Unicode Version
“မြွေသိုက်”(စ/ဆုံး)
————————
”ဂျိန်းး ဂျလိန်းး ဝေါ ဝေါ ”
ကောင်းကင်ပြင်တွင် မိုးကထစ်ချုန်းရွာလျက်။ လျှပ်စီးလက်သံ မိုးခြိမ်းသံများက အသဲငယ်တတ်သူအဖို့ ထိတ်လန့်ဖွယ်ရာ။ ထိုအချိန်တွင် သော်ကမြိုင်စံအိမ်အတွင်းမှ ကုန်သည်ကြီးဦးစိတ္တတစ်ယောက်မှာတော့
”မင်း မင်း ဘယ်သူလဲ ထွက်သွား ထွက်သွား အားးအားးးးးးး ”
ဦးစိတ္တတစ်ယောက် အိပ်မက်ကနေထိတ်လန့်တကြားလန့်နိုးလာတော့ သူ့တကိုယ်လုံး ချွေးသီးချွေးပေါက်များ စိုရွဲလျက်။ ထစ်ချုန်းရွာလျက်ရှိသော မိုးသံနှင့်အြပိုင် ရင်အစုံမှာလည်း တဒိုင်းဒိုင်းခုန်လျက်ပင်။ အိပ်မက် ဟုတ်တယ် ဒီအိပ်မက် ခုတလော သူညတိုင်း ဒီအိပ်မက်ကိုမက်နေတတ်သည်မှာ တိတိကျကျဆိုရပါလျှင် ပတ္တမြားလက်စွပ်တစ်ကွင်း သူ့လက်ထဲရောက်ရှိလာစဉ်အချိန်ကထဲကပင်ဖြစ်ပေသည်။
အိပ်မက်ထဲတွင် မိန်းမပျိုတစ်ဦးက မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့်သူ့ကို စူးစူးရဲရဲစိုက်ကြည့်ရင်း သူ့ထံတွင်ရှိသော ပတ္တမြားလက်စွပ်ကို မူလနေရာဖြစ်သော မဟာမြိုင်တောအတွင်းမှ စေတီပျက်အနားတွင် ပြန်လည်လာရောက်ထားပေးရန် ပြောကြားလေ့ရှိသည်။ သူကြည့်နေရင်းမှာပင် မိန်းမပျိုမှ မြွေအကြီးကြီးတစ်ကောင်အဖြစ် တဖြည်းဖြည်းပြောင်းလဲသွားကာ အမှောင်ထဲသို့ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။ လက်စွပ်။ မိန်းမပျိုပြောသည့် ထိုပတ္တမြားလက်စွပ်သူ့ထံရောက်ရှိလာသည်မှာတော့ ………
တစ်ရက်-
ကုန်သည်တစ်ဦးဖြစ်သည့် ဦးစိတ္တတစ်ယောက် သူ၏တပည့်တစ်ချို့နှင့်အတူ အလုပ်ကိစ္စဖြင့် မဟာမြိုင်တောအတွင်းသို့ ဖြတ်အလာ တစ်နေရာအရောက်မှာတော့ …
” ဟာ ရှေ့မှာလူတစ်ယောက်လဲနေပါလား ဘာဖြစ်တာလဲ ကြည့်ကြစမ်းဟေ့ ”
” ဟာ ဒီလူပိုးထိထားတယ် ကုန်သည်ကြီး သူ့တကိုယ်လုံးအဆိပ်တွေပြန့်နေပြီ မျှော်လင့်ချက်မရှိလောက်တော့ဘူး ”
”ဟေ့လူ ဟေ့လူ သတိထားပါဦး ဟေ့လူ ”
ဦးစိတ္တတစ်ယောက် မြွေဆိပ်ဖြင့် မိန်းမူးနေသော ထိုသူအား အသာလှုပ်ကာခေါ်မိတော့
”အင်းး ဟင်းး မြွေ မြွေသိုက် မြွေသိုက် ဒါ ဒါ ထားး ထားး ”
မြွေဆိပ်ဖြင့်သေအံ့မူးမူးဖြစ်နေသော ထိုသူမှ စကားတစ်ချို့ကို ဗလုံးဗထွေးပြောကြားရင်း ဦးစိတ္တလက်ထဲသို့ တစ်စုံတစ်ရာကို အတင်းထိုးပေးကာ အသက်ပျောက်သွားလေတော့သည်။ ထိုသူပေးခဲ့သော အရာကို ကြည့်မိတော့
”ဟင် ပတ္တမြားလက်စွပ် ပတ္တမြားလက်စွပ်ပါလား ”
ဦးစိတ္တတစ်ယောက် ရင်အစုံဒိုင်းခနဲပင်မြည်ဟီးသွားမတတ် အလွန်ပင် အံ့သြပျော်ရွှင်သွားခဲ့ရသည်။ ကုန်သည်တစ်ဦးဖြစ်သည့်အတွက် သူ့လက်ထဲမှ ပတ္တမြားလက်စွပ်၏ အရည်အသွေးကိုမြင်ယုံမျှဖြင့် ထိုလက်စွပ်၏တန်ဖိုးကို သူခန့်မှန်းလို့ရသည်မဟုတ်ပါလား။
”အင်းး အလွန်အရည်သွေးကောင်းပြီး တန်ကြေးရှိမယ့် လက်စွပ်ပဲ။ ဒါနဲ့ ဟိုလူပြောသွားသည့် မြွေသိုက် ဆိုတာ ဘာပါလိမ့်။ ဒီလက်စွပ်ကရော မြွေသိုက်နဲ့ ဘယ်လိုများပက်သက်နေတာလဲ။ အို ဒီလူ သေအံ့မူးမူးနဲ့လျောက်ပြောသွားတာတွေကို ငါဘာမှရှည်ရှည်ဝေးဝေး တွေးနေစရာမှမလိုတာ။ ဒါငါနဲ့ထိုက်လို့ ငါရတာ ဟုတ်တယ် ငါနဲ့ထိုက်လို့ငါရတာ ဒါငါ့ပစ္စည်းပဲ ”
ဦးစိတ္တတစ်ယောက် လောဘဇောကပ်ကာ ဘာမှရှည်ရှည်ဝေးဝေးတွေးမနေတော့ဘဲ တန်ဖိုးထိုက်တန်လွန်းသော ပတ္တမြားလက်စွပ်ကို သူ့အိတ်ထဲသို့ သေချာဂရုတစိုက်ထည့်ကာ ခရီးဆက်လက်ထွက်ခွာလာခဲ့လေတော့သည်။ တရွေ့ရွေ့ထွက်ခွာသွားသော ကုန်သည်ကြီး ဦးစိတ္တတို့လူစုအား တစ်နေရာမှနေ၍ စူးရှပြောင်လက်သော မျက်ဝန်းတစ်စုံက စိုက်ကြည့်နေခဲ့သည်ကိုတော့ သူတို့တွေမသိခဲ့ပါချေ။
ထိုနေ့မှစ၍ ညဘက်ရောက်တိုင်း မိန်းမပျိုတစ်ဖြစ်လဲ မြွေကြီးတစ်ကောင်က ဦးစိတ္တထံသို့ ညစဉ်ရောက်လာကာ ထိုပတ္တမြားလက်စွပ်အား မူလနေရာသို့ပြန်ထားခိုင်းလေ့ရှိသည်။ သို့သော် ပတ္တမြားလက်စွပ်အပေါ် လောဘဇောတက်နေသော ဦးစိတ္တအတွက်တော့ ထိုလက်စွပ်ကို ပြန်ထားပေးရန် ယောင်လို့မျှပင် စိတ်ကူးမရှိခဲ့ပါချေ။ အိပ်ပျက်ညတွေများလာတော့ ဦးစိတ္တတစ်ယောက် ကျန်းမာရေးထိခိုက်လာရသည်။ ထို့အပြင် ခုတလောပိုင်းမှာ ညဘက်ရောက်တိုင်း သူ့အိမ်ပတ်ဝန်းကျင်တဝိုက်မှာ မြွေတွန်သံများ ကြားတတ်လေ့ရှိသဖြင့် အိမ်အပြင်သို့ပင်မထွက်ရဲလောက်အောင်လည်း ဖြစ်နေပေတော့သည်။
ကြာတော့ အိပ်ပျက်ညတွေများလာသော ဦးစိတ္တတစ်ယောက် အားပျက်ကာ မိသားစုသဖွယ်ဖြစ်နေသော သမားတော်ကို အိမ်သို့ပင့်ကာပင် ဆေးကုသရလေတော့သည်။ သမားတော်ကြီးက ရောဂါစဖြစ်ရသည့်အကြောင်းရင်းကို မေးမြန်းလာတော့ ဦးစိတ္တတစ်ယောက် မိသားစုဝင်သဖွယ် ဖြစ်နေသော သမားတော်ကြီးကို ပတ္တမြားလက်စွပ်စ၍ ရှိလာခဲ့သည်မှ အစပြုပြီး ယခုလက်ရှိ ကြုံတွေ့နေရသည့် အဖြစ်အပျက်များကို ပြောပြလိုက်သည်မှာတော့ ……
” ဟာ ဒီအတွက်တော့ ဘာမှမပူပါနဲ့ ကုန်သည်ကြီးရဲ့ မောင်ရင်ပြောသလိုဆို ဒါ မြွေတွေနဲ့တခုခုဆက်စပ်နေမယ်ဆိုတာ သေချာတယ်။ ကျုပ်မိတ်ဆွေထဲမှာ ဒီလိုကိစ္စမျိုးတွေကို အထူးကျွမ်းကျင်တဲ့ သူတစ်ယောက်ရှိတယ်ကွဲ့။ သူက အရောင်းအဝယ်လည်း အနည်းငယ်လုပ်တယ်ဆိုတော့ ဒီလိုလုပ်ပါလားကွဲ့။ ကျုပ်မိတ်ဆွေကို ဒီအကြောင်းတွေ ဖွင့်ပြောပြပြီး သူ့ဘက်ကလည်း ဒီကိစ္စကို စိတ်ဝင်စားခဲ့မယ်ဆိုရင် မောင်ရင့်ကို စိတ်ဒုက္ခပေးနေတဲ့ အဲ့ဒီလက်စွပ်ကို သူ့ကို သင့်တော်တဲ့ဈေးနဲ့ ရောင်းလိုက်ပါလား။ နောက်ပိုင်းအဲ့လက်စွပ်နဲ့ပက်သက်နဲ့ ကိစ္စကို သူကြည့်ရှင်းလိမ့်မယ်ပေါ့။ အဲ့ဒါဆို သူလည်း အဲ့လက်စွပ်အကြောင်းလေ့လာခွင့်ရမယ် မောင်ရင်လည်း စိတ်ဒုက္ခရောက်နေတဲ့ အဖြစ်က ကင်းဝေးသွားမယ် ကဲ မကောင်းဘူးလား ”
” ကောင်းပါပြီ သမားတော်ကြီးရယ်။ အဲ့ဒါဆိုလည်းကျုပ်ကို သူနဲ့သာအမြန်တွေ့ပေးပါတော့ဗျာ ”
×××………×××………×××………
” ကဲ မောင်ရင် ဒါကျုပ်ပြောတဲ့ ကျုပ်မိတ်ဆွေ ဦးဒိဗ္ဗပဲ။ သူက အဲ့လို ထူးဆန်းတဲ့ အဖြစ်အပျက်တွေ သိုက်နဲ့ပက်သက်တဲ့ ကိစ္စတွေမှာ အထူးကျွမ်းကျင်တယ်ကွဲ့။ ကျုပ်သူ့ကို မောင်ရင့်အကြောင်းပြောပြလိုက်တော့ သူကလည်း အတော့်ကိုစိတ်ဝင်စားပြီး အဲ့လက်စွပ်ကို ဝယ်ချင်တယ်ဆိုတဲ့အကြောင်း ပြောလာတဲ့အတွက် ခုလိုမောင်ရင်နဲ့ တွေ့ဆုံပေးရတာပဲ ”
