” လူသားစားခွေးနက်ကြီးနှင့်ကျက်ကုန်းမြေကလဲ့စား “(စ/ဆုံး)

Unicode Version

” လူသားစားခွေးနက်ကြီးနှင့်ကျက်ကုန်းမြေကလဲ့စား “(စ/ဆုံး)
—————————————————————-

ရေးသားသူ…မောင်ညိုမှိုင်း(သန်လျင်)
ကျတ်ကုန်းမြေကစပြီး အူလိုက်တဲ့ ကြောက်မက်ဖွယ်
ခွေးအူသံကြီး ။ လူသေအလောင်းရဲ့ မျက်နှာတစ်ခြမ်းကုန်အောင်စားသည့် ခွေးနက်ကြီးတစ်ကောင် ။
အဲဒီ အထိတ်အလန့် ဖြစ်ရပ်ကြောင့် ကွန်းနောက်တစ်ခုလုံးချောက်ချားသွားခဲ့ရသည် ။
ညစဉ် ညတိုင်း အသက်ပြင်းပြင်း မရှုရဲအောင် ကြောက်လန့်ငြိမ်သက်နေခဲ့ရတယ် ။အဲဒီဖြစ်ရပ်တွေဟာ
ကျတ်ကုန်းမြေက ရက်ရက်စက်စက် ကလဲ့စားချေခြင်း
ဖြစ်ရပ်တွေနဲ့ ဆက်နွယ်နေခဲ့ပါတယ်
ခေတ်အတွေးခေတ်အမြင်နဲ့ တွေးမြင်ပြီး မယုံသူတွေ ရှိသလိုနာနာဘာဝတွေရဲ့ ကလဲ့စားချေမှုကို လက်ခံယုံကြည်သူတွေလည်း
ရှိတယ် ။ ဘယ်လိုဖြစ်ပါစေ ထိတ်လန့်ကြောက်ရွံ့စရာ
ထိုဖြစ်ရပ်က ကွန်းနောက်ရွာမှာ အစီအစဉ်တကျ
ဖြစ်ပေါ်လာခဲ့ပါတယ် ။
“ငတာခြေထောက် ဓါးခုတ်မိလို့တဲ့ ”
အော်ဟစ်ပြောဆိုသံတွေကြောင့် မိစန်း အူယားဖားယား
ပြေးထွက်လာတယ် ။ ရွာအနောက်ထိပ်မှာ လူတွေရုံးစု
ရုံးစု ဖြစ်နေတယ် ။ အဲဒါကို မိစန်း ပြေးသွားတယ် ။
“နင့်ယောင်္ကျားခြေထောက် ဓါးထိလို့တဲ့”
ပြေးလာတဲ့ မိစန်းကို မိန်းမတစ်ယောက်က ဆီးပြောတယ်ကြားပေမယ့် မသိလိုက်ဘူး ။ အသံက နောက်မှာကျန်နေခဲ့တယ်
မိစန်းရဲ့ အာရုံက လူ့ထက် မြန်ဆန်နေတယ် ။
မျှော်ကြည့်နေတဲ့သူတွေကို တိုးဝှေ့
ရှေ့ဆုံးရောက်သွားတာနဲ့ မလှပတဲ့ မြင်ကွင်းနဲ့
မိစန်းပက်ပင်း ဆုံလိုက်ရတယ် ။
စောင်ပုခက်ကို ဝါးလုံးနဲ့ လျှိုပြီး လူနှစ်ယောက် ရှေ့နောက်
ထမ်းလာတယ် ။ စောင်ပုခက်ထဲမှာက မိစန်းယောင်္ကျားငတာ။မျက်စိမှိတ်ပြီး ညည်းညူနေတယ် ။
“လမ်းဖယ် လမ်းဖယ်”
အပြေးအလွှား ထမ်းလာသူတွေက အော်ပြောတယ်
မိစန်းပုခက်ကို ကိုင်ရင်း အပြေးပြန်လိုက်လာတယ်
စိုးရိမ်စိတ်တွေနဲ့ သူယောင်္ကျားငတောမျက်နှာကို
မပြတ်တမ်း ကြည့်လာတယ်
“ယောင်္ကျား ယောင်္ကျား”
ငိုသံပါကြီးနဲ့ အဆက်မပြတ်ခေါ်လာတယ် ။
အိမ်ခြံဝရောက်တော့ မိစန်းစောင်ပုခတ်ကို
လွှတ်လိုက်တယ် ။ သူ့အိမ်သေးသေးလေးဆီကို
ဦးဆောင်ပြေးသွားတယ် ။ အိမ်က တဲသာသာ လှေကား မရှိဘူး
တစ်ယောက်လောက် သစ်တုံးတိုကိုနင်းပြီး အိမ်ပေါ်တက်တယ်။
သူ့အိမ်ကလည်း ဘုရားစူးအိမ် ။
ဝါးတိုင်ထူ ဝါးအဆင့် ဝါကြမ်းခင်း ထုတ် ယောက်
ဒိုင်း မြား အားလုံးဝါးတွေချည်း ဝါးထရံကာပြီး
သက်ကယ်မိုးထားတယ် ။
ဖျာနှစ်ချပ်လောက်သာ ကျယ်တဲ့အိမ်ကို အလယ်က
ဝါးထရံနဲ့ ကန့်ထားတယ် ။
ရှေ့ဘက်က ဘုရားစင်နဲ့ ဧည့်ခန်း ။နောက်ဘက်က အိပ်ခန်း
မိစန်း အတွင်းခန်းဝင်သွားတယ် ။ သူတို့ အိပ်တဲ့ဖျာအစုတ်ကို
ထုတ်လာပြီး ဘုရားစင်အောက်မှာ ခင်းတယ် ။
ဖျာခေါင်းရင်းမှာ အစွမ်းမရှိ ။ မဲညစ်နေတဲ့ ခေါင်းအုံးကိုချတယ်။
လူနာထမ်းလာသူတွေက အိမ်ရှေ့မှာ ရပ်တယ် ။
ငတာကို ပုခက်ထဲကနေထုတ်ပြီး နှစ်ယောက်ပွေ့ချီတယ်။
ပြီးတော့ ခင်းထားတဲ့ ဖျာပေါ်ကို အောက်ကနေ လှမ်းတင်လိုက်တယ်။
“လယ်ထိပ်က မအူပင်ကို လှဲနေတာ ။ အားလွန်ပြီး
သူ့ခြေထောက်ကို ဓါးနဲ့ ပြန်ခုတ်မိတာပဲ ”
လူနာထမ်းလာတဲ့ တစ်ယောက်က ငတာ့ခြေထောက်ဒဏ်ရာပေါ်က
ပုဆိုးစုတ်ပိုင်းကို ဖြေရင်း ပြောတယ် ။ ဒဏ်ရာက တော်တော်များတယ်။
ဘယ်ဘက်ခြေဖမိုးတစ်ခုလုံးကို ကန့်လန့်ဖြတ် ခုတ်မိထားတာ
ဒဏ်ရာဟက်ပက်ကြီးက နီပျစ်ပျစ်သွေးတွေ တစိမ့်စိမ့်
ယိုထွက်နေတုန်းမှာပဲ ။
“ကုက္ကိုရွက်တွေ ခူးလာတယ် ။ ငရုတ်ဆုံဆေးပြီး
ထောင်းလိုက် ”
မိစန်း ကုက္ကိုရွက်တွေကို ထောင်းပြီး ပေးတယ် ။
လူကြီးတစ်ယောက်က ငတာ အနာပေါ်အုံပြီး ခုနက
ပုဆိုးစုတ်နဲ့ပဲ ပြန်စည်းပေးတယ် ။ ငတာကတော့
မျက်စိမှိတ်ပြီး ညည်းညူနေတယ် ။
သူတို့အားလုံး တစ်ခုခုကို သိနေကြတယ်။
ဒါကြောင့်လည်း စိုးထင့်နေကြတာ ဖြစ်တယ်။
ငတာစာရင်းငှား လုပ်တဲ့လယ်က လယ်ဆိုး။ ကျတ်ကုန်းမြေ။
ဘယ်အချိန် ဘယ်ကာလကတည်းက ကျတ်ကုန်းမြေလို့
ပညတ်ထားတာလည်း မသိဘူး ။
ပြိတ္တဘုံသား ကျတ်တွေနေထိုင်တဲ့ နေရာဆိုတဲ့ အစွဲက
