Unicode Version
မြွေသားကြိုက်သောသူ(စ/ဆုံး)
————————————–
မြွေဘတင်ကိုမသိသူမရှိပေအရပ်ထဲမြွေဆိုသည့်အသံကြားတာနဲ့ထိုနေရာသို့
အပြေးအလွှားရောက်လာကာမြွေအားသတ်ကာချက်စားဖို့သူ့အိမ်သို့သယ်သွားလေ့ရှိသည်။
မြွေသားဟင်းကိုသူ့မိန်းမအားမချက်ခိုင်းပဲသူကိုယ်တိုင်ချက်ကာအားရပါးရစားတတ်လေသည်။
မြွေသားအလွန်ကြိုက်သောကြောင့်သူနံမည်ရှေ့တွင်မြွေဘတင်ဟုအများကခေါ်ကြလေသည်။
မြွေသားကြိုက်သလိုမြွေဖမ်းလဲအလွန်တော်ကာအထူးကျွမ်းကျင်သည်။
မြွေဆိုပါကဘာမြွေမြွေဖြစ်ဖြစ်မြွေဘတင်နှင့်တွေ့ပါကဟင်းအိုးထဲတန်းရောက်သွားကြသည်ပင်
သူ့ူ့အလုပ်သည်ပန်ရန်အလုပ်သမားတစ်ယောက်ဖြစ်ကာဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်နေ့စဉ်အလုပ်လုပ်ရလေသည်။
တနေ့တွင်ရှေးဟောင်းတိုက်တစ်လုံးအားဖြို၍အသစ်ဆောက်ရန်အတွက်လုပ်ငန်းခွင်သို့စောစောရောက်လာသည်။
တိုက်ဟောင်းဖြိုရသောအလုပ်ကိုသူတို့တွေစတင်လုပ်ကြရသည်မှာတပတ်လောက်ကြာသွားသည်။
အားလုံးဖြိုပြီးတော့အောက်ခြေအားတူးကြရာတွင်မြွေတကောင်စနှစ်ကောင်စအားစ၍တွေ့ရလေသည်။
ဘတင်အလွန်ဝမ်းသာသွားသည်သူ့အတွက်ဟင်းစားရပြီဖြစ်သဖြင့်ထိုမြွေများအားသတ်ကာ
အိမ်သို့သယ်သွားလေသည်မြွေများအားတဝက်ကိုချက်ကာတဝက်ကိုအခြောက်လှမ်းထားသည်။
နောက်ရက်တွင်လည်းမြွေများတွေ့ရပြန်သည်သ့ူ့အတွက်တော့အလွန်အကြိုက်တွေ့စရာဖြစ်သွားသည်။
သူသည်မြွေများအားသတ်ကာပတ်ဝန်းကျင်ကိုလေ့လာကြည့်တော့အိမ်ရဲ့ထောင့်နေရာတွင်မြွေတွင်းတတွင့်တွေ့ရသည်။
သူအတွက်တော့ရွှေတွင်းတွေ့ရသလိုဝမ်းသာသွားသည်သူကထွက်လာသောမြွေများသတ်ကာ
တနိုင်တစ်ပိုင်အိမ်သို့သယ်သွားကာမြွေတွင်းအားသဲအိတ်များဖြင့်ပိတ်ထားခဲ့လေသည်မြွေများထွက်မပြေးရန်ဖြစ်သည်။
အိမ်ရောက်တော့သူ့မိန်းမအားအားရဝမ်းသာပြောလိုက်သည်။
””မိန်းမရေငါမြွေတွင်းတစ်တွင်းတွေ့လာတယ်ကွ—မင်းကိုယ်ဝန်အတွက်ကလေးမွေးစရိတ်ရအောင်လို့——-အဲဒီမြွေတွေအကုန်သတ်ပြီး—–အခြောက်လှမ်းသင့်တာလှမ်းချက်သင့်တာချက်ပြီး————-
ဟိုဘက်လမ်းထိတ်ကအရက်ဆိုင်ကိုသွင်းရင်ငွေကောင်းကောင်းရနိုင်တယ်ကွ—–
အဲအရက်ဆိုင်ကမြွေသားရရင်သူ့ဆီလာသွင်းဘို့မှာထားတယ်—-ငါတနေ့နဲနဲသယ်လာမယ်——ရသလောက်ရောင်းပြီး——-ငါစားဘို့လဲချန်ထားရမယ်””””
””’ဖြစ်ပါ့မလားရှင်———ကျမကကိုယ်ဝန်ကြီးနဲ့မြွေမကိုင်ရဲဘူး—-””
””’မင်းမကိုင်ရဲလဲငါကိုင်မယ်—မင်းကအိမ်မှာမြွေတွေကိုသေချာလှမ်းထား—-””
ထို့နောက်မြွေဘတင်ကရလာသမျှမြွေများကိုအရက်ဆိုင်သွားသွင်းလိုက်စားလိုက်ဖြင့်အလုပ်ဖြစ်နေသည်။
