** မှင်စာလေးပေးသောဆေးမြစ် **(စ/ဆုံး)

Unicode Version

** မှင်စာလေးပေးသောဆေးမြစ် **(စ/ဆုံး)
————————————————
ဦးပေသီးသည် သူ ့ယာဘေးနားရှိ တောင်ကျချောင်း ခြောက်တစ်ခုကို ဖြတ်၍ ဆည်ကန်သင်း ဆည်နေသည်။ သူ ဆည်နေသော ကန်သင်းတမံမှာ မြေသားတမံမဟုတ်၊ ချောင်း ခြောက်ဘေးနှစ်ဘက်ရှိ ကျောက်တုံးကျောက်ခဲများကို မြေထဲက ဖော်တူးယူကာ ချောင်းခြောက်ကို ကျောက်တုံးကျောက်ခဲများ စီချ၍ ပိတ်ဆည်နေသော ဆည်ကန်သင်းဖြစ်သည်။
နွေလတွင် ရေမရှိသော တောင်ကျချောင်းငယ်ကို ဤသို့ ပိတ်ဆည်ထားခြင်းအားဖြင့် မိုးတွင်းကာလရောက်၍ တောတောင် ထဲက ရေစီးကျလာသောအခါ သူဆည်ထားသော ဆည်အထက်

ပိုင်းတွင် နုန်းမြေများ တင်ကျန်ခဲ့ကြမည်။ မိုးကုန်၍ ဆောင်းဦး ပေါက် ရောက်လာသောအခါ ထိုဇုန်းမြေပေါ်တွင် ဆေးရွက်ကြီး ပငများ စိုက်ရမည်။ နွေဦးရောက်လျှင် ထိုဆေးရွက်ကြီးများကို ခူး၍ ဦးပေသီး ရောင်းချရမည်။
ဤသည်မှာ ဦးပေသီး၏နွေလရောက်တိုင်း လုပ်နေကျ အလုပ်ဖြစ်သည်။ ဤနေ့ ဦးပေသီး ကန်သင်းကျောက်ဆည် အလုပ်ကို မနက်ပိုင်း တစ်ချိန်လုံး အားသွန်ခွန်စိုက် လုပ်သည်။ နေမွန်းတည့်ချိန်အရောက်တွင် အလုပ်နား၍ ထုပ်လာသော ထမင်းထုပ်ကို ဖြေစားသည်။ ပြီးတော့ ယာတဲထဲက ကွပ်ပျစ် ပေါ်တွင် တစ်ရေးတစ်မော မှေးနေသည်။ အိပ်ရာကထလျှင် သူ သည် ပြန်၍ ကျောက်ဆည်ကန်သင်း ဆည်ရဦးမည်။
ဦးပေသီး မှေးပျော်နေစဉ် တစ်စုံတစ်ယောက်က သူ့ခြေ ထောက်ကို လာကိုင်လှုပ်နှိုးသဖြင့် ဦးပေသီး မျက်စိဖွင့်ကြည့်လိုက် သည်။ သူ ့ခြေရင်းတွင် ခြောက်နှစ်, ခုနစ်နှစ်သားအရွယ် ကလေး ငယ်တစ်ယောက် လာထိုင်ပြီး သူ ့ခြေထောက်ကို ဆုပ်ကိုင်ထား
သည်။
“ဟေ့ကောင်လေး ဘာလဲ၊ မင်း..မင်းဘယ်ကလဲ” “ဟိုလေ..ဘဘ ….ဟိုဘက်တဲကပါ” “ဟင်..ဘယ်ဘက်တဲကလဲ ၊ ဒီတောကြီးထဲ ဘယ်လူ တဲ
မှ မရှိတာ”

ဦးပေသီး အံ့သြတကြီးနှင့် ချက်ချင်းထထိုင်လိုက်၏။ ဦးပေသီးပြောသည်မှာ အမှန်ပင်ဖြစ်၏။ သူ့ ဆေးရွက်
ကြီးခင်း ကိုင်းတောဝန်းကျင်တောထဲတွင် ဘယ်ကိုင်းတဲ ယာတဲမှ မရှိ။ ရှိဦးတော့…ဤလို ခြောက်နှစ်, ခုနစ်နှစ်ကောင်လေး တစ် ယောက်ကို ဘယ်မိဘကမှ တောကြီးမျက်မည်းထဲ ခေါ်လာကြ မည်မဟုတ်။ ထို့ကြောင့် ဦးပေသီးက ကောင်လေးကို အံ့ဩ တကြီး မေးလိုက်ခြင်းပင်။ ဦးပေသီး၏အမေးကို ကောင်လေးက ရုတ်တရက် ဘာမှပြန်မပြောသေးဘဲ ဦးပေသီးမျက်နှာကိုသာ စိုက်ကြည့်နေပြန်၏။
“ဟေ့ကောင်လေး….ငါမေးနေတယ် မင်းဘယ်ကလဲ၊
ဘယ်သူ့သားလဲ၊ ငါ့ကို မှန်မှန်ပြောစမ်း”
“ကျုပ် ဘယ်သူလဲဆိုတာ ဘဘ သိချင်တယ်ဟုတ်လား” “အေးပေါ့ဟ..သိချင်လို့ မေးနေပါတယ်ဆိုမှ” “သိချင်ရင် ကျုပ်ကိုကြည့်လေဗျာ…..”
ကောင်လေးစကားအဆုံးမှာပင် ကောင်လေးသည် ချက် ချင်းရုပ်ပြောင်းသွားသည်။ ဦးခေါင်းမှာ ထင်းတောင်းလောက် ဖြစ်သွားပြီး မျက်လုံးနှစ်လုံးမှာလည်း တဖြည်းဖြည်း ကျယ်ကျယ် လာကာ အကြမ်းသောက် ပန်းကန်လုံးလောက် ဖြစ်သွားသည်။ သို့သော်… သူ ့အရပ်မှာ ခြောက်နှစ်, ခုနစ်နှစ်သားအရွယ်ထက် ရှည်မြင့်မလာဘဲ..ဦးပေသီးခါးလောက်ပင် မမြင့်ဘဲရှိနေ၏။ပါလား”

