ရင်ခွဲရုံကလက်ယက်ခေါသောအလောင်း

ရင်ခွဲရုံက လက်ယက်ခေါ်တဲ့အလောင်း ( ဖြစ်ရပ်မှန် )

————————————-

 

ဒီဘက်ခေတ်မှာ သရဲ ! တစ္ဆေကို ယုံကြည်တဲ့သူရှိသလို

မယုံကြည်တဲ့သူတွေလည်း ရှိကြပါတယ်…။

ဒီအဖြစ်အပျက်ကလေးကတော့ တကယ်ဖြစ်ခဲ့တာပါ … ။

ကြုံခဲ့ရတာ တစ်ယောက်တည်းမဟုတ်တော့လည်း

ယုံရမလိုလိုတော့ ရှိတယ်ဗျ… ။

 

အဖြစ်အပျက်က ၂၀၁၃ ခုနှစ် ! ဒီဇင်ဘာလမှာပါ ……

နယ်မြို့လေးတစ်မြို့ရဲ့ လွတ်လပ်ရေးပွဲမှာ ကိုကျော်အောင်က စက်ဘီးစတင်းကို လေလံဆွဲပါတယ်။

 

ကိုကျော်အောင်ဆိုတာက သဘောကောင်းမနောကောင်း

ပါ…။ အခုလုပ်တဲ့ စက်ဘီးစတင်းကလည်း ကိုကျော်အောင် တစ်ခါမှမလုပ်ဖူးပါဘူး။

 

သူငယ်ချင်းတွေဖြစ်တဲ့ နိုင်ဦး ! ရွှေအောင်ဆိုတဲ့

သူငယ်ချင်းတွေနဲ့ ဖက်စပ်လုပ်တာပါ။ သူတို့ရတဲ့ နေရာက ဆေးရုံကြီးနဲ့ နီးတယ်။ နောက်ပြီးတော့ အဲ့ဒီစက်ဘီးစတင်းနောက်မှာလည်း ကျုံးရေကန်ကြီး

ရှိတယ်ဗျ။

 

သူတို့သုံးယောက်တည်းနဲ့ စက်ဘီးစတင်းကို

ဘယ်လိုမှမလုပ်နိုင်ဘူးလေ…။ ဒါကြောင့် ရပ်ကွက်ထဲက

လူငယ်သုံးလေးယောက်ကိုပါခေါ်ပြီး အလုပ်လုပ်ခဲ့တာပေါ့

 

အဲ့ဒီနေ့က လွတ်လပ်ရေးနေ့ဗျ…။ လူတွေကလည်း

အများကြီးပဲ။ အဲ့ဒါက ပွဲစျေးရှိတဲ့နားမှာပဲ လူစီတာပါ…။

ဖြစ်ချင်တော့ အဲ့ဒီနေ့က ကားနဲ့ ဆိုင်ကယ်နဲ့ တိုက်မိတာ

ကိုကျော်အောင်တို့ စက်ဘီးစတင်း ရှေ့မှာပါ။

 

လူကြီးတစ်ဦးဗျ…။ အဲ့ဒီလူပုံစံကို သိပ်မမှတ်မိပေမယ့်

အသေအချာမြင်လိုက်ရတာဆိုတော့ ကိုကျော်အောင်

တို့တစ်ဖွဲ့လုံး အဲ့ဒီလူကိုတော့ မှတ်မိသလိုလိုပေါ့… ။

 

ဒီနေ့မှ မီးစက်မှာ သုံးဖို့ ရေလိုနေတယ်ဗျ…။

ကိုကျော်အောင်က လူငယ်လေးနှစ်ယောက်ကို-

 

” ဟေ့ကောင်တွေ ရေသွားခပ်ဦး ”

 

” ဘယ်နားသွားခပ်ရမှာလည်းဗျ ”

 

” အနောက်ဘက် ကျုံးထဲက သွားခပ်ခဲ့လေကွာ ”

 

” မသွားရဲပါဘူး ကိုကြီးကျော်အောင်ရယ်… အဲ့နားမှာ

ဆေးရုံရဲ့ ရင်ခွဲရုံကြီး ရှိတယ် ကြောက်တယ်ဗျ ”

 

” ငါလိုက်ခဲ့မယ်ကွာ … ရေပုံးတွေယူခဲ့ ”

 

