ နံဘေးတွင်မှာမူ မြွေတောင်ပို့များကအစီအရီဖြစ်ထွန်းလို့နေကြပေသည်။

လပြည်လကွယ်ဆိုလျှင်ထိုနတ်ကွန်းမှ လူရိပ်သဏ္ဍာန်
များစွာကိုတွေကြရပြီးသီချင်းညည်းသံ၊ ရယ်မောသံ၊စကားပြောသံများကမြိုင်မဟာရွာသို့အတိုင်းသားကြားနေကြရပါ၏။

သို့ပေမဲ့မြွေငန်းရှင်မကိုမူ ယနေ့ထိတိုင်မည်မျှမမြင်ဖူးကြပေ။ ဒါပေမဲ့ မြွေငန်းရှင်မအားမြင်ဖူးသူတစ်ဦးတော့ရှိသည် ထိုသူကတော့မြိုင်မဟာရွာ၌ ရူးနေသောအသက်ခွန်နှစ်ဆယ်အရွယ် အရူးကြီးဦးမင်းသွင်တစ်ဦးတော့ရှိ၏။ ထိုအရူးအဘိုးကြီးသည် တစ်ချိန်က. ရုပ်ရည်ချောမောသောလူချမ်းသာစာရင်းဝင်တစ်ဦးပေ…

သူအကြောင်းကတော့………

ဒီပဲတွေကိုငါမြို့ပေါ်တင်ရင်အရူံးပေါ်မှာပေါ့ဟ.စံသောင်းရ.၊..ဟာသူဌေးလေးကလည်းဗျာ ကျုပ်ပဲတွေကမညံပါဘူးဗျ နည်းနည်းညှက်တာကပဲ
ရှိတာပါ..

သြော်..မင်းပဲတွေကမညံဘူးဟုတ်စ..ဒီမှာမင်းပဲကိုမင်းပြန်ကြည့် အဖျင်းတွေဒီလောက်များတာ မြို့တက်ရောင်းရင်ငါ့အတွက်အရူံးပေါ်လိမ့်မယ်…

ပြောပြောဆိုဆို ပဲများအားလက်ဝါးထဲထည့်၍ပြသောသူဌေးလေးမောင်မင်းသွင်အား..စံသောင်းဘာပြောရမှန်းမသိတော့ပေ။

မယူပဲတော့မနေပါနဲ့သူဌေးလေးရယ် ဒီပဲရောင်းရမှာကျုပ်တို့ဝမ်းစာဖူလုံမှာမို့သူဌေးလေးပဲ စျေးဖြတ်လိုက်ပါ ၊ ကောင်းပြီလေ..ဒါဆိုလည်း
ပထမငါယူတာကရှစ်ဆယ်စျေး…အခုမင်းကိုခွန်နှစ်ဆယ်စျေးငါပေးမယ် ကျေနပ်လား စံသောင်း..

ကျေနပ်ပါတယ်ဗျာ ကျေနပ်ပါတယ် ကျေးဇူးလည်းတင်ပါတယ်….၊စံသောင်းအား ငွေချေပြီးသောအခါ၌ မင်းသွင်ပြန်လို့လာသည်။

နွေရာသီ၏ပူပြင်းလှသောလေပူကြောင့်မင်းသွင် လေပူတစ်ချက်မူတ်ထုတ်ရင်း။..ပူလိုက်တဲ့နေကွာ.,
နွေရာသီအလှတရားကို မင်းသွင်ဟိုငေးဒီငေးကြည့်ရင်းဖြစ်..။

….ရွှီ…ဟင်
မင်းသွင်ဤမျက်လုံးအစုံကဒဏ်ရာအနာတရာဖြစ်သေအံဆဲဆဲဖြစ်နေသော ငန်းမြွေကြီးတစ်ကောင်..
ထိုမြွေကြီးသည် မင်းသွင်အားကယ်ပါဟုတစ်စာစာ
ပြောနေသယောင်..

