Unicode Version
လူတစ်ရာသေမည့်ရွာ(စ/ဆုံး)
————————————
ဆောင်းဥတုသည် ခိုက်ခိုက်တုန်အောင်ချမ်းအေးလှ၏။
စောင်များအားအထပ်ထပ်ခင်းပြီး
ကိုယ်ပေါ်၌လည်း အထပ်ထပ်ခြုံကာအိပ်ကြရလေသည်။
ထိုအေးချမ်းလှသော ဆောင်း၌
ဘွားမယ်စိန်သည် မိမိအိမ်၌သာနေ၍ သမီးဖြစ်သူဖိုပေးသော
မီးဖိုတွင်မီးလှုံနေတတ်လေသည်။
ညနေစာစားပြီး ဘုရားဝတ်ပြု…တရားထိုင်ပြီးသည်နှင့်
သမီးဖြစ်သူဒေါ်ဝင်းက ခြံဝိုင်းအတွင်း၌
မီးဖိုလုပ်ပေးထားသည်။
ထိုမီးဖို၌ မီးလှုံရင်း ဒေါ်ဝင်းတို့သားအမိနှင့်ဘွားမယ်စိန်သည်
စကားများပြောရင်း ရယ်မောပျော်ရွင်နေခဲ့တော့၏။
“ဟာ…ဘွား ဘုရားဝတ်ပြုပြီးပြီပေါ့…..”
“ဟယ်…မောင်တိုး…မိုးတောင်အတော်ချုပ်ပေါ့…”
“ကျုပ်အိပ်မပျော်လို့အရီးရာ…
ချမ်းကလည်းချမ်းနဲ့စောင်အသာခြုံပြီး ဒီကိုထွက်လာခဲ့တာပဲ”
မောင်တိုးသည် စောင်ကိုခေါင်းအလုံခြုံလာခဲ့လေသည်။
“ကဲ…ထိုင်လေကွယ်…ဒီမှာအချမ်းပြေ
အကြမ်းရေသောက်…ထန်းလျက်စား……”
“ဟုတ်ကဲ့ဘွား…ဒါနဲ့.ဘွားဘယ်ချိန်အိပ်သတုန်းဗျ….”
“ဘွားက တော်နေဆိုအိပ်တော့မှာလေ မောင်ရင်ရဲ့…
မောင်ရင်တို့လူငယ်တွေလို ညနက်တဲ့ထိမနေနိုင်ပါဘူးကွယ်…”
“ဟုတ်တယ်မောင်တိုးရေ…မင့်အဘွားက မနက်ဆိုရင်အရီးတို့ထက်အရင်နိုးတာဟေ့…ဘုရားခန်းဝင်…
သောက်တော်ရေလဲသံကြားရင်အရီးတို့လည်းနိုးပြီလေ”
“သြော်…အဲ့လိုလား…”
ဘွားမယ်စိန်တို့နှင့်ခဏမျှစကားပြောပြီးနောက်
မောင်တိုးတစ်ယောက် စောင်ကြီးခြုံ၍ အိမ်ပြန်သွားတော့သည်။
ထိုအခါမှဘွားမယ်စိန်တို့သားအမိတတွေမီးဖိုမီးငြိမ်းပြီး
အိပ်ရာဝင်ကြတော့၏။
***************************
မြိတ်ကုန်းရွာ၌ အသုဘတစ်ခုချနေလေသည်။
သေသူသည် အရက်သမားလူရမ်းကားပေမို့
ဆွေမျိုးနည်းစပ်များသာလိုက်လံပို့ဆောင်ကြ၏။
ထိုအသုဘအခေါင်းအား သယ်ယူလာသူများမှာ
သေသူ၏သောက်ဖော်သောက်ဖက်အရက်သမားများသာဖြစ်ပေသည်။
“ကဲ…မင်းတို့ကို တို့တွေအရက်ဖိုးပေးပါ့မယ်ကွာ…
ဒီအလောင်းကို မင်းတို့ပဲ မြှုပ်ပေးကြစမ်းပါ”
ဟု ပြောသောအခါ အလောင်းသယ်လာသော
အရက်သမားများပျော်ရွင်သွားကြပြီး သူတို့ထဲမှ…
“စိတ်ချဗျို့…ဒီကောင်ကြီးက…
ကျုပ်တို့ရဲ့အပေါင်းအသင်းကြီးဗျ…အေ့…
အရက်ဖိုးသားပေးဗျို့……”
“စိတ်ချမယ်နော် ငကျော်…
မင်းလူတွေနဲ့အလောင်းသေချာဖို့ခဲ့ကြ…
ရော့…ရော့…အရက်ဖိုး………”
ဟု…ပြောရင်း ငကျော်ဆိုသော အရက်သမားအား
အရက်ဖိုးပေး၍ ပြန်ကုန်ကြတော့လေသည်။
အရက်ဖိုးရ၍ အရက်သမားအုပ်စုလည်း
အလောင်းမြှုပ်ဖို့ရန်မြေကျင်းတူးကြတော့၏။
မြိတ်ကုန်းရွာ၌ သင်္ချိုင်းစောင့်မရှိ။
အသုဘရှိလျှင် ဆွေမျိုးနီးစပ်များကသာ
ဝိုင်းဝန်းမြှပ်နှံပေးကြလေသည်။
ယခုလည်း သေဆုံးသူအရက်သမားတစ်ဦး၏အလောင်းကို
အရက်ဖိုးပေး၍သာ မြှုပ်နှံခိုင်းလိုက်ခြင်းဖြစ်သည်။
************************
(မြိတ်ကုန်းရွာသည် ဘွားမယ်စိန်နှင့်စုန်းအိုမ
စာမူ၌ပါရှိပါသည်)
“သေပြန်ပြီ…သေပြန်ပြီ…………”
ရွာထဲ၌ အော်ဟစ်ပြောဆိုနေကြသည်။
အကြောင်းမှာကား လူသေ၍ဖြစ်၏။
သို့သော်လည်း ထိုလူသေသည်ဆိုတာက မရိုးရှင်းလှပေ။
နေ့စဉ်ရက်ဆက်သေဆုံးနေသည်မှာ လူဆယ်ဦးထက်မနည်းဖြစ်၍နေခဲ့သည်။
ပကတိအကောင်းအတိုင်းရှိသော လူများပင်သေဆုံးသွားကြ
ခြင်းဖြစ်၍ မြိတ်ကုန်းရွာရှိ လူများ ထိတ်လန့်နေကြရ၏။
မိုးလင်းပြီဆိုသည်နှင့်ဘယ်အိမ်က ဘယ်သူဆုံးသည်ဆိုသော
သတင်းကို ရင်တထိတ်ထိတ်နားစွင့်ရ၏။
“ညဆို မည်းမည်းကြီးလျောက်သွားနေတာဟဲ့…
ရွာထဲ လူခြေတိတ်ရင် အဲ့ဟာကြီးကိုမြင်ရတာပဲ…
တို့ဘေးအိမ်က ဦးမြကြီး မဆုံးခင်ညက အဲ့မည်းမည်းကြီး သူတို့ခြံရှေ့ရပ်နေတာကို ငါမြင်လိုက်ရတယ်…နောက်မနက်ကျ
ဦးမြဆုံးတာပဲအေ……”
“အဲ့တာကြီးကို တော်ကဘယ်လိုမြင်တာတုန်း…
ဟုတ်ရဲ့လားတော်”
“ဟဲ့ကောင်မရဲ့…အဲ့ညက ငါရေအသောက်များလို့ နောက်ဖေးသွားမလို့ နိုးလာတာ…ခြံထဲဆင်းပြီး
နောက်ဖေးသွားဖို့ကြံတုန်း…စိတ်ကတစ်ခုခုသိသလိုနဲ့…
ဦးမြတို့အိမ်ဘက်ကိုကြည့်မိလိုက်တာပဲအေ့…။
အဲ့တော့ တွေ့မိတာပေါ့…
ငါဖြင့်အဲ့သည်ညကနောက်ဖေးကိုဆက်မသွားရဲတော့လို့
အိမ်ထဲအသာပြန်ဝင်နေရတယ်”
“အင်း…ဒါဆို ကျုပ်တို့ရွာက လူတွေသေရတာ…
အဲ့မည်းမည်းပြီးကြောင့်ပေါ့လေ…
ဒါဆို..အဲ့မည်းမည်းကြီးရောက်လာရင်
ရောက်လာတဲ့အိမ်ကလူတွေသေရတာပေါ့”
“ဒါပေါ့အေ…….”
“အမလေးတော်…ဘုရား…ဘုရား…..”
မြိတ်ကုန်းရွာထဲ၌ ထိုအကြောင်းများပျံ့နှံ့ကုန်သည်။
လူဆယ်ယောက်ထက်မနည်းသေထားသည်မို့ ထိုသတင်းကို
ရွာသူ၊ရွာသားတို့ယုံကြည်ကြ၏။
ထို့ကြောင့်ပင် အကြောက်ကြီးပိုကြောက်ကြရှာသည်။
သို့သော် မနက်မိုးလင်းသည်နှင့် ရွာ၌ လူတစ်ယောက်ကပုံမှန်သေဆုံးနေစဲဖြစ်၏။
********************************
“ဘွားရေ…ဧည့်သည်ပါလာတယ်ဗျို့….
ဘယ်သူကြီးတုန်းကြည့်စမ်းပါဦးဗျာ…..”
မောင်တိုးတို့ခြံဝိုင်းထဲသို့ဝင်လာကြသည်။
မောင်တိုး ပခုံးဖက်ထားသော လူရွယ်သည် ခမောက်ကြီးစောင်းထားလေရာ ဘွားမယ်စိန်သူ၏ရုပ်အားသေချာမမြင်ရသေးပေ။
ကွပ်ပျစ်ခင်းဆီဝင်လာမှ ခမောက်ချွတ်လိုက်သူကြောင့်…
“သြော်…မောင်ရင်…..”
“ဟုတ်တယ်ဘွား…ကျုပ်ပဲဗျ…..”
“အေး…အေး…သိတယ်….နာမည်ဘယ်သူ…ဘွားမေ့နေတာ….”
“မောင်စိုင်ပါဘွားရဲ့”
“အေးကွယ်…မောင်စိုင်…မောင်စိုင်…။
ထိုင်ပါ…ဝင်ထိုင်လေ… ။
အင်း…
မောင်ရင့်အမေကော ကျန်းမာရဲ့လားကွဲ့”
မောင်စိုင်ဆိုသည်မှာ မြိတ်ကုန်းရွာမှ အစ်မဖြစ်သူအတွက်စုန်းမကြီးအားလက်စားချေချင်၍ ဘွားမယ်စိန်ကိုလာရောက်ပင့်ခေါ်သူပင်ဖြစ်သည်။
သို့သော်လည်း မြိတ်ကုန်းရွာသို့ဘွားမယ်စိန်တို့ရောက်သောအခါ၌ စုန်းမကြီးထွက်ပြေးသွားသည်မို့ အစ်မအတွက်
မောင်စိုင်တစ်ယောက်လက်စားမချေလိုက်ရပေ။
ယခု မောင်စိုင်တစ်ယောက် ဝေးလှသော ခရီးကို
ရောက်ချလာသည်မို့ ဘွားမယ်စိန်က အံ့သြနေလေသည်။
“အမေအခုထိတော့ ကျန်းမာပါတယ်ဘွား…”
“ဟေ…အခုထိဆိုတော့…ဘယ်လိုကြီးလဲ မောင်ရင်ရဲ့”
မောင်စိုင် ကွပ်ပျစ်ခင်း၌ဝင်ထိုင်နေသည်။
ရေနွေကြမ်းအိုးကို မ ယူပြီး ကြွေပန်းကန်လုံးထဲသို့ ငှဲ့ယူနေ၏။
မောင်တိုး…မောင်အုန်းတို့သည်က ဘေးတွင် အငြိမ်သားထိုင်နေကြသည်။
ရေနွေးငှဲ့နေရင်းမှ မောင်စိုင်သည်…
“ကျုပ်တို့ရွာမှာ လူတွေအသေအပျောက်
အရမ်းများနေတယ်ဘွား…။
လူနှစ်ဆယ်လောက်တောင်ရှိပြီဗျာ……”
“ဟင်…….”
“ဟာ…”
“ဘယ်လိုဖြစ်ရတာတုန်း…ရောဂါများပျံ့နေလို့လားကွဲ့”
“အစကတော့ရောဂါထင်တာ…ဒါပေမယ့် မဟုတ်ဘူးဗျ…
လူကြီးတွေ… ကျန်းမာတဲ့လူငယ်တွေ…လူလတ်ပိုင်းတွေအစုံကို
သေနေတာ…။ကျုပ်သိတာတော့ အကုန်လုံးမသေခင်ရက်ထိ
ကျန်းကျန်းမာမာပါပဲ……”
“အလို…ဘယ်လိုအကြောင်းများတုန်း…….”
“ခက်တယ်ဗျာ…တချို့ပြောတာကတော့ နောက်ရက်သေမယ့်
သူရဲ့အိမ်ရှေ့ကို ညဘက်ဆို မည်းမည်းကောင်ကြီးတစ်ကောင်
ရောက်လာတယ်တဲ့…အဲ့သည်ကောင်ကြီးရောက်တဲ့ အိမ်ဆိုရင်
နောက်မနက်ကျရင် လူတစ်ယောက်သေတာပဲတဲ့ဗျာ…….”
“မောင်ရင်တို့ရွာသတင်းကြားရတာလည်း
စိတ်မချမ်းသာစရာပါလားကွယ်”
“တစ်ရွာလုံးလည်းကြောက်နေကြတာဘွားရဲ့…
အလုပ်အကိုင်တွေပျက်…ရွာကိုထားသွားသူကသွားနဲ့…
ရွာကလုံးလုံးပျက်နေပါပြီဗျာ…ဒါကြောင့် ကျုပ်လည်း
ကျုပ်အမေနဲ့တိုင်ပင်ပြီး
ဘွားဆီအကူအညီလာတောင်းရတာပဲ”
“အင်းပေါ့လေ…ဒီလူမျိုးတွေဖြစ်နေတာဆိုတော့
ဘွားလိုက်ခဲ့ရမှာပေါ့ကွယ်…လိုက်ခဲ့ရမှာပေါ့”
မောင်စိုင်၏မျက်နှာသည် ရွင်လန်းလာခဲ့၏။
ဘွားမယ်စိန်တို့သည်လည်း မောင်စိုင်တို့ရွာ၏အဖြစ်ကြောင့်
အချိန်ဆွဲ၍ မရသည်မို့
ချက်ချင်းပင်လိုက်ပါဖို့ရန်ပြင်ဆင်ကြတော့၏။
ရွာမှနွားလှည်းယူခဲ့မည်ဆိုသော်လည်းမောင်စိုင်မှ…
“ဘွားတို့အသွားကောအပြန်ကော
ကျုပ်လှည်းနဲ့သာလိုက်ခဲ့ဗျာ…
ကျုပ်ဒါလောက်တော့လုပ်ပေးပါရစေ…..”
