” ရဋ္ဌပါလကျိန်စာ ”(စ/ဆုံး)

Unicode Version

” ရဋ္ဌပါလကျိန်စာ ”(စ/ဆုံး)
——————————-
လွန်ခဲ့သောနှစ်ပေါင်း
တစ်ထောင်ကျော်
အချိန်လောက်က ဟိမဝန္တာ တောင်ခြေတစ်
နေရာတွင် ရဋ္ဌပါလအမည်ရှိသည့် မြို့ကြီး
တစ်မြို့ ရှိသည် ။
၎င်းမြို့ရှိသော နေရာမှာ …
အရှေ့ဘက်တွင် ဗြဟ္မပုတ္တရမြစ်၊
အနောက်ဘက်တွင် ဟိမဝန္တာတောင်တန်း မြောက်ဘက်တွင် တိဗက်ပြည်နှင့် တောင် ဘက်တွင် ဂင်္ဂါမြစ် ရှိလေသည် ။

အများအားဖြင့်တော့ ရဋ္ဌပါလတွင် အိန္ဒိယ လူမျိုးများ နှင့် တိဗက်လူမျိုးတို့ ရောနှော နေထိုင်ကြသည် ။
မြို့၏ အနေအထားမှာ သစ်တောကြီးများ ၊ မြစ်များ နှင့် တောင်များ ဝန်းရံထားသဖြင့် ၎င်းမြို့တွင် နေထိုင်ကြသူများမှာ သီးနှံများ စိုက်ပျိုးခြင်း၊ အမဲလိုက်ခြင်း၊ ဆေးမြစ်ဆေးဥ ရှာခြင်းနှင့် အဂ္ဂိရတ်ပညာများ ဖြင့်
အသက်မွေးဝမ်းကျောင်း ပြုကြလေသည် ။ ထို့ပြင်..
၎င်းမြို့တွင် တိဗက်တောင်တန်းများ ပေါ်မှ လာသော တရားကျင့်သည့် ဘုန်းတော်ကြီး များ နှင့် အိန္ဒိယယောဂီ အများ အပြားလည်း ရှိကြလေသည် ။
အိန္ဒိယယောဂီများမှာ တစ်နေရာတည်းမှာ နှစ်ပေါင်းများ စွာထိုင်၍ ယောဂကျင့်စဉ်ကို ကျင့်နိုင်ကြသူများ ဖြစ်သည် ။

၎င်းမြို့နှင့် အတန်ငယ်ဝေးသော ဟိမဝန္တာ တောင်ခြေတစ်နေရာတွင် တောင်ကုန်းတစ် ခုပေါ်တွင် ဆောက်ထားသည့် ရဲတိုက်ကြီး တစ်လုံးရှိသည် ။
။၎င်းရဲတိုက်ကြီးကို ခိုင်ခံ့သော ကျောက်တုံး ကြီးများ ဖြင့် ဆောက်လုပ်ထားလေသည် ။ ၎င်းရဲတိုက်ကြီး၏ ပိုင်ရှင်မှာ ဆရာကြီး ဦး ဒိဗ္ဗဆိုသူ ဖြစ်သည် ။ ဆရာကြီး ဦးဒိဗ္ဗသည် ပါဋိလိပုတ်ပြည်ကြီး ကောင်းစားစဉ်ကပင် စ က္ကောမ အတတ်ပညာများကို တတ်မြောက် ခဲ့သဖြင့် ၎င်း၏ ရဲတိုက်ကြီးကို စက်ယန္တရား အမြောက်အမြား တပ်ဆင်၍ ဆောက်လုပ်
ထားခဲ့သည် ။
၎င်းရဲတိုက်ကြီးအတွင်းသို့
ခိုးဝှက်ဝင်
ရောက်ပါက မမြင်ရသော အန္တရာယ်များ နှင့်
တွေ့ပြီး အသက်ဆုံးရှုံးကြရလေသည် ။ ဆရာကြီး ဦးဒိဗ္ဗသည် စက္ကောမ

အတတ်ပညာများ အပြင် ဇီဝဗေဒပညာဟု ခေါ်အပ်သော အသက်ဝိညာဉ်နှင့် သက်ဆိုင် သော အတတ်ပညာများ ။
ရုက္ခဗေဒ ပညာဟု ဆိုအပ်သော သစ်ပင် များ နှင့် သက်ဆိုင်သော အတတ်ပညာများ ၊ ဘူမိဗေဒပညာဟု ဆိုအပ်သော ကျောက် နှင့် သက်ဆိုင်သောပညာကို ကျွမ်းကျင် တတ်မြောက်သူ ဖြစ်သည် ။
သူသည်သစ်ပင်များကို ထူးဆန်းစွာ မျိုးနွယ်စပ် ခြင်း၊ တိရစ္ဆာန်များကို ထူးဆန်းစွာ မျိုးနွယ် ပြောင်းလဲပစ်ခြင်း၊ ကျောက်များကို ထူးဆန်း စွာ စီမံပြုလုပ်ခြင်းများကို သူ၏ ရဲတိုက်ကြီး အတွင်းမှာ ပြုလုပ်လေသည် ။
သူ၏ လိုအပ်ဆန္ဒများ ပြည့်ဝစေရန် သူစီမံ ပြုပြင်ထားသော လူနှင့်တိရစ္ဆာန်များက ဆောင်ရွက်ပေးကြရသည် ။ သူ့ဆီမှာ လူ၏

ခန္ဓာကိုယ်ကို
ကျားတစ်ကောင်၏ အစွယ်၊
မျက်လုံးများ
ပြောင်းလဲတပ်ဆင်ပေးကာ
ကျားစိတ် ကျားမာန် သွင်းထားသူများ၊
ဝံပုလွေစိတ် သွင်းထားသူများ ၊ ခြင်္သေ့တစ် ကောင်ကဲ့သို့ သွားလာလှုပ်ရှား တိုက်ခိုက်နိုင် သော အစေအပါးများ စွာ ရှိသည် ။ ဆရာကြီးအလိုရှိရာ ကိစ္စမှန်သမျှ ထိုလူ တစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်း သတ္တဝါများက ဆောင်ရွက်ပေးကြရသည် ။ ၎င်းတို့ မှာ လွန်စွာ ရက်စက်ကြမ်းကြုတ်လှသဖြင့် ရဋ္ဌပါ လတစ်မြို့လုံးရှိ လူများ သာမက မြို့စားကြီး နှင့် မှူးမတ်များကပင် ကြောက်ရွံ့ကြရသည်
ထို့ပြင်..
ဆရာကြီး ဦးဒိဗ္ဗ၏ ရဲတိုက်ကြီးတစ်နေရာ မှာ သွေးစုပ်နွယ်ရှင် အများ အပြားကိုလည်း စိုက်ပျိုးမွေးမြူထားသည် ။ ဆရာကြီးဦးဒိဗ္ဗ

သည် ဘူမိဗေဒပညာနှင့် အဂ္ဂိရတ်ပညာကို အထူးကျွမ်းကျင်လှသဖြင့် ပတ္တမြားများကို အစစ်နှင့်ခွဲမရအောင် ပြုလုပ်ပြီး ၎င်း၏ လူယုံတော်များက အနယ်နယ်အရပ်ရပ်သို့ လှည့်လည် ရောင်းချစေသည် ။
ထိုမှ ရရှိသော ရတနာပစ္စည်း၊ ရွှေငွေများ ကို ရဲတိုက်ကြီး၏ တစ်နေရာတွင် လုံခြုံစွာ သိမ်းဆည်းထားလေသည်..။ အနယ်နယ် အရပ်ရပ်၊ အခြားတိုင်းပြည်များ သို့ ၎င်းစီရင် ပြုလုပ်သော ပတ္တမြားများ ပျံ့နှံ့ရောက်ရှိသွား
ပြီးနောက် ၎င်းပတ္တမြားကို ဝတ်ဆင်ကြ
သူများမှာ ရုပ်ပျက်ဆင်းပျက်နှင့် သေဆုံးသွား
ကြလေသည် ။
အမှန်တော့ ဆရာကြီး ဦးဒိဗ္ဗ ပြုလုပ်သော
ပတ္တမြားများမှာ
အသက်ဝင်နေသော
သွေးစုပ်ပတ္တမြားများ ပင် ဖြစ်ပေတော့သည်