တစ်ခြားသူဆိုရင်ဟင်းစာရပြီဟုတွေးမှာအမှန်ပင်…
လူကြီးပေါင်လုံးခန့်ရှိသောထိုငန်းမြွေကြီးကို မည်သူမဆိုအသေသတ်ကာချက်ပြုတ်စားသောက်ကြမှာ ဧကန်မှုချမလွဲပင်။

သူဘာမှစဥ်းဟားမနေတော့ပဲ..ထိုငန်းမြွေကြီးဤအနားသို့မရဲတရဲသွား၍။…မြွေကြီးရေနင်ကိုငါကူညီပေးမလို့နင်ကိုငါရန်လာလုပ်တာမဟုတ်ဘူးနော်…

ငန်းမြွေကြီးမှာမင်းသွင်၏စကားအားနားလည်သလိုဖြစ်သူ၏မျက်လုံးများအားမှိတ်ထားလိုက်လေတော့သည်။မင်းသွင်မှာမှု အနီးအနားမှဆေးရွက်များကိုခူးယူပြီး မြွေကြီးရဲဒဏ်ရာများအား ပွတ်ချေကာ ထည့်ပေးလေတော့၏။

ရက်တစ်သတ်ပတ်အကြာ..မင်းသွင်လည်းငန်းမြွေကြီးအားဆေးကုပေးမူအားမေ့ပျောက်၍သွားပြီးသူ၏လုပ်ငန်းများကိုသာဇောက်ချပြီးလုပ်ကိုင်နေတော့သည်။

တစ်ညတွင်တော့…..
အသင်လူသား ထပါအုံး..အသင်လူသား..
မင်းသွင်အိပ်ယာထက်မှာကမန်းကတန်းထလိုက်ပြီး.မျက်လုံးများကိုပွတ်ကြည့်လိုက်သောအခါ။

ချောမောလှပသောမိန်းမပျိုတစ်ဦး..ချောမောသည်ဟုပြောတာထက်ပိုသည်..တစ်ခဏထိုမိန်းမချောလေးအားငေးနေမိ၏။
အသင်လူသား..ကျွန်မကိုမှတ်မိပါသလား..သူခေါင်းခါပြလိုက်သည်။..လှပလွန်းသောအပြုံးတစ်ချက်အားသူမပြုံးပြသောအခါ မင်းသွင်ရဲ့နှလုံးသားသည်
ဖားစည်တီးသကဲ့သို့ပင်..

မိန်းကလေးကဘယ်သူလည်း..ညကြီးမင်းကြီး..ကျုပ်ရဲ့အခန်းထဲဘာလာလုပ်တာလည်း.၊ ကျွန်မကဘယ်သူလည်းဆိုရင် အသင်လူသားလန့်မသွားပါနဲ့နော်၊အင်းပါပြောပါ၊ကျွန်မဟာလွန်ခဲ့တဲ့ရက်ကအသင်လူသားကယ်တင်ခဲ့တဲ့ ငန်းမြွေမပါ.၊..ဗျာ..၊

မလန့်သွားပါနဲ့အသင်လူသားရယ် အသင်လူသားကျေးဇူးကြောင့်ကျွန်မဟာအသက်မဆုံးရူံးရတာပါ..ဒါကြောင့်အသင်လူသားကိုကျေးဇူးဆပ်ချင်လို့…ကျွန်မနဲ့လိုက်ခဲ့ပါ…

ချောမောလှပသောမိန်းမငယ်လေးတစ်ယောက်ကသူကိုယ်သူ မြွေပါဟုပြောလာပေမဲ့ မင်းသွင်မယုံနိုင်ပေ။ ထိုကြောင့်မင်းသွင်သည် ထိုမိန်းကလေးခေါ်ဆောင်ရာသို့ လိုက်သွားလေတော့၏။

လကွယ်ည၏အမှောင်ကြောင့်ဘေးဘီဝဲယာမှန်သမျှမှောင်မဲလို့နေသည်။သို့ပေမဲ့ မိန်းမချောလေးသွားရာ
လမ်းတစ်လျှောက် အလင်းဓာတ်ကအလိုလိုလင်းထိန်လို့နေတော့၏။

သူမသွားနေသောနေရာကတော့ မြိုင်မဟာရွာ ကြီး၏တော့စပ်တစ်နေရာသို့….အပိုင်း၂သို့မျှော်..စာရေးသူ..အမုန်း..ပရိတ်သတ်အားလုံးကိုချစ်ခင်လျက်

မြွေငန်းရှင်မ.. အပိုင်း၂..

