” လူလေးယောက်သရဲနှစ်ကောင် ”(စ/ဆုံး)
Unicode Version
” လူလေးယောက်သရဲနှစ်ကောင် ”(စ/ဆုံး)
—————————————————–
အိမ်မည်းကြီးတစ်အိပ်ထဲရှိသာကျယ်ကြီး(အတွင်းမှသရဲခြောက်သည်ဟု
နာမည်ကြီးသည်၊ သရဲသည် ခြေတစ်ချောင်းထောက် လက်တစ်ဖက်ထရံ)ဟု လူပြောများသည်၊ အရပ်သည်၇)ပေရှိသည်ဟုဆိုကြသည်။ ခေါင်းသည် ဘယန် ထက်ပိုကြီးသည်ဟုထင်ရ၏။မျက်လုံးနှစ်လုံးသည်ပန်းသီးအသားမှုမတွေ့ဖူးသူတိုင်းကာ ပြောကြသည်။လျှာသည် (၉)လက်မမျှ အပြင်ထွက်နေသည်ဟု ဆိုသည်။ သွားများသည် အပြင်သို့ငေါထွက်နေသည်မှာကြောက်စရာကောင်းလောက်အောင်ကြည့်ရအလွန်ဆိုးသည်။
နာပေါင်းသည် ပိပြားနေ၏။ နှာခေါင်းပေါက် မရှိသလို၊ နားရွက်နှစ်ဖက်သည် ကြီးကြီး၊ အကြီးကြီး။ လည်ပင်းက ရှည်ရှည်၊ အရပ်ကရှည်ရှည်၊ ပြီးတော့-တစ် ကိုယ်လုံး၊ တစ်ခေါင်းလုံ၊ အမွေးတွေ ရစ်နှင့်၊ သည် – သရဲကို ပြင်လိုက်သည်နှင့် အကြောက်ကြီးကြောက်၊ အသန့်ကြီးဝန့်ပြီး ခြေတစ်ခု။နောက်ရေဝင်၍ ဖင်ထိုင် အာရာသည်။
တွေ့သူ၊ မြင်သူ များနေကြပြီဆို
တော့ အားလုံး အားလုံး ပြောကုန်ကြပြီပေါ့။
“သည်ခြံက သရဲက တော်တော် ခြောက်တယ်။ အလွန်ကြောက်စရာ
ကောင်းတယ်”တဲ့။
ဤခြံကြီး၌ လွန်စွာမှကြောက်စရာ ကောင်းလောက်အောင် သည်သရဲ ခြောက်နေရခြင်းအကြောင်းရင်းသည်ကား။
ခြံသည်အကျယ်ကြီ။ ခြံကျယ်ကြီး ထဲတွင်အိမ်သည် တစ်လုံးတည်း။ နှစ် ထပ်ပျဉ်ထောင်အိပ်ကြီး။ရေနံချေးသုတ်ထားသည်မှာ ကြာပြီထင်၏။ ရေနံဝနေ ၏။တစ်အိမ်လုံး မည်းပြောင်နေသည်။ သည်သို့ မည်းရောင်ထနေသောဤနှစ်ထပ်အိမ်ကြီးတွင် လူလေး ယောက် နေထိုင်ကြသည်။ အသက် (၇ဝ) ကျော်အရွယ်ရှိ အဘိုးကြီး၊ အသက်(၆ဝ)အရွယ်အဘွားလင်မယား
နှင့် အသက် (၂၀)အရွယ်ရှိ လွန်စွာမှ
ချစ်ရသောတစ်ဦးတည်းသောသမီး။ မိသားစုသုံးယောက်နှင့်အတူအဘိုး
ကြီး၏ လူယုံတော်လည်းဖြစ်၊ ဆွေမျိုး လည်းမကင်းသောအသက်(၅၀)နီးပါ
မျှ ရှိမည်ထင်ရသော အဒေါ်ကြီးတို့ ဖြစ်ကြသည်။
အဒေါ်ကြီးသည်လှော်ရ၊ဖွပ်ရေး၊
ချက်ရေး၊ပြုတ်ရေး စားဖိုမှူးတာဝန်နှင့်
ဝယ်ရေး၊ခြမ်းရေး၊အဝယ်တော်တာဝန်
များအပြင်အိမ်သန့်ရှင်းရေးနှင့်အိမ်တွင်း၊
ကိစ္စအဝဝကို တာဝန်ယူထားရသူ ဖြစ်သည်၊
အဘိုးကြီး၏နာမည်သည် ဦးလူမဲ
ဖြစ်သည်။ ဦးလူမဲသည် လူတစ်မျိုး။
အတော်ခွကျသည်၊ လူ့ခွစာဟု ပြောရ
မည်လာ၊ မပြောတတ်၊ စကားပြော မတတ်၊ ပြောခဲ့လျှင် ခပ်ပြတ်ပြတ်၊ လူပုံ ကိုကြည့်ပါ၊အဝေးကမြင်နိုင်၏။လူက ခပ်ဝဝ၊ အရပ်က ပုပု၊ ဂင်တို တို၊ လူပုစိတ်တို၊ ပြီးတော့ -လူက ခပ် ကြွားကြွားလမ်းသွားလျှင်ဘဲသွားသွားသည်။ ကားတား ကားတားနှင့်၊ လူပြင် လျှင် သူသည် လူမထင်သည့်ပုံစံ၊ တစ် လောကလုံ။ သူ့လုပ်စာ စားနေသည့်ဟန်။