တစ်နေ့သောအခါ ရဋ္ဌပါလမြို့စားကြီး နေ
သော နန်းတော်သို့ ဆရာကြီးဦးဒိဗ္ဗ ရောက်
လာလေသည် ။ မြို့စားကြီးက ဆရာကြီးအား
ကောင်းမွန်စွာ
နေရာထိုင်ခင်းများ ပေးသည် ။
ခရီးဦးကြိုပြုလျက်
“ဘယ်လိုအရေးကိစ္စရှိလို့ ကိုယ်တိုင်
ကြွလာတာလည်း ဆရာကြီး”
“ကိစ္စတစ်ခုရှိလို့ မြို့စားကြီးဆီကို လာခဲ့
တာပါ၊ အခု ကျုပ်သိဒ္ဓိရှိတဲ့ ပတ္တမြားတစ်လုံး
စီစဉ်နေတယ်၊ ပြီးမြောက်ကာနီးနေပြီ။ အဲဒါ မြို့စားကြီးဆီက အကူအညီ လိုလို့ လာခဲ့တာ
ပါ။
“ဘယ်လို အကူအညီမျိုးပါလိမ့် ပြောပါ ဆရာကြီး”
“တခြားတော့ မဟုတ်ပါဘူး၊ ကျုပ်စီရင်နေ တဲ့ ပတ္တမြားကို အသက်သွင်းဖို့ လူသွေး လိုချင်တယ်။ လူသွေးဆိုတဲ့ နေရာမှာ လည်း

လူတိုင်းရဲ့ သွေးကို ထည့်လို့ မရဘူး။ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ ဗုဒ္ဓဟူး၊
ကြာသပတေး၊ သောကြာ၊ စနေ၊ ရာဟု ဆိုတဲ့
လူရှစ်ယောက်ရဲ့ သွေးကို ထည့်လိုက်ရင်
ကျုပ်စီရင်တဲ့ ပတ္တမြား အသက်ဝင် လာပြီ
အောင်မြင်ပြီ”
“အဲဒီလို အောင်မြင်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ”
“သင် ဘုရင်မဖြစ်ချင်ဘူးလား”
“ဖြစ်ချင်တာပေါ့ ဆရာကြီးရယ်” “ဘုရင်ဖြစ်ချင်တယ်ဆိုရင် သင်တို့ ရဲ့ ရှေ့ မှာ ဘုရင်ဖြစ်အောင် ပြု လုပ်သွားတဲ့ နည်း လမ်းတွေ သင်သတိမပြုမိဘူးလား”
“ပြောပါဆရာကြီး”
“မောရိယ
အင်ပါယာနိုင်ငံတော်ကြီးကို
ပိုင်ဆိုင်ဖို့ အတွက် အသောကမင်းတရားဟာ
သုမနအမှူးရှိတဲ့ နောင်တော် ၉၉ ယောက်ကို

ဖျောက်ဖျက်ပြီး ၎င်းတို့ သွေးနဲ့ စတေးပြီးမှ အင်ပါယာဘုရင်ဖြစ်ခဲ့တာ … သင်မေ့သွားလေ
ပြီလား”
“ဟုတ်ပေသားပဲ”
“ကျွန်ုပ်၏ ပတ္တမြားကို အသက်သွင်းပြီး
တာနဲ့ ဘုရင်ကို အဲဒီပတ္တမြားသာ ဆက်သ လိုက်၊ မကြာခင် နတ်ရွာစံ ကံတော်ကုန်လိမ့် မယ်။ ဒီအခါ သင် ဘုရင်ဖြစ်ပြီပေါ့”
“ကောင်းပါပြီ … ကျုပ် ဆရာကြီးပေးတဲ့ အကြံဉာဏ်အတိုင်း
လိုက်နာပါ့မယ်။
အကျဉ်းတိုက်အတွင်းမှာ သေဒဏ်အပြစ်ပေး ခြင်း ခံထားရတဲ့ အကျဉ်းသားတွေရှိပါတယ်။ အဲဒီအထဲက ဆရာကြီး လိုချင်သူကို ခေါ် ယူသွားပါတော့” ဟု မြို့စားကြီးက ခွင့်ပေး
သောအခါ ဆရာကြီး ဦးဒိဗ္ဗသည် သေဒဏ်
ကျပြီးသားအကျဉ်းသားများကို
ဥပါယ်တံမျဉ်နှင့် နေ့နံအမည်ပေးကာ ခုနစ် ခုနစ်နံပြည့်အောင် ခေါ်သွားလေ တော့သည် ။ တစ်ခုခက်သည် က ရာဟု
ချိန်၌ မွေးဖွားသူကို လုံးဝ ရှာမတွေ့ခြင်းပင် ဖြစ်တော့သည် ။
အားလုံးမှာ ဗုဒ္ဓဟူးနေ့မွေးသည် ဟု ပင် ပြောပြီး မနက်ပိုင်း၊ ညနေပိုင်း မွေးချိန်ကိုပင် သိသူမရှိသလောက်ပင်။
ထို့ကြောင့်
ဆရာကြီးဦးဒိဗ္ဗက ၎င်း၏ လက်ရွေးစင် တပည့်များကို ရဋ္ဌပါလမြို့တွင်းသို့ စေလွှတ် ကာ ရာဟု အချိန် မွေးသူတွေ့လျှင် တွေ့တဲ့ လူကို ရအောင်ခေါ်လာဖို့..မှာ ကြားလိုက် သည် ။ တစ်ရက် နှစ်ရက်ကြာသောအခါ ၎င်း တို့ က ယောဂီကြီးတစ်ဦးကို ခေါ် လာလေ တော့သည် ။ “ရခဲ့ပြီလားဟေ့”
“ရခဲ့ပါပြီ ဆရာကြီး”

၎င်းတို့ ခေါ်လာသော ယောဂီကြီးမှာ တစ် ကိုယ်လုံး အရှက်လုံရုံမျှသာ အဝတ်အစားရှိ
ပြီး နှုတ်ခမ်းမွေး ရှည်လျားစွာ ရှိလေသည် ။
မုတ်ဆိတ်မွေးများက
တစ်ကိုယ်လုံးမှာ
လည်း ချေးညှော်
အထပ်ထပ် တက်လျက်ရှိသည် ။
“သင်တို့ ဘာကိစ္စရှိလို့ ကျုပ်ကို ဒီနေရာကို
ခေါ်လာရတာလဲ”
“မေးစရာရှိလို့ ပါ”
“ဘာမေးမှာ လဲ”
“သင့်ရဲ့ မွေးရက်မွေးနေ့ကို သိချင်လို့ ပါ”
“ကျွန်ုပ်ကို (…) ခုနှစ်၊ ပြိဿရာသီ၊ ရာဟု ဒဿစားတဲ့ အချိန်မှာ မွေးတာပါ”
“သေချာရဲ့ လား”
“ကျွန်ုပ်တို့ ယောဂီများ သည် မုသားစကား ကို ဘယ်သောအခါမှ မပြောပါ။ မင်းတို့

ကျွန်ုပ်ကို ဘာကြောင့် ဒီနေရာကို ခေါ်လာ တာကိုလည်း သိပါတယ်”
“သိရင် ဘာကြောင့် လိုက်လာတာလဲ၊ မွေးနေ့ မွေးရက်ကို လိမ်ပြောရင်လည်း ရ တာပဲ မဟုတ်လား”
“ကျွန်ုပ်တို့ သည် သစ္စာကို အသက်ထက် ပို၍ တန်ဖိုးထားတတ်ကြပါတယ်။ ဘယ် သောအခါမှ မဟုတ်မမှန်သော စကားကို
ပြောလိမ့်မည်မဟုတ်ပါ။ တကယ်လို့ ကျွန်ုပ်
မလိုက်လိုလျှင် သင်တို့ သည် လေကိုသာ ဖမ်းလို့ ရချင်ရမည်။ ကျွန်ုပ်ကို ဖမ်း၍ မရနိုင်
ပါ။
“ဒါဖြင့် ဘာကြောင့် အဖမ်းခံရတာလဲ”
“ကျွန်ုပ်မှာ
ရှေးဘဝက တင်နေခဲ့တဲ့
ဝဋ်ကြွေးတစ်ခု ပေးဆပ်ရန် အချိန်ကျပြီဖြစ်
သောကြောင့် ဝဋ်ကြွေးကို ပေးဆပ်လို၍
လိုက်လာခဲ့ခြင်း ဖြစ်ပါသည် ”