ဘိုးဘွားဘီဘင် ကတည်းကကို ရှိခဲ့တာ
ဒီကကျတ်ကုန်းမြေမှာ အပေါ့အလေးတောင်
အရမ်းမစွန့်ရဲကြဘူး ။ ထင်းအတွက် သစ်ကိုင်းဝါးကိုင်း
ခုတ်တာကအစ တောင်းပန်တိုးလျှိုးပြီးမှ နတ်နေကိုင်းချန်မှ
အခု ငတာလုပ်တာက ကိုင်းချိုင်တာ မဟုတ်ဘူး
မအူပင် တစ်ပင်လုံး လှဲတာ။
ရိုးရိုးတန်းတန်း ခြေချော်လက်ချော်ဖြစ်ပြီး ခုတ်မိတာဆို
ပြဿနာမရှိဘူး ။ သစ်ပင်လှဲတာကို ကျတ်ကမကြိုက်လို့
ဓါးနဲ့ ခုတ်မိအောင် လုပ်လိုက်တာဆိုရင်တော့ ပြဿနာမှ
တကယ့်ပြဿနာ။
ဒီအချက်ကြောင့် စိုးရိမ်ထိတ်လန့်နေတာ။
အဲဒီလို လန့်နေကာမှ လူမမာလာမေးတဲ့ ငတာအစ်မ
မကုလားမကို ကျတ်ဝင်ပူးတယ် ။
ကျတ်ဝင်ပူးတဲ့အချိန်မှာ မကုလားမအသံက နဂိုမူလအသံ
မဟုတ်တော့ဘူး ။ အသံက သေးသေးစူးစူးနဲ့ တစ်မျိုးဖြစ်သွားတယ်။
“ငါတို့ မိသားစုနေတဲ့ သစ်ပင်ကိုခုတ်တဲ့ကောင်
ဒုက္ခတွေ့စေရမယ် ။ ငါ့သားသမီးတွေရဲ့ ခြေထောက်နဲ့
မျက်နှာ ဒဏ်ရာတွေရသလို နင့်ခြေထောက်နဲ့ မျက်နှာကိုလည်း
ဒဏ်ရာတွေရအောင် လုပ်ပြမယ် ဟဲ့”
ဒီလိုပြောပြီးတာနဲ့ ပူးကပ်နေတဲ့ကျတ် မကုလားမထံက
ထွက်သွားတယ် ။ စိုးရိမ်တာ ဖြစ်လာပြီ ။
နားလည်တဲ့ လူကြီးသူမတွေက ကျတ်ကို ထုံးစံအတိုင်း
ကျွေးမွေးတောင်းပန်ဖို့ မိစန်းကို ပြောတယ်
မိစန်းကို ကြက်ဖို ကြက်မရှာရတယ် အရက်ရှာတယ်
ထမင်းချက်ဖို့ ဆန်ရှာတယ်
ငတာ့အတွက် ကျွေးမွေးဖို့ဆိုတော့ အရက်ပုန်းချက်တဲ့
အိမ်က အရက်တစ်လုံး အလကားပေးတယ် ။
ဆန်ကို မကုလားမက ပေးတယ်။ ကံဆိုးတာက ကြက်ဖိုသာရပြီး
ကြက်မ မရတဲ့ ကိစ္စပဲ။ အဲဒါကြောင့် နေ့တွင်းချင်း
မတောင်းပန်နိုင်ခဲ့ဘူး ။ ညနေပိုင်းမှာ ငတာ တစ်ကိုယ်လုံး
ခြစ်ခြစ်တောက် ပူလာတယ် ။ ညဦးပိုင်းမှာ ကယောင်ကတမ်းတွေ
ပြောတယ်။ သတိမရ တစ်ချက် ။ ရတစ်ချက် ဖြစ်လာတယ်။
အဲဒီည သန်းခေါင်လောက်မှာပဲ ကျတ်ကုန်းမြေဘက်ဆီက
ခွေးအူသံကြီးကို စပြီး ကြားရတယ်
ကြောက်စရာအူသံကြီးက ရွာနဲ့ တဖြည်းဖြည်းနီးလာတယ်
ရွာထဲဝင်လာတယ် ။ အဲဒီတော့မှ ခွေးနက်ကြီးကို
လူတွေ မြင်ကြရတယ် ။ သာမန် ခွေးအရွယ် အစားထက်
တစ်ဆလောက် ပိုမိုကြီးမားတဲ့ ခွေးနက်ကြီး။
အသဲတုန် အူတုန်စရာကောင်းအောင် ဆွဲဆွဲငင်ငင်အူရင်း
ရွာထဲ ဝင်လာတယ်
ရွာမြောက်ဖျားကနေ တောင်ဖျားတိုင်အောင် အူသွားတယ်
ပြီးတော့မှ ပျောက်သွားတယ် ။ နောက်တစ်နေ့မနက်မှာတော့
ခြေထောက်ဓါးခုတ်မိတဲ့ ကိစ္စ ။ ကျတ်ဝင်ပူးတဲ့ ကိစ္စနဲ့။
ခွေးနက်ကြီးနဲ့ ထိတ်လန့်စရာ အူသံကြီးအကြောင်းကိုပဲ။
တစ်ရွာလုံး ပြောနေကြပါတော့တယ် ။
မအူပင် အကိုင်းဟာ အခက်မှန်သမျှ လုံးဝမကျန်တော့ဘူး။
ထိပ်မှာလည်း ငုံးတိ။
ပင်စည်လုံးက တစ်ဖြောင့်တည်းသာ ကျန်တော့တယ်
ပင်စည်လုံးက သောက်ရေအိုးလုံးလောက်ရှိတယ်
မြေကြီးအထက်တစ်တောင်လောက်မှာ ပင်စည်လုံးကို
ခုတ်ထားတဲ့ အရာရှိတယ်
တစ်ဝက်ကျော်ကျော် ခုတ်ပြီးနေပြီ ။
နေမွန်းတည့်ချိန်လောက်မှာ ဦးမောင်မြင့် မအူပင်အောက်
ရောက်လာတယ်
သူ့နောက်မှာ အဖော်တစ်ယောက် ပါလာတယ်။
ဦးမောင်မြင့်က ပါလာတဲ့ ပစ္စည်းပစ္စယတွေချထားပြီး
မြေပြင်ကိုအရင်ရှင်းလင်းလိုက်တယ်
ပြီးတော့ ကျင်းငယ် ခြောက်ကျင်းကို စကောဝိုင်းပုံတူးတယ်
ခုနှစ်ကျင်းမြောက်ကျင်းကို အလယ်ကောင်တည့်တည့်မှာ
တူးလိုက်တယ်
ကျင်းခုနှစ်ကျင်းပေါ်မှာ ငှက်ပျောရွက်တွေ ခင်းပြီး
ထမင်းပုံတယ် ။ ထမင်းအပေါ်က ကြက်သားဟင်းပုံတယ်။
ပြီးတော့ ထုံးစံရှိတဲ့အတိုင်း အသည်းအမြစ် ။ ခြေထောက်။
ခေါင်းနဲ့ တောင်ပံဖျားတွေကိုတော့ အလယ်ကျင်းမှာပဲ
ပုံပေးရတယ် ဟင်းထည့်မချက်ရတဲ့ အူနဲ့ အခြားကလီစာတွေ
ကြက်မွှေးနဲ့ ခြေသည်းတွေရော ထုတ်ထားတဲ့ အစိမ်းထုပ်ကို
သတ်သတ်ထားရတယ်။ အရက်တစ်ခွက်ငှဲ့ပေးထားပြီး
ပုလင်းကို ဝိုင်းအလယ်မှာ ထောင်လိုက်တယ်။
အစားအသောက်တွေ ပြင်ဆင်ပြီးတာနဲ့ ကြေးဖလားလေးကို
ယူပြီး ကြေးဇွန်းနဲ့ တီးခတ်လိုက်တယ် ။ သာယာတဲ့
ကြေးတီးသံလေးတွေ ထွက်လာတယ် ။ ရှေးတုန်းကတော့
ကြေးမောင်းလေးတွေကို တနောင်နောင် တီးပြီး ခေါ်ရတာ။
ခုခေတ်တော့ ရွာမှာ မောင်းလေးတွေ မရှိတော့ဘူး။
ဒါကြောင့် ကြေးဖလားနဲ့ ကြေးဇွန်းကိုသုံးပြီးတော့ပဲ ခေါ်ကြတယ်။
