Unicode Version
ယောက်ျားမရှိတဲ့ရွာ(စ/ဆုံး)
———————————
ရှေ့တွင် အလွန်မြင့်မားသည့် တောင်ကြီးတစ်တောင်ကိုတွေ့ရသည်။ ငါးအိမ်စုမှ မြည်းကလေးများဖြင့်ခရီးဆက်ခဲ့သည်မို့ သူတို့ခရီ
းတော်တော်ပေါက်သည်ဟုဆိုနိုင်သည်။ သိပ်မကြာခင် နဘူးအမည်ရ ရွာကလေးတစ်ရွာသို့ရောက်ခဲ့သည်။ ရွာကလေးမှာ အတော်အတန်စည်ကားသည့်ရွာကလေးဖြစ်သည်။ အဘိုးကြီး မြစေး သယ်ခဲ့သည့် ခေါင်ရည်နှစ်အိုးကို သူတို့တွေ တစ်လမ်းလုံးဖောက်သောက်လာခဲ့ရာ နဘူးရွာအရောက်တွင် ခေါင်ရည်နှစ်အိုး ကုန်တော့သည်။ ဝက်ကြီးတစ်ယောက်တည်းပင် ခေါင်ရည်တစ်အိုးခန့်သောက်လိုက်ရာ ထိုရွာတွင်ရပ်နားပြီး ခေါင်ရည်ဝယ်ရတော့သည်။
ငါးအိမ်စုမှ ယူခဲ့သည့် ရိက္ခာများလည်းရှိသေးသည်မို့ သိပ်ပြီးဝယ်ရန်မလိုတော့ပေ။ ခေါင်ရည်သာအဓိကဖြစ်သည်။ နဘူးရွာမှာ မြင့်မားလှသည့်တောင်ကြီး၏ တောင်စောင်းတစ်ခုတွင် တည်ထောင်ထားခြင်းဖြစ်သည်။ ခေါင်ရည်ဝယ်ရန်အတွက် ရွာထိပ်တွင်ဖွင့်လှစ်ထားသည့် ဆိုင်တစ်ခုသို့ဝင်လိုက်သည့်အခါ ရွာသားများက သူတို့ကိုအထူးအဆန်းအဖြစ်ကြည့်ကြသည်။ သူတို့နှင့် ဆက်ဆံသည့်အခါတွင်လည်း ခပ်မြန်မြန်ဆက်ဆံကြသည်ကိုတွေ့ရသည်။ ထိုရွာတွင် ဗမာစကားပြောတတ်သူသိပ်မရှိ၊ ရှမ်းစကားလည်းမပြောတတ်ကြသည့်အတွက် လက်ဟန်ခြေဟန်ဖြင့်သာ ပြောဆိုကြရသည်။
ထိုရွာတွင် တစ်ညတည်းခိုမည်ကြံသော်လည်း အချိန်စောလွန်းနေသေးခြင်း၊ ရွာသူရွာသားများမှ မလိုသည့်ပုံစံအမူအရာများ ပြနေခြင်းတို့ကြောင့် ရွာမှထွက်ခွာလာခဲ့သည်။ အရှေ့တွင်တော့ အလွန်မြင့်မား မတ်စောက်သည့် တောင်တက်လမ်းကြီးတစ်ခုကိုမြင်ရသည်။ ငါးအိမ်စုမှ မိုးမသောက်မီထွက်ခဲ့သောကြောင့် နဘူးမှပြန်လည်ထွက်ခွာလာသည့်အခါ ညနေပင်မစောင်းသေးပေ။
မြင့်မားမတ်စောက်သည့်တောင်တက်လမ်းအတိုင်းဆက်တက်လာခဲ့သည့်အခါ တောင်အမြင့်ပေါ်ရောက်လေလေ ရာသီဥတုက အေးမြလာလေလေဖြစ်သည်။ လမ်းမှာကျောက်သားလမ်းဖြစ်ပြီး လမ်ဘေးတစ်ဘက်တစ်ချက်တွင်လည်း ထူထပ်နက်ရှိုင်းလှသည့် တောအုပ်ကြီးများသာဖြစ်သည်။ သူတို့ဆက်လျှောက်လာကြရင်း ညနေစောင်းပြီးသည့်အခါ ဇရပ်ပျက်တစ်ဆောင်အနီးသို့ရောက်လာခဲ့သည်။ ထိုဇရပ်ပျက်အနီးတွင် မီးရောင်တွေ့သဖြင့် လူရှိလောက်မည်ဟုခန့်မှန်းကာ အားတက်ပြီးလာခဲ့သည်။ ဇရပ်ပျက်မှာ တောင်ခါးပန်းတွင်တည်ရှိသည်မို့ လေကတဝူးဝူးနှင့်တိုက်ခတ်နေလေရာ ငခမ်းတို့မှာ ပါလာသည့်အဝတ်များကိုအားလုံးထုတ်ကာ ဝတ်ဆင်ထားသော်လည်း ချမ်းအေးသည့်ဒဏ်ကို မကာကွယ်နိုင်ဘဲဖြစ်နေသည်။
(၂)
ဇရပ်အနီးတွင်ရပ်လိုက်သည့်အခါ ဇရပ်ပေါ်တွင်လူနှစ်ယောက်ကိုတွေ့ရသည်။ ထိုလူနှစ်ယောက်က လှံများကိုင်ထားပြီး သူတို့ကိုထိုးချိန်လိုက်သည်။
“ခင်ဗျားတို့ဘယ်သူတွေလဲ”
“ကျုပ်တို့က မြေပြန့်ကလာတဲ့ ခရီးသွားတွေပါ၊ ဒီဇရပ်မှာတည်းခိုဖို့လာခဲ့တာပါ”
ထိုသူများအနက် ခေါင်းဆောင်ဖြစ်ဟန်တူသည့် လူက လှံကိုပြန်ချလိုက်ပြီး သူ့နောက်လိုက်ကောင်လေးကိုလဲ လှံချလိုက်ရန်အချက်ပြလိုက်သည်။ ငခမ်းတို့လည်း ဇရပ်ခါးပန်းတွင် မြည်းများကိုချည်နှောင်ခဲ့ပြီး ဇရပ်ပေါ်သို့တက်ခဲ့သည်။
ထိုအရပ်ဒေသဇရပ်များမှာ မြေပြန့်မှဇရပ်များနှင့်မတူဘဲ ဇရပ်ပေါ်အလယ်ခေါင်တွင် မိုးဖိုနိုင်ရန်အတွက် မြေသားများခင်းပြီးပြုလုပ်ထားသည့် နေရာရှိသည်မို့ထိုလူများက ထိုနေရာတွင် မီးဖိုထားခြင်းဖြစ်သည်။ ငခမ်းတို့လည်း ချမ်းချမ်းနှင့် မီးပုံနံဘေးဝင်ထိုင်လိုက်ကာ မီးလှုံလိုက်သည်။ ထိုလူနှစ်ဦးက သူတို့ကိုအကဲခတ်ပြီးကြည့်နေသည်။
“နောင်ကြီးတို့က မြေပြန့်ကနေ ဘယ်ကိုသွားမလို့လဲ”
“ကျုပ်တို့က ကရင်နီ ငွေတောင်ပြည်ဘက်ကိုသွားမှာပါ”
ထိုလူနှစ်ဦးက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။
“မသိပါဘူးဗျာ၊ ကျုပ်တို့က ခင်ဗျားတို့ကို ခိုးသားဓါးပြတွေထင်လို့”
ငခမ်းတို့အံ့ဩသွားမိသည်။
“ဘယ်ကလာဗျာ၊ ကျုပ်တို့က မင်းမှုထမ်းတွေပါ”
ငခမ်းက ပြောဆိုလိုက်တော့ သူတို့တစ်ဖွဲ့လုံးက ငခမ်းကိုအပြစ်တင်သည့်မျက်လုံးများဖြင့်ဝိုင်းကြည့်သည်။ ငခမ်းလည်း လွှတ်ခနဲထွက်သွားမိသည်မို့ ခေါင်းကိုငုံ့ပြီး အသာကလေးငြိမ်နေလိုက်သည်။ ထိုလူနှစ်ယောက်က သူတို့ကိုမင်းမှုထမ်းတွေမှန်းသိလိုက်သည့်အခါ အနည်းငယ်လန့်သွားသည်။
“မသိလို့ဒီအတိုင်းပြောဆိုမိတာကို ခွင့်လွှတ်ပေးပါ အရာရှိမင်းတို့”
စည်သူက ပြုံးလိုက်ပြီး
“ရပါတယ်ဗျာ၊ ကျုပ်တို့ကို မင်းမှုထမ်းတွေဆိုပြီး တလေးတစား ဆက်ဆံနေဖို့မလိုပါဘူး၊ ကျုပ်တို့က သာမန်အောက်ခြေနင်းပြား မင်းမှုထမ်းကလေးတွေပါပဲ”
ထိုသူများအနက်မှ ခေါင်းဆောင်ဖြစ်သည့်သူက ပြုံးလိုက်လေသည်။
“ကျုပ်နာမည်ကတော့ ကထောတဲ့၊ သူ့နာမည်ကတော့ ကပြားလို့ခေါ်တယ်၊ ကျုပ်တို့က လမ်းလျှောက်ကုန်သည်တွေပါ၊ ငွေတောင်ပြည်ကနေပြီးတော့ လူသုံးကုန်တွေသယ်လာပြီး အခုလိုဝေးလံချောင်ကျတဲ့ရွာကလေးတွေကိုလာပြီး ကုန်ကူးပါတယ်၊ ဒီရွာကလေးတွေကနေ သစ်တောထွက်ကုန်တွေ၊ သားရေတို့ သားမွှေးတို့ပြန်ယူပြီးတော့ ငွေတောင်မှာပြန်ရောင်းပါတယ်၊ အခုလည်း ကျုပ်တို့ငွေတောင်ပြည်ကို ပြန်မှာပါ”
စည်သူခေါင်းညိတ်လိုက်သည်။ ထိုသူနှစ်ဦးကိုကြည့်ရသည်မှာ ကရင်လိုလို၊ ရှမ်းလိုလို၊ ယိုးဒယားလိုလိုဖြစ်နေသည်။ အသားအရေအနည်းငယ်လတ်ပြီး ရုပ်သွင်ပြင်မှာတော့ ယိုးဒယားများနှင့် အလွန်ဆင်တူလှသည်။ ငခမ်းတို့မှာ ချမ်းလွန်းသဖြင့် ခိုက်ခိုက်တုန်နေလေသည်။ ကထောက ထိုအဖြစ်ကိုတွေ့ပြီး ဇရပ်ပေါ်တွင်ချထားသည့် သူတို့ကုန်စည်အထုပ်အပိုးများအနီးသို့သွားလိုက်သည်။ ထို့နောက် သားမွှေးများနှင့် ချည်ထည်များကိုယူလာသည်။
“ရော့နောင်ကြီးတို့ အရမ်းအေးနေတယ်မဟုတ်လား၊ ဒီဥတု ဒီရာသီနဲ့ နောင်ကြီးတို့ဝတ်ထားတဲ့အဝတ်တွေနဲ့ မကိုက်ဘူးဗျ၊ ဟောဒီမှာ ချည်ထည်တွေပါလာတယ်၊ နောင်ကြီးတို့မှာ ငွေမပါလာရင်လည်း ခဏယူဝတ်ထားကြပါ”
ချည်ထည်မှာ ရိုးရာရက်ကန်းဖြင့်ပြုလုပ်ထားသည့် ချည်ထည်အထူကြီးများဖြစ်ရာ သူတို့တွေချည်ထည်များကိုယူပြီး ဝတ်ဆင်လိုက်သည်။ သို့သော် ချည်ထည်စောင်ကြီးများမှာ လေးခုသာပါသဖြင့် ငခမ်းဝတ်ဆင်ရန်မရှိတော့ပေ။ နောက်ဆုံးကျန်သည့်တစ်ခုမှာ သားမွှေးအနက်ရောင်ထည်ကြီးဖြစ်သည်။ ပုပ်စော်၊ ညှီစော်နံသဖြင့် ဘယ်သူမှမဝတ်ဆင်ချင်ကြပေ၊ နောက်ဆုံးတော့ ငခမ်းလက်ထဲ ထိုသားမွှေးထည်ကြီးရောက်လာခဲ့သည်။
“ခင်ဗျားကံကောင်းတယ်ပြောရမယ်၊ ဒီသားမွှေးက ဝံတစ်ကောင်ရဲ့သားမွှေးဗျ၊ မုဆိုးတစ်ယောက်ဆီကနေ ကျုပ်ရလာခဲ့တာ၊ ဒီသားမွှေးထည်ကြီးကပဲ မြည်းငါးကောင်လောက်နီးပါး တန်ဖိုးရှိတယ်”
ကထောကသာ တန်ဖိုးကြီးသည်ဟုပြောသော်လည်း သားမွှေးထည်မှာ နံစော်နေသည်။ သေဆုံးပြီးသား ဝံကြီးတစ်ကောင်ထံမှ ခွာယူလာသည့်အကြမ်းထည်ဖြစ်သည်မို့ အတွင်းဘက်မှာ ဝက်ဝံသားရေဖြစ်ပြီး ထိုသားရေမှာ ပုပ်ဟောင်နံစော်နေလေသည်။ ငခမ်းမှာ ရွေးချယ်စရာမရှိတော့သည်မို့ ထိုသားမွှေးထည်ကြီးကိုသာ ခြုံလွှမ်းလိုက်ရသည်။ သို့သော် ဝက်ဝံသားမွှေးမို့ အလွန်နွေးထွေးလှသည်။
သူတို့ပါလာသည့်ခေါင်ရည်များကို တိုက်သော်လည်း ကထောနှင့်ကပြားက မသောက်ပေ။ သူတို့ကိုမယုံကြည်လောက်သေးပုံရသည်။
“ဒါနဲ့ ဒီလမ်းက ခက်ခဲကြမ်းတမ်းတဲ့လမ်းတစ်ခုပဲ၊ နောင်ကြီးတို့ဘာလို့ ဒီလမ်းကနေလာခဲ့တာလဲ”
“ကျုပ်တို့အလျင်လိုနေလို့ပါ၊ မိုးဗြဲဘက်ကဆင်းရင် လမ်းခရီးရှည်တယ်မဟုတ်လား”
“ဒါတော့ ဒါပေါ့၊ ဒါပေမယ့် ဒီလမ်းမှာက အနှောင့်အယှက်များလွန်းလှတယ်မဟုတ်လား”
စည်သူက ကထောကိုမျက်ခုံးပင့်ပြီးကြည့်လိုက်သည်။
“ဘယ်လိုအနှောင့်အယှက်များတာလဲ”
“ဪ၊ ဒီလိုပါ၊ ခင်ဗျားတို့မကြားဖူးဘူးထင်တယ်၊ ဒီတောင်ကြီးကို တောင်မြင့်တောင်လို့ခေါ်တယ်ဗျ၊ တောင်ကြီးက မြင့်လို့ ဒေသခံတွေက တောင်မြင့်လို့ လွယ်လွယ်နာမည်ပေးလိုက်ကြတယ်ထင်ပါတယ်၊ ဒီတောင်ထိပ်ပေါ်မှာ စုန်းမကြီးကိုးယောက်ရှိသတဲ့ဗျ၊ သူတို့က ဒီဒေသကို အသစ်ခြေချတဲ့လူတွေကို ဖမ်းဆီးစားသောက်တတ်တယ်၊ သူတို့ဖမ်းဆီးတာ မခံချင်ရင်တော့ ဝက်ခေါင်းနဲ့သူတို့ကို ယဇ်ပူဇော်ရတယ်ဗျ”
ကထောက စည်သူတို့ကို တစ်ချက်မေးငော့ပြီးကြည့်လိုက်သည်။ စည်သူက ခေါင်းခါလိုက်သည်။
“ကျုပ်တို့ကတော့ ဒါမျိုးတွေ အယုံအကြည်မရှိပါဘူးဗျာ”
“အင်းပေါ့လေ၊ ကျုပ်တို့လည်းမယုံချင်ပါဘူးဗျာ၊ ကျုပ်တို့ကုန်ကူးလာတာ ဆယ်နှစ်လောက်ရှိတော့မယ်၊ တစ်ခါမှတော့ စုန်းမကြီးတွေကိုမမြင်ဖူးဘူးဗျ၊ အဲ ယဇ်တော့ပူဇော်ခဲ့တာပေါ့ဗျာ”
ညည့်အလွန်နက်လာပြီဖြစ်သဖြင့် သူတို့စကားဝိုင်းကိုအဆုံးသတ်လိုက်ကြပြီး မီးပုံနံဘေးတွင်ပင် အိပ်စက်လိုက်ကြသည်။ ကထောနှင့် ကပြားတို့ကတော့ သူတို့အနီးတွင် ဓါးများချထားပြီး လက်နှင့်ကိုင်အိပ်သည်ကိုကြည့်ချင်းအားဖြင့် သူတို့တစ်ဖွဲ့လုံးကို ယုံကြည်ပုံမရသေးပေ။
(၃)
အလွန်အေးစက်သည့်အထိအတွေ့ကိုရလိုက်သည့်အတွက် ငခမ်းမျက်လုံးများဖွင့်ကြည့်လိုက်သည်။ ထိုအခါ သူ့မျက်နှာကို ခွေးတစ်ကောင်က လျှာဖြင့်လျက်နေသည်ကိုတွေ့လိုက်ရသည်။
“ဟာ၊ ဒီခွေးတော့ သေတော့မယ်၊ သွားစမ်း”
ငခမ်းမောင်းထုတ်လိုက်သဖြင့် ကျန်သည့်လူများက ရယ်မောလိုက်ကြသည်။ သူတို့ပါလာသည့် အသားခြောက်များကို မီးဖိုတွင်ကင်ပြီး စားသောက်လိုက်ကြသည်။ ကထောနှင့် ကပြားလည်း သူတို့အစားအသောက်များကို လိုက်လံစားသောက်ကြသည်။
ခွေးလေးက ပိန်ကပ်နေပြီး သူတို့အနီးတွင် ရစ်သီရစ်သီလုပ်နေသည်။ ကပြားက
“သွားစမ်းကွာ၊ မင်းကြည့်ရတာလည်း ပိန်ချိနေတာပဲ၊ မဟုတ်လို့ကတော့ မင်းအသားကင်ဖြစ်တယ်ကွ”
မည်သို့ပင်မောင်းမောင်း ခွေးကလေးက ပေကပ်နေသည်။ သူတို့အထဲတွင် သနားတတ်သည့်လူက ငခမ်းဖြစ်ရာ ငခမ်းက သူစားမည့်အသားခြောက်ကင်များကို ခွေးလေးအားကျွေးလိုက်သည်။ ခွေးလေးမှာ အငတ်ငတ်အပြတ်ပြတ်နှင့်မို့ အားရပါးရစားလေရာ ခဏအတွင်း အကုန်ကုန်သွားတော့သည်။
“ငခမ်းရာ၊ မင်းကွာ၊ ကိုယ်စားမယ့်အသားကို ခွေးကျွေးပစ်တယ်လို့ကွာ၊ မင်းခွေးဝလာရင် ဟိုကောင်လေးက ကင်စားမှာကွ သိရဲ့လား ဟား၊ ဟား”
ပျံချီက ကပြားဆိုသည့်ကောင်လေးကို လက်ညှိုးထိုးရင်းပြောဆိုလိုက်သည်။ ကပြားမှာ အသက်ဆယ့်ခြောက်နှစ်ခန့်ရှိမည့် လူပျိုပေါက်ကလေးတစ်ယောက်ဖြစ်သည်။ ခွေးလေးမှာ မောင်းထုတ်လို့မရတော့ပေ။ သူတို့ခရီးဆက်သည့်အခါ သူတို့အနောက်မှ ငိုက်စိုက်၊ ငိုက်စိုက်နှင့် လိုက်ပါလာခဲ့သည်။
“ငခမ်းရေ မင်းတော့အဖော်ရပြီဟေ့၊ ဟား၊ ဟား”
ဝက်ကြီးက ခေါင်ရည်တစ်ကျိုက်မော့ရင်း ပြောဆိုလိုက်သည်။
“ဒါနဲ့ဒီခွေးကို ကျုပ်မွေးမယ်ဗျာ၊ သူ့ကိုနာမည်ဘယ်လိုပေးရမလဲ”
ဝက်ကြီးကခွေးလေးကို သေချာကြည့်ပြီး
“လွယ်ပါတယ်ကွာ၊ မင်းခွေးရဲ့ခေါင်းထိပ်မှာ အဖြူကွက်လေးပါတယ်မဟုတ်လား၊ ဒီတော့ ထိပ်ဖြူလို့ နာမည်ပေးလိုက်ပေါ့ကွာ”
“ထိပ်ဖြူ၊ ထိပ်ဖြူ အင်း မဆိုးပါဘူး”
သူတို့ခရီးဆက်လာရင်း တောင်ပေါ်တဖြည်းဖြည်းရောက်လာခဲ့သည်။ တောကနက်သထက်နက်လာသည်။ အရှေ့တွင်တော့ ကျောက်ခင်းလမ်းမှာဆုံးသွားပြီး မြက်တောများဖုံးလွှမ်းနေသည့် တောလမ်းသာရှိသည်။ ငခမ်းက စည်သူအနီးသို့တိုးကပ်လာခဲ့သည်။
“စည်သူ၊ ခင်ဗျားသူပြောတာကြားတယ်မဟုတ်လား၊ ဒီတောင်ပေါ်မှာ စုန်းမကြီးကိုးယောက်နေတယ်ဆိုတာလေ”
စည်သူက ခေါင်းတစ်ချက်ခါလိုက်သည်။
“မင်းဘာတွေးနေသလဲဆိုတာ ငါသိတယ်ငခမ်း၊ ဒါပေမယ့် ငါတို့ရဲ့တာဝန်ထဲမှာ အဲဒီစုန်းမကြီးတွေမပါဘူးကွ”
စည်သူရဲ့အဖြေကို ငခမ်းကမကျေနပ်ပေ။
“အိုဗျာ၊ ဒီစုန်းမကြီးတွေက ဒီလမ်းကဖြတ်တဲ့သူတွေကို နှောင့်ယှက်နေတယ်မဟုတ်လား”
“ဘာဖြစ်လဲကွ၊ ငါတို့ကိုမနှောင့်ယှက်ရင်ပြီးတာပဲမဟုတ်လား”
ငခမ်းက မကျေနပ်မှန်းသိသည်မို့ စည်သူကဆက်ပြီးပြောသည်။
