Unicode Version
လူခြောက်မောင်ကျော်ရှိန်(စ/ဆုံး)
————————————–
“ဟာ…ကုန်ပါပြီ…ကုန်ပါပြီ …
ငါ့အတွင်းပစ္စည်းတွေမရှိတော့ဘူး။အီးးး….ဟီးးး…ဟီးးး….
ငါ့ပစ္စည်းတွေဘယ်ကောင်ယူတာလဲကွ…
အီး…ဟီးးး…ဟီးးး”
သူဌေးလေး… မောင်မျိုးမြတ် တစ်ယောက်ငိုကျွေးနေရှာသည်။
သူ၏ နံဘေး၌ အားကိုးရသော
တပည့်များသည်လည်းလက်မှိုင်ချကာ
ထိုင်နေကြရှာသည်။
မြို့ပေါ်၌ကား ပစ္စည်းများပျောက်ဆုံးနေသည်မှာ မထူးဆန်းတော့ပေ။
ယခု သူဌေးလေး မောင်မျိုးမြတ်၏အလှည့်သို့ကျရောက်လာခဲ့၏။
ထိုကဲ့သို့သော အဖြစ်အပျက်များကြောင့် မြို့ရှိအရေးပိုင်မင်းများ ၊အရာရှိများ ခေါင်းကျိန်းနေခဲ့ကြရ၏။
ခိုးမှုသည်ကထူးဆန်းစွာ
လက်ရာမပေါ်…သူခိုးမမိ ဖြစ်လို့နေလေသည်။
သူခိုးကိုမမိ၍ သူဌေးသူကြွယ်များသည်လည်း
မိမိတို့ပစ္စည်းများ သူခိုး၏ခိုးယူခြင်းကြောင့် ပျောက်ဆုံးသွားလေမလားဟု
စိုးရိမ်စိတ်များဝင်နေကြရှာသည်။
***
ထိုမြို့၏ ဆင်းရဲသားရပ်ကွက်လေးတွင်တော့ ဦးမြဖေ ဒေါ်ကြွယ် ဟုသော ဆင်းရဲသားလင်မယားရှိ၏။
ထိုသူတို့ လင်မယား၌ကား ဆယ့်ငါးနှစ်အရွယ်သားတစ်ယောက်နှင့် ဆယ်နှစ်ကျော်အရွယ် သားတစ်ယောက်တို့ရှိလေသည်။
ဆယ့်ငါးနှစ်အရွယ်သား၏အမည်သည်ကား မောင်ကျော်မြဖြစ်ပြီး ဆယ်နှစ်အရွယ်သားအမည်ကား မောင်ကျော်ရှိန်ဖြစ်၏။
ကျော်မြသည်ကားမထူးခြားသော်လည်း ကျော်ရှိန်သည်ကားထူးခြား၏။
ထူးခြားရခြင်းကား ကျော်ရှိန်သည် အများသူငှာကလေးများနှင့်မတူညီခြင်းကြောင့်ဖြစ်၏။
အကြောင်းမှာကား မောင်ကျော်ရှိန်သည်
မွေးဖွားလာကတည်းက လူခြောက်လေးအဖြစ်သာ မွေးဖွားလာခဲ့ခြင်းဖြစ်၏။
ပတ်ဝန်းကျင်ရှိလူများပြောသည်က ဦးမြဖေတို့လင်မယားချမ်းသာမည်ဟုဆိုကြသော်လည်း ဆယ်နှစ်မတိုင်ခင်ထိမထူးခြားပေ။
သို့သော် ဆယ်နှစ်ကျော်လာသည့်အချိန်၌ကား…
“ကိုမြဖေ…ကျုပ်တော့ ဘာလုပ်ရမယ်မသိတော့ဘူး…”
ဒေါ်ကြွယ်၏စကားကြောင့် ဦးမြဖေက…
“ဘာကိုလဲကွ…မင်းစကားကအဆုံးမရှိအစမရှိနဲ့”
ဦးမြဖေက ပြန်မေးလိုက်လေတော့ ဒေါ်ကြွယ်ကစိတ်မရှည်ဟန်ဖြင့်…
“ရှင်ကလည်း…အခုဆို ရှင့်သား ခိုးလာတာတွေကအတော်များနေပြီ…။အရေးပိုင်တွေ ကလည်း သူခိုးကိုဖမ်းမိဖို့ကြိုးစားနေကြတယ်လေ…
ကျုပ်တော့အဲ့သတင်းတွေကြားရရင် ရင်တွေတုန်ပြီး သေချင်စိတ်တောင်ပေါက်တယ်တော်…။
ကျုပ်တို့ကိုဘယ်တော့များ
လာဖမ်းကြမလဲလို့ စိတ်ထဲတွေးပူနေရတာတော်ရေ”
“ဟာ…ဒီမိန်းမကတော့… တိုးတိုးပြောစမ်းပါကွာ…။ငါလည်းစဉ်းစားနေပါတယ်…ဒီနေရာကနေချက်ချင်းကြီးပြောင်းသွားရင်တို့အတွက်ပိုပြီးအခက်တွေ့ကုန်မှာဟ…”
“အင်းလေ…ဒါဆိုကျုပ်တို့ဘယ်လိုလုပ်ကြမလဲ”
ဦးမွဖကေစဥျးစားနေ၏။
သားဖြစ်သူကျော်ရှိန် တစ်လလျှင်တစ်ခါ ခိုးယူလာပေးသော ပစ္စည်းများဟာဖြင့်
ယခုဆို သူတို့လက်ထဲ၌ မနည်းပေ။
အစပိုင်းမှာတော့ တားဆီးခဲ့ကြသော်လည်း
နောက်ပိုင်းတွင် သူတို့၏ဆင်းရဲခြင်းမှ ရုန်းထွက်ချင်လာကြ၍မတားဆီးမိကြတော့။
သို့သော် ဖမ်းဆီးခံရမည်ဆိုးသောကြောင့် အနည်းငယ်ကိုသာ ထုတ်ယူသုံးစွဲနေကြရ၏။
“ငါသိပြီ…။ငါ့သူငယ်ချင်းရွာကို သွားကြမယ်…။အဲ့သည်ရောက်မှအခြေအနေကို ဆက်ပြီးစဉ်းစားကြတာပေါ့”
“အင်းပါတော်…အဲ့သည်နည်းက ကျုပ်တို့ အတွက်အဆင်ပြေမှာပါနော်…”
“စိတ်ချစမ်းပါကွာ…ငါတစ်ယောက်လုံးရှိပါတယ်…
ဘာကိုမှမပူနဲ့ ဟုတ်ပြီလား”
“မပူတော့ဘူးတော်…ရှင့်ကိုပဲအားကိုးလိုက်တော့မယ် ကိုမြဖေရေ…”
“အေးပါကွာ…ဟားး…ဟားး..ဟားး….”