သူ့အပေါင်းအသင်းများလည်းသူကိုယ်တိုင်မြွေသားဟင်းစပယ်ရှယ်ချက်ကာဧည့်ခံကြွေးမွေးလေသည်။
တရက်တွင်ကန်ထရိုက်လုပ်ငန်းရှင်ကမြေတူးတာအပြီးသတ်လုပ်ရန်မြေတူးစက်ဖြင့်တူးမည်ဖြစ်သည်။
ထိုအခါမြွေဘတင်ပျာယာခတ်သွားသည်သူ့မြွေတွင်းထဲကမြွေတွေအတွက်စိတ်ပူသွားသည်။
ဒါနဲ့အလုပ်သမားခေါင်းဆောင်အားပြောပြလိုက်၍သူမြွေသားချက်စားရန်မြွေတွေယူချင်ကြောင်းပြောလိုက်သည်ထိုအခါအလုပ်သမားခေါင်းဆောင်က
”””ဖြစ်ပါ့မလားမြွေဘတင်ရာ—–မြွေတွေကအများကြီးကွ—-တော်ကြာမြွေသိုက်တွေဘာတွေဖြစ်နေအုံးမယ်ကွ—-မြွေဆိုတာကလဲရာဇဝင်နဲ့ကွ——-မင်းအတွက်အန္တရယ်ဖြစ်နေအုံးမယ်——-””’
””ဘာမှမဖြစ်ပါဘူးဆရာရယ်——-ဒီတိုက်ဟောင်းကလူမနေတာကြာလို့မြွေတွေခိုအောင်းနေတာပါ——–မြွေသိုက်ဖြစ်တော့လဲဘာဖြစ်လဲ——-ဘဝကူးသွားလို့ကျွန်တော့်ကိုတောင်ကျေးဇူးတင်ရအုံးမှာ——-”””
ဘတင်ဆန္ဒပြင်းပြနေသဖြင့်အလုပ်သမားခေါင်းဆောင်လဲယူခွင့်ပေးလိုက်လေသည်။
ထိုနေ့ကမြွေဘတင်ကစက်နဲ့မတူးခင်ရသလောက်မြွေများသတ်ကာဘိလပ်မြေအိပ်များထဲထည့်ထားလိုက်သည်။
မြေတူးစက်နှင့်တူးသည့်အခါအပိုင်းပိုင်းဖြစ်နေသောမြွေများအားလိုက်၍ကောက်ကာ
အိမ်သို့ဂါလီဌားကာသယ်သွားလေသည်မိန်းမဖြစ်သူကလည်းငွေများများရသဖြင့်ကူညီကာလုပ်ရင်းတက်ကြွနေသည်။
အရက်ဆိုင်မျာကလည်းရောင်းကောင်း၍အိမ်အထိလာဝယ်ကြလေသည်။
ထိုမြွေပုံကြီးရပြီးသည့်နောက်ပိုင်းမြွေဘတင်အိမ်တွင်ညဘက်များ၌မြွေတွန်သံများကြားလာရသည်။
တခါတရံခေါင်းရင်းဘက်မှမြွေနှာမှုတ်သံကိုကြားသဖြင့်ဘတင်ထကြည့်တော့လဲဘာမြွေမှရှာမရပေ
မကြာမကြာထိုမြွေသံများကြာလာရတော့ဘတင်ထထရှာရသည်မှာအိပ်ရေးပျက်လာသည်။
တခါတရံအိမ်ပတ်လည်တွင်မြွေများသွားလာနေသည်ဟုဘတင်ထင်လာမိသည်သို့ပေမဲ့အိပ်ရေးပျက်၍
စိတ်ဂယောင်ခြောက်ခြားဖြစ်သည်ဟုဘတင်ထားကာမေ့ထားလိုက်သည်။
တနေ့တွင်သူ့မိန်မကသ့ူ့အားစိတ်မကြည်လင်သည့်ပုံဖြင့်စကားဆိုသည်။
””ကိုဘတင်ကျွန်မညကအိမ်မက်ထဲမှာ—–မြွေတွင်းထဲပြုတ်ကျသွားတာမြွေတွေက——ကျွန်မကိုဝိုင်းကိုက်ကြတယ်လို့အိမ်မက်မက်တယ်—–ကျွန်မဖြင့်လန့်လိုက်တာမပြောပါနဲ့တော့—–စိတ်တွေလဲလေးနေသလိုပဲ”””’
”””မင်းကလဲဟိုတလောကမြွေတွေအများကြီးတွေ့ခဲ့ရလို့စိတ်စွဲပြီးမက်တာနေမှာပါ——ငါတောင်ယုန်ထင်ကြောင်ထင်ထင်နေမိသေးတယ်——အလကားခေါင်းထဲမထည့်နဲ့သတ္တဝါဆိုတာလူချွတ်မှကျွတ်တာကွ””’
တရက်တွင်ဘတင်တို့အဖွဲ့မန္တလေးကတိုက်ဟောင်းတလုံးဖြိုရန်အလုပ်ရသဖြင့်မန္တလေးသို့သွားရန်ဖြစ်လာသည်။
