Unicode Version
” လူဖြစ်သွားတဲ့ တစ္ဆေ ” (အခန်း ၁) (စ/ဆုံး)
————————————————-
အနက်ရောင် မြေပြင်ပေါ်မှာ မိုးစက်တွေ တဖြောက်ဖြောက်ကျဆင်းနေသည်။ မြူနှင်း မိုးက လမ်းမီးရောင်မှာ ရစ်သိုင်းဆိုင်းဝေနေ ဆဲ။ ရွှေင်ယွန်း လျှောက်လာရသည်က ချော် ကျိကျိ၊ ပျစ်ချွဲချွဲ၊ ဗွက်မြေ။ ခြေမျက်စိအထိ မြုပ်နေတဲ့ဗွက်တွေကြားက ခြေထောက်တွေ ကို မနည်း ရွေ့လျားနေရ သည်။
ဘယ်ကို ရောက်နေတာလဲ။ ကားလမ်း ကျယ်ရဲ့ ဂုံးကျော်တံတားအောက် လှိုဏ် ခေါင်းထဲမှာ ပါလား။ လှိုဏ်ခေါင်းနံရံကို ကပ်ပြီး ရွှေစင်ယွန်း တိုးရွှေ့လာမိဆဲ။
မာန်ဖီသံ၊ ကန်ကျောက်သံ။ လဲကျနေသော လူတစ်ဦးကို မတ်တပ်အနေအထားနှင့် လူ
လေးငါးယောက်ကဝိုင်းပြီး
ကန်ကျောက်၊ဆောင့်နင်းနှိပ်စက်နေကြ၏ ။ ခံနေရသူရဲ့ အော်ဟစ်သံက မိန်းကလေး တစ်ယောက်ရဲ့ အသံ။ မချိမဆံ့ အော်ဟစ်နေရှာ၏ ရွှေစင်ယွန်းခြေထောက်တွေက သူတို့တွေ အနားကို ဆွဲခေါ်သွား၏ ။ ဝင်ကယ်ရမှာ လား။ စိတ်ကတော့ ထွက်ပြေးသွားချင်၏ ခြေထောက်တွေက ပြေးအောင်စေစား၍ မရ
တော့။ခံနေရသော မိန်းကလေးကို လှမ်းမြင် လိုက်ရသည်။ မိန်းကလေးကလည်း နာကျင် နေသည့် ကြားက ရွှေစင်ယွန်းကို နာနာ ကျည်ကျည်း လှမ်းကြည့်နေ၏ ။ တုန်လှုပ်ချောက်ချားစရာ အဟိ။ “ဘုရားရေ…”
အသေအချာ ကြည့်မိမှ ရွှေစင်ယွန်းနှင့် ချွတ်စွပ်တူသော မိန်းကလေး ဖြစ်နေ၏ ။
ဝိုင်းဝန်း ကန်ကျောက်နေသူတွေ အနားကို ရွှေစင်ယွန်း ရောက်လာမှန်း သိသွားကြ၏ ။ သူတို့တွေ ပြိုင်တူ လှည့်ကြည့်လိုက်၏။
ရွှေစင်ယွန်း … ကြောက်လန့်တုန်လှုပ်စွာ လန့်အော်မိသွား၏ ။ မျက်စိ၊ နှာခေါင်း၊ပါးစပ်မပါ
မျက်နှာပြောင်ချောကြီးတွေ
နှင့်…။ မျက်နှာဖုံး အသားကပ် စွပ်ထားတာမဟုတ်။
ပြောင်ချောကြီး တွေကနေ
ကြမ်းတမ်း၊ ကြောက်လန့်ဖွယ်ရာ ရုပ်သွင် တွေ ပြောင်းသွားပြီး ရွှေစင်ယွန်းထံ အမဲ ဖျက် ချင်ဟန်တွေနှင့် အော်ဟစ် ပြေးဝင် သွား၏။
မကောင်းဆိုးဝါးတွေ။ ရွှေစင်ယွန်း လန့် တုန်ပြီး ငယ်သံပါအောင် အော်ဟစ်ပစ်လိုက်၏။
ဖျတ်ခနဲ မျက်လုံးပွင့်ပြီး
လန့်နိုးလာသည်နှင့် … အသံဆိုးတွေလည်း . ငြိမ်တိတ်
သွား၏ ။ မြင် ကွင်းတွေလည်း ပြောင်းလဲ သွား၏။ ရွှေစင်ယွန်းရဲ့အိပ်ခန်းထဲကို ရွှေစင် ယွန်း ပြန်ရောက်နေ၏ ။ မကောင်းဆိုးဝါး တွေ မရှိတော့။ ပြီးတော့ သူမ….။ ရွှေစင် ယွန်းရဲ့ ပုံတူကိုယ်ပွား လို မိန်းကလေး … သူ ဘယ်ရောက်သွားပြီလဲ။
ဒါ…အိပ်မက်ဆိုး။ အိပ်မက်ဆိုးမက်တာ ကို အတိတ်နမိတ်ကောက်ရရင် တစ်နေ့နေ့ မှာ အိပ်မက်ဆိုးထဲကအတိုင်း ရွှေစင်ယွန်း ခံစားရမှာလား။ စိုးရိမ်တုန်းလှုပ်မှုက ငယ် ထပ်ကနေဖောက် ထွက်မတတ်။ အို…..အတွေးဆိုးတွေ ဒီမှာတင်ရပ်။
နင် ငယ်ငယ်လေးကတည်းက အိပ်မက်ဆိုး တွေ မက်ခဲ့တယ်၊ ကမ္ဘာကြီး အဆုံးသတ် သွား သလို၊ အော်ဟစ်ပြီး နင်လန့်နိုးခဲ့ရ တယ်။ ပြီးခဲ့တဲ့ နွေရာသီမတိုင်ခင်အထိ အဆုံးသတ်ဖို့ မစတင်ခဲ့ သေးဘူး။ အဲ့ဒီအချိန်ထိ နင်ဟာ ပြည့်စုံတဲ့ကလေး ဘဝကို ရခဲ့တယ်၊ ဘာမှ စိုးရိမ်စရာ မရှိဘူး။ နွေး ထွေးတဲ့ မိသားစုဘဝလေးထဲမှာ နင် သာယာ ပျော်ရွှင်ခဲ့ရတယ်။ နင့်အတွက် စိတ်ရှုပ်ထွေးစရာ ဘာမှ မရှိခဲ့ဘူး။
နင် မှတ်မိလား…အဲ့ဒီခံစားမှုတွေ နင်မှတ်မိလား…ငါကတော့
ကြောက်ရွံ့ထိတ်လန့်စရာ အမှောင်ကမ္ဘာထဲမှာ ဒုက္ခ
ပင်လယ်ဝေပြီး ကျင်လည်ခဲ့ရတယ်။
အထီးကျန်ဆန်ဆန်ငါ့မှာ စွမ်းအားတွေ မပြည့်ဝသေးဘူး။ ငါရှိ နေတာ သိနေတဲ့ အဖေကလည်း ငါ့လုပ်ရပ် တွေ တားဆီးခဲ့တယ်။ အဲဒီ နေ့၊ အဲဒီ ခံစားမှု တွေ…နင် ပြန်လည် ခံစားမိစေချင်တယ်။ အဖေနဲ့အမေက ချစ်နေကြတုန်းပဲ…နင်က သူတို့ ချစ်မြတ်နိုးရတဲ့ သမီးချောလေးပေါ့။ နင်တို့ မိသားစုလိုက်၊ ချောင်းသာကို
အပန်းဖြေခရီးထွက်ကြတယ်။
လေသာဆောင် ဝရန်တာမှာ အဖေ့လက်တွေစပြီးတုန်လာတယ်။
အရာအားလုံးပြောင်းလဲသွားပြီ။ နေ့ အလင်းရောင် အပြည့် ရှိ နေချိန်မှာ ညအမှောင်ထုကြီးက ဝင် ရောက်နှောင့်ယှက်လိုက်သလိုမျိုးပေါ့။
အဲဒါ ပြည့်စုံ သာယာပျော်ရွှင်တဲ့ နင့်ဘဝရဲ့ အဆုံးသတ်ပဲလေ။ အဖေဆေးရုံ ရောက်သွားရပြီ။အဖေဟာ လေဖြတ်သလို၊ ခါးဆစ်ရိုး ကြားမှာ အာရုံကြောညှပ်သလိုနဲ့ အောက် ပိုင်းလုံးလုံး သေ သွားခဲ့ပြီ။
ထူးဆန်းနေတယ် မဟုတ်လား….နင် ဝမ်း နည်းရပြီလေ။ အဲဒီ ဝမ်းနည်းမှုက ငါ့ကို စွမ်းအား ကြီးအောင် လုပ်ပေးလိုက်သလို၊ နှင့်ကို အားနည်းချိနဲ့အောင် လုပ်ပေးလိုက်
တာပဲ။
ဒီလို နေ့မျိုးကို ငါအကြာကြီး စောင့်နေခဲ့ တာ…ဆယ့်ခြောက်နှစ်တောင် ကြာခဲ့ပြီ။ နင့် ကိုငါ တိုက်ခိုက်ဖို့ အချိန်ရောက်ပြီ။ ငါ့ရဲ့ အစွမ်းတွေ ပြသနိုင်ပြီ။ ငါ့ကိုတားမယ့်လူ ဘယ်သူမှ မရှိတော့ဘူး
နင် ပျောက်ကွယ်သွားစေရမယ်….အဲ့ဒါကို ဘယ်သူမှ သိလိုက်မှာ မဟုတ်ဘူး။
ပုဂ္ဂလိကပိုင်အဆင့်မြင့်အထက်တန်းကျောင်းမှာ ရွှေစင်ယွန်း ဆယ်
တန်းတက်နေ၏ ။ ကျောင်းက ဘက်စုံ
ပညာရေးတွေ သင်ပေး၏ ။ ကျောင်းပညာ
အပြင် မိမိတို့ဝါသနာပါရာ
ပညာရပ်ကိုလည်းသီးသန့်ဆရာဖြင့် သင်ကြား
ပေးသည်။ နိုင်ငံတကာ အဆင့်မီ သင်တန်း
ရွှေစင်ယွန်းကကျောင်းကြီး ဖြစ် သည်။
ဝါသနာပါ၍ ညနေ ငါးနာရီကနေ ခြောက်
သရုပ်ဆောင်ပညာကိုနာရီသင် ကြားပေးသော သင်တန်းကို တက်ရောက်နေ၏ ။
သင်တန်းသားသရုပ်ဆောင်ဆယ့်ငါးယောက်၊
သင်တန်းသူ နှစ်ဆယ့်ငါးယောက် သင်ကြား
နေကြသည်။ သင်ကြားသည့်ဆရာမှာ ဦးသီဟမိုး။
“ကောင်းသော ညနေခင်းပါ ကလေးတို့”
“မင်္ဂလာရှိသော
ဆရာ”
“အိုကေ…ဒီနေ့
ညနေခင်းဖြစ်ပါစေ
မင်းတို့ကို ပြဇာတ်
သင်ပေးမယ်။ ကျောင်းပိတ်ပွဲမှာ ဒီပြဇာတ်ကို တင်ဆက် ပေးမယ်။ မင်းတို့ရဲ့မိသားစုတွေ ရှေ့မှာ မင်းတို့အရည်အသွေးကို ပြသနိုင်မယ့်
ဆရာအခွင့်အရေး … ကောင်းကြီးပေါ့။
ကိုယ်တိုင်ရေးထားတဲ့ ရိုမန့်ဆန်ဆန် အချစ်
ပြဇာတ်ကလေး….ရှိတ်စပီး ယားရဲ့ ရိုမီယိုနဲ့
ဂျူးလိယက်ဆန်ဆန် ဇာတ်လမ်းကလေးပါ။
ဇာတ်ကောင်တွေ ဆရာရွေးတော့ မယ်” ထိုင်ခုံတွေ ဝိုင်းပတ်ထားသည့် အလယ်မှာ
သီဟမိုးက အနောက်တိုင်းသားတွေရဲ့
ဟန်ပန် အမူအယာနှင့် ပြောနေ၏ ။ ကျောင်းသူ၊ ကျောင်းသားတွေ စိတ်လှုပ်ရှား
ရုပ်ချောရုပ်ဖြောင့်တဲ့ကုန်၏။ “ဒီကျောင်းမှာ
ကျောင်းသူ၊ ကျောင်းသားတွေ များပါတယ်။ ခေါင်း ဆောင်မင်းသားအဖြစ် ကောင်းမြတ် သူကို ဆရာရွှေးပါတယ်။ ကျန်တဲ့သူတွေကို လည်း သင့်တော် ရာအခန်းမှာ ဇာတ်ပို့ ဇာတ်ရံအနေနဲ့ ထည့်သုံးမှာပါ။ ကျရာအခန်း က ပြောင်မြောက်အောင် သရုပ် ဆောင်ကြပါ”
ကောင်းမြတ်သူက King ဘွဲ့ရနိုင်သူ… ကောလိပ်မှာ ဆိုရင်ပေါ့။ အသားဝင်းဝါပြီး “ရုပ် ရည်ကလည်း အတော် ချောသည့်သူ။
နာမည်ကြီးမင်းသားတွေနဲ့ ယှဉ်ပြိုင်နိုင်သည့် ရုပ်ရည်မျိုး။ စမ်းသပ်မှုတိုင်းမှာ သရုပ်ဆောင်
တာ ပီပြင်၏
ကြောက်နေတာ မရှိ။
ကောင်းမြတ်သူ ရထိုက်သော နေရာဖြစ်၍
အားလုံး လက်ခုပ်တီးပြီး ချီးကျူးထောပနာ
ပြုကြကုန်သည်။
“ကျေးဇူးပါ…..ခေါင်းဆောင် မင်းသမီးကိုဆက်ရွေးပါမယ်”
ရွှေစင်သွန်းနဲ့ကျောင်းမှာ ပြိုင်ဘက်လိုဖြစ် နေသော ရှင်းသန့်လှိုင်တို့ အကြည့်ချင်း ဆုံ တိုက် သွား၏ ။ အလှချင်းလည်း ပြိုင်နေကြ သူတွေလေ။ ဒီကျောင်းမှာ သူမတို့နှစ်ဦးသာ ထူးကဲသော အလှပိုင်ရှင်တွေ။ ရှင်းသန့်လှိုင်ရုပ်ရည်ချောသော်လည်း အရပ်ကအနည်းငယ်လေး ပုနေ၏။
ရွှေစင်ယွန်းက အရပ်က ဒေါင်ကောင်း၏။ ကောင်းမြတ်သူကလည်း ဒေါင်ကောင်းသော
မင်းသား။ ပိန်ပိန်ပါးပါး မော်ဒယ်(လ်) ကိုယ်လုံးကိုယ်ပေါက်တွေနှင့်။
“ပထမ မင်းသမီးအဖြစ် ရွှေစင်ယွန်းကို ရွေးပါတယ်။ ဒုတိယ မင်းသမီးအဖြစ် ရှင်း သန့် လှိုင်ကို ရွေးပါတယ်”
လက်ခုပ်သံတွေ ဆူညံသွား၏ ။ လက်ခုပ်မ တီးသော ရှင်းသန့်လှိုင်က ထ မေးလိုက်၏။ “အဓိက မင်းသမီးက ဘယ်သူလဲ ဆရာ”
“ပထမ မင်းသမီးပေါ့”
ရှင်းသန့်လှိုင် မျက်နှာပျက်သွား၏ ။ မပြုံး မရယ်နိုင်တော့။ ရွှေစင်ယွန်းကို ဘေးနားက မိန်းကလေးသူငယ်ချင်းတွေက အားပေးနှုတ်ဆက်ကြ၏။
ရွှေစင်ယွန်းလည်း မျက်နှာမထားတတ် အောင် ဝမ်းမြောက်ဝမ်းသာဖြစ်နေမိသည်။ ဇာတ် ပို့ ဇာတ်ရံတွေအဖြစ်…
“နေလင်းထွန်းက မင်းသားရဲ့ အဖေနေရာ၊
စံဇော်ဝင်းက မင်းသမီးရဲ့ အဖေနေရာ၊ နေ ခြည်လင်းဖွေးက မင်းသားအမေနေရာ၊ စင်ဒီ မိုးက မင်းသမီးရဲ့ မိခင်နေရာ၊ လူကြမ်းဗီလိန်အဖြစ် ဇော်ဗလ၊ နေခ၊ ဓနုတ်၊ အောင်ကျော်စွာ*
သီဟမိုးရွေးချယ်ပေးပြီး ပြဇာတ်ရဲ့
သဘောသဘာဝကို အရင် ပြောပြ၏။ ဇာတ်လမ်းဇာတ် သွားကို ရှင်းပြ၏ ။ အိမ် မှာ လေ့ကျင့်ကျက်ထားရမည့် ဒိုင်ယာလော့ခ် ရိုက်ထားတဲ့ စာရွက်တွေကို ဝေငှ၏ ။
“အိုက်တင်ကို မနက်ဖြန် ဇာတ်စတိုက် တဲ့အချိန်မှာ ဆရာ ကိုယ်တိုင် သင်ပေးမယ်။ သင်တန်းအချိန်စေ့ပြီမို့ တော်ကြဦးစို့”
ရွှေစင်ယွန်း နေထိုင်သော ကွန်ဒိုတိုက်ခန်း နှင့် စာသင်ကျောင်းမှာ ဖြတ်လမ်းတိုက လမ်း
လျှောက်သွားပါကနှစ်ဘလောက်ခန့်သာ
ဝေး၏ ။ ကားလမ်း ဂုံးကျော်ဥမင်လှိုဏ်
||ပေါက် ပေ(၆၀) အရှည်လောက်ကို ဖြတ်သွားရသည်။
အသွားအလာ ကျဲပါးသည်။ ဒီဥမင်ပေါက် ထဲက ဖြတ်သွားဖြတ်လာ ကျောင်းတက်ခဲ့ တာ ရှစ် တန်းကျောင်းသူ ဘဝကထဲကပင်။ ဥမင်ပေါက်မရောက်ခင် မြို့နယ်ပန်းခြံငယ် လေးကို ဖြတ်သန်းရ သေးသည်။ ပန်းခြံလေး ထဲဖြတ်သန်းစဉ် ရွှေစင်ယွန်းတို့ ကွန်ဒိုနှင့်
ကပ်နေသော လုံးချင်းအိမ်ရာမှာ နေထိုင် သည့် ရှင်းသန့်လှိုင်နှင့် သွားဆုံ၏။
ရှင်းသန့်လှိုင်က မျက်နှာသေဖြင့်…
“နင့်အဖေ ဒုက္ခိတဖြစ်သွားတာ သနားလို့ ဆရာက နင့်ကို ခေါင်းဆောင်မင်းသမီးနေရာ
ပေးလိုက်တာပဲ။ နင့်ကိုယ်နင် အထင်ကြီးမ နေနဲ့။ နင့်အမေနဲ့ဆရာက ပလူးနေတော့၊ နင့်ကို ဦးစား ပေးမှာပေါ့”
ရွှေစင်ယွန်း အံ့အားသင့်ပြီး ရှင်းသန့်လှိုင် ကို စိုက်ကြည့်လိုက်၏။
“အဲ့ဒီနေရာကို နင်မရလို့ မနာလိုဖြစ်နေ တာ မဟုတ်လား။ နင့်လို အရှုံးသမားရဲ့ စကားကို ငါ ဂရုမစိုက်ဘူး။ ငါ့အဖေနဲ့ငါ့အ မေကိုထပ်ပြီး စော်ကားမော်ကား မပြော နဲ့။ ပြောရင် နင့်အာကို ငါ ဆွဲဖဲ့ပစ်လိုက်မယ်” “ဟင်း ဟင်း ဟင်း နှင့်လောက်တော့ သနားတယ်”
ရွှေစင်ယွန်း ချာခနဲ လှည့်ထွက်လာ လိုက်၏ ။ ကျောင်းမှာက ရန်ဖြစ်လို့ မရ။ ယွန်းလည်း ရန်မဖြစ်ချင်။ ဥမင်လှိုဏ် ပေါက်ဝကို ရောက်လာ၏ ။ မှောင်ရီမပျိုး
။မိုးတွင်းကာလမို့ နေ့တာရှည်ပြီး ညတာ
တို၏ ။ ည (၇) နာရီလောက်မှ မှောင်သွား၏
ဆောင်းကာလမှာတော့
ညတာ ရှည်တတ်သည်။
နေ့တာတိုပြီးဥမင်လှိုဏ်ထဲ ခြေလှမ်းနှစ်ဆယ်ခန့် လျှောက်ဝင်ရုံရှိသေး၏။
“ဝုန်း..ဂျိန်း”
ဟိန်းညံပဲ့တင်ပြန်သံကြီး ကြားလိုက်ရ၏ ။
ဘာဖြစ်ပြီး ဘယ်ကလာတဲ့ အသံကြီးမှန်း လည်း မသိ။ ယွန်း ဟိုဟိုဒီဒီ လိုက်ကြည့်မိ၏ ။ နံရံပေါ်မှာ အနီရောင်နှင့်ရေးထားသောစာ ကို တွေ့လိုက် ရ၏ ။
“ဒီနေရာမှာ ငါရှိတယ်”
အထက်ပါ စာတမ်းကို ထန်းသီးလုံးခန့်စာ လုံးနှင့် ရေးထား၏ ။ လက်ရေးက မသေးမ သပ်။ ချောက်ချောက်ချားချား (သို့) ဒေါသ ပေါက်ကွဲပြီး ရေးထားသလိုမျိုး၊ အနီရောင်
။တွေက တစ်မျိုးဖြစ် နေ၍ ဆေးသားကို လက် နှင့်သွားကိုင်ကြည့်၏။
စေးထန်းထန်းနှင့် နှာခေါင်းနှင့် နမ်းကြည့် တော့ သွေးညှီနံ့ကိုရ၏ ။ သွေးနဲ့ရေးတဲ့ စာ။ ဘယ်သူ လာရေးထားတာလဲ။ ဘာသဘော နဲ့ ရေးထားတာလဲ။ ဘာကြောင့် ဒီလို ရေးထား ရတာ လဲ။ ဒီနေရာပဲ ဟုတ်ပါ တယ်။ အိပ်မက်ဆိုးမက်ခဲ့တုန်းက ယွန်းရဲ့ ကောင်မ လေးကိုကိုယ်ပွားသဖွယ်
မကောင်းဆိုးဝါးတွေ အနိုင်ကျင့်နှိပ်စက်နေခဲ့ တာ ဒီနေရာမှ ဒီနေရာ။
လူသူ ရှင်းပြတ်နေ၏ ။ ဥမင်အတွင်းပိုင်း မှာ အနည်းငယ်မှောင်ရိပ်ကျနေသည်။ တစ် ယောက် ယောက်က လက်ဆော့သွားတာ ဆို လည်း ဆေးနဲ့ရေးမှာပေါ့။ ခုတော့ သွေးနဲ့ ရေးထား၏ ။ လူ့သွေး လား။ တိရ စ္ဆာန်သွေး လား။ ဘာသွေးတွေမှန်း မသိ။ ဥမင်းထဲက
နေ ခပ်သွက်သွက် လျှောက်ထွက် လိုက်၏။
မှောင်ရိပ်ကောင်းသောနေရာ…..