ထိုသို့ဖြင့် ဦးမြဖေတို့မိသားစုသည် သူငယ်ချင်းဖြစ်သူရှိရာရွာဆီသို့ပြောင်းရွေ့လာခဲ့ကြ၏။
ပတ်ဝန်းကျင်ကိုတော့ လုပ်ကိုင်စားရသည်မှာအဆင်မပြေတော့၍
ပြောင်းရွေ့ရခြင်းဟူ၍သာ ပြောဆိုခဲ့ကြ၏။
***
ထိုရွာရှိသူငယ်ချင်း၏အကူအညီဖြင့် အိမ်ဝိုင်းကျယ်ကြီးတစ်ခုဝယ်ယူကာ ပျဉ်ထောင်နှစ်ထပ်အိမ်ကြီးအား ဆောက်လုပ်ပြီး နေထိုင်ခဲ့ကြလေသည်။
ထိုကုန်ကျငွေများသည် သားဖြစ်သူ မောင်ကျော်ရှိန်၏ ခိုးယူပေးသော ပစ္စည်းများအားရောင်းချရာမှ ရရှိခြင်းဖြစ်၏။
ထိုပစ္စည်းများကြောင့် ဦးမြဖေတို့မိသားစုဟာ
ရွာ၌သူဌေး စာရင်းပင်ဝင်ကြလေသည်။
***
တစ်နေ့သ၌…
“တောက်…ငါ့ပစ္စည်းတွေ
ဘယ်လိုဖြစ်ပြီး ပျောက်ရတာလဲ…။
ငပု မင်းကဘယ်ရောက်နေလို့ သူခိုးဝင်ခိုးသွားတာကိုမသိရတာလဲ”
“သူဌေး…သူဌေး… ကျုပ်ဘယ်မှမသွားပါဘူးဗျာ…
ကျုပ် ခြံထဲမှာပဲ အိမ်စောင့်ရင်းအိပ်တာပါ”
“ဟ..မင်းရှိရဲ့သားနဲ့
သူခိုးက ဘယ်လိုဝင်သွားတာလဲ။ငါ့ပစ္စည်းတွေက ငါပင်ပင်ပန်းပန်းရှာဖွေထားတာတွေကွ…တောက်”
“ကျုပ်…ညကဘာသံမှမကြားလိုက်မိတာပါ သူဌေးရယ်…ကျုပ်ပေါ့ဆမိတာပါ…
ကျုပ်တောင်းပန်ပါတယ်ဗျာ”
“တောက်…လုပ်ရင်လည်းသေဦးမယ်…။မင်းငါ့အိမ်ကလူရင်းမို့လို့ ငါယုံကြည်လို့အိမ်စောင့်ထားခဲ့တာကိုကွာ…။
နေဦး… ဒီကိစ္စ ရွာသူကြီးဦးနောင်ချိုကိုသွားပြောမှပဲရမယ်…
ဒါမှ သူခိုးမိမှာ…”
သူဌေးဦးဝင်းမောင်ရွာသူကြီးထံ
အကျိုးအကြောင်းပြေးပြောရ၏။
သူကြီးကိုအကြောင်းစုံပြောပြပြီးလေတော့သူကြီးက…
“ဟာ…ကျုပ်တို့သောင်ထွန်းရွာမှာ…
သူခိုးရယ်လို့မရှိပါဘူးဗျာ…။
အားလုံးစည်းစည်းလုံးလုံးနေနေတဲ့ရွာက…
အခုမှဘယ်ကသူခိုးကပေါ်လာရတာတုန်းဗျာ”
“ဟုတ်တယ်သူကြီးရေ…ကျုပ်လည်းအဲ့တာကိုပဲ အံ့သြနေတာဗျို့…။
အခုတော့ အံ့သြဖို့အစား
ကျုပ်ပစ္စည်းတွေပါကုန်တော့ ကျုပ်တော့ ဒေါသထွက်ရမလိုလို…ထိုင်ပြီးပဲငိုရမလိုလိုဖြစ်နေပါပြီဗျာ”
“စိတ်ချဗျာ…ကျုပ်ရွာကကာလသားတွေနဲ့ သေချာစောင့်ကြည့်ပါ့မယ်…။ဒီသူခိုးက တစ်ခါခိုးယုံနဲ့တော့
နောက်ကိုထပ်မခိုးတော့ဘူးလို့တော့မပြောနိုင်ဘူးဗျ။
နောက်ခိုးတာနဲ့ကျုပ်တို့အမိဖမ်းနိုင်အောင်
ပြင်ဆင်ထားပါ့မယ်…”
“ဟုတ်ကဲ့ပါသူကြီး…ဒီကောင်ကပေါ့လို့တော့မဖြစ်ဘူးနော်။ကျုပ်တပည့် ငပုလိုနားပါးပြီး
အအိပ်ဆတ်တဲ့ကောင်တောင်
မသိလိုက်အောင်အလှစ်ဝင်ခိုးတာဆိုတော့
အတော်လျင်တာပဲဗျ”
“အင်းဗျာ…ခက်တော့ခက်သားပါလား…”
ထိုသို့ဖြင့် သူကြီးဦးနောင်ချိုဟာ ရွာကာလသားခေါင်းဆောင် မောင်အုန်းတို့အဖွဲ့နှင့်တိုင်ပင်ကာ သူခိုးဖမ်ဖို့ကိစ္စစတင်ကြလေသည်။
***
ဘွားမယ်စိန် ဘုန်းကြီးကျောင်းမှာပြန်လာခဲ့လေသည်။ပြန်လာရာလမ်း၌ ညောင်ပင်အကြီးကြီးတစ်ပင်ရှိလေသည်။
ထိုအပင်ကြီးအောက်၌ လမ်းသွားလမ်းလာများထိုင်ဖို့ရန် ခုံတန်းရှည်ကြီးတစ်ခုကို အလှူရှင်များကလှူဒါန်းလို့ထား၏။
ဘွားမယ်စိန်ထိုညောင်ပင်အနီးသို့ရောက်တော့ ခုံတန်းပေါ်သို့ ခုန်တက်လိုက်…
အောက်သို့ ခုန်ချလိုက်ဆော့ကစားနေသော အဝတ်အစားသပ်သပ်ရပ်ရပ်ဖြင့်ကလေးငယ်တစ်ဦးအားတွေ့လေတော့…
“ဟဲ့…ငါ့မြေး ပြုတ်ကျမှ ခက်ကုန်တော့မယ်ကွယ်…”
ဟု…
သတိပေးစကားဆိုလေတော့…။
ကလေးငယ်က ဘွားမယ်စိန်အား တအံ့တသြ ကြည့်၏။
ပြီးလေတော့ ခုံတန်းပေါ်မှဆင်းကာ ဘွားမယ်စိန်အား တစ်ချက်မျှစိုက်ကြည့်ပြီးနောက် ချာကနဲလှည့်ထွက်ပြေးတော့လေသည်။
ဘွားမယ်စိန်ကတော့ ကလေးငယ်၏ ပြောင်းလဲသွားသောအဖြစ်ကြောင့် ရပ်ကြည့်နေခဲ့လေသည်။
ပြီးနောက် …
“အင်း….။ဘယ်လိုဖြစ်ရတာပါလိမ့်….နေစမ်းပါဦး…
တစ်ခုခုငါ့စိတ်ထဲအလိုမကျလှပါ့လား…”
ဟု…ဆိုကာ သူ၏မျက်လုံးများအားမှိတ်လိုက်လေသည်။
ခဏကြာလေတော့ ဘွားမယ်စိန်မျက်လုံးများပြန်ဖွင့်လာပြီး…
“သြော်…တို့ရွာမှာ သားခြောက်ရှိတာမသိလိုက်ပါလား…။အင်း…စောရနက္ခတ်ပါတဲ့ကလေးဆိုတော့ မိဘများလည်း
အခက်တော့ကြုံရဦးမှာပဲ…ဘုရား…ဘုရား…ဘုရား”
ဘွားမယ်စိန်သိရှိသွားသော အမှန်တရားကြောင့် စိတ်ပူသွားရှာသည်။
ပြီးလေတော့ မိမိအိမ်ဆီကိုသာ ပြန်လာခဲ့ရှာတော့၏။
အမှန်မှာ ဦးမြဖေတို့ပြောင်းလာသည့်ရွာသည်ကား “သောင်ထွန်းရွာ”ပင်ဖြစ်၏။
ဦးမြဖေသား မောင်ကျော်ရှိန်ဟာ သူ့အား ဘွားမယ်စိန်ကမြင်သွား၍ ကြောက်လန့်တကြားဖြင့် အိမ်ပြန်ပြေးလေသည်။
“မင်း သားကွာ…ထပ်မခိုးပါနဲ့တော့ပြောတာကို…။အခုကြည့်စမ်း အခြေ ချတာမှမကြာသေးဘူး…ထပ်ဖြစ်ပြန်ပြီ”
ဦးမြဖေ သားဖြစ်သူအားဒေါသထွက်နေမိ၏။
“ကျုပ်လည်းပြောပါတယ်တော်…အမေတို့မှာပြည့်စုံနေပါပြီ ထပ်မယူလာပါနဲ့တော့လို့ကျုပ်ကပြောတာကို
ရှင့်သားကဘာပြန်ပြောတယ်ထင်တုန်း”
“ဘာပြောတုန်းသူက”
“အင်း….။ကျုပ်ကမခိုးရရင် မနေနိုင်ဘူးအမေတဲ့တော်ရေ…”
“ဟာကွာ…ဒုက္ခပါပဲကွာ…။
သားလူခြောက်ရှိတာ
ဒီရွာကလူတွေ
ဘယ်သူမှ မသိပေလို့တော်တော့တယ်ဟေ့…။မဟုတ်ရင်တို့အတွက်အခက်တွေ့မှာပဲ”
“ဟုတ်ပါ့ ကိုမြဖေရေ…
ကျုပ်တော့ ချမ်းသာရမှာကိုတောင်ကြောက်လာပြီတော်”
ဟု…လင်မယားနှစ်ယောက် စိတ်ပျက်လက်ပျက်ဖြစ်နေကြရှာ၏။
ဦးမြဖေတို့လင်မယားသည်က မောင်ကျော်ရှိန်လေးအား အခန်းတစ်ခုအတွင်းထားရှိလေသည်။
ထိုအခန်းအတွင်းသို့ ဦးမြဖေတို့လင်မယားမှလွဲ၍ သားအကြီးဖြစ်သူ မောင်ကျော်မြပင်မဝင်ရပေ။
ထို့ကြောင့် မောင်ကျော်မြသည် ညီဖြစ်သူရှိသည်ဟုပင် စိတ်ထဲမရှိ။
ကစားစရာကစား၍အေးအေးလူလူသာနေရှာ၏။
မောင်ကျော်ရှိန်၏အခန်းအတွင်းမှာတော့ ကုတင်တစ်ခု…
ထိုကုတင်ထက်၌ မောင်ကျော်ရှိန်အား ထားရှိလေသည်။
မောင်ကျော်ရှိန်၏ဘေးတွင်တော့ အဝတ်အစားများအား ဖြန့်၍ထားပေး၏။
ထိုအဝတ်အစားများကိုလည်း ဦးမြဖေတို့လင်မယားက
နေ့စဉ်လဲလှယ်ထားပေးတတ်ကြသည်။
ကုတင်၏ဘေးတွင်တော့ ခြေတံရှည်စားပွဲတစ်လုံးရှိ၏။
ထိုစားပွဲပေါ်၌ မောင်ကျော်ရှိန်စားဖို့ ထမင်းဟင်းများ…သစ်သီးများအား ပန်းကန်များဖြင့် ပြင်ဆင်ကာအချိန်အလိုက်လာတင်ပေးထားကြပြန်သည်။
ထိုသည်က ယခုရွာ၌ စတင်နေထိုင်ကတည်းကပင် ပြင်ဆင်ပေးကြခြင်းဖြစ်လေသည်။
မိဘများသည်ကမောင်ကျော်ရှိန်အားမြင်တွေ့ကြရ၏။
မြင်တွေ့ရခြင်းသည်က ဦးမြဖေ၏အိမ်မက်အတွင်းလာရောက်
စကားပြောတတ်သကဲ့သို့ တစ်ခါတစ်ရံ မိခင်ဖြစ်သူ ဒေါ်ကြွယ်၏အိမ်မက်ထဲသို့လာရောက်တတ်လေသည်။
ပစ္စည်းများမခိုးယူတော့ရန်မိဘများကတားဆီးကြ
သော်လည်း မောင်ကျော်ရှိန်ကပြောမရခဲ့။
ခိုးမြဲတိုင်းခိုး၍ သူ၏ထမင်းစား စားပွဲထက်၌ တင်ထားပေးတတ်လေသည်။
ထိုသို့ ထိန်းမရသောအခြေအနေ၌ ဦးမြဖေတို့လင်မယား စိတ်ဆင်းရဲနေခဲ့ကြရ၏။
****
တစ်နေ့မှာတော့…
ဦးမြဖေတို့၏
အိမ်ဆီသို့
အဘွားအိုတစ်ဦး
တောင်ဝှေးတစ်လက်ကိုထောက်ရင်း
ရောက်ရှိလာခဲ့လေသည်။
ထိုသူသည်က ဘွားမယ်စိန်ဖြစ်၏။
“အိမ်ရှင်တို့…အိမ်ရှင်တို့ရှိကြလား…..”
