လယ်ပိုင်ရှင်သရဲ၏ဝဋ်ကြွေး(စ/ဆုံး)
———————————-
ဒီအဖြစ်အပျက်ကို လေးကို ကြုံချိန် ကျုပ်အသက် ၁၉ နှစ် လူပျို အ
ရွယ်။ ကျုပ်ကကျောင်းပြီးတဲ့ အထိ မတတ်နိုင်ခဲ့ပါဘူး။ မိသားစုက
လည်း ဆင်းရဲတယ်လေ။ ရရာ အလုပ်ကို ဝင်လုပ်ပြီး မိဘကူဖြစ်ခဲ့ရတယ်။ တစ်နှစ်မှာတော့ လယ်ပိုင်ရှင် ဦးခင်မောင်ဆီမှာ စပါးတင်း ၂၅၀
နဲ့ လယ်အကူအဖြစ် လုပ်ခဲ့တယ်။
ကျွဲတွေနဲ့ပဲ ထွန်ယက် ရတာဆိုတော့ ပင်ပန်းတာတော့ မပြောပါနဲ့။
ဒါပေမဲ့လည်း ဝမ်းရေးအတွက်မို့ ပင်ပန်းတာကိုမေ့ထားရတယ်။
စလုပ်တဲ့နေ့ ညဉ့်မှာပဲ ” ဝုန်း ဝုန်း ဝုန်း” ရေထဲသွားတဲ့အသံတွေ၊
“ဘုတ် ဘုတ် ဘုတ် ” လယ်ကန်သင်းဆည်သံလိုမျိုး အသံတွေ၊
စတဲ့ အသံတွေကြားရတယ်။
ဒါပေမဲ့ လည်း ဘေးချင်းကပ် လယ် က ဦး ဇော် ပဲဖြစ်မှာပါဆိုပြီး
သတိမထားမိဘူး။
နေ့တိုင်း ဖြစ်နေတော့ သတိထားမိလာတာပေါ့။
ဒါပေမဲ့ လည်း ဘာမှ မရှိသလို ဘာမှလည်း မမြင်ရဘူး။
လယ် က ရွာနဲ့ သိပ်တော့ မဝေးပါဘူး။
အဲဒီလိုနဲ့ စပါးမျိုးကြဲမဲ့ နေ့ရောက်တော့ မမျှော်လင့်ပဲ ဒီရေတွေ တဟုန်
ထိုးတတ်ပြီး၊ မိုးလည်း သည်းထန်စွာရွာပါလေရော။
လယ်ကန်သင်းတွေ ကျိုးတော့တာပဲ။
စပါးလဲ မကြဲ လိုက်ရဘူးလေ။
အဲဒီနေ့ နေဝင်လုဆဲ အချိန်မှာဦးခင်မောင် ရောက်လာပြီး
” နီမောင် မနက်ဖြန်စောစောထ၊ ကန်သင်းဆည်ရမယ်၊ ငါရွာထဲကလူ
တစ်ချို့ ခေါ်ခဲ့မယ် ” ဆိုပြီးပြောတယ်။
ဦးခင်မောင် က စကားနည်းတယ်၊ လိုအပ်သလောက်ပဲပြောတာ။
အဲဒီနေ့ ကျုပ် နေ့တိုင်းထက် စော အိပ်ပျော်သွားတယ်။ မိုးလည်းအေး
တော့ တော်တော့ကို အိပ်လို့ကောင်းတာ။
ဘယ်အချိန်ထိ အိပ်ပျော်သွားတယ်မသိ၊ တစ်စုံတစ်ခုက ကျုပ် ခန္ဓာ
ကိုယ် လှုပ်နှိုးလိုက်မှ နိုးလာတာ။
ကျုပ်လည်းလန့်နိုးပြီး အိပ်ချင်မူးတူးကြည့်လိုက်တော့ ဦးခင်မောင်
ဖြစ်နေတယ်။
အချိန်ကို ကြည့်လိုက်တော့ ဝေလီဝေလင်းတောင်ဖြစ်နေပြီ။ ကျုပ်လည်း ကပျာကယာ ထ မျက်နှာသစ်ရတော့တယ်။
