လူစားလဲခံရသောသူ(စ/ဆုံး)
————————–
,,အောင်းမယ်လေး….,,
,,မေမေ…မေမေ…ဘာဖြစ်တာလဲဟင်….,,
ဒေါ်မေဖြူ အနားမွ စိုးရိမ်တကြီး စိုက်ကြည့်နေသော သားဖြစ်သူ ဝေယံလင်းကို ပြန်၍ ပြုံးပြကာ…
,,ဘာမှမဖြစ်ပါဘူး သားရယ်…မေမေ…အိမ်မက်ဆိုးတွေ မက်နေလို့ပါ…,,
,,သား….ကျောင်းသြားတော့မလို့ မေမေ့ကို လာနိုးတာပါ…,,
သားစကားကြောင့် နံရံမွ ချိတ်ဆြဲထားသော နာရီကို ဒေါ်မေဖြူ ကြည့်လိုက်တော့ မနက်(၇)နာရီပင် ထိုးလေပြီ…
ဝေယံလင်းက သည်ကနေ့ သူတို့ကျောင်းမွာ ပညာထူးချွန်တဲ့သူတွေ ဂုဏ်ပြုဆုပေးပွဲလုပ်ရန်အတွက် ဆရာမက ကျောင်းမွာ ဝိုင်းကူညီပေးဖို့ ခေါ်ထား၍ မနေ့ကပင် မိခင်ဖြစ်သူ ဒေါ်မေဖြူကို ခွင့်တောင်းထားသည်…
,,မေမေနိုးလို့ ဗိုက်ဆာရင် စားရအောင်လို့ သား…ထမင်းဟင်းတွေ အကုန်ချက်ထားပြီးပြီ ဘုရားဆွမ်းတော်လည်း ကပ်ပြီးပြီမေမေ…,,
,,သားရယ်…အပင်ပန်းရှာလို့ကွယ်…မေမေပဲ ချက်မွာပေါ့…,,
,,ရပါတယ် မေမေရယ်…သားလည်း မေမေ့ကို တတ်နိုင်သလောက်လေး ကူညီပေးချင်လို့ပါ…,,
,,အေးပါကွယ်…,,
,,မေမေ…အဲ့ဒါဆို သားသွားလိုက်ဦးမယ်နော်…,,
ဝေယံလင်းက မိခင်ဖြစ်သူကို ဦးချလိုက်သည်…
,,သာဓု…သာဓု…သာဓုပါကွယ်..အမေ့သားလေး ကျန်းမာပါစေ ချမ်းသာသာစေ သွားရင်းလာရင်း ခလုတ်မထိ ဆူးမညှိပါစေနဲ့ကွယ်…,,
,,ပေးတဲ့ဆု ပြည့်ပါစေ မေမေ…သားသွားပြီနော်…,,
,,အေး…အေး…,,
ဝေယံလင်းက အိမ်ရှေ့မှ အသင့်ရပ်စောင့်နေသော သူငယ်ချင်းဖြစ်သူ သူရိယနှင့် ဇင်မင်းဝေဆီသို့ ဆင်းသွားလိုက်၏…
,,သား….,,
,,ဗ္ာ….အေမ….,,
,,ကျောင်းမွာ ဝိုင်းကူလို့ပြီးရင် အိမ်ကို တန်းပြန်လာနော်…,,
,,ဟုတ်ကဲ့ မေမေ….,,
ဝေယံလင်းက မိခင်ဖြစ်သူကို နှုတ်ဆက်ပြီး သူငယ်ချင်းနှင့်အတူ ကျောင်းသို့ ထွက်သြားလေသည်…
ဒေါ်မေဖြူကတော့ တစ်ရွေ့ရွေ့နှင့် ထွက်သြားနေသော သားဖြစ်သူရဲ့ နောက်ကြောကို ငေးကြည့်၍သာ ကျန်ခဲ့၏…