အသားမည်းသည့် ဦးလူပဲ။ ဆက် ဆံရေးကျဲသည်။ ဆက်ဆံရေးကျဲတော့
ခင်မင်သူနည်းသည်။ သူ့အိမ်ကို လူဝင်
လူထွက်မရှိသလောက်ပင်၊ တစ်ဦးစ၊
နှစ်ဦးစမျှသာဝင်ထွက်သူရှိသည်။ ဒါကို
ပင် ဦးလူမဲသဘောကျသည်။မလာလျှင်
ကောင်းသည်ဟု ယူဆထားသူ၊ လူ့
အတ္တ၊လူ့ခွစာကြီးလေ၊
သည်ရွာမှာတော့ သူသည် ငွေ
ကြေးအရှိဆုံးဟု ဆိုရမည် ။ အနူတောလူရောပေါ့။
ခြံကျယ်ကြီးထဲမှာလည်း ကြည့် လိုက်ပါဦး၊အနီးမှ တွေ့နိုင်၏။အဝေးက
လည်းမြင်နိုင်သည်။ဂမုန်းပင်များသည်
များလွန်းပါဘိ။အများအပြား။တစ်ခြံလုံး
နီးပါး ဂမုန်းပင်မျိုးစုံအောင် စိုက်ထား
သည်လားမသိ၊အရွက်များသည်တဖား
ဖာ။ ယိမ်းပျိုဖြူများ ကနေဘိအလာ၊
ထင်မှတ်မိတော့သည်။
အိမ်ရှေ့တည့်တည့်တွင်လည်း ပန်း ဥယျာဉ်ကြီးအလား၊ ပန်းအလှပင်တွေ
ကများလွန်းပါဘိ။
စံပယ်၊ သော်က၊ ဒေါန၊ နှင်းဆီ၊ သရဖီ၊ အင်ကြင်း၊ ကံ့ကော်၊ စိန်ပန်း၊ နေကြာ၊စကားဝါရွှေကြာ၊သစ်ရွ၊ချယ်ရီ၊သဇင်၊ ဆိတ်ဖလူ၊ ထင်းရှုး၊ ပိတောက်အပြင်၊
အမည်နာမ သိတာလည်း ရှိသည်၊ မသိတာလည်း ပါသည်။ မြေပေါ်တွင် တစ်မျိုး၊ စင်ဖြင့်တစ်သွယ်၊ ပန်းအလှအိုး ဖြင့် တစ်ဖုံ၊ အမျိုးပေါင်းစုံအောင် ပန်း အလှ ပဒေသာပင်များ၏ အလှသည် ကာ၊ အစိမ်း၊ အနီ၊ ပွင့် ညီမတူ၊ အဖြူ၊
အဝါ၊ ညိုပြာ၊ နက်လှ၊ ကွက်ကျ၊ ခရမ်။
ငှက်ပျော၊ ရောင်စုံနှော၍ လှချင်တိုင်း
လှနေသော ပန်းစုံတောကြီး (ဝါ) ပန်၊
ဥယျာဉ်ကြီးသည် မြင်ရ၊ တွေ့ရသူများ အတွက် ရင်ဖိုစရာ၊ ပန်းပေါင်းစုံရနံ့ကို
ရှူရှိုက်မိသူတို့အတွက် အသည်။ခိုက် စရာ ရှိဂနရတော့၏။
ဂမုန်းမျိုးစုံအောင် စိုက်ထားသည် ကတစ်မျိုး၊ ရနံ့စုံသည့် ပန်းအလှပင်တွေ က တစ်သွယ်။ နောက်တစ်မည်က ထူ၊ ခြားနေသည်။ သည်ထူးခြားချက်သည် တခြားမဟုတ်၊
အရွက်သေးသေး ရှည်ရှည် လေး များသည် တဖာ၊ဖားနှင့် တဗ္ဗာ။ဖွားကျ နေသော စပါးလင်ရုံကြီးများသည် သူ့
နေရာနှင့်သူ ရှိနေတော့၏။ ခြံပေါက်ဝ၊ တံခါးနစ်ချပ်ဖြင့် အဖွင့်၊ အပိတ်ပြုလုပ် နေသော လူဝင် လူထွက်အပေါက်ဝ ဘေးတစ်ဖက်တစ်ချက်စီတွင် (၂)ရုံ၊
တံခါးပေါက်နှင့် တန်းလျက်ရှိနေသော
အရှေ့မျက်နှာစာ၏ ခြံ၊ ထောင့်တစ်
ထောင့်စီတွင် (၂)ရုံ၊ အနောက်ဘက်ခြံ
စည်းရိုး၏ ခြံထောင့်၊ တစ်ထောင့်စီတွင်
(၂)ရုံ၊ စုစုပေါင်း စပါး လင်ရုံ (၆)ရုံသည်
တဖားဖားတဖွားဖွားဖြင့်ကြီးကြီးမားမား ကိုမြင်တွေ့နေရသည်။
သည်မြင်ကွင်းသည် မြင်ရသူ
အတွက် ထူးခြားနေသလို ခံစားမိသည်မှာအမှန်။
ကြည့်ပါဦ၊- အိမ်ပေါက်ဝတည့်
တည့်တွင် ဆိုင်းဘုတ်လေးများ ချိတ်ဆွဲ
ထားသည်။ ပထမဆိုင်၊ဘုတ်သည်၊
“ရွေ၊ကိုက်တတ်သည်”တဲ့။ ဒုတိယဆိုင်းဘုတ်မှာ..