“ဆရာကြီးများခင်ဗျာ လာကြပါ စားသောက်ကြပါ
မလာနိုင်တဲ့ပုဂ္ဂိုလ်များရှိရင်လည်း ကျောပိုးခေါ်ခဲ့ပါ။
ဒါအရက် ဒါအကျက် ဒါအစိမ်း
ကြိုက်ရာသုံးဆောင်ပါ
ဦးမောင်မြင့်က ဖိတ်ခေါ်ပြီးတာနဲ့ ရေတစ်ဖလား မြေပေါ်
လောင်းချလိုက်တယ်
“ခြေလက်ဆေးလိုက်ကြပါဦး”
အဲဒီနောက်မှာ ခေတ္တငြိမ်ဆိတ်သွားတယ်။
အတန်ငယ်ကြာမှ ဦးမောင်မြင့်က တောင်းပန်စကားဆိုတယ်
“ဆရာကြီးတို့ခင်ဗျား
လယ်ရှင်နဲ့တကွ ဒီလယ်မြေမှာ လုပ်ငန်းလုပ်ကိုင်သူ
အားလုံးကို ဘေးအန္တရာယ် မကျရောက်အောင်
စောင့်ရှောက်ပေးပါခင်ဗျာဘေးဆိုးရန်ဆိုးဟူသမျှ
တို့ကိုလည်း ရှင်းလင်းဖယ်ရှင်းပေးပါ ခင်ဗျာ
အထူးသဖြင့် မလိမ္မာ တစ်ခါမိုက်မဲခဲ့တဲ့ ငတာရဲ့
အပြစ်ဟူသမျှကို ဗွေမယူကြပါနဲ့ ခင်ဗျား
သည်းခံပါခင်ဗျား ။ စောင့်ရှောက်ပါခင်ဗျား
ငတာအပေါ်ကျရောက်နေတဲ့ ဘေးဆိုးရန်ဆိုးတွေကိုလည်း
သနားညှာတာတဲ့ အနေနဲ့ ရုတ်သိမ်းပေးဖို့
တောင်းပန်းအပ်ပါတယ်ခင်ဗျား”
မြန်မာ လယ်သမားတိုင်း ပုန်းမကြည်နတ်ကို
တင်မြှောက်ပသတတ်ကြပါတယ်။
ပုန်းမကြည်နတ်က ကောက်ပဲသီးနှံကို
ဖြစ်ထွန်းစေတယ် စိုက်ပျိုးထားတဲ့
အပွင့် ။ အသီးတွေကို ပွားများကောင်းမွန်အောင်
စောင့်ရှောက်ပေးတယ်လို့ ဆိုစမှတ်ရှိတယ်။
ကျတ်ကုန်းမြေမှာလုပ်ကိုင်တဲ့ လယ်သမားတွေကတော့
ပုန်းမကြည်နတ်မကဘူး ။ ဝါဝင် ဝါထွက် ။
လယ်ဝင်လယ်ထွက်တိုင်း ကျတ်တို့ကိုပါ
ကျွေးရမွေးရတဲ့ အလေ့အထ ရှိတယ်။
ဒီလို ကျွေးမွေးတဲ့အခါ ကျတ်တို့ကို ကျတ်လို့
မခေါ်ရဘူး။ ရိုသေသမှုနဲ့ ‘ဆရာကြီး’လို့ ခေါ်ရတယ်။
ဆရာကြီးတင်တယ် ။ ဆရာကြီးကျွေးတယ်လို့
ပြောကြတယ်လို့ ပြောဆိုကြတယ် ။ သည်လို
ကျွေးမှ မွေးမှ ကျတ်တို့က သဘောကျတယ်။
လယ်လုပ်ငန်းပြီးတဲ့ တလင်းသိမ်းတဲ့အချိန်ထိ
ဘေးကင်းရန်ကင်း လုပ်နိုင်ကြတယ်။
လယ်ရှင်ကြောက်တတ်ရင် အဆိပ်မရှိတဲ့ ရေမြွေ
မြွေပတုတ်တောင် မရှိအောင် ဖယ်ရှားထားတယ်။
ကျတ်ရှိတာ သိပါရဲ့နဲ့ ။ မကျွေးမမွေး ။ အရိုအသေမပြုဘဲ
လယ်လုပ်ခွင် ဆင်းလာရင်တော့ အန္တရာယ်မျိုးစုံ ။
ဘေးဒုက္ခမျိုးစုံ ။ ဘေးဒုက္ခမျိုးစုံက အသင့်စောင့်နေတတ်တယ်။
ဒီလို အစွဲအလန်းစုံတော့ ဒီကိစ္စတွေ လုပ်နေကျ
ဦးမောင်ဆီ သွားရတယ် ။ ကျတ်ကို အကျွေးအမွေးနဲ့
တောင်းပန်ပေးဖို့ အကူအညီ တောင်းရတယ်။
ဖတ်ဖတ်မောနေတဲ့ မိစန်းတစ်ယောက် ဦးမောင်မြင့်
ကျတ်ကုန်းမြေ ထွက်သွားမှ နားရတယ်။
သူ့ယောင်္ကျားငတာ အနားကပ်နိုင်တော့တယ်။
ညနေသုံးနာရီလောက်မှာ ဦးမောင်မြင့် ပြန်ရောက်လာတယ်
“တောင်ပန်းခဲ့ပြီးပြီ နေကောင်းသွားမှာပါ ”
ပြောသာပြောလိုက်ရတယ် ။ဦးမောင်မြင့် စိတ်တွေ
အရမ်းလေးနေတယ် ။ ဆရာကြီးတင်တုန်းက
ဘယ်သူနဲ့မှ မထိမခိုက်မိဘဲထောင်ထားတဲ့
အရက်ပုလင်းလဲကျသွားပုံက သူ့စိတ်ကို
လေးလံစေတာ ဖြစ်တယ်
ထုံးစံအတိုင်းဆိုရင် ဒါ မကောင်းတဲ့ နိမိတ် ။ တောင်းပန်းတာကို
လက်မခံတဲ့သဘော ။ ငတာအတွက် အခြေအနေ မကောင်းဘူး။
မိစန်းကတော့ ဒီအကြောင်းတွေကို မသိဘူး။
ကျွေးမွေးတောင်းပန်ပြီးပြီ ။ ကျတ်တွေက ။
သူ့ယောင်္ကျားဆီက ရောဂါဝေဒနာတွေကို ပြန်နှုတ်ယူမယ်။
အဲဒီအခါ သူ့ယောင်္ကျား ငတာ လူကောင်းပကတိနဲ့
အိပ်ရာက ထလာတယ် ။ ဒါပေမယ့် မိစန်းထင်သလို
ဖြစ်မလာခဲ့ဘူး။ ငတာ တစ်ကိုယ်လုံး အပူတွေ ပိုကြီးလာတယ်။
သတိလစ်ပြီး မေ့မျောသွားလိုက် ။ သတိပြန်လည်လာလိုက်နဲ့
အဲဒီညမှာ ကြောက်စရာ ခွေးအူသံကြီးကို ထပ်ကြားရတယ်
ခွေးအူသံကြီးက နာနာဘာဝကောင်ကြီး ငိုနေသလိုပဲ။
အသည်းတုန်ဖို့ သိပ်ကောင်းတယ် ။
ငှက်ဆိုးတွေကလည်း ဒီနေ့ညမှာ ထိုးလိုက်တာ
တဂီးဂီးနဲ့ ညသန်းခေါင်ကျော်မှာ ငတာတို့
အိမ်ခြံရှေ့ကို ခွေးနက်ကြီး ရောက်လာတယ်
အိမ်ဘက်လှည့်ပြီး ဆွဲဆွဲငင်ငင်နဲ့ အဆက်မပြတ်အူတယ်
ဒီအချိန်မှာပဲ ငှက်ဆိုးတစ်ကောင်က “ဂီး” ခနဲ အော်သံကြီးနဲ့
ငတာအိမ်ပေါ်ထိုးဆိုက်ချလိုက်တယ်
အဲဒီအချိန်မှာပဲ ။ ငတာတစ်ယောက် ။ လူ့လောက,ကနေ
အပြီးထွက်ခွါသွားပါတော့တယ်
ညဉ့်တစ္ဆေက သူ့ရဲ့အနက်ရောင်ခြုံထည်ကြီးကို
ဖြန့်လိုက်တယ် ။ ပြီးတော့ ။ လောကကြီးအပေါ်ကို
လွှမ်းအုပ်လိုက်တယ်
