Unicode Version
လင်ဆိုးမယား မခင်ထား(စ/ဆုံး)
—————————————
“လင်ဆိုးမယား တဖားဖားတဲ့”ဗျ။ ဒီစကားပုံကြားရင်တော့ ကျုပ်တို့အခုထိ မခင်ထားကို မြင်ယောင်နေတုန်းပါပဲဗျာ၊ မခင်ထားက ကျုပ်တို့ရွာသူတော့ မဟုတ်ဘူးဗျ၊ ကျုပ်တို့ဘေးက ပေတောရွာသူပါ၊ တော်တော်ချောလှပြီး ကိုယ်လုံးကိုယ်ပေါက်တောင့်တောင့်တင်းတင်းနဲ့ ကွမ်းတောင်ပန်းတောင်ကို ထိပ်ဆုံးက ကိုင်ရတဲ့မိန်းကလေးတစ်ယောက်ပေါ့ဗျာ၊ နက်မှောင်နေတဲ့ ပိတုန်းရောင်ဆံကေသာက ဒူးခေါက်ကွေးကျော်ပြီး ခြေသလုံးလောက်အထိကိုရောက်နေတာဗျ၊ ဆံပင်၏ကောင်;ခြင်းဆိုတာ ဒါမျိုးနေမှာပေါ့ဗျာ၊ အသားကတော့ သိပ်မဖြူပေမယ့် ခပ်လတ်လတ်တဲ့ဗျ၊ ကိုယ်လုံးကိုယ်ပေါက်ဆိုတာလည်း မင်းကြီးကြိုက်တဲ့ဗျို့၊ စစ်ကိုင်းဂစ်တာရှိတ်ဆိုလား ကာလသားတွေက ခေါ်ကြတာတဲ့ဗျာ၊ မခင်ထားတို့ ညနေဘက်ရေခပ်ဆင်;တဲ့အချိန်ဆို ကျုပ်တို့ရွာက ကာလသားတွေကတောင်မှ ပေတောရွာကို တကူးတကသွားပြီး ချောင်းကြည့်ရသတဲ့၊ ပေတောရွာကလူတွေဆိုရင် သူ့ထက်ငါအလုအယက် မခင်ထားကို လိုချင်ကြသတဲ့ဗျာ၊ အသက်ကြီးကြီး သူကြီးမင်းကစလို့ အိမ်ထောင်သည်တွေသာမက၊ လူပျိုလူလွတ်တွေပါ မခင်ထားကို ရမယ်ဆိုလို့က အသေရရ အရှင်ရရပဲတဲ့ဗျို့၊ ကိုင်း၊ အဲဒီလောက်ကို အမွှန်းတင်ကြတာဗျာ။
ဒါပေမယ့် ကျုပ်တို့နဲ့သိတဲ့မခင်ထားက အခုတော့ ဆံပင်ကပါးပါး ဖျော့ဖျော့နဲ့ ကျောလယ်လောက်ပဲရှိတော့တယ်၊ အသားကလည်း မည်းတူးချိတ်ပြီး မျက်နှာမှာလည်း တင်းတိပ်တွေပေါက်နေသေးတာဗျာ၊ လူကလည်း ပိန်ချုံးပြီးတော့ စစ်ကိုင်းဂီတာလို ကိုယ်လုံးကိုယ်ပေါက်မပြောနဲ့ ဝါးခြမ်းပြားကြီး ထမီပတ်ထားသလားလို့ထင်ရအောင် ပိန်ပိန်ကပ်ကပ်နဲ့ဗျ။ မခင်ထားက ကျုပ်တို့အထက် အသက်ဆယ့်ငါးနှစ်လောက်ကြီးတော့ ကျုပ်တို့အသက်နှစ်ဆယ်လောက်မှာ မခင်ထားတို့က သုံးဆယ့်ငါးကျော်လောက်ပေါ့ဗျာ၊ ကျုပ်ဖြင့် မခင်ထားလှတယ်ဆိုတာ အမေတို့၊ အဖေတို့ ပြောပြောနေလို့သာ ယုံရတာ၊ ဒီပုံကြီးကြည့်ပြီး အမေတို့များ ချောတဲ့လှတဲ့မိန်းကလေး မမြင်ဖူးဘူးလားလို့ ပြန်တွေးကြည့်ရတဲ့အထိပဲ။ ဒါမှမဟုတ် အမေတို့ပြောတဲ့မခင်ထားနဲက အခုမခင်ထားက တစ်ယောက်ထဲမှ ဟုတ်ရဲ့လားပေါ့ဗျာ။
တစ်ရက်တော့ နွေနေ့လည် ခေါင်ခေါင်ကြီး မခင်ထားတစ်ယောက် မမောမပန်းနိုင်ဘဲ ကျုပ်တို့ခြံဝိုင်းထဲကို ဝင်လာတာပေါ့ဗျာ၊ ခေါင်းမှာလည်း တောင်းပြဲကြီး ရွက်လို့ဗျ၊ တောင်းပြဲဆိုတာက ဈေးသည်တွေရွက်တဲ့ ဗက်ပြဲပြဲတောင်းကြီးကို ကျုပ်တို့အခေါ်နဲ့ခေါ်တာပါဗျာ၊ ကျုပ်လည်း မနေနိုင်တာနဲ့ အဲဒီတောင်;ကြီးကို ပြေးကူမပြီး ချပေးလိုက်ရတယ်၊
“အမေရေ မခင်ထားလာတယ်ဗျို့”
အမေက အိမ်နောက်ဖေးကနေပြေးထွက်လာတယ်ဗျ။
“အရီးရေ၊ သရက်သီးတွေပါတယ်၊ နောက်ပြီး အောက်ပြည်ထွက် ငါးကွမ်းရှပ် နဲ့ ငါးမဲလုံးခြောက်တွေလည်း ပါတယ်အရီးရေ၊ အားပေးပါအုံး”
အမေနဲ့အဖေက မခင်ထားကိုတွေ့တိုင်း စကားမပြောဘဲ သက်ပြင်းပဲအရင်ချတာ ထုံးစံပဲဗျ။ မခင်ထားသရက်သီးတွေကတော့ ဝင်းမှည်နေတာပဲဗျာ၊ ကျုပ်တို့ခြံဝိုင်းထဲမှာ သရက်ပင်သုံးပင်ရှိတာမို့လို့ သရက်သီးတော့ တမုန်းစားရတယ်ဗျ။
“အေးကွယ်၊ နင့်ဦးကြီးအကြိုက် ငါးကွမ်းရှပ်လေး နည်းနည်းယူချင်တယ်”
အမေ့ကို မခင်ထားက ငါးခြောက်ရောင်းနေတာကို ကျုပ်လည်းကြည့်နေမိတယ်ဗျာ၊ မခင်ထားကတော့ လုပ်တိုင်ကိုင်တာ မြန်ဆန်နေတာပဲ။
“အရီးရယ်၊ ငါးမဲလုံးစားပါအုံးလား၊ အသားအရမ်းဆူတာနော်၊ မီးလေးမြှိုက်ပြီး နှမ်းဆီလေးဆမ်းထားလိုက်လို့ကတော့ စားကောင်းချက်၊ ဦးကြီးလည်းသိပ်ကြိုက်မှာတော့၊ အစိတ်သားလောက်ယူပါလား”
“တော်စမ်းပါအေ၊ ငါးမဲလုံးက သက်တယ်ဟ၊ နောက်ပြီး အိမ်ကမိန်းကလေးတွေနဲ့ မတည့်ဘူး”
“မိန်းကလေးတွေနဲ့ မတည့်လည်း ယောက်sm;လေးတွေစားပေါ့အရီးလေးရာ၊ စိတ်ချ၊ ခင်ထားငါးခြောက်က ဆားပေါ့၊ အသားဆူတဲ့ငါးခြောက်တွေ အရီးလေးတစ်ခါလောက်စားပြီး တစ်သက်စွဲသွားလို့ နောက်ဆို ခင်ထားကိုတွေ့တာနဲ့ ငါးမဲလုံးလို့ လှမ်;ပြီးခေါ်နေရမယ်အရီးလေးရဲ့၊ ဟင်း . .ဟင်း”
“အေးပါဟယ်၊ ညည်းပဲအပြောကောင်း ၊ ဒါဆိုလည်း အစိတ်သားထည်hချိန်စမ်း”
မခင်ထားဈေးရောင်းပုံကိုကြည့်ပြီး ကျုပ်တော့ သဘောကျတယ်ဗျာ၊ ရောင်းလည်; ရောင်းတတ်တယ်ဗျ၊ ဟော အခုပဲကြည့်ဗျာ၊ ငါးခြောက်နှစ်မျိုးလုံးကိုဝယ်ပြီးတာတောင်မှ သူ့သရက်သီးကို အမေ့ကိုစပ်နေပြန်ပြီလေ။
“တော်ပြီခင်ထားရဲ့ ငါတို့ခြံက ရင်ကွဲသီးတွေ၊ ဟိုတစ်နေ့ကပဲ အုပ်မှည့်ထားတာ အများကြီးရှိသေးတယ်”
“အို အရီးလေးက ခင်ထားအသီးတွေက ရင်ကွဲဆိုပေမယ့် မန်းတလေးက လာတဲ့ မန်းတလေးရင်ခွဲရှင့်၊ ယှဉ်စားကြည့်၊ အရီးလေးတို့ ရင်ကွဲတွေထွက် ပိုချိုတယ်၊ ပိုမွှေးတယ်၊ ဘုရားဆွမ်းတော်ကပ်ဖို့ ကျောင်းဆောင်ပေါ်တင်ထားရင် တစ်အိမ်လုံးမွှေးကြိုင်သွားမယ်၊ အိမ်ကိုလာတဲ့ ဧည့်သည်ကျွေးကြည့်လိုက်အရီးလေး၊ ဒီအိမ်မှာပဲ တစ်သက်လုံးနေချင်သွားလိမ့်မယ်”
မခင်ထားပြောတော့ အမေက ရယ်ပါရော၊ ဒါနဲ့ပဲ သရက်သီးလေးလုံးဝယ်သွားဖြစ်တယ်ပေါ့ဗျာ၊ မခင်ထားက အဲဒီလိုဈေးရောင်းကောင်းတာဗျ၊ သရက်သီးထွက်တဲ့အိမ်ကို သရက်သီးရအောင်ရောင်းနိုင်တာ နည်;တဲ့အရည်အချင်;လားဗျာ၊ ကျုပ်တို့ငယ်ငယ်က သင်ဖူးတဲ့ ပန်းပဲရွာမှာ အပ်ရောင်းနိုင်အောင်ကြိုးစားရမယ်ဆိုတဲ့ လူမျိုးဗျ။
ဒါပေမယ့် မခင်ထားက အညွှန်းကောင်းသလောက် သူ့သရက်သီးတွေက မဟန်ပါဘူးဗျာ၊ သိပ်မရင့်ခင်မှာအုပ်ထားတော့ အသားကပျော့ပြီး အနံ့မွှေးတယ်ဆိုပေမယ့် အရသာက ချဉ်လိုက်တာလွန်ပါရောဗျာ၊ ငါးမဲလုံးခြောက်ဆိုရင်လည်း ခါးသက်သက်နဲ့အပြင် ငန်ကလည်း အတော်ငန်တာဆိုတော့ တစ်အိမ်လုံးစားမယ့်သူမရှိလို့ နောက်ဆုံးတော့ ခွေးပိန်မဆီအလှည့်ကျသွားတာပေါ့ဗျာ၊ ငတ်ပြတ်နေတဲ့ခွေးပိန်မတောင် ငါးမဲလုံးကိုမစားနိုင်လို့ လျှာနဲ့လျှက်လိုက် ရေပြေးသောက်လိုက် လုပ်နေရတာဗျာ၊ ကျုပ်ကတော့ မခင်ထားကို မကျေနပ်ဘူးဗျို့။
“အမေ၊ ဒီတစ်ခါ မခင်ထားလာရင် ဘာရောင်းရောင်းမဝယ်နဲ့၊ သူက ကြော်ငြာအားပဲကောင်;တာ၊ သူ့ကုန်တွေက ကောင်းမှမကောင်းဘဲ”
အမေတို့က သူတော်ကောင်းကြီးတွေဗျ။
“ဒီလိုမပြောပါနဲ့သားရယ်၊ မခင်ထားခမျာ လင်ယောက်ျားရှိရဲ့သားနဲ့ တစ်ရွာဝင်တစ်ရွာထွက် လုပ်စားနေရတာ သနားဖို့ကောင်းပါတယ်သားရယ်၊ ဒါပေမယ့် နောက်ဆိုရင်တော့ လျော့ဝယ်မှပဲသားရဲ့”
“အမေတို့ကလည်း ဟိုကအမေတို့ကို ရိုက်ပတ်စားနေတာ၊ အမေတို့က ခံလို့ကောင်းနေကြတယ်ပေါ့၊ သူ့ယောက်ျားမရှိတာလည်း ထောင်ကျနေတာကိုးအမေရ”
“ဒီလိုမပြောပါနဲ့သားရယ်၊ မခင်ထားဘဝက သနားစရာကောင်းလှပါတယ်၊ ငါ့သားက မသိတော့ သူ့ကိုဘယ်လိုလုပ်ပြီး ကိုယ်ချင်းစာတတ်မလဲနော်”
“ဘာတွေသနားစရာကောင်းနေလို့လဲအမေရာ”
ဒီတော့မှ အမေက ကျုပ်ကို မခင်ထားအကြောင်း သေသေချာချာပြောပြတာဗျ၊
(၂)
မခင်ထားက ချောသလောက်လှသလောက်၊ ယောက်ျတေသားတွေ ဝိုင်းဝိုင်းလည်နေသလောက် နောက်ဆုံးအိမ်ထောင်ကျတော့ ကျုပ်တို့ရွာက ကိုသက်တင်ကြီးနဲ့ ညားပါရောဗျာ၊ ကိုသက်တင်ဆိုတာ လူမိုက်တစ်ယောက်ပါ၊ ရုပ်ရည်ကတော့ ကနွဲ့ကလျနဲ့ဗျ၊ ပါးချိုင့်နှစ်ဖက်နဲ့ဆိုတော့ ကြည့်ပျော်ရှုပျော်ရှိတယ်လို့ပြောရမယ်ပေါ့ဗျာ၊ ကိုသက်တင်တို့ မိဘတွေက သမီးချည်းငါးယောက်မွေးထားတာဆိုတော့ အငယ်ဆုံးသားလေး သက်တင်ကို ဖူးဖူးမှုတ်ထားကြတာပေါ့ဗျာ၊ ကိုသက်တင်က အကောင်းဆုံးဖောရင်းဖြစ် ရှပ်အကျီကိုဝတ်တယ်၊ သူနေတာထိုင်တာက မြို့ကလူတွေနေသလို အကောင်းစားတွေဝတ်၊ အကောင်းဆုံးဆိုတဲ့အရာတွေကို သုံးပြီးနေတော့ မြို့သားစတိုင်ပေါက်နေတာပေါ့ဗျာ၊
ဒါပေမယ့် သူ့ကိုကျုပ်တို့ရွာက ဘယ်မိန်းကလေးမှ မမှန်းတဲ့အပြင် စိတ်တောင်မကူးကြပါဘူးဗျာ၊ ဘာလို့လဲဆိုတော့ သူကလူဆိုးကိုးဗျ၊ ဆိုးတာမှ ခါးပတ်ကြားမှာ ဓါးသုံးလက်ထိုးပြီး သွားတတ်တဲ့သူဗျ၊ ဓါးသုံးလက်ဆိုတာ ဓါးမြှောင်ကလေးတွေဗျ၊ ကိုသက်တင်ရဲ့ လက်စွဲတော်ပေါ့ဗျာ၊ ကိုသက်တင်က ဓါးပေါက်တဲ့နေရာမှာ အင်မတန်ကျွမ်းကျင်တာဗျ၊ ငါးနှစ်သားလောက်ကတည်းက ဓါးပေါက်နေတာဆိုတော့ အခုအသက်အရွယ်အထိဆိုတော့ သိပ်ကျွမ်းကျင်နေပြီပေါ့ဗျာ၊ ဘယ်လောက်အထိတောင် လက်တည့်သလဲဆိုရင် သံပရာသီးကို မိုးပေါ်ပစ်တင်လိုက်တယ်ဆိုရင် မြေမကျချင် ဓါးနဲ့ပေါက်ခွင်းနိုင်တယ်တဲ့ဗျာ၊ သစ်ပင်တွေမှာပစ်မှတ်ကြီးချိန်ပြီး ပစ်ရင် အလယ်ဆုံးက နွားမျက်လုံးလို့ခေါ်တဲ့ ကျပ်ပြားဝိုင်းလောက်ရှိတဲ့ ပစ်မှတ်ကလေးကို ဓါးသုံးစင်းလုံး စိုက်အောင် ပစ်နိုင်တဲ့သူပေါ့ဗျာ။ အဲဒီကနေတစ်ဆင့်တက်ပြီးတော့ ပျဉ်ပြားကြီးကို လူပုံစံလုပ်ပြီး ဆေးတွေနဲ့မျက်လုံးတွေ နှာခေါင်းတွေ ပါးစပ်တွေ ဆွဲထားတာပေါ့၊ ဒါကို ပေသုံးဆယ်လောက်အကွာကနေပြီး ဘက်ဖက်မျက်လုံးဆိုရင် ဘယ်ဖက်မျက်လုံး၊ ညာဖက်မျက်လုံးဆိုရင် ညာဖက်မျက်လုံး ကွက်ထိစိုက်မှန်အောင် ပစ်ပြနိုင်တယ်တဲ့ဗျာ။ သူ့ဓါးသုံးလက်ကလည်း နာမည်ကြီး မြိုင်သာက ပန်းပဲဆရာကြီးကိုယ်တိုင် လုပ်ပေးထားတဲ့ ဓါးသုံးလက်ဗျ၊ သူ့ရဲ့လက်စွဲတော်ပေါ့ဗျာ။
သူဓါးပေါက်ပညာ ကျွမ်းကျင်လွန်းတာကြောင့်ဆပ်ကပ်အဖွဲ့ကနေတောင်မှ ပွဲကြေးပေးပြီး ခေါ်ပါသေးတယ်၊ ဒါပေမယ့် သူက အလုပ်လုပ်တတ်တဲ့လူစားမျိုးမဟုတ်ဘူးဗျ၊ သူ့အနေနဲ့ အလုပ်မလုပ်လည်း အေးအေးဆေးဆေးပေါကျော့ နေလို့ရတယ်မဟုတ်လား၊ မိဘတွေက ဖူးဖူးမှုတ်၊ အမတွေကလည်; အလိုလိုက်ထားတာမို့လို့ အချိန်ပြည့်အရက်သောက်၊ အပေါင်းအသင်းတွေနဲ့ပျော်ပါးပြီး မူးရူးသောင်းကျန်းနေတဲ့လူတစ်ယောက်ပေါ့ဗျာ။
ဒီမှာ မခင်ထားနဲ့တွေ့တော့တာပဲဗျာ၊ မခင်ထားက တစ်ရွာသူဆိုတော့လည်း သူ့အကြောင်;မသိဘူးပေါ့ဗျာ၊ သူ့နောက်ကြောင်းကို စုံစမ်းတော့လည်း ကျုပ်တို့ရွာက ငွေရှင်ကြေးရှင်တွေလို့ သိတော့ ကိုသက်တင်နဲ့ လက်ခံပြီးပြောဆိုတာပေါ့၊ အဲ . . . တစ်ညမှာတော့ ကိုသက်တင်က မခင်ထားကို ခိုးပြီးပြေးတော့တာပဲ၊ မခင်ထားကလည်း အကြောက်အကန်ငြင်းတယ်တဲ့၊ ဒါပေမယ့် သူနဲ့မလိုက်ရင် ဓါးနဲ့ပေါက်သတ်မယ်လို့ပြောလို့ မခင်ထားလည်း မငြင်းရဲတော့ဘူးပေါ့ဗျာ။
အဲဒီမှာ မခင်ထားဘ၀ စပြီးရေတိမ်နစ်ရတာပေါ့ဗျာ၊ ကိုသက်တင်နဲ့ရပြီးတော့ ကိုသက်တင်က ဘာအလလုပ်မှမလုပ်တဲ့အပြင် မိန်းမရပြီးမှပိုဆိုးလာတာက မခင်ထားကို နှိပ်စက်တတ်တာပဲဗျ၊ ကိုသက်တင်က ငယ်ငယ်ကတည်းက ကြက်ကလေး၊ ငှက်ကလေးတွေဆိုရင် ခြေထောက်ကိုထိအောင်ပစ်ပြီး အဲဒီခြေပြတ်ကြီးနဲ့သွားနေတာကို ထိုင်ကြည့်ပြီး သဘောကျတတ်တဲ့လူမျိုးဆိုပဲဗျ၊ သားကောင်တွေသတ်ရင်လည်း ဒီအတိုင်းမသတ်ဘဲ ဝေဒနာခံစားရအောင် မျဉ်းပြီးသတ်တယ်ဆိုပဲဗျာ။ အဲဒီတော့ မခင်ထားကိုလည်း သူကချစ်တယ်ဆိုပေမယ့် နှိပ်စက်တော့တာပေါ့ဗျာ။ အဆိုးပေါ် အဆိုးဆင်hဆိုသလို ကိုသက်တင်မိဘနှစ်ပါးက ရွှေဘိုဘက်သွားရင်း ဓါးပြတိုက်ခံရလို့အတူတူဆုံးပါးသွားတော့ ကိုသက်တင်က စည်းစိမ်တွေအမွေရပြီး လူမိုက်ကြီးလုံးလုံးဖြစ်သွားတော့တာပါပဲ၊ သူ့အမတွေက အိမ်ထောင်ရက်သားကျပြီးတော့ အိမ်ခွဲနေကြတာကိုးဗျာ။
လူမိုက်တွေနဲ့ပေါင်းပြီး ဟိုဂိုဏ်း၊ ဒီဂိုဏ်းတွေဖွဲ့ပြီးတော့ မကောင်းတာတွေလုပ်ကြတယ်၊ ရန်ဖြစ်လာရင်လည်း ဓါးနဲ့ပေါက်ပေါက်ပြီးသတ်ပစ်တာဗျ၊ အမွေတွေအကုန်ရထားတာဆိုတော့ ငွေထုပ်ပိုက်ပြီး လိုက်ရှင်းလို့သာ ထောင်တွေတန်းတွေမကျတာတဲ့ဗျာ၊ ဒီလိုနဲ့ တကယ်ဆိုးမိုက်တဲ့ လူဆိုးကြီးဖြစ်နေတာပေါ့၊ တစ်နေ့တစ်နေ့ မခင်ထားကိုလည်း နှိပ်စက်တာ နည်းမျိုးစုံပဲတဲ့ဗျာ၊ အဖေတို့ကပြောတော့လည်းမရတဲ့အပြင် သူ့ကိုပြောတဲ့သူမှန်သမျှ ဓါးနဲ့ပေါက်သတ်မယ်လို့ ကြိမ်းဝါးလို့ ဘယ်သူမှ ဝင်မပါရဲကြဘူးတဲ့ဗျာ၊ ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က လူတစ်ယောက်ကို ဓါးနဲ့ပေါက်သတ်လိုက်ရင်း အဲဒီလူက အရာရှိရဲ့သားဖြစ်နေတယ်တဲ့ဗျာ၊ စည်းစိမ်ကုန်အောင် လိုက်ပြီးဖြေရှင်းတာတောင်မှ ထောင်ကျသွားတယ်တဲ့ဗျာ၊ ဒီအကြောင်းတွေ ကျုပ်တို့လည်း သိပ်မသိလိုက်ပါဘူး၊ အမေအခုပြောပြတော့မှ ရေရေလည်လည်သိသွားတာ၊ သိသွားတော့လည်; အမေတို့လိုမျိုး မခင်ထားကို သနားသွားမိတယ်ပေါ့ဗျာ။
(၃)
တစ်ရက်တော့ ကျုပ်တောထဲကပြန်အလာ ရွာထိပ်သစ်ပင်ကြီးအောက်မှာ လူတစ်ယောက်ထိုင်နေတယ်ဗျ၊ ဒီလူကိုကျုပ်လည်း မမြင်ဖူးလို့ သေသေချာချာကြည့်နေတာပေါ့ဗျာ၊ ဆံပင်တွေလည်;ဖြူနေပြီး လူကလည်း ပိန်ချုံးနေတာပဲဗျ။ ကျုပ်ကြည့်တော့ သူက ကျုပ်ကိုဘုကြည့်ကြည့်တယ်ဗျာ။
“ဟေ့ကောင်၊ ဘာကြည့်တာလဲ မင်းက လူမိုက်လား”
“လူမိုက်မဟုတ်ဘူးဗျ၊ ခင်ဗျားကရော ဘယ်သူလဲ၊ ဘာလို့ကျုပ်တို့ရွာထိပ်မှာ လာထိုင်နေတာလဲ၊ ဘယ်သူနဲ့တွေ့ချင်လို့လဲ”
“အောင်မာ၊ ဒီကောင်လေးကတော့ ငါ့ရွာငါပြန်လာတာကွ၊ မင်းကတော့ ငါ့အကြောင်းမသိသေးဘူးထင်တယ်၊ မင်းကိုတော့ အကြောင်;သိအောင် ပြလိုက်အုံးမှပဲဟေ့”
အဲဒီလူကြီးက ထိုင်နေရင်းနဲ့လက်ကိုတစ်ချက်ဝှေ့လိုက်တယ်ဗျ။ ဒီအချိန်မှာပဲ ကျုပ်ဆောင်;ထားတဲ့ ခမောက်မှာ ဒေါက်ခနဲလာမြည်တာနဲ့ ကျုပ်လည်း ခမောက်ကိုဖြုတ်ကြည့်တော့ ခမောက်မှာ ငါးလက်မလောက်ရှိတဲ့ ဓါးမြှောင်ကလေးက စိုက်ဝင်နေတယ်ဗျာ၊ ခမောက်ကိုဖောက်ပြီးတော့ ဝင်နေတာ၊ ဒီထက်လက်မဝက်လောက် စိုက်ဝင်ရင် ကျုပ်ခေါင်းပေါက်ပြီဗျ၊ ကျုပ်လည်း လန့်သွားပြီး ခမောက်ကြီးကိုပစ်ချလိုက်တာပေါ့ဗျာ။
“ဘယ့်နှယ့်လဲကောင်လေးရဲ့၊ ငါမင်းကိုသတ်ချင်တယ်ဆိုရင် မင်းခုနကတည်;က သေပြီးပြီ”
ကျုပ်သူ့ကိုကြည့်ပြီး သိလိုက်ပြီလေ၊ ဒီလောက်ဓါးပေါက်တာတော်မှတော့ ဦးသက်တင်ကြီးပေါ့ဗျာ၊ ကျုပ်လည်း ခမောက်ကိုတောင် ပြန်မကောက်တော့ဘဲ ဆေးမြစ်တွေထမ်းပြီးတော့ ရွာထဲကိုအော်ပြီး ပြေးဝင်လာခဲ့တာပေါ့ဗျာ၊
“ဦးသက်တင်ကြီးလာပြီ . . . ဦးသက်တင်ကြီး ပြန်လွတ်လာပြီ”
“ဦးသက်တင်ကြီးပြန်လွတ်လာပြီအဖေ . . .”