“ပန်းမရောင်းပါ” တတိယဆိုင်းဘုတ်မှာ.. “အလှူခံခြင်း သည်းခံပါ”
စတုတ္ထဆိုင်းဘုတ်သည်ကား-
“ပြောပြီးပြန်ပါ်တို့ဖြစ်ကြပါသည်။
ဤခြံကျယ်ကြီး၌ ခွေမရှိပဲ ”ခွေ။
ကိုက်တတ်သည်”ဟု ဆိုင်၊ဘုတ်ချိတ် ထားသောကြောင့် ဖတ်မိသူတိုင်၊ တစ်
မျိုးတော့ ဖြစ်မိသည်။ အကြောင်းတော့ ရှိလိမ့်မည်ဟု တွေးမိကြသည်။
သည်ခြံကြီး တစ်ခြံလုံးမှာရှိသော သစ်ပင်၊ ပန်းပင်၊ ဂမုန်းပင်၊ စပါးလင်ရုံ
များကိုရေလောင်း၊ပေါင်းသင်၊မြက်နုတ်
သစ်ပင်စိုက်၊ အပြင် ခြံကျယ်ကြီးတစ်ခြံ
လုံးအတွက် သန့်ရှင်းလှပစေရေး
အတွက် မိမိ၊ ရွာနှင့်နီးသောအခြားရွာရှိ
ကွင်းထဲမှ အသက်(၁၇)နှစ်အရွယ်ရှိ
သောကုလားလေးတစ်ယောက်ကိုခေါ်
၍ခိုင်းထားသည်။
မနက်မိုးလင်း၍ ရောက်အောင်လာ
စေပြီ၊ မိုးချုပ်မှ တဲသို့ ပြန်လွှတ်သည်။
ညမနက်ထမင်းကျွေးသည်၊ပိုက်ဆံပေး
သည်၊ မိုးချုပ်၍ တဲသို့ပြန်လျှင် ထမင်း
ကျန်၊ ဟင်းကျန်များ ပေးလိုက်သေး၏။
သည်တော့ ကုလားလေ၊ ပျော်သည်ပေါ့။
ကောင်းကောင်းစားရ၍ ကောင်း
ကောင်းလုပ်သည်။ အလုပ်ကို ကြိုးစား
သည်ဆိုတော့ဦးလူပဲသဘောကျသည်။
ကုလားလေးကို ဆုကြေးအဖြစ် မုန့်ဖိုး များတောင် ပေးလိုက်သေးသည်။
ကုလားလေးသည်ကုလားလည်းမြန်မာ ပြည်မှာမွေး၍ မြန်မာပြည်မှာကြီးသည်။
မြန်မာစကား ကောင်းကောင်းပြောနိုင်၏။
သည့်ကြောင့် ကုလားလေးသည်
သူ၏မိဘ၊ ညီအစ်ကို မောင်နှမများကို
လည်းကောင်း၊ ခင်ရာ၊ မင်ရာ မိတ်ဆွေ
အပေါင်းအသင်းများကိုသော်လည်း
ကောင်း သူ၏အလုပ်နှင့်ပတ်သက်ပြီး
ဦးလူမဲကြီးမှ နေ့စဉ်နေ့တိုင်း ထမင်းကို
ဟင်းကောင်းကောင်းနှင့်ကျွေးကြောင်း၊
သူ့ကို သဘောကျ၍ မုန့်ဖိုးပေးကြောင်း
များကိုရေပက်မဝင် နေ့စဉ်ပြောပြသည့် အပြင် အလုပ်နှင့်ပတ်သက်၍လည်း မကြာမကြာ ပြောနေပါသေးသည်။
“ကျွန်တော်က ရေတစ်ခုထဲ လောင်းရတာ မဟုတ်ဘူးဗျ။ အညီ အဟောက်ရေတွေ ပါ လောင်၊နေ
ရတာ”
“ဘာ-အညှီအဟောက်ရေတွေပါ
လောင်းနေရတယ်- ဟုတ်လား”
“ဟုတ်ပါ့ဗျာ- ဟုတ်ပါ့။ အညီ အဟောက်ရေကတော့ အပင်အားလုံး ကိုတော့ မဟုတ်ဘူး။ စပါးလင်ရုံတွေ ကိုပဲ လောင်းရတာ။ သူတို့ ချက်စားတဲ့ ကြက်သာ။အမဲသား၊ဝက်သား၊ဘဲသား၊ ဆိတ်သား၊ ငါး အစ ရှိတဲ့အသား ဆေး
ကြောထားတဲ့ အညီအဟောက်ရေမှန် သမျှကို နေ့တိုင်းလောင်းနေရတာဗျ။
တစ်ခါတလေများ တစ်နေ့နှစ်ကြိမ် လောင်းပေးနေရတယ်” “ဟ-အဆန်းပါလားဟု”
“ဆန်၊တာတော့ တကယ် ဆန်း တယ်။ သည်ထက်ပိုဆန်းတာပြောပြဉ်၊
မယ်”ဟု ဆိုကာ-
ကုလားလေးမှ မမောတမ်း အားရ ပါးရပြောနေပါတော့၏။
“လပြည့်လကွယ် နေ့တွေမှာဆို
မနက်တစ်ခါ၊ ညနေတစ်ခါ စပါးလင်ရုံ
ကြီးတွေရဲ့ရှေ့မှာ မတ်တတ်ရပ်ပြီး ဘာ