ဟု…ဆိုသောကြောင့် ဘွားမယ်စိန်တို့သည်
မောင်စိုင်၏လှည်းဖြင့်သာ ခရီးထွက်လာကြရ၏။
ခရီးကပန်းလှသည်။
မောင်စိုင်တို့ရွာသည် အတော်ဝေးသည်ကြောင့်
ဘွားမယ်စိန်တို့ လမ်းခရီး၌ နားလိုက် ခရီးဆက်ထွက်လိုက်ဖြင့်
နောက်ဆုံး မြိတ်ကုန်းရွာသို့ရောက်လာခဲ့ကြ၏။
ဘွားမယ်စိန်တို့ မြိတ်ကုန်းရွာရှိ မောင်စိုင်၏အိမ်သို့ရောက်သောအခါ မောင်စိုင်မိခင်က ထမင်းပြင်ပေး၍ အသင့်ကျွေးလေသည်။
ခရီးပင်ပန်း၍ထမင်းစားသောက်ကြပြီးသောအခါ
ကွပ်ပျစ်ခင်း၌ အနားယူကြရ၏။
ထိုသို့အနားယူစဉ် မောင်စိုင်၏မိခင်မှ
ပဲခြမ်းကြော်သုပ်၊ငှက်ပျောသီး၊ ပေါက်ပေါက်စုပ်တို့ဖြင့်
တည်းခင်းပေးထားပြန်သည်။
“ကိုကြီးမောင်စိုင်…ပြန်ရောက်ပြီလား…”
“တော်နေကပဲရောက်တယ်ဟေ့…ဘာထူးသေးလဲဟ”
မောင်စိုင်၏အပေါင်းအသင်းရွာသားလေးများရောက်လာခဲ့ကြ
တော့သည်။
ထိုသို့ ရောက်လာတော့
မောင်စိုင်နှင့်စကားများပြောနေခဲ့ကြ၏။
“မောင်စိုင်ရေ…မောင်ရင်…ဘွားဆီ
ခဏလောက်လာပေးပါဦးကွယ်…”
“ဗျာ…ဟုတ်ဘွား…ကျုပ်လာပါပြီ….”
စကားပြောနေသော မောင်စိုင်တစ်ယောက် ဘွားမယ်စိန်ခေါ်၍
အနားသို့ရောက်လာတော့သည်။
ဘွားမယ်စိန်က သူဆောင်ယူနေကြချည်လွယ်အိတ်လေးထဲမှ
အဝါရောင်ကြိုးလေးများကိုထုတ်ယူနေ၏။
မောင်စိုင်အနားရောက်လာသောအခါ…
“မောင်ရင်တို့ရွာကလူတွေကို…
ဒီ ပရိတ်ကြိုးလေးတွေဝတ်ခိုင်းထား…
ပြီးရင်သေချာမှာခဲ့ဦး…
ဘုရား…တရား…သံဃာကိုမမေ့လျော့ဖို့…
သရဏဂုံ သုံးပါးကိုရွတ်ဆိုကြဖို့…အဲ့တာသေချာမှာခဲ့”
“ဟုတ်ကဲ့ဘွား…ကျုပ်အခုသွားဝေပေးခဲ့မယ်….”
“အေးကွယ်…မလောက်ရင်ထပ်လာယူပေါ့”
“ဟုတ်ကဲ့…လာဟေ့…တို့ရွာထဲသွားကြစို့ကွာ…..”
မောင်စိုင်တို့လူစုလည်းအိမ်မှ ထွက်သွားကြတော့သည်။
“မောင်ရင်တို့လည်းရေချိုးကြပါလား…ခရီးကပန်းတော့
ရေမိုးချိုးပြီးမှနားကြတော့…တော်နေဆိုရင်မိုးချုပ်ပြီလေ”
“ဟုတ်ကဲ့ဘွား…ဒါဖြင့်ကျုပ်တို့ရေအရင်ချိုးလိုက်ကြမယ်နော်”
“အေး..အေး…ချိုးကြ…ချိုးကြ”
မောင်တိုးတို့ရေချိုးထွက်သွားသည်နှင့် ကျန်ရစ်သော
မောင်စိုင်၏မိခင်နှင့်ဘွားမယ်စိန် စကားလက်ဆုံကျနေတော့သည်။
“ကျုပ်တို့ရွာလေးလည်း အဖျက်အမျိုးမျိုးပဲဘွားရယ်…
ခုတစ်ခါဖြစ်နေပုံနဲ့ရွာတောင်လူကျန်ပါဦးမလားမသိတော့ဘူး”
“အဖြစ်ရှိရင်အပျက်ရှိမယ်လေ…ဒီကိစ္စကို ဘွားဘက်က
သေချာစောင့်ကြည့်ပါဦးမယ်”
“ဘာပဲဖြစ်ဖြစ် ကျုပ်သား ဘွားကိုသွားခေါ်ကတည်းက
ကျုပ်က စိတ်ပေါ့ပါးသွားတာ…ဘွားပါလာခဲ့တော့
အားတွေရှိတာပေါ့တော်….”
မောင်စိုင်၏မိခင်ကြီးစကားကြောင့် ဘွားမယ်စိန် ပြုံးနေလေသည်။
မောင်စိုင်တို့အုပ်စုသည်က ရွာထဲ၌ ပရိတ်ကြိုးများဝေငှ့ပေးပြီး
ဘွားမယ်စိန်ပြောသော ဘုရား…တရား…သံဃာ မမေ့ကြဖို့ရန်
မှာကြားနေကြတော့သည်။
ရွာသူ၊ရွာသားတို့ကလည်း မောင်စိုင်ပြောသည်များကို
ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ကြလေသည်။
ညရောက်တော့ ဘွားမယ်စိန်သည် ဘုရားခန်း၌ တရားထိုင်နေခဲ့တော့သည်။
မောင်စိုင်နှင့်မောင်တိုးတို့သည်က ကွပ်ပျစ်ခင်း၌ ထိုင်၍
ရွာ၏အကြောင်းများပြောဆိုနေကြတော့၏။
“ဒီည အခြေအနေဘာထူးမယ်ထင်သတုန်း ကိုကြီးမောင်စိုင်”
“ငါလည်းဘယ်သိမတုန်း မောင်တိုးရာ…ဒါပေမယ်လို့ ဘွားပေးတဲ့ ပရိတ်ကြိုးတွေကြောင့်တော့တစ်ခုခုထူးမယ်လို့တော့
စိတ်ထဲထင်နေမိတယ်ကွ…”
“ကျုပ်တို့ဘွားက သိပ်စွမ်းတာဗျ…အကြောင်းထူးကိုထူးလိမ့်မယ်…”
မောင်တိုးကမောင်စိုင်၏စကားအားချက်ချင်းခွန့်တုန့်ပြန်လိုက်သောအခါ မောင်စိုင်ကပြုံးလေသည်။
“မပြုံးနဲ့ဗျ…ကျုပ်တို့ဘွားက ဘုရား၊တရားသမား…
အသက်သာ ခြောက်ဆယ်ကျော်တာ သန်တုန်းမြန်တုန်းပဲ…
ခရီးပန်းတာချင်းအတူတူတောင်
ကျုပ်တို့ကပိုပြီးပန်းနေတာဗျ…
ကြည့်ပါလား ဘွားတို့များ ဘာမှမဖြစ်သလိုနဲ့”
(ယခင်ကစာမူ၌ ဘွားမယ်စိန်အသက်ကို ရှစ်ဆယ်ကျော်ဟုရေးထားမိ၏။ယခုအသက်ပြင်ဆင်ပါသည်။ခြောက်ဆယ်ကျော်ဟုသာမှတ်ယူပေးကြပါ)
“ဒါတော့ဟုတ်တယ်ဗျ…
မောင်တိုးပြောတာကျုပ်ထောက်ခံတယ်”
မောင်အုန်းကပါဝင်ပြောသောအခါ…
“ဟ…ငါကဘာပြောမိလို့တုန်း မင်းတို့ဟာကလည်း ဘွားသားတပည့်တွေပီသချက်ကွာ…မင်းတို့ပြောသလောက်တော့ငါသိပါတယ်ဟ..ဘွားကို ငါကိုယ်တိုင်လေးစားရိုသေတာပါကွာ”
ဟုရယ်ရယ်မောမောဖြင့်မောင်စိုင်ကပြောလေရာ မောင်တိုးတို့သည်လည်း ပြုံးရယ်နေကြ၏။
မှောင်ရီဝေနေသော်လည်း
ပတ်ဝန်းကျင်၌ အလင်းများရှိနေခဲ့ပြန်သည်။
ထိုအလင်းတို့သည်က လမ်းမတစ်ခုပေါ်၌ အလင်းပြနေခဲ့၏။
ဘွားမယ်စိန်တစ်ယောက်
ဘေးဘယ်ညာကို တစ်ချက်ကြည့်ပြီးနောက်
အလင်းရှိရာလမ်းမထက်သို့တရွေ့ရွေ့သွားနေခဲ့သည်။
ထိုစဉ် သူ၏အရှေ့အမှောင်တောဆီမှ
အလင်းရှိရာလမ်းမထက်သို့
တရွေ့ရွေ့လာနေသောအရာတစ်ခုကြောင့်
ဘွားမယ်စိန်သတိဖြင့်ရပ်တန့်လိုက်ရသည်။
ထိုအရာသည် အမှောင်ထဲမှတရွေ့ရွေ့လျောက်လှမ်းလာခဲ့ပြီးနောက် အလင်းရှိရာလမ်းမထက်သို့ရောက်လာခဲ့သည်။
သူနှင့်ဘွားမယ်စိန်သည် ဆယ်လှမ်းအကွာသာ ကွာဝေးကြ၏။
ဘွားမယ်စိန်သည် ထိုလူ၏ပုံပန်းသဏ္ဌာန်ကိုအကဲခတ်နေသည်။
ထိုလူဟုဆိုရသော်လည်း လူပုံစံဟူ၍
ခြေနှစ်ချောင်း၊လက်နှစ်ဖက်၊ခေါင်းတစ်လုံးပါရှိပါသော်လည်း
နီရဲပြီးအပြင်သို့ထွက်လုလုအနေအထားဖြင့်
ပြူးကျယ်လှသော မျက်လုံးကြီး နှစ်လုံး၊
ခေါင်းထက်၌ဆံပင်သည်က ကျိုးတို့ကျဲတဲ…၊
ဒါ့အပြင်ပါးစပ်အပြင်သို့
တွဲလဲထွက်နေသောလျာနှင့် ဟလျက်ရှိသော
ပါးစပ်ကြီး၌ ပေါက်နေသောအစွယ်အချွန်ကြီးများ
ခန္ဓာ၌အဝတ်မရှိသော်လည်း.ရှည်လျားနက်မှောင်နေသော အမွှေးကြီးများက သူ၏ ခန္ဓာကိုယ်အား ဖုံးကွယ်၍ထားသည်။
ထိုအရာကြီးကိုဘွားမယ်စိန်စိုက်ကြည့်၍…
“ဘာကြောင့် ဒီကိုခေါ်တာလဲ…ဘာအကြောင်းရှိလို့လဲ”
ဟု…ဘွားမယ်စိန်ကမေးသောအခါ
ထိုအရာကြီးသည် ဘွားမယ်စိန်အား သူ့၏လက်ကိုလှုပ်ရှား၍
ပြန်ဟူသော အမူအရာကိုပြလေသည်။
ထိုသို့ ခဏခဏ အမူအရာလုပ်ပြပြီးနောက်
သူ၏မျက်လုံးနီကြီးများဖြင့် တစ်ချက်စိုက်ကြည့်ပြီးနောက်
အမှောင်တောဆီသို့ ထွက်ခွာသွားတော့၏။
ဘွားမယ်စိန်…တရားထိုင်နေရာမှ မျက်လုံးများပွင့်လာခဲ့တော့သည်။
သူ၏အတွေးထဲ၌ အစောပိုင်းကအကြောင်းအရာများအားတွေးတောနေမိ၏။
သို့သော် အောက်ထပ်၌ မောင်တိုးတို့အသံများကြောင့်
သူတို့ရှိရာ ကွပ်ပျစ်ခင်းသို့ဆင်းလာခဲ့တော့သည်။
“ဟော…ဘွား…တရားထိုင်ပြီးပြီလားဗျ……”
“အေး…အခုပဲပြီးတယ်ကွယ်…”
“လာထိုင်ဘွား…အမေကတောင်ဘက်ဝိုင်းခဏသွားတယ်ဗျ…
အိမ်မှာကျုပ်တို့ပဲရှိတာ…….”
“အင်း…ဒါနဲ့ မောင်စိုင် …
ဘွားပေးတဲ့ပရိတ်ကြိုးတွေလောက်င ရဲ့လား…”
“လောက်တယ်ဘွား…လောက်တယ်…ကျုပ်တို့ရွာသားတွေဆိုတာလေ…ဘွားပေးတယ်ဆိုကတည်းက ရချင်ကြတာ
အလုအယက်ပဲ ကျုပ်မနဲ တားပြီး
လူစေ့အောင်ပေးခဲ့ရတယ်ဗျို့”
“အင်းပေါ့လေ…အသက်သေမှာလည်းကြောက်ကြသကိုး…။
မောင်ရင်အမေလာရင်တော့ ဘွားတို့ သင်္ချိုင်းကိုခဏသွားကြရအောင်ကွယ်…ဘွားလုပ်စရာလေးတစ်ခုရှိနေပြန်တယ်…”
“ဗျာ…သင်္ချိုင်း…ဘာ…ဘာလုပ်စရာရှိလို့လည်းဘွားရယ်ရာသီဥတုက ချမ်းကလည်းချမ်းနဲ့…”
မောင်စိုင်ကရုတ်တရက်မို့မေးလေသည်။
မောင်တိုး…မောင်အုန်းတို့သည်က ဘွားမယ်စိန်စကားကိုသာနားထောင်နေကြ၏။
“မောင်ရင်တို့ရွာရဲ့အရေးပါပဲ..ဒီအတွက်မို့ ဘွားက မောင်ရင်တို့
သင်္ချိုင်းဆီကိုသွားချင်တာ……..”
“ကျုပ်က ရုတ်တရက်ဆိုတော့လန့်သွားတာပါ ဘွားရယ်…
ကျူပ်လိုက်ပို့ပါ့မယ်……..”
“ဘွားကလည်းချက်ချင်းကြီးဖြစ်သွားတာကိုးကွဲ့….
သင်္ချိုင်းသွားမယ်ဆိုရင်တော့ အရက်ပုလင်းနှစ်လုံးနဲ့ ထမင်းဟင်းလေးတော့မောင်ရင်တို့ ရအောင်လုပ်ပေး ရဦးမယ်…
ဘာကြောင့်ဆို
ဘွားက သင်္ချိုင်းစောင့်ကို ကျွေးမွေးချင်တာကြောင့်ပါ”
“အာ…ဒါများဘွားရယ်…ရပါတယ်…
ထမင်းနဲ့ဟင်းကခဏပါတည်တာက
မောင်အုန်းက ထမင်းအိုးတည်ကွာ….လာမောင်တိုး…
တို့ခြံထဲက ကြက်ဖကြီး အပင်ပေါ်အိပ်တန်းတက်နေရောမယ်..
ဒီကောင်ကြီးပဲ…ဟင်းလုပ်ရမှာ….မပူနဲ့ဘွားရေ…ကျုပ်တို့ရအောင်လုပ်ပေးမယ်…….”
မောင်စိုင်သည် ဘွားမယ်စိန်ပြောသည်နှင့်ချက်ချင်းပြင်ဆင်တော့၏။
မောင်အုန်းက ထမင်းအိုးတည်နေချိန် မောင်စိုင်၏မိခင်ကြီးရောက်လာ၍ သူပါ ဝိုင်းဝန်းလုပ်ကိုင်ပေးတော့သည်။
ကြက်ကိုင်ပြီး၍ ချက်ပြုတ်နေချိန် မောင်စိုင်တစ်ယောက်
ရွာထဲရှိအရက်ဆိုင်ရှိရာ ကို သုတ်ခြေတင်တော့သည်။
အရက်ဆိုင်သည်က ရွာအခြေအနေကြောင့်
စောစောပိတ်ထားသော်လည်း မောင်စိုင်က မရမကလာဝယ်လေရာ ရောင်းပေးလိုက်ကြသည်။
ယခုဆို အရက်လည်းရလေပြီ။
ထမင်းကလည်းကျက်ပြီမို့ ထမင်းအိုးလိုက်သာ ခြင်းတောင်းထဲသို့ ထည့်ထားလိုက်သည်။
“မောင်တိုး…ဟို ငှက်ပျောရွက်လေးဖြတ်ခဲ့ဦး…
သင်္ချိုင်းရောက်ရင် ထမင်းတွေဟင်းတွေ ခြင်းထဲပုံခဲ့ရအောင်
အောက်ကအခံအနေနဲ့လိုသေးတယ်…..”
