ရေတွင်းပျက်ကြီးမှခေါ်သံ
အောင်ဓူဝံ
==================
“က်ျီ တီ တီ ”
ကားဟွန်းသံနှင့်အတူခြံကြီးရှေ့သို့ ကားရပ်လိုက်
သည်နှင့်ခြံစောင့်လူကြီးတစ်ယောက်ထွက်လာပြီး
ခြံတံခါးအားဖွင့်ပေးလိုက်သည်။
ကားပေါ်မှအသက်၂၈နှစ်အရွယ် သူနာပြုဆရာမလေးတစ်ယောက်အထုတ်အပိုးများဖြင့်မနိုင်မနင်းဆင်းလာသည်ကို
ခြံစောင့်ကြီးမြင်လိုက်၍
“ဆရာမလေး အိတ်ကျွန်တော့်ကိုပေးပါ”
“သြော် ဟုတ်ကဲ့ရှင့်ကျေးဇူးပါ”
ဆရာမလေးကခြံစောင့်ကြီးအားလက်ထဲမှ
အိတ်အားကမ်းပေးလိုက်လေသည်။
“ဆရာမလေး ကျွန်တော့်နောက်ကလိုက်ခဲ့ပါ”
ခြံစောင့်ကြီးခေါ်ဆောင်ရာနောက်သို့
သူနာပြုဆရာမလေးလည်းလိုက်ပါသွားသည်။
ကြီးမားတဲ့တိုက်ကြီးထဲခေါ်ဆောင်သွားပြီး
အပေါ်ထပ်အခန်းတစ်ခန်းထဲသို့ရောက်လာ
ခဲ့သည်။
အခန်းထဲကုတင်ပေါ်ရှိလူတစ်ယောက်
လဲလျောင်းနေသည်ကိုမြင်လိုက်ရသည်။
ကုတင်နံဘေးမှာလည်းဝှီးချဲထိုင်ခုံကိုလည်း
မြင်နေရသည်။
“ဆရာကြီး ဆရာခေါ်ခိုင်းထားတဲ့
သူနာပြု ဆရာမလေးရောက်လာပါပြီခင်ဗျ”
“အင်း”
ကုတင်ပေါ်ရှိအသက်၅၀ကျော်အရွယ်လူကြီးက
“အင်း”ဟုတစ်လုံးတည်းသာခြံစောင့်ကြီးအား
ပြောလိုက်ပေသည်။
ပြီးနောက်ခြံစောင့်ကြီးက သူနာပြုဆရာမလေးအား
အခန်းအပြင်ဘက်ခေါ်လာပြီး
“ဆရာမလေးမြင်တဲ့အတိုင်းပါပဲဗျာ
ကျွန်တော်တို့ဆရာကြီးက လွန်ခဲ့တဲ့၂လလောက်ကတည်းကလေဖြတ်ပြီး
ကုတင်ပေါ်လဲနေတာအခုချိန်ထိပဲဆိုပါတော့
အရင်ကတော့တခြားဆရာမတစ်ယောက်ကို
ခေါ်ခဲ့ဖူးပါတယ် နောက်အဲ့ဒီဆရာမလည်း
ထွက်သွားတယ်လေ ကျွန်တော်တစ်ယောက်တည်းဆိုတော့
ဆရာကြီးကိုပြုစုဖို့ကမနိုင်ဘူး အိမ်အတွက်လုပ်ရ
ချက်ရပြုတ်ရနဲ့ဆိုတော့ ဆရာကြီးကိုတိုင်ပင်ပြီး
သူနာပြုဆရာမတစ်ယောက်ထပ်ခေါ်လိုက်ရတာ
အခုလည်းဆရာကြီးကစကားလည်းကောင်း
ကောင်းမပြောနိုင်သေးဘူး အကောင်းဆုံးအတော်ဆုံးဆရာဝန်တွေ
ဆေးရုံဆေးခန်းတွေလည်းပြပြီးပါပြီ
ဒါပေမယ့်အခြေအနေကထူးခြားမလားဘူး
ဖြစ်နေတယ်ဗျာဒါကြောင့်ဆရာမလေးကိုပဲ
အနီးကပ်ပြုစုစောင့်ရှောက်ပေးပါလို့ပြောပါရစေ”
“ဒါမျိုးကဖြစ်တတ်ပါတယ်ရှင် ကျွန်မအတတ်နိုင်ဆုံးပြုစုပေးသွားမှာပါ
ဒါနဲ့ဒီအိမ်ကြီးမှာ ဦးလေးနဲ့သူ၂ယောက်တည်းရှိတာလား”
“အင်း အရင်ကတော့လူတွေအများကြီးရှိခဲ့ပါတယ်
ဟောဟိုကဓာတ်ပုံထဲကမိသားစု3ယောက်
တွေ့တယ်မလား သူတို့ကဒီအိမ်ကြီးရဲ့ပိုင်ရှင်တွေ
ပေါ့”
“အခုသူတို့က ဘယ်မှာနေလို့လည်း”
“သူတို့မရှိကြတော့ဘူး ဆရာမလေး
မိဘနှစ်ပါးကတော့ကားမှောက်ပြီး
ကွယ်လွန်သွားကြသလို ကျန်နေတဲ့သမီးကလည်းသိပ်မကြာပါဘူး
သူတို့မိဘနှစ်ပါးနောက်ကိုလိုက်သွားကြလေရဲ့”
“သူကဘယ်လိုသေသွားတာလဲဟင်
ငယ်ငယ်လေးဆိုတော့နှမြောစရာပဲ”
“သူကတော့ ဟောဒီကဆရာမလေးလိုပဲ
ဆရာဝန်တစ်ယောက်ပေါ့ ကျေးလက်တောရွာ
တွေမှာဆေးလိုက်ကုရင်း တစ်နေ့ငှက်ဖျားပိုး
ဦးနှောက်ထဲဝင်ပြီးဆုံးသွားပြီဆိုတဲ့စာတစ်စောင်
ရောက်လာမှ ဦးတို့လည်းသူသေပြီဆိုတာသိရတာ”
“သနားစရာပါရှင် ဒါနဲ့ စောနက ကုတင်ပေါ်က
လူကြီးနဲ့ ဓာတ်ပုံထဲကမိသားစု၃ယောက်နဲ့က
ဘယ်လိုတော်စပ်ကြတာလဲရှင့်”
“အဲ့ဒီဓာတ်ပုံကြီးထဲက အမျိုးသားနဲ့ကုတင်ပေါ်က
ဆရာနိုင်လင်းနဲ့ကညီအစ်ကိုအရင်းလေ”
“စကားကောင်းနေလိုက်တာရှင် ဦးလေးနာမည်ကို
အခုထိမသိသေးဘူးနော်”
“ဟုတ်ပါ့ ဟုတ်ပါ့ မေ့နေလိုက်တာ
ဦးလေးနာမည်က ဦးဖိုးဝတဲ့ ဆရာကြီး
နာမည်ကဦးနိုင်လင်းတဲ့ မှတ်ထားပေါ့”
“ဟုတ်ကဲ့ ကျွန်မနာမည်က သူဇာလင်းပါ”
“ဆရာမလေးနေဖို့ အခန်းလိုက်ပြပါ့မယ်”
“ဟုတ်”
ခြံစောင့်ကြီးဦးဖိုးဝကဆရာမလေးသူဇာလင်း
နေရန်အောက်ထပ်အခန်းသို့စီစဉ်ပေးလေသည်။
“ဒီအခန်းပါပဲ ဆရာမလေး ကျွန်တော်ဆရာကြီး
အတွက်ချက်ပြုတ်လိုက်ဦးမယ် ဆရာမလေးခဏနားလိုက်ပါဦး”
“ဟုတ်ကဲ့ရှင့်”
ဦးဖိုးဝပြန်သွားတော့ ဆရာမလေးသူဇာလင်းလည်း
အခန်းထဲလှည့်ပတ်ကြည့်ရှုမိသည်။
“အင်း အခန်းကြီးကတော့အကျယ်ကြီးပဲ
ငါ့အတွက်အဆင်ပြေတာထက်ကိုပိုနေပြီ
သူတို့ပေးတဲ့လစာနဲ့အိမ်ကိုကောင်းကောင်း
ထောက်ပံ့နိုင်ပြီလေ မိသူဇာရေ ကြိုးစားထားဟ”
ကိုယ့်ကိုကိုယ် အားပေးရင်း အဝတ်အထည်များအား သူ့နေရာနှင့်သူ
စီရီထားလိုက်တော့သည်။
နံနက်၁၁ထိုးခါနီး သူဇာလင်းလည်း
လေဖြတ်နေသောဦးနိုင်လင်းအတွက်
စားစရာကျွေးရန်အိမ်အပေါ်သို့တက်လာခဲ့တော့
သည်။
“ဒေါက် ဒေါက် ဒေါက် ”
“ဦးလေး ကျွန်မဝင်ခဲ့ပြီနော်”
အခန်းထဲဝင်ခါနီးအသံပေးကာ သူဇာလင်း
အခန်းထဲဝင်လာခဲ့လေသည်။
အခန်းထဲရောက်တော့ ဦးနိုင်လင်းမှာ
ခေါင်းအုံးမှာအမှီပြုရင်းထိုင်နေလေသည်။
“ဦးလေးရှင့် ထမင်းကျွေးဖို့လာခဲ့တာပါ”
ကုတင်ပေါ်မှ ဦးနိုင်လင်းက ခေါင်းပဲအသာညိတ်ပြလိုက်သည်။
ဆရာမလေးသူဇာလင်းလည်းဦးနိုင်လင်းအား
စိတ်ရှည်စွာဖြင့်တစ်ဇွန်းပြီးတစ်ဇွန်း
ခွံ့ကာကျွေးလိုက်လေသည်။
ထမင်းစားပြီးသည့်အခါ ဆေးရုံမှဆရာဝန်ကြီး
ညွှန်းထားသည့်အတိုင်းဆေးများကိုမလွဲမသွေ
တိုက်ပေးလေသည်။
“ဦးလေး စိတ်ပြေလက်ပျောက်ခြံထဲ
ဆင်းမလားရှင့် ”
“အင်း”
“အဲ့ဒါဆို ခဏလေးသည်းခံပြီးစောင့်ပေးပါရှင့်
အိမ်အောက်ထပ်လှေကားကိုဆင်းရမှာဆိုတော့
ဦးဖိုးဝကိုအကူအညီတောင်းရမှာရှင့်”
“အေး”
သူဇာလင်းလည်းအောက်ထပ်သို့ဆင်းလာခဲ့ပြီး
ဦးဖိုးဝအားလိုက်ရှာလိုက်သည်။
“ဦးဖိုးဝ”
“သြော် ဆရာမလေး ဘာကိစ္စရှိလို့လဲမသိဘူး”
“ဟုတ် ဒီလိုပါ ဦးကခြံထဲဆင်းချင်တယ်ဆိုလို့လေ
အပေါ်ထပ်ကနေအောက်ဆင်းရမှာဆိုတော့
ကျွန်မတစ်ယောက်တည်းမနိုင်ဘူးဖြစ်နေတယ်
အဲ့ဒါ ဦးဖိုးဝကိုအကူအညီလာတောင်းတာ
ဦးနိုင်လင်းကဘာလုိ့အောက်ထပ်မှာမနေတာလဲ
မသိဘူး အောက်ထပ်မှာဆိုရင်ခြံထဲသွားရတာ
လွယ်ကူတာပေါ့”
“ဟုတ်တယ် ဆရာမလေးရေ ဆရာက
ဘယ်လိုမှအောက်ထပ်ကိုနေခိုင်းလို့မရဘူးလေ
ဟိုးအရင်ကတည်းကအပေါ်ထပ်မှာပဲ
နေတတ်တာတဲ့လေ ပြောလို့လည်းမရပါဘူး
ဆရာမလေးရယ်”
ဦးဖိုးဝ၏အကူအညီဖြင့် ဦးနိုင်လင်းအား
ဝှီးချဲဖြင့်ခြံထဲဆင်းကာစိတ်ပြေလက်ပျောက်
လိုက်ပို့နိုင်ခဲ့လေသည်။
သူဇာလင်းလည်း ဝှီးချဲအားခြံ၏အနောက်ဘက်သို့
တွန်းရန်ဟန်ပြင်လိုက်စဉ်မှာပင် ဦးနိုင်လင်း၏
မျက်နှာအမူအရာပြောင်းသွားသည်ကို ဆရာမလေး
သူဇာလင်းသတိပြုမိလိုက်သည်။
ဦးနိုင်လင်းကတစ်ခုခုကိုစိုးရိမ်နေဟန်ဖြင့်