မျက်နှာသစ်ပြီးတော့ ” ဦးလေး တခြားသူတွေကော” လို့ ကျုပ်ကမေးတော့ ” လူမရခဲ့ဘူး” ဆိုပြီးခပ်ပြတ်ပြတ်ပဲပြောတယ်သူက။
ကျွန်တော်လည်း ဦးခင်မောင်အကြောင်းသိပြီးသားဆိုတော့ နောက်
တစ်ခွန်းမမေးတော့ပါဘူး။
ပြီးတာနဲ့ ကျုပ်က သံတူရွင်းကို ထမ်းပြီးရှေ့ကသွား ဦးခင်မောင် က
နောက်ကလိုက်။ ကျုပ် လည်း ဦးဇော် တို့ လယ်က လယ်အကူတွေ
နိုးနေပြီလား ကြည့်တော့ တစ်ယောက်မှ နိုးနေတာမတွေ့လို့ အံသြမိ
တယ်။
နေ့တိုင်းဆိုရင် မနက် အလင်းရောင်တောင်မမြင်ရသေးဘူး ဦးဇော် နဲ့ လယ်အကူတွေက အလုပ်စနေပြီ။
နောက်တစ်ခု က ကျုပ် ပဲ ခြေလှမ်းနှေးလို့လား ဦးခင်မောင်ပဲ မြန်လို့
လား မသိ၊ ကျုပ်အနား ဦးခင်မောင် ရောက်ရောက်လာတယ်။
သူ ကျုပ်အနားကပ်လာတိုင်း ဘာမှန်းမသိ ခန္ဓာတစ်ခုလုံးတုန်တုန်သွား
ပြီး ကြက်သီးတွေထလာတာပဲ။ အဲ နေ့ကမိုးလည်း မရွာသလို လေလည်းမတိုက်ပါဘူး။
ဒီရေတောင် နည်းနည်း လျော့နေပြီ။
ဆည်ရမယ့် ကန်သင်းကို ရောက်တော့ ဦးခင်မောင် က ” ငါအရင်တူး
မယ်” တဲ့။
ဒီတော့ ကျုပ်က သူတူးတာကို ကောက်ပြီးဆည်ရတာပေါ့။
သူတူးတဲ့မြေစိုင်ခဲတွေ က ကျုပ်မနိုင်တနိုင် သယ်ရလောက်ထိကိုကြီး
တာ။ အချိန် ခဏလေး အတွင်းမှာပဲ ကျုပ် ခြေပန်းလက်ပန်းဖြစ်သွား
တာ။
ဒီတော့ ” ဦးလေး ကျုပ်မောလှပြီဗျာ ပေး ပေး ကျုပ်တူးမယ် ဦးလေး
ဆည်” လို့ပြောတော့ “အင်း” ဆိုပြီးတစ်ခွန်းပဲပြောတယ်။ကျုပ်က သာမန် အရွယ်စားလောက်ပဲတူးတော့ ” ငယ်တယ်” တဲ့။
ဒီတော့ ကျုပ်လည်း ခပ်ကြီးကြီးတူးပေးရတော့တယ်။
ဒါပေမဲ့ ” ငယ်သေးတယ် ကြီးအုန်း” တဲ့။
ကျုပ်လည်း နည်းနည်း စိတ်တိုချင်လာတာနဲ့ သာမန် လူတွေ မထမ်း
နိုင်တဲ့ အရွယ်အစား တူးပေး လိုက်တယ်။
ဘယ်ပြောကောင်းမလဲ ချောချောချူချူ ပဲ ကောက်ထမ်းပစ်လိုက်တာ။
အဲဒီလို ဆည်ရင်း ကန်သင်း နှစ်ခုသာ ပြီးသွားတယ်၊ အချိန်က ဝေလီ
ဝေလင်း ဖြစ်နေတုန်းပါပဲ။