ဘွားခနဲထွက်လာသော အရိပ်မဲကြီ;
“ဟား ……..ား ဟား ဟား”
သရဲတေ စ္ဆ မကောင်းဆိုးဝါးမှတ်၍ ယွန်း ထိတ်လန့်အော်လိုက်မိ၏ ။ ရယ်သံကြောင့် အရိပ်မဲကို သေချာကြည့်လိုက်သောအခါ…
“ဟင်…..ကောင်းမြတ်သူ”
“နင် သိပ်လန့်သွားသလား….ယွန်း” “ကောင်စုတ်….လန့်တာပေါ့။ နှလုံးရောဂါ ရှိတဲ့သူဆို ရှော့ခ်ဖြစ်သွား လောက်တယ်။ အသည်းငယ်တဲ့သူဆို သည်းခြေပျက်သွား မတတ်ဘဲ။ နောက်…အဲ့ဒါမျိုး ဘယ်တော့မှ မနောက် ပြောင်နဲ့၊ ငါမကြိုက်ဘူး”
“အေးပါ..နင်မကြိုက်ရင် မစ တော့ပါ
ဘူး။ တို့တွေက ရှစ်တန်းဘဝကတည်းက အတူတူ ကျောင်းတက်လာတဲ့ သူငယ်ချင်း တွေပဲဟာ..နင် ဟိုနားမှာရပ်ပြီး ဘာတွေ လုပ်နေတာလဲ”
“အဲဒီ နံရံမှာ စာရေးထားလို့”
လမ်းသရဲတွေ လက်ဆော့ပြီး ဆေးနဲ့မှုတ်
သွားတာနေမှာပေါ့”
“မဟုတ်လောက်ဘူး သွေးနဲ့ရေးထားတာ”
“သွေးနဲ့..ဘာရေးထားတာလဲ”
“ဒီနေရာမှာ ငါရှိတယ်တဲ့”
“အရူးတစ်ယောက်ယောက်က
စိတ်ဖောက်ပြီး လုပ်သွားတာလည်း ဖြစ်နိုင်တာ ပဲ။ နင်က လည်း ခေါင်းရှုပ်ခံပြီး စဉ်းစားနေ သေးတယ်။ ဒီခေတ်ကြီးမှာ အဲ့ဒါမျိုးတွေသာ ခေါင်းထဲလိုက်ထည့် ရရင် ဂေါက်ကြောင် သွားလိမ့်မယ်။ အဲ့ဒါတွေ ထားစမ်းပါ၊ ပြဇာတ်မှာ နင်နဲ့ ငါနဲ့ တွဲသရုပ်ဆောင်ရ မှာ….ငါတော့ သိပ်ပျော်တာပဲ…နင်ရော မ ပျော်ဘူးလား”
“ဆရာက ခိုင်းတော့လည်း လုပ်ရတာ
“တာဝန်အရလား……မပျော်ဘူးလား”
ပေါ့”
“ပျော်ပါတယ်…..ငါ့အဖေ အောက်ပိုင်းသေသွားကတည်းက ငါသိပ်မလေဖြတ်လို့
ပျော်ချင် တော့ဘူး။ အဖေ့ကို အရမ်းသနား တယ်။ အမေ့ခမျာလည်း အဖေ့ရဲ့ဆေးဖိုး စရိတ်၊ အိမ်စရိတ်၊ စားစရိတ်၊ ငါ့ရဲ့ကျောင်း စရိတ်၊ အသုံးစရိတတွေ တစ်ယောက်ထဲရှာရ လို့ ပင်ပန်းရှာတယ်။ အမေ့ ကိုလည်း သနား တယ်။ ငါ ကျောင်းထွက်ပြီး အလုပ်လုပ်မယ် ဆိုတော့လည်း မိဘနှစ်ပါးက ခါးခါး သီးသီး ငြင်းတယ်၊ ခွင့်မပြုဘူး”
“ဆယ်တန်းမအောင်တဲ့ မိန်းကလေးကို
ဘယ်အလုပ်က လက်ခံမှာလဲ။ အနိမ့်ဆုံး
ဆယ်တန်းအောင်ရမယ်လေ။ နင့်အမေက
ပညာတတ်ပါ။ ကမ္ပဏီတစ်ခုမှာ အကြံပေး
အရာရှိလုပ်တယ်။ အချိန်ပိုင်း ဖက်ရှင်ဒီဇိုင်
နာလုပ်ပြီး ပုံကြမ်းတွေ ဆွဲပေးတယ်။ ဝင်ငွေ
မဆိုးပါဘူး။ ကွန်ဒိုတောင် ဝယ်နေနိုင်သေးတယ်။”
“ငါ့အဖေက သစ် အရောင်းအဝယ်လုပ် တယ်။ အဖေရှာလို့ရတဲ့ ငွေနဲ့ဝယ်ထားတာ။ ရဲ့လခက တစ်လ ရှစ်သိန်းလောက်ရ တယ်။ ကွန်ဒိုမှာက သိတဲ့အတိုင်း ဟိုဟာ ကောက်၊ ဒီဟာ ကောက်နဲ့ တစ်သိန်းလောက် လစဉ်သွားတယ်။ သိပ် မလောက်ချင်ဘူး။ မေက အလုပ်က ပြန်လာတာနဲ့ အဖေ့ကို တန်းပြီး ပြုစုရတာ ။ ငါက ကြော်လှော်
ချက်ပြုတ်၊ အမေမရှိရင် အဖေ့ကိုပြုစု အမေ
ရောက်လာရင်ကျောင်းစာလုပ်၊စာကျက်………အဲဒါနဲ့ပဲ သံသရာလည်နေရဘာ
“နင် အားမငယ်ပါနဲ့ ယွန်းရယ်၊ ငွေလိုရင် ပြော…ငါ … ကူညီမယ်။ ငါ့မိဘတွေက စီးပွားရေး လုပ်ငန်းကောင်းတယ်။ . နင့်ကို ဘာမဆို၊ ငါကူညီပါ့မယ်။ နင့်အိမ်ကို ကားနဲ့ ပြန်ချင်ရင် အိမ်က ကားယူခဲ့မယ်”
“မလုပ်နဲ့
လမ်းလျှောက်တာ”
ကျန်းမာရေးကောင်းအောင်
“ငါလည်း ဇီဇဝါလမ်းထဲက လုံးချင်းနှစ် ထပ်တိုက်မှာ နေတယ်။ အိမ်ထဲနေ၊ ကားစီးနဲ့ လမ်း လျှောက်ချိန် သိပ်မရှိလို့ ခြေလျှင်လာ တာ။ ကားပါရင် ရပ်ထားစရာ နေရာရှာရတဲ့ ဒုက္ခ…လမ်း ကြောင်းရှုပ်ရင် တိုက်မိမှာစိုးရနဲ့..ခုလို လမ်းလျှောက်ရတာကလွတ်လပ်ပေါ့ပါးတယ်”
“နောက်မှာ ရှင်းသန့်လှိုင် ပါတယ်လေ၊ နင် စောင့်ခေါ်လိုက်ဦးပေါ့။ တို့တွေက မတည့်
အတူနေတွေလေ၊ ပြဇာတ်ကပွဲမှာ သူ ရှုံး သလို ဖြစ်သွားတာ…သူရှက်နေ စိတ်ဆိုးနေတယ်”
ယွန်းနဲ့လှိုင့်ကို စေ့စပ်ပေးလို့ မရဘူးလား။
ဘာလို့ မတည့်နေကြတာလဲ
“အရင်ဘဝက ရေစက်ကြောင့် မုန်းနေကြ တာနဲ့ တူတယ်။ သူက လိုက်ပြီး မနာလိုတိုရှည်
ဖြစ်နေတာပါ…….တော်ပြီ။
အကြောင်းမပြောချင်ဘူး”
ကောင်းမြတ်သူ ရှိနေ၍ ကြောက်စိတ်တွေမရှိတော့။
ကွန်ဒိုရှေ့မှာ ကောင်းမြတ်သူနဲ့လမ်းခွဲပြီး တိုက်ထဲဝင်လာလိုက်၏ ။ (၉) ထပ်မှာရှိသော အခန်းမို့ ရိုးရိုးလှေကားက မတက်နိုင်။ မဖြစ် သာမှသာ တက်ဖြစ်၏ ။ ဓာတ်လှေကားကို ခလုတ်နိုပ် ခေါ်ကြည့်၏ ။ ဓာတ်လှေကားက ပျက်နေ၏ ။ ကလေးအမြွှာပူးလေးကို လှည်း
နှင့်ထည့်တွန်းလာ သည့် ကလေးထိန်းနာနီ မမေဦးနှင့် သွားတိုး၏။ “ဟေ့…..ယွန်း၊
ဒီဓာတ်လှေကားအဆင်ပြေရဲ့လား”
“ထုံးစံအတိုင်း ပျက်နေပြန်ပြီနဲ့ တူတယ်”
“ဟိုဘက်လှေကား
စောင့်ပြီးတက်ပေါ့..ဟော ဆင်းလာနေပြီ။ အဲ့ဒီလှေကား
က စိတ်ချရ တယ်။ တို့ကလေးတွေတင်ပြီး လျှောက်တွန်းရင်း ထိန်းလိုက်ဦးမယ် ဘိုင့်”
“ဟုတ်….မမေဦး”
ဓာတ်လှေကား ပွင့်သွား၏ ။ အထဲက
ဘယ်သူမှ ထွက်မလာ၊ သြသွား၏ ။
ဓာတ်လှေကားက နှစ်စင်းပူးထား၏ ။ နှစ်
ခန်းပေါ့။ ယွန်းသည်း . စိတ်ရှုပ်ထွေးနေ၍
ခလုတ်နှိပ်ခေါ်မိသလား၊ မခေါ်မိ ဘူးလား၊
ပြန်တွေးကြည့်၏ ။ ခေါ်မိလို့ ဆင်းလာတာ
ဖြစ်မှာပါလေ။ ဘေးဘက်က ဓာတ်လှေကား
ထက်စာရင် ဒီဓာတ်လှေကားက ပိုကောင်းသေး၏ ။
ဒီဓာတ်လှေကား၊ဘယ်ဘက်ထဲမှာ
အဘွားကြီးတစ်ဦးအသက် ရှူကြပ်ပြီး
အစိမ်းသေ သေထားဖူး၏ ။ မနှစ်က ဖြစ်ခဲ့
တာပေါ့။ အဲ့ဒီ အဘွားကြီးက မကျွတ်ဘဲ ခြောက်လှန့်လွန်း၍ ကွန်ဒို နေ မိသားစုတွေ ဓာတ်လှေကား(ဘယ်ဘက်) နှင့် မတက်ရဲ။ညာဘက် ဓာတ်လှေကားကိုသာ အတက် အဆင်းလုပ်တာ ပိုများကြ၏ ။ ထို့ကြောင့် ညာဘက်ဓာတ်လှေကား ဝန်နဲ့ အားမမျှ၍ မကြာခဏ ပျက်နေရခြင်းပင်။
မြေပိုင်ရှင်က ရဟန်းသံဃာတော်တွေပင့် ပြီး ပရိတ်တရားနာ၊ ပရိတ်ရေဖျန်း၊ ကမ္မဝါ ဖတ်ပြီး ဖယ်ရှားလိုက်မှ ခြောက်လှန့်တာရပ် သွား၏ ။
သိပ်မကြောသောသူတွေဘယ်ဓာတ်
လှေကားကို ပြန်စီးကြ၏ ။ ယွန်းရော၊ ယွန်း ရဲ့မေမေ ဒေါ်သဉ္ဇာရော၊ ဘယ် ဓာတ်လှေကား ကို လုံးဝမစီးဖြစ်တာ ကြာပြီ။
အိမ်ခန်းကိုမြန်မြန်ပြန်ရောက်ချင်ပ်၍
ယွန်းလည်း မကြောက်နိုင်အားတော့။ ကြာခဲ့ ပြီပဲ။ ကျွတ်သွားလောက်ပါပြီ။
ဓာတ်လှေကားထဲဝင်လိုက်တော့ ခလုပ်တောင် နှိပ် စရာမလို။ ဓာတ်လှေကားကြီးငြိမ့်ခနဲ တအိအိ တက်လာ၏ ။ ဘယ်လိုဖြစ်ရတာ ပါ လိမ့်။ ဓာတ်လှေကား ဘေးနံရံတွေက အရိပ် တွေ ထင်နေ၏ ။ မှန်ဝါးဝါး အရောင်လောက် တော့ ပေါ်လွင်၏ ။ ကျောင်းဝတ်စုံ မမတ် ကျ ကျလေးနှင့် ယွန်းပုံစံကို နံရံတွေမှာ မြင်နေရသည်။
ဘာရယ်မဟုတ်။ နံရံထဲက ယွန်းပုံရိပ်ကို ကြည့်နေစဉ်၊ ပုံရိပ်က နှစ်ခြမ်းကွဲပြီး ထပ်
နေ၏ ။ နံရံအပြားကြောင့်ဟု ယွန်း ထင်မိ၏ မဟုတ်သေး။ ယွန်းပုံရိပ်ကြီးက ပြန်စုပြီး မျက်တောင်လိုလို ပုတ်ခပ်ပြီး ပါးစပ်ကြီး ဖြပြ၏ ။
ယွန်းလန့်ပြီးကြက်သီးမွေးညှင်းတွေ
ထောင်ထသွား၏။ ယွန်းပါးစပ်ကို လက် ကလေးနှင့် ကိုင်မိကြည့်၏ ။ ယွန်းပုံရိပ်ဆို ရင် ယွန်းက ပါးစပ်မှ ဖြဲမထားတာ။ထူးဆန်း မှုတွေ ဖြစ်နေပြီ။ လျှပ်စစ် မီးရောင်တွေက လည်း တဖျတ်ဖျတ်နှင့်၊ မီးပြတ်မသွားတာ ကံကောင်း။