အိမ်ကိုရောက်တာနဲ့ အဖေ့ကိုအရင်ဆုံး သတင်းဦးအောင်ပြောရတာပဲ၊ အဖေကတော့ သူ့ပုံစံအတိုင်း အင်းမလှုပ်အဲမလှုပ်ပဲ ခေါင်းပဲညိတ်တယ်။
“အေးလေ၊ ဆယ့်ငါးနှစ်လောက် ထောင်ကျတယ်ဆိုပေမယ့် လျှော့ရက်တွေဘာတွေ ရလို့လားမှမသိတာ”
ဦးသက်တင်ကြီးက ရွာထိပ်က ဦးတရုတ်ကြီးတို့ အရက်ဆိုင်မှာ ဝင်ပြီးသောင်းကျန်းသွားသေးတယ်ဗျာ၊ သူများပြောတာကတော့ ဦးတရုတ်ကြီးဆီက အရက်ဝယ်လို့ ဦးတရုတ်ကြီးက ပိုက်ဆံတောင်းတော့ သူ့ကိုတောင်းရကောင်းလားဆိုပြီး ဦးတရုတ်ကြီးလက်ထဲက ပုလင်းကို ဓါးနဲ့ပေါက်ခွဲတယ်တဲ့ဗျာ၊ အဲဒီမှာတင် ရုတ်ရုတ်သဲသဲဖြစ်ကုန်တာပဲ၊ နောက်တော့ ရွာလယ်လမ်းအတိုင်း ကြွမြန်းလာပါပြီဗျာ၊ လက်ထဲမှာလည်း အရက်ပုလင်းနှစ်လုံးကို ပိုက်လို့ဗျ၊ ရွာသားတွေအကုန်မြင်သာအောင်လို့ သူ့ခါးမှာ ဓါးမြှောင်သုံးချောင်းကို ထိုးထားသေးတယ်ဗျာ။
“ဇီးကုန်းရွာကို သက်တင်ပြန်လာပြီဟေ့၊ မိုက်တဲ့ကောင်ထွက်ခဲ့ကြစမ်း”
ရွာကိုစိန်ခေါ်သွားသေးတာဗျာ။ ရွာကလူတွေကလည်း နဂိုကတည်းက သူ့ကိုအော့ကြောလန်နေတာဆိုတော့ ဘယ်သူမှ အဖက်မလုပ်ဘူးပေါ့ဗျာ။
(၄)
“အီး . . ဟီး . . ကယ်ကြပါအုံးရှင်”
ဟောဗျာ၊ ကျုပ်တို့ညစာစားနေတုန်း အသံကြားရပါပြီ၊ ကြားလိုက်ရတဲ့အသံကတော့ မခင်ထားအသံပဲဗျ၊ ရွာကလူတွေလည်း ပြေးကြည့်ကြတော့ အဖေကလည်း လက်ဆေးပြီး ထပြေးတော့တာပဲ၊ ကျုပ်လည်း ထုံးစံအတိုင်း အဖေ့ရဲ့ငှက်ကြီးတောင်ဓါးကြီးကိုဆွဲပြီး အနောက်ကလိုက်ရတာပေါ့ဗျာ၊ ကျုပ်တို့ရောက်တော့ ဦးသက်တင်တို့ခြံရှေ့မှာ လူတွေအုံနေပါပြီ၊ ဦးသက်တင်က မခင်ထားကို အိမ်ရှေ့က တိုင်တစ်လုံးမှာ ကြိုးနဲ့ချည်ထားတယ်ဗျ၊ သူတို့အိမ်က ခြေတံရှည်အိမ်အမြင့်ကြီးဆိုတော့ အတိုင်းသားမြင်နေရတာပေါ့ဗျာ၊ ပြီးတော့ မခင်ထားကိုလည်း ဘယ်ပြန်ညာပြန် ပါးတွေချည်းရိုက်နေတာဗျာ။
“ကောင်မ၊ မှန်မှန်ပြောစမ်း၊ ငါမရှိတုန်း နင့်ကိုဘယ်လင်ငယ်က ထောက်ပံ့နေလို့ နင်ပြောင်ရောင်နေတာလဲ”
“မဟုတ်ပါဘူး အကိုသက်တင်ရယ်၊ ခင်ထားဖာသာ ဈေးရောင်းပြီး ရှာထားတာပါ”
ဦးသက်တင်က မခင်ထားဝတ်ထားတဲ့ ကျောက်စီရွှေနားကပ်ကလေးကို ကြည့်ပြီးတော့ နားကပ်ကိုကိုင်ပြီး ဆတ်ခနဲဆွဲဖြုတ်တာဗျာ၊ မခင်ထားမှာ အော်လိုက်တာ ဝက်သံပေါက်နေတာပဲ၊ ခင်ဗျားတို့ စဉ်းစားကြည့်စမ်းပါ၊ နားကပ်ကို အတင်းဆွဲဖြတ်ခံရတာ ဘယ်လောက်နာမလဲ။
“ဟဲ့ကောင်မ နင်းကန်အော်မနေနဲ့၊ နောက်တစ်ဖက်ဖြုတ်ဖို့ကျန်သေးတယ်”
နောက်တစ်ဖက်ထပ်ဆွဲမယ်လုပ်တော့ အဖေက ဝင်မပါလို့မရဘူးလေ။
“ဟေ့ကောင်သက်တင်၊ မင်းသူ့ကိုနှိပ်စက်တာ တော်လောက်ပြီ”
ဦးသက်တင်က အဖေ့ကို မိုက်ကြည့်ပြန်ကြည့်တာဗျ။
“ဪ လတ်စသတ်တော့ သူကြီးမင်းတောင် ကျုပ်အိမ်ကိုရောက်နေတာကိုး၊ နေစမ်းပါအုံး လူတွေလည်းများလှချည်လား ဘာလာလုပ်တာလဲဗျ”
“ဘာလုပ်ရမလဲကွ၊ မင်းခင်ထားကို နှိပ်စက်နေတာ တော်လောက်ပြီကွာ၊ ပတ်ဝန်းကျင်လည်း အနှောင့်အယှက်ဖြစ်တယ်ကွ”
ဦးသက်တင်က သောက်မြင်ကပ်စရာ ကောင်းအောင် ပြုံးလိုက်တယ်ဗျာ။
“နေပါအုံး ကျုပ်မိန်းမကို ကျုပ်ဆုံးမတာ သူကြီးက ဘာဖြစ်လို့ဝင်နာနေတာတုန်းဗျ၊ ဘာလဲ သူကြီးက ကျုပ်မိန်းမကို ကျုပ်မရှိတုန်း . . .”
“တော်စမ်းသက်တင်၊ မင်းငါ့ကိုမစော်ကားနဲ့ ခင်ထားက ကောင်းရောင်းကောင်းဝယ်လုပ်စားနေတာ၊ မင်းမရှိတဲ့အချိန်လည်း အရွယ်ကောင်းပေမယ့် တခြားလူမရှာဘဲ တစ်ယောက်တည်းရုန်းကန်နေတာ တစ်ရွာလုံးမျက်မြင်ပဲ၊ မင်းအကြောင်းမဲ့ နှိပ်စက်နေတာ ရပ်လိုက်တော့”
“ဒီမှာသူကြီး၊ ခင်ဗျားအားယားနေတိုင်း သူများအတွင်းရေး ဝင်မပါနဲ့၊ ကျုပ်ဖာသာကျုပ် ကျုပ်မိန်းမကို နှိပ်စက်ရုံမကလို့ သတ်ချင်သတ်မယ်၊ ခင်ဗျားတို့နဲ့မဆိုင်ဘူး၊ ခင်ဗျားတို့ နားမခံနိုင်ရင် နားထဲဂွမ်းစဆို့ထားကြ၊ ကျုပ်အားလုံးကို သတိပေးလိုက်မယ်နော်၊ ကျုပ်တို့လင်မယားကြားမှာ ဝင်ပါတဲ့လူဘယ်သူ့ကို မဆို ကျုပ်အရှင်မထားဘူး”
“ဟေ့ကောင်သက်တင်၊ မင်းတော်တော်မိုက်ရိုင်းတဲ့ကောင်ပဲ၊ အခုမှထောင်ကလွတ်လာတာကို မင်းက ရန်စကားပြန်ပြောချင်သေးတယ်ပေါ့၊ ဟုတ်လား”
“သူကြီးရာ ကျုပ်က ထောင်ဆိုတာကို ကြောက်ကိုမကြောက်တော့တာ၊ ဒါကြောင့် ဟောဒီက သူကြီးမင်းကြီးလည်း သူများလင်မယားကြား ဝင်မပါဘဲ အေးအေးဆေးဆေးအိမ်ပြန်ပြီး ကိုယ့်မိန်းမနဲ့ကိုယ်ပြန်နှပ်နေ၊ ဟုတ်ပြီလား”
ဓါးကိုင်ထားတဲ့ကျုပ်လည်း မနေသာတော့ဘူးဗျာ၊ အဖေမို့သည်းခံနိုင်လွန်းတယ်။ ကျုပ်လည်း ဓါးကို ဓါးအိမ်ထဲကနေချွတ်ပြီး အဖေ့ဘေးကိုဝင်ရပ်လိုက်တာပေါ့ဗျာ၊ အဖေက ကျုပ်ကိုတားတယ်။
“မလုပ်နဲ့သား”
ဦးသက်တင်က ကျုပ်ကိုကြည့်ပြီးပြုံးတယ်ဗျ။
“အောင်မာ၊ ညနေက ကောင်လေးပါလား၊ မင်းက သူကြီးရဲ့သားတဲ့လား၊ ဟား၊ ဟား ဒါဆိုရင်တော့ မင်းလည်းမင်းအဖေလို ငကြောက်ကလေးပဲပေါ့ကွာ”
ကျုပ်စိတ်တွေထိန်းမရတော့ဘူးဗျာ၊ ဦးသက်တင်က အနောက်ကိုခြေလှမ်းငါးလှမ်းလောက်ဆုတ်လိုက်ပြီး
“ဒီမယ်ကောင်လေး၊ မင်းသတိရှိတယ်ဆိုရင် ငါ့ရဲ့ပေါက်ဓါးတစ်ချောင်းကိုပဲ ရှောင်ပြစမ်းပါ၊ မင်းရှောင်နိုင်ရင် ငါမင်းရဲ့အရှေ့မှာ လည်စင်းပေးလိုက်မယ်”
ကျုပ်လည်း ဓါးကိုင်ထားပေမယ့် ကြောက်သွားတာပေါ့ဗျာ။ မကြောက်လို့ရမလားဗျ၊ ဦးသက်တင်ရဲ့ ပေါက်ဓါးအစွမ်းကို ညနေက ကိုယ်တိုင်ကြုံလိုက်ပြီလေ၊ ခမောက်ကိုဖောက်တဲ့အပြင် ကျုပ်ခေါင်းကိုမဖောက်အောင် ပေါက်နိုင်တယ်ဆိုတာ တော်ရုံလက်စမဟုတ်ဘူးဗျ၊
“လာစမ်းပါကောင်လေးရဲ့၊ ညနေက မင်းခမောက်ဆုံးပြီးပြီးနော်၊ ဒီတစ်ခါဆိုရင် မင်းအသက်ဆုံးရတော့မှာ”
အဖေက ကျုပ်လက်ထဲက ဓါးကိုဆွဲယူလိုက်တယ်။
“တော်ပြီငါ့သား သူနဲ့ဖက်ဖြစ်မနေနဲ့၊ လာ၊ ငါတို့တွေပြန်ကြမယ်”
ကျုပ်က စိတ်ထဲတော့ အခဲမကျေဘူးပေါ့ဗျာ၊ ဦးသက်တင်က ရယ်တယ်ဗျ။
“သွားကြ၊ ငကြောက်ကြီးနဲ့ ငကြောက်လေးတို့သားအဖ”
“ဒီမှာ ဟေ့ကောင်သက်တင်၊ မင်းကိုငါတစ်ခါတည်း လူစုံတုန်းပြောလိုက်မယ်၊ ငါနောက်နောင်ဘယ်တော့မှ မင်းတို့လင်မယားကြားထဲဝင်မပါသလို၊ မင်းတို့ချင်းဖြစ်တဲ့ပြသနာကိုလည်း မရှင်းပေးဘူး”
“ခင်ထား၊ ညည်းလဲ ညည်းထိုက်နဲ့ညည်းကံ ခံပေတော့၊ ငါတို့အိမ်ကိုလည်း နင်တို့မလာကြနဲ့”
အဖေကထွက်သွားတော့ ကျုပ်လည်း သူ့အနောက်ကနေ ကုပ်ချောင်းချောင်;နဲ့လိုက်ခဲ့ရတာပေါ့ဗျာ၊ ရွာသားတွေကလည်း တီးတိုးပြောကုန်တော့တာပေါ့၊ ဘယ်တတ်နိုင်မလဲ၊ ဦးသက်တင်ကြီးပြောသလို သူတို့လင်မယားချင်း အတွင်းရေးလို့ပဲ သတ်မှတ်လိုက်ရုံရှိတာပေါ့ဗျာ၊ မခင်ထားကတော့ ဝဋ်ကြွေးကြီးတယ်ပေါ့။
အဖေလည်း တော်တော်စိတ်တိုနေတယ်ဗျ၊ အင်းလေ၊ ကျုပ်တောင်စိတ်တိုသေးတာ၊ သူက တစ်ရွာလုံးရဲ့ခေါင်းဆောင် သူကြီးမဟုတ်လား၊ သူကြီးကို ဒီလိုကောင်က စော်ကားတာကို အဖေက အေးအေးဆေးဆေး တုန့်ပြန်တာကိုပဲ ကျုပ်ချီးကျူးပါတယ်၊ နောက်မှသိရတာက ဦးသက်တင်က အဖေ့ကိုလုံးဝမကျေနပ်ဘူးဗျ၊ ဘာလို့လဲဆိုတော့ သူထောင်ကျတဲ့အမှုမှာ အဖေက ရွာလူကြီးအနေနဲ့ သက်သေလိုက်ပေးရတယ်၊ ဦးသက်တင်ကို လူဆိုးလူမိုက်တစ်ယောက်ပါ၊ ရွာမှာလည်း ပြစ်မှုတွေကျူးလွန်ခဲ့ဖူးပါတယ်ဆိုပြီး သက်သေထွက်ဆိုပေးရတာပေါ့၊ ဦးသက်တင်က ဒါကိုလည်း မကျေနပ်ဘူးပေါ့ဗျာ။
နောက်ရက်တော့ မိုးမလင်းသေးဘူး အသံကြားရပါပြီဗျာ၊ ဒီတစ်ခါတော့ မခင်ထားအော်သံမဟုတ်ဘူးဗျ၊ ရွာကလူတွေရဲ့အော်သံတွေ၊ အဖေနဲ့ကျုပ်လည်း ဘာဖြစ်တာလဲဆိုပြီး ထွက်ခဲ့ရတာပေါ့ဗျာ။ ထုံးစံအတိုင်း ဦးသက်တင်တို့ခြံဝိုင်းမှာ လူတွေအုံနေပါရောလား။
ကျုပ်တို့ရောက်တော့မှ ဦးသက်တင်က မခင်ထားကို အိမ်တိုင်မှာကြိုးနဲ့ချည်ပြီး မခင်ထားရဲ့ခေါင်းပေါ်မှာ သရက်သီးတစ်လုံးကို တင်ထားတာဗျ၊ ပြီးတော့ လက်ထဲက ဓါးကိုလဲ တစ်ဆဆနဲ့လုပ်နေသေးတာ၊ ရွာသားတွေကတော့ ဆပ်ကပ်ပွဲကြည့်နေသလိုပေါ့ဗျာ၊ အော်ဟစ်ဆူညံနေတာပေါ့၊ မခင်ထားပါးစပ်ကို အဝတ်စနဲ့ဆို့ထားလို့ မခင်ထားက မအော်နိုင်ဘဲ တအိအိနဲ့ဗျ၊ ဒါတင်မကသေးလို့ဦးသက်တင်က ကွပ်ပျစ်ပေါ်တင်ထားတဲ့ အရက်ပုလင်းကိုကောက်ပြီး မော့လိုက်သေးတယ်၊ သူ့မျက်လုံးတွေက ရီဝေဝေနဲ့ လမ်းလျှောက်တာလည်း ဒယိမ်းဒယိုင်နဲ့ဗျ။ နောက်တော့ ပေါက်ဓါးကိုလက်မှာကိုင်လိုက်ပြီး
“ငြိမ်ငြိမ်နေစမ်းခင်ထား၊ နင်လှုပ်ရင် နင့်နဖူးကိုငါပစ်မိလိမ့်မယ်”
အဖေက လှည့်ပြန်သွားတယ်၊ ဘာမှမပြောချင်တော့ဘူးပေါ့၊ ကျုပ်ကတော့ ကျန်ပြီးကြည့်နေတာပေါ့ဗျာ၊ ဦးသက်တင်ကြီး ဒီလောက်မူးနေတဲ့ကြားထဲက မခင်ထားခေါင်းပေါ်က သရက်သီးကိုထိအောင်ပစ်နိုင်ပါ့မလားပေါ့၊ နောက်တော့ ဦးသက်တင်က လေချဉ်တစ်ချက်ကို အေ့ခနဲတက်လိုက်ပြီး ဓါးကို ဖောက်ခနဲလှမ်းပေါက်လိုက်တာဗျာ၊ ဓါးက မခင်ထားခေါင်းပေါ်က သရက်သီးစိမ်းကို ကွက်တိထိပြီး သရက်သီးက ပြုတ်ကျပြီး နှစ်ခြမ်းကွဲသွားတော့တာပေါ့၊ ဓါးကိုသေချာကြည့်တော့မှ ဓါးက သရက်စေ့ကိုတောင် ဖောက်တယ်ဗျာ၊ ဘယ်လောက်ပြင်းတဲ့အားလည်းဆိုတာ တွက်သာကြည့်တော့ဗျို့။ လူတွေကတော့ တစ်ယောက်တစ်မျိုးပြောနေကြတာ၊ ဦးသက်တင်ကြီးက ဓါးတစ်လက်ကိုင်ပြီး ကျုပ်ကိုပြီတီတီမျက်နှာထားနဲ့ ကြည့်နေလို့ ကျုပ်လည်းအမြန်ပြန်လာရတယ်ဗျာ၊ မတော်လို့ စိတ်ရူးပေါက်ပြီး ကျုပ်ကိုပစ်ထည့်လိုက်တော့ ဘယ်လိုလုပ်မလဲဗျ။
(၅)
“တောက်၊ ကျုပ်လုံးဝမကျေနပ်ဘူးဗျာ”
တောစပ်က သစ်ပင်အောက်မှာ ဦးဘသာကြီးကို ကျုပ်က ဖြစ်ကြောင်းကုန်စင်ပြောပြနေတာဗျ၊ ဦးဘသာကြီးက ညကလာမကြည့်တော့ မသိလိုက်ဘူးလေ။
“မင်းတို့ကလည်းမင်းတို့ပဲ သူများလင်မယားဘာဖြစ်ဖြစ်ပေါ့ကွာ၊ အနေသာချည်းကို”
“အိုဗျာ၊ သူတို့လင်မယားဖြစ်ချင်ရင် တိုးတိုးတိတ်တိတ်ဖြစ်ကြလေ၊ အခုဟာက ဆူညံဆူညံနဲ့ နောက်ပြီးတော့ ဓါးတရမ်းရမ်းနဲ့ဗျ၊ ဒါက ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေတယ်ဗျ”
ကျုပ်လည်း ဦးဘသာကြီးကို စိတ်တိုမိတာပေါ့ဗျာ၊ သူခံရတာမဟုတ်တော့ သူကပြောအားရှိတာပေါ့။
“နောက်ပြီးတော့ သူ့လင်သူ့မယားရန်ဖြစ်တာတင်မကဘဲ ကျုပ်အဖေကိုစော်ကားတာဗျ၊ ကျုပ်ကိုစော်ကားတာကို ကျုပ်က သည်းခံနိုင်ပါသေးတယ်၊ အဖေကသူကြီးဗျ၊ တစ်ရွာလုံးက လေးစားတဲ့သူကြီးကို သူကဒီလိုမျိုးပြောတာလောက် ကျုပ်သည်းမခံနိုင်ဘူးဗျာ၊ အခုဆိုရွာထဲကလူတွေက အဖေ့အကြောင်းတွေ တီးတိုးပြောနေကြပြီဗျ”
ဦးဘသာကတော့ အေးအေးလူလူပဲ ကြိမ်လုံးကြီးကိုင်ပြီး တောစပ်မှာ သူ့နွားတွေအရိပ်ခိုနေတာကိုကြည့်နေတယ်။ ပြီးတော့မှ
“သည်းမခံနိုင်တော့ မင်းကဘာလုပ်မယ်လို့စိတ်ကူးထားတာလဲ”