ဘတင်မိန်းမကိုယ်ဝန်ကလဲလရင့်လာပြီဖြစ်သဖြင့်ဘတင်ငွေရှာထားမှအဆင်ပြေမည်ဟုတွေးမိသည်။
တလောကမြွေများရောင်းရငွေလဲအနည်းငယ်စုမိဆောင်းမိသဖြင့်ဘတင်တက်ကြွနေသည်။
ဒီလိုနဲ့ဘတင်မန္တလေးသို့ရောက်သွားလေသည်သူတို့ရောက်ပြီး၃ရက်လောက်အကြာတွင်
ညနေဘက်အလုပ်ပြီးတာနဲ့အလုပ်သမားခေါင်းဆောင်ကမန္တလေးတောင်ပေါ်ဘုရားသွားဖူးမယ်ဆို၍
တခါမှမရောက်ဖူးသောဘတင်တို့အဖွဲ့လဲဘုရားဖူးရန်ရောက်သွားလေသည်။
သူကမွေးကထဲကဘုရားရှိခိုးလာသူမဟုတ်ပါအိမ်နှင့်အလုပ်သွားနေလျှက်အချိန်ကုန်၍သွားသည်။
မနက်မိုးလင်းတာနဲ့အလုပ်သို့အပြေးအလွှားသွားကာညမိုးချူပ်မှပြန်လာရသဖြင့်ပင်ပန်းလို့ဟု
အကြောင်းပြကာထိုးအိပ်လိုက်သည်ထို့ကြောင့်ဘုရားတခါမှမရှိခိုးဖြစ်ပါ
အခုလိုတကူးတကဘုရားသွားဖူးမှသာဘုရားကန်တော့ဖြစ်သောလူမျိူးဖြစ်ပါသည်။
ဘတင်တို့အဖွဲ့မန္တလေးတောင်ဘုရားဖူးပြီးတောင်ပေါ်မှနံမည်ကြီးသောမြွေကြီးနှစ်ကောင်အား
သွား၍ကြည့်ကြလေသည်ထိုအခါမြွေကိုကြည့်မိသောဘတင်တစ်ယောက်ခေါင်းနပန်းကြီးသွားသည်။
ထိုမြွေကြီးနှစ်ကောင်သည်အသက်ဝင်လာကာဘတင်အားမီးဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့်
စိုက်ကြည့်လိုက်၍ဘတင်အားခုန်အုပ်တော့မည့်ဟန်ကြောင့်ဘတင်ကနောက်သို့အလန့်တကြားခုန်ရှောင်မိလေသည်။
ထိုအခါသူ့အပေါင်းအသင်းများကဝိုင်း၍စကြလေသည်။
””ဟေ့ကောင်ဘတင်—–ဘာဖြစ်တာလဲကွမြွေမြင်တာနဲ့စားချင်ပြန်ပြီးလား———ဒါမြွေရုပ်ထုတွေကွမင်းမလဲမြွေမြင်တာနဲ့အငြိမ်ကိုနေလို့မရပါလားကွ””’
သူငယ်ချင်းများနောက်နေသည်ကိုပင်စကားပြန်မပြောနိုင်လောက်အောင်ဘတင်ဆွံ့အနေမိသည်။
သူဘဝတစ်သက်တာတွင်မြွေဆိုတာသူ့အတွက်စားစရာဖြစ်ကာသူမစားဘူးသောမြွေသားမရှိခဲ့
မြွေမကြောက်မြွေများစွာသတ်လာခဲ့သူကဒီမြွေနှစ်ကောင်ကိုမြင်၍မကြောက်စဖူးကြောက်သွားမိသည်။
ဒါနဲ့သူကမြွေတွေနားကပ်မကြည့်ပဲခပ်ဝေးဝေးကနေအကဲခတ်ရာမြွေနှစ်ကောင်သည်
သူ့မျက်လုံးထဲလှုပ်ရှားနေသည်ကိုထင်ထင်ရှားရှားမြင်နေရသဖြင့်ဘယ်သူ့မှမပြောရဲပဲလန့်နေမိသည်။
သူမန္တလေးတောင်ပေါ်ကပြန်လာကထဲကသူ့စိတ်တွေမကြည်မလင်ဖြစ်လာသည်မြွေကြီးနှစ်ကောင်
အသက်ဝင်လာသောပုံစံသာမြင်ယောင်နေမိသည်သူအဲဒီညမှာပဲခြောက်ခြားစရာအိမ်မက်ကိုမက်ပြန်သည်။
အိမ်မက်ထဲတွင်သူ့မိန်းမသည်ကလေးမွေးနေရာသို့သူရောက်သွားလေသည်ထိုအခါ
အလွန်ထူးဆန်းစွာပင်သူမိန်းမကမြွေများကိုမွေးလေသည်မြွေတွေမွေးလာသည်မှာလဲ