“ဝဋ်ကြွေးဆိုတာ ဘာလဲ”
“ဝဋ်ကြွေးဆိုတာ သင်ပြုခဲ့တဲ့ အကုသိုလ် ကံ အကျိုးကို တစ်ဖန်ပြန်ပြီးခံရတာ ဖြစ်ပါ တယ်။ သင်ယခုဘဝမှာ ပြုခဲ့တဲ့ အကုသိုလ် ဝဋ်ကြွေးကို မလွဲမသွေ ပြန်ဆပ်ရလိမ့်မယ်”
“ဒါတွေကို ကျုပ်နားမလည်ဘူး။ ကျုပ်သိ တာက ယခုကျုပ်လုပ်နေတဲ့ အလုပ်တွေ ဖြစ်မနေ အောင်မြင်ဖို့ ပဲ သင့်ရဲ့ သွေးကို ဖြစ်မနေ ယူရလိမ့်မယ်”
“သင့်လက်နဲ့ ယူရန်ပင်မလိုပါ။ ကျွန်ုပ်က
ဝဋ်ကြွေးကို ဆပ်သည့်အနေနှင့် ပေးရန်
အသင့်ပါ။ ဒါပေမဲ့ သင့်ကို ကျွန်ုပ် ပြောစရာရှိ
တာ ပြောခဲ့မယ်”
“ဘာပြောမှာ လဲ”
“မကြာခင်မှာ သင်ပြုခဲ့တဲ့ အကုသိုလ်မှ တွေရဲ့ အကျိုးပေးချိန် ရောက်တော့မယ်။ သင်နဲ့ တကွ အားလုံး ပျက်စီးရပေတော့

မယ်။ သင့်မှာ လူ၊ တိရစ္ဆာန်များ စွာတို့ ရဲ့ ဝဋ်ကြွေးတွေ တင်နေတယ်။ အဲဒါတွေကို
သင် ဆပ်ရတော့မယ်”
“ကျုပ်က ဘယ်လိုဆပ်ရမှာ လဲ”
“သင်နှင့်တကွ ဤရဋ္ဌပါလမြို့ကြီး ပျက်စီး
သွားပြီးနောက်တွင် သင်သည် လူတောမတိုး
တိရစ္ဆာန်သွင်ပြင်
ဝံ့လောက်အောင်လက္ခဏာနှင့် နှစ်ပေါင်းများ စွာ ဝဋ်ကြွေးကို ခံရပေတော့မည်။ သင်စီရင်ခံသော ပတ္တမြား သည် လည်း အကုသိုလ် အကျိုးပေးကံများ
ကြောင့် လူပေါင်းများ စွာ၏ အသက်များကို
ဖျက်ဆီးပြီးမှ သင်နှင့်အတူ ပျက်စီးခြင်းသို့
ရောက်ပေလိမ့်မည်။ ဤပတ္တမြားသည်
ကျွန်ုပ်နှင့်တကွ လူများ စွာတို့ ၏ ကျိန်စာ သင့်နေပေလိမ့်မည်။ ထိုကျိန်စာများ သည်
လည်း ဤပတ္တမြားကြီး ပျက်စီးသွားမှ ပျက်ပြယ်ပေလိမ့်မည်။ ဤပတ္တမြားပျက်စီးမှ

သင်လည်း အကုသိုလ်ကံကြောင့် ခံနေရ သော ဝဋ်ဒုက္ခမှ ကင်းလွတ်ခွင့် ရပေ လိမ့်မည်။ ကိုယ်ပြုခဲ့သော အကုသိုလ်ကံ ဘေး ကံကြွေးကား ဘယ်သောအခါမှ ပြေးမ လွတ်သာချေပြီ”
ယောဂီကြီးက … မျက်လုံးကိုမှ ိ တ်ကာ တစ်လုံးချင်းပြောနေသော
စကားလုံးများ
သည် ဆရာကြီးဦးဒိဗ္ဗ၏ ၊ အသည်းနှလုံးကို ချွန်ထက်သော စူးချွန်ဖြင့် ထိုးဆွ နေသကဲ့သို့ အခံရခက်လှသောကြောင့်
“သူ့ကို ခေါ်သွားကြ အမြန်ခေါ်သွားကြ စမ်း” ဟု အော်ဟစ် အမိန့်ပေး လိုက်လေ သည် ။
၎င်း၏ လက်ပါးစေများက ယောဂီကြီးကို ဆွဲခေါ်သွားပြီး အကျဉ်းခန်းတစ်ခုအတွင်းသို့ ထည့်ထားလိုက်ကြသည် ။
နောက်တစ်နေ့မှ သွားကြည့်သောအခါယောဂီကြီးမှာ တင်ပလ္လင်ခွေထိုင်ကာ လက်
နှစ်ဖက်ကိုပေါင်ပေါ်မှတင်လျက်
အနေအထားဖြင့် … အသက်ပျောက်နေသည်
ကို အံ့ဩစွာ တွေ့မြင်ကြရသည် ။
သို့သော်..
သူ့ရှေ့တွင် သူကိုင်နေကျ ဖလားတစ်လုံး
ချထားပြီး ထိုဖလားအတွင်းမှာ သွေးများ ပြည့်နေသည် ကို တွေ့ကြရလေသည် ။ ဦးဗန် ကောင်းက စကားကိုရပ်၍ ကွမ်းတစ်ယာကို
ယူ၍ ဝါးနေလေသည် ။
“အဲဒီနောက်တော့ … ဘယ်လိုဖြစ်သွားကြ
co”
ဒေါက်တာမင်းထင်ကျော်က ဆက်၍ သိ
ချင်နေသဖြင့် အလျင်စလို မေးလိုက်သည် ။
“နောက်တော့ အောင်မြင်အောင် စီရင် ပြု လုပ်သွားနိုင်
တယ်။ ဒါပေမဲ့ ယောဂီကြီးပြောခဲ့တဲ့ အတိုင်း
ပတ္တမြားကိုတော့ပဲ ရဋ္ဌပါလမြို့ကြီးလည်း ပျက်စီးသွားခဲ့တယ်”
“ဘယ်လို ပျက်စီးသွားတာတဲ့ လဲ”
ကျုပ်တို့ သိရသမျှတော့ ဆရာကြီးဦးဒိဗ္ဗ ဟာ လူသွေးကိုယူတဲ့ နေရာမှာ ဒီအတိုင်း လူ
ကို သတ်ပြီးယူတာ မဟုတ်ဘူး ။ လူကို နွယ်ရှင်ကြီးတွေရှိတဲ့ အခန်းထဲကို ထည့် ပေးလိုက်တာ နွယ်ရှင်တွေက လူသွေးကိုစုပ် ပြီးမှ သူက အဲဒီနွယ်ရှင်တွေဆီက သွေးကို ပြန်ယူပြီး ပတ္တမြားတွေကို စီရင်တာ”
“အတော်ရက်စက်လှပါလား”
“တစ်နေ့ကျတော့
အဲဒီရက်စက်မှုဒဏ်ရဲ့
ဝဋ်ကြွေးကို သူလည်း ပြန်ခံရတာပါပဲ။ ရဋ္ဌပါ လ ပတ္တမြားကိုလည်း စီရင်ပြီးရော သူမွေး ထားတဲ့ နွယ်ရှင်ကြီးတွေက လူတွေကိုပြန်ပြီး ဒုက္ခပေးတာ နောက်ဆုံး ရဋ္ဌပါလမြို့ ပျက် သွားတဲ့ အထိ ဖြစ်ကုန်ကြတာပဲ” “ဆရာကြီးဦးဒိဗ္ဗကရော သေသွားသလား”