ယွန်း ဘေးနံရံတွေ မကြည့်မိအောင် မျက်နှာအပေါ် မော့ထားလိုက်၏ ။ အပေါ်က ပြောင်း လက်သော စတီး (လ်) နံရံမှာလည်း ယွန်းရဲ့မျက်နှာ ထင်ဟပ်နေပြန်၏ ။ ပုံရိပ် မျက်နှာက မျက်လုံး ကြီးပြူးကြည့်လာ၏ ။ အေးစက်တင်းမာသော မျက်နှာကြီးနှင့်။
ဘာတွေ ဖြစ်နေကြတာလဲ။ ယွန်းများ မျက်လုံးပြူးကြည့်နေမိတာလား။ ထိုစဉ်
မျက်နှာပုံ ရိပ်ကြီးက ဖောင်းကြွလာ၏ ။
ယွန်းကြောက်လွန်း၍မျက်လုံးစုံမှိတ်ထားလိုက်၏။
“ဘုရားကယ်တော်မူပါ….ဣတိပိသော
ဘဂဝါ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာ
မိ၊ သံဃံ သရဏံ ဂစ္ဆာမိ”
ဖျတ်ခနဲ သတိရ၍ ကိုးထပ်မြောက်ရပ်ရန်
ကိုးဂဏန်းကို အမြန်နှိပ်လိုက်၏
ရတနာသုံးပါး ကို ကန်တော့ရသော အကျိုး အားကြောင့် ကြောက်စိတ် အတန်ငယ် ပြေ သွား၏ ။ သိမ့်ခနဲ ဓာတ်လှေကားထိုးရပ်ပြီး ရင်ကွဲတံခါးပွင့်သွား၏ ။ ဓာတ်လှေကား အခန်းထဲ က အမြန် ထွက်လိုက်ရ သည်။ အစိမ်းသေ သေထားဖူးသော မိန်းမကြီး။ ဒီ ဓာတ်လှေကားထဲ ပြန်ရောက်ပြီး ပြန်ခြောက်
။နေတာလား။ကြောက်စိတ်ကို
အတင်းဖြေဖျောက်ပြီး
အိမ်ခန်းရှေ့ကို ရောက်လာ၏ ။ လူခေါ်ဘဲလ်
ကို တီး လိုက်၏ ။ လုံခြုံရေး ကင်မရာဘက် မျက်နှာလှည့်ပေးလိုက်၏ ။ ယွန်းမှန်းသိ၍
ဖေဖေက တံခါးလာ ဖွင့်ပေး၏ ။
လှီးချဲပေါ်ထိုင်ပြီးကိုယ့်ဘာသာကိုယ်
ရွေ့လျားသွားလာနေရသော ဖေဖေ။
“သမီး ပြန်ရောက်ပါပြီ………ဖေဖေ” “အေး……ငါ့သမီးလေးကြည့်ရတာ နွမ်းလျ နေသလိုပဲ။ ပင်ပန်းလာတယ်ထင် တယ်၊ ရေ အေး သောက်မလား”
“နေပါစေ ဖေဖေ၊ သမီးဘာသာ ယူသောက်ပါ့မယ်။
အေးအေးသာနေပါ။
မေမေ ပြန်မရောက်သေးဘူးလား”
“သူ အိမ်ပြန်နောက်ကျမယ်လို့ ဖုန်းဆက် တယ်။ နေပါစေ…မိသားစုအတွက်
ဦးဆောင်ရှာ ဖွေရပ်တည်နေရတဲ့ သူ့ကို လွတ်လပ်ခွင့်တွေ၊ ထွက်ပေါက်တွေ ပေးလိုက်ပါ။ တို့သားအဖ နား လည်ပေးလို့ လည်း တို့မိသားစု သံယောဇဉ်တွေ ခိုင်မြဲနေ
ကြတာပေါ့။ နို့မို့ဆိုရင်…”
ဖေဖေပြောနေရင်း အက်ကွဲသံပါလာ၏ ။ ကြေကွဲသံကနေ ဆို့နင့်ကာ တိုးနှစ်တိမ်ဝင် သွား၏ ဖေဖေ့ရင်ထဲမှာ ချစ်ဇနီးအတွက် နာလိုခံခက်၊ ဝမ်းနည်းပက်လက် ခံစားနေရရှာသည်။
ယွန်းလည်း စိတ်မကောင်းပါ။ ဖေဖေ့ကို ပြုစုပေးရမည့် အကြောင်းတွေ စဉ်းစားပြီး စတင်လုပ်ဆောင်တော့၏။
မေမေ ပြန်ရောက်လာသည်။ ည (၁၁) နာရီကျော်နေပြီ။ ယွန်းတို့သားအဖအတွက် ညနေ စာ ဝယ်လာမည်ဆိုပြီး (၁၁)နာရီကျော် မှ ပြန်ရောက်လာသည်။
“ယောက်ျားရေ…မိန်းမကို ခွင့်လွှတ်ပါ။
ဖက်ရှင်ဆိုင်ဝင်ဒီဇိုင်းဆွဲပေးရချိန်နီးနေလို့
ပြီး အလုပ်ဆက်ဝင်လိုက်တယ်။ ဆိုင်သိမ်း
တော့မှ ညဈေးတန်းမှာ ညစာဆင်းဝယ်ဖြစ်
တယ်။ ကြက် ကြော်နဲ့ ကြေးအိုးဆီချက်ပဲဝယ်လို့ရခဲ့တယ်”
မေမေက တစ်ပတ်ရစ် စူပါဆလွန်းလေး
ဝယ်ထား၏ ။ အဲ့ဒီကားနှင့် အလုပ်သွား၊
အလုပ်ပြန် ယွန်းကို ကျောင်းပို့ပေါ့။ မအားတဲ့
နေ့ မပို့ဘူးလေ။
အိပ်ပျော်နေသော ဒုက္ခိတဖေဖေ့ကို နှိုး ပြီး ကြက်ကြော် ကျွေးကာ၊ ကြေးအိုးခွံ့ကျွေး နေ၏ ။ ပြီးတော့ ယွန်းကိုလာခေါ်၏ ။
သမီးနောက်ကျသွားတယ်ခွင့်လွှတ်ပါကွယ်။ သမီးလေး ဗိုလ်ဆာရော
ပေါ့။ ကြက် ကြော်နဲ့ ကြေးအိုးဆီချက်လေး စားလိုက်ရအောင်……..လာလေ သမီး”
ယွန်း စိတ်ကောက်မိတာ အမှန်။ ဗိုက်ထဲ က အူတွေ လိပ်ကုန်မတတ် ဆာလောင်နေ တာ ကိုး။ ယွန်းစိတ်ကောက်ရင် ဘာစကားမှ မပြောတော့။ စိတ်ဆိုးတဲ့သူနဲ့ တမင်ရှောင် နေလိုက်၏။
ယွန်းလည်း ဘာမှပြောမနေ။ မြန်မြန်စား သောက်ပြီး အိပ်ခန်းထဲ ပြန်ဝင်နေလိုက်၏ ။ အမှန်ဆို မေမေ နောက်ကျစရာ အကြောင်းမ ရှိ။ ညနေ သုံးနာရီထိုးလောက်ဆို အိမ်ပြန်လို့
ရပြီ။ ဒီဇိုင်နာလုပ်ပေးရတာ လည်း
ညနေ(၆) နာရီကနေ ည (၉) နာရီအထိသာ။ ကျန်တဲ့အချိန်တွေ ဘာတွေလုပ်နေသလဲ။ မေးပြန်ရင်လည်း ကျောင်းတုန်းက
သူငယ်ချင်းမတွေနှင့် တိုင်ပင်နှီးနှောနေ တယ်။ ကွန်ပျူ တာဖွင့်ပြီး လိုအပ်တဲ့
အချက်အလက်တွေ စုဆောင်းနေတယ်။ အင် တာနက်ကြည့်ရင်းနဲ့ အချိန်တွေ ကုန်မှန်းမ သိ၊ ကုန်သွားတယ်…စတဲ့ ဆင်ခြေဆင်လက်
ပေါင်း များစွာ ပေးနေဦးမှာပင်။
ဖေဖေ့ကို အစောပိုင်းက ယွန်း ပြုစုနေရင်း
နှင့် ပြောပြခဲ့တာ ပြန်အမှတ်ရ၏။
သမီးကျောင်းကပွဲမှာ
ခေါင်းဆောင်မင်းသမီး အဓိကနေရာကရွေးခံရတယ်”
“အိုး………သိပ်တော်တဲ့ ဖေ့သမီးလေးပဲ”
“သမီးကပွဲကို ဖေနဲ့မေ လာကြည့်ရမယ်” “လာကြည့်မှာပေါ့ သမီးရယ်။ သမီး အဲဒီ ပွဲ ကနေ တဆင့်အောင်မြင်ပြီး ရုပ်ရှင်မင်းသမီး ဖြစ် လာတဲ့အထိ အဖေ အသက်ရှင်ပြီး စောင့် ကြည့်ချင်သေးတယ်။ ဒါပေမယ့်…”
“အဖေရယ်….ဝမ်းနည်းစရာ မတွေးပါနဲ့။
သမီးရှိပါတယ်။ အဖေ့ အောက်ပိုင်းတွေ ပြန်
ကောင်းပြီး လမ်းပြန်လျှောက်နိုင်အောင်
သမီးပိုက်ဆံရှာပြီး ကုပေးမှာပါ”
“ဒီစကားနဲ့တင် ရောဂါတစ်ဝက် သက်သာနေပါပြီ”
ဖေဖေနှင့် ပြောဖြစ်ခဲ့တာတွေ ပြန်တွေးမိ
နေစဉ်မှာ မေမေ ရောက်လာ၏ ။
“သမီးလေး … ကျောင်းကပွဲမှာ အဓိက မင်းသမီးနေရာ အရွေးခံရတယ်ဆို…..မေမေ
ဝမ်း သာလိုက်တာကွယ်”
ယွန်း စိတ်ကောက်မပြေသေး၍ ဘာမှ ပြန် မပြော။ မိခင်ဖြစ်သူက
“အဖေနဲ့ အမေက … ရုပ်ရည်ချောတော့ အချောအလှနှစ်ခု ပေါင်းထားလို့ ငါ့သမီး လေး အလှက ပြီးပြည့်စုံတဲ့အလှမျိုး ဖြစ်နေ တာပေါ့။ ဒါကြောင့် သမီးလေးအရွေးခံရတာ
ယွန်းစိတ်ထဲကတော့ အဲဒီ အတိုင်းဖြစ်ပါ စေလို့ ဆုတောင်းလိုက်မိသည်။ မေမေက သုံး ဆယ့်ခြောက်နှင့်အရွယ်။ အရွယ်တင်ပြီး လှပသေးသည်။ မအေနဲ့သမီးကို တချို့က ညီအစ်မလို့ တောင် ထင်နေကြသည်။ယွန်းစိတ်ကောက်နေမှန်းသိ၍ ရှောင်သွေနေပေး၏။ကြ
“မေမေ နောက်တစ်ခါ စောစောပြန်လာပါ့
မယ် သမီးရယ်”
ဖုန်းမှတဆင့် မေမေက စာပို့လာသည်။ ယွန်းစိတ်ဆိုးအတော်ပြေသွား၏။
“မေမေ ကျောင်းလိုက်ပို့ပေးမယ်နော်”
မနက်မိုးလင်း အပ်ရာကနိုးပြီး ကျောင်း သွားဖို့ ပြင်ဆင်နေစဉ်မှာပင် မိခင်ဖြစ်သူ လာ ချော့ ပြော၏။ ခေါင်းညိတ်ပြလိုက်မိ၏။ ယွန်း…မမြင်ရသော အရာတွေ၊ ထူးဆန်း
ထိတ်လန့်ဖွယ်ရာတွေ တွေ့နေရ၏ ။ အဲ့ဒီအ
ကြောင်းတွေ … မိဘနှစ်ပါးကို
ပြောပြရင်ကောင်းမလား။ ဖခင်ဖြစ်သူက သူ့ဝေဒနာ၊
သူ့သောကနှင့်။မိခင်ဖြစ်သူမှာလည်း ဖခင်ကို ပြုစု
ကျွေးမွေး၊ ဆေးတိုက်ရ။ သမီးကိုလည်း လာ
ချော့ရ။ ကျောင်းလိုက်ပို့ပြီး အလုပ်ကိုလည်း
ကပြာကသီ သွားရဦးမည်။ စိတ်လောပူပန်မှု
တွေနှင့် ကိုယ် စိတ်နှစ်ပါး ပင်ပန်းနေတာကို
ထပ်မံနွမ်းသွားစေချင်။
ယွန်းလည်း အရွယ်ရောက်နေပြီပဲ။ ကိုယ် ကြုံတွေ့ရာကိုယ်ဖြေရှင်းနိုင်ရမှာပေါ့။ အားလုံး ပြင်ဆင်ပြီးသောအခါ … ဖခင်ကိုနှုတ်ဆက်ပြီး အခန်းပြင်ထွက်ကြ၏။ ဓာတ်လှေကားရှေ့မှာ ရပ်စောင့်နေစဉ် ဓာတ်လှေကားနှင့် မျက်နှာချင်းဆိုင်အခန်း ပိုင်ရှင် ဒေါ်ဝဿန်သာလည်း သူမအခန်းထဲ က ထွက်လာ၏။
“မင်္ဂလာနံနက်ခင်းပါ.ဒေါ်ဝဿန်သာ”
ဒေါ်သဉ္ဇာလီက နှုတ်ဆက်၏ ။ ဒေါ်ဝဿန် သာကလည်း ပြန်ပြုံးပြရင်း.