ထိတ်လန့်စရာ အမိုက်မှောက်ကြီးတစ်ခု
ကွန်းနောက်ရွာလေးပေါ်
ကျရောက်သွားတယ်
“ဝူး အု ဝူ အူး အူး အု အူး”
ကျတ်ကုန်းမြေဘက်ဆီက ချောက်ချားဖွယ်ရာ
ခွေးအူသံကြီး ပေါ်လာတယ်
ညပိုးပုရစ်တွေရဲ့ တစီစီ အော်မြည်သံတွေ ရုတ်ခြည်း
တိတ်သွားတယ်။
“ခွေးနက်ကြီးလာပြီ”
ချောက်ချောက်ချားချား အမူအယာတွေက သူတို့မျက်နှာပေါ်
အထင်အရှားပေါ်လာတယ် ။ ကြောက်တတ်သူတွေ အလျှိုလျှို
ထပြန်ကြတယ် ။ မရှိမဖြစ် အလောင်းစောင့် ဖဲဝိုင်းတစ်ဝိုင်းပဲ
ကျန်တော့တယ်.။
အိမ်ရှေ့ခန်းက အလောင်းစင်နဲ့ ပြည့်နေလို့
ဖဲဝိုင်းက အိမ်ရှေ့မြေပြင်မှာ ကြောက်စရာ အမှောင်ကြီးစိုးနေတဲ့ ညမှာ ငတာအလောင်းကို
ထွန်းပေးထားတဲ့ ဖယောင်းတိုင်မီးနဲ့ ဖဲဝိုင်းက ဘက်ထရီ
ဖန်ချောင်းလေးရဲ့ အလင်းသာ ကွက်ကွက်လေးလင်းနေတယ်။
ခွေးနက်ကြီးက ရွာလမ်းအတိုင်း အူလာတယ်။
အိမ်ရှေ့ အရောက်မှာ အူတဲ့ အသံကြီးကတော့
ဘယ်လိုကြီးမှန်းမသိဘူး ။
သည်းထိတ်ချောက်ချားဖို့ သိပ်ကောင်းတယ်။
အဲဒီနောက် ရွာတောင်ဖျားကနေ ပြန်ထွက်သွားတယ်။
“ခွေးနက်ကြီး ကျတ်ကုန်းမြေဘက်ပြန်သွားပြီကွ”
ခုမှ အသံထွက်နိုင်ကြတယ် ။
ကြောက်ရွံ့ထိတ်လန့်မှုတွေ အတန်အသင့် လျော့သွားတယ်
ညကလည်း ပိုပြီး နက်လာတယ်
ဘယ်လောက်ကြာသွားတယ်မသိဘူး
မိစန်းတစ်ရေးနိုးလို့ အိမ်ပေါ်လှမ်းကြည့်မိတော့
အိမ်ပေါ်မှောင်မည်းနေတယ်
“သေနာကောင်တွေ ။ ဖဲပဲမဲနေကြတယ်။
အလောင်းစင်မီးမရှိတာတောင် မသိကြဘူး”
နှုတ်က ကျိန်ဆဲရင်း မိစန်း အလောင်းကို
မီးသွားထွန်းပေးဖို့ပြင်တယ်။
အတူအိပ်နေတဲ့ မကုလားမကို နှိုးတယ်။
ဖဲရိုက်နေတဲ့လူတစ်ယောက်ဆီက လက်နှိပ်ဓါတ်မီးနဲ့
မီးခြစ်ခဏငှားတယ် ။ သစ်တုံးတိုပေါ်ကနေကပြီး
အိမ်ကြမ်းခင်းပေါ်အတက်
ခြေတစ်လှမ်းအတင် ဝေ့ထိုးလိုက်တဲ့ ဓါတ်မီးရောင်အောက်မှာ ခွေးနက်ကြီးအလောင်းကောင်ရဲ့ ခေါင်းရင်းဘက်မှာ
ခွေးနက်ကြီးရဲ့ ပါးစပ်ထဲမှာ စားလက်စအစာတွေ
တန်းလန်းနဲ့ ဓါတ်မီးရောင်ဘက် လှည့်ကြည့်တယ်
“ဂဲဂဲ”
မိစန်းကို ဝမ်းခေါင်းသံကြီးနဲ့ မာန်ဖီတယ်
“အမလေး”
မိစန်းတစ်ခွန်းပဲ အော်နိုင်လိုက်တယ်
လဲကျမေ့မြောသွားတယ်
အော်သံ ဆူသံ လဲကျသံတွေ အလန့်တကြား
ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။
ဖဲဝိုင်းက လူတွေ ပြေးလာတယ်
“ဘာဖြစ်တာလဲ” “ဘာဖြစ်တာလဲ”
“ခွေးနက်ကြီးခွေးနက်ကြီးခွေးနက်ကြီး”
မကုလားမက မိစန်းကို ပွေ့ထားရင်း အထစ်ထစ်အငေါ့ငေါ့
ပြောတယ်
“မရှိဘူးစိတ်ထင်လို့ပါ”
ပြောရင်းဆိုရင်း ဖယောင်တိုင်မီးထွန်းလိုက်တယ်။
“အို ”
“အား”
“အမလေး”
ထိတ်လန့်တုန်လှုပ်စရာ မြင်ကွင်း
ငတာရဲ့ အလောင်းကောင်မှာ မျက်နှာတစ်ခြမ်းမရှိတော့ဘူး။
သွေးတရဲရဲ ။ သံတရဲရဲနဲ့ ရုပ်ပျက် ဆင်းပျက်
အသားအစအနတွေက
အလောင်းစင်အောက် ကြမ်းပြင်ပေါ်မှာ
အော်ဂလီဆန်စရာ ပြန့်ကျဲနေတယ်
ကျတ်ကုန်းမြေက နာနာဘာဝရဲ့ လက်စားချေမှုကတော့
ထိတ်လန့်ကြောက်ရွံ့စရာ ကောင်းလှပါတယ်
“ငါတို့ မိသားစုနေတဲ့ သစ်ပင်ကို ခုတ်လှဲတဲ့ကောင်
ဒုက္ခတွေ့စေရမယ်ငါ့သားသမီးတွေရဲ့ ခြေထောက်ရဲ့
မျက်နှာဒဏ်ရာရသလိုနင့်ခြေထောက်နဲ့
နင်မျက်နှာကိုလည်း ဒဏ်ရာတွေရအောင် လုပ်ပြမယ်”
မကုလားမကို ကျတ်ဝင်ပူးတုန်းက ပြောခဲ့တဲ့စကား။
ဒီတုန်းက ငတာ မသေသေးဘူး။
ခြေထောက်ဒဏ်ရာကြောင့် ကယောင်ကတမ်း ဖြစ်နေချိန်
ခုတော့ ငတာ့မျက်နှာတစ်ခြမ်းကုန်အောင် စားသွားတယ်။
သူ့သားသမီးတွေ ခြေထောက်နဲ့ မျက်နှာဒဏ်ရာသလို
ငတာ့ကိုလည်း ခြေထောက်ရော မျက်နှာပါ ဒဏ်ရာရအောင်
လက်စားချေနိုင်ခဲ့ပါတယ်
ပရလောကသား နာနာဘာဝတွေရှိတယ် ဆိုတာကို
ယုံကြည်သူ /မယုံကြည်သူ ရှိသလို
ငတာရဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့လည်း
နာနာဘာဝက လက်စားချေခြင်းလို့ လက်ခံသူ
လက်မခံသူ ကွဲပြားနိုင်ပါတယ်
ဒါပေမယ့်
ငတာဒဏ်ရာရတဲ့ညမှာပဲ ကြောက်မက်ဖွယ်
အူသံကြီးနဲ့ ထူးထူးခြားခြား ရောက်လာတဲ့ ခွေးနက်ကြီး
မကုလားမကို ကျတ်ဝင်းပူးတဲ့ကိစ္စ။
ငတာအလောင်းကို မျက်နှာတစ်ခြမ်းကုန်အောင်
ခွေးစားခံရတာတွေကတော့
ကွန်းနောက်ရွာလေးမှာ ဒီနေ့တိုင်အောင်