“ဟုတ်ကဲ့ဘွား…ကျုပ်ဖြတ်ခဲ့မယ်…..”
ကြက်သားနူးအောင်အချိန်စောင့်ရသေးသည်။
မိုးကလည်းအတော်ပင်ချုပ်နေလေပြီ။
ထမင်းနှင့်ဟင်းများကလည်း ကျက်လေပြီမို့….
ထမင်းအိုးကို မောင်တိုးက ပခုံးထက်၌ ထမ်းလာပြီး…
မောင်အုန်းသည်က ဟင်းအိုးထည့်ထားသောခြင်းတောင်းကို
ထမ်းလာခဲ့တော့သည်။
ဘွားမယ်စိန်တို့ သင်္ချိုင်းသို့မသွားခင်အိမ်တွင်ကျန်ရစ်သော
မောင်စိုင်၏မိခင်ကြီးအား ပရိတ်ကြိုးလေး ဝတ်ဆင်ပေးထားခဲ့လေသည်။
ထိုသို့ဖြင့်…
မောင်စိုင်က မီးတုတ်ကိုင်ကာရှေ့မှသွား၏။
သူ၏လက်တစ်ဖက်၌လည်း အသွားထက်ထက်ဓားရှည်တစ်ချောင်းကပါရှိသေးသည်။
ထိုမျှမကသေး သူ၏ ခါးပုံစထဲ၌ လောက်စာလုံးများအပြင်
သူ၏ခါး၌ လောက်လေးခွက ပါရှိ၍နေသေးသည်။
ထိုသို့ဖြင့်…
ဘွားမယ်စိန်တို့လည်း
သင်္ချိုင်းဆီသို့ရောက်ရှိလာကြတော့သည်။
ပြုပြင်သူမရှိ၍ သင်္ချိုင်း၌ သစ်ပင်အကြီးငယ်တို့ဖြင့်
ရှုပ်ပွေလွန်းနေ၏။
“ဘွား…အောက်ကိုသေချာကြည့်ကြဗျာ…ဒီသင်္ချိုင်းက
စောင့်ရှောက်သူမရှိဘူး….လူသေရင် အမျိုးအဆွေတွေကပဲလာတူးကြ…မြုပ်ကြတော့…ဗရမ်းဗတာဆန်နေတာ…..”
“အေး…အေး……။သြော်….မောင်ရင်…ဟော ဟိုမြေပုံနားက အပင်အောက်မှာပဲ တောင်းတွေချထားလိုက်တော့….”
ဘွားမယ်စိန်ညွှန်ပြသော အပင်ကြီးအောက်သို့ မောင်စိုင်တို့ရောက်လာခဲ့ကြသည်။
ဘွားမယ်စိန်သည် သူနှင့်အတူပါလာသော သူတို့သုံးဦးကိုကြည့်လေသည်။
ကြောက်ရွံ့မှုမရှိ သော မောင်တိုး….မောင်အုန်း…မောင်စိုင်တို့အား ပြုံးကြည့်နေလေသည်။
ပြီးနောက်…
“ကဲ…မောင်တိုးရေ…ဟင်းတွေ…ထမင်းတွေကို အောက်က ငှက်ပျောဖက်ခံပြီး ခြင်းထဲရောထည့်လိုက်တော့….
မောင်စိုင်က အရက်ပုလင်းတွေ အဖုံးဖွင့်ပြီး…
ခြင်းတောင်းဘေး
တစ်ဖက်ဆီချထားပေးလိုက်….”
ဟု…ခိုင်းလိုက်သောအခါ၌…မောင်တိုးနှင့်မောင်စိုင်တို့က
လုပ်ပေးကြသည်။
မောင်အုန်းကတော့ မောင်စိုင်ကိုင်ဆောင်လာသော မီးတုတ်နှင့်
ဓားရှည်အား ကိုင်ပေးထားရှာ၏။
အားလုံးပြင်ဆင်ပြီးသောအခါ ဘွားမယ်စိန်သည်
သူ၏တောင်ဝှေးကြီးကို ထောက်ပြီးရှေ့သို့ထွက်လာခဲ့တော့သည်။
“ကဲ…နောက်ဆုတ်နေကြတော့…….”
ဟု…မောင်စိုင်တို့သုံးဦးကိုပြောလိုက်သည်။
ဘွားမယ်စိန်သည် မောင်စိုင်တို့ပြင်ဆင်ပေးသော
ထမင်းဟင်းများကိုကြည့်ရင်း
သူ၏တောင်ဝှေးကြီးကိုမြေပေါ်သို့
တစ်ချက်ဆောင့်ချလိုက်သည်။
“ဒီသင်္ချိုင်းမှာရှိတဲ့…သင်္ချိုင်းစောင့်ကို မယ်စိန်က ထမင်းဟင်း..
အရက်လာရောက် တိုက်ကျွေးတယ်…
သင်ရောက်ရာအရပ်ကနေ
လာရောက်စားသုံးနိုင်တယ်…ဒီဟင်း….ဒီထမင်း…ဒီအရက်က
ဒီရွာရဲ့ကိုယ်စား…မယ်စိန်ကသင့်ကိုကျွေးတာပါ…
သင်စားပါ…သင်သောက်ပါ…
ဒီရွာဟာ…
သင်စောင့်ရှောက်ရမယ့်ရွာပါ……….”
စကားဆုံးသည်နှင့်ဘွားမယ်စိန် နောက်သို့လှည့်ကာသွားတော့သည်။
“ကဲ…ဘွားတို့လာရင်းကိစ္စပြီးပြီဆိုတော့…ပြန်ကြတော့ပေါ့….”
ထမင်းအိုး…ဟင်းအိုးအလွတ်များကို မောင်တိုးနဲ့မောင်အုန်းသယ်လာကြတော့၏။
ယူလာခဲ့သော ခြင်းတောင်းနှင့်ထမင်းဟင်းများကတော့
အပင်ကြီးအောက်၌ ကျန်ရစ်ခဲ့လေသည်။
သင်္ချိုင်းမှပြန်ရောက်တော့ မိုးအတော်ချုပ်လှလေပြီ။
မောင်စိုင် ၏မိခင်ကြီးကလည်း မအိပ်သေးဘဲစောင့်နေရှာ၏။
“အမေကလည်းအိပ်နှင့်ပါလား…”
“မအိပ်နိုင်ပါဘူးဟယ်…။မင်းတို့သွားတာ အမေဖြင့်
ရင်တထိတ်ထိတ် နဲ့စောင့်နေရတာ….”
“ကဲ…ခြေရေ..လက်ရေ..ဆေးပြီး အိပ်ကြတာပေါ့…..”
ဘွားမယ်စိန်ကပြောလိုက်သည်။
အားလုံးလည်း ခြေရေလက်ရေဆေးပြီးသည်နှင့်အိပ်ရာဝင်ကြတော့၏။
*******************************
နောက်တစ်နေ့နံနက်ခင်းသို့ရောက်သောအခါ
မောင်စိုင်တစ်ယောက်အစောကြီးနိုးနေလေသည်။
နိုးနိုးခြင်း မျက်နှာကို ခပ်မြန်မြန်သစ်၍
မောင်စိုင်ရွာထဲသို့ထွက်သွားတော့သည်။
မောင်တိုး…မောင်အုန်းတို့နိုးလာချိန်၌ ဘွားမယ်စိန်ဘုရားခန်း၌
တရားထိုင်နေပြီဖြစ်သည်။
မောင်စိုင်ကလည်း ထိုအချိန်အိမ်သို့ပြန်ရောက်လာလေသည်။
သူ၏မျက်နှာထက်၌ဝမ်းသာရိပ်များထင်းနေခဲ့ပြီး
မျက်နှာသစ်နေကြသောမောင်တိုးတို့အနီးဆီသို့
ရောက်လာကာ…
“ငါ့ညီတွေ……..”
“ဗျာ…ကိုကြီးမောင်စိုင်…ဘာတွေဖြစ်လာတာလဲ…
ပြုံးလို့ရွင်လို့ပါလား”
မောင်တိုးက မျက်နှာကိုတဘက်ဖြင့်သုတ်ရင်းမေးလိုက်သည်။
မောင်အုန်း ကလည်း မောင်စိုင်အားကြည့်နေခဲ့၏။
“ဟုတ်တယ်ဟေ့…တို့ရွာထဲသတင်းထူးတယ်…
ဘွားကိုလည်းပြောချင်နေတာ…
မင်းတို့ကိုအရင်ပြောတာပေါ့လေ…။
ဒီလို…ဒီနေ့တို့ရွာထဲ သေသူမရှိဘူးဆိုပဲကွ…..”
မောင်စိုင်ကဝမ်းသာအားရပြောသောအခါ မောင်တိုးတို့လည်းဝမ်းသာကုန်ကြသည်။
ဘွားမယ်စိန်တရားထိုင်ပြီးသောအခါ၌လည်း မောင်စိုင်က
ဝမ်းသာအားရဖြင့် ပြောပြပြန်သည်။
ဘွားမယ်စိန်လည်းကျေနပ်သွားရှာ၏။
ဘွားမယ်စိန်တို့နံနက်အစောစာ စားသောက်ဖို့ရန်
မောင်စိုင်မိခင်က ပြင်ဆင်ပေးထားလေသည်။
မောင်စိုင်တို့နှင့်အတူ အားလုံးဝိုင်းဖွဲ့စားသောက်နေစဉ်…
“ကိုကြီးမောင်စိုင်ရေ…ကိုကြီးမောင်စိုင်……..”
“ဟေ…ဘာတုန်းဟ……”
“အရေးကြီးတယ်ဗျို့…အရေးကြီးတယ်……”
အော်ဟစ်ကာပြေးဝင်လာသော ကောင်လေးကြောင့်
ဘွားမယ်စိန်တို့ လက်များဆေး၍ ကွပ်ပျစ်မှဆင်းလာကြတော့သည်။
“ဖိုးခွား….ဘာဖြစ်တာတုန်း……..”
“ရွာတောင်ပိုင်းက မစု…မစု…သရဲပူးလို့…
အဲ့တာ…လူကြီးတွေဝိုင်းပြီးဆွဲခေါ်လာကြပြီဒီကို……..”
“ဟေ…”
“ဟာ….”
” မောင်တိုး…ဘွားချည်လွယ်အိတ်နဲ့တောင်ဝှေး…ဘုရားခန်းမှာရှိတယ်…အမြန်သွားယူပေး….”
“ဟုတ်ကဲ့ဘွား…..”
ဖိုးခွားဆိုသော ကောင်လေး၏စကားကြောင့် မောင်စိုင်တို့
ထိတ်လန့်သွားကြသော်လည်း ဘွားမယ်စိန်ကတော့
တည်ငြိမ်လျက်ပင်။
မကြာပါ…လူဆယ်ယောက်မက ဝိုင်းဝန်းဆွဲခေါ်လာသော
မိန်းကလေးတစ်ဦးရောက်ရှိလာတော့သည်။
ထဘီမနိုင် ပဝါမနိုင်မို့ မိန်းမကြီးများက မိန်းကလေးအား ကြိုးများဖြင့် ထဘီကိုချည်နှောင်ပေးထားကြရသည်။
မောင်တိုးကရိုသေစွာဖြင့် တောင်ဝှေးနှင့်ချည်လွယ်အိတ်ကို
ဘွားမယ်စိန်အားပေးလေသည်။
“ကဲ…အားလုံး နောက်ဆုတ်နေကြတော့….”
မောင်စိုင်တို့ခြံဝိုင်းကျယ်အတွင်းလူများအုံနေသည်မို့
ဘေးသို့ဖယ်ခိုင်းရသည်။
သရဲပူးနေသောမိန်းကလေးသည်က မြေပေါ်၌ ဒူးတစ်ဖက်ထောင်၍ထိုင်နေပြီး ခေါင်းမှာငုံ့လျက်အနေအထားရှိနေ၏။
ဘွားမယ်စိန်ကတောင်ဝှေးကြီးကိုထောက်၍
ထိုကလေးမကိုကြည့်ကာ…
“သင်…ဘယ်သူလဲ….”
ဟုမေးလေရာ….ချက်ချင်းခေါင်းကိုမော့၍ ကြည့်လေသည်။
ထိုမိန်းကလေး၏မျက်လုံးများသည်က နီရဲလို့နေခဲ့၏။
“ငါ…သင်္ချိုင်းစောင့်………”
အသံသြကြီးနှင့်ဖြေလိုက်လေရာ ဘေးရှိလူများကြောက်ရွံ့ကုန်ကြသည်။
“ဘာအကြောင်းရှိလို့လဲ….”
ဘွားမယ်စိန်ကထပ်မေးသည်။
“မနေ့ညက ငါ့ကိုခေါ်ကျွေးတာတွေငါစားထားလို့…
ဒီကိုလာခဲ့တာ………..”
“ကောင်းပြီ…ဒီရွာမှာဖြစ်နေတဲ့ကိစ္စတွေကိုသိချင်လို့
သင့်ကိုရွာရဲ့ကိုယ်စားကျွေးမွေးခဲ့ရတာပါ…
ဒီတော့ဒီရွာရဲ့အဖြစ်အပျက်ကို
သင်ဘွားကိုပြောပြလို့ရရင်ပြောပြပေးပါ…
ဒါမှ
ဒီရွာမှာနောက်ထပ်လူတွေထပ်မသေဖို့
ဘွားကူညီပေးလို့ရမှာ …”
ဘွားမယ်စိန် ပြောနေစဉ် သင်္ချိုင်းစောင့်ပူးကပ်ခံနေရသော
မိန်းကလေးသည် ဘွားမယ်စိန်အား စိုက်ကြည့်ပြီး…
“ဒီရွာက…လူတစ်ရာခေါ်ဖို့ပြောသွားတယ်…”
“ဟင်…ဘယ်သူကလဲ”
“ဒီရွာသားတွေပဲ…အလောင်းမြုပ်ရင်း…
လူတစ်ရာစာနေရာပေးဖို့ပြောသွားတယ်…….”
“ဟင်…”
“ဟာ…”
သင်္ချိုင်းစောင့်၏စကားကြောင့် ရွာသူရွာသားများပါမက…
ဘွားမယ်စိန်ပါ အံ့သြသွားရသည်။
သို့သော်လည်း…
“ဒါအမှားတစ်ခုဖြစ်လိမ့်မယ်…ဒီအတွက် ဘွားကိုယ်တိုင်ဆောင်ရွက်ပေးပါ့မယ်…သင်ဘက်ကသာ
ဒီရွာကို ဘာမှထပ်မလုပ်ဖို့ပဲဘွားတောင်းဆိုတယ်……..”
“အလောင်းကိုပြင်ပါ…ပြောတဲ့သူတွေကိုယ်တိုင်လာတောင်းပန်ပါ…ဒါဆို ကျုပ်ဒီရွာကိုဘာမှထပ်မလုပ်ဘူး”
“ဟုတ်ပြီ…ဟုတ်ပြီ…။ဒီအတွက်မပူလေနဲ့…
ဘွား စီစဉ်ပေးပါ့မယ်…….”
ဘွားမယ်စိန်မှ သင်္ချိုင်းစောင့်ကို ပြောလိုက်သောအခါ
သင်္ချိုင်းစောင့်က ခေါင်းတညိတ်ညိတ်လုပ်ရင်း နောက်သို့လဲကျသွားတော့၏။
“မောင်တိုး…ကလေးမကို ဒီပရိတ်ရေတိုက်ပေး…
မောင်စိုင်…မင်းဘွားနဲ့ခဏစကားပြောရအောင်…..”
ဘွားမယ်စိန်
ပရိတ်ရေပုလင်းကိုမောင်တိုးကိုပေးပြီးနောက်
မောင်စိုင်နှင့်စကားပြောတော့သည်။
“ဒီရွာမှာ…လူတွေရုတ်တရက်မသေခင်က…
သေဆုံးသူရှိရမယ်…ဒီသေဆုံးသူကိုအလောင်းမြုပ်တာ…
စကားမဆင်ခြင်တာကြောင့် ဒီလိုတွေဖြစ်ကုန်တာပဲ…
ဒီတော့…မောင်ရင် အဲ့လူတွေကို
စုံစမ်းပြီးဘွားရှေ့ခေါ်လာခဲ့ပေတော့….”