ထိုတောစပ်သည် ညအချိန်ဖြစ်နေတာတောင် ပတ်ဝန်းကျင်တစ်ခုလုံးလင်းထိန်လို့နေသည်။
မြွေမ.ဟု ပြောထားသောသူမအားယခုမှပင်သေချာစွာကြည့်မိ၏။

ရှေးထိုင်မသိမ်း အဝတ်အစားကိုဝတ်ဆင်ထားပြီး
ပဝါလေးတစ်ထည်အား.လည်ပင်း၌ပတ်၍ အချိုးကျနစွာဝတ်ဆင်ထားသော ထိုမိန်းခလေးအားသူ.မသိစိတ်ထဲ၌စွဲလမ်းလို့ချစ်မိနေပြီလားမသိပေ။

အသင်လူသား ရှေ့ကြရင်နှမတို့ ဘုံဗိမာန်ကိုရောက်
ပါပြီ အဲကြရင်နှမတို့လို မြွေအမျိုးအနွယ်တွေ တွေ့ရမှာပါ ပြောချင်တာကတော့မလန့်မထိတ်ပါနဲ့နော်…

သူမသည်..မီးများထိန်ထိန်ညည်းနေသောကျောက်လှိုင်ဂူကြီးတစ်ခုထဲသို့ဝင်သွားသောအခါ။ ဤနေရာမှာကျောက်လှိုင်ဂူဆိုတာမရှိပါှိ.. ကြားလည်းမကြားဖူးပေ..ယခု လှိိုင်ဂူကြီးက သူရှေ့တွင် မျက်ဝါးထင်ထင်မြင်တွေနေရသောအခါဝယ်။

ဂူကြီးထဲရှေးခေတ်က လက်ရာအတိုင်း ဂူ၏နရံတွေ၌
ဆေးရေးပန်းချီများ…ရုပ်လုံးပန်းပုများနှင့်ရှေးဟောင်းအမွေအနှစ်များစွာတည်ရှိလေသည်။

အသင်လူသား ဒါက နှမနေတဲ့ ဗိမာန်တော်ပါ..အသင်လူသားကြားဖူးမှာပေါ့.မြွေငန်းရှင်မဆိုတာ.၊ ဟုတ်..ဟုတ်ကဲ့ကြားဖူးပါတယ်.ဒါဆိုမိန်းမလှလေးကမြွေငန်းရှင်မလား…၊ ဟုတ်ပါတယ် အသင်လူသား
နှမဟာ မြွေငန်းရှင်မပါပဲ.

.ဟိုရက်ကနှမဟာဒဏ်ရာဘာကြောင့်ရခဲ့သလည်းဆိုတော့ နှမအရေခွံလဲနေချိန်မှာ..နွားကျောင်းသါးကလေးငယ်တစ်စုက..နှမကိုဝိုင်းရိုက်ကြလို့ပါ..နှမလည်းအရေခွံလဲနေချိန်မို့ဘာမျှလုပ်လို့မရဘူးလေ…

အဲကလေးတွေလည်းအခုဆိုရင်လူပြည်မှာမရှိတော့ပါဘူး.၊ မင်းသွင်ယခုမှပင်သေချာတွေးမိသည််.မနေ့ကနွားကျောင်းတဲ့ကခလေးငယ်တစ်စု မြွေကိုက်၍သေခဲ့​ြကသည်လေ။ဒါတွေဟာမြွေငန်းရှင်မသတ်တာပေါ့ဟုသူတွေးရင်း။

