ရိုးမထဲကငိုရှိုက်သံ(သို့)ကြာဖြူ

ရိုးမထဲကငိုရှိုက်သံ(သို့)ကြာဖြူ(စ/ဆုံး)

——————————————

…ပန်းကလေးများ ပွင့်တော့မည် ဖူးတံဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း..
“မင်္ဂလာပါဆရာကြီး” စာသင်နေစဉ် ကျောင်းသား
ကျောင်းသူ လေးများ၏ နူတ်ဆက်သံကြားလိုက်၍
ကြည့်လိုက်ရာ ကျောင်းအုပ်ဆရာကြီး စာသင်ခန်း
ထဲသို့ဝင်လာတာကို တွေ့လိုက်ရသည်…..
“မင်္ဂလာပါ ဆရာကြီးခင်ဗျ” “မောင်အောင်မင်းရေ
ဆရာကြီးလည်းပြောရမှာတော့ စိတ်မကောင်းဘူး
ကွာ ခုနကပဲ မင်းတို့ အိမ်နားက လူငယ်လေး တယောက် ဆရာကြီးရုံးခန်းထဲကို လာပြောသွားတယ်
မင်းအမေ ဦးနှောက်သွေးကြောပြတ်လို့ ဆုံးပြီတဲ့”
!!!ဗျာ!!! ကျနော့် ခေါင်းပေါ်ကို မိုးကြိုးအစင်းတရာ
ပစ်ချလိုက်သလို ခံစားလိုက်ရသည်…..ကျနော့်နား
ကိုပင်ကျနော်မယုံနိုင် … ကျနော်လည်းဆရာကြီးကို
ခွင့်တိုင်၍ အိမ်သို့အမြန်ပြန်လာခဲ့လိုက်သည်….
အိမ်ရောက်တော့ အမေ့ရုပ်အလောင်းကို ရပ်ကွက်
က အားလုံးပြင်ဆင်ပေးပြီးနေလေပြီ …အမေရယ်
အမေနဲ့ သားဒီနှစ်ယောက်ထဲရှိတာ ခုအမေကထား
သွားတော့ ကျနော်တယောက်ထဲ ဘယ်လိုနေရမှာ
လည်း အမေရယ် ….
အမေဆုံးပြီးတော့ ကျနော်လည်းအမေမရှိတဲ့ မြို့က‌
လေးမှာမနေချင်တော့သဖြင့် ရွာလေးတရွာမှာ
အခြေချရန် ဆုံးဖြတ်လိုက်ပြီး နယ်ပြောင်းလျှောက်
လွှာတင်ရန် ဆရာကြီးရုံးခန်းသို့ထွက်လာခဲ့လိုက်
သည် “ဆရာကြီး ဝင်ခွင့်ပြုပါခင်ဗျာ”
“”အော် မောင်အောင်မင်း ဝင်ခဲ့လေ လာထိုင်””
ကျနော်လည်း ဆရာကြီးရှေ့ရှိ ကုလားထိုင်သို့ဝင်
ထိုင်လိုက်သည်…””ကျနော်နယ်ပြောင်းလျှောက်ချင်လို့ပါ ဆရာကြီး ဒီမှာ လျှောက်လွှာပါ”” ဆရာကြီး
ကကျနော့်လျှောက်လွှာကိုကြည့်လိုက်ပြီး…..
“သေချာပြီလား မောင်အောင်မင်း မင်းလျှောက်တဲ့
ရွာက ဟိုးပဲခူးရိုးမထဲမှာ အရမ်းခေါင်လို့ ဘယ်သူမှ
သွားချင်ကြတာမဟုတ်ဘူး”” “သေချာပါပြီ ဆရာ
ကြီး ကျနော် ကျောင်းဆရာလုပ်မယ်ရည်ရွယ်ထား
ကတည်း က အဲလိုရွာလေးတွေ မှာ စာသင်ပေးချင်
ခဲ့တာပါ အမေရှိနေသေးလို့သာ မသွားဖြစ်တာ ခု
အမေ ကလည်းမရှိတော့ဘူး ဆိုတော့ ကျနော်သွား
မှာပါ”” “အေးလေ တားမရရင်လည်းသွားကြည့်ပေါ့
တို့ကျောင်းကတော့ မောင်အောင်မင်းလို ဆရာကောင်း တယောက်ကို သတိရနေမှာပါ ခုကတော့ စာမေးပွဲလည်းပြီးကာနီးပြီဆိုတော့ နောက်နှစ်
ကျောင်းတွေပြန်ဖွင့်မှပဲ ပြောင်းရမယ်နဲ့တူတယ်”
ကျနော်လည်း ဆရာကြီးကို နူတ်ဆက်၍ စာသင်ခန်း
ဆီသို့ထွက်လာခဲ့လိုက်သည်……
ဘာလိုလိုနဲ့ကျောင်းတွေပင်ပြန်ဖွင့်တော့မည်
ကျနော် လည်း အထက်မှ နယ်ပြောင်းခွင့်ပြုလိုက်သ
ဖြင့် ကျနော် တာဝန်ကျရာရွာလေးသို့ ထွက်လာခဲ့လိုက်သည်….အနီးဆုံးမြို့မှနေ၍ ကျနော်တာဝန်ကျရာရွာလေးဆီသို့ ကားဖြင့်တခါ လှည်းဖြင့်တဖုံ
ခြေလျင် တလီနှင့် လာခဲ့လိုက်ရာ ရွာလေးသို့ရောက်လာခဲ့လေသည် …ရွာထဲသို့ရောက်သောအခါ
ကလေးတယောက်ကို “ညီလေး ညီလေး ရွာလူကြီး
အိမ်ကဘယ်နားမှာလည်း” “သူကြီးအိမ်မေးတာလားအကို” “အေးအေးဟုတ်တယ် ညီလေး”
“လာ ကျနော် လိုက်ပို့မယ် ကျနော့်နောက်ကလိုက်ခဲ့”
ဟုဆိုသဖြင့် ထိုကလေး နောက်မှပင်လိုက်ပါသွားခဲ့
သည် “”ဒီအိမ်ပဲ အကို သူကြီးရေသူကြီး ဧည့်သည်
ပါတယ်ဗျို့ ” ထိုစဉ် လူကြီးတယောက်ထွက်လာပြီး