ကြက်သီးတထထနဲ့ ကြောက်ကြောက်ရွံ့ရွံ့နဲ့
ပြောနေကြဆဲ ဖြစ်ပါတော့တယ်
ပြီးပါပြီ
#မောင်ညိုမှိုင်း (သန်လျင်)

Zawgyi Version

” လူသားစားေခြးနက္ႀကီးႏွင့္က်က္ကုန္းေျမကလဲ့စား “(စ/ဆုံး)
—————————————————————-

ေရးသားသူ…ေမာင္ညိဳမႈိင္း(သန္လ်င္)
က်တ္ကုန္းေျမကစၿပီး အူလိုက္တဲ့ ေၾကာက္မက္ဖြယ္
ေခြးအူသံႀကီး ။ လူေသအေလာင္းရဲ႕ မ်က္ႏွာတစ္ျခမ္းကုန္ေအာင္စားသည့္ ေခြးနက္ႀကီးတစ္ေကာင္ ။
အဲဒီ အထိတ္အလန႔္ ျဖစ္ရပ္ေၾကာင့္ ကြန္းေနာက္တစ္ခုလုံးေခ်ာက္ခ်ားသြားခဲ့ရသည္ ။
ညစဥ္ ညတိုင္း အသက္ျပင္းျပင္း မရႈရဲေအာင္ ေၾကာက္လန႔္ၿငိမ္သက္ေနခဲ့ရတယ္ ။အဲဒီျဖစ္ရပ္ေတြဟာ
က်တ္ကုန္းေျမက ရက္ရက္စက္စက္ ကလဲ့စားေခ်ျခင္း
ျဖစ္ရပ္ေတြနဲ႔ ဆက္ႏြယ္ေနခဲ့ပါတယ္
ေခတ္အေတြးေခတ္အျမင္နဲ႔ ေတြးျမင္ၿပီး မယုံသူေတြ ရွိသလိုနာနာဘာဝေတြရဲ႕ ကလဲ့စားေခ်မႈကို လက္ခံယုံၾကည္သူေတြလည္း
ရွိတယ္ ။ ဘယ္လိုျဖစ္ပါေစ ထိတ္လန႔္ေၾကာက္႐ြံ႕စရာ
ထိုျဖစ္ရပ္က ကြန္းေနာက္႐ြာမွာ အစီအစဥ္တက်
ျဖစ္ေပၚလာခဲ့ပါတယ္ ။
“ငတာေျခေထာက္ ဓါးခုတ္မိလို႔တဲ့ ”
ေအာ္ဟစ္ေျပာဆိုသံေတြေၾကာင့္ မိစန္း အူယားဖားယား
ေျပးထြက္လာတယ္ ။ ႐ြာအေနာက္ထိပ္မွာ လူေတြ႐ုံးစု
႐ုံးစု ျဖစ္ေနတယ္ ။ အဲဒါကို မိစန္း ေျပးသြားတယ္ ။
“နင့္ေယာက်ၤားေျခေထာက္ ဓါးထိလို႔တဲ့”
ေျပးလာတဲ့ မိစန္းကို မိန္းမတစ္ေယာက္က ဆီးေျပာတယ္ၾကားေပမယ့္ မသိလိုက္ဘူး ။ အသံက ေနာက္မွာက်န္ေနခဲ့တယ္
မိစန္းရဲ႕ အာ႐ုံက လူ႔ထက္ ျမန္ဆန္ေနတယ္ ။
ေမွ်ာ္ၾကည့္ေနတဲ့သူေတြကို တိုးေဝွ႔
ေရွ႕ဆုံးေရာက္သြားတာနဲ႔ မလွပတဲ့ ျမင္ကြင္းနဲ႔
မိစန္းပက္ပင္း ဆုံလိုက္ရတယ္ ။
ေစာင္ပုခက္ကို ဝါးလုံးနဲ႔ လွ်ိဳၿပီး လူႏွစ္ေယာက္ ေရွ႕ေနာက္
ထမ္းလာတယ္ ။ ေစာင္ပုခက္ထဲမွာက မိစန္းေယာက်ၤားငတာ။မ်က္စိမွိတ္ၿပီး ညည္းညဴေနတယ္ ။
“လမ္းဖယ္ လမ္းဖယ္”
အေျပးအလႊား ထမ္းလာသူေတြက ေအာ္ေျပာတယ္
မိစန္းပုခက္ကို ကိုင္ရင္း အေျပးျပန္လိုက္လာတယ္
စိုးရိမ္စိတ္ေတြနဲ႔ သူေယာက်ၤားငေတာမ်က္ႏွာကို
မျပတ္တမ္း ၾကည့္လာတယ္
“ေယာက်ၤား ေယာက်ၤား”
ငိုသံပါႀကီးနဲ႔ အဆက္မျပတ္ေခၚလာတယ္ ။
အိမ္ၿခံဝေရာက္ေတာ့ မိစန္းေစာင္ပုခတ္ကို
လႊတ္လိုက္တယ္ ။ သူ႔အိမ္ေသးေသးေလးဆီကို
ဦးေဆာင္ေျပးသြားတယ္ ။ အိမ္က တဲသာသာ ေလွကား မရွိဘူး
တစ္ေယာက္ေလာက္ သစ္တုံးတိုကိုနင္းၿပီး အိမ္ေပၚတက္တယ္။
သူ႔အိမ္ကလည္း ဘုရားစူးအိမ္ ။
ဝါးတိုင္ထူ ဝါးအဆင့္ ဝါၾကမ္းခင္း ထုတ္ ေယာက္
ဒိုင္း ျမား အားလုံးဝါးေတြခ်ည္း ဝါးထရံကာၿပီး
သက္ကယ္မိုးထားတယ္ ။
ဖ်ာႏွစ္ခ်ပ္ေလာက္သာ က်ယ္တဲ့အိမ္ကို အလယ္က
ဝါးထရံနဲ႔ ကန႔္ထားတယ္ ။
ေရွ႕ဘက္က ဘုရားစင္နဲ႔ ဧည့္ခန္း ။ေနာက္ဘက္က အိပ္ခန္း
မိစန္း အတြင္းခန္းဝင္သြားတယ္ ။ သူတို႔ အိပ္တဲ့ဖ်ာအစုတ္ကို
ထုတ္လာၿပီး ဘုရားစင္ေအာက္မွာ ခင္းတယ္ ။
ဖ်ာေခါင္းရင္းမွာ အစြမ္းမရွိ ။ မဲညစ္ေနတဲ့ ေခါင္းအုံးကိုခ်တယ္။
လူနာထမ္းလာသူေတြက အိမ္ေရွ႕မွာ ရပ္တယ္ ။
ငတာကို ပုခက္ထဲကေနထုတ္ၿပီး ႏွစ္ေယာက္ေပြ႕ခ်ီတယ္။
ၿပီးေတာ့ ခင္းထားတဲ့ ဖ်ာေပၚကို ေအာက္ကေန လွမ္းတင္လိုက္တယ္။
“လယ္ထိပ္က မအူပင္ကို လွဲေနတာ ။ အားလြန္ၿပီး
သူ႔ေျခေထာက္ကို ဓါးနဲ႔ ျပန္ခုတ္မိတာပဲ ”
လူနာထမ္းလာတဲ့ တစ္ေယာက္က ငတာ့ေျခေထာက္ဒဏ္ရာေပၚက
ပုဆိုးစုတ္ပိုင္းကို ေျဖရင္း ေျပာတယ္ ။ ဒဏ္ရာက ေတာ္ေတာ္မ်ားတယ္။
ဘယ္ဘက္ေျခဖမိုးတစ္ခုလုံးကို ကန႔္လန႔္ျဖတ္ ခုတ္မိထားတာ
ဒဏ္ရာဟက္ပက္ႀကီးက နီပ်စ္ပ်စ္ေသြးေတြ တစိမ့္စိမ့္
ယိုထြက္ေနတုန္းမွာပဲ ။
“ကုကၠိဳ႐ြက္ေတြ ခူးလာတယ္ ။ င႐ုတ္ဆုံေဆးၿပီး
ေထာင္းလိုက္ ”
မိစန္း ကုကၠိဳ႐ြက္ေတြကို ေထာင္းၿပီး ေပးတယ္ ။
လူႀကီးတစ္ေယာက္က ငတာ အနာေပၚအုံၿပီး ခုနက
ပုဆိုးစုတ္နဲ႔ပဲ ျပန္စည္းေပးတယ္ ။ ငတာကေတာ့
မ်က္စိမွိတ္ၿပီး ညည္းညဴေနတယ္ ။
သူတို႔အားလုံး တစ္ခုခုကို သိေနၾကတယ္။
ဒါေၾကာင့္လည္း စိုးထင့္ေနၾကတာ ျဖစ္တယ္။
ငတာစာရင္းငွား လုပ္တဲ့လယ္က လယ္ဆိုး။ က်တ္ကုန္းေျမ။
ဘယ္အခ်ိန္ ဘယ္ကာလကတည္းက က်တ္ကုန္းေျမလို႔
ပညတ္ထားတာလည္း မသိဘူး ။
ၿပိတၱဘုံသား က်တ္ေတြေနထိုင္တဲ့ ေနရာဆိုတဲ့ အစြဲက