ဘွားမယ်စိန်လှမ်းအသံပြုလိုက်သည်။
ဘွားမယ်စိန်အသံကြောင့်အိမ်အတွင်းမှ ဒေါ်ကြွယ်ထွက်လာခဲ့ပြီး…
“ဘာကိစ္စရှိလို့လဲရှင့်…”
ဒေါ်ကြွယ်ကမေးလေတော့…
“ဘွားနာမည်က ဘွားမယ်စိန်ပါ…ဒီရွာက ပါပဲ”
“ရှင်…ဘွားမယ်စိန်….သြော်…ဘွား…ဝင်ပါ့ရှင် ဝင်ပါ”
ဒေါ်ကြွယ် ဘွားမယ်စိန်ဆိုသည့်နာမည်အားကြားဖူး၏။
သို့သော်လူကိုတော့ယခုမှမြင်ဖူးလေသည်။
ဘွားမယ်စိန် အိမ်အတွင်းဝင်လာခဲ့သည်။
အိမ်အတွင်းအသားခုံတန်းရှည်ပေါ်၌ ကောင်လေး
တစ်ယောက်ထိုင်နေ၏။
ထို့နေရာနှင့်မလှမ်းမကမ်းတွင်လည်း ထိုင်နေသောကောင်လေးထက်အရွယ်ကြီးသော ကောင်လေးတစ်ယောက်က အရုပ်များဖြင့်ဆော့ကစားနေခဲ့လေသည်။
ဘွားမယ်စိန်လာသည်ကို ခုံတန်းပေါ်ရှိကောင်လေးမြင်သွားလေတော့ချက်ချင်းပင် လှေကားပေါ်သို့တက်ပြေးသွားတော့၏။
“သားကြီးရေ ကျော်မြ..ဆော့နေတာတွေခဏထားခဲ့ဦး ခြံနောက်ဖေးမှာ မင်းအဖေရှိတယ် သွားခေါ်ခဲ့ ဒီမှာဧည့်သည်လာတယ်လို့”
“ဟုတ်ကဲ့အမေ…”
ဟု…
ပြောကာ ကျော်မြ ကစားနေရာမှထွက်သွားလေသည်။
ခဏကြာလေတော့ ကျော်မြနှင့်အတူ ဦးမြဖေ အိမ်အတွင်းဝင်ရောက်လာလေသည်။
အိမ်အတွင်း ဧည့်ခန်းရှိခုံတန်း၌ ဘွားမယ်စိန်ကိုဦးမြဖေမြင်လေတော့ ထူးဆန်းသလိုကြည့်ကာ ဒေါ်ကြွယ်အား.
မျက်ခုံးပင့်ပြလိုက်၏။
“အဘွားနာမည်က ဘွားမယ်စိန်တဲ့ ကိုမြဖေရဲ့”
ဟု…ဒေါ်ကြွယ်ကနာမည်
ပြောလေတော့ ဦးမြဖေ ရုတ်တရက်သူငယ်ချင်းဖြစ်သူပြောပြသောရွာ၏ ထူးဆန်းသောအဘွားကြီးကိုသတိရသွားလေသည်။
ထိုအဘွားကြီးသည် ယခုသူ၏ရှေ့၌ရောက်လာလေပြီ။
မကြာသေးခင်ကလည်း သားငယ်ဖြစ်သူ ကျော်ရှိန်က…
“အဖေ…ကျုပ်ဟိုတစ်နေ့က
ညောင်ပင်ကြီးအောက်မှာ ကစားနေတုန်း အဘွားကြီးတစ်ယောက်က ကျုပ်ကိုစကားတွေလာပြောတယ်…
ကျုပ်ဖြင့် အခုချိန်ထိဘယ်သူမှကျုပ်ကို မမြင်ကြတော့ ရုတ်တရက်ဆိုတော့လန့်သွားတာပဲဗျာ။
အဲ့အဘွားကြီးကိုကြည့်တော့သူကလည်း
ကျုပ်ကိုသေချာစိုက်ကြည့်ရင်းပြောနေတာဗျ။
အဲ့တော့ကျုပ်ဖြင့်
သူ့ကိုကြောက်ကြောက်နဲ့ထွက်ပြေးခဲ့ရတာ…။
ပြေးရင်းလှည့်ကြည့်မိတော့လည်း အဲ့အဘွားကြီးက ကျုပ်ထွက်ပြေးလာတာကိုရပ်ကြည့်ကျန်ခဲ့တာဗျ”
ဟု…သူ့အားအိမ်မက်ထဲ၌ပြောဖူးလေသည်။
“ကိုမြဖေ…ထိုင်လေ…။ဘာရပ်လုပ်နေတာတုန်း”
မတ်တပ်ရပ်ရင်းငေးမောနေသော ဦးမြဖေအား ဒေါ်ကြွယ်အော်ခေါ်လေတော့မှ…
“သြော်…အေး…အေး…”
ဦးမြဖေတစ်ယောက် ဘွားမယ်စိန်နှင့် မျက်နှာခြင်းဆိုင်၌ ဝင်ထိုင်လေ၏။
ဦးမြဖေ၏အသွင်ကြောင့် ဘွားမယ်စိန်က…
“ဘွားကိုမလန့်ပါနဲ့ကွယ်…။ဘွား ဒီကိုလာတာမောင်ရင်တို့အခက်အခဲကို ကူညီပေးဖို့ပါ”
“ဗျာ…”
“ရှင်…”
ဦးမြဖေတို့လင်မယား ဘွားမယ်စိန်၏စကားကြောင့်အံ့သြ သွားကြ၏။
ဘွားမယ်စိန်ကဆက်ပြီး…
“မောင်ရင်တို့ဆီမှာ သားတစ်ယောက်ထဲမဟုတ်ဘဲ…နောက်သားတစ်ယောက်ရှိသေးတယ်မလား…။ဘွားကိုအမှန်တိုင်းပဲပြောကြပါ…
ဘွားအဲ့ကလေးလေးကိုလည်းတွေ့ဖူးပါတယ်ကွယ်”
“ဟို…ဟိုလေ…သားငယ်ကလည်း ဘွားနဲ့ဆုံခဲ့တာကို ကျုပ်ကိုပြောပြပါတယ်ဘွား…”
ဦးမြဖေ ဖြေလိုက်၏။
ဦးမြဖေ၏အဖြေကြောင့် ဘွားမယ်စိန်က…
“အင်းးးး….။မောင်ရင်တို့ကိစ္စကသာမာန်ဆိုရင်
ဘွားဝင်ပါမိမှာမဟုတ်ပါဘူး…။အခုကျတော့ ရွာမှာလည်း ပစ္စည်းပျောက်သူတွေကများနေပြီဆိုတာ မောင်ရင်တို့လည်းသိကြတာပဲလေ”
“အဲ့တာက…ဘွားရယ်…ကျုပ်တို့လည်း တားကြပါတယ်…။သားငယ်ကိုယ်တိုင်ကမခိုးရရင်ကို
မနေနိုင်ဖြစ်နေတာပါဗျာ…။အဲ့ကိစ္စကြောင့် ကျုပ်တို့လင်မယားလည်း
စိတ်အတော်ဆင်းရဲနေကြရပါတယ်ဘွားရယ်…”
ဦးမြဖေ ဖြစ်သမျှအားပြောပြလေသည်။
“သူ့ခမျာလည်း စောရနက္ခတ်နဲ့အချိန်ကိုက်မွေးလာတာကိုးမောင်ရင်ရဲ့။
ဘွားအခုလာတာကလည်း အဲ့ကိစ္စကိုဖြေရှင်းပေးဖို့ပါပဲ…”
“ကူညီနိုင်တာရှိရင်ကူညီပါဦးဘွားရယ်။သားငယ်လေး ရွာကလူတွေဆီကခိုးထားတဲ့ပစ္စည်းတွေလည်း ကျုပ်တို့သိမ်းထားပါတယ်…။ဒါပေမယ့်လို့ပြန်ပေးလိုက်ရင်လည်း လူတွေသိရင်ပိုဆိုးလာမှာလည်းဆိုးလို့ပါဘွား…”
“အေး…အေး…အေး….။ဘွားကူညီမှာပါကွယ်….ကူညီဖို့ဒီကိုရောက်လာခဲ့တာပဲလေ။
“ဟုတ်ကဲ့ဘွား….”