ခေါင်းကိုတသွင်သွင်ခါပြနေသည် မျက်လုံးများကလည်းတစ်ခုခုကိုအကြောက်ကြီး
ကြောက်နေသည့်သဘောကိုပြနေသလို
လုံးဝမသွားစေချင်သည့်အဓိပ္ပါယ်ကိုလည်း
ဖော်ဆောင်နေလေသည်။
“ဦးကမသွားချင်ဘူးလားခြံအနောက်ကိုဘက်ကို”
“ဟင့်အင်း”
“သြော် ဟုတ်ကဲ့ရှင့်”
သူဇာလင်းလည်း ဝှီးချဲအားပြန်လှည့်လိုက်ပြီး
ခြံ၏အနောက်ဘက်ဆီသို့ကြည့်လိုက်မိသည်
ခြံရဲ့အနောက်ဘက်တွင်တော့ထွေထွေထူးထူးတော့မရှိပါပဲ ရေတွင်းပျက်ကြီးတစ်ခုနှင့်ဂိုထောင်ကြီးတစ်လုံးကိုသာတွေ့ရလေသည်။
အဘယ်အကြောင်းကြောင့်ဦးနိုင်လင်းတစ်ယောက်
ခြံအနောက်ဘက်ကိုမသွားချင်သလဲဆိုသည်ကို
ဦးနိုင်လင်းသာသိပေလိမ့်မည်၊
သူဇာလင်းလည်းဤကိစ္စကိုစိတ်ထဲကွက်ခနဲ
ဖြစ်သွားမိသည့်အတွက် တစ်ခုခုတော့ ရှိရမည်
ဆိုပြီးတွက်ဆမိလိုက်သည်။
သူဇာလင်းက သူနာပြုမဖြစ်ခင်ကတည်းက
သွက်လက်ထက်မြတ်သလို စပ်စပ်စုစုနိုင်သည့်
အတွက်သူငယ်ချင်းကတောင် စ၃လုံးဟု
စနောက်ခေါ်တတ်ကြသေးသည်။
========================
သူဇာလင်းလည်းဦးနိုင်လင်းအား ခြံထဲဆင်းပြီး
စိတ်ပြေလက်ပျောက်လိုက်ပြပြီး
အိမ်ထဲပြန်ဝင်လာခဲ့တော့သည်။
“ဆရာမလေး ဆရာပင်ပန်းသွားပြီထင်တယ်
အခန်းထဲပြန်ပို့ရအောင်”
“ဟုတ်ကဲ့ ဦးဖိုးဝ လူမမာကိုအားရှိအောင်
ညနေပိုင်းကြက်စွတ်ပြုတ်လေးဖြစ်ဖြစ်
တိုက်ထားချင်တယ် ဦးဖိုးဝ”
“ရစေရမယ် ဦးလေးညနေကြကြည့်
လုပ်လိုက်မယ် ဆရာမလေး”
“ဟုတ်ကဲ့ရှင့်”
ဦးဖိုးဝက ဦးနိုင်လင်းအား အိမ်အပေါ်သို့
ပြန်ပို့နေချိန် သူဇာလင်းတစ်ယောက်
တိုက်နံရံကမိသားစုသုံးယောက်ရိုက်ထားသည့်
ပုံအားအနီးကပ်ရပ်ကြည့်နေမိသည်။
ပုံကခန့်ခန့်ညားညားအမျိုးသားကြီးနှင့်
အင်မတန်မှလှပသောအမျိုးသမီးကြီး၏
အရှေ့တွင်ဖြူဖြူဖွေးဖွေးနဲ့ချစ်စရာကောင်မလေး
တစ်ယောက်ကထိုင်နေလေသည်။
သူဇာလင်းထိုပုံကိုစိုက်ကြည့်နေရင်း
ဓာတ်ပုံထဲမှ မိန်းကလေးမှာ ပြုံးနေရာမှ
တဖြည်းဖြည်း ဝမ်းနည်းကြေကွဲနေသော ပုံစံရုတ်တရက်ပြောင်းသွားလေသည်။
“ဆရာမလေး ”
“ရှင် ရှင် ဟုတ် ဦးဖိုးဝ ”
“ဆရာမလေး ဦးလေးခေါ်လိုက်လို့
လန့်သွားတဲ့ပုံပဲ”
“ဟုတ် ဟုတ်တယ်ရှင့်ဓာတ်ပုံထဲက
ကောင်မလေးကိုစိတ်ဝင်တစားနဲ့
ကြည့်နေတုန်းဦးလေးခေါ်လိုက်လို့
လန့်သွားတာရှင့် ဒါနဲ့ ဦးဖိုးဝကိုကျွန်မမေးစရာရှိတယ်”
“အင်း မေးလေ ဆရာမလေး ဘာမေးမှာလဲ”
“စောနက ဦးနိုင်ကိုခြံထဲဆင်းပြီးလိုက်ပို့တော့
ခြံအနောက်ဘက်ကိုလိုက်ပို့မလို့ဟာကို
ဦးနိုင်ကအကြောက်အကန်ငြင်းနေသလိုပဲ
ခြံအနောက်မှာဘာရှိလို့လဲဟင် ဦးဖိုးဝ”
သူဇာလင်း၏အမေးကြောင့် ဦးဖိုးဝမျက်စိမျက်နှာ
ပျက်သွားသည်ကို သူဇာလင်းသိလိုက်သည်
ဦးဖိုးဝကချက်ချင်းပင်မျက်နှာကိုပြင်လိုက်ပြီး
“သြော် ဒါလားအထွေအထူးတော့မဟုတ်ပါဘူး
ဆရာမလေးရယ် ခြံအနောက်ဘက်မှာမြွေပါးကင်းပါးတွေတအား
ပေါတယ်လေ ဒါကြောင့်ဆရာက မသွားခိုင်းတာပါ
တခြားဘာမှမရှိပါဘူး ဆရာမလေး”
“သြော် ဒီလိုကိုး မသိပါဘူးရှင် ကျွန်မကခြံနောက်ကိုလိုက်ပို့တော့
ဦးနိုင်လင်းကတစ္ဆေသရဲမြင်သလို ထိတ်ထိတ်ပျာပျာ ဖြစ်သွားလို့မေးကြည့်တာပါ”
“ဆရာမလေး ထမင်းစားဖို့မေ့နေပြီထင်တယ်
အချိန်ကနေ့လယ်တောင်ကျော်နေပြီပဲ”
“ဟုတ်ပါ့ရှင် ကျွန်မလည်းမေ့နေလိုက်တာ”
ဦးဖိုးဝစကားလမ်းကြောင်းလွှဲကာ
ပြောလိုက်မှန်းသူဇာလင်းသိပေသည်။
…………………………………
ညနေရောက်တော့ သူဇာလင်းလည်းဦးနိုင်လင်းအား ကြက်စွတ်ပြုတ်
တိုက်ပြီးဆေးပါတိုက်ကာသိပ်ထားလိုက်သည်။
အိမ်အောက်ထပ်ဆင်းလာတော့ ဦးဖိုးဝလည်း
စားပြီးသားအိုးခွက်ပန်းကန်များအားဆေးကြော
နေပေသည်။
“ဦးဖိုးဝ ကျွန်မပါကူဆေးပေးမယ်နော်”
“ဟာ ရပါတယ်ဆရာမလေးရယ် ဆရာမလေးဘာသာ အေးဆေးနေပါကွယ်
ဒါတွေဦးဖိုးဝလုပ်နေကြပါ”
“ဘယ်ဟုတ်မလည်း ဦးဖိုးဝရယ် ကျွန်မက
လူမမာကိုလည်းအရမ်းကြီးကြည့်ရှုနေရတာ
မဟုတ်တော့ အားတဲ့အချိန်လေးကူလုပ်ပေးတာပါ
တကယ်ဆိုရင်ဦးဖိုးဝကမှပိုပြီးပင်ပန်းပါတယ်ရှင်”
“ပြောမရတော့လည်း ဆေးပါဗျာ ဆေးပါ”
“ဒါနဲ့ ကျွန်မကိုဆရာမလေး ဆရာမလေးလို့
မခေါ်ပါနဲ့လားရှင် သူဇာဖြစ်ဖြစ် ခေါ်ကြည့်ပါလား
ကိုယ့်ထက်အသက်ကြီးတဲ့အဖေအရွယ်လောက်ရှိတဲ့သူဆီကဆရာမလေးလို့ခေါ်ခံရတာ
နားထဲမှာကန့်လန့်ကြီးဖြစ်နေသလိုပဲ”
“ဘယ်ဟုတ်မလဲ ဆရာမလေးရယ်
ဆရာမလေးကသူနာပြုလေလူတစ်ယောက်ရဲ့
အသက်ကိုကယ်တင်နေကြတဲ့သူတွေလည်းဖြစ် ဦးလေးမတတ်ကျွမ်းတာတွေကိုလည်း
တတ်မြှောက်ထားတယ်မလား ဒါကြောင့်
ဆရာခေါ်ထိုက်လို့ခေါ်တာပေါ့ကွယ်”
“ကျွန်မကတော့ ကိုယ့်မိသားစုလိုရင်းရင်းနှီးနှီးဖြစ်စေချင်လို့ပါ
“ကဲပါ ဆရာမလေးစိတ်သဘောအတိုင်းဆရာမလေးလို့မခေါ်တော့ဘူး
သမီးသူဇာလို့ခေါ်လို့ရတယ်မလား”
“ရပါတယ်ရှင် စိတ်ကြိုက်ခေါ်ပါ”
==================
သူဇာလင်းလည်း ဦးဖိုးဝအားကူညီလုပ်ကိုင်
ပေးပြီးမှထမင်းစားလိုက်တော့သည်။
ထမင်းစားပြီးအချိန်ကိုကြည့်လိုက်တော့
ည၈နာရီကျော်နေပြီဖြစ်၍ ဦးနိုင်လင်းအတွက်
ပေးထားသည့်ဆေးများကိုတိုက်ရန်အတွက်
အိမ်အပေါ်ထပ်သို့တက်လာခဲ့လေသည်။
“ဒေါက် ဒေါက် ဒေါက်”
“ဦးနိုင် ကျွန်မဝင်ခဲ့ပြီရှင့်”
“ဂျောက်”
တံခါးကိုညင်သာစွာဖွင့်ကာ ဦးနိုင်လင်း၏
ကုတင်နားသို့ရောက်လာခဲ့သည်။
လူမမာအားထိုင်လျက်အနေအထားဖြစ်စေရန်
တွဲကူပြီးထိုင်ခိုင်းစေသည်။
ပြီးနောက်ဆေးတိုက်ရလေသည်။
ဦးနိုင်လင်း ဇာတ်ကြောတွေတက်နေရင်
နှိပ်ပေးရဦးမလားရှင့်”
“ဟင့်အင်း”
“ဟုတ်ကဲ့ရှင့်”
ဦးနိုင်လင်းကခေါင်းရမ်းပြသဖြင့်
သူဇာလင်းလည်း လူမမာအားအိပ်ရာထဲပြန်လှဲ
ပေးပြီးအောက်ဆင်းခဲ့လေသည်။
“သမီးသူဇာ အိပ်တော့လေ ပင်ပန်းနေပြီမဟုတ်လား”
“ဟုတ် သူဇာအိပ်တော့မှာပါ ဦးဖိုးဝ”
“အေးအေး ဒါနဲ့ ဦးတစ်ခုလောက်ပြောထားရဦးမယ်’
“ဟုတ်ပြောပါ ဦးဖိုးဝ”
“ဒီလိုကွဲ့ ညရောက်လို့ အိမ်နောက်ဘက်ခြံထဲက
ခေါ်သံလိုလိုကြားရင် သမီးသူဇာလုံးဝထမကြည့်ပါနဲ့”
“ရှင် ဘာဖြစ်လိုလဲ ဦးဖိုးဝ”
“ဒီမေးခွန်းကို ဦးဖိုးဝမဖြေနိုင်ပေမယ့်
သမီးသိထားအောင်လို့ ပြောပြထားတာပါ
ဦးလေးအခုလိုပြောတာ ဆရာကြီးမသိပါစေနဲ့”
“အင်း ဟုတ်ကဲ့ပါ သူဇာမပြောပါဘူး”
“အေးအေး ဦးလည်းအိပ်ဦးမယ်”
ဦးဖိုးဝ ထွက်သွားတော့ သူဇာလင်းလည်း