“ဒီမယ်ငခမ်း၊ ငါတို့က တာဝန်နဲ့လာတာ၊ ကိုယ့်တာဝန်ကိုပဲ အာရုံစိုက်စမ်းပါ၊ ငါတို့က လူတစ်ကာကိုကယ်တင်ပေးဖို့ တာဝန်မရှိဘူးကွ၊ ငါတို့တာဝန်က လင်းနို့ရာဇာကြီးပဲ၊ မင်းပြောတဲ့စုန်းမကြီးတွေက ငါတို့သွားမယ့်လမ်းမှာ လာမပိတ်ရပ်သေးသရွေ့ ငါတို့နဲ့ဘာမှမဆိုင်ဘူး”
“တကယ်လို့ စုန်းမကြီးတွေက ကျုပ်တို့ရှေ့မှာပေါ်လာပြီဆိုရင်ရော”
“ဒါဆိုရင်တော့ အဲဒီစုန်းမကြီးတွေကို မင်းနဲ့ပေးစားရမှာပေါ့ကွာ၊ ဟား၊ ဟား”
စည်သူကရယ်မောလိုက်သည်။ ကထောက သူတို့အဖွဲ့၏ ရှေ့ဆုံးမှခရီးဆက်နေသည်မို့ ထိုစကားကိုမကြားလိုက်သော်လည်း ကပြားက ကြားလိုက်ပြီး မျက်မှောင်တစ်ချက်ကြုတ်လိုက်သည်။
တောအတွင်းခရီးဆက်နေသည်မှာ အတော်ကြာလာခဲ့ပြီဖြစ်သည်။ ကထောမျက်နှာပျက်နေသည်ကို သူတို့သတိထားမိသည်။ တစ်ခါတစ်ရံ ကပြားက ကထောနားသို့သွားပြိး သူတို့နှစ်ဦး တတွတ်တွတ်ပြောဆိုနေတတ်သည်။ မကြာခင် တောအုပ်အတွင်းမှောင်ရိပ်သန်းလာခဲ့ပြီဖြစ်သည်။ ကထောက မြည်းပေါ်မှဆင်းပြီး ကျောက်တုံးတစ်တုံးပေါ်တွင်ထိုင်ချလိုက်သည်။
“ဘာဖြစ်တာလဲ”
“ကျုပ်တို့လမ်းပျောက်နေပြီဗျ”
ကထောပြောလိုက်တော့ သူတို့အားလုံး အံ့ဩသွားသည်။ စည်သူက
“ဒါနဲ့ခင်ဗျားပြောတော့ ဒီလမ်းက ခင်ဗျားတို့သွားနေကျလမ်းဆိုဗျ၊ ခင်ဗျား လမ်းသေချာမသိဘူးလား”
ကထောက ခေါင်းခါပြီး ခေါင်းပေါင်းကိုဖြုတ်ကာ သူ့နဖူးမှချွေးများကိုသုတ်နေလေသည်။
“မဟုတ်ဘူးဗျ၊ ကျုပ်တို့ဒီလမ်းကိုသွားတာ ချောင်းပေါက်တော့မယ်၊ တစ်ခါမှ ဒီလိုမျိုးမဖြစ်ဖူးဘူး”
ထိုအခါ ကပြားက သူတို့ကိုဒေါသတကြီးစိုက်ကြည့်ပြီး စည်သူကိုလက်ညှိုးထိုးလိုက်သည်။
“အဲဒါခင်ဗျားကြောင့်”
သူတို့အားလုံး ကပြားကို ဝိုင်းကြည့်လိုက်သည်။
“ခင်ဗျားကြီးက ခုနက စုန်းမကြီးတွေကို စော်ကားပြောဆိုနေတာ ကျုပ်ကြားလိုက်တယ်၊ နောက်ပြီးတော့ ခင်ဗျားတို့ စုန်းမကြီးတွေကို ယဇ်ပူဇော်တာမလုပ်ခဲ့ဘူးမဟုတ်လား၊ သေချာပါတယ် အကိုကထောရာ၊ ဒီလူတွေပါလို့စုန်းမကြီးတွေက ကျုပ်တို့ကိုလမ်းပျောက်အောင်လုပ်ထားတာနေမှာ”
ကပြားက လှံကြီးဆွဲပြီး တရွယ်ရွယ်နှင့်လုပ်နေသည်မို့ ကထောက ကပြားကိုလှမ်းဆွဲလိုက်သည်။
“စိတ်အေးအေးထားစမ်းပါကွာ၊ ငါဖြေရှင်းပါ့မယ်ကွ”
ထို့နောက် ကထောက သူတို့ကိုကြည့်ပြီး
“ကျုပ်တော့ သူပြောတာကို သိပ်မယုံချင်ပါဘူး၊ ဒါပေမယ့် ဒီအခြေအနေအတိုင်းဆိုရင်တော့ ကျုပ်တို့အတူတူဆက်သွားလို့မဖြစ်နိုင်တော့ဘူးနောင်ကြီး”
စည်သူကပြုံးလိုက်ပြီး
“ကောင်းပါပြီဗျာ၊ ကျုပ်တို့ ကိုယ့်လမ်းကိုယ်သွားကြတာပေါ့၊ ရော့ ခင်ဗျားရဲ့အထည်တွေပြန်ယူပါ”
ကထောက လက်ကာပြသည်။
“နောင်ကြီးတို့ ရှေ့ဆက်လမ်းခရီးမှာ ဒီထက်ပိုပြီးအေးတော့မှာ၊ နောင်ကြီးတို့ပဲ ယူထားလိုက်ပါ”
ထိုအခါ ပျံချီက ငွေအိတ်ထဲမှ ငွေပြားအချို့ကိုထုတ်ပေးလိုက်သည်။
ထို့နောက် ကထောက မြည်းပေါ်တက်လိုက်ပြီး ကပြားကလည်းမြည်းပေါ်ခုန်တက်လိုက်ကာ ဝန်တင်လားကလေးနှစ်ကောင်ကိုဆွဲလျှက် တောအုပ်အတွင်းသို့ဝင်သွားလေသည်။ ပျံချီက စည်သူကိုကြည့်လိုက်သည်။
“ကောင်းလိုက်တာ၊ အခုကျုပ်တို့ဘယ်လိုလုပ်ကြမလဲစည်သူ၊ ခင်ဗျားရော လမ်းမသိဘူးလား”
စည်သူက မေးစေ့ကိုလက်နှင့်ပွတ်သပ်လိုက်သည်။
“သူပြောတာမှန်လောက်တယ်ဗျ၊ ကျုပ်အရင်တုန်းက ဒီလမ်းကို သုံးလေးခေါက်လောက်သွားဖူးတယ်၊ လမ်းအတိုင်းလိုက်သွားရင်း နောက်ဆုံးငွေတောင်ပြည်ကိုရောက်တာပဲ၊ အခုလိုတောထဲက မဖြတ်ရဘူးဗျ”
ပျံချီမှာ အလွန်စိတ်ဓါတ်ကျသွားသည်။
“မင်းကိုယုံမိတာ မှားတာပဲစည်သူရေ၊ ငါ့ဖာသာသွားရင်အကောင်း၊ အခုတော့ မင်းတို့နဲ့ပေါင်းမိလို့ တောထဲမှာ မျက်စိလည်နေရပြီမဟုတ်လား”
ထိုအချိန်တွင် ခွေးကလေးမှာ မြေပြင်ကို တရှုံ့ရှုံ့နမ်းရင်း တစ်ခုခုကိုအနံ့ခံနေလေသည်။ နောက်တော့ တောအုပ်အတွင်းသို့ပြေးသွားပြီး သူတို့ကိုကြည့်ကာထိုးဟောင်လေသည်။ ငခမ်းက ထိုအခြေအနေကို ရိပ်စားမိလိုက်သည်။
“ကဲဗျာ၊ ငြင်းမနေကြနဲ့တော့၊ စာဆိုတောင်ရှိသေးတယ် လမ်းမသိရင် ခွေးနောက်လိုက်တဲ့”
စည်သူနှင့်ပျံချီမှာ ငခမ်းကိုကြည့်လိုက်သည်။
“ကျုပ်အထင် ဒီခွေးက တောခွေးမဟုတ်ဘူးဗျ၊ အိမ်မွေးခွေးပုံစံပဲ၊ ဒီတော့ ဒီနားမှာ လူနေတဲ့ရွာတစ်ခုခုရှိရမယ်၊ ဒီခွေးလေးက လမ်းကိုသိချင်သိနေမှာဗျ၊ သူ့နောက်လိုက်သွားရင် သူ့ရွာကိုရောက်သွားလောက်တယ်”
စည်သူနှင့် ပျံချီတို့လည်း ဘာမှမတတ်နိုင်တော့သဖြင့် ခေါင်းညိတ်လိုက်သည်။ ငခမ်းက ခွေးကလေးအနောက်သို့လိုက်သွားသည့်အခါ ခွေးကလေးက အရှေ့မှဦးဆောင်ပြေးတော့သည်။
မကြာမီ လမ်းကလေးတစ်ခုတွေ့လိုက်ရသည်။ ထိုလမ်းနံဘေးတွင် သစ်သားဖြင့်ရေးထားသည့် ဆိုင်းဘုတ်တစ်ခုရှိသည်။ ဆိုင်းဘုတ်တွင်ရေးထားသည့် စာများကိုသူတို့မဖတ်တတ်ပေ။ ကောက်ကောက်ကွေးကွေးနှင့် ရေးသားထားသည့်စာတစ်မျိုးဖြစ်သည်။ ထိုလမ်းအတိုင်း လိုက်လာသည့်အခါတွင် အိမ်ကလေးများတန်းစီဆောက်ထားသည်ကိုမြင်လိုက်ရသည်။ အိမ်ကလေးများ၏ ခေါင်မိုးမှလည်း မီးခိုးများထွက်နေသဖြင့် လူနေထိုင်သည်ကို သိလိုက်ရသည်။
“ရှေ့မှာ၊ ရွာကလေးတစ်ရွာဗျို့”
(၄)
ငခမ်းက ဝမ်းသာအားရနှင့်အော်လိုက်ပြီး သူတို့ရွာဆီသို့ ဦးတည်လိုက်ကြသည်။ ရွာကလေးမှာ တောင်စောင်းတစ်ခုတွင်ဆောက်ထားခြင်းဖြစ်ပြီး ရွာအဝင်တွင် သီးနှံစိုက်ခင်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများကိုတွေ့ရပြီး ထိုစိုက်ခင်းများတွင်လည်း အသီးအနှံများက ဖူးပွင့်ဝေဆာနေကြသည်။
သူတို့ရွာထိပ်ရောက်သည့်အခါ စိုက်ခင်းထဲမှ မိန်းကလေးတစ်ယောက်ပြေးထွက်လာပြီး သူတို့ကိုနှစ်လိုဖွယ်ကောင်းသည့် အပြုံးနှင့် ပြုံးပြသည်။
“အကိုကြီးတို့ကို ကြည့်ရတာ ခရီးသွားတွေနဲ့တူတယ်”
“ဟုတ်ပါတယ်၊ ကျုပ်တို့လမ်းပျောက်နေလို့ပါ”
“မိုးချုပ်တော့မယ်ထင်တယ်၊ ရွာမှာတစ်ညနားလိုက်ပါ၊ နောက်နေ့ကျတော့ အနန်းလမ်းပြပေးပါ့မယ်”
ငခမ်းလည်းပြုံးလိုက်ပြီး သူတို့ရွာအတွင်းသို့ဝင်ခဲ့ကြသည်။ အိမ်ကလေး ဆယ်လုံးခန့်ရှိပြီး အိမ်ကလေးများမှာလည်း သပ်သပ်ရပ်ရပ်ကလေးများဖြစ်သည်။ သူတို့ဝင်လာသည့်အခါ အိမ်ကလေးများအတွင်းမှ မိန်းကလေးများပြေးထွက်လာကြသည်။ နောက်တော့ သူတို့ကိုခြံဝန်းကျယ်ကြီးရှိသည့် အိမ်ကြီးတစ်ခုဆီသို့ခေါ်သွားသည်။
အိမ်ရှေ့ရောက်သည့်အခါ မြင်းချည်တိုင်တွင် မြည်းများကိုချည်နှောင်လိုက်သည်။ သူတို့မြည်းပေါ်မှဆင်းလိုက်သည်နှင့် မိန်းကလေးများမှာ သူတို့ကိုဝိုင်းပြီးကိုင်တွယ်ကြသည်။
“ဟယ်၊ ဒီဗလတောင့်တောင့်နဲ့အကိုကြီးက ငါ့လင်နော်”
ငခမ်းကို မိန်းကလေးသုံးယောက်လောက်ဝိုင်းပြီးဆွဲနေသည်။ မိန်းကလေးများက ငခမ်း၏ လက်မောင်းကြွက်သားများကိုပွတ်သပ်နေသလို၊ ငခမ်း၏ ရင်ဘတ်ကိုလည်းပွတ်သပ်နေကြသည်။ အသက်အနည်းငယ်ကြီးသည့် အမျိုးသမီးကြီးတစ်ယောက်ကလည်း ငခမ်း၏တင်ပါးကို လက်နှင့်ပုတ်လိုက်သည်။
“ဟယ်၊ တောင့်နေတာပဲ၊ ဟဲ့ကောင်မတွေ ညည်းတို့ဘေးဖယ်ကြစမ်း၊ ဒါ ငါ့လင်ဟဲ့”
ငခမ်းနည်းတူ ဝက်ကြီး၊ ပျံလွှား၊ စည်သူနှင့် ပျံချီတို့ကိုပါ မိန်းကလေးများက ပွတ်သပ်ကျီစားနေကြသည်။ ငခမ်းကတော့ ထိုကဲ့သို့လုပ်ရပ်မျိုးကို မနှစ်မြို့ပေ။ ထိုအချိန်တွင် အိမ်ကြီး၏ တံခါးပွင့်သွားပြီး အတွင်းမှ အသက်ကြီးကြီး အဘွားကြီးတစ်ယောက်ထွက်လာသည်။
“ဟဲ့ကောင်မတွေ၊ လင်ဆာမနေနဲ့၊ ဧည့်သည်တွေကို အထဲကိုခေါ်လာခဲ့စမ်း”
မိန်းကလေးများက သူတို့ကိုဆွဲပြီး အိမ်ပေါ်သို့ခေါ်တင်လာခဲ့သည်။ အိမ်ကြီးမှာ အတော်ကျယ်ဝန်းသည်။ သူတို့ထိုင်လိုက်သည့်အခါ မိန်းကလေးများက သူတို့အနီးတွင် ပွတ်သပ်နေကြပြန်သည်။
“ကောင်မတွေ နင်တို့တော်စမ်း၊ ဖယ်ကြ၊ မဟုတ်ရင် ငါ့တောင်ဝှေးစာမိမယ်”
အဘွားကြီးက ကြိမ်းမောင်းလိုက်မှ မိန်းကလေးများမှာ အခန်းတစ်နေရာတွင် စုဝေးထိုင်နေကြသည်။ သူတို့အချင်းချင်းတိတ်တဆိတ်စကားပြောပြီး ဟိုလူက သူ့လူ၊ ဒီလူက သူ့လူဟုပြောကာ ငြင်းခုန်နေကြပြန်သည်။ မိန်းကလေးများထဲတွင် အသက်ငယ်သည့်မိန်းကလေးများလည်းပါသလို၊ အသက်ခပ်ကြီးကြီး ၀၀မိန်းမကြီးများလည်းပါသည်။
“လူလေးတို့ လမ်းပျောက်လာတယ်ထင်တယ်”
“ဟုတ်ပါတယ်အဘွား၊ ကျုပ်တို့တောထဲမှာ မျက်စိလည်နေတာပါ”
“အေးကွယ်၊ ဒီလမ်းကိုသိပ်မသွားဖူးတဲ့လူဆိုရင် လမ်းပျောက်တတ်ပါတယ်၊ ကဲ လာပါ၊ တို့ရွာရောက်တုန်း အေးအေးဆေးဆေးအနားယူလိုက်ပါ”
ထိုအခါ မိန်းကလေးများက သူတို့ဆီသို့ပြေးလာကြသည်။
“အကိုကြီး ညီမတို့အိမ်ကိုလိုက်ခဲ့ပါ၊ ညီမ အကိုကြီးကို ဧည့်ခံပါရစေ”
အသက်နှစ်ဆယ်ခန့်နီးပါးရှိသည့် မိန်းကလေးတစ်ဦးက ငခမ်းလက်ကိုအတင်းဆွဲသည်။ ထိုအချိန် အဒေါ်ကြီးတစ်ယောက်က ငခမ်းလက်ကိုလာဆွဲပြန်သည်။
“မောင်လေး၊ မမအိမ်ကိုလိုက်ခဲ့ပါ၊ မောင်လေးစိတ်ကြိုက်တွေချည်းပဲ ဖြစ်စေရမယ်”
ငခမ်းက စိတ်ညစ်နေသည့်အခါ သူ့နံဘေးမှ မိန်းကလေးမှာ အပေါ်ဝတ်ထားသည့်အဝတ်အစားများကိုချွတ်ချလိုက်သည်။ ထိုအခါ ဖြူဖြူနုနု ရင်သားများမှာ အတိုင်းသားဖြစ်နေလေသည်။ ငခမ်းကြည့်ရင်း မျက်လုံးများပင်ရှက်လာသည်။ အချို့မိန်းကလေးများမှာလည်း အဝတ်အစားများကိုချွတ်ချလိုက်ပြီး အမျိုးစုံ မြှူဆွယ်နေတော့သည်။
ငခမ်းက စည်သူတို့အား အကူအညီရမလားဆိုပြီး ကြည့်လိုက်ရာ စည်သူတို့မှာ ထိုမိန်းကလေးများကို နမ်းရှုံ့နေကြလေသည်။
“ဟေ့လူ၊ ကျုပ်တို့တာဝန်ထဲမှာ ဒီဟာလည်းမပါဘူးမဟုတ်လား”
ထိုအခါ စည်သူက မိန်းကလေးနှစ်ယောက်ကို ဘယ်တစ်ယောက် ညာတစ်ယောက်ဖက်ထားရင်း
“အိုကွာ၊ ဒါကျတော့ တာဝန်ထဲမပါပေမယ့်လဲ ငါတို့အပျော်လေးနည်းနည်းလောက်တော့ ရှာလို့ရပါတယ်ကွ”
မိန်းကလေးလေးယောက်က စည်သူကိုဆွဲခေါ်သွားသည်။ ထို့အတူ ပျံချီကိုလည်း မိန်းကလေးသုံးယောက်က ခေါ်ဆောင်ကာ အိမ်ပေါ်မှဆင်းသွားသည်။ ဝက်ကြီးနှင့် မိန်းကလေးတစ်သိုက်အဖွဲ့ကျနေကာ ဝက်ကြီးက မိန်းကလေးနှစ်ယောက်ကို ပုခုံးပေါ်တင်ထမ်းကာ အိမ်ပေါ်မှဆင်းသွားသည်။ ပျံလွှားလည်း မိန်းကလေးများ၏ အချော့အမြှူကို ထိန်းသိမ်းနိုင်သည့်ပုံမပေါ်ပေ။
“သွားကြ၊ ငါ့ကိုဒီလိုလာမလုပ်ကြနဲ့”
ငခမ်းက အော်ဟစ်ပြီးတွန်းထုတ်ပစ်လိုက်သည်။ မိန်းကလေးများမှာ ကြမ်းပေါ်သို့လဲကျသွားသည်။ မိန်းမကြီးတစ်ယောက်က သူ့အားဒေါသထွက်သွားလေသည်။
“ဟဲ့ တော်ကြတော့၊ နင်တို့စည်းကမ်းကိုသိတယ်မဟုတ်လား၊ ဧည့်သည်ကို မနှောင့်ယှက်ကြနဲ့”
ထိုအခါ မိန်းကလေးများမှာ အဝတ်အစားများမပါဘဲ အိမ်ပေါ်မှပြေးဆင်းသွားသည်။ ငခမ်းတစ်ယောက် အခုမှသက်ပြင်းချနိုင်သည်။
“ဘာတွေဖြစ်နေတာလဲအဘွား၊ ဒီမိန်းကလေးတွေက ဘာလို့ဒီလောက်တောင်ဖြစ်နေကြတာလဲ”
ထိုအခါ အဘွားကြီးက ခေါင်းညိတ်လိုက်သည်။
“တို့ရွာမှာ ယောက်ျားမရှိတာ သုံးနှစ်သုံးမိုးတိုင်ခဲ့ပြီလူလေးရဲ့”
ငခမ်းလည်းအံ့ဩသွားမိသည်။ အခုမှပြန်စဉ်းစားကြည့်မိတော့ ရွာသို့ဝင်လာကတည်းက ယောက်ျားတစ်ယောက်မှမတွေ့မိပေ။
“ဒါဆို ယောက်ျားတွေက ဘယ်ရောက်ကုန်လို့လဲအဘွား”
“တို့ ကရင်နီပြည်နယ်မှာ ယိုးဒယားနဲ့စစ်ဖြစ်နေခဲ့တယ်၊ ဒါကြောင့်မို့ စောဖျား(စော်ဘွား) တွေက စစ်တိုက်ဖို့ ကျေးရွာတွေက ယောက်ျားသားမှန်သမျှကို စစ်ထဲခေါ်သွားခဲ့တယ်၊ ယောက်ျားဆိုရင် နို့စို့အရွယ်ကလေးလောက်သာကျန်ပြီး ဓါးကိုင်၊ လှံနိုင်တဲ့အရွယ်ကအစ စစ်ထဲလိုက်သွားရတယ်လေ”
“ဒါဆိုသူတို့ပြန်မလာကြဘူးလား”
အဘွားအိုက ခေါင်းခါပြသည်။
“ဒါကြောင့်မို့လို့ ဒီရွာက မိန်းကလေးတွေက ယောက်ျားသားမြင်ရင် မနေနိုင်လောက်အောင်ကို အရမ်းတောင့်တနေကြတာပေါ့ကွယ်၊ တို့ရွာကလည်း ခေါင်တယ်ဆိုတော့ တော်ရုံလူမရောက်နိုင်ဘူးမဟုတ်လား”
ငခမ်းလည်းခေါင်းညိတ်လိုက်မိသည်။
“ကဲပါ၊ မောင်ရင် ပင်ပန်းလာတယ်ဆိုရင် နားတော့၊ ဟောဟိုအခန်းမှာ အိပ်နိုင်တယ်ကွဲ့”
အဘွားကြီးညွှန်ပြသည့်အခန်းထဲသို့ ငခမ်းထွက်လာခဲ့သည်။ အခန်းတံခါးကိုဖွင့်လိုက်ပြီး ကြမ်းတွင်ခင်းထားသည့် အိပ်ရာပေါ်တွင်လှဲချလိုက်သည်။ ခဏကြာသည့်အခါ အခန်းတံခါးမှာ ပွင့်သွားလေသည်။ ငခမ်းလည်း အံ့ဩပြီး အခန်းတံခါးဆီသို့ ကြည့်လိုက်မိသည်။
“အလို”
အလွန်တရာ ချောမောလှပလွန်းသည့် မိန်းကလေးတစ်ဦးက အခန်းတံခါးဝတွင် ကိုယ်လုံးတီးရပ်နေလေသည်။ သူ့အသားအရည်ကလေးများက ဖြူစင်ဝင်းမွတ်နေပြီးနောက် အလွန်လှပသည့် မိန်းကလေးတစ်ယောက်၏ အလှကိုလည်းအတိုင်းသားမြင်နေရသည်။ ထိုမိန်းကလေးက သူ့အနီးသို့ရောက်လာကာ သူ့အပေါ်သို့ခုန်အုပ်လိုက်သည်။
“ကျွန်မကိုချစ်ပေးပါ၊ ကျွန်မလင်”
မိန်းကလေးက သူ့နားအနီးသို့ကပ်ပြီး တိုးတိုးလေးပြောလိုက်ကာ သူ့နားရွက်ကိုလျှာနှင့်လျက်နေလေသည်။ ငခမ်းစိတ်ထဲ တစ်မျိုးကြီးဖြစ်နေသည်။ ထိုမိန်းကလေးသည် သူမြင်ဖူးခဲ့သည့် နော်အဲမူတမျှ လှပသော်လည်း ထိုမိန်းကလေးနှင့် ပျော်ပါးဖို့စိတ်ကူးသူ့တွင်မဖြစ်ပေါ်မိသည့်အပြင် ထိုမိန်းကလေး သူ့အားကပ်နေသည်ကိုလည်း စိတ်ညစ်နေမိသည်။ သို့သော်လည်း ယောက်ျားသားမို့ ထိုမိန်းကလေး၏ အပြုအစုများအောက်တွင် ပျော်ဝင်ချင်လာသည်။ ထိုမိန်းကလေး၏ ကိုယ်လုံးကလေးကို တင်းကြပ်အောင်ဖက်ထားမိသည်။
“ဝုတ်၊ ဝုတ်”
ထိုစဉ် အိမ်ရှေ့မှခွေးဟောင်သံကိုကြားရသည်။
“ဝုတ်၊ ဝုတ်”
ခွေးက မရပ်မနားဟောင်နေသည်။ ငခမ်းခွေးဟောင်သံအပေါ် အာရုံရောက်သွားပြီး မိန်းကလေးကိုတွန်းလှဲလိုက်သည်။
“ထိပ်ဖြူလေး ဗိုက်ဆာနေပြီထင်တယ်”
ထို့နောက် အခန်းထဲမှထထွက်လိုက်တော့ မိန်းကလေးက ငခမ်းလက်ကိုလှမ်းဆွဲထားလိုက်သည်။
“ဘယ်သွားမလို့လဲအကို၊ ဒီမှာမပြီးသေးဘူးလေ”
ငခမ်းက ထိုမိန်းကလေးလက်ကိုပုတ်ချလိုက်သည်။
“ငါ့ခွေးကလေး ဗိုက်ဆာနေပြီထင်တယ်၊ သူ့ကိုအစာသွားကျွေးလိုက်အုံးမယ်”
ငခမ်းအိမ်ရှေ့ထွက်လာတော့ အိမ်ရှေ့လှေကားတွင် ခွေးကလေးက ရပ်နေကာ အိမ်ထဲသို့ကြည့်နေသည်။ အပြင်တွင် နေဝင်တော့မည်ဖြစ်သဖြင့် အလင်းရောင်က နည်းပါးနေပြီဖြစ်သည်။ ငခမ်းက ခွေးလေး၏ ခေါင်းကိုပွတ်သပ်ပေးလိုက်သည်။
“မင်းဗိုက်ဆာနေပြီလားကွ”
ထိုအခါ ခွေးလေးက သူ့ထံမှထွက်ခွာသွားပြီး ခြံစည်းရိုးနားအရောက်တွင် သူ့အားလည်ပြန်လှည့်ကြည့်ကာ သူ့ကိုဟောင်လေသည်။
“ဘာလဲ၊ ငါ့ကိုမင်းအနောက်ကို လိုက်စေချင်တာလား”
ခွေးလေးက ခေါင်းညိတ်ပြသလိုလုပ်ပြီး ဆက်ထွက်သွားသည်။ ငခမ်းလည်း ထူးဆန်းသွားသည်မို့ ခွေးကလေးအနောက်သို့လိုက်လာခဲ့သည်။
ခွေးလေးက သူ့အားဦးဆောင်ကာ ခေါ်သွားသည်မို့ငခမ်းလည်း လိုက်သွားမိသည်။ အိမ်ကလေးများမှာ ဆီမီးများထွန်းထားပုံရပြီး တလက်လက်နှင့်လင်းနေသည်။ ခွေးကလေးမှာ ရွာအနောက်သို့ဝင်သွားပြီး တောစပ်တစ်နေရာသို့ရောက်သွားသည်။ ထိုနေရာတွင် ဒူးလောက်အထိရှည်သည့် မြက်ပင်များကဖုံးလွှမ်းထားသည်။ ခွေးကလေးက မြက်တောအနောက်သို့ဝင်သွားပြီး တစ်ခုခုကိုတူးဆွနေသည်။ ငခမ်းသွားကြည့်လိုက်သည့်အခါ ခွေးကလေးတူးနေသည့် မြေပြင်တွင် ဖြူဖြူဖွေးဖွေးအရာတစ်ခုကိုမြင်လိုက်ရသည်။ ခွေးကလေးက ထိုအရာကိုကိုက်ပြီး မြေအောက်မှဆွဲထုတ်လိုက်သည်။
“ဟာ၊ လူ၊ လူခေါင်းကြီးပါလား”
ဖြူဖြူဖွေးဖွေး လူအရိုးခေါင်းကြီးတစ်ခုကို ခွေးကလေးက ကိုက်ချီထားသည်။ ငခမ်းလည်း အလွန်ထိတ်ခန့်သွားသည်။ ထို့နောက် ထိုမြေပြင်ကို သေသေချာချာကြည့်လိုက်ရာ သဲများနှင့် မြက်များအောက်တွင်တော့ ဖြူဖြူဖွေးဖွေးအရာများက ထိုးထိုးထောင်ထောင်နှင့်ထွက်နေကြသည်။ ငခမ်းသေချာတူးကြည့်ရာ လူအရိုးခေါင်းများ၊ နံရိုးများနှင့် လူခြေလက်ရိုးများကိုတွေ့ရသည်။
“ဟာ၊ ဘာတွေဖြစ်ကုန်တာလဲ”
နေ့အလင်းရောင်မှိန်မှိန်အောက်တွင် ထိုမြေပြင်ကြီးတစ်ခုလုံးတွင် လူအရိုးများဖြင့်ပြည့်နှက်နေသည်ကိုမြင်လိုက်ရသည်။ ငခမ်းက တစ်ခုခုတော့ ထူးနေပြီမှန်းသိလိုက်သည်။ ထိုအခါ ခွေးကလေးက သူကိုက်ချီထားသည့် လူအရိုးခေါင်းကြီးကိုပစ်ချလိုက်ကာ ရွာထဲသို့ဝင်ပြေးသည်။
“မဖြစ်ဘူး၊ ဒီအရိုးတွေက ဘာတွေလည်း၊ ငါ စည်သူတို့ကိုပြောပြမှဖြစ်မယ်”
ငခမ်းက ရွာအတွင်းသို့ ပြန်ပြေးဝင်လိုက်သည်။
ခွေးလေးက အိမ်ကလေးတစ်လုံး၏အရှေ့တွင် ရစ်သီရစ်သီလုပ်နေသည်။ ငခမ်းလည်း ခွေးကလေးတစ်ခုခုကိုပြောချင်နေပုံရသည်ကို သိလိုက်သဖြင့် ထိုအိမ်ပေါ်သို့အသာတက်ခဲ့သည်။ အိမ်တံခါးကြီးမှာ ပွင့်နေပြီး အိမ်အတွင်းတွင် ဆီမီးအလင်းရောင်က ထိန်လင်းနေသည်။ ငခမ်းလည်း အိမ်တံခါးဝအနီးမှ အသာကလေး အိမ်ထဲသို့ချောင်းကြည့်လိုက်သည်။
“ဟင်၊ ကပြားပါလား”
ကပြားဆိုသည့် လူငယ်ကလေးမှာအိမ်ရှေ့ခန်းတွင်ပင် မိန်းကလေးသုံးဦးနှင့် ချစ်ပွဲဆင်နေကြလေသည်။ ထိုမိန်းကလေးများရော ကပြားပါ မိန်းမောနေကြသဖြင့် ငခမ်းကိုပင်မမြင်မတွေ့ကြပေ။ ကပြားမှာ ချစ်ပွဲဆင်ပြီးသည့်အခါ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်ပြီး လဲကျသွားလေသည်။ အလွန်မောပန်းနေပုံရပြီး အသက်ကိုမနည်းရှုနေရသည်။ ထိုအချိန်တွင် မိန်းကလေးများမှာ ကပြားကိုပွတ်သပ်ရင်း ပြုံးရယ်နေကြသည်။
မိန်းကလေးတစ်ဦးမှာ ကပြား၏နှုတ်ခမ်းကိုစုပ်နမ်းပြီးနောက် ကပြားလျှာကိုသူ့ပါးစပ်နှင့်ကိုက်လိုက်ပြီး အားကုန်ကိုက်ချပစ်လိုက်သည်။
ကပြားမှာတစ်ချက်တုန်လှုပ်သွားပြီး တဝူးဝူးနှင့်အော်နေသည်။ မိန်းကလေးမှာ သူ့ပါးစပ်အတွင်း ပါလာသည့် ကပြား၏လျှာကို အငမ်းမရ ဝါးစားနေသည်။ ငခမ်းသေချာကြည့်လိုက်သည့်အခါ ထိုမိန်းကလေးများ၏ သွားများမှာ အစွယ်များအဖြစ်သို့ပြောင်းလဲသွားပြီး မိန်းကလေးများ၏ မျက်လုံးများမှာလည်း အနီရောင်အဖြစ်ဝင်းလဲ့တောက်ပနေသည်။
ထို့နောက် ကျန်သည့်မိန်းကလေးနှစ်ဦးအနက် တစ်ဦးမှာ ကပြား၏ လက်မောင်းကို ကိုက်ဖြတ်လိုက်သည်။ လက်မောင်းမှ အသားတစ်ကြီးပြတ်ထွက်သွားပြီး သွေးတွေပန်းထွက်လာသည်။ နောက်မိန်းကလေးတစ်ဦးက သွေးများကိုစုပ်ယူနေသလို တစ်ယောက်ကလည်း လက်မောင်းမှ အသားတစ်ကြီးကို အစိမ်းလိုက်ဝါးစားနေသည်။
ငခမ်းကြည့်နေသည့်အချိန်မှာပင် ကပြားကိုမိန်းကလေးသုံးယောက်က အရှင်လတ်လတ်အသားများဖဲ့စားနေကြသည်။ ကပြားမှာ မလှုပ်ရှားနိုင်ဘဲ တအင့်အင့်နှင့်သာ ညည်းညူနေလေသည်။ ငခမ်းပင် ထိုမိန်းကလေးများကိုကြည့်ရင်း ကြောက်ရွံ့လာလေသည်။
“လတ်စသတ်တော့ ဒီမိန်းကလေးတွေက လူသားစားတဲ့ ဘီလူးမတွေပဲ”
မိုးချုပ်သွားပြီဖြစ်သည်။ ကောင်းကင်က ကြည်လင်နေသဖြင့် လရောင်မှာ ရွာကလေးပေါ်သို့ဖြာကျနေသည်။
“စည်သူတို့၊ ပျံလွှားတို့”
ငခမ်းလည်းရေရွတ်လိုက်ပြီး အိမ်ပေါ်မှအမြန်ဆင်းခဲ့သည်။ ထိုအခါ အိမ်ရှေ့လှေကားရင်းတွင် ကောင်လေးတစ်ယောက် မတ်တပ်ရပ်နေလေသည်။
“ဟုတ်တယ်၊ ခင်ဗျားတွေ့ပြီမဟုတ်လား၊ သူတို့က လူသားစားတဲ့စုန်းမတွေပဲ”
ထိုကောင်လေးမှာ အလွန်ပိန်လှီနေပြီး အဝတ်အစားတွေမှလည်း စုတ်ပြတ်နေသည်။ တစ်ကိုယ်လုံးလည်း အကွက်အကွက်တွေနှင့် အနာတွေဖြစ်နေလေသည်။
“မင်း၊ မင်းက ဘယ်သူလဲ”
“ခင်ဗျားကျုပ်ကို မမှတ်မိဘူးလားငခမ်း၊ ကျုပ်က ထိပ်ဖြူလေ”
ငခမ်းအလွန်အံ့ဩသွားမိသည်။
“ထိပ်ဖြူဆိုတော့ မင်း၊ မင်းက ခွေးကလေးပေါ့”
“ဟုတ်တယ်၊ ကျုပ်က အရင်ကတော့ လူတစ်ယောက်ပါပဲ၊ ဒီရွာမှာနေတဲ့လူပေါ့”
“ဒါနဲ့ မင်းတို့ရွာမှာ ဘယ်လိုလုပ်ပြီးတော့ အသားစားတဲ့စုန်းမတွေ ရောက်နေခဲ့တာလဲ”
ထိပ်ဖြူက မိုးပေါ်သို့တစ်ချက်မော့ကြည့်လိုက်သည်။
“ဒါတွေအရေးမကြီးပါဘူးဗျာ၊ အခုအရေးကြီးတာက ခင်ဗျား ဒီရွာကနေထွက်ပြေးတော့”
“ဘာလို့လဲ၊ ငါတစ်ယောက်တည်း ထွက်မပြေးနိုင်ပါဘူး”
“ခင်ဗျားနားလည်အောင်ပြောရရင်တော့ ကျုပ်က သူတို့အတွက် ခရီးသွားတွေကို ခေါ်လာပေးရတဲ့ တာဝန်ယူထားရတာပဲ၊ ခင်ဗျားကိုကယ်တယ်ဆိုတာက ခင်ဗျားက ကျုပ်အပေါ်ကောင်းတယ်၊ ဒါကြောင့် ခင်ဗျားကို ကျုပ်ကယ်မယ်၊ ခင်ဗျား မြန်မြန်ပြေးတော့”
ငခမ်း ခေါင်းခါလိုက်သည်။
“ငါမပြေးဘူး၊ ငါ့လူတွေကို ကယ်ရအုံးမယ်ကွ”
(၅)
အိမ်တံခါးပိတ်ထားပြီး မီးများလင်းနေသည့် အိမ်ကလေးတစ်ခုအနီးတွင် ငခမ်းရပ်လိုက်သည်။ သူ့ခါးပတ်မှ ရွှေကြာပွင့်လက်နက်ကိုဖြုတ်လိုက်ပြီး အသင့်ပြင်ထားလိုက်သည်။ အိမ်အတွင်းမှ အသံဗလံများကိုကြားနေရသဖြင့် အိမ်တံခါးကိုခြေထောက်နှင့်ကန်ဖွင့်လိုက်သည်။
“ဝုန်း”
တံခါးပွင့်သွားသည့်အခါ အတွင်းတွင် ချစ်ပွဲဆင်နေသည့် ဝက်ကြီးကိုတွေ့သွားသည်။
“စုန်းမတွေ၊ သေပေတော့”
ဝက်ကြီးအရှေ့တွင် ပက်လက်လှန်နေသည့် စုန်းမအား ငခမ်းက ရွှေကြာပွင့်နှင့်လွှဲကာ ရိုက်ထည့်လိုက်သည်။ ထိုစုန်းမ၏ မျက်နှာကို ရွှေကြာပွင့်က ထိုးဖောက်ဝင်သွားပြီး မျက်နှာရှိအရိုးများမှာကျိုးကျေသွားသည်။
“ငခမ်း၊ မင်းဘာလာရှုပ်တာလဲ”
ထိုအခါ ဝက်ကြီးအနားမှ နောက်မိန်းကလေးတစ်ယောက်မှာ ပါးစပ်ကြီးပြဲကားသွားသည်။ ပါးစပ်အတွင်းတွင်တော့ သင်တုန်းဓါးများကဲ့သို့ ချွန်ထက်နေသည့် အစွယ်များရှိသည်။ မျက်လုံးကြီးလည်း နီရဲသွားပြီး ငခမ်းဆီသို့ ဖားတစ်ကောင်ကဲ့သို့ လွှားခနဲခုန်အုပ်လိုက်လေသည်။
ငခမ်းက ထိုစုန်းမ၏ မျက်နှာကိုခြေထောက်နှင့် ဆောင့်ကန်လိုက်ရာ စုန်းမမှာ လေပေါ်မှာပင် အနောက်သို့လွင့်ပြီး ပြုတ်ကျသွားသည်။ ထို့နောက် မတ်တပ်ရပ်ပြီး အိမ်ခန်းပြတင်းပေါက်မှ ခုန်ချရန်ပြုလုပ်လိုက်သည်။ သို့သော် ငခမ်းက ပိုမြန်သည်။ ချိတ်ကောက်ကြီးနှင့် လှမ်းပစ်လိုက်သောကြောင့် ထိုစုန်းမ၏ ဦးခေါင်းကိုချိတ်မိသွားလေသည်။ ငခမ်းက အားနှင့်ဆွဲလိုက်ရာ စုန်းမမှာ ပက်လက်လန်ကာ လဲကျသွားသည်။ ထိုအခါ ဝက်ကြီးက စုန်းမ၏မျက်နှာကို သူ့ခြေထောက်နှင့် အားကုန်နင်းထည့်လိုက်ရာ စုန်းမ၏ ခေါင်းကြီးတစ်ခုလုံး ပြားချပ်သွားပြီး ဦးနှောက်များမှာ အခန်းအတွင်းပြန့်ကျဲသွားသည်။
“ဝက်ကြီး၊ ဒီကောင်မတွေက လူမဟုတ်ဘူး၊ လူသားစားတဲ့စုန်းမတွေဟ”
ဝက်ကြီးလည်း ခေါင်းညိတ်လိုက်ပြီး နံရံတွင်ထောင်ထားသည့် သူ၏ဓါးမကြီးကိုဆွဲယူလိုက်သည်။
“ငါစည်သူကိုသွားကယ်မယ်၊ မင်းက ပျံလွှားကိုသွားကယ် ဝက်ကြီး”
ငခမ်းနှင့် ဝက်ကြီးတို့ စည်သူတို့ကိုကယ်ရန်အတွက် လူခွဲပြီးထွက်လာခဲ့ကြသည်။ အချို့အိမ်ကလေးများမှာ မှောင်အတိကျနေပြီး အချို့အိမ်ကလေးများမှာ မီးများလင်းထိန်နေသည့်အတွက်ကြောင့် လူရှိမရှိကို ရှာရလွယ်ကူသည်။ ငခမ်းက ဝက်ကြီးကို ကယ်ခဲ့သည့်အိမ်ကလေးမှ သုံးအိမ်မြောက်တွင် မီးလင်းနေသည်ကိုတွေ့လိုက်သဖြင့် ထိုအိမ်ဆီသို့အပြေးထွက်လာခဲ့သည်။
(၆)
ပျံချီမှာ မိန်းကလေး လေးယောက်နှင့် ချစ်ပွဲဆင်နေရာမှ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်လာပြီး လဲကျသွားလေသည်။ မိန်းကလေးများ၏ အပြုအစုအယုအယကို ကျေနပ်သွားပြီး ပြုံးလိုက်မိသည်။ သို့သော် သူ့တစ်ကိုယ်လုံး အားမရှိတော့သလိုဖြစ်သွားသည်။ ခြေတွေလက်တွေပင် မမြှောက်နိုင်တော့ပေ။ ထိုအချိန်တွင် မိန်းကလေးများက သူ့ကိုဝိုင်းပြီးကြည့်ကာ ပြုံးနေကြသည်။
မိန်းကလေးတစ်ယောက်က ပြုံးလိုက်ပြီးသည့်နောက် ပါးစပ်ကြီးဖြဲလိုက်သည့်အခါ အစွယ်ကြီးများနှင့် လျှာအရှည်ကြီးကိုတွေ့လိုက်ရသည်။ ပျံချီက ထိုမိန်းကလေးများမှာ လူမဟုတ်မှန်းသိလိုက်သည့်အချိန်တွင် သူနောက်ကျသွားခဲ့ပြီ၊ သူလုံးဝမလှုပ်နိုင်တော့။ သူအားယူပြီး အော်ဟစ်ဖို့ကြိုးစားသည်။ သို့သော် အသံကမထွက်လာတော့ပေ။
ထိုမိန်းကလေး၏ ပြဲနေသည့် ပါးစပ်ကြီးက သူ့မျက်နှာအနီးသို့နီးကပ်လာသည်။ ထိုစဉ်အချိန်မှာပင် ထိုမိန်းကလေး၏ လည်ပင်းဆီသို့ သံကြိုးတစ်ခုက ရစ်ပတ်သွားပြီး ထိုမိန်းကလေးမှာ အနောက်သို့လွင့်ထွက်သွားသည်။ ပျံချီက ခေါင်းထောင်ပြီးကြည့်ရန်ကြိုးစားသော်လည်း ခေါင်းထောင်နိုင်အောင် အားမရှိပေ။
အခန်းအတွင်း တဝုန်းဝုန်းနှင့်တိုက်ခိုက်သည့်အသံများကိုကြားနေရသည်။ နောက်တော့ ထိုအသံများငြိမ်သက်သွားပြီး သူ့ကိုလူတစ်ယောက်က မိုးပြီးကြည့်နေသည်။
“င၊ ငခမ်း၊ ငါ့ကို ကယ်ပါအုံးကွာ”