နဲတာမဟုတ်ပဲအလွန်များကာထိုမြွေများသည်မွေးခန်းအပြင်သို့ပြေး၍ထွက်လာကြကာ
နေရာအနှံ့အပြားသို့ရှောက်သွားကြရာသူလဲအလန့်တကြားတအော်လိုက်မိလေသည်။
”” ‘မြွေတွေ—–မြွေတွေ””’
သူ့အော်သံကြောင့်နဘေးမှာအိပ်နေသူများလန့်နိုးကုန်ကာသူ့အားအပြစ်တင်ကြသည်။
””’မြွေဘတင်တိုကတော့ကွာ——ယောင်တာတောင်မြွေကိုယောင်ရတယ်လို့——မင်းမြွေကြိုက်တာတော့ရှားတယ်ကွ—–ကြည့်ယောင်ကွငါတို့အိပ်ရေးပျက်တယ်”” ‘
ဘတင်ကတောလန့်၍့အိပ်၍မပျော်တော့ပါသူ့မိန်းမလဲစိတ်ပူလျှက်ရှိသည်။
နောက်၃ရက်လောက်နေရင်အလုပ်ပြီးပြီဆိုတော့သူအိမ်သိုပြန်ရန်စိတ်စောနေမိသည်။
မမြင်ရသေးသောသားသမီးအတွက်လဲကြိုတင်ရင်ခုန်နေမိသည်မြွေကြီးနှစ်ကောင်အကြောင်းလဲတွေးလျှက်ရှိသည်။
သူဟိုတွေးဒီတွေးနှင့်မိုးလင်းခါနီးမှမှေးကနဲပြန်အိပ်ပျော်သွားလေသည်။
ဒီတခါသူ့အိမ်မက်ထဲတွင်သူ့မိန်းမသည်ပန်းများခေါင်းတွင်ဝေနေအောင်ပန်ထားကာ
အဝတ်အစားသစ်များဝတ်ကာသူ့အားလက်ပြ၍ခရီးထွက်သွားလေသည်။
သူလဲမိန်းမဖြစ်သူအားလှမ်းခေါ်ရင်းအိမ်မက်ကလန့်နိုးသွားလေသည်။
””’မိန်းမ—-မိန်းမ—-””
သူနိုးတော့မိုးအတော်လင်းနေပြီသူ့စိတ်တွေမလန်းဆန်းပဲအလုပ်ထဲရောက်သွားသည်။
သူကြားဘူးသည်ကမိုးလင်းခါနီးမက်သောအိမ်မက်သည်မကြာခင်တွင်ဖြစ်တတ်သည်ဟုသိထားသည်။
သူ့စိတ်တွေလေး၍နေသည်အလုပ်သာလုပ်နေပေမဲ့သူ့တွင်တက်ကြွမှု့တွေရှိမနေပေ
သူကတိုက်ဘေးတွင်ဆင်ထားသောငြမ်းများအားဖြုတ်နေသည်ဒီအချိန်မှာဘဲ
ဘဝတူအလုပ်သမားတစ်ယောက်ကအော်၍ပြောလိုက်သည်။
””’ကိုဘတင်——ကိုဘတင်—–ခင်ဗျားမိန်းမကိုယ်ဝန်ကြီးနဲ့မြွေကိုက်ခံရလို့သေပြီလို့——အကြောင်းကြားတယ်——စိတ်မကောင်ဘူးဗျာကလေးပါသေသွားတယ်——””’
ထိုအလုပ်သမားကမဆင်မခြင်အသိပေးလိုက်သောစကားကြောင့်ငြမ်းပေါ်ရောက်နေသော
ဘတင်သည်ခေါင်းထဲမိုက်ကနဲဖြစ်သွားကာစိတ်လွတ်ကိုယ်လွတ်ဖြင့်ငြမ်းပေါ်မှပြုတ်ကျသွားလေသည်။
အောက်ရောက်တော့ပွဲချင်းပြီးသေနေသောမြွေဘတင်အလောင်းအားကြည့်ကာ
ဘဝတူအလုပ်သမားများအလွန်စိတ်မကောင်းဖြစ်ကာအလုပ်ရှုတ်သွားကြလေသည်။
အလုပ်ရှင်ကဘတင်တို့လင်မယား၏အသုဘကိုတာဝန်ယူ၍အဆင်ပြေအောင်လုပ်ပေးလိုက်သည်။
ထိုအချိန်မှစ၍မြွေသားအလွန်ကြိုက်သောဘတင်လောကကြီးကပျောက်ကွယ်သွားခဲ့ပေမဲ့
သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာတော့မြွေဘတင်အကြောင်းပြောစမှတ်တွင်နေတော့သည်။
ပြီး
D Moe Moe
မှတ်ချက်
မြွေပုံများပို့ပေးသောအကောင့်ပိုင်ရှင်ဗေဒါနှင့်
ပင်လယ်ပြာပြာရေပြာပြာဗေဒါဘာကြောင့်စိမ်းရတယ်