“ကဲ…ဘွားပြောမယ်…မောင်ရင်သားရဲ့ ဘယ်ဘက်လက်မှာ ဒီချည်မန်းကွင်းလေးကို ဝတ်ပေးထားလိုက်…ဒီချည်မန်းကွင်းလေးက သူ့အတွက်ရည်စူးပြီး ဘွားကိုယ်တိုင်စီမံပေးထားခဲ့တာပဲ… ဒါလေးသူ့ရဲ့လက်မှာရှိသ၍ သူ့ရဲ့ခိုးချင်ဝှက်ချင်စိတ်တွေ
ပျောက်ကွယ်နေလိမ့်မယ် မောင်ရင်…။
ရော့…ရော့…တစ်ခါထဲပဲ သွားချည်ပေးထားလိုက်တော့”
“ဟုတ်…ဟုတ်ကဲ့ဘွား…”
ဦးမြဖေ ဝမ်းသာအားရဖြင့်ဘွားမယ်စိန်ထံမှ
ချည်မန်းကွင်းအားယူလိုက်လေသည်။
ပြီးလေတော့
ချက်ချင်းပင်သားဖြစ်သူအခန်းဆီသို့ထွက်သွားတော့၏။
ခဏကြာတော့မှ ဦးမြဖေပြန်ရောက်လာလေသည်။
သို့သော်ဦးမြဖေ၏နောက်ပါး၌မောင်ကျော်ရှိန်
လိုက်လာခဲ့၏။
မည်သူကမှ မောင်ကျော်ရှိန်အား မမြင်ကြရသော်လည်း ဘွားမယ်စိန်ကမြင်ရလေသည်။
မောင်ကျော်ရှိန်အား ဘွားမယ်စိန် ပြုံးကြည့်ရင်း…
“မောင်ရင်တို့လင်မယားက သားချောလေးတွေပိုင်ဆိုင်ထားကြတာပဲကွယ်…
အလှူအတန်းလေးတွေလုပ်ပြီး နောင်သံသရာကောင်းဖို့အတွက် မျိုးစေ့လေးတွေကျဲထားကြပေါ့”
“ဟုတ်ကဲ့ပါဘွား…။ကျုပ်တို့လည်း စဉ်းစားထားပါတယ်”
ဦးမြဖေကပြောလေသည်။
ပြောရင်းမှာပင် သူ၏လက်အတွင်းကပုဆိုးထုပ်လေးအား…
“ဒါတွေက…ရွာကလူတွေဆီက သားငယ်လေးခိုးထားတဲ့ပစ္စည်းတွေပါ။တစ်ခုတစ်လေမှမလျော့ပါဘူးဘွား…
ဒါတွေကို ဘွားဆီအပ်ပါရစေဗျာ…။
ကျုပ်တို့ကိုနောက်ဆုံးအနေနဲ့ ကူညီပေးပါဘွားရယ်”
“အင်းပါမောင်ရင်…။ဒီပစ္စည်းတွေကိုသူကြီးဆီအပ်ပြီး
ပိုင်ရှင်တွေဆီပြန်ရောက်အောင်ဘွားစီစဉ်ပေးပါ့မယ်။
နောက်ပြီး…မောင်ရင်တို့အကြောင်းကို
ဘွား ဘယ်သူ့ကိုမှ မပြောပြပါဘူးကွယ်…ဒါကြောင့် စိတ်ချလက်ချသာနေကြပါ….”
” ကျေးဇူးတင်ပါတယ်ဘွားရယ်….
ကျုပ်တို့တကယ်ကိုကျေးဇူးတင်ရတာပါ။ဘွားကူညီလို့သာကျုပ်တို့စိတ်ချမ်းသာရတာပါဗျာ….”
ဟု…ဆိုကာ ဦးမြဖေနှင့် ဒေါ်ကြွယ်တို့သည်
ဘွားမယ်စိန်အား ထိုင်ရှစ်ခိုးကြ၏။
မောင်ကျော်ရှိန်သည်လည်း ဘွားမယ်စိန်အားပြုံးကြည့်နေရှာသည်။
********
နောက်တစ်ရက်မှာတော့ဖြင့်”သောင်ထွန်းရွာ”ထဲ၌….
“ဟဲ့…ကြားပြီးကြပြီလားအေ့….။ရွာမှာသောင်ကျန်းနေတဲ့သူခိုးက ပစ္စည်းတွေ သူကြီးအိမ်ရှေ့လာချသွားတယ်ဆိုပဲ…အခုဆိုရင် ပစ္စည်းပျောက်သူတွေလည်း သူတို့ပစ္စည်းတွေ ပြန်ရကြတော့ ပျော်နေကြတယ်လေ”
“အေးနော်…။သူခိုးကလည်းအဆန်းကြီးပါလားဟယ်…”
“အေးပါဆို…။ခိုးတာတွေလာပြန်ထားတာခုမှပဲကြားဖူးတယ်အေ…”
အမှန်သည်ကား….ဘွားမယ်စိန်ကိုယ်တိုင်သူကြီအိမ်ရှေ့၌ ထိုပစ္စည်းထုပ်အားချပေးခဲ့လိုက်ခြင်းဖြစ်သည်။
နောက်ပိုင်းမှာတော့ ရွာ၌သူခိုး၏ရန်သည်လည်းကင်းဝေးသွားတော့လေသည်။
မောင်ကျော်ရှိန်တစ်ယောက်လည်း ဘွားမယ်စိန်၏ ချည်မန်းကွင်းကြောင့်
ခိုးချင်စိတ်များပျောက်ကွယ်သွားပြီး မိဘများနှင့် အေးချမ်းစွာနေထိုင်သွားတော့လေသည်။
စာဖတ်သူတို့အတွေးကရော……?
ပြီးပါပြီ။ (စာစဉ် ၈)
ယဉ်မင်း(ကန့်ဘလူ)
နှစ်သစ်အတွက်လက်ဆောင်…………….။
Zawgyi Version
လူေျခာက္ေမာင္ေက်ာ္ရွိန္(စ/ဆုံး)
————————————–
“ဟာ…ကုန္ပါၿပီ…ကုန္ပါၿပီ …
ငါ့အတြင္းပစၥည္းေတြမရွိေတာ့ဘူး။အီးးး….ဟီးးး…ဟီးးး….