ပျံချီက အော်ပြောလိုက်သော်လည်း သူ့နှုတ်ခမ်းက လေသံတိုးတိုးကလေးသာ ထွက်သွားသည်။ ငခမ်းက ပျံချီကိုတွဲထူလိုက်သည်။ ပျံချီ၏ ခြေထောက်များမှာ မတ်တပ်ပင်မရပ်နိုင်တော့သည်မို့ နောက်ဆုံး ပျံချီအား ပုခုံးပေါ်တင်ပြီးချီပိုးလိုက်သည်။ ပျံချီက အခန်းအတွင်းသို့ကြည့်လိုက်ရာ မိန်းကလေးများမှာ ရုပ်ပျက်ဆင်းပျက် သေဆုံးနေသည်ကိုတွေ့လိုက်ရသည်။
ငခမ်းက ပျံချီကိုထမ်းပြီး အိမ်ပေါ်မှဆင်းလာသည့်အချိန်တွင် ဝက်ကြီးနှင့် ပျံလွှားတို့ ပြေးထွက်လာကြသည်။
“ပျံလွှား၊ မင်းအဆင်ပြေရဲ့လား”
ပျံလွှားက ခေါင်းညိတ်လိုက်သည်။
“ကျုပ်အထင်တော့ ဒီစုန်းမတွေက ယောက်ျားတွေအားကုန်တဲ့အချိန်ကိုစောင့်ပြီးတော့ အစိမ်းလိုက်စားပစ်တယ်ထင်ပါရဲ့”
ငခမ်းက ပျံချီအား ဝက်ကြီးထံသို့လွှဲပေးလိုက်သည်။
“မင်းတို့စောင့်နေအုံး၊ မိန်းမဆို အလွန်ကြိုက်တဲ့ ငါတို့စည်သူကြီးကို လိုက်ရှာရအုံးမယ်”
ရွာထိပ်နားရှိ အိမ်ကလေးတစ်လုံးမှာ မီးလင်းနေပြီး အိမ်ပေါ်တွင်လည်းလူရိပ်များတွေ့သည်မို့ ငခမ်းနှင့် ပျံလွှားက တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ပြီး ထိုအိမ်ကလေးဆီသို့ ပြေးထွက်လာခဲ့သည်။
ထိုအိမ်ကလေးထဲသို့ ငခမ်းနှင့် ပျံလွှားက ခုန်ဝင်လိုက်သည်။ ထိုအခါ အိမ်ခန်းအတွင်းတွင် ဝတ်လစ်စားလစ်ဖြစ်နေသည့် စည်သူနှင့်မိန်းကလေးငါးဦးကိုတွေ့ရသည်။ စည်သူက မိန်းကလေးတစ်ယောက်ကို ပွေ့ချီထားသည်။
“ဟေ့ကောင်တွေ မင်းတို့ဘာလာရှုပ်တာလဲ”
ပျံလွှားက ဓါးမြန်ကလေးများကို ပစ်ခတ်လိုက်သည်။ အခန်းအတွင်းထိုင်နေသည့် မိန်းကလေးနှစ်ဦး၏ နဖူးကို ဓါးမြန်ကလေးများက စိုက်ဝင်သွားသည်။ ငခမ်းကလည်း စည်သူလက်ထဲမှ မိန်းကလေးကို သံကြိုးဖြင့်ဆွဲကာ လည်ပင်းကိုချိုးလျှက်သတ်ဖြတ်လိုက်သည်။
“အချစ်လေး၊ ငါ့အချစ်လေး”
“အချစ်လေးလုပ်မနေနဲ့၊ ဒါစုန်းမတွေဗျ”
ပျံလွှားနှင့် ငခမ်းခပ်မြန်မြန်လှုပ်ရှားလိုက်သဖြင့် တစ်ခန်းလုံးမှမိန်းကလေးများမှာ အပိုင်းပိုင်းပြတ်လျှက် သေဆုံးကုန်သည်။ စည်သူက အဝတ်အစားများမဝတ်သေးဘဲ သူ့ဓါးနှစ်လက်ကို ကောက်ကိုင်လိုက်သည်။
“အကုန်သေကုန်ပါပြီဗျာ”
ငခမ်းကပြောလိုက်သည့်အခါ စည်သူက အံကိုကြိတ်လိုက်သည်။
“အခန်းထဲမှာ သုံးယောက်ကျန်သေးတယ်ကွ”
သူတို့နှစ်ယောက် အံ့ဩနေစဉ်မှာပင် စည်သူမှာအခန်းအတွင်းသို့ ဓါးနှစ်လက်ကိုင်လျှက် ပြေးဝင်သွားသည်။ အခန်းအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်သံများကြားရပြီးနောက် တစ်ကိုယ်လုံးသွေးများပေလျှက် စည်သူက ပြန်ထွက်လာသည်။ ငခမ်းနှင့် ပျံလွှားကလည်း အခန်းအတွင်းမှဝတ်လစ်စားလစ်နှင့် ပြန်ထွက်လာသည့် စည်သူကိုကြည့်ပြီး အံ့ဩနေမိသည်။
“ခင်ဗျားဗျာ၊ တစ်ရွာလုံးနဲ့များ ပေါင်းဖို့စိတ်ကူးထားသလား”
ပျံလွှားက ပါးစပ်မှ တစ်ခုခုကိုရွတ်ဖတ်လိုက်သည့်အခါ သူပစ်ထားသည့် ဓါးမြန်ကလေးများမှာ သူ့ထံသို့ ပြန်လည်ရောက်လာကြသည်။ ထို့နောက် သူတို့အကုန်လုံး ရွာလယ်လမ်းမတွင် ဆုံကြသည်။ သူတို့အနီးအိမ်တစ်အိမ်သို့ ဝင်ကြည့်လိုက်ရာ အရိုးကျနေပြီဖြစ်သည့် ယောက်ျားတစ်ယောက်၏ အလောင်းကိုတွေ့ရသည်။ ထိုအလောင်းအား မိန်းကလေးသုံးယောက်မှ ဝိုင်းဝန်းလုယက်စားသောက်နေကြရာ ငခမ်းတို့ရှင်းပစ်လိုက်ကြသည်။ အလောင်းမှာ မည်သူမှန်းမမှတ်မိနိုင်လောက်အောင် ပျက်စီးနေပြီဖြစ်သည်။
“အဲဒါ ကထောဖြစ်မယ်ဗျ၊ ကျုပ်အိမ်တစ်အိမ်မှာ ကပြားကိုလည်းတွေ့ခဲ့သေးတယ်”
မနက်က အကောင်းအတိုင်းရှိနေခဲ့သည့် ကထောမှာ အခုတော့ အရိုးစုသာကျန်တော့သည်။ ရှိသမျှ အသားနှင့် စားလို့ရသည့်အစိတ်အပိုင်းများအားလုံးမရှိတော့ပေ။
နောက်ဆုံးသူတို့ရွာလယ်အိမ်ကြီးဆီသို့ ပြန်လာခဲ့ကြသည်။ ထိုအိမ်တွင် မြည်းများရှိသည်မဟုတ်ပါလား။ အိမ်ကြီးဆီသို့ရောက်သည့်အခါ အိမ်ပေါ်မှအလွန်ချောမောလှပသည့် မိန်းကလေးတစ်ဦးက ဆင်းလာခဲ့သည်။
“အကိုပြန်လာမယ်ဆိုလို့ စောင့်နေတာကြာပေါ့”
ထိုမိန်းကလေး၏ အလှကိုအားလုံးကိုငေးကြည့်ရလောက်သည်။ ငခမ်းလည်း လက်ထဲမှ ရွှေကြာပွင့်လက်နက်ကို တဝှီးဝှီးမြည်အောင် လွှဲခတ်လိုက်သည်။
“အကိုပြန်လာပြီလေနှမ၊ မင်းနဲ့ငါ စာရင်းရှင်းကြတာပေါ့”
ထိုမိန်းကလေး၏ လက်ချောင်းများမှာ ဓါးသွားများအဖြစ်သို့ပြောင်းလဲသွားသည်ကို လရောင်နှင့်အတိုင်းသားမြင်ရသည်။ ဓါးသွားများမှာ ဝင်းလက်ကာ သံရောင်တောက်ပနေသည်။ ငခမ်းက ရွှေကြာပွင့်လက်နက်နှင့် လွှဲလွှဲပြီးတိုက်ခိုက်လေသည်။ ဓါးသွားများတပ်ထားသည့် ရွှေကြာပွင့်မှာ ထိုမိန်းကလေး၏ နားထင်ကို အားပြင်းပြင်းနှင့်ရိုက်ခတ်မိသွားသော်လည်းကျောက်တုံးတစ်တုံးကို ထိသကဲ့သို့ ချွင်ခနဲမြည်ကာ ပြန်ကန်ထွက်လာသည်။
ငခမ်းအလွန်အံ့ဩသွားမိသည်။ ထိုအခါ စည်သူက သူ့ခါးမှသေနတ်ကိုဖြုတ်လိုက်ပြီး ထိုမိန်းကလေး၏ နဖူးတည့်တည့်သို့ပတ်ခတ်လိုက်သည်။
“ဒိုင်း”
သေနတ်သံက တောင်ကြောတစ်ခုလုံးပေါ်သို့ ဟိန်းထွက်သွားလေသည်။ ကျည်ဆန်က ထိုမိန်းကလေး၏ နဖူးမှဝင်လျှက် နောက်စေ့မှ ပွင့်ထွက်သွားသော်လည်း ထိုမိန်းကလေးမှာ နာကျင်ပုံမပြပေ။
“ရှင်တို့အစွမ်းက ဒီလောက်ပဲလား”
ထိုမိန်းကလေးက ဓါးနှင့်တူသော လက်ချောင်းများဖြင့် စည်သူအားအတင်းဝင်ခုတ်သည်။ ရုတ်တရက်မို့ စည်သူဓါးထုတ်ချိန်ပင်မရလိုက်ပေ။ သို့သော် ဝက်ကြီးက သူ့ဓါးကြီးဖြင့် ဝင်ခံလိုက်ရာ ထိုမိန်းကလေး၏ ဓါးသွားများနှင့်ထိမိပြီး ဓါးမကြီးက မီးတွေပွင့်ထွက်သွားသည်။
ဝက်ကြီးက တစ်ချိန်တည်းမှာပင် ထိုမိန်းကလေး၏ ရင်ဝသို့ အားဖြင့်ဆောင့်ကန်ထည့်လိုက်သည်။ သို့သော် ထိုမိန်းကလေးက ဘာမှမဖြစ်ဘဲ ဝက်ကြီးသာ အနောက်သို့လွင့်ထွက်သွားပြီး မြေပေါ်သို့လိမ့်ကျသွားသည်။
“ဟား၊ ဟား၊ ဟား”
ထိုမိန်းကလေး၏ ကျယ်လောင်သည့်ရယ်သံကြီးက ရွာကလေးတစ်ရွာလုံးကို ဖုံးလွှမ်းသွားတော့သည်။
“ဟေ့နှမ၊ နင့်ကို အကိုစောင့်နေတယ်၊ လာခဲ့စမ်း”
ငခမ်းကအော်လိုက်သဖြင့် ထိုမိန်းကလေးက ငခမ်းဆီသို့ပြေးဝင်သွားသည်။ ထို့နောက် ငခမ်းနှင့်တိုက်ခိုက်ကြသည်။ တစ်ချီတွင် ငခမ်း၏ ရွှေကြာပွင့်လက်နက်မှာ လက်မှချော်ထွက်သွားလေသည်။ ထိုအခါ ထိုမိန်းကလေးက သူ၏ လက်ချောင်းဓါးသွားများဖြင့် ငခမ်း၏ရင်ဘတ်ကို အားကုန်ထိုးစိုက်ချလိုက်သည်။
“ချွင်”
သို့သော် ထိုဓါးသွားများက ငခမ်း၏ ရင်ဘတ်အားမဖောက်ဝင်ဘဲ မိန်းကလေး၏ လက်ချောင်းဓါးသွားများသာ ကျိုးပဲ့သွားလေသည်။ ထိုမိန်းကလေး အံ့ဩသွားသလို၊ ငခမ်းလည်းအံ့ဩသွားသည်။
“ငါသိတယ်၊ နင့်ဆီမှာ တစ်ခုခုရှိနေလို့ နင့်ကို ငါတို့မှော်ပညာသုံးပြီး မြှူဆွယ်လို့မရတာ”
ငခမ်းက သေချာစဉ်းစားနေလိုက်သည်။ ထိုအချိန် သူ့လက်မောင်းတွင်ပတ်ထားသည့် နသန်ကောင်ကြီး၏ အစွယ်ကိုသတိရလိုက်သည်။
“နသန်ကောင်ရဲ့ အစွယ်ကြောင့်များလား”
ငခမ်းက ရိပ်မိလိုက်ပြီမို့ အော်ဟစ်လိုက်သည်။
“အားလုံးပဲ၊ သူ့ကိုဖမ်းချုပ်ထား၊ ဒီစုန်းမကို ကျုပ်သတ်မယ်”
ပျံလွှားက သူ့ခါးကြားမှ အိတ်ကပ်ကလေးတစ်ခုအတွင်းသို့နှိုက်လိုက်ပြီး အမှုန့်တစ်ချို့ကိုပစ်ခတ်လိုက်သည်။
“ရော့ ဒီမှာ ဆားနက်တဲ့ကွ”
ဆားမှုန်များက စုန်းမအားထိသည့်အခါ တစ်ကိုယ်လုံးအငွေ့တွေထွက်လာပြီး စုန်းမမှာ ရုန်းကန်နေသည်။ ထိုအချိန်မှာပင် ဝက်ကြီးက စုန်းစဆီသို့ အပြေးဝင်လာပြီး ကိုယ်လုံးနှင့်တိုက်ထည့်လိုက်ရာ စုန်းမမှာလွင့်ထွက်သွားပြီး မြေပေါ်သို့ကျသွားလေသည်။ စည်သူက စုန်းမဆီသို့ပြေးဝင်လိုက်ပြီး စုန်းမ၏ ညာဖက်လက်ကိုဖမ်းချုပ်ထားလိုက်သည်။
အလားတူ ပျံလွှားကလည်း လျှင်မြန်စွာပြေးဝင်သွားပြီး စုန်းမ၏ ဘယ်ဘက်လက်ကို ဖမ်းချုပ်ထားလိုက်ရာ စုန်းမမှာမြေပြင်တွင် ပက်လက်ကြီးလန်လဲနေသည်။
“ငခမ်း၊ အမြန်လုပ်တော့”
ငခမ်းလည်း သူ့လက်မောင်းတွင်ကြိုးဖြင့်စည်းထားသည့် နသန်ကောင်၏ အစွယ်ကိုဖြုတ်လိုက်ပြီးနောက် စုန်းမအပေါ်သို့ လွှားခနဲခုန်တက်လိုက်သည်။ နသန်ကောင်၏ အစွယ်ကိုလက်နှစ်ဖက်နှင့်ကိုင်လိုက်ပြီးနောက် အားကုန်ထိုးစိုက်ချလိုက်သည်။
“သေပေတော့ စုန်းမ”
စုန်းမ၏ နဖူးတည့်တည့်သို့စိုက်ဝင်သွားပြီး စုန်းမကြီးမှာ ရုန်းကန်နေသည်။ မကြာခင် စုန်းမ၏ အသားများမှာ ကျောက်သားများကဲ့သို့ဖြစ်လာပြီးသူတို့မျက်စိရှေ့မှာတင် ကျောက်ရုပ်ကြီးတစ်ရုပ်ဖြစ်သွားလေသည်။
“ဟေး၊ ပြီးပြီ၊ အားလုံးပြီးသွားပြီ”
ကောင်လေးတစ်ယောက်က အော်ဟစ်ပြီးပြေးထွက်လာသည်။
“အဲဒါဘယ်သူလည်း”
စည်သူက ငခမ်းကိုမေးလိုက်ရာ ငခမ်းက ခေါင်းကုတ်လျှက်
“ခင်ဗျားကိုပြောရင် ယုံချင်မှယုံမယ်၊ အဲဒါ ကျုပ်တို့ရဲ့ ထိပ်ဖြူခွေးကလေးဗျ”
သူတို့အားလုံးထူးဆန်းသွားသည်။
(၇)
“ဒီလိုဗျ၊ ကျုပ်တို့ရွာကလေးက အရင်တုန်းက အေးအေးချမ်းချမ်းရှိနေတဲ့ တောင်ပေါ်ရွာကလေးပါဗျာ၊ တစ်ရက်တော့ ကျုပ်တို့ရွာက မုဆိုးကြီးက တောင်ပေါ်မှာ အမဲလိုက်သွားရင်းနဲ့ မိန်းမပျိုကလေးတစ်ယောက်နဲ့တွေ့ပြီးတော့ သူကလက်ထပ်လိုက်တယ်”
“အဲဒီမိန်းမပျိုကလေးဟာ တကယ်တော့ လူသားကိုအစိမ်းစားတဲ့ တောင်မြင့်စုန်းမကြီးကိုးယောက်ထဲက စုန်းတစ်ယောက်ဆိုတာ ကျုပ်တို့မသိခဲ့ဘူး၊ အဲဒီနောက်ပိုင်းတော့ ကျုပ်တို့ရွာမှာ အသားစားစုန်းတွေပျော်မြူးပြီးတော့ အခုလို ယောက်ျားမရှိတော့တဲ့ ရွာကြီးတစ်ရွာဖြစ်သွားတော့တာပါပဲ၊ ဒါပေမယ့် စုန်းမတွေက ထူးဆန်းတယ်ဗျ၊ ယောက်ျားရဲ့အသားကိုပဲ စားသောက်ကြတာ၊ မိန်းကလေးတွေကိုတော့ သူတို့စုန်းဇတ်ထဲသွင်းလိုက်ကြတာပေါ့”
စည်သူက မျက်မှောင်ကြုတ်လိုက်သည်။
“ယောက်ျားတွေအကုန်စားတယ်ဆိုတော့ မင်းကလည်း ယောက်ျားလေးမဟုတ်လား၊ မင်းကိုဘာလို့မစားကြတာလဲ”
ထိုကောင်လေးက ခေါင်းကုတ်လိုက်ပြီး
“ကျုပ်က မွေးရာပါ နူနာစွဲနေတဲ့ကောင်လေးဆိုတော့ သူတို့စားရမှာ ရွံတယ်လေ၊ ဒါနဲ့ သူတို့က ကျုပ်ကို ခွေးတစ်ကောင်အဖြစ် မှော်အတတ်နဲ့ပြောင်းလဲပစ်လိုက်တယ်၊ ကျုပ်က နေ့ဘက်ဆိုရင်ခွေးဖြစ်ပြီး ညဘက်ဆိုရင်တော့ လူတစ်ယောက်အဖြစ်နဲ့နေ့လို့ရတယ်”
“စုန်းမတွေက ကျုပ်ကို ဒီရွာကလေးဆီကို ယောက်ျားတွေခေါ်လာဖို့ တာဝန်ပေးထားတယ်၊ ကျုပ်လည်း ဒီကိုဖြတ်လာတဲ့ ယောက်ျားတွေထဲမှာ လူစိမ်းပါရင် တောထဲကိုခေါ်ပြီး လမ်းပျောက်အောင်လုပ်ရတယ်၊ နောက်တော့ သူတို့ကို ဒီရွာကလေးဆီကို ခေါ်လာရတာပေါ့ဗျာ”
ထိုအခါ ပျံချီက ရယ်မောလိုက်သည်။
“ဟား၊ ဟား လမ်းမသိခွေးနောက်လိုက်ဆိုကွ ငခမ်းရ”
“ကဲပါ၊ အခုသူတို့တွေအကုန်သေသွားပြီဆိုတော့ ကျုပ်လည်းခွေးအဖြစ်က လွတ်ပြီထင်ပါရဲ့ဗျာ”
ငခမ်းက ထိုကောင်လေးဆီသို့ လက်ကမ်းပေးလိုက်သည်။
“မင်း ငါတို့နဲ့လိုက်ခဲ့ပါ”
ထိုအခါ ထိုကောင်လေးက ခေါင်းခါပြသည်။
“ကျုပ်မလိုက်တော့ဘူး၊ ကျုပ်ဒီမှာပဲနေခဲ့တော့မယ်၊ ကျုပ်တကယ်လို့ ခေါင်းချရမယ်ဆိုရင်လည်း ကျုပ်မွေးရပ်ဇာတိကလေးမှာပဲ ခေါင်းချချင်တယ်”
ခေါ်မရသည့်အဆုံး ထိုကောင်ကလေးကိုရွာတွင်သာ ထားခဲ့ရသည်။ အရိုးစုဖြစ်နေသည့် ကထောနှင့် ကပြားကို ကောင်းကောင်းမွန်မွန်မြှုပ်နှံပေးလိုက်ကြပြီး တစ်ရွာလုံးမှ စုန်းမများကို နှိမ်နင်းပစ်လိုက်ကြသည်။ ကထောအတွက် မှတ်တိုင်ကလေးတစ်ခုကိုစိုက်ထူပေးပြီး ငခမ်းက မီးသွေးခဲဖြင့် ကထောဟု ရေးသားပေးလိုက်သည်။
“ငခမ်းရာ၊ သေတဲ့သူက သေနေပြီမဟုတ်တာတွေလုပ်မနေပါနဲ့တော့”
စည်သူက လှမ်းပြောသည်။ ငခမ်းက ကထော၏ မြေပုံကလေးကိုကြည့်လိုက်ပြီး
“ခင်ဗျားရဲ့ ဝက်ဝံသားမွှေးထည်တော့ ကျုပ်ယူလိုက်ပြီနော်”
ထိုသို့ပြောကာ ထထွက်လာခဲ့သည်။ ရွာမှထွက်တော့ မိုးလင်းနေပြီဖြစ်သည်။ ထိပ်ဖြူဟုခေါ်ခဲ့သည့် ခွေးကလေးတစ်ဖြစ်လဲ ကောင်ကလေးက သူတို့အဖွဲ့ကိုလက်ပြနှုတ်ဆက်ရင်း လူသူမရှိသည့်ရွာကလေးတွင် တစ်ယောက်တည်းကျန်နေခဲ့တော့သည်။