တွေရွတ်ဆိုနေလည်း မသိပါဘူးဗျာ။
ဂါတာလား။ မန္တန်လား။ ကျွန်တော်တော့
နားမလည်ဘူး။ တစ်ရုံတစ်ရုံကို အကြာကြီးပါပဲဗျာ”
“ဟုတ်လား- သည် ဦးလူက တော်တော်ထူးတာပဲနော်-လူထူးလူဆန်းကြီးပဲ”
“ဒါ့ထက် ထူးတာရှိသေးတယ်ဗျ။ ဘာအမှုန့်တွေလည်း မသိပါဘူးဗျာ။ အရောင်က မည်းမည်းဗျ။ အနံ့က စိမ်းရွှေရွှေအနံ့ရယ်၊ လေးငါးရက်တစ်ခါ စပါ၊
လင်ရုံတွေရှေ့မှာ နှုတ်က တဗ္ဗဖွပြောပြီး
အပင်ပေါ်ဖြူးဖြူးနေဟာဗျ။ ကျွန်ဘော်
ဖြင့်အံ့ရော”
“အင်း- ဘုလားလေးရာ – မင်း
အံ့ဩမယ်ဆိုလည်း အံ့ဩစရာပါပဲ။ မင်း
သူဌေးဦးလူကြီးကတော့ဘာတွေထူး ပြီးဘယ်လိုရူးနေလည်းမသိဘူး။ ဧကန္တ တော့ဘပဲဟေ့”
အိမ်မည်းကြီး၌ရှိသော ဦးလူမဲကြီး သည်သူ၏ဇနီးဖြစ်သူအဘွားကြီး၊သမီး ဖြစ်သူနှင့် နှစ်ရှည်လများ အတူနေလာ သော လူယုံတော်၊ အဒေါ်ကြီးတို့အပေါ်
တွင်ဩဇာညောင်းသည်။
ဦးလူမဲ၏အမိန့်ကိုအားလုံးနာခံကြ
ရသည်။ မလွန်ဆန်ရဲကြ။ ဝါးလုံးသည် ဝါးလုံးပဲဖြစ်ကြရသည်။ ဝါး ရပ် မဖြစ်စေ
ရ။ သည့်ကြောင့်ဖြစ်မည်။သမီးဖြစ်သူကို မည်သူနှင့်မှရောရောနှောနှောနေသည်
ကို မကြိုက်။ အထူးအားဖြင့် ယောက်ျား
လေးများနှင့်စကားပြောသည်။ ဆက်ဆံ
သည်ကို မကြိုက်။ မနှစ်သက်သည် အတွက် တစ်ချက်လွှတ်အမိန့်ထုတ်
လိုက်သည်။
“အိပ်ထဲမှအိပ်ပြင်မထွက်ရ”
ပြင်းထန်လွန်း သာသည်အမိန့်ကို
နှစ်သက်သော်လည်း မည်သူမှ မလွန်ဆန်ရဲကြ။
ကုလားလေး ဦးလူမဲ၏ခြံကျယ်ကြီး
၌အလုပ်လုပ်လာသည်မှာ(၉)လတိတိ
ပြည့်ခဲ့ပြီဖြစ်၏။ (၉)လကျော်ကျော်
နောက်ပိုင်းတွင် အထက်တွင် ဖော်ပြပြီး
ဖြစ်သည့်အတိုင်၊ ဤခြံကြီး၌ သရဲ
ခြောက်သည်ဟု ပြောလာကြသည်။
တစ်စ တစ်စ ခြံရှေ့မှ ဖြတ်သွားကြသူ
အားလုံးကို အကြောက်ကြီ၊ ကြောက်၊
အောင် အခြောက်ကြီး ခြောက်ခဲ့သော
ကြောင့်တစ်ရွာလုံးနီးပါးဖဝါးနှင့်တင်ပါး
တစ်သားတည်းကျအောင် ပြေးခဲ့ကြရသည် ဟူ၏။
သည်တော့သည်ရွာတင်မကတစ်
ဆင့်စကားတစ်ဆင့်နားဖြင့်အနီးအနား ရွာ၊အဝေးကရွာတွေကပါ သရဲခြောက် သည်”ဟုနာမည်ကြီးနေသောဦ၊လူမဲ၏ ခြံကြီးအကြောင်းကို သိကုန်ကြပြီ။
ပျော်ပျော်ကြီးအလုပ်လုပ်နေသော ကုလားလေးသည် မပျော်နိုင်ရှာတော့။ မိုးကြီးချုပ်မှတဲသို့ပြန်ရရှာသောကုလာ၊ လေးသည်မပြန်ခင်မှာပင်ခြံကြီးအတွင်း
မှာပင် သရဲကို ခဏခဏမြင်တွေ့ခဲ့ရ၏။
မြင်တိုင်။ တွေ့တိုင်းလည်း အကြောက်
ကြီး ကြောက်ပြီး အလန့်ကြီး လန့်ခဲ့ရ
သည်။ နောက်ဆုံးတော့ ကြောက်စိတ်
ဖြင့်အဖျားကြီးဖျားပြီးဆေးကုယူရသည်
အထိဖြစ်၏။
သည့်နောက်ပိုင်းတွင်ကုလားလေး ကိုမတွေ့ရတော့အလုပ်ထွက်သွားပြီဟု ကြားလိုက်ရ၏။ ကုလားလေး အလုပ် မလုပ်သည့်အတွက် နောက်ထပ်လူခေါ် သည်။ ငွေများမျာပေး၍ခေါ်သည်ဟု