“ဒီလူကြီးကိုကျုပ်ချောင်းနေတာကြာပြီ၊ အခွင့်သာလို့ကတော့ ဒီလူကို ဓါးနဲ့ပြေးထိုးပစ်မှာဗျ၊ ဟောဒီမှာတွေ့လား ဓါး”
ကျုပ်လည်း ခါးကြားထဲဖွက်ပြီးသယ်လာတဲ့ ကိုးလက်မလောက်ရှိတဲ့ ဓါးမြှောင်ကလေးကိုထုတ်ပြလိုက်တယ်၊ ဦးဘသာကြီးက နည်းနည်းတော့လန့်သွားတဲ့ပုံပဲဗျ။
“မဟုတ်တာတွေ မတွေးစမ်းပါနဲ့ကွာ၊ လူမိုက်နဲ့ပြိုင်ပြီးဖြစ်မနေစမ်းပါနဲ့”
“ဦးဘသာတို့ အဖေတို့ပြောလိုက်ရင် ဒီအတိုင်းကြီးပဲ၊ ကျုပ်ကတော့ ဒီကောင့်ကိုမကြောက်ဘူး”
“ဒီမယ် အလတ်ကောင်၊ လူမိုက်ကိုရှောင်တာ ကြောက်လို့ရှောင်တာမဟုတ်ဘူးကွ၊ တို့လမ်းသွားတဲ့အခါ ခွေးချေးပုံတွေ၊ နွားချေးပုံတွေ တွေ့ရင် ငါတို့က ချေးပုံကိုကြောက်လို့ ရှောင်သွားတယ်လို့ထင်နေတာလား”
“ဒါကတော့ဘယ်တူမလဲဗျ၊ ချေးပုံကျတော့ ရွံလို့ရှောင်တာကိုး”
“အေး၊ လူမိုက်ကိုလည်း ငါတို့က ကြောက်တာမဟုတ်ဘူးဟေ့၊ ချေးပေရင် သုတ်ရသင်ရ၊ ရေဆေးရနဲ့မို့ ရှောင်တာ၊ မသတီလို့ရှောင်တာ၊ အဲဒီလိုပဲ လူမိုက်ကိုအဖက်လုပ်တော့ ရှင်းရလင်းရနဲ့ အရှုပ်တွေများလို့ ရှောင်တာကွ နားလည်ပြီလား”
“မသိဘူးဗျာ၊ ဦးဘသာတို့ သည်းခံနိုင်ရင်ခံကြပါစေ၊ ကျုပ်ကတော့ ဒီကောင့်ကိုဆော်မယ်”
ဦးဘသာက ကျုပ်ကိုမဖြောင်းဖျနိုင်လို့ သက်ပြင်းတစ်ချက်ချလိုက်တယ်ဗျ။
“ကဲကွာ၊ ဒါဆိုရင်လည်း ချောင်းမြောင်းလုပ်မနေနဲ့၊ သက်တင်ကို မင်းသွားစိန်ခေါ်ပြီး လုပ်ပေါ့ကွာ”
“အိုဗျာ၊ ပေါ်တင်ကြီးသွားတော့ ဟိုက ဓါးနဲ့ပေါက်လို့ ကျုပ်သေသွားမှာပေါ့ဗျ၊ ဦးဘသာကလည်း”
“မင်းငါ့ကို မယုံဘူးလားကွ”
ဦးဘသာကြီးက အဲဒီလိုပြောတော့မှ ကျုပ်လည်းခေါင်းညိတ်လိုက်တယ်၊ ဒီအတိုင်းဆိုရင် ဦးဘသာကြီး တစ်ခုခုလုပ်တော့မယ်ဆိုတာ သေချာနေပြီလေဗျာ။
“ဦးဘသာက ကျုပ်ကိုကူညီမလို့လား”
ဦးဘသာက ပြန်မဖြေဖူးဗျ။ နောက်တော့ ကွမ်းအစ်ကလေးချပြီး ကွမ်းစားဖို့လုပ်နေတယ်၊ ကွမ်းရွက်တစ်ရွက်ကို ယူပြီးတော့ ထိပ်ဖြတ်၊ အညာချွေပြီး ထုံးနည်းနည်းသုတ်နေရင်း
“ဒီကောင်သက်တင်က ဘာမှ ပညာရှိတာမဟုတ်ဘူးကွ၊ ဒီကောင် ဓါးပေါက်ကျွမ်းတယ်ဆိုတာကလည်း မှော်တစ်ခုအောင်သွားလို့ကွ”
“မှော်အောင်သွားတယ်၊ ဟုတ်သလား”
“ဟုတ်တယ်၊ မှော်ဆိုတာ အစီအရင်တစ်ခုလုပ်ရတာပေါ့ကွာ၊ အဲဒါအောင်သွားတော့ မှော်အောင်တယ်လို့ခေါ်တာပေါ့ကွ”
“သူက ဘာအစီအရင်လုပ်ထားလို့လဲဗျ”
“မင်းနားလည်အောင် ပြောရရင်တော့ ပစ်မလွှဲအစီအရင်ပေါ့ကွာ၊ အဲဒီအစီအရင်က ရှေးကတည်းက အသုံးပြုခဲ့တဲ့အစီအရင်ပဲ၊ လှံတွေ၊ ဓါးတွေကိုစီရင်ရတာပေါ့ကွာ၊ အများအားဖြင့် ရှေးကတော့ လှံတိုလို့ခေါ်တဲ့ လှံကလေးတွေကိုစီရင်ထားကြတယ်၊ စီရင်တဲ့အခါ အလွယ်ပြောရရင်တော့ လူအရှင်ကို မကောင်းတဲ့နတ်တွေဆီကို ဆက်သပြီးတော့ ပွဲတွေဘာတွေခင်းပေးရတယ်ကွ၊ နောက်တော့ အဲဒီလှံနဲ့ထိုးပြီးတော့ အတွင်းကလီစာတွေကို ဆက်သရတာပဲ၊ အဲဒီလူသေရင် အဲဒီလက်နက်မှာစွဲနေတယ်၊ ပြောရရင်သရဲပေါ့ကွာ၊ အဲဒီသရဲကို ခိုင်းစားတာပေါ့”
နားထောင်တာနဲ့ကို ကြောက်စရာကြီးဗျာ၊ ဖြစ်တော့လည်းဖြစ်နိုင်တယ်၊ အဖေတို့ပြောဖူးတာက ဦးသက်တင်က ငယ်ငယ်တုန်းက ရွာတွေမှာ လူတွေသတ်ဖူးတယ်တဲ့၊ သူ့မိဘတွေကလည်း ငွေနိုင်တယ်ဆိုတော့ လျော်ကြေးပေးပြီး ပြီးခဲ့တာများတယ်ဆိုပဲ၊ ဒါဆိုရင် သူက သူ့ဓါးတွေကို အဲဒီလိုလုပ်ထားတာမျိုးလား မသိဘူးဗျာ။
“ဒီကောင် ဓါးပေါက်ရင် မင်းကြည့်ကြည့်လိုက်၊ ဓါးကို သူ့ပါးစပ်နားကပ်ပြီးတော့ နမ်းသလိုလိုလုပ်ပြီးတော့မှ ပေါက်တာကွ၊ ငါ့အထင် သူ့ဓါးစောင့်သရဲကိုတစ်ခုခုခိုင်းတာပေါ့၊ ဒါကြောင့် ပေါက်လိုက်တိုင်း သရဲရဲ့အကူအညီနဲ့ ပစ်မှတ်ကိုထိထိသွားတာကွ”
ကျုပ်လည်း ခေါင်းညိတ်လိုက်တော့တယ်။
“ဒါနဲ့ကျုပ်က သူ့ကိုစိန်ခေါ်ပြီး ဘာဆက်လုပ်ရမှာလဲ၊ ဦးဘသာကြီးရော လိုက်ခဲ့မှာလား”
“ဟေ့ကောင်ရ၊ ငါလိုက်သွားရင် ဒီကောင်က မင်းကိုဘယ်လုပ်ရဲမလဲ၊ မင်းသတိထားမိလား၊ ဒီကောင်က တခြားလူကိုတော့ စွာရဲပေမယ့် ငါ့ကိုမစွာရဲဘူးကွ”
“အဲဒါဆို ကျုပ်တစ်ယောက်တည်းသွားရမှာလား”
“ပေးစမ်း၊ မင်းရဲ့ညာဘက်လက်ပေးစမ်း”
ဦးဘသာကြီးက ကျုပ်လက်တောင်းတော့ ကျုပ်လည်း ညာဘက်လက်ပေးလိုက်ရတာပေါ့ဗျာ၊ အဲဒီမှာ ဦးဘသာကြီးက ကွမ်းရွက်တစ်ရွက်ကိုယူလိုက်ပြီးတော့ ကွမ်းရိုးကိုချွေလိုက်တယ်ဗျ၊ နောက်တော့ ကွမ်းရိုးကထွက်လာတဲ့ အရည်ကြည်ကလေးတွေနဲ့ ကျုပ်ညာလက်က လက်ညှိုးနဲ့လက်ခလယ်ကို အကြောင်းအကြောင်းကလေးတွေ ဆွဲပေးနေတာဗျာ။ ထင်တော့ဘယ်ထင်မလဲ သူလုပ်တာကိုပဲ ကြည့်နေရတာပေါ့။
“ကွမ်းရိုးမှာ ဘီလူးစောင့်တယ်လို့ အဆိုရှိတယ်မဟုတ်လား၊ ကဲ မင်းကိုငါအခု ဘီလူးကိုအပ်ပေးလိုက်ပြီကွာ”
“ကျုပ်က ဒါကိုဘယ်လိုလုပ်ရမှာလဲ”
“မင်းရဲ့လက်ညှိုးနဲ့လက်ခလယ်ကို အချင်းချင်းလိမ်ထားလိုက်ရင် မင်းဆီကိုလက်နက်မတိုးတော့ဘူးကွ၊ ဒီတော့ မင်းသူ့ကိုသွားစိန်ခေါ်ကွာ၊ သူဓါးနဲ့ပေါက်ရင် လက်ညှိုးနဲ့လက်ခလယ်ကို အသာကလေးလိမ်ထားလိုက်၊ ဒါပေမယ့် ဒါကတစ်ပွဲတိုးဆိုတော့ ညနေစောင်း နေဝင်သွားတာနဲ့ စွမ်းမှာမဟုတ်တော့ဘူး၊ ဒါပေမယ့် မင်းသူ့ကိုမသတ်ရဘူးနော်၊ အနိုင်အရှုံးကွဲပြားသွားအောင်ပဲ လုပ်ရမယ်၊ ဟုတ်ပြီလား”
ကျုပ်လည်းခေါင်းညိတ်လိုက်ပြီးတော့ နေလုံးကိုမော့ကြည့်လိုက်တယ်၊ ညနေ နေစောင်းနေပြီဗျ၊ သုံးနာရီ၊ လေးနာရီလောက်တော့ရှိတော့မယ်ထင်တယ်။ ဒါနဲ့ကျုပ်လည်း ဦးဘသာကို နှုတ်တောင်မဆက်တော့ဘဲ ရွာဘက်ကိုပြေးခဲ့ပါရော၊ ဦးသက်တင်ကြီးကို စိန်ခေါ်ဖို့က အရေးကြီးတယ်မဟုတ်လားဗျာ။
(၆)
ရွာထဲတောင်မရောက်ပါဘူး၊ ဦးသက်တင်နဲ့သူ့လူတွေက ရွာထိပ်အဝင်က ညောင်ပင်ကြီးအောက်မှာ ဝိုင်းဖွဲ့နေကြတယ်ဗျ၊ ဦးသက်တင်က သူကြီးတောင်နိုင်တယ်ဆိုပြီး သတင်းထွက်နေတော့ ရွာထဲက လူဆိုး၊ ဂျပိုးတွေက သူ့ကိုဆရာတင်တော့တာပေါ့ဗျာ၊ သူတို့က ထန်းကြောဖျာ အစုတ်ကြီးခင်းထားပြီးတော့ အရက်နဲ့ ကြက်ကြော်တွေဘာတွေနဲ့ ကောင်းစားနေတာဗျ။
“သောက်စမ်းကွာ၊ အရက်က တရုတ်ကြီးဆီကနေဆွဲလာတာ၊ ဒီကောင့်ဆီက ငါးပုလင်းယူတာတောင် ဒီကောင်အသံမထွက်ရဲဘူးကွ၊ ကြက်ကတော့ ငါတို့ဘေးခြံက ကြက်တွေပါ၊ ခြံထဲဝင်လာတာနဲ့ ကြက်နှစ်ကောင်ကို ဓါးနဲ့ပေါက်ပြီးယူထားတာ၊ မင်းတို့၀၀လင်လင်စားကြ”
“ဟာ၊ ဆရာဦးသက်တင်ကတော့ ပိုင်တယ်ဗျာ၊ ကျုပ်တို့ကိုလည်း စောင့်ရှောက်ပါဗျာ”
“အေးပါကွ၊ ငါ့နာမည်သက်တင်ပါကွ၊ ပေါက်ဓါးဝိဇ္ဇာ သက်တင်ပါ”
“သူကြီးက ကြောက်ရတဲ့ဦးသက်တင်လို့ ထည့်ပြောအုံးလေဗျာ၊ ဟား၊ ဟား”
သူတို့အချင်းချင်း စကားပြောလိုက် ရယ်လိုက်မောလိုက်နဲ့ မူးကလည်းတော်တော်မူးနေပြီ၊ တစ်ချို့ဆိုပုဆိုးတွေဘာတွေ ကျွတ်လို့ဗျ၊ သူ့တပည့်က ကိုးယောက်လောက်တော့ရှိမယ်ပေါ့ဗျာ။
ကျုပ်လည်းသူတို့အနားသွားပြီးတော့ ခါးထောက်ရပ်ကြည့်နေလိုက်တယ်၊ ဦးသက်တင်ကြီးက ကျုပ်ကိုရီဝေနေတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးတော့
“ကောင်လေး၊ မင်းဘာကြည့်နေတာလဲ သေချင်လို့လား”
“ဟား၊ ဟား ခင်ဗျားကိုကျုပ်က ကြောက်တယ်လို့ထင်နေလို့လား၊ မနေ့က လူတွေအများကြီးရှေ့မို့လို့ ကျုပ်က ပညာလျှိုထားတဲ့အနေနဲ့ ခင်ဗျားကို မဆုံးမလိုက်ရတာ၊ အခုတော့ ခင်ဗျားကိုဆုံးမဖို့လာခဲ့တာပဲ၊ ခင်ဗျားကျုပ်နဲ့ တစ်ယောက်ချင်းယှဉ်မလား”
ကျုပ်စိန်ခေါ်လိုက်တော့ ဦးသက်တင်ကြီး မျက်နှာပျက်သွားတယ်ဗျာ၊ ဒေါသလည်;ထွက်လာပြီးတော့ မတ်တပ်ရပ်ပြီး ပုဆိုးကိုပြင်ဝတ်လိုက်တယ်။
“အောင်မယ်၊ ကောင်လေးက လာလာချည်သေး၊ အေးကွာ ဒါဆိုလည်းပြိုင်မယ်၊ မနေ့ကပြောသလို မင်းငါ့ရဲ့ပေါက်ဓါးတစ်ချောင်;ကိုပဲ ရအောင်ရှောင်စမ်းကွာ”
ကျုပ်ကလည်း ဘာရမလဲဗျာ၊ အသံနက်ကြီးနဲ့ အော်ပြီးရယ်တာပေါ့။
“တစ်ချောင်းမကဘူး၊ ခင်ဗျားဓါးသုံးချောင်;စလုံးကို ရှောင်ပြမယ်”
ဦးသက်တင်ကြီးက မူးမူးနဲ့ခေါင်းညိတ်တယ်ဗျ။
“ကြိုက်တယ်၊ ငါကလည်း ဒါမျိုးမှကြိုက်တာ၊ ကောင်လေး၊ မင်းရှုံးရင် မင်းသေရမှာနော်”
“ကျုပ်ယောက်ျားပါဗျ၊ လုပ်ရဲရင် ခံရဲတယ်”
“ကြိုက်ပြီဟေ့၊ မင်းအဖေက လူကြောက်ဆိုပေမယ့် မင်းကိုတော့ ငါသဘောကျတယ်၊ ကဲကွာ ဘယ်တော့ပြိုင်မလဲ”
“ရှည်ရှည်ဝေးဝေးပြောမနေစမ်းပါနဲ့ အခုပဲပြိုင်ရအောင်”
ဦးသက်တင်နဲ့ကျုပ်နဲ့ ခြေဆယ်လှမ်းအကွာလောက်ပဲရှိမယ်ဗျ၊ ကျုပ်က ဘာလက်နက်မှမပါဘူး၊ ဓါးမြှောင်ကလေးကိုတော့ ခါးကြားထိုးထားတယ်။ ဦးသက်တင်က ဓါးမြှောင်သုံးစင်းကို လက်တစ်ဖက်မှာကိုင်ထားတယ်ဗျာ၊ သူ့တပည့်တွေကလည်း ပွဲကောင်းပြီဆိုပြီးတော့ ကြည့်နေကြတာပေါ့ဗျာ။
“ကဲ ငါစပြီဟေ့”
ကျုပ်လည်း ရင်ကိုကော့ထားပြီးတော့ လက်နှစ်ဖက်ကိုအနောက်ပစ်ထားလိုက်တယ်၊ ပြီးတော့ ဦးဘသာကြီးပြောသလို လက်နှစ်ချောင်းကိုလိမ်ထားလိုက်တယ်ဗျာ၊ ဦးသက်တင်က ဓါးတစ်စင်းကို အသွားကနေကိုင်ပြီးတော့ သူ့ပါးစပ်နားကပ်လိုက်တယ်။ တကယ်ကို မသိမသာကလေးကပ်လိုက်တာပါဗျာ၊ ပြီးတော့မှ လက်ကိုရှေ့ထုတ်ပြီး ကျုပ်ကိုချိန်နေတော့တာ။
“ရော့”
ဓါးက ကျုပ်ရင်ဘတ်တည့်တည့်ကို ပျံဝင်လာတာဗျ၊ ကျုပ်လည်း ကြောက်တော့ကြောက်မိတယ်၊ မတော်လို့များ ဦးဘသာကြီးလုပ်ပေးလိုက်တာ မစွမ်းဘူးဆိုရင် ကျုပ်က အချောင်သေသွားမှာမဟုတ်လား၊ ခြေဆယ်လှမ်းဆိုတော့ နီးနီးလေးမှ တကယ့်နီးနီးလေးပါဗျာ၊ ဓါးက ရင်ဘတ်ဆီကိုပျံဝင်လာပြီး အနားရောက်တော့မှ ကျုပ်ပုခုံးပေါ်က ကျော်ပြီးတော့ နားရွက်နားကနေ ဝှီးခနဲဖြတ်သွားတာဗျာ၊ ကျုပ်ဖြင့် ကြောက်နေမိသေးတာ၊ ဦးသက်တင်ရဲ့ ဓါးတစ်ချက်က လွဲသွားပြီလေ၊ ဦးသက်တင်ကြီး မျက်လုံးကိုပြူးနေတာပဲဗျာ၊ ကျုပ်က ကြောက်ပေမယ့် ရယ်မောလိုက်ပြီး
“ဟား၊ ဟား ဦးသက်တင်၊ ခင်ဗျားမူးနေလို့ထင်တယ်၊ ဒီလောက်ရပ်နေတာကိုတောင် မထိဘူးလားဗျ”
ဦးသက်တင်က သူ့မျက်လုံးတွေကိုပွတ်လိုက်ပြီးတော့ နောက်ဓါးတစ်စင်းယူပြီး ခုနကအတိုင်း ကျုပ်ကိုထပ်ပစ်တယ်ဗျ၊ ကျုပ်လည်း ဒီတစ်ခါတော့ ရှောင်တဲ့ပုံလေး လုပ်ရတာပေါ့ဗျာ၊ မဟုတ်ရင် ကျုပ်အောက်လမ်းသုံးတယ်ဆိုတာ သူတို့သိနေမှာလေ၊ ဒုတိယဓါးရော တတိယဓါးရော ကျုပ်ကိုမထိပါဘူးဗျာ၊
“ဟား၊ ဟား ခင်ဗျားဓါးသုံးစင်းလုံး လွဲတယ်နော် ဦးသက်တင်၊ ခင်ဗျားပြောတော့ ဓါးပေါက်ဝိဇ္ဇာဆိုဗျာ၊ ရွာကလူတွေသာမြင်ရင် ခင်ဗျားကို ငပေါကြီးဆိုပြီး ဝိုင်းရယ်ကြမှာ”
ဦးသက်တင်က ဒေါသထွက်ပြီး တရှူးရှူးနဲ့ဖြစ်နေတာဗျာ၊ ဒီမှာတင် သူ့တပည့်တစ်ယောက်က ထလာပြီးတော့ ကျုပ်ကိုဓါးတစ်စင်းနဲ့ လှမ်းပေါက်ပြန်ရော အဲဒီဓါးကျတော့ ကျုပ်ခြေထောက်အရှေ့ကို ဖုတ်ခနဲကျလာတာဗျ၊ ကျုပ်လဲသူတို့ဓါးကို ကောက်လိုက်ပြီး