ငခမ်းတို့ထွက်သွားသည့်အခါ ထိပ်ဖြူက ရွာထဲသို့ပြန်ဝင်ခဲ့သည်။ ရွာလယ်အိမ်ကြီးရှေ့ မြေကွက်လပ်တွင် ကျောက်ရုပ်ဖြစ်နေသည့် စုန်းမကြီးကိုကြည့်လိုက်သည်။ စုန်းမကြီး၏ နဖူးတွင်တော့ နသန်ကောင်ကြီး၏ အစွယ်က နစ်ဝင်နေလေသည်။
Zawgyi Version
ေယာက္်ားမရွိတဲ့႐ြာ(စ/ဆံုး)
———————————
ေရွ႕တြင္ အလြန္ျမင့္မားသည့္ ေတာင္ႀကီးတစ္ေတာင္ကိုေတြ႕ရသည္။ ငါးအိမ္စုမွ ျမည္းကေလးမ်ားျဖင့္ခရီးဆက္ခဲ့သည္မို႔ သူတို႔ခရီးေတာ္ေတာ္ေပါက္သည္ဟုဆိုႏိုင္သည္။ သိပ္မၾကာခင္ နဘူးအမည္ရ ႐ြာကေလးတစ္႐ြာသို႔ေရာက္ခဲ့သည္။ ႐ြာကေလးမွာ အေတာ္အတန္စည္ကားသည့္႐ြာကေလးျဖစ္သည္။ အဘိုးႀကီး ျမေစး သယ္ခဲ့သည့္ ေခါင္ရည္ႏွစ္အိုးကို သူတို႔ေတြ တစ္လမ္းလုံးေဖာက္ေသာက္လာခဲ့ရာ နဘူး႐ြာအေရာက္တြင္ ေခါင္ရည္ႏွစ္အိုး ကုန္ေတာ့သည္။ ဝက္ႀကီးတစ္ေယာက္တည္းပင္ ေခါင္ရည္တစ္အိုးခန႔္ေသာက္လိုက္ရာ ထို႐ြာတြင္ရပ္နားၿပီး ေခါင္ရည္ဝယ္ရေတာ့သည္။
ငါးအိမ္စုမွ ယူခဲ့သည့္ ရိကၡာမ်ားလည္းရွိေသးသည္မို႔ သိပ္ၿပီးဝယ္ရန္မလိုေတာ့ေပ။ ေခါင္ရည္သာအဓိကျဖစ္သည္။ နဘူး႐ြာမွာ ျမင့္မားလွသည့္ေတာင္ႀကီး၏ ေတာင္ေစာင္းတစ္ခုတြင္ တည္ေထာင္ထားျခင္းျဖစ္သည္။ ေခါင္ရည္ဝယ္ရန္အတြက္ ႐ြာထိပ္တြင္ဖြင့္လွစ္ထားသည့္ ဆိုင္တစ္ခုသို႔ဝင္လိုက္သည့္အခါ ႐ြာသားမ်ားက သူတို႔ကိုအထူးအဆန္းအျဖစ္ၾကည့္ၾကသည္။ သူတို႔ႏွင့္ ဆက္ဆံသည့္အခါတြင္လည္း ခပ္ျမန္ျမန္ဆက္ဆံၾကသည္ကိုေတြ႕ရသည္။ ထို႐ြာတြင္ ဗမာစကားေျပာတတ္သူသိပ္မရွိ၊ ရွမ္းစကားလည္းမေျပာတတ္ၾကသည့္အတြက္ လက္ဟန္ေျခဟန္ျဖင့္သာ ေျပာဆိုၾကရသည္။
ထို႐ြာတြင္ တစ္ညတည္းခိုမည္ႀကံေသာ္လည္း အခ်ိန္ေစာလြန္းေနေသးျခင္း၊ ႐ြာသူ႐ြာသားမ်ားမွ မလိုသည့္ပုံစံအမူအရာမ်ား ျပေနျခင္းတို႔ေၾကာင့္ ႐ြာမွထြက္ခြာလာခဲ့သည္။ အေရွ႕တြင္ေတာ့ အလြန္ျမင့္မား မတ္ေစာက္သည့္ ေတာင္တက္လမ္းႀကီးတစ္ခုကိုျမင္ရသည္။ ငါးအိမ္စုမွ မိုးမေသာက္မီထြက္ခဲ့ေသာေၾကာင့္ နဘူးမွျပန္လည္ထြက္ခြာလာသည့္အခါ ညေနပင္မေစာင္းေသးေပ။
ျမင့္မားမတ္ေစာက္သည့္ေတာင္တက္လမ္းအတိုင္းဆက္တက္လာခဲ့သည့္အခါ ေတာင္အျမင့္ေပၚေရာက္ေလေလ ရာသီဥတုက ေအးျမလာေလေလျဖစ္သည္။ လမ္းမွာေက်ာက္သားလမ္းျဖစ္ၿပီး လမ္ေဘးတစ္ဘက္တစ္ခ်က္တြင္လည္း ထူထပ္နက္ရႈိင္းလွသည့္ ေတာအုပ္ႀကီးမ်ားသာျဖစ္သည္။ သူတို႔ဆက္ေလွ်ာက္လာၾကရင္း ညေနေစာင္းၿပီးသည့္အခါ ဇရပ္ပ်က္တစ္ေဆာင္အနီးသို႔ေရာက္လာခဲ့သည္။ ထိုဇရပ္ပ်က္အနီးတြင္ မီးေရာင္ေတြ႕သျဖင့္ လူရွိေလာက္မည္ဟုခန႔္မွန္းကာ အားတက္ၿပီးလာခဲ့သည္။ ဇရပ္ပ်က္မွာ ေတာင္ခါးပန္းတြင္တည္ရွိသည္မို႔ ေလကတဝူးဝူးႏွင့္တိုက္ခတ္ေနေလရာ ငခမ္းတို႔မွာ ပါလာသည့္အဝတ္မ်ားကိုအားလုံးထုတ္ကာ ဝတ္ဆင္ထားေသာ္လည္း ခ်မ္းေအးသည့္ဒဏ္ကို မကာကြယ္ႏိုင္ဘဲျဖစ္ေနသည္။
(၂)
ဇရပ္အနီးတြင္ရပ္လိုက္သည့္အခါ ဇရပ္ေပၚတြင္လူႏွစ္ေယာက္ကိုေတြ႕ရသည္။ ထိုလူႏွစ္ေယာက္က လွံမ်ားကိုင္ထားၿပီး သူတို႔ကိုထိုးခ်ိန္လိုက္သည္။
“ခင္ဗ်ားတို႔ဘယ္သူေတြလဲ”
“က်ဳပ္တို႔က ေျမျပန႔္ကလာတဲ့ ခရီးသြားေတြပါ၊ ဒီဇရပ္မွာတည္းခိုဖို႔လာခဲ့တာပါ”
ထိုသူမ်ားအနက္ ေခါင္းေဆာင္ျဖစ္ဟန္တူသည့္ လူက လွံကိုျပန္ခ်လိုက္ၿပီး သူ႔ေနာက္လိုက္ေကာင္ေလးကိုလဲ လွံခ်လိုက္ရန္အခ်က္ျပလိုက္သည္။ ငခမ္းတို႔လည္း ဇရပ္ခါးပန္းတြင္ ျမည္းမ်ားကိုခ်ည္ေႏွာင္ခဲ့ၿပီး ဇရပ္ေပၚသို႔တက္ခဲ့သည္။
ထိုအရပ္ေဒသဇရပ္မ်ားမွာ ေျမျပန႔္မွဇရပ္မ်ားႏွင့္မတူဘဲ ဇရပ္ေပၚအလယ္ေခါင္တြင္ မိုးဖိုႏိုင္ရန္အတြက္ ေျမသားမ်ားခင္းၿပီးျပဳလုပ္ထားသည့္ ေနရာရွိသည္မို႔ထိုလူမ်ားက ထိုေနရာတြင္ မီးဖိုထားျခင္းျဖစ္သည္။ ငခမ္းတို႔လည္း ခ်မ္းခ်မ္းႏွင့္ မီးပုံနံေဘးဝင္ထိုင္လိုက္ကာ မီးလႈံလိုက္သည္။ ထိုလူႏွစ္ဦးက သူတို႔ကိုအကဲခတ္ၿပီးၾကည့္ေနသည္။
“ေနာင္ႀကီးတို႔က ေျမျပန႔္ကေန ဘယ္ကိုသြားမလို႔လဲ”
“က်ဳပ္တို႔က ကရင္နီ ေငြေတာင္ျပည္ဘက္ကိုသြားမွာပါ”
ထိုလူႏွစ္ဦးက တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္သည္။
“မသိပါဘူးဗ်ာ၊ က်ဳပ္တို႔က ခင္ဗ်ားတို႔ကို ခိုးသားဓါးျပေတြထင္လို႔”
ငခမ္းတို႔အံ့ဩသြားမိသည္။
“ဘယ္ကလာဗ်ာ၊ က်ဳပ္တို႔က မင္းမႈထမ္းေတြပါ”
ငခမ္းက ေျပာဆိုလိုက္ေတာ့ သူတို႔တစ္ဖြဲ႕လုံးက ငခမ္းကိုအျပစ္တင္သည့္မ်က္လုံးမ်ားျဖင့္ဝိုင္းၾကည့္သည္။ ငခမ္းလည္း လႊတ္ခနဲထြက္သြားမိသည္မို႔ ေခါင္းကိုငုံ႔ၿပီး အသာကေလးၿငိမ္ေနလိုက္သည္။ ထိုလူႏွစ္ေယာက္က သူတို႔ကိုမင္းမႈထမ္းေတြမွန္းသိလိုက္သည့္အခါ အနည္းငယ္လန႔္သြားသည္။
“မသိလို႔ဒီအတိုင္းေျပာဆိုမိတာကို ခြင့္လႊတ္ေပးပါ အရာရွိမင္းတို႔”
စည္သူက ၿပဳံးလိုက္ၿပီး
“ရပါတယ္ဗ်ာ၊ က်ဳပ္တို႔ကို မင္းမႈထမ္းေတြဆိုၿပီး တေလးတစား ဆက္ဆံေနဖို႔မလိုပါဘူး၊ က်ဳပ္တို႔က သာမန္ေအာက္ေျခနင္းျပား မင္းမႈထမ္းကေလးေတြပါပဲ”
ထိုသူမ်ားအနက္မွ ေခါင္းေဆာင္ျဖစ္သည့္သူက ၿပဳံးလိုက္ေလသည္။
“က်ဳပ္နာမည္ကေတာ့ ကေထာတဲ့၊ သူ႔နာမည္ကေတာ့ ကျပားလို႔ေခၚတယ္၊ က်ဳပ္တို႔က လမ္းေလွ်ာက္ကုန္သည္ေတြပါ၊ ေငြေတာင္ျပည္ကေနၿပီးေတာ့ လူသုံးကုန္ေတြသယ္လာၿပီး အခုလိုေဝးလံေခ်ာင္က်တဲ့႐ြာကေလးေတြကိုလာၿပီး ကုန္ကူးပါတယ္၊ ဒီ႐ြာကေလးေတြကေန သစ္ေတာထြက္ကုန္ေတြ၊ သားေရတို႔ သားေမႊးတို႔ျပန္ယူၿပီးေတာ့ ေငြေတာင္မွာျပန္ေရာင္းပါတယ္၊ အခုလည္း က်ဳပ္တို႔ေငြေတာင္ျပည္ကို ျပန္မွာပါ”
စည္သူေခါင္းညိတ္လိုက္သည္။ ထိုသူႏွစ္ဦးကိုၾကည့္ရသည္မွာ ကရင္လိုလို၊ ရွမ္းလိုလို၊ ယိုးဒယားလိုလိုျဖစ္ေနသည္။ အသားအေရအနည္းငယ္လတ္ၿပီး ႐ုပ္သြင္ျပင္မွာေတာ့ ယိုးဒယားမ်ားႏွင့္ အလြန္ဆင္တူလွသည္။ ငခမ္းတို႔မွာ ခ်မ္းလြန္းသျဖင့္ ခိုက္ခိုက္တုန္ေနေလသည္။ ကေထာက ထိုအျဖစ္ကိုေတြ႕ၿပီး ဇရပ္ေပၚတြင္ခ်ထားသည့္ သူတို႔ကုန္စည္အထုပ္အပိုးမ်ားအနီးသို႔သြားလိုက္သည္။ ထို႔ေနာက္ သားေမႊးမ်ားႏွင့္ ခ်ည္ထည္မ်ားကိုယူလာသည္။
“ေရာ့ေနာင္ႀကီးတို႔ အရမ္းေအးေနတယ္မဟုတ္လား၊ ဒီဥတု ဒီရာသီနဲ႔ ေနာင္ႀကီးတို႔ဝတ္ထားတဲ့အဝတ္ေတြနဲ႔ မကိုက္ဘူးဗ်၊ ေဟာဒီမွာ ခ်ည္ထည္ေတြပါလာတယ္၊ ေနာင္ႀကီးတို႔မွာ ေငြမပါလာရင္လည္း ခဏယူဝတ္ထားၾကပါ”
ခ်ည္ထည္မွာ ႐ိုးရာရက္ကန္းျဖင့္ျပဳလုပ္ထားသည့္ ခ်ည္ထည္အထူႀကီးမ်ားျဖစ္ရာ သူတို႔ေတြခ်ည္ထည္မ်ားကိုယူၿပီး ဝတ္ဆင္လိုက္သည္။ သို႔ေသာ္ ခ်ည္ထည္ေစာင္ႀကီးမ်ားမွာ ေလးခုသာပါသျဖင့္ ငခမ္းဝတ္ဆင္ရန္မရွိေတာ့ေပ။ ေနာက္ဆုံးက်န္သည့္တစ္ခုမွာ သားေမႊးအနက္ေရာင္ထည္ႀကီးျဖစ္သည္။ ပုပ္ေစာ္၊ ညႇီေစာ္နံသျဖင့္ ဘယ္သူမွမဝတ္ဆင္ခ်င္ၾကေပ၊ ေနာက္ဆုံးေတာ့ ငခမ္းလက္ထဲ ထိုသားေမႊးထည္ႀကီးေရာက္လာခဲ့သည္။
“ခင္ဗ်ားကံေကာင္းတယ္ေျပာရမယ္၊ ဒီသားေမႊးက ဝံတစ္ေကာင္ရဲ႕သားေမႊးဗ်၊ မုဆိုးတစ္ေယာက္ဆီကေန က်ဳပ္ရလာခဲ့တာ၊ ဒီသားေမႊးထည္ႀကီးကပဲ ျမည္းငါးေကာင္ေလာက္နီးပါး တန္ဖိုးရွိတယ္”
ကေထာကသာ တန္ဖိုးႀကီးသည္ဟုေျပာေသာ္လည္း သားေမႊးထည္မွာ နံေစာ္ေနသည္။ ေသဆုံးၿပီးသား ဝံႀကီးတစ္ေကာင္ထံမွ ခြာယူလာသည့္အၾကမ္းထည္ျဖစ္သည္မို႔ အတြင္းဘက္မွာ ဝက္ဝံသားေရျဖစ္ၿပီး ထိုသားေရမွာ ပုပ္ေဟာင္နံေစာ္ေနေလသည္။ ငခမ္းမွာ ေ႐ြးခ်ယ္စရာမရွိေတာ့သည္မို႔ ထိုသားေမႊးထည္ႀကီးကိုသာ ၿခဳံလႊမ္းလိုက္ရသည္။ သို႔ေသာ္ ဝက္ဝံသားေမႊးမို႔ အလြန္ေႏြးေထြးလွသည္။
သူတို႔ပါလာသည့္ေခါင္ရည္မ်ားကို တိုက္ေသာ္လည္း ကေထာႏွင့္ကျပားက မေသာက္ေပ။ သူတို႔ကိုမယုံၾကည္ေလာက္ေသးပုံရသည္။
“ဒါနဲ႔ ဒီလမ္းက ခက္ခဲၾကမ္းတမ္းတဲ့လမ္းတစ္ခုပဲ၊ ေနာင္ႀကီးတို႔ဘာလို႔ ဒီလမ္းကေနလာခဲ့တာလဲ”
“က်ဳပ္တို႔အလ်င္လိုေနလို႔ပါ၊ မိုးၿဗဲဘက္ကဆင္းရင္ လမ္းခရီးရွည္တယ္မဟုတ္လား”
“ဒါေတာ့ ဒါေပါ့၊ ဒါေပမယ့္ ဒီလမ္းမွာက အေႏွာင့္အယွက္မ်ားလြန္းလွတယ္မဟုတ္လား”
စည္သူက ကေထာကိုမ်က္ခုံးပင့္ၿပီးၾကည့္လိုက္သည္။
“ဘယ္လိုအေႏွာင့္အယွက္မ်ားတာလဲ”
“ဪ၊ ဒီလိုပါ၊ ခင္ဗ်ားတို႔မၾကားဖူးဘူးထင္တယ္၊ ဒီေတာင္ႀကီးကို ေတာင္ျမင့္ေတာင္လို႔ေခၚတယ္ဗ်၊ ေတာင္ႀကီးက ျမင့္လို႔ ေဒသခံေတြက ေတာင္ျမင့္လို႔ လြယ္လြယ္နာမည္ေပးလိုက္ၾကတယ္ထင္ပါတယ္၊ ဒီေတာင္ထိပ္ေပၚမွာ စုန္းမႀကီးကိုးေယာက္ရွိသတဲ့ဗ်၊ သူတို႔က ဒီေဒသကို အသစ္ေျခခ်တဲ့လူေတြကို ဖမ္းဆီးစားေသာက္တတ္တယ္၊ သူတို႔ဖမ္းဆီးတာ မခံခ်င္ရင္ေတာ့ ဝက္ေခါင္းနဲ႔သူတို႔ကို ယဇ္ပူေဇာ္ရတယ္ဗ်”
ကေထာက စည္သူတို႔ကို တစ္ခ်က္ေမးေငာ့ၿပီးၾကည့္လိုက္သည္။ စည္သူက ေခါင္းခါလိုက္သည္။
“က်ဳပ္တို႔ကေတာ့ ဒါမ်ိဳးေတြ အယုံအၾကည္မရွိပါဘူးဗ်ာ”
“အင္းေပါ့ေလ၊ က်ဳပ္တို႔လည္းမယုံခ်င္ပါဘူးဗ်ာ၊ က်ဳပ္တို႔ကုန္ကူးလာတာ ဆယ္ႏွစ္ေလာက္ရွိေတာ့မယ္၊ တစ္ခါမွေတာ့ စုန္းမႀကီးေတြကိုမျမင္ဖူးဘူးဗ်၊ အဲ ယဇ္ေတာ့ပူေဇာ္ခဲ့တာေပါ့ဗ်ာ”
ညည့္အလြန္နက္လာၿပီျဖစ္သျဖင့္ သူတို႔စကားဝိုင္းကိုအဆုံးသတ္လိုက္ၾကၿပီး မီးပုံနံေဘးတြင္ပင္ အိပ္စက္လိုက္ၾကသည္။ ကေထာႏွင့္ ကျပားတို႔ကေတာ့ သူတို႔အနီးတြင္ ဓါးမ်ားခ်ထားၿပီး လက္ႏွင့္ကိုင္အိပ္သည္ကိုၾကည့္ခ်င္းအားျဖင့္ သူတို႔တစ္ဖြဲ႕လုံးကို ယုံၾကည္ပုံမရေသးေပ။
(၃)
အလြန္ေအးစက္သည့္အထိအေတြ႕ကိုရလိုက္သည့္အတြက္ ငခမ္းမ်က္လုံးမ်ားဖြင့္ၾကည့္လိုက္သည္။ ထိုအခါ သူ႔မ်က္ႏွာကို ေခြးတစ္ေကာင္က လွ်ာျဖင့္လ်က္ေနသည္ကိုေတြ႕လိုက္ရသည္။
“ဟာ၊ ဒီေခြးေတာ့ ေသေတာ့မယ္၊ သြားစမ္း”
ငခမ္းေမာင္းထုတ္လိုက္သျဖင့္ က်န္သည့္လူမ်ားက ရယ္ေမာလိုက္ၾကသည္။ သူတို႔ပါလာသည့္ အသားေျခာက္မ်ားကို မီးဖိုတြင္ကင္ၿပီး စားေသာက္လိုက္ၾကသည္။ ကေထာႏွင့္ ကျပားလည္း သူတို႔အစားအေသာက္မ်ားကို လိုက္လံစားေသာက္ၾကသည္။
ေခြးေလးက ပိန္ကပ္ေနၿပီး သူတို႔အနီးတြင္ ရစ္သီရစ္သီလုပ္ေနသည္။ ကျပားက
“သြားစမ္းကြာ၊ မင္းၾကည့္ရတာလည္း ပိန္ခ်ိေနတာပဲ၊ မဟုတ္လို႔ကေတာ့ မင္းအသားကင္ျဖစ္တယ္ကြ”
မည္သို႔ပင္ေမာင္းေမာင္း ေခြးကေလးက ေပကပ္ေနသည္။ သူတို႔အထဲတြင္ သနားတတ္သည့္လူက ငခမ္းျဖစ္ရာ ငခမ္းက သူစားမည့္အသားေျခာက္ကင္မ်ားကို ေခြးေလးအားေကြၽးလိုက္သည္။ ေခြးေလးမွာ အငတ္ငတ္အျပတ္ျပတ္ႏွင့္မို႔ အားရပါးရစားေလရာ ခဏအတြင္း အကုန္ကုန္သြားေတာ့သည္။
“ငခမ္းရာ၊ မင္းကြာ၊ ကိုယ္စားမယ့္အသားကို ေခြးေကြၽးပစ္တယ္လို႔ကြာ၊ မင္းေခြးဝလာရင္ ဟိုေကာင္ေလးက ကင္စားမွာကြ သိရဲ႕လား ဟား၊ ဟား”
ပ်ံခ်ီက ကျပားဆိုသည့္ေကာင္ေလးကို လက္ညႇိဳးထိုးရင္းေျပာဆိုလိုက္သည္။ ကျပားမွာ အသက္ဆယ့္ေျခာက္ႏွစ္ခန႔္ရွိမည့္ လူပ်ိဳေပါက္ကေလးတစ္ေယာက္ျဖစ္သည္။ ေခြးေလးမွာ ေမာင္းထုတ္လို႔မရေတာ့ေပ။ သူတို႔ခရီးဆက္သည့္အခါ သူတို႔အေနာက္မွ ငိုက္စိုက္၊ ငိုက္စိုက္ႏွင့္ လိုက္ပါလာခဲ့သည္။
“ငခမ္းေရ မင္းေတာ့အေဖာ္ရၿပီေဟ့၊ ဟား၊ ဟား”
ဝက္ႀကီးက ေခါင္ရည္တစ္က်ိဳက္ေမာ့ရင္း ေျပာဆိုလိုက္သည္။
“ဒါနဲ႔ဒီေခြးကို က်ဳပ္ေမြးမယ္ဗ်ာ၊ သူ႔ကိုနာမည္ဘယ္လိုေပးရမလဲ”
ဝက္ႀကီးကေခြးေလးကို ေသခ်ာၾကည့္ၿပီး
“လြယ္ပါတယ္ကြာ၊ မင္းေခြးရဲ႕ေခါင္းထိပ္မွာ အျဖဴကြက္ေလးပါတယ္မဟုတ္လား၊ ဒီေတာ့ ထိပ္ျဖဴလို႔ နာမည္ေပးလိုက္ေပါ့ကြာ”
“ထိပ္ျဖဴ၊ ထိပ္ျဖဴ အင္း မဆိုးပါဘူး”
သူတို႔ခရီးဆက္လာရင္း ေတာင္ေပၚတျဖည္းျဖည္းေရာက္လာခဲ့သည္။ ေတာကနက္သထက္နက္လာသည္။ အေရွ႕တြင္ေတာ့ ေက်ာက္ခင္းလမ္းမွာဆုံးသြားၿပီး ျမက္ေတာမ်ားဖုံးလႊမ္းေနသည့္ ေတာလမ္းသာရွိသည္။ ငခမ္းက စည္သူအနီးသို႔တိုးကပ္လာခဲ့သည္။
“စည္သူ၊ ခင္ဗ်ားသူေျပာတာၾကားတယ္မဟုတ္လား၊ ဒီေတာင္ေပၚမွာ စုန္းမႀကီးကိုးေယာက္ေနတယ္ဆိုတာေလ”
စည္သူက ေခါင္းတစ္ခ်က္ခါလိုက္သည္။
“မင္းဘာေတြးေနသလဲဆိုတာ ငါသိတယ္ငခမ္း၊ ဒါေပမယ့္ ငါတို႔ရဲ႕တာဝန္ထဲမွာ အဲဒီစုန္းမႀကီးေတြမပါဘူးကြ”
စည္သူရဲ႕အေျဖကို ငခမ္းကမေက်နပ္ေပ။
“အိုဗ်ာ၊ ဒီစုန္းမႀကီးေတြက ဒီလမ္းကျဖတ္တဲ့သူေတြကို ေႏွာင့္ယွက္ေနတယ္မဟုတ္လား”
“ဘာျဖစ္လဲကြ၊ ငါတို႔ကိုမေႏွာင့္ယွက္ရင္ၿပီးတာပဲမဟုတ္လား”