စဉ်းစားမိသည်။
“ဘာကြောင့်ငါ့ကို ခြံနောက်ဘက်ကခေါ်သံ
ကြားရင်မသွားခိုင်းရတာလဲ ပြီးတော့ သူတို့ပြောတော့ခြံနောက်မှာဘာမှမရှိပါဘူးဆို
အခုကြတော့ခေါ်သံကြားရင်မသွားနဲ့ဆိုတော့
ဧကန္တတစ်ခုခုတော့ကျိန်းသေရှိမှာပဲ
ငါသိအောင်လုပ်ရမယ်”
သူဇာလင်းကသူမရဲ့ဗီဇအတိုင်း သူမသိချင်တာကို
သိလိုက်ရမှကျေနပ်သူဖြစ်သည်။
သူဇာလင်းလည်း အခန်းထဲဝင်ကာ
ဘုရားရှိခိုးလိုက်ပြီး အိပ်ရာပေါ်လှဲအိပ်လိုက်သည်
တနေကုန်ပင်ပန်းထားသမျှခေါင်းအုံးပေါ်
ခေါင်းချလိုက်တယ်ဆိုရင်ပဲ ချက်ချင်းအိပ်ပျော်သွားတော့သည်။
“ကျွန်မကိုကယ်ပါ ကျွန်မကိုသူသတ်ပြီး
ချုပ်နှောင်ထားတယ် ကျွန်မ အခုထိမကျွတ်မလွတ်သေးပါဘူးရှင် ခြံရဲ့အနောက်ဘက်ကရေတွင်းပျက်ကြီးထဲမှာ
ကျွန်မကိုသတ်ပြီးအလောင်းကိုဖွက်ထားတယ်
ကျွန်မကိုကယ်ပေးပါ”
“ဟင်”
သူဇာလင်းလန့်နိုးလာသည် နားထဲမှာ
အိပ်မက်လိုလိုတကယ်လိုလို အမျိုးသမီး
တစ်ယောက်၏အသံကိုကြားလိုက်ရသည်။
“အိပ်မက်မက်တာများလား တကယ်လား
မိန်းကလေးတစ်ယောက်ကအကူအညီ
တောင်းနေတဲ့အသံပဲ ဦးဖိုးဝပြောတဲ့
ညဘက်ခေါ်သံကြားရင်ထမကြည့်နဲ့ဆိုတာ
ဒါကိုပြောတာလား”
သူဇာလင်း၏ခြေလှမ်းများက အခန်းထဲမှထွက်
လိုက်ပြီးခြံ၏အနောက်ဘက်သို့ဦးတည်လိုက်လေသည်။
ခြံစောင့်ကြီးဦးဖိုးဝကတော့ ခေါကနဲအိပ်နေလေပြီ
သူဇာလင်းတစ်ယောက်မရဲတရဲဖြင့် ခြံ၏အနောက်
ဘက်ကရေတွင်းပျက်ကြီးနားရောက်လာခဲ့
လေသည်။
ရေတွင်းထဲသို့ဓာတ်မီးထိုး၍ငုံ့ကြည့်လိုက်သည်။
အမှိုက်များသစ်ရွက်ခြောက်များဖြင့်ပြည့်နေသည်
“ဘာမှရှိမယ့်ပုံပေါ်မပေါ်ပါဘူး ငါနားကြားများ
မှားသလား”
“အဟင့် အဟင့် ဟီး ဟီး ဟီး”
“ဟင် ဘယ်ကငိုသံလဲ”
သူဇာလင်းဓါတ်မီးဖြင့်ထိုးကာ လိုက်လံရှာဖွေမိသည်၊ရေတွင်းပျက်၏အရှေ့ဘက်
ကလာသည့်အသံဖြစ်သည်။
သူဇာလင်းမဝံ့မရဲဖြင့် ရေတွင်း၏အရှေ့ဘက်အား
ရောက်လာလေသည်။
“အောင်မယ်လေး”
မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အသက်ရှူပင်
ရပ်သွားမည့်အလားဖြစ်သွားရလေသည်။
ရေတွင်းဘောင်အားမှီရင်းငိုကြွေးနေသည့်
မိန်းကလေးတစ်ဦးဖြစ်သည်
သူဇာလင်းအားသနားစဖွယ်မျက်နှာဖြင့်
ကြည့်နေလေသည်။
“ကျွန်မကိုကယ်ပါဦးရှင်”
“နင် နင်ကဘယ်သူလဲ”
“ကျွန်မက ဒီအိမ်ကြီးမှာနေတဲ့သူပါ”
“ဒါဆိုနင်ကဒီမှာဘာလာလုပ်နေတာလဲ”
“ကျွန်မကအသတ်ခံရလို့ သေခဲ့ရပြီးပါပြီ
အခုဒီမှာမကျွတ်မလွတ်ပဲရှိနေခဲ့တာနှစ်ချီနေပါပြီရှင်”
“နင့်ကိုဘယ်သူကသတ်တာလဲ”
“လူယုတ်မာဦးလေးပေါ့”
“ဘယ် ဘယ်လိုဦးလေးဟုတ်လား
ငါနားမလည်ဘူးငါ့ကိုအသေးစိတ်ရှင်းပြပါလား”
“ကျွန်မကဒီအိမ်ကြီးရဲ့တစ်ဦးတည်းသော
အမွေဆက်ခံမယ့် သမီးတစ်ယောက်ပါ”
“သြော် ဟိုတိုက်ကြီးထဲကပုံထဲကမင်းကိုး”
“ဟုတ်ပါတယ် အဲ့ဒါကျွန်မနဲ့ဖေဖေမေမေတို့ရဲ့ပုံပါ
တိုက်ကြီးပေါ်မှာအခန့်သားနေနေတဲ့ ဦးနိုင်လင်းဆိုတာကျွန်မဦးလေးအရင်းခေါက်
ခေါက်ပဲ ကျွန်မမိဘတွေကားအက်ဆီးဒင့်ဖြစ်ပြီး
ဆုံးသွားတော့သူရဲ့ဇာတိရုပ်အမှန်တွေပေါ်လာ
တော့တာပါပဲ ကျွန်မမိဘတွေမသေခင်က
ထားခဲ့တဲ့အမွေလွှဲပြောင်းမယ့်စာချုပ်တစ်ခုရှိတယ်
အဲ့ဒီစာချုပ်ထဲမှာ ကျွန်မကိုပိုင်ဆိုင်မှုတွေအားလုံး
လွှဲပြောင်းပေးပြီး ကျန်တဲ့လုပ်ငန်းတွေကိုတော့
ကျွန်မဦးလေးကိုဦးဆောင်ဖို့နဲ့ သူ့အတွက်
ငွေသားကျပ်သိန်း၁၀၀၀လည်းပေးရမယ်ဆိုတဲ့
စည်းကမ်းချက်လည်းပါတယ် ဒါကိုဦးနိုင်လင်းက
မတော်လောဘတက်ပြီး ကျွန်မရမယ့်အမွေတွေအားလုံးကို သူ့တစ်ယောက်တည်းပိုင်ချင်ပြီးကျွန်မကို
အနုကြမ်းစီးပြီးအတင်းလက်မှတ်ထိုးခိုင်းတော့တာပဲရှင်”
(နောက်ကြောင်းပြန်ခြင်း”
“ဒီမယ်ငါ့တူမ ဦးနိုင်ကိုဒီစာချုပ်မှာလက်မှတ်ထိုးပြီး
အမွေတွေအားလုံးလွှဲပြောင်းပေးပါ”
“ဟာ ဒါတော့မဖြစ်နိုင်ဘူး ဦးနိုင်
ဖေဖေနဲ့မေမေက ဦးနိုင်ရသင့်ရထိုက်တဲ့
ငွေတွေလည်းပေးခဲ့ပြီးပြီလေ ဦးနိုင်က
ဘာလို့ထပ်ပြီးကျွန်မရမယ့်အမွေတွေကို
လိုချင်နေရတာလဲ ဦးနိုင် ဦးနိုင်လူကြီးလူကောင်းဆန်ပါ
မဟုတ်ရင်တရားရုံးတက်ရရင်လည်း
ကျွန်မကတက်မှာပဲ”
“ဟား ဟား ဟား ငါ့တူမျကီးက
အသာတကြည်ပြောလို့မရတော့လည်း
ဦးနိုင်ကကြမ်းကြမ်းပဲပြောရမှာပေါ့
ကဲဒီမှာ”
“ဟင် ”
ဦးနိုင်လင်းကဓားဖြင့်လည်ပင်အားထောက်ထား
လိုက်လေသည်။
“ငါ့တူမ မင်းအသေခံမလား အေးအေးဆေးဆေး
လက်မှတ်ထိုးပေးမလား ”
“ရှင် တော်တော်ယုတ်မာတာပဲ ဦးနိုင်လင်း
ကျွေးထားတဲ့လက်ကိုရှင်ကပြန်ကိုက်တဲ့လူပဲ
ဖေဖေကျေးဇူးတွေကို ရှင်ကဒီလိုပြန်ဆပ်မယ်ပေါ့
ဟုတ်လား”
“ကျေးဇူးကချက်စားလို့မရဘူး
မင်းအဖေရဲ့လုပ်ငန်းတွေကိုငါဦးစီးပြီး
လုပ်ပေးခဲ့လို့မင်းတို့ဒီအခြေအနေထိရောက်လာခဲ့
ကြတာမဟုတ်လား ဒီတော့အေးဆေးသာလက်မှတ်ထိုးလိုက်”
“ထိုးမပေးနိုင်ဘူး ”
“အသာတကြည်ပြောမရဘူးလားကွဟင်’
“အ”
ဦးနိုင်လင်းကလက်ထဲမှဓားဖြင့်လည်ပင်အား
ခပ်ကြမ်းကြမ်းဖိချလိုက်ရာ လည်ပင်မှသွေးများ
ကျလာလေသည်။
“နင့်ကိုငါမသတ်ချင်ဘူး လက်မှတ်ထိုးလိုက်အခု”
တူမဖြစ်သူလည်း ကြောက်၍သာလက်မှတ်ထိုး
ပေးလိုက်ရပေမယ့်စိတ်ထဲမှာတော့
မကျေနပ်ပေ။
“ဒီလိုလိမ္မာမှပေါ့ ငါ့တူမကြီးရယ်
ဦးနိုင်ကိုလွှဲပေးလိုက်လည်း သမီးပိုင်သလိုပါပဲ
မဟုတ်ဘူးလား ဟား ဟား ဟား”
“လူယုတ်မာ”
“ခွမ်း”
“အား”
တူမဖြစ်သူက အနီးနားမှ ပန်းအိုးဖြင့်ခေါင်းအား
ရိုက်ချလိုက်ပေသည်။
“နင်ကများငါ့ကိုရိုက်တယ်ပေါ့ သေစမ်း”
“စွတ် စွတ် စွတ်”
“အား အာ့ ”
“ဒုံး”
“ဟင် မမလေး ဘယ်လိုဖြစ်တာလဲ
ဆရာကြီးဘယ်လိုလုပ်တာလဲဗျ”
“ဒီမယ် ဦးဖိုးဝ ဒီကိစ္စကို ခင်ဗျားနှုတ်ပိတ်ထားပါ
ခင်ဗျားကိုထိုက်တန်တဲ့ ပိုက်ဆံအလုံအလောက်
ခင်ဗျားကိုပေးမယ် မဟုတ်ရင်ခင်ဗျားလည်းသေမယ်ဆိုတာ
သိထားပါ”
“ဟုတ် ဟုတ်ကဲ့ ”
“အရင်ဆုံးဒီကောင်မအလောင်းကို
ဖျောက်ပစ်ရမယ် လာကျုပ်နဲ့လိုက်ခဲ့
အလောင်းကိုမခဲ့”
ဦးနိုင်လင်းခြံ၏်နောက်ဘက်သို့ ထွက်လာခဲ့သည်
နောက်မှခြံစောင့်ကြီးဦးဖိုးဝကအလောင်းအား
ထမ်းရင်းလိုက်လာပေသည်။
“အဲ့မှာချထားလိုက် အရင်ဆုံးခင်ဗျားရေတွင်းပျက်ထဲဆင်းပြီး
ကျင်းတူးရမယ် ”
“ဗျာ ဆရာ ဆရာ”
“ဘာမှပြန်မပြောနဲ့ခိုင်းတာပဲလုပ်
မဟုတ်ရင်ခင်ဗျားကျုပ်အကြောင်းသိတယ်မလား”
“ဟုတ် ဟုတ်ကဲ့”
