ရွှေစေတီကနဂါးမောင်နှံ

ရွှေစေတီက နဂါးမောင်နှံ (စ/ဆုံး)

ရေးသူ-နောင်ရိုး(ဆေးတပ်)

 

**********************

 

” အမလေး…ဘုရား…ဘုရား…”

 

ခင်လေးပါးစပ်ဆီက အံ့သြတကြီးရေရွတ်မိလိုက်တယ်။

 

သူ့ရှေ့မြင်ကွင်းဆီမှာက တစ်သက်နဲ့တစ်ကိုယ်မြင်ရဖို့ ခဲယဉ်းလွန်းလှတဲ့ အမောက်တထောင်ထောင်နဲ့ စိမ်းတောက်တောက် နဂါးကြီး။

 

အလုံးအထည်က ထန်းပင်လုံးကြီးပမာ။ အမောက်၊ အရစ်များက ရွှေစိမ်းရောင်တောက်နေပြီး ရွှေဝါရောင်တချို့က ကြားဖောက်ထားတယ်။ မျက်၀န်းတို့ကတော့ နီရဲတောက်လို့ ပတ္တမြားလုံးကြီးများလို။

 

ဒီ့ထက်မက အံ့သြစရာကောင်းတာက နဂါးကြီးဟာ ရွှေရောင်ဝါ၀င်းနေတဲ့ စေတီငယ်တစ်ဆူကို အထပ်ထပ်ရစ်ပတ်လို့ ရှိနေတာပါပဲ။

 

ခင်လေးကြည့်မိနေတုန်း စေတီကို လှုပ်ရှားရစ်ပတ်နေတဲ့ နဂါးကြီးရဲ့ ဦးခေါင်းဟာ ထီးတော်အထိကို ရောက်တယ်ဆိုရင်ပဲ ပါးပြင်းခွက်ကြီးကို ဖြန့်၀င့်လို့ မိုးအုပ်လိုက်ပါတော့တယ်။

 

******

 

” အား……..”

 

ခင်လေး အလန့်တကြားအော်ရင်း အိပ်ရာထက်က ထထိုင်လိုက်မိတယ်။

 

” နဂါးကြီး…နဂါးကြီး…”

 

ခင်လေးပါးစပ်က တဖွဖွရေရွတ်ရင်း မျက်၀န်းက ပတ်၀န်းကျင်ကို လိုက်လံကြည့်မိတယ်။ သူရောက်နေတာက နဂါးကြီးနဲ့ ရွှေစေတီရှိနေတဲ့ နေရာမဟုတ်တော့ဘူး။ သူအိပ်ခန်းဆီကို သူပြန်ရောက်နေခဲ့တယ်။

 

” ဟူး…တော်ပါသေးရဲ့၊ ငါ…အိပ်မက်နေတာပဲ…ဟင်း…”

 

ခင်လေး သက်ပြင်းကို အကြိမ်ကြိမ်ချမိလိုက်တယ်။ ပြီးတော့…တုန်ရီနေတဲ့ ရင်အစုံကို လက်နဲ့မိပြီး သောက်ရေဗူးကို လိုက်ရှာလို့ တစ်ဝသောက်လိုက်ပါတော့တယ်။

 

******

 

မွေးနေ့မနက်ပေမို့ ခင်လေးတစ်ယောက် ပဲခူးရွှေမော်ဓောဘုရားဆီသွားကာ ကုသိုလ်ပြုဖို့ အ၀တ်အစားလဲလှယ်ပြင်ဆင်နေမိတယ်။

 

ရေမိုးချိုး၊ အ၀တ်အစားလဲပြီးတော့ လိုအပ်တဲ့ အမွှေးတိုင်၊ ဖယောင်းတိုင်နှင့် ပိုက်ဆံအိတ်တို့ကို ယူဆောင်ပြီး ကားဂိတ်ဆီကို ထွက်ခဲ့ပေမယ့် ခင်လေးရဲ့ အတွေးတွေထဲမှာ ညတုန်းက အိပ်မက်ထဲက နဂါးကြီးကို မြင်ယောင်မိနေဆဲပဲ။ လူကလည်း အိပ်ရေးမ၀လို့ ငြီးစီစီဖြစ်နေရတယ်။

 

ကားဂိတ်ရောက်ပြီး မကြာဘူး။ လိုင်းကားဆိုက်လာတော့ ကားပေါ်တက်ပြီး လိုက်ခဲ့တယ်။ ခင်လေး လက်ရှိနေတဲ့ သနပ်ပင်မြို့နဲ့ ပဲခူးမြို့က သိပ်မဝေးတော့ ခဏနဲ့ပဲ ဘုရားခြေရင်းကို ရောက်ခဲ့တယ်။

 

ဘုရားပန်းများ၀ယ်ပြီးတော့ ခင်လေး စောင်းတန်းအတိုင်း ဘုရားပေါ်ကို တက်လာခဲ့တယ်။

 

ဘုရားပေါ်ရောက်တော့ မွေ့နေ့နံထောင့်မှာ လှူဖွယ်တို့ကို ဆပ်ကပ်ပြီး ဘုရား၀တ်ပြု၊ အမျှအတန်းပေးဝေလိုက်တယ်။ ပြုဖွယ်တို့ ပြီးဆုံးပြန်တော့ ခင်လေးဘုရားပေါ်က မပြန်ချင်သေးဘူး။

 

ဘုရားရိပ်၊ တရားရိပ်က အေးချမ်းလှတာမို့ ခဏဆက်နေဖို့ဆုံးဖြတ်ပြီး စေတီတော်ကြီးကို အလုံးစုံဖူးမြင်နိုင်မယ့်နေရာဆီမှာ ခင်လေးထိုင်ပြီး ကြည်ညိုဖူးမြှော်နေမိပြန်တယ်။

 

” အို…ဘဝြခားကနေ လူ့ပြည်ကို ကောင်းမှုလာပြုတဲ့ သမီးပျိုလေးပါလားကွယ်…”

 

အသံနဲ့အတူ ခင်လေးအနားကိုရောက်လာတဲ့ တောင်ဝှေးထောက် အသက်ကြီးကြီး ယောဂီရောင်လည်းမဟုတ်၊ မည်းညစ်ညစ်အ၀တ်အစားကို ၀တ်ဆင်ထားတဲ့ အဘွားအိုတစ်ယောက်။

 

” ရှင်…အဘွား…”

 

အဘွားရဲ့စကားကို နားမလည်လိုက်တာမို့ ခင်လေးပြန်မေးလိုက်တယ်။

 

” ဪ…အဘွားမြေးလေးက ကောင်းမှုလာပြုတဲ့ သမီးပျိုလေးလို့ အဘွားက ပြောလိုက်တာပါ။ ဒါနဲ့လေ… သမီးလေး အခုတလော ထူးထူးခြားခြားအိပ်မက်တွေများ မက်မိသလားကွယ်…”

 

” ဟင်…”

 

အဘွားရဲ့ မေးခွန်းနဲ့ ခင်လေးရဲ့ အဖြစ်အပျက်က ချိန်ကိုက်ထားသလိုပဲ ထပ်တူကျနေတော့ ခင်လေးကြောင်အမ်းသွားမိတယ်။ ပြီးတော့မှ…

 

” ဪ…ဟုတ်တယ် အဘွား မက်တယ်။ သမီးအိပ်မက်တယ်။ အခုညကလေးတင်ကိုမှပဲ မက်ခဲ့တာ…”

 

” အဘွားထိုင်မယ်နော်…”

 

” ဟုတ်…ဟုတ်…အဘွား…”

 

ထိုင်ချဖို့ ကြိုးစားနေတဲ့ အဘွားကို ခင်လေးဖေးကူလိုက်တယ်။

 

” အင်း…ဘယ်လိုများ မက်သလဲကွယ်…”

 

” အိပ်မက်ထဲမှာလေ…ရွှေရောင်၀င်းနေတဲ့ စေတီတစ်ဆူ၊ ပြီးတော့…နဂါးစိမ်းစိမ်းကြီး။ နဂါးကြီးက စေတီကို ရစ်ပတ်ပြီး ပါးပြင်းကြီးမိုးလို့ ဖူးမြှော်နေတာ…”

 

ခင်လေးစကားကို နားထောင်ပြီး အဘွားအိုက ခေါင်းညိတ်လို့ပြုံးတယ်။ ပြီးတော့…

 

” ဒီနေ့က သမီးလေးရဲ့ အသက်နှစ်ဆယ့်ငါးနှစ်ပြည့်တဲ့ မွေးနေ့မှတ်လား…ပြီးတော့…အိပ်မက်ကလည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ မက်တယ်ဆိုတာကိုကော သမီးသတိထားမိရဲ့လား…”

 

” ဟုတ်တယ် အဘွား။ သမီး သတိထားမိတယ်…”

 

” အင်း…ဒါဟာ ပြောရရင်တော့ သမီးလေးကို သူတို့နဲ့ ထူးခြားတဲ့ ပဋ္ဌာန်းဆက်ရှိနေတယ်လေ၊ ဒါကြောင့် သူတို့က အသိပေးလိုက်တာပေါ။ လူ့ဘ၀မှာ ကြာကြာနေချင်တယ်ဆိုရင်တော့ ကုသိုလ်ကောင်းမှုများများပြုလုပ်ပြီး သူတို့ကို ရည်ရွယ်လို့ အမျှပေးဝေချေကွယ့်…”

 

” ဟုတ်ကဲ့ အဘွား၊ ဒါနဲ့လေ သူတို့ဆိုတာက ဘယ်သူတွေလဲဟင်…”

 

” သူတို့ဆိုတာက သမီးမြင်မက်တဲ့ နဂါးကြီးပေါ့ကွယ်။ သမီးဟာ…နဂါးသိုက်က လာတာကွယ့်။ အင်း အဘွားအထင်ကို ပြောရရင်တော့ သမီးလေးဟာ…အဲ့ဒီ့အိပ်မက်ထဲက ရွှေစေတီကို အပြင်မှာ ကြုံကြိုက်ပြီး အမှန်တကယ်ဖူးမြှော်ရလိမ့်ဦးမယ်ကွယ်၊ တကယ်လို့များ အခက်အခဲတစ်ခုခုရှိခဲ့မယ်ဆိုရင်တော့ အဘွားကို သတိရချေနော့်…အဲ့ဒီ့အခါ အဘွားကိုယ်တိုင် မကူညီနိုင်ခဲ့ရင်တောင် ကူညီနိုင်မယ့်သူကို အဘွားရှာဖွေပေးမယ်။ ကဲ…ကဲ…သမီးလေးရေ…အဘွားကို ထူပေးပါဦး…ပြန်ချိန်ရောက်တော့မှာမို့ အဘွားသွားတော့မယ်…”

 

” ဪ…ဟုတ်ကဲ့ရှင့် အဘွား”

 

ခင်လေး အဘွားကို ထူပေးလိုက်တယ်။ ထူထလို့ပြီးတာနဲ့ အဘွားက ထူးထူးဆန်းဆန်းပဲ ခင်လေးကို နှုတ်မဆက်တော့ဘူး။ တောင်ဝှေးကို အားပြုလို့ ဘုရားရဲ့ အနောက်ဘက်ဆီကို ထွက်သွားတော့တယ်။

 

ကျန်ရစ်ခဲ့သူ ခင်လေးမှာတော့ ထွက်သွားသူ ယောဂီအဘွားရဲ့ ကျောပြင်ကိုကြည့်ပြီး အတွေးပေါင်းများစွာနဲ့ ကျန်ရစ်ခဲ့တယ်။

 

အဘွားကို မြင်ကွင်းက ကွယ်ချိန်ကျမှ ခင်လေးအတွေးတွေရပ်တန့်သွားရပြီး ပါးစပ်ကနေ

 

” ငါက နဂါးသိုက်က လာတာတဲ့။ ဟင်း… အဘွား ပြောတာတွေကလည်း ထူးဆန်းလိုက်တာနော်။ လိုက်လို့တောင် မမှီဘူး။ ဒါတွေက ဒီခေတ်ကြီးမှာ ရှိနေသေးလို့လား…ငါ အဘွားကို သေချာ ထပ်မေးကြည့်ရင်ကောင်းမယ်ထင်တယ်…”

 

ခင်လေး ဆုံးဖြတ်ချက် နဲ့အတူ ချက် ချင်းပဲ အဘွားကို လိုက်ရှာဖို့ နေရာကနေ ခပ်သုတ်သုတ်လှမ်းထွက်ခဲ့တယ်။

 

ဒါပေမယ် ရွှေမော်ဓောစေတီကြီးကိုသာ တစ်ပါတ်ပြည့်သွားခဲ့တယ်။

 

မိနစ်ပိုင်းလေးအတွင်း တောင်ဝှေးအားပြုလို့ ထွက်သွားတဲ့ အဘွားရဲ့ အရိပ်အယောင်ကိုတော့ လုံး၀မတွေ့ခဲ့ရဘူး။

 

နောက်ဆုံးတော့ ခင်လေးလည်း ထိုအကြောင်းကို မဖြစ်နိုင်ဘူးရယ်လို့ ယူဆပြီး ပေါ့တန်တန်ပဲ နေခဲ့ပါတယ်။

 

*****

 

” တို့… သားဖွားအဖွဲ့တွေ နယ်ပြောင်း ထွက်ဖို့ရှိတယ်တဲ့ ခင်လေးရေ…”

 

ကျေးလက်ဆေးပေးခန်းလေးထဲမှာ ထိုင်ပြီး လိုအပ်တဲ့ ဆေးတွေကို မြို့ပေါ်လှမ်းမှာဖို့ စာရင်းပြုစုနေတုန်း စကားသံနဲ့အတူ ဆေးခန်းထဲကို ၀င်ရောက်လာတဲ့ သားဖွားဆရာမလေး စုစုကြောင့် ခင်လေးမော့ကြည့်လိုက်မိတယ်။

 

” ဟင်…ဟုတ်လား၊ ဘယ်လိုဖြစ်တာလဲ…”

 

” အေးလေ…ငါလည်း အဲ့ဒါကိုပဲတွေးနေတာ၊ တို့တာ၀န်ကျရာနေရာတွေကို ရောက်တာ သတ်မှတ်ကာလမှမပြည့်သေးတာကို…”

 

” အင်း…”

 

ခင်လေး ပင့်သက်ကို ရှိုက်မိလိုက်တယ်။

 

သူနဲ့ စုမွန်တို့က သင်တန်းအတူတက်ပြီး သနပ်ပင်မြို့တွင်သာ တာ၀န်ကျခဲ့ကြသူများ…။

 

ယခု သူတို့နှစ်ယောက် သနပ်ပင်မြို့တွင် တာ၀န်ထမ်းဆောင်သည်မှာ အချိန်တစ်နှစ်ပင် မပြည့်သေး။ နယ်ပြောင်းသတင်းက ရောက်လာခဲ့လေပြီ။

 

သို့ပေမယ့်လည်း တာ၀န်ကျရာထမ်းဆောင်ရမည့် နိုင်ငံ့၀န်ထမ်းများပေမို့ ငြင်းဆန်ခြင်းငှါ မစွမ်းသာပါ…။

 

******

 

” ဟူး…”

 

မျက်စိရှေ့က မြင်နေရတဲ့ ကျေးလက်ကျန်းမာရေးဋ္ဌာနလေးကို ကြည့်ပြီး ခင်လေးလေပူတစ်ချက်ကို မှုတ်ထုတ်မိတယ်။

 

ခင်လေး ဖြူးမြို့ရဲ့ အနောက်ဘက် အတော့်ကို ခေါင်ဖျားလှတဲ့ ရွာကလေးဆီကို တာ၀န်ကျပြီး အခုရောက်နေခဲ့တာ။

 

ကျန်းမာရေးဋ္ဌာနလေးကို ပိတ်ထားတာ ကြာနေပြီဖြစ်တယ်ဆိုတာကိုတော့ သံချေးတက်နေတဲ့ သော့ခလောက်ကြီးက သက်သေခံနေသလိုပါပဲ။

 

သော့တံနဲ့ ခက်ခက်ခဲခဲဖွင့်ပြီးမှ သော့က ပွင့်သွားတယ်။ ခင်လေးအထဲကို ၀င်ကြည့်တော့ ပစ္စည်းပစ္စယတို့က ဖုန်အထပ်ထပ်နဲ့။

 

မတတ်သာပြီမို့ လက်ထဲက အခုပ်အပိုးတို့ကို သင့်ရာနေရာမှချပြီး တံခါးထောင့်က တံမြက်စည်းလေးကိုယူလို့ သန့်ရှင်းရေးလုပ်ဖို့ပြင်လိုက်တော့တယ်။

 

” ဆရာမလေးက ရောက်နေပြီရယ်…”

 

အပြင်ဘက်က ဆူညံသံတွေကို ကြားရတာမို့ ရွာထဲကို လူသွားခေါ်တဲ့ ဦးဘမောင်တို့ ပြန်လာကြောင်း သိလိုက်ရတယ်။

 