“အောင်မာ….လက်စသတ်တော့ မင်းက သရဲတစ္ဆေလေး
“သရဲတစ္ဆေ မဟုတ်ပါဘူး ဘဘ”
“ဟင်…သရဲတစ္ဆေ မဟုတ်ရင် မင်းက ဘာကောင်လဲ” “ကျုပ် မင်စာလေးပါ ဘဘ”
“ဟဲ..ဟဲ…မင်းက ငါ့ကို လာခြောက်တယ်ပေါ့လေ… ဟုတ်လား၊ ဒီမှာဟေ့…ဒီလို နေ့ခင်းကြောင်တောင်ကြီး မင်းလို မင်စာမပြောနဲ့၊ သရဲတစ္ဆေတောင် ငါက ကြောက်တတ်တဲ့ကောင် မဟုတ်ဘူးကွ၊ မကြောက်တတ်လို့လဲ ဒီလိုတောကြီးထဲ တစ် ယောက်ထဲ ဆေးခင်းလာစိုက်တာ…။
“ဘဘ မကြောက်တတ်မှန်း ကျုပ်သိပါတယ်” အမှန်တကယ်လည်း ဦးပေသီးကား ဘာကိုမှ ကြောက်
တတ်သူမဟုတ်။
“ဟယ်..ဒါဆို မင်း နေ့ခင်းကြောင်တောင်ကြီး ငါ့ကို
ဘာလို့လာခြောက်လဲ”
“ကျုပ် ဘဘကို လာခြောက်တာ မဟုတ်ပါဘူးဗျ၊ အရေး ကြီးတဲ့ အကူအညီတစ်ခု တောင်းချင်လို့လာတာပါ” “ကြီးကြီးကျယ်ကျယ်..ဘာအကူအညီလဲကွ၊ ထမင်းစား
ချင်ရင် မင်း စောစောကလာရော့ပေါ့…၊ ခု ငါထမင်းစားပြီးလို့ အိပ်တောင်နေပြီးမှ မင်းလာလဲ ဘာစားရတော့မှာလဲ၊ ငါ့မှာ မင်းကိုကျွေးစရာ ဘာမှမရှိတော့ဘူး”

“ဟာဗျာ..ဘဘကလဲ၊ ထမင်းစားချင်လို့ မဟုတ်ပါဘူး၊ အကူအညီတောင်းချင်လို့ပါဆို”
“ဘာအကူအညီလဲ..ပြောလကွာ၊ မင်းရုပ် ရွံစရာကြီးကို
လည်း ပြန်ပြင်ပါဦးဟ၊ ငါ့မှာ ခု မင်းကိုကြည့်နေရတာ မနက်က စားထားတဲ့ထမင်းတောင် ပြန်အန်ထွက်ချင်လာပြီ၊ မင်းရုပ်ကို မြန်မြန်လုပ်စမ်းပါဟ..ဝေါ့..အော့”
“အကူအညီလေး လာတောင်းတာများ အဘကလည်း
ဖြစ်နေလိုက်တာဗျာ”
“မဖြစ်နဲ့…ဟေ့ကောင်၊ ငါ့နှာခေါင်းထဲ အနံ့ဆိုးတွေလဲ
နံလာသလိုပဲ”
“…”
မင်စာလေးက ရယ်လိုက်၏။
မကြာပါချေ။ မင်စာလေး၏ရုပ်က ခြောက်နှစ်, ခုနစ်နှစ် အရွယ် ချစ်စရာကလေးတစ်ယောက်အသွင် ပြောင်းသွားပြန်
သည်။
“အေး…ဟုတ်ပြီ၊ အဲသလို လုပ်စမ်းပါကွ၊ ကဲ..ပြော မင်း
တောင်းချင်တဲ့အကူအညီ”
“ကျုပ်တောင်းချင်တဲ့ အကူအညီက ဒီလိုပါ ဘဘ” “ဟေ့ကောင်လေး….ပြောစမ်းပါဆို၊ ဟိုလိုဒီလို လုပ်မနေနဲ့ကွာ ငါ့အလုပ်ပျက်တယ်…မြန်မြန်ပြော”
လား”
“ဘဘတို့ရွာမှာ ခု နတ်ကနားပွဲ လုပ်နေတယ်မဟုတ်
“အေးပါ…ငါ သိပါတယ်၊ နတ်ကတော် ခင်ရီတို့အိမ်မှာပါ” “ဘယ်လိုအိမ်လဲတော့ ကျုပ်မသိဘူး၊ ကျုပ်အမေ မနက် ကတည်းက အဲဒီနတ်ကနားပွဲ ထွက်သွားတာ ခုထိ ပြန်မလာသေး ဘူးဘဘ၊ ကျုပ်ညီလေး နို့ဆာလို့ ငိုနေတာ ခု ဘဘ နားထောင် လိုက်ရင် ကြားမှာပါ ”
မင်စာလေးစကားက တကယ်လားဟု ဦးပေသီး နားစွင့် လိုက်သည်။ မှန်၏။ သူ ့ယာအစ တောနားက ကလေးတစ် ယောက် အာခေါင်ခြစ် ငိုနေသံကို အမှန်ပင် ကြားနေရသည်။ “ကျုပ်ညီလေး ငိုနေသံ ဘဘကြားတယ်နော်”
ပြော
“အေး…ကြားပါတယ်၊ အဲဒါ ငါက ဘာလုပ်ပေးရမလဲ..
“ဘဘ ခုပဲ ရွာပြန်သွားလိုက်ပါ၊ ကျုပ်ညီလေး နို့ဆာလို့ တစ်နေ့လုံး ငိုနေပါတယ်ဆိုတာ နတ်ကနားရောက်နေတဲ့ အမေ့ကို ပြောပေးပါဗျာ…တောင်းပန်ပါတယ်”
“ဟ..ငါက လူကွ၊ မင်းအမေ မင်စာမကြီးကို ငါ ဘယ်လို
လုပ် မြင်နိုင်ပါ့မလဲ”
“ကျုပ် ဆေးနည်းပေးလိုက်ပါ့မယ် ဘဘ