မြွေငန်းရှင်မ ခေါ် မိန်းမလှလေးသည်မင်းသွင်အားခန်းမဆောင်တစ်နေရာသို့ခေါ်ဆောင်သွားလေသည်။
ထိုအခန်းထဲတွင် ရတနာမျိုးစုံတည်ရှိနေပြီးထိုရတနာထဲတွင်တော့အရောင်များဖိတ်ဖိတ်တောက်နေသောရတနာများစီချယ်ထားသောသရဖူတစ်ခု။

သူမသည် မင်းသွင်မျက်စိကျနေသောအရာအားရိပ်မိဟန်ဖြစ်။ ဒီသရဖူကနှမလူဘဝမှာဆောင်းခဲ့တဲ့သရဖူပါ.အသင်လူသားလိုချင်လို့လား..

မင်းသွင်ခေါင်းညိမ့်ပြလိုက်သည်။ထိုအခါမြွေငန်းရှင်မသည် ရတနာများထားရာနေရာသို့သွား၍ သရဖူအားလှမ်းယူလိုက်သည်။

ဒီသရဖူက နှမသိပ်ကြိုက်ခဲ့ရတာ..အခုတော့အသင်လူသားကနှမရဲ့ကျေးဇူးရှင်ဆိုတော့ အသင်လူသားအားပေးလိုက်ပါ့မယ်..ဒါပေမဲ့အသင်လူသားဂတိတစ်ခုတော့ပေးရလိမ့်မယ်..၊.ဘာဂတိများလည်းနှမ..၊အဟင်းဟင်း….သွားတက်လေးပေါ်အောင်ရယ်လိုက်သောမြွေငန်းရှင်မအားသူငေးကြည့်နေရင်း။

တခြားတော့မဟုတ်ပါဘူး..ဒီနေရာမှာရတနာတွေရှိတဲ့အကြောင်းကိုမည်သူမျှမပြောဖို့ပါ အသင်လူသား၊
စိတ်ချပါနှမ ကျုပ်ဘယ်သူကိုမှမပြောပါဘူးလို့ဂတိပေးပါတယ်၊
ကောင်းပါပြီအသင်လူသား…

မင်းသွင်အိပ်ယာထက်မှ လန့်နိူးလို့လာသည် သူအိမ်မက်မက်နေတာပါလားဟုတွေးရင်း။ သူဘေးဘီဝဲယာအားကြည့်လိုက်တော့ သူဤနဘေးတွင် ရတနာများစီချယ်ထားသည့်အိမ်မက်ထဲမှသရဖူ….

ဒါဆိုရင်အိမ်မက်မဟုတ်ဘူးဆိုတာသူ တွေးနေမိသည်။ လှလိုက်တာမိန်းမလှလေးမြွေငန်းရှင်မရယ်….

နံနက်နေရောင်ခြည်နွေးနွေးကမင်းသွင်အိပ်ယာထက်သို့ဖြာကျလို့လာသည်။ထိုအတူတေးဆိုငှက်ကလေးများကလည်း တေးသီရင်းဖြစ်မင်းသွင်အားနိူးနေသယောင်

မင်းသွင် အိပ်ယာထက်မှကမန်းကတမ်းထပြီး အိမ်အောက်သို့ပြေးဆင်းလာလိုက်သည်။
ဟဲ့သား..ကမန်းကတန်းနဲ့ စောစောစီးစီးဒါဘယ်လည်း၊ ဘယ်မှမဟုတ်ဘူးအမေ သား ရွာထဲခဏ၊

မင်းသွင် မြိုင်မဟာ ရွာအပြင်သိုထွက်လိုက်ပြီး မြွေငန်းရှင်မနတ်နန်းရှိရာသိုအပြေးကလေးနှင့်…လက်ထဲမှာလည်းရတနာပေါင်းစုံစီချယ်ထားသည့်
သရဖူ အားကိုင်၍…..