မကြာပါဘူး။ ရွာထဲက လူအုပ်ကြီးတစ်အုပ်ရောက်လာကြပြီး ပျော်ပျော်ပါးပါးနဲ့ ကျန်းမာရေးဋ္ဌာနငယ်လေးကို ဝိုင်း၀န်းရှင်းလင်းပေးတော့တယ်။

 

အားလုံးကလည်း ခင်လေးကို ဆရာမ၊ ဆရာမနဲ့ ပါးစပ်ဖျားကမချလောက်အောင် ချစ်ခင်နေကြလေတော့ ခင်လေးခမျာ အခုမှ နယ်မြေအသစ်ကို ရောက်ရှိခဲ့ရပေမယ့် ကိုယ့်အိမ်ကိုယ့်ယာလို ခံစားလာရတော့တယ်။

 

သို့ပေမယ့် စစရောက်ချင်း တစ်လလောက်အတွင်းမှာ သူ့ဆီကို မွေးဖွားသူကော ဗိုက်အပ်လာသူပါ လုံး၀ မရှိခဲ့ဘူး။

 

ကျေးလက်ဒေသ ရှေးရိုးကို ခုံမင်ကြသူများပေမို့ အရပ်လက်သည်ကိုသာ အားပြုမွေးဖွားနေကြဆဲ…။

 

******

 

အချိန် ငါးလ၀န်းကျင် ကြာမြင့်ခဲ့ပါပြီ။

 

ဒီအတောအတွင်းမှာ ကိုခင်၀င်းဆိုသူရဲ့ဇနီး မယ်တင်ဆိုတဲ့ ဆင်းရဲလွန်းတဲ့ အမျိုးသမီးကို အရပ်လက်သည်က မွေးဖွားပေးဖို့ ငြင်းဆန်ရာကနေ ခင်လေးဆီကို ရောက်လာခဲ့ကြပြီး နည်းစနစ်တကျမွေးဖွားပေးခဲ့ခြင်းက အစပြုလို့ ကျေးလက်လူထုတို့က ခင်လေးအပေါ် ယုံကြည်သက်၀င်လာခဲ့ကြပြီ ဖြစ်ပါတယ်။

 

အချိန်က စကားပြောလာတာနဲ့အမျှ ခင်လေးရောက်လာပြီးနောက်ပိုင်းမှာ ကျေးလက်ဒေသရဲ့ ရှေးရိုးစွဲ သားဖွားနည်းနာတွေကြားမှာ အသက်လုပြီး မွေးဖွားရမယ့် ကလေးငယ်တွေနဲ့ မိခင်တွေဟာ ရာခိုင်နှုန်းပြည်၀တဲ့ ကျန်းမာရေးဆိုင်ရာ လုံခြုံမှုကို ခံစားလာကြရတယ်။ မလိုအပ်ဘဲ မိခင်၊ ကလေးတိမ်းပါးမှုတွေဟာလည်း မရှိတော့ပါဘူး။

 

အစပိုင်းတော့ ရှေးထုံးကို မလွန်ဆန်ကြပေမယ့် နောက်များကြတော့ ခင်လေးရဲ့ ကျန်းမာရေးပညာပေးဟောပြောစည်းရုံးမှုတွေကြားမှာ ကျေးလက်နေလူထုတို့ အရာရာကို တဖြေးဖြေးနားလည်သိရှိလာခဲ့ကြပါတော့တယ်။

 

အမျိုးသမီးတွေ ဆေးဝါးများကို စနစ်တကျအသုံးပြုပြီး သားဆက်ခြားခြင်းနဲ့ ယခင် ရှိပြီးသား အရပ်လက်သည်တွေကို မှန်ကန်တဲ့ နည်းစနစ်တွေသင်ကြားနိုင်ဖို့ ခင်လေးကူညီပေးနိုင်ခဲ့ပါတယ်။

 

ခင်လေးရဲ့ စေတနာ၊ အကြင်နာနဲ့ မေတ္တာတရားတွေက ခေါင်ဖျားတဲ့ ကျေးလက်ဒေသလေးကို ကွန်ယက်ဖြန့်ကျက်နိုင်ခဲ့လေပြီ။

 

မေတ္တာဆိုတဲ့ သဘောမှာလည်း ရောင်ပြန်တုန့်ပြန်တတ်လေတော့ ကျေးလက်သားတို့အဖို့က ခင်လေးကို ချစ်ခင်လေးစားမှုအပြည့်နဲ့ပါပဲ။

 

သို့ပေမယ့်…အရာရာတိုင်းမှာ သုန်းပြူးဆိုတာ ရှိနေတတ်တယ်လေ။

 

ဒီတော့…ခင်လေးရဲ့ လုပ်ဆောင်ချက်တွေတိုင်းကို အပြစ်လိုမြင်နေတတ်တဲ့ သူတစ်ယောက်တော့ ရှိနေခဲ့ပါတယ်။

 

ထိုသူကတော့…။

 

******

 

” တောက်…ဒီဟာမလေး ရောက်လာကတည်းက တဖြေးဖြေးနဲ့ ငါ့ရဲ့ စားပေါက်တွေပိတ်ခဲ့ရတာ၊ အခုဆိုရင် ရွာထဲက အရင်က ငါမှငါ တမ်းတမ်းစွဲ မွေးခဲ့ကြတဲ့ ကောင်မတွေကလည်း အခုတော့ ဒီဟာမဆီကို ရောက်ကုန်ကြပြီ။ ငါ့ဆီမှာ ခယ’ခဲ့ကြတဲ့ တပည့်တပန်းတွေကလည်း သူ့ကြောင့်နဲ့ ငါ့ကို ခွာပြဲကုန်ကြပြီ။ မဖြစ်သေးပါဘူး…ငါ…သူ့ကို ဒီအတိုင်း လွှတ်ထားလို့မရတော့ဘူး။ တစ်ခုခုတော့ လုပ်မှရတော့မယ်။ ဒါမှ ငါ့အလုပ်တွေ ပြန်ရောက်လာမှာ…”

 

အထက်ပါ စကားကို ပြောင်းဖူးဖက် ဆေးလိပ်ကြီးဖွာလို့ ကြိမ်းဝါးနေသူကတော့ ရွာအပြင် လယ်ကျင်းတွေထဲမှာ တဲထိုးပြီးနေတဲ့ ဒေါ်ဖွားတင်ပဲ ဖြစ်ပါတယ်။

 

ဒေါ်ဖွားတင်က အရင်က ဒီနေရာ၊ ဒီဒေသရဲ့ အထင်ကရ ၀မ်းဆွဲသည်ကြီး။ ပြီးတော့…အောက်လမ်းလိုလို၊ စုန်းလိုလိုပညာရပ်မျိုးကို တတ်ကျွမ်းတယ်လို့ သမုတ်ခံထားရတဲ့သူ…။

 

အရင်ကတည်းက သူ့နယ်ပိုင် ရပ်ရွာထဲက ကလေးမွေးစရာရှိလို့ အခြား၀မ်းဆွဲသည်နဲ့ မွေးခဲ့ရင် သူက ကလေးသေအောင် ပြုစားတတ်တယ်ရယ်လို့ ရွာက သိကြတယ်။ တကယ်လည်း သူနဲ့မမွေးရင် ကလေးသေဖို့ကများတယ်။

 

တကယ်တော့ ဒေါ်ဖွားတင်က စုန်း မဟုတ်ပါဘူး။ တစ်ခြားတစ်နေရာက အောက်လမ်းဆရာတစ်ယောက်ရဲ့ အကူအညီကတဆင့် တခြားလက်သည်တွေကို အမှားအယွင်း မဖြစ်ဖြစ်အောင် ဖန်တီးနေတာရယ်။

 

ခင်လေးဆိုတဲ့ သားဖွားဆရာမ ရွာကို ရောက်စကတော့ ကလေးမွေးမယ့်သူတွေဟာ အဲ့ဒီ့ဆရာမဆီထက် သူ့ဆီကိုပဲ အလာများကြပါတယ်။

 

ဒီတုန်းကတော့ ဒေါ်ဖွားတင်ဟာ ပညာမာန်၀င့်လို့ ဆရာမလေးကို ” ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံပဲရှိမယ်၊ ကျွတ်…ကျွတ် သနားစရာလေးရယ်…”လို့တောင် သရော်ခဲ့ဖူးသေးရဲ့။ အပွဲပွဲနွဲလာခဲ့တဲ့သူ့အတွက် ဆရာမလေးဟာ ဂရုစိုက်စရာမလိုဘူးလို့ကို သူယူဆခဲ့တာ။

 

ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူ့ဆီကို လက်သည်အပ်လာသူက လုံး၀ကို မရှိတော့ဘူးဖြစ်လာတော့တယ်။

 

ဒီတော့ကာမှ ဒေါ်ဖွားတင်တို့ လက်ရှိအခြေအနေကို မြင်ရပြီး အခုလို မလိုမုန်းပွားမှုတွေ စ’ တင်လာခဲ့ရတော့တယ်။

 

ဒီအတွက်ကြောင့်ပဲ သူဟာ အကိုင်းအခက်ကို ခုတ်ခြင်းထက် ရေသောက်မြစ်ကို ဖျက်ဆီးဖို့ကိုသာ ဆူံးဖြတ်လိုက်ပါတော့တယ်။

 

******

 

” သံချောင်း…ငါမှာတာ သေချာလုပ်နော်…”

 

ဒေါ်ဖွားတင်က အောက်လမ်းဆရာဆီက ယူလာတဲ့ အစီအမံကို ခင်လေးဆီပို့ဖို့ အရက်သမားသံချောင်းကို ခိုင်းနေတာ။

 

သံချောင်းက ဟိုးယခင်ကတည်းက ဒေါ်ဖွားတင်ရဲ့ ခိုင်းဖက်။ အခုကိစ္စမှာ သားဖွားဆရာမလေး သေသွားရင် သူပြုစားတယ်လို့ သမုတ်မှာစိုးလို့ သံချောင်းကို အရက်ဖိုးပေးလို့ ညဘက်ကြီးသွားပစ်ဖို့ခေါ်ခိုင်းနေတာရယ်။

 

သံချောင်းကတော့ အရက်ဖိုးကိုမြင်ပြီး ခေါင်းတညိတ်ညိတ်နဲ့။

 

မကြာဘူး။ သံချောင်းတစ်ယောက် ဒေါ်ဖွားတင်ပေးတဲ့ အထုပ်ကလေးကိုယူလို့ ရွာထဲကို ထွက်သွားတော့တယ်။

 

ညဘက် လူခြေတိတ်ချိန်ရောက်တော့ သံချောင်းတစ်ယောက် ကုပ်ချောင်းချောင်းနဲ့ ဆရာမလေးနေတဲ့ ကျန်းမာရေးဋ္ဌာနဆီကို သွားတယ်။

 

” ဟင်…”

 

အရက်မူးနေတဲ့ သံချောင်း အမူးပြေချင်သလိုဖြစ်ပြီး မျက်လုံးတွေတောက် ပြူးသွားရတယ်။

 

ဆရာမလေးနေတဲ့ ကျန်းမာရေးဋ္ဌာနလေးက သူ့မျက်စိရှေ့မှာတင် ပျောက်ခြင်းမလှ ပျောက်နေတယ်။

 

” တောက်…ဘယ်များရောက်သွားတာလဲ၊ ငါများရေချိန်လွန်သွားလို့လား၊ ရေချိန်လွန်ရအောင်ကလည်း ပုံမှန်သောက်နေကျအတိုင်းပဲ သောက်တာကို…”

 

သံချောင်း မကျေမနပ်နဲ့ လှည့်ပတ်ပြီးရှာတယ်။ ဒါပေမယ့် ဆရာမလေးနေတဲ့နေရာမှာ ကျန်းမာရေးဋ္ဌာနအဆောက်အအုံလေးရှိမနေဘဲ ဟာလာဟင်းလင်းပြင်ကြီးပဲရှိနေတယ်။ ပြီးတော့…စိမ်းဖန့်ဖန့်မီးခိုးလိုလို မြူလိုလိုအရာတွေကလည်း အဲ့ဒီ့နေရာမှာ ရှိနေတယ်။

 

ကြာတော့ သံချောင်းအရက်ရှိန်တောင် ပြေသလိုလိုဖြစ်ရပြီး အထုပ်ကိုကိုင်လို့ လာလမ်းဆီကိုသာ ပြန်လှည့်ရပါတော့တယ်။

 

******

 

” အမောင်စိတ်မချတော့ဘူး နှမတော်…တို့တတွေရဲ့ မူလဘ၀ဆီကိုပဲ နှမတော်ပြန်လာခဲ့ပါတော့နော်…”

 

အိပ်မောကျနေတဲ့ ခင်လေးရဲ့ နားထဲကို တစ်စုံတစ်ယောက်က တီးတိုးကပ်ပြောနေသလို အသံကြားနေရတယ်။ နှာခေါင်းထဲမှာလည်း စိမ်းရွှေရွှေရနံ့တစ်ခုကို ခံစားနေရတယ်။

 

မျက်လုံးဖွင့်ကြည့်ဖို့ ကြိုးစားပေမယ့် ခင်လေးရဲ့ မျက်လုံးတွေက ဖွင့်လို့ မရဘူး။ ပါးစပ်ကနေ မေးဖို့ပြင်ပြန်တော့လည်း ထိုနည်းအတူတူ။

 

” နှမတော်ကို အန္တရာယ်ပေးမယ့်သူတွေရှိနေတယ်။ နှမတော် ဘယ်လောက်ပဲကောင်းတာတွေ လုပ်ပေးပေး၊ သူတို့က အကောင်းမြင်မှာမဟုတ်ဘူး။ သူတို့က အမှောင်ကို မြတ်နိုးကြတဲ့ လူသားတွေ၊ ဒါကြောင့် နှမတော်ပြန်ခဲ့ပါတော့…”

 

ခင်လေး အသံကို နားထောင်ပြီး ချုပ်တီးနေရတာကို စိတ်က မခံစားနိုင်တော့ဘူး။ အတင်းကာရော ရုန်းကန်လှုပ်ရှားဖို့ ကြိုးစားလိုက်မိတယ်။

 

” ဟင့်အင်း…ဟင့်အင်း…မလာဘူး…မလာဘူး…”

 

ကျယ်လောင်စွာနဲ့ အော်ဟစ်ရင်း ခင်လေးလန့်နိုးလာခဲ့တယ်။

 

ခင်လေးနိုးလာတာနဲ့ တစ်ပြိုင်နက်ထဲပါပဲ နံဘေးမှာ အဖော်လာအိပ်ပေးတဲ့ ရွာထဲက ဘုတ်ဆုံမဆိုတဲ့ ကောင်မလေးကပါ လန့်နိုးလာပြီး

 

” ဆရာမလေး…ဆရာမလေး…ဘာဖြစ်တာလဲဟင်…ဘာဖြစ်တာလဲ…”

 

ခင်လေးမှာတော့ ဘုတ်ဆုံမရဲ့ အမေးကို ချက်ချင်းမဖြေနိုင်ခဲ့ဘူး။ မျက်၀န်းအစုံက အခန်းပတ်လည်ကို လိုက်လံကြည့်နေမိတယ်။ မီးခိုးလိုလို စိမ်းငွေ့ငွေ့အရာတွေက အခန်းထဲမှာ ဝေ့၀ဲနေတယ်။

 

” ဆရာမလေး ဘာဖြစ်တာလဲဟင်…”

 

” ဪ…အင်း…အင်း…ဘာ…ဘာမှမဖြစ်ဘူး အိပ်မက်…အိပ်မက်ဆိုးမက်တာ…”

 

” ဟူး…တော်သေးတာပေါ့…ဘုတ်ဆုံမက ဆရာမလေးဘာများဖြစ်သလဲလို့…ရေ…ရေသောက်မလား၊ ဘုတ်ဆုံမ ခပ်ပေးမယ်လေ…”

 

” အင်း…အင်း…”

 

ဘုတ်ဆုံမ အခန်းပြင်ထွက်သွားပြီး သောက်ရေတစ်ခွက်ခပ်လာတယ်။

 

ခင်လေးလည်း မောဟိုက်ပြီး အာခေါင်တွေခြောက်ကပ်နေရတာမို့ ရေကို အငမ်းမရသောက်ချလိုက်ပါတော့တယ်။

 

******

 

နောက်တစ်နေ့ နံနက်။

 

” ဟယ်…ငမူး။ နင်ပြောတာ မဖြစ်နိုင်လိုက်တာဟယ်…နင့်ဘာသာ အမူးလွန်ပြီး ဖြစ်တာနေမှာပေါ့…”

 

ဒေါ်ဖွားစိန် ဒေါသတွေထွက်နေတယ်။ သူ့နံဘေးမှာ သံချောင်းကတော့ မနက်မိုးလင်း အရက်ဆာနေတဲ့ပုံနဲ့။

 

” ကျုပ်…အခုနေ့ခင်းဘက်ကို ထပ်သွားကြည့်ပါဦးမယ်…ဒီတစ်ခါတော့ စိတ်ချပါဗျာ…”

 

” တော်ပြီ…သံချောင်း…နင် ငါ့ဆီက အရက်ဖိုးထပ်တောင်းမယ် မကြံနဲ့တော့…ငါ့ဘာသာပဲ သွားတော့မယ်”

 

ဒေါ်ဖွားတင် သံချောင်းလက်က အထုပ်ကလေးကို ဆတ်ခနဲလုယူပြီး ပြောလိုက်တယ်။ ပြီးတာနဲ့ သူ့ခြံထဲကနေ ထွက်ဖို့ ပြင်လိုက်တယ်။

 

” ဖြီး….”