“ဟာ ဆရာလေး ကြွပါကြွပါထိုင်ပါဆရာလေးထိုင်ပါ”ဟု ခရီးဦးကြိုပြုပြီးတဆက်ထဲမှာပင်
“တောက် ဟိုကောင်ကြွက်နီ ကတော့ဘယ်မှာမူးအိပ်
နေတာလည်းမသိဘူး ဆရာလေးကိုရွာထိပ်က သွား
ကြိုခိုင်းထားတာကို ဆရာလေးကိုအားနာစရာကွာ”
ထိုစဉ် လူတယောက်ရောက်လာပြီး “သူကြီး သူကြီး
ဆရာလေးကခုထိမလာဘူးဗျ ဟောဧည့်သည်လည်းရောက်နေတာကိုး ” “ဟျောင့်ကြွက်နီ အဲဒါဧည့်သည် မဟုတ်ဘူး တို့ရွာမှာစာသင်ပေးမဲ့ ကျောင်းဆရာလေးကွ ခိုင်းလိုက်ရင်ဘာတခုမှ
အသုံးမကြဘူး သွားအကြမ်းရေအိုးနဲ့ စားစရာယူခဲ့”
“ဟုတ် ကဲ့ဟုတ်ကဲ့သူကြီး” “အားနာလိုက်တာ
ဆရာလေးရယ်” “ရပါတယ်သူကြီးရဲ့ ကျနော့်အတွက်ဘာမှ ထွေထွေထူးထူးလုပ်စရာမလိုပါဘူး”
“ဘယ်ဟုတ်ကမှာလည်း ကိုယ့်ရွာကိုစာလာသင်
တဲ့ ဆရာလေးပဲ ဒီလောက်တော့ လုပ်ရမှာပေါ့ ဒါနဲ့
ရွာကိုကျောင်းဆရာပြောင်းလာမယ်ဆိုတော့ အသက်ကြီးကြီးထဲကမှတ်တာ ခုတော့ငယ်ငယ်
ရွယ်ရွယ်လေးပဲ ဒီတညတော့ ကျနော့်အိမ်မှာအိပ်ပေါ့ နောက်နေ့မှ ဆရာလေးနေဖို့နေရာလိုက်ပို့တော့
မယ်” “ဟုတ်ကဲ့ ရပါတယ် သူကြီး” နောက်နေ့မနက်မိုးလင်းတော့ ကျနော်နေရမဲ့ ကျောင်းထဲသို့ လိုက်ပို့
သည် ကျောင်းဟုဆိုပေမဲ့ ဓနိမိုး ဝါးကပ်ကာ ထားကာ အခန်းလေး ၄ခန်းမျှသာရှိသည်…တချို့နေရာ
များဆိုလျှင် အမိုးများက ပေါက်ပြဲပင်နေလေပြီ
မြက်တွေတော့ရှင်းထားပုံရသည်….သူကြီးမှ
“ဒါဆရာလေး သင်ရမဲ့ကျောင်းပဲ ဆရာလေးဒီမှာမနေချင်လည်း ကျနော့်အိမ်မှာနေလို့ရတယ်နော်အားနာစရာမရှိဘူး ” “ရပါတယ်ကျနော် ဒီမှာပဲ
လွပ်လွပ်လပ်လပ်နေချင်ပါတယ် သူကြီး” “ဟိတ်ကောာင်ကြွက်နီ” “ဗျာသူကြီး ” “သွားရွာထဲကလူတွေကို တအိမ်တယောက်လာခဲ့ဖို့ သူကြီးကခေါ်
နေတယ်လို့ပြောချေစမ်း”ကျနော်ပစ္စည်းများကို
ထားခဲ့ပြီး သူကြီးအိမ်သို့ ပြန်လိုက်လာခဲ့သည်…
“ကဲကဲ နားထောင်ကြ ဟောဒါကတော့ တို့ရွာက
ကလေးတွေ ကိုစာသင်ပေးဖို့ရောက်လာတဲ့ဆရာ
လေးပဲ” “သူကြီး သူကြီးဆရာလေးက ဟုတ်ကော
ဟုတ်ပါ့မလားဗျာ အရင်ဆရာတွေ ဆရာမတွေ
တုန်းကလည်း တလတောင်မခံဘူး ပြေးကြတာခုဒီဆရာလေးကငယ်ငယ်လေးဆိုတော့တရက်တောင်ခံပါ့မလား” “ဟုတ်တယ်သူကြီးဟုတ်တယ်”အားလုံး
ဝိုင်းအော်နေ၍ သူကြီးလည်းဘာမှပြန်မပြောနိုင်”
“ခဏလေးပါဗျာခဏလေးပါ ကျနော်ပြောပါရစေ
ကျနော်ဒီကိုလာတယ်ဆိုတာ ကျနော့်စိတ်နဲ့ကျနော်
လာတာမို့ တသက်လုံးနေဖို့ စဉ်းစားပြီးသားပါ ကျနော် ကတိပေးပါတယ် ကျနော်အသက်ရှင်နေသ၍
ဒီရွာကောင်းကျိုးအတွက်လုပ်ပေးပါ့မယ်”
“ကျုပ်ကတော့မယုံဘူးဗျို့ သူကြီးဒါပဲမဟုတ်လား
ကျုပ်လုပ်စရာရှိသေးတယ်ပြန်တော့မယ်”အားလုံးလည်းအသီးသီးထပြန်သွားကြလေသည်
“အော်ခက်တော့တာပဲ အဲလိုပဲဆရာလေးရေ့
အင်း…ဒီရွာကိုပြောင်းလာတဲ့ဆရာတိုင်းလိုလို
ခဏနဲ့ပြန်သွားကြတော့မယုံကြတော့ဘူး”
“ရပါတယ် သူကြီးရယ် အေးဆေးနားဝင်အောင်ရှင်းပြရမှာပေါ့” “ဒါနဲ့ဆရာလေး ဟိုမှာဘာလိုအပ်သေး
လည်း” “ဓားမကောင်းကောင်းရယ် လွှရယ် ငှားလိုက်ပါသူကြီး” “ဘာလုပ်ဖို့လည်းဆရာလေးရဲ့”
“လုပ်စရာရှိလို့ပါ.” ကျနော်လည်းကျောင်းသို့‌ပြန်လာခဲ့သည်…နောက်နေ့တွင်တောထဲမှ ဝါးများကိုခုတ်၍
ကျောင်းထဲသို့စုပုံထားလိုက်သည်တပတ်ခန့်အကြာ
တွင် ဝါးများအတော်လေးစုမိနေလေပြီ ရွာသူရွာသားတွေကတော့ ဒီကျောင်းစရာ ဝါးခုတ်