ကြားရသည်။ သရဲကြောက်၍ မည်သူမှ လုပ်မည့်သူမရှိ။ နောက်တော့ ဦးလူမဲ
လက်လျှော့လိုက်ဟန်တူသည်။ မည်သူကိုမှမခေါ်တော့။ခေါ်လည်း
လုပ်မှုမလုပ်ကြပဲကိုး။
သည်လိုနှင့်ရက်တွေညောင်း၍လ
တွေ ပြောင်လာသောအခါ ဤခြံကြီး အတွင်း၌ သင်းပျံ့ပျံ့ဖြင့် အမွှေကြီး မွှေး ပြီး အလှကြီး လှနေကြသော ပန်းအလှပင်များ၊တစ်နည်းအားဖြင့် ပန်းခင်းကြီး၊
ပန်းဥယျာဉ်ကြီးသည်ကားမလန်းနိုင်ကြ
တော့၊ ညှိုးနွမ်း၍ နေရပြီ၊ မွှေးသော
အနံ့တို့သည်လည်းလေထဲ၌ပင်ပျောက်
ကွယ်၍ ပျက်၍ ပျက်၍ သွားကြလေပြီ။ စိမ်းစိမ်းစိုစိုဖြင့် အရွက်တဖားဖား
ရှိနေသော များစွာသော ဂမုန်းပင်တို့ သည် စိမ်းစိမ်းစိုစို မရှိကြတော့၊ ခြောက် သွေ့ပြီး အရွက်များ ကြွေကျကုန်ပြီဖြစ်
စိမ်းစိမ်းစိုစို ရှိနေသော စပါးလင်ရုံ
ကြီးသည် သွေ့ခြောက်၍ နေရပြီ။
အမြင်အားဖြင့် တစ်မျိုးဆန်းနေပြီး
မသတီချင်စရာ ဖြစ်နေ၏။ ကြာကြာ ကြည့်လျှင် ကြောက်စရာ၊လန့်စရာ၊ ရင် ထိတ်စရာကို မြင်နေရသလိုလို။ ကြည့်မိသူတိုင်းရင်ဖိုကြရသည်။နောက်တော့
လည်း မျက်နှာလွှဲလိုက်ရသည်အထိ၊ ရှေ့ဆက်မကြည့်ရဲကြတော့။ စိတ်က အလိုလိုချောက်ချားနေမိသည်။အချုပ်ဆိုရသော် ပန်းအလှတို့ဖြင့် မင်္ဂလာရှိသောမင်္ဂလာခြံကြီးသည်ယခု
အချိန်တွင် အကျည်းတန်၊အရုပ်ဆိုးဆိုး
စွာဖြင့်အ.မင်္ဂလာခြံကြီးဖြစ်၍နေချေပြီ။ ဤအ မင်္ဂလာခြံကြီး၌ သရဲသည် ခြောက်မြဲတိုင်၊ ခြောက်နေ၏။ အရင်က ထက်ပင် ပို၍ပို၍ခြောက်နေသည်။ ကြောက်စရာကောင်းလွန်းပါဘိ။
ဦးလှမဲသည်အသက်(၈၂)နှစ်တွင်
အနိစ္စသဘောနှင့် ကိစ္စချေလေသည်။ ဦးလူမဲ သေပြီ။ အတ္တကြီးပြီး ဆက်ဆံ ရေးကြုံသော ဦးလူမဲ မသာပို့သောနေ့ သည် လူသည် နည်းနည်းရယ်၊ ရွာ
သုသာန်မှာပင်မသာရသည်။ရက်လည်
သောနေ့တွင်လည်း လူနည်းနည်းနှင့်
ခပ်ကျဲကျဲဝိုင်းပြီး ဘုန်းကြီး(၅)ပါးပင့်၍
ရက်လည်ဆွမ်းကပ်သည်။ သေသ ညမှစ၍ရက်လည်သည့်(၇)ညတိုင်တိုင်
ခြောက်သည်။နောက်ဆုံးညပိုလို့တောင်
ခြောက်သည်ဆိုပဲ။ နောက်ရက်တွေ
လည်းခြောက်မြဲတိုင်းခြောက်နေသည်။
ဦးလူမဲ ဆုံးပြီး (၃)လကြာသောအခါ မြို့
ပေါ်တွင် နေထိုင်သော ဆန်စက်ပိုင်ရှင်
လင်မယားသည် သူတို့၏သားနှင့်ထိမ်း
မြားလက်ထပ်ရန် စေ့စပ်ကြောင်းလမ်း
လာကြ၏။ မကြာမီမှာပင် မြို့ပေါ်ခန်းမ
ကြီးတစ်ခုတွင် ဆန်စက်ပိုင်ရှင်သားနှင့်
ဦးလူမဲသမီးသည် နှစ်ဖက်သောမိဘ
များသဘောတူညီမှုဖြင့် ခမ်းခမ်းနားနား
စည်စည်ကားကားနှင့် မင်္ဂလာပွဲ ကျင်းပ
ကြသည်ဟုကြားသိလိုက်ရသည်။ သမီးမင်္ဂလာဆောင်ပြီး