သည်နေ့တော့ ဒေါ်မေဖြူ သိပ်မပျော်လွ စိတ်ထဲလေးလံပြီး နေလို့ထိုင်လို့ မကောင်းပေ…
သူမရဲ့ အိမ်မက်ထဲကလိုမျိုး သားလေး ဘာမှမဖြစ်ပါစေနဲ့ ဟု အကြိမ်ကြိမ်အခါခါ ဆုတောင်းနေမိသည်…
ဒေါ်မေဖြူတို့ဟာ သားအမိ နှစ်ယောက်တည်းသာရှိပြီး ဖခင်နှင့် ကွေကင်းနေရတဲ့ သားဖြစ်သူ ဝေယံလင်းကို ဒေါ်မေဖြူက ပို၍ အချစ်ပိုရ၏…
ဖခင်ဖြစ်သူက ဒေါ်မေဖြူနှင့် သဘောထားချင်း မတိုက်ဆိုင်၍ ဝေယံလင်း ငယ်ငယ်လေးကတည်းကပင် နှစ်ဦးသဘောတူ ကွာရှင်းထားခြင်းဖြစ်သည်…
ဒေါ်မေဖြူက တစ်ခုလပ်ဘဝနှင့် ရုန်းကန်လာသည်မှာ အခုဆို …သားဖြစ်သူ ဝေယံလင်းပင် လူပျိုပေါက်စ ဖြစ်နေပြီမဟုတ်လား
မိန်းမသားတစ်ယောက်တည်း ရုန်းကန်ရ၍ ဘဝက သိပ်အဆင်မပြေ။ သူမ်ားဆီမွ ငွေအတိုး ချေးယူမိ၍လည်း ပြန်မဆပ်နိုင်၍ အတိုးတွေက တစ်နှစ်တစ်နှစ်နှင့် များများလာသည်…
အကြွေးရှင်တွေက အကြွေးလာတောင်းတိုင်း အဆင်မပြေသေးတာကြောင့် ဒေါ်မေဖြူက အမျိုးမျိုး တောင်းပန်ကာ ပြေလည်သည့်အခါထိ စောင့်ပေးဖို့ မေတ္တာရပ်ခံပေမယ့် အကြွေးရှင်တွေက ရုတ်ရင့်ကြမ်းကြုတ်သော စကားများနှင့် ဆဲဆိုခြင်းကို မျကာခဏ ခံရရွာ၏…
ဒေါ်မေဖြူ စိတ်ညစ်သည့်အခါ သားဖြစ်သူ ဝေယံလင်းက လာ၍ နှစ်သိမ့်ကာ ,,သားကြီးလာရင် အလုပ်တွေ ကြိုးစားပြီး အမေ့ရဲ့ အကြွေးတွေ အကုန်လုံးကို ဆပ်ပေးမယ်…,,ဟု နှစ်သိမ့်ပေးတတ်သည်…
အခုလည်း သားလေးကြီးလာပြီဆိုတော့ နွေကျကျောင်းပိတ်ရင် ဆက်မတက်တော့ပဲ ကျောင်းကနေထွက်ကာ မိခင်ဖြစ်သူရဲ့ အကြွေးတွေကို အလုပ်လုပ်ပြီး ဆပ်ပေးမယ်လို့ ကတိပေးထားပြန်၏…
မိခင်ဖြစ်သူက သားကို ကျောင်းမထုတ်ချင်ပေမယ့် ငွေရေးမပြည့်စုံသည့် ဘဝမို့ ရင်နာနာနှင့် ကျောင်းထုတ်ရတော့မည် ။
ဝေယံလင်းတို့ သူငယ်ချင်းသုံးယောက် ကျောင်းမွာ ဝိုင်းကူရင်းနှင့် ညနေ(၂)နာရီမွသာ ပြီးသွာ၏…