်အကောင့်ပိုင်ရှင်များအားအထူးကျေးဇူးတင်ပါသည်။
Zawgyi Version
ေႁမြသားႀကိဳက္ေသာသူ(စ/ဆံုး)
————————————–
ေႁမြဘတင္ကိုမသိသူမရွိေပအရပ္ထဲေႁမြဆိုသည့္အသံၾကားတာနဲ႔ထိုေနရာသို႔
အေျပးအလႊားေရာက္လာကာေႁမြအားသတ္ကာခ်က္စားဖို႔သူ႔အိမ္သို႔သယ္သြားေလ့ရွိသည္။
ေႁမြသားဟင္းကိုသူ႔မိန္းမအားမခ်က္ခိုင္းပဲသူကိုယ္တိုင္ခ်က္ကာအားရပါးရစားတတ္ေလသည္။
ေႁမြသားအလြန္ႀကိဳက္ေသာေၾကာင့္သူနံမည္ေရွ႕တြင္ေႁမြဘတင္ဟုအမ်ားကေခၚၾကေလသည္။
ေႁမြသားႀကိဳက္သလိုေႁမြဖမ္းလဲအလြန္ေတာ္ကာအထူးကြၽမ္းက်င္သည္။
ေႁမြဆိုပါကဘာေႁမြေႁမြျဖစ္ျဖစ္ေႁမြဘတင္ႏွင့္ေတြ႕ပါကဟင္းအိုးထဲတန္းေရာက္သြားၾကသည္ပင္
သူ႔ူ႔အလုပ္သည္ပန္ရန္အလုပ္သမားတစ္ေယာက္ျဖစ္ကာေဆာက္လုပ္ေရးလုပ္ငန္းခြင္တြင္ေန႔စဥ္အလုပ္လုပ္ရေလသည္။
တေန႔တြင္ေရွးေဟာင္းတိုက္တစ္လုံးအားၿဖိဳ၍အသစ္ေဆာက္ရန္အတြက္လုပ္ငန္းခြင္သို႔ေစာေစာေရာက္လာသည္။
တိုက္ေဟာင္းၿဖိဳရေသာအလုပ္ကိုသူတို႔ေတြစတင္လုပ္ၾကရသည္မွာတပတ္ေလာက္ၾကာသြားသည္။
အားလုံးၿဖိဳၿပီးေတာ့ေအာက္ေျခအားတူးၾကရာတြင္ေႁမြတေကာင္စႏွစ္ေကာင္စအားစ၍ေတြ႕ရေလသည္။
ဘတင္အလြန္ဝမ္းသာသြားသည္သူ႔အတြက္ဟင္းစားရၿပီျဖစ္သျဖင့္ထိုေႁမြမ်ားအားသတ္ကာ
အိမ္သို႔သယ္သြားေလသည္ေႁမြမ်ားအားတဝက္ကိုခ်က္ကာတဝက္ကိုအေျခာက္လွမ္းထားသည္။
ေနာက္ရက္တြင္လည္းေႁမြမ်ားေတြ႕ရျပန္သည္သ့ူ႔အတြက္ေတာ့အလြန္အႀကိဳက္ေတြ႕စရာျဖစ္သြားသည္။
သူသည္ေႁမြမ်ားအားသတ္ကာပတ္ဝန္းက်င္ကိုေလ့လာၾကည့္ေတာ့အိမ္ရဲ႕ေထာင့္ေနရာတြင္ေႁမြတြင္းတတြင့္ေတြ႕ရသည္။
သူအတြက္ေတာ့ေ႐ႊတြင္းေတြ႕ရသလိုဝမ္းသာသြားသည္သူကထြက္လာေသာေႁမြမ်ားသတ္ကာ
တႏိုင္တစ္ပိုင္အိမ္သို႔သယ္သြားကာေႁမြတြင္းအားသဲအိတ္မ်ားျဖင့္ပိတ္ထားခဲ့ေလသည္ေႁမြမ်ားထြက္မေျပးရန္ျဖစ္သည္။
အိမ္ေရာက္ေတာ့သူ႔မိန္းမအားအားရဝမ္းသာေျပာလိုက္သည္။
””မိန္းမေရငါေႁမြတြင္းတစ္တြင္းေတြ႕လာတယ္ကြ—မင္းကိုယ္ဝန္အတြက္ကေလးေမြးစရိတ္ရေအာင္လို႔——-အဲဒီေႁမြေတြအကုန္သတ္ၿပီး—–အေျခာက္လွမ္းသင့္တာလွမ္းခ်က္သင့္တာခ်က္ၿပီး————-
ဟိုဘက္လမ္းထိတ္ကအရက္ဆိုင္ကိုသြင္းရင္ေငြေကာင္းေကာင္းရႏိုင္တယ္ကြ—–
အဲအရက္ဆိုင္ကေႁမြသားရရင္သူ႔ဆီလာသြင္းဘို႔မွာထားတယ္—-ငါတေန႔နဲနဲသယ္လာမယ္——ရသေလာက္ေရာင္းၿပီး——-ငါစားဘို႔လဲခ်န္ထားရမယ္””””
””’ျဖစ္ပါ့မလားရွင္———က်မကကိုယ္ဝန္ႀကီးနဲ႔ေႁမြမကိုင္ရဲဘူး—-””
””’မင္းမကိုင္ရဲလဲငါကိုင္မယ္—မင္းကအိမ္မွာေႁမြေတြကိုေသခ်ာလွမ္းထား—-””