ဦးဖိုးဝတစ်ယောက်ရေတွင်းပျက်ကြီးထဲ
ကြိုးတစ်ချောင်းဖြင့်ဆင်းလိုက်သည်
ရေတွင်းကခမ်းခြောက်နေပြီမို့ အောက်သို့ရောက်တော့ အပေါ်မှဦးနိုင်လင်းက
တူးစရာပစ္စည်များချပေးလေသည်။
“တူးနက်နက်လေးသာတူး”
“ဟုတ်ကဲ့”
အတန်ကြာအောင်တူးပြီးသည်နှင့်အလောင်းအား
အပေါ်မှကြိုးဖြင့်တုတ်ကာခက်ခက်ခဲခဲချပေးပြီး
မြုပ်နှံလိုက်ကြပေသည်။
“ဦးဖိုးဝ ဒီကိစ္စကိုခင်ဗျားနှုတ်လုံပစေ
ကျုပ်ခင်ဗျားအတွက် ထိုက်တန်တဲ့ငွေကို
ပေးမယ်ဗျာ ခင်ဗျားသမီးလေးလည်း ဆေးကုဖို့ငွေလိုနေတယ်မဟုတ်လား”
“ဟုတ်ကဲ့ပါဆရာ ကျွန်တော်ဒီကိစ္စကို
ဘယ်သူ့ကိုမှမပြောပါဘူး”
………………………………
“အဲဒီလိုနဲ့ကျွန်မကိုသတ်ပြီး ဦးနိုင်လင်းနဲ့ဦးဖိုးဝက
ဒီရေတွင်းပျက်ကြီးထဲမှာတိတ်တိတ်လေးမြုပ်နှံ
လိုက်ကြတယ်လေ”
“သြော် ဖြစ်မှဖြစ်ရလေ တော်တော်လူမဆန်တဲ့ဟာတွေ”
“မတော်လောဘနဲ့ရယူထားတဲ့အမွေတွေလည်း
သူ့လက်ထဲမှာကြာကြာမခံခဲ့ပါဘူး အဖေအနှစ်နှစ်အလလကြိုးစားထားတဲ့
လုပ်ငန်းတွေလည်း အခုအရှုံးပေါ်ပြီးပိတ်သိမ်းခဲ့ရပြန်ပြီလေ
သူ့မိုက်ပြစ်နဲ့သူအခုတော့ ဝဋ်လည်ပြီးအိပ်ရာပေါ်မှာ မသွားနိုင်မလာနိုင်
ဖြစ်နေပြီလေ ကျွန်မသူ့ကိုနာကျည်းလွန်းလို့
သတ်ဖို့အကြိမ်ကြိမ်ကြိုးစားပြီးပြီ
ဒါပေမယ့် ကံကြမ္မာကသူ့ဘက်မှာရှိနေတဲ့
အတွက်သူ့ကိုသေအောင်မလုပ်နိုင်ခဲ့ဘူး
သူ့ခြေထောက်၂ချောင်းကိုတော့လမ်းမလျှောက်နိုင်အောင်ကျွန်မဒဏ်ပေးခဲ့တယ်”
“အို သူ့ကိုသတ်ဖို့မလိုပါဘူးလေ
အခုအဖြစ်မှန်ကိုသိနေပြီပဲ
သူ့အတွက်ထိုက်တန်တဲ့ပြစ်ဒဏ်ကို
ပြန်ပေးရတော့မှာပေါ့ စိတ်ချပါ
သူ့အတွက်ထိုက်သင့်တဲ့ဒဏ်ကို
သူပြန်ခံရစေမယ်”
“ဖြစ်နိုင်ရင်ကျွန်မရဲ့အလောင်းကိုပြန်ဖော်ပြီး
သင်္ဂြိုလ်ပေးပါ ဒါမှကျွန်မနောင်ဘဝကူးကောင်း
မြာမလို့ပါ ”
“စိတ်ချ ငါအစွမ်းကုန်ကူညီမယ်
မနက်ဖြန်သက်ဆိုင်ရာကိုတိုင်ကြားပြီး
ဒီမဆန်တဲ့သူတွေကိုဖမ်းခိုင်းပြီး
ထောင်ထဲထည့်ပစ်ရမယ်”
“ကျေးဇူးတင်ပါတယ်ရှင် ဝမ်းသာလိုက်တာ”
“ဒါနဲ့မင်းနာမည်က”
“ကျွန်မနာမည် မိုးသားဖြူ ပါ”
“သြော် မိုးသားဖြူတဲ့လား
နောက်နောင်ဘဝတွေမှာ မင်းဒီလိုအဖြစ်မျိုး
မကြုံပါစေနဲ့လို့ငါဆုတောင်းပေးပါတယ်”
=======================
သူဇာလင်းလည်း တိုက်ထဲပြန်ဝင်လာပြီး
အခန်းထဲဝင်ကာအိပ်ရာပေါ်လှဲနေခဲ့သည်။
စိတ်ကတော့လုံးဝအိပ်ပျော်ပဲ မိုးသားဖြူ၏
သနားစဖွယ်ဘဝဇာတ်ကြောင်းအားစဉ်းစားရင်း
သာမိုးလင်းခဲ့လေသည်။
ကံကြမ္မာက ဦးနိုင်လင်းအားမျက်နှာသာမပေးတော့
ပြီထူးထူးဆန်းဆန်း ဦးနိုင်လင်း၏ လေဖြတ်နေသည့်ခြေထောက်၂ဖက်စလုံး
အကောင်းပကတိပြန်ဖြစ်လာလေသည်။
“ဦးဖိုးဝ ဦးဖိုးဝ”
“ဟာ ဆရာကြီး ပြန်ကောင်းသွားပြီလား”
“အေးကွာ ထူးထူးဆန်းဆန်း ငါမနက်ကပဲ
လုံးဝပြန်ကောင်းသွားပြီဗျာ”
ထိုအချိန်
“သိပ်လည်းပျော်မနေပါနဲ့ ဦးနိုင်လင်း”
“ဟင် ရဲတွေပါလား ဆရာ’
ဦးဖိုးဝလန့်သွားလေသည်။
“ဦးနိုင်လင်းမိုးသားဖြူ ရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီး
တိုင်ကြားမှုလေးတစ်ခုရှိနေတဲ့အတွက် ကျွန်တော်တို့ကိုစစ်ဆေးခွင့်ပြုပါ”
“ဆရာတို့ မှားနေပြီထင်တယ် ကျွန်တော့်တူမက
သူ့ဟာသူရိုးရိုးဆုံးသွားတာလေ ကျွန်တော့်ကို
ဘာကြောင့်စစ်ချင်နေရတာတုံး”
“ဒီမယ် ဦးနိုင်လင်း ရှင်ရှင့်တူမကိုသတ်ပြီး
ခြံနောက်ဖက်ကရေတွင်းပျက်ထဲမှာ
ဦးဖိုးဝနဲ့အတူတူ အလောင်းဖျောက်ခဲ့ကြတယ်မလား’
“ဟင် မင်း မင်း သူဇာလင်းမလား”
“ဟင် ဆရာမလေး”
“ဟုတ်ပါတယ် ကျွန်မသူနာပြုဆရာမလေး
သူဇာလင်းပါပဲ ရှင်တို့ရဲ့ယုတ်မာမှုတွေကို
အတွင်းကျကျသိနေတဲ့သူပေါ့
ကဲ ဆရာတို့ အိမ်နောက်ဘက်ကရေတွင်း
ပျက်ကြီးဆီသွားစစ်ကြည့်ရအောင်”
“လာ ရဲဘော်တို့လိုက်ခဲ့ကြဟေ့ ”
“ဆင်းပြီးတူးကြည့်လိုက်”
“ဟုတ်ကဲ့ ဆရာ”
ရဲများကရေတွင်းပျက်ထဲဆင်းပြီး စစ်ဆေးတူးဖော်ကြရာ မကြာမီတွင်
“တွေ့ ပြီ ဆရာ ဒီမှာအရိုးတွေ”
“အေး သေချာလုပ်ကြ အလောင်းကို
အပေါ်တင်ပြီး အတည်ပြုရမယ်
ဒါမိုးသားဖြူ ရဲ့အလောင်းဟုတ်မဟုတ်ကိုပေါ့”
ဦးနိုင်လင်းနှင့်ဦးဖိုးဝ ချွေးသီးချွေးပေါက်များပင်ကျနေလေသည်။
လင်းသူဇာကတော့အကျေနပ်ကြီးနပ်ကာ
ပြုံးနေမိသည်။
နာရီဝက်ခန့်အကြာမှ အလောင်းအားခက်ခဲစွာ
ရေတွင်းပျက်ကြီးထဲမှပြန်တင်နိုင်ခဲ့သည်။
ရဲများကအလောင်းအားစစ်ဆေးကြတော့
မိုးသားဖြူ ၏ကိုယ်ခန္ဓာဖြစ်ကြောင်းအတည်ပြု
နိုင်ခဲ့လေသည်။
(မှတ်ချက်စာရေးသူမှာစာရှည်သွားမှာစိုးတဲ့
အတွက်ကြောင့်လိုရင်းရောက်အောင်ပဲ
ရေးလိုက်ပါသည်)
“ကဲ ဦးနိုင်လင်း ခင်ဗျားဘာငြင်းချင်သေးလည်း”
“ကျွန်တော် ဘာမှမငြင်းချင်တော့ပါဘူးဆရာ
ကျွန်တော့်ရဲ့ လောဘတွေကြောင့် မကြံကောင်း
မလုပ်ကောင်းတာတွေကိုလုပ်ခဲ့မိတာပါ
ကျွန်တော့်မှာအပြစ်ရှိပါတယ်ကျွန်တော့်ကို
ဖမ်းနိုင်ပါတယ်”
“ကျွန်တော်လည်းအတူတူပါပဲ
မိုးသားဖြူလေးအသတ်ခံရတာသိသိရက်နဲ့
ရေငုံနှုတ်ပိတ်ပြီး အလောင်းကိုအစဖျောက်
ပစ်ခဲ့မိပါတယ် ကျွန်တော့်ကိုလည်းဖမ်းပါခင်ဗျာ”
“အခုလိုကိုယ့်အပြစ်ကိုယ်ဝန်ခံတာ ကောင်းပါတယ်
ကဲမသူဇာကျွန်တော်တို့ကိုခွင့်ပြုပါဦး”
“ဟုတ်ကဲ့ကောင်းပါပြီရှင်”
…………………………………………
မတော်လောဘကြောင့် အမှားလုပ်ခဲ့မိသည့်
ဦးနိုင်လင်းနှင့်အလောင်းဖျောက်သည့်ကိစ္စမှာပါ
ပါဝင်ကူညီခဲ့တဲ့ ဦးဖိုးဝကိုပါ တရားရုံးတော်က
ထိုက်တန်တဲ့အပြစ်ဒဏ်များလည်းပေးအပ်ခဲ့လေ
သည်။
မိုးသားဖြူ၏အလောင်းကိုလည်း ကောင်းမွန်စွာ
သင်္ဂြိုလ်ပေးနိုင်ခဲ့ပြီး မိုးသားဖြူအတွက်
ကောင်းမှုကုသိုလ်တွေလည်း သူဇာလင်းမှ
ပြုလုပ်ပေးကာအမျှအတန်းပေးဝေနိုင်ခဲ့လေသည်။
“မိုးသားဖြူ တစ်ယောက်နောင်ဘဝတွေမှာ
သာယာလှပတဲ့ဘဝလေးကိုပိုင်ဆိုင်ပါစေလို့
ငါဆုတောင်းပါတယ်ဟာ”
ဘယ်အရာပဲဖြစ်ဖြစ် ကိုယ်မရသင့်မယူသင့်တာကို
မတော်လောဘတက်ကာယူမိရင်တော့
မည်သူမှဇာတ်သိမ်းကောင်းမှာမဟုတ်သလို
ဘယ်စည်းစိမ်ဥစ္စာမှလည်းတည်မြဲလိမ့်
မည်မဟုတ်ပေ။
(စာကြွင်း)ကျွန်တော်အစက သူနာပြုဆရာမလေးရောက်ပြီး
၂လလောက်နေမှအမှုမှန်ဖော်မလို့ပါ
ဒါပေမယ့်ရေးရင်းမျက်လုံးကစပ်လာတာနဲ့
အမြန်သိမ်းလိုက်မိတာဖတ်ရတာပေါ့သွားရင်
တောင်းပန်ပါတယ်ဗျ.