“ကောင်းသော နံနက်ခင်းပါပဲ။ အိုး….သဉ္ဇာရဲ့သမီးယွန်းကထွားလာလိုက်တာ…
ဆံပင် တွေကလည်း ဖြောင့်စင်းပြီး ကျော လယ်အထိ ရောက်တယ်။ သိပ်လှတဲ့ ဆံပင် တွေပဲ”
ဒေါ်ဝဿန်သာက အသက်ငါးဆယ်ကျော် ပြီ။ ဆံပင်က ကျန်းမာရေးမကောင်းတုန်းက ညှပ် ထားတာရော၊ ဆံပင်အကျွတ်မြန်တာ ရောကြောင့် ကျို့တို့ကျဲတဲ၊ တိုတိတိုနန့်။ ဧရာလက္ခဏာတွေ နှင့် အရေပြားတွေ ရှုံ့တွလာ
နေပြီ။ ဒါတောင် မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ပါးနီ တွေ လိမ်းခြယ်ပြီး ခေတ်စ တိုင် (လ်) အဘွား ကြီး လုပ်နေသေး၏ ။ ဇာဦးထုပ်ဆောင်းပြီး ဆံပင်မလှတာကို ဖုံး ကွယ်ထား၏ ။ “ကျွန်မ ဆံပင်တွေလှတာ … ချီးကျူးတဲ့ အတွက် ကျေးဇူးပါပဲ…ဒေါ်ဝဿန်သာ”
“အေး……အေး……တို့ငယ်ငယ်တုန်းက
လည်း ဆံပင်တွေသိပ်လှခဲ့တာ….မင်းလိုပဲ ပေါ့….အ ခုတော့….ဟင်း ဟင်း အသက်ကြီး သွားပြီလေ”
“အသက်ကြီးပေမယ့် မပျက်စီးသေးပါ
ဘူး….မမဝဿန်ရဲ့”
“အိုး….အချိုမြိန်ဆုံးစကားပဲ သဉ္ဇာ…..မင်း
အမျိုးသားရော သက်သာရဲ့လား၊ မတွေ့ရတာကြာပြီ”
“သက်သာပါတယ်….တစ်ပတ်တစ်ခါ
တော့ ရေကူးကန်ခေါ်သွားပြီး လေ့ကျင့်ပေး တဲ့သူနဲ့ အောက်ပိုင်းတွေ ပြန်လှုပ်ရှားလာ
အောင် လုပ်ကြည့်နေပါတယ်”
“ကံဆိုးရှာတဲ့ကိုနေထိုက်ပဲ။
ကျွတ်….ကျွတ် သူ့ဘ၀ လှီးချဲပေါ်မှာပဲနေပြီး
သေသွားရရင် တော့ နှမြောဖို့လည်း ကောင်း၊
သနားစရာလည်းသိပ်ကောင်းသွားပြီး။စီးပွားအရှာကောင်းတဲ့
လူတော် တစ်ယောက်ပါ။ အကျင့်စရိုက်လည်း ကောင်းပြီး
စိတ်ထားဖြူစင်တယ်။ အင်း…ကျွတ် ကျွတ်ကျွတ် ကျွတ်”
ဓာတ်လှေကားတက်လာတာ ရောက်ခါနီးပြီ။
“ဒီဓာတ်လှေကားက အမြဲပျက်နေကျပဲ။ အခုလည်း နှိပ်ခေါ်တာ ကြာနေပြီ။ ကွန်ဒို ပိုင်ရှင် ကိုပြဖို့ တို့အခါခါ ပြောထားတယ်။ လာပြင်တယ်…ခဏပဲ…အမှန်
ဆို…အားလုံး အသစ်လဲပစ် လိုက်ရမှာ” သဉ္ဇာလီနှင့် ယွန်းတို့ ပြုံးနေလိုက်ကြ၏။ လိုက်ထောက်ခံပြီး မပြော။ ဒေါ်ဝဿန်ဦး
“ဟိုဘက် ဓာတ်လှေကားကျတော့လည်း သိပ် မစီးရဲဘူး။ လွန်ခဲ့တဲ့တစ်လလောက်က မဖြစ်မနေ တစ်ယောက်ထဲစီးတာ… အပေါ် ဘက်က ညည်းထွားသံကြီး ကြားရတယ်။ အပုပ်နံ့တွေ လည်း ထောင်းထောင်းထနေ တာပဲ။ အော်ဂလီဆန်လိုက်တာ….ပြန်တွေး
ရင်းနဲ့တောင် အန်ချင် လာပြီ…ဝေါ့အေ..” “ဪ …မကျွတ်သေးဘူးနဲ့ တူတယ်” “မသိဘူး၊ ငါအပြင်ထွက်တော့ ငါ့အခန်း ရှေ့ရောက်တဲ့အထိ ဒေါက်ဖိနပ်သံ တဒေါက် ဒေါက်ပေးပြီး လိုက်လာတော့တာပဲ။ နောက် လှည့်ကြည့်တော့လည်း မရှိဘူး။ ငါလည်း အခန်းတံ ခါးပိတ်ပြီး နေလိုက်တာ။ တံခါး
လာခေါက်တယ်။ ဖွင့်ကြည့်တော့ ဘာမှမရှိ ဘူး။ ဆယ်ကြိမ်မက ဖြစ်လာတော့ ငါလည်း ချောင်းကြည့်ပေါက်က ချောင်းကြည့်လိုက်
တယ်..အီး…ခေါင်းမပါဘူး။ သွေးတွေနဲ့
အသားစတွေ လည်ချောင်းပြတ်ထိပ်မှာ
အသားအရောင်ကလည်း ပြာနှမ်းနေတာပဲ။
ငါ့ဖြင့် လန့်သေမတတ်ပဲ။ အဲ့ဒီကတည်းက ငါ့တူမ နှစ်ယောက်အိမ်မှာ ခေါ်ထားရတယ်။ အဲ့ဒီဓာတ် လှေကားနဲ့ ဘယ်တော့မှ အတက်
အဆင်းမလုပ်တော့ဘူး”
ဒေါ်ဒဿန်သာပြောပြီး ကျောချမ်းဟန် လုပ်ပြနေ၏ ။ ဒေါ်ဝဿန်သာရဲ့ ခင်ပွန်းက သဘောၤ သားကြီး၊ ကွယ်လွန်သွားပြီ။ သား တွေနှစ်ယောက်ရှိတာ သဘောလိုက်ပြီး မိခင် ကြီးကို ထောက်ပံ့ နေကြ၏ ။ မိန်းမ မယူ သေး။ ဒေါ်ဝဿန်သာက အသက်အစိတ် ကျော် လွန်သော သူ့သားငယ်နှင့် လက်ဆက် ပေးစားချင်နေ၏ ။ ယွန်း လက်မခံ၍နောက်ပြန်ဆုတ်သွား၏။
“ဓာတ်လှေကား ဆိုက်လာပြီ ဒေါ်ဝဿန်
“ဝင်ကြတာပေါ့”
အထဲရောက်သည်နှင့်ဝဿန်သာကပင်
ဓာတ်လှေကား ဆင်းတဲ့ခလုပ်ကို နှိပ်ပေး၏ ။
သိမ့် ခနဲဓာတ်လှေကား ဆင်းသွား၏
ဒေါ်ဝဿန်သာက
“ဒီဓာတ်လှေကားက သရဲမခြောက်ဘူး။ ဒါ ပေမယ့် လူသုံးထားလို့ မကြာခဏ ပျက် တယ်။ ဒီလှေကားသာပြုတ်ကျရင် သေကုန် မှာ…ငါထင်တယ်…..အဲ….တို့ထင်တယ်၊ အင်း….ငါလို့ ပြော လိုက်၊ တို့လို ပြောလိုက် နဲ့ မှတ်ဉာဏ်တွေလည်း လုံးပါးပါးကုန်ပြီ။ တစ်နေ့ နေ့တော့ ဒီဓာတ်လှေ ကားကြောင့် လူသေလိမ့်ဦးမယ် ”
အသက်ကြီးသလောက်
ဗျစ်တောက်မြည်တွန်စကားများလွန်သော အဘွားကြီး
ဖြစ်၏ ။ မျက်လုံးတွေ၊ နားတွေကောင်းနေ သေး၍ ဖျတ်လတ်စွာ သွားလာနိုင်သေး၏ ။ “ဒါနဲ့ မနေ့က ဓာတ်လှေကားနဲ့ မဆင်းဘဲ လှေကားအတိုင်း ယွန်းဆင်းသွားတာ . တို့ တွေ့ လိုက်တယ်”
“ရှင်…လူမှားတာ ဖြစ်မှာပါ။ ဒီလောက်
အမြင့်ကြီး..မတက်ဆင်းနိုင်ပါဘူး။ ကျွန်မ ဒီ
ကို စ ပြောင်းလာကတည်းက ဓာတ်လှေကား နဲ့ပဲ ဆင်းတက်နေကြပါ”
“ယွန်းမှ ယွန်းပါ။ ငါက လှမ်းပြုံးပြတော့ ငါ့ကိုပါ ပြန်ပြုံးပြသွားသေး တယ်”
ယွန်း အံ့သြသွား၏ ။ မိခင်ဖြစ်သူက ဒေါ်ဒဿန် အထင်မှားတာလား၊ အမှတ်မှာ
အမြင်မှားတာလားဆိုတာကိုက။စဉ်းစားနေ၏ ။
“ဒုန်း…ဝုန်း”
(၆) လွှာမြောက်မှာ ဓာတ်လှေကား ဆောင့် ရပ်သွား၏။
“အိုး..ပျက်နေပြန်ပြီ။ ဒီအထဲမှာ အကြာ ကြီးနေရရင် အသက်ရှူမဝလို့ သေရချည်ရဲ့။ အချုပ်ထဲ ကျနေသလိုလို၊ အခေါင်းထဲ ရောက်နေသလိုလိုနဲ့…မဖြစ်သေးပါဘူး။
တစ်ခုခု လုပ်မှပါ”
ဒေါ်သဉ္ဇာလီကဟန်းဖုန်းထုတ်ပြီး
တာဝန်ရှိသူနံပါတ်ကို ရှာနေ၏ ။ ဒေါ်ဝဿန်
“ဒုန်း…ဒုန်း…ဒုန်းဒုန်း” နှင့် ခုန် ဆောင့်လိုက်၏ ။ ဒီတော့မှ စက်လှေကားကြီး ငြိမ့်ခနဲ့ ဆက်ဆင်းသွား၏။
“တွေ့လား..အဲ့ဒီလို လက်ပူတိုက်ပေးမှ ရှောရှူသွားတော့တယ်..ဟင်း ဟင်း ဟင်းဟင်း*
ဒေါ်ဒဿန်ရဲ့ ပြောစကားကြောင့် ဒေါ်သဉ္ဇာက အသံထွက်ရုံ ရယ်၏ ။ ယွန်းကတော့ ပြုံးမိ သွားသည်။ ခေါင်းထဲမှာတော့ သရဲ ခြောက်ခံရတဲ့အကြောင်းနှင့် ယွန်းနဲ့ လူတူ မိန်းကလေး ရိုးရိုးလှေကားက ဆင်းသွား တာကို မြင်လိုက်တယ်ဆိုတဲ့အကြောင်းကို နှစ်ပင်လိမ် စဉ်းစားရင်း ခေါင်းရှုပ် သွားမိ လေသည်။
မေမေကားမောင်းနေရင်း….
“သမီး အဆင်ပြေရဲ့လား”
မေးတာ မကြား။ စိတ်တွေက ဟိုရောက်၊ ဒီရောက်နှင့် ပျံလွင့်အားကြီးနေ၏ ။ ပုံတူမိန်း ကလေးက ဘယ်သူလဲ။ ဓာတ်လှေကားထဲက သရဲက မကျွတ်သေးတာလား။ ကျောင်းကို
ဖျတ်ခနဲ အမှတ်ရတော့ .. ကောင်းမြတ် အကြောင်း တွေးမိ၏ ။ ပြီးတော့ ရှင်းသန့်လှိုင်။
ကောင်းမြတ်သူရဲ့ ချစ်သူဘဝကို ရှင်းသန့် လှိုင်လည်း လိုချင်တောင့်တနေတာ ယွန်းသိ ပါ တယ်။ မိန်းကလေးအချင်းချင်းပဲ။ မြွေမြွေ ခြေမြင်တာပေါ့။ ကောင်းမြတ်သူရဲ့ချင်း
သဘောက စောပြောရခက်နေသေး၏။ ရှင်းသန့်ဖြူနဲ့က အနေနီးပြီး၊ ယွန်းရဲ့ကွန်ဒို နှင့် အနေလှမ်း၏ ။ကျောင်းမှာဆိုလျှင် ကောင်း မြတ်သူက ရှင်းသန့်နဲ့တစ်လှည့်၊ ယွန်းနဲ့တစ်လှည့်စီ ပြောဆိုဆက်ဆံတတ်၏အတန်းဖော်သူငယ်ချင်းတွေကတော့ ယွန်း
ဘက်ကို ပိုဦးစားပေးသည်ဟု ဝေဖန် ပြောဆို နေကြသည်။ ရှင်းသန့်လှိုင်က တမှောင့်။ မြွေ ပူရာ ကင်းမှောင့်သလို၊ စိတ်အနှောင့်အယှက်
လိုက်ပေးနေသည့် ပြိုင်ဘက်စစ်စစ်။ ကျောင်းရှေ့ပတ်ကင်မှာ ကားထိုးဆိုက်ပေး ပြီးသည်နှင့် မေမေက..“ကျောင်းစာကို ဂရုစိုက်နော်…မေမေ့ ဘဝမှာ သမီးကလေးက သာ အရေးကြီးဆုံး ပါ။ သမီ ကြည့်ရတာ သိပ်မလန်းဘူး။ စိတ်ညစ်နေသလိုပဲ…မေမေ ဒီညနေစောင်း ပြန်လာမှ အိမ်မှာ ဆွေးနွေးကြတာပေါ့” ယွန်း ခေါင်းညိတ်ပြပြီး လှည့်ထွက်လာ၏ ။ တစ်ပတ်စာမုန့်ဖိုးကို မေမေကြိုပေးပြီး သား။ ယွန်းကလည်း သိပ်သုံးတာ မဟုတ်။ ကျောင်းမှာက နေ့လယ်စာ ရှယ်ကျွေး၏ အပိုချိန်ရှိသူတွေကို အဆာပြေ မုန့်၊ ကော်ဖီ၊ အအေးတိုက်၏။
ကျောင်းဆောင်ထဲရောက်သည့်အခါ ရှင်း သန့်နှင့် ကောင်းမြတ်သူတို့ အရင်ရောက်နှင့် ပြီး စကားလက်ဆုံကြနေ၏ ။ ယွန်းကိုပိုးပန်းနေသော အခြားကျောင်းသားတွေက အနား ကပ်ဖြတ်သွား ရင်း မထိတထိပြောသွား၏။ “သိပ်လှတာပဲ..အရမ်းမိုက်တယ်၊ အရမ်းခိုက်တယ်”
“အချစ်စောင့် နတ်သမီးလေး”
“နင့်ကိုငါ ချစ်တယ်…..ငါ့ကို .. နင်ချစ်မလား*
“အဲ့ဒါငါ့ဘာဂျာ”
ဒါမျိုးတွေ ယွန်း ဂရုမစိုက်ပါဘူး။ လေထဲ လွင့်ပါသွားတာတွေလေ။ ယွန်းရဲ့ဟတ်(ထ်)
ကိုထိ တာက ရှင်းသန့်နဲ့ ကောင်းမြတ်သူတို့ အကြည်စိုက်နေဟန်တွေကိုပဲ။
ယွန်းဝင်လာတာတွေ့တာနှင့် ရှင်းသန့်ရဲ့ အပြုံးတွေလွင့်ပါး ပျောက်ဆုံးကုန်၏။ တင်း ခက် ထန်မာ မျက်နှာပေးမျိုး ဖြစ်သွား၏ ကောင်းမြတ်သူလည်း ခွာရှဲပြီး မတ်တတ်ရပ် ကာ ယွန်း ထိုင်ခုံ အနားကို လျှောက်လာ၏ ။
ယွန်းထိုင်ခုံမှာ ကျောပိုးအိတ်ထားနေစဉ်… “ယွန်း ဒီနေ့ နောက်ကျတယ်။ ကျောင်း တက်ဖို့ ငါးမိနစ်ပဲ လိုတော့တယ်။ ခြေလျှင်လျှောက်လာတုန်းကဘာထူးခြားတာတွေထပ်ကြုံနေရလို့လဲ”
“No ပါ….မေမေ ကားနဲ့လိုက်ပို့ တာ….အိပ်ရာထ နောက်ကျသွားလို့….နင်တို့ ချင်း ဆက် ပြောကြလေ…ငါ့ဘာသာ အေးဆေးနေချင်တယ်”
“ကျောင်းသင်ခန်းစာအကြောင်း ပြောပြ နေတာပါ…အထင်မလွဲပါနဲ့ ယွန်းရယ်..နှင့် ငါ့မျက် လုံးတွေကိုကြည့်ပြီး ငါ့နှလုံးသားထဲ မှာ ဘာရှိတယ်ဆိုတာ နင်မမြင်နိုင်သေးဘူး လား’
ကောင်းမြတ်သူစကားကြောင့် အကြည့် ချင်း ဒိုင်းခနဲ ဆုံတိုက်သွား၏ စွန်ကြိုးငြိသလို ငြိနေပြီ။ ရင်ထဲက ကိုယ်စီ ရင်ခုန်သံတွေကတသဲ့သဲ့ကြားနေရ၏။ ရင်ခုန်သံတွေ ထပ်တူ ညီသွား သည့် –
အနားကို အရိပ်တစ်ရိပ်ရောက်လာ၍ ယွန်းကအကြည့်ကိုအရိပ် ပိုင်ရှင်ထံ ရွေ့လိုက်၏။
ရှင်းသန့်လှိုင်။မထီးမဲ့မြင်အပြုံးနှင့် လက်နှစ်ဖက်ပိုက်ပြီး
စတိုင်တင်းတင်းဖြင့် ရပ်လိုက်ကာ…
“စုန်းမကောင်းကို နင်ပြုစားလို့ရမယ်
ထင်နေသလား.. ပေါ်ပြူလာ သိပ်မဖြစ်ချင်နဲ့။
နင့်ရဲ့နင်ဟော့နေလည်း ကျောထောက်နောက်ခံစီးပွားရေးက ပျော့နေ
ပြီ။ ငါတို့လို စိန်လက်စွပ် မျိုး ဝတ်နိုင် သလား၊ သိန်းထောင်ကျော်တန်တယ်…ပြော လေ ပြော”
မနာလိုစိတ်နှင့် ရှင်းသန့်လှိုင်တစ်ယောက် ယွန်းကို အသာလွတ်ကြီး လာခွတ်နေ၏ ။
Zawgyi Version
” လူျဖစ္သြားတဲ့ တေစၦ ” (အခန္း ၁) (စ/ဆုံး)
————————————————-
အနက္ေရာင္ ေျမျပင္ေပၚမွာ မိုးစက္ေတြ တေျဖာက္ေျဖာက္က်ဆင္းေနသည္။ ျမဴႏွင္း မိုးက လမ္းမီးေရာင္မွာ ရစ္သိုင္းဆိုင္းေဝေန ဆဲ။ ေ႐ႊင္ယြန္း ေလွ်ာက္လာရသည္က ေခ်ာ္ က်ိက်ိ၊ ပ်စ္ခြၽဲခြၽဲ၊ ဗြက္ေျမ။ ေျခမ်က္စိအထိ ျမဳပ္ေနတဲ့ဗြက္ေတြၾကားက ေျခေထာက္ေတြ ကို မနည္း ေ႐ြ႕လ်ားေနရ သည္။
ဘယ္ကို ေရာက္ေနတာလဲ။ ကားလမ္း က်ယ္ရဲ႕ ဂုံးေက်ာ္တံတားေအာက္ လႈိဏ္ ေခါင္းထဲမွာ ပါလား။ လႈိဏ္ေခါင္းနံရံကို ကပ္ၿပီး ေ႐ႊစင္ယြန္း တိုးေ႐ႊ႕လာမိဆဲ။
မာန္ဖီသံ၊ ကန္ေက်ာက္သံ။ လဲက်ေနေသာ လူတစ္ဦးကို မတ္တပ္အေနအထားႏွင့္ လူ
ေလးငါးေယာက္ကဝိုင္းၿပီး
ကန္ေက်ာက္၊ေဆာင့္နင္းႏွိပ္စက္ေနၾက၏ ။ ခံေနရသူရဲ႕ ေအာ္ဟစ္သံက မိန္းကေလး တစ္ေယာက္ရဲ႕ အသံ။ မခ်ိမဆံ့ ေအာ္ဟစ္ေနရွာ၏ ေ႐ႊစင္ယြန္းေျခေထာက္ေတြက သူတို႔ေတြ အနားကို ဆြဲေခၚသြား၏ ။ ဝင္ကယ္ရမွာ လား။ စိတ္ကေတာ့ ထြက္ေျပးသြားခ်င္၏ ေျခေထာက္ေတြက ေျပးေအာင္ေစစား၍ မရ