ကျောင်းရဲ့ ဝေယာဝစ္စ တွေ အကုန်ပြီးတော့ ဝေယံလင်း အိမ်သို့ပြန် ရန်ု အျခားသော သူငယ်ချင်းများနှင့် တီးတိုးပြောနေသော သူငယ်ချင်းဖြစ်သူ သူရိယနှင့် ဇင်မင်းဝေကို သြားခေါ်လေသည်…
,,သူရိယ…ပြန်ကြရအောင်ကြာ…,,
,,ဟာ…မပြန်ချင်သေးပါဘူးကွာ…ဒီနေ့မှပဲ နားရတာ ငါအဖွားလယ်ထဲကို ဆင်းလယ်မလို့ မင်းရောလိုက်မွာလား…,,
,,ဟာ…မလိုက်ချင်ပါဘူးကြာ…အိမ်မွာ အမေတစ်ယောက်တည်း အမေက ငါ့ကို ဟိုသြားဒီသြားဆို မကြိုက်ဘူး…ငါအဆူခံရမယ်…,,
,,စိတ်မပူစမ်းပါနဲ့ကွာ…မင်းအမေမင်းကို မဆူအောင် ငါပြောပေးမယ် ငါတာဝန်ယူတယ်ဟာ…,,
,,ဖြစ်ပါ့မလား….,,
,,ဖြစ်ပါတယ်..ငါတာဝန်ယူတယ်…,,
,,လိုက်ခဲ့စမ်းပါ ဝေယံရာ…ငါတို့အားလုံး တာဝန်ယူတယ်…,,
သူငယ်ချင်းအားလုံး တစ်ယောက်တစ်ပေါက် ဝိုင်းခေါ်တော့ ဝေယံလင်း မလိုက်ချင်ပေမယ့် သူငယ်ချင်းတွေရဲ့ အတင်းခေါ်ဆောင်ရာကို လိုက်ပါသြားတော့၏…
သူတို့ဦးတည်သည့် နေရာက သူရိယရဲ့ အဖွားလယ်ထဲဖြစ်သည်။
အကြောင်းရင်းမွာ ဇီးသီးသွားခူးစားကြခြင်းပင်…
သူရိယရဲ့ အဖိုးအဖြားတွေက ငွေကြေးပြည့်စုံကြပြီး တောင်ယာအများကြီးကို ပိုင်ဆိုင်ထားသူ ဖြစ်ကြ၏…
သူရိယတို့ အဖွားရဲ့ လယ်ထဲကိုဆင်းဖို့ ချောင်းတစ်ခုကို ကျော်ဖြတ်ရမှာဖြစ်သည်…
လှေကတို့စောင့်သူ ရှိပေမယ့် အျမဲတစေတော့ မစောင့်ပေ…
အဲ့ဒီချောင်းက တစ်နှစ်တစ်ခါ လူစားလဲသည်…
ညညဆို ချောင်းထဲမွ သတ္တဝါရဲ့ အသံအလား အော်ဟစ်အသံမ်ား ကြားရလေ၏…
လူကြီးတစ်ချို့က ချောင်းစောင့်က လူတောင်းစားတယ်ဟု ပြောကြကာ သူတို့ရဲ့ ရင်သွေး ကလေးတွေကို ချောင်းထဲ ဆင်းကစားတာတွေကို ခွင့်မပြုကြပေ…..
သည်နှစ်လည်း ချောင်းက အော်ပြန်လေပြီ လူကြီးတွေက ခွေးတွေ ပစ်ခ်ပေးပေမယ့် အော်တာ မရပ်ပဲ ညစဉ်ညတိုင်း အော်စျမဲ…
ခါတိုင်းနှစ်ဆို ခွေးတွေ နွားတွေ စားရပြီဆို မအော်တော့ပဲ ညိမ်သက်သြား၏..