ကျုပ် လည်း သံသယ ဖြစ်လာတာနဲ့ လူထမ်းဖို့ မဖြစ်နိုင်တဲ့ မြေစိုင်ခဲ
ကြီးတစ်ခုတူး လိုက်တယ်။
ဟာ ဘာမှ မဖြစ်သလိုကို ထမ်းပစ်တာ၊ မောဟိုက်သံတွေလည်း လုံးဝ
ကို မကြားရဘူး။
ကျုပ် တစ်ကိုလုံး ကိုင်လှုပ်လိုက်သလို ဖြစ်သွားပြီး၊ ကိုယ့်မျက်လုံးတောင် ကို မယုံနိုင် ဖြစ်သွားရတယ်။
ကျုပ် အကြိမ်များစွာ စမ်းသတ်ပြီးတဲ့ အခါ ဖြစ်ချင်ရာဖြစ်တော့ လို့
စိတ်ထဲမှတ်ပြီး ဦးခင်မောင် မြေစိုင်ခဲကို ကုန်းပြီးကောက်တုန်း
ယာဘက် လက်ဖျံကို သံတူရွင်းနဲ့ အားကုန် ထိုးစိုက်လိုက်ပြီး ရွာထဲ
တန်းပြေးတော့တာပဲ။
ဦးခင်မောင် ရဲ့ အော်ဟစ်သံက မိုးခြိမ်းသံအလားတောင်မှတ်ရတယ်။
ကျုပ် ရွာဝင်ဝရောက်ပြီးမှ နောက် လှည့်ကြည့်လိုက်တော့
” ဟာ ဗျာ ဦးခင်မောင် က ထန်းပင်တစ်ပင်လောက်ကို အရပ်တွေ
ရှည်နေတာ၊ ပြီးတော့ ခန္ဓာကလည်း လူ လေးငါးယောက်ဖတ်စာလောက်ကို ရှိတာ”
ကျုပ်လည်း ” အမေ့ ” လို့အော်ပြီး အိမ်ကိုတန်းပြေးရတော့တယ်။
အကြောက်လွန်လို့ ပြေးသွားလိုက်တာ ခြံစည်းရိုးတွေကိုတောင်ဘယ်လို ခုန်ကျော်သွားတယ် မသိ၊ ခဏ လေး နဲ့ အိမ်ကို ရောက်သွားရော။
အိမ်ရောက်တော့ မှောင်နေတုန်းပါပဲ။
ကျုပ် က အိမ်မရောက်မီကတည်းက ” အမေ ၊ အဖေ သားကိုကယ်ပါအုန်း” အသံကုန် ဟစ်လာတော့ အဖေနဲ့ အမေ က နိုးလာပြီး ဖန်မီးအိမ်ကလေးကို မီးညှိလိုက်ကြတယ်။
ကျုပ် အဖေနဲ့ အမေ ကြားကို ပြေးဝင်ပြီး၊ အမေ့ကို ဖက်ထားလိုက်တယ်။ အဖေနဲ့ အမေ က စိုးရိမ်တကြီးမေးခွန်းတွေမေးနေပေမဲ့
ကျုပ်ချက်ချင်းမဖြေနိုင်။
ရေသောက်ပြီး ခဏကြာ အနားယူပြီး မှ စကားကောင်းကောင်း ပြောနိုင်တာ။
ဒီတော့ မှ အချိန်ကို ကြည့်လိုက်တော့ ညဉ့် ၃ နာရီပဲရှိသေးတယ်ဗျ။
ပြီးမှ ပဲ ခြံစည်းရိုးတွေမှာ ထိုးမိခြစ်မိတဲ့ ဒဏ်ရာတွေ က နာလာတယ်။
အဖေနဲ့ အမေ ကို အဖြစ်အပျက် ကုန်စင်ပြောပြလိုက်တော့
နှစ်ယောက်လုံး အထိတ် တလန့်ဖြစ်သွားပြီး မနက်ရောက်တာနဲ့
ဦးခင်မောင် ကို အသိပေးကာ အလုပ်ထွက်ဖို့ပြောတော့တာပဲ။