 

” အမလေး…”

 

ခြံ၀ကနေ သူ့ကို မာန်ဖီနေတဲ့ မြွေကြီးတစ်ကောင်ကြောင့် ဒေါ်ဖွားတင်လန့်အော်လိုက်တယ်။

 

သံချောင်းကလည်း ဒေါ်ဖွားတင်အော်သံကြောင့် အနားကို ပြေးလာတယ်။

 

ဒီအခိုက်မှာပဲ ဒေါ်ဖွားတင်ရဲ့ ခြံနံဘေးက ခြုံနွယ်တို့ဟာ သွက်သွက်ခါအောင် လှုပ်ရမ်းလာကြလေပြီးနောက်…အရွယ်စုံသော မြွေပေါင်းများစွာထွက်ပေါ်လာပါတော့တယ်။

 

မကြာမီအချိန်တွင်တော့ ဒေါ်ဖွားတင်ရဲ့ ခြံဘက်ဆီက အော်သံနက်ကြီးတွေ ထွက်ပေါ်လာခဲ့ပါတော့တယ်။

 

*****

 

” လက်သည်ကြီး ဒေါ်ဖွားတင်နဲ့ အရက်သမား သံချောင်းတို့ သေပြီတဲ့”

 

” ဟေ…ဘယ်လိုဖြစ်တာလဲ…”

 

” တစ်ကိုယ်လုံး ပြာနှမ်းပြီး ခြံ၀မှာတင်သေနေကြတာ၊ နားလည်တဲ့သူတွေပြောတာတော့ မြွေဆိပ်တက်ပြီးသေတာတဲ့…”

 

” ဟင်…ဟုတ်လား…”

 

” အေးလေ…ဒေါ်ဖွားတင်တို့မလည်း အရင်က ပြုခဲ့တညတွေအတွက်နဲ့ သူ့အကြောင်းနဲ့ သူ့ကံပေါ့အေ…”

 

ရွာထဲမှာ လက်သည်ကြီး ဒေါ်ဖွားတင်နဲ့ သံချောင်းတို့ သတင်းက ပြန့်နှံ့နေတယ်။

 

ဒီသတင်းကို ခင်လေးကြားတော့ နှစ်ယောက်စလုံးကို သူသေချာမသိပေမယ့် အတော့်ကို စိတ်မကောင်းဖြစ်မိခဲ့တယ်။

 

ထိုနည်းတူစွာနဲ့ပဲ ခင်လေးလိုမျိုးမဟုတ်ပဲ ဒေါ်ဖွားတင်တို့အတွက် ယူကြုံးမရ ဖြစ်နေသူတစ်ယောက်လည်း ရှိနေပါသေးတယ်။

 

ထိုသူက…။

 

******

 

” ငမည်းကြီး…မင်းပြောတာ အမှန်ပဲလား…”

 

အရိုးခေါင်း၊ အရွယ်စုံ ပုတီးများနဲ့ အနီရင့်ရောင် အခင်းအကျင်း၊ သွေးခွက်တွေနဲ့ ပြည့်နေတဲ့အခန်းထဲမှာ ထိုင်နေတဲ့ အောက်လမ်းဆရာ ကံကြီးက မေးလိုက်တယ်။

 

သူမေးနေတဲ့ ငမည်းကြီးဆိုတာက ဒေါ်ဖွားတင်က မွေးချင်တယ်ဆိုလို့ သူ့ဆီကနေ လွှတ်ပေးထားတဲ့ တစ္ဆေကောင်ကြီး။

 

” ဟုတ်တယ်…ကျုပ်တောင်…သူတို့ကို မယှဉ်နိုင်လို့ ခွေးပြေး၀က်ပြေးပြေးခဲ့ရတာ…”

 

” ဘယ်သူက မြွေတွေကို ခိုင်းတာလဲ သိလား…”

 

” ကျုပ်မြင်မိတာတော့…မြွေတွေအားလုံးရဲ့ အနောက်မှာ အစိမ်းရောင်တောက်တောက်ကု ၀တ်ထားတဲ့ သူတစ်ယောက်ပဲ။ သူ့ရဲ့ လှုပ်ရှားပြုမူပုံမျိုးက မြွေတစ်ကောင်နဲ့ တူတယ်…”

 

” နဂါး…ဒါဟာ…နဂါးပဲ…”

 

ကံကြီးရဲ့ ရေရွတ်မှုကြောင့် ငမည်းကြီး မော်ကြည့်လာတယ်။

 

” ဒါဟာ…ဟို သားဖွားဆရာမနဲ့ ပက်သက်နေမှာ အသေအချာပဲ…”

 

ကံကြီးက ထပ်မံပြီး တွေးဆလို့ပြောတယ်။

 

ငမည်းကြီးကတော့ သူ့သခင်ရှေ့မှာ ဒူးထောက်ခစားလျက်ပဲ ရှိနေတယ်။

 

ကံကြီးမှာတော့ ထိုအကြောင်းကို အလေးအနက်တွေးတောနေဟန်နဲ့ ရှိနေပြီး နောက်ဆုံးမှာတော့…

 

” နဂါး…နဂါး…ဒါဟာ…သိုက်တစ်ခုခုက ကောင်ပဲနေမယ်။ ဟိုကောင်မနဲ့ တစ်ခုခုပက်သက်နေတယ်ဆိုတော့…ဟင်း…ဟင်း…”

 

ရေရွတ်ရင်း ပြုံးလိုက်တဲ့ ကံကြီးရဲ့ မျက်၀န်းတွေက အရောင်တွေ တဖျပ်ဖျပ်လက်နေပါတော့တယ်။

 

******

 

ရွှန်းလက်နေတဲ့ လရောင်အောက်မှာ ရွှေရောင်တ၀င်း၀င်းတောက်ပနေတဲ့ စေတီတစ်ဆူ။

 

စေတီကလေး နံဘေးမှာတော့ လုလင်ပျိုတစ်ယောက်။

 

သူ့ရဲ့ အကြည့်တွေက အဝေးဆီကို ငေးကြည့်ပြီး မျက်၀န်းတွေမှာ အမည်ဖော်မရတဲ့ အရိပ်အယောင်တချို့က ယှက်သန်းနေတယ်။

 

” နှမတော်လေးရယ်…မောင်တော် သိပ်ကို စိတ်ပူပန်နေရပြီ။ နှမတော့်ကို လူ့ဘ၀မှာ ဆက်နေစေ့ချင်သေးပေမယ့် အခုများတော့ အန္တရာယ်တွေက ရောက်ရှိလာပြီ၊ မောင်တော် ဘယ်လိုဖြေရှင်းရမလဲ…မသိတော့ပါဘူး…”

 

လုလင်က တီးတိုးရေရွတ်တယ်။ ပြီးတော့…စေတီကလေးနံဘေးကနေ ထလိုက်ပြီး တောဆီကို ၀င်ရောက်သွားပါတော့တယ်။

 

******

 

ခင်လေးတစ်ယောက် အိပ်မက်ရာကနေ လန့်နိုးလာရတယ်။

 

ယခင်မွေးနေ့တုန်းက မက်တဲ့အိပ်မက်ကိုပဲ သူပြန်မက်ရပြန်ပြီ။

 

ဒီတစ်ကြိမ်တော့ အိပ်မက်က ယခင်နဲ့ အနည်းငယ်ကွဲတယ်။

 

ယခင်က နဂါးကြီးအစား လွန်စွာချောမောလှပလွန်းသော ယောက်ျားပျိုတစ်ယောက်က စေတီရဲ့ နံဘေးမှာ ရှိနေခဲ့တာ။

 

အိပ်မက်ထဲမှာ ယောက်ျားပျိုပြောတဲ့ စကားတွေက အပြင်မှာပါ ခင်လေးနားထဲ စွဲနေရတယ်။

 

” စေတီနဲ့ ငါက ပက်သက်မှုရှိနေတယ်ဆိုတာကတော့ သေချာနေပြီ။ ဒါဖြင့်… ဟိုတစ်ယောက်ကကော…”

 

ခင်လေးတစ်ယောက်ထဲ အိပ်ရာထဲလှဲရင်း စဉ်းစားနေမိပါတယ်။

 

ဒါပေမယ့် ခိုင်လုံတဲ့ အဖြေကိုတော့ သူမရနိုင်ခဲ့ပါဘူး။

 

******

 

အမှောင်ထုထဲမှာ ခင်လေးနေထိုင်ရာ ကျေးလက်ကျန်းမာရေးဋ္ဌာလေးရဲ့ အထက်ကောင်းကင်ယံမှာ ဠင်းတကောင်များ ဝဲပျံနေတယ်။

 

အချိန်က တဖြေးဖြေးနဲ့ သန်းခေါင်ယံကို တိုင်ခဲ့ချိန်တွင်တော့…။

 

ရွာထဲကို လူသုံးယောက် တိတ်တဆိတ်၀င်လာခဲ့ပြီး ခင်လေးနေထိုင်ရာ ကျန်းမာရေးဋ္ဌာနလေးဆီကို ချဉ်းကပ်လာကြတယ်။

 

ပြီးတော့…သုံးယောက်စလုံး ဋ္ဌာနလေးကို မျက်နှာမူလိုက်ပြီး အထဲကတစ်ယောက်က ဂါထာတစ်ချို့ကို မန်းမှုတ်လို့ အထဲဆီကို နနွင်းလိုလို ပြာလိုလို အဝါရောင်အမှုန့်တွေကို ပက်သွင်းပါတော့တယ်။

 

အမှုန့်တွေ ခြံထဲကို ၀င်ရောက်တာနဲ့ တပြိုင်နက် ဋ္ဌာနကို ၀န်းရံနေတဲ့ စိမ်းငွေ့ငွေ့ အရောင်တွေဟာ ပျောက်ရှကုန်ပါတော့တယ်။

 

” ကဲ…ပေါက်ကြီးတို့ အထဲကို ၀င်ပြီး ကောင်မကို သွားဖမ်းခဲ့တော့…”

 

အလယ်က လူရဲ့ အမိန့်ပေးသံအဆုံးမှာ နံဘေးက နှစ်ဦးဟာ ကျန်းမာရေးဋ္ဌာနလေးဆီကို ၀င်ရောက်သွားကြပါတော့တယ်။

 

******

 

” ဟား…ဟား…ဟား…ဟေ့ကောင်တွေ ကောင်မကို သေချာစောင့်ကြည့်ထားချေ၊ မင်းတို့ရဲ့ ပေါ့လျော့မှုကြောင့် ငါ့အလုပ်ကိုတော့ အနှောက်အယှက်မပေးကြနဲ့…”

 

ကံကြီးတစ်ယောက် သူရဲ့ အခန်းထဲမှာ ခင်လေးကို ပေါက်ကြီးတို့နှစ်ဦးအား ချုပ်နှောင်ထားစေပြီး သူကတော့ အစီအရင်တွေကို ပြုလုပ်နေတယ်။

 

ခင်လေးကတော့ ပေါက်ကြီးတို့နှစ်ယောက်ရဲ့ လက်မှာ ခေါင်းငိုက်စိုက်ကျလို့…။

 

အချိန်အတော်လေးကြာတော့ ေးကံကြီးရဲ့ အစီအရင်တွေပြီးခဲ့ပြီ။

 

အစီအရင်ပြုထားတဲ့ လင်ဗန်းကို ကိုင်ပြီး ကံကြီးက ခင်လေးဘက်ကို လှည့်လာတယ်။ ပြီးတော့ ပါးစပ်က ဂါထာရွတ်လို့ လင်ဗန်းထဲက အရာတွေနဲ့ ခင်လေးကို ပစ်ပေါက်ပြီး စိတ်ညှို့ပါတော့တယ်။

 

” ကောင်မ…မူလပြန်စမ်း၊ နင့်ရဲ့ အတိတ်ဘ၀ကို သတိရစမ်း…”

 

ကံကြီးက ခင်လေးကို နှုတ်မိန့်ပေးနေတယ်။

 

မကြာပါဘူး။ ခင်လေးရဲ့ ခန္ဓာကိုယ်ဟာ မြွေတစ်ကောင်လို လူးလူးလွန့်လွန့်ဖြစ်လာတယ်။ ပြီးတော့…ကံကြီးတို့ကို မျက်၀န်းနီနီကြီးနဲ့ စိုက်ကြည့်တယ်။

 

” အာခံချင်တယ်ပေါ့ ကောင်မ…ရော့…”

 

” အား…”

 

ခင်လေးဆီက အော်သံနက်ကြီးထွက်ပေါ်လာပါတယ်။

 

” ကောင်မ…နင် အာခံဖို့ မကြိုးစားနဲ့၊ နင့်အခြေအနေ နင်သိလိုက်စမ်း…”

 

ခင်လေးငြိမ်ကျသွားရတယ်။ ကံကြီးက ဆက်လက်ပြီး

 

” နင် နေခဲ့တဲ့ ဋ္ဌာနေကို ငါ့ကိုလိုက်ပြစမ်း…”

 

ခင်လေး မျက်၀န်းများ မှိတ်ထားရင်းက ခေါင်းညိတ်လိုက်လေတယ်။

 

*****

 

” မရောက်သေးဘူးလား…”

 

ကြိုးတုပ်ခံထားရပြီး အိမ်မွေ့ချခံထားရသူလိုဖြစ်နေတဲ့ ခင်လေးက ကံကြီးတို့ကို အရှေ့ကနေ ဦးဆောင်ပြိ်းခေါ်သွားနေတာ။

 

သူတို့အားလုံး မနက်အစောကတည်းက ရွာကနေထွက်ပြီး ရိုးမတောထဲကို ၀င်ခဲ့ကြတာ အချိန်အတော်ကြာနေပြီ။

 

ပေါက်ကြီးတို့နှစ်ယောက်ကတော့ ခင်လေးကိုကြည့်ပြီး တစ်စုံတစ်ရာလုပ်ချင်နေဟန်။ သို့ပေမယ့် ကံကြီးကို ကြောက်ရတာမို့ သူတို့ဆန္ဒကို မျိုသိပ်နေကြရတယ်။

 

နေ၀င်လုနီးနီးအချိန်တွင်တော့ တောင်ခြေ မြေပြန့်ပြန့်လေးဆီအရောက် ခင်လေးရဲ့ ခြေလှမ်းတွေက ရပ်တန့်သွားပါတော့တယ်။

 

” ရောက်ပြီလား…”

 

ခင်လေးက ခေါင်းညိတ်ပြတယ်။ ကံကြီးကတော့ ပတ်၀န်းကျင်ကို ကျေကျေနပ်နပ်ကြီးတစ်ချက် ဝေ့၀ိုက်ကြည့်လို့ ပြုံးလိုက်တယ်။ ပြီးတော့…ခင်လေးရဲ့ နှဖူးထိပ်ကို လက်ဝါးနဲ့အုပ်လို့ ပါးစပ်က တစ်စုံတစ်ရာကို ရေရွတ်လိုက်တယ်။

 

ကံကြီးရဲ့ ရေရွတ်မှုအဆုံး ခင်လေးတစ်ယောက် အရုပ်ကြိုးပြတ်သလို ခွေခေါက်လဲကျသွားပါတော့တယ်။

 

” ဟေ့ကောင်တွေ…ဟိုဟာ သရမ်းချင်မနေကြနဲ့၊ ဒီကိစ္စပြီးရင် မင်းတို့အနားမှာ ဟောတစ်ယောက် ဟောတစ်ယောက်ဆိုပြီး ထည်လဲတွဲလာနိုင်လိမ့်မယ်။ သွား…ပါလာတဲ့ ကန်တော့ပွဲတွေပြင်ဖို့ မြန်မြန်လုပ်ကြ…”

 

ကံကြီးရဲ့ ဆွယ်လုံးက ထိရောက်လှတယ်။ ပေါက်ကြီးနဲ့ င၀င်းတို့နှစ်ယောက် ခင်လေးကို လစ်လှူရှုလို့ သူတို့ကို ကံကြီးခိုင်းတဲ့အတိုင်း တသွေမတိမ်ဆောင်ရွက်ကြပါတော့တယ်။

 

******

 

” ဝုန်း…ဂျိမ်း…”

 

တော်လှဲပဲ့တင်သံကြီးနဲ့အတူ ငွေရောင်ရည် ဖြာကျနေတဲ့ လရောင်အောက်မှာ ၀င်းခနဲ၊ လက်ခနဲထွက်ပေါ်လာတဲ့ ရွှေရောင်စေတီလေး။ ဥာဏ်တော်က ကိုးတောင်ခန့်သာရှိမယ်။