မြွေငန်းရှင်မနတ်နန်းသည်သစ်ပင်ကြီးများအုပ်ဆိုင်းလို့နေပြီး လေးစင်တိုင်နတ်ကွန်းလေးဖြစ်တည်ရှိနေ၏ ထိုအတူ နတ်ကွန်းစင်၏အနောက်တွင်တေ့ာ ဧရာမတောင်ပိုကြီးတည်ရှိနေပြီးဘေးနားတွင်တော့တောင်ပို့ငယ်များရှိပါ၏။

မင်းသွင် သရဖူအားကိုင်မြှောက်ပြီး၊ မြွေငန်းရှင်မ.. မြွေငန်းရှင်မ ကျုပ်မင်းသွင် မြွေငန်းရှင်မဆီက အဖိုးထိုက်တန်တဲ့ ဟေ့ါဒီရတနာသရဖူကိုလိုချင်တာမဟုတ်ဘူး ကျုပ်လိုချင်တာ မြွေငန်းရှင်မရဲ့ ချစ်ခြင်း ပါ ကျုပ်ဒီသရဖူကိုထားခဲ့လိုက်ပါမယ်၊

မင်းသွင်သည်သရဖူအားနတ်ကွန်းပေါ်သို့တင်ခဲ့ပြီးကေျာခိုင်း၍ထွက်လာလိုက်သည်။..လေနုကြမ်းများကသစ်ရွက်များကိုကြွေကျစေပြီး မင်းသွင်ထွက်သွားသောနောက်ကေျာ၌တွင်တော့
မင်းသွင်အားရပ်၍ကြည့်နေသော အဖြူရောင်ပိုးသားဝတ်ရုံပိုင်ရှင်ဖြစ်သောမြွေငန်းရှင်မတစ်ဦးရယ်ပါ။

နွေရာသီမို့ ပူပြင်းမှုဆိုမဆန်းကြယ်ပါတောရိပ်တောင်ရိပ်ရှိပေမဲ့လည်း နေပူလာပြီဆိုပါလျင်ဘယ်အရာမှမတားဆီးနိုင်ကြပေ။

မင်းသွင်လည်းဤလိုပါပဲမြွေငန်းရှင်မတစ်ဖြစ်လည်း.စုဒေဝီဆိုသောမိန်းမလှလေးနှင့်ချစ်ကြိုးသွယ်ခဲ့လေပြီ။ လူနှင့်မြွေတို့ချစ်ခြင်းဟာခိုင်မြဲလွန်းလှပေ၏။

မြိုင်မဟာရွာကြီးဟာ လူနှင့်မြွေချစ်ကြိုးသွယ်တာကိုမသိရှိကြပေ။
တစ်နေ့တွင် လူနဲ့မြွေတို့ချစ်ခြင်းတရားဟာပျက်စီးခဲ့မည်ဆိုပါလျှင်။

ဒေဝီ.ကိုမင်းသွင် မြို့တက်ရမှာမို့နှစ်ရက်တော့ကြာလိမ့်မယ်ထင်တယ်၊ဟာအကိုကလည်း.နှမအကိုကိုယ်မခွဲနိုင်ဘူး..မင်းသွင်ချစ်ရသူလေး၏မေးစေ့လေးအားဖွဖွလေးပင့်ကိုင်ရင်း။ မခွဲရပါဘူးဒေဝီလေးရယ် ကိုမင်းသွင်ကမြို့ကိုအရေးကြီး ကိစနဲသွားရမှာမို့လို့ပါ..၊.. ဒါဆိုလည်းကောင်းပြီလေခွဲမသွားဘူးဆိုလည်းပြီးရော…

ချစ်စဖွယ်ကောင်းလွန်းလှသောစုဒေဝီလေးအား.ထိုညမျာတော့.အပိုင်း၃သို့မျှော်…စာရေးသူ..အမုန်း…
ပရိတ်သတ်များရဲအကြံတွေကိုမျှော်ကိုးစောင့်စားနေလျက်….အမုန်း