@@@@@@@@@@@@@@@@@@
မနက်လင်းအားကြီးတော့မှ အဖေရယ်၊ အမေရယ်၊ ပွန်းပဲ့ရာ တွေနဲ့
ကျုပ်ရယ် ဦးခင်မောင် တို့ အိမ်ဆီ ဦးတည် ခဲ့ကြတယ်။
ကျွန်တော် တို့ ရောက်တော့ ဦးခင်မောင် မိန်းမက
” နီမောင် ရေ နင့် ဦးလေး မနေ့ က လယ်ထဲက ပြန်ရောက်ကတည်း
က နေမကောင်းဖြစ်နေတာ အအေးပက်သွားတယ်ထင်တယ်” ဆိုပြီး
ဆီးပြောတယ်။
ဆိုရင် ပဲ အိမ်ရှေ့ကွပ်ပျစ်မှာထိုင်ပြီး ကောက်ညှင်းစားနေတဲ့ ဦးခင်မောင် ရဲ့ သမီးကြီး ခင်ခင်မေ က ရုတ်တရက် ထပြီး စားနေတဲ့ ကောက်ညှင်းပန်းကန်ကို လွှင့်ပစ်ကာ ထဘီ ကို လယ်သမားတွေပုဆိုး
ဝတ်သလို ဒူးပေါ်သည်အထိ ပင့်ကာ ယောကျာ်းများ ဝတ်သလို ဝတ်
လိုက်ပြီး၊
” လာခဲ့ စမ်း ငါ့ကို စမ်းချင်တဲ့ အကောင် နင်လာခဲ့ စမ်း ဒီနေ့ နင့်
နင် ငါ့အကြောင်းကို သိစေရမယ် ” လို့ ယောကျာ်းသံကြီးနဲ့ ကြိမ်း
တော့တာပဲ။
ဦးခင်မောင်ရဲ့ ဇနီး ဒေါ်လုံးမေ က ” ဟဲ့ ခင်ခင်မေ ဒါက ဘယ်လို
အပြု အမူလည်း ခုချက်ချင်းပြန်ထိုင်စမ်း ထဘီကို ခုချက်ချင်း ပြန်
ဝတ်စမ်း” ဆိုတော့
ခင်ခင်မေ က ” ဟဲ့ ကောင်မ နင်ကော ဒီအကောင်နဲ့ အတူတူသေချင်
နေပြီလား ငါနင့်သမီးမဟုတ်ဘူး ဟဲ့ ” တဲ့။
ဒေါ်လုံးမေ လည်း စိတ်ဆိုးပြီး ” ခင်ခင်မေ နင် နင် မိုက်ရိုင်းလှချေလား အခု ပြန်ထိုင်စမ်း ငါပြောနေတယ် ကြားလား ခင်ခင်မေ အခု
ပြန်ထိုင်နေစမ်း” ဆိုပြီး ပြောတော့
” ကောင်မ နင် ပြောလေ ကဲလေ ပါလား ငါက နင့်သမီး မဟုတ်ဘူး
ဟဲ့ ငါက နင့်သမီး မဟုတ်ဘူး ငါက ခုနင်တို့ ပိုင်တဲ့ လယ်ကိုဟိုးတုန်း
က ပိုင်ခဲ့တဲ့ လယ်ပိုင်ရှင် ဦးဘစိန် ဟဲ့ နင် တို့ လူမဖြစ်ကတည်းက ငါ
ရှိနေတာ နင်သိလား” တဲ့။
ခင်ခင်မေ ရဲ့ စကားအဆုံးမှာ ကျုပ်အပါအဝင် အားလုံးပါးစပ် အဟောင်းသားဖြစ်ရကုန်တယ်။
အသံတွေကြားလို့ထင်တယ် ဦးခင်မောင် စောတထည် ခြုံပြီး ဆင်းလာ
တယ်။
ဦးခင်မောင် ကို မြင်လည်းမြင်ရော ခင်ခင်မေ က ခုန်ဝင်လာပြီး