 

စေတီတစ်ဆူလုံးကို ရွှေသားအစစ်တွေနဲ့ တည်ထားတယ်ဆိုတာကတော့ လရောင်အောက်မှာ တဖိတ်ဖိတ်လက်နေတဲ့ အရောင်တွေကြောင့် ငြင်းရနိုင်မယ်မထင်ဘူး။

 

” အောင်ပြီကွ…အောင်ပြီ…”

 

ကံကြီးက ထအော်တယ်။ ပြီးတော့… ပေါက်ကြီးတို့ကို

 

” မင်းတို့ စေတီက ရွှေသားတွေကို သွားခွာကြတော့…”

 

ကံကြီးစကားကြောင့် ပေါက်ကြိး ဇာတ်ပုသွားရတယ်။

 

” ဆရာ…ဟို…နဂါး…ကောင်…”

 

” ဘာမှ မပူနဲ့ ငါထိန်းနိုင်တယ်”

 

ကံကြီးက အာမခံတော့ ပေါက်ကြီးတို့ မတတ်သာတော့ဘူး။

 

သူတို့နှစ်ယောက် စည်းထဲကနေ ထွက်လိုက်ကြတယ်။ အပြင်ရောက်တယ်ဆိုရင်ပဲ ပတ်၀န်းကျင်တစ်ခုလုံး မြွေတွန်သံတွေ၊ မာန်ဖီသံတွေက ထွက်ပေါ်လာတယ်။ လရောင်အောက်မှာ ဦးခေါင်းတွေကို ယိမ်းနွဲ့နေတဲ့ မြွေတွေကိုလည်း သူတို့မြင်ကြရတယ်။

 

ကံကြီးက စည်းထဲကနေပြီး ဂါထာ၊ မန္တာန်တွေအဆက်မပြတ်ရွတ်လို့ ရှိနေတယ်။

 

သူ့ရဲ့ ရွတ်ဖတ်မှုကြောင့် မြွေတွေက အရှေ့ကို တိုးမလာနိုင်ခဲ့ဘူး။

 

******

 

လုလင်ပျိုတစ်ယောက် စမ်းချောင်းကလေးထဲမှာ ရေစိမ်နေတုန်း သူနေထိုင်ရာဘက်ဆီက ဝုန်းခနဲအသံကို ကြားလိုက်ရတယ်။

 

” ရန်သူ…”

 

လုလင်ပျိုက ရေရွတ်ပြီတာနဲ့ ချက်ချင်းပဲ ကမ်းပေါ်ကို အပြေးတက်ပြီး သူနေထိုင်ရာ နေရာဆီကို အလျင်အမြန်ပဲ ပြေးသွားလိုက်ပါတော့တယ်။

 

မကြာခင်မှာတော့ လုလင်ပျိုဟာ သူရဲ့ နေရာဆီကို ရောက်လေပြီး ကန်တော့ပွဲတွေနဲ့ သိုက်တူးဖို့ကြိုးစားနေတဲ့သူတွေကို တွေ့လိုက်ရပါတော့တယ်။ သူ့ရဲ့ အခြွေအရံတချို့က လူသုံးယောက်ကို တားမြစ်ဖို့ ကြိုးစားနေကြပေမယ့် အရာမထင်လေဘူး။ ထိုအချင်းအရာကြောင့် လုလင်ပျိုဟာ ဒေါသထွက်သွားပြီး မျက်၀န်းတွေက ရဲရဲတောက်နီလာခဲ့တယ်။

 

အဲ့ဒီ့အခိုက်မှာပဲ လုလင်ပျိုထပ်မြင်လိုက်ရတာက ခွေခွေကလေးလဲကျနေတဲ့ မိန်းမပျို ( ဝါ) ခင်လေး။

 

” နှမတော်…”

 

လုလင်ပျိုက ခင်လေးကို ပြေးပွေ့လိုက်တယ်။ အဲ့ဒီ့အချိန်မှာပဲ စည်းဝိုင်းထဲမှာ ရှိနေတဲ့ ကံကြီးက

 

” နောက်ဆုံးတော့ မင်းရောက်လာခဲ့ပြီပဲ…”

 

” ဟင်…”

 

လုလင်ပျိုက ကံကြီးဆီကို ကြည့်လာတယ်။ ပြီးတော့…ရုတ်တရက် အံကိုကြိတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို တသ်ချက်လှုပ်ခါလိုက်တယ်။

 

” ဝုန်း…”

 

လုလင်အသွင်ကနေ ကြီးမားတဲ့ နဂါးကြီးတစ်ကောင်။

 

” ဟား…ဟား…ဒီအတွက်ကြိုပြင်ခဲ့ပြီးသားပါကွာ…”

 

ကံကြီးက ပြောပြီးတာနဲ့ မန္တာန်တစ်ပုဒ်ကို ရွတ်လိုက်တယ်။

 

သူ့ရဲ့ ရွတ်ဖတ်သံအဆုံးမှာတော့ လေပြင်းတွေ တရွှီရွှီတိုက်ခတ်လာပြီး လရောင်အောက်မှာ ကောင်ူကင်ကနေ ပျံဝဲဆင်းသက်လာတဲ့ ကြီးမားလှတဲ့ ငှက်ကြီးတစ်ကောင်။

 

ငှက်ကြီးက အရှိန်နဲ့ ပြေးဆင်းလာပြီး နဂါးကြီးကို ထိုးသုတ်လိုက်တယ်။

 

နဂါးကြီးကတော့ ငှက်ကြီးသူ့ဆီရောက်မလာမီ နံဘေးက မိန်းမပျိုကို ထိခိုက်မှာစိုးလို့ အမြီးကြီးနဲ့ နံဘေးကို တွန်းဖယ်လိုက်တယ်။

 

အဲ့ဒီ့ခဏမှာပဲ ငှက်ကြီးရဲ့ ထိုးသုတ်ခြင်းကို နဂါးကြီးခံလိုက်ရပါတော့တယ်။

 

******

 

တစ်တောလုံး ပဲ့တင်သံအထပ်ထပ်နဲ့ ဝုန်းဒိုင်းကြဲနေတယ်။

 

နဂါးကြီးနဲ့ ဂဠုန်ငှက်ကြီးတို့ တိုက်ခိုက်မှုကြောင့် ပေါက်ကြီးတို့ခမျာလည်း ရှေ့ကိုတက်မတိုးရဲဘူး။ ရောက်ရာနေရာမှာ ရပ်ပြီးတိုက်ပွဲကို ကြည့်နေကြတယ်။

 

ကံကြီးကတော့ မျက်စိကို စုံမှိတ်ပြီး မန္တာန်တွေအဆက်အပြတ်ရွတ်ဖတ်နေတယ်။

 

” ဟဲ့ကောင်တွေ ရပ်လိုက်ကြစမ်း…”

 

အောင်မြင်ထည်ဝါလွန်းတဲ့ ငေါက်ငမ်းသံ။

 

အသံရဲ့ အဆုံးမှာတော့ တောထဲကနေ တေုင်ဝှေးကို အားပြုလို့ လှမ်းလျှောက်လာတဲ့ အဘွားအိုတစ်ယောက်။

 

ကံကြီးရဲ့ ရွတ်ဖတ်သံက ရပ်တန့်သွားရတယ်။

 

” နင်တို့…တော်တော်မိုက်မဲတဲ့ ကောင်တွေပဲ…ဘုရားကပစ္စည်းကို နင်တို့မို့ ပစ်မှားရဲတယ်…”

 

အဘွားအိုက ကံကြီးကို ဒေါသတကြီးကြည့်ပြီး ပြောလိုက်တယ်။ ကံကြီးကတော့ အဘွားအိုကို မထီတရီပြန်ကြည့်လေပြီး

 

” အဘွားကြီး…ကိုယ်နဲ့ မဆိုင်ရင် ဘေးဖယ်ရှောင်သွားလိုက်ပါ၊ မဟုတ်ရင် ကြားထဲကနေ အချောင် မသာပေါ်နေမယ်နော်…”

 

ကံကြီးရဲ့ စကားကြောင့် အဘွားအိုက အားရပါးရ ထ’ရယ်လိုက်တယ်။

 

” နင်ကများ ငါ့ကို ကြိမ်းလားမောင်းလားနဲ့…”

 

” ဟား…ဟား…ခင်ဗျားက ဘယ်သူမို့လို့ ဒီလောက် လေကြီးနေရတာလဲ…”

 

” ငါ…ဘယ်သူဆိုတာ နင်သိချင်ရင် သိရမပေါ့…”

 

အဘွားအိုက ပြောလိုက်တယ်ဆိုရင်ပဲ အနောက်တောထဲဆီကနေ လွန်စွာမှ ကြီးမားလွန်းတဲ့ ကျားကြီးတစ်ကောင် ခုန်ထွက်လာတယ်။

 

အဲ့ဒီ့ခဏမှာပဲ အဘွားအိုရဲ့ အသွင်က ရုတ်ခြည်းပြောင်းလဲသွားတယ်။ လက်တစ်ဖက်မှာ ဓားအလွတ်ကို ကိုင်ဆောင်ထားတဲ့ အဘွားအိုရဲ့ အသွင်ကိုမြင်တော့ ကံကြီးလန့်ဖျပ်သွားပြီး ဒူးထောက်ကျသွားရတယ်။

 

” အမေ…အမေ…သားတော်မှားပါတယ်။ သားတော်ကို ခွင့်လွှတ်ပေးပါ…”

 

” ကံဆိုတာ ကိုယ်က ပြုတာ၊လောကမှာ မပြစ်မှားထိုက်တဲ့အရာကို ပြစ်မှားလိုက်တာက တကယ့်ကို ကြီးမားလွန်းတဲ့ အပြစ်ပါပဲ။ ကိုယ့်ရဲ့ အပြစ်ဒဏ်အတွက် ကိုယ်တိုင်ခံယူပါ…”

 

ဓားကိုင်ထားတဲ့ မယ်တော်ဆီက စကားသံအဆုံးမှာတော့ အနောက်မှာရှိတဲ့ ကျားကြီးက ကံကြီးထံကို ခုန်၀င်အုပ်လိုက်ပါတော့တယ်။

 

ထို့နည်းတူတူပဲ တစ်ဖက်က ပေါက်ကြီးတ်ုိ့မှာလည်း သူတို့ဆရာ ကံကြီးရဲ့ အဖြစ်အပျက်ကြောင့် ကြောက်အားလန့်အားနဲ့ သွေးပျက်ကြီး ထွက်ပြေးကြတယ်။ ဒါပေမယ့် သူတို့ကံမကောင်းခဲ့ပါ။

 

တောစပ်ဆီကို မရောက်ခင်မှာပဲ များစွာသော မြွေတို့က သူတို့ကိုယ်ပေါ်ဆီကို ခုန်တက်ရစ်ပတ်ပြီး ကိုက်ခဲကုန်ကြပါတော့တယ်။

 

******

 

” အသင်…နဂါးမင်းတို့ မောင်နှံ ရွှေစေတီကို ဆက်လက်စောင့်ရှောက်နိုင်ပါပြီ။ တပည့် အမိုက်အမဲတွေကြောင့် အခုလိုမျိုး အနှောက်အယှက်ဖြစ်သွားရတာကိုတော့ ခွင့်လွှတ်ပေးပါ။ ခွင့်ပြုပါလော့…နဂါးမင်း…”

 

မယ်တော့်ထံက စကားဆိုသံ။ ဒဏ်ရာဒဏ်ချက်စွာနဲ့ နဂါးမင်းတစ်ဖြစ်လဲ လုလင်ပျိုက

 

” ကျေးဇူးကြီးလှပါတယ်…မယ်တော်…”

 

မယ်တော်က သူ့ရဲ့ စီးတော်ကျားကြီးရဲ့ ကျောဆီတက်လို့ ထွက်ခွာသွားခဲ့ပါတယ်။

 

လုလင်ပျိုက မယ်တော်ထွက်သွားရာဆီကို တစ်ခဏမျှ ငေးကြည့်နေမိပြီး အနောက်ကို လှည့်လိုက်တယ်။

 

” ဟင်…”

 

အစိမ်းရောင်၀တ်ဆင်ထားတဲ့ မိန်းမပျိုတစ်ယောက်။ မိန်မးပျိုကို မြင်တော့ လုလင်ပျို ၀မ်းသာသွားတယ်။

 

” ဟင်…နှမတော်…မောင်တော့်ဆီ ပြန်လာတယ်နော်…”

 

မ်ိန်းမပျိုဆီက ရွှန်းရွှန်းစားစား အပြုံတစ်ခုဖြစ်ပေါ်လာပြီး ခေါင်းညိတ်ပြတယ်။

 

ပြီးတော့…နှစ်ဦးသား ပျော်ရွှင်လွန်းစွာနဲ့ တစ်ဦးလက်ကို တစ်ဦးဆွဲကိုင်ပြီး ရွှေရောင်တဖျပ်ဖျပ်လက်နေတဲ့ စေတီကလေးဆီကို ပြေးလှမ်းသွားကြပါတော့တယ်။

 

သူတို့ထွက်သွားပြီးနောက် ထိုနေရာလေးဆီမှာ တစ်စုံတစ်ရာက ကျန်ရှိနေခဲ့ပါတယ်။

 

အဲ့ဒီ့အရာက…။

 

ကျောက်တုံးကြီးတစ်ခုရဲ့ နံဘေးမှာ ဦးခေါင်းဆီက သွေးများထွက်ကာ သေဆုံးနေလေတဲ့ ခင်လေး( သို့) သားဖွားဆရာမလေးရဲ့ အလောင်းရယ်သာ။

 

ပြီးပါပြီ။

 

တစ်ခါမှ မရေးဖူးတဲ့ ဇာတ်လမ်းမျိုးမို့ စာမူမှာ အမှားအယွင်းများစွာ ရှိနိုင်ပါတယ်။ ဒီအတွက် ဖြေဖျော်မှု ရသစာမူတစ်ပုဒ်အနေနဲ့သာ ဖတ်ပေးကြပြီး သည်းခံနားလည်ပေးကြပါလို့ တောင်းဆိုလိုက်ပါရစေခင်ဗျာ🙏🙏🙏

 

 

 

နောင်ရိုး( ဆေးတပ်)

ေ႐ႊေစတီက နဂါးေမာင္ႏွံ (စ/ဆုံး)
ေရးသူ-ေနာင္႐ိုး(ေဆးတပ္)

**********************

” အမေလး…ဘုရား…ဘုရား…”

ခင္ေလးပါးစပ္ဆီက အံ့ၾသတႀကီးေရ႐ြတ္မိလိုက္တယ္။

သူ႔ေရွ႕ျမင္ကြင္းဆီမွာက တစ္သက္နဲ႔တစ္ကိုယ္ျမင္ရဖို႔ ခဲယဥ္းလြန္းလွတဲ့ အေမာက္တေထာင္ေထာင္နဲ႔ စိမ္းေတာက္ေတာက္ နဂါးႀကီး။

အလုံးအထည္က ထန္းပင္လုံးႀကီးပမာ။ အေမာက္၊ အရစ္မ်ားက ေ႐ႊစိမ္းေရာင္ေတာက္ေနၿပီး ေ႐ႊဝါေရာင္တခ်ိဳ႕က ၾကားေဖာက္ထားတယ္။ မ်က္၀န္းတို႔ကေတာ့ နီရဲေတာက္လို႔ ပတၱျမားလုံးႀကီးမ်ားလို။

ဒီ့ထက္မက အံ့ၾသစရာေကာင္းတာက နဂါးႀကီးဟာ ေ႐ႊေရာင္ဝါ၀င္းေနတဲ့ ေစတီငယ္တစ္ဆူကို အထပ္ထပ္ရစ္ပတ္လို႔ ရွိေနတာပါပဲ။

ခင္ေလးၾကည့္မိေနတုန္း ေစတီကို လႈပ္ရွားရစ္ပတ္ေနတဲ့ နဂါးႀကီးရဲ႕ ဦးေခါင္းဟာ ထီးေတာ္အထိကို ေရာက္တယ္ဆိုရင္ပဲ ပါးျပင္းခြက္ႀကီးကို ျဖန္႔၀င့္လို႔ မိုးအုပ္လိုက္ပါေတာ့တယ္။

******

” အား……..”