“ကဲ ခင်ဗျားတို့အလှည့်ပြီးပြီ၊ ကျုပ်အလှည့်ပဲ”
ကျုပ်လည်း ဓါးပေါက်မယ့်ဟန်ကိုပြင်လိုက်တော့ သူ့တပည့်လူမိုက်တွေဆိုတာ ပြေးလိုက်တာမှုန်လို့ဗျာ၊ နောက်ဆုံးတော့ ဦးသက်တင်ကြီးပဲ ကျန်ခဲ့တော့တယ်။
“ဟေ့ကောင် မင်းငါ့ကိုဘာလုပ်မလဲ၊ သတ်မယ်ဆိုရင်လည်း လာသတ်”
ကျုပ်က ခေါင်းခါလိုက်ပြီး
“ကျုပ်လူသတ်သမားမဟုတ်ဘူး၊ ခင်ဗျားကိုလည်းမသတ်ချင်ဘူး၊ ဒါပေမယ့် ခင်ဗျားအဖေ့ကိုသွားတောင်းပန်ရမယ်၊ မနေ့က ခင်ဗျားစော်ကားခဲ့တာတွေကို သွားတောင်းပန်ရမယ်”
ဦးသက်တင်က လုပ်တော့လုပ်ချင်ပုံမရဘူးဗျ၊ ဒါပေမယ့်လည်း သူရှုံးသွားပြီဆိုတော့ နိုင်တဲ့သူခိုင်းတာ လုပ်ရတော့မှာပေါ့၊ ကျုပ်က သူ့ပေါက်ဓါးလေးသုံးချောင်းကို ကောက်ပြီး သူ့ကိုလှမ်းပေးလိုက်တာ၊ သူလည်း ဓါးကိုယူပြီး အရက်ပုလင်းကြီးဆွဲပြီး ရွာထဲကိုဝင်သွားတော့တာပါပဲ၊ ကျုပ်ကတော့ တောတန်းကေလးအနားကို ပြေးလာခဲ့တယ်ဗျာ၊ တောတန်းကလေးမှာ ဦးဘသာကြီးရှိတယ်မဟုတ်လား။
“ဘယ့်နှယ့်လဲ အလတ်ကောင်ရ၊ မင်းမျက်နှာကြီး ဖြီးနေပါလား”
“ဟုတ်တယ်ဦးဘသာ၊ ဦးသက်တင်ကြီးကို ကျုပ်နိုင်သွားပြီ၊ သူ့ကို ကျုပ်အဖေကိုသွားပြန်တောင်းပန်ခိုင်းလိုက်တယ်”
“ပေးစမ်း၊ ဒါဆို မင်းလက်က အစီအရင်ကို ငါပြန်ဖျက်ပစ်မယ်”
“ဟာ နေစမ်းပါအုံး ဦးဘသာကြီးရာ၊ မတော်လို့ ဦးသက်တင်က ကျုပ်ကိုမကျေနပ်ဘဲနဲ့ နောက်ထပ်ချောင်းပြီး ရန်ရှာရင် ဘယ့်နှယ့်လုပ်မလဲ”
ဦးဘသာကြီးက တွေဝေသွားတယ်၊ ပြီးတော့ နေဝင်လုဆဲဆဲ ကောင်းကင်ကိုကြည့်နေတယ်ဗျာ၊ ကျုပ်ကလည်း သူနဲ့ပေါင်းတာကြာတော့ သိနေပါပြီ၊ ဦးဘသာကြီး တစ်ခုခုတော့ ကြံနေပြီဆိုတာ။ ကျုပ်လည်းပျော်နေပြီလေဗျာ၊ သူ့ဆီက တုတ်ပြီး ဓါးပြီးတဲ့အစီအရင်များ ရတော့မလားပေါ့။
“ထားလိုက်စမ်းပါကွာ၊ ဒီကောင်မင်းကို ထပ်မလုပ်ရဲတော့ပါဘူး”
ကျုပ်လက်ကိုဆွဲပြီးတော့ အစီအရင်ကို အတင်းဖျက်မယ်လုပ်တာနဲ့ ကျုပ်လည်း ထွက်ပြေးခဲ့တာပေါ့ဗျာ၊ နေဝင်ပြီးတဲ့အချိန် အစီအရင်က သူ့အလိုလိုပျယ်မှာဆိုတော့ ကျုပ်လည်း နည်းနည်းလောက်တော့ ထားချင်သေးတာပေါ့ဗျာ၊
အိမ်ကိုပြေးလာခဲ့တော့ နေမဝင်သေးဘူးဗျ၊ အိမ်ရောက်တော့ အမေက ကျုပ်ကိုဆီးပြောတယ်။
“ဟဲ့သား၊ သက်တင်တော့ ဘာစိတ်ဝင်လဲမသိဘူး၊ ခုနကပဲ နင့်အဖေကိုလာတောင်းပန်သွားတယ်၊ သူစော်ကားမိတာ တောင်းပန်ပါတယ်တဲ့”
ကျုပ်ကတော့ သိပြီးသားလေ၊ ဒါပေမယ့် ကျုပ်လုပ်တယ်လို့လဲ ပြောလို့မရဘူးမဟုတ်လား၊ ဦးဘသာကြီးနဲ့ပေါင်းပြီး စုန်းအတတ်နဲ့လုပ်တယ်ဆိုရင် အမေက ကျုပ်ကိုဆော်မှာပေါ့ဗျာ၊ ကျုပ်လည်း အိမ်နောက်ဖေးကို ဝင်ခဲ့တယ်၊ နို့ညှာညီမနဲ့ အငယ်မက ကြက်သွန်ခွာနေကြတယ်။ ကျုပ်လည်း သူတို့ကို ကျုပ်အစွမ်းကိုပြချင်တာပေါ့ဗျာ၊ နေကလည်း မဝင်သေးဘူးဆိုတော့ ကွက်တိပဲပေါ့။
“ဟဲ့ကောင်မလေးတွေ၊ နင်တို့ကို ထူးဆန်းတာတစ်ခုပြမယ်၊ ပေးစမ်းအဲဒီဓါး”
ကြက်သွန်လှီးတဲ့ဓါးကို ကျုပ်ကလှမ်းတောင်းတော့ အငယ်မက ပေးတယ်ဗျ၊ ကျုပ်လည်း ဓါးကိုယူပြီး ဘယ်ဖက်လက်က ကိုင်လိုက်တယ်၊ နောက်ပြီးတော့ ညာဖက်လက်ဖျံပေါ်ကို ဓါးသွားတင်လိုက်တာပေါ့။
“အကိုလတ်၊ ဘာလုပ်မလို့လဲ၊ ကိုယ့်လက်ကိုဓါးနဲ့လှီးမလို့လား”
“နင်တို့အသာနေစမ်းပါ၊ ငါက ဓါးပြီးတယ်ဟ”
“မလုပ်ပါနဲ့အကိုလတ်ရာ၊ သွေးတွေဘာတွေထွက်လာရင် ညီမတို့မကြည့်ရဲ့ဘူး”
ကျုပ်လည်း ဘာမှမပြောတော့ဘူးဗျို့၊ ညာဖက်လက်ချောင်းနှစ်ချောင်းကို လိမ်ထားပြီးတော့ ဘယ်ဖက်လက်က ဓါးကိုင်ပြီး ညာဖက်လက် လက်ဖျံကို ခပ်ဖွဖွလှီးချလိုက်တာ၊ ကျုပ်လက်မှာ ဆစ်ခနဲဖြစ်သွားပြီးတော့ ဓါးက လေးလက်မလောက် ရှသွားပါရောဗျာ၊ ပြီးတော့ အဲဒီဓါးရှရာထဲကနေ သွေးတွေစီးထွက်လာပါရော၊ ကျုပ်ညီမငယ်ဆို အော်လိုက်တာ ငယ်သံပါတယ်။
အမေတို့က ပြေးလာပြီး ကျုပ်ကိုခေါင်းခေါက်တယ်၊ နောက်တော့ ဘီးစပ်ရွက်တွေခူးပြီး ချေပြီးတော့ အနာကိုအုံပေးတယ်ဗျာ၊ နွေရာသီမို့ သွေးကပူနေတော့ တော်တော်ကိုထွက်တာ၊ ပုဆိုးတစ်ထည်ဖြဲပြီး ပတ်တီးစည်းလိုက်တော့မှ သက်သာရာရသွားတယ်၊ ကျုပ်ကတော့ အံ့ဩနေတာပေါ့ဗျာ၊ နေကလည်း မဝင်သေးဘူးလေ၊ နွေဆိုတော့ နေ့တာရှည်တယ်မဟုတ်လား။ တော်သေးလို့ပေါ့ဗျာ၊ ကျုပ်က ခပ်ဖွဖွလှီးလိုက်လို့၊ ခပ်တင်းတင်းသာလှီးလိုက်ရင် ကျုပ်လက်တော့ပြတ်ပြီ။
ညရောက်တော့ ရွာသားတွေရုံးစုပြီး ဆူပြန်ပါရောဗျာ၊ အဖေ့ကိုလာခေါ်ကြတယ်။
“သူကြီး သက်တင်က သူ့မိန်းမခင်ထားကို ဓါးနဲ့ပေါက်သတ်လိုက်တယ်”
အဖေနဲ့ရွာသွားတွေလည်း ဦးသက်တင်ကိုသွားဖမ်းတာပေါ့ဗျာ၊ ကျုပ်လည်း လက်ကဒဏ်ရာနဲ့ ငန်းဝင်ချင်သလိုလို ဖျားချင်သလိုလိုဖြစ်နေလို့ မလိုက်သွားရဘူးပေါ့၊ နောက်တော့မှ သိရတာက ဦးသက်တင်က မခင်ထားခေါင်းပေါ်ကို သံပရာသီးတင်ပြီး ပစ်တာမှာ၊ ဓါးချက်လွှဲပြီး မခင်ထားနဖူးကို တည့်နေအောင်ထိသွားတာတဲ့ဗျာ၊ မခင်ထားက တိုင်မှာကြိုးတုတ်လျှက်သားကြီး မတ်တပ်သေသွားတယ်ဆိုပဲ၊ အံ့ဩနေတဲ့ဦးသက်တင်ကို ရွာသားတွေဖမ်းပြီး ကြိုးတုပ်ကြတာပေါ့၊ ညတွင်းချင်းပဲ မြိုင်သာကိုလှည်းနဲ့တက်ပြီး ရဲလက်အပ်လိုက်ကြတယ်။
“မင်း သက်တင်ဓါးကို ဘာလုပ်ခဲ့သေးလဲ”
နောက်နေ့တော့ ဦးဘသာကြီးက အိမ်ကိုရောက်ချလာတာဗျ၊ ကျုပ်လည်း ဖျားနေတော့ အပြင်မသွားနိုင်ဘူးမဟုတ်လား၊ အိမ်မှာ ညကတည်းက အဖေတို့လူကြီးတွေ ဦးသက်တင်ကိုရဲလက်သွားအပ်တာဆိုတော့ မရှိဘူးပေါ့ဗျာ။
ကျုပ်လည်းစဉ်းစားလိုက်ပြီးတော့
“သူ့ဓါးမြှောင်ကလေးကို ကောက်ပြီးတော့ သူ့ကိုပြန်ပေးလိုက်တယ်”
“ဟာကွာ၊ အဲဒါကြောင့်ဖြစ်မှာကွ၊ မင်းလက်မှာ ထိုးထားတဲ့ဘီလူးက သူ့ဓါးမြှောင်က သရဲထက်ပိုကြမ်းတော့၊ ဓါးမြှောင်က သရဲက ထွက်ပြေးသွားတာဖြစ်မယ်ကွ၊ ဒါကြောင့် ခင်ထားကို သူ
ဓါးနဲ့ပေါက်တော့ သရဲမရှိတော့လို့ ဓါးက ပစ်ချက်လွဲပြီးတော့ ခင်ထားနဖူးကို စိုက်သွားတာနေမှာကွ”
ကျုပ်လည်း သက်ပြင်းပဲချလိုက်နိုင်တော့တယ်လေဗျာ၊
“ဒါနဲ့ မင်းလက်က ဘာဖြစ်တာတုန်း”
ဦးဘသာမေးတော့ ကျုပ်လည်း ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တာပေါ့ဗျာ၊ ဦးဘသာကြီးဆို ရယ်လိုက်တာမှဗျာ။
“ဟား၊ ဟား ငတုံးရာ၊ ကိုယ့်ကိုယ်ကိုယ်ပြန်လုပ်မှတော့ စွမ်းမလားကွ၊ အစီအရင်ဆိုတာ သူများက ကိုယ့်ကိုရန်မပြုနိုင်အောင်လုပ်ထားတာကွ၊ တော်သေးတာပေါ့ကွာ လည်ပင်းမဖြတ်မိတာကံကောင်း၊ ဖြတ်များဖြတ်မိလို့ကတော့ တို့ရွာမှာ ခင်ထားအသုဘရယ်၊ မင်းအသုဘရယ် နှစ်ခုပြိုင်ဖြစ်သွားမှာကွ၊ ဟား၊ ဟား”
ဦးဘသာကြီးက ရယ်မောပြီးတော့ အိမ်ထဲကထွက်သွားတယ်၊ ကျုပ်လည်း ခေါင်းကုပ်ရင်း ကျန်ခဲ့တာပေါ့ဗျာ၊ ဦးသက်တင်ကတော့ မခင်ထားကိုသတ်မှုနဲ့ ထောင်ဆယ့်ငါးနှစ် ထပ်ကျတယ်၊ ဒါပေမယ့် ကျုပ်တို့ရွာကို ဘယ်တော့မှ ပြန်မလာတော့ပါဘူးဗျာ၊ ကြားမိတာကတော့ ရဲဘက်စခန်းတစ်ခုမှ ဖောက်ပြေးဖို့ကြိုးစားလို့ သေနတ်နဲ့ပစ်ဖမ်းရင်းသေသွားတယ်တဲ့ဗျာ၊ ဒါပေမယ့် ပေါက်ဓါးဝိဇ္ဇာ ဦးသက်တင်နဲ့ မခင်ထားအကြောင်းကတော့ ကျုပ်တို့ရွာမှာ အခုထိကို ပြောစမှတ်တွင်နေကြတုန်းပါပဲဗျာ။
ပြီးပါပြီ။
အဂ္ဂဇော်
Zawgyi Version
လင္ဆိုးမယား မခင္ထား(စ/ဆုံး)
—————————————
“လင္ဆိုးမယား တဖားဖားတဲ့”ဗ်။ ဒီစကားပုံၾကားရင္ေတာ့ က်ဳပ္တို႔အခုထိ မခင္ထားကို ျမင္ေယာင္ေနတုန္းပါပဲဗ်ာ၊ မခင္ထားက က်ဳပ္တို႔႐ြာသူေတာ့ မဟုတ္ဘူးဗ်၊ က်ဳပ္တို႔ေဘးက ေပေတာ႐ြာသူပါ၊ ေတာ္ေတာ္ေခ်ာလွၿပီး ကိုယ္လုံးကိုယ္ေပါက္ေတာင့္ေတာင့္တင္းတင္းနဲ႔ ကြမ္းေတာင္ပန္းေတာင္ကို ထိပ္ဆုံးက ကိုင္ရတဲ့မိန္းကေလးတစ္ေယာက္ေပါ့ဗ်ာ၊ နက္ေမွာင္ေနတဲ့ ပိတုန္းေရာင္ဆံေကသာက ဒူးေခါက္ေကြးေက်ာ္ၿပီး ေျခသလုံးေလာက္အထိကိုေရာက္ေနတာဗ်၊ ဆံပင္၏ေကာင္;ျခင္းဆိုတာ ဒါမ်ိဳးေနမွာေပါ့ဗ်ာ၊ အသားကေတာ့ သိပ္မျဖဴေပမယ့္ ခပ္လတ္လတ္တဲ့ဗ်၊ ကိုယ္လုံးကိုယ္ေပါက္ဆိုတာလည္း မင္းႀကီးႀကိဳက္တဲ့ဗ်ိဳ႕၊ စစ္ကိုင္းဂစ္တာရွိတ္ဆိုလား ကာလသားေတြက ေခၚၾကတာတဲ့ဗ်ာ၊ မခင္ထားတို႔ ညေနဘက္ေရခပ္ဆင္;တဲ့အခ်ိန္ဆို က်ဳပ္တို႔႐ြာက ကာလသားေတြကေတာင္မွ ေပေတာ႐ြာကို တကူးတကသြားၿပီး ေခ်ာင္းၾကည့္ရသတဲ့၊ ေပေတာ႐ြာကလူေတြဆိုရင္ သူ႔ထက္ငါအလုအယက္ မခင္ထားကို လိုခ်င္ၾကသတဲ့ဗ်ာ၊ အသက္ႀကီးႀကီး သူႀကီးမင္းကစလို႔ အိမ္ေထာင္သည္ေတြသာမက၊ လူပ်ိဳလူလြတ္ေတြပါ မခင္ထားကို ရမယ္ဆိုလို႔က အေသရရ အရွင္ရရပဲတဲ့ဗ်ိဳ႕၊ ကိုင္း၊ အဲဒီေလာက္ကို အမႊန္းတင္ၾကတာဗ်ာ။
ဒါေပမယ့္ က်ဳပ္တို႔နဲ႔သိတဲ့မခင္ထားက အခုေတာ့ ဆံပင္ကပါးပါး ေဖ်ာ့ေဖ်ာ့နဲ႔ ေက်ာလယ္ေလာက္ပဲရွိေတာ့တယ္၊ အသားကလည္း မည္းတူးခ်ိတ္ၿပီး မ်က္ႏွာမွာလည္း တင္းတိပ္ေတြေပါက္ေနေသးတာဗ်ာ၊ လူကလည္း ပိန္ခ်ဳံးၿပီးေတာ့ စစ္ကိုင္းဂီတာလို ကိုယ္လုံးကိုယ္ေပါက္မေျပာနဲ႔ ဝါးျခမ္းျပားႀကီး ထမီပတ္ထားသလားလို႔ထင္ရေအာင္ ပိန္ပိန္ကပ္ကပ္နဲ႔ဗ်။ မခင္ထားက က်ဳပ္တို႔အထက္ အသက္ဆယ့္ငါးႏွစ္ေလာက္ႀကီးေတာ့ က်ဳပ္တို႔အသက္ႏွစ္ဆယ္ေလာက္မွာ မခင္ထားတို႔က သုံးဆယ့္ငါးေက်ာ္ေလာက္ေပါ့ဗ်ာ၊ က်ဳပ္ျဖင့္ မခင္ထားလွတယ္ဆိုတာ အေမတို႔၊ အေဖတို႔ ေျပာေျပာေနလို႔သာ ယုံရတာ၊ ဒီပုံႀကီးၾကည့္ၿပီး အေမတို႔မ်ား ေခ်ာတဲ့လွတဲ့မိန္းကေလး မျမင္ဖူးဘူးလားလို႔ ျပန္ေတြးၾကည့္ရတဲ့အထိပဲ။ ဒါမွမဟုတ္ အေမတို႔ေျပာတဲ့မခင္ထားနဲက အခုမခင္ထားက တစ္ေယာက္ထဲမွ ဟုတ္ရဲ႕လားေပါ့ဗ်ာ။
တစ္ရက္ေတာ့ ေႏြေန႔လည္ ေခါင္ေခါင္ႀကီး မခင္ထားတစ္ေယာက္ မေမာမပန္းႏိုင္ဘဲ က်ဳပ္တို႔ၿခံဝိုင္းထဲကို ဝင္လာတာေပါ့ဗ်ာ၊ ေခါင္းမွာလည္း ေတာင္းၿပဲႀကီး ႐ြက္လို႔ဗ်၊ ေတာင္းၿပဲဆိုတာက ေဈးသည္ေတြ႐ြက္တဲ့ ဗက္ၿပဲၿပဲေတာင္းႀကီးကို က်ဳပ္တို႔အေခၚနဲ႔ေခၚတာပါဗ်ာ၊ က်ဳပ္လည္း မေနႏိုင္တာနဲ႔ အဲဒီေတာင္;ႀကီးကို ေျပးကူမၿပီး ခ်ေပးလိုက္ရတယ္၊
“အေမေရ မခင္ထားလာတယ္ဗ်ိဳ႕”
အေမက အိမ္ေနာက္ေဖးကေနေျပးထြက္လာတယ္ဗ်။
“အရီးေရ၊ သရက္သီးေတြပါတယ္၊ ေနာက္ၿပီး ေအာက္ျပည္ထြက္ ငါးကြမ္းရွပ္ နဲ႔ ငါးမဲလုံးေျခာက္ေတြလည္း ပါတယ္အရီးေရ၊ အားေပးပါအုံး”
အေမနဲ႔အေဖက မခင္ထားကိုေတြ႕တိုင္း စကားမေျပာဘဲ သက္ျပင္းပဲအရင္ခ်တာ ထုံးစံပဲဗ်။ မခင္ထားသရက္သီးေတြကေတာ့ ဝင္းမွည္ေနတာပဲဗ်ာ၊ က်ဳပ္တို႔ၿခံဝိုင္းထဲမွာ သရက္ပင္သုံးပင္ရွိတာမို႔လို႔ သရက္သီးေတာ့ တမုန္းစားရတယ္ဗ်။
“ေအးကြယ္၊ နင့္ဦးႀကီးအႀကိဳက္ ငါးကြမ္းရွပ္ေလး နည္းနည္းယူခ်င္တယ္”