ေတာ့။ခံေနရေသာ မိန္းကေလးကို လွမ္းျမင္ လိုက္ရသည္။ မိန္းကေလးကလည္း နာက်င္ ေနသည့္ ၾကားက ေ႐ႊစင္ယြန္းကို နာနာ က်ည္က်ည္း လွမ္းၾကည့္ေန၏ ။ တုန္လႈပ္ေခ်ာက္ခ်ားစရာ အဟိ။ “ဘုရားေရ…”
အေသအခ်ာ ၾကည့္မိမွ ေ႐ႊစင္ယြန္းႏွင့္ ခြၽတ္စြပ္တူေသာ မိန္းကေလး ျဖစ္ေန၏ ။
ဝိုင္းဝန္း ကန္ေက်ာက္ေနသူေတြ အနားကို ေ႐ႊစင္ယြန္း ေရာက္လာမွန္း သိသြားၾက၏ ။ သူတို႔ေတြ ၿပိဳင္တူ လွည့္ၾကည့္လိုက္၏။
ေ႐ႊစင္ယြန္း … ေၾကာက္လန႔္တုန္လႈပ္စြာ လန႔္ေအာ္မိသြား၏ ။ မ်က္စိ၊ ႏွာေခါင္း၊ပါးစပ္မပါ
မ်က္ႏွာေျပာင္ေခ်ာႀကီးေတြ
ႏွင့္…။ မ်က္ႏွာဖုံး အသားကပ္ စြပ္ထားတာမဟုတ္။
ေျပာင္ေခ်ာႀကီး ေတြကေန
ၾကမ္းတမ္း၊ ေၾကာက္လန႔္ဖြယ္ရာ ႐ုပ္သြင္ ေတြ ေျပာင္းသြားၿပီး ေ႐ႊစင္ယြန္းထံ အမဲ ဖ်က္ ခ်င္ဟန္ေတြႏွင့္ ေအာ္ဟစ္ ေျပးဝင္ သြား၏။
မေကာင္းဆိုးဝါးေတြ။ ေ႐ႊစင္ယြန္း လန႔္ တုန္ၿပီး ငယ္သံပါေအာင္ ေအာ္ဟစ္ပစ္လိုက္၏။
ဖ်တ္ခနဲ မ်က္လုံးပြင့္ၿပီး
လန႔္ႏိုးလာသည္ႏွင့္ … အသံဆိုးေတြလည္း . ၿငိမ္တိတ္
သြား၏ ။ ျမင္ ကြင္းေတြလည္း ေျပာင္းလဲ သြား၏။ ေ႐ႊစင္ယြန္းရဲ႕အိပ္ခန္းထဲကို ေ႐ႊစင္ ယြန္း ျပန္ေရာက္ေန၏ ။ မေကာင္းဆိုးဝါး ေတြ မရွိေတာ့။ ၿပီးေတာ့ သူမ….။ ေ႐ႊစင္ ယြန္းရဲ႕ ပုံတူကိုယ္ပြား လို မိန္းကေလး … သူ ဘယ္ေရာက္သြားၿပီလဲ။
ဒါ…အိပ္မက္ဆိုး။ အိပ္မက္ဆိုးမက္တာ ကို အတိတ္နမိတ္ေကာက္ရရင္ တစ္ေန႔ေန႔ မွာ အိပ္မက္ဆိုးထဲကအတိုင္း ေ႐ႊစင္ယြန္း ခံစားရမွာလား။ စိုးရိမ္တုန္းလႈပ္မႈက ငယ္ ထပ္ကေနေဖာက္ ထြက္မတတ္။ အို…..အေတြးဆိုးေတြ ဒီမွာတင္ရပ္။
နင္ ငယ္ငယ္ေလးကတည္းက အိပ္မက္ဆိုး ေတြ မက္ခဲ့တယ္၊ ကမာၻႀကီး အဆုံးသတ္ သြား သလို၊ ေအာ္ဟစ္ၿပီး နင္လန႔္ႏိုးခဲ့ရ တယ္။ ၿပီးခဲ့တဲ့ ေႏြရာသီမတိုင္ခင္အထိ အဆုံးသတ္ဖို႔ မစတင္ခဲ့ ေသးဘူး။ အဲ့ဒီအခ်ိန္ထိ နင္ဟာ ျပည့္စုံတဲ့ကေလး ဘဝကို ရခဲ့တယ္၊ ဘာမွ စိုးရိမ္စရာ မရွိဘူး။ ေႏြး ေထြးတဲ့ မိသားစုဘဝေလးထဲမွာ နင္ သာယာ ေပ်ာ္႐ႊင္ခဲ့ရတယ္။ နင့္အတြက္ စိတ္ရႈပ္ေထြးစရာ ဘာမွ မရွိခဲ့ဘူး။
နင္ မွတ္မိလား…အဲ့ဒီခံစားမႈေတြ နင္မွတ္မိလား…ငါကေတာ့
ေၾကာက္႐ြံ႕ထိတ္လန႔္စရာ အေမွာင္ကမာၻထဲမွာ ဒုကၡ
ပင္လယ္ေဝၿပီး က်င္လည္ခဲ့ရတယ္။
အထီးက်န္ဆန္ဆန္ငါ့မွာ စြမ္းအားေတြ မျပည့္ဝေသးဘူး။ ငါရွိ ေနတာ သိေနတဲ့ အေဖကလည္း ငါ့လုပ္ရပ္ ေတြ တားဆီးခဲ့တယ္။ အဲဒီ ေန႔၊ အဲဒီ ခံစားမႈ ေတြ…နင္ ျပန္လည္ ခံစားမိေစခ်င္တယ္။ အေဖနဲ႔အေမက ခ်စ္ေနၾကတုန္းပဲ…နင္က သူတို႔ ခ်စ္ျမတ္ႏိုးရတဲ့ သမီးေခ်ာေလးေပါ့။ နင္တို႔ မိသားစုလိုက္၊ ေခ်ာင္းသာကို
အပန္းေျဖခရီးထြက္ၾကတယ္။
ေလသာေဆာင္ ဝရန္တာမွာ အေဖ့လက္ေတြစၿပီးတုန္လာတယ္။
အရာအားလုံးေျပာင္းလဲသြားၿပီ။ ေန႔ အလင္းေရာင္ အျပည့္ ရွိ ေနခ်ိန္မွာ ညအေမွာင္ထုႀကီးက ဝင္ ေရာက္ေႏွာင့္ယွက္လိုက္သလိုမ်ိဳးေပါ့။
အဲဒါ ျပည့္စုံ သာယာေပ်ာ္႐ႊင္တဲ့ နင့္ဘဝရဲ႕ အဆုံးသတ္ပဲေလ။ အေဖေဆး႐ုံ ေရာက္သြားရၿပီ။အေဖဟာ ေလျဖတ္သလို၊ ခါးဆစ္႐ိုး ၾကားမွာ အာ႐ုံေၾကာညႇပ္သလိုနဲ႔ ေအာက္ ပိုင္းလုံးလုံး ေသ သြားခဲ့ၿပီ။
ထူးဆန္းေနတယ္ မဟုတ္လား….နင္ ဝမ္း နည္းရၿပီေလ။ အဲဒီ ဝမ္းနည္းမႈက ငါ့ကို စြမ္းအား ႀကီးေအာင္ လုပ္ေပးလိုက္သလို၊ ႏွင့္ကို အားနည္းခ်ိနဲ႔ေအာင္ လုပ္ေပးလိုက္
တာပဲ။
ဒီလို ေန႔မ်ိဳးကို ငါအၾကာႀကီး ေစာင့္ေနခဲ့ တာ…ဆယ့္ေျခာက္ႏွစ္ေတာင္ ၾကာခဲ့ၿပီ။ နင့္ ကိုငါ တိုက္ခိုက္ဖို႔ အခ်ိန္ေရာက္ၿပီ။ ငါ့ရဲ႕ အစြမ္းေတြ ျပသႏိုင္ၿပီ။ ငါ့ကိုတားမယ့္လူ ဘယ္သူမွ မရွိေတာ့ဘူး
နင္ ေပ်ာက္ကြယ္သြားေစရမယ္….အဲ့ဒါကို ဘယ္သူမွ သိလိုက္မွာ မဟုတ္ဘူး။
ပုဂၢလိကပိုင္အဆင့္ျမင့္အထက္တန္းေက်ာင္းမွာ ေ႐ႊစင္ယြန္း ဆယ္
တန္းတက္ေန၏ ။ ေက်ာင္းက ဘက္စုံ
ပညာေရးေတြ သင္ေပး၏ ။ ေက်ာင္းပညာ
အျပင္ မိမိတို႔ဝါသနာပါရာ
ပညာရပ္ကိုလည္းသီးသန႔္ဆရာျဖင့္ သင္ၾကား
ေပးသည္။ ႏိုင္ငံတကာ အဆင့္မီ သင္တန္း
ေ႐ႊစင္ယြန္းကေက်ာင္းႀကီး ျဖစ္ သည္။
ဝါသနာပါ၍ ညေန ငါးနာရီကေန ေျခာက္
သ႐ုပ္ေဆာင္ပညာကိုနာရီသင္ ၾကားေပးေသာ သင္တန္းကို တက္ေရာက္ေန၏ ။
သင္တန္းသားသ႐ုပ္ေဆာင္ဆယ့္ငါးေယာက္၊
သင္တန္းသူ ႏွစ္ဆယ့္ငါးေယာက္ သင္ၾကား
ေနၾကသည္။ သင္ၾကားသည့္ဆရာမွာ ဦးသီဟမိုး။
“ေကာင္းေသာ ညေနခင္းပါ ကေလးတို႔”
“မဂၤလာရွိေသာ
ဆရာ”
“အိုေက…ဒီေန႔
ညေနခင္းျဖစ္ပါေစ
မင္းတို႔ကို ျပဇာတ္
သင္ေပးမယ္။ ေက်ာင္းပိတ္ပြဲမွာ ဒီျပဇာတ္ကို တင္ဆက္ ေပးမယ္။ မင္းတို႔ရဲ႕မိသားစုေတြ ေရွ႕မွာ မင္းတို႔အရည္အေသြးကို ျပသႏိုင္မယ့္
ဆရာအခြင့္အေရး … ေကာင္းႀကီးေပါ့။
ကိုယ္တိုင္ေရးထားတဲ့ ႐ိုမန႔္ဆန္ဆန္ အခ်စ္
ျပဇာတ္ကေလး….ရွိတ္စပီး ယားရဲ႕ ႐ိုမီယိုနဲ႔
ဂ်ဴးလိယက္ဆန္ဆန္ ဇာတ္လမ္းကေလးပါ။
ဇာတ္ေကာင္ေတြ ဆရာေ႐ြးေတာ့ မယ္” ထိုင္ခုံေတြ ဝိုင္းပတ္ထားသည့္ အလယ္မွာ
သီဟမိုးက အေနာက္တိုင္းသားေတြရဲ႕
ဟန္ပန္ အမူအယာႏွင့္ ေျပာေန၏ ။ ေက်ာင္းသူ၊ ေက်ာင္းသားေတြ စိတ္လႈပ္ရွား
႐ုပ္ေခ်ာ႐ုပ္ေျဖာင့္တဲ့ကုန္၏။ “ဒီေက်ာင္းမွာ
ေက်ာင္းသူ၊ ေက်ာင္းသားေတြ မ်ားပါတယ္။ ေခါင္း ေဆာင္မင္းသားအျဖစ္ ေကာင္းျမတ္ သူကို ဆရာေ႐ႊးပါတယ္။ က်န္တဲ့သူေတြကို လည္း သင့္ေတာ္ ရာအခန္းမွာ ဇာတ္ပို႔ ဇာတ္ရံအေနနဲ႔ ထည့္သုံးမွာပါ။ က်ရာအခန္း က ေျပာင္ေျမာက္ေအာင္ သ႐ုပ္ ေဆာင္ၾကပါ”
ေကာင္းျမတ္သူက King ဘြဲ႕ရႏိုင္သူ… ေကာလိပ္မွာ ဆိုရင္ေပါ့။ အသားဝင္းဝါၿပီး “႐ုပ္ ရည္ကလည္း အေတာ္ ေခ်ာသည့္သူ။
နာမည္ႀကီးမင္းသားေတြနဲ႔ ယွဥ္ၿပိဳင္ႏိုင္သည့္ ႐ုပ္ရည္မ်ိဳး။ စမ္းသပ္မႈတိုင္းမွာ သ႐ုပ္ေဆာင္
တာ ပီျပင္၏
ေၾကာက္ေနတာ မရွိ။
ေကာင္းျမတ္သူ ရထိုက္ေသာ ေနရာျဖစ္၍
အားလုံး လက္ခုပ္တီးၿပီး ခ်ီးက်ဴးေထာပနာ
ျပဳၾကကုန္သည္။
“ေက်းဇူးပါ…..ေခါင္းေဆာင္ မင္းသမီးကိုဆက္ေ႐ြးပါမယ္”
ေ႐ႊစင္သြန္းနဲ႔ေက်ာင္းမွာ ၿပိဳင္ဘက္လိုျဖစ္ ေနေသာ ရွင္းသန႔္လႈိင္တို႔ အၾကည့္ခ်င္း ဆုံ တိုက္ သြား၏ ။ အလွခ်င္းလည္း ၿပိဳင္ေနၾက သူေတြေလ။ ဒီေက်ာင္းမွာ သူမတို႔ႏွစ္ဦးသာ ထူးကဲေသာ အလွပိုင္ရွင္ေတြ။ ရွင္းသန႔္လႈိင္႐ုပ္ရည္ေခ်ာေသာ္လည္း အရပ္ကအနည္းငယ္ေလး ပုေန၏။
ေ႐ႊစင္ယြန္းက အရပ္က ေဒါင္ေကာင္း၏။ ေကာင္းျမတ္သူကလည္း ေဒါင္ေကာင္းေသာ
မင္းသား။ ပိန္ပိန္ပါးပါး ေမာ္ဒယ္(လ္) ကိုယ္လုံးကိုယ္ေပါက္ေတြႏွင့္။
“ပထမ မင္းသမီးအျဖစ္ ေ႐ႊစင္ယြန္းကို ေ႐ြးပါတယ္။ ဒုတိယ မင္းသမီးအျဖစ္ ရွင္း သန႔္ လႈိင္ကို ေ႐ြးပါတယ္”
လက္ခုပ္သံေတြ ဆူညံသြား၏ ။ လက္ခုပ္မ တီးေသာ ရွင္းသန႔္လႈိင္က ထ ေမးလိုက္၏။ “အဓိက မင္းသမီးက ဘယ္သူလဲ ဆရာ”
“ပထမ မင္းသမီးေပါ့”
ရွင္းသန႔္လႈိင္ မ်က္ႏွာပ်က္သြား၏ ။ မၿပဳံး မရယ္ႏိုင္ေတာ့။ ေ႐ႊစင္ယြန္းကို ေဘးနားက မိန္းကေလးသူငယ္ခ်င္းေတြက အားေပးႏႈတ္ဆက္ၾက၏။
ေ႐ႊစင္ယြန္းလည္း မ်က္ႏွာမထားတတ္ ေအာင္ ဝမ္းေျမာက္ဝမ္းသာျဖစ္ေနမိသည္။ ဇာတ္ ပို႔ ဇာတ္ရံေတြအျဖစ္…
“ေနလင္းထြန္းက မင္းသားရဲ႕ အေဖေနရာ၊
စံေဇာ္ဝင္းက မင္းသမီးရဲ႕ အေဖေနရာ၊ ေန ျခည္လင္းေဖြးက မင္းသားအေမေနရာ၊ စင္ဒီ မိုးက မင္းသမီးရဲ႕ မိခင္ေနရာ၊ လူၾကမ္းဗီလိန္အျဖစ္ ေဇာ္ဗလ၊ ေနခ၊ ဓႏုတ္၊ ေအာင္ေက်ာ္စြာ*
သီဟမိုးေ႐ြးခ်ယ္ေပးၿပီး ျပဇာတ္ရဲ႕
သေဘာသဘာဝကို အရင္ ေျပာျပ၏။ ဇာတ္လမ္းဇာတ္ သြားကို ရွင္းျပ၏ ။ အိမ္ မွာ ေလ့က်င့္က်က္ထားရမည့္ ဒိုင္ယာေလာ့ခ္ ႐ိုက္ထားတဲ့ စာ႐ြက္ေတြကို ေဝငွ၏ ။
“အိုက္တင္ကို မနက္ျဖန္ ဇာတ္စတိုက္ တဲ့အခ်ိန္မွာ ဆရာ ကိုယ္တိုင္ သင္ေပးမယ္။ သင္တန္းအခ်ိန္ေစ့ၿပီမို႔ ေတာ္ၾကဦးစို႔”
ေ႐ႊစင္ယြန္း ေနထိုင္ေသာ ကြန္ဒိုတိုက္ခန္း ႏွင့္ စာသင္ေက်ာင္းမွာ ျဖတ္လမ္းတိုက လမ္း
ေလွ်ာက္သြားပါကႏွစ္ဘေလာက္ခန႔္သာ
ေဝး၏ ။ ကားလမ္း ဂုံးေက်ာ္ဥမင္လႈိဏ္
||ေပါက္ ေပ(၆၀) အရွည္ေလာက္ကို ျဖတ္သြားရသည္။
အသြားအလာ က်ဲပါးသည္။ ဒီဥမင္ေပါက္ ထဲက ျဖတ္သြားျဖတ္လာ ေက်ာင္းတက္ခဲ့ တာ ရွစ္ တန္းေက်ာင္းသူ ဘဝကထဲကပင္။ ဥမင္ေပါက္မေရာက္ခင္ ၿမိဳ႕နယ္ပန္းၿခံငယ္ ေလးကို ျဖတ္သန္းရ ေသးသည္။ ပန္းၿခံေလး ထဲျဖတ္သန္းစဥ္ ေ႐ႊစင္ယြန္းတို႔ ကြန္ဒိုႏွင့္
ကပ္ေနေသာ လုံးခ်င္းအိမ္ရာမွာ ေနထိုင္ သည့္ ရွင္းသန႔္လႈိင္ႏွင့္ သြားဆုံ၏။
ရွင္းသန႔္လႈိင္က မ်က္ႏွာေသျဖင့္…
“နင့္အေဖ ဒုကၡိတျဖစ္သြားတာ သနားလို႔ ဆရာက နင့္ကို ေခါင္းေဆာင္မင္းသမီးေနရာ
ေပးလိုက္တာပဲ။ နင့္ကိုယ္နင္ အထင္ႀကီးမ ေနနဲ႔။ နင့္အေမနဲ႔ဆရာက ပလူးေနေတာ့၊ နင့္ကို ဦးစား ေပးမွာေပါ့”
ေ႐ႊစင္ယြန္း အံ့အားသင့္ၿပီး ရွင္းသန႔္လႈိင္ ကို စိုက္ၾကည့္လိုက္၏။
“အဲ့ဒီေနရာကို နင္မရလို႔ မနာလိုျဖစ္ေန တာ မဟုတ္လား။ နင့္လို အရႈံးသမားရဲ႕ စကားကို ငါ ဂ႐ုမစိုက္ဘူး။ ငါ့အေဖနဲ႔ငါ့အ ေမကိုထပ္ၿပီး ေစာ္ကားေမာ္ကား မေျပာ နဲ႔။ ေျပာရင္ နင့္အာကို ငါ ဆြဲဖဲ့ပစ္လိုက္မယ္” “ဟင္း ဟင္း ဟင္း ႏွင့္ေလာက္ေတာ့ သနားတယ္”
ေ႐ႊစင္ယြန္း ခ်ာခနဲ လွည့္ထြက္လာ လိုက္၏ ။ ေက်ာင္းမွာက ရန္ျဖစ္လို႔ မရ။ ယြန္းလည္း ရန္မျဖစ္ခ်င္။ ဥမင္လႈိဏ္ ေပါက္ဝကို ေရာက္လာ၏ ။ ေမွာင္ရီမပ်ိဳး
။မိုးတြင္းကာလမို႔ ေန႔တာရွည္ၿပီး ညတာ
တို၏ ။ ည (၇) နာရီေလာက္မွ ေမွာင္သြား၏
ေဆာင္းကာလမွာေတာ့
ညတာ ရွည္တတ္သည္။
ေန႔တာတိုၿပီးဥမင္လႈိဏ္ထဲ ေျခလွမ္းႏွစ္ဆယ္ခန႔္ ေလွ်ာက္ဝင္႐ုံရွိေသး၏။
“ဝုန္း..ဂ်ိန္း”
ဟိန္းညံပဲ့တင္ျပန္သံႀကီး ၾကားလိုက္ရ၏ ။
ဘာျဖစ္ၿပီး ဘယ္ကလာတဲ့ အသံႀကီးမွန္း လည္း မသိ။ ယြန္း ဟိုဟိုဒီဒီ လိုက္ၾကည့္မိ၏ ။ နံရံေပၚမွာ အနီေရာင္ႏွင့္ေရးထားေသာစာ ကို ေတြ႕လိုက္ ရ၏ ။
“ဒီေနရာမွာ ငါရွိတယ္”
အထက္ပါ စာတမ္းကို ထန္းသီးလုံးခန႔္စာ လုံးႏွင့္ ေရးထား၏ ။ လက္ေရးက မေသးမ သပ္။ ေခ်ာက္ေခ်ာက္ခ်ားခ်ား (သို႔) ေဒါသ ေပါက္ကြဲၿပီး ေရးထားသလိုမ်ိဳး၊ အနီေရာင္
။ေတြက တစ္မ်ိဳးျဖစ္ ေန၍ ေဆးသားကို လက္ ႏွင့္သြားကိုင္ၾကည့္၏။
ေစးထန္းထန္းႏွင့္ ႏွာေခါင္းႏွင့္ နမ္းၾကည့္ ေတာ့ ေသြးညႇီနံ႔ကိုရ၏ ။ ေသြးနဲ႔ေရးတဲ့ စာ။ ဘယ္သူ လာေရးထားတာလဲ။ ဘာသေဘာ နဲ႔ ေရးထားတာလဲ။ ဘာေၾကာင့္ ဒီလို ေရးထား ရတာ လဲ။ ဒီေနရာပဲ ဟုတ္ပါ တယ္။ အိပ္မက္ဆိုးမက္ခဲ့တုန္းက ယြန္းရဲ႕ ေကာင္မ ေလးကိုကိုယ္ပြားသဖြယ္
မေကာင္းဆိုးဝါးေတြ အႏိုင္က်င့္ႏွိပ္စက္ေနခဲ့ တာ ဒီေနရာမွ ဒီေနရာ။
လူသူ ရွင္းျပတ္ေန၏ ။ ဥမင္အတြင္းပိုင္း မွာ အနည္းငယ္ေမွာင္ရိပ္က်ေနသည္။ တစ္ ေယာက္ ေယာက္က လက္ေဆာ့သြားတာ ဆို လည္း ေဆးနဲ႔ေရးမွာေပါ့။ ခုေတာ့ ေသြးနဲ႔ ေရးထား၏ ။ လူ႔ေသြး လား။ တိရ စာၦန္ေသြး လား။ ဘာေသြးေတြမွန္း မသိ။ ဥမင္းထဲက
ေန ခပ္သြက္သြက္ ေလွ်ာက္ထြက္ လိုက္၏။
ေမွာင္ရိပ္ေကာင္းေသာေနရာ…..