ခင္ေလး အလန္႔တၾကားေအာ္ရင္း အိပ္ရာထက္က ထထိုင္လိုက္မိတယ္။

” နဂါးႀကီး…နဂါးႀကီး…”

ခင္ေလးပါးစပ္က တဖြဖြေရ႐ြတ္ရင္း မ်က္၀န္းက ပတ္၀န္းက်င္ကို လိုက္လံၾကည့္မိတယ္။ သူေရာက္ေနတာက နဂါးႀကီးနဲ႔ ေ႐ႊေစတီရွိေနတဲ့ ေနရာမဟုတ္ေတာ့ဘူး။ သူအိပ္ခန္းဆီကို သူျပန္ေရာက္ေနခဲ့တယ္။

” ဟူး…ေတာ္ပါေသးရဲ႕၊ ငါ…အိပ္မက္ေနတာပဲ…ဟင္း…”

ခင္ေလး သက္ျပင္းကို အႀကိမ္ႀကိမ္ခ်မိလိုက္တယ္။ ၿပီးေတာ့…တုန္ရီေနတဲ့ ရင္အစုံကို လက္နဲ႔မိၿပီး ေသာက္ေရဗူးကို လိုက္ရွာလို႔ တစ္ဝေသာက္လိုက္ပါေတာ့တယ္။

******

ေမြးေန႔မနက္ေပမို႔ ခင္ေလးတစ္ေယာက္ ပဲခူးေ႐ႊေမာ္ေဓာဘုရားဆီသြားကာ ကုသိုလ္ျပဳဖို႔ အ၀တ္အစားလဲလွယ္ျပင္ဆင္ေနမိတယ္။

ေရမိုးခ်ိဳး၊ အ၀တ္အစားလဲၿပီးေတာ့ လိုအပ္တဲ့ အေမႊးတိုင္၊ ဖေယာင္းတိုင္ႏွင့္ ပိုက္ဆံအိတ္တို႔ကို ယူေဆာင္ၿပီး ကားဂိတ္ဆီကို ထြက္ခဲ့ေပမယ့္ ခင္ေလးရဲ႕ အေတြးေတြထဲမွာ ညတုန္းက အိပ္မက္ထဲက နဂါးႀကီးကို ျမင္ေယာင္မိေနဆဲပဲ။ လူကလည္း အိပ္ေရးမ၀လို႔ ၿငီးစီစီျဖစ္ေနရတယ္။

ကားဂိတ္ေရာက္ၿပီး မၾကာဘူး။ လိုင္းကားဆိုက္လာေတာ့ ကားေပၚတက္ၿပီး လိုက္ခဲ့တယ္။ ခင္ေလး လက္ရွိေနတဲ့ သနပ္ပင္ၿမိဳ႕နဲ႔ ပဲခူးၿမိဳ႕က သိပ္မေဝးေတာ့ ခဏနဲ႔ပဲ ဘုရားေျခရင္းကို ေရာက္ခဲ့တယ္။

ဘုရားပန္းမ်ား၀ယ္ၿပီးေတာ့ ခင္ေလး ေစာင္းတန္းအတိုင္း ဘုရားေပၚကို တက္လာခဲ့တယ္။

ဘုရားေပၚေရာက္ေတာ့ ေမြ႕ေန႔နံေထာင့္မွာ လႉဖြယ္တို႔ကို ဆပ္ကပ္ၿပီး ဘုရား၀တ္ျပဳ၊ အမွ်အတန္းေပးေဝလိုက္တယ္။ ျပဳဖြယ္တို႔ ၿပီးဆုံးျပန္ေတာ့ ခင္ေလးဘုရားေပၚက မျပန္ခ်င္ေသးဘူး။

ဘုရားရိပ္၊ တရားရိပ္က ေအးခ်မ္းလွတာမို႔ ခဏဆက္ေနဖို႔ဆုံးျဖတ္ၿပီး ေစတီေတာ္ႀကီးကို အလုံးစုံဖူးျမင္ႏိုင္မယ့္ေနရာဆီမွာ ခင္ေလးထိုင္ၿပီး ၾကည္ညိဳဖူးေျမႇာ္ေနမိျပန္တယ္။

” အို…ဘျဝခားကေန လူ႔ျပည္ကို ေကာင္းမႈလာျပဳတဲ့ သမီးပ်ိဳေလးပါလားကြယ္…”

အသံနဲ႔အတူ ခင္ေလးအနားကိုေရာက္လာတဲ့ ေတာင္ေဝွးေထာက္ အသက္ႀကီးႀကီး ေယာဂီေရာင္လည္းမဟုတ္၊ မည္းညစ္ညစ္အ၀တ္အစားကို ၀တ္ဆင္ထားတဲ့ အဘြားအိုတစ္ေယာက္။

” ရွင္…အဘြား…”

အဘြားရဲ႕စကားကို နားမလည္လိုက္တာမို႔ ခင္ေလးျပန္ေမးလိုက္တယ္။

” ဪ…အဘြားေျမးေလးက ေကာင္းမႈလာျပဳတဲ့ သမီးပ်ိဳေလးလို႔ အဘြားက ေျပာလိုက္တာပါ။ ဒါနဲ႔ေလ… သမီးေလး အခုတေလာ ထူးထူးျခားျခားအိပ္မက္ေတြမ်ား မက္မိသလားကြယ္…”

” ဟင္…”

အဘြားရဲ႕ ေမးခြန္းနဲ႔ ခင္ေလးရဲ႕ အျဖစ္အပ်က္က ခ်ိန္ကိုက္ထားသလိုပဲ ထပ္တူက်ေနေတာ့ ခင္ေလးေၾကာင္အမ္းသြားမိတယ္။ ၿပီးေတာ့မွ…

” ဪ…ဟုတ္တယ္ အဘြား မက္တယ္။ သမီးအိပ္မက္တယ္။ အခုညကေလးတင္ကိုမွပဲ မက္ခဲ့တာ…”

” အဘြားထိုင္မယ္ေနာ္…”

” ဟုတ္…ဟုတ္…အဘြား…”

ထိုင္ခ်ဖို႔ ႀကိဳးစားေနတဲ့ အဘြားကို ခင္ေလးေဖးကူလိုက္တယ္။

” အင္း…ဘယ္လိုမ်ား မက္သလဲကြယ္…”

” အိပ္မက္ထဲမွာေလ…ေ႐ႊေရာင္၀င္းေနတဲ့ ေစတီတစ္ဆူ၊ ၿပီးေတာ့…နဂါးစိမ္းစိမ္းႀကီး။ နဂါးႀကီးက ေစတီကို ရစ္ပတ္ၿပီး ပါးျပင္းႀကီးမိုးလို႔ ဖူးေျမႇာ္ေနတာ…”

ခင္ေလးစကားကို နားေထာင္ၿပီး အဘြားအိုက ေခါင္းညိတ္လို႔ၿပဳံးတယ္။ ၿပီးေတာ့…

” ဒီေန႔က သမီးေလးရဲ႕ အသက္ႏွစ္ဆယ့္ငါးႏွစ္ျပည့္တဲ့ ေမြးေန႔မွတ္လား…ၿပီးေတာ့…အိပ္မက္ကလည္း တိုက္တိုက္ဆိုင္ဆိုင္ပဲ မက္တယ္ဆိုတာကိုေကာ သမီးသတိထားမိရဲ႕လား…”

” ဟုတ္တယ္ အဘြား။ သမီး သတိထားမိတယ္…”

” အင္း…ဒါဟာ ေျပာရရင္ေတာ့ သမီးေလးကို သူတို႔နဲ႔ ထူးျခားတဲ့ ပ႒ာန္းဆက္ရွိေနတယ္ေလ၊ ဒါေၾကာင့္ သူတို႔က အသိေပးလိုက္တာေပါ။ လူ႔ဘ၀မွာ ၾကာၾကာေနခ်င္တယ္ဆိုရင္ေတာ့ ကုသိုလ္ေကာင္းမႈမ်ားမ်ားျပဳလုပ္ၿပီး သူတို႔ကို ရည္႐ြယ္လို႔ အမွ်ေပးေဝေခ်ကြယ့္…”

” ဟုတ္ကဲ့ အဘြား၊ ဒါနဲ႔ေလ သူတို႔ဆိုတာက ဘယ္သူေတြလဲဟင္…”

” သူတို႔ဆိုတာက သမီးျမင္မက္တဲ့ နဂါးႀကီးေပါ့ကြယ္။ သမီးဟာ…နဂါးသိုက္က လာတာကြယ့္။ အင္း အဘြားအထင္ကို ေျပာရရင္ေတာ့ သမီးေလးဟာ…အဲ့ဒီ့အိပ္မက္ထဲက ေ႐ႊေစတီကို အျပင္မွာ ႀကဳံႀကိဳက္ၿပီး အမွန္တကယ္ဖူးေျမႇာ္ရလိမ့္ဦးမယ္ကြယ္၊ တကယ္လို႔မ်ား အခက္အခဲတစ္ခုခုရွိခဲ့မယ္ဆိုရင္ေတာ့ အဘြားကို သတိရေခ်ေနာ့္…အဲ့ဒီ့အခါ အဘြားကိုယ္တိုင္ မကူညီႏိုင္ခဲ့ရင္ေတာင္ ကူညီႏိုင္မယ့္သူကို အဘြားရွာေဖြေပးမယ္။ ကဲ…ကဲ…သမီးေလးေရ…အဘြားကို ထူေပးပါဦး…ျပန္ခ်ိန္ေရာက္ေတာ့မွာမို႔ အဘြားသြားေတာ့မယ္…”

” ဪ…ဟုတ္ကဲ့ရွင့္ အဘြား”

ခင္ေလး အဘြားကို ထူေပးလိုက္တယ္။ ထူထလို႔ၿပီးတာနဲ႔ အဘြားက ထူးထူးဆန္းဆန္းပဲ ခင္ေလးကို ႏႈတ္မဆက္ေတာ့ဘူး။ ေတာင္ေဝွးကို အားျပဳလို႔ ဘုရားရဲ႕ အေနာက္ဘက္ဆီကို ထြက္သြားေတာ့တယ္။

က်န္ရစ္ခဲ့သူ ခင္ေလးမွာေတာ့ ထြက္သြားသူ ေယာဂီအဘြားရဲ႕ ေက်ာျပင္ကိုၾကည့္ၿပီး အေတြးေပါင္းမ်ားစြာနဲ႔ က်န္ရစ္ခဲ့တယ္။

အဘြားကို ျမင္ကြင္းက ကြယ္ခ်ိန္က်မွ ခင္ေလးအေတြးေတြရပ္တန္႔သြားရၿပီး ပါးစပ္ကေန

” ငါက နဂါးသိုက္က လာတာတဲ့။ ဟင္း… အဘြား ေျပာတာေတြကလည္း ထူးဆန္းလိုက္တာေနာ္။ လိုက္လို႔ေတာင္ မမွီဘူး။ ဒါေတြက ဒီေခတ္ႀကီးမွာ ရွိေနေသးလို႔လား…ငါ အဘြားကို ေသခ်ာ ထပ္ေမးၾကည့္ရင္ေကာင္းမယ္ထင္တယ္…”

ခင္ေလး ဆုံးျဖတ္ခ်က္ နဲ႔အတူ ခ်က္ ခ်င္းပဲ အဘြားကို လိုက္ရွာဖို႔ ေနရာကေန ခပ္သုတ္သုတ္လွမ္းထြက္ခဲ့တယ္။

ဒါေပမယ္ ေ႐ႊေမာ္ေဓာေစတီႀကီးကိုသာ တစ္ပါတ္ျပည့္သြားခဲ့တယ္။

မိနစ္ပိုင္းေလးအတြင္း ေတာင္ေဝွးအားျပဳလို႔ ထြက္သြားတဲ့ အဘြားရဲ႕ အရိပ္အေယာင္ကိုေတာ့ လုံး၀မေတြ႕ခဲ့ရဘူး။

ေနာက္ဆုံးေတာ့ ခင္ေလးလည္း ထိုအေၾကာင္းကို မျဖစ္ႏိုင္ဘူးရယ္လို႔ ယူဆၿပီး ေပါ့တန္တန္ပဲ ေနခဲ့ပါတယ္။

*****

” တို႔… သားဖြားအဖြဲ႕ေတြ နယ္ေျပာင္း ထြက္ဖို႔ရွိတယ္တဲ့ ခင္ေလးေရ…”

ေက်းလက္ေဆးေပးခန္းေလးထဲမွာ ထိုင္ၿပီး လိုအပ္တဲ့ ေဆးေတြကို ၿမိဳ႕ေပၚလွမ္းမွာဖို႔ စာရင္းျပဳစုေနတုန္း စကားသံနဲ႔အတူ ေဆးခန္းထဲကို ၀င္ေရာက္လာတဲ့ သားဖြားဆရာမေလး စုစုေၾကာင့္ ခင္ေလးေမာ့ၾကည့္လိုက္မိတယ္။

” ဟင္…ဟုတ္လား၊ ဘယ္လိုျဖစ္တာလဲ…”

” ေအးေလ…ငါလည္း အဲ့ဒါကိုပဲေတြးေနတာ၊ တို႔တာ၀န္က်ရာေနရာေတြကို ေရာက္တာ သတ္မွတ္ကာလမွမျပည့္ေသးတာကို…”

” အင္း…”

ခင္ေလး ပင့္သက္ကို ရႈိက္မိလိုက္တယ္။

သူနဲ႔ စုမြန္တို႔က သင္တန္းအတူတက္ၿပီး သနပ္ပင္ၿမိဳ႕တြင္သာ တာ၀န္က်ခဲ့ၾကသူမ်ား…။

ယခု သူတို႔ႏွစ္ေယာက္ သနပ္ပင္ၿမိဳ႕တြင္ တာ၀န္ထမ္းေဆာင္သည္မွာ အခ်ိန္တစ္ႏွစ္ပင္ မျပည့္ေသး။ နယ္ေျပာင္းသတင္းက ေရာက္လာခဲ့ေလၿပီ။

သို႔ေပမယ့္လည္း တာ၀န္က်ရာထမ္းေဆာင္ရမည့္ ႏိုင္ငံ့၀န္ထမ္းမ်ားေပမို႔ ျငင္းဆန္ျခင္းငွါ မစြမ္းသာပါ…။

******

” ဟူး…”

မ်က္စိေရွ႕က ျမင္ေနရတဲ့ ေက်းလက္က်န္းမာေရး႒ာနေလးကို ၾကည့္ၿပီး ခင္ေလးေလပူတစ္ခ်က္ကို မႈတ္ထုတ္မိတယ္။

ခင္ေလး ျဖဴးၿမိဳ႕ရဲ႕ အေနာက္ဘက္ အေတာ့္ကို ေခါင္ဖ်ားလွတဲ့ ႐ြာကေလးဆီကို တာ၀န္က်ၿပီး အခုေရာက္ေနခဲ့တာ။

က်န္းမာေရး႒ာနေလးကို ပိတ္ထားတာ ၾကာေနၿပီျဖစ္တယ္ဆိုတာကိုေတာ့ သံေခ်းတက္ေနတဲ့ ေသာ့ခေလာက္ႀကီးက သက္ေသခံေနသလိုပါပဲ။

ေသာ့တံနဲ႔ ခက္ခက္ခဲခဲဖြင့္ၿပီးမွ ေသာ့က ပြင့္သြားတယ္။ ခင္ေလးအထဲကို ၀င္ၾကည့္ေတာ့ ပစၥည္းပစၥယတို႔က ဖုန္အထပ္ထပ္နဲ႔။

မတတ္သာၿပီမို႔ လက္ထဲက အခုပ္အပိုးတို႔ကို သင့္ရာေနရာမွခ်ၿပီး တံခါးေထာင့္က တံျမက္စည္းေလးကိုယူလို႔ သန္႔ရွင္းေရးလုပ္ဖို႔ျပင္လိုက္ေတာ့တယ္။

” ဆရာမေလးက ေရာက္ေနၿပီရယ္…”

အျပင္ဘက္က ဆူညံသံေတြကို ၾကားရတာမို႔ ႐ြာထဲကို လူသြားေခၚတဲ့ ဦးဘေမာင္တို႔ ျပန္လာေၾကာင္း သိလိုက္ရတယ္။

မၾကာပါဘူး။ ႐ြာထဲက လူအုပ္ႀကီးတစ္အုပ္ေရာက္လာၾကၿပီး ေပ်ာ္ေပ်ာ္ပါးပါးနဲ႔ က်န္းမာေရး႒ာနငယ္ေလးကို ဝိုင္း၀န္းရွင္းလင္းေပးေတာ့တယ္။

အားလုံးကလည္း ခင္ေလးကို ဆရာမ၊ ဆရာမနဲ႔ ပါးစပ္ဖ်ားကမခ်ေလာက္ေအာင္ ခ်စ္ခင္ေနၾကေလေတာ့ ခင္ေလးခမ်ာ အခုမွ နယ္ေျမအသစ္ကို ေရာက္ရွိခဲ့ရေပမယ့္ ကိုယ့္အိမ္ကိုယ့္ယာလို ခံစားလာရေတာ့တယ္။

သို႔ေပမယ့္ စစေရာက္ခ်င္း တစ္လေလာက္အတြင္းမွာ သူ႔ဆီကို ေမြးဖြားသူေကာ ဗိုက္အပ္လာသူပါ လုံး၀ မရွိခဲ့ဘူး။

ေက်းလက္ေဒသ ေရွး႐ိုးကို ခုံမင္ၾကသူမ်ားေပမို႔ အရပ္လက္သည္ကိုသာ အားျပဳေမြးဖြားေနၾကဆဲ…။