အေမ့ကို မခင္ထားက ငါးေျခာက္ေရာင္းေနတာကို က်ဳပ္လည္းၾကည့္ေနမိတယ္ဗ်ာ၊ မခင္ထားကေတာ့ လုပ္တိုင္ကိုင္တာ ျမန္ဆန္ေနတာပဲ။
“အရီးရယ္၊ ငါးမဲလုံးစားပါအုံးလား၊ အသားအရမ္းဆူတာေနာ္၊ မီးေလးျမႇိဳက္ၿပီး ႏွမ္းဆီေလးဆမ္းထားလိုက္လို႔ကေတာ့ စားေကာင္းခ်က္၊ ဦးႀကီးလည္းသိပ္ႀကိဳက္မွာေတာ့၊ အစိတ္သားေလာက္ယူပါလား”
“ေတာ္စမ္းပါေအ၊ ငါးမဲလုံးက သက္တယ္ဟ၊ ေနာက္ၿပီး အိမ္ကမိန္းကေလးေတြနဲ႔ မတည့္ဘူး”
“မိန္းကေလးေတြနဲ႔ မတည့္လည္း ေယာက္sm;ေလးေတြစားေပါ့အရီးေလးရာ၊ စိတ္ခ်၊ ခင္ထားငါးေျခာက္က ဆားေပါ့၊ အသားဆူတဲ့ငါးေျခာက္ေတြ အရီးေလးတစ္ခါေလာက္စားၿပီး တစ္သက္စြဲသြားလို႔ ေနာက္ဆို ခင္ထားကိုေတြ႕တာနဲ႔ ငါးမဲလုံးလို႔ လွမ္;ၿပီးေခၚေနရမယ္အရီးေလးရဲ႕၊ ဟင္း . .ဟင္း”
“ေအးပါဟယ္၊ ညည္းပဲအေျပာေကာင္း ၊ ဒါဆိုလည္း အစိတ္သားထည္hခ်ိန္စမ္း”
မခင္ထားေဈးေရာင္းပုံကိုၾကည့္ၿပီး က်ဳပ္ေတာ့ သေဘာက်တယ္ဗ်ာ၊ ေရာင္းလည္; ေရာင္းတတ္တယ္ဗ်၊ ေဟာ အခုပဲၾကည့္ဗ်ာ၊ ငါးေျခာက္ႏွစ္မ်ိဳးလုံးကိုဝယ္ၿပီးတာေတာင္မွ သူ႔သရက္သီးကို အေမ့ကိုစပ္ေနျပန္ၿပီေလ။
“ေတာ္ၿပီခင္ထားရဲ႕ ငါတို႔ၿခံက ရင္ကြဲသီးေတြ၊ ဟိုတစ္ေန႔ကပဲ အုပ္မွည့္ထားတာ အမ်ားႀကီးရွိေသးတယ္”
“အို အရီးေလးက ခင္ထားအသီးေတြက ရင္ကြဲဆိုေပမယ့္ မန္းတေလးက လာတဲ့ မန္းတေလးရင္ခြဲရွင့္၊ ယွဥ္စားၾကည့္၊ အရီးေလးတို႔ ရင္ကြဲေတြထြက္ ပိုခ်ိဳတယ္၊ ပိုေမႊးတယ္၊ ဘုရားဆြမ္းေတာ္ကပ္ဖို႔ ေက်ာင္းေဆာင္ေပၚတင္ထားရင္ တစ္အိမ္လုံးေမႊးႀကိဳင္သြားမယ္၊ အိမ္ကိုလာတဲ့ ဧည့္သည္ေကြၽးၾကည့္လိုက္အရီးေလး၊ ဒီအိမ္မွာပဲ တစ္သက္လုံးေနခ်င္သြားလိမ့္မယ္”
မခင္ထားေျပာေတာ့ အေမက ရယ္ပါေရာ၊ ဒါနဲ႔ပဲ သရက္သီးေလးလုံးဝယ္သြားျဖစ္တယ္ေပါ့ဗ်ာ၊ မခင္ထားက အဲဒီလိုေဈးေရာင္းေကာင္းတာဗ်၊ သရက္သီးထြက္တဲ့အိမ္ကို သရက္သီးရေအာင္ေရာင္းႏိုင္တာ နည္;တဲ့အရည္အခ်င္;လားဗ်ာ၊ က်ဳပ္တို႔ငယ္ငယ္က သင္ဖူးတဲ့ ပန္းပဲ႐ြာမွာ အပ္ေရာင္းႏိုင္ေအာင္ႀကိဳးစားရမယ္ဆိုတဲ့ လူမ်ိဳးဗ်။
ဒါေပမယ့္ မခင္ထားက အၫႊန္းေကာင္းသေလာက္ သူ႔သရက္သီးေတြက မဟန္ပါဘူးဗ်ာ၊ သိပ္မရင့္ခင္မွာအုပ္ထားေတာ့ အသားကေပ်ာ့ၿပီး အနံ႔ေမႊးတယ္ဆိုေပမယ့္ အရသာက ခ်ဥ္လိုက္တာလြန္ပါေရာဗ်ာ၊ ငါးမဲလုံးေျခာက္ဆိုရင္လည္း ခါးသက္သက္နဲ႔အျပင္ ငန္ကလည္း အေတာ္ငန္တာဆိုေတာ့ တစ္အိမ္လုံးစားမယ့္သူမရွိလို႔ ေနာက္ဆုံးေတာ့ ေခြးပိန္မဆီအလွည့္က်သြားတာေပါ့ဗ်ာ၊ ငတ္ျပတ္ေနတဲ့ေခြးပိန္မေတာင္ ငါးမဲလုံးကိုမစားႏိုင္လို႔ လွ်ာနဲ႔လွ်က္လိုက္ ေရေျပးေသာက္လိုက္ လုပ္ေနရတာဗ်ာ၊ က်ဳပ္ကေတာ့ မခင္ထားကို မေက်နပ္ဘူးဗ်ိဳ႕။
“အေမ၊ ဒီတစ္ခါ မခင္ထားလာရင္ ဘာေရာင္းေရာင္းမဝယ္နဲ႔၊ သူက ေၾကာ္ျငာအားပဲေကာင္;တာ၊ သူ႔ကုန္ေတြက ေကာင္းမွမေကာင္းဘဲ”
အေမတို႔က သူေတာ္ေကာင္းႀကီးေတြဗ်။
“ဒီလိုမေျပာပါနဲ႔သားရယ္၊ မခင္ထားခမ်ာ လင္ေယာက္်ားရွိရဲ႕သားနဲ႔ တစ္႐ြာဝင္တစ္႐ြာထြက္ လုပ္စားေနရတာ သနားဖို႔ေကာင္းပါတယ္သားရယ္၊ ဒါေပမယ့္ ေနာက္ဆိုရင္ေတာ့ ေလ်ာ့ဝယ္မွပဲသားရဲ႕”
“အေမတို႔ကလည္း ဟိုကအေမတို႔ကို ႐ိုက္ပတ္စားေနတာ၊ အေမတို႔က ခံလို႔ေကာင္းေနၾကတယ္ေပါ့၊ သူ႔ေယာက္်ားမရွိတာလည္း ေထာင္က်ေနတာကိုးအေမရ”
“ဒီလိုမေျပာပါနဲ႔သားရယ္၊ မခင္ထားဘဝက သနားစရာေကာင္းလွပါတယ္၊ ငါ့သားက မသိေတာ့ သူ႔ကိုဘယ္လိုလုပ္ၿပီး ကိုယ္ခ်င္းစာတတ္မလဲေနာ္”
“ဘာေတြသနားစရာေကာင္းေနလို႔လဲအေမရာ”
ဒီေတာ့မွ အေမက က်ဳပ္ကို မခင္ထားအေၾကာင္း ေသေသခ်ာခ်ာေျပာျပတာဗ်၊
(၂)
မခင္ထားက ေခ်ာသေလာက္လွသေလာက္၊ ေယာက္်ေတသားေတြ ဝိုင္းဝိုင္းလည္ေနသေလာက္ ေနာက္ဆုံးအိမ္ေထာင္က်ေတာ့ က်ဳပ္တို႔႐ြာက ကိုသက္တင္ႀကီးနဲ႔ ညားပါေရာဗ်ာ၊ ကိုသက္တင္ဆိုတာ လူမိုက္တစ္ေယာက္ပါ၊ ႐ုပ္ရည္ကေတာ့ ကႏြဲ႕ကလ်နဲ႔ဗ်၊ ပါးခ်ိဳင့္ႏွစ္ဖက္နဲ႔ဆိုေတာ့ ၾကည့္ေပ်ာ္ရႈေပ်ာ္ရွိတယ္လို႔ေျပာရမယ္ေပါ့ဗ်ာ၊ ကိုသက္တင္တို႔ မိဘေတြက သမီးခ်ည္းငါးေယာက္ေမြးထားတာဆိုေတာ့ အငယ္ဆုံးသားေလး သက္တင္ကို ဖူးဖူးမႈတ္ထားၾကတာေပါ့ဗ်ာ၊ ကိုသက္တင္က အေကာင္းဆုံးေဖာရင္းျဖစ္ ရွပ္အက်ီကိုဝတ္တယ္၊ သူေနတာထိုင္တာက ၿမိဳ႕ကလူေတြေနသလို အေကာင္းစားေတြဝတ္၊ အေကာင္းဆုံးဆိုတဲ့အရာေတြကို သုံးၿပီးေနေတာ့ ၿမိဳ႕သားစတိုင္ေပါက္ေနတာေပါ့ဗ်ာ၊
ဒါေပမယ့္ သူ႔ကိုက်ဳပ္တို႔႐ြာက ဘယ္မိန္းကေလးမွ မမွန္းတဲ့အျပင္ စိတ္ေတာင္မကူးၾကပါဘူးဗ်ာ၊ ဘာလို႔လဲဆိုေတာ့ သူကလူဆိုးကိုးဗ်၊ ဆိုးတာမွ ခါးပတ္ၾကားမွာ ဓါးသုံးလက္ထိုးၿပီး သြားတတ္တဲ့သူဗ်၊ ဓါးသုံးလက္ဆိုတာ ဓါးေျမႇာင္ကေလးေတြဗ်၊ ကိုသက္တင္ရဲ႕ လက္စြဲေတာ္ေပါ့ဗ်ာ၊ ကိုသက္တင္က ဓါးေပါက္တဲ့ေနရာမွာ အင္မတန္ကြၽမ္းက်င္တာဗ်၊ ငါးႏွစ္သားေလာက္ကတည္းက ဓါးေပါက္ေနတာဆိုေတာ့ အခုအသက္အ႐ြယ္အထိဆိုေတာ့ သိပ္ကြၽမ္းက်င္ေနၿပီေပါ့ဗ်ာ၊ ဘယ္ေလာက္အထိေတာင္ လက္တည့္သလဲဆိုရင္ သံပရာသီးကို မိုးေပၚပစ္တင္လိုက္တယ္ဆိုရင္ ေျမမက်ခ်င္ ဓါးနဲ႔ေပါက္ခြင္းႏိုင္တယ္တဲ့ဗ်ာ၊ သစ္ပင္ေတြမွာပစ္မွတ္ႀကီးခ်ိန္ၿပီး ပစ္ရင္ အလယ္ဆုံးက ႏြားမ်က္လုံးလို႔ေခၚတဲ့ က်ပ္ျပားဝိုင္းေလာက္ရွိတဲ့ ပစ္မွတ္ကေလးကို ဓါးသုံးစင္းလုံး စိုက္ေအာင္ ပစ္ႏိုင္တဲ့သူေပါ့ဗ်ာ။ အဲဒီကေနတစ္ဆင့္တက္ၿပီးေတာ့ ပ်ဥ္ျပားႀကီးကို လူပုံစံလုပ္ၿပီး ေဆးေတြနဲ႔မ်က္လုံးေတြ ႏွာေခါင္းေတြ ပါးစပ္ေတြ ဆြဲထားတာေပါ့၊ ဒါကို ေပသုံးဆယ္ေလာက္အကြာကေနၿပီး ဘက္ဖက္မ်က္လုံးဆိုရင္ ဘယ္ဖက္မ်က္လုံး၊ ညာဖက္မ်က္လုံးဆိုရင္ ညာဖက္မ်က္လုံး ကြက္ထိစိုက္မွန္ေအာင္ ပစ္ျပႏိုင္တယ္တဲ့ဗ်ာ။ သူ႔ဓါးသုံးလက္ကလည္း နာမည္ႀကီး ၿမိဳင္သာက ပန္းပဲဆရာႀကီးကိုယ္တိုင္ လုပ္ေပးထားတဲ့ ဓါးသုံးလက္ဗ်၊ သူ႔ရဲ႕လက္စြဲေတာ္ေပါ့ဗ်ာ။
သူဓါးေပါက္ပညာ ကြၽမ္းက်င္လြန္းတာေၾကာင့္ဆပ္ကပ္အဖြဲ႕ကေနေတာင္မွ ပြဲေၾကးေပးၿပီး ေခၚပါေသးတယ္၊ ဒါေပမယ့္ သူက အလုပ္လုပ္တတ္တဲ့လူစားမ်ိဳးမဟုတ္ဘူးဗ်၊ သူ႔အေနနဲ႔ အလုပ္မလုပ္လည္း ေအးေအးေဆးေဆးေပါေက်ာ့ ေနလို႔ရတယ္မဟုတ္လား၊ မိဘေတြက ဖူးဖူးမႈတ္၊ အမေတြကလည္; အလိုလိုက္ထားတာမို႔လို႔ အခ်ိန္ျပည့္အရက္ေသာက္၊ အေပါင္းအသင္းေတြနဲ႔ေပ်ာ္ပါးၿပီး မူး႐ူးေသာင္းက်န္းေနတဲ့လူတစ္ေယာက္ေပါ့ဗ်ာ။
ဒီမွာ မခင္ထားနဲ႔ေတြ႕ေတာ့တာပဲဗ်ာ၊ မခင္ထားက တစ္႐ြာသူဆိုေတာ့လည္း သူ႔အေၾကာင္;မသိဘူးေပါ့ဗ်ာ၊ သူ႔ေနာက္ေၾကာင္းကို စုံစမ္းေတာ့လည္း က်ဳပ္တို႔႐ြာက ေငြရွင္ေၾကးရွင္ေတြလို႔ သိေတာ့ ကိုသက္တင္နဲ႔ လက္ခံၿပီးေျပာဆိုတာေပါ့၊ အဲ . . . တစ္ညမွာေတာ့ ကိုသက္တင္က မခင္ထားကို ခိုးၿပီးေျပးေတာ့တာပဲ၊ မခင္ထားကလည္း အေၾကာက္အကန္ျငင္းတယ္တဲ့၊ ဒါေပမယ့္ သူနဲ႔မလိုက္ရင္ ဓါးနဲ႔ေပါက္သတ္မယ္လို႔ေျပာလို႔ မခင္ထားလည္း မျငင္းရဲေတာ့ဘူးေပါ့ဗ်ာ။
အဲဒီမွာ မခင္ထားဘ၀ စၿပီးေရတိမ္နစ္ရတာေပါ့ဗ်ာ၊ ကိုသက္တင္နဲ႔ရၿပီးေတာ့ ကိုသက္တင္က ဘာအလလုပ္မွမလုပ္တဲ့အျပင္ မိန္းမရၿပီးမွပိုဆိုးလာတာက မခင္ထားကို ႏွိပ္စက္တတ္တာပဲဗ်၊ ကိုသက္တင္က ငယ္ငယ္ကတည္းက ၾကက္ကေလး၊ ငွက္ကေလးေတြဆိုရင္ ေျခေထာက္ကိုထိေအာင္ပစ္ၿပီး အဲဒီေျချပတ္ႀကီးနဲ႔သြားေနတာကို ထိုင္ၾကည့္ၿပီး သေဘာက်တတ္တဲ့လူမ်ိဳးဆိုပဲဗ်၊ သားေကာင္ေတြသတ္ရင္လည္း ဒီအတိုင္းမသတ္ဘဲ ေဝဒနာခံစားရေအာင္ မ်ဥ္းၿပီးသတ္တယ္ဆိုပဲဗ်ာ။ အဲဒီေတာ့ မခင္ထားကိုလည္း သူကခ်စ္တယ္ဆိုေပမယ့္ ႏွိပ္စက္ေတာ့တာေပါ့ဗ်ာ။ အဆိုးေပၚ အဆိုးဆင္hဆိုသလို ကိုသက္တင္မိဘႏွစ္ပါးက ေ႐ႊဘိုဘက္သြားရင္း ဓါးျပတိုက္ခံရလို႔အတူတူဆုံးပါးသြားေတာ့ ကိုသက္တင္က စည္းစိမ္ေတြအေမြရၿပီး လူမိုက္ႀကီးလုံးလုံးျဖစ္သြားေတာ့တာပါပဲ၊ သူ႔အမေတြက အိမ္ေထာင္ရက္သားက်ၿပီးေတာ့ အိမ္ခြဲေနၾကတာကိုးဗ်ာ။
လူမိုက္ေတြနဲ႔ေပါင္းၿပီး ဟိုဂိုဏ္း၊ ဒီဂိုဏ္းေတြဖြဲ႕ၿပီးေတာ့ မေကာင္းတာေတြလုပ္ၾကတယ္၊ ရန္ျဖစ္လာရင္လည္း ဓါးနဲ႔ေပါက္ေပါက္ၿပီးသတ္ပစ္တာဗ်၊ အေမြေတြအကုန္ရထားတာဆိုေတာ့ ေငြထုပ္ပိုက္ၿပီး လိုက္ရွင္းလို႔သာ ေထာင္ေတြတန္းေတြမက်တာတဲ့ဗ်ာ၊ ဒီလိုနဲ႔ တကယ္ဆိုးမိုက္တဲ့ လူဆိုးႀကီးျဖစ္ေနတာေပါ့၊ တစ္ေန႔တစ္ေန႔ မခင္ထားကိုလည္း ႏွိပ္စက္တာ နည္းမ်ိဳးစုံပဲတဲ့ဗ်ာ၊ အေဖတို႔ကေျပာေတာ့လည္းမရတဲ့အျပင္ သူ႔ကိုေျပာတဲ့သူမွန္သမွ် ဓါးနဲ႔ေပါက္သတ္မယ္လို႔ ႀကိမ္းဝါးလို႔ ဘယ္သူမွ ဝင္မပါရဲၾကဘူးတဲ့ဗ်ာ၊ ဒါေပမယ့္ လြန္ခဲ့တဲ့ ဆယ္ႏွစ္ေက်ာ္ေလာက္က လူတစ္ေယာက္ကို ဓါးနဲ႔ေပါက္သတ္လိုက္ရင္း အဲဒီလူက အရာရွိရဲ႕သားျဖစ္ေနတယ္တဲ့ဗ်ာ၊ စည္းစိမ္ကုန္ေအာင္ လိုက္ၿပီးေျဖရွင္းတာေတာင္မွ ေထာင္က်သြားတယ္တဲ့ဗ်ာ၊ ဒီအေၾကာင္းေတြ က်ဳပ္တို႔လည္း သိပ္မသိလိုက္ပါဘူး၊ အေမအခုေျပာျပေတာ့မွ ေရေရလည္လည္သိသြားတာ၊ သိသြားေတာ့လည္; အေမတို႔လိုမ်ိဳး မခင္ထားကို သနားသြားမိတယ္ေပါ့ဗ်ာ။
(၃)
တစ္ရက္ေတာ့ က်ဳပ္ေတာထဲကျပန္အလာ ႐ြာထိပ္သစ္ပင္ႀကီးေအာက္မွာ လူတစ္ေယာက္ထိုင္ေနတယ္ဗ်၊ ဒီလူကိုက်ဳပ္လည္း မျမင္ဖူးလို႔ ေသေသခ်ာခ်ာၾကည့္ေနတာေပါ့ဗ်ာ၊ ဆံပင္ေတြလည္;ျဖဴေနၿပီး လူကလည္း ပိန္ခ်ဳံးေနတာပဲဗ်။ က်ဳပ္ၾကည့္ေတာ့ သူက က်ဳပ္ကိုဘုၾကည့္ၾကည့္တယ္ဗ်ာ။
“ေဟ့ေကာင္၊ ဘာၾကည့္တာလဲ မင္းက လူမိုက္လား”
“လူမိုက္မဟုတ္ဘူးဗ်၊ ခင္ဗ်ားကေရာ ဘယ္သူလဲ၊ ဘာလို႔က်ဳပ္တို႔႐ြာထိပ္မွာ လာထိုင္ေနတာလဲ၊ ဘယ္သူနဲ႔ေတြ႕ခ်င္လို႔လဲ”
“ေအာင္မာ၊ ဒီေကာင္ေလးကေတာ့ ငါ့႐ြာငါျပန္လာတာကြ၊ မင္းကေတာ့ ငါ့အေၾကာင္းမသိေသးဘူးထင္တယ္၊ မင္းကိုေတာ့ အေၾကာင္;သိေအာင္ ျပလိုက္အုံးမွပဲေဟ့”
အဲဒီလူႀကီးက ထိုင္ေနရင္းနဲ႔လက္ကိုတစ္ခ်က္ေဝွ႔လိုက္တယ္ဗ်။ ဒီအခ်ိန္မွာပဲ က်ဳပ္ေဆာင္;ထားတဲ့ ခေမာက္မွာ ေဒါက္ခနဲလာျမည္တာနဲ႔ က်ဳပ္လည္း ခေမာက္ကိုျဖဳတ္ၾကည့္ေတာ့ ခေမာက္မွာ ငါးလက္မေလာက္ရွိတဲ့ ဓါးေျမႇာင္ကေလးက စိုက္ဝင္ေနတယ္ဗ်ာ၊ ခေမာက္ကိုေဖာက္ၿပီးေတာ့ ဝင္ေနတာ၊ ဒီထက္လက္မဝက္ေလာက္ စိုက္ဝင္ရင္ က်ဳပ္ေခါင္းေပါက္ၿပီဗ်၊ က်ဳပ္လည္း လန႔္သြားၿပီး ခေမာက္ႀကီးကိုပစ္ခ်လိုက္တာေပါ့ဗ်ာ။
“ဘယ့္ႏွယ့္လဲေကာင္ေလးရဲ႕၊ ငါမင္းကိုသတ္ခ်င္တယ္ဆိုရင္ မင္းခုနကတည္;က ေသၿပီးၿပီ”
က်ဳပ္သူ႔ကိုၾကည့္ၿပီး သိလိုက္ၿပီေလ၊ ဒီေလာက္ဓါးေပါက္တာေတာ္မွေတာ့ ဦးသက္တင္ႀကီးေပါ့ဗ်ာ၊ က်ဳပ္လည္း ခေမာက္ကိုေတာင္ ျပန္မေကာက္ေတာ့ဘဲ ေဆးျမစ္ေတြထမ္းၿပီးေတာ့ ႐ြာထဲကိုေအာ္ၿပီး ေျပးဝင္လာခဲ့တာေပါ့ဗ်ာ၊
“ဦးသက္တင္ႀကီးလာၿပီ . . . ဦးသက္တင္ႀကီး ျပန္လြတ္လာၿပီ”
“ဦးသက္တင္ႀကီးျပန္လြတ္လာၿပီအေဖ . . .”