စားတော့မှာလားဟူသော အကြည့်မျိုးနှင့်ကြည့်နေကြသည်…တညသူကြီးအိမ်၌ကျနော်ရှိနေစဉ်
“သူကြီး သူကြီး ခင်မောင်မြွေကိုက်ခံရလို့ဗျ”
“ဟေ ဘယ်နားမှာလည်းကွ ” “စာသင်ကျောင်းနား
မှာသူကြီး” “ဒုက္ခပါပဲကွာ အနီးအနားမှာဆေးရုံ
ဆေးခန်းကလည်းမရှိနဲ့” ပြောပြောဆိုဆိုနှင့် သူကြီးမှထသွားသည် ကျနော်ပါလိုက်သွားခဲ့သည်…”အဲလို
ရပ်ကြည့်မနေကြနဲ့လေ ဖယ်ဖယ်” ထို့နောက် ကျနော့် ပုဆိုးအောက်အနားစကိုဖြဲ၍ လူနာကိုကြပ်စည်းပေးလိုက်သည် “သူကြီး ဒီအနီးအနားမှာ
ဆေးရုံဆေးခန်းမရှိဘူးလား” “ဟိုဘက်နှစ်ရွာကျော်မှာတော့ ဆေးပေးခန်းရှိတယ် ဆရာလေး ခုလိုမိုးရွာ
ပြီးစဆို လှည်းသွားလို့မရဘူး လူတောင်မနည်းသွား
ရတာ “။ “ဘာပဲဖြစ်ဖြစ်ဗျာ ဒီတိုင်းထိုင်ကြည့်နေမဲ့အစားကြိုးစားကြည့်တာပေါ့ ကိုကြွက်နီ ကျနော့်အခန်းထဲကစောင်ရယ် ခုတ်ထားတဲ့ဝါးပိုးဝါးရယ်ယူခဲ့ဗျာ ရွာထဲကသန်သန်မာမာသုံးယောက်လောက်ကျနော်နဲ့လိုက်ခဲ့ပေးပါ”ထို့နောက်ထမ်းစင်လုပ်၍ ကျနော်ကရှေ့မှထမ်းကာထွက်လာခဲ့သည်
လမ်းကအတော်ဆိုးသည်တချို့နေရာဆိုလျင်ရွှံ့‌ေတွကခြေသလုံးတဝက်ထိမြုပ်သည်”အောင်ဘု
မောတယ်ကွလူလည်းဦး” “မင်းတို့ကသာတယောက်ပြီးတယောက်လည်းနေတယ် ဆရာလေးလည်းအားနာပါဦးကွ” “ရပါတယ်သူကြီးရယ် ကျနော်မမောပါဘူး” ပြောမဲ့သာပြောရတာ ကျနော့ခြေထောက်တွေကလေးနေလေပြီ ဆေးခန်းရောက်တော့မှသာအမောဖြေရတော့သည်”ခင်ဗျားတို့အချိန်မှီရောက်လာတာ ကံကောင်းတယ်ဗျ ရှေးဦး
သူနာပြုလုပ်ထားလို့အချိန်မှီတာ ခုတော့လူနာကို
မြွေဆိပ်ဖြေဆေးထိုးပေးလိုက်ပါပြီ”ဟု ကျန်းမာရေးမှူးကပြောသည်….နောက်နေ့တွင် ကိုခင်မောင် ကျွန်တော့်ကိုလာကန်တော့၍ မနည်းတောင်း
ပန်လိုက်ရသည် ကလေးကိုလည်းဆရာလေးဆီကျောင်းအပ်ပါတယ်ဟုလည်းပြောသွားသည် ထို့နောက်ရွာထဲရှိကလေးမိဘများတယောက်ပြီးတယောက် ကလေးတွေကိုကျောင်းအပ်ကြသည်
ကျွန်တော်ခုတ်ထားသော ဝါးများနှင့်ကျောင်းလေးကိုပြုပြင်လိုက်ကြသည်.ဒီနေ့ကျောင်းစဖွင့်သည့်နေ့မှာ ကျောင်းလေးကအလွန်ကျက်သရေရှိနေသည်
ကျောင်းသားကျောင်းသူ၅၀ခန့် ကျောင်ထဲမှာဆော့ကစားနေကြသည် ကျနော်ကလေးများကိုစာသင်နေစဉ်ကျောင်းရှေ့မှ ဆံပင်လေးကိုခွဲစီး၍ သနပ်ခါးပါးကွက်ကြားနှင့် အသက်၈နှစ်ခန့်ကလေးမ လေးကဈေးဗန်းလေးရွက်ကာငေးကြည့်နေသည်ညနေကျောင်းဆင်း
တော့ သူကြီးကိုကလေးမလေးအကြောင်းမေးကြည့်လိုက်သည်”ဪဆရာလေးကကြာဖြူလေးကိုပြောတာထင်တယ် သူကသနားစရာလေးပါဆရာလေးရယ် မအေကမီးတွင်းထဲမှာပဲဆုံး ဖအေကမနှစ်ကဒီလိုအချိန်မှာပဲ ပိုးထိပြီးဆုံးမျက်မမြင်
ဖွားအေကြီးကိုသူကပဲဈေး‌ေရာင်းပြီးလုပ်ကျွေးရတာဆရာလေးရဲ့ ရုပ်ကလေးကလှစာကလည်းတော်
ပေမဲ့ ကံမကောင်းရှာသူလေးပါ”ကျနော်ကြာဖြူဆိုသည့်ကောင်မလေးကိုသနားသွားသည် သူကြီးအိမ်မှထွက်လာတော့လမ်း၌ “ဟဲ့ ကြာဖြူ သူတို့အိမ်ပြီးရင်ငါ့အိမ်လည်းရေလာဖြည့်ပေးဦးနော်” “ဟုတ်ကဲ့ပါဖွားလေးကြည်” ထို့နောက်ကျနော့်ကိုမြင်တော့
မင်္ဂလာပါဆရာလေး ဟုနုတ်ဆက်ရှာသည် “မင်္ဂလာပါကွယ်” ထို့နောက်ရေအိုးလေးကိုရွက်၍ ထွက်သွား
မည်အလုပ် ကျနော်က “ကြာဖြူခဏ” “ဆရာလေး
ကသမီးနာမည်သိတယ်လား”ကျနော်ခေါင်းညိတ်ပြလိုက်သည် “သမီးကျောင်းမနေချင်ဘူးလား”
“နေချင်တာပေါ့ဆရာလေးရဲ့ဒါပေမဲ့မဖြစ်ပါဘူး”
“ဘာလို့မဖြစ်ရမှာလည်း အဓိက ကသမီးကျောင်းနေချင်စိတ်ရှိဖို့ပဲ ဒီနှစ်ဘယ်နှစ်တန်းတက်ရမှာလည်း” “လေးတန်းပါဆရာလေး”အေးအေးသွား
သမီးသွားသွား”ဟုတ်ဆရာလေး သမီးသွားပြီနော်”
ကျနော်ဆုံးဖြတ်ချက်ချလိုက်ပါပြီ ကျနော့်ညီမလေးအရွယ်ကြာဖြူလေးကို အစွမ်းကုန်ကူညီမည်လို့
ဆုံးဖြတ်ချက်နဲ့အတူ သူကြီးအိမ်ဘက်သို့ပြန်ထွက်
လာခဲ့သည် “ဟော ဆရာလေး ဘာမေ့ခဲ့လို့လည်းဗျ”
ဘာမှမမေ့ပါဘူးသူကြီးရယ် ကြာဖြူလေးကို
ကူညီချင်လို့ သူ့အဖွားဆီလိုက်ပို့ပေးပါလား”သို့နှင့်
ကြာဖြူလေးတို့အိမ်သို့ထွက်လာခဲ့ကြသည်ကြာဖူး
တွေဖွေးနေသောရေကန်ကြီးဘေးရှိကြာဖြူလေးတို့
အိမ်သို့ရောက်သောအခါ “ဖွားခင် ဖွားခင်ကျနော်သူကြီးပါ ” “အော်သူကြီးလာပါ ထိုင်ပါ ခဏနော်
ကျမအကြမ်းရည်လေးလုပ်လိုက်ဦးမယ်”
“နေပါစေ အဖွားခင်ရယ် မမြင်မစမ်းနဲ့လဲနေပါ့မယ်”
“သူကြီးလာတာကိစ္စရှိလို့လား မြေးလေးကြာဖြူ
ဘာအမှားလုပ်မိလို့ပါလိမ့်” “မဟုတ်ပါဘူး ဖွားခင်ရဲ့ကြာဖြူလေးကလိမ္မာပါတယ် ခုလာတာက
ဟောဒီကကျောင်းဆရာလေးကကြာဖြူလေးကို
ကျောင်းထားပေးချင်လို့တဲ့ အဲဒါဖွားခင်သဘောကို
လာမေးတာ” “မဖြစ်နိုင်ပါဘူးဆရာလေးရယ်
ကျမကမျက်မမြင်ဒုက္ခိတဆိုတော့မြေးလေးက
ပဲဝေယျာဝစ္စ”အကုန်လုပ်ပေးနေရတာ” “ဘာလို့မဖြစ်နိုင်ရမှာလည်းအဖွားရယ် ကျနော်လည်းကူမှာ
ပေါ့” “ဆရာလေးကအချိန်ပြည့်ကူနိုင်မှာမလို့လား”
“ကဲဒါဆိုလည်း အချိန်ပြည့်ကူနိုင်အောင် ကျနော်
လည်းအဖွားတို့နဲ့လာနေလှည့်မယ်…ဒီဘက်ဘေးက
စပါးကျီတဲလေးမှာပဲနေပါ့မယ် ကျနော်ကြာဖြူလေးကိုပညာတတ်ကြီးဖြစ်စေချင်လို့ပါ” “ဆရာလေးကဒီလောက်စိတ်အားထက်သန်နေမှ
တော့ဆရာလေးသဘောပါပဲကွယ်” အဖွားခွင့်ပြု
ချက်ရ၍ ကျနော် ဝမ်းသာသွားသည်ထိုစဉ်ကြာဖြူ
လေးပြန်လာသည် “ဆရာလေး အိမ်အလည်လာတာ
လား” “မဟုတ်ဖူးမြေးလေးရဲ့ ဆရာလေးက ဒီကို
ပြောင်းလာတော့မှာတဲ့ ပြီးတော့မြေးလေးတက်ချင်
နေတဲ့ကျောင်းကိုလည်းတက်ခိုင်းဦးမှာ”
“ဟာတကယ်နော်ဆရာလေး” “တကယ်ပေါ့ကြာဖြူ
ရယ်”ကျနော်နှင့်သူကြီးပြန်လာပြီး နောက်နေ့ ကျနော်ကြာဖြူလေးတို့အိမ်သို့ပြောင်းလာခဲ့သည်ကြာဖြူလေးက ပစ္စည်းတွေကိုမနိုင်မနင်းနှင့်ကူသယ်ကာ “အဖွားရေ အဖွား ဆရာလေးပါလာပြီအဖွားရဲ့”
“အေးမြေးလေးလာပြီ လာပြီ” ကျနော်တို့အိမ်ရှေ့မှစားပွဲပေါ်သို့ ထိုင်နေစဉ်အဖွားအိမ်ပေါ်မှဆင်းလာတာမြင်၍ကျနော်သွားတွဲလိုက်သည်”ရပါတယ် ဆရာလေးရဲ့ ဒီအိမ်က အဖွားသွားနေကြလာနေကြ
ပါ” “အဖွားရယ်ကျနော့်ကိုဆရာလေးဆရာလေး
လို့မခေါ်ပါနဲ့” “ဆရာလေးမခေါ်လို့ဘယ်လိုခေါ်ရ
မှာလည်းဆရာလေးရဲ့” “ဒါဆိုဒီလုပ်အဖွားကကျနော့်ကိုမြေးအဖြစ်မွေးစားလိုက် ဒါဆို ကျနော်နဲ့ကြာဖြူလည်းမောင်နှမတွေဖြစ်သွားရော ကျနော်ကလည်းတကောင်ကြွက် အဖွားတို့ကနှစ်ကောင်ကြွက်နဲ့ သုံးကောင်ကြွက်မိသားစုဖြစ်သွားတာပေါ့”
ကျနော်တို့ရယ်လိုက်မိကြသည် ကြာဖြူလေးက
လက်ခုပ်တီး၍ “ဟုတ်တယ် ဟုတ်တယ် ဆရာလေး
ပြောတာမှန်တယ်” “ဟိတ် အကိုဖြစ်သွားပြီလေ အကိုလို့ပဲခေါ်တော့ ” “အဟဲဟုတ်သားပဲမေ့လို့မေ့လို့ “ထို့နောက်ဘာကိုစဉ်းစားနေမှန်းမသိစဉ်းစား
နေ၍ “ညီမလေးကြာဖြူဘာတွေ စဉ်းစားနေတာလည်း” “ညီမလေးစဉ်းစားနေတာက နောက်နေ့
ကျောင်းတွေပြန်ဖွင့်လို့ ရှိရင် ကျောင်းမှာ မင်္ဂလာပါ
ဆရာလေးလို့ နူတ်ဆက်ရမှာလား အကိုလို့ နူတ်ဆက်ရမှာလားစဉ်းစားနေတာ” “ကဲညီမလေးကြိုက်သလိုနူတ်ဆက်ဟုတ်ပလား” တချိန်လုံးငြိမ်နားထောင်နေတဲ့အဖွားက “ကဲကဲ ဒီမောင်နှမနှစ်ယောက်စကားကောင်းမနေကြနဲ့ နောက်လည်းအမြဲ
တွေ့နေရမဲ့ဥစ္စာ အဖွားထမင်းပွဲပြင်ထားတယ်
ထမင်းစားရအောင် ” “ဘာချက်လည်းအဖွား”
“ဟင်းကတော့ မင်းညီမ အမြဲချက်တတ်တဲ့ ရွှေဂေါင်းပြောင်ဟင်း” “ဟားမိုက်ပီဟေ့ “ကျနော်တို့လည်း
ထမင်းစားဖို့ထလာခဲ့ကြတယ် “ကဲရော့ ဒါကညီမလေးဖို့ ရွှေဂေါင်းပြောင်” “ဟာကိုကြီးကလည်း
အဖွားကိုအရင်ဦးချလေ” “ဟုတ်သားပဲ ရော့ အဖွားအတွက်ရွှေခေါင်းပြောင် ဒါကညီ‌မလေးအတွက်
ငွေခေါင်းပြောင်” “ဟိုးနေဦး ဟိုကျန်တဲ့ဟာကဘာခေါင်းပြောင်လည်းကိုကြီး ” “သံခေါင်းပြောင်လေ”
“အဲဒါဆို ငွေခေါင်းပြောင်ကိုကြီးစား” “ညီမလေးစားပါ” “ကိုကြီးစားပါ” “ကဲကြည့်ဒီမောင်နှမနှစ်ယောက်ကတော့လေ ဘဲဉကိုနာမည်ပေးပြီးဟင်း
ကောင်းလုပ်နေကြတယ်တကတည်းစားကြစားကြ””
“ဒါဆို ဒီငွေခေါင်းပြောင်ကိုကိုကြီးစားလိုက်ပြီ ရော့ဒါကညီမလေးအတွက် စိန်ခေါင်းပြောင်” “ဟာကိုကြီးကညစ်တယ် ခုနကသံခေါင်းပြောင်ဆို”
“ဟုတ်တယ်လေသံကနေ စိန်ဖြစ်သွားတာ” ဟားဟားဟားဟားဟားကျနော်တို့အတူတူရယ်ဖြစ်ကြ
သည် မိသားစုထမင်းဝိုင်း‌ေလးကကြည်နူးစရာ…
နောက်နေ့ကြ မောင်နှမနှစ်ယောက်စောစောထချက်
ပြုတ်၍ အဖွားစာတဲ့ချိန်စားလို့ရအောင်ခူးခပ်ပြင်
ဆင်ပေးခဲ့ပြီး ကျောင်းသို့ထွက်လာခဲ့ကြသည်
လမ်း၌ အမူးသမားတစုက “အဲ ဒါပြောတာပေါ့ကွ
မွေးပြီးစားတယ်ဆိုတာ”ဟု ပြောသဖြင့် “ဟေ့လူတွေမမိုက်ရိုင်းနဲ့ နှမချင်းကိုယ်ချင်စာပြီးပြောပါ”
“ဟျောင့်ရိုင်းတော့ဘာဖြစ်လည်းကွာ” “တောက်”
ကျနော်လည်းညီမလေးပါနေသဖြင့် တောက်တချက်ခေါက်၍ကျောင်းသို့ထွက်လာခဲ့သည်
ညနေကျောင်းဆင်းတော့ သူကြီးအိမ်သို့ဝင်၍
မနက်က အကြောင်းပြောပြလိုက်သည်
“အင်း ဟိုကောင်သာဒင်တို့ ပဲနေမှာ ဒီကောင်တွေက
ပိုက်ဆံချမ်းသာပေမဲ့ ရပ်ကျိုးရွာကျိုးမသယ်ပိုး
တချိန်လုံးမူးနေကြတာ ဖက်မဖြစ်ပါနဲ့ဆရာလေးရယ်” “ဟုတ်ကဲ့ပါ ကျနော်ကသူကြီးကိုအသိပေးတာပါ ကျနော်မပြောဘူးဖြစ်မှာစိုးလို့” သူကြီးအိမ်မှ
ပြန်ရောက်သောအခါ ညီမလေးကိုမတွေ့၍ “အဖွား
ညီမလေးကော ” “ခုဏကတော့ ရေကန်ဘက်မှာအ
သံကြားလိုက်မိတယ်သားရဲ့ “ဟုတ်ဟုတ်အဖွား”
ကျနော်ရေကန်နားရောက်လာတော့ ကန်ထဲမှကြာပန်းတွေကိုငေး၍ မျက်ရည်တွေကျနေသော ညီမလေးကိုတွေ့လိုက်ရသည် “ညီမလေး” ကျနော့်အသံကြားတော့မျက်ရည်ကိုသုတ်၍လှည့်ကြည့်သည်
“ဘာလို့ငိုနေတာလည်းညီမလေးရဲ့” “ဖေ့ဖေ့ကိုလွမ်းလို့ပါ ကိုကြီး ဒီကန်ကြီးနဲ့ ဒီကြာပန်းတွေကိုလည်း
ဖေဖေပဲစိုက်ထားတာ ညီမလေးကို မွေးတော့
ဒီကန်ထဲကကြာပန်းတွေအကုန်လုံး ဖြူဖွေးပြီးပွင့်နေလို့ ညီမလေးကိုကြာဖြူလို့ပဲ ဖေဖေကမှည့်ပေးတာ မေမေကိုတော့မြင်တောင်မမြင်ဖူးလိုက်ပါဘူး
ညီမလေးကိုမွေးပြီးပြီးချင်းဆုံးသွားတာလို့အဖွားကပြောတယ်”ဪ ညီမလေးရယ် မငိုနဲ့တော့နော်
ခုဆိုကိုကြီးကော အဖွားကော ညီမလေးနားမှာ
ရှိနေပြီပဲ တိတ်တိတ်တိတ်…ကျနော်ညီမလေးကြာဖြူ့ကိုနှစ်သိမ့်လိုက်မိသည် ….”ကိုကြီး ညီမလေး
အိပ်ချင်တယ် သီချင်ဆိုသိပ်ပါ့လာဟင်…ဒီနေရာမှာ
ဖေကြီးက ချော့သိပ်နေကြ” အေးပါညီမလေးရယ်
အေးပါ……..
🎶🎶အိုအေး အိုအေးအေးအေးအို
အိုအေး အိုအေးအေးအေးအို……..
ကန်ရေပြင်ထက်မှာ ကြာပန်းလေးများစွာ
အလှဆုံး ဖူး..ပွင့်လို့နေပါပြီ…..
ဟိုပင်ယံထက်က ငှက်ကလေးများတို့ရာ
ညီမလေးအိပ်အောင် ချော့ကာကူသိပ်ကွာ
အိုအေး အိုအေးအေးအေးအို
အိုအေး အိုအေးအေးအေးအို……..
မိုးထက်ကငွေကြယ်တွေလို တောက်…ပတဲ့
ညီမလေးရဲ့ မျက်ဝန်းတွေကိုမှိတ်အိပ်လိုက်ပါ
လောကရဲ့ လိူင်းဒဏ်တွေအကိုတားဆီးလို့
နွေးထွေးတဲ့မေတ္တာတွေကိုပေး..ပေးပါ့မယ်
လိမ္မာတယ်ညီမလေးရယ် အိပ် အိပ်တော့ကွယ်
အိုအေး အိုအေးအေးအေးအို
အိုအေး အိုအေးအေးအေးအို🎶🎶🎶
ညီမလေးအိပ်သွားတော့ ကျနော် ညီမလေးကိုချီ၍
အိမ်ဘက်သိုပြန်ထွက်လာခဲ့သည်…..
အချိန်တွေ ကတဖြည်းဖြည်းကုန်ဆုံးလာ၍
နွေရာသီကျောင်းပိတ်ရက်သို့ပင်ရောက်လာလေသည် ကျနော် နှင့်ညီမလေးလည်းကျောင်းတွေပိတ်သဖြင့် ရွာကောင်းကျိုးအတွက် လမ်းတခုကိုဖောက်
လုပ်နေကြသည်၂လခွဲလောက်အကြာမှာတော့
ဆေးပေးခန်း ရှိသောရွာလေးနှင့်ကျနော်နေသော
ရွာလေးကြားမှာ လှည်းမောင်း၍ရသော မြေနီလမ်း
လေးတခုအောင်မြင်စွာပြီးစီးခဲ့သည် ရွာထဲမှာ ယင်လုံအိမ်သာမရှိသော အိမ်အတော်များများကိုလည်း
ကျန်းမာရေးဗဟုသုတများကိုပေး၍ ယင်လုံအိမ်သာများဆောက်လုပ်ပေးနိုင်ခဲ့သည်
ကျန်းမာရေးအရေးပေါ်ကိစ္စများပေါ်လျှင် ကျနော်
တို့မောင်နှမနှစ်ယောက် ဖောက်လုပ်ထားသော
လမ်းမှနေ၍ လွယ်ကူစွာ သွားလာနေရသဖြင့်
တရွာလုံးမှကျေးဇူးတင် ချစ်ခင်နေကြသည်
ကျနော်တို့လည်း အရမ်းပျော်ရပါသည်…
တနေ့မှာတော့ ကံကြမ္မာဆိုးက ဂြိုလ်မွှေလာလေသည်…..သူကြီးအိမ်မှ ပြန်လာတော့ ညီမလေးကို
မတွေ့သဖြင့် “အဖွားညီမလေးကော” “ထင်းသွား
ကောက်မယ်ပြောသွားတယ်သားရဲ့”ကျနော်ညီမလေးကို ရှာဖို့ထွက်လာတော့ လမ်း၌
“ဆရာလေး ဆရာလေး ကြာဖြူကြာဖြူ့ကို
ဦးသာဒင်တို့ တောထဲဆွဲခေါ်သွားတာကျနော်နွား
ကျောင်းရင်းတွေ့လိုက်တယ်ဆရာ‌ေလး”ကျနော် သံချောင်းလေး၏ အမောတကောပြောသံအဆုံး
“အေးသံချောင်း မင်းသူကြီးကိုခေါ်ပြီလိုက်ခဲ့ကြားလား”ကျနော်လည်းပြေးထွက်လာခဲ့သည်….
တောထဲရောက်တော့ မြင်လိုက်ရသည့်မြင်ကွင်းက
မယုံနိုင်စရာ သာဒင်တို့အုပ်စု ကြာဖြူလေးကို
ယုတ်မာနေကြသည် “ညီမလေး…..” “ကိုကြီး……ကိုကြီးညီမလေးကိုကယ်ပါ” ကျနော်ထူပူပြီးဘာမှမစဉ်းစားမိတော့ပဲ ညီမလေးရှိရာသို့ပြေးလာလိုက်သည်”ဟာ ရှုပ်တယ် အဲ့ကောင်ကိုသတ်ကွာ”
တယောက်ကကျနော့်ကိုဓားနှင့်ဝင်အခုတ် ပြေးထွက်လာသောကြာဖြူလေးကိုခုတ်မိသွားသည်
ကျနော်လည်းဝိုင်းရိုက်ခံရ၍ သတိမေ့သွားသည်
ကျနော်သတိရလာတော့ ဆေးရုံတခုပေါ်မှာရောက်
နေမှန်းသိလိုက်ရသည် ဘေးကိုဝေ့ကြည့်လိုက်တော့
ညီမလေးကိုတွေ့လိုက်ရသည်”ညီမလေးညီမလေး
မသေဘူးနော်ဝမ်းသာလိုက်တာညီမလေးရယ်”
ထိုစဉ် နာ့စ်မတဦးနှင့်ဆရာဝန်တဦးရောက်လာသည် ဆရာလူနာအ‌ခြေအနေလေး “လူနာအခြေအနေကတော့ ခင်ဗျားမြင်တဲ့အတိုင်းပဲ
သူထင်ရာကိုပြောနေတော့တာပဲခုလည်းကြည့်လေသေသွားတဲ့ သူ့ညီမလေးကိုစကားတွေပြောနေတာ””ကျနော်အသံကြားလို့ကြည့်လိုက်‌ေတာ့သူကြီး “ဆရာလေး ဆရာလေး စိတ်ထိန်းပါဗျာ
ကြာ ကြာဖြူလေးကသေသွားပြီလေဗျာ”
“မသေပါဘူးသူကြီးရဲ့ ဒီမှာ ကျနော်နဲ့စကားတွေ
တောင်ပြောနေတာ ကြာဖြူသူကြီးကိုပြောလိုက်လေမသေဘူလို့ ” ကဲကြားလားသူကြီးမသေပါဘူးဆိုမှပဲ ဆေးရုံပေါ်မှာ ညီမလေးနှင့်စကားတွေနေ့တိုင်းပြောဖြစ်ကြတယ် ဆေးရုံက ဆင်းတော့ လူတိုင်းက ကျနော့်ကိုအရူးတယောက်လိုကြည့်ကြတယ် “ဆရာလေးနဲ့ကြာဖြူတို့သနားပါတယ်ဟယ်