ဒီလိုနဲ့ …

ကိုကျော်အောင်နဲ့ လူငယ်နှစ်ယောက် ကျုံးဘေးနားကို

ရေခပ်ဖို့ ထွက်လာခဲ့တာပေါ့…။ ပြဿနာက စ,လာပါပြီ

ကျုံးကန်ကြီးနဲ့ လူသေကောင်တွေ ရင်ခွဲတဲ့ ရင်ခွဲရုံကြီးက

မျက်စောင်းထိုးလေးပါ…။

 

ကိုကျော်အောင်က ရုတ်တရက် ရင်ခွဲရုံဘက်ကို

လှမ်းကြည့်မိလိုက်တယ်။ ရင်ခွဲရုံရှေ့မှာ လူတစ်ယောက်

ကိုကျော်အောင်ကို လက်ယက်ခေါ်နေတာ… ။

 

” ဟေ့ကောင်တွေ ရေမြန်မြန်ခပ်ကွာ… ရင်ခွဲရုံရှေ့မှာ

လူတစ်ယောက် လက်ယက်ခေါ်နေတယ်။ ဘာဖြစ်တာလည်းသွားကြည့်ရအောင် ”

 

” ကိုကြီးကျော်အောင် ကျွန်တော်တို့မလိုက်ရဲဘူး ”

 

” လာစမ်းပါကွာ ကြောက်မနေနဲ့ ”

 

ပြောပြောဆိုဆိုနဲ့ သူတို့သုံးယောက် ရင်ခွဲရုံနားကို

သွားခဲ့ကြတယ်။ မီးကလည်းမရှိတော့ အဲ့ဒီရင်ခွဲရုံတစ်ဝိုက်

မှာ မှောင်မည်းနေတာပေါ့…။

 

ကိုကျော်အောင်တို့လည်း အသင့်ပါလာခဲ့တဲ့

ဓါတ်မီးတွေနဲ့ ထိုးကြည့်တော့ ဘာမှရှိမနေဘူးဗျ။

အဲဒီတော့ လူငယ်လေးတစ်ယောက်က…

 

” ကိုကြီးကျော်အောင် မျက်စိမှားတာနေမှာပါဗျာ

ဘာမှမရှိဘူး ”

 

” အေး ဟုတ်မှာပါ ”

 

ကိုကျော်အောင်လည်း သူတို့နှစ်ယောက် ကြောက်နေမှာစိုးလို့သာ ပြောလိုက်ရတာ သူမြင်ခဲ့ရတာ

တော့ တကယ်ပဲ…။

 

သူတို့သုံးယောက်သား ရင်ခွဲရုံနားကလှည့်ထွက်လာခဲ့တယ်။ ဒါနဲ့ လူငယ်လေးတစ်ယောက်က နောက်ကိုလှည့်ကြည့်မိလိုက်တယ်။ ရင်ခွဲရုံ ရှေ့မှာ

လူတစ်ယောက်က လက်ယက်ခေါ်နေတာကို ထပ်မြင်လိုက်ရတယ်… ။

 

” ကိုကြီးကျော်အောင် ဟိုမှာ လူတစ်ယောက် ရင်ခွဲရုံရှေ့မှာ လက်ယက်ခေါ်နေတယ် ”

 

” သောက်ချီးးးး ပဲ ! လာ သွားမယ် အဲဒီနားကို ”

 

ကိုကျော်အောင် နဲနဲတော့ စိတ်တိုသွားတာပေါ့…။

သူတို့သုံးယောက် ရင်ခွဲရုံရှေ့ကို ထပ်သွားခဲ့တယ်။

အဲ့ဒီနားရောက်ပြန်တော့လည်း ဘာမှမရှိ ။ တိတ်ဆိတ်နေတာပဲ ။ အားလုံးငြိမ်နေတုန်း အသံတစ်သံ

ကြားလိုက်ရတယ်…

 

” ဒုန်း ဒုန်း ဒုန်း ”

 

” ဘာသံလဲဟ ”

 

” ကိုကြီးကျော်အောင် အဲ့ဒါ ရင်ခွဲရုံထဲက အသံပဲ ”

 

” အေး ဟုတ်တယ်ကွ ! တံခါးကို ထုနေတဲ့ အသံပဲ ”

 

သုံးယောက်သား ရင်ခွဲရုံ တံခါးရှေ့ထိ ရောက်လာခဲ့သည်။

ကိုကျော်အောင် အထဲကို ခေါ်ကြည့်လိုက်တယ်-

 

” အထဲမှာ လူရှိလား ”

 

ဘာအသံမှ ပြန်မထွက်လာဘူး ။ ခဏကြာတော့

အသံထွက်လာတယ်ဗျ…။

 