“ဟေ…တယ်ဟုတ်ပါလား မင်စာလေးရာ့၊ လုပ်စမ်းပါဦး မင်းတို့မင်စာတွေကို မြင်ရတဲ့ဆေးနည်း”
“လွယ်လွယ်လေးပါ ဘဘရာ၊ ခု ဘဘရွာပြန်သွားတော့ ဘဘတို့ ရွာအဝင်လမ်းထိပ်မှာ ညောင်ပင်ကြီးတစ်ပင် ရှိတယ် ဟုတ်လား၊ အဲဒီညောင်ပင်ကြီးအောက်မှာ ပေါက်နေတဲ့ ညောင် ပင်လေးတစ်ပင်ကို ဘဘနှုတ်ယူလိုက်၊ အိမ်ရောက်ရင် အဲဒီ ညောင်ပင်လေးအမြစ်ကို သွေးပြီး မျက်စိကွင်း..၊
ပြီးတော့ နတ်ကနားပေးတဲ့နေရာ ဘဘသွားကြည့်လိုက်၊ သားသည်မ ကျုပ်အမေကို တွေ့ ပါ လိမ့်မယ်၊ တွေ ့တဲ့အခါသာ ကျုပ်ညီလေး နို့ဆာလို့ ငိုနေတယ်ဆိုတာ အမေ့ကို ပြောပြ…” “မင်းပဲအပြောကောင်း…၊ ငါက လူဟ…မင်းပြောတဲ့ ညောင်ပင်ငယ်မြစ်နဲ့ မျက်စိကိုကွင်းကြည့်ပြီ ဆိုပါတော့..နတ် ကနားဆိုတာက မင်း အမေလို မင်စာမကြီးတွေ အများကြီး ဝိုင်း ကခုန်နေကြမှာပေါ့၊ ဘယ်သူဟာ မင်းအမေပါလို့ ငါဘယ်လိုလုပ် သိနိုင်မလဲကွ”
“ဟာ..ဘဘကလဲ၊ ခုလောလောဆယ်မှာ သားသည် မင်စာမဆိုလို့ ဘဘတို့ ရွာနားဝန်းကျင်မှာ ကျုပ်အမေ တစ်ယောက်ကလွဲပြီး သားသည်အမေ မင်စာမတစ်ယောက်မှ မရှိဘူး၊ သားသည်အမေဆိုတာ ဘဘတို့ လူလိုပဲ နို့သီးဗလောက် ဗလတ်နဲ့ သိသာကြီးပါဗျ၊ ကျေးဇူးပြုပြီး ပြောပေးစမ်းပါ”

“ကောင်းပါပြီ မောင်ရာ၊ နို့ဆာလို့ငိုနေတဲ့ မင်းညီလေးကို လည်း ဘဘ သနားလို့ ခုပဲသွားလိုက်ပါ့မယ်ကွာ” “ကျေးဇူးပါပဲ ဘဘရယ်”
သို့နှင့် ဦးပေသီးသည် မင်စာလေးမှာလိုက်သည့်အတိုင်း ရွာပြန်လာသည်။ ရွာထိပ် ညောင်ပင်ကြီးအောက်က ညောင်ပင် ငယ်လေးတစ်ပင်ကို ဆွဲနှုတ်ယူပြီး အိမ်ရောက်လာ၏။ ညောင်ပင် လေးအမြစ်ကို ကျောက်ပျဉ်တွင်သွေးပြီး မျက်စိကွင်း၏။ နောက်နောင် မင်စာတစ္ဆေတွေကို ကြည့်ချင်လျှင် ဤ ညောင်မြစ်ကို သွေးပြီးကြည့်နိုင်ရန် ရည်ရွယ်ချက်နှင့် ညောင် မြစ်ကို ခါးထိုးပြီး နတ်ကနားလုပ်နေသော နတ်ကတော် ခင်ရီတို့ အိမ်နား လျှောက်လာသည်။
မင်စာလေးမှာလိုက်သည်မှာ အမှန်ပင်ဖြစ်၏။ မင်စာမ များ အများကြီးထဲတွင် နို့ပျဉ်းကျနေသော သားသည်အမေ မင်စာ မတစ်ကောင်သည် နတ်ကနားထဲက ပေါက်ပေါက်စေ့များကို ကောက်စားနေသည်ကို မြင်ရ၏။ ဦးပေသီး မင်စာမကြီးနား ကပ်သွား၏။ မင်စာမကြီးကမူ တစ်နေ့လုံး ပျော်မြူးကခုန်ထား၍ လားမသိ..ဦးပေသီးကို သတိမပြုမိဘဲ မောမောနှင့် ပေါက်ပေါက် စေ့များကိုသာ ကောက်စားနေသည်။
“အောင်မာ…ဟေ့ကောင်မ၊ နင်ကတော့ ပျော်လို့မြူးလို့ စားလို့သောက်လို့ လုပ်နေ၊ နင့်ကလေး နို့ဆာလို့သေတော့မယ်၊