သည်နှစ်မွာတော့ အော်တာ မရပ်ပဲ ရေတွေက ဆင်းလိုက်တက်လိုက်နှင့် ဖြစ်နေသည်…
ဟိုရောက်တော့ ဝေယံလင်းတို့ သူငယ်ချင်းတစ်စု ကြည့်လိုက်တော့ ကူတို့သမားမရှိပေ…
နွေရာသီမို့ ချောင်းထဲမွရေတွေ သိပ်မမ်ားသလို သိပ်မကျယ်ပြန့်ပေ…
,,ကဲ့….ငါတို့ ဟိုဘက်ကမ်းကိုကူးဖို့ ကူတို့သမားလည်း မရှိပါလား ဘယ်လိုလုပ်မလဲ…,,
ဇင်မင်းဝေရဲ့ စကားကြောင့် အားလုံးစဉ်းစားဟန်နှင့် ညိမ်သက်ကြကုန်၏…
,,ပြန်ကြရအောင်ကြာ…ငါအိမ်ပြန်ချင်တယ် ခုလောက်ဆို အမေလည်း ငါ့ကိုစိတ်ပူလောက်ပြီ…,,
,,နေစမ်းပါဦးကြာ…မင်းကလည်း ဘယ်လိုဖြစ်နေလဲ ဒီမွာ ဟိုဘက်ကမ်းကိုရောက်ဖို့ ဘယ်လိုလုပ်ရမလဲလို့ စဉ်းစားနေတာ…,,
ပါလာသည့် သူငယ်ချင်း တစ်ယောက်က ဝေယံလင်းကို စိတ်မရှည်သလို ပြန်ပြောလိုက်သည်…
,,အေး…ဘယ်လိုလုပ်ရမလဲဆိုတာကို ငါအကြံရပြီ…,,
ဇင်မင်းဝေက တစ်ခုခုကို စဉ်းစားရသည့်ဟန်နှင့် ကျန်သူငယ်ချင်းမ်ားကို အော်ပြောလိုက်၏…
,,ဘယ်လိုလုပ်ရမလဲ…,,
သူငယ်ချင်း တစ်ယောက်ကပြန်၍ မေးလေသည်…
,,ဒီလိုလေဟာ…ငါတို့ ဟိုဘက်ကမ်းရောက်ဖို့ ရေကူးသွားကြမယ်လေ…,,
,,အေး…အဲ့ဒီအကြံမဆိုးဘူး…,,
,,ဟင်အင်း…ငါလက်မခံဘူး ငါရေမကူးတတ်လို့ မင်းတို့ပဲ သွားချင်သြားတော့ ငါမလိုက်တော့ဘူး…,,
ဇင်မင်းဝေရဲ့ အကြံကို အားလုံးက သဘောတူ လက်ခံပေမယ့် ရေမကူးတတ်တဲ့ ဝေယံလင်းကတော့ လက်မခံပေ…
,,အဲ့လိုတော့ မလုပ်ပါနဲ့ဟာ…ငါတို့က အချစ်ဆုံးသူငယ်ချင်းတွေပဲ အတူတူသွားကြတာပေါ့…ငါ့ကိုတော့ စိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့…,,
စိတ်မကောင်း ဖြစ်နေသော သူရိယကိုကြည့်ပြီး ဝေယံလင်း သနားသြား၏…
,,အေးပါကွာ…ငါမင်းတို့နဲ့အတူ လိုက်ပါ့မယ် ဒါပေမယ့် ငါရေမကူးတတ်ဘူး…,,
,,အဲ့ဒီအတွက်တော့ မပူစမ်းပါနဲ့ကွာ ငါတစ်ယောက်လုံးရှိတယ် စိတ်ချမင်းတစ်ခုခုဖြစ်ရင် ငါပါမင်းနဲ့ လိုက်ခဲ့မယ်….,,
,,ဖၾလား……,,
သူရိယရဲ့ စကားကြောင့် ရုတ်တရက် သစ်ပင်ပေါ်မှ နားနေသော ငှက်ငယ်မ်ားက ထပျံကုန်သည်…
သည်အရာဟာ နိမတ်လား ဒါမှမဟုတ်….
သူရိယနှင့် ဝေယံလင်း သူငယ်ချင်းနှစ်ယောက် စကားပြောရင်း အနောက်မွ သူငယ်ချင်းတစ်ယောက်က ဝေယံလင်းကို ရေထဲ တွန်းချလိုက်သည်…
,,ဝုန်း…..,,
ကြောက်လန့်တကြားနှင့် ဝေယံလင်းမွာ အားအကုန် ကူးခတ်လေတော့၏…
,,ဟား….ဟား….ဟား….ဟိုမှာကြည့်ပါဦး ရေကူးမတတ်ဘူးဆိုတဲ့သူက ရေကူးလိုက်တာ မြန်နေရောပဲ…ဟား….ဟား…ဟား….,,
သူငယ်ချင်းမ်ားက ဝိုင်း၍ လှောင်ပြောင်ပေမယ့် ဝေယံလင်းမွာတော့ မပြုံးနိုင်ပေ…
ခဏအကြာမှာတော့ ကျန်သူငယ်ချင်းများလည်း ရေထဲခုန်ဆင်းကာ တဖက်ကမ်းသို့ရောက်ရန် ကူးခတ်ကြလေသည်…
သူငယ်ချင်းမ်ားက ရေကူးကျွမ်းသူတွေ ဖြစ်ကြတော့ ခဏအတွင်းမွာပဲ တစ်ဖက်ကမ်းသို့ ရောက်သြားလေ၏….