အိမ္ကိုေရာက္တာနဲ႔ အေဖ့ကိုအရင္ဆုံး သတင္းဦးေအာင္ေျပာရတာပဲ၊ အေဖကေတာ့ သူ႔ပုံစံအတိုင္း အင္းမလႈပ္အဲမလႈပ္ပဲ ေခါင္းပဲညိတ္တယ္။
“ေအးေလ၊ ဆယ့္ငါးႏွစ္ေလာက္ ေထာင္က်တယ္ဆိုေပမယ့္ ေလွ်ာ့ရက္ေတြဘာေတြ ရလို႔လားမွမသိတာ”
ဦးသက္တင္ႀကီးက ႐ြာထိပ္က ဦးတ႐ုတ္ႀကီးတို႔ အရက္ဆိုင္မွာ ဝင္ၿပီးေသာင္းက်န္းသြားေသးတယ္ဗ်ာ၊ သူမ်ားေျပာတာကေတာ့ ဦးတ႐ုတ္ႀကီးဆီက အရက္ဝယ္လို႔ ဦးတ႐ုတ္ႀကီးက ပိုက္ဆံေတာင္းေတာ့ သူ႔ကိုေတာင္းရေကာင္းလားဆိုၿပီး ဦးတ႐ုတ္ႀကီးလက္ထဲက ပုလင္းကို ဓါးနဲ႔ေပါက္ခြဲတယ္တဲ့ဗ်ာ၊ အဲဒီမွာတင္ ႐ုတ္႐ုတ္သဲသဲျဖစ္ကုန္တာပဲ၊ ေနာက္ေတာ့ ႐ြာလယ္လမ္းအတိုင္း ႂကြျမန္းလာပါၿပီဗ်ာ၊ လက္ထဲမွာလည္း အရက္ပုလင္းႏွစ္လုံးကို ပိုက္လို႔ဗ်၊ ႐ြာသားေတြအကုန္ျမင္သာေအာင္လို႔ သူ႔ခါးမွာ ဓါးေျမႇာင္သုံးေခ်ာင္းကို ထိုးထားေသးတယ္ဗ်ာ။
“ဇီးကုန္း႐ြာကို သက္တင္ျပန္လာၿပီေဟ့၊ မိုက္တဲ့ေကာင္ထြက္ခဲ့ၾကစမ္း”
႐ြာကိုစိန္ေခၚသြားေသးတာဗ်ာ။ ႐ြာကလူေတြကလည္း နဂိုကတည္းက သူ႔ကိုေအာ့ေၾကာလန္ေနတာဆိုေတာ့ ဘယ္သူမွ အဖက္မလုပ္ဘူးေပါ့ဗ်ာ။
(၄)
“အီး . . ဟီး . . ကယ္ၾကပါအုံးရွင္”
ေဟာဗ်ာ၊ က်ဳပ္တို႔ညစာစားေနတုန္း အသံၾကားရပါၿပီ၊ ၾကားလိုက္ရတဲ့အသံကေတာ့ မခင္ထားအသံပဲဗ်၊ ႐ြာကလူေတြလည္း ေျပးၾကည့္ၾကေတာ့ အေဖကလည္း လက္ေဆးၿပီး ထေျပးေတာ့တာပဲ၊ က်ဳပ္လည္း ထုံးစံအတိုင္း အေဖ့ရဲ႕ငွက္ႀကီးေတာင္ဓါးႀကီးကိုဆြဲၿပီး အေနာက္ကလိုက္ရတာေပါ့ဗ်ာ၊ က်ဳပ္တို႔ေရာက္ေတာ့ ဦးသက္တင္တို႔ၿခံေရွ႕မွာ လူေတြအုံေနပါၿပီ၊ ဦးသက္တင္က မခင္ထားကို အိမ္ေရွ႕က တိုင္တစ္လုံးမွာ ႀကိဳးနဲ႔ခ်ည္ထားတယ္ဗ်၊ သူတို႔အိမ္က ေျခတံရွည္အိမ္အျမင့္ႀကီးဆိုေတာ့ အတိုင္းသားျမင္ေနရတာေပါ့ဗ်ာ၊ ၿပီးေတာ့ မခင္ထားကိုလည္း ဘယ္ျပန္ညာျပန္ ပါးေတြခ်ည္း႐ိုက္ေနတာဗ်ာ။
“ေကာင္မ၊ မွန္မွန္ေျပာစမ္း၊ ငါမရွိတုန္း နင့္ကိုဘယ္လင္ငယ္က ေထာက္ပံ့ေနလို႔ နင္ေျပာင္ေရာင္ေနတာလဲ”
“မဟုတ္ပါဘူး အကိုသက္တင္ရယ္၊ ခင္ထားဖာသာ ေဈးေရာင္းၿပီး ရွာထားတာပါ”
ဦးသက္တင္က မခင္ထားဝတ္ထားတဲ့ ေက်ာက္စီေ႐ႊနားကပ္ကေလးကို ၾကည့္ၿပီးေတာ့ နားကပ္ကိုကိုင္ၿပီး ဆတ္ခနဲဆြဲျဖဳတ္တာဗ်ာ၊ မခင္ထားမွာ ေအာ္လိုက္တာ ဝက္သံေပါက္ေနတာပဲ၊ ခင္ဗ်ားတို႔ စဥ္းစားၾကည့္စမ္းပါ၊ နားကပ္ကို အတင္းဆြဲျဖတ္ခံရတာ ဘယ္ေလာက္နာမလဲ။
“ဟဲ့ေကာင္မ နင္းကန္ေအာ္မေနနဲ႔၊ ေနာက္တစ္ဖက္ျဖဳတ္ဖို႔က်န္ေသးတယ္”
ေနာက္တစ္ဖက္ထပ္ဆြဲမယ္လုပ္ေတာ့ အေဖက ဝင္မပါလို႔မရဘူးေလ။
“ေဟ့ေကာင္သက္တင္၊ မင္းသူ႔ကိုႏွိပ္စက္တာ ေတာ္ေလာက္ၿပီ”
ဦးသက္တင္က အေဖ့ကို မိုက္ၾကည့္ျပန္ၾကည့္တာဗ်။
“ဪ လတ္စသတ္ေတာ့ သူႀကီးမင္းေတာင္ က်ဳပ္အိမ္ကိုေရာက္ေနတာကိုး၊ ေနစမ္းပါအုံး လူေတြလည္းမ်ားလွခ်ည္လား ဘာလာလုပ္တာလဲဗ်”
“ဘာလုပ္ရမလဲကြ၊ မင္းခင္ထားကို ႏွိပ္စက္ေနတာ ေတာ္ေလာက္ၿပီကြာ၊ ပတ္ဝန္းက်င္လည္း အေႏွာင့္အယွက္ျဖစ္တယ္ကြ”
ဦးသက္တင္က ေသာက္ျမင္ကပ္စရာ ေကာင္းေအာင္ ၿပဳံးလိုက္တယ္ဗ်ာ။
“ေနပါအုံး က်ဳပ္မိန္းမကို က်ဳပ္ဆုံးမတာ သူႀကီးက ဘာျဖစ္လို႔ဝင္နာေနတာတုန္းဗ်၊ ဘာလဲ သူႀကီးက က်ဳပ္မိန္းမကို က်ဳပ္မရွိတုန္း . . .”
“ေတာ္စမ္းသက္တင္၊ မင္းငါ့ကိုမေစာ္ကားနဲ႔ ခင္ထားက ေကာင္းေရာင္းေကာင္းဝယ္လုပ္စားေနတာ၊ မင္းမရွိတဲ့အခ်ိန္လည္း အ႐ြယ္ေကာင္းေပမယ့္ တျခားလူမရွာဘဲ တစ္ေယာက္တည္း႐ုန္းကန္ေနတာ တစ္႐ြာလုံးမ်က္ျမင္ပဲ၊ မင္းအေၾကာင္းမဲ့ ႏွိပ္စက္ေနတာ ရပ္လိုက္ေတာ့”
“ဒီမွာသူႀကီး၊ ခင္ဗ်ားအားယားေနတိုင္း သူမ်ားအတြင္းေရး ဝင္မပါနဲ႔၊ က်ဳပ္ဖာသာက်ဳပ္ က်ဳပ္မိန္းမကို ႏွိပ္စက္႐ုံမကလို႔ သတ္ခ်င္သတ္မယ္၊ ခင္ဗ်ားတို႔နဲ႔မဆိုင္ဘူး၊ ခင္ဗ်ားတို႔ နားမခံႏိုင္ရင္ နားထဲဂြမ္းစဆို႔ထားၾက၊ က်ဳပ္အားလုံးကို သတိေပးလိုက္မယ္ေနာ္၊ က်ဳပ္တို႔လင္မယားၾကားမွာ ဝင္ပါတဲ့လူဘယ္သူ႔ကို မဆို က်ဳပ္အရွင္မထားဘူး”
“ေဟ့ေကာင္သက္တင္၊ မင္းေတာ္ေတာ္မိုက္႐ိုင္းတဲ့ေကာင္ပဲ၊ အခုမွေထာင္ကလြတ္လာတာကို မင္းက ရန္စကားျပန္ေျပာခ်င္ေသးတယ္ေပါ့၊ ဟုတ္လား”
“သူႀကီးရာ က်ဳပ္က ေထာင္ဆိုတာကို ေၾကာက္ကိုမေၾကာက္ေတာ့တာ၊ ဒါေၾကာင့္ ေဟာဒီက သူႀကီးမင္းႀကီးလည္း သူမ်ားလင္မယားၾကား ဝင္မပါဘဲ ေအးေအးေဆးေဆးအိမ္ျပန္ၿပီး ကိုယ့္မိန္းမနဲ႔ကိုယ္ျပန္ႏွပ္ေန၊ ဟုတ္ၿပီလား”
ဓါးကိုင္ထားတဲ့က်ဳပ္လည္း မေနသာေတာ့ဘူးဗ်ာ၊ အေဖမို႔သည္းခံႏိုင္လြန္းတယ္။ က်ဳပ္လည္း ဓါးကို ဓါးအိမ္ထဲကေနခြၽတ္ၿပီး အေဖ့ေဘးကိုဝင္ရပ္လိုက္တာေပါ့ဗ်ာ၊ အေဖက က်ဳပ္ကိုတားတယ္။
“မလုပ္နဲ႔သား”
ဦးသက္တင္က က်ဳပ္ကိုၾကည့္ၿပီးၿပဳံးတယ္ဗ်။
“ေအာင္မာ၊ ညေနက ေကာင္ေလးပါလား၊ မင္းက သူႀကီးရဲ႕သားတဲ့လား၊ ဟား၊ ဟား ဒါဆိုရင္ေတာ့ မင္းလည္းမင္းအေဖလို ငေၾကာက္ကေလးပဲေပါ့ကြာ”
က်ဳပ္စိတ္ေတြထိန္းမရေတာ့ဘူးဗ်ာ၊ ဦးသက္တင္က အေနာက္ကိုေျခလွမ္းငါးလွမ္းေလာက္ဆုတ္လိုက္ၿပီး
“ဒီမယ္ေကာင္ေလး၊ မင္းသတိရွိတယ္ဆိုရင္ ငါ့ရဲ႕ေပါက္ဓါးတစ္ေခ်ာင္းကိုပဲ ေရွာင္ျပစမ္းပါ၊ မင္းေရွာင္ႏိုင္ရင္ ငါမင္းရဲ႕အေရွ႕မွာ လည္စင္းေပးလိုက္မယ္”
က်ဳပ္လည္း ဓါးကိုင္ထားေပမယ့္ ေၾကာက္သြားတာေပါ့ဗ်ာ။ မေၾကာက္လို႔ရမလားဗ်၊ ဦးသက္တင္ရဲ႕ ေပါက္ဓါးအစြမ္းကို ညေနက ကိုယ္တိုင္ႀကဳံလိုက္ၿပီေလ၊ ခေမာက္ကိုေဖာက္တဲ့အျပင္ က်ဳပ္ေခါင္းကိုမေဖာက္ေအာင္ ေပါက္ႏိုင္တယ္ဆိုတာ ေတာ္႐ုံလက္စမဟုတ္ဘူးဗ်၊
“လာစမ္းပါေကာင္ေလးရဲ႕၊ ညေနက မင္းခေမာက္ဆုံးၿပီးၿပီးေနာ္၊ ဒီတစ္ခါဆိုရင္ မင္းအသက္ဆုံးရေတာ့မွာ”
အေဖက က်ဳပ္လက္ထဲက ဓါးကိုဆြဲယူလိုက္တယ္။
“ေတာ္ၿပီငါ့သား သူနဲ႔ဖက္ျဖစ္မေနနဲ႔၊ လာ၊ ငါတို႔ေတြျပန္ၾကမယ္”
က်ဳပ္က စိတ္ထဲေတာ့ အခဲမေက်ဘူးေပါ့ဗ်ာ၊ ဦးသက္တင္က ရယ္တယ္ဗ်။
“သြားၾက၊ ငေၾကာက္ႀကီးနဲ႔ ငေၾကာက္ေလးတို႔သားအဖ”
“ဒီမွာ ေဟ့ေကာင္သက္တင္၊ မင္းကိုငါတစ္ခါတည္း လူစုံတုန္းေျပာလိုက္မယ္၊ ငါေနာက္ေနာင္ဘယ္ေတာ့မွ မင္းတို႔လင္မယားၾကားထဲဝင္မပါသလို၊ မင္းတို႔ခ်င္းျဖစ္တဲ့ျပသနာကိုလည္း မရွင္းေပးဘူး”
“ခင္ထား၊ ညည္းလဲ ညည္းထိုက္နဲ႔ညည္းကံ ခံေပေတာ့၊ ငါတို႔အိမ္ကိုလည္း နင္တို႔မလာၾကနဲ႔”
အေဖကထြက္သြားေတာ့ က်ဳပ္လည္း သူ႔အေနာက္ကေန ကုပ္ေခ်ာင္းေခ်ာင္;နဲ႔လိုက္ခဲ့ရတာေပါ့ဗ်ာ၊ ႐ြာသားေတြကလည္း တီးတိုးေျပာကုန္ေတာ့တာေပါ့၊ ဘယ္တတ္ႏိုင္မလဲ၊ ဦးသက္တင္ႀကီးေျပာသလို သူတို႔လင္မယားခ်င္း အတြင္းေရးလို႔ပဲ သတ္မွတ္လိုက္႐ုံရွိတာေပါ့ဗ်ာ၊ မခင္ထားကေတာ့ ဝဋ္ေႂကြးႀကီးတယ္ေပါ့။
အေဖလည္း ေတာ္ေတာ္စိတ္တိုေနတယ္ဗ်၊ အင္းေလ၊ က်ဳပ္ေတာင္စိတ္တိုေသးတာ၊ သူက တစ္႐ြာလုံးရဲ႕ေခါင္းေဆာင္ သူႀကီးမဟုတ္လား၊ သူႀကီးကို ဒီလိုေကာင္က ေစာ္ကားတာကို အေဖက ေအးေအးေဆးေဆး တုန႔္ျပန္တာကိုပဲ က်ဳပ္ခ်ီးက်ဴးပါတယ္၊ ေနာက္မွသိရတာက ဦးသက္တင္က အေဖ့ကိုလုံးဝမေက်နပ္ဘူးဗ်၊ ဘာလို႔လဲဆိုေတာ့ သူေထာင္က်တဲ့အမႈမွာ အေဖက ႐ြာလူႀကီးအေနနဲ႔ သက္ေသလိုက္ေပးရတယ္၊ ဦးသက္တင္ကို လူဆိုးလူမိုက္တစ္ေယာက္ပါ၊ ႐ြာမွာလည္း ျပစ္မႈေတြက်ဴးလြန္ခဲ့ဖူးပါတယ္ဆိုၿပီး သက္ေသထြက္ဆိုေပးရတာေပါ့၊ ဦးသက္တင္က ဒါကိုလည္း မေက်နပ္ဘူးေပါ့ဗ်ာ။
ေနာက္ရက္ေတာ့ မိုးမလင္းေသးဘူး အသံၾကားရပါၿပီဗ်ာ၊ ဒီတစ္ခါေတာ့ မခင္ထားေအာ္သံမဟုတ္ဘူးဗ်၊ ႐ြာကလူေတြရဲ႕ေအာ္သံေတြ၊ အေဖနဲ႔က်ဳပ္လည္း ဘာျဖစ္တာလဲဆိုၿပီး ထြက္ခဲ့ရတာေပါ့ဗ်ာ။ ထုံးစံအတိုင္း ဦးသက္တင္တို႔ၿခံဝိုင္းမွာ လူေတြအုံေနပါေရာလား။
က်ဳပ္တို႔ေရာက္ေတာ့မွ ဦးသက္တင္က မခင္ထားကို အိမ္တိုင္မွာႀကိဳးနဲ႔ခ်ည္ၿပီး မခင္ထားရဲ႕ေခါင္းေပၚမွာ သရက္သီးတစ္လုံးကို တင္ထားတာဗ်၊ ၿပီးေတာ့ လက္ထဲက ဓါးကိုလဲ တစ္ဆဆနဲ႔လုပ္ေနေသးတာ၊ ႐ြာသားေတြကေတာ့ ဆပ္ကပ္ပြဲၾကည့္ေနသလိုေပါ့ဗ်ာ၊ ေအာ္ဟစ္ဆူညံေနတာေပါ့၊ မခင္ထားပါးစပ္ကို အဝတ္စနဲ႔ဆို႔ထားလို႔ မခင္ထားက မေအာ္ႏိုင္ဘဲ တအိအိနဲ႔ဗ်၊ ဒါတင္မကေသးလို႔ဦးသက္တင္က ကြပ္ပ်စ္ေပၚတင္ထားတဲ့ အရက္ပုလင္းကိုေကာက္ၿပီး ေမာ့လိုက္ေသးတယ္၊ သူ႔မ်က္လုံးေတြက ရီေဝေဝနဲ႔ လမ္းေလွ်ာက္တာလည္း ဒယိမ္းဒယိုင္နဲ႔ဗ်။ ေနာက္ေတာ့ ေပါက္ဓါးကိုလက္မွာကိုင္လိုက္ၿပီး
“ၿငိမ္ၿငိမ္ေနစမ္းခင္ထား၊ နင္လႈပ္ရင္ နင့္နဖူးကိုငါပစ္မိလိမ့္မယ္”
အေဖက လွည့္ျပန္သြားတယ္၊ ဘာမွမေျပာခ်င္ေတာ့ဘူးေပါ့၊ က်ဳပ္ကေတာ့ က်န္ၿပီးၾကည့္ေနတာေပါ့ဗ်ာ၊ ဦးသက္တင္ႀကီး ဒီေလာက္မူးေနတဲ့ၾကားထဲက မခင္ထားေခါင္းေပၚက သရက္သီးကိုထိေအာင္ပစ္ႏိုင္ပါ့မလားေပါ့၊ ေနာက္ေတာ့ ဦးသက္တင္က ေလခ်ဥ္တစ္ခ်က္ကို ေအ့ခနဲတက္လိုက္ၿပီး ဓါးကို ေဖာက္ခနဲလွမ္းေပါက္လိုက္တာဗ်ာ၊ ဓါးက မခင္ထားေခါင္းေပၚက သရက္သီးစိမ္းကို ကြက္တိထိၿပီး သရက္သီးက ျပဳတ္က်ၿပီး ႏွစ္ျခမ္းကြဲသြားေတာ့တာေပါ့၊ ဓါးကိုေသခ်ာၾကည့္ေတာ့မွ ဓါးက သရက္ေစ့ကိုေတာင္ ေဖာက္တယ္ဗ်ာ၊ ဘယ္ေလာက္ျပင္းတဲ့အားလည္းဆိုတာ တြက္သာၾကည့္ေတာ့ဗ်ိဳ႕။ လူေတြကေတာ့ တစ္ေယာက္တစ္မ်ိဳးေျပာေနၾကတာ၊ ဦးသက္တင္ႀကီးက ဓါးတစ္လက္ကိုင္ၿပီး က်ဳပ္ကိုၿပီတီတီမ်က္ႏွာထားနဲ႔ ၾကည့္ေနလို႔ က်ဳပ္လည္းအျမန္ျပန္လာရတယ္ဗ်ာ၊ မေတာ္လို႔ စိတ္႐ူးေပါက္ၿပီး က်ဳပ္ကိုပစ္ထည့္လိုက္ေတာ့ ဘယ္လိုလုပ္မလဲဗ်။
(၅)
“ေတာက္၊ က်ဳပ္လုံးဝမေက်နပ္ဘူးဗ်ာ”