ပြီးပါပြီ……
ဇာတ်လမ်းလေးကိုကြိုက်နှစ်သက်ရင်
Likeလေးနှိပ်ပြီးအားပေးသွားနော်
#အောင်ဓူဝံ
#လေးစားစွာcreditပေးပါသည်
ေရတြင္းပ်က္ႀကီးမွေခၚသံ_-_ေအာင္ဓူဝံ
==================
“က္်ီ တီ တီ ”
ကားဟြန္းသံႏွင့္အတူၿခံႀကီးေရွ႕သို႔ ကားရပ္လိုက္
သည္ႏွင့္ၿခံေစာင့္လူႀကီးတစ္ေယာက္ထြက္လာၿပီး
ၿခံတံခါးအားဖြင့္ေပးလိုက္သည္။
ကားေပၚမွအသက္၂၈ႏွစ္အ႐ြယ္ သူနာျပဳဆရာမေလးတစ္ေယာက္အထုတ္အပိုးမ်ားျဖင့္မႏိုင္မနင္းဆင္းလာသည္ကို
ၿခံေစာင့္ႀကီးျမင္လိုက္၍
“ဆရာမေလး အိတ္ကြၽန္ေတာ့္ကိုေပးပါ”
“ေၾသာ္ ဟုတ္ကဲ့ရွင့္ေက်းဇူးပါ”
ဆရာမေလးကၿခံေစာင့္ႀကီးအားလက္ထဲမွ
အိတ္အားကမ္းေပးလိုက္ေလသည္။
“ဆရာမေလး ကြၽန္ေတာ့္ေနာက္ကလိုက္ခဲ့ပါ”
ၿခံေစာင့္ႀကီးေခၚေဆာင္ရာေနာက္သို႔
သူနာျပဳဆရာမေလးလည္းလိုက္ပါသြားသည္။
ႀကီးမားတဲ့တိုက္ႀကီးထဲေခၚေဆာင္သြားၿပီး
အေပၚထပ္အခန္းတစ္ခန္းထဲသို႔ေရာက္လာ
ခဲ့သည္။
အခန္းထဲကုတင္ေပၚရွိလူတစ္ေယာက္
လဲေလ်ာင္းေနသည္ကိုျမင္လိုက္ရသည္။
ကုတင္နံေဘးမွာလည္းဝွီးခ်ဲထိုင္ခုံကိုလည္း
ျမင္ေနရသည္။
“ဆရာႀကီး ဆရာေခၚခိုင္းထားတဲ့
သူနာျပဳ ဆရာမေလးေရာက္လာပါၿပီခင္ဗ်”
“အင္း”
ကုတင္ေပၚရွိအသက္၅၀ေက်ာ္အ႐ြယ္လူႀကီးက
“အင္း”ဟုတစ္လုံးတည္းသာၿခံေစာင့္ႀကီးအား
ေျပာလိုက္ေပသည္။
ၿပီးေနာက္ၿခံေစာင့္ႀကီးက သူနာျပဳဆရာမေလးအား
အခန္းအျပင္ဘက္ေခၚလာၿပီး
“ဆရာမေလးျမင္တဲ့အတိုင္းပါပဲဗ်ာ
ကြၽန္ေတာ္တို႔ဆရာႀကီးက လြန္ခဲ့တဲ့၂လေလာက္ကတည္းကေလျဖတ္ၿပီး
ကုတင္ေပၚလဲေနတာအခုခ်ိန္ထိပဲဆိုပါေတာ့
အရင္ကေတာ့တျခားဆရာမတစ္ေယာက္ကို
ေခၚခဲ့ဖူးပါတယ္ ေနာက္အဲ့ဒီဆရာမလည္း
ထြက္သြားတယ္ေလ ကြၽန္ေတာ္တစ္ေယာက္တည္းဆိုေတာ့
ဆရာႀကီးကိုျပဳစုဖို႔ကမႏိုင္ဘူး အိမ္အတြက္လုပ္ရ
ခ်က္ရျပဳတ္ရနဲ႔ဆိုေတာ့ ဆရာႀကီးကိုတိုင္ပင္ၿပီး
သူနာျပဳဆရာမတစ္ေယာက္ထပ္ေခၚလိုက္ရတာ
အခုလည္းဆရာႀကီးကစကားလည္းေကာင္း
ေကာင္းမေျပာႏိုင္ေသးဘူး အေကာင္းဆုံးအေတာ္ဆုံးဆရာဝန္ေတြ
ေဆး႐ုံေဆးခန္းေတြလည္းျပၿပီးပါၿပီ
ဒါေပမယ့္အေျခအေနကထူးျခားမလားဘူး
ျဖစ္ေနတယ္ဗ်ာဒါေၾကာင့္ဆရာမေလးကိုပဲ
အနီးကပ္ျပဳစုေစာင့္ေရွာက္ေပးပါလို႔ေျပာပါရေစ”
“ဒါမ်ိဳးကျဖစ္တတ္ပါတယ္ရွင္ ကြၽန္မအတတ္ႏိုင္ဆုံးျပဳစုေပးသြားမွာပါ
ဒါနဲ႔ဒီအိမ္ႀကီးမွာ ဦးေလးနဲ႔သူ၂ေယာက္တည္းရွိတာလား”
“အင္း အရင္ကေတာ့လူေတြအမ်ားႀကီးရွိခဲ့ပါတယ္
ေဟာဟိုကဓာတ္ပုံထဲကမိသားစု3ေယာက္
ေတြ႕တယ္မလား သူတို႔ကဒီအိမ္ႀကီးရဲ႕ပိုင္ရွင္ေတြ
ေပါ့”
“အခုသူတို႔က ဘယ္မွာေနလို႔လည္း”
“သူတို႔မရွိၾကေတာ့ဘူး ဆရာမေလး
မိဘႏွစ္ပါးကေတာ့ကားေမွာက္ၿပီး
ကြယ္လြန္သြားၾကသလို က်န္ေနတဲ့သမီးကလည္းသိပ္မၾကာပါဘူး
သူတို႔မိဘႏွစ္ပါးေနာက္ကိုလိုက္သြားၾကေလရဲ႕”
“သူကဘယ္လိုေသသြားတာလဲဟင္
ငယ္ငယ္ေလးဆိုေတာ့ႏွေျမာစရာပဲ”
“သူကေတာ့ ေဟာဒီကဆရာမေလးလိုပဲ
ဆရာဝန္တစ္ေယာက္ေပါ့ ေက်းလက္ေတာ႐ြာ
ေတြမွာေဆးလိုက္ကုရင္း တစ္ေန႔ငွက္ဖ်ားပိုး
ဦးေႏွာက္ထဲဝင္ၿပီးဆုံးသြားၿပီဆိုတဲ့စာတစ္ေစာင္
ေရာက္လာမွ ဦးတို႔လည္းသူေသၿပီဆိုတာသိရတာ”
“သနားစရာပါရွင္ ဒါနဲ႔ ေစာနက ကုတင္ေပၚက
လူႀကီးနဲ႔ ဓာတ္ပုံထဲကမိသားစု၃ေယာက္နဲ႔က
ဘယ္လိုေတာ္စပ္ၾကတာလဲရွင့္”
“အဲ့ဒီဓာတ္ပုံႀကီးထဲက အမ်ိဳးသားနဲ႔ကုတင္ေပၚက
ဆရာႏိုင္လင္းနဲ႔ကညီအစ္ကိုအရင္းေလ”
“စကားေကာင္းေနလိုက္တာရွင္ ဦးေလးနာမည္ကို
အခုထိမသိေသးဘူးေနာ္”
“ဟုတ္ပါ့ ဟုတ္ပါ့ ေမ့ေနလိုက္တာ
ဦးေလးနာမည္က ဦးဖိုးဝတဲ့ ဆရာႀကီး
နာမည္ကဦးႏိုင္လင္းတဲ့ မွတ္ထားေပါ့”
“ဟုတ္ကဲ့ ကြၽန္မနာမည္က သူဇာလင္းပါ”
“ဆရာမေလးေနဖို႔ အခန္းလိုက္ျပပါ့မယ္”
“ဟုတ္”
ၿခံေစာင့္ႀကီးဦးဖိုးဝကဆရာမေလးသူဇာလင္း
ေနရန္ေအာက္ထပ္အခန္းသို႔စီစဥ္ေပးေလသည္။
“ဒီအခန္းပါပဲ ဆရာမေလး ကြၽန္ေတာ္ဆရာႀကီး
အတြက္ခ်က္ျပဳတ္လိုက္ဦးမယ္ ဆရာမေလးခဏနားလိုက္ပါဦး”
“ဟုတ္ကဲ့ရွင့္”
ဦးဖိုးဝျပန္သြားေတာ့ ဆရာမေလးသူဇာလင္းလည္း
အခန္းထဲလွည့္ပတ္ၾကည့္ရႈမိသည္။
“အင္း အခန္းႀကီးကေတာ့အက်ယ္ႀကီးပဲ
ငါ့အတြက္အဆင္ေျပတာထက္ကိုပိုေနၿပီ
သူတို႔ေပးတဲ့လစာနဲ႔အိမ္ကိုေကာင္းေကာင္း
ေထာက္ပံ့ႏိုင္ၿပီေလ မိသူဇာေရ ႀကိဳးစားထားဟ”
ကိုယ့္ကိုကိုယ္ အားေပးရင္း အဝတ္အထည္မ်ားအား သူ႔ေနရာႏွင့္သူ
စီရီထားလိုက္ေတာ့သည္။
နံနက္၁၁ထိုးခါနီး သူဇာလင္းလည္း
ေလျဖတ္ေနေသာဦးႏိုင္လင္းအတြက္
စားစရာေကြၽးရန္အိမ္အေပၚသို႔တက္လာခဲ့ေတာ့
သည္။
“ေဒါက္ ေဒါက္ ေဒါက္ ”
“ဦးေလး ကြၽန္မဝင္ခဲ့ၿပီေနာ္”
အခန္းထဲဝင္ခါနီးအသံေပးကာ သူဇာလင္း
အခန္းထဲဝင္လာခဲ့ေလသည္။
အခန္းထဲေရာက္ေတာ့ ဦးႏိုင္လင္းမွာ
ေခါင္းအုံးမွာအမွီျပဳရင္းထိုင္ေနေလသည္။
“ဦးေလးရွင့္ ထမင္းေကြၽးဖို႔လာခဲ့တာပါ”
ကုတင္ေပၚမွ ဦးႏိုင္လင္းက ေခါင္းပဲအသာညိတ္ျပလိုက္သည္။
ဆရာမေလးသူဇာလင္းလည္းဦးႏိုင္လင္းအား
စိတ္ရွည္စြာျဖင့္တစ္ဇြန္းၿပီးတစ္ဇြန္း
ခြံ႕ကာေကြၽးလိုက္ေလသည္။
ထမင္းစားၿပီးသည့္အခါ ေဆး႐ုံမွဆရာဝန္ႀကီး
ၫႊန္းထားသည့္အတိုင္းေဆးမ်ားကိုမလြဲမေသြ
တိုက္ေပးေလသည္။
“ဦးေလး စိတ္ေျပလက္ေပ်ာက္ၿခံထဲ
ဆင္းမလားရွင့္ ”
“အင္း”
“အဲ့ဒါဆို ခဏေလးသည္းခံၿပီးေစာင့္ေပးပါရွင့္
အိမ္ေအာက္ထပ္ေလွကားကိုဆင္းရမွာဆိုေတာ့
ဦးဖိုးဝကိုအကူအညီေတာင္းရမွာရွင့္”
“ေအး”
သူဇာလင္းလည္းေအာက္ထပ္သို႔ဆင္းလာခဲ့ၿပီး
ဦးဖိုးဝအားလိုက္ရွာလိုက္သည္။
“ဦးဖိုးဝ”
“ေၾသာ္ ဆရာမေလး ဘာကိစၥရွိလို႔လဲမသိဘူး”
“ဟုတ္ ဒီလိုပါ ဦးကၿခံထဲဆင္းခ်င္တယ္ဆိုလို႔ေလ
အေပၚထပ္ကေနေအာက္ဆင္းရမွာဆိုေတာ့
ကြၽန္မတစ္ေယာက္တည္းမႏိုင္ဘူးျဖစ္ေနတယ္
အဲ့ဒါ ဦးဖိုးဝကိုအကူအညီလာေတာင္းတာ
ဦးႏိုင္လင္းကဘာလုိ႔ေအာက္ထပ္မွာမေနတာလဲ
မသိဘူး ေအာက္ထပ္မွာဆိုရင္ၿခံထဲသြားရတာ
လြယ္ကူတာေပါ့”
“ဟုတ္တယ္ ဆရာမေလးေရ ဆရာက
ဘယ္လိုမွေအာက္ထပ္ကိုေနခိုင္းလို႔မရဘူးေလ
ဟိုးအရင္ကတည္းကအေပၚထပ္မွာပဲ
ေနတတ္တာတဲ့ေလ ေျပာလို႔လည္းမရပါဘူး
ဆရာမေလးရယ္”
ဦးဖိုးဝ၏အကူအညီျဖင့္ ဦးႏိုင္လင္းအား
ဝွီးခ်ဲျဖင့္ၿခံထဲဆင္းကာစိတ္ေျပလက္ေပ်ာက္
လိုက္ပို႔ႏိုင္ခဲ့ေလသည္။
သူဇာလင္းလည္း ဝွီးခ်ဲအားၿခံ၏အေနာက္ဘက္သို႔
တြန္းရန္ဟန္ျပင္လိုက္စဥ္မွာပင္ ဦးႏိုင္လင္း၏
မ်က္ႏွာအမူအရာေျပာင္းသြားသည္ကို ဆရာမေလး