”ဟုတ်ပါတယ် ။ ကျုပ်ဒီလက်စွပ်ကို တန်ရာတန်ကြေးပေးပြီးဝယ်ပါ့မယ်။ မိတ်ဆွေဘက်ကသာ ကျုပ်သိချင်တာလေးတွေ နည်းနည်းလောက်ပြောပြပေးပါ မိတ်ဆွေ ”
×××………… ×××……… ××××…
မဟာမြိုင်ရွာ
ထိုရွာထဲသို့ အထုတ်အပိုးကိုယ်စီလွယ်လျက် လူသုံးဦးဝင်ရောက်လာကြသည်။ ထို့နောက် မေးမြန်းကာ ရွာလူကြီးအိမ်သို့ သွားရောက်ပြီး ခေတ္တခနတည်းခိုရန်ခွင့်တောင်းကြလေတော့သည်။
” ကျုပ်နာမည် ဦးဒိဗ္ဗပါ။ ကျုပ်က နယ်လှည့်ဆေးကုရင်း ဆေးမြစ်ရှာနေတဲ့သူတစ်ဦးပေါ့ဗျာ။ ခုရွာလူကြီးဆီကို ရောက်လာရတဲ့အကြောင်းကတော့ ဒီ မဟာမြိုင်တောအတွင်းမှာ ကျုပ်တို့လိုချင်တဲ့ ရှားပါး ဆေးမြစ်တွေရှိမလားလို့ ရှာဖွေချင်လို့ရောက်လာတာပါပဲ။ ၇ ရက်သားသမီးအသက်တွေကို ကယ်တင်ဖို့အတွက် အကျိုးများစေမယ့်လုပ်ရပ်ဖြစ်တဲ့အတွက် ရွာလူကြီး အနေနဲ့ ခွင့်ပြုပေးဖို့ရယ်နဲ့ ကျုပ်တို့ကို ခေတ္တခနတည်းခိုခွင့်ပြုပေးပါလို့ ခုလို လာတောင်းဆိုရတာပဲဗျာ ”
” အော် ဆေးဆရာတွေပဲ ရပါတယ်ခင်ဗျာ ကျုပ်အိမ်မှာလွတ်လွတ်လပ်လပ် တည်းခိုနိုင်ပါတယ် ။ဒါပေမယ့် မိတ်ဆွေတို့ကို တစ်ခုတော့မှာချင်ပါတယ်။ တောထဲကိုသွားပြီး ဆေးမြစ်ရှာတဲ့အခါမှာ တောအတွင်းပိုင်းထိ မသွားမိစေဖို့ အထူးသတိပြုစေလိုပါတယ်။ တခြားကြောင့်တော့ မဟုတ်ဘူးဗျ ။ တောအတွင်းပိုင်းက အရမ်းကိုတောနက်သလို မြွေဆိုးလည်းသိပ်ပေါတယ်။ နောက်ပြီး တောအတွင်းပိုင်းမှာ စေတီပျက်တစ်ဆူရှိတယ်။ အဲ့စေတီနားက သိပ်ကိုနယ်ကြမ်းတယ်ဗျ။ တစ်ခါတစ်ရံ လပြည့် လကွယ်ညမျိုးတွေမှာ မြွေတွန်သံတွေနဲ့အတူ မိန်းမပျိုတစ်ယောက် သီချင်းဆိုနေတဲ့အသံကို တောထဲကို ထင်းခုတ်သွားရင်း မျက်စိလည်လမ်းမှားဖူးတဲ့ လူတစ်ချို့ကြားရလေ့ရှိတယ်တဲ့ဗျ။ ဒါကြောင့် မိတ်ဆွေတို့ကို ကျုပ်က တောအတွင်းပိုင်းထိမသွားဖို့ စေတနာနဲ့တားမြစ်ရတာပါပဲဗျာ ”
” ကောင်းပါပြီဗျာ ခုလိုစေတနာနဲ့အသိပေးတဲ့အတွက် ကျုပ်တို့ကလည်း ရွာလူကြီးကို အထူးပဲကျေးဇူးတင်ပါတယ် ”
နောက်တစ်နေ့မနက်
မဟာမြိုင်တောအတွင်းမှာတော့ ဆေးဆရာအယောင်ဆောင် ဦးဒိဗ္ဗနဲ့တပည့်နှစ်ယောက် တစ်စုံတခုကို ပြောဆိုဆွေးနွေးနေကြလေသည်။
” တကယ်ကို ရေကန်အသင့်ကြာအသင့်ပဲဟေ့။ ဒီပုံအတိုင်းဆို ငါကြားဖူးတဲ့ မြွေသိုက်ဆိုတာ ဒီဟာပဲဖြစ်မှာသေချာတယ်ကွ ”
” မြွေသိုက်ဆိုတော့ မြွေတွေလည်းအများကြီးရှိနေမှာပေါ့နော်ဆရာကြီး။ ဒါနဲ့ ဒီသိုက်က ဥစ္စာပစွ္စည်းအတော်ရှိသတဲ့လား ဆရာကြီးရဲ့ ”
”အင်း ပြောရမယ်ဆိုရင်တော့ ဒီသိုက်ဟာ ဘုရားသိုက်တစ်ခုလို့လည်းဆိုလို့ရတယ်ကွဲ့။ နောင်ပွင့်မယ့်ဘုရားရှင်ကို ရည်မှန်းပြီးလှူဒါန်းထားတဲ့ ရတနာပစ္စည်းတော်တော်များများ ဒီသိုက်မှာရှိတယ်။ အဲ့ဒီရတနာပစ္စည်းတွေကို ဒီမြွေသိုက်က စောင့်ရှောက်ထိန်းသိမ်းပေးရတာပဲ။ ဒီ သိုက်နန်းနဲ့ မြွေသိုက်ကို အုပ်ချုပ်ထိန်းသိမ်းတဲ့သူကတော့ မြွေဘုရင်မပဲကွ။ ငါတို့ဒီသိုက်ကိုသာတူးလို့အောင်မြင်ပြီဆိုရင် ငါ့တို့တစ်သက်မဟုတ်ဘူး ဆယ်သက် ဆယ်သက်စားမကုန်အောင် ချမ်းသာပြီကွ ဟားးဟားးဟားး ”
ထိုနေ့ည ဦးဒိဗ္ဗ၏ အိပ်မက်ထဲတွင် တကိုယ်လုံးအနက်ရောင်အကြေးခွံများပါသော ဝတ်စုံကိုဝတ်ဆင်လျက် ဦးခေါင်းထက်တွင် မြွေတစ်ကောင်ပါးပျဉ်းထောင်နေသည့်ဟန်ပုံဖော်ထားသော သရဖူကိုဆောင်းထားသည့် အလွန်ချောမောလှပသော မိန်းမပျိုတစ်ဦး မီးဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့်သူထံသို့ ကြည့်ရင်း သူတို့ယခုကြံစည်စိတ်ကူးနေသော လုပ်ရပ်များကို ရပ်တန်းကရပ်ရန်နှင့် မရပ်ဘဲရှေ့ဆက်တိုးမည်ဆိုပါက ဒုက္ခရောက်စေရမည်ဆိုသည့်အကြောင်း လက်ညှိုးငေါက်ငေါက်ထိုး၍ ကြိမ်းဝါးပြောဆိုသွားလေသည်။ သို့ပေမယ့် လောဘဇောတက်နေသည့် ဦးဒိဗ္ဗတစ်ယောက် အတွက်ကတော့ဖြင့် သိုက်နန်းရှင် မြွေဘုရင်မ၏ သတိပေးစကားများမှာအချည်းနှီးသာပင်။
” ကဲ ငါ့တပည့်တို့သေသေချာချာနားထောင်ကြ။ အခုလာမယ့်လပြည့်နေ့ညဟာ ငါတို့အတွက် အချိန်အခါကောင်းပဲ။အဲ့ဒီတော့ ငါတို့တွေအဲ့နေ့ညမှာ ဒီမြွေသိုက်ကို တူးကြရမယ်။ သာမာန်သိုက်တွေလို ဥစ္စာစောင့်တွေ သိုက်စောင့်ဘီလူးတွေ စောင့်တာမဟုတ်ဘဲ မြွေတွေထောင်သောင်းချီပြီးစောင့်ရှောက်တဲ့ သိုက်ဖြစ်တဲ့အတွက် ငါတို့ပိုပြီးသတိထားရမယ်ကွယ့်။ မင်းတို့အထူးသတိပြုရမှာက သိုက်နန်းကိုတူးဖော်ဖို့ အစီအရင်တွေလုပ်နေစဉ်မှာ လုံးဝ လုံးဝ စည်းပေါက်သွားလို့မဖြစ်ဘူး အဲ့အချက်ကို မင်းတို့တွေအထူးဂရုစိုက်ကြရမယ် ကြားလား”
”ကြားပါတယ်ဆရာကြီး စိတ်ချပါ။ ကျုပ်တို့တွေ အောင်မြင်အောင် အထူးဂရုစိုက်ပြီး လုပ်ဆောင်ပါ့မယ် ”
”အိမ်းး ကောင်းသဟေ့ မြွေသိုက်နန်းရှင်မရေ သင်စောင့်ရှောက်ထိန်းသိမ်းနေရတဲ့ ရတနာတွေကို ယူဆောင်ဖို့ ကျုပ်တို့လာပြီဟေ့ ဟားးဟားးဟားး ”
ဘုရားပစ္စည်းအဆိပ်သီးမှန်းသိပေမယ့် အသိခေါက်ခက်အဝင်နက်ကာ လောဘအမှောင်ဖုံးလွှမ်းနေသော ဆေးဆရာအယောင်ဆောင် သိုက်ဆရာတဖြစ်လဲ ဦးဒိဗ္ဗနှင့် မြွေသိုက်နန်းရှင် သခင်မတို့၏ အားပြိုင်မှုများ လပြည့်ညတွင် မည်သို့မည်ပုံ အသက်ဝင်လာမည်နည်း ဆိုသည်ကိုတော့ ………
လပြည့်ည…
လပြည့်ညဖြစ်သည့်အတွက် ကောင်းကင်ယံတွင်ပြည့်ပြည့်ဝဝသာနေသော လမင်းကြီး၏ အလင်းရောင်က ကမ္ဘာမြေတစ်ခုလုံး လွှမ်းခြုံထားလျက်။ မဟာမြိုင်တောအတွင်းရှိ ရှေးဟောင်းစေတီပျက်တစ်ဆူအနီးမှာတော့ ဦးဒိဗ္ဗတို့လူစုမှာ ကန်တော့ပွဲများ ဆေးဖယောင်းတိုင်များထွန်းလျက် အစီအရင်များပြုလုပ်ကာ မြွေသိုက်ကိုတူးဖော်ရန်အတွက် ပြင်ဆင်နေကြလေသည်။
အားလုံးပြင်ဆင်ပြီးချိန်တွင်တော့ ဦးဒိဗ္ဗမှနေ၍ တစ်စုံတစ်ခုကိုပါးစပ်မှ တတွတ်တွတ်ရွတ်ဆိုရင်း သူ့လက်ထဲရှိတောင်ဝှေးဖြင့် မြေပြင်ထက်တွင် ပတ်ပတ်လည်စည်းဝိုင်း ဝိုင်းကာထားလိုက်လေသည်။ ထို့နောက် သူ့တပည့်နှစ်ယောက်ကိုပါ စည်းဝိုင်းအတွင်း အတူဝင်စေကာ