ငခမ္းက မေက်နပ္မွန္းသိသည္မို႔ စည္သူကဆက္ၿပီးေျပာသည္။
“ဒီမယ္ငခမ္း၊ ငါတို႔က တာဝန္နဲ႔လာတာ၊ ကိုယ့္တာဝန္ကိုပဲ အာ႐ုံစိုက္စမ္းပါ၊ ငါတို႔က လူတစ္ကာကိုကယ္တင္ေပးဖို႔ တာဝန္မရွိဘူးကြ၊ ငါတို႔တာဝန္က လင္းႏို႔ရာဇာႀကီးပဲ၊ မင္းေျပာတဲ့စုန္းမႀကီးေတြက ငါတို႔သြားမယ့္လမ္းမွာ လာမပိတ္ရပ္ေသးသေ႐ြ႕ ငါတို႔နဲ႔ဘာမွမဆိုင္ဘူး”
“တကယ္လို႔ စုန္းမႀကီးေတြက က်ဳပ္တို႔ေရွ႕မွာေပၚလာၿပီဆိုရင္ေရာ”
“ဒါဆိုရင္ေတာ့ အဲဒီစုန္းမႀကီးေတြကို မင္းနဲ႔ေပးစားရမွာေပါ့ကြာ၊ ဟား၊ ဟား”
စည္သူကရယ္ေမာလိုက္သည္။ ကေထာက သူတို႔အဖြဲ႕၏ ေရွ႕ဆုံးမွခရီးဆက္ေနသည္မို႔ ထိုစကားကိုမၾကားလိုက္ေသာ္လည္း ကျပားက ၾကားလိုက္ၿပီး မ်က္ေမွာင္တစ္ခ်က္ၾကဳတ္လိုက္သည္။
ေတာအတြင္းခရီးဆက္ေနသည္မွာ အေတာ္ၾကာလာခဲ့ၿပီျဖစ္သည္။ ကေထာမ်က္ႏွာပ်က္ေနသည္ကို သူတို႔သတိထားမိသည္။ တစ္ခါတစ္ရံ ကျပားက ကေထာနားသို႔သြားၿပိး သူတို႔ႏွစ္ဦး တတြတ္တြတ္ေျပာဆိုေနတတ္သည္။ မၾကာခင္ ေတာအုပ္အတြင္းေမွာင္ရိပ္သန္းလာခဲ့ၿပီျဖစ္သည္။ ကေထာက ျမည္းေပၚမွဆင္းၿပီး ေက်ာက္တုံးတစ္တုံးေပၚတြင္ထိုင္ခ်လိုက္သည္။
“ဘာျဖစ္တာလဲ”
“က်ဳပ္တို႔လမ္းေပ်ာက္ေနၿပီဗ်”
ကေထာေျပာလိုက္ေတာ့ သူတို႔အားလုံး အံ့ဩသြားသည္။ စည္သူက
“ဒါနဲ႔ခင္ဗ်ားေျပာေတာ့ ဒီလမ္းက ခင္ဗ်ားတို႔သြားေနက်လမ္းဆိုဗ်၊ ခင္ဗ်ား လမ္းေသခ်ာမသိဘူးလား”
ကေထာက ေခါင္းခါၿပီး ေခါင္းေပါင္းကိုျဖဳတ္ကာ သူ႔နဖူးမွေခြၽးမ်ားကိုသုတ္ေနေလသည္။
“မဟုတ္ဘူးဗ်၊ က်ဳပ္တို႔ဒီလမ္းကိုသြားတာ ေခ်ာင္းေပါက္ေတာ့မယ္၊ တစ္ခါမွ ဒီလိုမ်ိဳးမျဖစ္ဖူးဘူး”
ထိုအခါ ကျပားက သူတို႔ကိုေဒါသတႀကီးစိုက္ၾကည့္ၿပီး စည္သူကိုလက္ညႇိဳးထိုးလိုက္သည္။
“အဲဒါခင္ဗ်ားေၾကာင့္”
သူတို႔အားလုံး ကျပားကို ဝိုင္းၾကည့္လိုက္သည္။
“ခင္ဗ်ားႀကီးက ခုနက စုန္းမႀကီးေတြကို ေစာ္ကားေျပာဆိုေနတာ က်ဳပ္ၾကားလိုက္တယ္၊ ေနာက္ၿပီးေတာ့ ခင္ဗ်ားတို႔ စုန္းမႀကီးေတြကို ယဇ္ပူေဇာ္တာမလုပ္ခဲ့ဘူးမဟုတ္လား၊ ေသခ်ာပါတယ္ အကိုကေထာရာ၊ ဒီလူေတြပါလို႔စုန္းမႀကီးေတြက က်ဳပ္တို႔ကိုလမ္းေပ်ာက္ေအာင္လုပ္ထားတာေနမွာ”
ကျပားက လွံႀကီးဆြဲၿပီး တ႐ြယ္႐ြယ္ႏွင့္လုပ္ေနသည္မို႔ ကေထာက ကျပားကိုလွမ္းဆြဲလိုက္သည္။
“စိတ္ေအးေအးထားစမ္းပါကြာ၊ ငါေျဖရွင္းပါ့မယ္ကြ”
ထို႔ေနာက္ ကေထာက သူတို႔ကိုၾကည့္ၿပီး
“က်ဳပ္ေတာ့ သူေျပာတာကို သိပ္မယုံခ်င္ပါဘူး၊ ဒါေပမယ့္ ဒီအေျခအေနအတိုင္းဆိုရင္ေတာ့ က်ဳပ္တို႔အတူတူဆက္သြားလို႔မျဖစ္ႏိုင္ေတာ့ဘူးေနာင္ႀကီး”
စည္သူကၿပဳံးလိုက္ၿပီး
“ေကာင္းပါၿပီဗ်ာ၊ က်ဳပ္တို႔ ကိုယ့္လမ္းကိုယ္သြားၾကတာေပါ့၊ ေရာ့ ခင္ဗ်ားရဲ႕အထည္ေတြျပန္ယူပါ”
ကေထာက လက္ကာျပသည္။
“ေနာင္ႀကီးတို႔ ေရွ႕ဆက္လမ္းခရီးမွာ ဒီထက္ပိုၿပီးေအးေတာ့မွာ၊ ေနာင္ႀကီးတို႔ပဲ ယူထားလိုက္ပါ”
ထိုအခါ ပ်ံခ်ီက ေငြအိတ္ထဲမွ ေငြျပားအခ်ိဳ႕ကိုထုတ္ေပးလိုက္သည္။
ထို႔ေနာက္ ကေထာက ျမည္းေပၚတက္လိုက္ၿပီး ကျပားကလည္းျမည္းေပၚခုန္တက္လိုက္ကာ ဝန္တင္လားကေလးႏွစ္ေကာင္ကိုဆြဲလွ်က္ ေတာအုပ္အတြင္းသို႔ဝင္သြားေလသည္။ ပ်ံခ်ီက စည္သူကိုၾကည့္လိုက္သည္။
“ေကာင္းလိုက္တာ၊ အခုက်ဳပ္တို႔ဘယ္လိုလုပ္ၾကမလဲစည္သူ၊ ခင္ဗ်ားေရာ လမ္းမသိဘူးလား”
စည္သူက ေမးေစ့ကိုလက္ႏွင့္ပြတ္သပ္လိုက္သည္။
“သူေျပာတာမွန္ေလာက္တယ္ဗ်၊ က်ဳပ္အရင္တုန္းက ဒီလမ္းကို သုံးေလးေခါက္ေလာက္သြားဖူးတယ္၊ လမ္းအတိုင္းလိုက္သြားရင္း ေနာက္ဆုံးေငြေတာင္ျပည္ကိုေရာက္တာပဲ၊ အခုလိုေတာထဲက မျဖတ္ရဘူးဗ်”
ပ်ံခ်ီမွာ အလြန္စိတ္ဓါတ္က်သြားသည္။
“မင္းကိုယုံမိတာ မွားတာပဲစည္သူေရ၊ ငါ့ဖာသာသြားရင္အေကာင္း၊ အခုေတာ့ မင္းတို႔နဲ႔ေပါင္းမိလို႔ ေတာထဲမွာ မ်က္စိလည္ေနရၿပီမဟုတ္လား”
ထိုအခ်ိန္တြင္ ေခြးကေလးမွာ ေျမျပင္ကို တရႈံ႕ရႈံ႕နမ္းရင္း တစ္ခုခုကိုအနံ႔ခံေနေလသည္။ ေနာက္ေတာ့ ေတာအုပ္အတြင္းသို႔ေျပးသြားၿပီး သူတို႔ကိုၾကည့္ကာထိုးေဟာင္ေလသည္။ ငခမ္းက ထိုအေျခအေနကို ရိပ္စားမိလိုက္သည္။
“ကဲဗ်ာ၊ ျငင္းမေနၾကနဲ႔ေတာ့၊ စာဆိုေတာင္ရွိေသးတယ္ လမ္းမသိရင္ ေခြးေနာက္လိုက္တဲ့”
စည္သူႏွင့္ပ်ံခ်ီမွာ ငခမ္းကိုၾကည့္လိုက္သည္။
“က်ဳပ္အထင္ ဒီေခြးက ေတာေခြးမဟုတ္ဘူးဗ်၊ အိမ္ေမြးေခြးပုံစံပဲ၊ ဒီေတာ့ ဒီနားမွာ လူေနတဲ့႐ြာတစ္ခုခုရွိရမယ္၊ ဒီေခြးေလးက လမ္းကိုသိခ်င္သိေနမွာဗ်၊ သူ႔ေနာက္လိုက္သြားရင္ သူ႔႐ြာကိုေရာက္သြားေလာက္တယ္”
စည္သူႏွင့္ ပ်ံခ်ီတို႔လည္း ဘာမွမတတ္ႏိုင္ေတာ့သျဖင့္ ေခါင္းညိတ္လိုက္သည္။ ငခမ္းက ေခြးကေလးအေနာက္သို႔လိုက္သြားသည့္အခါ ေခြးကေလးက အေရွ႕မွဦးေဆာင္ေျပးေတာ့သည္။
မၾကာမီ လမ္းကေလးတစ္ခုေတြ႕လိုက္ရသည္။ ထိုလမ္းနံေဘးတြင္ သစ္သားျဖင့္ေရးထားသည့္ ဆိုင္းဘုတ္တစ္ခုရွိသည္။ ဆိုင္းဘုတ္တြင္ေရးထားသည့္ စာမ်ားကိုသူတို႔မဖတ္တတ္ေပ။ ေကာက္ေကာက္ေကြးေကြးႏွင့္ ေရးသားထားသည့္စာတစ္မ်ိဳးျဖစ္သည္။ ထိုလမ္းအတိုင္း လိုက္လာသည့္အခါတြင္ အိမ္ကေလးမ်ားတန္းစီေဆာက္ထားသည္ကိုျမင္လိုက္ရသည္။ အိမ္ကေလးမ်ား၏ ေခါင္မိုးမွလည္း မီးခိုးမ်ားထြက္ေနသျဖင့္ လူေနထိုင္သည္ကို သိလိုက္ရသည္။
“ေရွ႕မွာ၊ ႐ြာကေလးတစ္႐ြာဗ်ိဳ႕”
(၄)
ငခမ္းက ဝမ္းသာအားရႏွင့္ေအာ္လိုက္ၿပီး သူတို႔႐ြာဆီသို႔ ဦးတည္လိုက္ၾကသည္။ ႐ြာကေလးမွာ ေတာင္ေစာင္းတစ္ခုတြင္ေဆာက္ထားျခင္းျဖစ္ၿပီး ႐ြာအဝင္တြင္ သီးႏွံစိုက္ခင္းမ်ား၊ ဟင္းသီးဟင္း႐ြက္စိုက္ခင္းမ်ားကိုေတြ႕ရၿပီး ထိုစိုက္ခင္းမ်ားတြင္လည္း အသီးအႏွံမ်ားက ဖူးပြင့္ေဝဆာေနၾကသည္။
သူတို႔႐ြာထိပ္ေရာက္သည့္အခါ စိုက္ခင္းထဲမွ မိန္းကေလးတစ္ေယာက္ေျပးထြက္လာၿပီး သူတို႔ကိုႏွစ္လိုဖြယ္ေကာင္းသည့္ အၿပဳံးႏွင့္ ၿပဳံးျပသည္။
“အကိုႀကီးတို႔ကို ၾကည့္ရတာ ခရီးသြားေတြနဲ႔တူတယ္”
“ဟုတ္ပါတယ္၊ က်ဳပ္တို႔လမ္းေပ်ာက္ေနလို႔ပါ”
“မိုးခ်ဳပ္ေတာ့မယ္ထင္တယ္၊ ႐ြာမွာတစ္ညနားလိုက္ပါ၊ ေနာက္ေန႔က်ေတာ့ အနန္းလမ္းျပေပးပါ့မယ္”
ငခမ္းလည္းၿပဳံးလိုက္ၿပီး သူတို႔႐ြာအတြင္းသို႔ဝင္ခဲ့ၾကသည္။ အိမ္ကေလး ဆယ္လုံးခန႔္ရွိၿပီး အိမ္ကေလးမ်ားမွာလည္း သပ္သပ္ရပ္ရပ္ကေလးမ်ားျဖစ္သည္။ သူတို႔ဝင္လာသည့္အခါ အိမ္ကေလးမ်ားအတြင္းမွ မိန္းကေလးမ်ားေျပးထြက္လာၾကသည္။ ေနာက္ေတာ့ သူတို႔ကိုၿခံဝန္းက်ယ္ႀကီးရွိသည့္ အိမ္ႀကီးတစ္ခုဆီသို႔ေခၚသြားသည္။
အိမ္ေရွ႕ေရာက္သည့္အခါ ျမင္းခ်ည္တိုင္တြင္ ျမည္းမ်ားကိုခ်ည္ေႏွာင္လိုက္သည္။ သူတို႔ျမည္းေပၚမွဆင္းလိုက္သည္ႏွင့္ မိန္းကေလးမ်ားမွာ သူတို႔ကိုဝိုင္းၿပီးကိုင္တြယ္ၾကသည္။
“ဟယ္၊ ဒီဗလေတာင့္ေတာင့္နဲ႔အကိုႀကီးက ငါ့လင္ေနာ္”
ငခမ္းကို မိန္းကေလးသုံးေယာက္ေလာက္ဝိုင္းၿပီးဆြဲေနသည္။ မိန္းကေလးမ်ားက ငခမ္း၏ လက္ေမာင္းႂကြက္သားမ်ားကိုပြတ္သပ္ေနသလို၊ ငခမ္း၏ ရင္ဘတ္ကိုလည္းပြတ္သပ္ေနၾကသည္။ အသက္အနည္းငယ္ႀကီးသည့္ အမ်ိဳးသမီးႀကီးတစ္ေယာက္ကလည္း ငခမ္း၏တင္ပါးကို လက္ႏွင့္ပုတ္လိုက္သည္။
“ဟယ္၊ ေတာင့္ေနတာပဲ၊ ဟဲ့ေကာင္မေတြ ညည္းတို႔ေဘးဖယ္ၾကစမ္း၊ ဒါ ငါ့လင္ဟဲ့”
ငခမ္းနည္းတူ ဝက္ႀကီး၊ ပ်ံလႊား၊ စည္သူႏွင့္ ပ်ံခ်ီတို႔ကိုပါ မိန္းကေလးမ်ားက ပြတ္သပ္က်ီစားေနၾကသည္။ ငခမ္းကေတာ့ ထိုကဲ့သို႔လုပ္ရပ္မ်ိဳးကို မႏွစ္ၿမိဳ႕ေပ။ ထိုအခ်ိန္တြင္ အိမ္ႀကီး၏ တံခါးပြင့္သြားၿပီး အတြင္းမွ အသက္ႀကီးႀကီး အဘြားႀကီးတစ္ေယာက္ထြက္လာသည္။
“ဟဲ့ေကာင္မေတြ၊ လင္ဆာမေနနဲ႔၊ ဧည့္သည္ေတြကို အထဲကိုေခၚလာခဲ့စမ္း”
မိန္းကေလးမ်ားက သူတို႔ကိုဆြဲၿပီး အိမ္ေပၚသို႔ေခၚတင္လာခဲ့သည္။ အိမ္ႀကီးမွာ အေတာ္က်ယ္ဝန္းသည္။ သူတို႔ထိုင္လိုက္သည့္အခါ မိန္းကေလးမ်ားက သူတို႔အနီးတြင္ ပြတ္သပ္ေနၾကျပန္သည္။
“ေကာင္မေတြ နင္တို႔ေတာ္စမ္း၊ ဖယ္ၾက၊ မဟုတ္ရင္ ငါ့ေတာင္ေဝွးစာမိမယ္”
အဘြားႀကီးက ႀကိမ္းေမာင္းလိုက္မွ မိန္းကေလးမ်ားမွာ အခန္းတစ္ေနရာတြင္ စုေဝးထိုင္ေနၾကသည္။ သူတို႔အခ်င္းခ်င္းတိတ္တဆိတ္စကားေျပာၿပီး ဟိုလူက သူ႔လူ၊ ဒီလူက သူ႔လူဟုေျပာကာ ျငင္းခုန္ေနၾကျပန္သည္။ မိန္းကေလးမ်ားထဲတြင္ အသက္ငယ္သည့္မိန္းကေလးမ်ားလည္းပါသလို၊ အသက္ခပ္ႀကီးႀကီး ၀၀မိန္းမႀကီးမ်ားလည္းပါသည္။
“လူေလးတို႔ လမ္းေပ်ာက္လာတယ္ထင္တယ္”
“ဟုတ္ပါတယ္အဘြား၊ က်ဳပ္တို႔ေတာထဲမွာ မ်က္စိလည္ေနတာပါ”
“ေအးကြယ္၊ ဒီလမ္းကိုသိပ္မသြားဖူးတဲ့လူဆိုရင္ လမ္းေပ်ာက္တတ္ပါတယ္၊ ကဲ လာပါ၊ တို႔႐ြာေရာက္တုန္း ေအးေအးေဆးေဆးအနားယူလိုက္ပါ”
ထိုအခါ မိန္းကေလးမ်ားက သူတို႔ဆီသို႔ေျပးလာၾကသည္။
“အကိုႀကီး ညီမတို႔အိမ္ကိုလိုက္ခဲ့ပါ၊ ညီမ အကိုႀကီးကို ဧည့္ခံပါရေစ”
အသက္ႏွစ္ဆယ္ခန႔္နီးပါးရွိသည့္ မိန္းကေလးတစ္ဦးက ငခမ္းလက္ကိုအတင္းဆြဲသည္။ ထိုအခ်ိန္ အေဒၚႀကီးတစ္ေယာက္က ငခမ္းလက္ကိုလာဆြဲျပန္သည္။
“ေမာင္ေလး၊ မမအိမ္ကိုလိုက္ခဲ့ပါ၊ ေမာင္ေလးစိတ္ႀကိဳက္ေတြခ်ည္းပဲ ျဖစ္ေစရမယ္”
ငခမ္းက စိတ္ညစ္ေနသည့္အခါ သူ႔နံေဘးမွ မိန္းကေလးမွာ အေပၚဝတ္ထားသည့္အဝတ္အစားမ်ားကိုခြၽတ္ခ်လိုက္သည္။ ထိုအခါ ျဖဴျဖဴႏုႏု ရင္သားမ်ားမွာ အတိုင္းသားျဖစ္ေနေလသည္။ ငခမ္းၾကည့္ရင္း မ်က္လုံးမ်ားပင္ရွက္လာသည္။ အခ်ိဳ႕မိန္းကေလးမ်ားမွာလည္း အဝတ္အစားမ်ားကိုခြၽတ္ခ်လိုက္ၿပီး အမ်ိဳးစုံ ျမႇဴဆြယ္ေနေတာ့သည္။
ငခမ္းက စည္သူတို႔အား အကူအညီရမလားဆိုၿပီး ၾကည့္လိုက္ရာ စည္သူတို႔မွာ ထိုမိန္းကေလးမ်ားကို နမ္းရႈံ႕ေနၾကေလသည္။
“ေဟ့လူ၊ က်ဳပ္တို႔တာဝန္ထဲမွာ ဒီဟာလည္းမပါဘူးမဟုတ္လား”
ထိုအခါ စည္သူက မိန္းကေလးႏွစ္ေယာက္ကို ဘယ္တစ္ေယာက္ ညာတစ္ေယာက္ဖက္ထားရင္း
“အိုကြာ၊ ဒါက်ေတာ့ တာဝန္ထဲမပါေပမယ့္လဲ ငါတို႔အေပ်ာ္ေလးနည္းနည္းေလာက္ေတာ့ ရွာလို႔ရပါတယ္ကြ”
မိန္းကေလးေလးေယာက္က စည္သူကိုဆြဲေခၚသြားသည္။ ထို႔အတူ ပ်ံခ်ီကိုလည္း မိန္းကေလးသုံးေယာက္က ေခၚေဆာင္ကာ အိမ္ေပၚမွဆင္းသြားသည္။ ဝက္ႀကီးႏွင့္ မိန္းကေလးတစ္သိုက္အဖြဲ႕က်ေနကာ ဝက္ႀကီးက မိန္းကေလးႏွစ္ေယာက္ကို ပုခုံးေပၚတင္ထမ္းကာ အိမ္ေပၚမွဆင္းသြားသည္။ ပ်ံလႊားလည္း မိန္းကေလးမ်ား၏ အေခ်ာ့အျမႇဴကို ထိန္းသိမ္းႏိုင္သည့္ပုံမေပၚေပ။
“သြားၾက၊ ငါ့ကိုဒီလိုလာမလုပ္ၾကနဲ႔”
ငခမ္းက ေအာ္ဟစ္ၿပီးတြန္းထုတ္ပစ္လိုက္သည္။ မိန္းကေလးမ်ားမွာ ၾကမ္းေပၚသို႔လဲက်သြားသည္။ မိန္းမႀကီးတစ္ေယာက္က သူ႔အားေဒါသထြက္သြားေလသည္။
“ဟဲ့ ေတာ္ၾကေတာ့၊ နင္တို႔စည္းကမ္းကိုသိတယ္မဟုတ္လား၊ ဧည့္သည္ကို မေႏွာင့္ယွက္ၾကနဲ႔”
ထိုအခါ မိန္းကေလးမ်ားမွာ အဝတ္အစားမ်ားမပါဘဲ အိမ္ေပၚမွေျပးဆင္းသြားသည္။ ငခမ္းတစ္ေယာက္ အခုမွသက္ျပင္းခ်ႏိုင္သည္။
“ဘာေတြျဖစ္ေနတာလဲအဘြား၊ ဒီမိန္းကေလးေတြက ဘာလို႔ဒီေလာက္ေတာင္ျဖစ္ေနၾကတာလဲ”
ထိုအခါ အဘြားႀကီးက ေခါင္းညိတ္လိုက္သည္။
“တို႔႐ြာမွာ ေယာက္်ားမရွိတာ သုံးႏွစ္သုံးမိုးတိုင္ခဲ့ၿပီလူေလးရဲ႕”
ငခမ္းလည္းအံ့ဩသြားမိသည္။ အခုမွျပန္စဥ္းစားၾကည့္မိေတာ့ ႐ြာသို႔ဝင္လာကတည္းက ေယာက္်ားတစ္ေယာက္မွမေတြ႕မိေပ။
“ဒါဆို ေယာက္်ားေတြက ဘယ္ေရာက္ကုန္လို႔လဲအဘြား”
“တို႔ ကရင္နီျပည္နယ္မွာ ယိုးဒယားနဲ႔စစ္ျဖစ္ေနခဲ့တယ္၊ ဒါေၾကာင့္မို႔ ေစာဖ်ား(ေစာ္ဘြား) ေတြက စစ္တိုက္ဖို႔ ေက်း႐ြာေတြက ေယာက္်ားသားမွန္သမွ်ကို စစ္ထဲေခၚသြားခဲ့တယ္၊ ေယာက္်ားဆိုရင္ ႏို႔စို႔အ႐ြယ္ကေလးေလာက္သာက်န္ၿပီး ဓါးကိုင္၊ လွံႏိုင္တဲ့အ႐ြယ္ကအစ စစ္ထဲလိုက္သြားရတယ္ေလ”
“ဒါဆိုသူတို႔ျပန္မလာၾကဘူးလား”
အဘြားအိုက ေခါင္းခါျပသည္။
“ဒါေၾကာင့္မို႔လို႔ ဒီ႐ြာက မိန္းကေလးေတြက ေယာက္်ားသားျမင္ရင္ မေနႏိုင္ေလာက္ေအာင္ကို အရမ္းေတာင့္တေနၾကတာေပါ့ကြယ္၊ တို႔႐ြာကလည္း ေခါင္တယ္ဆိုေတာ့ ေတာ္႐ုံလူမေရာက္ႏိုင္ဘူးမဟုတ္လား”
ငခမ္းလည္းေခါင္းညိတ္လိုက္မိသည္။
“ကဲပါ၊ ေမာင္ရင္ ပင္ပန္းလာတယ္ဆိုရင္ နားေတာ့၊ ေဟာဟိုအခန္းမွာ အိပ္ႏိုင္တယ္ကြဲ႕”