မရောက်သေးတာက ဝေယံလင်း တစ်ယောက်တည်းပင်ဖြစ်သည်…
အတွေ့အကြုံ မရှိသလို ရေကူးလည်း မကျွမ်းတာမို့ တော်ရုံနှင့်ပင် ရေကူးမသွားပေ…..
အဲ့ဒီအချိန်မွာပဲ ရုတ်တရက်ဆိုသလို ချောင်းထဲမွရေတွေ များလာပြီး ရေပြင်တွေဟာ ကျယ်ပြန့်လာကာ ရေလိုင်းလုံးများ ထလာလေ၏…
,,ဝေယံလင်း…မြန်မြန်ကူးလာ နင့်နောက်မွာ ရေလိုင်းကြီးတွေ လာနေပြီ…,,
ကမ်းစပ်မွ အော်ဟစ်သတိပေးနေသော သူငယ်ချင်းတွေရဲ့ အသံကို ဝေယံလင်း မကြားနိုင်တော့ပဲ ခြေကုန်လက်ပန်းက်ကာ ပေါ်လိုက်မြုတ်လိုက် ဖြစ်နေသည်…
ထိုမြင်ကွင်းကို မြင်နေရတဲ့ သူရိယက သူငယ်ချင်းဖြစ်သူ ရေနှစ်နေပြီကိုသိ၍ ခေါ်ချိန်မရ ရေထဲခုန်ဆင်းသြား၏…
အမြန်အဆိုင် ကူးခပ်ရင်း ဝေယံလင်းရဲ လက်တစ်ဖက်ကိုဆြဲကာ တဖန်ကမ်းစပ်သို့ ပြန်ကူးလာသည်…
,,သူရိယ…အနောက်မွာ…,,
,,ဘွမ်း…..,,
သူငယ်ချင်းဖြစ်သူရဲ့ စကားမဆုံးခင်မွာပဲ အနောက်မွ တရွှေ့ရွှေ့နှင့် လိုက်လာသော ရေလိုင်းလုံးကြီးက ကြီးမားသော သတ္တဝါတစ်ကောင်ရဲ့ ပါးစပ်အလား သူရိယနှင့် ဝေယံလင်းကို ဝါးမြိုသွားတော့၏…
,,ဟာ…ပေါ်မလာတော့ပါလား…လုပ်ကြပါဦး…ကယ်ကြပါဦး…ကျွန်တော်တို့ သူငယ်ချင်းတွေ လိုင်းလုံးကြီး အုပ်သွားလို့ပါ…ကယ်ကြပါ…ကယ်ကြပါဦး….,,
ကုန်းပေါ်မှ ရှိနေသော သူငယ်ချင်းတစ်စုက ပတ်ဝန်းကျင်မွ လူတွေကို အော်ဟစ်အကူအညီ တောင်းကြလေသည်…
ခဏအကြာမှာတော့ လှေလေးတစ်စီးနှင့် လူတစ်ဦးမောင်းလာကာ ခလေးငယ်တွေရဲ့ အော်ဟစ်သံကြောင့် ကလေးတွေဆီ လှော်သြားလေသည်…
,,ကလေးတွေ…ဘာဖြစ်နေကြတာတုန်း..,,
,,ဦးလေး…ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ရေနှစ်နေလို့ ပြန်ပေါ်မလာတော့ဘူး…ကူညီပေးပါ…,,
,,ဟေး…ဘယ်တုန်းက နှစ်တာလဲ…,,
,,ခုနလေးတင်ပါ…လုပ်ပါ ကျွန်တော်တို့ကို ကူညီပါ…,,
,,အေး…ငါကူညီမယ်…ဒါမဲ့..ငါတစ်ယောက်တည်းတော့ မရဘူး..မင်းတို့က ဟိုတဖက်ကနေ ကူးလာတယ်မလား…,,
,,ဟုတ်ပါတယ်…,,
,,အဲဒါဆို လာ…လာ…လှေပေါ်မြန်မြန်တက် ရွာထဲက လူကြီးတွေကို ပြန်ပြီးအကြောင်းကြား ခေါ်လာကြ…,,
ပြောပြောဆိုဆိုနှင့် ကလေးတွေများက လှေပေါ်သို့တက်ကာ တဖက်ကမ်းသိုဆင်းပြီး ရွာထဲအမောတကော ပြေးဝင်ကြသည်…
ခဏအကြာမှာတော့ ခလေးငယ်မ်ားဦးဆောင်၍ ရွာထဲက လူကြီးတွေလည်း မြစ်နားသို့ ရောက်လာကြပြန်၏…
မိဘတွေများကတော့ ကိုယ့်သားသမီး မဖြစ်ပါစေနှင့်ဟု ပါးစပ်မွ ဘုရားစာ မပြတ်စတမ်းရွတ်ကာ ဆုတောင်းနေကြသည်…
နောက်…အဖြေမှန်ကို သိရတော့ သူရိယမိခင်နှင့် ဝေယံလင်းတို့မိခင်က ပူပန်သောကမှုတွေနဲ့အတူ မြစ်နားသို့ ရောက်လာကြ၏…
ရွာသားများက ရေထဲဆင်းငုတ်ပြီး အလောင်းတွေကို ရှာဖွေလေသည်..