မြွေငန်းရှင်မ.. အပိုင်း၃…ဇာတ်သိမ်း

​မြွေအမျိုးအနွယ်ဖြစ်တဲ့ မြွေငန်းရှင်မ ဖြစ်နေပြီးဒီလို
လူမျိုးနွယ်နဲ့မှချစ်ကျွမ်းဝင်ရတယ်လို့စုဒေဝီရယ်၊
မြွေငန်းဘိုးဘိုးကြီးရယ် ဒေဝီ အမောင်ကိုတကယ်ချစ်မြတ်နိုးမိပါတယ်..အမောင်ကလည်းဒေဝီအပေါ်ကို ချစ်မြတ်နိုးပါတယ်မြွေငန်းဘိုးဘိုးကြီး…

မျက်နှာထားတင်းမာနေသော မြွေငန်းဘိုးဘိုးကြီးအားမြွေငန်းရှင်မမည်သို့ပြောပြရမှန်းတောင်မသိပေ။ သူမကလည်းသူမပင် ကိုယ့်ကိုကိုယ်လည်းအပြစ်တင်မပါသည်။

လူသားမျိုးနွယ်နှင့်မြွေမျိုးနွယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်သောအရာပင်တည်း။
ချစ်သမီး စုဒေဝီ ချစ်ခြင်းတရားဆိုတာ လူရယ်မှ မြွေရယ်မှလို့မခဲဲခါးထားမှန်း ဘိုးဘိုးသိပါတယ်လေ..
ဒါပေမဲ့ ချစ်သမီးကိုဘိုးဘိုးပြောမယ်..၊ ပြောပါဘိုးဘိုး….

ဘိုးဘိုးမြေးလေးက လူအသွင်ဖန်ဆင်းရင် ရှေးကုသိုလ်ကြောင့် ရုပ်ရေရူပကာလှပ တယ်မြေး..ဒီအလှတရားကြောင့်ပဲ ငါမြေးလေးရဲ့ချစ်သူဟာ ယခုမြို့ပေါ်မှာကြွားလုံးတွေထုတ်နေလို့ ရတနာသိုက်တူးသမားတွေကြားလို့ ဘိုးဘိုးတို့ ဒုတ်ခရောက်ရတော့မယ်မြေး….

ဘယ်လိုဘိုးဘိုး…အမောင်က မြို့မှာမြေးတို့အကြောင်းကိုပြောလိုက်ပြီဟုတ်လား ၊ ဟုတ်တယ်မြေးမလေးရယ်၊ သူမအံကိုတင်းတင်းကျိတ်၍…တွေကြသေးတာပေါ့အမောင်ရယ် လာပါစေ ရတနာသိုက်တူးသမားတွေ လာပါစေ ဒင်းတို့ကို မြေကြီးနဲ့အတူရောမြုတ်ပစ်မယ်ဟေ့…..

မြွေငန်းရှင်မကြုံးဝါးသံဟာ မြိုင်မဟာရွာကြီးတွင်ငလျင်လှုပ်နေသလိုဖြစ်လို့နေသည်လေ။

မှန်ပါသည်…မြွေငန်းဘိုးဘိုးပြောသလို မင်းသွင်ဟာ
စည်းမစောင့်ဂတိမတည်ပဲပြောလိုက်မိခြင်းသာဖြစ်သည်။ ယခုမြို့ပေါ်က မင်းသွင်ဤသူငယ်ချင်းဖြစ်သူနှင့် သူဤဦးလေးတို့နှစ်ဦးသည် မြိုင်မဟာရွာသို့စတင်ခြေချလိုက်သည်။

မင်းသွင်ကတော့ ရွာသို့ပြန်ရောက်ရောက်ခြင်း မြွေငန်းရှင်မနတ်ကွန်းသို့သွား၍.။ နှမ ဒေဝီ အမောင်ပြန်ရောက်လာပါပြီ ဒီည ဆုံနေကြနေရာမှာပဲအမောင်တို့ဆုံကြရအောင်နော်..
ထိုသို့ပြောပြီး မင်းသွင်လှည့်ထွက်လိုက်တော့သည်။