” အေး ရှိတယ်ကွ ”

 

ကိုကျော်အောင်လည်း မှန်ပေါက်ကနေ ချောင်းကြည့်လိုက်တယ် ။ ခုနက သူတို့ရှေ့မှာ ကားနဲ့တိုက်ခံရတဲ့ အလောင်းတစ်လောင်းပဲရှိတယ်။

(ရင်ခွဲရုံတံခါးက အပေါ်က မှန်တပ်ထားပြီးတော့ အောက်ကတော့ ရိုးရိုး သစ်သားနဲ့ပဲလုပ်ထားတာပါ)

 

ကိုကျော်အောင် ကြောက်ချင်လာပါပြီ။

လူငယ်နှစ်ယောက်ကြောက်မှာစိုးလို့သာ အားတင်းထားရတာ ကိုကျော်အောင် ထပ်အော်ကြည့်သည်… ။

 

” အထဲမှာ လူရှိလား ”

 

အသံက ချက်ချင်းပြန်လာတယ်ဗျ… ။

 

” အေး ရှိတယ်ကွ ”

 

ကိုကျော်အောင်နဲ့ လူငယ်နှစ်ယောက်

မှန်ပေါက်ကနေ ထပ်ချောင်းကြည့်လိုက်တယ်။ ခုနက

ကားတိုက်ခံရတဲ့ အလောင်းကြီး ကုတင်ပေါ်မှာရှိမနေတော့ဘူး ။ မှန်ရှေ့ကနေ အဲ့ဒီအလောင်းကြီးက ဖြတ်သွားတယ်… ။

 

ကိုကျော်အောင် ကြောက်လန့်ပြီး ပြေးကြတာ

စက်ဘီးစတင်းကို ပြန်ရောက်တဲ့အထိပဲ ။ ကိုနိုင်ဦးနဲ့

ရွှေအောင်ကမေးတယ် ။ ဖြစ်ပျက်သမျှကို ကိုကျော်အောင်က ပြောပြတော့ ဘယ်သူမှမယုံဘူး ။

သွားကြည့်ကြမယ်တဲ့… ။

 

လူငယ်နှစ်ယောက်ကတော့ ထပ်မလိုက်ရဲတော့ ။

နိူင်ဦးရယ် ! ရွှေအောင်ရယ် ! ကျော်အောင်ရယ် သူတို့

သုံးယောက်သား ရင်ခွဲရုံထဲကို ထပ်သွားကြည့်တယ်… ။

 

ကားတိုက်ခံထားရတဲ့ အလောင်းက ဒီအတိုင်းပါပဲ ။

မလှုပ်မယှက် သေလို့ ရင်ခွဲရုံပို့ထားတာ ဘယ်လှုပ်ပါ့မလဲ။

ကိုကျော်အောင်ကို ဝိုင်းဟားကြတာပေါ့ဗျာ ။ ကိုကျော်အောင်လည်း….

 

” ငါ ပြောပြမယ် နားထောင်ထား ”

 

” အထဲမှာ လူရှိလား ”

 

” အေး ရှိတယ်ကွ ”

 

နိူင်ဦးရယ် ရွှေအောင်ရယ် နဲနဲတော့ ကြက်သီးထသွားတာပေါ့ ။ နိူင်ဦးကြောက်နေပေမယ့်

ပြန်ကြည့်လိုက်တော့ အလောင်းက မရှိတော့ဘူး… ။

 

” ဟ … သောက်ပြဿနာပဲ ။ အလောင်းမရှိတော့ဘူး ”

 

ရွှေအောင် ပြန်ကြည့်လိုက်သည်။ တကယ်ပဲ အလောင်းကမရှိတော့ပြန်ဘူး … ။

 

” သရဲခြောက်နေပြီကွ … သွားမယ် သွားမယ် ”

 

အားလုံးကြောက်လန့်ပြီး ထွက်ပြေးကြတာပေါ့ဗျာ

နိူင်ဦး ရုတ်တရက် နောက်ပြန်လှည့်ကြည့်လိုက်တော့

ခုနက ကားတိုက်ထားတဲ့လူ လက်ယက်ခေါ်နေတယ်

ဘယ်သူမှ ပြန်မသွားတော့ဘူး ။ စက်ဘီးစတင်းရှိတဲ့

နေရာသာ အရောက်ပြေးသွားကြပါတော့သည်… ။ ။

 

Ending…

#Credit: