ရေငံပိုင်ဦးရှင်ကြီး

ရေငံပိုင်ဦးရှင်ကြီး (စ/ဆုံး)

——––————

အမေတစ်ခု သားတစ်ခု ဘဝနဲ့ ဖြတ်သန်းလာရတာ အကြောင်းတော့မဟုတ်ပေမယ့် ဒီဖတဆိုးသားလေးမောင်ရှင်ကို ရှင်သာမေဏ ဝတ်ပေးဖို့ အတွက် အချိန်တန်လာတဲ့အခါ
ဒေါ်ဖြူ တစ်ယောက် ငွေကြေး ကြပ်တည်းနေလေပြီ…

အားကိုးစရာလင်ယောကျ်ား မရှိတော့ပေမယ့် တစ်ဦးတည်းသော သားဖြစ်သူ မောင်ရှင်လေးကို ရှင်သာမဏေ ဝတ်ပေးဖို့ အတွက် ရတက်မအေးရှာဖြစ်နေလေတော့
သည်..
သား မောင်ရှင်ရေ မောင်ရှင်..
သားလေး ဘယ်ပျောက်သွားပါလိမ့်..
သား.. အိမ်ထဲမှာလည်း မတွေ့ပါလားကွယ်..
အမေ တစ်ခု သားတစ်ခုမို့ တစ်ယောက်နဲ့ တစ်ယောက် မျက်စိအောက်က အပျောက်မခံ

အမေရေ.. အမေရေ..
ဟေ..သားရေ အမေ အိမ်ထဲမှာဟေ့
အမောတကောနဲ့ အပြေးတစ်ပိုင်းတက်လာသော မောင်ရှင်အား ဒေါ်ဖြူမှ သား ဘာဖြစ်လာတာလဲ ..ဘာမှမဖြစ်ပါဘူးအမေရယ်.. သားဖိုးလှ တို့အိမ် ဘက်က နေ ပြန်လာတာ

သူတို့ ထင်းခုတ်သွားရင် သားလည်းလိုက်သွားချင်တယ် အမေ ..ခွင့်ပြုပါအုံး…
ဘယ်သွားမှာလဲ သားရယ် အမေဖြင့် ဒီမှာ တစ်ယောက်တည်း.. အမေတို့ သားအမိတွေ စားလို့လောက်ပါတယ် သားရဲ့.. အပင်ပန်းခံစရာမလိုပါဘူး

သားအဖေရဲ့ ညီမ ဆီမှာ အမေတို့ အရင်တုန်းက ချေးထားတဲ့ ငွေဖြူစလေးတွေ သွားတောင်းမယ်။။ အဲ့တာလေးရရင်သားကို ရှင်သာမဏေ ဝတ်ပေးလို့ ရပြီ… မနက်ဖြန်ဘဲ သားအဒေါ်တွေဆီမှာ သွားတောင်းလိုက်မယ်..

ဟုတ်ကဲ့ပါ အမေ ရယ် အမေ့သဘောပါဘဲ..
ကဲ သားရေ အမေတော့ ဒီမနက် တောထဲက ခူးလာတဲ့ မှိုလေးရယ်၊ မျှစ်လေးရယ် အရည်သောက်လေးချက်မယ်.. သားက ဖရုံညွှန့်လေး အမေ ကိုခူးပေး..
ဟုတ် အမေ.. သားခူးလာခဲ့မယ်ဆိုပြီး ထွက်သွားတဲ့ မောင်ရှင်ရဲ့ ကျောပြင်လေးကို ကြည့်ရင်း ဖခင်သာရှိရင် ဘယ်လောက်ကောင်းမလဲဆိုတာ တွေးနေမိလေသည်..

ယောကျ်ားဖြစ်သူကလူ့လောကမှ စောစောထွက်ခွာသွားတာကြောင့် ဒေါ်ဖြူတစ်ယောက် စီးပွားရေးကို မလုပ်တတ် မကိုင်တတ် ဖြစ်လေသည်..

အမေ့ ငါးပိအိုးဝေကျနေပြီ.. သြော်..အေးအေး.. အတွေးထဲ နစ်မျောနေစဉ်..
ဖရုံညွှန့်ခူးပြီး ပြန်လာတဲ့ သားဖြစ်သူမှ လှမ်းေအော်ပြောသောကြောင့် ယောင်းမဖြစ် အမြန်မွှေလိုက်ရလေသည်..

ဒီလို့နဲ့ ရှိတာလေးကို ဟင်းဖြစ်အောင်ချက်စားပြီး ဒေါ်ဖြူတို့ သားအမိ နှစ်ယောက်တစ်နေ့တာဖြတ်သန်းနေရလေသည်..
နောက်တစ်နေ့ နံနက်မိုးလင်းသော်.. ကဲ သားရေ.. အမေတော့ နေမမြင့်ခင်စောစော သွားမယ်ကွယ်…
ဟုတ် အမေ သားလိုက်ခဲ့ပေးရမလား.. မလိုက်ပါနဲ့ သားရယ် ပင်ပန်းလှပါတယ်.. အမေပဲ သွားလိုက်မယ်..
ဒီလိုနဲ့ ယောင်းမ ဖြစ်သူအိမ်ကို ချေးထားတဲ့ငွေစလေးတောင်းဖို့ သွားလေသည်..

အမလေး… လာပြန်ပြီ.. ငါ့အိမ်က ဘာတွေ လာတောင်းအုံးမလဲ မသိဘူး..
ဒေါ်ဖြူ ဘာကိစ္စလဲ.. ဟု ယောင်းမဖြစ်သူမှ အမေ..
ဒေါ်ဖြူလည်း ကိစ္စရယ်လို့လည်း ထွေထွေထူးထူးတော့ဖြင့် မရှိပါဘူး..

မရှိရင်လည်း ဘာလို့လာနေလဲ ကျမ အိမ်ရှုပ်တယ် လို့ ယောင်းမဖြစ်သူပြောစကား ကြောင့် ဒေါ်ဖြူလည်း ဆွံ့အသွားလေတော့သည်..

ဝမ်းနည်းစိတ် ကို အားတင်းကာ ဒီလိုပါ လာရတဲ့ အကြောင်းရင်းက ကျမ ခင်ပွန်း အသက်ရှိစဉ်တုန်းက ချေးထားဖူးခဲ့တဲ့ ငွေစလေးများပြန်ပေးနိုင်မလားလို့ လာတောင်းတာပါ။

အဲ့ငွေလေးရမှ သားလေး မောင်ရှင်ကို ရှင်သာမဏ ဝတ်ပေးဖို့အတွက် အဆင်ပြေမှာမို့လို့ပါ..
ဘာ.. ရှင့်သား အတွက်ဟုတ်လား.. ညည်းယောကျာ်း ဆီက ချေးထားတဲ့ ပိုက်ဆံကို အခုမှ ပြန်လာတောင်းတာ ဟုတ်လား.. ဟင်း..ဟင်းဟင်း ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့ နဲ့ ရယ်သံကြောင့် ဒေါ်ဖြူ တစ်ယောက် ခေါင်းငုံမိလေသည်။

ငါ့မောင်က သေသွားတာကြာပြီလေ..အဲ့တော့ ငါ့မောင်အသက်မရှိတော့ အတွက် အဲ့ပိုက်ဆံလည်း ပေးစရာအကြောင်းမရှိဘူး.။

မဖြူ ရယ် ပြန်ပါတော့ ညည်း မျက်နှာမြင်ရတာ စိတ်ဆင်းရဲလိုက်အေ.. သွား..သွား.. နောက်တစ်ခါ ငါ့အိမ်ရိပ်တောင် လာမနင်းနဲ့ ကြားလား…

ထိန်းမရတော့သည့် မျက်ရည်စတွေသည် ဒေါ်ဖြူ့ ပါးပေါ် ပိုးပိုးပေါက်ပေါက်ကျ လာလေ သည်။ လင်ယောကျ်ားမရှိသည့်အတွက် ဒီလို အနှိမ်ခံရပါလားဆိုတာလည်း တွေးမိလေသည်.. သားလေးဖြစ်သူ မောင်ရှင်ကိုလည်း ရှင်သာမေဏေကိုလည်း ပြုပေးချင်လေသည်။

ယောင်းမဖြစ်သူ အဆင်မပြေခဲ့တုန်းက ချေးငှားထားခဲ့ပေမယ့် မိမိအလှည့်ကျတော့ အိမ်ရိပ်မနင်းနဲ့ဟုသော ပြောစကားကြောင့် စိတ်လည်းနာမိလေသည်..။
မျက်ရည်စက်လက်နဲ့ လမ်းတစ်လျှောက်လုံး တွေးလိုက် ငိုလိုက်နဲ့ စိတ်မကောင်းဖြစ်လိုက်နဲ့ဒေါ်ဖြူတစ်ယောက် အိမ်သို့ပြန်ရောက်သောအခါ
သားဖြစ်သူအား ပြောပြရင်း သားအမိနှစ်ယောက်ဖက်၍ ငိုမိကြလေတော့သည်..

အမေရယ် မငိုပါနဲ့တော့နော်….
သား ဖိုးလှတို့နဲ့ ထင်းခုတ်တာ လိုက်သွားခွင့် ပြူပါအမေရယ်..
ပိုပိုလျံလျံလေးရလာပြီးရင်တော့ အမေနဲ့ပဲ အတူနေပြီး ကုန်ရောင်း ကုန်ဝယ်လုပ်ကြတာပေါ့ အမေရယ်..

ဒေါ်ဖြူ တစ်ယောက်လည်း သားလေးကို တစ်ယောက်တည်းလွှတ်ရမှာ စိတ်မချ..
အင်းမလုပ် အဲမလုပ်နဲ့သာ မျက်ရည်စများကို သုတ်နေရှာလေသည်..။

သားရေ ဗျာ အမေ
အမေ လေ ညက ငါ့သားကို အိမ်မက်မက်တယ် သားရဲ့
အိမ်မက်က နိမိတ်မကောင်းဘူူး သားရယ် အမေကတော့ သားအတွက်စိတ်ပူမိတယ်..
ဘာတွေများမက်လို့လဲ အမေရဲ့
အမေ့ အိမ်မက်ထဲမှာသားက စိမ်ညိုရောင် သန်းနေတဲ့ ကျွန်းပေါ်မှာ မိန်းမလေးတွေနဲ့တဲ့… သားဘေးမှာ မိန်းမလှလေးတွေက တစ်ဖက် တစ်ချက်စီတဲ့တော်
သားရဲ့စောင်းကောက်လေးတောင်ပါသေးတယ်..
ဟုတ်လား အမေ့ရဲ့ အိမ်မက်က အပြင်မှာတကယ်ဆို ပွတာပဲ… မောင်ရှင် တစ်ယောက် အမေဖြစ်သူ ရဲ့အိမ်မက်ကိုနားထောင်ပြီး သဘောကျကာ တဟားဟားရယ်မောနေလေသည်..

ဒေါ်ဖြူတစ်ယောက်တော့ ရင်ထဲမှာ စိုးထိတ်နေလေသည်.. အိမ်မက်ထဲက မိန်းမချောလေးက သာဖြစ်သူမောင်ရှင်ကို လုယုသွားမှာကိုလည်းစိုးတ ထိတ်ထိတ်ဖြစ်နေလေသည်။

ကဲအမေရေ သားတော့ ဖိုးလှတို့ဆီမှာ ထင်းခုတ်ဖို့ အခြေအနေ ဘယ်ဆီရှိမလဲဆိုတာ မေးမြန်းလိုက်အုံးမယ်.. အမေ ထမင်းစားအမှီလေးတော့ ပြန်ခဲ့နော် သား…

ဟုတ် အမေ
ကိုဖိုးလှ ဗျို့ ကိုဖိုးလှရေ ဟာ ဟေ့ကောင် မောင်ရှင် လာလေ လာလာ
ကိုဖိုးလှတို့ ဒီတစ်ခေါက် ထင်းခုတ်သွားရင် ကျွန်တော်လည်းလိုက်ချင်တယ်ဗျာ..
အေးလိုက်ခဲလေကွာ. ငါလည်း ထင်းခုတ်လိုက်ချင်နေတာ ကြာပြီ
ဘယ်တော့သွားမှာလဲ ဟု မောင်ရှင်မေးလိုက်ရာ နောက်
လပြည့်ဆိုထွက်မယ်ထင်တယ်ကွာ..

လှေသူကြီးကိုလည်း သေချာအောင်မေးပြီး ပြန်ပြောမယ်။ ကောင်းပြီဗျာ ကျွန်တော်လည်း ပြန်လိုက်အုံးမယ်..
ဒါနဲ့ နေပါအုံးကွ.. မောင်ရှင်ရ.. မင်းအမေ စိတ်ချပါမလား မင်းအမေက မင်းကို အဝေးကို သိပ်လွတ်ချင်တာ မဟုတ်ဘူး..
ဒါပေမယ့်လည်း ဗျာ ကျုပ်လည်း အမေ့ ဆန္ဒလေးကိုဖြည့်ဆီးပေးချင်သေးတယ်..
အမေက ကျုပ်ကို သူမသေခင် ရှင်သာမဏေဝတ်ပေးချင်တာဗျ…

ကျုပ်လည်း အမေတစ်ခု သားတစ်ခုဆိုတော့ အမေ့ကို ကူပြီးတော့ လုပ်ပေးချင်တယ်လေဗျာ..
ဟုတ်ပါပြီကွာ.. ငါလည်း လှေသူကြီးကို မေးပြီး မင်းတို့သားအမိကို လာပြောပေးမယ်ကွာ..
ကျေးဇူးပါပဲ ကိုဖိုးလှ ရေ.. ပြန်လိုက်အုံးမယ်

ဒီလိုနဲ့ မောင်ရှင်လည်း ကိုဖိုးလှ ဆီမှ အပြန် အမေနဲ့ ထမင်းအတူ စားဖို့ အိမ်ကိုသာ ပြန်ခဲ့လေတော့သည်

မောင်ရှင်လည်း အိမ်ပြန်ရောက်သောအခါ .. အမေ.. အမေ သားပြန်ရောက်ပြီ အမေ..
အေး အေး သားရေ အမေလည်း ထမင်းစားစောင့်နေတာ သားလေးကို
ဘာချက်လဲ အမေ
ဒီနေ့ ငါးပိတို့စရာ ဆူးပြုတ်လေး ရေနွေးဖျော တို့မယ် သားရေ
သားကြိုက်တတ်တဲ့ လက်ဘက်လေးလည်းပါတယ်လေ..
ဒီလိုနဲ့ သားအမိနှစ်ယောက်လည်း စားသောက်ပြီး စကားစမြည်ပြောရင်း အိပ်ယာဝင်ကြလေတော့သည်..

ဒေါ်ဖြူ.. ဒေါ်ဖြူရေ..
ဖိုးလှတို့ပါလား.. လာလေကွယ် သြော် လှေသူကြီးလည်းပါလာတာကိုး
သားမောင်ရှင်ရေ ဖိုးလှတို့ လာတယ်ကွယ်
ဟုတ်အမေ..
ဖိုးလှ မှ လာရင်းကိစ္စကတော့ ဒီလိုဗျ.. ကျွန်တော်တို့ လပြည့်နေ့ဘဲ ထင်းခုတ်သွားကြမှာ အဲ့တာ ဒေါ်ဖြူကို လာပြောတာ
ဒေါ်ဖြူလည်း ပျက်သွားသော မျက်နှာကို ဟန်မပျက်ထိန်းရင် သူ့အိမ်မက် သွားပြီးတော့ သတိရနေလေသည်..
အမေ အ မေ.. ဟေ… သား ပြောလေ
သား ဒီတစ်ခေါက်တော့ ထင်းခုတ်သွားချင်တယ် အမေရယ်
ဒါမှ အမေ ဆန္ဒလေးပြည့်ဝမှာ အမေရဲ့
ဒေါ်ဖြူလည်း သွားချင်ရှာတဲ့ သားဖြစ်သူဆန္ဒ ကိုမတားရက်ပေ..။ ကဲ ဒါဆိုလည်း လှေသူကြီးကိုရော ဖိုးလှ ကိုရော ကျမသားလေးကိုအပ်ပါတယ်ရှင်။

လှေသူကြီးလည်း စိတ်ချပါ.. ကျွန်တော် တို့လည်း မောင်ရှင်ကိုအတူသွား အတူပြန်ခေါ်သွားပေးပါမယ်။ မောင်ရှင်လည်း လှေသူကြီး ပြောတဲ့ စကားကိုတစ်သွေမတိမ်းနားထောင်ပေးပါ။
ဟုတ်ကဲ့ပါ အမေရယ် အဲ့လောက်ထိလည်း စိတ်ပူမနေပါနဲဗျာ..
ကဲ ဒါဆိုလည်းဒေါ်ဖြူရေ ကျွန်တော်တို့လည်း သွားပြီဗျာ.. မနက်ဖြန် မနက်စောစော ကျွန်တော်တို့ မောင်ရှင်ကိုလာခေါ်လိုက်မယ်နော်..။

ဟုတ်ကဲ့ လှေသူကြီး ကျွန်တော်လည်းအဆင်သင့်လုပ်ထားလိုက်ပါမယ်။

သားလေးရေ အမေ စိတ်မချပေမယ့် မဖြစ်မနေ လွှတ်ရမှာဆိုတော့ အစစ အရာရာ ဂရုစိုက်သွားနော် သားလေး..။
စိတ်ချပါ အမေရာ…
ကဲ့ ငါ့သားလေးလည်း စောစောအိပ်ရာဝင်တော့နော်..
ဟုတ် အမေ ။ အမေလည်းစောစောအိပ်တော့နော်..

နောက်တစ်နေ့ မနက်စောစော ပိုင်းမှာ ဒေါ်ဖြူ တစ်ယောက် တစ်ကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေလေတော့သည်..။

သားဖြစ်သူမောင်ရှင်ကြိုက်တတ်တဲ့ ကောက်ညှင်းပေါင်းလေးကို ပေါင်းနေလေသည်..
အမေတစ်ခု သားတစ်ခုပေမို့လည်း ဒီသားကြိုက်တတ်တဲ့ ကောက်ညင်းပေါင်းလေးကိုပေါင်းပေးရတာ ပင်ပန်းတယ်လို့လည်း မထင်မိပေ..
မောင်ရှင်တစ်ယောက်လည်း အမေဖြစ်သူ တကုပ်ကုပ်လုပ်နေသည့် အတွက်ကြောင့် နိုးလာလေသည်..

ဟော သားလေး နိုးလာပြီလား..
ဟုတ် နိုးပြီ အမေ..
ဒီမှာ သားကြိုက်တတ်တဲ့ ကောက်ညှင်းပေါင်းလေး ပေါင်းထားတယ် ။မျက်နှာလေးသစ်ပြီးတော့ စားသွားနော်..
အင်္ကျီလေးတွေ၊ ပုဆိုးလေးတွေ အမေထည့်ထားပေးမယ်နော်..
ဟုတ် အမေ..
မောင်ရှင်တစ်ယောက် မျက်နှာသစ်ရင်း ထင်းခုတ်သွားရမည့် အရေး တွေးပျော်နေမိသည်.. မိခင်နဲ့ ခွဲခွာရတာ ဒီအကြိမ်ဟာ ပထဆုံးမို့ စိတ်ထဲလည်း တစ်မျိုး ဖြစ်မိလေသည်..။

မောင်ရှင်တစ်ယောက် လိုအပ်တဲ့ ပစ္စည်းများကိုထည့်ရင်း စောင်းကောက်ကို အမေမသိအောင်ထည့်ယူမိလေသည်.. “စောင်းကောက်ကိုထည့်ရင်း မနေ့က လှေသူကြီး တိုးတိုးလေးကပ်မှာသွားတာကို သတိရမိလေသည်။

“ကျွန်းပေါ်မှာ ဘာစကားမှ မမှားမိစေနဲ့ လို့ ပြောခဲ့တဲ့” လှေသူကြီး စကားကို ပြန်ကြားမိသည်..
မောင်ရှင်တစ်ယောက် စောင်းကောက်ကို ထင်းခုတ်တဲ့ နေရာကို ယူသွားတာဟာ… သူ့အတွက် ကံကောင်းခြင်းလား .. ကံဆိုးခြင်းလား ဆိုတာ သူကိုယ်တိုင်တောင် သိနိုင်မယ်မထင်…
ဒီလိုနဲ့ မောင်ရှင်လည်း အမေဖြစ်သူ ပေါင်းပေးသည်း ကောက်ညှင်းပေါင်းကို အမြန်စားရင် လှေသူကြီးနဲ့ ဖိုးလှတို့ အလာကိုစောင့်နေမိလေသည်..

ဟော ရောက်ပြီ.. မောင်ရှင်လည်း ဖိုးလှတို့ လှေသူကြီးတို့ အလာကို လှမ်းမြင်လိုက်ရလေသည်.
မောင်ရှင်ရေ မောင်ရှင်
ဗျို့ အဆင်သင့်ပါဘဲ ဗျာ… ဟု မောင်ရှင်လည်း အသံပြန်ပြုလိုက်လေသည်။
ဒေါ်ဖြူလည်း သားရေ ရော့ ကောက်ညှင်းပေါင်းလေး ထုပ်ထားပေးတယ် လှေပေါ်မှာ ဆာရင် အချိန်မရွေး စားနိုင်အောင်လို့ အမေ ထုပ်ထားပေးတယ်ကွယ်..
ဟုတ် အမေ..
လာ အမေ မသွားခင်လေး အမေ့ကို ကျွန်တော် ကန့်တော့သွားချင်တယ် ။
အေးပါသားရယ် … ငါ့သားလေး ဘုန်းကြီးလို့ သက်ရှည်ပါစေကွယ်… သွားလာမယ့်ခရီး ဘေးမသီ ရန်မခပါစေနဲ့ ကွယ်…။
ကဲ မောင်ရှင်ရေ လာဟေ့ သွားကြရအောင် နေမြင့်ရင်တော်တော်လေး နောက်ကျနေမှာစိုးလို့..
ဟုတ်ကဲ့ လာပြီဗျာ…

မိန်းမလေး ၄ ယောက် ထူးထူးဆန်းဆန်းလို့ ပြောရမလား..
အလှပဂေးလို့ ပြောရမလား..
မြင်းဖူးသူတိုင်း ပြန်ရတယ်လို့ မရှိ.. ကျွန်ပေါ်မှာ မြင်ဖူးသူတိုင်း အလိုလို ပျောက်သွားလေသည်…
ထူးဆန်းတဲ့ ညီမလေးဖော်…
ထင်းခုတ်၊ သစ်ခုတ် ၊ မျောခုတ်လာသူတိုင်း ဒီကျွန်းလေးကိုလက်ရှောင်လေ့ ရှိကြလေသည်..။
သို့သော် ဒီကျွန်းက ထူးဆန်းလှပေမယ့် အင်မတန် ဂရုစိုက် ပြီး လာသူများအဖို့ ထင်းတွေ များများ ရလို့ ပြေလည် ကြသည်ဟု ပြောကြလေသည်…
အဲ့ ဒီကျွန်းကတော့ ဖျာပုံခရိုင် ဘိုကလေးမြို့ အနီး ရှိ မိန်းမလှ ကျွန်း..
သို့သော် ကျွန်ပေါ်မှာ သစ်ခုတ်သွားသူများ အဖို့ စကားအမှားများ ခပ်ကြမ်းကြမ်း ဆဲရေးတိုင်းထွာခြင်းများ မပြုလုပ်ရဲပေ…
လှပသော မိန်းမလှလေးဖော်ရဲ့ ပြုစားခြင်း ကိုခံရသည့်ဟု နာမည်ကြီးလေ့ ရှိလေသည်…
မိန်းမလှ ကျွန်း နာမည်ကြီးနေသည့် မိန်းမလှကျွန်း…
ကျွန်းသဘော သဘာဝကို မသိရှာတဲ့ မောင်ရှင်တစ်ယောက်… လှေပေါ်မှာ တစ်သွင်သွင် စီးနေသည့် မြစ်ရေအလှကိုကြည့်ပြီးတော့ စီးမျောရင်း လိုက်ပါလာလေသည်..
လှေသူကြီး က အဖွဲ့ နှစ်ဖဲ့ ခွဲမယ်ဟေ့.. ဖိုးလှ နဲ့ လူ သုံးယောက်က တစ်ဖွဲ့
ငါနဲ့ ကျန်တဲ့ လူ ၄ ယောက်က တစ်ဖွဲ့ လာမယ့်ဟေ့ …
ကဲ့ မောင်ရှင်ကတော့ လှေပေါ်မှာ ထမင်းဟင်းချက်ရင်းစောင့် ဟေ့..
ဟုတ်ကဲ့ပါ လှေသူကြီး…
နေမမြင့်ခင်သွားကြရအောင် …

လှေသူကြီးတို့ ထွက်သွားပြီးနောက်… မောင်ရှင် လည်း လှေပေါ်မှာစောင့်ရင်းကျန်နေခဲ့လေသည်.. မောင်ရှင်လည်း လှေသူကြီးနဲ့ ထင်းခုတ်တဲ့ သူတွေ နေ့လယ်စား စားဖို့ လှေပေါ်မှာပါလာတဲ့ဆန်လေးကို ချက်ဖို့ ပြင်ဆင်နေလေသည်.. မီးသွေးမီးလေး ဖိုထားပြီးတော့ ဆေးထားတဲ့ ဆန်ကိုချက်ဖို့ ပြင်ဆင်လေသည်။ မောင်ရှင်လည်း ထမင်းချက်ရင်း ထမင်းအိုးဆူပွက်ဖို့စောင့် ရတာ အင်မတန် အချိန်ကြာသည်ဟု ခံစားမိသည်။ တစ်ယောက်တည်း ပျင်းပျင်းနဲ့
အိမ်ကနေယူလာတဲ့ စောင်းကောက်အား သတိရမိလေသည်.. လှေသူကြီးမမြင်အောင်ဖွက်ပြီးယူလာမိသည်ကိုလည်းသဘောကျဟန်ဖြင့် ပြုံးလိုက်မိသည်..

ဒါနဲ့ မောင်ရှင်လည်း မိမိ အဝတ်အိတ်ထဲက စောင်းကောက်လေးကိုထုတ်ယူ လိုက်သည်။
စောင်းကောက်ကိုထုတ်ယူပြီးတော့ စောင်းကြိုးလေးပေါ် လက်တင်လိုက်သည်နဲ့ ငြိမ့်ညောင်းသာယာသောစောင်းသံလေးထွက်ပေါ်လာလေတော့သည်။

မောင်ရှင်သည် စောင်းတီးတဲ့ပညာကို ပါရမီရင့်သန်စွာ တီးခတ်နိုင်သလို စောင်းကောက်နဲ့ မောင်ရှင် တွဲမိရင် ခွဲမရတဲ့အထိ တစ်သားတည်း ကျသလို ဖြစ်နေလေသည်..
ရွာထဲတွင်လည်း မောင်ရှင်တီးလေ့ ရှိသည့် စောင်းသံကို လူကြီးသူမများသဘောကျ နှစ်ခြိုက်လေ့ရှိလေသည်..
လှေပေါ်တွင် တစ်ယောက်တည်း စိတ် လွတ်ကိုယ်လွတ် စောင်းတီးနေတဲ့ မောင်ရှင်တစ်ယောက် ရုတ်တရက် ထမင်းအိုးကို သတိရလိုက်မိတာကြောင့် စောင်းသံ တိခနဲ့ ရပ်သွားလေသည်..။

မောင်ရှင်လည်း နှုတ်မှ ဟာ သွားပါပြီ။ သွားပါပြီ.. ထမင်းအိုးတော့ ပြဲပါပြီ..။ မောင်ရှင်တစ်ယောက် ဘာလုပ်လို့ လာကိုင်ရမလဲ မသိဖြစ်နေရှာလေသည်။ လှေသူကြီးတို့ အဖွဲ့တွေ ပြန်လာရင် ဒုက္ခ တော့ များပြီ.. ထမင်းတော့ အမြန်ပြန်ချက်မှ လို့ တွေးပြီးတာနဲ့ ထမင်းအိုး ကို ပြန်တည်ဖို့ ပြင်ဆင်ချိန်မှာ
မောင်ကြီ… နှမလေး ကူညီပါရစေ.. စောင်းလေးတော့ ဆက်တီးပါနော်..

မောင်ရှင်တစ်ယောက် လှေပေါ်မှာ အမျိုးသမီး တစ်ယောက်အသံကို ကြားပြီး လန့် သွားလေသည်..
ဟင်.. လှေ ဦးထိပ်မှာ မိန်းမပျိုလေး တစ်ယောက်ပါလား…
ဟုတ်ပါတယ် မောင်ကြီးရယ် နှမငယ်လေးတို့ ထမင်းဟင်း ကူချက်ပါမယ်.. စောင်းလေးတော့ ဆက်တီးပြပါနော်.. ခစ်..ခစ်
မောင်ရှင်တစ်ယောက်လန့်သွားလေသည်… ဟာ.. နောက်ထပ် မိန်းမပျိုလေး တစ်ယောက်ပါလား………

နှမ လေးက ဟင်းချက်ပေးဖို့ တာဝန်ယူပေးပါမယ်နော်… ပြောပြောဆိုဆို သာယာပျော့ပျောင်းအသံကြောင့် မောင်ရှင်လည်း အံသြသလို ဝမ်းသာမိတယ်လို့ခံစားမိလေသည်.. တို့ကတော့ စောင်းသံလေးပဲ သေချာနားထောင်လိုက်တော့မယ်ကွယ်..မောင်ရှင်လည်း မိန်းမပျိုးလေး ၄ ယောက်ကြောင့် ဘယ်ကနေ ရောက်လာလို့ လှေပေါ်ရောက်နေတာလဲ တွေးမိလေသည်.. ဒါမှမဟုတ် စောင်းတီးရင်း နဲ့ လှေပေါ်ရောက်လာတာကို သတိမပြုမိတာလားလို့လည်းတွေးမိလေသည်။

မောင်ကြီး ရေ ထမင်းချက်ဖို့ တာဝန်က နှမလေးတို့ တာဝန်သာထား.. မောင်ကြီး သာ စောင်းသံလေးကို နောက် တစ်ကျော့လောက်ထပ်တီးပေးပါနော်…
ဟုတ် ကဲ့ ကျွန်တော် တီးပြပါမယ်။ သြော် ဒါနဲ့လေ ကျွန်တော်လှေပေါ် ဘယ်လို ရောက်လာတာလဲ… ဟု မောင်ရှင်က မိန်းမပျိုလေးကိုမေးမြန်းလိုက်ရာ…
မိန်းမလှ လေး ယောက်တဲမှ တစ်ယောက်က မောင်ကြီး စပြီးတော့ စောင်းတီးကတည်းက နှမလေးတို့ အသံကြားရာ လိုက်ရှာရင်း လှေ ပေါ်ကိုရောက်နေတာပါ…
ဒီလိုလား ရုတ်တရက် ရောက်လာတာဆိုတော့ ကျွန်တော်လည်း စောင်းတီးရင်း သတိမထားမိလိုက်တာပါ..
ကဲပါ မောင်ကြီး ရယ် စောင်းသံလေး နားဆင်ချင်တယ် ဆက်တီးပြပါအုံး…
ဒီလိုနဲ့ တစ်ယောက်တည်းပျင်းပျင်းရှိနေတဲ့ မောင်ရှင်လည်း အဖော်ရပြီး ဆိုပြီးတော့ ဝမ်းသာနေပြီးတော့ သူ ရဲ့ စောင်းကောက်မှ ပြောင်မြောက်လှတဲ့ လက်ရာတွေနဲ့ မိန်းမပျိုလေး လေးယောက်အား စိတ်တိုင်းကျ လက်စွမ်းပြနေတော့သည်..
မောင်ရှင်လည်.. စောင်းတီး အပြီး ထမင်း ဟင်းများလည်း ချက်အပြီး ဖြစ်နေလေသည်..

ဒီလိုနဲ့ မိန်းမ ပျိုလေး လေး ယောက်ထဲမှ အကြီး ဆုံး ဖြစ်ဟန်တူသည်.. တစ်မယောက်က ကဲ အခြားသူတွေလည်း ထမင်းစားချိန်ပြန်လာတော့ မယ်.. နှမတော်တို့လည်း ပြန်လိုက်ပါအုံးမယ်.. နောက်ရက်တွေမှာလည်း မောင်ကြီး တစ်ယောက်တည်း ရှိချိန် လာခဲ့ပါမယ်..
ကောင်းပါပြီဗျာ.. မောင်ရှင်လည်း စောင်းကောက်ကို အဝတ်အိတ်ထဲသို့ ပြန်သိမ်းနေစဉ်
မိန်းမပျို လေးဖော်လည်း ပျောက်ခြင်းမလှ ပျောက်သွားလေတော့သည်..

မောင်ရှင်လည် လှေဝမ်းထဲမှ အပေါ်သို့ အတက် ဟင် ပြန်သွားကြတာလည်း မြန်လိုက်တာ..
မောင်ရှင်လည်း နှုတ်မှေ ပြောလိုက်လေသည်..
လှေသူကြီး တို့ ပြန်လာရင် အဆင်သင့် ထမင်းစားနိုင်လို့ ပြင်ထားမယ်လို့ ကြံရွယ်ရင်း ဟော ကိုဖိုးလှ တို့ ပြန်လာပြီလား… ထင်းစည်းကြီးတွေ ထမ်းလာတဲ့ ကိုဖိုးလှ လူစု ကို လှမ်းမြင်လိုက်သည်နှင့် မောင်ရှင်လည်းအားတက်သ ရော.. လက်လှမ်းပြလိုက်လေသည်..

မောင်ရှင်လည်း လှေပေါ်မှ ဆင်းလိုက်ကာ ကိုဖိုးလှတို့အား ကူညီပြီး ထင်းစည်းများအားသယ်ပေးလိုက်ကြလေသည်..
ကဲ မောင်ရှင် ရေ ထမင်းဟင်း အဆင်သင့်ဟေ့

ဟာ မွှေးနေတာပဲဟေ့.. ဗိုက်ဆာလိုက်တာ ကွာ…
ဟော ဟို မှာ လှေသကြီးတို့လည်း လာပြီဗျာ.. လာ..လာ ခြေလက်ဆေးပြီး တစ်ခါတည်း ဝိုင်းလိုက်ရအောင်ဟေ့…
မောင်ရှင်လည်း အဆင်သင့် ခူးခပ်ပြီးတော့… အနံံ့ကတော့ မွှေးနေတာပဲ ကျွန်တော်လည်း ဗိုက်ဆာပြီ စားလိုက်ရအောင်…
လှေသူကြီးနဲ့ သစ်ခုတ်လုပ်သားတွေ လည်း ခြေလက်ဈေးပြီးတော့ ထမင်းစားဖို့ ဝိုင်းထိုင်ကြလေသည်..။
ထမင်းစားနေရင်းနဲ့ ကိုဖိုးလှတို့်လည်း မောင်ရှင်ရေ ထမင်းနဲ့ ဟင်းက စားလို့ကောင်းလိုက်တာကွာ..
မင်း အဲ့လောက်ထိ ချက်တတ်မယ်လို့တောင်မထင်ထားဘူး။
မောင်ရှင်လည်း ဝမ်းသာနေကာ.. စိတ်ထဲကနေ ကျွန်တော်ချက်တာမှ မဟုတ်တာ မိန်းမချောလေးတွေ ချက်သွားတာကို ပြောမိလေသည်…
ကျန်တဲ့ ထင်းခုတ်သူတွေကလည်း ဟုတ်ပါ့ ကွာ ဗိုက်က ပဲဆာလို့ စားကောင်းတာလား ထမင်းဟင်းတွေကပဲအရသာရှိလို့ စားလို့ကောင်းနေတာလား တော့ မသိဘူး.. တော်တော်လေး အရသာရှိတယ်..
ဟီး..ဟီး.. မောင်ရှင်လည်း သဘော တော်တော် ကျ နေလသည်..။

ဒီလိုနဲ့ လှေပေါ်မှာ မောင်ရှင်တို့ အဖွဲသားတွေ တစ်ညတာ ကုန်ဆုံးသွားလေတော့သည်..
နောက်တစ်နေ့ မနက်ရောက်တဲ့အခါမှာတော့ မောင်ရှင်တို့လည်း နောက်ထပ်သစ်ခုတ်ဖို့အတွက် ပြင်ဆင်ကြ လေတော့သည်…
ကဲ မောင်ရှင်ရေ ဒီနေ့ လည်း မင်းလှေပေါ် မှာပဲ ထမင်း ဟင်း ချက် ကျန်ခဲ့တော့ကွာ..
ဟုတ် ကဲ့ပါ လှေသူကြီး..
လှေသူကြီးတို့လည်း ထွက်ခွာပြီး သိပ်မကြာ…
မောင်ရှင်လည်း ထမင်းဟင်း ချက်ဖို့ ပြင်ဆင်တော့သည်..။

ထိုစဉ်.. မောင်ကြီးရေ.. နှမလေးတို့ လာပြီ ဆိုတဲ့အသံနဲ့အတူ လှေပေါ်ကို မိန်းမပျိုလေး ၄ ဖော် ရောက်လာတော့သည်..
နှမလေးတို့ ထမင်းဟင်း ချက်လိုက်ပါမယ်..
မောင်ကြီးကတော့ မနေ့က လိုပဲ စောင်းလေး တီးပြပါ..
ညီမလေးဖော်ထဲမှ အငယ်ဆုံး အသွက်ဆုံး မိန်းမပျိုးလေးမှ ပြောလိုက်လေသည်..
မောင်ရှင်လည်း ကောင်းပါပြီဟု ပြောကာ စောင်းကောက်အား သွား ထုတ်ယူလိုက်လေသည်..
မောင်ရှင်လည်း စောင်းကောက်ကို ယူကာ စောင်းတီးနေလိုက်တော့သည်..
မိန်းမပျိုးလေး လေးဖော်ထဲမှ အကြီးဆုံး မိန်းမပျိုလေးက မျက်လုံးမှိတ်က မောင်ရှင်ရဲ့ စောင်းသံကို သေချာစီးမျောကာ နားစိုက်ထောင်နေလေတော့သည်..
မောင်ရှင်လည်း စောင်းသံ တီးလုံးဆုံးသည်အခါ ခဏ ရပ်နားလိုက်ပြီး..နေလိုက်သည်.. ဟယ်.. နားထောင်လို့မဝဘူး..

ဆက်တီးပါအုံ.. နောက်တစ်ကြော့ ထပ်တီပြအုံးလို့ မိန်းမပျိုလေး တစ်ဦးက စကား စပြောလိုက်လေသည်.. ကျန်တဲ့မိန်မပျိုလေးများလည်း ဟုတ်တယ် စောင်းသံက သာယာ ငြိမ့်ညောင်းနေတော့ နောက်ရက် တွေ နားမထောင်ရမှာ စိုးမိတယ်…
မောင်ရှင်လည်း ကျွန်တော် လည်း နောက်ရက်တွေ ကို ဆက်ပြီးတော့ တီးပြပါမယ်.. ဒီက နှမလေးတို့ သဘောကျတယ် ဆိုရင်ပေါ့..
တကယ်ပြောတာလား မောင်ကြီး..
ဟုတ်ပါတယ် နောက်ရက်တွေ နားထောင်ချင်တယ် ဆိုရင် မောင်ကြီး ဆက်တီးပြပါမယ်..

ဒီနေ့ည ကတော့ လသာလိုက်တာကွာ.. မြစ်ပြင်က တိုက်လာတဲ့လေအေးအေးလေးနဲ့ တော်တော်လေး နေလို့ကောင်းတယ်ဟေ့…
ထမင်းစားပြီး ထမင်းလုံးစီနေကြသည့်အထဲမှ တစ်ယောက် ထပြောလိုက်လေသည်..
လှေသူကြီး က ထင်းခုတ်သားများအား လှေတစ်ဆင်းစာထင်းတွေ ၊ သစ်တွေ ပြည့်လာပြီဖြစ်တာကြောင့် နောက်တစ်နေ့ မနက်မှ ပြန်ဖို့ ပြင်ဆင်ရန်ပြောလေသည်..။
ဒါကြောင့် လှေထိုးသားများလည်း စိတ်အေးလက်အေးနဲ့ အနားယူ နေကြလေသည်။
နောက်တစ်နေ့ မနက်မိုးလင်း.. ကဲ စေောစောထကြဟေ့..
ငါတို့ စောစောလေး လှေထွက်ကြမယ်..
လှေသူကြီးလည်း ေနေရပ်ပြန်ဖို့ဆော်အော်နေလေသည်..
မျက်နှာသစ်သူတွေ သစ်ကြ.. စောင်ခေါက်သိမ်းသူတွေသိမ်းကြ..အဝတ်လဲသူတွေ လဲကြ ဆိုတော့ မောင်ရှင်လည်း အထုပ်အပိုးတွေ သိမ်းဆည်းနေကြသည်…
မောင်ရှင်တစ်ယောက် အထုပ်တွေ သိမ်းဆည်းရင် နှုတ်မဆက်လိုက်ရတဲ့ မိန်းမပျိုလေး လေးဖော်အား သတိရမိသလိုလို ရှိနေလေသည်..
ဒီလိုနဲ့ လှေထွက်ဖို့ ကျောက်ချရပ်ထားတဲ့ ကြိုးတွေဖြုတ်ရင်း ကဲ လူစုံပြီလားလို့ လှေသကြီးက မေးလေသည်..
ကျောက်ချထားတဲ့ ကြိုးတွေဖြုတ်ပြီး လှေက ထွက်မယ်လို ပြင်ဆင်နေပြီးချိန်တောင် လှေက တစ်စက်ကလေးမှမရွေ့..။
လှေထိုးသားတွေလည်း .. ဟေ့ ဖိုးလှရေ အောက်ဆင်းကြည့်အုံးကွာ.. လှေနဲ့ ဘာတွေ ညှိနေတာလဲလို့
ပြောပြော ဆို ဖိုးလှလည်း ပုဆိုး ကတောင်ကျိုက်က ရေထဲ ဆင်းပြီးကြည့်လေသည်.
ဘာမှ မငြိဘူးဗျို့..
ကဲ ဘာမှ မငြိရင်ထွက်မယ်ဟေ့ ဖိုးလှလည်း လှေပေါ်ပြန်တက်ခဲ့တော
သို့ပေမယ့် လှေက တစ်စက်ကလေးမှ မထွက်…
လှေသူကြီး ရေ လုပ်ပါအုံး လှေက အခုထိ ထွက်မရဘူး
လှေသူကြီး အခြား တစ်ယောက် ပြောင်းပြီးတော့ အောက်ဆင်းကြည့်ကွာ..
ဟိုကောင် ဖိုးလှ သေချာမကြည့်ဘူးထင်တယ်ကွာ.. လို့ လှေသူကြီးူက ပြောလိုက်ရာ..
ဖိုး လှလည်း သူကြီး ကျွန်တော် သေချာကြည့်ခဲ့တယ်ဗျာ
ဖိုးလှရှင်းပြ နေစဉ် နောက်တစ်ယောက်လည်း ဘာမှမရှိဘူး လှေအောက်မှ ရှင်းတယ်ဗျ..
ကဲကဲ လှေစထွက်ရအောင်.. လို့ လှေသူကြီး ပြောပြီး စက်ကိုနှိုးလိုက်ရ ပုံမှန်းလည်ပတ်နေေသော စက် က လည်းနေပြီး စက် လှေကား တစ်စက်မှ မရွေ..
လှေသူကြီး လည်း အံသြကာ သူကိုယ်တိုင် လှေအောက် အားဆင်းကြည့် လိုက်လေသည်..
လှေအောက်မှ ဘာမှ မရှိ ရှင်းလင်းနေသေည်.. ရေမှော်နဲ့ ဒိုက်အနည်း ငယ်လောက်သာရှိလေသည်..
လှေသူကြီးလည်း လှေပေါ်တက်လာပြီးတော့ အောက်မှာရှင်းတယ် လှေထွက်ရအောင်
သို့သော် လှေက တစ်စက်မှ ထွက်မရ..
အကုန်လုံးလည်း စိတ်ပျက်နေကြပြီ..
ထိုစဉ် လှေသူကြီး က ထပြောလိုက်လေသည်. ငါတို့ထဲက တစ်ယောက်ယောက်ကတော့ အမှားလုပ်မိပြီ နဲ့တူတယ်..
လှေသူကြီးလည်း စဉ်းစားရခက်နေလေသည်.. လှေထိုးသားထဲမှ တစ်ယောက်မှ ကျွန်တော်တို့တော့် အမှားဘာမှ မလုပ်ထားဘူး..
ဒါပေမယ့် သူများလုပ်ထားပြီးတော့ ကျွန်တော်တို့ပါ အချောင်ခံရတာတော့ မမိုက်ဘူး လို ထပြောလေသည်. အေးပါကွာနေပါအုံး ငါလည်း စဉ်းစားပါရစေအုံး..
နောက်ထပ်လှေထိုးသားတွေကလည်း ငါတို့ နောက်မှ မိသားစုတွေ ရှိသေးတယ်ကွာ..
စိတ်ညစ်တဲ့ လေသံနဲ့ ပြောကြလေသည်..
ကဲ မတတ်နိုင်တော့ဘူး ငါတို့လည်း ပြန်ပြီးတော့ လူရွေးချယ်ရတော့မယ်..
လှေထိုးသားထဲက တစ်ယောက်က ဒါဆို ဒီမှာ နေခဲ့တဲ့သူတွေကိုရွေးချယ်ရအောင်..
မဲ့နှိုက်ရွေးမယ်ကွာ..သုံးကြိမ်နှိုက်မယ်
လှေသူကြီး က ကဲ ဒါဆိုလည်း မဲလိပ်နှိုက်ကြမယ်ဟေ့ စလုပ်တော့ ဟု ပြောလိုက်ရာ..
တစ်ယောက်က လှေပေါ်တွင်ပါလားသောစာရွက်ကို ဖြဲကာ မဲ လိပ် လုပ်လိုက်လေသည်…
မဲ လိပ်တော့ ပြီး ပြီဟေ့.. ကဲ ဘယ်သူ အရင်စနိုက်မလဲ..
အကုန်လုံးက အသံတိတ်လျက်
တိတ်ဆိတ် မူဖြင့် လှေသူကြီး က ဖြိုခွင်းလိုက်တယ်
ကဲ ငါ အရင် စနှိုက်မယ်..
လှေသူကြီး အရင်ဆုံးနှိုက်ပြီး.. ကျန်သူများလည်း တရွေ့ရွေ့နဲ့ မဲလိပ်အားနှိုက်လိုက်လေတော့သည်… မဲလိပ်နှိုက်ပြီး ဖွင့် ကြည့်ဖို့ လက်တွေ က ကတုန်ကယင်နဲ့ လှေထိုးသား အချို့ ကတော့ တော်တော်လေး လန့်နေသည်..
ဖိုးလှ တစ်ယောက်လည်.. မဲလိပ်ကိုင်းရင်း ငါ ဘာအမှားတွေများ လုပ်မိလဲလို့ တွေးနေလေသည်…
စိတ်ထဲ လေးလံနေသည်…။ စိတ်ထဲတွင်လည်း ငါတို့တွေ ဘာမှ မလုပ်မိပါဘူးလို့လည်း ပြောမိလေသည်။
ထိုနောက် မောင်ရှင် တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ဖွင့်နေလေသည်..
လှေထိုးသားတစ်ယောက်က ဟေ… ဗလာ.. ဗလာ..
နောက်ထပ် တစ်ယောက်ကလည်း ဗလာ..ဟေ့ ဗလာ..
ဖိုးလှ လည်း ဗလာ.. ဟာ.. ငါလည်း ဗလာ ဟေ့
ဘ၀ သက်တမ်းတစ်လျှောက်မှာ မဲလိပ်နှိုက်ရတာ ဗလာ ကျလို့ ပျော်ရတာ ဒီတစ်ခါ အပျော်ဆုံးပဲဗျာ…
မောင်ရှင်.. ဟေ့ မင်းရော ဘာလဲ ကွာ..
ငါ..ငါ… ကံဆိုးသူတဲ့
ဟာ.. မောင်ရှင်ရယ် ဖြစ်မှ ဖြစ်ရလေကွာ..
အကုန်လုံးလည်း ထမင်း ဟင် အချက်ကောင်းတဲ မောင်ရှင်ကို နှမြော တသ ဖြစ်နေ ကြ လေသည်။
လှေသူကြီး ကလည် .. တစ်ကြိမ်ပဲ ရှိသေးတယ် စိတ်ဓါတ်မကျပါနဲ့ကွာ..
နောက်ထပ် နှစ်ကြိမ် ထပ် နှိုက်ရအောင် ကဲ ကဲ မဲလိပ်တွေ ပြန်လိပ်ဟေ့..
ဒီလိုနဲ့ နောက်ထပ် နှစ်ကြိမ်လုံး မဲလိပ် နှိုက်ရာ ကံဆိုးသူက မောင်ရှင် ဖြစ်နေပြန်လေသည်..
လှေသူကြီးကလည်း မောင်ရှင်ရေ.. မင်းဘာ အမှားတွေ လုပ်ထားလဲကွာ..
သုံးကြိမ် သုံးခါတိုင်တိုင် ကျတယ်ကွာ
မောင်ရှင်လည်း ကျွန်တော် စောင်းတီမိတယ်.. ဟေ ဟုတ်လား လှေသူကြီး လည်း အင်မတန်မှ အံသြသင့်သွားလေတော့လေသည်..
မောင်ရှင်လည်း ကျွန်တော်ထမင်းချက်ခြင်းနဲ့စောင်းတီမိပါလို့ ဝန်ခံလိုက်လေသည်..
လှေသူကြီးကလည်း ငါမှားပါတယ် မောင်ရှင်ရယ်.. ငါ.. မင်း..မင်း ကို သေချာမမှာမိဘူး.. မင်းစောင်းယူလာတယ် ဆိုတာလည်း ငါမသိလိုက်ဘူးကွာ..
ဖိုးလှကလည်း ငိုသံပါကြီး.. မောင်ရှင်ရယ် ငါ တို့ မင်း အမေကို ဘယ်လို ပြောပြရမလဲ…

ငါ .. ငါ.. မင်း အမေကို အတူတူ ပြန်လာခဲ့မယ်လို့ ကတိပေးထားတာကွာ
ပြောလည်း ပြော ငိုလည်းငို တဲ့ ဖိုးလှဟာ မောင်ရှင်ကို အားပါးတရ ဖက်ရင်း ရှိုက်ငိုနေလေသည်..
လှေထိုးသားတွေလည်း မောင်ရှင်အဖြစ်ကိုစိတ်မကောင်းဖြစ် ပြီး မျက်ရည်လည်လည်နဲပဲ နှုတ်ဆက်ကြတော့သည်..
လှေသူကြီးကလည်း ကဲ မောင်ရှင်အတွက် ဝါးဖောင်လေး လုပ်ကြရအောင်..
လှေထိုးသားတွေလည်း မောင်ရှင်အတွက် ဝါးဖောင်လုပ်ဖို့ ဝါးဆင်းခုတ်တဲ့ သူခုတ် ကြိုးကျစ်တဲ့သူ နဲ့ ခဏတာ အလုပ်များသွားလေသည်..
လှေသူကြီးကလည်း ကဲ မောင်ရှင်ရေ.. မင်းရမယ့် ဝေစုကို မင်းအမေ ကို ငါတို့ သွားပေးပေးပါမယ်..
ဟုတ်ကဲ့ပါ ..
ကိုဖိုးလှ .. ကိုဖိုးလှ တစ်ယောက် မောင်ရှင်ခေါ်နေတာကို ကြားရဲ့သားနဲ့ မထူးနိုင် ..
ရင်ထဲမှာ တစ်စို့နေလေသည်.. စိုရွှဲနေသည် မျက်ဝန်းအိမ်က မျက်ရည် စတွေ လက်ဖမိုး ကနေသုတ်ရင်း
အမေ့ကိုသေချာ ပြောပြလိုက်ပါကွာ… အမေ မျှော်နေမှာစိုးတယ်..

ကောင်းပါပြီ မင်း အမေကို သေချာ ပြောပြလိုက်ပါမယ်။
လှေသူကြီး လည်း မောင်ရှင်ရေ မင်းတော့ နေခဲ့တော့ကွယ်
ဟုတ်ကဲ့ပါ..
မောင်ရှင်အား ဖောင်ပေါ်သို့ တင်ပေးပြီးနောက်…မြစ်ရေစီးပေါ် စီးမျှော်နေတာ လှေပေါ်မှ ကြည့်ရင်းရင်း ထွက်လို့မရတဲ့ လှေကြီးကလည်း သူ့အလိုလို နေရာရွေ့နေလေတော့သည်..
လှေပေါ်က လူတွေလည်း လှေထွက်ရလို ဝမ်းသာသလို မောင်ရှင်ကျန်ခဲ့လို ဝမ်းနည်းရလေတော့သည်..

မောင်ရှင်ရဲ့ ဖောင်ကိုကြည့်နေရင်းပင် ဖောင်က အလိုလို ပျောက်ကွယ်သွားလေတော့သည်..
ဟာ.. မောင်ရှင် မျက်စိအောက်တွင်ပျောက်သွားတယ်ဟေ့.. အေ..ဟ ဟုတ်တယ်ဟ
တော်တော် ထူးဆန်းတာပဲ
ရေထဲ မြုပ်သွားတာလား.. မဟုတ်ဘူးကွ.. ကြည့်နေရင်းနဲ့ ကို ပျောက်သွားတာ
ဟုတ်တယ်ဟေ့.. တော်တော် ထူးဆန်းတယ်ကွာ..
လှေသူကြီး လည်း ကဲ ကဲ အခုချိန်က စပြီးတော့ သတိနဲ့ နေကြဟေ့

ကံဆိုးသူမောင်ရှင် ဇာတ်သိမ်းပိုင်း

လှေထိုးသားတွေလည်း မြင်းကွင်းအောက်က ပျောက်ကွယ်သွားတဲ့ မောင်ရှင် ကိုကြည့်ရင်းစုပ်တသပ်သပ်..
ဖိုးလှတစ်ယောက်လည်း စိတ်မကောင်းခြင်းများစွာနဲ့မောင်ရှင်ကျန်ခဲတဲ့ အရပ်ဆီကို ငေးမျှော်နေလျက် ရှိနေလေသည်…
နေထိုင်ရာ အရပ်ဒေသ အသီးသီး သို့ ပြန်လည်ရောက်ရှိတဲ့လှေထိုးသားတွေကတော့ မောင်ရှင်အကြောင်းကို ပြောလို့မဆုံး..
တစ်ချို့တွေကလည်း မောင်ရှင်အား သနားစိတ်နဲ့ အတူ ပြောလည်ပြောပြရင်း ဖြင့် အိမ်ပြန်ရောက်လာတဲ့ သူတွေ အဖို ကံကောင်းနေသလို ပြောကြ လေတော့သည်…
ဒေါ်ဖြူ တစ်ယောက် သားအလာကို မျှော်နေလေတော့သည်…
သူများတွေ ပြန်ရောက်ပြီလို့ ပြောသံကြားတယ် .. ငါ့သားလေး မောင်ရှင် ပြန်မရောက်သေးပါလား… မုဆိုးမ မိခင်တစ်ယောက်… အားကိုးစရာဟူ၍ မြူ တစ်မှုံမှမရှိ၍ သား ပြန် ရောက်ချိန်မျှော်မိသလို… အားငယ်စိတ်တွေ ဝင်မိသလို.. သားလေးအားတမ်းတ မိလေသည်..
သြော် သားလေး ရယ် ဖိုးလှ တို့ အိမ်မှာများ နောက်ကျလို့ အိပ်သလားကွယ်..
လှေသူကြီးလည်း မပေါ်လာတော့ပါလား..
အေးလေ… သူတို့ ပင်ပန်းနေလို့ နဲ့ တူပါတယ်..
လည်လာသောမျက်ရည် ကို သားပြန်ရောက်တော့မယ် ဆိုတဲ့ အသိနဲ့ အားတင်းထားရင်း စိုစွတ်လာတဲ့ မျက်ရည်တွေကို မျက်တောင်နဲ့ ပုတ်ခတ်ခတ် လုပ်လိုက်လေသည်..
ငါ ငိုနေလို့လည်း မဖြစ်ပါဘူးလေ.. ငါ့သားလေး လမ်းခရီး မဖြောင့်ဖြူးဘဲ ဖြစ်နေပါမယ်…
ဒီလိုနဲ့ ဒေါ်ဖြူ တစ်ယောက်တည်း သားလေး မရှိတဲ့ ခြောက်သွေ့တဲည တွေ ကိုဖြတ်သန်း ရင်း နောက်တစ်နေ့ မနက်မှာတော့လှေသူကြီး နှင့် ကိုဖိုးလှ တို့ ရောက်လာလေတော့သည်။

ဒေါ်ဖြူ..ဒေါ်ဖြူ… ဟေ
ဖိုးလှနဲ့ လှေသူကြီးတို့ပါလား.. သား..သား လေး ပြန်ရောက်ပြီပေါ့.. သိလိုစိတ်… သားတစ်ယောက်ကို တွေ့မြင်ချင်လိုသောစိတ်.. ဖြင့် အငမ်းမရမေးနေတာကြောင့်
လှေသူကြီးနဲ့ ဖိုးလှ တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက်.. ဖိုးလှက မူ မျက်ရည်ဝဲလျက် ခေါင်းကိုငုံ၍…
ဟင်း.. လို့ သက်ပြင်းလိုက်တဲ့ လှေသူကြီးကြောင့် ဒေါ်ဖြူ တစ်ယောက် သားလေး တစ်ခုခု ဖြစ်နေပြီမလားလို့ မေးလိုက်လေသည်..
လှေသူကြီး ကနေ.. ဒေါ်ဖြူ… ဒါလေး လက်ခံပေးပါ .. ထင်းခုတ်သွားတဲ ထင်းတွေ ကို ရောင်းသင့်တာ ရောင်းပြီး တော့ ဝေစုတွေ ခွဲဝေပေးတာပါ..
လှမ်းယူလိုက်တဲ့ စာအိပ်လေးကို ကိုင်ထားတဲ့ ဒေါ်ဖြူရဲ့လက်က တော်တော်လေး တုန်နေလေသည်..
လှေသူကြီး မျက်နှာမကောင်းပါလား.. ကျမ…ကျမ သားလေးရော…
မောင်ရှင်.. မောင်ရှင် ကလေ.. မိန်းမလှကျွန်းမှာ ကျန်ခဲ့ရတယ်.. လို့ လှေသူကြီး က ပြန်ဖြေလိုက်လေသည်…
ဟင်..ဒေါ်ဖြူ လက်အိပ်ထဲက စာအိပ်လေး ထွက်ကျသွားလေတော့သည်…
လှေသူကြီး က နေ ဒေါ်ဖြူ စိတ်ထိန်းပါဗျာ… ကျွန်တော်လည်း မောင်ရှင်ကို ကျွန်းပေါ်မှာ စောင်းမတီးနဲ့ လို မမှာခဲ့မိဘူး…
သူ က ကျွန်တော်တို့ ထင်းခုတ်သွားတဲ့အချိန်…သူ တိတ်တိတ်လေးယူလာခဲ့တဲ့ စောင်းကိုထုတ်တီးလိုက်တယ်တဲ့ ဗျာ..
ကြားလိုက်ရတဲ့ စကားနဲ့ အတူ သားကို ဆုံးရှူံးလိုက်ရပြီဆိုတဲ့ အသိက ခေါင်းထဲဝင်လာသလို အားကိုးစရာဆိုလို့ မျက်ရည်သာ ကျန်တော့လေသည်…
ကျန်တဲ့ မျက်ရည်တွေ က ငိုမရ.. ရင်ထဲမှာ တင်းကြပ်မွန်းခံနေသည်…
လှေသူကြီး ကလည်း ဒေါ် ဖြူ စိတ်ထိန်းပါ ..
ဖြစ်လာရမယ် ကံကြမ္မာလို့ သာ လက်ခံလိုက်ပါတော့ဗျာ..
ဖိုးလှလည်း ဟုတ်ပါတယ် အန်တီရယ်…
မဖြစ်ချင်ပေမယ့် ကံစီမံရာတိုင်း ဖြစ်ခဲ့ပါပြီ အန်တီရယ်… ဒေါ်ဖြူရဲ့ မျက်ဝန်းအိမ်ထဲက ဆွေးမြေ့ နာကျင် အရိပ်အငွေ့တွေ လွှမ်းမိုးနေလေသည်..
ကျမ လက်မခံနိုင်ဘူး.. မောင်ရှင် က ကျန်ခဲ့တာပဲမလား..
ကျန်ခဲ့ တာ ဆိုတော့ ကျမ ကိုယ်တိုင်သွားရှာချင်ပါတယ်.. ဖိုးလှ ရယ် အဒေါ်ကို လိုက်ပို့ပေးပါလား.. အဒေါ် ကိုယ်တိုင် သားလေး ကို ရှာချင်တယ်…
ဖိုးလှ လည် အဒေါ်ကို ရှာချင်တယ်ဆိုရင်တော့.. ကျွန်တော် လိုက်ခဲ့ပေးပါမယ်…
ဒါဆို မနက်ဖြန် သွားမယ် .. ဟုတ်ကဲ့ပါ အဒေါ်..
လှေသူကြီး က ကျွန်တော်တို့ ပြန်လိုက်ပါအုံးမယ် ..
ကောင်းပါပြီ…ဟု ဒေါ်ဖြူ ပြန်ပြောလိုက်သည်။
ဒေါ်ဖြူ တစ်ယောက် ရင်ထဲမှာ အဆမတန် စို့နင့်နေလေသည်..
မနက်ဖြန် သွားဖို့ အတွက် သားကြိုက်တတ်တဲ့ လက်ဖက်လေးနဲ့ ကွမ်းယာလေး ထုပ်သွားဖို့ ပြင်ဆင်နေမိလေသည်..
နောက်တစ်နေ့ မနက်မိုးလင်းတဲ့ အခါမှာတော့ ဖိုးလှ တစ်ယောက် ရောက်လာလေသည်.. ဒေါ်ဖြူရေ အဆင်သင့် ဖြစ်ပြီလား… ဖိုး လှ နဲ့ ရွာသားနှစ်ယောက် သုံးယောက် ပါလာလေသည်.. ဒေါ်ဖြူလည်း သားဖြစ်သူအတွက် အထုပ်လေးတွေ ယူလာရင်း အိမ်ပေါ်မှ ဆင်းလာပြီးနောက်…
မောင်ရှင်ကျန် ခဲ့တဲ့ ကျွန်းကို စက်လှေနှင့် သွားဖို့ ပြင်ဆင်ကြလေတော့သည်..
ဒီလိုနဲ့ မိန်းမလှ ကျွန်း အနားသို့ ရောက်ခါနီး အချိန်မှာ ဒေါ် ဖြူ တစ်ယောက် ဟင်… ဒီ..ဒီနေရာ က ငါ .. ငါ ရောက်ဖူးနေသလိုပဲ… မောင်ရှင် မသွားခင် ညက အိမ်မက်ကို သတိရပြီ…
အဒေါ်ရေ ရောက်ပါပြီဗျာ..
ဒီလိုနဲ့ မိန်းမလှ ကျွန်းပေါ် ကို ရောက်လာပြီးတော့ ဟုတ်တယ် ဒီနေရာပဲ.. အတိအကျပဲ… ငါအိမ်မက်ထဲက နေရာပါလား…
ငါသားလေး… သားရေ မောင်ရှင်ရေ.. မောင်ရှင်..
ဒေါ် ဖြူ တစ်ယောက် သားဖြစ်သူ ကို အော်ခေါ်ရင်း.. သား ဖြစ်သူအား ရှာဖွေနေလေသည်…
ဖိုးလှ က အဒေါ်ရယ် မောင်ရှင် က ကျွန်းပေါ်မှာ ရှာနေလည်း မရှိပါဘူး… ဖိုးလှ စကားကို ဒေါ် ဖြူ တစ်ယောက်နားမထောင်..
ကျွန်းပေါ်မှာလည်း တော်တော်လေး ကိုတော့ တိတ်ဆိတ်နေလေသည်… ဒေါ်ဖြူတစ်ယောက် ကျွန်းပေါ်မှာ မောင်ရှင်တစ်ယောက် မရပ်မနား အော်ခေါ် သစ်ပင်အကြီး အကွယ် နား အရောက် ဖြူဖြူ အရိပ်အ ငွေ့ကို တွေ့လိုက်ရလေသည်..
ဒေါ်ဖြူ တစ်ယောက် ဟင် ဒီမြုတွေ က ဘယ်က ဘယ်လို ရောက်လာတာပါလိမ့်..
အဖြူရောင် မြူခိုးငွေ့တွေက တဖြည်းဖြည်း ပျောက်ကွယ်လာပြီးနောက် .. မိန်းမပျိုလေးရဲ့အရိပ်တွေ ဝိုး တဝါး ပေါ်လာလေသည်..
ဝိုးတဝါးအရိပ်တွေက.. တဖြည်းဖြည်းနဲ့ ပေါ်လာပြီးတော့ နောက်တွင်လည်းသားမောင်ရှင်ကိုတွေ့လိုက်ရလေသည်.. မောင်ရှင်ရဲ့ ဘေး နှစ်ဖက် မှာ မိန်းမပျိုလေး နှစ်ယောက် က ရပ်နေလေပြီး မိမိကို ကြည့်နေတယ်လို့ ခံစားမိလေသည်..
မိန်းမချောလေး ယောက်နဲ့အတူ.. မြူမှုန်များ ပျောက်ကွယ်ပြီး ဘာမှ မရှိတော့ပေ.. မောင်ရှင်ရေ သား..သား.. ဘယ်မှာလဲကွယ် အမေ့ ရင်မှာမီးတောက်နေပါပြီကွယ်… အီး..ဟီးး..ဟီး… အမေ့သားလေးကို လက်လွတ်ဆုံးရှူံး ခံရပြီ…
ဖိုးလှတို့လည်း ရောက်အလာ… ဖိုးလှ ငါ..ငါ သားလေး ဘယ်လိုသေရတာလဲ..
လှေထွက်မရလို့ လူတစ်ယောက်စတေးဖို့ အတွက်… မဲ သုံးကြိမ်နှိုက်တဲ့အခါမှာ.. မောင်ရှင်က ကံဆိုးစွာနဲ့ ကျခဲ့တယ်.. ဒါနဲ့ပဲ သူ့ကို စတေး လိုက်ပြီ ရေထဲမှာချခဲ့လိုက်တာပါ..
ဖိုးလှ အသံကြောင့် ဒေါ်ဖြူတစ်ယောက်ပူဆွေးမူ့ ကြောင့် မေ့လဲကျသွားလေတော့သည်…

ဒေါ်ဖြူလည် နေထိုင်ရာအရပ်သို့ ပြန်ရောက်ပြီနောက် ပင်လယ်စပ်အနီးသို့ သားကြိုက်တတ်တဲ့ ကောက်ညှင်း.. လက်ဖက်.. ကွမ်းယာတွေကို အမြဲလိုလို သွားထားလေ့ရှိသည်..

တချို့တွေကလည်း မောင်ရှင်က ကမ်းခြေစပ်နားသို့ ဖောင်စီးလာပြီး.. ဒေါ်ဖြူတစ်ယောက် အားလာတွေ့လေ့ရှိသည်ဟု ပြောလေ့ ရှိလေသည်..
ဒေါ်ဖြူတစ်ယောက် ကံကြမ္မာအခြေအနေ ပြောင်းလဲ လာခဲ့ပြီးနောက်… စီးပွားရေး လေး အဆင်ပြေလာသည်. ဒေါ်ဖြူ ဘာလုပ်လုပ် အရောင်းအဝယ်ကောင်းလာသလို.. စီးပွားရေး လုပ်ငန်း တွေ ချောင်လည်လာလေသည်..
မောင်ရှင်က နတ်စိမ်းဖြစ်သွားတာကြောင့် မောင်ရှင်ကို ပူဇော်ပသသူတွေက စီးပွားရေ ပြေလည်သည်ဟု လူအများယူဆကာ ဒေါ်ဖြူက သားဖြစ်သူမောင်ရှင်အား ကောက်ညှင်း.. လက်ဖက်.. ကွမ်းယာတွေကို လှူသည့်အတိုင်း ရွာအတွင်းရှိ လူတွေ ကလည်း မောင်ရှင်အား ကပ်လှူရင်းစီးပွားချောင်လည်ကြသည်..
ယနေ့တိုင်ရေငံပိုင် ဦးရှင်ကြီး အဖြစ် ကပ်လှူ ကြသည်ကိုလည်း တွေ့ မြင်ရပါတော့သည်..

ပြီးပါပြီ

Like & Share ပေးသွားကြပါခင်ဗျ

မူရင်း-ဆရာမြသန်းတင်