ဘိုးဘြားဘီဘင္ ကတည္းကကို ရွိခဲ့တာ
ဒီကက်တ္ကုန္းေျမမွာ အေပါ့အေလးေတာင္
အရမ္းမစြန႔္ရဲၾကဘူး ။ ထင္းအတြက္ သစ္ကိုင္းဝါးကိုင္း
ခုတ္တာကအစ ေတာင္းပန္တိုးလွ်ိဳးၿပီးမွ နတ္ေနကိုင္းခ်န္မွ
အခု ငတာလုပ္တာက ကိုင္းခ်ိဳင္တာ မဟုတ္ဘူး
မအူပင္ တစ္ပင္လုံး လွဲတာ။
႐ိုး႐ိုးတန္းတန္း ေျခေခ်ာ္လက္ေခ်ာ္ျဖစ္ၿပီး ခုတ္မိတာဆို
ျပႆနာမရွိဘူး ။ သစ္ပင္လွဲတာကို က်တ္ကမႀကိဳက္လို႔
ဓါးနဲ႔ ခုတ္မိေအာင္ လုပ္လိုက္တာဆိုရင္ေတာ့ ျပႆနာမွ
တကယ့္ျပႆနာ။
ဒီအခ်က္ေၾကာင့္ စိုးရိမ္ထိတ္လန႔္ေနတာ။
အဲဒီလို လန႔္ေနကာမွ လူမမာလာေမးတဲ့ ငတာအစ္မ
မကုလားမကို က်တ္ဝင္ပူးတယ္ ။
က်တ္ဝင္ပူးတဲ့အခ်ိန္မွာ မကုလားမအသံက နဂိုမူလအသံ
မဟုတ္ေတာ့ဘူး ။ အသံက ေသးေသးစူးစူးနဲ႔ တစ္မ်ိဳးျဖစ္သြားတယ္။
“ငါတို႔ မိသားစုေနတဲ့ သစ္ပင္ကိုခုတ္တဲ့ေကာင္
ဒုကၡေတြ႕ေစရမယ္ ။ ငါ့သားသမီးေတြရဲ႕ ေျခေထာက္နဲ႔
မ်က္ႏွာ ဒဏ္ရာေတြရသလို နင့္ေျခေထာက္နဲ႔ မ်က္ႏွာကိုလည္း
ဒဏ္ရာေတြရေအာင္ လုပ္ျပမယ္ ဟဲ့”
ဒီလိုေျပာၿပီးတာနဲ႔ ပူးကပ္ေနတဲ့က်တ္ မကုလားမထံက
ထြက္သြားတယ္ ။ စိုးရိမ္တာ ျဖစ္လာၿပီ ။
နားလည္တဲ့ လူႀကီးသူမေတြက က်တ္ကို ထုံးစံအတိုင္း
ေကြၽးေမြးေတာင္းပန္ဖို႔ မိစန္းကို ေျပာတယ္
မိစန္းကို ၾကက္ဖို ၾကက္မရွာရတယ္ အရက္ရွာတယ္
ထမင္းခ်က္ဖို႔ ဆန္ရွာတယ္
ငတာ့အတြက္ ေကြၽးေမြးဖို႔ဆိုေတာ့ အရက္ပုန္းခ်က္တဲ့
အိမ္က အရက္တစ္လုံး အလကားေပးတယ္ ။
ဆန္ကို မကုလားမက ေပးတယ္။ ကံဆိုးတာက ၾကက္ဖိုသာရၿပီး
ၾကက္မ မရတဲ့ ကိစၥပဲ။ အဲဒါေၾကာင့္ ေန႔တြင္းခ်င္း
မေတာင္းပန္ႏိုင္ခဲ့ဘူး ။ ညေနပိုင္းမွာ ငတာ တစ္ကိုယ္လုံး
ျခစ္ျခစ္ေတာက္ ပူလာတယ္ ။ ညဦးပိုင္းမွာ ကေယာင္ကတမ္းေတြ
ေျပာတယ္။ သတိမရ တစ္ခ်က္ ။ ရတစ္ခ်က္ ျဖစ္လာတယ္။
အဲဒီည သန္းေခါင္ေလာက္မွာပဲ က်တ္ကုန္းေျမဘက္ဆီက
ေခြးအူသံႀကီးကို စၿပီး ၾကားရတယ္
ေၾကာက္စရာအူသံႀကီးက ႐ြာနဲ႔ တျဖည္းျဖည္းနီးလာတယ္
႐ြာထဲဝင္လာတယ္ ။ အဲဒီေတာ့မွ ေခြးနက္ႀကီးကို
လူေတြ ျမင္ၾကရတယ္ ။ သာမန္ ေခြးအ႐ြယ္ အစားထက္
တစ္ဆေလာက္ ပိုမိုႀကီးမားတဲ့ ေခြးနက္ႀကီး။
အသဲတုန္ အူတုန္စရာေကာင္းေအာင္ ဆြဲဆြဲငင္ငင္အူရင္း
႐ြာထဲ ဝင္လာတယ္
႐ြာေျမာက္ဖ်ားကေန ေတာင္ဖ်ားတိုင္ေအာင္ အူသြားတယ္
ၿပီးေတာ့မွ ေပ်ာက္သြားတယ္ ။ ေနာက္တစ္ေန႔မနက္မွာေတာ့
ေျခေထာက္ဓါးခုတ္မိတဲ့ ကိစၥ ။ က်တ္ဝင္ပူးတဲ့ ကိစၥနဲ႔။
ေခြးနက္ႀကီးနဲ႔ ထိတ္လန႔္စရာ အူသံႀကီးအေၾကာင္းကိုပဲ။
တစ္႐ြာလုံး ေျပာေနၾကပါေတာ့တယ္ ။
မအူပင္ အကိုင္းဟာ အခက္မွန္သမွ် လုံးဝမက်န္ေတာ့ဘူး။
ထိပ္မွာလည္း ငုံးတိ။
ပင္စည္လုံးက တစ္ေျဖာင့္တည္းသာ က်န္ေတာ့တယ္
ပင္စည္လုံးက ေသာက္ေရအိုးလုံးေလာက္ရွိတယ္
ေျမႀကီးအထက္တစ္ေတာင္ေလာက္မွာ ပင္စည္လုံးကို
ခုတ္ထားတဲ့ အရာရွိတယ္
တစ္ဝက္ေက်ာ္ေက်ာ္ ခုတ္ၿပီးေနၿပီ ။
ေနမြန္းတည့္ခ်ိန္ေလာက္မွာ ဦးေမာင္ျမင့္ မအူပင္ေအာက္
ေရာက္လာတယ္
သူ႔ေနာက္မွာ အေဖာ္တစ္ေယာက္ ပါလာတယ္။
ဦးေမာင္ျမင့္က ပါလာတဲ့ ပစၥည္းပစၥယေတြခ်ထားၿပီး
ေျမျပင္ကိုအရင္ရွင္းလင္းလိုက္တယ္
ၿပီးေတာ့ က်င္းငယ္ ေျခာက္က်င္းကို စေကာဝိုင္းပုံတူးတယ္
ခုႏွစ္က်င္းေျမာက္က်င္းကို အလယ္ေကာင္တည့္တည့္မွာ
တူးလိုက္တယ္
က်င္းခုႏွစ္က်င္းေပၚမွာ ငွက္ေပ်ာ႐ြက္ေတြ ခင္းၿပီး
ထမင္းပုံတယ္ ။ ထမင္းအေပၚက ၾကက္သားဟင္းပုံတယ္။
ၿပီးေတာ့ ထုံးစံရွိတဲ့အတိုင္း အသည္းအျမစ္ ။ ေျခေထာက္။
ေခါင္းနဲ႔ ေတာင္ပံဖ်ားေတြကိုေတာ့ အလယ္က်င္းမွာပဲ
ပုံေပးရတယ္ ဟင္းထည့္မခ်က္ရတဲ့ အူနဲ႔ အျခားကလီစာေတြ
ၾကက္ေမႊးနဲ႔ ေျခသည္းေတြေရာ ထုတ္ထားတဲ့ အစိမ္းထုပ္ကို
သတ္သတ္ထားရတယ္။ အရက္တစ္ခြက္ငွဲ႔ေပးထားၿပီး
ပုလင္းကို ဝိုင္းအလယ္မွာ ေထာင္လိုက္တယ္။
အစားအေသာက္ေတြ ျပင္ဆင္ၿပီးတာနဲ႔ ေၾကးဖလားေလးကို
ယူၿပီး ေၾကးဇြန္းနဲ႔ တီးခတ္လိုက္တယ္ ။ သာယာတဲ့
ေၾကးတီးသံေလးေတြ ထြက္လာတယ္ ။ ေရွးတုန္းကေတာ့
ေၾကးေမာင္းေလးေတြကို တေနာင္ေနာင္ တီးၿပီး ေခၚရတာ။
ခုေခတ္ေတာ့ ႐ြာမွာ ေမာင္းေလးေတြ မရွိေတာ့ဘူး။
ဒါေၾကာင့္ ေၾကးဖလားနဲ႔ ေၾကးဇြန္းကိုသုံးၿပီးေတာ့ပဲ ေခၚၾကတယ္။