ထို႔ေနာက္ေႁမြဘတင္ကရလာသမွ်ေႁမြမ်ားကိုအရက္ဆိုင္သြားသြင္းလိုက္စားလိုက္ျဖင့္အလုပ္ျဖစ္ေနသည္။
သူ႔အေပါင္းအသင္းမ်ားလည္းသူကိုယ္တိုင္ေႁမြသားဟင္းစပယ္ရွယ္ခ်က္ကာဧည့္ခံေႂကြးေမြးေလသည္။
တရက္တြင္ကန္ထ႐ိုက္လုပ္ငန္းရွင္ကေျမတူးတာအၿပီးသတ္လုပ္ရန္ေျမတူးစက္ျဖင့္တူးမည္ျဖစ္သည္။
ထိုအခါေႁမြဘတင္ပ်ာယာခတ္သြားသည္သူ႔ေႁမြတြင္းထဲကေႁမြေတြအတြက္စိတ္ပူသြားသည္။
ဒါနဲ႔အလုပ္သမားေခါင္းေဆာင္အားေျပာျပလိုက္၍သူေႁမြသားခ်က္စားရန္ေႁမြေတြယူခ်င္ေၾကာင္းေျပာလိုက္သည္ထိုအခါအလုပ္သမားေခါင္းေဆာင္က
”””ျဖစ္ပါ့မလားေႁမြဘတင္ရာ—–ေႁမြေတြကအမ်ားႀကီးကြ—-ေတာ္ၾကာေႁမြသိုက္ေတြဘာေတြျဖစ္ေနအုံးမယ္ကြ—-ေႁမြဆိုတာကလဲရာဇဝင္နဲ႔ကြ——-မင္းအတြက္အႏၲရယ္ျဖစ္ေနအုံးမယ္——-””’
””ဘာမွမျဖစ္ပါဘူးဆရာရယ္——-ဒီတိုက္ေဟာင္းကလူမေနတာၾကာလို႔ေႁမြေတြခိုေအာင္းေနတာပါ——–ေႁမြသိုက္ျဖစ္ေတာ့လဲဘာျဖစ္လဲ——-ဘဝကူးသြားလို႔ကြၽန္ေတာ့္ကိုေတာင္ေက်းဇူးတင္ရအုံးမွာ——-”””
ဘတင္ဆႏၵျပင္းျပေနသျဖင့္အလုပ္သမားေခါင္းေဆာင္လဲယူခြင့္ေပးလိုက္ေလသည္။
ထိုေန႔ကေႁမြဘတင္ကစက္နဲ႔မတူးခင္ရသေလာက္ေႁမြမ်ားသတ္ကာဘိလပ္ေျမအိပ္မ်ားထဲထည့္ထားလိုက္သည္။
ေျမတူးစက္ႏွင့္တူးသည့္အခါအပိုင္းပိုင္းျဖစ္ေနေသာေႁမြမ်ားအားလိုက္၍ေကာက္ကာ
အိမ္သို႔ဂါလီဌားကာသယ္သြားေလသည္မိန္းမျဖစ္သူကလည္းေငြမ်ားမ်ားရသျဖင့္ကူညီကာလုပ္ရင္းတက္ႂကြေနသည္။
အရက္ဆိုင္မ်ာကလည္းေရာင္းေကာင္း၍အိမ္အထိလာဝယ္ၾကေလသည္။
ထိုေႁမြပုံႀကီးရၿပီးသည့္ေနာက္ပိုင္းေႁမြဘတင္အိမ္တြင္ညဘက္မ်ား၌ေႁမြတြန္သံမ်ားၾကားလာရသည္။
တခါတရံေခါင္းရင္းဘက္မွေႁမြႏွာမႈတ္သံကိုၾကားသျဖင့္ဘတင္ထၾကည့္ေတာ့လဲဘာေႁမြမွရွာမရေပ
မၾကာမၾကာထိုေႁမြသံမ်ားၾကာလာရေတာ့ဘတင္ထထရွာရသည္မွာအိပ္ေရးပ်က္လာသည္။
တခါတရံအိမ္ပတ္လည္တြင္ေႁမြမ်ားသြားလာေနသည္ဟုဘတင္ထင္လာမိသည္သို႔ေပမဲ့အိပ္ေရးပ်က္၍
စိတ္ဂေယာင္ေျခာက္ျခားျဖစ္သည္ဟုဘတင္ထားကာေမ့ထားလိုက္သည္။
တေန႔တြင္သူ႔မိန္မကသ့ူ႔အားစိတ္မၾကည္လင္သည့္ပုံျဖင့္စကားဆိုသည္။
””ကိုဘတင္ကြၽန္မညကအိမ္မက္ထဲမွာ—–ေႁမြတြင္းထဲျပဳတ္က်သြားတာေႁမြေတြက——ကြၽန္မကိုဝိုင္းကိုက္ၾကတယ္လို႔အိမ္မက္မက္တယ္—–ကြၽန္မျဖင့္လန႔္လိုက္တာမေျပာပါနဲ႔ေတာ့—–စိတ္ေတြလဲေလးေနသလိုပဲ”””’
”””မင္းကလဲဟိုတေလာကေႁမြေတြအမ်ားႀကီးေတြ႕ခဲ့ရလို႔စိတ္စြဲၿပီးမက္တာေနမွာပါ——ငါေတာင္ယုန္ထင္ေၾကာင္ထင္ထင္ေနမိေသးတယ္——အလကားေခါင္းထဲမထည့္နဲ႔သတၱဝါဆိုတာလူခြၽတ္မွကြၽတ္တာကြ””’
တရက္တြင္ဘတင္တို႔အဖြဲ႕မႏၲေလးကတိုက္ေဟာင္းတလုံးၿဖိဳရန္အလုပ္ရသျဖင့္မႏၲေလးသို႔သြားရန္ျဖစ္လာသည္။