“သူသေတယ်လို့ တော့ မှတ်တမ်းတွေမှာ
မတွေ့ရဘူး။ ဒါပေမဲ့ ဘယ်ရောက်သွားတယ်
ဆိုတာတော့ အခုအချိန်ထိ ဘယ်သူမှ မသိ
ကြရဘူး”
“ပတ္တမြားကြီးကရော
ဘယ်လိုကနေ
ဘယ်လို ဗမာပြည်ကို ရောက်လာတယ်ဆို
တာ ရှင်းပြပါဦး”
“အဓိကကတော့ ကျုပ်နဲ့ ဦးမိုးကောင်းတို့
နှစ်ယောက်ကြောင့် ဒီကို ရောက်လာတာဆို
ရင် မမှားဘူး။ ကျုပ်တို့ ဟာ ရဋ္ဌပါလမြို့ကြီး
ပျက်သွားပြီးနောက်မှာ
ဆရာကြီးဦးဒိဗ္ဗရဲ့
ပညာမှတ်တမ်းတွေနဲ့ သူစုဆောင်းထားတဲ့
ရတနာတွေကို ရှာဖွေဖို့ အဲဒီကို လျှို့ဝှက်ပြီး
သွားခဲ့ကြတယ်။ အဲဒီနယ်တစ်ဝိုက်မှာ ရှိတဲ့
လူတွေကတော့ … ရဋ္ဌပါလမြို့ဟောင်းဆိုရင် လမ်းပြခေါ်လို့ တောင် မလိုက်ချင်ကြဘူး”
“ဘာကြောင့်လဲဟင်”

“အခုထိ အဲဒီနေရာတစ်ဝိုက်မှာ သွေးစုပ် နွယ်ရှင်ကြီးတွေ ရှိနေသေးတာကြောင့်ရယ်၊ နောက်တစ်ချက်က အဲဒီနေရာတစ်ဝိုက်မှာ ရှိ
တဲ့
မိစ္ဆာဂူလို့
အမည်ပေးထားတဲ့
နယ်သူနယ်သားတွေ
ဂူကြီးတစ်ခုထဲမှာ
ကြောက်စရာကောင်းတဲ့ သတ္တဝါကြီးတစ် ကောင်လည်း ရှိတယ်တဲ့ ။ ဒါကြောင့် ဘယ်
သူမှ မသွားဝံ့ကြတာ”
“စိတ်ဝင်စားစရာပဲ”
ဒေါက်တာမင်းထင်ကျော်က ထိုသို့ စွန့် သွားရသောခရီးများ
စွန့်စားစား
ထူးဆန်းသော သတ္တဝါများကို စိတ်ဝင်စား
တတ်ပေရာ ထိုအကြောင်းကို ကြားလိုက်
သည် နှင့် များ စွာတက်ကြွမှု ဖြစ်လာ
တော့သည် ။
“ကျုပ်တို့ နှစ်ယောက် သွားခဲ့တုန်းကတော့ အန္တရာယ်တွေနဲ့ တော့ တွေ့တယ်။ ဒါပေမဲ့

ကြီးကြီးကျယ်ကျယ် အန္တရာယ်မျိုးနဲ့ တော့ မ တွေ့ခဲ့ရဘူး။ ဒါကြောင့် ရဋ္ဌပါလပတ္တမြား ကို ရအောင် ရှာနိုင်ခဲ့ကြတယ်။ ဒါပေမဲ့ အပြန်မှာ မသမာသူတွေနဲ့ တွေ့ပြီး ပတ္တမြား ကြီး ပါသွားခဲ့တယ်။ အခုတော့ ဒီမှာ ပြန်တွေ့ ရတာပါပဲ” ဟု ပြောပြလေသည် ။

“ဒါထက် ဦးမိုးကောင်းကရော ဘယ်လို
သေသွားတာလဲ”
အဲဒီသွားကတည်းက
“သူက
ငှက်ဖျားရောဂါ စွဲလာခဲ့တယ်။ ဒါကြောင့်
သေတာဖြစ်မှာ ပါ။ အဲဒီအချိန်တုန်းကတော့
ကျုပ်တို့ နှစ်ယောက်မှာ သက်စွန့်ဆံဖျား
သွားခဲ့ကြပြီး အကျိုးကျေးဇူး မရခဲ့ကြဘူး။
သွားတုန်းကတော့ ရည်ရွယ်ချက်က ကျုပ်က ပညာရပ်နဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ လိုချင်တယ်။ ဦးမိုးကောင်းက ရတနာပစ္စည်း တွေ ယူမယ်ပေါ့။ ဒါပေမဲ့ အကြံအစည် မအောင်မြင်ခဲ့ကြဘူး” ဟု စိတ်မကောင်းစွာ ပြောနေသည် ။
“ဒါထက် ဦးဗန်ကောင်းကို တစ်ခုမေးပါရ
“မေးပါ”
“ဒီပတ္တမြားကြီးနောက်ကို ရဋ္ဌပါလဂိုဏ်း သားတွေ လိုက်နေကြတယ်ဆိုတာ ဘယ် အတွက်ဖြစ်မယ် ထင်လဲ”
“ရဋ္ဌပါလဂိုဏ်းဆိုတာ တခြား မဟုတ်ဘူး ။ ဆရာကြီးဦးဒိဗ္ဗူရဲ့ တပည့်တပန်းတွေပါ။ သူ တို့ က ဒီပတ္တမြားကို ရအောင်ရှာပြီး ဖျက်ဆီး ပစ်နိုင်ရင် သူတို့ ဆရာကြီး ဝဋ်ကြွေးက လွတ်မယ်ထင်ပြီး အသည်းအသန် လိုက်ရှာ နေကြတာပါ” ‘ဟု ဦးဗန်ကောင်းက အကြောင်းစုံ ပြောပြလေသည် ။
“ကိုင်း ဦးဗန်ကောင်း ရောက်လာမှ ပဲ အကြောင်းစုံ သိရတော့တယ်။ ဒီတော့ ကျုပ်

တို့ အခု ဘာဆက်လုပ်ကြမလဲ” ဟု ကျွန်ုပ်က မေးလိုက်ရာ ဒေါက်တာမင်းထင်ကျော်က- “ဘာလုပ်ရမှာ လဲဆရာရယ် အခု ကျွန် တော့်ဆီမှာ ရဋ္ဌပါလပတ္တမြား ရထားနေပြီ၊
ဦးဗန်ကောင်းဆီမှာ … ရဋ္ဌပါလမြို့ဟောင်းကို သွားနိုင်တဲ့ မြေပုံရ လာပြီ။ ဒီတော့ ဒီတစ် ရက်နှစ်ရက်မှာ အစီအစဉ်လုပ်ပြီး ကျွန်တော် တို့ အတွက် စိတ်ဝင်စားဖို့ ကောင်းတဲ့ ခရီး
ရှည်တစ်ခုထွက်ကြရုံ ရှိတာပေါ့” အားတက်သရော ပြောလိုက်ရာ ကျွန်ုပ်တို့ နှစ်ယောက်ကလည်း ထိုအစီအစဉ်ကို ကန့်ကွက်မည့်သူမရှိဘဲ သဘောတူလိုက်ကြ လေသည် ။

Zawgyi Version

” ရ႒ပါလက်ိန္စာ ”(စ/ဆံုး)
——————————-
လြန္ခဲ့ေသာႏွစ္ေပါင္း
တစ္ေထာင္ေက်ာ္
အခ်ိန္ေလာက္က ဟိမဝႏၲာ ေတာင္ေျခတစ္
ေနရာတြင္ ရ႒ပါလအမည္ရွိသည့္ ၿမိဳ႕ႀကီး
တစ္ၿမိဳ႕ ရွိသည္ ။
၎ၿမိဳ႕ရွိေသာ ေနရာမွာ …
အေရွ႕ဘက္တြင္ ျဗဟၼပုတၱရျမစ္၊
အေနာက္ဘက္တြင္ ဟိမဝႏၲာေတာင္တန္း ေျမာက္ဘက္တြင္ တိဗက္ျပည္ႏွင့္ ေတာင္ ဘက္တြင္ ဂဂၤါျမစ္ ရွိေလသည္ ။

အမ်ားအားျဖင့္ေတာ့ ရ႒ပါလတြင္ အိႏၵိယ လူမ်ိဳးမ်ား ႏွင့္ တိဗက္လူမ်ိဳးတို႔ ေရာေႏွာ ေနထိုင္ၾကသည္ ။
ၿမိဳ႕၏ အေနအထားမွာ သစ္ေတာႀကီးမ်ား ၊ ျမစ္မ်ား ႏွင့္ ေတာင္မ်ား ဝန္းရံထားသျဖင့္ ၎ၿမိဳ႕တြင္ ေနထိုင္ၾကသူမ်ားမွာ သီးႏွံမ်ား စိုက္ပ်ိဳးျခင္း၊ အမဲလိုက္ျခင္း၊ ေဆးျမစ္ေဆးဥ ရွာျခင္းႏွင့္ အဂၢိရတ္ပညာမ်ား ျဖင့္
အသက္ေမြးဝမ္းေက်ာင္း ျပဳၾကေလသည္ ။ ထို႔ျပင္..
၎ၿမိဳ႕တြင္ တိဗက္ေတာင္တန္းမ်ား ေပၚမွ လာေသာ တရားက်င့္သည့္ ဘုန္းေတာ္ႀကီး မ်ား ႏွင့္ အိႏၵိယေယာဂီ အမ်ား အျပားလည္း ရွိၾကေလသည္ ။
အိႏၵိယေယာဂီမ်ားမွာ တစ္ေနရာတည္းမွာ ႏွစ္ေပါင္းမ်ား စြာထိုင္၍ ေယာဂက်င့္စဥ္ကို က်င့္ႏိုင္ၾကသူမ်ား ျဖစ္သည္ ။