”ကဲ တပည့်တို့ ခုချိန်ကစပြီး ကျုပ် ဒီသိုက်နန်းကိုတူးဖော်နိုင်ဖို့အတွက် ဂါထာမန္တန်တွေကို ရွတ်ဆိုတော့မယ်။ မင်းတို့အထူးသတိထားရမှာက ကျုပ်ဂါထာမန္တန်တွေကို ရွတ်ဖတ်နေတဲ့အချိန်အတွင်းမှာ အနှောက်အယှက်အဖျက်အဆီးတွေအများကြီး ကြုံရလိမ့်မယ်ကွဲ့။ ဒါပေမယ့် ဘာမှကြောက်စရာမလိုဘူး။ဟောဒီမှာ အင်းချပ် နှစ်ချပ်။ မင်းတို့ကို အန္တရာယ်ပေးဖို့ကြိုးစားလာရင် ဒီအင်းချပ်တွေနဲ့သာ ပစ်ပေါက်လိုက် သူတို့လွင့်စင်သွားလိမ့်မယ်။ အေး ဒါပေမယ့် အထူးမှာကြားလိုတာက ကျုပ်ဂါထာရွတ်မပြီးမချင်း မင်းတို့ဒီစည်းဝိုင်းအပြင်ကို ဘာအကြောင်းကြောင့်မှမထွက်မိပါစေနဲ့။ နောက်ပြီး ဆေးဖယောင်းတိုင်ငါးတိုင် ဘယ်နည်းနဲ့မှ မငြိမ်းပါစေနဲ့ တကယ်လို့ တစ်တိုင်လောက်ငြိမ်းသွားမယ်ဆိုရင်တောင် ချက်ခြင်းပြန်ထွန်းပါ။ အဓိက ကတော့ ဒီဖယောင်းတိုင်ငါးတိုင်လုံး တပြိုင်နက်ထဲ ငြိမ်းမသွားစေဖို့နဲ့ မင်းတို့တွေ ဒီစည်းဝိုင်းထဲကနေ အပြင်ကို လုံးဝလုံးဝ မထွက်မိစေဖို့ပါပဲ။ ဒီအချက်တွေကို ဖောက်ဖျက်မိလို့ စည်းပေါက်သွားခဲ့ရင် ကျုပ်တို့အတွက်အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် အထူးသတိထားကြပါ တပည့်တို့ ”
”စိတ်ချပါဆရာကြီး ကျွန်တော်တို့အထူးသတိထားလိုက်နာပါ့မယ် ”
တပည့်များကိုမှာကြားပြီးသည်နှင့် ဦးဒိဗ္ဗတစ်ယောက်စည်ဝိုင်းထဲတွင် တင်ပလ္လင်ခွေကာထိုင်ချလိုက်ရင်း မျက်စိစုံမှိတ်လျက် ပါးစပ်မှလည်း ဂါထာ မန္တန်များကိုတတွတ်တွတ်နှင့် ရွတ်ဆိုလေတော့သည်။ ဦးဒိဗ္ဗနှုတ်မှ ဂါထာများရွတ်ဆိုပြီး မကြာမီအချိန်မှာပင်
”ရွှီ ရွှီ ” ” ရွှီ ”
ပတ်ဝန်းကျင်တွင်မြွေတွန်သံများအဆက်မပြတ်ထွက်ပေါ်လာလေတော့သည်။ ဦးဒိဗ္ဗတပည့်နှစ်ယောက်မှာ ထွက်ပေါ်လာသော မြွေတွန်သံများကြောင့် ပတ်ဝန်းကျင်ကို အထိတ်အလန့် ကျီးကန်းတောင်မှောက်ဖြင့် လိုက်လံကြည့်ရှု့ကြပေမယ့် အခုထက်ထိမြွေတစ်ကောင်၏ အရိပ်အယောင်မျှပင်မတွေ့ရချေ။ ကြည့်နေစဉ်မှာပဲ ပတ်ဝန်းကျင်ရှိ သစ်ပင်များကြားမှာ ရိပ်ခနဲ ရိပ်ခနဲဖြတ်ပြေးသွားသည့် အရိပ်မည်းများကို တွေ့လိုက်ကြရလေသည်။ ထိုအရိပ်များမှာမည်သည့်အရာများဖြစ်သနည်း။ သူတို့ ထိုအရိပ်များကို စူးစိုက်ကာကြည့်နေမိတုန်းမှာပဲ အရိပ်များ၏ ပုံသဏ္ဌာန်က တဖြည်းဖြည်းပီပြင်လာလေတော့သည်။
”ဟာ မြွေ မြွေတွေ မြွေတွေပါလား ”
”မြွေတွေ မြွေတွေအများကြီးပဲ ”
ဟုတ်ပေသည်။ သူတို့တွေ့လိုက်ရသည်မှာကား သစ်ပင်များပေါ်တွင် လူးကာလွန့်ကာဖြင့် ကူးလူးနေကြသည့် အရောင်စုံ အရွယ်စုံမြွေများ။ မြွေပွေး မြွေဟောက် ငန်းတော်ကြား မြွေစိမ်းမြီးခြောက် လင်းမြွေ စပါးကြီး စပါးအုံးစသည့်မြွေအမျိုးအစားများအပြင် သူတို့အမည်ခွဲခြားရန်ပင်ခက်ခဲလှသော အရွယ်စုံ အရောင်စုံမြွေများ။ ကြည့်နေရင်းမှပင် မြွေများမှာတဖြည်းဖြည်းများသထက် များလာပြီး သစ်ပင်များထက်မှ ဆင်းသက်၍ သူတို့စည်းဝိုင်းရှိရာသို့ တရွေ့ရွေ့တိုးလာကြလေသည်။
မြွေအစုအဝေးကြီးမှာ တဖြည်းဖြည်းများပြားလာလိုက်သည်မှာ မြေပြင်ကိုပင်မမြင်ရတော့လောက်အောင်ပင်။ အချင်းချင်း ပြွတ်သိပ်လိမ်ယှက်ကာ တရွှီရွှီတွန်သံများဖြင့် တရွေ့ရွေ့နှင့် သူတို့ရှိရာသို့တိုးလာသည်မှာ ကြက်သီးထဖွယ် ကြောက်မက်ဖွယ်ရာအတိပင်။ သူတို့တစ်သက်နဲ့တကိုယ် ဒီလောက်များသော မြွေအုပ်ကြီးကို မမြင်ဖူးကြသော ဦးဒိဗ္ဗ၏တပည့်နှစ်ယောက်မှာတော့ ကြောက်ဒူးတုန်ကာ ချွေးသီးချွေးပေါက်များကျလျက် မျက်စိမျက်နှာပျက်နေကြချေလေပြီ။
” ဟာ ဟေ့ ဟေ့ကောင် မြွေ မြွေတွေလာနေကြပြီ ဘယ် ဘယ်လိုလုပ်မလဲ ”
” ဟာ အင်း အင်းချပ် ငါ့တို့ဆီမှာ ဆရာကြီးပေးထားတဲ့ အင်းချပ်ရှိတာပဲ ။ အဲ့တာနဲ့ပစ် ပစ်လေကွာ ”
ဦးဒိဗ္ဗ၏ တပည့်တစ်ယောက်မှာ အင်းချပ်တစ်ချပ်ကို မြွေအုပ်ကြီးကြားသို့ပစ်ပေါက်လိုက်ရာတွင်မှာတော့
”ဝုန်းး ”
ဝုန်းခနဲမြည်ဟီးသံနှင့်အတူ မီးခိုးလုံးများထွက်ပေါ်လာပြီး ခုနတရွေ့ရွေ့နှင့် တိုးကပ်လာကြသော မြွေအုပ်ကြီးမှာ တဖြည်းဖြည်းဖြင့် နောက်သို့တရွေ့ရွေ့ပြန်လည်ဆုတ်ခွာသွားကြရင်း တောအုပ်အတွင်း သစ်ပင်များကြားတွင် ဝင်ရောက်ပျောက်ကွယ်သွားကြလေသည်။
မြွေများပျောက်ကွယ်သွားပြီးမကြာမီမှာပဲ အမှောင်ထဲမှ နီရဲကာစူးရှပြောင်လက်နေသည့် မျက်ဝန်းနှစ်စုံကို သူတို့တွေ့လိုက်ကြရသည်။ အရောင်တဖိတ်ဖိတ်ပင်ထွက်မတတ် ပြောင်လက်တောက်ပနေသော ထိုမျက်ဝန်းများကို သူတို့တွေ စိုက်ကြည့်နေစဉ်မှာပဲ ထိုမျက်ဝန်းပိုင်ရှင်များက တဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာကြလေသည်။
”ဟင် ” ”ဟာ ”
သူတို့တွေ့လိုက်ရသည်မှာကား အနက်ရောင်အကြေးခွံများဖြင့်ပြောင်လက်နေသည့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် အလွန်ချောမောလှပသော အမ်ျုးသမီးတစ်ဦး။ ဦးခေါင်းထက်တွင်လည်း မြွေတစ်ကောင် ပါးပျဉ်းထောင်နေသည့်ဟန် သရဖူကိုဆောင်းလျက်။ချောမောလှပသောမျက်နှာလေးဖြင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် မိန်းမပျို၏ မျက်ဝန်းတို့မှာ ဒေါသအရှိန်ဖြင့် စူးရဲတောက်ပကာ အရောင်တဖျတ်ဖျတ်လတ်လျက်။
မိန်းမပျို၏နံဘေးတွင်တော့ ဦးခေါင်းထိပ်တွင် ဘုကြီးတစ်ခုပါသော အနက်ရောင်ပြောင်လက်နေသည့် အလွန်တရာကြီးမားလှသော မြွေဟောက်ကြီးတစ်ကောင်။မြွေကြီး၏မျက်ဝန်းအစုံတို့မှာလည်း မီးထတောက်တော့မတတ်ပင်နီရဲပြောင်လက်ကာ ပါးစပ်အတွင်းမှ ပြူတစ် ပြူတစ်ထွက်နေသော လျှာနီနီကြီးမှာလည်း ကြောက်တတ်သူများအဖို့ မူးမေ့လဲကျမတတ် ကြက်သီးထဖွယ်အတိပင်။
”ဟေ့ကောင် အင်းချပ် အင်းချပ်ကျန်သေးတယ်မလား ပစ် ပစ်လေကွာ”
ဦးဒိဗ္ဗ၏ တပည့်များ မိန်းမပျိုနှင့်မြွေကြီးကို ကြည့်ရင်း ကြက်သေသေနေရာမှ တစ်ဦးကအသိဝင်လာပြီး သတိပေးသောအခါမှပင် လက်ထဲမှ အင်းချပ်ဖြင့် မိန်းမပျိုနှင့်မြွေကြီးရှိရာသို့ပစ်ပေါက်လိုက်လေတော့သည်။ ထိုအချိန်မှာပဲ
”ဝေါ ဝေါ ဝရော ”
”ဂျိန်းး ဂျလိန်းးးး ဒိန်းး ”
ရုတ်တရက်ချက်ခြင်းပင်လေပြင်းမုန်တိုင်းများကျလာကာ ကောင်းကင်တခွင်တွင်လည်း လျှပ်စီးများပျိုးပျိုးပြက်ပြက်လက်ကာ မိုးခြိမ်းသံများဆူညံစွာထွက်ပေါ်လာလေတော့သည်။ လေပြင်းများကျလာသည်နှင့်တပြိုင်နက်ထဲ စောစောက ဂါထာမန္တန်များကိုရွတ်ဆိုနေသည့် ဦးဒိဗ္ဗတစ်ယောက် ဂါထာမန္တန်များကိုရွတ်ဆိုခြင်းမှ ခနရပ်တန့်လိုက်ပြီးနောက် မျက်စိမျက်နှာပျက်စွာဖြင့်ပင်