သူဇာလင္းသတိျပဳမိလိုက္သည္။
ဦးႏိုင္လင္းကတစ္ခုခုကိုစိုးရိမ္ေနဟန္ျဖင့္
ေခါင္းကိုတသြင္သြင္ခါျပေနသည္ မ်က္လုံးမ်ားကလည္းတစ္ခုခုကိုအေၾကာက္ႀကီး
ေၾကာက္ေနသည့္သေဘာကိုျပေနသလို
လုံးဝမသြားေစခ်င္သည့္အဓိပၸါယ္ကိုလည္း
ေဖာ္ေဆာင္ေနေလသည္။
“ဦးကမသြားခ်င္ဘူးလားၿခံအေနာက္ကိုဘက္ကို”
“ဟင့္အင္း”
“ေၾသာ္ ဟုတ္ကဲ့ရွင့္”
သူဇာလင္းလည္း ဝွီးခ်ဲအားျပန္လွည့္လိုက္ၿပီး
ၿခံ၏အေနာက္ဘက္ဆီသို႔ၾကည့္လိုက္မိသည္
ၿခံရဲ႕အေနာက္ဘက္တြင္ေတာ့ေထြေထြထူးထူးေတာ့မရွိပါပဲ ေရတြင္းပ်က္ႀကီးတစ္ခုႏွင့္ဂိုေထာင္ႀကီးတစ္လုံးကိုသာေတြ႕ရေလသည္။
အဘယ္အေၾကာင္းေၾကာင့္ဦးႏိုင္လင္းတစ္ေယာက္
ၿခံအေနာက္ဘက္ကိုမသြားခ်င္သလဲဆိုသည္ကို
ဦးႏိုင္လင္းသာသိေပလိမ့္မည္၊
သူဇာလင္းလည္းဤကိစၥကိုစိတ္ထဲကြက္ခနဲ
ျဖစ္သြားမိသည့္အတြက္ တစ္ခုခုေတာ့ ရွိရမည္
ဆိုၿပီးတြက္ဆမိလိုက္သည္။
သူဇာလင္းက သူနာျပဳမျဖစ္ခင္ကတည္းက
သြက္လက္ထက္ျမတ္သလို စပ္စပ္စုစုႏိုင္သည့္
အတြက္သူငယ္ခ်င္းကေတာင္ စ၃လုံးဟု
စေနာက္ေခၚတတ္ၾကေသးသည္။
========================
သူဇာလင္းလည္းဦးႏိုင္လင္းအား ၿခံထဲဆင္းၿပီး
စိတ္ေျပလက္ေပ်ာက္လိုက္ျပၿပီး
အိမ္ထဲျပန္ဝင္လာခဲ့ေတာ့သည္။
“ဆရာမေလး ဆရာပင္ပန္းသြားၿပီထင္တယ္
အခန္းထဲျပန္ပို႔ရေအာင္”
“ဟုတ္ကဲ့ ဦးဖိုးဝ လူမမာကိုအားရွိေအာင္
ညေနပိုင္းၾကက္စြတ္ျပဳတ္ေလးျဖစ္ျဖစ္
တိုက္ထားခ်င္တယ္ ဦးဖိုးဝ”
“ရေစရမယ္ ဦးေလးညေနၾကၾကည့္
လုပ္လိုက္မယ္ ဆရာမေလး”
“ဟုတ္ကဲ့ရွင့္”
ဦးဖိုးဝက ဦးႏိုင္လင္းအား အိမ္အေပၚသို႔
ျပန္ပို႔ေနခ်ိန္ သူဇာလင္းတစ္ေယာက္
တိုက္နံရံကမိသားစုသုံးေယာက္႐ိုက္ထားသည့္
ပုံအားအနီးကပ္ရပ္ၾကည့္ေနမိသည္။
ပုံကခန္႔ခန္႔ညားညားအမ်ိဳးသားႀကီးႏွင့္
အင္မတန္မွလွပေသာအမ်ိဳးသမီးႀကီး၏
အေရွ႕တြင္ျဖဴျဖဴေဖြးေဖြးနဲ႔ခ်စ္စရာေကာင္မေလး
တစ္ေယာက္ကထိုင္ေနေလသည္။
သူဇာလင္းထိုပုံကိုစိုက္ၾကည့္ေနရင္း
ဓာတ္ပုံထဲမွ မိန္းကေလးမွာ ၿပဳံးေနရာမွ
တျဖည္းျဖည္း ဝမ္းနည္းေၾကကြဲေနေသာ ပုံစံ႐ုတ္တရက္ေျပာင္းသြားေလသည္။
“ဆရာမေလး ”
“ရွင္ ရွင္ ဟုတ္ ဦးဖိုးဝ ”
“ဆရာမေလး ဦးေလးေခၚလိုက္လို႔
လန္႔သြားတဲ့ပုံပဲ”
“ဟုတ္ ဟုတ္တယ္ရွင့္ဓာတ္ပုံထဲက
ေကာင္မေလးကိုစိတ္ဝင္တစားနဲ႔
ၾကည့္ေနတုန္းဦးေလးေခၚလိုက္လို႔
လန္႔သြားတာရွင့္ ဒါနဲ႔ ဦးဖိုးဝကိုကြၽန္မေမးစရာရွိတယ္”
“အင္း ေမးေလ ဆရာမေလး ဘာေမးမွာလဲ”
“ေစာနက ဦးႏိုင္ကိုၿခံထဲဆင္းၿပီးလိုက္ပို႔ေတာ့
ၿခံအေနာက္ဘက္ကိုလိုက္ပို႔မလို႔ဟာကို
ဦးႏိုင္ကအေၾကာက္အကန္ျငင္းေနသလိုပဲ
ၿခံအေနာက္မွာဘာရွိလို႔လဲဟင္ ဦးဖိုးဝ”
သူဇာလင္း၏အေမးေၾကာင့္ ဦးဖိုးဝမ်က္စိမ်က္ႏွာ
ပ်က္သြားသည္ကို သူဇာလင္းသိလိုက္သည္
ဦးဖိုးဝကခ်က္ခ်င္းပင္မ်က္ႏွာကိုျပင္လိုက္ၿပီး
“ေၾသာ္ ဒါလားအေထြအထူးေတာ့မဟုတ္ပါဘူး
ဆရာမေလးရယ္ ၿခံအေနာက္ဘက္မွာေႁမြပါးကင္းပါးေတြတအား
ေပါတယ္ေလ ဒါေၾကာင့္ဆရာက မသြားခိုင္းတာပါ
တျခားဘာမွမရွိပါဘူး ဆရာမေလး”
“ေၾသာ္ ဒီလိုကိုး မသိပါဘူးရွင္ ကြၽန္မကၿခံေနာက္ကိုလိုက္ပို႔ေတာ့
ဦးႏိုင္လင္းကတေစၦသရဲျမင္သလို ထိတ္ထိတ္ပ်ာပ်ာ ျဖစ္သြားလို႔ေမးၾကည့္တာပါ”
“ဆရာမေလး ထမင္းစားဖို႔ေမ့ေနၿပီထင္တယ္
အခ်ိန္ကေန႔လယ္ေတာင္ေက်ာ္ေနၿပီပဲ”
“ဟုတ္ပါ့ရွင္ ကြၽန္မလည္းေမ့ေနလိုက္တာ”
ဦးဖိုးဝစကားလမ္းေၾကာင္းလႊဲကာ
ေျပာလိုက္မွန္းသူဇာလင္းသိေပသည္။
…………………………………
ညေနေရာက္ေတာ့ သူဇာလင္းလည္းဦးႏိုင္လင္းအား ၾကက္စြတ္ျပဳတ္
တိုက္ၿပီးေဆးပါတိုက္ကာသိပ္ထားလိုက္သည္။
အိမ္ေအာက္ထပ္ဆင္းလာေတာ့ ဦးဖိုးဝလည္း
စားၿပီးသားအိုးခြက္ပန္းကန္မ်ားအားေဆးေၾကာ
ေနေပသည္။
“ဦးဖိုးဝ ကြၽန္မပါကူေဆးေပးမယ္ေနာ္”
“ဟာ ရပါတယ္ဆရာမေလးရယ္ ဆရာမေလးဘာသာ ေအးေဆးေနပါကြယ္
ဒါေတြဦးဖိုးဝလုပ္ေနၾကပါ”
“ဘယ္ဟုတ္မလည္း ဦးဖိုးဝရယ္ ကြၽန္မက
လူမမာကိုလည္းအရမ္းႀကီးၾကည့္ရႈေနရတာ
မဟုတ္ေတာ့ အားတဲ့အခ်ိန္ေလးကူလုပ္ေပးတာပါ
တကယ္ဆိုရင္ဦးဖိုးဝကမွပိုၿပီးပင္ပန္းပါတယ္ရွင္”
“ေျပာမရေတာ့လည္း ေဆးပါဗ်ာ ေဆးပါ”
“ဒါနဲ႔ ကြၽန္မကိုဆရာမေလး ဆရာမေလးလို႔
မေခၚပါနဲ႔လားရွင္ သူဇာျဖစ္ျဖစ္ ေခၚၾကည့္ပါလား
ကိုယ့္ထက္အသက္ႀကီးတဲ့အေဖအ႐ြယ္ေလာက္ရွိတဲ့သူဆီကဆရာမေလးလို႔ေခၚခံရတာ
နားထဲမွာကန္႔လန္႔ႀကီးျဖစ္ေနသလိုပဲ”
“ဘယ္ဟုတ္မလဲ ဆရာမေလးရယ္
ဆရာမေလးကသူနာျပဳေလလူတစ္ေယာက္ရဲ႕
အသက္ကိုကယ္တင္ေနၾကတဲ့သူေတြလည္းျဖစ္ ဦးေလးမတတ္ကြၽမ္းတာေတြကိုလည္း
တတ္ေျမႇာက္ထားတယ္မလား ဒါေၾကာင့္
ဆရာေခၚထိုက္လို႔ေခၚတာေပါ့ကြယ္”
“ကြၽန္မကေတာ့ ကိုယ့္မိသားစုလိုရင္းရင္းႏွီးႏွီးျဖစ္ေစခ်င္လို႔ပါ
“ကဲပါ ဆရာမေလးစိတ္သေဘာအတိုင္းဆရာမေလးလို႔မေခၚေတာ့ဘူး
သမီးသူဇာလို႔ေခၚလို႔ရတယ္မလား”
“ရပါတယ္ရွင္ စိတ္ႀကိဳက္ေခၚပါ”
==================
သူဇာလင္းလည္း ဦးဖိုးဝအားကူညီလုပ္ကိုင္
ေပးၿပီးမွထမင္းစားလိုက္ေတာ့သည္။
ထမင္းစားၿပီးအခ်ိန္ကိုၾကည့္လိုက္ေတာ့
ည၈နာရီေက်ာ္ေနၿပီျဖစ္၍ ဦးႏိုင္လင္းအတြက္
ေပးထားသည့္ေဆးမ်ားကိုတိုက္ရန္အတြက္
အိမ္အေပၚထပ္သို႔တက္လာခဲ့ေလသည္။
“ေဒါက္ ေဒါက္ ေဒါက္”
“ဦးႏိုင္ ကြၽန္မဝင္ခဲ့ၿပီရွင့္”
“ေဂ်ာက္”
တံခါးကိုညင္သာစြာဖြင့္ကာ ဦးႏိုင္လင္း၏
ကုတင္နားသို႔ေရာက္လာခဲ့သည္။
လူမမာအားထိုင္လ်က္အေနအထားျဖစ္ေစရန္
တြဲကူၿပီးထိုင္ခိုင္းေစသည္။
ၿပီးေနာက္ေဆးတိုက္ရေလသည္။
ဦးႏိုင္လင္း ဇာတ္ေၾကာေတြတက္ေနရင္
ႏွိပ္ေပးရဦးမလားရွင့္”
“ဟင့္အင္း”
“ဟုတ္ကဲ့ရွင့္”
ဦးႏိုင္လင္းကေခါင္းရမ္းျပသျဖင့္
သူဇာလင္းလည္း လူမမာအားအိပ္ရာထဲျပန္လွဲ
ေပးၿပီးေအာက္ဆင္းခဲ့ေလသည္။
“သမီးသူဇာ အိပ္ေတာ့ေလ ပင္ပန္းေနၿပီမဟုတ္လား”
“ဟုတ္ သူဇာအိပ္ေတာ့မွာပါ ဦးဖိုးဝ”
“ေအးေအး ဒါနဲ႔ ဦးတစ္ခုေလာက္ေျပာထားရဦးမယ္’
“ဟုတ္ေျပာပါ ဦးဖိုးဝ”
“ဒီလိုကြဲ႕ ညေရာက္လို႔ အိမ္ေနာက္ဘက္ၿခံထဲက
ေခၚသံလိုလိုၾကားရင္ သမီးသူဇာလုံးဝထမၾကည့္ပါနဲ႔”
“ရွင္ ဘာျဖစ္လိုလဲ ဦးဖိုးဝ”
“ဒီေမးခြန္းကို ဦးဖိုးဝမေျဖႏိုင္ေပမယ့္
သမီးသိထားေအာင္လို႔ ေျပာျပထားတာပါ
ဦးေလးအခုလိုေျပာတာ ဆရာႀကီးမသိပါေစနဲ႔”
“အင္း ဟုတ္ကဲ့ပါ သူဇာမေျပာပါဘူး”
“ေအးေအး ဦးလည္းအိပ္ဦးမယ္”