ကြာဖြူလေးကသေ ဆရာလေးကရူး စိတ်မကောင်းစရာပဲ။ ထိုစဉ်ရွာဦးဆရာတော်ကြွလာပြီး ဒကာလေးစိတ်ထိန်းပါ ကြာဖြူကသေသွားပြီပဲ
သူ့အဖွားလည်း မြေးစိတ်နဲ့ပဲဆုံးရှာတယ်
အင်းဒုက္ခဒုက္ခ” ဆရာတော်ကတော့လိမ်မှာမဟုတ်
ဒါဆိုငါတွေ့နေရတာက ကြာဖြူ ညီမလေးမင်းကသေသွားပြီဆို ကြာဖြူခေါင်းညိတ်ပြသည်”ဟုတ်ပါတယ် ကိုကြီး ကိုကြီး ဝမ်းနည်းနေမှာ စိုးလို့မပြောတာပါ” “ကြာဖြူ ညီမလေးရယ် အဖြစ်ဆိုးလိုက်တာကွာ”…
နောက်ပိုင်းတွင် ကြာဖြူလေးကို ယုတ်မာပြီး သတ်ခဲ့
ကြသော သာဒင် တို့မှာ ထောင်(၁၀)နှစ်ဆီ (၃)ဦးနှင့်
၇နှစ်တဦး ၈နှစ်တဦီး ဖြင့် အသီးသီးကျခဲ့ကြသည်
ကြာဖြူလေး၏ ဝိညဉ်နှင့် အမြဲစော့ ကစားနေသော
ကျနော့်ကိုလည်း ရွာသူရွာသားများက သွက်သွက်
ခါအောင်ရူးသွားကြပြီဟု ထင်နေကြသည် အေးလေ
သူတို့မှကြာဖြူလေးဝိညဉ်ကိုမမြင်ကြတာပဲဟု
ကျနော်နားလည်ခွင့်လွှတ်လိုက်သည်…
နွေမိုးဆောင်း ရာသီတွေ အလီလီပြောင်းလဲ၍
အချိန်ကာလက ၇နှစ်ပင်ကြာခဲ့လေသည် ကျနော်
စိတ်ထဲမှာတော့ အရာအားလုံးဟာ မနေ့တနေ့ကလိုပင်ရှိနေသည် တနေ့ ရွာထဲ၌ ကြာဖြူလေးနှင့် စော့ကစားနေစဉ် ထောင်ဒဏ် အနည်းဆုံးကြသွားခဲ့သော သာဒင့်တပည့်တယောက် ကို တွေ့လိုက်ရ
သည်”ဟဲ့မိတုတ်တို့ ကိုယ့် သမီးလေးတွေကို လွှတ်မထားကြနဲ့နော် ဟိုမှာ လူယုတ်မာ သာဒင့်တပည့်
တယောက်လွတ်လာပြီ ထို့နောက် ကျနော့်ကိုကြည့်၍ ဆရာလေးလည်းသနားပါတယ် ခုထိကောင်းမလာရှာဘူး” “ဟုတ်ပါ့ အေ..”
ထိုစဉ် ကြာဖြူလေးမှ “အဲ့လူကြီးတွေကို သတ်ပစ်
ချင်လောက်အောင်မုန်းတယ်ဟုပြောလေသည်”
ကြာဖြူလေး၏ စိတ်ကို နားလည်စွာနှင့် ကျနော်ဖက်ထားလိုက်လေသည် …တနေ့ ပထမဆုံးလွတ်လာသော သာဒင့်တပည့်တယောက် တောစပ်မှာ
ကျားဆွဲ ခံရတာလိုလို လူသတ်ခံရတာ လိုလိုနှင့်
ခေါင်းတခြားကိုယ်တခြား အပိုင်းပိုင်းပြတ်၍
သေနေသည်ဟု ရွာထဲမှပြောသံကြားလိုက်ရသည်
သိပ်မကြာ ထောင်၈နှစ် သာကျခံရသော နောက်တယောက်လည်း ရှေ့က လူကဲ့သိုပင် သေပြန်လေသည်… တနေ့ ကြာဖြူလေးနှင့်ကျနော် တောစပ်၌
ကစားနေစဉ် နောက်ဆုံးမှလွတ်မြောက်လာသော
သာဒင်တို့သုံးယောက်ကို တွေ့သွားပြီး “မုန်းတယ် မုန်းတယ် သူတို့ကို သတ်မယ်ဟု အော် နေလေသည်” အလွန်ချစ်စရာကောင်းသော ကြာဖြူလေမှာ
ထိုစဉ်က ကြောက်စရာကောင်းလောက်အောင်
ခက်ထန် မာကျော နေလေသည်..သာဒင်တို့ အုပ်စု
လည်း ကြားသွားပုံရသည်” ဟင်ကြာဖြူ ကြာဖြူ့
အသံပဲ ဘယ်ကနေပြောနေတာလည်း မလုပ်ပါနဲ့
ကြာဖြူရယ် အကိုတို့တောင်းပန်ပါတယ် အကိုတို့လည်းဉပဒေကပေးတဲ့ အပြစ်ဒဏ်ကို ခံပြီးပါပြီ
ခွင့်လွှတ်ပေးပါကြာဖြူရယ်” သာဒင်တို့လူတစု
အထိတ်ထိတ်အပြာပြာနှင့် ပြောနေကြသည်
ကြာဖြူလေးက “ခွင့်မလွှတ်ဖူး ခင်ဗျားတို့ကြောင့်
ကျမသေခဲ့ရသလို အဖွားလည်းသေခဲ့ရတယ် ခင်ဗျားတို့ကို သတ်မယ်”ဟု မျက်လုံးနီနီကြီးများ‌နှင့်ပြော၍ ကျနော့် ခန္ဓာကိုယ်ထဲကိုဝင်ပူးလေသည်”
ထိုနောက်ကျနော်လည်းဘာမှမမှတ်မိတော့ ကျနော်
သတိဝင်လာတော့ ကျနော့်လက်မှာ လက်ထိပ်တန်း
လန်းနှင့် ကျနော့်ရှေ့မှာတော့ သာဒင်တို့ သုံးယောက်
လုံးမှာ သွေးအိုင်ထဲမှာ ရုပ်ပျက်ဆင်းပျက်သေ
နေကြလေပြီ “ကဲ ဆရာလေး ဆရာလေးငြင်းဖို့
မကြိုးစားပါနဲ့တော့ သူကြီးရေ ကျနော်တို့လာတာ
နောက်ကျသွားတယ်ဗျာ အရင်နှစ်ယောက်သေတုန်း
ကတည်းက ကျနော်တို့လည်း ဆရာလေးကို မသင်္ကာဖြစ်နေတာ ခုတော့နောက်ကျသွားပြီဗျာ”ဟု
ရဲအရာရှိတဦးမှပြောလေသည်……ကျနော်လည်းရှင်းပြမနေတော့ ရှင်းပြလည်းယုံမှာမှ မဟုတ်တာ
ဟုတွေး၍ ဝန်ခံလိုက်ပေသည်….