ငါ့ပစၥည္းေတြဘယ္ေကာင္ယူတာလဲကြ…
အီး…ဟီးးး…ဟီးးး”
သူေဌးေလး… ေမာင္မ်ိဳးျမတ္ တစ္ေယာက္ငိုေကြၽးေနရွာသည္။
သူ၏ နံေဘး၌ အားကိုးရေသာ
တပည့္မ်ားသည္လည္းလက္မႈိင္ခ်ကာ
ထိုင္ေနၾကရွာသည္။
ၿမိဳ႕ေပၚ၌ကား ပစၥည္းမ်ားေပ်ာက္ဆုံးေနသည္မွာ မထူးဆန္းေတာ့ေပ။
ယခု သူေဌးေလး ေမာင္မ်ိဳးျမတ္၏အလွည့္သို႔က်ေရာက္လာခဲ့၏။
ထိုကဲ့သို႔ေသာ အျဖစ္အပ်က္မ်ားေၾကာင့္ ၿမိဳ႕ရွိအေရးပိုင္မင္းမ်ား ၊အရာရွိမ်ား ေခါင္းက်ိန္းေနခဲ့ၾကရ၏။
ခိုးမႈသည္ကထူးဆန္းစြာ
လက္ရာမေပၚ…သူခိုးမမိ ျဖစ္လို႔ေနေလသည္။
သူခိုးကိုမမိ၍ သူေဌးသူႂကြယ္မ်ားသည္လည္း
မိမိတို႔ပစၥည္းမ်ား သူခိုး၏ခိုးယူျခင္းေၾကာင့္ ေပ်ာက္ဆုံးသြားေလမလားဟု
စိုးရိမ္စိတ္မ်ားဝင္ေနၾကရွာသည္။
***
ထိုၿမိဳ႕၏ ဆင္းရဲသားရပ္ကြက္ေလးတြင္ေတာ့ ဦးျမေဖ ေဒၚႂကြယ္ ဟုေသာ ဆင္းရဲသားလင္မယားရွိ၏။
ထိုသူတို႔ လင္မယား၌ကား ဆယ့္ငါးႏွစ္အ႐ြယ္သားတစ္ေယာက္ႏွင့္ ဆယ္ႏွစ္ေက်ာ္အ႐ြယ္ သားတစ္ေယာက္တို႔ရွိေလသည္။
ဆယ့္ငါးႏွစ္အ႐ြယ္သား၏အမည္သည္ကား ေမာင္ေက်ာ္ျမျဖစ္ၿပီး ဆယ္ႏွစ္အ႐ြယ္သားအမည္ကား ေမာင္ေက်ာ္ရွိန္ျဖစ္၏။
ေက်ာ္ျမသည္ကားမထူးျခားေသာ္လည္း ေက်ာ္ရွိန္သည္ကားထူးျခား၏။
ထူးျခားရျခင္းကား ေက်ာ္ရွိန္သည္ အမ်ားသူငွာကေလးမ်ားႏွင့္မတူညီျခင္းေၾကာင့္ျဖစ္၏။
အေၾကာင္းမွာကား ေမာင္ေက်ာ္ရွိန္သည္
ေမြးဖြားလာကတည္းက လူေျခာက္ေလးအျဖစ္သာ ေမြးဖြားလာခဲ့ျခင္းျဖစ္၏။
ပတ္ဝန္းက်င္ရွိလူမ်ားေျပာသည္က ဦးျမေဖတို႔လင္မယားခ်မ္းသာမည္ဟုဆိုၾကေသာ္လည္း ဆယ္ႏွစ္မတိုင္ခင္ထိမထူးျခားေပ။
သို႔ေသာ္ ဆယ္ႏွစ္ေက်ာ္လာသည့္အခ်ိန္၌ကား…
“ကိုျမေဖ…က်ဳပ္ေတာ့ ဘာလုပ္ရမယ္မသိေတာ့ဘူး…”
ေဒၚႂကြယ္၏စကားေၾကာင့္ ဦးျမေဖက…
“ဘာကိုလဲကြ…မင္းစကားကအဆုံးမရွိအစမရွိနဲ႔”
ဦးျမေဖက ျပန္ေမးလိုက္ေလေတာ့ ေဒၚႂကြယ္ကစိတ္မရွည္ဟန္ျဖင့္…
“ရွင္ကလည္း…အခုဆို ရွင့္သား ခိုးလာတာေတြကအေတာ္မ်ားေနၿပီ…။အေရးပိုင္ေတြ ကလည္း သူခိုးကိုဖမ္းမိဖို႔ႀကိဳးစားေနၾကတယ္ေလ…
က်ဳပ္ေတာ့အဲ့သတင္းေတြၾကားရရင္ ရင္ေတြတုန္ၿပီး ေသခ်င္စိတ္ေတာင္ေပါက္တယ္ေတာ္…။
က်ဳပ္တို႔ကိုဘယ္ေတာ့မ်ား
လာဖမ္းၾကမလဲလို႔ စိတ္ထဲေတြးပူေနရတာေတာ္ေရ”
“ဟာ…ဒီမိန္းမကေတာ့… တိုးတိုးေျပာစမ္းပါကြာ…။ငါလည္းစဥ္းစားေနပါတယ္…ဒီေနရာကေနခ်က္ခ်င္းႀကီးေျပာင္းသြားရင္တို႔အတြက္ပိုၿပီးအခက္ေတြ႕ကုန္မွာဟ…”
“အင္းေလ…ဒါဆိုက်ဳပ္တို႔ဘယ္လိုလုပ္ၾကမလဲ”
ဦးမြဖေကစဥ်းစားေန၏။
သားျဖစ္သူေက်ာ္ရွိန္ တစ္လလွ်င္တစ္ခါ ခိုးယူလာေပးေသာ ပစၥည္းမ်ားဟာျဖင့္
ယခုဆို သူတို႔လက္ထဲ၌ မနည္းေပ။
အစပိုင္းမွာေတာ့ တားဆီးခဲ့ၾကေသာ္လည္း
ေနာက္ပိုင္းတြင္ သူတို႔၏ဆင္းရဲျခင္းမွ ႐ုန္းထြက္ခ်င္လာၾက၍မတားဆီးမိၾကေတာ့။
သို႔ေသာ္ ဖမ္းဆီးခံရမည္ဆိုးေသာေၾကာင့္ အနည္းငယ္ကိုသာ ထုတ္ယူသုံးစြဲေနၾကရ၏။
“ငါသိၿပီ…။ငါ့သူငယ္ခ်င္း႐ြာကို သြားၾကမယ္…။အဲ့သည္ေရာက္မွအေျခအေနကို ဆက္ၿပီးစဥ္းစားၾကတာေပါ့”
“အင္းပါေတာ္…အဲ့သည္နည္းက က်ဳပ္တို႔ အတြက္အဆင္ေျပမွာပါေနာ္…”
“စိတ္ခ်စမ္းပါကြာ…ငါတစ္ေယာက္လုံးရွိပါတယ္…
ဘာကိုမွမပူနဲ႔ ဟုတ္ၿပီလား”
“မပူေတာ့ဘူးေတာ္…ရွင့္ကိုပဲအားကိုးလိုက္ေတာ့မယ္ ကိုျမေဖေရ…”
“ေအးပါကြာ…ဟားး…ဟားး..ဟားး….”
ထိုသို႔ျဖင့္ ဦးျမေဖတို႔မိသားစုသည္ သူငယ္ခ်င္းျဖစ္သူရွိရာ႐ြာဆီသို႔ေျပာင္းေ႐ြ႕လာခဲ့ၾက၏။
ပတ္ဝန္းက်င္ကိုေတာ့ လုပ္ကိုင္စားရသည္မွာအဆင္မေျပေတာ့၍
ေျပာင္းေ႐ြ႕ရျခင္းဟူ၍သာ ေျပာဆိုခဲ့ၾက၏။
***
ထို႐ြာရွိသူငယ္ခ်င္း၏အကူအညီျဖင့္ အိမ္ဝိုင္းက်ယ္ႀကီးတစ္ခုဝယ္ယူကာ ပ်ဥ္ေထာင္ႏွစ္ထပ္အိမ္ႀကီးအား ေဆာက္လုပ္ၿပီး ေနထိုင္ခဲ့ၾကေလသည္။
ထိုကုန္က်ေငြမ်ားသည္ သားျဖစ္သူ ေမာင္ေက်ာ္ရွိန္၏ ခိုးယူေပးေသာ ပစၥည္းမ်ားအားေရာင္းခ်ရာမွ ရရွိျခင္းျဖစ္၏။
ထိုပစၥည္းမ်ားေၾကာင့္ ဦးျမေဖတို႔မိသားစုဟာ
႐ြာ၌သူေဌး စာရင္းပင္ဝင္ၾကေလသည္။
***
တစ္ေန႔သ၌…
“ေတာက္…ငါ့ပစၥည္းေတြ
ဘယ္လိုျဖစ္ၿပီး ေပ်ာက္ရတာလဲ…။
ငပု မင္းကဘယ္ေရာက္ေနလို႔ သူခိုးဝင္ခိုးသြားတာကိုမသိရတာလဲ”
“သူေဌး…သူေဌး… က်ဳပ္ဘယ္မွမသြားပါဘူးဗ်ာ…
က်ဳပ္ ၿခံထဲမွာပဲ အိမ္ေစာင့္ရင္းအိပ္တာပါ”
“ဟ..မင္းရွိရဲ႕သားနဲ႔
သူခိုးက ဘယ္လိုဝင္သြားတာလဲ။ငါ့ပစၥည္းေတြက ငါပင္ပင္ပန္းပန္းရွာေဖြထားတာေတြကြ…ေတာက္”
“က်ဳပ္…ညကဘာသံမွမၾကားလိုက္မိတာပါ သူေဌးရယ္…က်ဳပ္ေပါ့ဆမိတာပါ…
က်ဳပ္ေတာင္းပန္ပါတယ္ဗ်ာ”
“ေတာက္…လုပ္ရင္လည္းေသဦးမယ္…။မင္းငါ့အိမ္ကလူရင္းမို႔လို႔ ငါယုံၾကည္လို႔အိမ္ေစာင့္ထားခဲ့တာကိုကြာ…။
ေနဦး… ဒီကိစၥ ႐ြာသူႀကီးဦးေနာင္ခ်ိဳကိုသြားေျပာမွပဲရမယ္…
ဒါမွ သူခိုးမိမွာ…”
သူေဌးဦးဝင္းေမာင္႐ြာသူႀကီးထံ
အက်ိဳးအေၾကာင္းေျပးေျပာရ၏။
သူႀကီးကိုအေၾကာင္းစုံေျပာျပၿပီးေလေတာ့သူႀကီးက…
“ဟာ…က်ဳပ္တို႔ေသာင္ထြန္း႐ြာမွာ…
သူခိုးရယ္လို႔မရွိပါဘူးဗ်ာ…။
အားလုံးစည္းစည္းလုံးလုံးေနေနတဲ့႐ြာက…
အခုမွဘယ္ကသူခိုးကေပၚလာရတာတုန္းဗ်ာ”