“ဟုတ်ကဲ့ဘွား…ကျုပ်ခေါ်လာခဲ့ပါ့မယ်………”
မောင်စိုင်လည်း ရွာထဲ ခပ်သုတ်သုတ်ထွက်သွားတော့သည်။
သင်္ချိုင်းစောင့်ဝင်ပူးသော.ကလေးမသည်လည်းသက်သာသွားလေပြီမို့ရွာသူ၊ရွာသားများ မောင်စိုင်တို့ခြံဝိုင်းထဲမှ
ပြန်ထွက်သွားကြတော့သည်။
ဘွားမယ်စိန်တို့မှာက…စားလက်စများပင်ဆက်မစားနိုင်တော့ဘဲ မောင်စိုင်ပြန်အလာကိုသာစောင့်နေကြတော့၏။
“ဘွား…လက်ဖက်လေးနဲ့အကြမ်းရေလေးသောက်ပါဦးတော်…
ကျုပ်သားကလည်း ကြာလိုက်တာ…”
မောင်စိုင်၏မိခင်ကြီးက ဘွားမယ်စိန်အနီးထိုင်၍ပြောလေသည်။
“အင်းလေ…မောင်စိုင်လည်း ရွာထဲ ဟိုမေးဒီမေးဆိုတော့
ကြာနေမှာပေါ့”
ခဏကြာတော့…ရွာမှလူကြီးတချို့နှင့် မောင်စိုင်ပြန်ရောက်လာခဲ့တော့သည်။
“ဘွား…ကျုပ်သူကြီးကိုပါခေါ်လာတယ်ဗျ……..”
“အေး…အေး…ထိုင်ကြလေကွယ်…
မောင်စိုင်က ဘွားပြောတာကော စုံစမ်းခဲ့လား”
မောင်စိုင်ကိုကြည့်၍ဘွားမယ်စိန်မေးလိုက်သည်။
မောင်စိုင်က လူတစ်ယောက်ကို လက်ညှိးထိုးပြီး…
“ဒီအရက်သမား ငကျော်တို့အုပ်စုပဲဘွား…။
ဒီလူတွေအလောင်းမြုပ်ပြီးမကြာဘူး…ကျုပ်တို့ရွာ
ဒီလိုတွေကြုံရတာပဲ…….”
ဟုပြောသောအခါ ငကျော်ဆိုသော လူသည် မျက်နှာကို အောက်သို့ငုံ့ထားရှာသည်။
“ဟိတ်လူ…ပြောလေ…ကျုပ်တို့ရွာဒီလိုတွေဖြစ်တာခင်ဗျားတို့ကြောင့်မလား…မပြောရင်ကျုပ်လက်ချက်နဲ့ခင်ဗျားသေလိမ့်မယ်နော်……. ”
မောင်စိုင်ဒေါသတကြီးဖြင့်အော်ပြောလေသည်။
ဘွားမယ်စိန်ကလက်ကာပြီး…
“ကဲ…နေ…နေ….စိတ်ကိုလျော့…ဘွားဘာသာပဲမေးပါရစေ….”
ဟု…တားယူလေသည်။
ပြီးနောက် ငကျော်ဆိုသော သူကိုကြည့်ပြီး…
“ဒီကမောင်ရင်…ဘွားမေးတာကိုဖြေ…ဖြစ်ပြီးတာတွေမတတ်နိုင်ပေမယ့်…ထပ်မဖြစ်ဖို့ကပိုအရေးကြီးနေတယ်…ဒါမို့…
မောင်ရင်သေချာစဉ်းစားပြီးသာဖြေပေး”
“ဟုတ်ကဲ့…ကျူပ်သိသလောက်ဖြေပေးပါ့မယ်…
အဲ့နေ့ကအတူရှိတဲ့…
ကျုပ်အပေါင်းအသင်းတွေလည်း သေကုန်ပါပြီ…
ကျုပ်ပဲကျန်ပါတော့တယ်ဘွားရယ်……”
ငကျော်စကားကြောင့် ဘွားမယ်စိန်ခေါင်းတညိတ်ညိတ်လုပ်သည်။
“ကဲ…ဒါဖြင့်ရင် အဲ့သည်နေ့ကအဖြစ်အပျက်လေးဘွားကိုပြန်ပြောပြပေးကွယ်……”
“အဲ့သည်နေ့က
သူတို့အလောင်းမမြုပ်ခင်ကတည်းကမူးနေကြပြီး
ကျုပ်ကတော့ အလောင်းမြုပ်ရင်းနဲ့မှသောက်တာဆိုတော့
သတိရှိသေးတာပေါ့….ဒီလိုပါ…….”
********************************
“တို့ရောင်းရင်းကြီးကတော့သွားရှာပြီဟေ့….
တို့လည်းလိုက်လာမှာပါကွာ…အခုတော့ဖြင့်
မင်းအတွက်နေရာလေးကို တို့တွေ တူးပေးနေပါတယ်ကွာ……”
ငကျော်တို့အရက်သမားအုပ်စု
အလောင်းအတွက်မြေကျင်းတူးနေကြသည်။
အရက်ကလေးမော့လိုက် တစ်ယောက်တလှည့်တူးလိုက်ဖြင့်
အလုပ်ရှုပ်နေကြပြန်၏။
“ဂေ့…အေ့……..”
“ဟိတ်ကောင်တွေတူးကြစမ်းပါကွာ…မင်းတို့ကလည်း
သောက်တာများပြီးကျင်းက ဒီကတက်မလာဘူး”
“ဟ…ငကျော်…တို့လည်းတူးနေတာပဲလေကွာ……”
စကားတပြောပြောဖြင့် နောက်ဆုံးကျင်းတူး၍ပြီးသွားတော့သည်။
“ကဲ….သယ်ရင်းကြီး…သွားပေတော့ဟေ့…သွားပေးတော့…
သြော်….နေဦးဟ…သင်္ချိုင်းစောင့်ကြီးခင်ဗျားးးး….
လူတစ်ရာစာနေရာလေး…ပေးသနားပါခင်ဗျားးးးးးးးးးးးး”
အရက်သမားတစ်ယောက်က အခေါင်းကိုပုတ်၍ပြောလေရာ…
“ဟ…လူတစ်နေရာစာ…ဟ…..”
“အေ့….ငါလည်းအဲ့တာပဲပြောတာလေကွာ…တော်ပြီ
အလောင်းချကြမယ်……”
“ဒုန်း……”
“ဖြေးဖြေးချကြပါကွ…အလောင်းပျက်စီးကုန်ဦးမယ်….”
အမူးသမားများအား ငကျော်ကဦးဆောင်ကာ ပြောဆိုနေရသည်။
သို့သော်လည်း အရက်သမားတွေမို့ လုပ်ချင်တာကိုသာလုပ်…
ပြောချင်တာပြောပြီး မြေကျင်းအား
မြေမြုပ်လိုက်ကြတော့၏။
****************************
“အင်း…ဒါဆိုလည်း…မောင်စိုင်….”
“ဗျာ…ဘွား…..”
“ဒီကငကျော်ကိုခေါ်သွား…သူ့အပေါင်းအသင်းတွေစကားမှားခဲ့တာကိုတောင်းပန်ခိုင်း…မနေ့ကလိုပဲ ထမင်းနဲ့ဟင်း…အရက်ပြင်ပြီး လိုက်ပို့ပေးလိုက်…နောက်ပြီး
အလောင်းကိုလည်းပြန်ဖော်ကြည့်ကြဦး
ပြင်သင့်တာရှိရင်ပြင်ခဲ့…ကြားလားကွဲ့”
“ဟုတ်ကဲ့ဘွား…ကျုပ်တို့လုပ်ခဲ့ပါ့မယ်…….”
မောင်စိုင်တို့သည် ဘွားမယ်စိန်စကားအတိုင်းပြင်ဆင်ပေးကြ၏။
ထမင်းဟင်းများကျက်သည်နှင့်ငကျော်ကိုခေါ်၍ သင်္ချိုင်းသို့သွားကြတော့သည်။
သင်္ချိုင်းသို့သွားလေရာ မောင်တိုးတစ်ယောက် မောင်စိုင်နှင့်လိုက်ပါလာခဲ့သည်။
ယခင်ညကအတိုင်း ပြင်ဆင်ပြီးနောက်
ငကျော်ကိုတောင်းပန်ခိုင်းတော့၏။
“သင်္ချိုင်းစောင့်ကြီးခင်ဗျား…ကျုပ်သူငယ်ချင်းများရဲ့စကားအမှားကိုတောင်းပန်ပါတယ်..လူတစ်ရာစာနေရာမဟုတ်ပါဘူးခင်ဗျား…လူတစ်နေရာစာနေရာဖြစ်ပါတယ်…ဒီအတွက်
ကျုပ်တို့ရွာကလူတွေကို အသက်ချမ်းသာခွင့်ပေးပါဗျာ…
ကျုပ်တောင်းပန်ပါတယ် သင်္ချိုင်းစောင့်ကြီး ခင်ဗျားးး…”
ငကျော်တောင်းပန်ပြီးသောအခါ အလောင်းမြုပ်ရာနေရာအား
ပြခိုင်းပြီး ပြန်လည်တူးဖော်ကြည့်ကြတော့သည်။
အနံ့အသက်များမကောင်းသော်လည်း သည်းခံပြီးလုပ်နေကြရ၏။
အခေါင်းဖွင့်လိုက်သောအခါ၌…
“ဟာ…အလောင်းကြီးကဘေးစောင်းကြီးဖြစ်နေတာ…
ကြည့်ကြစမ်း…ရွာဘက်ကိုမျက်နှာကြီးလှည့်နေတာဟ…..”
“ကဲ…ကဲ…အလောင်းပြင်ပြီးတာနဲ့ ပြန်ဖုံးကြတော့ကွာ….”
လူကြီးများက ပြောလေရာ…မောင်စိုင်တို့ရွာသားများအလောင်းအား ပြန်ပြင်ကြ၏။
“ခွင့်လွှတ်ပါဗျာ…ကျုပ်တို့ရွာသားတွေအတွက်တောင်းပန်ပါတယ်”
ရွာသူကြီးကလည်း တတွတ်တွတ်ပြောနေရှာသည်။
ထိုသို့အလောင်းပြင်ပြီးပြန်မြေမြုပ်ပြီးသောအခါ၌
အားလုံးရွာထဲပြန်ဝင်လာကြတော့သည်။
အိမ်သို့ရောက်တော့ရေမိုးချိုးအဝတ်အစားလဲကျပြီး
မောင်တိုးက ဘွားမယ်စိန်အား အားလုံးပြောပြလေရာ…
“အင်း…စကားပြောတွေလည်းမှားတယ်…အလောင်းလည်း
သေချာမချကြတော့ ရွာကိုထိခိုက်တာပေါ့…ဒီဟာတွေပြန်ပြီးပြုပြင်ပြီးပြီဆိုတော့ ရွာအတွက်ဘေးကင်းပါပြီကွယ်……”
ဘွားမယ်စိန်ပြောလိုက်သောအခါ မောင်စိုင်တို့ မောင်တိုးတို့လည်း သက်ပြင်းများချကုန်ကြတော့သည်။
တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးခဲ့ပြီး တစ်ပတ်မျှကြာသည်အထိ
ရွာ၌ လူများထူးဆန်းစွာမသေကြတော့ပေ။
ထို့ကြောင့် ဘွားမယ်စိန်စိတ်ချသွားပြီး မောင်စိုင်အား ရွာသို့
ပြန်ပို့ခိုင်းတော့၏။
မြိတ်ကုန်းရွာမှ သူကြီးအပါအဝင် ရွာသူ၊ရွာသားတို့သည်
ဘွားမယ်စိန်အတွက်လက်ဆောင်များ
လှည်းနှင့်မဆန့်အောင်ထည့်ပေးကြ၍
ဘွားမယ်စိန်ငြင်းဆန်ခဲ့ရသေး၏။
ထို့သို့ဖြင့် ဘွားမယ်စိန်နှင့်လူတစ်ရာသေမည့်ရွာ
စာမူလေးပြီးဆုံးသွားပါပြီ။
ယဉ်မင်း(ကန့်ဘလူ)
Zawgyi Version
လူတစ္ရာေသမည့္႐ြာ(စ/ဆံုး)
————————————
ေဆာင္းဥတုသည္ ခိုက္ခိုက္တုန္ေအာင္ခ်မ္းေအးလွ၏။
ေစာင္မ်ားအားအထပ္ထပ္ခင္းၿပီး
ကိုယ္ေပၚ၌လည္း အထပ္ထပ္ၿခဳံကာအိပ္ၾကရေလသည္။
ထိုေအးခ်မ္းလွေသာ ေဆာင္း၌
ဘြားမယ္စိန္သည္ မိမိအိမ္၌သာေန၍ သမီးျဖစ္သူဖိုေပးေသာ
မီးဖိုတြင္မီးလႈံေနတတ္ေလသည္။
ညေနစာစားၿပီး ဘုရားဝတ္ျပဳ…တရားထိုင္ၿပီးသည္ႏွင့္
သမီးျဖစ္သူေဒၚဝင္းက ၿခံဝိုင္းအတြင္း၌
မီးဖိုလုပ္ေပးထားသည္။
ထိုမီးဖို၌ မီးလႈံရင္း ေဒၚဝင္းတို႔သားအမိႏွင့္ဘြားမယ္စိန္သည္
စကားမ်ားေျပာရင္း ရယ္ေမာေပ်ာ္႐ြင္ေနခဲ့ေတာ့၏။
“ဟာ…ဘြား ဘုရားဝတ္ျပဳၿပီးၿပီေပါ့…..”
“ဟယ္…ေမာင္တိုး…မိုးေတာင္အေတာ္ခ်ဳပ္ေပါ့…”
“က်ဳပ္အိပ္မေပ်ာ္လို႔အရီးရာ…
ခ်မ္းကလည္းခ်မ္းနဲ႔ေစာင္အသာၿခဳံၿပီး ဒီကိုထြက္လာခဲ့တာပဲ”
ေမာင္တိုးသည္ ေစာင္ကိုေခါင္းအလုံၿခဳံလာခဲ့ေလသည္။
“ကဲ…ထိုင္ေလကြယ္…ဒီမွာအခ်မ္းေျပ
အၾကမ္းေရေသာက္…ထန္းလ်က္စား……”
“ဟုတ္ကဲ့ဘြား…ဒါနဲ႔.ဘြားဘယ္ခ်ိန္အိပ္သတုန္းဗ်….”