******

အခ်ိန္ ငါးလ၀န္းက်င္ ၾကာျမင့္ခဲ့ပါၿပီ။

ဒီအေတာအတြင္းမွာ ကိုခင္၀င္းဆိုသူရဲ႕ဇနီး မယ္တင္ဆိုတဲ့ ဆင္းရဲလြန္းတဲ့ အမ်ိဳးသမီးကို အရပ္လက္သည္က ေမြးဖြားေပးဖို႔ ျငင္းဆန္ရာကေန ခင္ေလးဆီကို ေရာက္လာခဲ့ၾကၿပီး နည္းစနစ္တက်ေမြးဖြားေပးခဲ့ျခင္းက အစျပဳလို႔ ေက်းလက္လူထုတို႔က ခင္ေလးအေပၚ ယုံၾကည္သက္၀င္လာခဲ့ၾကၿပီ ျဖစ္ပါတယ္။

အခ်ိန္က စကားေျပာလာတာနဲ႔အမွ် ခင္ေလးေရာက္လာၿပီးေနာက္ပိုင္းမွာ ေက်းလက္ေဒသရဲ႕ ေရွး႐ိုးစြဲ သားဖြားနည္းနာေတြၾကားမွာ အသက္လုၿပီး ေမြးဖြားရမယ့္ ကေလးငယ္ေတြနဲ႔ မိခင္ေတြဟာ ရာခိုင္ႏႈန္းျပည္၀တဲ့ က်န္းမာေရးဆိုင္ရာ လုံၿခဳံမႈကို ခံစားလာၾကရတယ္။ မလိုအပ္ဘဲ မိခင္၊ ကေလးတိမ္းပါးမႈေတြဟာလည္း မရွိေတာ့ပါဘူး။

အစပိုင္းေတာ့ ေရွးထုံးကို မလြန္ဆန္ၾကေပမယ့္ ေနာက္မ်ားၾကေတာ့ ခင္ေလးရဲ႕ က်န္းမာေရးပညာေပးေဟာေျပာစည္း႐ုံးမႈေတြၾကားမွာ ေက်းလက္ေနလူထုတို႔ အရာရာကို တေျဖးေျဖးနားလည္သိရွိလာခဲ့ၾကပါေတာ့တယ္။

အမ်ိဳးသမီးေတြ ေဆးဝါးမ်ားကို စနစ္တက်အသုံးျပဳၿပီး သားဆက္ျခားျခင္းနဲ႔ ယခင္ ရွိၿပီးသား အရပ္လက္သည္ေတြကို မွန္ကန္တဲ့ နည္းစနစ္ေတြသင္ၾကားႏိုင္ဖို႔ ခင္ေလးကူညီေပးႏိုင္ခဲ့ပါတယ္။

ခင္ေလးရဲ႕ ေစတနာ၊ အၾကင္နာနဲ႔ ေမတၱာတရားေတြက ေခါင္ဖ်ားတဲ့ ေက်းလက္ေဒသေလးကို ကြန္ယက္ျဖန္႔က်က္ႏိုင္ခဲ့ေလၿပီ။

ေမတၱာဆိုတဲ့ သေဘာမွာလည္း ေရာင္ျပန္တုန္႔ျပန္တတ္ေလေတာ့ ေက်းလက္သားတို႔အဖို႔က ခင္ေလးကို ခ်စ္ခင္ေလးစားမႈအျပည့္နဲ႔ပါပဲ။

သို႔ေပမယ့္…အရာရာတိုင္းမွာ သုန္းျပဴးဆိုတာ ရွိေနတတ္တယ္ေလ။

ဒီေတာ့…ခင္ေလးရဲ႕ လုပ္ေဆာင္ခ်က္ေတြတိုင္းကို အျပစ္လိုျမင္ေနတတ္တဲ့ သူတစ္ေယာက္ေတာ့ ရွိေနခဲ့ပါတယ္။

ထိုသူကေတာ့…။

******

” ေတာက္…ဒီဟာမေလး ေရာက္လာကတည္းက တေျဖးေျဖးနဲ႔ ငါ့ရဲ႕ စားေပါက္ေတြပိတ္ခဲ့ရတာ၊ အခုဆိုရင္ ႐ြာထဲက အရင္က ငါမွငါ တမ္းတမ္းစြဲ ေမြးခဲ့ၾကတဲ့ ေကာင္မေတြကလည္း အခုေတာ့ ဒီဟာမဆီကို ေရာက္ကုန္ၾကၿပီ။ ငါ့ဆီမွာ ခယ’ခဲ့ၾကတဲ့ တပည့္တပန္းေတြကလည္း သူ႔ေၾကာင့္နဲ႔ ငါ့ကို ခြာၿပဲကုန္ၾကၿပီ။ မျဖစ္ေသးပါဘူး…ငါ…သူ႔ကို ဒီအတိုင္း လႊတ္ထားလို႔မရေတာ့ဘူး။ တစ္ခုခုေတာ့ လုပ္မွရေတာ့မယ္။ ဒါမွ ငါ့အလုပ္ေတြ ျပန္ေရာက္လာမွာ…”

အထက္ပါ စကားကို ေျပာင္းဖူးဖက္ ေဆးလိပ္ႀကီးဖြာလို႔ ႀကိမ္းဝါးေနသူကေတာ့ ႐ြာအျပင္ လယ္က်င္းေတြထဲမွာ တဲထိုးၿပီးေနတဲ့ ေဒၚဖြားတင္ပဲ ျဖစ္ပါတယ္။

ေဒၚဖြားတင္က အရင္က ဒီေနရာ၊ ဒီေဒသရဲ႕ အထင္ကရ ၀မ္းဆြဲသည္ႀကီး။ ၿပီးေတာ့…ေအာက္လမ္းလိုလို၊ စုန္းလိုလိုပညာရပ္မ်ိဳးကို တတ္ကြၽမ္းတယ္လို႔ သမုတ္ခံထားရတဲ့သူ…။

အရင္ကတည္းက သူ႔နယ္ပိုင္ ရပ္႐ြာထဲက ကေလးေမြးစရာရွိလို႔ အျခား၀မ္းဆြဲသည္နဲ႔ ေမြးခဲ့ရင္ သူက ကေလးေသေအာင္ ျပဳစားတတ္တယ္ရယ္လို႔ ႐ြာက သိၾကတယ္။ တကယ္လည္း သူနဲ႔မေမြးရင္ ကေလးေသဖို႔ကမ်ားတယ္။

တကယ္ေတာ့ ေဒၚဖြားတင္က စုန္း မဟုတ္ပါဘူး။ တစ္ျခားတစ္ေနရာက ေအာက္လမ္းဆရာတစ္ေယာက္ရဲ႕ အကူအညီကတဆင့္ တျခားလက္သည္ေတြကို အမွားအယြင္း မျဖစ္ျဖစ္ေအာင္ ဖန္တီးေနတာရယ္။

ခင္ေလးဆိုတဲ့ သားဖြားဆရာမ ႐ြာကို ေရာက္စကေတာ့ ကေလးေမြးမယ့္သူေတြဟာ အဲ့ဒီ့ဆရာမဆီထက္ သူ႔ဆီကိုပဲ အလာမ်ားၾကပါတယ္။

ဒီတုန္းကေတာ့ ေဒၚဖြားတင္ဟာ ပညာမာန္၀င့္လို႔ ဆရာမေလးကို ” ဖားတုလို႔ ခ႐ုခုန္ အိုင္ပ်က္႐ုံပဲရွိမယ္၊ ကြၽတ္…ကြၽတ္ သနားစရာေလးရယ္…”လို႔ေတာင္ သေရာ္ခဲ့ဖူးေသးရဲ႕။ အပြဲပြဲႏြဲလာခဲ့တဲ့သူ႔အတြက္ ဆရာမေလးဟာ ဂ႐ုစိုက္စရာမလိုဘူးလို႔ကို သူယူဆခဲ့တာ။

ဒါေပမယ့္ အခ်ိန္ၾကာလာတာနဲ႔အမွ် သူ႔ဆီကို လက္သည္အပ္လာသူက လုံး၀ကို မရွိေတာ့ဘူးျဖစ္လာေတာ့တယ္။

ဒီေတာ့ကာမွ ေဒၚဖြားတင္တို႔ လက္ရွိအေျခအေနကို ျမင္ရၿပီး အခုလို မလိုမုန္းပြားမႈေတြ စ’ တင္လာခဲ့ရေတာ့တယ္။

ဒီအတြက္ေၾကာင့္ပဲ သူဟာ အကိုင္းအခက္ကို ခုတ္ျခင္းထက္ ေရေသာက္ျမစ္ကို ဖ်က္ဆီးဖို႔ကိုသာ ဆူံးျဖတ္လိုက္ပါေတာ့တယ္။

******

” သံေခ်ာင္း…ငါမွာတာ ေသခ်ာလုပ္ေနာ္…”

ေဒၚဖြားတင္က ေအာက္လမ္းဆရာဆီက ယူလာတဲ့ အစီအမံကို ခင္ေလးဆီပို႔ဖို႔ အရက္သမားသံေခ်ာင္းကို ခိုင္းေနတာ။

သံေခ်ာင္းက ဟိုးယခင္ကတည္းက ေဒၚဖြားတင္ရဲ႕ ခိုင္းဖက္။ အခုကိစၥမွာ သားဖြားဆရာမေလး ေသသြားရင္ သူျပဳစားတယ္လို႔ သမုတ္မွာစိုးလို႔ သံေခ်ာင္းကို အရက္ဖိုးေပးလို႔ ညဘက္ႀကီးသြားပစ္ဖို႔ေခၚခိုင္းေနတာရယ္။

သံေခ်ာင္းကေတာ့ အရက္ဖိုးကိုျမင္ၿပီး ေခါင္းတညိတ္ညိတ္နဲ႔။

မၾကာဘူး။ သံေခ်ာင္းတစ္ေယာက္ ေဒၚဖြားတင္ေပးတဲ့ အထုပ္ကေလးကိုယူလို႔ ႐ြာထဲကို ထြက္သြားေတာ့တယ္။

ညဘက္ လူေျခတိတ္ခ်ိန္ေရာက္ေတာ့ သံေခ်ာင္းတစ္ေယာက္ ကုပ္ေခ်ာင္းေခ်ာင္းနဲ႔ ဆရာမေလးေနတဲ့ က်န္းမာေရး႒ာနဆီကို သြားတယ္။

” ဟင္…”

အရက္မူးေနတဲ့ သံေခ်ာင္း အမူးေျပခ်င္သလိုျဖစ္ၿပီး မ်က္လုံးေတြေတာက္ ျပဴးသြားရတယ္။

ဆရာမေလးေနတဲ့ က်န္းမာေရး႒ာနေလးက သူ႔မ်က္စိေရွ႕မွာတင္ ေပ်ာက္ျခင္းမလွ ေပ်ာက္ေနတယ္။

” ေတာက္…ဘယ္မ်ားေရာက္သြားတာလဲ၊ ငါမ်ားေရခ်ိန္လြန္သြားလို႔လား၊ ေရခ်ိန္လြန္ရေအာင္ကလည္း ပုံမွန္ေသာက္ေနက်အတိုင္းပဲ ေသာက္တာကို…”

သံေခ်ာင္း မေက်မနပ္နဲ႔ လွည့္ပတ္ၿပီးရွာတယ္။ ဒါေပမယ့္ ဆရာမေလးေနတဲ့ေနရာမွာ က်န္းမာေရး႒ာနအေဆာက္အအုံေလးရွိမေနဘဲ ဟာလာဟင္းလင္းျပင္ႀကီးပဲရွိေနတယ္။ ၿပီးေတာ့…စိမ္းဖန္႔ဖန္႔မီးခိုးလိုလို ျမဴလိုလိုအရာေတြကလည္း အဲ့ဒီ့ေနရာမွာ ရွိေနတယ္။

ၾကာေတာ့ သံေခ်ာင္းအရက္ရွိန္ေတာင္ ေျပသလိုလိုျဖစ္ရၿပီး အထုပ္ကိုကိုင္လို႔ လာလမ္းဆီကိုသာ ျပန္လွည့္ရပါေတာ့တယ္။

******

” အေမာင္စိတ္မခ်ေတာ့ဘူး ႏွမေတာ္…တို႔တေတြရဲ႕ မူလဘ၀ဆီကိုပဲ ႏွမေတာ္ျပန္လာခဲ့ပါေတာ့ေနာ္…”

အိပ္ေမာက်ေနတဲ့ ခင္ေလးရဲ႕ နားထဲကို တစ္စုံတစ္ေယာက္က တီးတိုးကပ္ေျပာေနသလို အသံၾကားေနရတယ္။ ႏွာေခါင္းထဲမွာလည္း စိမ္းေ႐ႊေ႐ႊရနံ႔တစ္ခုကို ခံစားေနရတယ္။

မ်က္လုံးဖြင့္ၾကည့္ဖို႔ ႀကိဳးစားေပမယ့္ ခင္ေလးရဲ႕ မ်က္လုံးေတြက ဖြင့္လို႔ မရဘူး။ ပါးစပ္ကေန ေမးဖို႔ျပင္ျပန္ေတာ့လည္း ထိုနည္းအတူတူ။

” ႏွမေတာ္ကို အႏၲရာယ္ေပးမယ့္သူေတြရွိေနတယ္။ ႏွမေတာ္ ဘယ္ေလာက္ပဲေကာင္းတာေတြ လုပ္ေပးေပး၊ သူတို႔က အေကာင္းျမင္မွာမဟုတ္ဘူး။ သူတို႔က အေမွာင္ကို ျမတ္ႏိုးၾကတဲ့ လူသားေတြ၊ ဒါေၾကာင့္ ႏွမေတာ္ျပန္ခဲ့ပါေတာ့…”

ခင္ေလး အသံကို နားေထာင္ၿပီး ခ်ဳပ္တီးေနရတာကို စိတ္က မခံစားႏိုင္ေတာ့ဘူး။ အတင္းကာေရာ ႐ုန္းကန္လႈပ္ရွားဖို႔ ႀကိဳးစားလိုက္မိတယ္။

” ဟင့္အင္း…ဟင့္အင္း…မလာဘူး…မလာဘူး…”

က်ယ္ေလာင္စြာနဲ႔ ေအာ္ဟစ္ရင္း ခင္ေလးလန္႔ႏိုးလာခဲ့တယ္။

ခင္ေလးႏိုးလာတာနဲ႔ တစ္ၿပိဳင္နက္ထဲပါပဲ နံေဘးမွာ အေဖာ္လာအိပ္ေပးတဲ့ ႐ြာထဲက ဘုတ္ဆုံမဆိုတဲ့ ေကာင္မေလးကပါ လန္႔ႏိုးလာၿပီး

” ဆရာမေလး…ဆရာမေလး…ဘာျဖစ္တာလဲဟင္…ဘာျဖစ္တာလဲ…”

ခင္ေလးမွာေတာ့ ဘုတ္ဆုံမရဲ႕ အေမးကို ခ်က္ခ်င္းမေျဖႏိုင္ခဲ့ဘူး။ မ်က္၀န္းအစုံက အခန္းပတ္လည္ကို လိုက္လံၾကည့္ေနမိတယ္။ မီးခိုးလိုလို စိမ္းေငြ႕ေငြ႕အရာေတြက အခန္းထဲမွာ ေဝ့၀ဲေနတယ္။

” ဆရာမေလး ဘာျဖစ္တာလဲဟင္…”

” ဪ…အင္း…အင္း…ဘာ…ဘာမွမျဖစ္ဘူး အိပ္မက္…အိပ္မက္ဆိုးမက္တာ…”

” ဟူး…ေတာ္ေသးတာေပါ့…ဘုတ္ဆုံမက ဆရာမေလးဘာမ်ားျဖစ္သလဲလို႔…ေရ…ေရေသာက္မလား၊ ဘုတ္ဆုံမ ခပ္ေပးမယ္ေလ…”

” အင္း…အင္း…”

ဘုတ္ဆုံမ အခန္းျပင္ထြက္သြားၿပီး ေသာက္ေရတစ္ခြက္ခပ္လာတယ္။

ခင္ေလးလည္း ေမာဟိုက္ၿပီး အာေခါင္ေတြေျခာက္ကပ္ေနရတာမို႔ ေရကို အငမ္းမရေသာက္ခ်လိုက္ပါေတာ့တယ္။

******

ေနာက္တစ္ေန႔ နံနက္။

” ဟယ္…ငမူး။ နင္ေျပာတာ မျဖစ္ႏိုင္လိုက္တာဟယ္…နင့္ဘာသာ အမူးလြန္ၿပီး ျဖစ္တာေနမွာေပါ့…”

ေဒၚဖြားစိန္ ေဒါသေတြထြက္ေနတယ္။ သူ႔နံေဘးမွာ သံေခ်ာင္းကေတာ့ မနက္မိုးလင္း အရက္ဆာေနတဲ့ပုံနဲ႔။

” က်ဳပ္…အခုေန႔ခင္းဘက္ကို ထပ္သြားၾကည့္ပါဦးမယ္…ဒီတစ္ခါေတာ့ စိတ္ခ်ပါဗ်ာ…”

” ေတာ္ၿပီ…သံေခ်ာင္း…နင္ ငါ့ဆီက အရက္ဖိုးထပ္ေတာင္းမယ္ မႀကံနဲ႔ေတာ့…ငါ့ဘာသာပဲ သြားေတာ့မယ္”

ေဒၚဖြားတင္ သံေခ်ာင္းလက္က အထုပ္ကေလးကို ဆတ္ခနဲလုယူၿပီး ေျပာလိုက္တယ္။ ၿပီးတာနဲ႔ သူ႔ၿခံထဲကေန ထြက္ဖို႔ ျပင္လိုက္တယ္။

” ၿဖီး….”