ဘြားခနဲထြက္လာေသာ အရိပ္မဲႀကီ;
“ဟား ……..ား ဟား ဟား”
သရဲေတ စၦ မေကာင္းဆိုးဝါးမွတ္၍ ယြန္း ထိတ္လန႔္ေအာ္လိုက္မိ၏ ။ ရယ္သံေၾကာင့္ အရိပ္မဲကို ေသခ်ာၾကည့္လိုက္ေသာအခါ…
“ဟင္…..ေကာင္းျမတ္သူ”
“နင္ သိပ္လန႔္သြားသလား….ယြန္း” “ေကာင္စုတ္….လန႔္တာေပါ့။ ႏွလုံးေရာဂါ ရွိတဲ့သူဆို ေရွာ့ခ္ျဖစ္သြား ေလာက္တယ္။ အသည္းငယ္တဲ့သူဆို သည္းေျခပ်က္သြား မတတ္ဘဲ။ ေနာက္…အဲ့ဒါမ်ိဳး ဘယ္ေတာ့မွ မေနာက္ ေျပာင္နဲ႔၊ ငါမႀကိဳက္ဘူး”
“ေအးပါ..နင္မႀကိဳက္ရင္ မစ ေတာ့ပါ
ဘူး။ တို႔ေတြက ရွစ္တန္းဘဝကတည္းက အတူတူ ေက်ာင္းတက္လာတဲ့ သူငယ္ခ်င္း ေတြပဲဟာ..နင္ ဟိုနားမွာရပ္ၿပီး ဘာေတြ လုပ္ေနတာလဲ”
“အဲဒီ နံရံမွာ စာေရးထားလို႔”
လမ္းသရဲေတြ လက္ေဆာ့ၿပီး ေဆးနဲ႔မႈတ္
သြားတာေနမွာေပါ့”
“မဟုတ္ေလာက္ဘူး ေသြးနဲ႔ေရးထားတာ”
“ေသြးနဲ႔..ဘာေရးထားတာလဲ”
“ဒီေနရာမွာ ငါရွိတယ္တဲ့”
“အ႐ူးတစ္ေယာက္ေယာက္က
စိတ္ေဖာက္ၿပီး လုပ္သြားတာလည္း ျဖစ္ႏိုင္တာ ပဲ။ နင္က လည္း ေခါင္းရႈပ္ခံၿပီး စဥ္းစားေန ေသးတယ္။ ဒီေခတ္ႀကီးမွာ အဲ့ဒါမ်ိဳးေတြသာ ေခါင္းထဲလိုက္ထည့္ ရရင္ ေဂါက္ေၾကာင္ သြားလိမ့္မယ္။ အဲ့ဒါေတြ ထားစမ္းပါ၊ ျပဇာတ္မွာ နင္နဲ႔ ငါနဲ႔ တြဲသ႐ုပ္ေဆာင္ရ မွာ….ငါေတာ့ သိပ္ေပ်ာ္တာပဲ…နင္ေရာ မ ေပ်ာ္ဘူးလား”
“ဆရာက ခိုင္းေတာ့လည္း လုပ္ရတာ
“တာဝန္အရလား……မေပ်ာ္ဘူးလား”
ေပါ့”
“ေပ်ာ္ပါတယ္…..ငါ့အေဖ ေအာက္ပိုင္းေသသြားကတည္းက ငါသိပ္မေလျဖတ္လို႔
ေပ်ာ္ခ်င္ ေတာ့ဘူး။ အေဖ့ကို အရမ္းသနား တယ္။ အေမ့ခမ်ာလည္း အေဖ့ရဲ႕ေဆးဖိုး စရိတ္၊ အိမ္စရိတ္၊ စားစရိတ္၊ ငါ့ရဲ႕ေက်ာင္း စရိတ္၊ အသုံးစရိတေတြ တစ္ေယာက္ထဲရွာရ လို႔ ပင္ပန္းရွာတယ္။ အေမ့ ကိုလည္း သနား တယ္။ ငါ ေက်ာင္းထြက္ၿပီး အလုပ္လုပ္မယ္ ဆိုေတာ့လည္း မိဘႏွစ္ပါးက ခါးခါး သီးသီး ျငင္းတယ္၊ ခြင့္မျပဳဘူး”
“ဆယ္တန္းမေအာင္တဲ့ မိန္းကေလးကို
ဘယ္အလုပ္က လက္ခံမွာလဲ။ အနိမ့္ဆုံး
ဆယ္တန္းေအာင္ရမယ္ေလ။ နင့္အေမက
ပညာတတ္ပါ။ ကမၸဏီတစ္ခုမွာ အႀကံေပး
အရာရွိလုပ္တယ္။ အခ်ိန္ပိုင္း ဖက္ရွင္ဒီဇိုင္
နာလုပ္ၿပီး ပုံၾကမ္းေတြ ဆြဲေပးတယ္။ ဝင္ေငြ
မဆိုးပါဘူး။ ကြန္ဒိုေတာင္ ဝယ္ေနႏိုင္ေသးတယ္။”
“ငါ့အေဖက သစ္ အေရာင္းအဝယ္လုပ္ တယ္။ အေဖရွာလို႔ရတဲ့ ေငြနဲ႔ဝယ္ထားတာ။ ရဲ႕လခက တစ္လ ရွစ္သိန္းေလာက္ရ တယ္။ ကြန္ဒိုမွာက သိတဲ့အတိုင္း ဟိုဟာ ေကာက္၊ ဒီဟာ ေကာက္နဲ႔ တစ္သိန္းေလာက္ လစဥ္သြားတယ္။ သိပ္ မေလာက္ခ်င္ဘူး။ ေမက အလုပ္က ျပန္လာတာနဲ႔ အေဖ့ကို တန္းၿပီး ျပဳစုရတာ ။ ငါက ေၾကာ္ေလွာ္
ခ်က္ျပဳတ္၊ အေမမရွိရင္ အေဖ့ကိုျပဳစု အေမ
ေရာက္လာရင္ေက်ာင္းစာလုပ္၊စာက်က္………အဲဒါနဲ႔ပဲ သံသရာလည္ေနရဘာ
“နင္ အားမငယ္ပါနဲ႔ ယြန္းရယ္၊ ေငြလိုရင္ ေျပာ…ငါ … ကူညီမယ္။ ငါ့မိဘေတြက စီးပြားေရး လုပ္ငန္းေကာင္းတယ္။ . နင့္ကို ဘာမဆို၊ ငါကူညီပါ့မယ္။ နင့္အိမ္ကို ကားနဲ႔ ျပန္ခ်င္ရင္ အိမ္က ကားယူခဲ့မယ္”
“မလုပ္နဲ႔
လမ္းေလွ်ာက္တာ”
က်န္းမာေရးေကာင္းေအာင္
“ငါလည္း ဇီဇဝါလမ္းထဲက လုံးခ်င္းႏွစ္ ထပ္တိုက္မွာ ေနတယ္။ အိမ္ထဲေန၊ ကားစီးနဲ႔ လမ္း ေလွ်ာက္ခ်ိန္ သိပ္မရွိလို႔ ေျခလွ်င္လာ တာ။ ကားပါရင္ ရပ္ထားစရာ ေနရာရွာရတဲ့ ဒုကၡ…လမ္း ေၾကာင္းရႈပ္ရင္ တိုက္မိမွာစိုးရနဲ႔..ခုလို လမ္းေလွ်ာက္ရတာကလြတ္လပ္ေပါ့ပါးတယ္”
“ေနာက္မွာ ရွင္းသန႔္လႈိင္ ပါတယ္ေလ၊ နင္ ေစာင့္ေခၚလိုက္ဦးေပါ့။ တို႔ေတြက မတည့္
အတူေနေတြေလ၊ ျပဇာတ္ကပြဲမွာ သူ ရႈံး သလို ျဖစ္သြားတာ…သူရွက္ေန စိတ္ဆိုးေနတယ္”
ယြန္းနဲ႔လႈိင့္ကို ေစ့စပ္ေပးလို႔ မရဘူးလား။
ဘာလို႔ မတည့္ေနၾကတာလဲ
“အရင္ဘဝက ေရစက္ေၾကာင့္ မုန္းေနၾက တာနဲ႔ တူတယ္။ သူက လိုက္ၿပီး မနာလိုတိုရွည္
ျဖစ္ေနတာပါ…….ေတာ္ၿပီ။
အေၾကာင္းမေျပာခ်င္ဘူး”
ေကာင္းျမတ္သူ ရွိေန၍ ေၾကာက္စိတ္ေတြမရွိေတာ့။
ကြန္ဒိုေရွ႕မွာ ေကာင္းျမတ္သူနဲ႔လမ္းခြဲၿပီး တိုက္ထဲဝင္လာလိုက္၏ ။ (၉) ထပ္မွာရွိေသာ အခန္းမို႔ ႐ိုး႐ိုးေလွကားက မတက္ႏိုင္။ မျဖစ္ သာမွသာ တက္ျဖစ္၏ ။ ဓာတ္ေလွကားကို ခလုတ္ႏိုပ္ ေခၚၾကည့္၏ ။ ဓာတ္ေလွကားက ပ်က္ေန၏ ။ ကေလးအႁမႊာပူးေလးကို လွည္း
ႏွင့္ထည့္တြန္းလာ သည့္ ကေလးထိန္းနာနီ မေမဦးႏွင့္ သြားတိုး၏။ “ေဟ့…..ယြန္း၊
ဒီဓာတ္ေလွကားအဆင္ေျပရဲ႕လား”
“ထုံးစံအတိုင္း ပ်က္ေနျပန္ၿပီနဲ႔ တူတယ္”
“ဟိုဘက္ေလွကား
ေစာင့္ၿပီးတက္ေပါ့..ေဟာ ဆင္းလာေနၿပီ။ အဲ့ဒီေလွကား
က စိတ္ခ်ရ တယ္။ တို႔ကေလးေတြတင္ၿပီး ေလွ်ာက္တြန္းရင္း ထိန္းလိုက္ဦးမယ္ ဘိုင့္”
“ဟုတ္….မေမဦး”
ဓာတ္ေလွကား ပြင့္သြား၏ ။ အထဲက
ဘယ္သူမွ ထြက္မလာ၊ ၾသသြား၏ ။
ဓာတ္ေလွကားက ႏွစ္စင္းပူးထား၏ ။ ႏွစ္
ခန္းေပါ့။ ယြန္းသည္း . စိတ္ရႈပ္ေထြးေန၍
ခလုတ္ႏွိပ္ေခၚမိသလား၊ မေခၚမိ ဘူးလား၊
ျပန္ေတြးၾကည့္၏ ။ ေခၚမိလို႔ ဆင္းလာတာ
ျဖစ္မွာပါေလ။ ေဘးဘက္က ဓာတ္ေလွကား
ထက္စာရင္ ဒီဓာတ္ေလွကားက ပိုေကာင္းေသး၏ ။
ဒီဓာတ္ေလွကား၊ဘယ္ဘက္ထဲမွာ
အဘြားႀကီးတစ္ဦးအသက္ ရႉၾကပ္ၿပီး
အစိမ္းေသ ေသထားဖူး၏ ။ မႏွစ္က ျဖစ္ခဲ့
တာေပါ့။ အဲ့ဒီ အဘြားႀကီးက မကြၽတ္ဘဲ ေျခာက္လွန႔္လြန္း၍ ကြန္ဒို ေန မိသားစုေတြ ဓာတ္ေလွကား(ဘယ္ဘက္) ႏွင့္ မတက္ရဲ။ညာဘက္ ဓာတ္ေလွကားကိုသာ အတက္ အဆင္းလုပ္တာ ပိုမ်ားၾက၏ ။ ထို႔ေၾကာင့္ ညာဘက္ဓာတ္ေလွကား ဝန္နဲ႔ အားမမွ်၍ မၾကာခဏ ပ်က္ေနရျခင္းပင္။
ေျမပိုင္ရွင္က ရဟန္းသံဃာေတာ္ေတြပင့္ ၿပီး ပရိတ္တရားနာ၊ ပရိတ္ေရဖ်န္း၊ ကမၼဝါ ဖတ္ၿပီး ဖယ္ရွားလိုက္မွ ေျခာက္လွန႔္တာရပ္ သြား၏ ။
သိပ္မေၾကာေသာသူေတြဘယ္ဓာတ္
ေလွကားကို ျပန္စီးၾက၏ ။ ယြန္းေရာ၊ ယြန္း ရဲ႕ေမေမ ေဒၚသၪၨာေရာ၊ ဘယ္ ဓာတ္ေလွကား ကို လုံးဝမစီးျဖစ္တာ ၾကာၿပီ။
အိမ္ခန္းကိုျမန္ျမန္ျပန္ေရာက္ခ်င္ပ္၍
ယြန္းလည္း မေၾကာက္ႏိုင္အားေတာ့။ ၾကာခဲ့ ၿပီပဲ။ ကြၽတ္သြားေလာက္ပါၿပီ။
ဓာတ္ေလွကားထဲဝင္လိုက္ေတာ့ ခလုပ္ေတာင္ ႏွိပ္ စရာမလို။ ဓာတ္ေလွကားႀကီးၿငိမ့္ခနဲ တအိအိ တက္လာ၏ ။ ဘယ္လိုျဖစ္ရတာ ပါ လိမ့္။ ဓာတ္ေလွကား ေဘးနံရံေတြက အရိပ္ ေတြ ထင္ေန၏ ။ မွန္ဝါးဝါး အေရာင္ေလာက္ ေတာ့ ေပၚလြင္၏ ။ ေက်ာင္းဝတ္စုံ မမတ္ က် က်ေလးႏွင့္ ယြန္းပုံစံကို နံရံေတြမွာ ျမင္ေနရသည္။
ဘာရယ္မဟုတ္။ နံရံထဲက ယြန္းပုံရိပ္ကို ၾကည့္ေနစဥ္၊ ပုံရိပ္က ႏွစ္ျခမ္းကြဲၿပီး ထပ္
ေန၏ ။ နံရံအျပားေၾကာင့္ဟု ယြန္း ထင္မိ၏ မဟုတ္ေသး။ ယြန္းပုံရိပ္ႀကီးက ျပန္စုၿပီး မ်က္ေတာင္လိုလို ပုတ္ခပ္ၿပီး ပါးစပ္ႀကီး ျဖျပ၏ ။
ယြန္းလန႔္ၿပီးၾကက္သီးေမြးညႇင္းေတြ
ေထာင္ထသြား၏။ ယြန္းပါးစပ္ကို လက္ ကေလးႏွင့္ ကိုင္မိၾကည့္၏ ။ ယြန္းပုံရိပ္ဆို ရင္ ယြန္းက ပါးစပ္မွ ၿဖဲမထားတာ။ထူးဆန္း မႈေတြ ျဖစ္ေနၿပီ။ လွ်ပ္စစ္ မီးေရာင္ေတြက လည္း တဖ်တ္ဖ်တ္ႏွင့္၊ မီးျပတ္မသြားတာ ကံေကာင္း။