အဘြားႀကီးၫႊန္ျပသည့္အခန္းထဲသို႔ ငခမ္းထြက္လာခဲ့သည္။ အခန္းတံခါးကိုဖြင့္လိုက္ၿပီး ၾကမ္းတြင္ခင္းထားသည့္ အိပ္ရာေပၚတြင္လွဲခ်လိုက္သည္။ ခဏၾကာသည့္အခါ အခန္းတံခါးမွာ ပြင့္သြားေလသည္။ ငခမ္းလည္း အံ့ဩၿပီး အခန္းတံခါးဆီသို႔ ၾကည့္လိုက္မိသည္။
“အလို”
အလြန္တရာ ေခ်ာေမာလွပလြန္းသည့္ မိန္းကေလးတစ္ဦးက အခန္းတံခါးဝတြင္ ကိုယ္လုံးတီးရပ္ေနေလသည္။ သူ႔အသားအရည္ကေလးမ်ားက ျဖဴစင္ဝင္းမြတ္ေနၿပီးေနာက္ အလြန္လွပသည့္ မိန္းကေလးတစ္ေယာက္၏ အလွကိုလည္းအတိုင္းသားျမင္ေနရသည္။ ထိုမိန္းကေလးက သူ႔အနီးသို႔ေရာက္လာကာ သူ႔အေပၚသို႔ခုန္အုပ္လိုက္သည္။
“ကြၽန္မကိုခ်စ္ေပးပါ၊ ကြၽန္မလင္”
မိန္းကေလးက သူ႔နားအနီးသို႔ကပ္ၿပီး တိုးတိုးေလးေျပာလိုက္ကာ သူ႔နား႐ြက္ကိုလွ်ာႏွင့္လ်က္ေနေလသည္။ ငခမ္းစိတ္ထဲ တစ္မ်ိဳးႀကီးျဖစ္ေနသည္။ ထိုမိန္းကေလးသည္ သူျမင္ဖူးခဲ့သည့္ ေနာ္အဲမူတမွ် လွပေသာ္လည္း ထိုမိန္းကေလးႏွင့္ ေပ်ာ္ပါးဖို႔စိတ္ကူးသူ႔တြင္မျဖစ္ေပၚမိသည့္အျပင္ ထိုမိန္းကေလး သူ႔အားကပ္ေနသည္ကိုလည္း စိတ္ညစ္ေနမိသည္။ သို႔ေသာ္လည္း ေယာက္်ားသားမို႔ ထိုမိန္းကေလး၏ အျပဳအစုမ်ားေအာက္တြင္ ေပ်ာ္ဝင္ခ်င္လာသည္။ ထိုမိန္းကေလး၏ ကိုယ္လုံးကေလးကို တင္းၾကပ္ေအာင္ဖက္ထားမိသည္။
“ဝုတ္၊ ဝုတ္”
ထိုစဥ္ အိမ္ေရွ႕မွေခြးေဟာင္သံကိုၾကားရသည္။
“ဝုတ္၊ ဝုတ္”
ေခြးက မရပ္မနားေဟာင္ေနသည္။ ငခမ္းေခြးေဟာင္သံအေပၚ အာ႐ုံေရာက္သြားၿပီး မိန္းကေလးကိုတြန္းလွဲလိုက္သည္။
“ထိပ္ျဖဴေလး ဗိုက္ဆာေနၿပီထင္တယ္”
ထို႔ေနာက္ အခန္းထဲမွထထြက္လိုက္ေတာ့ မိန္းကေလးက ငခမ္းလက္ကိုလွမ္းဆြဲထားလိုက္သည္။
“ဘယ္သြားမလို႔လဲအကို၊ ဒီမွာမၿပီးေသးဘူးေလ”
ငခမ္းက ထိုမိန္းကေလးလက္ကိုပုတ္ခ်လိုက္သည္။
“ငါ့ေခြးကေလး ဗိုက္ဆာေနၿပီထင္တယ္၊ သူ႔ကိုအစာသြားေကြၽးလိုက္အုံးမယ္”
ငခမ္းအိမ္ေရွ႕ထြက္လာေတာ့ အိမ္ေရွ႕ေလွကားတြင္ ေခြးကေလးက ရပ္ေနကာ အိမ္ထဲသို႔ၾကည့္ေနသည္။ အျပင္တြင္ ေနဝင္ေတာ့မည္ျဖစ္သျဖင့္ အလင္းေရာင္က နည္းပါးေနၿပီျဖစ္သည္။ ငခမ္းက ေခြးေလး၏ ေခါင္းကိုပြတ္သပ္ေပးလိုက္သည္။
“မင္းဗိုက္ဆာေနၿပီလားကြ”
ထိုအခါ ေခြးေလးက သူ႔ထံမွထြက္ခြာသြားၿပီး ၿခံစည္း႐ိုးနားအေရာက္တြင္ သူ႔အားလည္ျပန္လွည့္ၾကည့္ကာ သူ႔ကိုေဟာင္ေလသည္။
“ဘာလဲ၊ ငါ့ကိုမင္းအေနာက္ကို လိုက္ေစခ်င္တာလား”
ေခြးေလးက ေခါင္းညိတ္ျပသလိုလုပ္ၿပီး ဆက္ထြက္သြားသည္။ ငခမ္းလည္း ထူးဆန္းသြားသည္မို႔ ေခြးကေလးအေနာက္သို႔လိုက္လာခဲ့သည္။
ေခြးေလးက သူ႔အားဦးေဆာင္ကာ ေခၚသြားသည္မို႔ငခမ္းလည္း လိုက္သြားမိသည္။ အိမ္ကေလးမ်ားမွာ ဆီမီးမ်ားထြန္းထားပုံရၿပီး တလက္လက္ႏွင့္လင္းေနသည္။ ေခြးကေလးမွာ ႐ြာအေနာက္သို႔ဝင္သြားၿပီး ေတာစပ္တစ္ေနရာသို႔ေရာက္သြားသည္။ ထိုေနရာတြင္ ဒူးေလာက္အထိရွည္သည့္ ျမက္ပင္မ်ားကဖုံးလႊမ္းထားသည္။ ေခြးကေလးက ျမက္ေတာအေနာက္သို႔ဝင္သြားၿပီး တစ္ခုခုကိုတူးဆြေနသည္။ ငခမ္းသြားၾကည့္လိုက္သည့္အခါ ေခြးကေလးတူးေနသည့္ ေျမျပင္တြင္ ျဖဴျဖဴေဖြးေဖြးအရာတစ္ခုကိုျမင္လိုက္ရသည္။ ေခြးကေလးက ထိုအရာကိုကိုက္ၿပီး ေျမေအာက္မွဆြဲထုတ္လိုက္သည္။
“ဟာ၊ လူ၊ လူေခါင္းႀကီးပါလား”
ျဖဴျဖဴေဖြးေဖြး လူအ႐ိုးေခါင္းႀကီးတစ္ခုကို ေခြးကေလးက ကိုက္ခ်ီထားသည္။ ငခမ္းလည္း အလြန္ထိတ္ခန႔္သြားသည္။ ထို႔ေနာက္ ထိုေျမျပင္ကို ေသေသခ်ာခ်ာၾကည့္လိုက္ရာ သဲမ်ားႏွင့္ ျမက္မ်ားေအာက္တြင္ေတာ့ ျဖဴျဖဴေဖြးေဖြးအရာမ်ားက ထိုးထိုးေထာင္ေထာင္ႏွင့္ထြက္ေနၾကသည္။ ငခမ္းေသခ်ာတူးၾကည့္ရာ လူအ႐ိုးေခါင္းမ်ား၊ နံ႐ိုးမ်ားႏွင့္ လူေျခလက္႐ိုးမ်ားကိုေတြ႕ရသည္။
“ဟာ၊ ဘာေတြျဖစ္ကုန္တာလဲ”
ေန႔အလင္းေရာင္မွိန္မွိန္ေအာက္တြင္ ထိုေျမျပင္ႀကီးတစ္ခုလုံးတြင္ လူအ႐ိုးမ်ားျဖင့္ျပည့္ႏွက္ေနသည္ကိုျမင္လိုက္ရသည္။ ငခမ္းက တစ္ခုခုေတာ့ ထူးေနၿပီမွန္းသိလိုက္သည္။ ထိုအခါ ေခြးကေလးက သူကိုက္ခ်ီထားသည့္ လူအ႐ိုးေခါင္းႀကီးကိုပစ္ခ်လိုက္ကာ ႐ြာထဲသို႔ဝင္ေျပးသည္။
“မျဖစ္ဘူး၊ ဒီအ႐ိုးေတြက ဘာေတြလည္း၊ ငါ စည္သူတို႔ကိုေျပာျပမွျဖစ္မယ္”
ငခမ္းက ႐ြာအတြင္းသို႔ ျပန္ေျပးဝင္လိုက္သည္။
ေခြးေလးက အိမ္ကေလးတစ္လုံး၏အေရွ႕တြင္ ရစ္သီရစ္သီလုပ္ေနသည္။ ငခမ္းလည္း ေခြးကေလးတစ္ခုခုကိုေျပာခ်င္ေနပုံရသည္ကို သိလိုက္သျဖင့္ ထိုအိမ္ေပၚသို႔အသာတက္ခဲ့သည္။ အိမ္တံခါးႀကီးမွာ ပြင့္ေနၿပီး အိမ္အတြင္းတြင္ ဆီမီးအလင္းေရာင္က ထိန္လင္းေနသည္။ ငခမ္းလည္း အိမ္တံခါးဝအနီးမွ အသာကေလး အိမ္ထဲသို႔ေခ်ာင္းၾကည့္လိုက္သည္။
“ဟင္၊ ကျပားပါလား”
ကျပားဆိုသည့္ လူငယ္ကေလးမွာအိမ္ေရွ႕ခန္းတြင္ပင္ မိန္းကေလးသုံးဦးႏွင့္ ခ်စ္ပြဲဆင္ေနၾကေလသည္။ ထိုမိန္းကေလးမ်ားေရာ ကျပားပါ မိန္းေမာေနၾကသျဖင့္ ငခမ္းကိုပင္မျမင္မေတြ႕ၾကေပ။ ကျပားမွာ ခ်စ္ပြဲဆင္ၿပီးသည့္အခါ တစ္ကိုယ္လုံးတဆတ္ဆတ္တုန္ယင္ၿပီး လဲက်သြားေလသည္။ အလြန္ေမာပန္းေနပုံရၿပီး အသက္ကိုမနည္းရႈေနရသည္။ ထိုအခ်ိန္တြင္ မိန္းကေလးမ်ားမွာ ကျပားကိုပြတ္သပ္ရင္း ၿပဳံးရယ္ေနၾကသည္။
မိန္းကေလးတစ္ဦးမွာ ကျပား၏ႏႈတ္ခမ္းကိုစုပ္နမ္းၿပီးေနာက္ ကျပားလွ်ာကိုသူ႔ပါးစပ္ႏွင့္ကိုက္လိုက္ၿပီး အားကုန္ကိုက္ခ်ပစ္လိုက္သည္။
ကျပားမွာတစ္ခ်က္တုန္လႈပ္သြားၿပီး တဝူးဝူးႏွင့္ေအာ္ေနသည္။ မိန္းကေလးမွာ သူ႔ပါးစပ္အတြင္း ပါလာသည့္ ကျပား၏လွ်ာကို အငမ္းမရ ဝါးစားေနသည္။ ငခမ္းေသခ်ာၾကည့္လိုက္သည့္အခါ ထိုမိန္းကေလးမ်ား၏ သြားမ်ားမွာ အစြယ္မ်ားအျဖစ္သို႔ေျပာင္းလဲသြားၿပီး မိန္းကေလးမ်ား၏ မ်က္လုံးမ်ားမွာလည္း အနီေရာင္အျဖစ္ဝင္းလဲ့ေတာက္ပေနသည္။
ထို႔ေနာက္ က်န္သည့္မိန္းကေလးႏွစ္ဦးအနက္ တစ္ဦးမွာ ကျပား၏ လက္ေမာင္းကို ကိုက္ျဖတ္လိုက္သည္။ လက္ေမာင္းမွ အသားတစ္ႀကီးျပတ္ထြက္သြားၿပီး ေသြးေတြပန္းထြက္လာသည္။ ေနာက္မိန္းကေလးတစ္ဦးက ေသြးမ်ားကိုစုပ္ယူေနသလို တစ္ေယာက္ကလည္း လက္ေမာင္းမွ အသားတစ္ႀကီးကို အစိမ္းလိုက္ဝါးစားေနသည္။
ငခမ္းၾကည့္ေနသည့္အခ်ိန္မွာပင္ ကျပားကိုမိန္းကေလးသုံးေယာက္က အရွင္လတ္လတ္အသားမ်ားဖဲ့စားေနၾကသည္။ ကျပားမွာ မလႈပ္ရွားႏိုင္ဘဲ တအင့္အင့္ႏွင့္သာ ညည္းညဴေနေလသည္။ ငခမ္းပင္ ထိုမိန္းကေလးမ်ားကိုၾကည့္ရင္း ေၾကာက္႐ြံ႕လာေလသည္။
“လတ္စသတ္ေတာ့ ဒီမိန္းကေလးေတြက လူသားစားတဲ့ ဘီလူးမေတြပဲ”
မိုးခ်ဳပ္သြားၿပီျဖစ္သည္။ ေကာင္းကင္က ၾကည္လင္ေနသျဖင့္ လေရာင္မွာ ႐ြာကေလးေပၚသို႔ျဖာက်ေနသည္။
“စည္သူတို႔၊ ပ်ံလႊားတို႔”
ငခမ္းလည္းေရ႐ြတ္လိုက္ၿပီး အိမ္ေပၚမွအျမန္ဆင္းခဲ့သည္။ ထိုအခါ အိမ္ေရွ႕ေလွကားရင္းတြင္ ေကာင္ေလးတစ္ေယာက္ မတ္တပ္ရပ္ေနေလသည္။
“ဟုတ္တယ္၊ ခင္ဗ်ားေတြ႕ၿပီမဟုတ္လား၊ သူတို႔က လူသားစားတဲ့စုန္းမေတြပဲ”
ထိုေကာင္ေလးမွာ အလြန္ပိန္လွီေနၿပီး အဝတ္အစားေတြမွလည္း စုတ္ျပတ္ေနသည္။ တစ္ကိုယ္လုံးလည္း အကြက္အကြက္ေတြႏွင့္ အနာေတြျဖစ္ေနေလသည္။
“မင္း၊ မင္းက ဘယ္သူလဲ”
“ခင္ဗ်ားက်ဳပ္ကို မမွတ္မိဘူးလားငခမ္း၊ က်ဳပ္က ထိပ္ျဖဴေလ”
ငခမ္းအလြန္အံ့ဩသြားမိသည္။
“ထိပ္ျဖဴဆိုေတာ့ မင္း၊ မင္းက ေခြးကေလးေပါ့”
“ဟုတ္တယ္၊ က်ဳပ္က အရင္ကေတာ့ လူတစ္ေယာက္ပါပဲ၊ ဒီ႐ြာမွာေနတဲ့လူေပါ့”
“ဒါနဲ႔ မင္းတို႔႐ြာမွာ ဘယ္လိုလုပ္ၿပီးေတာ့ အသားစားတဲ့စုန္းမေတြ ေရာက္ေနခဲ့တာလဲ”
ထိပ္ျဖဴက မိုးေပၚသို႔တစ္ခ်က္ေမာ့ၾကည့္လိုက္သည္။
“ဒါေတြအေရးမႀကီးပါဘူးဗ်ာ၊ အခုအေရးႀကီးတာက ခင္ဗ်ား ဒီ႐ြာကေနထြက္ေျပးေတာ့”
“ဘာလို႔လဲ၊ ငါတစ္ေယာက္တည္း ထြက္မေျပးႏိုင္ပါဘူး”
“ခင္ဗ်ားနားလည္ေအာင္ေျပာရရင္ေတာ့ က်ဳပ္က သူတို႔အတြက္ ခရီးသြားေတြကို ေခၚလာေပးရတဲ့ တာဝန္ယူထားရတာပဲ၊ ခင္ဗ်ားကိုကယ္တယ္ဆိုတာက ခင္ဗ်ားက က်ဳပ္အေပၚေကာင္းတယ္၊ ဒါေၾကာင့္ ခင္ဗ်ားကို က်ဳပ္ကယ္မယ္၊ ခင္ဗ်ား ျမန္ျမန္ေျပးေတာ့”
ငခမ္း ေခါင္းခါလိုက္သည္။
“ငါမေျပးဘူး၊ ငါ့လူေတြကို ကယ္ရအုံးမယ္ကြ”
(၅)
အိမ္တံခါးပိတ္ထားၿပီး မီးမ်ားလင္းေနသည့္ အိမ္ကေလးတစ္ခုအနီးတြင္ ငခမ္းရပ္လိုက္သည္။ သူ႔ခါးပတ္မွ ေ႐ႊၾကာပြင့္လက္နက္ကိုျဖဳတ္လိုက္ၿပီး အသင့္ျပင္ထားလိုက္သည္။ အိမ္အတြင္းမွ အသံဗလံမ်ားကိုၾကားေနရသျဖင့္ အိမ္တံခါးကိုေျခေထာက္ႏွင့္ကန္ဖြင့္လိုက္သည္။
“ဝုန္း”
တံခါးပြင့္သြားသည့္အခါ အတြင္းတြင္ ခ်စ္ပြဲဆင္ေနသည့္ ဝက္ႀကီးကိုေတြ႕သြားသည္။
“စုန္းမေတြ၊ ေသေပေတာ့”
ဝက္ႀကီးအေရွ႕တြင္ ပက္လက္လွန္ေနသည့္ စုန္းမအား ငခမ္းက ေ႐ႊၾကာပြင့္ႏွင့္လႊဲကာ ႐ိုက္ထည့္လိုက္သည္။ ထိုစုန္းမ၏ မ်က္ႏွာကို ေ႐ႊၾကာပြင့္က ထိုးေဖာက္ဝင္သြားၿပီး မ်က္ႏွာရွိအ႐ိုးမ်ားမွာက်ိဳးေက်သြားသည္။
“ငခမ္း၊ မင္းဘာလာရႈပ္တာလဲ”
ထိုအခါ ဝက္ႀကီးအနားမွ ေနာက္မိန္းကေလးတစ္ေယာက္မွာ ပါးစပ္ႀကီးၿပဲကားသြားသည္။ ပါးစပ္အတြင္းတြင္ေတာ့ သင္တုန္းဓါးမ်ားကဲ့သို႔ ခြၽန္ထက္ေနသည့္ အစြယ္မ်ားရွိသည္။ မ်က္လုံးႀကီးလည္း နီရဲသြားၿပီး ငခမ္းဆီသို႔ ဖားတစ္ေကာင္ကဲ့သို႔ လႊားခနဲခုန္အုပ္လိုက္ေလသည္။
ငခမ္းက ထိုစုန္းမ၏ မ်က္ႏွာကိုေျခေထာက္ႏွင့္ ေဆာင့္ကန္လိုက္ရာ စုန္းမမွာ ေလေပၚမွာပင္ အေနာက္သို႔လြင့္ၿပီး ျပဳတ္က်သြားသည္။ ထို႔ေနာက္ မတ္တပ္ရပ္ၿပီး အိမ္ခန္းျပတင္းေပါက္မွ ခုန္ခ်ရန္ျပဳလုပ္လိုက္သည္။ သို႔ေသာ္ ငခမ္းက ပိုျမန္သည္။ ခ်ိတ္ေကာက္ႀကီးႏွင့္ လွမ္းပစ္လိုက္ေသာေၾကာင့္ ထိုစုန္းမ၏ ဦးေခါင္းကိုခ်ိတ္မိသြားေလသည္။ ငခမ္းက အားႏွင့္ဆြဲလိုက္ရာ စုန္းမမွာ ပက္လက္လန္ကာ လဲက်သြားသည္။ ထိုအခါ ဝက္ႀကီးက စုန္းမ၏မ်က္ႏွာကို သူ႔ေျခေထာက္ႏွင့္ အားကုန္နင္းထည့္လိုက္ရာ စုန္းမ၏ ေခါင္းႀကီးတစ္ခုလုံး ျပားခ်ပ္သြားၿပီး ဦးေႏွာက္မ်ားမွာ အခန္းအတြင္းျပန႔္က်ဲသြားသည္။
“ဝက္ႀကီး၊ ဒီေကာင္မေတြက လူမဟုတ္ဘူး၊ လူသားစားတဲ့စုန္းမေတြဟ”
ဝက္ႀကီးလည္း ေခါင္းညိတ္လိုက္ၿပီး နံရံတြင္ေထာင္ထားသည့္ သူ၏ဓါးမႀကီးကိုဆြဲယူလိုက္သည္။
“ငါစည္သူကိုသြားကယ္မယ္၊ မင္းက ပ်ံလႊားကိုသြားကယ္ ဝက္ႀကီး”
ငခမ္းႏွင့္ ဝက္ႀကီးတို႔ စည္သူတို႔ကိုကယ္ရန္အတြက္ လူခြဲၿပီးထြက္လာခဲ့ၾကသည္။ အခ်ိဳ႕အိမ္ကေလးမ်ားမွာ ေမွာင္အတိက်ေနၿပီး အခ်ိဳ႕အိမ္ကေလးမ်ားမွာ မီးမ်ားလင္းထိန္ေနသည့္အတြက္ေၾကာင့္ လူရွိမရွိကို ရွာရလြယ္ကူသည္။ ငခမ္းက ဝက္ႀကီးကို ကယ္ခဲ့သည့္အိမ္ကေလးမွ သုံးအိမ္ေျမာက္တြင္ မီးလင္းေနသည္ကိုေတြ႕လိုက္သျဖင့္ ထိုအိမ္ဆီသို႔အေျပးထြက္လာခဲ့သည္။
(၆)
ပ်ံခ်ီမွာ မိန္းကေလး ေလးေယာက္ႏွင့္ ခ်စ္ပြဲဆင္ေနရာမွ တစ္ကိုယ္လုံးတဆတ္ဆတ္တုန္ယင္လာၿပီး လဲက်သြားေလသည္။ မိန္းကေလးမ်ား၏ အျပဳအစုအယုအယကို ေက်နပ္သြားၿပီး ၿပဳံးလိုက္မိသည္။ သို႔ေသာ္ သူ႔တစ္ကိုယ္လုံး အားမရွိေတာ့သလိုျဖစ္သြားသည္။ ေျခေတြလက္ေတြပင္ မေျမႇာက္ႏိုင္ေတာ့ေပ။ ထိုအခ်ိန္တြင္ မိန္းကေလးမ်ားက သူ႔ကိုဝိုင္းၿပီးၾကည့္ကာ ၿပဳံးေနၾကသည္။
မိန္းကေလးတစ္ေယာက္က ၿပဳံးလိုက္ၿပီးသည့္ေနာက္ ပါးစပ္ႀကီးၿဖဲလိုက္သည့္အခါ အစြယ္ႀကီးမ်ားႏွင့္ လွ်ာအရွည္ႀကီးကိုေတြ႕လိုက္ရသည္။ ပ်ံခ်ီက ထိုမိန္းကေလးမ်ားမွာ လူမဟုတ္မွန္းသိလိုက္သည့္အခ်ိန္တြင္ သူေနာက္က်သြားခဲ့ၿပီ၊ သူလုံးဝမလႈပ္ႏိုင္ေတာ့။ သူအားယူၿပီး ေအာ္ဟစ္ဖို႔ႀကိဳးစားသည္။ သို႔ေသာ္ အသံကမထြက္လာေတာ့ေပ။
ထိုမိန္းကေလး၏ ၿပဲေနသည့္ ပါးစပ္ႀကီးက သူ႔မ်က္ႏွာအနီးသို႔နီးကပ္လာသည္။ ထိုစဥ္အခ်ိန္မွာပင္ ထိုမိန္းကေလး၏ လည္ပင္းဆီသို႔ သံႀကိဳးတစ္ခုက ရစ္ပတ္သြားၿပီး ထိုမိန္းကေလးမွာ အေနာက္သို႔လြင့္ထြက္သြားသည္။ ပ်ံခ်ီက ေခါင္းေထာင္ၿပီးၾကည့္ရန္ႀကိဳးစားေသာ္လည္း ေခါင္းေထာင္ႏိုင္ေအာင္ အားမရွိေပ။
အခန္းအတြင္း တဝုန္းဝုန္းႏွင့္တိုက္ခိုက္သည့္အသံမ်ားကိုၾကားေနရသည္။ ေနာက္ေတာ့ ထိုအသံမ်ားၿငိမ္သက္သြားၿပီး သူ႔ကိုလူတစ္ေယာက္က မိုးၿပီးၾကည့္ေနသည္။
“င၊ ငခမ္း၊ ငါ့ကို ကယ္ပါအုံးကြာ”