မင်းသွင်ဤ အနောက်ချုံပုတ်ထဲ၌ ခိုးနားထောင်နေသော မြို့ပေါ်မှတူဝရီးနှစ်ယောက် သူတိုနှစ်ဦးသည် မင်းသွင်ပြန်သွားတာနှင့် ချုံပုတ်ထဲမှထွက်ပြီး။

ဟားဟားဟား…ဘယ်နှယ်လည်း စည်သူ တူလေးငါ့အကြံပိုင်လားကွ.၊.ပိုင်ပဦးလေးရာပိုင်ပ…ဟားဟားဟားား…………..

လပြည်ညကြီးသည် လမင်းကြီးကထိန်ထိန်တောက်နေလျက် ထိုအတူ ဖျောက်ဆိပ်ကြယ်လေးများက တစ်ချက်တစ်ချက် မျက်တောင်ခတ်လျက်။ တစ်ခါတစ်ခါပုဇဥ်းရင်ကွဲတွေရဲ့အော်မြည်သံက တိတ်ဆိပ်ငြိမ်သက်နေသောညအခါကိုဆူညံလို့နေပါ၏။

ကညင်ပင်ကြီးအောက်၌ထိုင်စောင့်နေသော မင်းသွင်အား သူမ အဝေးမှပြုံးပြီး သို့ပေမဲ့ မျက်လုံးမှာတော့မျက်ရည်တွေနှင့်ပင်။

ရောက်နေတာကြာပြီလားအမောင် ၊ မကြာသေးပါဘူးနှမရယ် နှမအတွက်ဆိုကြာချင်ကြာပါစေ အမောင်စောင့်နိုင်ပါတယ် နှမရယ်……

မင်းသွင်ရဲ့ အပြောကြောင့် သူမ တစ်ချက်ပြုံးရင်း။
အမောင် နှမကိုတကယ်ရောချစ်ရဲ့လားအမောင် ၊ချစ်တာပေါ့နှမရယ် ဘယ်လိုများပြောလိုက်ပါလိမ့်၊

ဒါဆိုဘာကြောင့်မြို့က သိုက်တူးသမားတွေကိုခေါ်လာရတာလည်းဟင်…
ဘာ ဘယ်လိုနှမ ၊ ဟုတ်တယ်လေ အမောင်ခေါ်လာတဲ့လူနှစ်ယောက်က သိုက်တူးသမား
တွေပဲ၊ ဟင်…အမောင် အမောင်တကယ်မသိတာပါနှမရယ်..အမောင်ကိုယုံပါနော်….

သူမ မင်းသွင်အားတစ်ချက်ပြုံးပြရင်းဖြစ်…ယုံပါတယ်အမောင် အမောင်ကိုယုံလို့လည်း အခုလိုလိုက်ရောမူတွေပေးထားတာပေါ့. ၊

တစ်ဦးနှင့်တစ်ဦးဖက်တွယ်ပြီးကြင်နာယုယမူများပေးနေလျက်။ဟားဟားဟား..သိပ်ချစ်နေကြတယ်ပေါ့..ဟုတ်စ၊
ဟင်၊အမောင်..ဒါအမောင်ခေါ်လာတာမှတ််လား၊
သူထိတ်ထိတ်ပြာပြာဖြစ်။ မ မဟုတ်ရပါဘူးနှမရယ်အကိုခေါ်လာတာမဟုတ်ရပါဘူး…၊တော်ပါ ရှင်တို့လူသားတွေက..ဘယ်သူမှဂတိမတည်ကြဘူး..