ယြန္း ေဘးနံရံေတြ မၾကည့္မိေအာင္ မ်က္ႏွာအေပၚ ေမာ့ထားလိုက္၏ ။ အေပၚက ေျပာင္း လက္ေသာ စတီး (လ္) နံရံမွာလည္း ယြန္းရဲ႕မ်က္ႏွာ ထင္ဟပ္ေနျပန္၏ ။ ပုံရိပ္ မ်က္ႏွာက မ်က္လုံး ႀကီးျပဴးၾကည့္လာ၏ ။ ေအးစက္တင္းမာေသာ မ်က္ႏွာႀကီးႏွင့္။
ဘာေတြ ျဖစ္ေနၾကတာလဲ။ ယြန္းမ်ား မ်က္လုံးျပဴးၾကည့္ေနမိတာလား။ ထိုစဥ္
မ်က္ႏွာပုံ ရိပ္ႀကီးက ေဖာင္းႂကြလာ၏ ။
ယြန္းေၾကာက္လြန္း၍မ်က္လုံးစုံမွိတ္ထားလိုက္၏။
“ဘုရားကယ္ေတာ္မူပါ….ဣတိပိေသာ
ဘဂဝါ၊ ဗုဒၶံ သရဏံ ဂစာၦမိ၊ ဓမၼံသရဏံ ဂစာၦ
မိ၊ သံဃံ သရဏံ ဂစာၦမိ”
ဖ်တ္ခနဲ သတိရ၍ ကိုးထပ္ေျမာက္ရပ္ရန္
ကိုးဂဏန္းကို အျမန္ႏွိပ္လိုက္၏
ရတနာသုံးပါး ကို ကန္ေတာ့ရေသာ အက်ိဳး အားေၾကာင့္ ေၾကာက္စိတ္ အတန္ငယ္ ေျပ သြား၏ ။ သိမ့္ခနဲ ဓာတ္ေလွကားထိုးရပ္ၿပီး ရင္ကြဲတံခါးပြင့္သြား၏ ။ ဓာတ္ေလွကား အခန္းထဲ က အျမန္ ထြက္လိုက္ရ သည္။ အစိမ္းေသ ေသထားဖူးေသာ မိန္းမႀကီး။ ဒီ ဓာတ္ေလွကားထဲ ျပန္ေရာက္ၿပီး ျပန္ေျခာက္
။ေနတာလား။ေၾကာက္စိတ္ကို
အတင္းေျဖေဖ်ာက္ၿပီး
အိမ္ခန္းေရွ႕ကို ေရာက္လာ၏ ။ လူေခၚဘဲလ္
ကို တီး လိုက္၏ ။ လုံၿခဳံေရး ကင္မရာဘက္ မ်က္ႏွာလွည့္ေပးလိုက္၏ ။ ယြန္းမွန္းသိ၍
ေဖေဖက တံခါးလာ ဖြင့္ေပး၏ ။
လွီးခ်ဲေပၚထိုင္ၿပီးကိုယ့္ဘာသာကိုယ္
ေ႐ြ႕လ်ားသြားလာေနရေသာ ေဖေဖ။
“သမီး ျပန္ေရာက္ပါၿပီ………ေဖေဖ” “ေအး……ငါ့သမီးေလးၾကည့္ရတာ ႏြမ္းလ် ေနသလိုပဲ။ ပင္ပန္းလာတယ္ထင္ တယ္၊ ေရ ေအး ေသာက္မလား”
“ေနပါေစ ေဖေဖ၊ သမီးဘာသာ ယူေသာက္ပါ့မယ္။
ေအးေအးသာေနပါ။
ေမေမ ျပန္မေရာက္ေသးဘူးလား”
“သူ အိမ္ျပန္ေနာက္က်မယ္လို႔ ဖုန္းဆက္ တယ္။ ေနပါေစ…မိသားစုအတြက္
ဦးေဆာင္ရွာ ေဖြရပ္တည္ေနရတဲ့ သူ႔ကို လြတ္လပ္ခြင့္ေတြ၊ ထြက္ေပါက္ေတြ ေပးလိုက္ပါ။ တို႔သားအဖ နား လည္ေပးလို႔ လည္း တို႔မိသားစု သံေယာဇဥ္ေတြ ခိုင္ၿမဲေန
ၾကတာေပါ့။ ႏို႔မို႔ဆိုရင္…”
ေဖေဖေျပာေနရင္း အက္ကြဲသံပါလာ၏ ။ ေၾကကြဲသံကေန ဆို႔နင့္ကာ တိုးႏွစ္တိမ္ဝင္ သြား၏ ေဖေဖ့ရင္ထဲမွာ ခ်စ္ဇနီးအတြက္ နာလိုခံခက္၊ ဝမ္းနည္းပက္လက္ ခံစားေနရရွာသည္။
ယြန္းလည္း စိတ္မေကာင္းပါ။ ေဖေဖ့ကို ျပဳစုေပးရမည့္ အေၾကာင္းေတြ စဥ္းစားၿပီး စတင္လုပ္ေဆာင္ေတာ့၏။
ေမေမ ျပန္ေရာက္လာသည္။ ည (၁၁) နာရီေက်ာ္ေနၿပီ။ ယြန္းတို႔သားအဖအတြက္ ညေန စာ ဝယ္လာမည္ဆိုၿပီး (၁၁)နာရီေက်ာ္ မွ ျပန္ေရာက္လာသည္။
“ေယာက္်ားေရ…မိန္းမကို ခြင့္လႊတ္ပါ။
ဖက္ရွင္ဆိုင္ဝင္ဒီဇိုင္းဆြဲေပးရခ်ိန္နီးေနလို႔
ၿပီး အလုပ္ဆက္ဝင္လိုက္တယ္။ ဆိုင္သိမ္း
ေတာ့မွ ညေဈးတန္းမွာ ညစာဆင္းဝယ္ျဖစ္
တယ္။ ၾကက္ ေၾကာ္နဲ႔ ေၾကးအိုးဆီခ်က္ပဲဝယ္လို႔ရခဲ့တယ္”
ေမေမက တစ္ပတ္ရစ္ စူပါဆလြန္းေလး
ဝယ္ထား၏ ။ အဲ့ဒီကားႏွင့္ အလုပ္သြား၊
အလုပ္ျပန္ ယြန္းကို ေက်ာင္းပို႔ေပါ့။ မအားတဲ့
ေန႔ မပို႔ဘူးေလ။
အိပ္ေပ်ာ္ေနေသာ ဒုကၡိတေဖေဖ့ကို ႏႈိး ၿပီး ၾကက္ေၾကာ္ ေကြၽးကာ၊ ေၾကးအိုးခြံ႕ေကြၽး ေန၏ ။ ၿပီးေတာ့ ယြန္းကိုလာေခၚ၏ ။
သမီးေနာက္က်သြားတယ္ခြင့္လႊတ္ပါကြယ္။ သမီးေလး ဗိုလ္ဆာေရာ
ေပါ့။ ၾကက္ ေၾကာ္နဲ႔ ေၾကးအိုးဆီခ်က္ေလး စားလိုက္ရေအာင္……..လာေလ သမီး”
ယြန္း စိတ္ေကာက္မိတာ အမွန္။ ဗိုက္ထဲ က အူေတြ လိပ္ကုန္မတတ္ ဆာေလာင္ေန တာ ကိုး။ ယြန္းစိတ္ေကာက္ရင္ ဘာစကားမွ မေျပာေတာ့။ စိတ္ဆိုးတဲ့သူနဲ႔ တမင္ေရွာင္ ေနလိုက္၏။
ယြန္းလည္း ဘာမွေျပာမေန။ ျမန္ျမန္စား ေသာက္ၿပီး အိပ္ခန္းထဲ ျပန္ဝင္ေနလိုက္၏ ။ အမွန္ဆို ေမေမ ေနာက္က်စရာ အေၾကာင္းမ ရွိ။ ညေန သုံးနာရီထိုးေလာက္ဆို အိမ္ျပန္လို႔
ရၿပီ။ ဒီဇိုင္နာလုပ္ေပးရတာ လည္း
ညေန(၆) နာရီကေန ည (၉) နာရီအထိသာ။ က်န္တဲ့အခ်ိန္ေတြ ဘာေတြလုပ္ေနသလဲ။ ေမးျပန္ရင္လည္း ေက်ာင္းတုန္းက
သူငယ္ခ်င္းမေတြႏွင့္ တိုင္ပင္ႏွီးေႏွာေန တယ္။ ကြန္ပ်ဴ တာဖြင့္ၿပီး လိုအပ္တဲ့
အခ်က္အလက္ေတြ စုေဆာင္းေနတယ္။ အင္ တာနက္ၾကည့္ရင္းနဲ႔ အခ်ိန္ေတြ ကုန္မွန္းမ သိ၊ ကုန္သြားတယ္…စတဲ့ ဆင္ေျခဆင္လက္
ေပါင္း မ်ားစြာ ေပးေနဦးမွာပင္။
ေဖေဖ့ကို အေစာပိုင္းက ယြန္း ျပဳစုေနရင္း
ႏွင့္ ေျပာျပခဲ့တာ ျပန္အမွတ္ရ၏။
သမီးေက်ာင္းကပြဲမွာ
ေခါင္းေဆာင္မင္းသမီး အဓိကေနရာကေ႐ြးခံရတယ္”
“အိုး………သိပ္ေတာ္တဲ့ ေဖ့သမီးေလးပဲ”
“သမီးကပြဲကို ေဖနဲ႔ေမ လာၾကည့္ရမယ္” “လာၾကည့္မွာေပါ့ သမီးရယ္။ သမီး အဲဒီ ပြဲ ကေန တဆင့္ေအာင္ျမင္ၿပီး ႐ုပ္ရွင္မင္းသမီး ျဖစ္ လာတဲ့အထိ အေဖ အသက္ရွင္ၿပီး ေစာင့္ ၾကည့္ခ်င္ေသးတယ္။ ဒါေပမယ့္…”
“အေဖရယ္….ဝမ္းနည္းစရာ မေတြးပါနဲ႔။
သမီးရွိပါတယ္။ အေဖ့ ေအာက္ပိုင္းေတြ ျပန္
ေကာင္းၿပီး လမ္းျပန္ေလွ်ာက္ႏိုင္ေအာင္
သမီးပိုက္ဆံရွာၿပီး ကုေပးမွာပါ”
“ဒီစကားနဲ႔တင္ ေရာဂါတစ္ဝက္ သက္သာေနပါၿပီ”
ေဖေဖႏွင့္ ေျပာျဖစ္ခဲ့တာေတြ ျပန္ေတြးမိ
ေနစဥ္မွာ ေမေမ ေရာက္လာ၏ ။
“သမီးေလး … ေက်ာင္းကပြဲမွာ အဓိက မင္းသမီးေနရာ အေ႐ြးခံရတယ္ဆို…..ေမေမ
ဝမ္း သာလိုက္တာကြယ္”
ယြန္း စိတ္ေကာက္မေျပေသး၍ ဘာမွ ျပန္ မေျပာ။ မိခင္ျဖစ္သူက
“အေဖနဲ႔ အေမက … ႐ုပ္ရည္ေခ်ာေတာ့ အေခ်ာအလွႏွစ္ခု ေပါင္းထားလို႔ ငါ့သမီး ေလး အလွက ၿပီးျပည့္စုံတဲ့အလွမ်ိဳး ျဖစ္ေန တာေပါ့။ ဒါေၾကာင့္ သမီးေလးအေ႐ြးခံရတာ
ယြန္းစိတ္ထဲကေတာ့ အဲဒီ အတိုင္းျဖစ္ပါ ေစလို႔ ဆုေတာင္းလိုက္မိသည္။ ေမေမက သုံး ဆယ့္ေျခာက္ႏွင့္အ႐ြယ္။ အ႐ြယ္တင္ၿပီး လွပေသးသည္။ မေအနဲ႔သမီးကို တခ်ိဳ႕က ညီအစ္မလို႔ ေတာင္ ထင္ေနၾကသည္။ယြန္းစိတ္ေကာက္ေနမွန္းသိ၍ ေရွာင္ေသြေနေပး၏။ၾက
“ေမေမ ေနာက္တစ္ခါ ေစာေစာျပန္လာပါ့
မယ္ သမီးရယ္”
ဖုန္းမွတဆင့္ ေမေမက စာပို႔လာသည္။ ယြန္းစိတ္ဆိုးအေတာ္ေျပသြား၏။
“ေမေမ ေက်ာင္းလိုက္ပို႔ေပးမယ္ေနာ္”
မနက္မိုးလင္း အပ္ရာကႏိုးၿပီး ေက်ာင္း သြားဖို႔ ျပင္ဆင္ေနစဥ္မွာပင္ မိခင္ျဖစ္သူ လာ ေခ်ာ့ ေျပာ၏။ ေခါင္းညိတ္ျပလိုက္မိ၏။ ယြန္း…မျမင္ရေသာ အရာေတြ၊ ထူးဆန္း
ထိတ္လန႔္ဖြယ္ရာေတြ ေတြ႕ေနရ၏ ။ အဲ့ဒီအ
ေၾကာင္းေတြ … မိဘႏွစ္ပါးကို
ေျပာျပရင္ေကာင္းမလား။ ဖခင္ျဖစ္သူက သူ႔ေဝဒနာ၊
သူ႔ေသာကႏွင့္။မိခင္ျဖစ္သူမွာလည္း ဖခင္ကို ျပဳစု
ေကြၽးေမြး၊ ေဆးတိုက္ရ။ သမီးကိုလည္း လာ
ေခ်ာ့ရ။ ေက်ာင္းလိုက္ပို႔ၿပီး အလုပ္ကိုလည္း
ကျပာကသီ သြားရဦးမည္။ စိတ္ေလာပူပန္မႈ
ေတြႏွင့္ ကိုယ္ စိတ္ႏွစ္ပါး ပင္ပန္းေနတာကို
ထပ္မံႏြမ္းသြားေစခ်င္။
ယြန္းလည္း အ႐ြယ္ေရာက္ေနၿပီပဲ။ ကိုယ္ ႀကဳံေတြ႕ရာကိုယ္ေျဖရွင္းႏိုင္ရမွာေပါ့။ အားလုံး ျပင္ဆင္ၿပီးေသာအခါ … ဖခင္ကိုႏႈတ္ဆက္ၿပီး အခန္းျပင္ထြက္ၾက၏။ ဓာတ္ေလွကားေရွ႕မွာ ရပ္ေစာင့္ေနစဥ္ ဓာတ္ေလွကားႏွင့္ မ်က္ႏွာခ်င္းဆိုင္အခန္း ပိုင္ရွင္ ေဒၚဝႆန္သာလည္း သူမအခန္းထဲ က ထြက္လာ၏။
“မဂၤလာနံနက္ခင္းပါ.ေဒၚဝႆန္သာ”
ေဒၚသၪၨာလီက ႏႈတ္ဆက္၏ ။ ေဒၚဝႆန္ သာကလည္း ျပန္ၿပဳံးျပရင္း.