” အမေလး…”

ၿခံ၀ကေန သူ႔ကို မာန္ဖီေနတဲ့ ေႁမြႀကီးတစ္ေကာင္ေၾကာင့္ ေဒၚဖြားတင္လန္႔ေအာ္လိုက္တယ္။

သံေခ်ာင္းကလည္း ေဒၚဖြားတင္ေအာ္သံေၾကာင့္ အနားကို ေျပးလာတယ္။

ဒီအခိုက္မွာပဲ ေဒၚဖြားတင္ရဲ႕ ၿခံနံေဘးက ၿခဳံႏြယ္တို႔ဟာ သြက္သြက္ခါေအာင္ လႈပ္ရမ္းလာၾကေလၿပီးေနာက္…အ႐ြယ္စုံေသာ ေႁမြေပါင္းမ်ားစြာထြက္ေပၚလာပါေတာ့တယ္။

မၾကာမီအခ်ိန္တြင္ေတာ့ ေဒၚဖြားတင္ရဲ႕ ၿခံဘက္ဆီက ေအာ္သံနက္ႀကီးေတြ ထြက္ေပၚလာခဲ့ပါေတာ့တယ္။

*****

” လက္သည္ႀကီး ေဒၚဖြားတင္နဲ႔ အရက္သမား သံေခ်ာင္းတို႔ ေသၿပီတဲ့”

” ေဟ…ဘယ္လိုျဖစ္တာလဲ…”

” တစ္ကိုယ္လုံး ျပာႏွမ္းၿပီး ၿခံ၀မွာတင္ေသေနၾကတာ၊ နားလည္တဲ့သူေတြေျပာတာေတာ့ ေႁမြဆိပ္တက္ၿပီးေသတာတဲ့…”

” ဟင္…ဟုတ္လား…”

” ေအးေလ…ေဒၚဖြားတင္တို႔မလည္း အရင္က ျပဳခဲ့တညေတြအတြက္နဲ႔ သူ႔အေၾကာင္းနဲ႔ သူ႔ကံေပါ့ေအ…”

႐ြာထဲမွာ လက္သည္ႀကီး ေဒၚဖြားတင္နဲ႔ သံေခ်ာင္းတို႔ သတင္းက ျပန္႔ႏွံ႔ေနတယ္။

ဒီသတင္းကို ခင္ေလးၾကားေတာ့ ႏွစ္ေယာက္စလုံးကို သူေသခ်ာမသိေပမယ့္ အေတာ့္ကို စိတ္မေကာင္းျဖစ္မိခဲ့တယ္။

ထိုနည္းတူစြာနဲ႔ပဲ ခင္ေလးလိုမ်ိဳးမဟုတ္ပဲ ေဒၚဖြားတင္တို႔အတြက္ ယူႀကဳံးမရ ျဖစ္ေနသူတစ္ေယာက္လည္း ရွိေနပါေသးတယ္။

ထိုသူက…။

******

” ငမည္းႀကီး…မင္းေျပာတာ အမွန္ပဲလား…”

အ႐ိုးေခါင္း၊ အ႐ြယ္စုံ ပုတီးမ်ားနဲ႔ အနီရင့္ေရာင္ အခင္းအက်င္း၊ ေသြးခြက္ေတြနဲ႔ ျပည့္ေနတဲ့အခန္းထဲမွာ ထိုင္ေနတဲ့ ေအာက္လမ္းဆရာ ကံႀကီးက ေမးလိုက္တယ္။

သူေမးေနတဲ့ ငမည္းႀကီးဆိုတာက ေဒၚဖြားတင္က ေမြးခ်င္တယ္ဆိုလို႔ သူ႔ဆီကေန လႊတ္ေပးထားတဲ့ တေစၦေကာင္ႀကီး။

” ဟုတ္တယ္…က်ဳပ္ေတာင္…သူတို႔ကို မယွဥ္ႏိုင္လို႔ ေခြးေျပး၀က္ေျပးေျပးခဲ့ရတာ…”

” ဘယ္သူက ေႁမြေတြကို ခိုင္းတာလဲ သိလား…”

” က်ဳပ္ျမင္မိတာေတာ့…ေႁမြေတြအားလုံးရဲ႕ အေနာက္မွာ အစိမ္းေရာင္ေတာက္ေတာက္ကု ၀တ္ထားတဲ့ သူတစ္ေယာက္ပဲ။ သူ႔ရဲ႕ လႈပ္ရွားျပဳမူပုံမ်ိဳးက ေႁမြတစ္ေကာင္နဲ႔ တူတယ္…”

” နဂါး…ဒါဟာ…နဂါးပဲ…”

ကံႀကီးရဲ႕ ေရ႐ြတ္မႈေၾကာင့္ ငမည္းႀကီး ေမာ္ၾကည့္လာတယ္။

” ဒါဟာ…ဟို သားဖြားဆရာမနဲ႔ ပက္သက္ေနမွာ အေသအခ်ာပဲ…”

ကံႀကီးက ထပ္မံၿပီး ေတြးဆလို႔ေျပာတယ္။

ငမည္းႀကီးကေတာ့ သူ႔သခင္ေရွ႕မွာ ဒူးေထာက္ခစားလ်က္ပဲ ရွိေနတယ္။

ကံႀကီးမွာေတာ့ ထိုအေၾကာင္းကို အေလးအနက္ေတြးေတာေနဟန္နဲ႔ ရွိေနၿပီး ေနာက္ဆုံးမွာေတာ့…

” နဂါး…နဂါး…ဒါဟာ…သိုက္တစ္ခုခုက ေကာင္ပဲေနမယ္။ ဟိုေကာင္မနဲ႔ တစ္ခုခုပက္သက္ေနတယ္ဆိုေတာ့…ဟင္း…ဟင္း…”

ေရ႐ြတ္ရင္း ၿပဳံးလိုက္တဲ့ ကံႀကီးရဲ႕ မ်က္၀န္းေတြက အေရာင္ေတြ တဖ်ပ္ဖ်ပ္လက္ေနပါေတာ့တယ္။

******

႐ႊန္းလက္ေနတဲ့ လေရာင္ေအာက္မွာ ေ႐ႊေရာင္တ၀င္း၀င္းေတာက္ပေနတဲ့ ေစတီတစ္ဆူ။

ေစတီကေလး နံေဘးမွာေတာ့ လုလင္ပ်ိဳတစ္ေယာက္။

သူ႔ရဲ႕ အၾကည့္ေတြက အေဝးဆီကို ေငးၾကည့္ၿပီး မ်က္၀န္းေတြမွာ အမည္ေဖာ္မရတဲ့ အရိပ္အေယာင္တခ်ိဳ႕က ယွက္သန္းေနတယ္။

” ႏွမေတာ္ေလးရယ္…ေမာင္ေတာ္ သိပ္ကို စိတ္ပူပန္ေနရၿပီ။ ႏွမေတာ့္ကို လူ႔ဘ၀မွာ ဆက္ေနေစ့ခ်င္ေသးေပမယ့္ အခုမ်ားေတာ့ အႏၲရာယ္ေတြက ေရာက္ရွိလာၿပီ၊ ေမာင္ေတာ္ ဘယ္လိုေျဖရွင္းရမလဲ…မသိေတာ့ပါဘူး…”

လုလင္က တီးတိုးေရ႐ြတ္တယ္။ ၿပီးေတာ့…ေစတီကေလးနံေဘးကေန ထလိုက္ၿပီး ေတာဆီကို ၀င္ေရာက္သြားပါေတာ့တယ္။

******

ခင္ေလးတစ္ေယာက္ အိပ္မက္ရာကေန လန္႔ႏိုးလာရတယ္။

ယခင္ေမြးေန႔တုန္းက မက္တဲ့အိပ္မက္ကိုပဲ သူျပန္မက္ရျပန္ၿပီ။

ဒီတစ္ႀကိမ္ေတာ့ အိပ္မက္က ယခင္နဲ႔ အနည္းငယ္ကြဲတယ္။

ယခင္က နဂါးႀကီးအစား လြန္စြာေခ်ာေမာလွပလြန္းေသာ ေယာက္်ားပ်ိဳတစ္ေယာက္က ေစတီရဲ႕ နံေဘးမွာ ရွိေနခဲ့တာ။

အိပ္မက္ထဲမွာ ေယာက္်ားပ်ိဳေျပာတဲ့ စကားေတြက အျပင္မွာပါ ခင္ေလးနားထဲ စြဲေနရတယ္။

” ေစတီနဲ႔ ငါက ပက္သက္မႈရွိေနတယ္ဆိုတာကေတာ့ ေသခ်ာေနၿပီ။ ဒါျဖင့္… ဟိုတစ္ေယာက္ကေကာ…”

ခင္ေလးတစ္ေယာက္ထဲ အိပ္ရာထဲလွဲရင္း စဥ္းစားေနမိပါတယ္။

ဒါေပမယ့္ ခိုင္လုံတဲ့ အေျဖကိုေတာ့ သူမရႏိုင္ခဲ့ပါဘူး။

******

အေမွာင္ထုထဲမွာ ခင္ေလးေနထိုင္ရာ ေက်းလက္က်န္းမာေရး႒ာေလးရဲ႕ အထက္ေကာင္းကင္ယံမွာ ဠင္းတေကာင္မ်ား ဝဲပ်ံေနတယ္။

အခ်ိန္က တေျဖးေျဖးနဲ႔ သန္းေခါင္ယံကို တိုင္ခဲ့ခ်ိန္တြင္ေတာ့…။

႐ြာထဲကို လူသုံးေယာက္ တိတ္တဆိတ္၀င္လာခဲ့ၿပီး ခင္ေလးေနထိုင္ရာ က်န္းမာေရး႒ာနေလးဆီကို ခ်ဥ္းကပ္လာၾကတယ္။

ၿပီးေတာ့…သုံးေယာက္စလုံး ႒ာနေလးကို မ်က္ႏွာမူလိုက္ၿပီး အထဲကတစ္ေယာက္က ဂါထာတစ္ခ်ိဳ႕ကို မန္းမႈတ္လို႔ အထဲဆီကို နႏြင္းလိုလို ျပာလိုလို အဝါေရာင္အမႈန္႔ေတြကို ပက္သြင္းပါေတာ့တယ္။

အမႈန္႔ေတြ ၿခံထဲကို ၀င္ေရာက္တာနဲ႔ တၿပိဳင္နက္ ႒ာနကို ၀န္းရံေနတဲ့ စိမ္းေငြ႕ေငြ႕ အေရာင္ေတြဟာ ေပ်ာက္ရွကုန္ပါေတာ့တယ္။

” ကဲ…ေပါက္ႀကီးတို႔ အထဲကို ၀င္ၿပီး ေကာင္မကို သြားဖမ္းခဲ့ေတာ့…”

အလယ္က လူရဲ႕ အမိန္႔ေပးသံအဆုံးမွာ နံေဘးက ႏွစ္ဦးဟာ က်န္းမာေရး႒ာနေလးဆီကို ၀င္ေရာက္သြားၾကပါေတာ့တယ္။

******

” ဟား…ဟား…ဟား…ေဟ့ေကာင္ေတြ ေကာင္မကို ေသခ်ာေစာင့္ၾကည့္ထားေခ်၊ မင္းတို႔ရဲ႕ ေပါ့ေလ်ာ့မႈေၾကာင့္ ငါ့အလုပ္ကိုေတာ့ အေႏွာက္အယွက္မေပးၾကနဲ႔…”

ကံႀကီးတစ္ေယာက္ သူရဲ႕ အခန္းထဲမွာ ခင္ေလးကို ေပါက္ႀကီးတို႔ႏွစ္ဦးအား ခ်ဳပ္ေႏွာင္ထားေစၿပီး သူကေတာ့ အစီအရင္ေတြကို ျပဳလုပ္ေနတယ္။

ခင္ေလးကေတာ့ ေပါက္ႀကီးတို႔ႏွစ္ေယာက္ရဲ႕ လက္မွာ ေခါင္းငိုက္စိုက္က်လို႔…။

အခ်ိန္အေတာ္ေလးၾကာေတာ့ ေးကံႀကီးရဲ႕ အစီအရင္ေတြၿပီးခဲ့ၿပီ။

အစီအရင္ျပဳထားတဲ့ လင္ဗန္းကို ကိုင္ၿပီး ကံႀကီးက ခင္ေလးဘက္ကို လွည့္လာတယ္။ ၿပီးေတာ့ ပါးစပ္က ဂါထာ႐ြတ္လို႔ လင္ဗန္းထဲက အရာေတြနဲ႔ ခင္ေလးကို ပစ္ေပါက္ၿပီး စိတ္ညႇိဳ႕ပါေတာ့တယ္။

” ေကာင္မ…မူလျပန္စမ္း၊ နင့္ရဲ႕ အတိတ္ဘ၀ကို သတိရစမ္း…”

ကံႀကီးက ခင္ေလးကို ႏႈတ္မိန္႔ေပးေနတယ္။

မၾကာပါဘူး။ ခင္ေလးရဲ႕ ခႏၶာကိုယ္ဟာ ေႁမြတစ္ေကာင္လို လူးလူးလြန္႔လြန္႔ျဖစ္လာတယ္။ ၿပီးေတာ့…ကံႀကီးတို႔ကို မ်က္၀န္းနီနီႀကီးနဲ႔ စိုက္ၾကည့္တယ္။

” အာခံခ်င္တယ္ေပါ့ ေကာင္မ…ေရာ့…”

” အား…”

ခင္ေလးဆီက ေအာ္သံနက္ႀကီးထြက္ေပၚလာပါတယ္။

” ေကာင္မ…နင္ အာခံဖို႔ မႀကိဳးစားနဲ႔၊ နင့္အေျခအေန နင္သိလိုက္စမ္း…”

ခင္ေလးၿငိမ္က်သြားရတယ္။ ကံႀကီးက ဆက္လက္ၿပီး

” နင္ ေနခဲ့တဲ့ ႒ာေနကို ငါ့ကိုလိုက္ျပစမ္း…”

ခင္ေလး မ်က္၀န္းမ်ား မွိတ္ထားရင္းက ေခါင္းညိတ္လိုက္ေလတယ္။

*****

” မေရာက္ေသးဘူးလား…”

ႀကိဳးတုပ္ခံထားရၿပီး အိမ္ေမြ႕ခ်ခံထားရသူလိုျဖစ္ေနတဲ့ ခင္ေလးက ကံႀကီးတို႔ကို အေရွ႕ကေန ဦးေဆာင္ၿပိ္းေခၚသြားေနတာ။

သူတို႔အားလုံး မနက္အေစာကတည္းက ႐ြာကေနထြက္ၿပီး ႐ိုးမေတာထဲကို ၀င္ခဲ့ၾကတာ အခ်ိန္အေတာ္ၾကာေနၿပီ။

ေပါက္ႀကီးတို႔ႏွစ္ေယာက္ကေတာ့ ခင္ေလးကိုၾကည့္ၿပီး တစ္စုံတစ္ရာလုပ္ခ်င္ေနဟန္။ သို႔ေပမယ့္ ကံႀကီးကို ေၾကာက္ရတာမို႔ သူတို႔ဆႏၵကို မ်ိဳသိပ္ေနၾကရတယ္။

ေန၀င္လုနီးနီးအခ်ိန္တြင္ေတာ့ ေတာင္ေျခ ေျမျပန္႔ျပန္႔ေလးဆီအေရာက္ ခင္ေလးရဲ႕ ေျခလွမ္းေတြက ရပ္တန္႔သြားပါေတာ့တယ္။

” ေရာက္ၿပီလား…”

ခင္ေလးက ေခါင္းညိတ္ျပတယ္။ ကံႀကီးကေတာ့ ပတ္၀န္းက်င္ကို ေက်ေက်နပ္နပ္ႀကီးတစ္ခ်က္ ေဝ့၀ိုက္ၾကည့္လို႔ ၿပဳံးလိုက္တယ္။ ၿပီးေတာ့…ခင္ေလးရဲ႕ ႏွဖူးထိပ္ကို လက္ဝါးနဲ႔အုပ္လို႔ ပါးစပ္က တစ္စုံတစ္ရာကို ေရ႐ြတ္လိုက္တယ္။

ကံႀကီးရဲ႕ ေရ႐ြတ္မႈအဆုံး ခင္ေလးတစ္ေယာက္ အ႐ုပ္ႀကိဳးျပတ္သလို ေခြေခါက္လဲက်သြားပါေတာ့တယ္။