ေတာစပ္က သစ္ပင္ေအာက္မွာ ဦးဘသာႀကီးကို က်ဳပ္က ျဖစ္ေၾကာင္းကုန္စင္ေျပာျပေနတာဗ်၊ ဦးဘသာႀကီးက ညကလာမၾကည့္ေတာ့ မသိလိုက္ဘူးေလ။
“မင္းတို႔ကလည္းမင္းတို႔ပဲ သူမ်ားလင္မယားဘာျဖစ္ျဖစ္ေပါ့ကြာ၊ အေနသာခ်ည္းကို”
“အိုဗ်ာ၊ သူတို႔လင္မယားျဖစ္ခ်င္ရင္ တိုးတိုးတိတ္တိတ္ျဖစ္ၾကေလ၊ အခုဟာက ဆူညံဆူညံနဲ႔ ေနာက္ၿပီးေတာ့ ဓါးတရမ္းရမ္းနဲ႔ဗ်၊ ဒါက ရပ္႐ြာေအးခ်မ္းသာယာေရးကို ထိခိုက္ေစတယ္ဗ်”
က်ဳပ္လည္း ဦးဘသာႀကီးကို စိတ္တိုမိတာေပါ့ဗ်ာ၊ သူခံရတာမဟုတ္ေတာ့ သူကေျပာအားရွိတာေပါ့။
“ေနာက္ၿပီးေတာ့ သူ႔လင္သူ႔မယားရန္ျဖစ္တာတင္မကဘဲ က်ဳပ္အေဖကိုေစာ္ကားတာဗ်၊ က်ဳပ္ကိုေစာ္ကားတာကို က်ဳပ္က သည္းခံႏိုင္ပါေသးတယ္၊ အေဖကသူႀကီးဗ်၊ တစ္႐ြာလုံးက ေလးစားတဲ့သူႀကီးကို သူကဒီလိုမ်ိဳးေျပာတာေလာက္ က်ဳပ္သည္းမခံႏိုင္ဘူးဗ်ာ၊ အခုဆို႐ြာထဲကလူေတြက အေဖ့အေၾကာင္းေတြ တီးတိုးေျပာေနၾကၿပီဗ်”
ဦးဘသာကေတာ့ ေအးေအးလူလူပဲ ႀကိမ္လုံးႀကီးကိုင္ၿပီး ေတာစပ္မွာ သူ႔ႏြားေတြအရိပ္ခိုေနတာကိုၾကည့္ေနတယ္။ ၿပီးေတာ့မွ
“သည္းမခံႏိုင္ေတာ့ မင္းကဘာလုပ္မယ္လို႔စိတ္ကူးထားတာလဲ”
“ဒီလူႀကီးကိုက်ဳပ္ေခ်ာင္းေနတာၾကာၿပီ၊ အခြင့္သာလို႔ကေတာ့ ဒီလူကို ဓါးနဲ႔ေျပးထိုးပစ္မွာဗ်၊ ေဟာဒီမွာေတြ႕လား ဓါး”
က်ဳပ္လည္း ခါးၾကားထဲဖြက္ၿပီးသယ္လာတဲ့ ကိုးလက္မေလာက္ရွိတဲ့ ဓါးေျမႇာင္ကေလးကိုထုတ္ျပလိုက္တယ္၊ ဦးဘသာႀကီးက နည္းနည္းေတာ့လန႔္သြားတဲ့ပုံပဲဗ်။
“မဟုတ္တာေတြ မေတြးစမ္းပါနဲ႔ကြာ၊ လူမိုက္နဲ႔ၿပိဳင္ၿပီးျဖစ္မေနစမ္းပါနဲ႔”
“ဦးဘသာတို႔ အေဖတို႔ေျပာလိုက္ရင္ ဒီအတိုင္းႀကီးပဲ၊ က်ဳပ္ကေတာ့ ဒီေကာင့္ကိုမေၾကာက္ဘူး”
“ဒီမယ္ အလတ္ေကာင္၊ လူမိုက္ကိုေရွာင္တာ ေၾကာက္လို႔ေရွာင္တာမဟုတ္ဘူးကြ၊ တို႔လမ္းသြားတဲ့အခါ ေခြးေခ်းပုံေတြ၊ ႏြားေခ်းပုံေတြ ေတြ႕ရင္ ငါတို႔က ေခ်းပုံကိုေၾကာက္လို႔ ေရွာင္သြားတယ္လို႔ထင္ေနတာလား”
“ဒါကေတာ့ဘယ္တူမလဲဗ်၊ ေခ်းပုံက်ေတာ့ ႐ြံလို႔ေရွာင္တာကိုး”
“ေအး၊ လူမိုက္ကိုလည္း ငါတို႔က ေၾကာက္တာမဟုတ္ဘူးေဟ့၊ ေခ်းေပရင္ သုတ္ရသင္ရ၊ ေရေဆးရနဲ႔မို႔ ေရွာင္တာ၊ မသတီလို႔ေရွာင္တာ၊ အဲဒီလိုပဲ လူမိုက္ကိုအဖက္လုပ္ေတာ့ ရွင္းရလင္းရနဲ႔ အရႈပ္ေတြမ်ားလို႔ ေရွာင္တာကြ နားလည္ၿပီလား”
“မသိဘူးဗ်ာ၊ ဦးဘသာတို႔ သည္းခံႏိုင္ရင္ခံၾကပါေစ၊ က်ဳပ္ကေတာ့ ဒီေကာင့္ကိုေဆာ္မယ္”
ဦးဘသာက က်ဳပ္ကိုမေျဖာင္းဖ်ႏိုင္လို႔ သက္ျပင္းတစ္ခ်က္ခ်လိုက္တယ္ဗ်။
“ကဲကြာ၊ ဒါဆိုရင္လည္း ေခ်ာင္းေျမာင္းလုပ္မေနနဲ႔၊ သက္တင္ကို မင္းသြားစိန္ေခၚၿပီး လုပ္ေပါ့ကြာ”
“အိုဗ်ာ၊ ေပၚတင္ႀကီးသြားေတာ့ ဟိုက ဓါးနဲ႔ေပါက္လို႔ က်ဳပ္ေသသြားမွာေပါ့ဗ်၊ ဦးဘသာကလည္း”
“မင္းငါ့ကို မယုံဘူးလားကြ”
ဦးဘသာႀကီးက အဲဒီလိုေျပာေတာ့မွ က်ဳပ္လည္းေခါင္းညိတ္လိုက္တယ္၊ ဒီအတိုင္းဆိုရင္ ဦးဘသာႀကီး တစ္ခုခုလုပ္ေတာ့မယ္ဆိုတာ ေသခ်ာေနၿပီေလဗ်ာ။
“ဦးဘသာက က်ဳပ္ကိုကူညီမလို႔လား”
ဦးဘသာက ျပန္မေျဖဖူးဗ်။ ေနာက္ေတာ့ ကြမ္းအစ္ကေလးခ်ၿပီး ကြမ္းစားဖို႔လုပ္ေနတယ္၊ ကြမ္း႐ြက္တစ္႐ြက္ကို ယူၿပီးေတာ့ ထိပ္ျဖတ္၊ အညာေခြၽၿပီး ထုံးနည္းနည္းသုတ္ေနရင္း
“ဒီေကာင္သက္တင္က ဘာမွ ပညာရွိတာမဟုတ္ဘူးကြ၊ ဒီေကာင္ ဓါးေပါက္ကြၽမ္းတယ္ဆိုတာကလည္း ေမွာ္တစ္ခုေအာင္သြားလို႔ကြ”
“ေမွာ္ေအာင္သြားတယ္၊ ဟုတ္သလား”
“ဟုတ္တယ္၊ ေမွာ္ဆိုတာ အစီအရင္တစ္ခုလုပ္ရတာေပါ့ကြာ၊ အဲဒါေအာင္သြားေတာ့ ေမွာ္ေအာင္တယ္လို႔ေခၚတာေပါ့ကြ”
“သူက ဘာအစီအရင္လုပ္ထားလို႔လဲဗ်”
“မင္းနားလည္ေအာင္ ေျပာရရင္ေတာ့ ပစ္မလႊဲအစီအရင္ေပါ့ကြာ၊ အဲဒီအစီအရင္က ေရွးကတည္းက အသုံးျပဳခဲ့တဲ့အစီအရင္ပဲ၊ လွံေတြ၊ ဓါးေတြကိုစီရင္ရတာေပါ့ကြာ၊ အမ်ားအားျဖင့္ ေရွးကေတာ့ လွံတိုလို႔ေခၚတဲ့ လွံကေလးေတြကိုစီရင္ထားၾကတယ္၊ စီရင္တဲ့အခါ အလြယ္ေျပာရရင္ေတာ့ လူအရွင္ကို မေကာင္းတဲ့နတ္ေတြဆီကို ဆက္သၿပီးေတာ့ ပြဲေတြဘာေတြခင္းေပးရတယ္ကြ၊ ေနာက္ေတာ့ အဲဒီလွံနဲ႔ထိုးၿပီးေတာ့ အတြင္းကလီစာေတြကို ဆက္သရတာပဲ၊ အဲဒီလူေသရင္ အဲဒီလက္နက္မွာစြဲေနတယ္၊ ေျပာရရင္သရဲေပါ့ကြာ၊ အဲဒီသရဲကို ခိုင္းစားတာေပါ့”
နားေထာင္တာနဲ႔ကို ေၾကာက္စရာႀကီးဗ်ာ၊ ျဖစ္ေတာ့လည္းျဖစ္ႏိုင္တယ္၊ အေဖတို႔ေျပာဖူးတာက ဦးသက္တင္က ငယ္ငယ္တုန္းက ႐ြာေတြမွာ လူေတြသတ္ဖူးတယ္တဲ့၊ သူ႔မိဘေတြကလည္း ေငြႏိုင္တယ္ဆိုေတာ့ ေလ်ာ္ေၾကးေပးၿပီး ၿပီးခဲ့တာမ်ားတယ္ဆိုပဲ၊ ဒါဆိုရင္ သူက သူ႔ဓါးေတြကို အဲဒီလိုလုပ္ထားတာမ်ိဳးလား မသိဘူးဗ်ာ။
“ဒီေကာင္ ဓါးေပါက္ရင္ မင္းၾကည့္ၾကည့္လိုက္၊ ဓါးကို သူ႔ပါးစပ္နားကပ္ၿပီးေတာ့ နမ္းသလိုလိုလုပ္ၿပီးေတာ့မွ ေပါက္တာကြ၊ ငါ့အထင္ သူ႔ဓါးေစာင့္သရဲကိုတစ္ခုခုခိုင္းတာေပါ့၊ ဒါေၾကာင့္ ေပါက္လိုက္တိုင္း သရဲရဲ႕အကူအညီနဲ႔ ပစ္မွတ္ကိုထိထိသြားတာကြ”
က်ဳပ္လည္း ေခါင္းညိတ္လိုက္ေတာ့တယ္။
“ဒါနဲ႔က်ဳပ္က သူ႔ကိုစိန္ေခၚၿပီး ဘာဆက္လုပ္ရမွာလဲ၊ ဦးဘသာႀကီးေရာ လိုက္ခဲ့မွာလား”
“ေဟ့ေကာင္ရ၊ ငါလိုက္သြားရင္ ဒီေကာင္က မင္းကိုဘယ္လုပ္ရဲမလဲ၊ မင္းသတိထားမိလား၊ ဒီေကာင္က တျခားလူကိုေတာ့ စြာရဲေပမယ့္ ငါ့ကိုမစြာရဲဘူးကြ”
“အဲဒါဆို က်ဳပ္တစ္ေယာက္တည္းသြားရမွာလား”
“ေပးစမ္း၊ မင္းရဲ႕ညာဘက္လက္ေပးစမ္း”
ဦးဘသာႀကီးက က်ဳပ္လက္ေတာင္းေတာ့ က်ဳပ္လည္း ညာဘက္လက္ေပးလိုက္ရတာေပါ့ဗ်ာ၊ အဲဒီမွာ ဦးဘသာႀကီးက ကြမ္း႐ြက္တစ္႐ြက္ကိုယူလိုက္ၿပီးေတာ့ ကြမ္း႐ိုးကိုေခြၽလိုက္တယ္ဗ်၊ ေနာက္ေတာ့ ကြမ္း႐ိုးကထြက္လာတဲ့ အရည္ၾကည္ကေလးေတြနဲ႔ က်ဳပ္ညာလက္က လက္ညႇိဳးနဲ႔လက္ခလယ္ကို အေၾကာင္းအေၾကာင္းကေလးေတြ ဆြဲေပးေနတာဗ်ာ။ ထင္ေတာ့ဘယ္ထင္မလဲ သူလုပ္တာကိုပဲ ၾကည့္ေနရတာေပါ့။
“ကြမ္း႐ိုးမွာ ဘီလူးေစာင့္တယ္လို႔ အဆိုရွိတယ္မဟုတ္လား၊ ကဲ မင္းကိုငါအခု ဘီလူးကိုအပ္ေပးလိုက္ၿပီကြာ”
“က်ဳပ္က ဒါကိုဘယ္လိုလုပ္ရမွာလဲ”
“မင္းရဲ႕လက္ညႇိဳးနဲ႔လက္ခလယ္ကို အခ်င္းခ်င္းလိမ္ထားလိုက္ရင္ မင္းဆီကိုလက္နက္မတိုးေတာ့ဘူးကြ၊ ဒီေတာ့ မင္းသူ႔ကိုသြားစိန္ေခၚကြာ၊ သူဓါးနဲ႔ေပါက္ရင္ လက္ညႇိဳးနဲ႔လက္ခလယ္ကို အသာကေလးလိမ္ထားလိုက္၊ ဒါေပမယ့္ ဒါကတစ္ပြဲတိုးဆိုေတာ့ ညေနေစာင္း ေနဝင္သြားတာနဲ႔ စြမ္းမွာမဟုတ္ေတာ့ဘူး၊ ဒါေပမယ့္ မင္းသူ႔ကိုမသတ္ရဘူးေနာ္၊ အႏိုင္အရႈံးကြဲျပားသြားေအာင္ပဲ လုပ္ရမယ္၊ ဟုတ္ၿပီလား”
က်ဳပ္လည္းေခါင္းညိတ္လိုက္ၿပီးေတာ့ ေနလုံးကိုေမာ့ၾကည့္လိုက္တယ္၊ ညေန ေနေစာင္းေနၿပီဗ်၊ သုံးနာရီ၊ ေလးနာရီေလာက္ေတာ့ရွိေတာ့မယ္ထင္တယ္။ ဒါနဲ႔က်ဳပ္လည္း ဦးဘသာကို ႏႈတ္ေတာင္မဆက္ေတာ့ဘဲ ႐ြာဘက္ကိုေျပးခဲ့ပါေရာ၊ ဦးသက္တင္ႀကီးကို စိန္ေခၚဖို႔က အေရးႀကီးတယ္မဟုတ္လားဗ်ာ။
(၆)
႐ြာထဲေတာင္မေရာက္ပါဘူး၊ ဦးသက္တင္နဲ႔သူ႔လူေတြက ႐ြာထိပ္အဝင္က ေညာင္ပင္ႀကီးေအာက္မွာ ဝိုင္းဖြဲ႕ေနၾကတယ္ဗ်၊ ဦးသက္တင္က သူႀကီးေတာင္ႏိုင္တယ္ဆိုၿပီး သတင္းထြက္ေနေတာ့ ႐ြာထဲက လူဆိုး၊ ဂ်ပိုးေတြက သူ႔ကိုဆရာတင္ေတာ့တာေပါ့ဗ်ာ၊ သူတို႔က ထန္းေၾကာဖ်ာ အစုတ္ႀကီးခင္းထားၿပီးေတာ့ အရက္နဲ႔ ၾကက္ေၾကာ္ေတြဘာေတြနဲ႔ ေကာင္းစားေနတာဗ်။
“ေသာက္စမ္းကြာ၊ အရက္က တ႐ုတ္ႀကီးဆီကေနဆြဲလာတာ၊ ဒီေကာင့္ဆီက ငါးပုလင္းယူတာေတာင္ ဒီေကာင္အသံမထြက္ရဲဘူးကြ၊ ၾကက္ကေတာ့ ငါတို႔ေဘးၿခံက ၾကက္ေတြပါ၊ ၿခံထဲဝင္လာတာနဲ႔ ၾကက္ႏွစ္ေကာင္ကို ဓါးနဲ႔ေပါက္ၿပီးယူထားတာ၊ မင္းတို႔၀၀လင္လင္စားၾက”
“ဟာ၊ ဆရာဦးသက္တင္ကေတာ့ ပိုင္တယ္ဗ်ာ၊ က်ဳပ္တို႔ကိုလည္း ေစာင့္ေရွာက္ပါဗ်ာ”
“ေအးပါကြ၊ ငါ့နာမည္သက္တင္ပါကြ၊ ေပါက္ဓါးဝိဇၨာ သက္တင္ပါ”
“သူႀကီးက ေၾကာက္ရတဲ့ဦးသက္တင္လို႔ ထည့္ေျပာအုံးေလဗ်ာ၊ ဟား၊ ဟား”
သူတို႔အခ်င္းခ်င္း စကားေျပာလိုက္ ရယ္လိုက္ေမာလိုက္နဲ႔ မူးကလည္းေတာ္ေတာ္မူးေနၿပီ၊ တစ္ခ်ိဳ႕ဆိုပုဆိုးေတြဘာေတြ ကြၽတ္လို႔ဗ်၊ သူ႔တပည့္က ကိုးေယာက္ေလာက္ေတာ့ရွိမယ္ေပါ့ဗ်ာ။
က်ဳပ္လည္းသူတို႔အနားသြားၿပီးေတာ့ ခါးေထာက္ရပ္ၾကည့္ေနလိုက္တယ္၊ ဦးသက္တင္ႀကီးက က်ဳပ္ကိုရီေဝေနတဲ့မ်က္လုံးေတြနဲ႔ၾကည့္ၿပီးေတာ့
“ေကာင္ေလး၊ မင္းဘာၾကည့္ေနတာလဲ ေသခ်င္လို႔လား”
“ဟား၊ ဟား ခင္ဗ်ားကိုက်ဳပ္က ေၾကာက္တယ္လို႔ထင္ေနလို႔လား၊ မေန႔က လူေတြအမ်ားႀကီးေရွ႕မို႔လို႔ က်ဳပ္က ပညာလွ်ိဳထားတဲ့အေနနဲ႔ ခင္ဗ်ားကို မဆုံးမလိုက္ရတာ၊ အခုေတာ့ ခင္ဗ်ားကိုဆုံးမဖို႔လာခဲ့တာပဲ၊ ခင္ဗ်ားက်ဳပ္နဲ႔ တစ္ေယာက္ခ်င္းယွဥ္မလား”
က်ဳပ္စိန္ေခၚလိုက္ေတာ့ ဦးသက္တင္ႀကီး မ်က္ႏွာပ်က္သြားတယ္ဗ်ာ၊ ေဒါသလည္;ထြက္လာၿပီးေတာ့ မတ္တပ္ရပ္ၿပီး ပုဆိုးကိုျပင္ဝတ္လိုက္တယ္။
“ေအာင္မယ္၊ ေကာင္ေလးက လာလာခ်ည္ေသး၊ ေအးကြာ ဒါဆိုလည္းၿပိဳင္မယ္၊ မေန႔ကေျပာသလို မင္းငါ့ရဲ႕ေပါက္ဓါးတစ္ေခ်ာင္;ကိုပဲ ရေအာင္ေရွာင္စမ္းကြာ”
က်ဳပ္ကလည္း ဘာရမလဲဗ်ာ၊ အသံနက္ႀကီးနဲ႔ ေအာ္ၿပီးရယ္တာေပါ့။
“တစ္ေခ်ာင္းမကဘူး၊ ခင္ဗ်ားဓါးသုံးေခ်ာင္;စလုံးကို ေရွာင္ျပမယ္”
ဦးသက္တင္ႀကီးက မူးမူးနဲ႔ေခါင္းညိတ္တယ္ဗ်။
“ႀကိဳက္တယ္၊ ငါကလည္း ဒါမ်ိဳးမွႀကိဳက္တာ၊ ေကာင္ေလး၊ မင္းရႈံးရင္ မင္းေသရမွာေနာ္”
“က်ဳပ္ေယာက္်ားပါဗ်၊ လုပ္ရဲရင္ ခံရဲတယ္”
“ႀကိဳက္ၿပီေဟ့၊ မင္းအေဖက လူေၾကာက္ဆိုေပမယ့္ မင္းကိုေတာ့ ငါသေဘာက်တယ္၊ ကဲကြာ ဘယ္ေတာ့ၿပိဳင္မလဲ”
“ရွည္ရွည္ေဝးေဝးေျပာမေနစမ္းပါနဲ႔ အခုပဲၿပိဳင္ရေအာင္”