တစ်လနှစ် လအတွင်းမှာပင်အမေဖြစ်သူသည် နှစ်
ရှည်လများ နေထိုင်လာခဲ့သော လူယုံ
တော်အဒေါ်ကြီးကိုခေါ်၍ဤအိမ်ကြီးကို
စွန့်ခွာပြီး မထင်မရှား၊ မြို့လေးတစ်မြို့သို့
ပြောင်းရွှေ့သွားကြသည်ဟု နောက်ဆုံး သိလိုက်ရ၏။
ကျယ်ဝန်းသောခြံကျယ်ကြီးတစ်ခြံ အတွင်းအိမ်မည်းကြီး
တစ်လုံးတည်းသာ ထီးထီးကြီး ရှိတော့သည်။ မည်သူမှ
မရှိ ကြတော့ချေ။ အိမ်တစ်အိမ်၊
လူလေး ယောက်နေလာခဲ့သောအိမ်သည် ယခု
အချိန်မှာဖြင့် လူမနေသောကြောင့်
ကြောက်စရာကောင်းနေတော့၏။
ပို၍ပို၍ ကြောက်စရာကောင်းသည်
မှာအိမ်မည်းကြီးတစ်အိမ်ထဲရှိသော ဤခြံကျယ်ကြီးအတွင်း၌ အကြောက်
ကြီး ကြောက်လောက်အောင်ကို တစ္ဆေ
သရဲသည် ခြောက်လှန့်နေတုန်းပင်
သည့်ကြောင့် ထင်ပါသည်။အိမ်ကြီးရှင်
ထို့သည် မနေနိုင်လောက်အောင်
ခြောက်နေသောကြောင့် သည်အိမ်ကို
စွန့်ခွာ၍ ပြောင်းရွှေ့သွားကြဟန် တူပါသည်။
ထူးခြားသည်မှာ အိမ်တစ်အိမ်၊
ခြံကြီးတစ်ခြံ၊ သရဲနှစ်ကောင် ဖြစ်နေသည်။
“သရဲကတော့ သည်ခြံထဲမှာ နစ်
ကောင်ပဲ။ ဒါပေမဲ့- ပထမရှိနေတဲ့အရပ်
ရှည်ရှည်၊ ခြေတစ်ချောင်းထောက်၊
လက်တစ်ဖက် သရဲက မရှိတော့ဘူ။
တွေ့ကို မတွေ့ရတော့ဘူး။ အခု သရဲက
နောက်မှ ရောက်လာတဲ့ သရဲ”
ရွာမှ တွေ့ကြ၊ မြင်ကြသူတိုင်းက
ပြောကုန်ကြပြီ။
“အခု ရောက်လာတဲ့သရဲကလေ ခပ်ဝဝ၊ ခပ်ပုပု၊ ဂင်တိုတို၊လမ်းသွားဘာ ကကားတားကားတားနဲ့ဗျ၊ တစ်ကိုယ်လုံး၊ တစ်ခေါင်းလုံးမှာလည်း ဘောလုံ၊
အငယ်စားလောက်ရှိတဲ့ ဘုတွေက
အများကြီးမှအများကြီး။ တစ်ကိုယ်လုံ။
တစ်ခေါင်းလုံးအမွှေးတွေကမည်းမည်။
ရှည်ရှည်ရယ်၊ မျက်နှာကလေ၊ ပထမ
သရဲထက်တောင်ကြောက်စရာကောင်း
ပါ့ဗျာ၊ မျက်လုံးကြီးတွေက အကြီးကြီး၊
အပြင်ကို ပြူ၊ထွက်နေသလိုပဲ။ ပါးစပ်
ပေါက်ကသေးသေး။သွားတွေကအပြင်
ကို ခြောက်လက်မလောက် ပေါ်ထွက်နေတယ်။
ရှည်မျောမျောလျှာသေးသေးလေး ကပြူတစ်ပြူတစ်နဲ့အပြင်ကိုတံတောင် လောက် ထွက်ပြနေတာ၊ နားကြီးက လည်း ကြီးမှကြီး၊ အကြီးကြီးပါပဲ။ နာ
ခေါင်းနေရာမှာ ဘုလုံးကြီး၊ အပေါက်
မရှိဘူးထင်တယ်၊ ကြောက်စရာကြီးပါ
ဗျား တကယ်ကို ကြောက်စရာ၊ ရွံစရာကြီးပါ”
ဟု ပြောသူက ပြောကြသည်။ ဟာ- အနတာ့ပထမသရဲထက် နောက်ရောက်လာသောသရဲသည် ပို၍ လက်စွမ်၊ထက်နေသည်။ တစ်ရွာလုံး
ကြောက်နေအောင် အခြောက်ကြီး
ခြောက်နေတော့၏။ မည်သူမည်ဝါမျှ
အိမ်မည်းကြီးအတွင်းသို့ ဝင်ကြည့်ဖို့ နေနေသာသာ ခြံကြီးရှေ့ကပင် ဖြတ်
မသွားရဲကြတော့။
အော်- ကြောက်စရာ ကောင်းလိုက်ပါဘိ၊
“ဒေါ်လေး– -အေ၊ပြရယ်၊ မနေ့က လပြည့်နေ့မို့ထင်တယ်၊ ရွာဦးဘုန်းကြီး ကျောင်းမှာလူစည်မှုစည်းတစ်ကျောင်း လုံးကို ပြည့်လျှံနေတာပါပဲတော်”