၎ၿမိဳ႕ႏွင့္ အတန္ငယ္ေဝးေသာ ဟိမဝႏၲာ ေတာင္ေျခတစ္ေနရာတြင္ ေတာင္ကုန္းတစ္ ခုေပၚတြင္ ေဆာက္ထားသည့္ ရဲတိုက္ႀကီး တစ္လုံးရွိသည္ ။
။၎ရဲတိုက္ႀကီးကို ခိုင္ခံ့ေသာ ေက်ာက္တုံး ႀကီးမ်ား ျဖင့္ ေဆာက္လုပ္ထားေလသည္ ။ ၎ရဲတိုက္ႀကီး၏ ပိုင္ရွင္မွာ ဆရာႀကီး ဦး ဒိဗၺဆိုသူ ျဖစ္သည္ ။ ဆရာႀကီး ဦးဒိဗၺသည္ ပါဋိလိပုတ္ျပည္ႀကီး ေကာင္းစားစဥ္ကပင္ စ ေကၠာမ အတတ္ပညာမ်ားကို တတ္ေျမာက္ ခဲ့သျဖင့္ ၎၏ ရဲတိုက္ႀကီးကို စက္ယႏၲရား အေျမာက္အျမား တပ္ဆင္၍ ေဆာက္လုပ္
ထားခဲ့သည္ ။
၎ရဲတိုက္ႀကီးအတြင္းသို႔
ခိုးဝွက္ဝင္
ေရာက္ပါက မျမင္ရေသာ အႏၲရာယ္မ်ား ႏွင့္
ေတြ႕ၿပီး အသက္ဆုံးရႈံးၾကရေလသည္ ။ ဆရာႀကီး ဦးဒိဗၺသည္ စေကၠာမ

အတတ္ပညာမ်ား အျပင္ ဇီဝေဗဒပညာဟု ေခၚအပ္ေသာ အသက္ဝိညာဥ္ႏွင့္ သက္ဆိုင္ ေသာ အတတ္ပညာမ်ား ။
႐ုကၡေဗဒ ပညာဟု ဆိုအပ္ေသာ သစ္ပင္ မ်ား ႏွင့္ သက္ဆိုင္ေသာ အတတ္ပညာမ်ား ၊ ဘူမိေဗဒပညာဟု ဆိုအပ္ေသာ ေက်ာက္ ႏွင့္ သက္ဆိုင္ေသာပညာကို ကြၽမ္းက်င္ တတ္ေျမာက္သူ ျဖစ္သည္ ။
သူသည္သစ္ပင္မ်ားကို ထူးဆန္းစြာ မ်ိဳးႏြယ္စပ္ ျခင္း၊ တိရစာၦန္မ်ားကို ထူးဆန္းစြာ မ်ိဳးႏြယ္ ေျပာင္းလဲပစ္ျခင္း၊ ေက်ာက္မ်ားကို ထူးဆန္း စြာ စီမံျပဳလုပ္ျခင္းမ်ားကို သူ၏ ရဲတိုက္ႀကီး အတြင္းမွာ ျပဳလုပ္ေလသည္ ။
သူ၏ လိုအပ္ဆႏၵမ်ား ျပည့္ဝေစရန္ သူစီမံ ျပဳျပင္ထားေသာ လူႏွင့္တိရစာၦန္မ်ားက ေဆာင္႐ြက္ေပးၾကရသည္ ။ သူ႔ဆီမွာ လူ၏

ခႏၶာကိုယ္ကို
က်ားတစ္ေကာင္၏ အစြယ္၊
မ်က္လုံးမ်ား
ေျပာင္းလဲတပ္ဆင္ေပးကာ
က်ားစိတ္ က်ားမာန္ သြင္းထားသူမ်ား၊
ဝံပုေလြစိတ္ သြင္းထားသူမ်ား ၊ ျခေသၤ့တစ္ ေကာင္ကဲ့သို႔ သြားလာလႈပ္ရွား တိုက္ခိုက္ႏိုင္ ေသာ အေစအပါးမ်ား စြာ ရွိသည္ ။ ဆရာႀကီးအလိုရွိရာ ကိစၥမွန္သမွ် ထိုလူ တစ္ပိုင္း တိရစာၦန္တစ္ပိုင္း သတၱဝါမ်ားက ေဆာင္႐ြက္ေပးၾကရသည္ ။ ၎တို႔ မွာ လြန္စြာ ရက္စက္ၾကမ္းၾကဳတ္လွသျဖင့္ ရ႒ပါ လတစ္ၿမိဳ႕လုံးရွိ လူမ်ား သာမက ၿမိဳ႕စားႀကီး ႏွင့္ မႉးမတ္မ်ားကပင္ ေၾကာက္႐ြံ႕ၾကရသည္
ထို႔ျပင္..
ဆရာႀကီး ဦးဒိဗၺ၏ ရဲတိုက္ႀကီးတစ္ေနရာ မွာ ေသြးစုပ္ႏြယ္ရွင္ အမ်ား အျပားကိုလည္း စိုက္ပ်ိဳးေမြးျမဴထားသည္ ။ ဆရာႀကီးဦးဒိဗၺ

သည္ ဘူမိေဗဒပညာႏွင့္ အဂၢိရတ္ပညာကို အထူးကြၽမ္းက်င္လွသျဖင့္ ပတၱျမားမ်ားကို အစစ္ႏွင့္ခြဲမရေအာင္ ျပဳလုပ္ၿပီး ၎၏ လူယုံေတာ္မ်ားက အနယ္နယ္အရပ္ရပ္သို႔ လွည့္လည္ ေရာင္းခ်ေစသည္ ။
ထိုမွ ရရွိေသာ ရတနာပစၥည္း၊ ေ႐ႊေငြမ်ား ကို ရဲတိုက္ႀကီး၏ တစ္ေနရာတြင္ လုံၿခဳံစြာ သိမ္းဆည္းထားေလသည္..။ အနယ္နယ္ အရပ္ရပ္၊ အျခားတိုင္းျပည္မ်ား သို႔ ၎စီရင္ ျပဳလုပ္ေသာ ပတၱျမားမ်ား ပ်ံ႕ႏွံ႔ေရာက္ရွိသြား
ၿပီးေနာက္ ၎ပတၱျမားကို ဝတ္ဆင္ၾက
သူမ်ားမွာ ႐ုပ္ပ်က္ဆင္းပ်က္ႏွင့္ ေသဆုံးသြား
ၾကေလသည္ ။
အမွန္ေတာ့ ဆရာႀကီး ဦးဒိဗၺ ျပဳလုပ္ေသာ
ပတၱျမားမ်ားမွာ
အသက္ဝင္ေနေသာ
ေသြးစုပ္ပတၱျမားမ်ား ပင္ ျဖစ္ေပေတာ့သည္