”ဟေ့ကောင်တွေ ပတ်ဝန်းကျင်အဖျက်တွေဝင်လာပြီ။ ဖယောင်းတိုင်တွေ တပြိုင်ထဲမငြိမ်းသွားစေဖို့ သတိထားကြဟေ့ ဒီဖယောင်းတိုင်တွေ မငြိမ်းသ၍ စည်းမပေါက်သရွေ့ သူတို့ ငါတို့တွေကို ဘာမှလုပ်လို့မရဘူးကွ။ ဒါကြောင့် စည်းမပေါက်စေဖို့သာ အထူးဂရုစိုက်ကြဟေ့ ”
”ဝေါ ဝေါ ”
လေပြင်းမုန်တိုင်းတိုက်ခတ်မှု့ကြောင့် ဦးဒိဗ္ဗနှင့်တပည့်နှစ်ဦးမှာ အစီအရင်ဖြင့်ပြုလုပ်ထားသော ဆေးဖယောင်းတိုင်များအားလုံး တပြိုင်ထဲငြိမ်းမသွားစေရန် အထူးသတိထားစောင့်ကြည့်နေရလေတော့သည်။ အစီအရင်ဖြင့်ပြုလုပ်ထားသော ဖယောင်းတိုင်များမို့လားပင်မသိ။ ဒီလောက်လေပြင်းတိုက်ခတ်နေသည့်ကြားထဲမှပင် အလွယ်တကူငြိမ်းမသွားပါချေ။
ဦးဒိဗ္ဗနှင့်တပည့်များ စောင့်ကြည့်နေတုန်းမှာပဲ ဖယောင်းတိုင်တစ်တိုင်က ဟုတ်ခနဲဆို ငြိမ်းသွားလေတော့သည်။
”ဟာ တစ်တိုင်ငြိမ်းသွားပြီ အမြန်ပြန်ထွန်းဟေ့။ အဓိက က ငါးတိုင်လုံးတပြိုင်ထဲမငြိမ်းစေဖို့ပဲ။ ကဲ ကဲ မြန်မြန်ထွန်းကြ ”
ဖယောင်းတိုင်များမှာ တစ်တိုင်ချင်းစီငြိမ်းသွားလိုက် ဦးဒိဗ္ဗ၏ တပည့်များကပြန်ထွန်းညှိုလိုက်နှင့် ဖြစ်နေစဉ်မှာပဲ သူတို့တွေမထင်မှတ်ထားသည့်အရာတစ်ခုဖြစ်လာလေတော့သည်။
”ဝေါ ဝေါ ဂျိန်းး ဂလိန်း ဒိန်း ”
ထိုအဖြစ်အပျက်ကတော့ လေပြင်းများတိုက်ခတ်နေရင်းမှပင် အချိန်အခါမဟုတ်ဘဲ မိုးများသည်းထန်စွာရွာသွန်းလိုက်ခြင်းပင်။ မိုးရွာချလိုက်တာကြောင့် ဦးဒိဗ္ဗတို့လူစုမှာ ဖယောင်းတိုင်မီးများ တပြိုင်ထဲ မငြိမ်းစေရန် ဘယ်လိုမှပင်မကာကွယ်နိုင်တော့ပဲ ဖယောင်တိုင်ငါးတိုင်လုံး တပြိုင်ထဲငြိမ်းသွားလေတော့သည်။
ဖယောင်းတိုင်များငြိမ်းသွားသည်နှင့် တပြိုင်နက်ထဲ စူးရဲသောမျက်ဝန်းများဖြင့် စည်းဝိုင်းအပြင်ဘက်မှရပ်ကြည့်နေသော မြွေသိုက်နန်းရှင် သခင်မ၏ အားပါးတရရယ်မောလိုက်သံက ထွက်ပေါ်လာလေတော့သည်။
” ဟားး ဟားးဟားး နင်တို့ဘာတတ်နိုင်သေးလဲဟင်။ ခုတော့ စည်းတစ်ခုပေါက်သွားပြီမလား။ လောဘသားကောင်တွေ နင်တို့အသက်ကို လျော်ကြေးပြန်ပေးရမယ်ဟေ့ ဟားးဟားးဟားး ”
သခင်မ၏ ရယ်သံအဆုံးမှာပဲ တောအတွင်းမှနေ၍ မြွေတွန်သံ ဒေါသတကြီး နှာမှုတ်သံများထပ်မံ၍ဆူညံစွာထွက်ပေါ်လာပြန်လေတော့သည်။
” ရွှီ ရွှီ ဖူးးး ဖရူးးး ” ” ရွှီ ရွှီ ”
ဖယောင်းတိုင်မီးငြိမ်းသွားသည်ကတကြောင်း မြွေတွန်သံများနှင့် မြွေသိုက်နန်းရှင်သခင်မ၏ ဟားတိုက် ရယ်မောလိုက်သံများကြောင့်တကြောင်း ဦးဒိဗ္ဗ၏ တပည့်နှစ်ယောက်မှာ အကြောက်လွန်ကာ စည်းဝိုင်းအတွင်းမှမထွက်မိစေရန် သူတို့ဆရာမှာကြားထားသည်များကို မေ့လျော့ပြီး ကိုယ်လွတ်ရုန်းကာ ထွက်ပြေးကြလေသည်မှာတော့
” ဟာ ဟေ့ကောင်တွေ ဟေ့ကောင်တွေ မပြေးကြနဲ့လေ ဟာ ဒုက္ခပါပဲ ”
”ဟားးဟားး ဟားးစည်းပေါက်ပြီ စည်းပေါက်ပြီဟေ့ ငါတို့အလှည့်ရောက်လာပြီ ဒီလောဘသားတွေကို ဒဏ်ခတ်ကြဟေ့ ဟားးဟားးဟားး ”
” ရွှီ ရွှီ ” ” ဖူးး ဖရူး ”
”ဂျိန်းး ဂျလိန်းး ဝေါ ဝေါ ”
ဟားတိုက်ရယ်မောသံ မိုးသံ လေသံ မြွေတွန်သံများကြားတွင် ဦးဒိဗ္ဗတို့လူစုကြောက်လန့်တကြားဖြင့် ကစဉ့်ကလျားပြေးလွှားရင်း အကြောက်လွန်ကာ ခလုတ်တိုက်လဲကျသွားကြလေသည်။ လဲကျသွားကြသော ဦးဒိဗ္ဗနှင့် တပည့်များအပေါ်သို့ သစ်ပင်များထက်မှနေ၍သော်လည်းကောင်း မြေပြင်ထက်မှသော်လည်းကောင်း မြွေအကောင်ပေါင်းများစွာက တက်ရောက်ဖုံးလွှမ်းသွားကာ ပါးပျဉ်းများထောင်လျက် ဒေါသတကြီးဖြင့် အချက်ပေါင်းများစွာ ပေါက်သတ်နေကြသော မြင်ကွင်းမှာတော့ တော်ယုံအသဲငယ်သူအဖို့ နေရာမှာပင် ရူးသွပ်သွားစေနိုင်လောက်ပေသည်။
အချိန်အနည်းငယ်ခန့်အကြာမှာတော့ မိုးသံ လေသံများလည်းတဖြည်းဖြည်းစဲသွားကာ မြွေများမှာလည်း တရွေ့ရွေ့နှင့် အသီးသီးပြန်လည်ထွက်ခွာသွားကြလေတော့သည်။ မြွေအထွေးလိုက် အပြုံလိုက်ကြီးစဲသွားသည့်နောက်တွင်မှာတော့ တကိုယ်လုံံး မြွေစွယ်ရာ ဗရပွနှင့် အဆိပ်တက်ကာအသက်ပျောက်နေပြီဖြစ်သော ဦးဒိဗ္ဗနှင့် တပည့်နှစ်ဦး၏ ပြာနှမ်းနေသော အသက်မဲ့ခန္ဓာများသာ ကျန်ရှိခဲ့လေတော့သည်။
နောက်တစ်နေ့မနက်အရောက်မှာတော့ ညက အချိန်အခါမဟုတ်ဘဲ ထူးထူးဆန်းဆန်း လေပြင်းမုန်တိုင်းများကျကာ မိုးသည်းထန်စွာရွာသံ တောလုံးကျွတ်မျှပင် ထိတ်လန့်ဖွယ် မြွေတွန်သံများကြောင့် ရွာဦးကျောင်းဆရာတော်ဦးဆောင်ကာ ရွာလူကြီးနှင့် ရွာသားတစ်သိုက် မဟာမြိုင်တောအတွင်းသို့ ဝင်ရောက်ကာ ရှာဖွေ ကြည့်ရှု့လိုက်ကြသည်မှာတော့ စေတီပျက်လေးနှင့် မလှမ်းမကမ်းတွင် တစစီပြန့်ကြဲနေသော ဆေးဖယောင်းတိုင်များ အုန်းပွဲ ဌက်ပျောပွဲများ တခြားအစီအရင်များနှင့်တကွ တကိုယ်လုံး ပြာနှမ်းကာ မြွေဆိပ်တက်ပြီးသေဆုံးနေကြသော ဦးဒိဗ္ဗနှင့် တပည့်နှစ်ဦးတို့၏ အလောင်းများကို တွေ့လိုက်ကြရလေတော့သည်။
ထိုအခါမှပင် ဦးဒိဗ္ဗတို့၏သရုပ်အမှန်ကို ရွာသားများသိလိုက်ကြရလေတော့သည်။ ထို့နောက် ဆရာတော်၏ အမိန့်နှင့် ရွာလူကြီး၏ ညွှန်ကြားချက်များအတိုင်း ဦးဒိဗ္ဗတို့၏အသက်မဲ့ ခန္ဓာများကို သင်္ဂြိုလ်ရန်အတွက် ရွာသားများမှ ထိုသက်မဲ့ခန္ဓာများကို ရွာပြင်သင်္ချိုင်းရှိရာသို့ သယ်ဆောင်ကာ တရွေ့ရွေ့ထွက်ခွာသွားကြလေတော့သည်။ ထိုအချိန်တွင် ဆရာတော်၏ မျက်ဝန်းထဲတွင်တော့ စေတီပျက်လေး၏ အရှေ့တွင်ပုဆစ်တုပ်ကာထိုင်လျက်
ထိုအချိန်တွင် ဆရာတော်၏ မျက်ဝန်းထဲတွင်တော့ စေတီပျက်လေး၏ အရှေ့တွင်ပုဆစ်တုပ်ကာထိုင်လျက် လက်အုပ်ချီကာ မိမိထံသို့ရည်မှန်းကာ ဦးချလျက်ရှိသည့် မိန်းမပျိုတစ်ဦး၏ ပုံရိပ်ကိုတွေ့မြင်လိုက်ရပေသည်။
ထိုမိန်းမပ်ျုကိုကား ဆရာတော်ဘုရားမှလွဲ၍ ရွာလူကြီးနှင့်တကွ တခြားရွာသားများမှာတော့ မတွေ့မြင်နိုင်ကြပါချေ။ ထို မိန်းမပျိုလေးမှာကား မြွေမင်းသမီးတဖြစ်လဲ မြွေသိုက်နန်းရှင် သခင်မဖြစ်ကြောင်းကိုတော့ အထူးပင်ပြောစရာမလိုတော့လေပြီ။
အော် ဘုရားပစ္စည်းအဆိပ်သီး စားနည်းအလွန်ခက်ပေသည်တကား ။
( ဝါသနာရှင်ဖြစ်သည့်အတွက် အမှားအယွင်းများပါခဲ့ပါက နားလည်ပေးကြပါဟုတောင်းဆိုရင်း )
ချစ်ခြင်းများစွာဖြင့်
အမ်နိုင်း (oasis)
Zawgyi Version
“ေႁမြသိုက္”(စ/ဆုံး)
————————
”ဂ်ိန္းး ဂ်လိန္းး ေဝါ ေဝါ ”
ေကာင္းကင္ျပင္တြင္ မိုးကထစ္ခ်ဳန္း႐ြာလ်က္။ လွ်ပ္စီးလက္သံ မိုးၿခိမ္းသံမ်ားက အသဲငယ္တတ္သူအဖို႔ ထိတ္လန႔္ဖြယ္ရာ။ ထိုအခ်ိန္တြင္ ေသာ္ကၿမိဳင္စံအိမ္အတြင္းမွ ကုန္သည္ႀကီးဦးစိတၱတစ္ေယာက္မွာေတာ့
”မင္း မင္း ဘယ္သူလဲ ထြက္သြား ထြက္သြား အားးအားးးးးးး ”
ဦးစိတၱတစ္ေယာက္ အိပ္မက္ကေနထိတ္လန႔္တၾကားလန႔္ႏိုးလာေတာ့ သူ႔တကိုယ္လုံး ေခြၽးသီးေခြၽးေပါက္မ်ား စို႐ြဲလ်က္။ ထစ္ခ်ဳန္း႐ြာလ်က္ရွိေသာ မိုးသံႏွင့္ျအပိုင္ ရင္အစုံမွာလည္း တဒိုင္းဒိုင္းခုန္လ်က္ပင္။ အိပ္မက္ ဟုတ္တယ္ ဒီအိပ္မက္ ခုတေလာ သူညတိုင္း ဒီအိပ္မက္ကိုမက္ေနတတ္သည္မွာ တိတိက်က်ဆိုရပါလွ်င္ ပတၱျမားလက္စြပ္တစ္ကြင္း သူ႔လက္ထဲေရာက္ရွိလာစဥ္အခ်ိန္ကထဲကပင္ျဖစ္ေပသည္။
အိပ္မက္ထဲတြင္ မိန္းမပ်ိဳတစ္ဦးက မီးဝင္းဝင္းေတာက္ေနေသာ မ်က္ဝန္းမ်ားျဖင့္သူ႔ကို စူးစူးရဲရဲစိုက္ၾကည့္ရင္း သူ႔ထံတြင္ရွိေသာ ပတၱျမားလက္စြပ္ကို မူလေနရာျဖစ္ေသာ မဟာၿမိဳင္ေတာအတြင္းမွ ေစတီပ်က္အနားတြင္ ျပန္လည္လာေရာက္ထားေပးရန္ ေျပာၾကားေလ့ရွိသည္။ သူၾကည့္ေနရင္းမွာပင္ မိန္းမပ်ိဳမွ ေႁမြအႀကီးႀကီးတစ္ေကာင္အျဖစ္ တျဖည္းျဖည္းေျပာင္းလဲသြားကာ အေမွာင္ထဲသို႔ဝင္ေရာက္ေပ်ာက္ကြယ္သြားေလေတာ့သည္။ လက္စြပ္။ မိန္းမပ်ိဳေျပာသည့္ ထိုပတၱျမားလက္စြပ္သူ႔ထံေရာက္ရွိလာသည္မွာေတာ့ ………
တစ္ရက္-
ကုန္သည္တစ္ဦးျဖစ္သည့္ ဦးစိတၱတစ္ေယာက္ သူ၏တပည့္တစ္ခ်ိဳ႕ႏွင့္အတူ အလုပ္ကိစၥျဖင့္ မဟာၿမိဳင္ေတာအတြင္းသို႔ ျဖတ္အလာ တစ္ေနရာအေရာက္မွာေတာ့ …
” ဟာ ေရွ႕မွာလူတစ္ေယာက္လဲေနပါလား ဘာျဖစ္တာလဲ ၾကည့္ၾကစမ္းေဟ့ ”
” ဟာ ဒီလူပိုးထိထားတယ္ ကုန္သည္ႀကီး သူ႔တကိုယ္လုံးအဆိပ္ေတြျပန႔္ေနၿပီ ေမွ်ာ္လင့္ခ်က္မရွိေလာက္ေတာ့ဘူး ”
”ေဟ့လူ ေဟ့လူ သတိထားပါဦး ေဟ့လူ ”
ဦးစိတၱတစ္ေယာက္ ေႁမြဆိပ္ျဖင့္ မိန္းမူးေနေသာ ထိုသူအား အသာလႈပ္ကာေခၚမိေတာ့
”အင္းး ဟင္းး ေႁမြ ေႁမြသိုက္ ေႁမြသိုက္ ဒါ ဒါ ထားး ထားး ”
ေႁမြဆိပ္ျဖင့္ေသအံ့မူးမူးျဖစ္ေနေသာ ထိုသူမွ စကားတစ္ခ်ိဳ႕ကို ဗလုံးဗေထြးေျပာၾကားရင္း ဦးစိတၱလက္ထဲသို႔ တစ္စုံတစ္ရာကို အတင္းထိုးေပးကာ အသက္ေပ်ာက္သြားေလေတာ့သည္။ ထိုသူေပးခဲ့ေသာ အရာကို ၾကည့္မိေတာ့
”ဟင္ ပတၱျမားလက္စြပ္ ပတၱျမားလက္စြပ္ပါလား ”
ဦးစိတၱတစ္ေယာက္ ရင္အစုံဒိုင္းခနဲပင္ျမည္ဟီးသြားမတတ္ အလြန္ပင္ အံ့ၾသေပ်ာ္႐ႊင္သြားခဲ့ရသည္။ ကုန္သည္တစ္ဦးျဖစ္သည့္အတြက္ သူ႔လက္ထဲမွ ပတၱျမားလက္စြပ္၏ အရည္အေသြးကိုျမင္ယုံမွ်ျဖင့္ ထိုလက္စြပ္၏တန္ဖိုးကို သူခန႔္မွန္းလို႔ရသည္မဟုတ္ပါလား။
”အင္းး အလြန္အရည္ေသြးေကာင္းၿပီး တန္ေၾကးရွိမယ့္ လက္စြပ္ပဲ။ ဒါနဲ႔ ဟိုလူေျပာသြားသည့္ ေႁမြသိုက္ ဆိုတာ ဘာပါလိမ့္။ ဒီလက္စြပ္ကေရာ ေႁမြသိုက္နဲ႔ ဘယ္လိုမ်ားပက္သက္ေနတာလဲ။ အို ဒီလူ ေသအံ့မူးမူးနဲ႔ေလ်ာက္ေျပာသြားတာေတြကို ငါဘာမွရွည္ရွည္ေဝးေဝး ေတြးေနစရာမွမလိုတာ။ ဒါငါနဲ႔ထိုက္လို႔ ငါရတာ ဟုတ္တယ္ ငါနဲ႔ထိုက္လို႔ငါရတာ ဒါငါ့ပစၥည္းပဲ ”
ဦးစိတၱတစ္ေယာက္ ေလာဘေဇာကပ္ကာ ဘာမွရွည္ရွည္ေဝးေဝးေတြးမေနေတာ့ဘဲ တန္ဖိုးထိုက္တန္လြန္းေသာ ပတၱျမားလက္စြပ္ကို သူ႔အိတ္ထဲသို႔ ေသခ်ာဂ႐ုတစိုက္ထည့္ကာ ခရီးဆက္လက္ထြက္ခြာလာခဲ့ေလေတာ့သည္။ တေ႐ြ႕ေ႐ြ႕ထြက္ခြာသြားေသာ ကုန္သည္ႀကီး ဦးစိတၱတို႔လူစုအား တစ္ေနရာမွေန၍ စူးရွေျပာင္လက္ေသာ မ်က္ဝန္းတစ္စုံက စိုက္ၾကည့္ေနခဲ့သည္ကိုေတာ့ သူတို႔ေတြမသိခဲ့ပါေခ်။
ထိုေန႔မွစ၍ ညဘက္ေရာက္တိုင္း မိန္းမပ်ိဳတစ္ျဖစ္လဲ ေႁမြႀကီးတစ္ေကာင္က ဦးစိတၱထံသို႔ ညစဥ္ေရာက္လာကာ ထိုပတၱျမားလက္စြပ္အား မူလေနရာသို႔ျပန္ထားခိုင္းေလ့ရွိသည္။ သို႔ေသာ္ ပတၱျမားလက္စြပ္အေပၚ ေလာဘေဇာတက္ေနေသာ ဦးစိတၱအတြက္ေတာ့ ထိုလက္စြပ္ကို ျပန္ထားေပးရန္ ေယာင္လို႔မွ်ပင္ စိတ္ကူးမရွိခဲ့ပါေခ်။ အိပ္ပ်က္ညေတြမ်ားလာေတာ့ ဦးစိတၱတစ္ေယာက္ က်န္းမာေရးထိခိုက္လာရသည္။ ထို႔အျပင္ ခုတေလာပိုင္းမွာ ညဘက္ေရာက္တိုင္း သူ႔အိမ္ပတ္ဝန္းက်င္တဝိုက္မွာ ေႁမြတြန္သံမ်ား ၾကားတတ္ေလ့ရွိသျဖင့္ အိမ္အျပင္သို႔ပင္မထြက္ရဲေလာက္ေအာင္လည္း ျဖစ္ေနေပေတာ့သည္။
ၾကာေတာ့ အိပ္ပ်က္ညေတြမ်ားလာေသာ ဦးစိတၱတစ္ေယာက္ အားပ်က္ကာ မိသားစုသဖြယ္ျဖစ္ေနေသာ သမားေတာ္ကို အိမ္သို႔ပင့္ကာပင္ ေဆးကုသရေလေတာ့သည္။ သမားေတာ္ႀကီးက ေရာဂါစျဖစ္ရသည့္အေၾကာင္းရင္းကို ေမးျမန္းလာေတာ့ ဦးစိတၱတစ္ေယာက္ မိသားစုဝင္သဖြယ္ ျဖစ္ေနေသာ သမားေတာ္ႀကီးကို ပတၱျမားလက္စြပ္စ၍ ရွိလာခဲ့သည္မွ အစျပဳၿပီး ယခုလက္ရွိ ႀကဳံေတြ႕ေနရသည့္ အျဖစ္အပ်က္မ်ားကို ေျပာျပလိုက္သည္မွာေတာ့ ……
” ဟာ ဒီအတြက္ေတာ့ ဘာမွမပူပါနဲ႔ ကုန္သည္ႀကီးရဲ႕ ေမာင္ရင္ေျပာသလိုဆို ဒါ ေႁမြေတြနဲ႔တခုခုဆက္စပ္ေနမယ္ဆိုတာ ေသခ်ာတယ္။ က်ဳပ္မိတ္ေဆြထဲမွာ ဒီလိုကိစၥမ်ိဳးေတြကို အထူးကြၽမ္းက်င္တဲ့ သူတစ္ေယာက္ရွိတယ္ကြဲ႕။ သူက အေရာင္းအဝယ္လည္း အနည္းငယ္လုပ္တယ္ဆိုေတာ့ ဒီလိုလုပ္ပါလားကြဲ႕။ က်ဳပ္မိတ္ေဆြကို ဒီအေၾကာင္းေတြ ဖြင့္ေျပာျပၿပီး သူ႔ဘက္ကလည္း ဒီကိစၥကို စိတ္ဝင္စားခဲ့မယ္ဆိုရင္ ေမာင္ရင့္ကို စိတ္ဒုကၡေပးေနတဲ့ အဲ့ဒီလက္စြပ္ကို သူ႔ကို သင့္ေတာ္တဲ့ေဈးနဲ႔ ေရာင္းလိုက္ပါလား။ ေနာက္ပိုင္းအဲ့လက္စြပ္နဲ႔ပက္သက္နဲ႔ ကိစၥကို သူၾကည့္ရွင္းလိမ့္မယ္ေပါ့။ အဲ့ဒါဆို သူလည္း အဲ့လက္စြပ္အေၾကာင္းေလ့လာခြင့္ရမယ္ ေမာင္ရင္လည္း စိတ္ဒုကၡေရာက္ေနတဲ့ အျဖစ္က ကင္းေဝးသြားမယ္ ကဲ မေကာင္းဘူးလား ”
” ေကာင္းပါၿပီ သမားေတာ္ႀကီးရယ္။ အဲ့ဒါဆိုလည္းက်ဳပ္ကို သူနဲ႔သာအျမန္ေတြ႕ေပးပါေတာ့ဗ်ာ ”
×××………×××………×××………
” ကဲ ေမာင္ရင္ ဒါက်ဳပ္ေျပာတဲ့ က်ဳပ္မိတ္ေဆြ ဦးဒိဗၺပဲ။ သူက အဲ့လို ထူးဆန္းတဲ့ အျဖစ္အပ်က္ေတြ သိုက္နဲ႔ပက္သက္တဲ့ ကိစၥေတြမွာ အထူးကြၽမ္းက်င္တယ္ကြဲ႕။ က်ဳပ္သူ႔ကို ေမာင္ရင့္အေၾကာင္းေျပာျပလိုက္ေတာ့ သူကလည္း အေတာ့္ကိုစိတ္ဝင္စားၿပီး အဲ့လက္စြပ္ကို ဝယ္ခ်င္တယ္ဆိုတဲ့အေၾကာင္း ေျပာလာတဲ့အတြက္ ခုလိုေမာင္ရင္နဲ႔ ေတြ႕ဆုံေပးရတာပဲ ”
”ဟုတ္ပါတယ္ ။ က်ဳပ္ဒီလက္စြပ္ကို တန္ရာတန္ေၾကးေပးၿပီးဝယ္ပါ့မယ္။ မိတ္ေဆြဘက္ကသာ က်ဳပ္သိခ်င္တာေလးေတြ နည္းနည္းေလာက္ေျပာျပေပးပါ မိတ္ေဆြ ”
×××………… ×××……… ××××…
မဟာၿမိဳင္႐ြာ
ထို႐ြာထဲသို႔ အထုတ္အပိုးကိုယ္စီလြယ္လ်က္ လူသုံးဦးဝင္ေရာက္လာၾကသည္။ ထို႔ေနာက္ ေမးျမန္းကာ ႐ြာလူႀကီးအိမ္သို႔ သြားေရာက္ၿပီး ေခတၱခနတည္းခိုရန္ခြင့္ေတာင္းၾကေလေတာ့သည္။
” က်ဳပ္နာမည္ ဦးဒိဗၺပါ။ က်ဳပ္က နယ္လွည့္ေဆးကုရင္း ေဆးျမစ္ရွာေနတဲ့သူတစ္ဦးေပါ့ဗ်ာ။ ခု႐ြာလူႀကီးဆီကို ေရာက္လာရတဲ့အေၾကာင္းကေတာ့ ဒီ မဟာၿမိဳင္ေတာအတြင္းမွာ က်ဳပ္တို႔လိုခ်င္တဲ့ ရွားပါး ေဆးျမစ္ေတြရွိမလားလို႔ ရွာေဖြခ်င္လို႔ေရာက္လာတာပါပဲ။ ၇ ရက္သားသမီးအသက္ေတြကို ကယ္တင္ဖို႔အတြက္ အက်ိဳးမ်ားေစမယ့္လုပ္ရပ္ျဖစ္တဲ့အတြက္ ႐ြာလူႀကီး အေနနဲ႔ ခြင့္ျပဳေပးဖို႔ရယ္နဲ႔ က်ဳပ္တို႔ကို ေခတၱခနတည္းခိုခြင့္ျပဳေပးပါလို႔ ခုလို လာေတာင္းဆိုရတာပဲဗ်ာ ”
” ေအာ္ ေဆးဆရာေတြပဲ ရပါတယ္ခင္ဗ်ာ က်ဳပ္အိမ္မွာလြတ္လြတ္လပ္လပ္ တည္းခိုႏိုင္ပါတယ္ ။ဒါေပမယ့္ မိတ္ေဆြတို႔ကို တစ္ခုေတာ့မွာခ်င္ပါတယ္။ ေတာထဲကိုသြားၿပီး ေဆးျမစ္ရွာတဲ့အခါမွာ ေတာအတြင္းပိုင္းထိ မသြားမိေစဖို႔ အထူးသတိျပဳေစလိုပါတယ္။ တျခားေၾကာင့္ေတာ့ မဟုတ္ဘူးဗ် ။ ေတာအတြင္းပိုင္းက အရမ္းကိုေတာနက္သလို ေႁမြဆိုးလည္းသိပ္ေပါတယ္။ ေနာက္ၿပီး ေတာအတြင္းပိုင္းမွာ ေစတီပ်က္တစ္ဆူရွိတယ္။ အဲ့ေစတီနားက သိပ္ကိုနယ္ၾကမ္းတယ္ဗ်။ တစ္ခါတစ္ရံ လျပည့္ လကြယ္ညမ်ိဳးေတြမွာ ေႁမြတြန္သံေတြနဲ႔အတူ မိန္းမပ်ိဳတစ္ေယာက္ သီခ်င္းဆိုေနတဲ့အသံကို ေတာထဲကို ထင္းခုတ္သြားရင္း မ်က္စိလည္လမ္းမွားဖူးတဲ့ လူတစ္ခ်ိဳ႕ၾကားရေလ့ရွိတယ္တဲ့ဗ်။ ဒါေၾကာင့္ မိတ္ေဆြတို႔ကို က်ဳပ္က ေတာအတြင္းပိုင္းထိမသြားဖို႔ ေစတနာနဲ႔တားျမစ္ရတာပါပဲဗ်ာ ”
” ေကာင္းပါၿပီဗ်ာ ခုလိုေစတနာနဲ႔အသိေပးတဲ့အတြက္ က်ဳပ္တို႔ကလည္း ႐ြာလူႀကီးကို အထူးပဲေက်းဇူးတင္ပါတယ္ ”
ေနာက္တစ္ေန႔မနက္
မဟာၿမိဳင္ေတာအတြင္းမွာေတာ့ ေဆးဆရာအေယာင္ေဆာင္ ဦးဒိဗၺနဲ႔တပည့္ႏွစ္ေယာက္ တစ္စုံတခုကို ေျပာဆိုေဆြးေႏြးေနၾကေလသည္။
” တကယ္ကို ေရကန္အသင့္ၾကာအသင့္ပဲေဟ့။ ဒီပုံအတိုင္းဆို ငါၾကားဖူးတဲ့ ေႁမြသိုက္ဆိုတာ ဒီဟာပဲျဖစ္မွာေသခ်ာတယ္ကြ ”
” ေႁမြသိုက္ဆိုေတာ့ ေႁမြေတြလည္းအမ်ားႀကီးရွိေနမွာေပါ့ေနာ္ဆရာႀကီး။ ဒါနဲ႔ ဒီသိုက္က ဥစၥာပစြၥည္းအေတာ္ရွိသတဲ့လား ဆရာႀကီးရဲ႕ ”
”အင္း ေျပာရမယ္ဆိုရင္ေတာ့ ဒီသိုက္ဟာ ဘုရားသိုက္တစ္ခုလို႔လည္းဆိုလို႔ရတယ္ကြဲ႕။ ေနာင္ပြင့္မယ့္ဘုရားရွင္ကို ရည္မွန္းၿပီးလႉဒါန္းထားတဲ့ ရတနာပစၥည္းေတာ္ေတာ္မ်ားမ်ား ဒီသိုက္မွာရွိတယ္။ အဲ့ဒီရတနာပစၥည္းေတြကို ဒီေႁမြသိုက္က ေစာင့္ေရွာက္ထိန္းသိမ္းေပးရတာပဲ။ ဒီ သိုက္နန္းနဲ႔ ေႁမြသိုက္ကို အုပ္ခ်ဳပ္ထိန္းသိမ္းတဲ့သူကေတာ့ ေႁမြဘုရင္မပဲကြ။ ငါတို႔ဒီသိုက္ကိုသာတူးလို႔ေအာင္ျမင္ၿပီဆိုရင္ ငါ့တို႔တစ္သက္မဟုတ္ဘူး ဆယ္သက္ ဆယ္သက္စားမကုန္ေအာင္ ခ်မ္းသာၿပီကြ ဟားးဟားးဟားး ”
ထိုေန႔ည ဦးဒိဗၺ၏ အိပ္မက္ထဲတြင္ တကိုယ္လုံးအနက္ေရာင္အေၾကးခြံမ်ားပါေသာ ဝတ္စုံကိုဝတ္ဆင္လ်က္ ဦးေခါင္းထက္တြင္ ေႁမြတစ္ေကာင္ပါးပ်ဥ္းေထာင္ေနသည့္ဟန္ပုံေဖာ္ထားေသာ သရဖူကိုေဆာင္းထားသည့္ အလြန္ေခ်ာေမာလွပေသာ မိန္းမပ်ိဳတစ္ဦး မီးဝင္းဝင္းေတာက္ေနေသာမ်က္လုံးမ်ားျဖင့္သူထံသို႔ ၾကည့္ရင္း သူတို႔ယခုႀကံစည္စိတ္ကူးေနေသာ လုပ္ရပ္မ်ားကို ရပ္တန္းကရပ္ရန္ႏွင့္ မရပ္ဘဲေရွ႕ဆက္တိုးမည္ဆိုပါက ဒုကၡေရာက္ေစရမည္ဆိုသည့္အေၾကာင္း လက္ညႇိဳးေငါက္ေငါက္ထိုး၍ ႀကိမ္းဝါးေျပာဆိုသြားေလသည္။ သို႔ေပမယ့္ ေလာဘေဇာတက္ေနသည့္ ဦးဒိဗၺတစ္ေယာက္ အတြက္ကေတာ့ျဖင့္ သိုက္နန္းရွင္ ေႁမြဘုရင္မ၏ သတိေပးစကားမ်ားမွာအခ်ည္းႏွီးသာပင္။
” ကဲ ငါ့တပည့္တို႔ေသေသခ်ာခ်ာနားေထာင္ၾက။ အခုလာမယ့္လျပည့္ေန႔ညဟာ ငါတို႔အတြက္ အခ်ိန္အခါေကာင္းပဲ။အဲ့ဒီေတာ့ ငါတို႔ေတြအဲ့ေန႔ညမွာ ဒီေႁမြသိုက္ကို တူးၾကရမယ္။ သာမာန္သိုက္ေတြလို ဥစၥာေစာင့္ေတြ သိုက္ေစာင့္ဘီလူးေတြ ေစာင့္တာမဟုတ္ဘဲ ေႁမြေတြေထာင္ေသာင္းခ်ီၿပီးေစာင့္ေရွာက္တဲ့ သိုက္ျဖစ္တဲ့အတြက္ ငါတို႔ပိုၿပီးသတိထားရမယ္ကြယ့္။ မင္းတို႔အထူးသတိျပဳရမွာက သိုက္နန္းကိုတူးေဖာ္ဖို႔ အစီအရင္ေတြလုပ္ေနစဥ္မွာ လုံးဝ လုံးဝ စည္းေပါက္သြားလို႔မျဖစ္ဘူး အဲ့အခ်က္ကို မင္းတို႔ေတြအထူးဂ႐ုစိုက္ၾကရမယ္ ၾကားလား”
”ၾကားပါတယ္ဆရာႀကီး စိတ္ခ်ပါ။ က်ဳပ္တို႔ေတြ ေအာင္ျမင္ေအာင္ အထူးဂ႐ုစိုက္ၿပီး လုပ္ေဆာင္ပါ့မယ္ ”
”အိမ္းး ေကာင္းသေဟ့ ေႁမြသိုက္နန္းရွင္မေရ သင္ေစာင့္ေရွာက္ထိန္းသိမ္းေနရတဲ့ ရတနာေတြကို ယူေဆာင္ဖို႔ က်ဳပ္တို႔လာၿပီေဟ့ ဟားးဟားးဟားး ”
ဘုရားပစၥည္းအဆိပ္သီးမွန္းသိေပမယ့္ အသိေခါက္ခက္အဝင္နက္ကာ ေလာဘအေမွာင္ဖုံးလႊမ္းေနေသာ ေဆးဆရာအေယာင္ေဆာင္ သိုက္ဆရာတျဖစ္လဲ ဦးဒိဗၺႏွင့္ ေႁမြသိုက္နန္းရွင္ သခင္မတို႔၏ အားၿပိဳင္မႈမ်ား လျပည့္ညတြင္ မည္သို႔မည္ပုံ အသက္ဝင္လာမည္နည္း ဆိုသည္ကိုေတာ့ ………
လျပည့္ည…
လျပည့္ညျဖစ္သည့္အတြက္ ေကာင္းကင္ယံတြင္ျပည့္ျပည့္ဝဝသာေနေသာ လမင္းႀကီး၏ အလင္းေရာင္က ကမာၻေျမတစ္ခုလုံး လႊမ္းၿခဳံထားလ်က္။ မဟာၿမိဳင္ေတာအတြင္းရွိ ေရွးေဟာင္းေစတီပ်က္တစ္ဆူအနီးမွာေတာ့ ဦးဒိဗၺတို႔လူစုမွာ ကန္ေတာ့ပြဲမ်ား ေဆးဖေယာင္းတိုင္မ်ားထြန္းလ်က္ အစီအရင္မ်ားျပဳလုပ္ကာ ေႁမြသိုက္ကိုတူးေဖာ္ရန္အတြက္ ျပင္ဆင္ေနၾကေလသည္။
အားလုံးျပင္ဆင္ၿပီးခ်ိန္တြင္ေတာ့ ဦးဒိဗၺမွေန၍ တစ္စုံတစ္ခုကိုပါးစပ္မွ တတြတ္တြတ္႐ြတ္ဆိုရင္း သူ႔လက္ထဲရွိေတာင္ေဝွးျဖင့္ ေျမျပင္ထက္တြင္ ပတ္ပတ္လည္စည္းဝိုင္း ဝိုင္းကာထားလိုက္ေလသည္။ ထို႔ေနာက္ သူ႔တပည့္ႏွစ္ေယာက္ကိုပါ စည္းဝိုင္းအတြင္း အတူဝင္ေစကာ
”ကဲ တပည့္တို႔ ခုခ်ိန္ကစၿပီး က်ဳပ္ ဒီသိုက္နန္းကိုတူးေဖာ္ႏိုင္ဖို႔အတြက္ ဂါထာမႏၲန္ေတြကို ႐ြတ္ဆိုေတာ့မယ္။ မင္းတို႔အထူးသတိထားရမွာက က်ဳပ္ဂါထာမႏၲန္ေတြကို ႐ြတ္ဖတ္ေနတဲ့အခ်ိန္အတြင္းမွာ အေႏွာက္အယွက္အဖ်က္အဆီးေတြအမ်ားႀကီး ႀကဳံရလိမ့္မယ္ကြဲ႕။ ဒါေပမယ့္ ဘာမွေၾကာက္စရာမလိုဘူး။ေဟာဒီမွာ အင္းခ်ပ္ ႏွစ္ခ်ပ္။ မင္းတို႔ကို အႏၲရာယ္ေပးဖို႔ႀကိဳးစားလာရင္ ဒီအင္းခ်ပ္ေတြနဲ႔သာ ပစ္ေပါက္လိုက္ သူတို႔လြင့္စင္သြားလိမ့္မယ္။ ေအး ဒါေပမယ့္ အထူးမွာၾကားလိုတာက က်ဳပ္ဂါထာ႐ြတ္မၿပီးမခ်င္း မင္းတို႔ဒီစည္းဝိုင္းအျပင္ကို ဘာအေၾကာင္းေၾကာင့္မွမထြက္မိပါေစနဲ႔။ ေနာက္ၿပီး ေဆးဖေယာင္းတိုင္ငါးတိုင္ ဘယ္နည္းနဲ႔မွ မၿငိမ္းပါေစနဲ႔ တကယ္လို႔ တစ္တိုင္ေလာက္ၿငိမ္းသြားမယ္ဆိုရင္ေတာင္ ခ်က္ျခင္းျပန္ထြန္းပါ။ အဓိက ကေတာ့ ဒီဖေယာင္းတိုင္ငါးတိုင္လုံး တၿပိဳင္နက္ထဲ ၿငိမ္းမသြားေစဖို႔နဲ႔ မင္းတို႔ေတြ ဒီစည္းဝိုင္းထဲကေန အျပင္ကို လုံးဝလုံးဝ မထြက္မိေစဖို႔ပါပဲ။ ဒီအခ်က္ေတြကို ေဖာက္ဖ်က္မိလို႔ စည္းေပါက္သြားခဲ့ရင္ က်ဳပ္တို႔အတြက္အသက္အႏၲရာယ္ရွိႏိုင္တဲ့အတြက္ အထူးသတိထားၾကပါ တပည့္တို႔ ”
”စိတ္ခ်ပါဆရာႀကီး ကြၽန္ေတာ္တို႔အထူးသတိထားလိုက္နာပါ့မယ္ ”
တပည့္မ်ားကိုမွာၾကားၿပီးသည္ႏွင့္ ဦးဒိဗၺတစ္ေယာက္စည္ဝိုင္းထဲတြင္ တင္ပလႅင္ေခြကာထိုင္ခ်လိုက္ရင္း မ်က္စိစုံမွိတ္လ်က္ ပါးစပ္မွလည္း ဂါထာ မႏၲန္မ်ားကိုတတြတ္တြတ္ႏွင့္ ႐ြတ္ဆိုေလေတာ့သည္။ ဦးဒိဗၺႏႈတ္မွ ဂါထာမ်ား႐ြတ္ဆိုၿပီး မၾကာမီအခ်ိန္မွာပင္
”႐ႊီ ႐ႊီ ” ” ႐ႊီ ”
ပတ္ဝန္းက်င္တြင္ေႁမြတြန္သံမ်ားအဆက္မျပတ္ထြက္ေပၚလာေလေတာ့သည္။ ဦးဒိဗၺတပည့္ႏွစ္ေယာက္မွာ ထြက္ေပၚလာေသာ ေႁမြတြန္သံမ်ားေၾကာင့္ ပတ္ဝန္းက်င္ကို အထိတ္အလန႔္ က်ီးကန္းေတာင္ေမွာက္ျဖင့္ လိုက္လံၾကည့္ရႈ႕ၾကေပမယ့္ အခုထက္ထိေႁမြတစ္ေကာင္၏ အရိပ္အေယာင္မွ်ပင္မေတြ႕ရေခ်။ ၾကည့္ေနစဥ္မွာပဲ ပတ္ဝန္းက်င္ရွိ သစ္ပင္မ်ားၾကားမွာ ရိပ္ခနဲ ရိပ္ခနဲျဖတ္ေျပးသြားသည့္ အရိပ္မည္းမ်ားကို ေတြ႕လိုက္ၾကရေလသည္။ ထိုအရိပ္မ်ားမွာမည္သည့္အရာမ်ားျဖစ္သနည္း။ သူတို႔ ထိုအရိပ္မ်ားကို စူးစိုက္ကာၾကည့္ေနမိတုန္းမွာပဲ အရိပ္မ်ား၏ ပုံသဏၭာန္က တျဖည္းျဖည္းပီျပင္လာေလေတာ့သည္။
”ဟာ ေႁမြ ေႁမြေတြ ေႁမြေတြပါလား ”
”ေႁမြေတြ ေႁမြေတြအမ်ားႀကီးပဲ ”
ဟုတ္ေပသည္။ သူတို႔ေတြ႕လိုက္ရသည္မွာကား သစ္ပင္မ်ားေပၚတြင္ လူးကာလြန႔္ကာျဖင့္ ကူးလူးေနၾကသည့္ အေရာင္စုံ အ႐ြယ္စုံေႁမြမ်ား။ ေႁမြေပြး ေႁမြေဟာက္ ငန္းေတာ္ၾကား ေႁမြစိမ္းၿမီးေျခာက္ လင္းေႁမြ စပါးႀကီး စပါးအုံးစသည့္ေႁမြအမ်ိဳးအစားမ်ားအျပင္ သူတို႔အမည္ခြဲျခားရန္ပင္ခက္ခဲလွေသာ အ႐ြယ္စုံ အေရာင္စုံေႁမြမ်ား။ ၾကည့္ေနရင္းမွပင္ ေႁမြမ်ားမွာတျဖည္းျဖည္းမ်ားသထက္ မ်ားလာၿပီး သစ္ပင္မ်ားထက္မွ ဆင္းသက္၍ သူတို႔စည္းဝိုင္းရွိရာသို႔ တေ႐ြ႕ေ႐ြ႕တိုးလာၾကေလသည္။
ေႁမြအစုအေဝးႀကီးမွာ တျဖည္းျဖည္းမ်ားျပားလာလိုက္သည္မွာ ေျမျပင္ကိုပင္မျမင္ရေတာ့ေလာက္ေအာင္ပင္။ အခ်င္းခ်င္း ႁပြတ္သိပ္လိမ္ယွက္ကာ တ႐ႊီ႐ႊီတြန္သံမ်ားျဖင့္ တေ႐ြ႕ေ႐ြ႕ႏွင့္ သူတို႔ရွိရာသို႔တိုးလာသည္မွာ ၾကက္သီးထဖြယ္ ေၾကာက္မက္ဖြယ္ရာအတိပင္။ သူတို႔တစ္သက္နဲ႔တကိုယ္ ဒီေလာက္မ်ားေသာ ေႁမြအုပ္ႀကီးကို မျမင္ဖူးၾကေသာ ဦးဒိဗၺ၏တပည့္ႏွစ္ေယာက္မွာေတာ့ ေၾကာက္ဒူးတုန္ကာ ေခြၽးသီးေခြၽးေပါက္မ်ားက်လ်က္ မ်က္စိမ်က္ႏွာပ်က္ေနၾကေခ်ေလၿပီ။
” ဟာ ေဟ့ ေဟ့ေကာင္ ေႁမြ ေႁမြေတြလာေနၾကၿပီ ဘယ္ ဘယ္လိုလုပ္မလဲ ”
” ဟာ အင္း အင္းခ်ပ္ ငါ့တို႔ဆီမွာ ဆရာႀကီးေပးထားတဲ့ အင္းခ်ပ္ရွိတာပဲ ။ အဲ့တာနဲ႔ပစ္ ပစ္ေလကြာ ”
ဦးဒိဗၺ၏ တပည့္တစ္ေယာက္မွာ အင္းခ်ပ္တစ္ခ်ပ္ကို ေႁမြအုပ္ႀကီးၾကားသို႔ပစ္ေပါက္လိုက္ရာတြင္မွာေတာ့
”ဝုန္းး ”
ဝုန္းခနဲျမည္ဟီးသံႏွင့္အတူ မီးခိုးလုံးမ်ားထြက္ေပၚလာၿပီး ခုနတေ႐ြ႕ေ႐ြ႕ႏွင့္ တိုးကပ္လာၾကေသာ ေႁမြအုပ္ႀကီးမွာ တျဖည္းျဖည္းျဖင့္ ေနာက္သို႔တေ႐ြ႕ေ႐ြ႕ျပန္လည္ဆုတ္ခြာသြားၾကရင္း ေတာအုပ္အတြင္း သစ္ပင္မ်ားၾကားတြင္ ဝင္ေရာက္ေပ်ာက္ကြယ္သြားၾကေလသည္။
ေႁမြမ်ားေပ်ာက္ကြယ္သြားၿပီးမၾကာမီမွာပဲ အေမွာင္ထဲမွ နီရဲကာစူးရွေျပာင္လက္ေနသည့္ မ်က္ဝန္းႏွစ္စုံကို သူတို႔ေတြ႕လိုက္ၾကရသည္။ အေရာင္တဖိတ္ဖိတ္ပင္ထြက္မတတ္ ေျပာင္လက္ေတာက္ပေနေသာ ထိုမ်က္ဝန္းမ်ားကို သူတို႔ေတြ စိုက္ၾကည့္ေနစဥ္မွာပဲ ထိုမ်က္ဝန္းပိုင္ရွင္မ်ားက တျဖည္းျဖည္းနဲ႔႐ုပ္လုံးေပၚလာၾကေလသည္။
”ဟင္ ” ”ဟာ ”
သူတို႔ေတြ႕လိုက္ရသည္မွာကား အနက္ေရာင္အေၾကးခြံမ်ားျဖင့္ေျပာင္လက္ေနသည့္ ဝတ္႐ုံရွည္ကို ဝတ္ဆင္ထားသည့္ အလြန္ေခ်ာေမာလွပေသာ အမ္်ဳးသမီးတစ္ဦး။ ဦးေခါင္းထက္တြင္လည္း ေႁမြတစ္ေကာင္ ပါးပ်ဥ္းေထာင္ေနသည့္ဟန္ သရဖူကိုေဆာင္းလ်က္။ေခ်ာေမာလွပေသာမ်က္ႏွာေလးျဖင့္ ဆန႔္က်င္ဘက္ျဖစ္စြာပင္ မိန္းမပ်ိဳ၏ မ်က္ဝန္းတို႔မွာ ေဒါသအရွိန္ျဖင့္ စူးရဲေတာက္ပကာ အေရာင္တဖ်တ္ဖ်တ္လတ္လ်က္။
မိန္းမပ်ိဳ၏နံေဘးတြင္ေတာ့ ဦးေခါင္းထိပ္တြင္ ဘုႀကီးတစ္ခုပါေသာ အနက္ေရာင္ေျပာင္လက္ေနသည့္ အလြန္တရာႀကီးမားလွေသာ ေႁမြေဟာက္ႀကီးတစ္ေကာင္။ေႁမြႀကီး၏မ်က္ဝန္းအစုံတို႔မွာလည္း မီးထေတာက္ေတာ့မတတ္ပင္နီရဲေျပာင္လက္ကာ ပါးစပ္အတြင္းမွ ျပဴတစ္ ျပဴတစ္ထြက္ေနေသာ လွ်ာနီနီႀကီးမွာလည္း ေၾကာက္တတ္သူမ်ားအဖို႔ မူးေမ့လဲက်မတတ္ ၾကက္သီးထဖြယ္အတိပင္။
”ေဟ့ေကာင္ အင္းခ်ပ္ အင္းခ်ပ္က်န္ေသးတယ္မလား ပစ္ ပစ္ေလကြာ”
ဦးဒိဗၺ၏ တပည့္မ်ား မိန္းမပ်ိဳႏွင့္ေႁမြႀကီးကို ၾကည့္ရင္း ၾကက္ေသေသေနရာမွ တစ္ဦးကအသိဝင္လာၿပီး သတိေပးေသာအခါမွပင္ လက္ထဲမွ အင္းခ်ပ္ျဖင့္ မိန္းမပ်ိဳႏွင့္ေႁမြႀကီးရွိရာသို႔ပစ္ေပါက္လိုက္ေလေတာ့သည္။ ထိုအခ်ိန္မွာပဲ
”ေဝါ ေဝါ ဝေရာ ”
”ဂ်ိန္းး ဂ်လိန္းးးး ဒိန္းး ”
႐ုတ္တရက္ခ်က္ျခင္းပင္ေလျပင္းမုန္တိုင္းမ်ားက်လာကာ ေကာင္းကင္တခြင္တြင္လည္း လွ်ပ္စီးမ်ားပ်ိဳးပ်ိဳးျပက္ျပက္လက္ကာ မိုးၿခိမ္းသံမ်ားဆူညံစြာထြက္ေပၚလာေလေတာ့သည္။ ေလျပင္းမ်ားက်လာသည္ႏွင့္တၿပိဳင္နက္ထဲ ေစာေစာက ဂါထာမႏၲန္မ်ားကို႐ြတ္ဆိုေနသည့္ ဦးဒိဗၺတစ္ေယာက္ ဂါထာမႏၲန္မ်ားကို႐ြတ္ဆိုျခင္းမွ ခနရပ္တန႔္လိုက္ၿပီးေနာက္ မ်က္စိမ်က္ႏွာပ်က္စြာျဖင့္ပင္