“ဘာလို့များ သည်လောက်လူတွေ
များပြီး ကျောင်းမှာ စည်နေရတာလည်းမိနောင်း”
“အော် – ဒေါ်လေးအေ၊မြကလည်း
လပြည့်နေ့ဆိုတော့ သီလယူဖို့ ဥပုသ် လာစောင့်ကြတာလေ။တစ်ရွာလုံးနီးပါး
ပါပဲ။ လူကြီးလူငယ်စုံလို့၊ စုံလို့၊ မိနှောင်း တို့က အမေ ဥပုသ်ကျောင်းသွားတိုင်း
လိုက်နေကျလေ၊အစားလည်းစုံအောင်
စားရတယ်။ ကုသိုလ်လည်း ရတယ်။
မိနှောင်းတော့ဘုန်းကြီးကျောင်းသွားပြီး ဥပုသ်စောင့်ရတာပျော်မှပျော်-ဒေါ်ဒလ၊
ရေ။ ပြီးတော့လေ – ကျောင်းထိုင်ဆရာ တော် ပြောလိုက်လို့ တစ်ရွာလုံးနီးပါး
သီလယူတဲ့လူ အကုန်လုံး သိကုန်ကြပြ
“ဘာသိတာလဲ-မိနောင်၊ရဲ့၊ ဘာ
ကို သိကုန်ကြတာလဲ”
“ဦးလူမဲ့ခြံထဲက သရဲနှစ်ကောင် လေးလူတွေပြောပြောနေကြတာ” “သရဲနှစ်ကောင်… ဟုတ်လား” “ဟုတ်တယ်လေ…ဒေါ်လေးရဲ့၊အိမ် တစ်အိမ်၊ ခြံကြီးတစ်ခြံ၊ သရဲနှစ်ကောင်
အကြောင်းပေါ့။ အခြောက်ကြီးခြောက်
လို့ အကြောက်ကြီး ကြောက်ပြီး ရွာသူ
ရွာသားတော်တော်များများ ပြေးခဲ့ရ
ပေါင်း မနည်းတော့ဘူး-ဒေါ်လေးရေ၊
အဲဒီသရဲအကြောင်းကို ဆရာတော်ဘုန်း
ဘုန်းက ပြောတာ -ဒေါ်လေးအေးမြရဲ့”
“ဟုတ်လား- ဒီလိုဆို ငါ စိတ်ဝင်
စားတယ်။ နားထောင်မယ်-နားထောင် မယ်-ပြော-ပြော
“သည်လို – ဖဒေါ်လ၊ရေ- ဆရာ တော်ဘုန်းဘုန်းပြောပြချက်အရဆိုရင် ဦးလှမဲကြီးမသေခင် တစ်ပတ်အလိုထဲ က အရပ်ရှည်ရှည်၊ ခြေတစ်ချောင်း ထောက်၊ လက်တစ်ဖက် သရဲက ကျွတ် ချိန်တန်လို့ ကျွတ်သွားပြီတဲ့၊ ခုဆိုရင်
ဘယ်ဘုံ ဘယ်ဘဝကို ရောက်နေမှန်း တောင် မသိနိုင်တော့ဘူးလို့ ဘုန်းဘုန်း ပြောတယ်-ဒေါ်လေးအေးမြရေ
“အော်- ဒါ့ကြောင့် ပထမသရဲကို
မတွေ့ရဘူးလို့ လူတွေ ပြောနေကြတာကိုး
“ဟုတ်တယ်…ဒေါ်လေးအေးမြရေ
ဟုတ်တယ်။ ဆရာတော် ဘုန်းဘုန်းက
ဆက်ပြောသေးတယ်။ ဦးလူမဲကြီးကလူ့
ခွစာ၊ လူ့အတ္တသမားကြီးလေ၊ ဒါကို
ဒကာ ဒကာမတွေအားလုံး သိကြမှာပါ
တဲ့၊ အဲဒိ ဦးလူမဲ၊ လူ့အတ္တသမားကြီး
သေခါနီးဆဲဆဲမှာငါစွဲစွဲပြီးငါ့ဇနီး၊ ငါ့သမီး၊
ငါ့ပစ္စည်။ ငါ့အိမ်၊ ငါ့ခြံဆိုတဲ့အစွဲတွေနဲ့ အစွဲကြီးပွဲပြီးသေသွားလို့။ သူ့အိမ်သူ့ခြံ
မှာ စောင့်ပြီး နေရတဲ့အစောင့်သရဲဖြစ် နေတာ၊ သရဲလူပဲ၊ လူမဲက သရဲဖြစ်နေ တာတဲ့-ဒေါ်လေ၊အေးမြရေ”
“ဟယ်-ဦးလူမဲကြီးက သရဲဖြစ်နေ
တယ် … အံ့ပါရောတော်
“မအံ့ နဲ့ – ဒေါ်လေးရေ- မအံ့ နဲ့ ။ ဘုန်းဘုန်းက ပြောသေးတယ်၊ နား ထောင်ဦး၊ အိမ်တစ်အိမ်၊ ခြံကြီးတစ်ခြံ ထဲမှာ သရဲနစ်ကောင်ရှိတာ မှန်တယ်။
ပထမ ခြေတစ်ချောင်းထောက်၊ လက် တစ်ဖက်သရဲက လူ့အတ္တ၊ လူ့ခွစာကြီး
ဦးလူမဲ မွေးခဲ့တဲ့သရဲတဲ့”