“ဘြားက ေတာ္ေနဆိုအိပ္ေတာ့မွာေလ ေမာင္ရင္ရဲ႕…
ေမာင္ရင္တို႔လူငယ္ေတြလို ညနက္တဲ့ထိမေနႏိုင္ပါဘူးကြယ္…”
“ဟုတ္တယ္ေမာင္တိုးေရ…မင့္အဘြားက မနက္ဆိုရင္အရီးတို႔ထက္အရင္ႏိုးတာေဟ့…ဘုရားခန္းဝင္…
ေသာက္ေတာ္ေရလဲသံၾကားရင္အရီးတို႔လည္းႏိုးၿပီေလ”
“ေၾသာ္…အဲ့လိုလား…”
ဘြားမယ္စိန္တို႔ႏွင့္ခဏမွ်စကားေျပာၿပီးေနာက္
ေမာင္တိုးတစ္ေယာက္ ေစာင္ႀကီးၿခဳံ၍ အိမ္ျပန္သြားေတာ့သည္။
ထိုအခါမွဘြားမယ္စိန္တို႔သားအမိတေတြမီးဖိုမီးၿငိမ္းၿပီး
အိပ္ရာဝင္ၾကေတာ့၏။
***************************
ၿမိတ္ကုန္း႐ြာ၌ အသုဘတစ္ခုခ်ေနေလသည္။
ေသသူသည္ အရက္သမားလူရမ္းကားေပမို႔
ေဆြမ်ိဳးနည္းစပ္မ်ားသာလိုက္လံပို႔ေဆာင္ၾက၏။
ထိုအသုဘအေခါင္းအား သယ္ယူလာသူမ်ားမွာ
ေသသူ၏ေသာက္ေဖာ္ေသာက္ဖက္အရက္သမားမ်ားသာျဖစ္ေပသည္။
“ကဲ…မင္းတို႔ကို တို႔ေတြအရက္ဖိုးေပးပါ့မယ္ကြာ…
ဒီအေလာင္းကို မင္းတို႔ပဲ ျမႇဳပ္ေပးၾကစမ္းပါ”
ဟု ေျပာေသာအခါ အေလာင္းသယ္လာေသာ
အရက္သမားမ်ားေပ်ာ္႐ြင္သြားၾကၿပီး သူတို႔ထဲမွ…
“စိတ္ခ်ဗ်ိဳ႕…ဒီေကာင္ႀကီးက…
က်ဳပ္တို႔ရဲ႕အေပါင္းအသင္းႀကီးဗ်…ေအ့…
အရက္ဖိုးသားေပးဗ်ိဳ႕……”
“စိတ္ခ်မယ္ေနာ္ ငေက်ာ္…
မင္းလူေတြနဲ႔အေလာင္းေသခ်ာဖို႔ခဲ့ၾက…
ေရာ့…ေရာ့…အရက္ဖိုး………”
ဟု…ေျပာရင္း ငေက်ာ္ဆိုေသာ အရက္သမားအား
အရက္ဖိုးေပး၍ ျပန္ကုန္ၾကေတာ့ေလသည္။
အရက္ဖိုးရ၍ အရက္သမားအုပ္စုလည္း
အေလာင္းျမႇဳပ္ဖို႔ရန္ေျမက်င္းတူးၾကေတာ့၏။
ၿမိတ္ကုန္း႐ြာ၌ သခ်ႋဳင္းေစာင့္မရွိ။
အသုဘရွိလွ်င္ ေဆြမ်ိဳးနီးစပ္မ်ားကသာ
ဝိုင္းဝန္းျမႇပ္ႏွံေပးၾကေလသည္။
ယခုလည္း ေသဆုံးသူအရက္သမားတစ္ဦး၏အေလာင္းကို
အရက္ဖိုးေပး၍သာ ျမႇဳပ္ႏွံခိုင္းလိုက္ျခင္းျဖစ္သည္။
************************
(ၿမိတ္ကုန္း႐ြာသည္ ဘြားမယ္စိန္ႏွင့္စုန္းအိုမ
စာမူ၌ပါရွိပါသည္)
“ေသျပန္ၿပီ…ေသျပန္ၿပီ…………”
႐ြာထဲ၌ ေအာ္ဟစ္ေျပာဆိုေနၾကသည္။
အေၾကာင္းမွာကား လူေသ၍ျဖစ္၏။
သို႔ေသာ္လည္း ထိုလူေသသည္ဆိုတာက မ႐ိုးရွင္းလွေပ။
ေန႔စဥ္ရက္ဆက္ေသဆုံးေနသည္မွာ လူဆယ္ဦးထက္မနည္းျဖစ္၍ေနခဲ့သည္။
ပကတိအေကာင္းအတိုင္းရွိေသာ လူမ်ားပင္ေသဆုံးသြားၾက
ျခင္းျဖစ္၍ ၿမိတ္ကုန္း႐ြာရွိ လူမ်ား ထိတ္လန႔္ေနၾကရ၏။
မိုးလင္းၿပီဆိုသည္ႏွင့္ဘယ္အိမ္က ဘယ္သူဆုံးသည္ဆိုေသာ
သတင္းကို ရင္တထိတ္ထိတ္နားစြင့္ရ၏။
“ညဆို မည္းမည္းႀကီးေလ်ာက္သြားေနတာဟဲ့…
႐ြာထဲ လူေျခတိတ္ရင္ အဲ့ဟာႀကီးကိုျမင္ရတာပဲ…
တို႔ေဘးအိမ္က ဦးျမႀကီး မဆုံးခင္ညက အဲ့မည္းမည္းႀကီး သူတို႔ၿခံေရွ႕ရပ္ေနတာကို ငါျမင္လိုက္ရတယ္…ေနာက္မနက္က်
ဦးျမဆုံးတာပဲေအ……”
“အဲ့တာႀကီးကို ေတာ္ကဘယ္လိုျမင္တာတုန္း…
ဟုတ္ရဲ႕လားေတာ္”
“ဟဲ့ေကာင္မရဲ႕…အဲ့ညက ငါေရအေသာက္မ်ားလို႔ ေနာက္ေဖးသြားမလို႔ ႏိုးလာတာ…ၿခံထဲဆင္းၿပီး
ေနာက္ေဖးသြားဖို႔ႀကံတုန္း…စိတ္ကတစ္ခုခုသိသလိုနဲ႔…
ဦးျမတို႔အိမ္ဘက္ကိုၾကည့္မိလိုက္တာပဲေအ့…။
အဲ့ေတာ့ ေတြ႕မိတာေပါ့…
ငါျဖင့္အဲ့သည္ညကေနာက္ေဖးကိုဆက္မသြားရဲေတာ့လို႔
အိမ္ထဲအသာျပန္ဝင္ေနရတယ္”
“အင္း…ဒါဆို က်ဳပ္တို႔႐ြာက လူေတြေသရတာ…
အဲ့မည္းမည္းၿပီးေၾကာင့္ေပါ့ေလ…
ဒါဆို..အဲ့မည္းမည္းႀကီးေရာက္လာရင္
ေရာက္လာတဲ့အိမ္ကလူေတြေသရတာေပါ့”
“ဒါေပါ့ေအ…….”
“အမေလးေတာ္…ဘုရား…ဘုရား…..”
ၿမိတ္ကုန္း႐ြာထဲ၌ ထိုအေၾကာင္းမ်ားပ်ံ႕ႏွံ႔ကုန္သည္။
လူဆယ္ေယာက္ထက္မနည္းေသထားသည္မို႔ ထိုသတင္းကို
႐ြာသူ၊႐ြာသားတို႔ယုံၾကည္ၾက၏။
ထို႔ေၾကာင့္ပင္ အေၾကာက္ႀကီးပိုေၾကာက္ၾကရွာသည္။
သို႔ေသာ္ မနက္မိုးလင္းသည္ႏွင့္ ႐ြာ၌ လူတစ္ေယာက္ကပုံမွန္ေသဆုံးေနစဲျဖစ္၏။
********************************
“ဘြားေရ…ဧည့္သည္ပါလာတယ္ဗ်ိဳ႕….
ဘယ္သူႀကီးတုန္းၾကည့္စမ္းပါဦးဗ်ာ…..”
ေမာင္တိုးတို႔ၿခံဝိုင္းထဲသို႔ဝင္လာၾကသည္။
ေမာင္တိုး ပခုံးဖက္ထားေသာ လူ႐ြယ္သည္ ခေမာက္ႀကီးေစာင္းထားေလရာ ဘြားမယ္စိန္သူ၏႐ုပ္အားေသခ်ာမျမင္ရေသးေပ။
ကြပ္ပ်စ္ခင္းဆီဝင္လာမွ ခေမာက္ခြၽတ္လိုက္သူေၾကာင့္…
“ေၾသာ္…ေမာင္ရင္…..”
“ဟုတ္တယ္ဘြား…က်ဳပ္ပဲဗ်…..”
“ေအး…ေအး…သိတယ္….နာမည္ဘယ္သူ…ဘြားေမ့ေနတာ….”
“ေမာင္စိုင္ပါဘြားရဲ႕”
“ေအးကြယ္…ေမာင္စိုင္…ေမာင္စိုင္…။
ထိုင္ပါ…ဝင္ထိုင္ေလ… ။
အင္း…
ေမာင္ရင့္အေမေကာ က်န္းမာရဲ႕လားကြဲ႕”
ေမာင္စိုင္ဆိုသည္မွာ ၿမိတ္ကုန္း႐ြာမွ အစ္မျဖစ္သူအတြက္စုန္းမႀကီးအားလက္စားေခ်ခ်င္၍ ဘြားမယ္စိန္ကိုလာေရာက္ပင့္ေခၚသူပင္ျဖစ္သည္။
သို႔ေသာ္လည္း ၿမိတ္ကုန္း႐ြာသို႔ဘြားမယ္စိန္တို႔ေရာက္ေသာအခါ၌ စုန္းမႀကီးထြက္ေျပးသြားသည္မို႔ အစ္မအတြက္
ေမာင္စိုင္တစ္ေယာက္လက္စားမေခ်လိုက္ရေပ။
ယခု ေမာင္စိုင္တစ္ေယာက္ ေဝးလွေသာ ခရီးကို
ေရာက္ခ်လာသည္မို႔ ဘြားမယ္စိန္က အံ့ၾသေနေလသည္။
“အေမအခုထိေတာ့ က်န္းမာပါတယ္ဘြား…”
“ေဟ…အခုထိဆိုေတာ့…ဘယ္လိုႀကီးလဲ ေမာင္ရင္ရဲ႕”
ေမာင္စိုင္ ကြပ္ပ်စ္ခင္း၌ဝင္ထိုင္ေနသည္။
ေရေႏြၾကမ္းအိုးကို မ ယူၿပီး ေႂကြပန္းကန္လုံးထဲသို႔ ငွဲ႔ယူေန၏။
ေမာင္တိုး…ေမာင္အုန္းတို႔သည္က ေဘးတြင္ အၿငိမ္သားထိုင္ေနၾကသည္။
ေရေႏြးငွဲ႔ေနရင္းမွ ေမာင္စိုင္သည္…
“က်ဳပ္တို႔႐ြာမွာ လူေတြအေသအေပ်ာက္
အရမ္းမ်ားေနတယ္ဘြား…။
လူႏွစ္ဆယ္ေလာက္ေတာင္ရွိၿပီဗ်ာ……”
“ဟင္…….”
“ဟာ…”
“ဘယ္လိုျဖစ္ရတာတုန္း…ေရာဂါမ်ားပ်ံ႕ေနလို႔လားကြဲ႕”
“အစကေတာ့ေရာဂါထင္တာ…ဒါေပမယ့္ မဟုတ္ဘူးဗ်…
လူႀကီးေတြ… က်န္းမာတဲ့လူငယ္ေတြ…လူလတ္ပိုင္းေတြအစုံကို
ေသေနတာ…။က်ဳပ္သိတာေတာ့ အကုန္လုံးမေသခင္ရက္ထိ
က်န္းက်န္းမာမာပါပဲ……”
“အလို…ဘယ္လိုအေၾကာင္းမ်ားတုန္း…….”
“ခက္တယ္ဗ်ာ…တခ်ိဳ႕ေျပာတာကေတာ့ ေနာက္ရက္ေသမယ့္
သူရဲ႕အိမ္ေရွ႕ကို ညဘက္ဆို မည္းမည္းေကာင္ႀကီးတစ္ေကာင္
ေရာက္လာတယ္တဲ့…အဲ့သည္ေကာင္ႀကီးေရာက္တဲ့ အိမ္ဆိုရင္
ေနာက္မနက္က်ရင္ လူတစ္ေယာက္ေသတာပဲတဲ့ဗ်ာ…….”
“ေမာင္ရင္တို႔႐ြာသတင္းၾကားရတာလည္း
စိတ္မခ်မ္းသာစရာပါလားကြယ္”
“တစ္႐ြာလုံးလည္းေၾကာက္ေနၾကတာဘြားရဲ႕…
အလုပ္အကိုင္ေတြပ်က္…႐ြာကိုထားသြားသူကသြားနဲ႔…
႐ြာကလုံးလုံးပ်က္ေနပါၿပီဗ်ာ…ဒါေၾကာင့္ က်ဳပ္လည္း
က်ဳပ္အေမနဲ႔တိုင္ပင္ၿပီး
ဘြားဆီအကူအညီလာေတာင္းရတာပဲ”
“အင္းေပါ့ေလ…ဒီလူမ်ိဳးေတြျဖစ္ေနတာဆိုေတာ့
ဘြားလိုက္ခဲ့ရမွာေပါ့ကြယ္…လိုက္ခဲ့ရမွာေပါ့”
ေမာင္စိုင္၏မ်က္ႏွာသည္ ႐ြင္လန္းလာခဲ့၏။
ဘြားမယ္စိန္တို႔သည္လည္း ေမာင္စိုင္တို႔႐ြာ၏အျဖစ္ေၾကာင့္
အခ်ိန္ဆြဲ၍ မရသည္မို႔
ခ်က္ခ်င္းပင္လိုက္ပါဖို႔ရန္ျပင္ဆင္ၾကေတာ့၏။
႐ြာမွႏြားလွည္းယူခဲ့မည္ဆိုေသာ္လည္းေမာင္စိုင္မွ…
“ဘြားတို႔အသြားေကာအျပန္ေကာ
က်ဳပ္လွည္းနဲ႔သာလိုက္ခဲ့ဗ်ာ…
က်ဳပ္ဒါေလာက္ေတာ့လုပ္ေပးပါရေစ…..”
ဟု…ဆိုေသာေၾကာင့္ ဘြားမယ္စိန္တို႔သည္
ေမာင္စိုင္၏လွည္းျဖင့္သာ ခရီးထြက္လာၾကရ၏။
ခရီးကပန္းလွသည္။
ေမာင္စိုင္တို႔႐ြာသည္ အေတာ္ေဝးသည္ေၾကာင့္
ဘြားမယ္စိန္တို႔ လမ္းခရီး၌ နားလိုက္ ခရီးဆက္ထြက္လိုက္ျဖင့္
ေနာက္ဆုံး ၿမိတ္ကုန္း႐ြာသို႔ေရာက္လာခဲ့ၾက၏။
ဘြားမယ္စိန္တို႔ ၿမိတ္ကုန္း႐ြာရွိ ေမာင္စိုင္၏အိမ္သို႔ေရာက္ေသာအခါ ေမာင္စိုင္မိခင္က ထမင္းျပင္ေပး၍ အသင့္ေကြၽးေလသည္။
ခရီးပင္ပန္း၍ထမင္းစားေသာက္ၾကၿပီးေသာအခါ
ကြပ္ပ်စ္ခင္း၌ အနားယူၾကရ၏။
ထိုသို႔အနားယူစဥ္ ေမာင္စိုင္၏မိခင္မွ
ပဲျခမ္းေၾကာ္သုပ္၊ငွက္ေပ်ာသီး၊ ေပါက္ေပါက္စုပ္တို႔ျဖင့္
တည္းခင္းေပးထားျပန္သည္။
“ကိုႀကီးေမာင္စိုင္…ျပန္ေရာက္ၿပီလား…”
“ေတာ္ေနကပဲေရာက္တယ္ေဟ့…ဘာထူးေသးလဲဟ”
ေမာင္စိုင္၏အေပါင္းအသင္း႐ြာသားေလးမ်ားေရာက္လာခဲ့ၾက
ေတာ့သည္။
ထိုသို႔ ေရာက္လာေတာ့
ေမာင္စိုင္ႏွင့္စကားမ်ားေျပာေနခဲ့ၾက၏။
“ေမာင္စိုင္ေရ…ေမာင္ရင္…ဘြားဆီ
ခဏေလာက္လာေပးပါဦးကြယ္…”
“ဗ်ာ…ဟုတ္ဘြား…က်ဳပ္လာပါၿပီ….”