“ဆရာႀကီးမ်ားခင္ဗ်ာ လာၾကပါ စားေသာက္ၾကပါ
မလာႏိုင္တဲ့ပုဂၢိဳလ္မ်ားရွိရင္လည္း ေက်ာပိုးေခၚခဲ့ပါ။
ဒါအရက္ ဒါအက်က္ ဒါအစိမ္း
ႀကိဳက္ရာသုံးေဆာင္ပါ
ဦးေမာင္ျမင့္က ဖိတ္ေခၚၿပီးတာနဲ႔ ေရတစ္ဖလား ေျမေပၚ
ေလာင္းခ်လိုက္တယ္
“ေျခလက္ေဆးလိုက္ၾကပါဦး”
အဲဒီေနာက္မွာ ေခတၱၿငိမ္ဆိတ္သြားတယ္။
အတန္ငယ္ၾကာမွ ဦးေမာင္ျမင့္က ေတာင္းပန္စကားဆိုတယ္
“ဆရာႀကီးတို႔ခင္ဗ်ား
လယ္ရွင္နဲ႔တကြ ဒီလယ္ေျမမွာ လုပ္ငန္းလုပ္ကိုင္သူ
အားလုံးကို ေဘးအႏၲရာယ္ မက်ေရာက္ေအာင္
ေစာင့္ေရွာက္ေပးပါခင္ဗ်ာေဘးဆိုးရန္ဆိုးဟူသမွ်
တို႔ကိုလည္း ရွင္းလင္းဖယ္ရွင္းေပးပါ ခင္ဗ်ာ
အထူးသျဖင့္ မလိမၼာ တစ္ခါမိုက္မဲခဲ့တဲ့ ငတာရဲ႕
အျပစ္ဟူသမွ်ကို ေဗြမယူၾကပါနဲ႔ ခင္ဗ်ား
သည္းခံပါခင္ဗ်ား ။ ေစာင့္ေရွာက္ပါခင္ဗ်ား
ငတာအေပၚက်ေရာက္ေနတဲ့ ေဘးဆိုးရန္ဆိုးေတြကိုလည္း
သနားညႇာတာတဲ့ အေနနဲ႔ ႐ုတ္သိမ္းေပးဖို႔
ေတာင္းပန္းအပ္ပါတယ္ခင္ဗ်ား”
ျမန္မာ လယ္သမားတိုင္း ပုန္းမၾကည္နတ္ကို
တင္ေျမႇာက္ပသတတ္ၾကပါတယ္။
ပုန္းမၾကည္နတ္က ေကာက္ပဲသီးႏွံကို
ျဖစ္ထြန္းေစတယ္ စိုက္ပ်ိဳးထားတဲ့
အပြင့္ ။ အသီးေတြကို ပြားမ်ားေကာင္းမြန္ေအာင္
ေစာင့္ေရွာက္ေပးတယ္လို႔ ဆိုစမွတ္ရွိတယ္။
က်တ္ကုန္းေျမမွာလုပ္ကိုင္တဲ့ လယ္သမားေတြကေတာ့
ပုန္းမၾကည္နတ္မကဘူး ။ ဝါဝင္ ဝါထြက္ ။
လယ္ဝင္လယ္ထြက္တိုင္း က်တ္တို႔ကိုပါ
ေကြၽးရေမြးရတဲ့ အေလ့အထ ရွိတယ္။
ဒီလို ေကြၽးေမြးတဲ့အခါ က်တ္တို႔ကို က်တ္လို႔
မေခၚရဘူး။ ႐ိုေသသမႈနဲ႔ ‘ဆရာႀကီး’လို႔ ေခၚရတယ္။
ဆရာႀကီးတင္တယ္ ။ ဆရာႀကီးေကြၽးတယ္လို႔
ေျပာၾကတယ္လို႔ ေျပာဆိုၾကတယ္ ။ သည္လို
ေကြၽးမွ ေမြးမွ က်တ္တို႔က သေဘာက်တယ္။
လယ္လုပ္ငန္းၿပီးတဲ့ တလင္းသိမ္းတဲ့အခ်ိန္ထိ
ေဘးကင္းရန္ကင္း လုပ္ႏိုင္ၾကတယ္။
လယ္ရွင္ေၾကာက္တတ္ရင္ အဆိပ္မရွိတဲ့ ေရေႁမြ
ေႁမြပတုတ္ေတာင္ မရွိေအာင္ ဖယ္ရွားထားတယ္။
က်တ္ရွိတာ သိပါရဲ႕နဲ႔ ။ မေကြၽးမေမြး ။ အ႐ိုအေသမျပဳဘဲ
လယ္လုပ္ခြင္ ဆင္းလာရင္ေတာ့ အႏၲရာယ္မ်ိဳးစုံ ။
ေဘးဒုကၡမ်ိဳးစုံ ။ ေဘးဒုကၡမ်ိဳးစုံက အသင့္ေစာင့္ေနတတ္တယ္။
ဒီလို အစြဲအလန္းစုံေတာ့ ဒီကိစၥေတြ လုပ္ေနက်
ဦးေမာင္ဆီ သြားရတယ္ ။ က်တ္ကို အေကြၽးအေမြးနဲ႔
ေတာင္းပန္ေပးဖို႔ အကူအညီ ေတာင္းရတယ္။
ဖတ္ဖတ္ေမာေနတဲ့ မိစန္းတစ္ေယာက္ ဦးေမာင္ျမင့္
က်တ္ကုန္းေျမ ထြက္သြားမွ နားရတယ္။
သူ႔ေယာက်ၤားငတာ အနားကပ္ႏိုင္ေတာ့တယ္။
ညေနသုံးနာရီေလာက္မွာ ဦးေမာင္ျမင့္ ျပန္ေရာက္လာတယ္
“ေတာင္ပန္းခဲ့ၿပီးၿပီ ေနေကာင္းသြားမွာပါ ”
ေျပာသာေျပာလိုက္ရတယ္ ။ဦးေမာင္ျမင့္ စိတ္ေတြ
အရမ္းေလးေနတယ္ ။ ဆရာႀကီးတင္တုန္းက
ဘယ္သူနဲ႔မွ မထိမခိုက္မိဘဲေထာင္ထားတဲ့
အရက္ပုလင္းလဲက်သြားပုံက သူ႔စိတ္ကို
ေလးလံေစတာ ျဖစ္တယ္
ထုံးစံအတိုင္းဆိုရင္ ဒါ မေကာင္းတဲ့ နိမိတ္ ။ ေတာင္းပန္းတာကို
လက္မခံတဲ့သေဘာ ။ ငတာအတြက္ အေျခအေန မေကာင္းဘူး။
မိစန္းကေတာ့ ဒီအေၾကာင္းေတြကို မသိဘူး။
ေကြၽးေမြးေတာင္းပန္ၿပီးၿပီ ။ က်တ္ေတြက ။
သူ႔ေယာက်ၤားဆီက ေရာဂါေဝဒနာေတြကို ျပန္ႏႈတ္ယူမယ္။
အဲဒီအခါ သူ႔ေယာက်ၤား ငတာ လူေကာင္းပကတိနဲ႔
အိပ္ရာက ထလာတယ္ ။ ဒါေပမယ့္ မိစန္းထင္သလို
ျဖစ္မလာခဲ့ဘူး။ ငတာ တစ္ကိုယ္လုံး အပူေတြ ပိုႀကီးလာတယ္။
သတိလစ္ၿပီး ေမ့ေမ်ာသြားလိုက္ ။ သတိျပန္လည္လာလိုက္နဲ႔
အဲဒီညမွာ ေၾကာက္စရာ ေခြးအူသံႀကီးကို ထပ္ၾကားရတယ္
ေခြးအူသံႀကီးက နာနာဘာဝေကာင္ႀကီး ငိုေနသလိုပဲ။
အသည္းတုန္ဖို႔ သိပ္ေကာင္းတယ္ ။
ငွက္ဆိုးေတြကလည္း ဒီေန႔ညမွာ ထိုးလိုက္တာ
တဂီးဂီးနဲ႔ ညသန္းေခါင္ေက်ာ္မွာ ငတာတို႔
အိမ္ၿခံေရွ႕ကို ေခြးနက္ႀကီး ေရာက္လာတယ္
အိမ္ဘက္လွည့္ၿပီး ဆြဲဆြဲငင္ငင္နဲ႔ အဆက္မျပတ္အူတယ္
ဒီအခ်ိန္မွာပဲ ငွက္ဆိုးတစ္ေကာင္က “ဂီး” ခနဲ ေအာ္သံႀကီးနဲ႔
ငတာအိမ္ေပၚထိုးဆိုက္ခ်လိုက္တယ္
အဲဒီအခ်ိန္မွာပဲ ။ ငတာတစ္ေယာက္ ။ လူ႔ေလာက,ကေန
အၿပီးထြက္ခြါသြားပါေတာ့တယ္
ညဥ့္တေစၦက သူ႔ရဲ႕အနက္ေရာင္ၿခဳံထည္ႀကီးကို
ျဖန႔္လိုက္တယ္ ။ ၿပီးေတာ့ ။ ေလာကႀကီးအေပၚကို
လႊမ္းအုပ္လိုက္တယ္
ထိတ္လန႔္စရာ အမိုက္ေမွာက္ႀကီးတစ္ခု