“ဟုတ္တယ္သူႀကီးေရ…က်ဳပ္လည္းအဲ့တာကိုပဲ အံ့ၾသေနတာဗ်ိဳ႕…။
အခုေတာ့ အံ့ၾသဖို႔အစား
က်ဳပ္ပစၥည္းေတြပါကုန္ေတာ့ က်ဳပ္ေတာ့ ေဒါသထြက္ရမလိုလို…ထိုင္ၿပီးပဲငိုရမလိုလိုျဖစ္ေနပါၿပီဗ်ာ”
“စိတ္ခ်ဗ်ာ…က်ဳပ္႐ြာကကာလသားေတြနဲ႔ ေသခ်ာေစာင့္ၾကည့္ပါ့မယ္…။ဒီသူခိုးက တစ္ခါခိုးယုံနဲ႔ေတာ့
ေနာက္ကိုထပ္မခိုးေတာ့ဘူးလို႔ေတာ့မေျပာႏိုင္ဘူးဗ်။
ေနာက္ခိုးတာနဲ႔က်ဳပ္တို႔အမိဖမ္းႏိုင္ေအာင္
ျပင္ဆင္ထားပါ့မယ္…”
“ဟုတ္ကဲ့ပါသူႀကီး…ဒီေကာင္ကေပါ့လို႔ေတာ့မျဖစ္ဘူးေနာ္။က်ဳပ္တပည့္ ငပုလိုနားပါးၿပီး
အအိပ္ဆတ္တဲ့ေကာင္ေတာင္
မသိလိုက္ေအာင္အလွစ္ဝင္ခိုးတာဆိုေတာ့
အေတာ္လ်င္တာပဲဗ်”
“အင္းဗ်ာ…ခက္ေတာ့ခက္သားပါလား…”
ထိုသို႔ျဖင့္ သူႀကီးဦးေနာင္ခ်ိဳဟာ ႐ြာကာလသားေခါင္းေဆာင္ ေမာင္အုန္းတို႔အဖြဲ႕ႏွင့္တိုင္ပင္ကာ သူခိုးဖမ္ဖို႔ကိစၥစတင္ၾကေလသည္။
***
ဘြားမယ္စိန္ ဘုန္းႀကီးေက်ာင္းမွာျပန္လာခဲ့ေလသည္။ျပန္လာရာလမ္း၌ ေညာင္ပင္အႀကီးႀကီးတစ္ပင္ရွိေလသည္။
ထိုအပင္ႀကီးေအာက္၌ လမ္းသြားလမ္းလာမ်ားထိုင္ဖို႔ရန္ ခုံတန္းရွည္ႀကီးတစ္ခုကို အလႉရွင္မ်ားကလႉဒါန္းလို႔ထား၏။
ဘြားမယ္စိန္ထိုေညာင္ပင္အနီးသို႔ေရာက္ေတာ့ ခုံတန္းေပၚသို႔ ခုန္တက္လိုက္…
ေအာက္သို႔ ခုန္ခ်လိုက္ေဆာ့ကစားေနေသာ အဝတ္အစားသပ္သပ္ရပ္ရပ္ျဖင့္ကေလးငယ္တစ္ဦးအားေတြ႕ေလေတာ့…
“ဟဲ့…ငါ့ေျမး ျပဳတ္က်မွ ခက္ကုန္ေတာ့မယ္ကြယ္…”
ဟု…
သတိေပးစကားဆိုေလေတာ့…။
ကေလးငယ္က ဘြားမယ္စိန္အား တအံ့တၾသ ၾကည့္၏။
ၿပီးေလေတာ့ ခုံတန္းေပၚမွဆင္းကာ ဘြားမယ္စိန္အား တစ္ခ်က္မွ်စိုက္ၾကည့္ၿပီးေနာက္ ခ်ာကနဲလွည့္ထြက္ေျပးေတာ့ေလသည္။
ဘြားမယ္စိန္ကေတာ့ ကေလးငယ္၏ ေျပာင္းလဲသြားေသာအျဖစ္ေၾကာင့္ ရပ္ၾကည့္ေနခဲ့ေလသည္။
ၿပီးေနာက္ …
“အင္း….။ဘယ္လိုျဖစ္ရတာပါလိမ့္….ေနစမ္းပါဦး…
တစ္ခုခုငါ့စိတ္ထဲအလိုမက်လွပါ့လား…”
ဟု…ဆိုကာ သူ၏မ်က္လုံးမ်ားအားမွိတ္လိုက္ေလသည္။
ခဏၾကာေလေတာ့ ဘြားမယ္စိန္မ်က္လုံးမ်ားျပန္ဖြင့္လာၿပီး…
“ေၾသာ္…တို႔႐ြာမွာ သားေျခာက္ရွိတာမသိလိုက္ပါလား…။အင္း…ေစာရနကၡတ္ပါတဲ့ကေလးဆိုေတာ့ မိဘမ်ားလည္း
အခက္ေတာ့ႀကဳံရဦးမွာပဲ…ဘုရား…ဘုရား…ဘုရား”
ဘြားမယ္စိန္သိရွိသြားေသာ အမွန္တရားေၾကာင့္ စိတ္ပူသြားရွာသည္။
ၿပီးေလေတာ့ မိမိအိမ္ဆီကိုသာ ျပန္လာခဲ့ရွာေတာ့၏။
အမွန္မွာ ဦးျမေဖတို႔ေျပာင္းလာသည့္႐ြာသည္ကား “ေသာင္ထြန္း႐ြာ”ပင္ျဖစ္၏။
ဦးျမေဖသား ေမာင္ေက်ာ္ရွိန္ဟာ သူ႔အား ဘြားမယ္စိန္ကျမင္သြား၍ ေၾကာက္လန႔္တၾကားျဖင့္ အိမ္ျပန္ေျပးေလသည္။
“မင္း သားကြာ…ထပ္မခိုးပါနဲ႔ေတာ့ေျပာတာကို…။အခုၾကည့္စမ္း အေျခ ခ်တာမွမၾကာေသးဘူး…ထပ္ျဖစ္ျပန္ၿပီ”
ဦးျမေဖ သားျဖစ္သူအားေဒါသထြက္ေနမိ၏။
“က်ဳပ္လည္းေျပာပါတယ္ေတာ္…အေမတို႔မွာျပည့္စုံေနပါၿပီ ထပ္မယူလာပါနဲ႔ေတာ့လို႔က်ဳပ္ကေျပာတာကို
ရွင့္သားကဘာျပန္ေျပာတယ္ထင္တုန္း”
“ဘာေျပာတုန္းသူက”
“အင္း….။က်ဳပ္ကမခိုးရရင္ မေနႏိုင္ဘူးအေမတဲ့ေတာ္ေရ…”
“ဟာကြာ…ဒုကၡပါပဲကြာ…။
သားလူေျခာက္ရွိတာ
ဒီ႐ြာကလူေတြ
ဘယ္သူမွ မသိေပလို႔ေတာ္ေတာ့တယ္ေဟ့…။မဟုတ္ရင္တို႔အတြက္အခက္ေတြ႕မွာပဲ”
“ဟုတ္ပါ့ ကိုျမေဖေရ…
က်ဳပ္ေတာ့ ခ်မ္းသာရမွာကိုေတာင္ေၾကာက္လာၿပီေတာ္”
ဟု…လင္မယားႏွစ္ေယာက္ စိတ္ပ်က္လက္ပ်က္ျဖစ္ေနၾကရွာ၏။
ဦးျမေဖတို႔လင္မယားသည္က ေမာင္ေက်ာ္ရွိန္ေလးအား အခန္းတစ္ခုအတြင္းထားရွိေလသည္။
ထိုအခန္းအတြင္းသို႔ ဦးျမေဖတို႔လင္မယားမွလြဲ၍ သားအႀကီးျဖစ္သူ ေမာင္ေက်ာ္ျမပင္မဝင္ရေပ။
ထို႔ေၾကာင့္ ေမာင္ေက်ာ္ျမသည္ ညီျဖစ္သူရွိသည္ဟုပင္ စိတ္ထဲမရွိ။
ကစားစရာကစား၍ေအးေအးလူလူသာေနရွာ၏။
ေမာင္ေက်ာ္ရွိန္၏အခန္းအတြင္းမွာေတာ့ ကုတင္တစ္ခု…
ထိုကုတင္ထက္၌ ေမာင္ေက်ာ္ရွိန္အား ထားရွိေလသည္။
ေမာင္ေက်ာ္ရွိန္၏ေဘးတြင္ေတာ့ အဝတ္အစားမ်ားအား ျဖန႔္၍ထားေပး၏။
ထိုအဝတ္အစားမ်ားကိုလည္း ဦးျမေဖတို႔လင္မယားက
ေန႔စဥ္လဲလွယ္ထားေပးတတ္ၾကသည္။
ကုတင္၏ေဘးတြင္ေတာ့ ေျခတံရွည္စားပြဲတစ္လုံးရွိ၏။
ထိုစားပြဲေပၚ၌ ေမာင္ေက်ာ္ရွိန္စားဖို႔ ထမင္းဟင္းမ်ား…သစ္သီးမ်ားအား ပန္းကန္မ်ားျဖင့္ ျပင္ဆင္ကာအခ်ိန္အလိုက္လာတင္ေပးထားၾကျပန္သည္။
ထိုသည္က ယခု႐ြာ၌ စတင္ေနထိုင္ကတည္းကပင္ ျပင္ဆင္ေပးၾကျခင္းျဖစ္ေလသည္။
မိဘမ်ားသည္ကေမာင္ေက်ာ္ရွိန္အားျမင္ေတြ႕ၾကရ၏။
ျမင္ေတြ႕ရျခင္းသည္က ဦးျမေဖ၏အိမ္မက္အတြင္းလာေရာက္
စကားေျပာတတ္သကဲ့သို႔ တစ္ခါတစ္ရံ မိခင္ျဖစ္သူ ေဒၚႂကြယ္၏အိမ္မက္ထဲသို႔လာေရာက္တတ္ေလသည္။
ပစၥည္းမ်ားမခိုးယူေတာ့ရန္မိဘမ်ားကတားဆီးၾက
ေသာ္လည္း ေမာင္ေက်ာ္ရွိန္ကေျပာမရခဲ့။
ခိုးၿမဲတိုင္းခိုး၍ သူ၏ထမင္းစား စားပြဲထက္၌ တင္ထားေပးတတ္ေလသည္။
ထိုသို႔ ထိန္းမရေသာအေျခအေန၌ ဦးျမေဖတို႔လင္မယား စိတ္ဆင္းရဲေနခဲ့ၾကရ၏။
****
တစ္ေန႔မွာေတာ့…
ဦးျမေဖတို႔၏
အိမ္ဆီသို႔
အဘြားအိုတစ္ဦး
ေတာင္ေဝွးတစ္လက္ကိုေထာက္ရင္း
ေရာက္ရွိလာခဲ့ေလသည္။
ထိုသူသည္က ဘြားမယ္စိန္ျဖစ္၏။
“အိမ္ရွင္တို႔…အိမ္ရွင္တို႔ရွိၾကလား…..”