မြွေငန်းရှင်မ မှာ မင်းသွင်အားစကားပြောနေချိန်တွင်
သိုက်တူးဆရာကြီးက မြွေငန်းရှင်မ အားဆေးနီမှုန့်ဖြစ်ပက်လိုက်လေတော့သည်။

မြွေငန်းရှင်မ ၏မျက်နှာသည်..လှပသောမျက်နှာမှ အစက်အပျောက်များဖြစ်ပေါ်လာပြီး…အောက်ပိုင်းမှလည်း လူခြေထောက်မှ ရှည်ထွက်လာပြီး..အပေါ်လူ အောက်မြွေ မြွေတစ်ပိုင်းလူတစ်ပိုင်းအဖြစ်သို့ကူးပြောင်းလိုက်လေတော့၏။

ဟဲ့မြွေမ. နင်မှာပိုင်ဆိုင်တဲ့ရတနာတွေ ထုပ်ပေးစမ်းဟေ့…….တယ်..ရာရာစစနင်လိုမလောက်လေးမလောက်စားကများ ငါလိုမြွေငန်းရှင်မကို
အာခံရဲတယ်ပေါ့လေ…ကဲဟာ

မြွေငန်းရှင်မသည်သူ၏ ပါးစပ်ကိုဟလိုက်ရာ…စိမ်းဖန့်ဖန့် အလုံးလေးတစ်လုံစထွက်လာပြီး…သိုက်ဆရာများကိုသွားရောက်၍ထိမှန်လေတော့၏။ အား…….

သိုက်ဆရာများသည်နေရာမှာပင်အရည်များပျော်ကျပြီးအရိုးတောင်မကျန်ခဲ့တော့ပေ။ မြွေငန်းရှင် မသည်သိုက်ဆရာများဘက်သို့လှည့်နေရာမှ မင်းသွင်ဘက်သို့လှည့်လိိုက်တော့သည်။

အမောင်…အမောင်ကို.ေဒဝီချစ်ပါတယ် အမောင်နဲ့ဒေဝီဟာဘဝချင်းလည်းမတူပြီမို့ ခွဲကြအုံးတိုအမောင်ရယ်….အမောင်ဟာဂတိမတည်
စည်းမစောင့်လေသူမို့ နှမတို့ရဲ့မြွေငန်းဘိုးဘိုးကြီးကအသေသတ်ခိုင်းပေမဲ့
နှမမသတ်ရက်ပါဘူးအမောင် ဒါကြောင့်နှမအမောင်ကို မှတ်ဉာဏ်တွေဖျက်စီးခွင့်ပြုပါအမောင်…..

မင်းသွင်သည်ဝဲနေသောမျက်ရည်ရည်ကြည်များအားတစ်ချက်သုပ်လိုက်ပြီး…မြွေငန်းရှင်မ အားပြုံးပြရင်းဖြစ်။

ရပါတယ်..နှမ နှမကအမောင်အပေါ်မှာဒီလိုလုပ်မယ်ဆိုရင်လည်း
အမောင်လေ ခံနိုင်ရည်ရှိပါတယ်..နှမ အမောင် ကိုကြိုက်တာလုပ်ဆောင်နိုင်ပါတယ်..ဒါပေမဲ့အမောင်ဟာနှမအပေါ်မှအမြဲတမ်းချစ်နေမယ်ဆိုတော့သေချာပါတယ်နှမ….

ထိုအချိန်ကစလို့..မြိုင်မဟာရွာကြီး၌အရူးဦးမင်းသွင်သည်ရူးနှံ၍ သူလည်းပြောချင်ရာပြောတတ်ပါတော့၏။.

တစ်ခါတစ်လေမှာတော့လောကကြီးသည် ဆန်းကြယ်လိုနေပြီး တစ်ခါတစ်ရံတွင်မူ..လောကကြီးသည် ပျောဖယောင်းလို့ပျော့ပြောဂ်းခဲ့သည်

မင်းသွင်သည်လှပလှသောပုံရိပ်တစိချိုအားပြန်လည်မြင်ရောင်ရင်းဖြစိ ….နှမလေးရယ်ပြန်လည်လာ လိူ့ပေး အရူးကြီသည်ထို့နေမှစလို့ရူးသွတ်နေပြီးဘဝကသူအရူံးပေးလို့သွားခဲခေပြီ၏။

ကျေးဇူးတင်ပါတယ် စာရေးသူ… အမုန်း…..