” ေဟ့ေကာင္ေတြ…ဟိုဟာ သရမ္းခ်င္မေနၾကနဲ႔၊ ဒီကိစၥၿပီးရင္ မင္းတို႔အနားမွာ ေဟာတစ္ေယာက္ ေဟာတစ္ေယာက္ဆိုၿပီး ထည္လဲတြဲလာႏိုင္လိမ့္မယ္။ သြား…ပါလာတဲ့ ကန္ေတာ့ပြဲေတြျပင္ဖို႔ ျမန္ျမန္လုပ္ၾက…”

ကံႀကီးရဲ႕ ဆြယ္လုံးက ထိေရာက္လွတယ္။ ေပါက္ႀကီးနဲ႔ င၀င္းတို႔ႏွစ္ေယာက္ ခင္ေလးကို လစ္လႉရႈလို႔ သူတို႔ကို ကံႀကီးခိုင္းတဲ့အတိုင္း တေသြမတိမ္ေဆာင္႐ြက္ၾကပါေတာ့တယ္။

******

” ဝုန္း…ဂ်ိမ္း…”

ေတာ္လွဲပဲ့တင္သံႀကီးနဲ႔အတူ ေငြေရာင္ရည္ ျဖာက်ေနတဲ့ လေရာင္ေအာက္မွာ ၀င္းခနဲ၊ လက္ခနဲထြက္ေပၚလာတဲ့ ေ႐ႊေရာင္ေစတီေလး။ ဥာဏ္ေတာ္က ကိုးေတာင္ခန္႔သာရွိမယ္။

ေစတီတစ္ဆူလုံးကို ေ႐ႊသားအစစ္ေတြနဲ႔ တည္ထားတယ္ဆိုတာကေတာ့ လေရာင္ေအာက္မွာ တဖိတ္ဖိတ္လက္ေနတဲ့ အေရာင္ေတြေၾကာင့္ ျငင္းရႏိုင္မယ္မထင္ဘူး။

” ေအာင္ၿပီကြ…ေအာင္ၿပီ…”

ကံႀကီးက ထေအာ္တယ္။ ၿပီးေတာ့… ေပါက္ႀကီးတို႔ကို

” မင္းတို႔ ေစတီက ေ႐ႊသားေတြကို သြားခြာၾကေတာ့…”

ကံႀကီးစကားေၾကာင့္ ေပါက္ႀကိး ဇာတ္ပုသြားရတယ္။

” ဆရာ…ဟို…နဂါး…ေကာင္…”

” ဘာမွ မပူနဲ႔ ငါထိန္းႏိုင္တယ္”

ကံႀကီးက အာမခံေတာ့ ေပါက္ႀကီးတို႔ မတတ္သာေတာ့ဘူး။

သူတို႔ႏွစ္ေယာက္ စည္းထဲကေန ထြက္လိုက္ၾကတယ္။ အျပင္ေရာက္တယ္ဆိုရင္ပဲ ပတ္၀န္းက်င္တစ္ခုလုံး ေႁမြတြန္သံေတြ၊ မာန္ဖီသံေတြက ထြက္ေပၚလာတယ္။ လေရာင္ေအာက္မွာ ဦးေခါင္းေတြကို ယိမ္းႏြဲ႕ေနတဲ့ ေႁမြေတြကိုလည္း သူတို႔ျမင္ၾကရတယ္။

ကံႀကီးက စည္းထဲကေနၿပီး ဂါထာ၊ မႏၲာန္ေတြအဆက္မျပတ္႐ြတ္လို႔ ရွိေနတယ္။

သူ႔ရဲ႕ ႐ြတ္ဖတ္မႈေၾကာင့္ ေႁမြေတြက အေရွ႕ကို တိုးမလာႏိုင္ခဲ့ဘူး။

******

လုလင္ပ်ိဳတစ္ေယာက္ စမ္းေခ်ာင္းကေလးထဲမွာ ေရစိမ္ေနတုန္း သူေနထိုင္ရာဘက္ဆီက ဝုန္းခနဲအသံကို ၾကားလိုက္ရတယ္။

” ရန္သူ…”

လုလင္ပ်ိဳက ေရ႐ြတ္ၿပီတာနဲ႔ ခ်က္ခ်င္းပဲ ကမ္းေပၚကို အေျပးတက္ၿပီး သူေနထိုင္ရာ ေနရာဆီကို အလ်င္အျမန္ပဲ ေျပးသြားလိုက္ပါေတာ့တယ္။

မၾကာခင္မွာေတာ့ လုလင္ပ်ိဳဟာ သူရဲ႕ ေနရာဆီကို ေရာက္ေလၿပီး ကန္ေတာ့ပြဲေတြနဲ႔ သိုက္တူးဖို႔ႀကိဳးစားေနတဲ့သူေတြကို ေတြ႕လိုက္ရပါေတာ့တယ္။ သူ႔ရဲ႕ အေႁခြအရံတခ်ိဳ႕က လူသုံးေယာက္ကို တားျမစ္ဖို႔ ႀကိဳးစားေနၾကေပမယ့္ အရာမထင္ေလဘူး။ ထိုအခ်င္းအရာေၾကာင့္ လုလင္ပ်ိဳဟာ ေဒါသထြက္သြားၿပီး မ်က္၀န္းေတြက ရဲရဲေတာက္နီလာခဲ့တယ္။

အဲ့ဒီ့အခိုက္မွာပဲ လုလင္ပ်ိဳထပ္ျမင္လိုက္ရတာက ေခြေခြကေလးလဲက်ေနတဲ့ မိန္းမပ်ိဳ ( ဝါ) ခင္ေလး။

” ႏွမေတာ္…”

လုလင္ပ်ိဳက ခင္ေလးကို ေျပးေပြ႕လိုက္တယ္။ အဲ့ဒီ့အခ်ိန္မွာပဲ စည္းဝိုင္းထဲမွာ ရွိေနတဲ့ ကံႀကီးက

” ေနာက္ဆုံးေတာ့ မင္းေရာက္လာခဲ့ၿပီပဲ…”

” ဟင္…”

လုလင္ပ်ိဳက ကံႀကီးဆီကို ၾကည့္လာတယ္။ ၿပီးေတာ့…႐ုတ္တရက္ အံကိုႀကိတ္လိုက္ၿပီး သူ႔ခႏၶာကိုယ္ကို တသ္ခ်က္လႈပ္ခါလိုက္တယ္။

” ဝုန္း…”

လုလင္အသြင္ကေန ႀကီးမားတဲ့ နဂါးႀကီးတစ္ေကာင္။

” ဟား…ဟား…ဒီအတြက္ႀကိဳျပင္ခဲ့ၿပီးသားပါကြာ…”

ကံႀကီးက ေျပာၿပီးတာနဲ႔ မႏၲာန္တစ္ပုဒ္ကို ႐ြတ္လိုက္တယ္။

သူ႔ရဲ႕ ႐ြတ္ဖတ္သံအဆုံးမွာေတာ့ ေလျပင္းေတြ တ႐ႊီ႐ႊီတိုက္ခတ္လာၿပီး လေရာင္ေအာက္မွာ ေကာင္ူကင္ကေန ပ်ံဝဲဆင္းသက္လာတဲ့ ႀကီးမားလွတဲ့ ငွက္ႀကီးတစ္ေကာင္။

ငွက္ႀကီးက အရွိန္နဲ႔ ေျပးဆင္းလာၿပီး နဂါးႀကီးကို ထိုးသုတ္လိုက္တယ္။

နဂါးႀကီးကေတာ့ ငွက္ႀကီးသူ႔ဆီေရာက္မလာမီ နံေဘးက မိန္းမပ်ိဳကို ထိခိုက္မွာစိုးလို႔ အၿမီးႀကီးနဲ႔ နံေဘးကို တြန္းဖယ္လိုက္တယ္။

အဲ့ဒီ့ခဏမွာပဲ ငွက္ႀကီးရဲ႕ ထိုးသုတ္ျခင္းကို နဂါးႀကီးခံလိုက္ရပါေတာ့တယ္။

******

တစ္ေတာလုံး ပဲ့တင္သံအထပ္ထပ္နဲ႔ ဝုန္းဒိုင္းႀကဲေနတယ္။

နဂါးႀကီးနဲ႔ ဂဠဳန္ငွက္ႀကီးတို႔ တိုက္ခိုက္မႈေၾကာင့္ ေပါက္ႀကီးတို႔ခမ်ာလည္း ေရွ႕ကိုတက္မတိုးရဲဘူး။ ေရာက္ရာေနရာမွာ ရပ္ၿပီးတိုက္ပြဲကို ၾကည့္ေနၾကတယ္။

ကံႀကီးကေတာ့ မ်က္စိကို စုံမွိတ္ၿပီး မႏၲာန္ေတြအဆက္အျပတ္႐ြတ္ဖတ္ေနတယ္။

” ဟဲ့ေကာင္ေတြ ရပ္လိုက္ၾကစမ္း…”

ေအာင္ျမင္ထည္ဝါလြန္းတဲ့ ေငါက္ငမ္းသံ။

အသံရဲ႕ အဆုံးမွာေတာ့ ေတာထဲကေန ေတုင္ေဝွးကို အားျပဳလို႔ လွမ္းေလွ်ာက္လာတဲ့ အဘြားအိုတစ္ေယာက္။

ကံႀကီးရဲ႕ ႐ြတ္ဖတ္သံက ရပ္တန္႔သြားရတယ္။

” နင္တို႔…ေတာ္ေတာ္မိုက္မဲတဲ့ ေကာင္ေတြပဲ…ဘုရားကပစၥည္းကို နင္တို႔မို႔ ပစ္မွားရဲတယ္…”

အဘြားအိုက ကံႀကီးကို ေဒါသတႀကီးၾကည့္ၿပီး ေျပာလိုက္တယ္။ ကံႀကီးကေတာ့ အဘြားအိုကို မထီတရီျပန္ၾကည့္ေလၿပီး

” အဘြားႀကီး…ကိုယ္နဲ႔ မဆိုင္ရင္ ေဘးဖယ္ေရွာင္သြားလိုက္ပါ၊ မဟုတ္ရင္ ၾကားထဲကေန အေခ်ာင္ မသာေပၚေနမယ္ေနာ္…”

ကံႀကီးရဲ႕ စကားေၾကာင့္ အဘြားအိုက အားရပါးရ ထ’ရယ္လိုက္တယ္။

” နင္ကမ်ား ငါ့ကို ႀကိမ္းလားေမာင္းလားနဲ႔…”

” ဟား…ဟား…ခင္ဗ်ားက ဘယ္သူမို႔လို႔ ဒီေလာက္ ေလႀကီးေနရတာလဲ…”

” ငါ…ဘယ္သူဆိုတာ နင္သိခ်င္ရင္ သိရမေပါ့…”

အဘြားအိုက ေျပာလိုက္တယ္ဆိုရင္ပဲ အေနာက္ေတာထဲဆီကေန လြန္စြာမွ ႀကီးမားလြန္းတဲ့ က်ားႀကီးတစ္ေကာင္ ခုန္ထြက္လာတယ္။

အဲ့ဒီ့ခဏမွာပဲ အဘြားအိုရဲ႕ အသြင္က ႐ုတ္ျခည္းေျပာင္းလဲသြားတယ္။ လက္တစ္ဖက္မွာ ဓားအလြတ္ကို ကိုင္ေဆာင္ထားတဲ့ အဘြားအိုရဲ႕ အသြင္ကိုျမင္ေတာ့ ကံႀကီးလန္႔ဖ်ပ္သြားၿပီး ဒူးေထာက္က်သြားရတယ္။

” အေမ…အေမ…သားေတာ္မွားပါတယ္။ သားေတာ္ကို ခြင့္လႊတ္ေပးပါ…”

” ကံဆိုတာ ကိုယ္က ျပဳတာ၊ေလာကမွာ မျပစ္မွားထိုက္တဲ့အရာကို ျပစ္မွားလိုက္တာက တကယ့္ကို ႀကီးမားလြန္းတဲ့ အျပစ္ပါပဲ။ ကိုယ့္ရဲ႕ အျပစ္ဒဏ္အတြက္ ကိုယ္တိုင္ခံယူပါ…”

ဓားကိုင္ထားတဲ့ မယ္ေတာ္ဆီက စကားသံအဆုံးမွာေတာ့ အေနာက္မွာရွိတဲ့ က်ားႀကီးက ကံႀကီးထံကို ခုန္၀င္အုပ္လိုက္ပါေတာ့တယ္။

ထို႔နည္းတူတူပဲ တစ္ဖက္က ေပါက္ႀကီးတ္ုိ႔မွာလည္း သူတို႔ဆရာ ကံႀကီးရဲ႕ အျဖစ္အပ်က္ေၾကာင့္ ေၾကာက္အားလန္႔အားနဲ႔ ေသြးပ်က္ႀကီး ထြက္ေျပးၾကတယ္။ ဒါေပမယ့္ သူတို႔ကံမေကာင္းခဲ့ပါ။

ေတာစပ္ဆီကို မေရာက္ခင္မွာပဲ မ်ားစြာေသာ ေႁမြတို႔က သူတို႔ကိုယ္ေပၚဆီကို ခုန္တက္ရစ္ပတ္ၿပီး ကိုက္ခဲကုန္ၾကပါေတာ့တယ္။

******

” အသင္…နဂါးမင္းတို႔ ေမာင္ႏွံ ေ႐ႊေစတီကို ဆက္လက္ေစာင့္ေရွာက္ႏိုင္ပါၿပီ။ တပည့္ အမိုက္အမဲေတြေၾကာင့္ အခုလိုမ်ိဳး အေႏွာက္အယွက္ျဖစ္သြားရတာကိုေတာ့ ခြင့္လႊတ္ေပးပါ။ ခြင့္ျပဳပါေလာ့…နဂါးမင္း…”

မယ္ေတာ့္ထံက စကားဆိုသံ။ ဒဏ္ရာဒဏ္ခ်က္စြာနဲ႔ နဂါးမင္းတစ္ျဖစ္လဲ လုလင္ပ်ိဳက

” ေက်းဇူးႀကီးလွပါတယ္…မယ္ေတာ္…”

မယ္ေတာ္က သူ႔ရဲ႕ စီးေတာ္က်ားႀကီးရဲ႕ ေက်ာဆီတက္လို႔ ထြက္ခြာသြားခဲ့ပါတယ္။

လုလင္ပ်ိဳက မယ္ေတာ္ထြက္သြားရာဆီကို တစ္ခဏမွ် ေငးၾကည့္ေနမိၿပီး အေနာက္ကို လွည့္လိုက္တယ္။

” ဟင္…”

အစိမ္းေရာင္၀တ္ဆင္ထားတဲ့ မိန္းမပ်ိဳတစ္ေယာက္။ မိန္မးပ်ိဳကို ျမင္ေတာ့ လုလင္ပ်ိဳ ၀မ္းသာသြားတယ္။

” ဟင္…ႏွမေတာ္…ေမာင္ေတာ့္ဆီ ျပန္လာတယ္ေနာ္…”

မ္ိန္းမပ်ိဳဆီက ႐ႊန္း႐ႊန္းစားစား အၿပဳံတစ္ခုျဖစ္ေပၚလာၿပီး ေခါင္းညိတ္ျပတယ္။

ၿပီးေတာ့…ႏွစ္ဦးသား ေပ်ာ္႐ႊင္လြန္းစြာနဲ႔ တစ္ဦးလက္ကို တစ္ဦးဆြဲကိုင္ၿပီး ေ႐ႊေရာင္တဖ်ပ္ဖ်ပ္လက္ေနတဲ့ ေစတီကေလးဆီကို ေျပးလွမ္းသြားၾကပါေတာ့တယ္။

သူတို႔ထြက္သြားၿပီးေနာက္ ထိုေနရာေလးဆီမွာ တစ္စုံတစ္ရာက က်န္ရွိေနခဲ့ပါတယ္။

အဲ့ဒီ့အရာက…။

ေက်ာက္တုံးႀကီးတစ္ခုရဲ႕ နံေဘးမွာ ဦးေခါင္းဆီက ေသြးမ်ားထြက္ကာ ေသဆုံးေနေလတဲ့ ခင္ေလး( သို႔) သားဖြားဆရာမေလးရဲ႕ အေလာင္းရယ္သာ။

ၿပီးပါၿပီ။

တစ္ခါမွ မေရးဖူးတဲ့ ဇာတ္လမ္းမ်ိဳးမို႔ စာမူမွာ အမွားအယြင္းမ်ားစြာ ရွိႏိုင္ပါတယ္။ ဒီအတြက္ ေျဖေဖ်ာ္မႈ ရသစာမူတစ္ပုဒ္အေနနဲ႔သာ ဖတ္ေပးၾကၿပီး သည္းခံနားလည္ေပးၾကပါလို႔ ေတာင္းဆိုလိုက္ပါရေစခင္ဗ်ာ🙏🙏🙏

 

ေနာင္႐ိုး( ေဆးတပ္)