ဘတင္မိန္းမကိုယ္ဝန္ကလဲလရင့္လာၿပီျဖစ္သျဖင့္ဘတင္ေငြရွာထားမွအဆင္ေျပမည္ဟုေတြးမိသည္။
တေလာကေႁမြမ်ားေရာင္းရေငြလဲအနည္းငယ္စုမိေဆာင္းမိသျဖင့္ဘတင္တက္ႂကြေနသည္။
ဒီလိုနဲ႔ဘတင္မႏၲေလးသို႔ေရာက္သြားေလသည္သူတို႔ေရာက္ၿပီး၃ရက္ေလာက္အၾကာတြင္
ညေနဘက္အလုပ္ၿပီးတာနဲ႔အလုပ္သမားေခါင္းေဆာင္ကမႏၲေလးေတာင္ေပၚဘုရားသြားဖူးမယ္ဆို၍
တခါမွမေရာက္ဖူးေသာဘတင္တို႔အဖြဲ႕လဲဘုရားဖူးရန္ေရာက္သြားေလသည္။
သူကေမြးကထဲကဘုရားရွိခိုးလာသူမဟုတ္ပါအိမ္ႏွင့္အလုပ္သြားေနလွ်က္အခ်ိန္ကုန္၍သြားသည္။
မနက္မိုးလင္းတာနဲ႔အလုပ္သို႔အေျပးအလႊားသြားကာညမိုးခ်ဴပ္မွျပန္လာရသျဖင့္ပင္ပန္းလို႔ဟု
အေၾကာင္းျပကာထိုးအိပ္လိုက္သည္ထို႔ေၾကာင့္ဘုရားတခါမွမရွိခိုးျဖစ္ပါ
အခုလိုတကူးတကဘုရားသြားဖူးမွသာဘုရားကန္ေတာ့ျဖစ္ေသာလူမ်ိဴးျဖစ္ပါသည္။
ဘတင္တို႔အဖြဲ႕မႏၲေလးေတာင္ဘုရားဖူးၿပီးေတာင္ေပၚမွနံမည္ႀကီးေသာေႁမြႀကီးႏွစ္ေကာင္အား
သြား၍ၾကည့္ၾကေလသည္ထိုအခါေႁမြကိုၾကည့္မိေသာဘတင္တစ္ေယာက္ေခါင္းနပန္းႀကီးသြားသည္။
ထိုေႁမြႀကီးႏွစ္ေကာင္သည္အသက္ဝင္လာကာဘတင္အားမီးဝင္းဝင္းေတာက္ေနေသာမ်က္လုံးမ်ားျဖင့္
စိုက္ၾကည့္လိုက္၍ဘတင္အားခုန္အုပ္ေတာ့မည့္ဟန္ေၾကာင့္ဘတင္ကေနာက္သို႔အလန႔္တၾကားခုန္ေရွာင္မိေလသည္။
ထိုအခါသူ႔အေပါင္းအသင္းမ်ားကဝိုင္း၍စၾကေလသည္။
””ေဟ့ေကာင္ဘတင္—–ဘာျဖစ္တာလဲကြေႁမြျမင္တာနဲ႔စားခ်င္ျပန္ၿပီးလား———ဒါေႁမြ႐ုပ္ထုေတြကြမင္းမလဲေႁမြျမင္တာနဲ႔အၿငိမ္ကိုေနလို႔မရပါလားကြ””’
သူငယ္ခ်င္းမ်ားေနာက္ေနသည္ကိုပင္စကားျပန္မေျပာႏိုင္ေလာက္ေအာင္ဘတင္ဆြံ႕အေနမိသည္။
သူဘဝတစ္သက္တာတြင္ေႁမြဆိုတာသူ႔အတြက္စားစရာျဖစ္ကာသူမစားဘူးေသာေႁမြသားမရွိခဲ့
ေႁမြမေၾကာက္ေႁမြမ်ားစြာသတ္လာခဲ့သူကဒီေႁမြႏွစ္ေကာင္ကိုျမင္၍မေၾကာက္စဖူးေၾကာက္သြားမိသည္။
ဒါနဲ႔သူကေႁမြေတြနားကပ္မၾကည့္ပဲခပ္ေဝးေဝးကေနအကဲခတ္ရာေႁမြႏွစ္ေကာင္သည္
သူ႔မ်က္လုံးထဲလႈပ္ရွားေနသည္ကိုထင္ထင္ရွားရွားျမင္ေနရသျဖင့္ဘယ္သူ႔မွမေျပာရဲပဲလန႔္ေနမိသည္။
သူမႏၲေလးေတာင္ေပၚကျပန္လာကထဲကသူ႔စိတ္ေတြမၾကည္မလင္ျဖစ္လာသည္ေႁမြႀကီးႏွစ္ေကာင္
အသက္ဝင္လာေသာပုံစံသာျမင္ေယာင္ေနမိသည္သူအဲဒီညမွာပဲေျခာက္ျခားစရာအိမ္မက္ကိုမက္ျပန္သည္။
အိမ္မက္ထဲတြင္သူ႔မိန္းမသည္ကေလးေမြးေနရာသို႔သူေရာက္သြားေလသည္ထိုအခါ
အလြန္ထူးဆန္းစြာပင္သူမိန္းမကေႁမြမ်ားကိုေမြးေလသည္ေႁမြေတြေမြးလာသည္မွာလဲ
နဲတာမဟုတ္ပဲအလြန္မ်ားကာထိုေႁမြမ်ားသည္ေမြးခန္းအျပင္သို႔ေျပး၍ထြက္လာၾကကာ