ဦးခင်မောင် ကို လည်ပင်းညှစ်တော့တာပဲ။
နေမကောင်း ဖြစ်နေတာဆိုတော့ ဦးခင်မောင်ခမျာ မျောမျောလဲ ဖြစ်နေတယ်။ ကျန်တဲ့ သူတွေ ဝိုင်း ဆွဲမှ လွှတ်လိုက်တာ။
ခင်ခင်မေ က နီတောက်တောက်မျက်လုံးတွေနဲ့ ” နင် တို့ နင် တုိ့
အကုန်လုံး ကိုယသတ်ပစ်မယ် ဘာမှတ်နေလဲ ငါ့လယ်ထဲလာပြီး
မလေးမစား ငါ့ကို ” တဲ့။
အကုန်လုံးလည်းကြောက်နေကြပြီ မို့ တောင်းပန်ရတော့တာပေါ့။
ဒီမှာ လယ်ပိုင်ရှင်ဟောင်း ဦးဘစိန် က ခွင့်မလွှတ်ဘူး သတ်ရမှ
ခွင့်လွှတ်မယ် ငါ့ လက်ဖျံရိုး ကျိုးသွားပြီ သတ်မယ် သတ်မယ် ပြော
နေတာနဲ့ ဦးခင်မောင် က ဝင်ပြီးတောင်းပန် တယ်။
အပြစ်အား လုံး ခွင့်လွှတ်ပေးဖို့ နဲ့ လယ်ပိုင်ရှင်ကြီး ကျေနပ်အောင် ဘာလုပ်ပေးရမလဲ ဆိုပြီးမေးတယ်။
ဒီမှာ ကျုပ်တစ်ခု သိလိုက်ရတာက သူများတွေတင်း ၁၅၀သာ ပေးပေမယ့် ဦးခင်မောင် က ၂၅၀ ပေးပါလျှက် ဘာလို့ ဦးခင်မောင် ဆီမှာ
လယ်အကူ မရှိ တာလဲ ဆိုတာကိုပေါ့။
သူက ဟိုး အရင်ကတည်းက သိနေတာဗျ။
******************************
ဦးခင်မောင် အတော်လေး တောင်းပန်လိုက်တဲ့ အခါ လယ်ပိုင်ရှင်
သရဲကြီး စိတ်ပျော့သွားတယ် ထင်တယ်။
ကြောချမ်းစရာကောင်းတဲ့ အသံဆိုးကြီးနဲ့ ငိုပါလေရော။
ကွပ်ပျစ်ပေါ်မှာ ဒူးတုပ်ထိုင်ပြီး ကို အားပါးတရ ငိုနေတာဗျ။
ကျုပ်တို့ လည်း နားမလည်ဖြစ်ကာ တစ်ယောက်မျက်နှာ တစ်ယောက်
ကြည့်မိကြတယ်။
ဦးခင်မောင် ကတော့ ချော့ပြီး ညင်ညင်သာသာမေးတယ်ဗျ။
ဒီတော့မှ သိလိုက်ရတာက
” လယ်ပိုင်ရှင်သရဲဟာ အကူအညီ လိုအပ်နေတဲ့ သနားစရာ ဒုက္ခိတ
သတ္တဝါ” မှန်းသိလိုက်ရတယ်။
သူပြေတဲ့ အတိုင်း သူ့ဇာတ်ကြောင်းကို အကျဉ်းချုပ်ပြန် လှန်ရသော်…
***********************************
တကယ်တော့ ခု ဦးခင်မောင် ပိုင်တဲ့ လယ်တွေဟာ ဦးဘစိန်ရဲ့ အဖိုး
ပိုင် ခဲ့တာတဲ့။ သူ့ အဖိုးဆီက သူ့အဖေ ဆီရောက်၊ ပြီးမှ သူ့ဆီရောက်
လာတဲ့ သားစဉ်မြေးဆက် အမွေပါတဲ့။