စကားေျပာေနေသာ ေမာင္စိုင္တစ္ေယာက္ ဘြားမယ္စိန္ေခၚ၍
အနားသို႔ေရာက္လာေတာ့သည္။
ဘြားမယ္စိန္က သူေဆာင္ယူေနၾကခ်ည္လြယ္အိတ္ေလးထဲမွ
အဝါေရာင္ႀကိဳးေလးမ်ားကိုထုတ္ယူေန၏။
ေမာင္စိုင္အနားေရာက္လာေသာအခါ…
“ေမာင္ရင္တို႔႐ြာကလူေတြကို…
ဒီ ပရိတ္ႀကိဳးေလးေတြဝတ္ခိုင္းထား…
ၿပီးရင္ေသခ်ာမွာခဲ့ဦး…
ဘုရား…တရား…သံဃာကိုမေမ့ေလ်ာ့ဖို႔…
သရဏဂုံ သုံးပါးကို႐ြတ္ဆိုၾကဖို႔…အဲ့တာေသခ်ာမွာခဲ့”
“ဟုတ္ကဲ့ဘြား…က်ဳပ္အခုသြားေဝေပးခဲ့မယ္….”
“ေအးကြယ္…မေလာက္ရင္ထပ္လာယူေပါ့”
“ဟုတ္ကဲ့…လာေဟ့…တို႔႐ြာထဲသြားၾကစို႔ကြာ…..”
ေမာင္စိုင္တို႔လူစုလည္းအိမ္မွ ထြက္သြားၾကေတာ့သည္။
“ေမာင္ရင္တို႔လည္းေရခ်ိဳးၾကပါလား…ခရီးကပန္းေတာ့
ေရမိုးခ်ိဳးၿပီးမွနားၾကေတာ့…ေတာ္ေနဆိုရင္မိုးခ်ဳပ္ၿပီေလ”
“ဟုတ္ကဲ့ဘြား…ဒါျဖင့္က်ဳပ္တို႔ေရအရင္ခ်ိဳးလိုက္ၾကမယ္ေနာ္”
“ေအး..ေအး…ခ်ိဳးၾက…ခ်ိဳးၾက”
ေမာင္တိုးတို႔ေရခ်ိဳးထြက္သြားသည္ႏွင့္ က်န္ရစ္ေသာ
ေမာင္စိုင္၏မိခင္ႏွင့္ဘြားမယ္စိန္ စကားလက္ဆုံက်ေနေတာ့သည္။
“က်ဳပ္တို႔႐ြာေလးလည္း အဖ်က္အမ်ိဳးမ်ိဳးပဲဘြားရယ္…
ခုတစ္ခါျဖစ္ေနပုံနဲ႔႐ြာေတာင္လူက်န္ပါဦးမလားမသိေတာ့ဘူး”
“အျဖစ္ရွိရင္အပ်က္ရွိမယ္ေလ…ဒီကိစၥကို ဘြားဘက္က
ေသခ်ာေစာင့္ၾကည့္ပါဦးမယ္”
“ဘာပဲျဖစ္ျဖစ္ က်ဳပ္သား ဘြားကိုသြားေခၚကတည္းက
က်ဳပ္က စိတ္ေပါ့ပါးသြားတာ…ဘြားပါလာခဲ့ေတာ့
အားေတြရွိတာေပါ့ေတာ္….”
ေမာင္စိုင္၏မိခင္ႀကီးစကားေၾကာင့္ ဘြားမယ္စိန္ ၿပဳံးေနေလသည္။
ေမာင္စိုင္တို႔အုပ္စုသည္က ႐ြာထဲ၌ ပရိတ္ႀကိဳးမ်ားေဝငွ႔ေပးၿပီး
ဘြားမယ္စိန္ေျပာေသာ ဘုရား…တရား…သံဃာ မေမ့ၾကဖို႔ရန္
မွာၾကားေနၾကေတာ့သည္။
႐ြာသူ၊႐ြာသားတို႔ကလည္း ေမာင္စိုင္ေျပာသည္မ်ားကို
ေခါင္းတညိတ္ညိတ္ျဖင့္နားေထာင္ၾကေလသည္။
ညေရာက္ေတာ့ ဘြားမယ္စိန္သည္ ဘုရားခန္း၌ တရားထိုင္ေနခဲ့ေတာ့သည္။
ေမာင္စိုင္ႏွင့္ေမာင္တိုးတို႔သည္က ကြပ္ပ်စ္ခင္း၌ ထိုင္၍
႐ြာ၏အေၾကာင္းမ်ားေျပာဆိုေနၾကေတာ့၏။
“ဒီည အေျခအေနဘာထူးမယ္ထင္သတုန္း ကိုႀကီးေမာင္စိုင္”
“ငါလည္းဘယ္သိမတုန္း ေမာင္တိုးရာ…ဒါေပမယ္လို႔ ဘြားေပးတဲ့ ပရိတ္ႀကိဳးေတြေၾကာင့္ေတာ့တစ္ခုခုထူးမယ္လို႔ေတာ့
စိတ္ထဲထင္ေနမိတယ္ကြ…”
“က်ဳပ္တို႔ဘြားက သိပ္စြမ္းတာဗ်…အေၾကာင္းထူးကိုထူးလိမ့္မယ္…”
ေမာင္တိုးကေမာင္စိုင္၏စကားအားခ်က္ခ်င္းခြန႔္တုန႔္ျပန္လိုက္ေသာအခါ ေမာင္စိုင္ကၿပဳံးေလသည္။
“မၿပဳံးနဲ႔ဗ်…က်ဳပ္တို႔ဘြားက ဘုရား၊တရားသမား…
အသက္သာ ေျခာက္ဆယ္ေက်ာ္တာ သန္တုန္းျမန္တုန္းပဲ…
ခရီးပန္းတာခ်င္းအတူတူေတာင္
က်ဳပ္တို႔ကပိုၿပီးပန္းေနတာဗ်…
ၾကည့္ပါလား ဘြားတို႔မ်ား ဘာမွမျဖစ္သလိုနဲ႔”
(ယခင္ကစာမူ၌ ဘြားမယ္စိန္အသက္ကို ရွစ္ဆယ္ေက်ာ္ဟုေရးထားမိ၏။ယခုအသက္ျပင္ဆင္ပါသည္။ေျခာက္ဆယ္ေက်ာ္ဟုသာမွတ္ယူေပးၾကပါ)
“ဒါေတာ့ဟုတ္တယ္ဗ်…
ေမာင္တိုးေျပာတာက်ဳပ္ေထာက္ခံတယ္”
ေမာင္အုန္းကပါဝင္ေျပာေသာအခါ…
“ဟ…ငါကဘာေျပာမိလို႔တုန္း မင္းတို႔ဟာကလည္း ဘြားသားတပည့္ေတြပီသခ်က္ကြာ…မင္းတို႔ေျပာသေလာက္ေတာ့ငါသိပါတယ္ဟ..ဘြားကို ငါကိုယ္တိုင္ေလးစား႐ိုေသတာပါကြာ”
ဟုရယ္ရယ္ေမာေမာျဖင့္ေမာင္စိုင္ကေျပာေလရာ ေမာင္တိုးတို႔သည္လည္း ၿပဳံးရယ္ေနၾက၏။
ေမွာင္ရီေဝေနေသာ္လည္း
ပတ္ဝန္းက်င္၌ အလင္းမ်ားရွိေနခဲ့ျပန္သည္။
ထိုအလင္းတို႔သည္က လမ္းမတစ္ခုေပၚ၌ အလင္းျပေနခဲ့၏။
ဘြားမယ္စိန္တစ္ေယာက္
ေဘးဘယ္ညာကို တစ္ခ်က္ၾကည့္ၿပီးေနာက္
အလင္းရွိရာလမ္းမထက္သို႔တေ႐ြ႕ေ႐ြ႕သြားေနခဲ့သည္။
ထိုစဥ္ သူ၏အေရွ႕အေမွာင္ေတာဆီမွ
အလင္းရွိရာလမ္းမထက္သို႔
တေ႐ြ႕ေ႐ြ႕လာေနေသာအရာတစ္ခုေၾကာင့္
ဘြားမယ္စိန္သတိျဖင့္ရပ္တန႔္လိုက္ရသည္။
ထိုအရာသည္ အေမွာင္ထဲမွတေ႐ြ႕ေ႐ြ႕ေလ်ာက္လွမ္းလာခဲ့ၿပီးေနာက္ အလင္းရွိရာလမ္းမထက္သို႔ေရာက္လာခဲ့သည္။
သူႏွင့္ဘြားမယ္စိန္သည္ ဆယ္လွမ္းအကြာသာ ကြာေဝးၾက၏။
ဘြားမယ္စိန္သည္ ထိုလူ၏ပုံပန္းသဏၭာန္ကိုအကဲခတ္ေနသည္။
ထိုလူဟုဆိုရေသာ္လည္း လူပုံစံဟူ၍
ေျခႏွစ္ေခ်ာင္း၊လက္ႏွစ္ဖက္၊ေခါင္းတစ္လုံးပါရွိပါေသာ္လည္း
နီရဲၿပီးအျပင္သို႔ထြက္လုလုအေနအထားျဖင့္
ျပဴးက်ယ္လွေသာ မ်က္လုံးႀကီး ႏွစ္လုံး၊
ေခါင္းထက္၌ဆံပင္သည္က က်ိဳးတို႔က်ဲတဲ…၊
ဒါ့အျပင္ပါးစပ္အျပင္သို႔
တြဲလဲထြက္ေနေသာလ်ာႏွင့္ ဟလ်က္ရွိေသာ
ပါးစပ္ႀကီး၌ ေပါက္ေနေသာအစြယ္အခြၽန္ႀကီးမ်ား
ခႏၶာ၌အဝတ္မရွိေသာ္လည္း.ရွည္လ်ားနက္ေမွာင္ေနေသာ အေမႊးႀကီးမ်ားက သူ၏ ခႏၶာကိုယ္အား ဖုံးကြယ္၍ထားသည္။
ထိုအရာႀကီးကိုဘြားမယ္စိန္စိုက္ၾကည့္၍…
“ဘာေၾကာင့္ ဒီကိုေခၚတာလဲ…ဘာအေၾကာင္းရွိလို႔လဲ”
ဟု…ဘြားမယ္စိန္ကေမးေသာအခါ
ထိုအရာႀကီးသည္ ဘြားမယ္စိန္အား သူ႔၏လက္ကိုလႈပ္ရွား၍
ျပန္ဟူေသာ အမူအရာကိုျပေလသည္။
ထိုသို႔ ခဏခဏ အမူအရာလုပ္ျပၿပီးေနာက္
သူ၏မ်က္လုံးနီႀကီးမ်ားျဖင့္ တစ္ခ်က္စိုက္ၾကည့္ၿပီးေနာက္
အေမွာင္ေတာဆီသို႔ ထြက္ခြာသြားေတာ့၏။
ဘြားမယ္စိန္…တရားထိုင္ေနရာမွ မ်က္လုံးမ်ားပြင့္လာခဲ့ေတာ့သည္။
သူ၏အေတြးထဲ၌ အေစာပိုင္းကအေၾကာင္းအရာမ်ားအားေတြးေတာေနမိ၏။
သို႔ေသာ္ ေအာက္ထပ္၌ ေမာင္တိုးတို႔အသံမ်ားေၾကာင့္
သူတို႔ရွိရာ ကြပ္ပ်စ္ခင္းသို႔ဆင္းလာခဲ့ေတာ့သည္။
“ေဟာ…ဘြား…တရားထိုင္ၿပီးၿပီလားဗ်……”
“ေအး…အခုပဲၿပီးတယ္ကြယ္…”
“လာထိုင္ဘြား…အေမကေတာင္ဘက္ဝိုင္းခဏသြားတယ္ဗ်…
အိမ္မွာက်ဳပ္တို႔ပဲရွိတာ…….”
“အင္း…ဒါနဲ႔ ေမာင္စိုင္ …
ဘြားေပးတဲ့ပရိတ္ႀကိဳးေတြေလာက္င ရဲ႕လား…”
“ေလာက္တယ္ဘြား…ေလာက္တယ္…က်ဳပ္တို႔႐ြာသားေတြဆိုတာေလ…ဘြားေပးတယ္ဆိုကတည္းက ရခ်င္ၾကတာ
အလုအယက္ပဲ က်ဳပ္မနဲ တားၿပီး
လူေစ့ေအာင္ေပးခဲ့ရတယ္ဗ်ိဳ႕”
“အင္းေပါ့ေလ…အသက္ေသမွာလည္းေၾကာက္ၾကသကိုး…။
ေမာင္ရင္အေမလာရင္ေတာ့ ဘြားတို႔ သခ်ႋဳင္းကိုခဏသြားၾကရေအာင္ကြယ္…ဘြားလုပ္စရာေလးတစ္ခုရွိေနျပန္တယ္…”
“ဗ်ာ…သခ်ႋဳင္း…ဘာ…ဘာလုပ္စရာရွိလို႔လည္းဘြားရယ္ရာသီဥတုက ခ်မ္းကလည္းခ်မ္းနဲ႔…”
ေမာင္စိုင္က႐ုတ္တရက္မို႔ေမးေလသည္။
ေမာင္တိုး…ေမာင္အုန္းတို႔သည္က ဘြားမယ္စိန္စကားကိုသာနားေထာင္ေနၾက၏။
“ေမာင္ရင္တို႔႐ြာရဲ႕အေရးပါပဲ..ဒီအတြက္မို႔ ဘြားက ေမာင္ရင္တို႔
သခ်ႋဳင္းဆီကိုသြားခ်င္တာ……..”
“က်ဳပ္က ႐ုတ္တရက္ဆိုေတာ့လန႔္သြားတာပါ ဘြားရယ္…
က်ဴပ္လိုက္ပို႔ပါ့မယ္……..”
“ဘြားကလည္းခ်က္ခ်င္းႀကီးျဖစ္သြားတာကိုးကြဲ႕….
သခ်ႋဳင္းသြားမယ္ဆိုရင္ေတာ့ အရက္ပုလင္းႏွစ္လုံးနဲ႔ ထမင္းဟင္းေလးေတာ့ေမာင္ရင္တို႔ ရေအာင္လုပ္ေပး ရဦးမယ္…
ဘာေၾကာင့္ဆို
ဘြားက သခ်ႋဳင္းေစာင့္ကို ေကြၽးေမြးခ်င္တာေၾကာင့္ပါ”
“အာ…ဒါမ်ားဘြားရယ္…ရပါတယ္…
ထမင္းနဲ႔ဟင္းကခဏပါတည္တာက
ေမာင္အုန္းက ထမင္းအိုးတည္ကြာ….လာေမာင္တိုး…
တို႔ၿခံထဲက ၾကက္ဖႀကီး အပင္ေပၚအိပ္တန္းတက္ေနေရာမယ္..
ဒီေကာင္ႀကီးပဲ…ဟင္းလုပ္ရမွာ….မပူနဲ႔ဘြားေရ…က်ဳပ္တို႔ရေအာင္လုပ္ေပးမယ္…….”
ေမာင္စိုင္သည္ ဘြားမယ္စိန္ေျပာသည္ႏွင့္ခ်က္ခ်င္းျပင္ဆင္ေတာ့၏။
ေမာင္အုန္းက ထမင္းအိုးတည္ေနခ်ိန္ ေမာင္စိုင္၏မိခင္ႀကီးေရာက္လာ၍ သူပါ ဝိုင္းဝန္းလုပ္ကိုင္ေပးေတာ့သည္။
ၾကက္ကိုင္ၿပီး၍ ခ်က္ျပဳတ္ေနခ်ိန္ ေမာင္စိုင္တစ္ေယာက္
႐ြာထဲရွိအရက္ဆိုင္ရွိရာ ကို သုတ္ေျခတင္ေတာ့သည္။
အရက္ဆိုင္သည္က ႐ြာအေျခအေနေၾကာင့္
ေစာေစာပိတ္ထားေသာ္လည္း ေမာင္စိုင္က မရမကလာဝယ္ေလရာ ေရာင္းေပးလိုက္ၾကသည္။
ယခုဆို အရက္လည္းရေလၿပီ။
ထမင္းကလည္းက်က္ၿပီမို႔ ထမင္းအိုးလိုက္သာ ျခင္းေတာင္းထဲသို႔ ထည့္ထားလိုက္သည္။
“ေမာင္တိုး…ဟို ငွက္ေပ်ာ႐ြက္ေလးျဖတ္ခဲ့ဦး…
သခ်ႋဳင္းေရာက္ရင္ ထမင္းေတြဟင္းေတြ ျခင္းထဲပုံခဲ့ရေအာင္
ေအာက္ကအခံအေနနဲ႔လိုေသးတယ္…..”