ေနရာအႏွံ႔အျပားသို႔ေရွာက္သြားၾကရာသူလဲအလန႔္တၾကားတေအာ္လိုက္မိေလသည္။
”” ‘ေႁမြေတြ—–ေႁမြေတြ””’
သူ႔ေအာ္သံေၾကာင့္နေဘးမွာအိပ္ေနသူမ်ားလန႔္ႏိုးကုန္ကာသူ႔အားအျပစ္တင္ၾကသည္။
””’ေႁမြဘတင္တိုကေတာ့ကြာ——ေယာင္တာေတာင္ေႁမြကိုေယာင္ရတယ္လို႔——မင္းေႁမြႀကိဳက္တာေတာ့ရွားတယ္ကြ—–ၾကည့္ေယာင္ကြငါတို႔အိပ္ေရးပ်က္တယ္”” ‘
ဘတင္ကေတာလန႔္၍့အိပ္၍မေပ်ာ္ေတာ့ပါသူ႔မိန္းမလဲစိတ္ပူလွ်က္ရွိသည္။
ေနာက္၃ရက္ေလာက္ေနရင္အလုပ္ၿပီးၿပီဆိုေတာ့သူအိမ္သိုျပန္ရန္စိတ္ေစာေနမိသည္။
မျမင္ရေသးေသာသားသမီးအတြက္လဲႀကိဳတင္ရင္ခုန္ေနမိသည္ေႁမြႀကီးႏွစ္ေကာင္အေၾကာင္းလဲေတြးလွ်က္ရွိသည္။
သူဟိုေတြးဒီေတြးႏွင့္မိုးလင္းခါနီးမွေမွးကနဲျပန္အိပ္ေပ်ာ္သြားေလသည္။
ဒီတခါသူ႔အိမ္မက္ထဲတြင္သူ႔မိန္းမသည္ပန္းမ်ားေခါင္းတြင္ေဝေနေအာင္ပန္ထားကာ
အဝတ္အစားသစ္မ်ားဝတ္ကာသူ႔အားလက္ျပ၍ခရီးထြက္သြားေလသည္။
သူလဲမိန္းမျဖစ္သူအားလွမ္းေခၚရင္းအိမ္မက္ကလန႔္ႏိုးသြားေလသည္။
””’မိန္းမ—-မိန္းမ—-””
သူႏိုးေတာ့မိုးအေတာ္လင္းေနၿပီသူ႔စိတ္ေတြမလန္းဆန္းပဲအလုပ္ထဲေရာက္သြားသည္။
သူၾကားဘူးသည္ကမိုးလင္းခါနီးမက္ေသာအိမ္မက္သည္မၾကာခင္တြင္ျဖစ္တတ္သည္ဟုသိထားသည္။
သူ႔စိတ္ေတြေလး၍ေနသည္အလုပ္သာလုပ္ေနေပမဲ့သူ႔တြင္တက္ႂကြမႈ႕ေတြရွိမေနေပ
သူကတိုက္ေဘးတြင္ဆင္ထားေသာျငမ္းမ်ားအားျဖဳတ္ေနသည္ဒီအခ်ိန္မွာဘဲ
ဘဝတူအလုပ္သမားတစ္ေယာက္ကေအာ္၍ေျပာလိုက္သည္။
””’ကိုဘတင္——ကိုဘတင္—–ခင္ဗ်ားမိန္းမကိုယ္ဝန္ႀကီးနဲ႔ေႁမြကိုက္ခံရလို႔ေသၿပီလို႔——အေၾကာင္းၾကားတယ္——စိတ္မေကာင္ဘူးဗ်ာကေလးပါေသသြားတယ္——””’
ထိုအလုပ္သမားကမဆင္မျခင္အသိေပးလိုက္ေသာစကားေၾကာင့္ျငမ္းေပၚေရာက္ေနေသာ
ဘတင္သည္ေခါင္းထဲမိုက္ကနဲျဖစ္သြားကာစိတ္လြတ္ကိုယ္လြတ္ျဖင့္ျငမ္းေပၚမွျပဳတ္က်သြားေလသည္။
ေအာက္ေရာက္ေတာ့ပြဲခ်င္းၿပီးေသေနေသာေႁမြဘတင္အေလာင္းအားၾကည့္ကာ
ဘဝတူအလုပ္သမားမ်ားအလြန္စိတ္မေကာင္းျဖစ္ကာအလုပ္ရႈတ္သြားၾကေလသည္။
အလုပ္ရွင္ကဘတင္တို႔လင္မယား၏အသုဘကိုတာဝန္ယူ၍အဆင္ေျပေအာင္လုပ္ေပးလိုက္သည္။
ထိုအခ်ိန္မွစ၍ေႁမြသားအလြန္ႀကိဳက္ေသာဘတင္ေလာကႀကီးကေပ်ာက္ကြယ္သြားခဲ့ေပမဲ့
သူ႔ပတ္ဝန္းက်င္အသိုင္းအဝိုင္းမွာေတာ့ေႁမြဘတင္အေၾကာင္းေျပာစမွတ္တြင္ေနေတာ့သည္။
ၿပီး
D Moe Moe
မွတ္ခ်က္
ေႁမြပုံမ်ားပို႔ေပးေသာအေကာင့္ပိုင္ရွင္ေဗဒါႏွင့္
ပင္လယ္ျပာျပာေရျပာျပာေဗဒါဘာေၾကာင့္စိမ္းရတယ္
္အေကာင့္ပိုင္ရွင္မ်ားအားအထူးေက်းဇူးတင္ပါသည္။