တစ္ေန႔ေသာအခါ ရ႒ပါလၿမိဳ႕စားႀကီး ေန
ေသာ နန္းေတာ္သို႔ ဆရာႀကီးဦးဒိဗၺ ေရာက္
လာေလသည္ ။ ၿမိဳ႕စားႀကီးက ဆရာႀကီးအား
ေကာင္းမြန္စြာ
ေနရာထိုင္ခင္းမ်ား ေပးသည္ ။
ခရီးဦးႀကိဳျပဳလ်က္
“ဘယ္လိုအေရးကိစၥရွိလို႔ ကိုယ္တိုင္
ႂကြလာတာလည္း ဆရာႀကီး”
“ကိစၥတစ္ခုရွိလို႔ ၿမိဳ႕စားႀကီးဆီကို လာခဲ့
တာပါ၊ အခု က်ဳပ္သိဒၶိရွိတဲ့ ပတၱျမားတစ္လုံး
စီစဥ္ေနတယ္၊ ၿပီးေျမာက္ကာနီးေနၿပီ။ အဲဒါ ၿမိဳ႕စားႀကီးဆီက အကူအညီ လိုလို႔ လာခဲ့တာ
ပါ။
“ဘယ္လို အကူအညီမ်ိဳးပါလိမ့္ ေျပာပါ ဆရာႀကီး”
“တျခားေတာ့ မဟုတ္ပါဘူး၊ က်ဳပ္စီရင္ေန တဲ့ ပတၱျမားကို အသက္သြင္းဖို႔ လူေသြး လိုခ်င္တယ္။ လူေသြးဆိုတဲ့ ေနရာမွာ လည္း

လူတိုင္းရဲ႕ ေသြးကို ထည့္လို႔ မရဘူး။ တနဂၤေႏြ၊ တနလၤာ၊ အဂၤါ ဗုဒၶဟူး၊
ၾကာသပေတး၊ ေသာၾကာ၊ စေန၊ ရာဟု ဆိုတဲ့
လူရွစ္ေယာက္ရဲ႕ ေသြးကို ထည့္လိုက္ရင္
က်ဳပ္စီရင္တဲ့ ပတၱျမား အသက္ဝင္ လာၿပီ
ေအာင္ျမင္ၿပီ”
“အဲဒီလို ေအာင္ျမင္ရင္ ဘယ္လို အက်ိဳးေက်းဇူးေတြ ရႏိုင္မလဲ”
“သင္ ဘုရင္မျဖစ္ခ်င္ဘူးလား”
“ျဖစ္ခ်င္တာေပါ့ ဆရာႀကီးရယ္” “ဘုရင္ျဖစ္ခ်င္တယ္ဆိုရင္ သင္တို႔ ရဲ႕ ေရွ႕ မွာ ဘုရင္ျဖစ္ေအာင္ ျပဳ လုပ္သြားတဲ့ နည္း လမ္းေတြ သင္သတိမျပဳမိဘူးလား”
“ေျပာပါဆရာႀကီး”
“ေမာရိယ
အင္ပါယာႏိုင္ငံေတာ္ႀကီးကို
ပိုင္ဆိုင္ဖို႔ အတြက္ အေသာကမင္းတရားဟာ
သုမနအမႉးရွိတဲ့ ေနာင္ေတာ္ ၉၉ ေယာက္ကို

ေဖ်ာက္ဖ်က္ၿပီး ၎တို႔ ေသြးနဲ႔ စေတးၿပီးမွ အင္ပါယာဘုရင္ျဖစ္ခဲ့တာ … သင္ေမ့သြားေလ
ၿပီလား”
“ဟုတ္ေပသားပဲ”
“ကြၽႏ္ုပ္၏ ပတၱျမားကို အသက္သြင္းၿပီး
တာနဲ႔ ဘုရင္ကို အဲဒီပတၱျမားသာ ဆက္သ လိုက္၊ မၾကာခင္ နတ္႐ြာစံ ကံေတာ္ကုန္လိမ့္ မယ္။ ဒီအခါ သင္ ဘုရင္ျဖစ္ၿပီေပါ့”
“ေကာင္းပါၿပီ … က်ဳပ္ ဆရာႀကီးေပးတဲ့ အႀကံဉာဏ္အတိုင္း
လိုက္နာပါ့မယ္။
အက်ဥ္းတိုက္အတြင္းမွာ ေသဒဏ္အျပစ္ေပး ျခင္း ခံထားရတဲ့ အက်ဥ္းသားေတြရွိပါတယ္။ အဲဒီအထဲက ဆရာႀကီး လိုခ်င္သူကို ေခၚ ယူသြားပါေတာ့” ဟု ၿမိဳ႕စားႀကီးက ခြင့္ေပး
ေသာအခါ ဆရာႀကီး ဦးဒိဗၺသည္ ေသဒဏ္
က်ၿပီးသားအက်ဥ္းသားမ်ားကို
ဥပါယ္တံမ်ဥ္ႏွင့္ ေန႔နံအမည္ေပးကာ ခုနစ္ ခုနစ္နံျပည့္ေအာင္ ေခၚသြားေလ ေတာ့သည္ ။ တစ္ခုခက္သည္ က ရာဟု
ခ်ိန္၌ ေမြးဖြားသူကို လုံးဝ ရွာမေတြ႕ျခင္းပင္ ျဖစ္ေတာ့သည္ ။
အားလုံးမွာ ဗုဒၶဟူးေန႔ေမြးသည္ ဟု ပင္ ေျပာၿပီး မနက္ပိုင္း၊ ညေနပိုင္း ေမြးခ်ိန္ကိုပင္ သိသူမရွိသေလာက္ပင္။
ထို႔ေၾကာင့္
ဆရာႀကီးဦးဒိဗၺက ၎၏ လက္ေ႐ြးစင္ တပည့္မ်ားကို ရ႒ပါလၿမိဳ႕တြင္းသို႔ ေစလႊတ္ ကာ ရာဟု အခ်ိန္ ေမြးသူေတြ႕လွ်င္ ေတြ႕တဲ့ လူကို ရေအာင္ေခၚလာဖို႔..မွာ ၾကားလိုက္ သည္ ။ တစ္ရက္ ႏွစ္ရက္ၾကာေသာအခါ ၎ တို႔ က ေယာဂီႀကီးတစ္ဦးကို ေခၚ လာေလ ေတာ့သည္ ။ “ရခဲ့ၿပီလားေဟ့”
“ရခဲ့ပါၿပီ ဆရာႀကီး”

၎တို႔ ေခၚလာေသာ ေယာဂီႀကီးမွာ တစ္ ကိုယ္လုံး အရွက္လုံ႐ုံမွ်သာ အဝတ္အစားရွိ
ၿပီး ႏႈတ္ခမ္းေမြး ရွည္လ်ားစြာ ရွိေလသည္ ။
မုတ္ဆိတ္ေမြးမ်ားက
တစ္ကိုယ္လုံးမွာ
လည္း ေခ်းေညႇာ္
အထပ္ထပ္ တက္လ်က္ရွိသည္ ။
“သင္တို႔ ဘာကိစၥရွိလို႔ က်ဳပ္ကို ဒီေနရာကို
ေခၚလာရတာလဲ”
“ေမးစရာရွိလို႔ ပါ”
“ဘာေမးမွာ လဲ”
“သင့္ရဲ႕ ေမြးရက္ေမြးေန႔ကို သိခ်င္လို႔ ပါ”
“ကြၽႏ္ုပ္ကို (…) ခုႏွစ္၊ ၿပိႆရာသီ၊ ရာဟု ဒႆစားတဲ့ အခ်ိန္မွာ ေမြးတာပါ”
“ေသခ်ာရဲ႕ လား”
“ကြၽႏ္ုပ္တို႔ ေယာဂီမ်ား သည္ မုသားစကား ကို ဘယ္ေသာအခါမွ မေျပာပါ။ မင္းတို႔

ကြၽႏ္ုပ္ကို ဘာေၾကာင့္ ဒီေနရာကို ေခၚလာ တာကိုလည္း သိပါတယ္”
“သိရင္ ဘာေၾကာင့္ လိုက္လာတာလဲ၊ ေမြးေန႔ ေမြးရက္ကို လိမ္ေျပာရင္လည္း ရ တာပဲ မဟုတ္လား”
“ကြၽႏ္ုပ္တို႔ သည္ သစၥာကို အသက္ထက္ ပို၍ တန္ဖိုးထားတတ္ၾကပါတယ္။ ဘယ္ ေသာအခါမွ မဟုတ္မမွန္ေသာ စကားကို
ေျပာလိမ့္မည္မဟုတ္ပါ။ တကယ္လို႔ ကြၽႏ္ုပ္
မလိုက္လိုလွ်င္ သင္တို႔ သည္ ေလကိုသာ ဖမ္းလို႔ ရခ်င္ရမည္။ ကြၽႏ္ုပ္ကို ဖမ္း၍ မရႏိုင္
ပါ။
“ဒါျဖင့္ ဘာေၾကာင့္ အဖမ္းခံရတာလဲ”
“ကြၽႏ္ုပ္မွာ
ေရွးဘဝက တင္ေနခဲ့တဲ့
ဝဋ္ေႂကြးတစ္ခု ေပးဆပ္ရန္ အခ်ိန္က်ၿပီျဖစ္
ေသာေၾကာင့္ ဝဋ္ေႂကြးကို ေပးဆပ္လို၍
လိုက္လာခဲ့ျခင္း ျဖစ္ပါသည္ ”

“ဝဋ္ေႂကြးဆိုတာ ဘာလဲ”
“ဝဋ္ေႂကြးဆိုတာ သင္ျပဳခဲ့တဲ့ အကုသိုလ္ ကံ အက်ိဳးကို တစ္ဖန္ျပန္ၿပီးခံရတာ ျဖစ္ပါ တယ္။ သင္ယခုဘဝမွာ ျပဳခဲ့တဲ့ အကုသိုလ္ ဝဋ္ေႂကြးကို မလြဲမေသြ ျပန္ဆပ္ရလိမ့္မယ္”
“ဒါေတြကို က်ဳပ္နားမလည္ဘူး။ က်ဳပ္သိ တာက ယခုက်ဳပ္လုပ္ေနတဲ့ အလုပ္ေတြ ျဖစ္မေန ေအာင္ျမင္ဖို႔ ပဲ သင့္ရဲ႕ ေသြးကို ျဖစ္မေန ယူရလိမ့္မယ္”
“သင့္လက္နဲ႔ ယူရန္ပင္မလိုပါ။ ကြၽႏ္ုပ္က
ဝဋ္ေႂကြးကို ဆပ္သည့္အေနႏွင့္ ေပးရန္
အသင့္ပါ။ ဒါေပမဲ့ သင့္ကို ကြၽႏ္ုပ္ ေျပာစရာရွိ
တာ ေျပာခဲ့မယ္”
“ဘာေျပာမွာ လဲ”
“မၾကာခင္မွာ သင္ျပဳခဲ့တဲ့ အကုသိုလ္မွ ေတြရဲ႕ အက်ိဳးေပးခ်ိန္ ေရာက္ေတာ့မယ္။ သင္နဲ႔ တကြ အားလုံး ပ်က္စီးရေပေတာ့

မယ္။ သင့္မွာ လူ၊ တိရစာၦန္မ်ား စြာတို႔ ရဲ႕ ဝဋ္ေႂကြးေတြ တင္ေနတယ္။ အဲဒါေတြကို
သင္ ဆပ္ရေတာ့မယ္”
“က်ဳပ္က ဘယ္လိုဆပ္ရမွာ လဲ”
“သင္ႏွင့္တကြ ဤရ႒ပါလၿမိဳ႕ႀကီး ပ်က္စီး
သြားၿပီးေနာက္တြင္ သင္သည္ လူေတာမတိုး
တိရစာၦန္သြင္ျပင္
ဝံ့ေလာက္ေအာင္လကၡဏာႏွင့္ ႏွစ္ေပါင္းမ်ား စြာ ဝဋ္ေႂကြးကို ခံရေပေတာ့မည္။ သင္စီရင္ခံေသာ ပတၱျမား သည္ လည္း အကုသိုလ္ အက်ိဳးေပးကံမ်ား
ေၾကာင့္ လူေပါင္းမ်ား စြာ၏ အသက္မ်ားကို
ဖ်က္ဆီးၿပီးမွ သင္ႏွင့္အတူ ပ်က္စီးျခင္းသို႔
ေရာက္ေပလိမ့္မည္။ ဤပတၱျမားသည္
ကြၽႏ္ုပ္ႏွင့္တကြ လူမ်ား စြာတို႔ ၏ က်ိန္စာ သင့္ေနေပလိမ့္မည္။ ထိုက်ိန္စာမ်ား သည္
လည္း ဤပတၱျမားႀကီး ပ်က္စီးသြားမွ ပ်က္ျပယ္ေပလိမ့္မည္။ ဤပတၱျမားပ်က္စီးမွ

သင္လည္း အကုသိုလ္ကံေၾကာင့္ ခံေနရ ေသာ ဝဋ္ဒုကၡမွ ကင္းလြတ္ခြင့္ ရေပ လိမ့္မည္။ ကိုယ္ျပဳခဲ့ေသာ အကုသိုလ္ကံ ေဘး ကံေႂကြးကား ဘယ္ေသာအခါမွ ေျပးမ လြတ္သာေခ်ၿပီ”
ေယာဂီႀကီးက … မ်က္လုံးကိုမွ ိ တ္ကာ တစ္လုံးခ်င္းေျပာေနေသာ
စကားလုံးမ်ား
သည္ ဆရာႀကီးဦးဒိဗၺ၏ ၊ အသည္းႏွလုံးကို ခြၽန္ထက္ေသာ စူးခြၽန္ျဖင့္ ထိုးဆြ ေနသကဲ့သို႔ အခံရခက္လွေသာေၾကာင့္
“သူ႔ကို ေခၚသြားၾက အျမန္ေခၚသြားၾက စမ္း” ဟု ေအာ္ဟစ္ အမိန႔္ေပး လိုက္ေလ သည္ ။
၎၏ လက္ပါးေစမ်ားက ေယာဂီႀကီးကို ဆြဲေခၚသြားၿပီး အက်ဥ္းခန္းတစ္ခုအတြင္းသို႔ ထည့္ထားလိုက္ၾကသည္ ။
ေနာက္တစ္ေန႔မွ သြားၾကည့္ေသာအခါေယာဂီႀကီးမွာ တင္ပလႅင္ေခြထိုင္ကာ လက္
ႏွစ္ဖက္ကိုေပါင္ေပၚမွတင္လ်က္
အေနအထားျဖင့္ … အသက္ေပ်ာက္ေနသည္
ကို အံ့ဩစြာ ေတြ႕ျမင္ၾကရသည္ ။
သို႔ေသာ္..
သူ႔ေရွ႕တြင္ သူကိုင္ေနက် ဖလားတစ္လုံး
ခ်ထားၿပီး ထိုဖလားအတြင္းမွာ ေသြးမ်ား ျပည့္ေနသည္ ကို ေတြ႕ၾကရေလသည္ ။ ဦးဗန္ ေကာင္းက စကားကိုရပ္၍ ကြမ္းတစ္ယာကို
ယူ၍ ဝါးေနေလသည္ ။
“အဲဒီေနာက္ေတာ့ … ဘယ္လိုျဖစ္သြားၾက
co”
ေဒါက္တာမင္းထင္ေက်ာ္က ဆက္၍ သိ
ခ်င္ေနသျဖင့္ အလ်င္စလို ေမးလိုက္သည္ ။
“ေနာက္ေတာ့ ေအာင္ျမင္ေအာင္ စီရင္ ျပဳ လုပ္သြားႏိုင္
တယ္။ ဒါေပမဲ့ ေယာဂီႀကီးေျပာခဲ့တဲ့ အတိုင္း
ပတၱျမားကိုေတာ့ပဲ ရ႒ပါလၿမိဳ႕ႀကီးလည္း ပ်က္စီးသြားခဲ့တယ္”
“ဘယ္လို ပ်က္စီးသြားတာတဲ့ လဲ”
က်ဳပ္တို႔ သိရသမွ်ေတာ့ ဆရာႀကီးဦးဒိဗၺ ဟာ လူေသြးကိုယူတဲ့ ေနရာမွာ ဒီအတိုင္း လူ
ကို သတ္ၿပီးယူတာ မဟုတ္ဘူး ။ လူကို ႏြယ္ရွင္ႀကီးေတြရွိတဲ့ အခန္းထဲကို ထည့္ ေပးလိုက္တာ ႏြယ္ရွင္ေတြက လူေသြးကိုစုပ္ ၿပီးမွ သူက အဲဒီႏြယ္ရွင္ေတြဆီက ေသြးကို ျပန္ယူၿပီး ပတၱျမားေတြကို စီရင္တာ”
“အေတာ္ရက္စက္လွပါလား”
“တစ္ေန႔က်ေတာ့
အဲဒီရက္စက္မႈဒဏ္ရဲ႕
ဝဋ္ေႂကြးကို သူလည္း ျပန္ခံရတာပါပဲ။ ရ႒ပါ လ ပတၱျမားကိုလည္း စီရင္ၿပီးေရာ သူေမြး ထားတဲ့ ႏြယ္ရွင္ႀကီးေတြက လူေတြကိုျပန္ၿပီး ဒုကၡေပးတာ ေနာက္ဆုံး ရ႒ပါလၿမိဳ႕ ပ်က္ သြားတဲ့ အထိ ျဖစ္ကုန္ၾကတာပဲ” “ဆရာႀကီးဦးဒိဗၺကေရာ ေသသြားသလား”