နင့် အကြီးကောင်က ခုချက်ချင်း ပြန်လာခဲ့ပါ မှာလိုက်လို့ ငါ ခု လာပြောတာ မင်စာမကြီးရဲ့၊ နင် မြန်မြန်..”
ဦးပေသီး၏စကားက မဆုံးလိုက်ရ။ မင်စာမကြီးသည် ဦးပေသီးကို ဖက်လုံးတော့သည်။ သည်လိုနှင့် နတ်ကနားပွဲတွင် ဦးပေသီးနှင့် မင်စာမတို့ လုံးထွေးသတ်ပုတ်ကြရာ ဦးပေသီး လုံချည်ကျွတ်ကျသွားသောအခါ မင်စာမကြီးလည်း လန့်ပြီး ထွက်ပြေးသွားလေသည်။ ဦးပေသီး လုံချည်ကျွတ်ကျသွားသဖြင့် ဦးပေသီး ခါးထိုးလာသော ညောင်မြစ်ငယ်ကို ခွေးတစ်ကောင်က ကိုက်ချီယူပြေးသွားလေသည်။
နတ်ကနားထဲတွင် တစ်ယောက်တည်း လုံးထွေးသတ် ပုတ်ပြီး ပုဆိုးကျွတ်ကျသွားသော ဦးပေသီးအား ရွာသားကြီးတွေ > ဝိုင်းချုပ်ဖမ်းဆီးထားပြီး မေးကြရာ ဖြစ်ကြောင်းကုန်စင်ကို ဦးပေသီးက ရွာသားရွာသူများအား ရှက်ရှက်နှင့် ပြောပြလိုက် သည်။
ထိုအခါ မင်စာတစ္ဆေတွေကို မြင်လိုကြည့်လိုကြသူများ သည် ရွာထိပ်ညောင်ပင်ကြီးအောက်သို့ မင်စာတစ္ဆေတွေကို မြင် နိုင်သော ညောင်ပင်လေးဆေးမြစ် နှုတ်ရန် သူ ့ထက်ငါဦးအောင် ပြေးကြလေသည်။
သို့သော် ရွာဦးထိပ်ရှိ ညောင်ပင်ကြီးအောက်သို့ သူတို့
ရောက်သွားကြသောအခါ ညောင်ပင်ကြီးအောက်တွင် ညောင်ပင်လေးဆို၍ တစ်ပင်မှ မတွေ့ကြရတော့ပေ။ ဤသည်မှာလည်း ထိုစဉ်ကသာမဟုတ်၊ ယခုတိုင် ဘယ်ညောင်ပင်ကြီးအောက်မှာမှ ညောင်ပင်လေးတွေ ပေါက်နေသည်ကို ဘယ်အရပ်၊ ဘယ်ဒေသ၊ ဘယ်နေရာမှာမှ မတွေ့ကြရတော့ပေ။
ဤသည်မှာ သူတို့အား လူသားများကြည့်လျှင် မြင်နိုင် သော ဆေးမြစ်ဖြစ်သည့် ညောင်ပင်ငယ်များကို မင်စာတစ္ဆေ များက နှုတ်ပစ်လိုက်ကြ၍ဖြစ်သည်။ ယခု မင်စာတစ္ဆေများကို ခွေးများမြင်၍ ဟောင်ကြခြင်းမှာ ဦးပေသီးခါးက ထွက်ကျသွား သော ညောင်မြစ်ငယ်ကို ခွေးရသွား၍ဖြစ်သည်။
(ဝန်ခံချက်။ ။ စာရေးသူတို့ငယ်စဉ်က “ခွေးတွေ ဟောင်တာ တစ္ဆေသရဲမင်စာတွေကို မြင်လို့…’ ဟု အဘွားက ပြောပြရာ ခွေးက ဘာကြောင့်မြင်ရသည်ကို အဘွားပြောပြသော ဇာတ်ကြောင်းဖြစ်သည်။
နောက်တစ်ခု…
သရဲ၊ တစ္ဆေ၊ မင်စာတို့ကို မြင်နိုင်သော ဆေးနည်းမှာ.. ခွေးသီးယင်အစ ချီးထထ အလယ်ခေါင်
ဆံမင်းကောင် မှောင်၍ပေး တစ္ဆေမျက်ကွင်းဆေး..။
ဟု ဆိုသည်။

အဓိပ္ပါယ်မှာ..
ခွေးချေးထဲက အစာမကြေသော ဆန်စေ့။ သူ့ အလိုလို သေ၍တွေ့ သော ယင်ကောင်။ လူများထမင်းစားသောအခါ သီးသော ထမင်း၊
၎င်းသုံးမျိုးကို ကြိတ်နယ်၍ မျက်စိကို ကွင်းပြီးကြည့်လျှင် တစ္ဆေ၊ သရဲ၊ မင်စာများကို မြင်ရသည်ဟု ငယ်စဉ်က စာရေးသူ အား ကျောင်းဆရာကြီးတစ်ယောက်က ပြောဖူးသည်။ နောက်တစ်ယောက်က..
အလွယ်ဆုံးနည်းမှာ ခွေးမျက်ချေးကိုယူပြီး လူမျက်စိမှာ ကွင်းကြည့်လျှင် တစ္ဆေ၊ သရဲ၊ မင်စာများကို မြင်ရသည်ဟု ဆို၏။ စာရေးသူကား မစမ်းသပ်ရသေးပါ ၊
သစ္ဆေ၊ သရဲ၊ မင်စာများကို ကြည့်လိုမြင်လိုသူများ… စမ်းသပ်ကြည့်ကြပါကုန်။

Zawgyi Version

** မွင္စာေလးေပးေသာေဆးျမစ္ **(စ/ဆုံး)
————————————————
ဦးေပသီးသည္ သူ ့ယာေဘးနားရွိ ေတာင္က်ေခ်ာင္း ေျခာက္တစ္ခုကို ျဖတ္၍ ဆည္ကန္သင္း ဆည္ေနသည္။ သူ ဆည္ေနေသာ ကန္သင္းတမံမွာ ေျမသားတမံမဟုတ္၊ ေခ်ာင္း ေျခာက္ေဘးႏွစ္ဘက္ရွိ ေက်ာက္တုံးေက်ာက္ခဲမ်ားကို ေျမထဲက ေဖာ္တူးယူကာ ေခ်ာင္းေျခာက္ကို ေက်ာက္တုံးေက်ာက္ခဲမ်ား စီခ်၍ ပိတ္ဆည္ေနေသာ ဆည္ကန္သင္းျဖစ္သည္။
ေႏြလတြင္ ေရမရွိေသာ ေတာင္က်ေခ်ာင္းငယ္ကို ဤသို႔ ပိတ္ဆည္ထားျခင္းအားျဖင့္ မိုးတြင္းကာလေရာက္၍ ေတာေတာင္ ထဲက ေရစီးက်လာေသာအခါ သူဆည္ထားေသာ ဆည္အထက္