“ေကာင္းေသာ နံနက္ခင္းပါပဲ။ အိုး….သၪၨာရဲ႕သမီးယြန္းကထြားလာလိုက္တာ…
ဆံပင္ ေတြကလည္း ေျဖာင့္စင္းၿပီး ေက်ာ လယ္အထိ ေရာက္တယ္။ သိပ္လွတဲ့ ဆံပင္ ေတြပဲ”
ေဒၚဝႆန္သာက အသက္ငါးဆယ္ေက်ာ္ ၿပီ။ ဆံပင္က က်န္းမာေရးမေကာင္းတုန္းက ညႇပ္ ထားတာေရာ၊ ဆံပင္အကြၽတ္ျမန္တာ ေရာေၾကာင့္ က်ိဳ႕တို႔က်ဲတဲ၊ တိုတိတိုနန႔္။ ဧရာလကၡဏာေတြ ႏွင့္ အေရျပားေတြ ရႈံ႕တြလာ
ေနၿပီ။ ဒါေတာင္ မိတ္ကပ္၊ ႏႈတ္ခမ္းနီ၊ ပါးနီ ေတြ လိမ္းျခယ္ၿပီး ေခတ္စ တိုင္ (လ္) အဘြား ႀကီး လုပ္ေနေသး၏ ။ ဇာဦးထုပ္ေဆာင္းၿပီး ဆံပင္မလွတာကို ဖုံး ကြယ္ထား၏ ။ “ကြၽန္မ ဆံပင္ေတြလွတာ … ခ်ီးက်ဴးတဲ့ အတြက္ ေက်းဇူးပါပဲ…ေဒၚဝႆန္သာ”
“ေအး……ေအး……တို႔ငယ္ငယ္တုန္းက
လည္း ဆံပင္ေတြသိပ္လွခဲ့တာ….မင္းလိုပဲ ေပါ့….အ ခုေတာ့….ဟင္း ဟင္း အသက္ႀကီး သြားၿပီေလ”
“အသက္ႀကီးေပမယ့္ မပ်က္စီးေသးပါ
ဘူး….မမဝႆန္ရဲ႕”
“အိုး….အခ်ိဳၿမိန္ဆုံးစကားပဲ သၪၨာ…..မင္း
အမ်ိဳးသားေရာ သက္သာရဲ႕လား၊ မေတြ႕ရတာၾကာၿပီ”
“သက္သာပါတယ္….တစ္ပတ္တစ္ခါ
ေတာ့ ေရကူးကန္ေခၚသြားၿပီး ေလ့က်င့္ေပး တဲ့သူနဲ႔ ေအာက္ပိုင္းေတြ ျပန္လႈပ္ရွားလာ
ေအာင္ လုပ္ၾကည့္ေနပါတယ္”
“ကံဆိုးရွာတဲ့ကိုေနထိုက္ပဲ။
ကြၽတ္….ကြၽတ္ သူ႔ဘ၀ လွီးခ်ဲေပၚမွာပဲေနၿပီး
ေသသြားရရင္ ေတာ့ ႏွေျမာဖို႔လည္း ေကာင္း၊
သနားစရာလည္းသိပ္ေကာင္းသြားၿပီး။စီးပြားအရွာေကာင္းတဲ့
လူေတာ္ တစ္ေယာက္ပါ။ အက်င့္စ႐ိုက္လည္း ေကာင္းၿပီး
စိတ္ထားျဖဴစင္တယ္။ အင္း…ကြၽတ္ ကြၽတ္ကြၽတ္ ကြၽတ္”
ဓာတ္ေလွကားတက္လာတာ ေရာက္ခါနီးၿပီ။
“ဒီဓာတ္ေလွကားက အၿမဲပ်က္ေနက်ပဲ။ အခုလည္း ႏွိပ္ေခၚတာ ၾကာေနၿပီ။ ကြန္ဒို ပိုင္ရွင္ ကိုျပဖို႔ တို႔အခါခါ ေျပာထားတယ္။ လာျပင္တယ္…ခဏပဲ…အမွန္
ဆို…အားလုံး အသစ္လဲပစ္ လိုက္ရမွာ” သၪၨာလီႏွင့္ ယြန္းတို႔ ၿပဳံးေနလိုက္ၾက၏။ လိုက္ေထာက္ခံၿပီး မေျပာ။ ေဒၚဝႆန္ဦး
“ဟိုဘက္ ဓာတ္ေလွကားက်ေတာ့လည္း သိပ္ မစီးရဲဘူး။ လြန္ခဲ့တဲ့တစ္လေလာက္က မျဖစ္မေန တစ္ေယာက္ထဲစီးတာ… အေပၚ ဘက္က ညည္းထြားသံႀကီး ၾကားရတယ္။ အပုပ္နံ႔ေတြ လည္း ေထာင္းေထာင္းထေန တာပဲ။ ေအာ္ဂလီဆန္လိုက္တာ….ျပန္ေတြး
ရင္းနဲ႔ေတာင္ အန္ခ်င္ လာၿပီ…ေဝါ့ေအ..” “ဪ …မကြၽတ္ေသးဘူးနဲ႔ တူတယ္” “မသိဘူး၊ ငါအျပင္ထြက္ေတာ့ ငါ့အခန္း ေရွ႕ေရာက္တဲ့အထိ ေဒါက္ဖိနပ္သံ တေဒါက္ ေဒါက္ေပးၿပီး လိုက္လာေတာ့တာပဲ။ ေနာက္ လွည့္ၾကည့္ေတာ့လည္း မရွိဘူး။ ငါလည္း အခန္းတံ ခါးပိတ္ၿပီး ေနလိုက္တာ။ တံခါး
လာေခါက္တယ္။ ဖြင့္ၾကည့္ေတာ့ ဘာမွမရွိ ဘူး။ ဆယ္ႀကိမ္မက ျဖစ္လာေတာ့ ငါလည္း ေခ်ာင္းၾကည့္ေပါက္က ေခ်ာင္းၾကည့္လိုက္
တယ္..အီး…ေခါင္းမပါဘူး။ ေသြးေတြနဲ႔
အသားစေတြ လည္ေခ်ာင္းျပတ္ထိပ္မွာ
အသားအေရာင္ကလည္း ျပာႏွမ္းေနတာပဲ။
ငါ့ျဖင့္ လန႔္ေသမတတ္ပဲ။ အဲ့ဒီကတည္းက ငါ့တူမ ႏွစ္ေယာက္အိမ္မွာ ေခၚထားရတယ္။ အဲ့ဒီဓာတ္ ေလွကားနဲ႔ ဘယ္ေတာ့မွ အတက္
အဆင္းမလုပ္ေတာ့ဘူး”
ေဒၚဒႆန္သာေျပာၿပီး ေက်ာခ်မ္းဟန္ လုပ္ျပေန၏ ။ ေဒၚဝႆန္သာရဲ႕ ခင္ပြန္းက သေဘာၤ သားႀကီး၊ ကြယ္လြန္သြားၿပီ။ သား ေတြႏွစ္ေယာက္ရွိတာ သေဘာလိုက္ၿပီး မိခင္ ႀကီးကို ေထာက္ပံ့ ေနၾက၏ ။ မိန္းမ မယူ ေသး။ ေဒၚဝႆန္သာက အသက္အစိတ္ ေက်ာ္ လြန္ေသာ သူ႔သားငယ္ႏွင့္ လက္ဆက္ ေပးစားခ်င္ေန၏ ။ ယြန္း လက္မခံ၍ေနာက္ျပန္ဆုတ္သြား၏။
“ဓာတ္ေလွကား ဆိုက္လာၿပီ ေဒၚဝႆန္
“ဝင္ၾကတာေပါ့”
အထဲေရာက္သည္ႏွင့္ဝႆန္သာကပင္
ဓာတ္ေလွကား ဆင္းတဲ့ခလုပ္ကို ႏွိပ္ေပး၏ ။
သိမ့္ ခနဲဓာတ္ေလွကား ဆင္းသြား၏
ေဒၚဝႆန္သာက
“ဒီဓာတ္ေလွကားက သရဲမေျခာက္ဘူး။ ဒါ ေပမယ့္ လူသုံးထားလို႔ မၾကာခဏ ပ်က္ တယ္။ ဒီေလွကားသာျပဳတ္က်ရင္ ေသကုန္ မွာ…ငါထင္တယ္…..အဲ….တို႔ထင္တယ္၊ အင္း….ငါလို႔ ေျပာ လိုက္၊ တို႔လို ေျပာလိုက္ နဲ႔ မွတ္ဉာဏ္ေတြလည္း လုံးပါးပါးကုန္ၿပီ။ တစ္ေန႔ ေန႔ေတာ့ ဒီဓာတ္ေလွ ကားေၾကာင့္ လူေသလိမ့္ဦးမယ္ ”
အသက္ႀကီးသေလာက္
ဗ်စ္ေတာက္ျမည္တြန္စကားမ်ားလြန္ေသာ အဘြားႀကီး
ျဖစ္၏ ။ မ်က္လုံးေတြ၊ နားေတြေကာင္းေန ေသး၍ ဖ်တ္လတ္စြာ သြားလာႏိုင္ေသး၏ ။ “ဒါနဲ႔ မေန႔က ဓာတ္ေလွကားနဲ႔ မဆင္းဘဲ ေလွကားအတိုင္း ယြန္းဆင္းသြားတာ . တို႔ ေတြ႕ လိုက္တယ္”
“ရွင္…လူမွားတာ ျဖစ္မွာပါ။ ဒီေလာက္
အျမင့္ႀကီး..မတက္ဆင္းႏိုင္ပါဘူး။ ကြၽန္မ ဒီ
ကို စ ေျပာင္းလာကတည္းက ဓာတ္ေလွကား နဲ႔ပဲ ဆင္းတက္ေနၾကပါ”
“ယြန္းမွ ယြန္းပါ။ ငါက လွမ္းၿပဳံးျပေတာ့ ငါ့ကိုပါ ျပန္ၿပဳံးျပသြားေသး တယ္”
ယြန္း အံ့ၾသသြား၏ ။ မိခင္ျဖစ္သူက ေဒၚဒႆန္ အထင္မွားတာလား၊ အမွတ္မွာ
အျမင္မွားတာလားဆိုတာကိုက။စဥ္းစားေန၏ ။
“ဒုန္း…ဝုန္း”
(၆) လႊာေျမာက္မွာ ဓာတ္ေလွကား ေဆာင့္ ရပ္သြား၏။
“အိုး..ပ်က္ေနျပန္ၿပီ။ ဒီအထဲမွာ အၾကာ ႀကီးေနရရင္ အသက္ရႉမဝလို႔ ေသရခ်ည္ရဲ႕။ အခ်ဳပ္ထဲ က်ေနသလိုလို၊ အေခါင္းထဲ ေရာက္ေနသလိုလိုနဲ႔…မျဖစ္ေသးပါဘူး။
တစ္ခုခု လုပ္မွပါ”
ေဒၚသၪၨာလီကဟန္းဖုန္းထုတ္ၿပီး
တာဝန္ရွိသူနံပါတ္ကို ရွာေန၏ ။ ေဒၚဝႆန္
“ဒုန္း…ဒုန္း…ဒုန္းဒုန္း” ႏွင့္ ခုန္ ေဆာင့္လိုက္၏ ။ ဒီေတာ့မွ စက္ေလွကားႀကီး ၿငိမ့္ခနဲ႔ ဆက္ဆင္းသြား၏။
“ေတြ႕လား..အဲ့ဒီလို လက္ပူတိုက္ေပးမွ ေရွာရႉသြားေတာ့တယ္..ဟင္း ဟင္း ဟင္းဟင္း*
ေဒၚဒႆန္ရဲ႕ ေျပာစကားေၾကာင့္ ေဒၚသၪၨာက အသံထြက္႐ုံ ရယ္၏ ။ ယြန္းကေတာ့ ၿပဳံးမိ သြားသည္။ ေခါင္းထဲမွာေတာ့ သရဲ ေျခာက္ခံရတဲ့အေၾကာင္းႏွင့္ ယြန္းနဲ႔ လူတူ မိန္းကေလး ႐ိုး႐ိုးေလွကားက ဆင္းသြား တာကို ျမင္လိုက္တယ္ဆိုတဲ့အေၾကာင္းကို ႏွစ္ပင္လိမ္ စဥ္းစားရင္း ေခါင္းရႈပ္ သြားမိ ေလသည္။
ေမေမကားေမာင္းေနရင္း….
“သမီး အဆင္ေျပရဲ႕လား”
ေမးတာ မၾကား။ စိတ္ေတြက ဟိုေရာက္၊ ဒီေရာက္ႏွင့္ ပ်ံလြင့္အားႀကီးေန၏ ။ ပုံတူမိန္း ကေလးက ဘယ္သူလဲ။ ဓာတ္ေလွကားထဲက သရဲက မကြၽတ္ေသးတာလား။ ေက်ာင္းကို
ဖ်တ္ခနဲ အမွတ္ရေတာ့ .. ေကာင္းျမတ္ အေၾကာင္း ေတြးမိ၏ ။ ၿပီးေတာ့ ရွင္းသန႔္လႈိင္။
ေကာင္းျမတ္သူရဲ႕ ခ်စ္သူဘဝကို ရွင္းသန႔္ လႈိင္လည္း လိုခ်င္ေတာင့္တေနတာ ယြန္းသိ ပါ တယ္။ မိန္းကေလးအခ်င္းခ်င္းပဲ။ ေႁမြေႁမြ ေျချမင္တာေပါ့။ ေကာင္းျမတ္သူရဲ႕ခ်င္း
သေဘာက ေစာေျပာရခက္ေနေသး၏။ ရွင္းသန႔္ျဖဴနဲ႔က အေနနီးၿပီး၊ ယြန္းရဲ႕ကြန္ဒို ႏွင့္ အေနလွမ္း၏ ။ေက်ာင္းမွာဆိုလွ်င္ ေကာင္း ျမတ္သူက ရွင္းသန႔္နဲ႔တစ္လွည့္၊ ယြန္းနဲ႔တစ္လွည့္စီ ေျပာဆိုဆက္ဆံတတ္၏အတန္းေဖာ္သူငယ္ခ်င္းေတြကေတာ့ ယြန္း
ဘက္ကို ပိုဦးစားေပးသည္ဟု ေဝဖန္ ေျပာဆို ေနၾကသည္။ ရွင္းသန႔္လႈိင္က တေမွာင့္။ ေႁမြ ပူရာ ကင္းေမွာင့္သလို၊ စိတ္အေႏွာင့္အယွက္
လိုက္ေပးေနသည့္ ၿပိဳင္ဘက္စစ္စစ္။ ေက်ာင္းေရွ႕ပတ္ကင္မွာ ကားထိုးဆိုက္ေပး ၿပီးသည္ႏွင့္ ေမေမက..“ေက်ာင္းစာကို ဂ႐ုစိုက္ေနာ္…ေမေမ့ ဘဝမွာ သမီးကေလးက သာ အေရးႀကီးဆုံး ပါ။ သမီ ၾကည့္ရတာ သိပ္မလန္းဘူး။ စိတ္ညစ္ေနသလိုပဲ…ေမေမ ဒီညေနေစာင္း ျပန္လာမွ အိမ္မွာ ေဆြးေႏြးၾကတာေပါ့” ယြန္း ေခါင္းညိတ္ျပၿပီး လွည့္ထြက္လာ၏ ။ တစ္ပတ္စာမုန႔္ဖိုးကို ေမေမႀကိဳေပးၿပီး သား။ ယြန္းကလည္း သိပ္သုံးတာ မဟုတ္။ ေက်ာင္းမွာက ေန႔လယ္စာ ရွယ္ေကြၽး၏ အပိုခ်ိန္ရွိသူေတြကို အဆာေျပ မုန႔္၊ ေကာ္ဖီ၊ အေအးတိုက္၏။
ေက်ာင္းေဆာင္ထဲေရာက္သည့္အခါ ရွင္း သန႔္ႏွင့္ ေကာင္းျမတ္သူတို႔ အရင္ေရာက္ႏွင့္ ၿပီး စကားလက္ဆုံၾကေန၏ ။ ယြန္းကိုပိုးပန္းေနေသာ အျခားေက်ာင္းသားေတြက အနား ကပ္ျဖတ္သြား ရင္း မထိတထိေျပာသြား၏။ “သိပ္လွတာပဲ..အရမ္းမိုက္တယ္၊ အရမ္းခိုက္တယ္”
“အခ်စ္ေစာင့္ နတ္သမီးေလး”
“နင့္ကိုငါ ခ်စ္တယ္…..ငါ့ကို .. နင္ခ်စ္မလား*
“အဲ့ဒါငါ့ဘာဂ်ာ”
ဒါမ်ိဳးေတြ ယြန္း ဂ႐ုမစိုက္ပါဘူး။ ေလထဲ လြင့္ပါသြားတာေတြေလ။ ယြန္းရဲ႕ဟတ္(ထ္)
ကိုထိ တာက ရွင္းသန႔္နဲ႔ ေကာင္းျမတ္သူတို႔ အၾကည္စိုက္ေနဟန္ေတြကိုပဲ။
ယြန္းဝင္လာတာေတြ႕တာႏွင့္ ရွင္းသန႔္ရဲ႕ အၿပဳံးေတြလြင့္ပါး ေပ်ာက္ဆုံးကုန္၏။ တင္း ခက္ ထန္မာ မ်က္ႏွာေပးမ်ိဳး ျဖစ္သြား၏ ေကာင္းျမတ္သူလည္း ခြာရွဲၿပီး မတ္တတ္ရပ္ ကာ ယြန္း ထိုင္ခုံ အနားကို ေလွ်ာက္လာ၏ ။
ယြန္းထိုင္ခုံမွာ ေက်ာပိုးအိတ္ထားေနစဥ္… “ယြန္း ဒီေန႔ ေနာက္က်တယ္။ ေက်ာင္း တက္ဖို႔ ငါးမိနစ္ပဲ လိုေတာ့တယ္။ ေျခလွ်င္ေလွ်ာက္လာတုန္းကဘာထူးျခားတာေတြထပ္ႀကဳံေနရလို႔လဲ”
“No ပါ….ေမေမ ကားနဲ႔လိုက္ပို႔ တာ….အိပ္ရာထ ေနာက္က်သြားလို႔….နင္တို႔ ခ်င္း ဆက္ ေျပာၾကေလ…ငါ့ဘာသာ ေအးေဆးေနခ်င္တယ္”
“ေက်ာင္းသင္ခန္းစာအေၾကာင္း ေျပာျပ ေနတာပါ…အထင္မလြဲပါနဲ႔ ယြန္းရယ္..ႏွင့္ ငါ့မ်က္ လုံးေတြကိုၾကည့္ၿပီး ငါ့ႏွလုံးသားထဲ မွာ ဘာရွိတယ္ဆိုတာ နင္မျမင္ႏိုင္ေသးဘူး လား’
ေကာင္းျမတ္သူစကားေၾကာင့္ အၾကည့္ ခ်င္း ဒိုင္းခနဲ ဆုံတိုက္သြား၏ စြန္ႀကိဳးၿငိသလို ၿငိေနၿပီ။ ရင္ထဲက ကိုယ္စီ ရင္ခုန္သံေတြကတသဲ့သဲ့ၾကားေနရ၏။ ရင္ခုန္သံေတြ ထပ္တူ ညီသြား သည့္ –
အနားကို အရိပ္တစ္ရိပ္ေရာက္လာ၍ ယြန္းကအၾကည့္ကိုအရိပ္ ပိုင္ရွင္ထံ ေ႐ြ႕လိုက္၏။
ရွင္းသန႔္လႈိင္။မထီးမဲ့ျမင္အၿပဳံးႏွင့္ လက္ႏွစ္ဖက္ပိုက္ၿပီး
စတိုင္တင္းတင္းျဖင့္ ရပ္လိုက္ကာ…
“စုန္းမေကာင္းကို နင္ျပဳစားလို႔ရမယ္
ထင္ေနသလား.. ေပၚျပဴလာ သိပ္မျဖစ္ခ်င္နဲ႔။
နင့္ရဲ႕နင္ေဟာ့ေနလည္း ေက်ာေထာက္ေနာက္ခံစီးပြားေရးက ေပ်ာ့ေန
ၿပီ။ ငါတို႔လို စိန္လက္စြပ္ မ်ိဳး ဝတ္ႏိုင္ သလား၊ သိန္းေထာင္ေက်ာ္တန္တယ္…ေျပာ ေလ ေျပာ”
မနာလိုစိတ္ႏွင့္ ရွင္းသန႔္လႈိင္တစ္ေယာက္ ယြန္းကို အသာလြတ္ႀကီး လာခြတ္ေန၏ ။