…..အမိန့် အဘ ဦးအောင်တိုး၏သား……တရားခံအောင်မင်း သည် လူငါးဦးအား ရန်ငြိုးဖြင့်ရက်စက်စွာ သတ်ခဲ့ကြောင်း ထင်ရှားသဖြင့်……သေဒဏ်…..
ကျခံစေရန် အမိန့်ချမှတ်လိုက်သည်…….တရားသူကြီး၏ အမိန့်ပေးသံအဆုံးမှာ
ကျနော် ဟက်ဟက်ပက်ပက်ရယ်လိုက်မိသည်
“ဟားဟားဟားဟားဟားဟားဟားဟား..ဟား”
ငါ့ကျမှ သေဒဏ်တဲ့လားကွာ
“ဟားဟားဟားဟားဟားဟား…..ဟား”
ရက်အနည်းငယ်ကြာသောအခါ…ကျနော့်ကို ကြိုး
ပေးရန် ကြိုးတိုက်သို့ ခေါ်လာခဲ့လေသည်…
“ကဲ ဆရာလေး ကျနော်တို့လည်းကြားရတာစိတ်မကောင်းပါဘူး ဗျာ သေဒဏ်ကျခံသူတွေကို
နောက်ဆုံးအခွင့်အရေးတခုပေးထားပါတယ်
ဆရာလေး ဘာစားချင်လည်း ဘာသောက်ချင်လည်းဘာလုပ်ချင်လည်းပြောပါဆရာလေး”
ကျနော်ပြုံးရုံသာပြုံးလိုက်ပြီး “တကယ်ရမယ်
ဆိုရင် နောက်ဆုံးအခွင့်အရေး အနေနဲ့ ”
“ဟုတ်ကဲ့ပြောပါဆရာလေး”
“”#သက်ငယ်မုဒိန်းကောင်တွေကိုသေဒဏ်ပေးပါ”
“ဒါတော့ကျနော်တို့လည်းမတတ်နိုင်ပါဘူးဆရာလေး” ဟားဟားဟားဟားဟားကျနော်လည်း
ကျယ်လောင်စွာရယ်မော၍ ကြိုးစင်ပေါ်သို့တက်လိုက်လေသည်..ထို့နောက်ထောင်ဝန်ထမ်းတဦးမှ
ကျနော့်မျက်နာကိုအဝတ်နက်နက်ဖြင့် အုပ်မည်လုပ်
သဖြင့် “မအုပ်ပါနဲ့ဗျာ ကျနော့်ညီမလေး လာမှာကို
ကြည့်နေချင်လို့ပါ ဒီတခုတော့ ခွင့်ပြုပေးပါ”
ထိုနောက် !! ဂျိမ်း!!ကနဲအသံနှင့်အတူ ကျနော့်ခန္ဓာ
ကိုယ်ကြီးကလွင့်မျောနေသည် ကြာဖြူကန်လေးဘေးကနေ ညီမလေးက အင်္ကျီ အဖြူလေးနှင့် ကျနော့်ဆီသို့ ပြေးလာနေလေသည် “ကိုကြီး…..”
“ညီမလေး…..” “ကိုကြီး ညီမလေးဆီ လိုက်လာတာ
လားဟင်” “ဒါပေါ့ညီမလေးရဲ့” ကျနော်တို့ မောင်နှမ
နှစ်ယောက် ကြာဖြူကန်လေးဘေးမှာ ဆော့ကစားနေကြသည်”ကိုကြီး ညီမလေးကို သီချင်းဆိုသိပ်”
“သိပ်မှာပေါ့ ညီမလေးရဲ့”………
🎶🎶အိုအေး အိုအေးအေးအေးအို
အိုအေး အိုအေးအေးအေးအို
ကန်ရေပြင်ထက်မှာ ကြာပန်းလေးများစွာ
အလှဆုံး ဖူး..ပွင့်လို့ နေပါပြီ
ဟို ပင်ယံထက်က ငှက်ကလေးများတို့ရာ
ညီမလေး အိပ်အောင်ချော့ကာကူသိပ်ပါ
အိုအေး အိုအေးအေးအေးအို
အိုအေး အိုအေးအေးအေးအို
မိုးထက်ကငွေကြယ်တွေလို တောက်..ပတဲ့
ညီမလေးရဲ့ မျက်ဝန်းတွေကိုမှိတ်အိပ်လိုက်ပါ
လောကရဲ့ လိူင်းဒဏ်တွေ အကိုတားဆီးလို့
နွေးထွေးတဲ့မေတ္တာတွေကို ပေး…ပေးပါ့မယ်
လိမ္မာတယ် ညီမလေးရယ် အိပ် အိပ်တော့ကွယ်
အိုအေး အိုအေးအေးအေးအို
အိုအေး အိုအေးအေးအေးအို🎶🎶🎶…………
သီချင်းသံလေးက လေထဲမှာပျံ့လွင့်နေသည် ကြာကန်လေးဘေးမှ ဖြတ်သွားသူတိုင်းလည်း ယနေ့ထိတိုင် ထိုသီချင်းသံလေးကိုကြားယောင်နေကြဆဲ….

#ပြီးပါပြီ
#စိတ်ကူးနှင့်ရေးသောဇာတ်လမ်းလေးသာဖြစ်၍
#တိုက်ဆိုင်မူ့ရှိခဲ့လျှင်ခွင့်လွှတ်ကြပါကုန်…….
#ဦးဦးရဲရဲရင့်ရင့်…