ဦးဘစိန် က သူ့လက်ထဲရောက်လာတော့ ကန်သင်းဆည်တိုင်း
တစ်ဖက်လယ်ပိုင်ရှင် ယခုဦးဇော် ရဲ့ အဖိုး ရဲ့ အဖိုး ပိုင်တဲ့ လယ်သို့
အနည်းငယ် တိုးတိုးပြီး ဆည်ခဲ့သတဲ့။
ပြောရရင် မြေ ခိုးတယ်ပေါ့ဗျာ။
တဖက်လယ် ပိုင်ရှင် ကလည်း ဒါကို ရိပ်မိလာတော့ ပြဿနာ အကြီး
အကျယ်ဖြစ်တော့တာပဲတဲ့။
ဒုတ်ဆွဲ ဓားဆွဲတောင် ဖြစ်ခဲ့ကြတယ် ဆိုပဲဗျ။
တစ်နေ့ ဦးဘစိန် ကန်သင်းဆည်ဖို့ မနက် အစောကြီးသွားတုန်း သူပိုင်တဲ့ လယ်အရောက်မှာဓားထိုးခံလိုက်ရတယ်တဲ့။
ထိုတာမှ အချက်ပေါင်းများစွာအထိုးခံရတာ အဲဒီနေရာမှာပဲ သေသွား
ရတာတဲ့။
သူသေတာနဲ့ လယ်ထဲ တန်းပြီး သရဲဖြစ်တော့တာပဲတဲ့။
အဲဒီလယ် ထဲက ထွက်လို့မရပဲ အချိန်ရှိတိုင်း ကန်သင်းဆည်နေရတယ်တဲ့။ သူ့မိသားစုတွေ အမျှဝေတဲ့ အခါရော သူ့အတွက်ရည်စူးပြီး
ကုသိုလ်လုပ်တဲ့ အခါရော သာဓု မခေါ်နိုင်ရှာဘူးတဲ့။
သူပြောတာက လူတွေ အမျှဝေသံကို မကြားရပဲ သူ့နားထဲ မိုးခြိမ်းသံ
တွေပဲကြားရတယ်တဲ့။
သူ့ကို သတ်ခဲ့တဲ့ တရားခံကို လည်း ရှာမတွေ့ဘူးဆိုပဲဗျ။
ခေတ်ကာလကလည်း ကောင်းတာမဟုတ်တော့ ဘယ်သူမှ ဂရုမထား
ကြတာနေမှာပေါ့ဗျ။
သူ့မိသားစု ဝင်တွေလည်း လယ်တွေ ကို ယခု ဦးခင်မောင် ရဲ့ အဖိုးကို
ရောင်းပြီး ပြောင်းရွှေ့သွားကြတယ်တဲ့။
(ဦးခင်မောင် ရဲ့ အဖိုး ပြီးမှ သူ့အဖေ ပြီးမှ သူ့ဆီ( ဦးခင်မောင်ဆီ)
ရောက်လာတဲ့ အမွေပေါ့ဗျာ။)
လယ်ပိုင်ရှင်သရဲက ပြောသေးတယ် သူဒီနေ့ လယ်ထဲ က နှစ်ပေါင်းများစွာကြာမှ ပထမအကြိမ် ထွက်လို့ရတာတဲ့၊ သူက ကျွတ်လွတ်ချိန်၊
ထိုက်တန်ရာ ဘုံဋ္ဌာနသို့ သွားချိန်တန်ပြီထင်တယ် တဲ့။
ပြီးတော့ သူသေတဲ့နေ့ကတည်းက လယ်ကန်သင်းဆည်လာရတာ
တစ်ခါမှ မရပ်တန့်ရဘူးတဲ့။ ရပ်မယ်ကြံတိုင်း တင်းပုတ်ကြီး ထမ်းပြီး
သဘက်ကြီး လေးကောင်က ရုတ်တရက်ရောက်လာပြီး သူ့ကို ထုတော့တာပဲတဲ့။
ရပ်မယ်ကြံတိုင်း အဲဒီလို အမြဲနှိပ်စက်ခံရတယ်တဲ့။