“ဟုတ္ကဲ့ဘြား…က်ဳပ္ျဖတ္ခဲ့မယ္…..”
ၾကက္သားႏူးေအာင္အခ်ိန္ေစာင့္ရေသးသည္။
မိုးကလည္းအေတာ္ပင္ခ်ဳပ္ေနေလၿပီ။
ထမင္းႏွင့္ဟင္းမ်ားကလည္း က်က္ေလၿပီမို႔….
ထမင္းအိုးကို ေမာင္တိုးက ပခုံးထက္၌ ထမ္းလာၿပီး…
ေမာင္အုန္းသည္က ဟင္းအိုးထည့္ထားေသာျခင္းေတာင္းကို
ထမ္းလာခဲ့ေတာ့သည္။
ဘြားမယ္စိန္တို႔ သခ်ႋဳင္းသို႔မသြားခင္အိမ္တြင္က်န္ရစ္ေသာ
ေမာင္စိုင္၏မိခင္ႀကီးအား ပရိတ္ႀကိဳးေလး ဝတ္ဆင္ေပးထားခဲ့ေလသည္။
ထိုသို႔ျဖင့္…
ေမာင္စိုင္က မီးတုတ္ကိုင္ကာေရွ႕မွသြား၏။
သူ၏လက္တစ္ဖက္၌လည္း အသြားထက္ထက္ဓားရွည္တစ္ေခ်ာင္းကပါရွိေသးသည္။
ထိုမွ်မကေသး သူ၏ ခါးပုံစထဲ၌ ေလာက္စာလုံးမ်ားအျပင္
သူ၏ခါး၌ ေလာက္ေလးခြက ပါရွိ၍ေနေသးသည္။
ထိုသို႔ျဖင့္…
ဘြားမယ္စိန္တို႔လည္း
သခ်ႋဳင္းဆီသို႔ေရာက္ရွိလာၾကေတာ့သည္။
ျပဳျပင္သူမရွိ၍ သခ်ႋဳင္း၌ သစ္ပင္အႀကီးငယ္တို႔ျဖင့္
ရႈပ္ေပြလြန္းေန၏။
“ဘြား…ေအာက္ကိုေသခ်ာၾကည့္ၾကဗ်ာ…ဒီသခ်ႋဳင္းက
ေစာင့္ေရွာက္သူမရွိဘူး….လူေသရင္ အမ်ိဳးအေဆြေတြကပဲလာတူးၾက…ျမဳပ္ၾကေတာ့…ဗရမ္းဗတာဆန္ေနတာ…..”
“ေအး…ေအး……။ေၾသာ္….ေမာင္ရင္…ေဟာ ဟိုေျမပုံနားက အပင္ေအာက္မွာပဲ ေတာင္းေတြခ်ထားလိုက္ေတာ့….”
ဘြားမယ္စိန္ၫႊန္ျပေသာ အပင္ႀကီးေအာက္သို႔ ေမာင္စိုင္တို႔ေရာက္လာခဲ့ၾကသည္။
ဘြားမယ္စိန္သည္ သူႏွင့္အတူပါလာေသာ သူတို႔သုံးဦးကိုၾကည့္ေလသည္။
ေၾကာက္႐ြံ႕မႈမရွိ ေသာ ေမာင္တိုး….ေမာင္အုန္း…ေမာင္စိုင္တို႔အား ၿပဳံးၾကည့္ေနေလသည္။
ၿပီးေနာက္…
“ကဲ…ေမာင္တိုးေရ…ဟင္းေတြ…ထမင္းေတြကို ေအာက္က ငွက္ေပ်ာဖက္ခံၿပီး ျခင္းထဲေရာထည့္လိုက္ေတာ့….
ေမာင္စိုင္က အရက္ပုလင္းေတြ အဖုံးဖြင့္ၿပီး…
ျခင္းေတာင္းေဘး
တစ္ဖက္ဆီခ်ထားေပးလိုက္….”
ဟု…ခိုင္းလိုက္ေသာအခါ၌…ေမာင္တိုးႏွင့္ေမာင္စိုင္တို႔က
လုပ္ေပးၾကသည္။
ေမာင္အုန္းကေတာ့ ေမာင္စိုင္ကိုင္ေဆာင္လာေသာ မီးတုတ္ႏွင့္
ဓားရွည္အား ကိုင္ေပးထားရွာ၏။
အားလုံးျပင္ဆင္ၿပီးေသာအခါ ဘြားမယ္စိန္သည္
သူ၏ေတာင္ေဝွးႀကီးကို ေထာက္ၿပီးေရွ႕သို႔ထြက္လာခဲ့ေတာ့သည္။
“ကဲ…ေနာက္ဆုတ္ေနၾကေတာ့…….”
ဟု…ေမာင္စိုင္တို႔သုံးဦးကိုေျပာလိုက္သည္။
ဘြားမယ္စိန္သည္ ေမာင္စိုင္တို႔ျပင္ဆင္ေပးေသာ
ထမင္းဟင္းမ်ားကိုၾကည့္ရင္း
သူ၏ေတာင္ေဝွးႀကီးကိုေျမေပၚသို႔
တစ္ခ်က္ေဆာင့္ခ်လိုက္သည္။
“ဒီသခ်ႋဳင္းမွာရွိတဲ့…သခ်ႋဳင္းေစာင့္ကို မယ္စိန္က ထမင္းဟင္း..
အရက္လာေရာက္ တိုက္ေကြၽးတယ္…
သင္ေရာက္ရာအရပ္ကေန
လာေရာက္စားသုံးႏိုင္တယ္…ဒီဟင္း….ဒီထမင္း…ဒီအရက္က
ဒီ႐ြာရဲ႕ကိုယ္စား…မယ္စိန္ကသင့္ကိုေကြၽးတာပါ…
သင္စားပါ…သင္ေသာက္ပါ…
ဒီ႐ြာဟာ…
သင္ေစာင့္ေရွာက္ရမယ့္႐ြာပါ……….”
စကားဆုံးသည္ႏွင့္ဘြားမယ္စိန္ ေနာက္သို႔လွည့္ကာသြားေတာ့သည္။
“ကဲ…ဘြားတို႔လာရင္းကိစၥၿပီးၿပီဆိုေတာ့…ျပန္ၾကေတာ့ေပါ့….”
ထမင္းအိုး…ဟင္းအိုးအလြတ္မ်ားကို ေမာင္တိုးနဲ႔ေမာင္အုန္းသယ္လာၾကေတာ့၏။
ယူလာခဲ့ေသာ ျခင္းေတာင္းႏွင့္ထမင္းဟင္းမ်ားကေတာ့
အပင္ႀကီးေအာက္၌ က်န္ရစ္ခဲ့ေလသည္။
သခ်ႋဳင္းမွျပန္ေရာက္ေတာ့ မိုးအေတာ္ခ်ဳပ္လွေလၿပီ။
ေမာင္စိုင္ ၏မိခင္ႀကီးကလည္း မအိပ္ေသးဘဲေစာင့္ေနရွာ၏။
“အေမကလည္းအိပ္ႏွင့္ပါလား…”
“မအိပ္ႏိုင္ပါဘူးဟယ္…။မင္းတို႔သြားတာ အေမျဖင့္
ရင္တထိတ္ထိတ္ နဲ႔ေစာင့္ေနရတာ….”
“ကဲ…ေျခေရ..လက္ေရ..ေဆးၿပီး အိပ္ၾကတာေပါ့…..”
ဘြားမယ္စိန္ကေျပာလိုက္သည္။
အားလုံးလည္း ေျခေရလက္ေရေဆးၿပီးသည္ႏွင့္အိပ္ရာဝင္ၾကေတာ့၏။
*******************************
ေနာက္တစ္ေန႔နံနက္ခင္းသို႔ေရာက္ေသာအခါ
ေမာင္စိုင္တစ္ေယာက္အေစာႀကီးႏိုးေနေလသည္။
ႏိုးႏိုးျခင္း မ်က္ႏွာကို ခပ္ျမန္ျမန္သစ္၍
ေမာင္စိုင္႐ြာထဲသို႔ထြက္သြားေတာ့သည္။
ေမာင္တိုး…ေမာင္အုန္းတို႔ႏိုးလာခ်ိန္၌ ဘြားမယ္စိန္ဘုရားခန္း၌
တရားထိုင္ေနၿပီျဖစ္သည္။
ေမာင္စိုင္ကလည္း ထိုအခ်ိန္အိမ္သို႔ျပန္ေရာက္လာေလသည္။
သူ၏မ်က္ႏွာထက္၌ဝမ္းသာရိပ္မ်ားထင္းေနခဲ့ၿပီး
မ်က္ႏွာသစ္ေနၾကေသာေမာင္တိုးတို႔အနီးဆီသို႔
ေရာက္လာကာ…
“ငါ့ညီေတြ……..”
“ဗ်ာ…ကိုႀကီးေမာင္စိုင္…ဘာေတြျဖစ္လာတာလဲ…
ၿပဳံးလို႔႐ြင္လို႔ပါလား”
ေမာင္တိုးက မ်က္ႏွာကိုတဘက္ျဖင့္သုတ္ရင္းေမးလိုက္သည္။
ေမာင္အုန္း ကလည္း ေမာင္စိုင္အားၾကည့္ေနခဲ့၏။
“ဟုတ္တယ္ေဟ့…တို႔႐ြာထဲသတင္းထူးတယ္…
ဘြားကိုလည္းေျပာခ်င္ေနတာ…
မင္းတို႔ကိုအရင္ေျပာတာေပါ့ေလ…။
ဒီလို…ဒီေန႔တို႔႐ြာထဲ ေသသူမရွိဘူးဆိုပဲကြ…..”
ေမာင္စိုင္ကဝမ္းသာအားရေျပာေသာအခါ ေမာင္တိုးတို႔လည္းဝမ္းသာကုန္ၾကသည္။
ဘြားမယ္စိန္တရားထိုင္ၿပီးေသာအခါ၌လည္း ေမာင္စိုင္က
ဝမ္းသာအားရျဖင့္ ေျပာျပျပန္သည္။
ဘြားမယ္စိန္လည္းေက်နပ္သြားရွာ၏။
ဘြားမယ္စိန္တို႔နံနက္အေစာစာ စားေသာက္ဖို႔ရန္
ေမာင္စိုင္မိခင္က ျပင္ဆင္ေပးထားေလသည္။
ေမာင္စိုင္တို႔ႏွင့္အတူ အားလုံးဝိုင္းဖြဲ႕စားေသာက္ေနစဥ္…
“ကိုႀကီးေမာင္စိုင္ေရ…ကိုႀကီးေမာင္စိုင္……..”
“ေဟ…ဘာတုန္းဟ……”
“အေရးႀကီးတယ္ဗ်ိဳ႕…အေရးႀကီးတယ္……”
ေအာ္ဟစ္ကာေျပးဝင္လာေသာ ေကာင္ေလးေၾကာင့္
ဘြားမယ္စိန္တို႔ လက္မ်ားေဆး၍ ကြပ္ပ်စ္မွဆင္းလာၾကေတာ့သည္။
“ဖိုးခြား….ဘာျဖစ္တာတုန္း……..”
“႐ြာေတာင္ပိုင္းက မစု…မစု…သရဲပူးလို႔…
အဲ့တာ…လူႀကီးေတြဝိုင္းၿပီးဆြဲေခၚလာၾကၿပီဒီကို……..”
“ေဟ…”
“ဟာ….”
” ေမာင္တိုး…ဘြားခ်ည္လြယ္အိတ္နဲ႔ေတာင္ေဝွး…ဘုရားခန္းမွာရွိတယ္…အျမန္သြားယူေပး….”
“ဟုတ္ကဲ့ဘြား…..”
ဖိုးခြားဆိုေသာ ေကာင္ေလး၏စကားေၾကာင့္ ေမာင္စိုင္တို႔
ထိတ္လန႔္သြားၾကေသာ္လည္း ဘြားမယ္စိန္ကေတာ့
တည္ၿငိမ္လ်က္ပင္။
မၾကာပါ…လူဆယ္ေယာက္မက ဝိုင္းဝန္းဆြဲေခၚလာေသာ
မိန္းကေလးတစ္ဦးေရာက္ရွိလာေတာ့သည္။
ထဘီမႏိုင္ ပဝါမႏိုင္မို႔ မိန္းမႀကီးမ်ားက မိန္းကေလးအား ႀကိဳးမ်ားျဖင့္ ထဘီကိုခ်ည္ေႏွာင္ေပးထားၾကရသည္။
ေမာင္တိုးက႐ိုေသစြာျဖင့္ ေတာင္ေဝွးႏွင့္ခ်ည္လြယ္အိတ္ကို
ဘြားမယ္စိန္အားေပးေလသည္။
“ကဲ…အားလုံး ေနာက္ဆုတ္ေနၾကေတာ့….”
ေမာင္စိုင္တို႔ၿခံဝိုင္းက်ယ္အတြင္းလူမ်ားအုံေနသည္မို႔
ေဘးသို႔ဖယ္ခိုင္းရသည္။
သရဲပူးေနေသာမိန္းကေလးသည္က ေျမေပၚ၌ ဒူးတစ္ဖက္ေထာင္၍ထိုင္ေနၿပီး ေခါင္းမွာငုံ႔လ်က္အေနအထားရွိေန၏။
ဘြားမယ္စိန္ကေတာင္ေဝွးႀကီးကိုေထာက္၍
ထိုကေလးမကိုၾကည့္ကာ…
“သင္…ဘယ္သူလဲ….”
ဟုေမးေလရာ….ခ်က္ခ်င္းေခါင္းကိုေမာ့၍ ၾကည့္ေလသည္။
ထိုမိန္းကေလး၏မ်က္လုံးမ်ားသည္က နီရဲလို႔ေနခဲ့၏။
“ငါ…သခ်ႋဳင္းေစာင့္………”
အသံၾသႀကီးႏွင့္ေျဖလိုက္ေလရာ ေဘးရွိလူမ်ားေၾကာက္႐ြံ႕ကုန္ၾကသည္။
“ဘာအေၾကာင္းရွိလို႔လဲ….”
ဘြားမယ္စိန္ကထပ္ေမးသည္။
“မေန႔ညက ငါ့ကိုေခၚေကြၽးတာေတြငါစားထားလို႔…
ဒီကိုလာခဲ့တာ………..”
“ေကာင္းၿပီ…ဒီ႐ြာမွာျဖစ္ေနတဲ့ကိစၥေတြကိုသိခ်င္လို႔
သင့္ကို႐ြာရဲ႕ကိုယ္စားေကြၽးေမြးခဲ့ရတာပါ…
ဒီေတာ့ဒီ႐ြာရဲ႕အျဖစ္အပ်က္ကို
သင္ဘြားကိုေျပာျပလို႔ရရင္ေျပာျပေပးပါ…
ဒါမွ
ဒီ႐ြာမွာေနာက္ထပ္လူေတြထပ္မေသဖို႔
ဘြားကူညီေပးလို႔ရမွာ …”
ဘြားမယ္စိန္ ေျပာေနစဥ္ သခ်ႋဳင္းေစာင့္ပူးကပ္ခံေနရေသာ
မိန္းကေလးသည္ ဘြားမယ္စိန္အား စိုက္ၾကည့္ၿပီး…
“ဒီ႐ြာက…လူတစ္ရာေခၚဖို႔ေျပာသြားတယ္…”
“ဟင္…ဘယ္သူကလဲ”
“ဒီ႐ြာသားေတြပဲ…အေလာင္းျမဳပ္ရင္း…
လူတစ္ရာစာေနရာေပးဖို႔ေျပာသြားတယ္…….”