”ေဟ့ေကာင္ေတြ ပတ္ဝန္းက်င္အဖ်က္ေတြဝင္လာၿပီ။ ဖေယာင္းတိုင္ေတြ တၿပိဳင္ထဲမၿငိမ္းသြားေစဖို႔ သတိထားၾကေဟ့ ဒီဖေယာင္းတိုင္ေတြ မၿငိမ္းသ၍ စည္းမေပါက္သေ႐ြ႕ သူတို႔ ငါတို႔ေတြကို ဘာမွလုပ္လို႔မရဘူးကြ။ ဒါေၾကာင့္ စည္းမေပါက္ေစဖို႔သာ အထူးဂ႐ုစိုက္ၾကေဟ့ ”
”ေဝါ ေဝါ ”
ေလျပင္းမုန္တိုင္းတိုက္ခတ္မႈ႕ေၾကာင့္ ဦးဒိဗၺႏွင့္တပည့္ႏွစ္ဦးမွာ အစီအရင္ျဖင့္ျပဳလုပ္ထားေသာ ေဆးဖေယာင္းတိုင္မ်ားအားလုံး တၿပိဳင္ထဲၿငိမ္းမသြားေစရန္ အထူးသတိထားေစာင့္ၾကည့္ေနရေလေတာ့သည္။ အစီအရင္ျဖင့္ျပဳလုပ္ထားေသာ ဖေယာင္းတိုင္မ်ားမို႔လားပင္မသိ။ ဒီေလာက္ေလျပင္းတိုက္ခတ္ေနသည့္ၾကားထဲမွပင္ အလြယ္တကူၿငိမ္းမသြားပါေခ်။
ဦးဒိဗၺႏွင့္တပည့္မ်ား ေစာင့္ၾကည့္ေနတုန္းမွာပဲ ဖေယာင္းတိုင္တစ္တိုင္က ဟုတ္ခနဲဆို ၿငိမ္းသြားေလေတာ့သည္။
”ဟာ တစ္တိုင္ၿငိမ္းသြားၿပီ အျမန္ျပန္ထြန္းေဟ့။ အဓိက က ငါးတိုင္လုံးတၿပိဳင္ထဲမၿငိမ္းေစဖို႔ပဲ။ ကဲ ကဲ ျမန္ျမန္ထြန္းၾက ”
ဖေယာင္းတိုင္မ်ားမွာ တစ္တိုင္ခ်င္းစီၿငိမ္းသြားလိုက္ ဦးဒိဗၺ၏ တပည့္မ်ားကျပန္ထြန္းညႇိဳလိုက္ႏွင့္ ျဖစ္ေနစဥ္မွာပဲ သူတို႔ေတြမထင္မွတ္ထားသည့္အရာတစ္ခုျဖစ္လာေလေတာ့သည္။
”ေဝါ ေဝါ ဂ်ိန္းး ဂလိန္း ဒိန္း ”
ထိုအျဖစ္အပ်က္ကေတာ့ ေလျပင္းမ်ားတိုက္ခတ္ေနရင္းမွပင္ အခ်ိန္အခါမဟုတ္ဘဲ မိုးမ်ားသည္းထန္စြာ႐ြာသြန္းလိုက္ျခင္းပင္။ မိုး႐ြာခ်လိုက္တာေၾကာင့္ ဦးဒိဗၺတို႔လူစုမွာ ဖေယာင္းတိုင္မီးမ်ား တၿပိဳင္ထဲ မၿငိမ္းေစရန္ ဘယ္လိုမွပင္မကာကြယ္ႏိုင္ေတာ့ပဲ ဖေယာင္တိုင္ငါးတိုင္လုံး တၿပိဳင္ထဲၿငိမ္းသြားေလေတာ့သည္။
ဖေယာင္းတိုင္မ်ားၿငိမ္းသြားသည္ႏွင့္ တၿပိဳင္နက္ထဲ စူးရဲေသာမ်က္ဝန္းမ်ားျဖင့္ စည္းဝိုင္းအျပင္ဘက္မွရပ္ၾကည့္ေနေသာ ေႁမြသိုက္နန္းရွင္ သခင္မ၏ အားပါးတရရယ္ေမာလိုက္သံက ထြက္ေပၚလာေလေတာ့သည္။
” ဟားး ဟားးဟားး နင္တို႔ဘာတတ္ႏိုင္ေသးလဲဟင္။ ခုေတာ့ စည္းတစ္ခုေပါက္သြားၿပီမလား။ ေလာဘသားေကာင္ေတြ နင္တို႔အသက္ကို ေလ်ာ္ေၾကးျပန္ေပးရမယ္ေဟ့ ဟားးဟားးဟားး ”
သခင္မ၏ ရယ္သံအဆုံးမွာပဲ ေတာအတြင္းမွေန၍ ေႁမြတြန္သံ ေဒါသတႀကီး ႏွာမႈတ္သံမ်ားထပ္မံ၍ဆူညံစြာထြက္ေပၚလာျပန္ေလေတာ့သည္။
” ႐ႊီ ႐ႊီ ဖူးးး ဖ႐ူးးး ” ” ႐ႊီ ႐ႊီ ”
ဖေယာင္းတိုင္မီးၿငိမ္းသြားသည္ကတေၾကာင္း ေႁမြတြန္သံမ်ားႏွင့္ ေႁမြသိုက္နန္းရွင္သခင္မ၏ ဟားတိုက္ ရယ္ေမာလိုက္သံမ်ားေၾကာင့္တေၾကာင္း ဦးဒိဗၺ၏ တပည့္ႏွစ္ေယာက္မွာ အေၾကာက္လြန္ကာ စည္းဝိုင္းအတြင္းမွမထြက္မိေစရန္ သူတို႔ဆရာမွာၾကားထားသည္မ်ားကို ေမ့ေလ်ာ့ၿပီး ကိုယ္လြတ္႐ုန္းကာ ထြက္ေျပးၾကေလသည္မွာေတာ့
” ဟာ ေဟ့ေကာင္ေတြ ေဟ့ေကာင္ေတြ မေျပးၾကနဲ႔ေလ ဟာ ဒုကၡပါပဲ ”
”ဟားးဟားး ဟားးစည္းေပါက္ၿပီ စည္းေပါက္ၿပီေဟ့ ငါတို႔အလွည့္ေရာက္လာၿပီ ဒီေလာဘသားေတြကို ဒဏ္ခတ္ၾကေဟ့ ဟားးဟားးဟားး ”
” ႐ႊီ ႐ႊီ ” ” ဖူးး ဖ႐ူး ”
”ဂ်ိန္းး ဂ်လိန္းး ေဝါ ေဝါ ”
ဟားတိုက္ရယ္ေမာသံ မိုးသံ ေလသံ ေႁမြတြန္သံမ်ားၾကားတြင္ ဦးဒိဗၺတို႔လူစုေၾကာက္လန႔္တၾကားျဖင့္ ကစဥ့္ကလ်ားေျပးလႊားရင္း အေၾကာက္လြန္ကာ ခလုတ္တိုက္လဲက်သြားၾကေလသည္။ လဲက်သြားၾကေသာ ဦးဒိဗၺႏွင့္ တပည့္မ်ားအေပၚသို႔ သစ္ပင္မ်ားထက္မွေန၍ေသာ္လည္းေကာင္း ေျမျပင္ထက္မွေသာ္လည္းေကာင္း ေႁမြအေကာင္ေပါင္းမ်ားစြာက တက္ေရာက္ဖုံးလႊမ္းသြားကာ ပါးပ်ဥ္းမ်ားေထာင္လ်က္ ေဒါသတႀကီးျဖင့္ အခ်က္ေပါင္းမ်ားစြာ ေပါက္သတ္ေနၾကေသာ ျမင္ကြင္းမွာေတာ့ ေတာ္ယုံအသဲငယ္သူအဖို႔ ေနရာမွာပင္ ႐ူးသြပ္သြားေစႏိုင္ေလာက္ေပသည္။
အခ်ိန္အနည္းငယ္ခန႔္အၾကာမွာေတာ့ မိုးသံ ေလသံမ်ားလည္းတျဖည္းျဖည္းစဲသြားကာ ေႁမြမ်ားမွာလည္း တေ႐ြ႕ေ႐ြ႕ႏွင့္ အသီးသီးျပန္လည္ထြက္ခြာသြားၾကေလေတာ့သည္။ ေႁမြအေထြးလိုက္ အၿပဳံလိုက္ႀကီးစဲသြားသည့္ေနာက္တြင္မွာေတာ့ တကိုယ္လုံံး ေႁမြစြယ္ရာ ဗရပြႏွင့္ အဆိပ္တက္ကာအသက္ေပ်ာက္ေနၿပီျဖစ္ေသာ ဦးဒိဗၺႏွင့္ တပည့္ႏွစ္ဦး၏ ျပာႏွမ္းေနေသာ အသက္မဲ့ခႏၶာမ်ားသာ က်န္ရွိခဲ့ေလေတာ့သည္။
ေနာက္တစ္ေန႔မနက္အေရာက္မွာေတာ့ ညက အခ်ိန္အခါမဟုတ္ဘဲ ထူးထူးဆန္းဆန္း ေလျပင္းမုန္တိုင္းမ်ားက်ကာ မိုးသည္းထန္စြာ႐ြာသံ ေတာလုံးကြၽတ္မွ်ပင္ ထိတ္လန႔္ဖြယ္ ေႁမြတြန္သံမ်ားေၾကာင့္ ႐ြာဦးေက်ာင္းဆရာေတာ္ဦးေဆာင္ကာ ႐ြာလူႀကီးႏွင့္ ႐ြာသားတစ္သိုက္ မဟာၿမိဳင္ေတာအတြင္းသို႔ ဝင္ေရာက္ကာ ရွာေဖြ ၾကည့္ရႈ႕လိုက္ၾကသည္မွာေတာ့ ေစတီပ်က္ေလးႏွင့္ မလွမ္းမကမ္းတြင္ တစစီျပန႔္ႀကဲေနေသာ ေဆးဖေယာင္းတိုင္မ်ား အုန္းပြဲ ဌက္ေပ်ာပြဲမ်ား တျခားအစီအရင္မ်ားႏွင့္တကြ တကိုယ္လုံး ျပာႏွမ္းကာ ေႁမြဆိပ္တက္ၿပီးေသဆုံးေနၾကေသာ ဦးဒိဗၺႏွင့္ တပည့္ႏွစ္ဦးတို႔၏ အေလာင္းမ်ားကို ေတြ႕လိုက္ၾကရေလေတာ့သည္။
ထိုအခါမွပင္ ဦးဒိဗၺတို႔၏သ႐ုပ္အမွန္ကို ႐ြာသားမ်ားသိလိုက္ၾကရေလေတာ့သည္။ ထို႔ေနာက္ ဆရာေတာ္၏ အမိန႔္ႏွင့္ ႐ြာလူႀကီး၏ ၫႊန္ၾကားခ်က္မ်ားအတိုင္း ဦးဒိဗၺတို႔၏အသက္မဲ့ ခႏၶာမ်ားကို သၿဂႋဳလ္ရန္အတြက္ ႐ြာသားမ်ားမွ ထိုသက္မဲ့ခႏၶာမ်ားကို ႐ြာျပင္သခ်ႋဳင္းရွိရာသို႔ သယ္ေဆာင္ကာ တေ႐ြ႕ေ႐ြ႕ထြက္ခြာသြားၾကေလေတာ့သည္။ ထိုအခ်ိန္တြင္ ဆရာေတာ္၏ မ်က္ဝန္းထဲတြင္ေတာ့ ေစတီပ်က္ေလး၏ အေရွ႕တြင္ပုဆစ္တုပ္ကာထိုင္လ်က္
ထိုအခ်ိန္တြင္ ဆရာေတာ္၏ မ်က္ဝန္းထဲတြင္ေတာ့ ေစတီပ်က္ေလး၏ အေရွ႕တြင္ပုဆစ္တုပ္ကာထိုင္လ်က္ လက္အုပ္ခ်ီကာ မိမိထံသို႔ရည္မွန္းကာ ဦးခ်လ်က္ရွိသည့္ မိန္းမပ်ိဳတစ္ဦး၏ ပုံရိပ္ကိုေတြ႕ျမင္လိုက္ရေပသည္။
ထိုမိန္းမပ္်ဳကိုကား ဆရာေတာ္ဘုရားမွလြဲ၍ ႐ြာလူႀကီးႏွင့္တကြ တျခား႐ြာသားမ်ားမွာေတာ့ မေတြ႕ျမင္ႏိုင္ၾကပါေခ်။ ထို မိန္းမပ်ိဳေလးမွာကား ေႁမြမင္းသမီးတျဖစ္လဲ ေႁမြသိုက္နန္းရွင္ သခင္မျဖစ္ေၾကာင္းကိုေတာ့ အထူးပင္ေျပာစရာမလိုေတာ့ေလၿပီ။
ေအာ္ ဘုရားပစၥည္းအဆိပ္သီး စားနည္းအလြန္ခက္ေပသည္တကား ။
( ဝါသနာရွင္ျဖစ္သည့္အတြက္ အမွားအယြင္းမ်ားပါခဲ့ပါက နားလည္ေပးၾကပါဟုေတာင္းဆိုရင္း )
ခ်စ္ျခင္းမ်ားစြာျဖင့္
အမ္ႏိုင္း (oasis)