ဘြားမယ္စိန္လွမ္းအသံျပဳလိုက္သည္။
ဘြားမယ္စိန္အသံေၾကာင့္အိမ္အတြင္းမွ ေဒၚႂကြယ္ထြက္လာခဲ့ၿပီး…
“ဘာကိစၥရွိလို႔လဲရွင့္…”
ေဒၚႂကြယ္ကေမးေလေတာ့…
“ဘြားနာမည္က ဘြားမယ္စိန္ပါ…ဒီ႐ြာက ပါပဲ”
“ရွင္…ဘြားမယ္စိန္….ေၾသာ္…ဘြား…ဝင္ပါ့ရွင္ ဝင္ပါ”
ေဒၚႂကြယ္ ဘြားမယ္စိန္ဆိုသည့္နာမည္အားၾကားဖူး၏။
သို႔ေသာ္လူကိုေတာ့ယခုမွျမင္ဖူးေလသည္။
ဘြားမယ္စိန္ အိမ္အတြင္းဝင္လာခဲ့သည္။
အိမ္အတြင္းအသားခုံတန္းရွည္ေပၚ၌ ေကာင္ေလး
တစ္ေယာက္ထိုင္ေန၏။
ထို႔ေနရာႏွင့္မလွမ္းမကမ္းတြင္လည္း ထိုင္ေနေသာေကာင္ေလးထက္အ႐ြယ္ႀကီးေသာ ေကာင္ေလးတစ္ေယာက္က အ႐ုပ္မ်ားျဖင့္ေဆာ့ကစားေနခဲ့ေလသည္။
ဘြားမယ္စိန္လာသည္ကို ခုံတန္းေပၚရွိေကာင္ေလးျမင္သြားေလေတာ့ခ်က္ခ်င္းပင္ ေလွကားေပၚသို႔တက္ေျပးသြားေတာ့၏။
“သားႀကီးေရ ေက်ာ္ျမ..ေဆာ့ေနတာေတြခဏထားခဲ့ဦး ၿခံေနာက္ေဖးမွာ မင္းအေဖရွိတယ္ သြားေခၚခဲ့ ဒီမွာဧည့္သည္လာတယ္လို႔”
“ဟုတ္ကဲ့အေမ…”
ဟု…
ေျပာကာ ေက်ာ္ျမ ကစားေနရာမွထြက္သြားေလသည္။
ခဏၾကာေလေတာ့ ေက်ာ္ျမႏွင့္အတူ ဦးျမေဖ အိမ္အတြင္းဝင္ေရာက္လာေလသည္။
အိမ္အတြင္း ဧည့္ခန္းရွိခုံတန္း၌ ဘြားမယ္စိန္ကိုဦးျမေဖျမင္ေလေတာ့ ထူးဆန္းသလိုၾကည့္ကာ ေဒၚႂကြယ္အား.
မ်က္ခုံးပင့္ျပလိုက္၏။
“အဘြားနာမည္က ဘြားမယ္စိန္တဲ့ ကိုျမေဖရဲ႕”
ဟု…ေဒၚႂကြယ္ကနာမည္
ေျပာေလေတာ့ ဦးျမေဖ ႐ုတ္တရက္သူငယ္ခ်င္းျဖစ္သူေျပာျပေသာ႐ြာ၏ ထူးဆန္းေသာအဘြားႀကီးကိုသတိရသြားေလသည္။
ထိုအဘြားႀကီးသည္ ယခုသူ၏ေရွ႕၌ေရာက္လာေလၿပီ။
မၾကာေသးခင္ကလည္း သားငယ္ျဖစ္သူ ေက်ာ္ရွိန္က…
“အေဖ…က်ဳပ္ဟိုတစ္ေန႔က
ေညာင္ပင္ႀကီးေအာက္မွာ ကစားေနတုန္း အဘြားႀကီးတစ္ေယာက္က က်ဳပ္ကိုစကားေတြလာေျပာတယ္…
က်ဳပ္ျဖင့္ အခုခ်ိန္ထိဘယ္သူမွက်ဳပ္ကို မျမင္ၾကေတာ့ ႐ုတ္တရက္ဆိုေတာ့လန႔္သြားတာပဲဗ်ာ။
အဲ့အဘြားႀကီးကိုၾကည့္ေတာ့သူကလည္း
က်ဳပ္ကိုေသခ်ာစိုက္ၾကည့္ရင္းေျပာေနတာဗ်။
အဲ့ေတာ့က်ဳပ္ျဖင့္
သူ႔ကိုေၾကာက္ေၾကာက္နဲ႔ထြက္ေျပးခဲ့ရတာ…။
ေျပးရင္းလွည့္ၾကည့္မိေတာ့လည္း အဲ့အဘြားႀကီးက က်ဳပ္ထြက္ေျပးလာတာကိုရပ္ၾကည့္က်န္ခဲ့တာဗ်”
ဟု…သူ႔အားအိမ္မက္ထဲ၌ေျပာဖူးေလသည္။
“ကိုျမေဖ…ထိုင္ေလ…။ဘာရပ္လုပ္ေနတာတုန္း”
မတ္တပ္ရပ္ရင္းေငးေမာေနေသာ ဦးျမေဖအား ေဒၚႂကြယ္ေအာ္ေခၚေလေတာ့မွ…
“ေၾသာ္…ေအး…ေအး…”
ဦးျမေဖတစ္ေယာက္ ဘြားမယ္စိန္ႏွင့္ မ်က္ႏွာျခင္းဆိုင္၌ ဝင္ထိုင္ေလ၏။
ဦးျမေဖ၏အသြင္ေၾကာင့္ ဘြားမယ္စိန္က…
“ဘြားကိုမလန႔္ပါနဲ႔ကြယ္…။ဘြား ဒီကိုလာတာေမာင္ရင္တို႔အခက္အခဲကို ကူညီေပးဖို႔ပါ”
“ဗ်ာ…”
“ရွင္…”
ဦးျမေဖတို႔လင္မယား ဘြားမယ္စိန္၏စကားေၾကာင့္အံ့ၾသ သြားၾက၏။
ဘြားမယ္စိန္ကဆက္ၿပီး…
“ေမာင္ရင္တို႔ဆီမွာ သားတစ္ေယာက္ထဲမဟုတ္ဘဲ…ေနာက္သားတစ္ေယာက္ရွိေသးတယ္မလား…။ဘြားကိုအမွန္တိုင္းပဲေျပာၾကပါ…
ဘြားအဲ့ကေလးေလးကိုလည္းေတြ႕ဖူးပါတယ္ကြယ္”
“ဟို…ဟိုေလ…သားငယ္ကလည္း ဘြားနဲ႔ဆုံခဲ့တာကို က်ဳပ္ကိုေျပာျပပါတယ္ဘြား…”
ဦးျမေဖ ေျဖလိုက္၏။
ဦးျမေဖ၏အေျဖေၾကာင့္ ဘြားမယ္စိန္က…
“အင္းးးး….။ေမာင္ရင္တို႔ကိစၥကသာမာန္ဆိုရင္
ဘြားဝင္ပါမိမွာမဟုတ္ပါဘူး…။အခုက်ေတာ့ ႐ြာမွာလည္း ပစၥည္းေပ်ာက္သူေတြကမ်ားေနၿပီဆိုတာ ေမာင္ရင္တို႔လည္းသိၾကတာပဲေလ”
“အဲ့တာက…ဘြားရယ္…က်ဳပ္တို႔လည္း တားၾကပါတယ္…။သားငယ္ကိုယ္တိုင္ကမခိုးရရင္ကို
မေနႏိုင္ျဖစ္ေနတာပါဗ်ာ…။အဲ့ကိစၥေၾကာင့္ က်ဳပ္တို႔လင္မယားလည္း
စိတ္အေတာ္ဆင္းရဲေနၾကရပါတယ္ဘြားရယ္…”
ဦးျမေဖ ျဖစ္သမွ်အားေျပာျပေလသည္။
“သူ႔ခမ်ာလည္း ေစာရနကၡတ္နဲ႔အခ်ိန္ကိုက္ေမြးလာတာကိုးေမာင္ရင္ရဲ႕။
ဘြားအခုလာတာကလည္း အဲ့ကိစၥကိုေျဖရွင္းေပးဖို႔ပါပဲ…”
“ကူညီႏိုင္တာရွိရင္ကူညီပါဦးဘြားရယ္။သားငယ္ေလး ႐ြာကလူေတြဆီကခိုးထားတဲ့ပစၥည္းေတြလည္း က်ဳပ္တို႔သိမ္းထားပါတယ္…။ဒါေပမယ့္လို႔ျပန္ေပးလိုက္ရင္လည္း လူေတြသိရင္ပိုဆိုးလာမွာလည္းဆိုးလို႔ပါဘြား…”
“ေအး…ေအး…ေအး….။ဘြားကူညီမွာပါကြယ္….ကူညီဖို႔ဒီကိုေရာက္လာခဲ့တာပဲေလ။
“ဟုတ္ကဲ့ဘြား….”