ဒီတော့သူ့ကို ကူညီချင်ရင်၊ ခွင့်လွှတ်စေချင်ရင် သူခိုးယူခဲ့မိတဲ့ မြေတွေ
ကို ပြန်ပေးတဲ့ အနေနဲ့ လယ်ကန်သင်းတိုင်းကို ဦးခင်မောင် ရဲ့ လယ်ထဲသို့ တစ်တောင့် တစ်ထွာစီ ဆုတ်ပြီး ဆည်ပါတဲ့။
ပြီးတော့ သူ့ကို အမျှဝေပေးပါ မျက်မှောက် အကျိုးအနေနဲ့ နှစ်တိုင်းထက်ပိုပြီး စပါးအထွက် ၂ ဆ တတ်လိမ့်မယ်တဲ့။
******************************
သူပြောချင်တာလေးတွေပြောပြီးတဲ့ အခါ ခင်ခင်မေ လည်း မေ့လဲသွားပါတော့တယ်။
*******************************
အချိန်က ရှိသေးတော့ ချက်ချင်း စီမံ ရတော့တာပေါ့။
ရပ်ရွာ လူကြီးတွေကို အကျိုးအကြောင်းပြောပြပြီး။ ရွာထဲက လူတစ်ချို့အကူအညီနဲ့ ကန်သင်းတွေကို ဖျတ်ပြီး ဦးခင်မောင်ရဲ့ လယ်ထဲသို့
တစ်တောင့်တစ်ထွာ စီ ဆုတ်ကာ ပြန်ဆည်ရတယ်။
ဆရာတော် ဘုရား နဲ့ သံဃာတော် ၈ ပါး ကို အသေအချာ ပြင်ဆင်
ထားတဲ့ လယ်တဲ သို့ ပင့်ကာ လယ်ပိုင်ရှင်သရဲကြီး ဦးဘစိန် ကိုရည်စူးကာ ကုသိုလ်ပြု အမျှပေးဝေရတော့တာပေါ့။
ဆရာတော်ဘုရားကို အကျိုးအကြောင်း အားလုံးကိုပြောပြထားတော့
အမျှ မပေးဝေမီ ဆရာတော်ဘုရားက လယ်ပိုင်ရှင်သရဲ ဦးဘစိန် ကို
သာဓု အသေအချာခေါ်ဖို့ သုံးကြိမ် သုံးခါ မိန့်တော်မူတယ်။
ပြီးမှ အမျှ ပေးဝေတာ။
အဲဒီ နေ့ကစပြီး လယ်ပိုင်ရှင်သရဲ ဦးဘစိန် ရဲ့ အရိပ်အရောင်ကို လုံး
ဝ မတွေ့ရတော့ သလို အသံဗလံ တွေလည်းမကြားရတော့ပါ။
ကျုပ်လည်း အလုပ်မထွက်ဖြစ်တော့ဘူး။
အဲဒီနှစ်က တကယ့်ကို အောင်မြင်တာဗျို့။
ဦးခင်မောင် က ကျုပ်ကို စပါး တင်း ၅၀၀ တိတိပေးတာဗျ။
လယ်ပိုင်ရှင် သရဲကြီး ဦးဘစိန် ရဲ့ ကောင်းမှု့ပေါ့ဗျာ
@@@@@@@@@@@@@@@@@@@@@@@
ပြီးပါပြီ။
**********************************
အမှားပါလျှင် ငယ်သူမို့ သနားသောအားဖြင့် နားလည် ခွင့်လွှတ်ပေး
ကြပါရန်။
***************************************
ရွှင်လန်းချမ်းမြေ့ကြပါစေ။
————————————–
လေးစားစွာဖြင့် = wizard