ပိုင္းတြင္ ႏုန္းေျမမ်ား တင္က်န္ခဲ့ၾကမည္။ မိုးကုန္၍ ေဆာင္းဦး ေပါက္ ေရာက္လာေသာအခါ ထိုဇုန္းေျမေပၚတြင္ ေဆး႐ြက္ႀကီး ပငမ်ား စိုက္ရမည္။ ေႏြဦးေရာက္လွ်င္ ထိုေဆး႐ြက္ႀကီးမ်ားကို ခူး၍ ဦးေပသီး ေရာင္းခ်ရမည္။
ဤသည္မွာ ဦးေပသီး၏ေႏြလေရာက္တိုင္း လုပ္ေနက် အလုပ္ျဖစ္သည္။ ဤေန႔ ဦးေပသီး ကန္သင္းေက်ာက္ဆည္ အလုပ္ကို မနက္ပိုင္း တစ္ခ်ိန္လုံး အားသြန္ခြန္စိုက္ လုပ္သည္။ ေနမြန္းတည့္ခ်ိန္အေရာက္တြင္ အလုပ္နား၍ ထုပ္လာေသာ ထမင္းထုပ္ကို ေျဖစားသည္။ ၿပီးေတာ့ ယာတဲထဲက ကြပ္ပ်စ္ ေပၚတြင္ တစ္ေရးတစ္ေမာ ေမွးေနသည္။ အိပ္ရာကထလွ်င္ သူ သည္ ျပန္၍ ေက်ာက္ဆည္ကန္သင္း ဆည္ရဦးမည္။
ဦးေပသီး ေမွးေပ်ာ္ေနစဥ္ တစ္စုံတစ္ေယာက္က သူ႔ေျခ ေထာက္ကို လာကိုင္လႈပ္ႏႈိးသျဖင့္ ဦးေပသီး မ်က္စိဖြင့္ၾကည့္လိုက္ သည္။ သူ ့ေျခရင္းတြင္ ေျခာက္ႏွစ္, ခုနစ္ႏွစ္သားအ႐ြယ္ ကေလး ငယ္တစ္ေယာက္ လာထိုင္ၿပီး သူ ့ေျခေထာက္ကို ဆုပ္ကိုင္ထား
သည္။
“ေဟ့ေကာင္ေလး ဘာလဲ၊ မင္း..မင္းဘယ္ကလဲ” “ဟိုေလ..ဘဘ ….ဟိုဘက္တဲကပါ” “ဟင္..ဘယ္ဘက္တဲကလဲ ၊ ဒီေတာႀကီးထဲ ဘယ္လူ တဲ
မွ မရွိတာ”

ဦးေပသီး အံ့ၾသတႀကီးႏွင့္ ခ်က္ခ်င္းထထိုင္လိုက္၏။ ဦးေပသီးေျပာသည္မွာ အမွန္ပင္ျဖစ္၏။ သူ႔ ေဆး႐ြက္
ႀကီးခင္း ကိုင္းေတာဝန္းက်င္ေတာထဲတြင္ ဘယ္ကိုင္းတဲ ယာတဲမွ မရွိ။ ရွိဦးေတာ့…ဤလို ေျခာက္ႏွစ္, ခုနစ္ႏွစ္ေကာင္ေလး တစ္ ေယာက္ကို ဘယ္မိဘကမွ ေတာႀကီးမ်က္မည္းထဲ ေခၚလာၾက မည္မဟုတ္။ ထို႔ေၾကာင့္ ဦးေပသီးက ေကာင္ေလးကို အံ့ဩ တႀကီး ေမးလိုက္ျခင္းပင္။ ဦးေပသီး၏အေမးကို ေကာင္ေလးက ႐ုတ္တရက္ ဘာမွျပန္မေျပာေသးဘဲ ဦးေပသီးမ်က္ႏွာကိုသာ စိုက္ၾကည့္ေနျပန္၏။
“ေဟ့ေကာင္ေလး….ငါေမးေနတယ္ မင္းဘယ္ကလဲ၊
ဘယ္သူ႔သားလဲ၊ ငါ့ကို မွန္မွန္ေျပာစမ္း”
“က်ဳပ္ ဘယ္သူလဲဆိုတာ ဘဘ သိခ်င္တယ္ဟုတ္လား” “ေအးေပါ့ဟ..သိခ်င္လို႔ ေမးေနပါတယ္ဆိုမွ” “သိခ်င္ရင္ က်ဳပ္ကိုၾကည့္ေလဗ်ာ…..”
ေကာင္ေလးစကားအဆုံးမွာပင္ ေကာင္ေလးသည္ ခ်က္ ခ်င္း႐ုပ္ေျပာင္းသြားသည္။ ဦးေခါင္းမွာ ထင္းေတာင္းေလာက္ ျဖစ္သြားၿပီး မ်က္လုံးႏွစ္လုံးမွာလည္း တျဖည္းျဖည္း က်ယ္က်ယ္ လာကာ အၾကမ္းေသာက္ ပန္းကန္လုံးေလာက္ ျဖစ္သြားသည္။ သို႔ေသာ္… သူ ့အရပ္မွာ ေျခာက္ႏွစ္, ခုနစ္ႏွစ္သားအ႐ြယ္ထက္ ရွည္ျမင့္မလာဘဲ..ဦးေပသီးခါးေလာက္ပင္ မျမင့္ဘဲရွိေန၏။ပါလား”