အတန်ကြာအောင် ရှာရင်းနှင့် ရွာသားတစ်ယောက်က အရာတစ်ခုကို ထိမိရာ ဆွဲတင်ကြည့်တော့ အသက်မဲ့နေသော သူရိယအလောင်းပင် ဖြစ်၏…
ကုန်းပေါ်သို့ ယူတင်ပြီးတဖန် ဝေယံလင်းအလောင်းကို ရှာကြပြန်သည်…
,,အောင်းမယ်လေး…သားလေးရယ်…မေ့မေ့ကို ထကြည့်ပါဦး…မေမေ့သားလေး…ထပါဦးကွယ်….,,
ငိုသံမ်ားက မြစ်တစ်ခုလုံးကို ထိုးဖောက်ကာ စင်္ကြာ၀ဠာထိပင် ရောက်တော့မတတ်ဖြစ်၏…
ဝေယံလင်းအလောင်းကို ည နေဝင်သည်အထိ အားလုံးက ဝိုင်း၍ရှာပေမယ့် မတွေ့ပေ…
,,ဖြစ်မှဖြစ်ရလေ…သားလေးရယ်…နောက်ဆုံးအချိန်ဖြစ်တဲ့ သားလေးရဲ့ ရုပ်အလေားကိုတောင် အမေမြင်ခွင့် မရတော့ဘူးလားကွယ်…ဟီး….ဟီး….ဟီး…,,
,,စိတ်မပူပါနဲ့ ဒေါ်မေဖြူ..ကျွန်တော်တို့တွေ တွေ့အောင်ရှာပေးမှာပါ…,,
ဝေယံလင်းအလောင်းကို အားလုံးကဝိုင်း၍ ကြိုးစားပန်းစား ရှာနေသော်လည်း ပင်ပန်းရုံကလွဲလို့ အလောင်းကို မည်သို့ပင်ရှာရှာ မတွေ့ပေ…
နောက်ဆုံး အလောင်းဟာ သူ့ဘာသာပေါ်အလာကို စောင့်ရတော့မည်ဟု အားလုံးက လက်လျှော့ရတော့မည်ဖြစ်၏…
,,အောင်းမယ်လေး….သားရယ်…မေမေ့ကိုပါ ခေါ်သွားလိုက်ပါလား…သားမရှိပဲ မေမေဒီလောကကြီးထဲမှာ မနေချင်တော့ဘူး…ဟီး…ဟီး…ဟီး…အ…အ…အစ်…,,
,,ဟာ…ဒေါ်မေဖြူ မူးလဲသွားပြီ ကူကြ…ကူကြ…သူ့အိမ်ခေါ်ပြန်ရအောင်…,,
ရွာသားတစ်ယောက်ရဲ့ သတိပေးစကားသံကြောင့် အားလုံးက ဒေါ်မေဖြူကို သတိရအောင် ပြုစုပေးပြီး အိမ်သို့ပြန်ပို့ကြလေသည်…
အိမ်ပြန်ရောက်တော့ ဆရာဝန်က ဒေါ်မေဖြူကို စိတ်ငြိမ်ဆေးတစ်လုံး ထိုးပေးပြီး ဒေါ်မေဖြူ အိပ်ပျော်သြား၏….