“ကဲ…ဘြားေျပာမယ္…ေမာင္ရင္သားရဲ႕ ဘယ္ဘက္လက္မွာ ဒီခ်ည္မန္းကြင္းေလးကို ဝတ္ေပးထားလိုက္…ဒီခ်ည္မန္းကြင္းေလးက သူ႔အတြက္ရည္စူးၿပီး ဘြားကိုယ္တိုင္စီမံေပးထားခဲ့တာပဲ… ဒါေလးသူ႔ရဲ႕လက္မွာရွိသ၍ သူ႔ရဲ႕ခိုးခ်င္ဝွက္ခ်င္စိတ္ေတြ
ေပ်ာက္ကြယ္ေနလိမ့္မယ္ ေမာင္ရင္…။
ေရာ့…ေရာ့…တစ္ခါထဲပဲ သြားခ်ည္ေပးထားလိုက္ေတာ့”
“ဟုတ္…ဟုတ္ကဲ့ဘြား…”
ဦးျမေဖ ဝမ္းသာအားရျဖင့္ဘြားမယ္စိန္ထံမွ
ခ်ည္မန္းကြင္းအားယူလိုက္ေလသည္။
ၿပီးေလေတာ့
ခ်က္ခ်င္းပင္သားျဖစ္သူအခန္းဆီသို႔ထြက္သြားေတာ့၏။
ခဏၾကာေတာ့မွ ဦးျမေဖျပန္ေရာက္လာေလသည္။
သို႔ေသာ္ဦးျမေဖ၏ေနာက္ပါး၌ေမာင္ေက်ာ္ရွိန္
လိုက္လာခဲ့၏။
မည္သူကမွ ေမာင္ေက်ာ္ရွိန္အား မျမင္ၾကရေသာ္လည္း ဘြားမယ္စိန္ကျမင္ရေလသည္။
ေမာင္ေက်ာ္ရွိန္အား ဘြားမယ္စိန္ ၿပဳံးၾကည့္ရင္း…
“ေမာင္ရင္တို႔လင္မယားက သားေခ်ာေလးေတြပိုင္ဆိုင္ထားၾကတာပဲကြယ္…
အလႉအတန္းေလးေတြလုပ္ၿပီး ေနာင္သံသရာေကာင္းဖို႔အတြက္ မ်ိဳးေစ့ေလးေတြက်ဲထားၾကေပါ့”
“ဟုတ္ကဲ့ပါဘြား…။က်ဳပ္တို႔လည္း စဥ္းစားထားပါတယ္”
ဦးျမေဖကေျပာေလသည္။
ေျပာရင္းမွာပင္ သူ၏လက္အတြင္းကပုဆိုးထုပ္ေလးအား…
“ဒါေတြက…႐ြာကလူေတြဆီက သားငယ္ေလးခိုးထားတဲ့ပစၥည္းေတြပါ။တစ္ခုတစ္ေလမွမေလ်ာ့ပါဘူးဘြား…
ဒါေတြကို ဘြားဆီအပ္ပါရေစဗ်ာ…။
က်ဳပ္တို႔ကိုေနာက္ဆုံးအေနနဲ႔ ကူညီေပးပါဘြားရယ္”
“အင္းပါေမာင္ရင္…။ဒီပစၥည္းေတြကိုသူႀကီးဆီအပ္ၿပီး
ပိုင္ရွင္ေတြဆီျပန္ေရာက္ေအာင္ဘြားစီစဥ္ေပးပါ့မယ္။
ေနာက္ၿပီး…ေမာင္ရင္တို႔အေၾကာင္းကို
ဘြား ဘယ္သူ႔ကိုမွ မေျပာျပပါဘူးကြယ္…ဒါေၾကာင့္ စိတ္ခ်လက္ခ်သာေနၾကပါ….”
” ေက်းဇူးတင္ပါတယ္ဘြားရယ္….
က်ဳပ္တို႔တကယ္ကိုေက်းဇူးတင္ရတာပါ။ဘြားကူညီလို႔သာက်ဳပ္တို႔စိတ္ခ်မ္းသာရတာပါဗ်ာ….”
ဟု…ဆိုကာ ဦးျမေဖႏွင့္ ေဒၚႂကြယ္တို႔သည္
ဘြားမယ္စိန္အား ထိုင္ရွစ္ခိုးၾက၏။
ေမာင္ေက်ာ္ရွိန္သည္လည္း ဘြားမယ္စိန္အားၿပဳံးၾကည့္ေနရွာသည္။
********
ေနာက္တစ္ရက္မွာေတာ့ျဖင့္”ေသာင္ထြန္း႐ြာ”ထဲ၌….
“ဟဲ့…ၾကားၿပီးၾကၿပီလားေအ့….။႐ြာမွာေသာင္က်န္းေနတဲ့သူခိုးက ပစၥည္းေတြ သူႀကီးအိမ္ေရွ႕လာခ်သြားတယ္ဆိုပဲ…အခုဆိုရင္ ပစၥည္းေပ်ာက္သူေတြလည္း သူတို႔ပစၥည္းေတြ ျပန္ရၾကေတာ့ ေပ်ာ္ေနၾကတယ္ေလ”
“ေအးေနာ္…။သူခိုးကလည္းအဆန္းႀကီးပါလားဟယ္…”
“ေအးပါဆို…။ခိုးတာေတြလာျပန္ထားတာခုမွပဲၾကားဖူးတယ္ေအ…”
အမွန္သည္ကား….ဘြားမယ္စိန္ကိုယ္တိုင္သူႀကီအိမ္ေရွ႕၌ ထိုပစၥည္းထုပ္အားခ်ေပးခဲ့လိုက္ျခင္းျဖစ္သည္။
ေနာက္ပိုင္းမွာေတာ့ ႐ြာ၌သူခိုး၏ရန္သည္လည္းကင္းေဝးသြားေတာ့ေလသည္။
ေမာင္ေက်ာ္ရွိန္တစ္ေယာက္လည္း ဘြားမယ္စိန္၏ ခ်ည္မန္းကြင္းေၾကာင့္
ခိုးခ်င္စိတ္မ်ားေပ်ာက္ကြယ္သြားၿပီး မိဘမ်ားႏွင့္ ေအးခ်မ္းစြာေနထိုင္သြားေတာ့ေလသည္။
စာဖတ္သူတို႔အေတြးကေရာ……?
ၿပီးပါၿပီ။ (စာစဥ္ ၈)
ယဥ္မင္း(ကန႔္ဘလူ)
ႏွစ္သစ္အတြက္လက္ေဆာင္…………….။