ဦးဖိုးဝ ထြက္သြားေတာ့ သူဇာလင္းလည္း
စဥ္းစားမိသည္။
“ဘာေၾကာင့္ငါ့ကို ၿခံေနာက္ဘက္ကေခၚသံ
ၾကားရင္မသြားခိုင္းရတာလဲ ၿပီးေတာ့ သူတို႔ေျပာေတာ့ၿခံေနာက္မွာဘာမွမရွိပါဘူးဆို
အခုၾကေတာ့ေခၚသံၾကားရင္မသြားနဲ႔ဆိုေတာ့
ဧကႏၲတစ္ခုခုေတာ့က်ိန္းေသရွိမွာပဲ
ငါသိေအာင္လုပ္ရမယ္”
သူဇာလင္းကသူမရဲ႕ဗီဇအတိုင္း သူမသိခ်င္တာကို
သိလိုက္ရမွေက်နပ္သူျဖစ္သည္။
သူဇာလင္းလည္း အခန္းထဲဝင္ကာ
ဘုရားရွိခိုးလိုက္ၿပီး အိပ္ရာေပၚလွဲအိပ္လိုက္သည္
တေနကုန္ပင္ပန္းထားသမွ်ေခါင္းအုံးေပၚ
ေခါင္းခ်လိုက္တယ္ဆိုရင္ပဲ ခ်က္ခ်င္းအိပ္ေပ်ာ္သြားေတာ့သည္။
“ကြၽန္မကိုကယ္ပါ ကြၽန္မကိုသူသတ္ၿပီး
ခ်ဳပ္ေႏွာင္ထားတယ္ ကြၽန္မ အခုထိမကြၽတ္မလြတ္ေသးပါဘူးရွင္ ၿခံရဲ႕အေနာက္ဘက္ကေရတြင္းပ်က္ႀကီးထဲမွာ
ကြၽန္မကိုသတ္ၿပီးအေလာင္းကိုဖြက္ထားတယ္
ကြၽန္မကိုကယ္ေပးပါ”
“ဟင္”
သူဇာလင္းလန္႔ႏိုးလာသည္ နားထဲမွာ
အိပ္မက္လိုလိုတကယ္လိုလို အမ်ိဳးသမီး
တစ္ေယာက္၏အသံကိုၾကားလိုက္ရသည္။
“အိပ္မက္မက္တာမ်ားလား တကယ္လား
မိန္းကေလးတစ္ေယာက္ကအကူအညီ
ေတာင္းေနတဲ့အသံပဲ ဦးဖိုးဝေျပာတဲ့
ညဘက္ေခၚသံၾကားရင္ထမၾကည့္နဲ႔ဆိုတာ
ဒါကိုေျပာတာလား”
သူဇာလင္း၏ေျခလွမ္းမ်ားက အခန္းထဲမွထြက္
လိုက္ၿပီးၿခံ၏အေနာက္ဘက္သို႔ဦးတည္လိုက္ေလသည္။
ၿခံေစာင့္ႀကီးဦးဖိုးဝကေတာ့ ေခါကနဲအိပ္ေနေလၿပီ
သူဇာလင္းတစ္ေယာက္မရဲတရဲျဖင့္ ၿခံ၏အေနာက္
ဘက္ကေရတြင္းပ်က္ႀကီးနားေရာက္လာခဲ့
ေလသည္။
ေရတြင္းထဲသို႔ဓာတ္မီးထိုး၍ငုံ႔ၾကည့္လိုက္သည္။
အမႈိက္မ်ားသစ္႐ြက္ေျခာက္မ်ားျဖင့္ျပည့္ေနသည္
“ဘာမွရွိမယ့္ပုံေပၚမေပၚပါဘူး ငါနားၾကားမ်ား
မွားသလား”
“အဟင့္ အဟင့္ ဟီး ဟီး ဟီး”
“ဟင္ ဘယ္ကငိုသံလဲ”
သူဇာလင္းဓါတ္မီးျဖင့္ထိုးကာ လိုက္လံရွာေဖြမိသည္၊ေရတြင္းပ်က္၏အေရွ႕ဘက္
ကလာသည့္အသံျဖစ္သည္။
သူဇာလင္းမဝံ့မရဲျဖင့္ ေရတြင္း၏အေရွ႕ဘက္အား
ေရာက္လာေလသည္။
“ေအာင္မယ္ေလး”
ျမင္လိုက္ရသည့္ျမင္ကြင္းေၾကာင့္ အသက္ရႉပင္
ရပ္သြားမည့္အလားျဖစ္သြားရေလသည္။
ေရတြင္းေဘာင္အားမွီရင္းငိုေႂကြးေနသည့္
မိန္းကေလးတစ္ဦးျဖစ္သည္
သူဇာလင္းအားသနားစဖြယ္မ်က္ႏွာျဖင့္
ၾကည့္ေနေလသည္။
“ကြၽန္မကိုကယ္ပါဦးရွင္”
“နင္ နင္ကဘယ္သူလဲ”
“ကြၽန္မက ဒီအိမ္ႀကီးမွာေနတဲ့သူပါ”
“ဒါဆိုနင္ကဒီမွာဘာလာလုပ္ေနတာလဲ”
“ကြၽန္မကအသတ္ခံရလို႔ ေသခဲ့ရၿပီးပါၿပီ
အခုဒီမွာမကြၽတ္မလြတ္ပဲရွိေနခဲ့တာႏွစ္ခ်ီေနပါၿပီရွင္”
“နင့္ကိုဘယ္သူကသတ္တာလဲ”
“လူယုတ္မာဦးေလးေပါ့”
“ဘယ္ ဘယ္လိုဦးေလးဟုတ္လား
ငါနားမလည္ဘူးငါ့ကိုအေသးစိတ္ရွင္းျပပါလား”
“ကြၽန္မကဒီအိမ္ႀကီးရဲ႕တစ္ဦးတည္းေသာ
အေမြဆက္ခံမယ့္ သမီးတစ္ေယာက္ပါ”
“ေၾသာ္ ဟိုတိုက္ႀကီးထဲကပုံထဲကမင္းကိုး”
“ဟုတ္ပါတယ္ အဲ့ဒါကြၽန္မနဲ႔ေဖေဖေမေမတို႔ရဲ႕ပုံပါ
တိုက္ႀကီးေပၚမွာအခန္႔သားေနေနတဲ့ ဦးႏိုင္လင္းဆိုတာကြၽန္မဦးေလးအရင္းေခါက္
ေခါက္ပဲ ကြၽန္မမိဘေတြကားအက္ဆီးဒင့္ျဖစ္ၿပီး
ဆုံးသြားေတာ့သူရဲ႕ဇာတိ႐ုပ္အမွန္ေတြေပၚလာ
ေတာ့တာပါပဲ ကြၽန္မမိဘေတြမေသခင္က
ထားခဲ့တဲ့အေမြလႊဲေျပာင္းမယ့္စာခ်ဳပ္တစ္ခုရွိတယ္
အဲ့ဒီစာခ်ဳပ္ထဲမွာ ကြၽန္မကိုပိုင္ဆိုင္မႈေတြအားလုံး
လႊဲေျပာင္းေပးၿပီး က်န္တဲ့လုပ္ငန္းေတြကိုေတာ့
ကြၽန္မဦးေလးကိုဦးေဆာင္ဖို႔နဲ႔ သူ႔အတြက္
ေငြသားက်ပ္သိန္း၁၀၀၀လည္းေပးရမယ္ဆိုတဲ့
စည္းကမ္းခ်က္လည္းပါတယ္ ဒါကိုဦးႏိုင္လင္းက
မေတာ္ေလာဘတက္ၿပီး ကြၽန္မရမယ့္အေမြေတြအားလုံးကို သူ႔တစ္ေယာက္တည္းပိုင္ခ်င္ၿပီးကြၽန္မကို
အႏုၾကမ္းစီးၿပီးအတင္းလက္မွတ္ထိုးခိုင္းေတာ့တာပဲရွင္”
(ေနာက္ေၾကာင္းျပန္ျခင္း”
“ဒီမယ္ငါ့တူမ ဦးႏိုင္ကိုဒီစာခ်ဳပ္မွာလက္မွတ္ထိုးၿပီး
အေမြေတြအားလုံးလႊဲေျပာင္းေပးပါ”
“ဟာ ဒါေတာ့မျဖစ္ႏိုင္ဘူး ဦးႏိုင္
ေဖေဖနဲ႔ေမေမက ဦးႏိုင္ရသင့္ရထိုက္တဲ့
ေငြေတြလည္းေပးခဲ့ၿပီးၿပီေလ ဦးႏိုင္က
ဘာလို႔ထပ္ၿပီးကြၽန္မရမယ့္အေမြေတြကို
လိုခ်င္ေနရတာလဲ ဦးႏိုင္ ဦးႏိုင္လူႀကီးလူေကာင္းဆန္ပါ
မဟုတ္ရင္တရား႐ုံးတက္ရရင္လည္း
ကြၽန္မကတက္မွာပဲ”
“ဟား ဟား ဟား ငါ့တူမ်ကီးက
အသာတၾကည္ေျပာလို႔မရေတာ့လည္း
ဦးႏိုင္ကၾကမ္းၾကမ္းပဲေျပာရမွာေပါ့
ကဲဒီမွာ”
“ဟင္ ”
ဦးႏိုင္လင္းကဓားျဖင့္လည္ပင္အားေထာက္ထား
လိုက္ေလသည္။
“ငါ့တူမ မင္းအေသခံမလား ေအးေအးေဆးေဆး
လက္မွတ္ထိုးေပးမလား ”
“ရွင္ ေတာ္ေတာ္ယုတ္မာတာပဲ ဦးႏိုင္လင္း
ေကြၽးထားတဲ့လက္ကိုရွင္ကျပန္ကိုက္တဲ့လူပဲ
ေဖေဖေက်းဇူးေတြကို ရွင္ကဒီလိုျပန္ဆပ္မယ္ေပါ့
ဟုတ္လား”
“ေက်းဇူးကခ်က္စားလို႔မရဘူး
မင္းအေဖရဲ႕လုပ္ငန္းေတြကိုငါဦးစီးၿပီး
လုပ္ေပးခဲ့လို႔မင္းတို႔ဒီအေျခအေနထိေရာက္လာခဲ့
ၾကတာမဟုတ္လား ဒီေတာ့ေအးေဆးသာလက္မွတ္ထိုးလိုက္”
“ထိုးမေပးႏိုင္ဘူး ”
“အသာတၾကည္ေျပာမရဘူးလားကြဟင္’
“အ”
ဦးႏိုင္လင္းကလက္ထဲမွဓားျဖင့္လည္ပင္အား
ခပ္ၾကမ္းၾကမ္းဖိခ်လိုက္ရာ လည္ပင္မွေသြးမ်ား
က်လာေလသည္။
“နင့္ကိုငါမသတ္ခ်င္ဘူး လက္မွတ္ထိုးလိုက္အခု”
တူမျဖစ္သူလည္း ေၾကာက္၍သာလက္မွတ္ထိုး
ေပးလိုက္ရေပမယ့္စိတ္ထဲမွာေတာ့
မေက်နပ္ေပ။
“ဒီလိုလိမၼာမွေပါ့ ငါ့တူမႀကီးရယ္
ဦးႏိုင္ကိုလႊဲေပးလိုက္လည္း သမီးပိုင္သလိုပါပဲ
မဟုတ္ဘူးလား ဟား ဟား ဟား”
“လူယုတ္မာ”
“ခြမ္း”
“အား”
တူမျဖစ္သူက အနီးနားမွ ပန္းအိုးျဖင့္ေခါင္းအား
႐ိုက္ခ်လိုက္ေပသည္။
“နင္ကမ်ားငါ့ကို႐ိုက္တယ္ေပါ့ ေသစမ္း”
“စြတ္ စြတ္ စြတ္”
“အား အာ့ ”
“ဒုံး”
“ဟင္ မမေလး ဘယ္လိုျဖစ္တာလဲ
ဆရာႀကီးဘယ္လိုလုပ္တာလဲဗ်”
“ဒီမယ္ ဦးဖိုးဝ ဒီကိစၥကို ခင္ဗ်ားႏႈတ္ပိတ္ထားပါ
ခင္ဗ်ားကိုထိုက္တန္တဲ့ ပိုက္ဆံအလုံအေလာက္
ခင္ဗ်ားကိုေပးမယ္ မဟုတ္ရင္ခင္ဗ်ားလည္းေသမယ္ဆိုတာ
သိထားပါ”
“ဟုတ္ ဟုတ္ကဲ့ ”
“အရင္ဆုံးဒီေကာင္မအေလာင္းကို
ေဖ်ာက္ပစ္ရမယ္ လာက်ဳပ္နဲ႔လိုက္ခဲ့
အေလာင္းကိုမခဲ့”
ဦးႏိုင္လင္းၿခံ၏္ေနာက္ဘက္သို႔ ထြက္လာခဲ့သည္
ေနာက္မွၿခံေစာင့္ႀကီးဦးဖိုးဝကအေလာင္းအား
ထမ္းရင္းလိုက္လာေပသည္။
“အဲ့မွာခ်ထားလိုက္ အရင္ဆုံးခင္ဗ်ားေရတြင္းပ်က္ထဲဆင္းၿပီး
က်င္းတူးရမယ္ ”
“ဗ်ာ ဆရာ ဆရာ”
“ဘာမွျပန္မေျပာနဲ႔ခိုင္းတာပဲလုပ္
မဟုတ္ရင္ခင္ဗ်ားက်ဳပ္အေၾကာင္းသိတယ္မလား”
“ဟုတ္ ဟုတ္ကဲ့”
ဦးဖိုးဝတစ္ေယာက္ေရတြင္းပ်က္ႀကီးထဲ