“ေအာင္မာ….လက္စသတ္ေတာ့ မင္းက သရဲတေစၦေလး
“သရဲတေစၦ မဟုတ္ပါဘူး ဘဘ”
“ဟင္…သရဲတေစၦ မဟုတ္ရင္ မင္းက ဘာေကာင္လဲ” “က်ဳပ္ မင္စာေလးပါ ဘဘ”
“ဟဲ..ဟဲ…မင္းက ငါ့ကို လာေျခာက္တယ္ေပါ့ေလ… ဟုတ္လား၊ ဒီမွာေဟ့…ဒီလို ေန႔ခင္းေၾကာင္ေတာင္ႀကီး မင္းလို မင္စာမေျပာနဲ႔၊ သရဲတေစၦေတာင္ ငါက ေၾကာက္တတ္တဲ့ေကာင္ မဟုတ္ဘူးကြ၊ မေၾကာက္တတ္လို႔လဲ ဒီလိုေတာႀကီးထဲ တစ္ ေယာက္ထဲ ေဆးခင္းလာစိုက္တာ…။
“ဘဘ မေၾကာက္တတ္မွန္း က်ဳပ္သိပါတယ္” အမွန္တကယ္လည္း ဦးေပသီးကား ဘာကိုမွ ေၾကာက္
တတ္သူမဟုတ္။
“ဟယ္..ဒါဆို မင္း ေန႔ခင္းေၾကာင္ေတာင္ႀကီး ငါ့ကို
ဘာလို႔လာေျခာက္လဲ”
“က်ဳပ္ ဘဘကို လာေျခာက္တာ မဟုတ္ပါဘူးဗ်၊ အေရး ႀကီးတဲ့ အကူအညီတစ္ခု ေတာင္းခ်င္လို႔လာတာပါ” “ႀကီးႀကီးက်ယ္က်ယ္..ဘာအကူအညီလဲကြ၊ ထမင္းစား
ခ်င္ရင္ မင္း ေစာေစာကလာေရာ့ေပါ့…၊ ခု ငါထမင္းစားၿပီးလို႔ အိပ္ေတာင္ေနၿပီးမွ မင္းလာလဲ ဘာစားရေတာ့မွာလဲ၊ ငါ့မွာ မင္းကိုေကြၽးစရာ ဘာမွမရွိေတာ့ဘူး”

“ဟာဗ်ာ..ဘဘကလဲ၊ ထမင္းစားခ်င္လို႔ မဟုတ္ပါဘူး၊ အကူအညီေတာင္းခ်င္လို႔ပါဆို”
“ဘာအကူအညီလဲ..ေျပာလကြာ၊ မင္း႐ုပ္ ႐ြံစရာႀကီးကို
လည္း ျပန္ျပင္ပါဦးဟ၊ ငါ့မွာ ခု မင္းကိုၾကည့္ေနရတာ မနက္က စားထားတဲ့ထမင္းေတာင္ ျပန္အန္ထြက္ခ်င္လာၿပီ၊ မင္း႐ုပ္ကို ျမန္ျမန္လုပ္စမ္းပါဟ..ေဝါ့..ေအာ့”
“အကူအညီေလး လာေတာင္းတာမ်ား အဘကလည္း
ျဖစ္ေနလိုက္တာဗ်ာ”
“မျဖစ္နဲ႔…ေဟ့ေကာင္၊ ငါ့ႏွာေခါင္းထဲ အနံ႔ဆိုးေတြလဲ
နံလာသလိုပဲ”
“…”
မင္စာေလးက ရယ္လိုက္၏။
မၾကာပါေခ်။ မင္စာေလး၏႐ုပ္က ေျခာက္ႏွစ္, ခုနစ္ႏွစ္ အ႐ြယ္ ခ်စ္စရာကေလးတစ္ေယာက္အသြင္ ေျပာင္းသြားျပန္
သည္။
“ေအး…ဟုတ္ၿပီ၊ အဲသလို လုပ္စမ္းပါကြ၊ ကဲ..ေျပာ မင္း
ေတာင္းခ်င္တဲ့အကူအညီ”
“က်ဳပ္ေတာင္းခ်င္တဲ့ အကူအညီက ဒီလိုပါ ဘဘ” “ေဟ့ေကာင္ေလး….ေျပာစမ္းပါဆို၊ ဟိုလိုဒီလို လုပ္မေနနဲ႔ကြာ ငါ့အလုပ္ပ်က္တယ္…ျမန္ျမန္ေျပာ”
လား”
“ဘဘတို႔႐ြာမွာ ခု နတ္ကနားပြဲ လုပ္ေနတယ္မဟုတ္
“ေအးပါ…ငါ သိပါတယ္၊ နတ္ကေတာ္ ခင္ရီတို႔အိမ္မွာပါ” “ဘယ္လိုအိမ္လဲေတာ့ က်ဳပ္မသိဘူး၊ က်ဳပ္အေမ မနက္ ကတည္းက အဲဒီနတ္ကနားပြဲ ထြက္သြားတာ ခုထိ ျပန္မလာေသး ဘူးဘဘ၊ က်ဳပ္ညီေလး ႏို႔ဆာလို႔ ငိုေနတာ ခု ဘဘ နားေထာင္ လိုက္ရင္ ၾကားမွာပါ ”
မင္စာေလးစကားက တကယ္လားဟု ဦးေပသီး နားစြင့္ လိုက္သည္။ မွန္၏။ သူ ့ယာအစ ေတာနားက ကေလးတစ္ ေယာက္ အာေခါင္ျခစ္ ငိုေနသံကို အမွန္ပင္ ၾကားေနရသည္။ “က်ဳပ္ညီေလး ငိုေနသံ ဘဘၾကားတယ္ေနာ္”
ေျပာ
“ေအး…ၾကားပါတယ္၊ အဲဒါ ငါက ဘာလုပ္ေပးရမလဲ..
“ဘဘ ခုပဲ ႐ြာျပန္သြားလိုက္ပါ၊ က်ဳပ္ညီေလး ႏို႔ဆာလို႔ တစ္ေန႔လုံး ငိုေနပါတယ္ဆိုတာ နတ္ကနားေရာက္ေနတဲ့ အေမ့ကို ေျပာေပးပါဗ်ာ…ေတာင္းပန္ပါတယ္”
“ဟ..ငါက လူကြ၊ မင္းအေမ မင္စာမႀကီးကို ငါ ဘယ္လို
လုပ္ ျမင္ႏိုင္ပါ့မလဲ”
“က်ဳပ္ ေဆးနည္းေပးလိုက္ပါ့မယ္ ဘဘ

“ေဟ…တယ္ဟုတ္ပါလား မင္စာေလးရာ့၊ လုပ္စမ္းပါဦး မင္းတို႔မင္စာေတြကို ျမင္ရတဲ့ေဆးနည္း”
“လြယ္လြယ္ေလးပါ ဘဘရာ၊ ခု ဘဘ႐ြာျပန္သြားေတာ့ ဘဘတို႔ ႐ြာအဝင္လမ္းထိပ္မွာ ေညာင္ပင္ႀကီးတစ္ပင္ ရွိတယ္ ဟုတ္လား၊ အဲဒီေညာင္ပင္ႀကီးေအာက္မွာ ေပါက္ေနတဲ့ ေညာင္ ပင္ေလးတစ္ပင္ကို ဘဘႏႈတ္ယူလိုက္၊ အိမ္ေရာက္ရင္ အဲဒီ ေညာင္ပင္ေလးအျမစ္ကို ေသြးၿပီး မ်က္စိကြင္း..၊
ၿပီးေတာ့ နတ္ကနားေပးတဲ့ေနရာ ဘဘသြားၾကည့္လိုက္၊ သားသည္မ က်ဳပ္အေမကို ေတြ႕ ပါ လိမ့္မယ္၊ ေတြ ့တဲ့အခါသာ က်ဳပ္ညီေလး ႏို႔ဆာလို႔ ငိုေနတယ္ဆိုတာ အေမ့ကို ေျပာျပ…” “မင္းပဲအေျပာေကာင္း…၊ ငါက လူဟ…မင္းေျပာတဲ့ ေညာင္ပင္ငယ္ျမစ္နဲ႔ မ်က္စိကိုကြင္းၾကည့္ၿပီ ဆိုပါေတာ့..နတ္ ကနားဆိုတာက မင္း အေမလို မင္စာမႀကီးေတြ အမ်ားႀကီး ဝိုင္း ကခုန္ေနၾကမွာေပါ့၊ ဘယ္သူဟာ မင္းအေမပါလို႔ ငါဘယ္လိုလုပ္ သိႏိုင္မလဲကြ”
“ဟာ..ဘဘကလဲ၊ ခုေလာေလာဆယ္မွာ သားသည္ မင္စာမဆိုလို႔ ဘဘတို႔ ႐ြာနားဝန္းက်င္မွာ က်ဳပ္အေမ တစ္ေယာက္ကလြဲၿပီး သားသည္အေမ မင္စာမတစ္ေယာက္မွ မရွိဘူး၊ သားသည္အေမဆိုတာ ဘဘတို႔ လူလိုပဲ ႏို႔သီးဗေလာက္ ဗလတ္နဲ႔ သိသာႀကီးပါဗ်၊ ေက်းဇူးျပဳၿပီး ေျပာေပးစမ္းပါ”

“ေကာင္းပါၿပီ ေမာင္ရာ၊ ႏို႔ဆာလို႔ငိုေနတဲ့ မင္းညီေလးကို လည္း ဘဘ သနားလို႔ ခုပဲသြားလိုက္ပါ့မယ္ကြာ” “ေက်းဇူးပါပဲ ဘဘရယ္”
သို႔ႏွင့္ ဦးေပသီးသည္ မင္စာေလးမွာလိုက္သည့္အတိုင္း ႐ြာျပန္လာသည္။ ႐ြာထိပ္ ေညာင္ပင္ႀကီးေအာက္က ေညာင္ပင္ ငယ္ေလးတစ္ပင္ကို ဆြဲႏႈတ္ယူၿပီး အိမ္ေရာက္လာ၏။ ေညာင္ပင္ ေလးအျမစ္ကို ေက်ာက္ပ်ဥ္တြင္ေသြးၿပီး မ်က္စိကြင္း၏။ ေနာက္ေနာင္ မင္စာတေစၦေတြကို ၾကည့္ခ်င္လွ်င္ ဤ ေညာင္ျမစ္ကို ေသြးၿပီးၾကည့္ႏိုင္ရန္ ရည္႐ြယ္ခ်က္ႏွင့္ ေညာင္ ျမစ္ကို ခါးထိုးၿပီး နတ္ကနားလုပ္ေနေသာ နတ္ကေတာ္ ခင္ရီတို႔ အိမ္နား ေလွ်ာက္လာသည္။
မင္စာေလးမွာလိုက္သည္မွာ အမွန္ပင္ျဖစ္၏။ မင္စာမ မ်ား အမ်ားႀကီးထဲတြင္ ႏို႔ပ်ဥ္းက်ေနေသာ သားသည္အေမ မင္စာ မတစ္ေကာင္သည္ နတ္ကနားထဲက ေပါက္ေပါက္ေစ့မ်ားကို ေကာက္စားေနသည္ကို ျမင္ရ၏။ ဦးေပသီး မင္စာမႀကီးနား ကပ္သြား၏။ မင္စာမႀကီးကမူ တစ္ေန႔လုံး ေပ်ာ္ျမဴးကခုန္ထား၍ လားမသိ..ဦးေပသီးကို သတိမျပဳမိဘဲ ေမာေမာႏွင့္ ေပါက္ေပါက္ ေစ့မ်ားကိုသာ ေကာက္စားေနသည္။
“ေအာင္မာ…ေဟ့ေကာင္မ၊ နင္ကေတာ့ ေပ်ာ္လို႔ျမဴးလို႔ စားလို႔ေသာက္လို႔ လုပ္ေန၊ နင့္ကေလး ႏို႔ဆာလို႔ေသေတာ့မယ္၊