အိမ်မက်ထဲမွာတော့ သားဖြစ်သူ ဝေယံလင်းက ကိုယ်တစ်ခုလုံး ရေတွေနှင့်စိုချွဲပြီး နှခမ်းအောက်မွ မှေးချင်းရိုက်ကာ မိခင်ဖြစ်သူကို စိုက်ကြည့်နေသည်…
,,မေမေ…သားကိုကယ်ပါဦး…သားချမ်းနေပြီ…သားကိုကယ်ပါမေမေ….သားကိုကယ်ပါမေမေ…မေမေ….မေမေ…,,
,,.သား….,,
အိမ်မက်မွ လန့်နိုးတော့ မိုးပင်လင်းနေပြီ ဒေါ်မေဖြူရဲ့ တကိုယ်လုံး ချွေးတွေနှင့် စိုချွဲနေသည်…
,,ဟင့်…ဟင့်…ဟင့်….သားရယ်….,,
,,ဒေါ်မေဖြူ…ဗျို့…ဒေါ်မေဖြူ…အလောင်းတွေ့ပြီ…,,
,,ဟင်…ဟုတ်လား…ဘယ်နားမှာလဲဟင်….ငါ့သားအလောင်း….,,
,,မြစ်ဆိပ်မွာဗ်….,,
,,သားလေး….သားလေး…,,
သားဖြစ်သူ အလောင်းကို တွေ့ပြီဆိုသောကြောင့် ဒေါ်မေဖြူ ဝမ်းသာအားရနှင့် အိမ်ပေါ်မှ ဆင်းရမယ့် လှေခါးထစ်တွေမနှင်းပဲ သည်တိုင်းခြေချ၍ လှေခါးပေါ်မှ လိမ့့့်က်လာကာ ဒူးခေါင်းက လှေခါးစောင်းနှင့် ရိုက်မိကာ ဒူးခေါင်းကွဲပြီး တစ်ကိုယ်လုံး ပွန်းပဲ့ကုန်၏…
သားသတင်းလာပေးသူက ဒေါ်မေဖြူကို လွဲနေရာမှ တွဲထူလိုက်သည်…
,,ဟာ…ဒေါ်မေဖြူ…သတိထားလေဗျာ…ဒူးမွာသွေးတွေ တအားထွက်နေပြီး ဆရာဝန်ဆီသြားရအောင်…,,
,,ဟင်အင်း….ကျွန်မသားဆီပဲသွားမယ်…သားလေးဆီ ခေါ်သွားပေးပါ…ဟင့်….ဟင့်….ဟင့်….,,
ဒေါ်မေဖြူ ဒူးမွသွေးများက စီးက်ပေမယ့် နာဟန်မတူ အဘယ်ကြောင့်ဆို အပြင်ကဝေဒနာထက် ရင်ထဲမွ ဝေဒနာကပင် ပို၍နာကျင်ခြင်းမို့ပင်…
မြစ်ဆိပ်နားရောက်တော့ လူအုပ်ကြားမှ ဒေါ်မေဖြူတိုးဝင်လိုက်၏…
မျက်နှာတစ်ခုလုံး သွေးမရှိ၍ ငြိမ်သက်နေသော သားဖြစ်သူအလောင်းကိုဖက်၍ ဒေါ်မေဖြူ ရှိုက်ကြီးတငင် ငိုယိုနေတော့သည်…
အလောင်းမွာ ရေထဲနှစ်မြုတ်တာ (၁)ရက်နှင့်(၁)ညရှိသွားပြီမို့ အလောင်းအနည်းငယ်ပွပြီး အနံ့ထွက်နေပြီဖြစ်၏…
သို့ဖြစ်၍ ဆက်မထားတော့ပဲ မွန်းလြဲ(၁)နာရီ အချိန်မွာပဲ သူရိယအလောင်းနှင့်အတူ သဂြိုလ်လိုက်ကြသည်…
ရပ်နီးရပ်ဝေးမှ လာရောက်နေတဲ့ ဆွေမျိုးအပေါင်းအသင်းတွေနှင့် ရက်ကွက်သူ ရက်ကွက်သားမ်ားက သားအတွက် ပူဆွေးသောက ရောက်နေတဲ့ မိခင်နှစ်ဦးကိုကြည့်ပြီး ထပ်တူစိတ်မကောင်း ဝမ်းနည်းကြရလေ၏…