ႀကိဳးတစ္ေခ်ာင္းျဖင့္ဆင္းလိုက္သည္
ေရတြင္းကခမ္းေျခာက္ေနၿပီမို႔ ေအာက္သို႔ေရာက္ေတာ့ အေပၚမွဦးႏိုင္လင္းက
တူးစရာပစၥည္မ်ားခ်ေပးေလသည္။
“တူးနက္နက္ေလးသာတူး”
“ဟုတ္ကဲ့”
အတန္ၾကာေအာင္တူးၿပီးသည္ႏွင့္အေလာင္းအား
အေပၚမွႀကိဳးျဖင့္တုတ္ကာခက္ခက္ခဲခဲခ်ေပးၿပီး
ျမဳပ္ႏွံလိုက္ၾကေပသည္။
“ဦးဖိုးဝ ဒီကိစၥကိုခင္ဗ်ားႏႈတ္လုံပေစ
က်ဳပ္ခင္ဗ်ားအတြက္ ထိုက္တန္တဲ့ေငြကို
ေပးမယ္ဗ်ာ ခင္ဗ်ားသမီးေလးလည္း ေဆးကုဖို႔ေငြလိုေနတယ္မဟုတ္လား”
“ဟုတ္ကဲ့ပါဆရာ ကြၽန္ေတာ္ဒီကိစၥကို
ဘယ္သူ႔ကိုမွမေျပာပါဘူး”
………………………………
“အဲဒီလိုနဲ႔ကြၽန္မကိုသတ္ၿပီး ဦးႏိုင္လင္းနဲ႔ဦးဖိုးဝက
ဒီေရတြင္းပ်က္ႀကီးထဲမွာတိတ္တိတ္ေလးျမဳပ္ႏွံ
လိုက္ၾကတယ္ေလ”
“ေၾသာ္ ျဖစ္မွျဖစ္ရေလ ေတာ္ေတာ္လူမဆန္တဲ့ဟာေတြ”
“မေတာ္ေလာဘနဲ႔ရယူထားတဲ့အေမြေတြလည္း
သူ႔လက္ထဲမွာၾကာၾကာမခံခဲ့ပါဘူး အေဖအႏွစ္ႏွစ္အလလႀကိဳးစားထားတဲ့
လုပ္ငန္းေတြလည္း အခုအရႈံးေပၚၿပီးပိတ္သိမ္းခဲ့ရျပန္ၿပီေလ
သူ႔မိုက္ျပစ္နဲ႔သူအခုေတာ့ ဝဋ္လည္ၿပီးအိပ္ရာေပၚမွာ မသြားႏိုင္မလာႏိုင္
ျဖစ္ေနၿပီေလ ကြၽန္မသူ႔ကိုနာက်ည္းလြန္းလို႔
သတ္ဖို႔အႀကိမ္ႀကိမ္ႀကိဳးစားၿပီးၿပီ
ဒါေပမယ့္ ကံၾကမၼာကသူ႔ဘက္မွာရွိေနတဲ့
အတြက္သူ႔ကိုေသေအာင္မလုပ္ႏိုင္ခဲ့ဘူး
သူ႔ေျခေထာက္၂ေခ်ာင္းကိုေတာ့လမ္းမေလွ်ာက္ႏိုင္ေအာင္ကြၽန္မဒဏ္ေပးခဲ့တယ္”
“အို သူ႔ကိုသတ္ဖို႔မလိုပါဘူးေလ
အခုအျဖစ္မွန္ကိုသိေနၿပီပဲ
သူ႔အတြက္ထိုက္တန္တဲ့ျပစ္ဒဏ္ကို
ျပန္ေပးရေတာ့မွာေပါ့ စိတ္ခ်ပါ
သူ႔အတြက္ထိုက္သင့္တဲ့ဒဏ္ကို
သူျပန္ခံရေစမယ္”
“ျဖစ္ႏိုင္ရင္ကြၽန္မရဲ႕အေလာင္းကိုျပန္ေဖာ္ၿပီး
သၿဂႋဳလ္ေပးပါ ဒါမွကြၽန္မေနာင္ဘဝကူးေကာင္း
ျမာမလို႔ပါ ”
“စိတ္ခ် ငါအစြမ္းကုန္ကူညီမယ္
မနက္ျဖန္သက္ဆိုင္ရာကိုတိုင္ၾကားၿပီး
ဒီမဆန္တဲ့သူေတြကိုဖမ္းခိုင္းၿပီး
ေထာင္ထဲထည့္ပစ္ရမယ္”
“ေက်းဇူးတင္ပါတယ္ရွင္ ဝမ္းသာလိုက္တာ”
“ဒါနဲ႔မင္းနာမည္က”
“ကြၽန္မနာမည္ မိုးသားျဖဴ ပါ”
“ေၾသာ္ မိုးသားျဖဴတဲ့လား
ေနာက္ေနာင္ဘဝေတြမွာ မင္းဒီလိုအျဖစ္မ်ိဳး
မႀကဳံပါေစနဲ႔လို႔ငါဆုေတာင္းေပးပါတယ္”
=======================
သူဇာလင္းလည္း တိုက္ထဲျပန္ဝင္လာၿပီး
အခန္းထဲဝင္ကာအိပ္ရာေပၚလွဲေနခဲ့သည္။
စိတ္ကေတာ့လုံးဝအိပ္ေပ်ာ္ပဲ မိုးသားျဖဴ၏
သနားစဖြယ္ဘဝဇာတ္ေၾကာင္းအားစဥ္းစားရင္း
သာမိုးလင္းခဲ့ေလသည္။
ကံၾကမၼာက ဦးႏိုင္လင္းအားမ်က္ႏွာသာမေပးေတာ့
ၿပီထူးထူးဆန္းဆန္း ဦးႏိုင္လင္း၏ ေလျဖတ္ေနသည့္ေျခေထာက္၂ဖက္စလုံး
အေကာင္းပကတိျပန္ျဖစ္လာေလသည္။
“ဦးဖိုးဝ ဦးဖိုးဝ”
“ဟာ ဆရာႀကီး ျပန္ေကာင္းသြားၿပီလား”
“ေအးကြာ ထူးထူးဆန္းဆန္း ငါမနက္ကပဲ
လုံးဝျပန္ေကာင္းသြားၿပီဗ်ာ”
ထိုအခ်ိန္
“သိပ္လည္းေပ်ာ္မေနပါနဲ႔ ဦးႏိုင္လင္း”
“ဟင္ ရဲေတြပါလား ဆရာ’
ဦးဖိုးဝလန္႔သြားေလသည္။
“ဦးႏိုင္လင္းမိုးသားျဖဴ ရဲ႕ေသဆုံးမႈနဲ႔ပတ္သက္ၿပီး
တိုင္ၾကားမႈေလးတစ္ခုရွိေနတဲ့အတြက္ ကြၽန္ေတာ္တို႔ကိုစစ္ေဆးခြင့္ျပဳပါ”
“ဆရာတို႔ မွားေနၿပီထင္တယ္ ကြၽန္ေတာ့္တူမက
သူ႔ဟာသူ႐ိုး႐ိုးဆုံးသြားတာေလ ကြၽန္ေတာ့္ကို
ဘာေၾကာင့္စစ္ခ်င္ေနရတာတုံး”
“ဒီမယ္ ဦးႏိုင္လင္း ရွင္ရွင့္တူမကိုသတ္ၿပီး
ၿခံေနာက္ဖက္ကေရတြင္းပ်က္ထဲမွာ
ဦးဖိုးဝနဲ႔အတူတူ အေလာင္းေဖ်ာက္ခဲ့ၾကတယ္မလား’
“ဟင္ မင္း မင္း သူဇာလင္းမလား”
“ဟင္ ဆရာမေလး”
“ဟုတ္ပါတယ္ ကြၽန္မသူနာျပဳဆရာမေလး
သူဇာလင္းပါပဲ ရွင္တို႔ရဲ႕ယုတ္မာမႈေတြကို
အတြင္းက်က်သိေနတဲ့သူေပါ့
ကဲ ဆရာတို႔ အိမ္ေနာက္ဘက္ကေရတြင္း
ပ်က္ႀကီးဆီသြားစစ္ၾကည့္ရေအာင္”
“လာ ရဲေဘာ္တို႔လိုက္ခဲ့ၾကေဟ့ ”
“ဆင္းၿပီးတူးၾကည့္လိုက္”
“ဟုတ္ကဲ့ ဆရာ”
ရဲမ်ားကေရတြင္းပ်က္ထဲဆင္းၿပီး စစ္ေဆးတူးေဖာ္ၾကရာ မၾကာမီတြင္
“ေတြ႕ ၿပီ ဆရာ ဒီမွာအ႐ိုးေတြ”
“ေအး ေသခ်ာလုပ္ၾက အေလာင္းကို
အေပၚတင္ၿပီး အတည္ျပဳရမယ္
ဒါမိုးသားျဖဴ ရဲ႕အေလာင္းဟုတ္မဟုတ္ကိုေပါ့”
ဦးႏိုင္လင္းႏွင့္ဦးဖိုးဝ ေခြၽးသီးေခြၽးေပါက္မ်ားပင္က်ေနေလသည္။
လင္းသူဇာကေတာ့အေက်နပ္ႀကီးနပ္ကာ
ၿပဳံးေနမိသည္။
နာရီဝက္ခန္႔အၾကာမွ အေလာင္းအားခက္ခဲစြာ
ေရတြင္းပ်က္ႀကီးထဲမွျပန္တင္ႏိုင္ခဲ့သည္။
ရဲမ်ားကအေလာင္းအားစစ္ေဆးၾကေတာ့
မိုးသားျဖဴ ၏ကိုယ္ခႏၶာျဖစ္ေၾကာင္းအတည္ျပဳ
ႏိုင္ခဲ့ေလသည္။
(မွတ္ခ်က္စာေရးသူမွာစာရွည္သြားမွာစိုးတဲ့
အတြက္ေၾကာင့္လိုရင္းေရာက္ေအာင္ပဲ
ေရးလိုက္ပါသည္)
“ကဲ ဦးႏိုင္လင္း ခင္ဗ်ားဘာျငင္းခ်င္ေသးလည္း”
“ကြၽန္ေတာ္ ဘာမွမျငင္းခ်င္ေတာ့ပါဘူးဆရာ
ကြၽန္ေတာ့္ရဲ႕ ေလာဘေတြေၾကာင့္ မႀကံေကာင္း
မလုပ္ေကာင္းတာေတြကိုလုပ္ခဲ့မိတာပါ
ကြၽန္ေတာ့္မွာအျပစ္ရွိပါတယ္ကြၽန္ေတာ့္ကို
ဖမ္းႏိုင္ပါတယ္”
“ကြၽန္ေတာ္လည္းအတူတူပါပဲ
မိုးသားျဖဴေလးအသတ္ခံရတာသိသိရက္နဲ႔
ေရငုံႏႈတ္ပိတ္ၿပီး အေလာင္းကိုအစေဖ်ာက္
ပစ္ခဲ့မိပါတယ္ ကြၽန္ေတာ့္ကိုလည္းဖမ္းပါခင္ဗ်ာ”
“အခုလိုကိုယ့္အျပစ္ကိုယ္ဝန္ခံတာ ေကာင္းပါတယ္
ကဲမသူဇာကြၽန္ေတာ္တို႔ကိုခြင့္ျပဳပါဦး”
“ဟုတ္ကဲ့ေကာင္းပါၿပီရွင္”
…………………………………………
မေတာ္ေလာဘေၾကာင့္ အမွားလုပ္ခဲ့မိသည့္
ဦးႏိုင္လင္းႏွင့္အေလာင္းေဖ်ာက္သည့္ကိစၥမွာပါ
ပါဝင္ကူညီခဲ့တဲ့ ဦးဖိုးဝကိုပါ တရား႐ုံးေတာ္က
ထိုက္တန္တဲ့အျပစ္ဒဏ္မ်ားလည္းေပးအပ္ခဲ့ေလ
သည္။
မိုးသားျဖဴ၏အေလာင္းကိုလည္း ေကာင္းမြန္စြာ
သၿဂႋဳလ္ေပးႏိုင္ခဲ့ၿပီး မိုးသားျဖဴအတြက္
ေကာင္းမႈကုသိုလ္ေတြလည္း သူဇာလင္းမွ
ျပဳလုပ္ေပးကာအမွ်အတန္းေပးေဝႏိုင္ခဲ့ေလသည္။
“မိုးသားျဖဴ တစ္ေယာက္ေနာင္ဘဝေတြမွာ
သာယာလွပတဲ့ဘဝေလးကိုပိုင္ဆိုင္ပါေစလို႔
ငါဆုေတာင္းပါတယ္ဟာ”
ဘယ္အရာပဲျဖစ္ျဖစ္ ကိုယ္မရသင့္မယူသင့္တာကို
မေတာ္ေလာဘတက္ကာယူမိရင္ေတာ့
မည္သူမွဇာတ္သိမ္းေကာင္းမွာမဟုတ္သလို
ဘယ္စည္းစိမ္ဥစၥာမွလည္းတည္ၿမဲလိမ့္
မည္မဟုတ္ေပ။
(စာႂကြင္း)ကြၽန္ေတာ္အစက သူနာျပဳဆရာမေလးေရာက္ၿပီး
၂လေလာက္ေနမွအမႈမွန္ေဖာ္မလို႔ပါ
ဒါေပမယ့္ေရးရင္းမ်က္လုံးကစပ္လာတာနဲ႔
အျမန္သိမ္းလိုက္မိတာဖတ္ရတာေပါ့သြားရင္
ေတာင္းပန္ပါတယ္ဗ်.
ၿပီးပါၿပီ……
ဇာတ္လမ္းေလးကိုႀကိဳက္ႏွစ္သက္ရင္
Likeေလးႏွိပ္ၿပီးအားေပးသြားေနာ္
#ေအာင္ဓူဝံ
#ေလးစားစြာcreditေပးပါသည္