“ဦးလှမဲကြီးက သရဲမွေးတယ်။ မကြောက်မရွံ့တော်။လူတွေကိုသူ့ခြံထဲ မဝင်အောင်တမင်လုပ်တာ။တော်တော် ဆိုးတဲ့လူပဲကြီး-လူယုတ်မာကြီး”
ဟု ဒေါ်အေးမြသည် မိနောင်းပြော သောစကားကိုကြားပြီးဒေါသဖြစ်ဖြစ်နှင့်
ပြောနေသည်။
“အဲဒီသရဲက ကျွတ်ချိန်တန်လို့
ကျွတ်သွားပြီ။ ပျောက်သွားပြီလို့
ဒေါ်လေးကိုပြောပြီးပြီနော်။အခုနောက် ရောက်လာတဲ့အကောင်ကသရဲမွေးတဲ့ လူ၊ သရဲဖြစ်နေတဲ့ ဦးလူပဲကြီးပေါ့၊ အဲဒီ သရဲကမှအကြီးစားသရဲကြီးတဲ့”
“အောင်မလေး ကြောက်စရာကြီး ပါလာ၊နော်၊ သရဲမွေးတဲ့လူမဲ၊ သရဲပြန်
ဖြစ်နေတာ- အံ့ရာ-ရာ၊ ဒါ- သင်း ကြီး သူများမကောင်းကြံလို့သင်၊ပဲဘေ။ ဒဏ်ထိတာနေမှာပေါ့- မိနောင်း”
မှန်၏။ သူများမကောင်းကြံ၊ ကိုယ့် မှာ ဘေးဒဏ်ထိ ဆိုသည့်စကား သွေး ထွက်အောင် မှန်ပါဘိတော့ သည်တကား။
မှတ်ချက်၊ ။လွန်ခဲ့သောနှစ်ပေါင်း
(၄၀)ကျော်၊ အချိန်ကာလ၊ စာရ၊သူ
အသက်(၂၀)ကျော်ရှိစဉ်ကရွာကြီးတစ်
ရွာကိုရောက်ခဲ့စဉ်ရံကြီးတစ်ခြံမှအိမ်မဲ
ကြီးတစ်အိမ်ကိုကြည့်ခဲ့ရပြီးဖြစ်ရပ်မှန်
ဇာတ်လမ်းကို သိခဲ့ရသောကြောင့်ခုချိန်
တွင်မှတ်တမ်းတင်ဇာတ်လမ်းဆင်ရေး
သားလိုက်ရပါသည်။
Zawgyi Version
——————————————————
ကောင်းတယ်”တဲ့။
ဖြစ်သည်။ ဦးလူမဲသည် လူတစ်မျိုး။
အသားမည်းသည့် ဦးလူပဲ။ ဆက် ဆံရေးကျဲသည်။ ဆက်ဆံရေးကျဲတော့
ခင်မင်သူနည်းသည်။ သူ့အိမ်ကို လူဝင်
ပင် ဦးလူမဲသဘောကျသည်။မလာလျှင်
အတ္တ၊လူ့ခွစာကြီးလေ၊
လည်းမြင်နိုင်သည်။ဂမုန်းပင်များသည်
များလွန်းပါဘိ။အများအပြား။တစ်ခြံလုံး
ထင်မှတ်မိတော့သည်။
ကများလွန်းပါဘိ။
ထားသည်။ ပထမဆိုင်၊ဘုတ်သည်၊
“ရွေ၊ကိုက်တတ်သည်”တဲ့။ ဒုတိယဆိုင်းဘုတ်မှာ..
“ပြောပြီးပြန်ပ်ါတို့ဖြစ်ကြပါသည်။
၍ခိုင်းထားသည်။
ကောင်းလုပ်သည်။ အလုပ်ကို ကြိုးစား
ရတာ”
“ဘာ-အညှီအဟောက်ရေတွေပါ
လောင်းနေရတယ်- ဟုတ်လား”
မယ်”ဟု ဆိုကာ-
ဂါတာလား။ မန္တန်လား။ ကျွန်တော်တော့
ဖြင့်အံ့ရော”
“အင်း- ဘုလားလေးရာ – မင်း
တွင်ဩဇာညောင်းသည်။
လိုက်သည်။
ပြည့်ခဲ့ပြီဖြစ်၏။ (၉)လကျော်ကျော်
အထိဖြစ်၏။
သုသာန်မှာပင်မသာရသည်။ရက်လည်
ခြောက်သည်ဆိုပဲ။ နောက်ရက်တွေ
မရှိ ကြတော့ချေ။ အိမ်တစ်အိမ်၊
သည့်ကြောင့် ထင်ပါသည်။အိမ်ကြီးရှင်
ပြောကုန်ကြပြီ။
ပေါက်ကသေးသေး။သွားတွေကအပြင်
ခြောက်နေတော့၏။ မည်သူမည်ဝါမျှ
မသွားရဲကြတော့။
စားရတယ်။ ကုသိုလ်လည်း ရတယ်။
ကို သိကုန်ကြတာလဲ”
အကြောင်းပေါ့။ အခြောက်ကြီးခြောက်
ဟုတ်တယ်။ ဆရာတော် ဘုန်းဘုန်းက
ဆက်ပြောသေးတယ်။ ဦးလူမဲကြီးကလူ့
တယ် … အံ့ပါရောတော်
ပြောနေသည်။
ကျွတ်သွားပြီ။ ပျောက်သွားပြီလို့
သားလိုက်ရပါသည်။