ကြန္းေနာက္႐ြာေလးေပၚ
က်ေရာက္သြားတယ္
“ဝူး အု ဝူ အူး အူး အု အူး”
က်တ္ကုန္းေျမဘက္ဆီက ေခ်ာက္ခ်ားဖြယ္ရာ
ေခြးအူသံႀကီး ေပၚလာတယ္
ညပိုးပုရစ္ေတြရဲ႕ တစီစီ ေအာ္ျမည္သံေတြ ႐ုတ္ျခည္း
တိတ္သြားတယ္။
“ေခြးနက္ႀကီးလာၿပီ”
ေခ်ာက္ေခ်ာက္ခ်ားခ်ား အမူအယာေတြက သူတို႔မ်က္ႏွာေပၚ
အထင္အရွားေပၚလာတယ္ ။ ေၾကာက္တတ္သူေတြ အလွ်ိဳလွ်ိဳ
ထျပန္ၾကတယ္ ။ မရွိမျဖစ္ အေလာင္းေစာင့္ ဖဲဝိုင္းတစ္ဝိုင္းပဲ
က်န္ေတာ့တယ္.။
အိမ္ေရွ႕ခန္းက အေလာင္းစင္နဲ႔ ျပည့္ေနလို႔
ဖဲဝိုင္းက အိမ္ေရွ႕ေျမျပင္မွာ ေၾကာက္စရာ အေမွာင္ႀကီးစိုးေနတဲ့ ညမွာ ငတာအေလာင္းကို
ထြန္းေပးထားတဲ့ ဖေယာင္းတိုင္မီးနဲ႔ ဖဲဝိုင္းက ဘက္ထရီ
ဖန္ေခ်ာင္းေလးရဲ႕ အလင္းသာ ကြက္ကြက္ေလးလင္းေနတယ္။
ေခြးနက္ႀကီးက ႐ြာလမ္းအတိုင္း အူလာတယ္။
အိမ္ေရွ႕ အေရာက္မွာ အူတဲ့ အသံႀကီးကေတာ့
ဘယ္လိုႀကီးမွန္းမသိဘူး ။
သည္းထိတ္ေခ်ာက္ခ်ားဖို႔ သိပ္ေကာင္းတယ္။
အဲဒီေနာက္ ႐ြာေတာင္ဖ်ားကေန ျပန္ထြက္သြားတယ္။
“ေခြးနက္ႀကီး က်တ္ကုန္းေျမဘက္ျပန္သြားၿပီကြ”
ခုမွ အသံထြက္ႏိုင္ၾကတယ္ ။
ေၾကာက္႐ြံ႕ထိတ္လန႔္မႈေတြ အတန္အသင့္ ေလ်ာ့သြားတယ္
ညကလည္း ပိုၿပီး နက္လာတယ္
ဘယ္ေလာက္ၾကာသြားတယ္မသိဘူး
မိစန္းတစ္ေရးႏိုးလို႔ အိမ္ေပၚလွမ္းၾကည့္မိေတာ့
အိမ္ေပၚေမွာင္မည္းေနတယ္
“ေသနာေကာင္ေတြ ။ ဖဲပဲမဲေနၾကတယ္။
အေလာင္းစင္မီးမရွိတာေတာင္ မသိၾကဘူး”
ႏႈတ္က က်ိန္ဆဲရင္း မိစန္း အေလာင္းကို
မီးသြားထြန္းေပးဖို႔ျပင္တယ္။
အတူအိပ္ေနတဲ့ မကုလားမကို ႏႈိးတယ္။
ဖဲ႐ိုက္ေနတဲ့လူတစ္ေယာက္ဆီက လက္ႏွိပ္ဓါတ္မီးနဲ႔
မီးျခစ္ခဏငွားတယ္ ။ သစ္တုံးတိုေပၚကေနကၿပီး
အိမ္ၾကမ္းခင္းေပၚအတက္
ေျခတစ္လွမ္းအတင္ ေဝ့ထိုးလိုက္တဲ့ ဓါတ္မီးေရာင္ေအာက္မွာ ေခြးနက္ႀကီးအေလာင္းေကာင္ရဲ႕ ေခါင္းရင္းဘက္မွာ
ေခြးနက္ႀကီးရဲ႕ ပါးစပ္ထဲမွာ စားလက္စအစာေတြ
တန္းလန္းနဲ႔ ဓါတ္မီးေရာင္ဘက္ လွည့္ၾကည့္တယ္
“ဂဲဂဲ”
မိစန္းကို ဝမ္းေခါင္းသံႀကီးနဲ႔ မာန္ဖီတယ္
“အမေလး”
မိစန္းတစ္ခြန္းပဲ ေအာ္ႏိုင္လိုက္တယ္
လဲက်ေမ့ေျမာသြားတယ္
ေအာ္သံ ဆူသံ လဲက်သံေတြ အလန႔္တၾကား
႐ုတ္႐ုတ္သဲသဲ ျဖစ္သြားတယ္။
ဖဲဝိုင္းက လူေတြ ေျပးလာတယ္
“ဘာျဖစ္တာလဲ” “ဘာျဖစ္တာလဲ”
“ေခြးနက္ႀကီးေခြးနက္ႀကီးေခြးနက္ႀကီး”
မကုလားမက မိစန္းကို ေပြ႕ထားရင္း အထစ္ထစ္အေငါ့ေငါ့
ေျပာတယ္
“မရွိဘူးစိတ္ထင္လို႔ပါ”
ေျပာရင္းဆိုရင္း ဖေယာင္တိုင္မီးထြန္းလိုက္တယ္။
“အို ”
“အား”
“အမေလး”
ထိတ္လန႔္တုန္လႈပ္စရာ ျမင္ကြင္း
ငတာရဲ႕ အေလာင္းေကာင္မွာ မ်က္ႏွာတစ္ျခမ္းမရွိေတာ့ဘူး။
ေသြးတရဲရဲ ။ သံတရဲရဲနဲ႔ ႐ုပ္ပ်က္ ဆင္းပ်က္
အသားအစအနေတြက
အေလာင္းစင္ေအာက္ ၾကမ္းျပင္ေပၚမွာ
ေအာ္ဂလီဆန္စရာ ျပန႔္က်ဲေနတယ္
က်တ္ကုန္းေျမက နာနာဘာဝရဲ႕ လက္စားေခ်မႈကေတာ့
ထိတ္လန႔္ေၾကာက္႐ြံ႕စရာ ေကာင္းလွပါတယ္
“ငါတို႔ မိသားစုေနတဲ့ သစ္ပင္ကို ခုတ္လွဲတဲ့ေကာင္
ဒုကၡေတြ႕ေစရမယ္ငါ့သားသမီးေတြရဲ႕ ေျခေထာက္ရဲ႕
မ်က္ႏွာဒဏ္ရာရသလိုနင့္ေျခေထာက္နဲ႔
နင္မ်က္ႏွာကိုလည္း ဒဏ္ရာေတြရေအာင္ လုပ္ျပမယ္”
မကုလားမကို က်တ္ဝင္ပူးတုန္းက ေျပာခဲ့တဲ့စကား။
ဒီတုန္းက ငတာ မေသေသးဘူး။
ေျခေထာက္ဒဏ္ရာေၾကာင့္ ကေယာင္ကတမ္း ျဖစ္ေနခ်ိန္
ခုေတာ့ ငတာ့မ်က္ႏွာတစ္ျခမ္းကုန္ေအာင္ စားသြားတယ္။
သူ႔သားသမီးေတြ ေျခေထာက္နဲ႔ မ်က္ႏွာဒဏ္ရာသလို
ငတာ့ကိုလည္း ေျခေထာက္ေရာ မ်က္ႏွာပါ ဒဏ္ရာရေအာင္
လက္စားေခ်ႏိုင္ခဲ့ပါတယ္
ပရေလာကသား နာနာဘာဝေတြရွိတယ္ ဆိုတာကို
ယုံၾကည္သူ /မယုံၾကည္သူ ရွိသလို
ငတာရဲ႕ အျဖစ္အပ်က္ေတြနဲ႔ ပတ္သက္လို႔လည္း
နာနာဘာဝက လက္စားေခ်ျခင္းလို႔ လက္ခံသူ
လက္မခံသူ ကြဲျပားႏိုင္ပါတယ္
ဒါေပမယ့္
ငတာဒဏ္ရာရတဲ့ညမွာပဲ ေၾကာက္မက္ဖြယ္
အူသံႀကီးနဲ႔ ထူးထူးျခားျခား ေရာက္လာတဲ့ ေခြးနက္ႀကီး
မကုလားမကို က်တ္ဝင္းပူးတဲ့ကိစၥ။
ငတာအေလာင္းကို မ်က္ႏွာတစ္ျခမ္းကုန္ေအာင္
ေခြးစားခံရတာေတြကေတာ့
ကြန္းေနာက္႐ြာေလးမွာ ဒီေန႔တိုင္ေအာင္
ၾကက္သီးတထထနဲ႔ ေၾကာက္ေၾကာက္႐ြံ႕႐ြံ႕နဲ႔
ေျပာေနၾကဆဲ ျဖစ္ပါေတာ့တယ္
ၿပီးပါၿပီ
#ေမာင္ညိဳမႈိင္း (သန္လ်င္)