ပ်ံခ်ီက ေအာ္ေျပာလိုက္ေသာ္လည္း သူ႔ႏႈတ္ခမ္းက ေလသံတိုးတိုးကေလးသာ ထြက္သြားသည္။ ငခမ္းက ပ်ံခ်ီကိုတြဲထူလိုက္သည္။ ပ်ံခ်ီ၏ ေျခေထာက္မ်ားမွာ မတ္တပ္ပင္မရပ္ႏိုင္ေတာ့သည္မို႔ ေနာက္ဆုံး ပ်ံခ်ီအား ပုခုံးေပၚတင္ၿပီးခ်ီပိုးလိုက္သည္။ ပ်ံခ်ီက အခန္းအတြင္းသို႔ၾကည့္လိုက္ရာ မိန္းကေလးမ်ားမွာ ႐ုပ္ပ်က္ဆင္းပ်က္ ေသဆုံးေနသည္ကိုေတြ႕လိုက္ရသည္။
ငခမ္းက ပ်ံခ်ီကိုထမ္းၿပီး အိမ္ေပၚမွဆင္းလာသည့္အခ်ိန္တြင္ ဝက္ႀကီးႏွင့္ ပ်ံလႊားတို႔ ေျပးထြက္လာၾကသည္။
“ပ်ံလႊား၊ မင္းအဆင္ေျပရဲ႕လား”
ပ်ံလႊားက ေခါင္းညိတ္လိုက္သည္။
“က်ဳပ္အထင္ေတာ့ ဒီစုန္းမေတြက ေယာက္်ားေတြအားကုန္တဲ့အခ်ိန္ကိုေစာင့္ၿပီးေတာ့ အစိမ္းလိုက္စားပစ္တယ္ထင္ပါရဲ႕”
ငခမ္းက ပ်ံခ်ီအား ဝက္ႀကီးထံသို႔လႊဲေပးလိုက္သည္။
“မင္းတို႔ေစာင့္ေနအုံး၊ မိန္းမဆို အလြန္ႀကိဳက္တဲ့ ငါတို႔စည္သူႀကီးကို လိုက္ရွာရအုံးမယ္”
႐ြာထိပ္နားရွိ အိမ္ကေလးတစ္လုံးမွာ မီးလင္းေနၿပီး အိမ္ေပၚတြင္လည္းလူရိပ္မ်ားေတြ႕သည္မို႔ ငခမ္းႏွင့္ ပ်ံလႊားက တစ္ေယာက္မ်က္ႏွာကို တစ္ေယာက္ၾကည့္လိုက္ၿပီး ထိုအိမ္ကေလးဆီသို႔ ေျပးထြက္လာခဲ့သည္။
ထိုအိမ္ကေလးထဲသို႔ ငခမ္းႏွင့္ ပ်ံလႊားက ခုန္ဝင္လိုက္သည္။ ထိုအခါ အိမ္ခန္းအတြင္းတြင္ ဝတ္လစ္စားလစ္ျဖစ္ေနသည့္ စည္သူႏွင့္မိန္းကေလးငါးဦးကိုေတြ႕ရသည္။ စည္သူက မိန္းကေလးတစ္ေယာက္ကို ေပြ႕ခ်ီထားသည္။
“ေဟ့ေကာင္ေတြ မင္းတို႔ဘာလာရႈပ္တာလဲ”
ပ်ံလႊားက ဓါးျမန္ကေလးမ်ားကို ပစ္ခတ္လိုက္သည္။ အခန္းအတြင္းထိုင္ေနသည့္ မိန္းကေလးႏွစ္ဦး၏ နဖူးကို ဓါးျမန္ကေလးမ်ားက စိုက္ဝင္သြားသည္။ ငခမ္းကလည္း စည္သူလက္ထဲမွ မိန္းကေလးကို သံႀကိဳးျဖင့္ဆြဲကာ လည္ပင္းကိုခ်ိဳးလွ်က္သတ္ျဖတ္လိုက္သည္။
“အခ်စ္ေလး၊ ငါ့အခ်စ္ေလး”
“အခ်စ္ေလးလုပ္မေနနဲ႔၊ ဒါစုန္းမေတြဗ်”
ပ်ံလႊားႏွင့္ ငခမ္းခပ္ျမန္ျမန္လႈပ္ရွားလိုက္သျဖင့္ တစ္ခန္းလုံးမွမိန္းကေလးမ်ားမွာ အပိုင္းပိုင္းျပတ္လွ်က္ ေသဆုံးကုန္သည္။ စည္သူက အဝတ္အစားမ်ားမဝတ္ေသးဘဲ သူ႔ဓါးႏွစ္လက္ကို ေကာက္ကိုင္လိုက္သည္။
“အကုန္ေသကုန္ပါၿပီဗ်ာ”
ငခမ္းကေျပာလိုက္သည့္အခါ စည္သူက အံကိုႀကိတ္လိုက္သည္။
“အခန္းထဲမွာ သုံးေယာက္က်န္ေသးတယ္ကြ”
သူတို႔ႏွစ္ေယာက္ အံ့ဩေနစဥ္မွာပင္ စည္သူမွာအခန္းအတြင္းသို႔ ဓါးႏွစ္လက္ကိုင္လွ်က္ ေျပးဝင္သြားသည္။ အခန္းအတြင္း ႐ုန္းရင္းဆန္ခတ္ျဖစ္သံမ်ားၾကားရၿပီးေနာက္ တစ္ကိုယ္လုံးေသြးမ်ားေပလွ်က္ စည္သူက ျပန္ထြက္လာသည္။ ငခမ္းႏွင့္ ပ်ံလႊားကလည္း အခန္းအတြင္းမွဝတ္လစ္စားလစ္ႏွင့္ ျပန္ထြက္လာသည့္ စည္သူကိုၾကည့္ၿပီး အံ့ဩေနမိသည္။
“ခင္ဗ်ားဗ်ာ၊ တစ္႐ြာလုံးနဲ႔မ်ား ေပါင္းဖို႔စိတ္ကူးထားသလား”
ပ်ံလႊားက ပါးစပ္မွ တစ္ခုခုကို႐ြတ္ဖတ္လိုက္သည့္အခါ သူပစ္ထားသည့္ ဓါးျမန္ကေလးမ်ားမွာ သူ႔ထံသို႔ ျပန္လည္ေရာက္လာၾကသည္။ ထို႔ေနာက္ သူတို႔အကုန္လုံး ႐ြာလယ္လမ္းမတြင္ ဆုံၾကသည္။ သူတို႔အနီးအိမ္တစ္အိမ္သို႔ ဝင္ၾကည့္လိုက္ရာ အ႐ိုးက်ေနၿပီျဖစ္သည့္ ေယာက္်ားတစ္ေယာက္၏ အေလာင္းကိုေတြ႕ရသည္။ ထိုအေလာင္းအား မိန္းကေလးသုံးေယာက္မွ ဝိုင္းဝန္းလုယက္စားေသာက္ေနၾကရာ ငခမ္းတို႔ရွင္းပစ္လိုက္ၾကသည္။ အေလာင္းမွာ မည္သူမွန္းမမွတ္မိႏိုင္ေလာက္ေအာင္ ပ်က္စီးေနၿပီျဖစ္သည္။
“အဲဒါ ကေထာျဖစ္မယ္ဗ်၊ က်ဳပ္အိမ္တစ္အိမ္မွာ ကျပားကိုလည္းေတြ႕ခဲ့ေသးတယ္”
မနက္က အေကာင္းအတိုင္းရွိေနခဲ့သည့္ ကေထာမွာ အခုေတာ့ အ႐ိုးစုသာက်န္ေတာ့သည္။ ရွိသမွ် အသားႏွင့္ စားလို႔ရသည့္အစိတ္အပိုင္းမ်ားအားလုံးမရွိေတာ့ေပ။
ေနာက္ဆုံးသူတို႔႐ြာလယ္အိမ္ႀကီးဆီသို႔ ျပန္လာခဲ့ၾကသည္။ ထိုအိမ္တြင္ ျမည္းမ်ားရွိသည္မဟုတ္ပါလား။ အိမ္ႀကီးဆီသို႔ေရာက္သည့္အခါ အိမ္ေပၚမွအလြန္ေခ်ာေမာလွပသည့္ မိန္းကေလးတစ္ဦးက ဆင္းလာခဲ့သည္။
“အကိုျပန္လာမယ္ဆိုလို႔ ေစာင့္ေနတာၾကာေပါ့”
ထိုမိန္းကေလး၏ အလွကိုအားလုံးကိုေငးၾကည့္ရေလာက္သည္။ ငခမ္းလည္း လက္ထဲမွ ေ႐ႊၾကာပြင့္လက္နက္ကို တဝွီးဝွီးျမည္ေအာင္ လႊဲခတ္လိုက္သည္။
“အကိုျပန္လာၿပီေလႏွမ၊ မင္းနဲ႔ငါ စာရင္းရွင္းၾကတာေပါ့”
ထိုမိန္းကေလး၏ လက္ေခ်ာင္းမ်ားမွာ ဓါးသြားမ်ားအျဖစ္သို႔ေျပာင္းလဲသြားသည္ကို လေရာင္ႏွင့္အတိုင္းသားျမင္ရသည္။ ဓါးသြားမ်ားမွာ ဝင္းလက္ကာ သံေရာင္ေတာက္ပေနသည္။ ငခမ္းက ေ႐ႊၾကာပြင့္လက္နက္ႏွင့္ လႊဲလႊဲၿပီးတိုက္ခိုက္ေလသည္။ ဓါးသြားမ်ားတပ္ထားသည့္ ေ႐ႊၾကာပြင့္မွာ ထိုမိန္းကေလး၏ နားထင္ကို အားျပင္းျပင္းႏွင့္႐ိုက္ခတ္မိသြားေသာ္လည္းေက်ာက္တုံးတစ္တုံးကို ထိသကဲ့သို႔ ခြၽင္ခနဲျမည္ကာ ျပန္ကန္ထြက္လာသည္။
ငခမ္းအလြန္အံ့ဩသြားမိသည္။ ထိုအခါ စည္သူက သူ႔ခါးမွေသနတ္ကိုျဖဳတ္လိုက္ၿပီး ထိုမိန္းကေလး၏ နဖူးတည့္တည့္သို႔ပတ္ခတ္လိုက္သည္။
“ဒိုင္း”
ေသနတ္သံက ေတာင္ေၾကာတစ္ခုလုံးေပၚသို႔ ဟိန္းထြက္သြားေလသည္။ က်ည္ဆန္က ထိုမိန္းကေလး၏ နဖူးမွဝင္လွ်က္ ေနာက္ေစ့မွ ပြင့္ထြက္သြားေသာ္လည္း ထိုမိန္းကေလးမွာ နာက်င္ပုံမျပေပ။
“ရွင္တို႔အစြမ္းက ဒီေလာက္ပဲလား”
ထိုမိန္းကေလးက ဓါးႏွင့္တူေသာ လက္ေခ်ာင္းမ်ားျဖင့္ စည္သူအားအတင္းဝင္ခုတ္သည္။ ႐ုတ္တရက္မို႔ စည္သူဓါးထုတ္ခ်ိန္ပင္မရလိုက္ေပ။ သို႔ေသာ္ ဝက္ႀကီးက သူ႔ဓါးႀကီးျဖင့္ ဝင္ခံလိုက္ရာ ထိုမိန္းကေလး၏ ဓါးသြားမ်ားႏွင့္ထိမိၿပီး ဓါးမႀကီးက မီးေတြပြင့္ထြက္သြားသည္။
ဝက္ႀကီးက တစ္ခ်ိန္တည္းမွာပင္ ထိုမိန္းကေလး၏ ရင္ဝသို႔ အားျဖင့္ေဆာင့္ကန္ထည့္လိုက္သည္။ သို႔ေသာ္ ထိုမိန္းကေလးက ဘာမွမျဖစ္ဘဲ ဝက္ႀကီးသာ အေနာက္သို႔လြင့္ထြက္သြားၿပီး ေျမေပၚသို႔လိမ့္က်သြားသည္။
“ဟား၊ ဟား၊ ဟား”
ထိုမိန္းကေလး၏ က်ယ္ေလာင္သည့္ရယ္သံႀကီးက ႐ြာကေလးတစ္႐ြာလုံးကို ဖုံးလႊမ္းသြားေတာ့သည္။
“ေဟ့ႏွမ၊ နင့္ကို အကိုေစာင့္ေနတယ္၊ လာခဲ့စမ္း”
ငခမ္းကေအာ္လိုက္သျဖင့္ ထိုမိန္းကေလးက ငခမ္းဆီသို႔ေျပးဝင္သြားသည္။ ထို႔ေနာက္ ငခမ္းႏွင့္တိုက္ခိုက္ၾကသည္။ တစ္ခ်ီတြင္ ငခမ္း၏ ေ႐ႊၾကာပြင့္လက္နက္မွာ လက္မွေခ်ာ္ထြက္သြားေလသည္။ ထိုအခါ ထိုမိန္းကေလးက သူ၏ လက္ေခ်ာင္းဓါးသြားမ်ားျဖင့္ ငခမ္း၏ရင္ဘတ္ကို အားကုန္ထိုးစိုက္ခ်လိုက္သည္။
“ခြၽင္”
သို႔ေသာ္ ထိုဓါးသြားမ်ားက ငခမ္း၏ ရင္ဘတ္အားမေဖာက္ဝင္ဘဲ မိန္းကေလး၏ လက္ေခ်ာင္းဓါးသြားမ်ားသာ က်ိဳးပဲ့သြားေလသည္။ ထိုမိန္းကေလး အံ့ဩသြားသလို၊ ငခမ္းလည္းအံ့ဩသြားသည္။
“ငါသိတယ္၊ နင့္ဆီမွာ တစ္ခုခုရွိေနလို႔ နင့္ကို ငါတို႔ေမွာ္ပညာသုံးၿပီး ျမႇဴဆြယ္လို႔မရတာ”
ငခမ္းက ေသခ်ာစဥ္းစားေနလိုက္သည္။ ထိုအခ်ိန္ သူ႔လက္ေမာင္းတြင္ပတ္ထားသည့္ နသန္ေကာင္ႀကီး၏ အစြယ္ကိုသတိရလိုက္သည္။
“နသန္ေကာင္ရဲ႕ အစြယ္ေၾကာင့္မ်ားလား”
ငခမ္းက ရိပ္မိလိုက္ၿပီမို႔ ေအာ္ဟစ္လိုက္သည္။
“အားလုံးပဲ၊ သူ႔ကိုဖမ္းခ်ဳပ္ထား၊ ဒီစုန္းမကို က်ဳပ္သတ္မယ္”
ပ်ံလႊားက သူ႔ခါးၾကားမွ အိတ္ကပ္ကေလးတစ္ခုအတြင္းသို႔ႏႈိက္လိုက္ၿပီး အမႈန႔္တစ္ခ်ိဳ႕ကိုပစ္ခတ္လိုက္သည္။
“ေရာ့ ဒီမွာ ဆားနက္တဲ့ကြ”
ဆားမႈန္မ်ားက စုန္းမအားထိသည့္အခါ တစ္ကိုယ္လုံးအေငြ႕ေတြထြက္လာၿပီး စုန္းမမွာ ႐ုန္းကန္ေနသည္။ ထိုအခ်ိန္မွာပင္ ဝက္ႀကီးက စုန္းစဆီသို႔ အေျပးဝင္လာၿပီး ကိုယ္လုံးႏွင့္တိုက္ထည့္လိုက္ရာ စုန္းမမွာလြင့္ထြက္သြားၿပီး ေျမေပၚသို႔က်သြားေလသည္။ စည္သူက စုန္းမဆီသို႔ေျပးဝင္လိုက္ၿပီး စုန္းမ၏ ညာဖက္လက္ကိုဖမ္းခ်ဳပ္ထားလိုက္သည္။
အလားတူ ပ်ံလႊားကလည္း လွ်င္ျမန္စြာေျပးဝင္သြားၿပီး စုန္းမ၏ ဘယ္ဘက္လက္ကို ဖမ္းခ်ဳပ္ထားလိုက္ရာ စုန္းမမွာေျမျပင္တြင္ ပက္လက္ႀကီးလန္လဲေနသည္။
“ငခမ္း၊ အျမန္လုပ္ေတာ့”
ငခမ္းလည္း သူ႔လက္ေမာင္းတြင္ႀကိဳးျဖင့္စည္းထားသည့္ နသန္ေကာင္၏ အစြယ္ကိုျဖဳတ္လိုက္ၿပီးေနာက္ စုန္းမအေပၚသို႔ လႊားခနဲခုန္တက္လိုက္သည္။ နသန္ေကာင္၏ အစြယ္ကိုလက္ႏွစ္ဖက္ႏွင့္ကိုင္လိုက္ၿပီးေနာက္ အားကုန္ထိုးစိုက္ခ်လိုက္သည္။
“ေသေပေတာ့ စုန္းမ”
စုန္းမ၏ နဖူးတည့္တည့္သို႔စိုက္ဝင္သြားၿပီး စုန္းမႀကီးမွာ ႐ုန္းကန္ေနသည္။ မၾကာခင္ စုန္းမ၏ အသားမ်ားမွာ ေက်ာက္သားမ်ားကဲ့သို႔ျဖစ္လာၿပီးသူတို႔မ်က္စိေရွ႕မွာတင္ ေက်ာက္႐ုပ္ႀကီးတစ္႐ုပ္ျဖစ္သြားေလသည္။
“ေဟး၊ ၿပီးၿပီ၊ အားလုံးၿပီးသြားၿပီ”
ေကာင္ေလးတစ္ေယာက္က ေအာ္ဟစ္ၿပီးေျပးထြက္လာသည္။
“အဲဒါဘယ္သူလည္း”
စည္သူက ငခမ္းကိုေမးလိုက္ရာ ငခမ္းက ေခါင္းကုတ္လွ်က္
“ခင္ဗ်ားကိုေျပာရင္ ယုံခ်င္မွယုံမယ္၊ အဲဒါ က်ဳပ္တို႔ရဲ႕ ထိပ္ျဖဴေခြးကေလးဗ်”
သူတို႔အားလုံးထူးဆန္းသြားသည္။
(၇)
“ဒီလိုဗ်၊ က်ဳပ္တို႔႐ြာကေလးက အရင္တုန္းက ေအးေအးခ်မ္းခ်မ္းရွိေနတဲ့ ေတာင္ေပၚ႐ြာကေလးပါဗ်ာ၊ တစ္ရက္ေတာ့ က်ဳပ္တို႔႐ြာက မုဆိုးႀကီးက ေတာင္ေပၚမွာ အမဲလိုက္သြားရင္းနဲ႔ မိန္းမပ်ိဳကေလးတစ္ေယာက္နဲ႔ေတြ႕ၿပီးေတာ့ သူကလက္ထပ္လိုက္တယ္”
“အဲဒီမိန္းမပ်ိဳကေလးဟာ တကယ္ေတာ့ လူသားကိုအစိမ္းစားတဲ့ ေတာင္ျမင့္စုန္းမႀကီးကိုးေယာက္ထဲက စုန္းတစ္ေယာက္ဆိုတာ က်ဳပ္တို႔မသိခဲ့ဘူး၊ အဲဒီေနာက္ပိုင္းေတာ့ က်ဳပ္တို႔႐ြာမွာ အသားစားစုန္းေတြေပ်ာ္ျမဴးၿပီးေတာ့ အခုလို ေယာက္်ားမရွိေတာ့တဲ့ ႐ြာႀကီးတစ္႐ြာျဖစ္သြားေတာ့တာပါပဲ၊ ဒါေပမယ့္ စုန္းမေတြက ထူးဆန္းတယ္ဗ်၊ ေယာက္်ားရဲ႕အသားကိုပဲ စားေသာက္ၾကတာ၊ မိန္းကေလးေတြကိုေတာ့ သူတို႔စုန္းဇတ္ထဲသြင္းလိုက္ၾကတာေပါ့”
စည္သူက မ်က္ေမွာင္ၾကဳတ္လိုက္သည္။
“ေယာက္်ားေတြအကုန္စားတယ္ဆိုေတာ့ မင္းကလည္း ေယာက္်ားေလးမဟုတ္လား၊ မင္းကိုဘာလို႔မစားၾကတာလဲ”
ထိုေကာင္ေလးက ေခါင္းကုတ္လိုက္ၿပီး
“က်ဳပ္က ေမြးရာပါ ႏူနာစြဲေနတဲ့ေကာင္ေလးဆိုေတာ့ သူတို႔စားရမွာ ႐ြံတယ္ေလ၊ ဒါနဲ႔ သူတို႔က က်ဳပ္ကို ေခြးတစ္ေကာင္အျဖစ္ ေမွာ္အတတ္နဲ႔ေျပာင္းလဲပစ္လိုက္တယ္၊ က်ဳပ္က ေန႔ဘက္ဆိုရင္ေခြးျဖစ္ၿပီး ညဘက္ဆိုရင္ေတာ့ လူတစ္ေယာက္အျဖစ္နဲ႔ေန႔လို႔ရတယ္”
“စုန္းမေတြက က်ဳပ္ကို ဒီ႐ြာကေလးဆီကို ေယာက္်ားေတြေခၚလာဖို႔ တာဝန္ေပးထားတယ္၊ က်ဳပ္လည္း ဒီကိုျဖတ္လာတဲ့ ေယာက္်ားေတြထဲမွာ လူစိမ္းပါရင္ ေတာထဲကိုေခၚၿပီး လမ္းေပ်ာက္ေအာင္လုပ္ရတယ္၊ ေနာက္ေတာ့ သူတို႔ကို ဒီ႐ြာကေလးဆီကို ေခၚလာရတာေပါ့ဗ်ာ”
ထိုအခါ ပ်ံခ်ီက ရယ္ေမာလိုက္သည္။
“ဟား၊ ဟား လမ္းမသိေခြးေနာက္လိုက္ဆိုကြ ငခမ္းရ”
“ကဲပါ၊ အခုသူတို႔ေတြအကုန္ေသသြားၿပီဆိုေတာ့ က်ဳပ္လည္းေခြးအျဖစ္က လြတ္ၿပီထင္ပါရဲ႕ဗ်ာ”
ငခမ္းက ထိုေကာင္ေလးဆီသို႔ လက္ကမ္းေပးလိုက္သည္။
“မင္း ငါတို႔နဲ႔လိုက္ခဲ့ပါ”
ထိုအခါ ထိုေကာင္ေလးက ေခါင္းခါျပသည္။
“က်ဳပ္မလိုက္ေတာ့ဘူး၊ က်ဳပ္ဒီမွာပဲေနခဲ့ေတာ့မယ္၊ က်ဳပ္တကယ္လို႔ ေခါင္းခ်ရမယ္ဆိုရင္လည္း က်ဳပ္ေမြးရပ္ဇာတိကေလးမွာပဲ ေခါင္းခ်ခ်င္တယ္”
ေခၚမရသည့္အဆုံး ထိုေကာင္ကေလးကို႐ြာတြင္သာ ထားခဲ့ရသည္။ အ႐ိုးစုျဖစ္ေနသည့္ ကေထာႏွင့္ ကျပားကို ေကာင္းေကာင္းမြန္မြန္ျမႇဳပ္ႏွံေပးလိုက္ၾကၿပီး တစ္႐ြာလုံးမွ စုန္းမမ်ားကို ႏွိမ္နင္းပစ္လိုက္ၾကသည္။ ကေထာအတြက္ မွတ္တိုင္ကေလးတစ္ခုကိုစိုက္ထူေပးၿပီး ငခမ္းက မီးေသြးခဲျဖင့္ ကေထာဟု ေရးသားေပးလိုက္သည္။
“ငခမ္းရာ၊ ေသတဲ့သူက ေသေနၿပီမဟုတ္တာေတြလုပ္မေနပါနဲ႔ေတာ့”
စည္သူက လွမ္းေျပာသည္။ ငခမ္းက ကေထာ၏ ေျမပုံကေလးကိုၾကည့္လိုက္ၿပီး
“ခင္ဗ်ားရဲ႕ ဝက္ဝံသားေမႊးထည္ေတာ့ က်ဳပ္ယူလိုက္ၿပီေနာ္”
ထိုသို႔ေျပာကာ ထထြက္လာခဲ့သည္။ ႐ြာမွထြက္ေတာ့ မိုးလင္းေနၿပီျဖစ္သည္။ ထိပ္ျဖဴဟုေခၚခဲ့သည့္ ေခြးကေလးတစ္ျဖစ္လဲ ေကာင္ကေလးက သူတို႔အဖြဲ႕ကိုလက္ျပႏႈတ္ဆက္ရင္း လူသူမရွိသည့္႐ြာကေလးတြင္ တစ္ေယာက္တည္းက်န္ေနခဲ့ေတာ့သည္။
ငခမ္းတို႔ထြက္သြားသည့္အခါ ထိပ္ျဖဴက ႐ြာထဲသို႔ျပန္ဝင္ခဲ့သည္။ ႐ြာလယ္အိမ္ႀကီးေရွ႕ ေျမကြက္လပ္တြင္ ေက်ာက္႐ုပ္ျဖစ္ေနသည့္ စုန္းမႀကီးကိုၾကည့္လိုက္သည္။ စုန္းမႀကီး၏ နဖူးတြင္ေတာ့ နသန္ေကာင္ႀကီး၏ အစြယ္က နစ္ဝင္ေနေလသည္။