“ဟင္…”
“ဟာ…”
သခ်ႋဳင္းေစာင့္၏စကားေၾကာင့္ ႐ြာသူ႐ြာသားမ်ားပါမက…
ဘြားမယ္စိန္ပါ အံ့ၾသသြားရသည္။
သို႔ေသာ္လည္း…
“ဒါအမွားတစ္ခုျဖစ္လိမ့္မယ္…ဒီအတြက္ ဘြားကိုယ္တိုင္ေဆာင္႐ြက္ေပးပါ့မယ္…သင္ဘက္ကသာ
ဒီ႐ြာကို ဘာမွထပ္မလုပ္ဖို႔ပဲဘြားေတာင္းဆိုတယ္……..”
“အေလာင္းကိုျပင္ပါ…ေျပာတဲ့သူေတြကိုယ္တိုင္လာေတာင္းပန္ပါ…ဒါဆို က်ဳပ္ဒီ႐ြာကိုဘာမွထပ္မလုပ္ဘူး”
“ဟုတ္ၿပီ…ဟုတ္ၿပီ…။ဒီအတြက္မပူေလနဲ႔…
ဘြား စီစဥ္ေပးပါ့မယ္…….”
ဘြားမယ္စိန္မွ သခ်ႋဳင္းေစာင့္ကို ေျပာလိုက္ေသာအခါ
သခ်ႋဳင္းေစာင့္က ေခါင္းတညိတ္ညိတ္လုပ္ရင္း ေနာက္သို႔လဲက်သြားေတာ့၏။
“ေမာင္တိုး…ကေလးမကို ဒီပရိတ္ေရတိုက္ေပး…
ေမာင္စိုင္…မင္းဘြားနဲ႔ခဏစကားေျပာရေအာင္…..”
ဘြားမယ္စိန္
ပရိတ္ေရပုလင္းကိုေမာင္တိုးကိုေပးၿပီးေနာက္
ေမာင္စိုင္ႏွင့္စကားေျပာေတာ့သည္။
“ဒီ႐ြာမွာ…လူေတြ႐ုတ္တရက္မေသခင္က…
ေသဆုံးသူရွိရမယ္…ဒီေသဆုံးသူကိုအေလာင္းျမဳပ္တာ…
စကားမဆင္ျခင္တာေၾကာင့္ ဒီလိုေတြျဖစ္ကုန္တာပဲ…
ဒီေတာ့…ေမာင္ရင္ အဲ့လူေတြကို
စုံစမ္းၿပီးဘြားေရွ႕ေခၚလာခဲ့ေပေတာ့….”
“ဟုတ္ကဲ့ဘြား…က်ဳပ္ေခၚလာခဲ့ပါ့မယ္………”
ေမာင္စိုင္လည္း ႐ြာထဲ ခပ္သုတ္သုတ္ထြက္သြားေတာ့သည္။
သခ်ႋဳင္းေစာင့္ဝင္ပူးေသာ.ကေလးမသည္လည္းသက္သာသြားေလၿပီမို႔႐ြာသူ၊႐ြာသားမ်ား ေမာင္စိုင္တို႔ၿခံဝိုင္းထဲမွ
ျပန္ထြက္သြားၾကေတာ့သည္။
ဘြားမယ္စိန္တို႔မွာက…စားလက္စမ်ားပင္ဆက္မစားႏိုင္ေတာ့ဘဲ ေမာင္စိုင္ျပန္အလာကိုသာေစာင့္ေနၾကေတာ့၏။
“ဘြား…လက္ဖက္ေလးနဲ႔အၾကမ္းေရေလးေသာက္ပါဦးေတာ္…
က်ဳပ္သားကလည္း ၾကာလိုက္တာ…”
ေမာင္စိုင္၏မိခင္ႀကီးက ဘြားမယ္စိန္အနီးထိုင္၍ေျပာေလသည္။
“အင္းေလ…ေမာင္စိုင္လည္း ႐ြာထဲ ဟိုေမးဒီေမးဆိုေတာ့
ၾကာေနမွာေပါ့”
ခဏၾကာေတာ့…႐ြာမွလူႀကီးတခ်ိဳ႕ႏွင့္ ေမာင္စိုင္ျပန္ေရာက္လာခဲ့ေတာ့သည္။
“ဘြား…က်ဳပ္သူႀကီးကိုပါေခၚလာတယ္ဗ်……..”
“ေအး…ေအး…ထိုင္ၾကေလကြယ္…
ေမာင္စိုင္က ဘြားေျပာတာေကာ စုံစမ္းခဲ့လား”
ေမာင္စိုင္ကိုၾကည့္၍ဘြားမယ္စိန္ေမးလိုက္သည္။
ေမာင္စိုင္က လူတစ္ေယာက္ကို လက္ညႇိးထိုးၿပီး…
“ဒီအရက္သမား ငေက်ာ္တို႔အုပ္စုပဲဘြား…။
ဒီလူေတြအေလာင္းျမဳပ္ၿပီးမၾကာဘူး…က်ဳပ္တို႔႐ြာ
ဒီလိုေတြႀကဳံရတာပဲ…….”
ဟုေျပာေသာအခါ ငေက်ာ္ဆိုေသာ လူသည္ မ်က္ႏွာကို ေအာက္သို႔ငုံ႔ထားရွာသည္။
“ဟိတ္လူ…ေျပာေလ…က်ဳပ္တို႔႐ြာဒီလိုေတြျဖစ္တာခင္ဗ်ားတို႔ေၾကာင့္မလား…မေျပာရင္က်ဳပ္လက္ခ်က္နဲ႔ခင္ဗ်ားေသလိမ့္မယ္ေနာ္……. ”
ေမာင္စိုင္ေဒါသတႀကီးျဖင့္ေအာ္ေျပာေလသည္။
ဘြားမယ္စိန္ကလက္ကာၿပီး…
“ကဲ…ေန…ေန….စိတ္ကိုေလ်ာ့…ဘြားဘာသာပဲေမးပါရေစ….”
ဟု…တားယူေလသည္။
ၿပီးေနာက္ ငေက်ာ္ဆိုေသာ သူကိုၾကည့္ၿပီး…
“ဒီကေမာင္ရင္…ဘြားေမးတာကိုေျဖ…ျဖစ္ၿပီးတာေတြမတတ္ႏိုင္ေပမယ့္…ထပ္မျဖစ္ဖို႔ကပိုအေရးႀကီးေနတယ္…ဒါမို႔…
ေမာင္ရင္ေသခ်ာစဥ္းစားၿပီးသာေျဖေပး”
“ဟုတ္ကဲ့…က်ဴပ္သိသေလာက္ေျဖေပးပါ့မယ္…
အဲ့ေန႔ကအတူရွိတဲ့…
က်ဳပ္အေပါင္းအသင္းေတြလည္း ေသကုန္ပါၿပီ…
က်ဳပ္ပဲက်န္ပါေတာ့တယ္ဘြားရယ္……”
ငေက်ာ္စကားေၾကာင့္ ဘြားမယ္စိန္ေခါင္းတညိတ္ညိတ္လုပ္သည္။
“ကဲ…ဒါျဖင့္ရင္ အဲ့သည္ေန႔ကအျဖစ္အပ်က္ေလးဘြားကိုျပန္ေျပာျပေပးကြယ္……”
“အဲ့သည္ေန႔က
သူတို႔အေလာင္းမျမဳပ္ခင္ကတည္းကမူးေနၾကၿပီး
က်ဳပ္ကေတာ့ အေလာင္းျမဳပ္ရင္းနဲ႔မွေသာက္တာဆိုေတာ့
သတိရွိေသးတာေပါ့….ဒီလိုပါ…….”
********************************
“တို႔ေရာင္းရင္းႀကီးကေတာ့သြားရွာၿပီေဟ့….
တို႔လည္းလိုက္လာမွာပါကြာ…အခုေတာ့ျဖင့္
မင္းအတြက္ေနရာေလးကို တို႔ေတြ တူးေပးေနပါတယ္ကြာ……”
ငေက်ာ္တို႔အရက္သမားအုပ္စု
အေလာင္းအတြက္ေျမက်င္းတူးေနၾကသည္။
အရက္ကေလးေမာ့လိုက္ တစ္ေယာက္တလွည့္တူးလိုက္ျဖင့္
အလုပ္ရႈပ္ေနၾကျပန္၏။
“ေဂ့…ေအ့……..”
“ဟိတ္ေကာင္ေတြတူးၾကစမ္းပါကြာ…မင္းတို႔ကလည္း
ေသာက္တာမ်ားၿပီးက်င္းက ဒီကတက္မလာဘူး”
“ဟ…ငေက်ာ္…တို႔လည္းတူးေနတာပဲေလကြာ……”
စကားတေျပာေျပာျဖင့္ ေနာက္ဆုံးက်င္းတူး၍ၿပီးသြားေတာ့သည္။
“ကဲ….သယ္ရင္းႀကီး…သြားေပေတာ့ေဟ့…သြားေပးေတာ့…
ေၾသာ္….ေနဦးဟ…သခ်ႋဳင္းေစာင့္ႀကီးခင္ဗ်ားးးး….
လူတစ္ရာစာေနရာေလး…ေပးသနားပါခင္ဗ်ားးးးးးးးးးးးး”
အရက္သမားတစ္ေယာက္က အေခါင္းကိုပုတ္၍ေျပာေလရာ…
“ဟ…လူတစ္ေနရာစာ…ဟ…..”
“ေအ့….ငါလည္းအဲ့တာပဲေျပာတာေလကြာ…ေတာ္ၿပီ
အေလာင္းခ်ၾကမယ္……”
“ဒုန္း……”
“ေျဖးေျဖးခ်ၾကပါကြ…အေလာင္းပ်က္စီးကုန္ဦးမယ္….”
အမူးသမားမ်ားအား ငေက်ာ္ကဦးေဆာင္ကာ ေျပာဆိုေနရသည္။
သို႔ေသာ္လည္း အရက္သမားေတြမို႔ လုပ္ခ်င္တာကိုသာလုပ္…
ေျပာခ်င္တာေျပာၿပီး ေျမက်င္းအား
ေျမျမဳပ္လိုက္ၾကေတာ့၏။
****************************
“အင္း…ဒါဆိုလည္း…ေမာင္စိုင္….”
“ဗ်ာ…ဘြား…..”
“ဒီကငေက်ာ္ကိုေခၚသြား…သူ႔အေပါင္းအသင္းေတြစကားမွားခဲ့တာကိုေတာင္းပန္ခိုင္း…မေန႔ကလိုပဲ ထမင္းနဲ႔ဟင္း…အရက္ျပင္ၿပီး လိုက္ပို႔ေပးလိုက္…ေနာက္ၿပီး
အေလာင္းကိုလည္းျပန္ေဖာ္ၾကည့္ၾကဦး
ျပင္သင့္တာရွိရင္ျပင္ခဲ့…ၾကားလားကြဲ႕”
“ဟုတ္ကဲ့ဘြား…က်ဳပ္တို႔လုပ္ခဲ့ပါ့မယ္…….”
ေမာင္စိုင္တို႔သည္ ဘြားမယ္စိန္စကားအတိုင္းျပင္ဆင္ေပးၾက၏။
ထမင္းဟင္းမ်ားက်က္သည္ႏွင့္ငေက်ာ္ကိုေခၚ၍ သခ်ႋဳင္းသို႔သြားၾကေတာ့သည္။
သခ်ႋဳင္းသို႔သြားေလရာ ေမာင္တိုးတစ္ေယာက္ ေမာင္စိုင္ႏွင့္လိုက္ပါလာခဲ့သည္။
ယခင္ညကအတိုင္း ျပင္ဆင္ၿပီးေနာက္
ငေက်ာ္ကိုေတာင္းပန္ခိုင္းေတာ့၏။
“သခ်ႋဳင္းေစာင့္ႀကီးခင္ဗ်ား…က်ဳပ္သူငယ္ခ်င္းမ်ားရဲ႕စကားအမွားကိုေတာင္းပန္ပါတယ္..လူတစ္ရာစာေနရာမဟုတ္ပါဘူးခင္ဗ်ား…လူတစ္ေနရာစာေနရာျဖစ္ပါတယ္…ဒီအတြက္
က်ဳပ္တို႔႐ြာကလူေတြကို အသက္ခ်မ္းသာခြင့္ေပးပါဗ်ာ…
က်ဳပ္ေတာင္းပန္ပါတယ္ သခ်ႋဳင္းေစာင့္ႀကီး ခင္ဗ်ားးး…”
ငေက်ာ္ေတာင္းပန္ၿပီးေသာအခါ အေလာင္းျမဳပ္ရာေနရာအား
ျပခိုင္းၿပီး ျပန္လည္တူးေဖာ္ၾကည့္ၾကေတာ့သည္။
အနံ႔အသက္မ်ားမေကာင္းေသာ္လည္း သည္းခံၿပီးလုပ္ေနၾကရ၏။
အေခါင္းဖြင့္လိုက္ေသာအခါ၌…
“ဟာ…အေလာင္းႀကီးကေဘးေစာင္းႀကီးျဖစ္ေနတာ…
ၾကည့္ၾကစမ္း…႐ြာဘက္ကိုမ်က္ႏွာႀကီးလွည့္ေနတာဟ…..”
“ကဲ…ကဲ…အေလာင္းျပင္ၿပီးတာနဲ႔ ျပန္ဖုံးၾကေတာ့ကြာ….”
လူႀကီးမ်ားက ေျပာေလရာ…ေမာင္စိုင္တို႔႐ြာသားမ်ားအေလာင္းအား ျပန္ျပင္ၾက၏။
“ခြင့္လႊတ္ပါဗ်ာ…က်ဳပ္တို႔႐ြာသားေတြအတြက္ေတာင္းပန္ပါတယ္”
႐ြာသူႀကီးကလည္း တတြတ္တြတ္ေျပာေနရွာသည္။
ထိုသို႔အေလာင္းျပင္ၿပီးျပန္ေျမျမဳပ္ၿပီးေသာအခါ၌
အားလုံး႐ြာထဲျပန္ဝင္လာၾကေတာ့သည္။
အိမ္သို႔ေရာက္ေတာ့ေရမိုးခ်ိဳးအဝတ္အစားလဲက်ၿပီး
ေမာင္တိုးက ဘြားမယ္စိန္အား အားလုံးေျပာျပေလရာ…
“အင္း…စကားေျပာေတြလည္းမွားတယ္…အေလာင္းလည္း
ေသခ်ာမခ်ၾကေတာ့ ႐ြာကိုထိခိုက္တာေပါ့…ဒီဟာေတြျပန္ၿပီးျပဳျပင္ၿပီးၿပီဆိုေတာ့ ႐ြာအတြက္ေဘးကင္းပါၿပီကြယ္……”
ဘြားမယ္စိန္ေျပာလိုက္ေသာအခါ ေမာင္စိုင္တို႔ ေမာင္တိုးတို႔လည္း သက္ျပင္းမ်ားခ်ကုန္ၾကေတာ့သည္။
တစ္ရက္ၿပီးတစ္ရက္ကုန္ဆုံးခဲ့ၿပီး တစ္ပတ္မွ်ၾကာသည္အထိ
႐ြာ၌ လူမ်ားထူးဆန္းစြာမေသၾကေတာ့ေပ။
ထို႔ေၾကာင့္ ဘြားမယ္စိန္စိတ္ခ်သြားၿပီး ေမာင္စိုင္အား ႐ြာသို႔
ျပန္ပို႔ခိုင္းေတာ့၏။
ၿမိတ္ကုန္း႐ြာမွ သူႀကီးအပါအဝင္ ႐ြာသူ၊႐ြာသားတို႔သည္
ဘြားမယ္စိန္အတြက္လက္ေဆာင္မ်ား
လွည္းႏွင့္မဆန႔္ေအာင္ထည့္ေပးၾက၍
ဘြားမယ္စိန္ျငင္းဆန္ခဲ့ရေသး၏။
ထို႔သို႔ျဖင့္ ဘြားမယ္စိန္ႏွင့္လူတစ္ရာေသမည့္႐ြာ
စာမူေလးၿပီးဆုံးသြားပါၿပီ။
ယဥ္မင္း(ကန႔္ဘလူ)