နင့္ အႀကီးေကာင္က ခုခ်က္ခ်င္း ျပန္လာခဲ့ပါ မွာလိုက္လို႔ ငါ ခု လာေျပာတာ မင္စာမႀကီးရဲ႕၊ နင္ ျမန္ျမန္..”
ဦးေပသီး၏စကားက မဆုံးလိုက္ရ။ မင္စာမႀကီးသည္ ဦးေပသီးကို ဖက္လုံးေတာ့သည္။ သည္လိုႏွင့္ နတ္ကနားပြဲတြင္ ဦးေပသီးႏွင့္ မင္စာမတို႔ လုံးေထြးသတ္ပုတ္ၾကရာ ဦးေပသီး လုံခ်ည္ကြၽတ္က်သြားေသာအခါ မင္စာမႀကီးလည္း လန႔္ၿပီး ထြက္ေျပးသြားေလသည္။ ဦးေပသီး လုံခ်ည္ကြၽတ္က်သြားသျဖင့္ ဦးေပသီး ခါးထိုးလာေသာ ေညာင္ျမစ္ငယ္ကို ေခြးတစ္ေကာင္က ကိုက္ခ်ီယူေျပးသြားေလသည္။
နတ္ကနားထဲတြင္ တစ္ေယာက္တည္း လုံးေထြးသတ္ ပုတ္ၿပီး ပုဆိုးကြၽတ္က်သြားေသာ ဦးေပသီးအား ႐ြာသားႀကီးေတြ > ဝိုင္းခ်ဳပ္ဖမ္းဆီးထားၿပီး ေမးၾကရာ ျဖစ္ေၾကာင္းကုန္စင္ကို ဦးေပသီးက ႐ြာသား႐ြာသူမ်ားအား ရွက္ရွက္ႏွင့္ ေျပာျပလိုက္ သည္။
ထိုအခါ မင္စာတေစၦေတြကို ျမင္လိုၾကည့္လိုၾကသူမ်ား သည္ ႐ြာထိပ္ေညာင္ပင္ႀကီးေအာက္သို႔ မင္စာတေစၦေတြကို ျမင္ ႏိုင္ေသာ ေညာင္ပင္ေလးေဆးျမစ္ ႏႈတ္ရန္ သူ ့ထက္ငါဦးေအာင္ ေျပးၾကေလသည္။
သို႔ေသာ္ ႐ြာဦးထိပ္ရွိ ေညာင္ပင္ႀကီးေအာက္သို႔ သူတို႔
ေရာက္သြားၾကေသာအခါ ေညာင္ပင္ႀကီးေအာက္တြင္ ေညာင္ပင္ေလးဆို၍ တစ္ပင္မွ မေတြ႕ၾကရေတာ့ေပ။ ဤသည္မွာလည္း ထိုစဥ္ကသာမဟုတ္၊ ယခုတိုင္ ဘယ္ေညာင္ပင္ႀကီးေအာက္မွာမွ ေညာင္ပင္ေလးေတြ ေပါက္ေနသည္ကို ဘယ္အရပ္၊ ဘယ္ေဒသ၊ ဘယ္ေနရာမွာမွ မေတြ႕ၾကရေတာ့ေပ။
ဤသည္မွာ သူတို႔အား လူသားမ်ားၾကည့္လွ်င္ ျမင္ႏိုင္ ေသာ ေဆးျမစ္ျဖစ္သည့္ ေညာင္ပင္ငယ္မ်ားကို မင္စာတေစၦ မ်ားက ႏႈတ္ပစ္လိုက္ၾက၍ျဖစ္သည္။ ယခု မင္စာတေစၦမ်ားကို ေခြးမ်ားျမင္၍ ေဟာင္ၾကျခင္းမွာ ဦးေပသီးခါးက ထြက္က်သြား ေသာ ေညာင္ျမစ္ငယ္ကို ေခြးရသြား၍ျဖစ္သည္။
(ဝန္ခံခ်က္။ ။ စာေရးသူတို႔ငယ္စဥ္က “ေခြးေတြ ေဟာင္တာ တေစၦသရဲမင္စာေတြကို ျမင္လို႔…’ ဟု အဘြားက ေျပာျပရာ ေခြးက ဘာေၾကာင့္ျမင္ရသည္ကို အဘြားေျပာျပေသာ ဇာတ္ေၾကာင္းျဖစ္သည္။
ေနာက္တစ္ခု…
သရဲ၊ တေစၦ၊ မင္စာတို႔ကို ျမင္ႏိုင္ေသာ ေဆးနည္းမွာ.. ေခြးသီးယင္အစ ခ်ီးထထ အလယ္ေခါင္
ဆံမင္းေကာင္ ေမွာင္၍ေပး တေစၦမ်က္ကြင္းေဆး..။
ဟု ဆိုသည္။

အဓိပၸါယ္မွာ..
ေခြးေခ်းထဲက အစာမေၾကေသာ ဆန္ေစ့။ သူ႔ အလိုလို ေသ၍ေတြ႕ ေသာ ယင္ေကာင္။ လူမ်ားထမင္းစားေသာအခါ သီးေသာ ထမင္း၊
၎သုံးမ်ိဳးကို ႀကိတ္နယ္၍ မ်က္စိကို ကြင္းၿပီးၾကည့္လွ်င္ တေစၦ၊ သရဲ၊ မင္စာမ်ားကို ျမင္ရသည္ဟု ငယ္စဥ္က စာေရးသူ အား ေက်ာင္းဆရာႀကီးတစ္ေယာက္က ေျပာဖူးသည္။ ေနာက္တစ္ေယာက္က..
အလြယ္ဆုံးနည္းမွာ ေခြးမ်က္ေခ်းကိုယူၿပီး လူမ်က္စိမွာ ကြင္းၾကည့္လွ်င္ တေစၦ၊ သရဲ၊ မင္စာမ်ားကို ျမင္ရသည္ဟု ဆို၏။ စာေရးသူကား မစမ္းသပ္ရေသးပါ ၊
သေစၦ၊ သရဲ၊ မင္စာမ်ားကို ၾကည့္လိုျမင္လိုသူမ်ား… စမ္းသပ္ၾကည့္ၾကပါကုန္။