“သူေသတယ္လို႔ ေတာ့ မွတ္တမ္းေတြမွာ
မေတြ႕ရဘူး။ ဒါေပမဲ့ ဘယ္ေရာက္သြားတယ္
ဆိုတာေတာ့ အခုအခ်ိန္ထိ ဘယ္သူမွ မသိ
ၾကရဘူး”
“ပတၱျမားႀကီးကေရာ
ဘယ္လိုကေန
ဘယ္လို ဗမာျပည္ကို ေရာက္လာတယ္ဆို
တာ ရွင္းျပပါဦး”
“အဓိကကေတာ့ က်ဳပ္နဲ႔ ဦးမိုးေကာင္းတို႔
ႏွစ္ေယာက္ေၾကာင့္ ဒီကို ေရာက္လာတာဆို
ရင္ မမွားဘူး။ က်ဳပ္တို႔ ဟာ ရ႒ပါလၿမိဳ႕ႀကီး
ပ်က္သြားၿပီးေနာက္မွာ
ဆရာႀကီးဦးဒိဗၺရဲ႕
ပညာမွတ္တမ္းေတြနဲ႔ သူစုေဆာင္းထားတဲ့
ရတနာေတြကို ရွာေဖြဖို႔ အဲဒီကို လွ်ိဳ႕ဝွက္ၿပီး
သြားခဲ့ၾကတယ္။ အဲဒီနယ္တစ္ဝိုက္မွာ ရွိတဲ့
လူေတြကေတာ့ … ရ႒ပါလၿမိဳ႕ေဟာင္းဆိုရင္ လမ္းျပေခၚလို႔ ေတာင္ မလိုက္ခ်င္ၾကဘူး”
“ဘာေၾကာင့္လဲဟင္”

“အခုထိ အဲဒီေနရာတစ္ဝိုက္မွာ ေသြးစုပ္ ႏြယ္ရွင္ႀကီးေတြ ရွိေနေသးတာေၾကာင့္ရယ္၊ ေနာက္တစ္ခ်က္က အဲဒီေနရာတစ္ဝိုက္မွာ ရွိ
တဲ့
မိစာၦဂူလို႔
အမည္ေပးထားတဲ့
နယ္သူနယ္သားေတြ
ဂူႀကီးတစ္ခုထဲမွာ
ေၾကာက္စရာေကာင္းတဲ့ သတၱဝါႀကီးတစ္ ေကာင္လည္း ရွိတယ္တဲ့ ။ ဒါေၾကာင့္ ဘယ္
သူမွ မသြားဝံ့ၾကတာ”
“စိတ္ဝင္စားစရာပဲ”
ေဒါက္တာမင္းထင္ေက်ာ္က ထိုသို႔ စြန႔္ သြားရေသာခရီးမ်ား
စြန႔္စားစား
ထူးဆန္းေသာ သတၱဝါမ်ားကို စိတ္ဝင္စား
တတ္ေပရာ ထိုအေၾကာင္းကို ၾကားလိုက္
သည္ ႏွင့္ မ်ား စြာတက္ႂကြမႈ ျဖစ္လာ
ေတာ့သည္ ။
“က်ဳပ္တို႔ ႏွစ္ေယာက္ သြားခဲ့တုန္းကေတာ့ အႏၲရာယ္ေတြနဲ႔ ေတာ့ ေတြ႕တယ္။ ဒါေပမဲ့

ႀကီးႀကီးက်ယ္က်ယ္ အႏၲရာယ္မ်ိဳးနဲ႔ ေတာ့ မ ေတြ႕ခဲ့ရဘူး။ ဒါေၾကာင့္ ရ႒ပါလပတၱျမား ကို ရေအာင္ ရွာႏိုင္ခဲ့ၾကတယ္။ ဒါေပမဲ့ အျပန္မွာ မသမာသူေတြနဲ႔ ေတြ႕ၿပီး ပတၱျမား ႀကီး ပါသြားခဲ့တယ္။ အခုေတာ့ ဒီမွာ ျပန္ေတြ႕ ရတာပါပဲ” ဟု ေျပာျပေလသည္ ။

“ဒါထက္ ဦးမိုးေကာင္းကေရာ ဘယ္လို
ေသသြားတာလဲ”
အဲဒီသြားကတည္းက
“သူက
ငွက္ဖ်ားေရာဂါ စြဲလာခဲ့တယ္။ ဒါေၾကာင့္
ေသတာျဖစ္မွာ ပါ။ အဲဒီအခ်ိန္တုန္းကေတာ့
က်ဳပ္တို႔ ႏွစ္ေယာက္မွာ သက္စြန႔္ဆံဖ်ား
သြားခဲ့ၾကၿပီး အက်ိဳးေက်းဇူး မရခဲ့ၾကဘူး။
သြားတုန္းကေတာ့ ရည္႐ြယ္ခ်က္က က်ဳပ္က ပညာရပ္နဲ႔ ပတ္သက္တဲ့ မွတ္တမ္းေတြ လိုခ်င္တယ္။ ဦးမိုးေကာင္းက ရတနာပစၥည္း ေတြ ယူမယ္ေပါ့။ ဒါေပမဲ့ အႀကံအစည္ မေအာင္ျမင္ခဲ့ၾကဘူး” ဟု စိတ္မေကာင္းစြာ ေျပာေနသည္ ။
“ဒါထက္ ဦးဗန္ေကာင္းကို တစ္ခုေမးပါရ
“ေမးပါ”
“ဒီပတၱျမားႀကီးေနာက္ကို ရ႒ပါလဂိုဏ္း သားေတြ လိုက္ေနၾကတယ္ဆိုတာ ဘယ္ အတြက္ျဖစ္မယ္ ထင္လဲ”
“ရ႒ပါလဂိုဏ္းဆိုတာ တျခား မဟုတ္ဘူး ။ ဆရာႀကီးဦးဒိဗၺဴရဲ႕ တပည့္တပန္းေတြပါ။ သူ တို႔ က ဒီပတၱျမားကို ရေအာင္ရွာၿပီး ဖ်က္ဆီး ပစ္ႏိုင္ရင္ သူတို႔ ဆရာႀကီး ဝဋ္ေႂကြးက လြတ္မယ္ထင္ၿပီး အသည္းအသန္ လိုက္ရွာ ေနၾကတာပါ” ‘ဟု ဦးဗန္ေကာင္းက အေၾကာင္းစုံ ေျပာျပေလသည္ ။
“ကိုင္း ဦးဗန္ေကာင္း ေရာက္လာမွ ပဲ အေၾကာင္းစုံ သိရေတာ့တယ္။ ဒီေတာ့ က်ဳပ္

တို႔ အခု ဘာဆက္လုပ္ၾကမလဲ” ဟု ကြၽႏ္ုပ္က ေမးလိုက္ရာ ေဒါက္တာမင္းထင္ေက်ာ္က- “ဘာလုပ္ရမွာ လဲဆရာရယ္ အခု ကြၽန္ ေတာ့္ဆီမွာ ရ႒ပါလပတၱျမား ရထားေနၿပီ၊
ဦးဗန္ေကာင္းဆီမွာ … ရ႒ပါလၿမိဳ႕ေဟာင္းကို သြားႏိုင္တဲ့ ေျမပုံရ လာၿပီ။ ဒီေတာ့ ဒီတစ္ ရက္ႏွစ္ရက္မွာ အစီအစဥ္လုပ္ၿပီး ကြၽန္ေတာ္ တို႔ အတြက္ စိတ္ဝင္စားဖို႔ ေကာင္းတဲ့ ခရီး
ရွည္တစ္ခုထြက္ၾက႐ုံ ရွိတာေပါ့” အားတက္သေရာ ေျပာလိုက္ရာ ကြၽႏ္ုပ္တို႔ ႏွစ္ေယာက္ကလည္း ထိုအစီအစဥ္ကို ကန႔္ကြက္မည့္သူမရွိဘဲ သေဘာတူလိုက္ၾက ေလသည္ ။