ဦးသက္တင္နဲ႔က်ဳပ္နဲ႔ ေျခဆယ္လွမ္းအကြာေလာက္ပဲရွိမယ္ဗ်၊ က်ဳပ္က ဘာလက္နက္မွမပါဘူး၊ ဓါးေျမႇာင္ကေလးကိုေတာ့ ခါးၾကားထိုးထားတယ္။ ဦးသက္တင္က ဓါးေျမႇာင္သုံးစင္းကို လက္တစ္ဖက္မွာကိုင္ထားတယ္ဗ်ာ၊ သူ႔တပည့္ေတြကလည္း ပြဲေကာင္းၿပီဆိုၿပီးေတာ့ ၾကည့္ေနၾကတာေပါ့ဗ်ာ။
“ကဲ ငါစၿပီေဟ့”
က်ဳပ္လည္း ရင္ကိုေကာ့ထားၿပီးေတာ့ လက္ႏွစ္ဖက္ကိုအေနာက္ပစ္ထားလိုက္တယ္၊ ၿပီးေတာ့ ဦးဘသာႀကီးေျပာသလို လက္ႏွစ္ေခ်ာင္းကိုလိမ္ထားလိုက္တယ္ဗ်ာ၊ ဦးသက္တင္က ဓါးတစ္စင္းကို အသြားကေနကိုင္ၿပီးေတာ့ သူ႔ပါးစပ္နားကပ္လိုက္တယ္။ တကယ္ကို မသိမသာကေလးကပ္လိုက္တာပါဗ်ာ၊ ၿပီးေတာ့မွ လက္ကိုေရွ႕ထုတ္ၿပီး က်ဳပ္ကိုခ်ိန္ေနေတာ့တာ။
“ေရာ့”
ဓါးက က်ဳပ္ရင္ဘတ္တည့္တည့္ကို ပ်ံဝင္လာတာဗ်၊ က်ဳပ္လည္း ေၾကာက္ေတာ့ေၾကာက္မိတယ္၊ မေတာ္လို႔မ်ား ဦးဘသာႀကီးလုပ္ေပးလိုက္တာ မစြမ္းဘူးဆိုရင္ က်ဳပ္က အေခ်ာင္ေသသြားမွာမဟုတ္လား၊ ေျခဆယ္လွမ္းဆိုေတာ့ နီးနီးေလးမွ တကယ့္နီးနီးေလးပါဗ်ာ၊ ဓါးက ရင္ဘတ္ဆီကိုပ်ံဝင္လာၿပီး အနားေရာက္ေတာ့မွ က်ဳပ္ပုခုံးေပၚက ေက်ာ္ၿပီးေတာ့ နား႐ြက္နားကေန ဝွီးခနဲျဖတ္သြားတာဗ်ာ၊ က်ဳပ္ျဖင့္ ေၾကာက္ေနမိေသးတာ၊ ဦးသက္တင္ရဲ႕ ဓါးတစ္ခ်က္က လြဲသြားၿပီေလ၊ ဦးသက္တင္ႀကီး မ်က္လုံးကိုျပဴးေနတာပဲဗ်ာ၊ က်ဳပ္က ေၾကာက္ေပမယ့္ ရယ္ေမာလိုက္ၿပီး
“ဟား၊ ဟား ဦးသက္တင္၊ ခင္ဗ်ားမူးေနလို႔ထင္တယ္၊ ဒီေလာက္ရပ္ေနတာကိုေတာင္ မထိဘူးလားဗ်”
ဦးသက္တင္က သူ႔မ်က္လုံးေတြကိုပြတ္လိုက္ၿပီးေတာ့ ေနာက္ဓါးတစ္စင္းယူၿပီး ခုနကအတိုင္း က်ဳပ္ကိုထပ္ပစ္တယ္ဗ်၊ က်ဳပ္လည္း ဒီတစ္ခါေတာ့ ေရွာင္တဲ့ပုံေလး လုပ္ရတာေပါ့ဗ်ာ၊ မဟုတ္ရင္ က်ဳပ္ေအာက္လမ္းသုံးတယ္ဆိုတာ သူတို႔သိေနမွာေလ၊ ဒုတိယဓါးေရာ တတိယဓါးေရာ က်ဳပ္ကိုမထိပါဘူးဗ်ာ၊
“ဟား၊ ဟား ခင္ဗ်ားဓါးသုံးစင္းလုံး လြဲတယ္ေနာ္ ဦးသက္တင္၊ ခင္ဗ်ားေျပာေတာ့ ဓါးေပါက္ဝိဇၨာဆိုဗ်ာ၊ ႐ြာကလူေတြသာျမင္ရင္ ခင္ဗ်ားကို ငေပါႀကီးဆိုၿပီး ဝိုင္းရယ္ၾကမွာ”
ဦးသက္တင္က ေဒါသထြက္ၿပီး တရႉးရႉးနဲ႔ျဖစ္ေနတာဗ်ာ၊ ဒီမွာတင္ သူ႔တပည့္တစ္ေယာက္က ထလာၿပီးေတာ့ က်ဳပ္ကိုဓါးတစ္စင္းနဲ႔ လွမ္းေပါက္ျပန္ေရာ အဲဒီဓါးက်ေတာ့ က်ဳပ္ေျခေထာက္အေရွ႕ကို ဖုတ္ခနဲက်လာတာဗ်၊ က်ဳပ္လဲသူတို႔ဓါးကို ေကာက္လိုက္ၿပီး
“ကဲ ခင္ဗ်ားတို႔အလွည့္ၿပီးၿပီ၊ က်ဳပ္အလွည့္ပဲ”
က်ဳပ္လည္း ဓါးေပါက္မယ့္ဟန္ကိုျပင္လိုက္ေတာ့ သူ႔တပည့္လူမိုက္ေတြဆိုတာ ေျပးလိုက္တာမႈန္လို႔ဗ်ာ၊ ေနာက္ဆုံးေတာ့ ဦးသက္တင္ႀကီးပဲ က်န္ခဲ့ေတာ့တယ္။
“ေဟ့ေကာင္ မင္းငါ့ကိုဘာလုပ္မလဲ၊ သတ္မယ္ဆိုရင္လည္း လာသတ္”
က်ဳပ္က ေခါင္းခါလိုက္ၿပီး
“က်ဳပ္လူသတ္သမားမဟုတ္ဘူး၊ ခင္ဗ်ားကိုလည္းမသတ္ခ်င္ဘူး၊ ဒါေပမယ့္ ခင္ဗ်ားအေဖ့ကိုသြားေတာင္းပန္ရမယ္၊ မေန႔က ခင္ဗ်ားေစာ္ကားခဲ့တာေတြကို သြားေတာင္းပန္ရမယ္”
ဦးသက္တင္က လုပ္ေတာ့လုပ္ခ်င္ပုံမရဘူးဗ်၊ ဒါေပမယ့္လည္း သူရႈံးသြားၿပီဆိုေတာ့ ႏိုင္တဲ့သူခိုင္းတာ လုပ္ရေတာ့မွာေပါ့၊ က်ဳပ္က သူ႔ေပါက္ဓါးေလးသုံးေခ်ာင္းကို ေကာက္ၿပီး သူ႔ကိုလွမ္းေပးလိုက္တာ၊ သူလည္း ဓါးကိုယူၿပီး အရက္ပုလင္းႀကီးဆြဲၿပီး ႐ြာထဲကိုဝင္သြားေတာ့တာပါပဲ၊ က်ဳပ္ကေတာ့ ေတာတန္းေကလးအနားကို ေျပးလာခဲ့တယ္ဗ်ာ၊ ေတာတန္းကေလးမွာ ဦးဘသာႀကီးရွိတယ္မဟုတ္လား။
“ဘယ့္ႏွယ့္လဲ အလတ္ေကာင္ရ၊ မင္းမ်က္ႏွာႀကီး ၿဖီးေနပါလား”
“ဟုတ္တယ္ဦးဘသာ၊ ဦးသက္တင္ႀကီးကို က်ဳပ္ႏိုင္သြားၿပီ၊ သူ႔ကို က်ဳပ္အေဖကိုသြားျပန္ေတာင္းပန္ခိုင္းလိုက္တယ္”
“ေပးစမ္း၊ ဒါဆို မင္းလက္က အစီအရင္ကို ငါျပန္ဖ်က္ပစ္မယ္”
“ဟာ ေနစမ္းပါအုံး ဦးဘသာႀကီးရာ၊ မေတာ္လို႔ ဦးသက္တင္က က်ဳပ္ကိုမေက်နပ္ဘဲနဲ႔ ေနာက္ထပ္ေခ်ာင္းၿပီး ရန္ရွာရင္ ဘယ့္ႏွယ့္လုပ္မလဲ”
ဦးဘသာႀကီးက ေတြေဝသြားတယ္၊ ၿပီးေတာ့ ေနဝင္လုဆဲဆဲ ေကာင္းကင္ကိုၾကည့္ေနတယ္ဗ်ာ၊ က်ဳပ္ကလည္း သူနဲ႔ေပါင္းတာၾကာေတာ့ သိေနပါၿပီ၊ ဦးဘသာႀကီး တစ္ခုခုေတာ့ ႀကံေနၿပီဆိုတာ။ က်ဳပ္လည္းေပ်ာ္ေနၿပီေလဗ်ာ၊ သူ႔ဆီက တုတ္ၿပီး ဓါးၿပီးတဲ့အစီအရင္မ်ား ရေတာ့မလားေပါ့။
“ထားလိုက္စမ္းပါကြာ၊ ဒီေကာင္မင္းကို ထပ္မလုပ္ရဲေတာ့ပါဘူး”
က်ဳပ္လက္ကိုဆြဲၿပီးေတာ့ အစီအရင္ကို အတင္းဖ်က္မယ္လုပ္တာနဲ႔ က်ဳပ္လည္း ထြက္ေျပးခဲ့တာေပါ့ဗ်ာ၊ ေနဝင္ၿပီးတဲ့အခ်ိန္ အစီအရင္က သူ႔အလိုလိုပ်ယ္မွာဆိုေတာ့ က်ဳပ္လည္း နည္းနည္းေလာက္ေတာ့ ထားခ်င္ေသးတာေပါ့ဗ်ာ၊
အိမ္ကိုေျပးလာခဲ့ေတာ့ ေနမဝင္ေသးဘူးဗ်၊ အိမ္ေရာက္ေတာ့ အေမက က်ဳပ္ကိုဆီးေျပာတယ္။
“ဟဲ့သား၊ သက္တင္ေတာ့ ဘာစိတ္ဝင္လဲမသိဘူး၊ ခုနကပဲ နင့္အေဖကိုလာေတာင္းပန္သြားတယ္၊ သူေစာ္ကားမိတာ ေတာင္းပန္ပါတယ္တဲ့”
က်ဳပ္ကေတာ့ သိၿပီးသားေလ၊ ဒါေပမယ့္ က်ဳပ္လုပ္တယ္လို႔လဲ ေျပာလို႔မရဘူးမဟုတ္လား၊ ဦးဘသာႀကီးနဲ႔ေပါင္းၿပီး စုန္းအတတ္နဲ႔လုပ္တယ္ဆိုရင္ အေမက က်ဳပ္ကိုေဆာ္မွာေပါ့ဗ်ာ၊ က်ဳပ္လည္း အိမ္ေနာက္ေဖးကို ဝင္ခဲ့တယ္၊ ႏို႔ညႇာညီမနဲ႔ အငယ္မက ၾကက္သြန္ခြာေနၾကတယ္။ က်ဳပ္လည္း သူတို႔ကို က်ဳပ္အစြမ္းကိုျပခ်င္တာေပါ့ဗ်ာ၊ ေနကလည္း မဝင္ေသးဘူးဆိုေတာ့ ကြက္တိပဲေပါ့။
“ဟဲ့ေကာင္မေလးေတြ၊ နင္တို႔ကို ထူးဆန္းတာတစ္ခုျပမယ္၊ ေပးစမ္းအဲဒီဓါး”
ၾကက္သြန္လွီးတဲ့ဓါးကို က်ဳပ္ကလွမ္းေတာင္းေတာ့ အငယ္မက ေပးတယ္ဗ်၊ က်ဳပ္လည္း ဓါးကိုယူၿပီး ဘယ္ဖက္လက္က ကိုင္လိုက္တယ္၊ ေနာက္ၿပီးေတာ့ ညာဖက္လက္ဖ်ံေပၚကို ဓါးသြားတင္လိုက္တာေပါ့။
“အကိုလတ္၊ ဘာလုပ္မလို႔လဲ၊ ကိုယ့္လက္ကိုဓါးနဲ႔လွီးမလို႔လား”
“နင္တို႔အသာေနစမ္းပါ၊ ငါက ဓါးၿပီးတယ္ဟ”
“မလုပ္ပါနဲ႔အကိုလတ္ရာ၊ ေသြးေတြဘာေတြထြက္လာရင္ ညီမတို႔မၾကည့္ရဲ႕ဘူး”
က်ဳပ္လည္း ဘာမွမေျပာေတာ့ဘူးဗ်ိဳ႕၊ ညာဖက္လက္ေခ်ာင္းႏွစ္ေခ်ာင္းကို လိမ္ထားၿပီးေတာ့ ဘယ္ဖက္လက္က ဓါးကိုင္ၿပီး ညာဖက္လက္ လက္ဖ်ံကို ခပ္ဖြဖြလွီးခ်လိုက္တာ၊ က်ဳပ္လက္မွာ ဆစ္ခနဲျဖစ္သြားၿပီးေတာ့ ဓါးက ေလးလက္မေလာက္ ရွသြားပါေရာဗ်ာ၊ ၿပီးေတာ့ အဲဒီဓါးရွရာထဲကေန ေသြးေတြစီးထြက္လာပါေရာ၊ က်ဳပ္ညီမငယ္ဆို ေအာ္လိုက္တာ ငယ္သံပါတယ္။
အေမတို႔က ေျပးလာၿပီး က်ဳပ္ကိုေခါင္းေခါက္တယ္၊ ေနာက္ေတာ့ ဘီးစပ္႐ြက္ေတြခူးၿပီး ေခ်ၿပီးေတာ့ အနာကိုအုံေပးတယ္ဗ်ာ၊ ေႏြရာသီမို႔ ေသြးကပူေနေတာ့ ေတာ္ေတာ္ကိုထြက္တာ၊ ပုဆိုးတစ္ထည္ၿဖဲၿပီး ပတ္တီးစည္းလိုက္ေတာ့မွ သက္သာရာရသြားတယ္၊ က်ဳပ္ကေတာ့ အံ့ဩေနတာေပါ့ဗ်ာ၊ ေနကလည္း မဝင္ေသးဘူးေလ၊ ေႏြဆိုေတာ့ ေန႔တာရွည္တယ္မဟုတ္လား။ ေတာ္ေသးလို႔ေပါ့ဗ်ာ၊ က်ဳပ္က ခပ္ဖြဖြလွီးလိုက္လို႔၊ ခပ္တင္းတင္းသာလွီးလိုက္ရင္ က်ဳပ္လက္ေတာ့ျပတ္ၿပီ။
ညေရာက္ေတာ့ ႐ြာသားေတြ႐ုံးစုၿပီး ဆူျပန္ပါေရာဗ်ာ၊ အေဖ့ကိုလာေခၚၾကတယ္။
“သူႀကီး သက္တင္က သူ႔မိန္းမခင္ထားကို ဓါးနဲ႔ေပါက္သတ္လိုက္တယ္”
အေဖနဲ႔႐ြာသြားေတြလည္း ဦးသက္တင္ကိုသြားဖမ္းတာေပါ့ဗ်ာ၊ က်ဳပ္လည္း လက္ကဒဏ္ရာနဲ႔ ငန္းဝင္ခ်င္သလိုလို ဖ်ားခ်င္သလိုလိုျဖစ္ေနလို႔ မလိုက္သြားရဘူးေပါ့၊ ေနာက္ေတာ့မွ သိရတာက ဦးသက္တင္က မခင္ထားေခါင္းေပၚကို သံပရာသီးတင္ၿပီး ပစ္တာမွာ၊ ဓါးခ်က္လႊဲၿပီး မခင္ထားနဖူးကို တည့္ေနေအာင္ထိသြားတာတဲ့ဗ်ာ၊ မခင္ထားက တိုင္မွာႀကိဳးတုတ္လွ်က္သားႀကီး မတ္တပ္ေသသြားတယ္ဆိုပဲ၊ အံ့ဩေနတဲ့ဦးသက္တင္ကို ႐ြာသားေတြဖမ္းၿပီး ႀကိဳးတုပ္ၾကတာေပါ့၊ ညတြင္းခ်င္းပဲ ၿမိဳင္သာကိုလွည္းနဲ႔တက္ၿပီး ရဲလက္အပ္လိုက္ၾကတယ္။
“မင္း သက္တင္ဓါးကို ဘာလုပ္ခဲ့ေသးလဲ”
ေနာက္ေန႔ေတာ့ ဦးဘသာႀကီးက အိမ္ကိုေရာက္ခ်လာတာဗ်၊ က်ဳပ္လည္း ဖ်ားေနေတာ့ အျပင္မသြားႏိုင္ဘူးမဟုတ္လား၊ အိမ္မွာ ညကတည္းက အေဖတို႔လူႀကီးေတြ ဦးသက္တင္ကိုရဲလက္သြားအပ္တာဆိုေတာ့ မရွိဘူးေပါ့ဗ်ာ။
က်ဳပ္လည္းစဥ္းစားလိုက္ၿပီးေတာ့
“သူ႔ဓါးေျမႇာင္ကေလးကို ေကာက္ၿပီးေတာ့ သူ႔ကိုျပန္ေပးလိုက္တယ္”
“ဟာကြာ၊ အဲဒါေၾကာင့္ျဖစ္မွာကြ၊ မင္းလက္မွာ ထိုးထားတဲ့ဘီလူးက သူ႔ဓါးေျမႇာင္က သရဲထက္ပိုၾကမ္းေတာ့၊ ဓါးေျမႇာင္က သရဲက ထြက္ေျပးသြားတာျဖစ္မယ္ကြ၊ ဒါေၾကာင့္ ခင္ထားကို သူ
ဓါးနဲ႔ေပါက္ေတာ့ သရဲမရွိေတာ့လို႔ ဓါးက ပစ္ခ်က္လြဲၿပီးေတာ့ ခင္ထားနဖူးကို စိုက္သြားတာေနမွာကြ”
က်ဳပ္လည္း သက္ျပင္းပဲခ်လိုက္ႏိုင္ေတာ့တယ္ေလဗ်ာ၊
“ဒါနဲ႔ မင္းလက္က ဘာျဖစ္တာတုန္း”
ဦးဘသာေမးေတာ့ က်ဳပ္လည္း ျဖစ္ေၾကာင္းကုန္စင္ ေျပာျပလိုက္တာေပါ့ဗ်ာ၊ ဦးဘသာႀကီးဆို ရယ္လိုက္တာမွဗ်ာ။
“ဟား၊ ဟား ငတုံးရာ၊ ကိုယ့္ကိုယ္ကိုယ္ျပန္လုပ္မွေတာ့ စြမ္းမလားကြ၊ အစီအရင္ဆိုတာ သူမ်ားက ကိုယ့္ကိုရန္မျပဳႏိုင္ေအာင္လုပ္ထားတာကြ၊ ေတာ္ေသးတာေပါ့ကြာ လည္ပင္းမျဖတ္မိတာကံေကာင္း၊ ျဖတ္မ်ားျဖတ္မိလို႔ကေတာ့ တို႔႐ြာမွာ ခင္ထားအသုဘရယ္၊ မင္းအသုဘရယ္ ႏွစ္ခုၿပိဳင္ျဖစ္သြားမွာကြ၊ ဟား၊ ဟား”
ဦးဘသာႀကီးက ရယ္ေမာၿပီးေတာ့ အိမ္ထဲကထြက္သြားတယ္၊ က်ဳပ္လည္း ေခါင္းကုပ္ရင္း က်န္ခဲ့တာေပါ့ဗ်ာ၊ ဦးသက္တင္ကေတာ့ မခင္ထားကိုသတ္မႈနဲ႔ ေထာင္ဆယ့္ငါးႏွစ္ ထပ္က်တယ္၊ ဒါေပမယ့္ က်ဳပ္တို႔႐ြာကို ဘယ္ေတာ့မွ ျပန္မလာေတာ့ပါဘူးဗ်ာ၊ ၾကားမိတာကေတာ့ ရဲဘက္စခန္းတစ္ခုမွ ေဖာက္ေျပးဖို႔ႀကိဳးစားလို႔ ေသနတ္နဲ႔ပစ္ဖမ္းရင္းေသသြားတယ္တဲ့ဗ်ာ၊ ဒါေပမယ့္ ေပါက္ဓါးဝိဇၨာ ဦးသက္တင္နဲ႔ မခင္ထားအေၾကာင္းကေတာ့ က်ဳပ္တို႔႐ြာမွာ အခုထိကို ေျပာစမွတ္တြင္ေနၾကတုန္းပါပဲဗ်ာ။
ၿပီးပါၿပီ။
အဂၢေဇာ္