,,သားလေးရယ်…မေမေကို တစ်ယောက်တည်း ထားခဲ့ပြီလားကွယ်..ဟင့်…ဟင့်…ဟင့်…,,
,,စိတ်ကိုထိန်းပါ..ဒေါ်မေဖြူရယ်…,,
အားလုံးက ဒေါ်မေဖြူနှင့် သူရိယမိခင်ကို အားပေးစကား နှစ်သိမ့်ပေးကြ၏…
,,ဘဝတစ်ပါးမွ ပြောင်းရွှေ့ကွယ်လွန် သွားရှာသော မောင်သူရိယနှင့် မောင်ဝေယံလင်းတကြ အားလုံးသော မကျွတ်မလွတ်သူအပေါင်း အမ် အမ် အမ် ယူတော်မူပါကုန်လော….,,၃
,,ဟင့်…ဟင့်…သား….ကျွန်မသား…အ…အ…အစ်….,,
,,ဟဲ့…ဟဲ့…ဟဲ့…လုပ်ကြပါဦး..ဒီမှာတက်နေပြီ…,,
,,ခြေဖနှောင့်ကိုနိုပ်…နှားရင်းနားနိုပ်…သွေးကြော….,,
သင်္ချိုင်းကုန်းမွ အသံနှင့် လူများပြာယာခပ်ကုန်၏….
သည်လိုနှင့် ရက္လတြေ ကုန်ဆုံးသွားပေမယ့် ဒေါ်မေဖြူကတော့ သားဖြစ်သူကို မမေ့နိုင်သေးပေ…
တစ်ညမွာ ဒေါ်မေဖြူတစ်ယောက် အိမ်ရှေ့ဝါးရံတာမှထိုင်ကာ တစ်ယောက်တည်း ငိုကြွေးနေရင်း ရုတ်တရက်ဆိုသလို မြူခိုးလုံးတွေ ထွက်ပေါ်လာပြီး မြူခိုးကြားမှ သားဖြစ်သူ ဝေယံလင်းကို တွေ့ရလေသည်…
,,ဟင်…သားလေး…အမေ့သား…သားက မေမေ့ဆီပြန်လာတာလားဟင်…,,
,,မဟုတ်ပါဘူးမေမေ…သားမေမေ့ကို လာတွေ့တာပါ..မေမေတို့ပြုလုပ်ပေးတဲ့ ကုသိုလ်ကောင်မှုတွေကို သားရပေမယ့် သားမှာတာဝန်တြေနဲ့မို့ ဘဝမကူးနိုင်သေးဘူးမေမေ…သားတာဝန်တွေ ထမ်းဆောင်ရမှာမို့ သားသြားတော့မယ်မေမေ….,,
,,ဟင်…သား…သား…,,
ပြောပြောဆိုဆိုနှင့် ဝေယံလင်းက မြူခိုးတွေနှင့်အတူ တဖြည်းဖြည်း ပျောက်ကွယ်သြားတော့၏…
,,သားရယ်….မေမေ့ကို…တစ်ယောက်တည်း ထားခဲ့ပြီလားကွယ်…သားလေး….သားလေး….သား…….,,
အတိတ်က သားဖြစ်သူနှင့်အတူ ပျော်ဖူးခဲ့တဲ့ ပုံရိပ်တွေကို မြင်ယောင်ရင်း မျက်ဝန်းအိမ်မွ မျက်ရည်မ်ားကတော့ ဒေါ်မေဖြူရဲ့ ပါးပြင်ပေါ်သို့ အတားအဆီးမဲ့စြာ ဆင်းသက်လာကြသည်….
ပြီး…../
ဝါသနာရှင်အဆင့်သာမို့ ပမှားများပါရင် ခွင့်လွတ်ပါလို့ မေတ္တာရပ်ခံရင်း အားလုံးသော ဆရာ/မများနှင့် စာဖတ်သူ အားလုံးကို အမြဲအစဉ် လေးစားလျှက်ကြင်ယာတော်(ဒုံဝန်းသူ)
#crr