လောဘအမွေ(စ/ဆုံး)

Unicode Version

လောဘအမွေ(စ/ဆုံး)
————————-
လောကတွင် ပြောလေ့ရှိသော စကားတစ်ခွန်းရှိသည်။ ဤအရာမှာ…
“အမွေဆိုတာ စံထိုက်မှစံရတာ”ဟူ၍ပင်တည်း။
ယခုရေးသားတင်ပြမည့်အကြောင်းမှာ အမွေလိုချင်၍ မပြုသင့်၊ မပြုထိုက်သည်ကို ပြုလုပ်ခဲ့သူတစ်ယောက်အကြောင်းပင် ဖြစ်၏။ ဤအကြောင်စုံအား သိရှိခဲ့ရသူမှာ ညိုမြပင်ဖြစ်သည်။
“စိတ္တသုခ၊ ကာယသုခမြိုင် စံအိမ်”
လူကုံထံရပ်ကွက်တွင် တည်ရှိကာ ကြီးမားခန့်ထည်သော နှစ်ထပ်တိုက်အိမ်တစ်လုံးဖြစ်သည်။ ခြံ၏ တံခါးပေါက်ထိပ်တွင် ရေးထားသော ဆိုင်းဘုတ်အရ ညိုမြလာရမည့်အိမ်မှာ ဤအိမ်ပင် အသေအချာဖြစ်ပေ၏။ ညိုမြသည် အိမ်ဖော်တစ်ယောက်ဖြစ်ကာ ယခုတွင်လည်း ပွဲစားဒေါ်နီမှာ ဤအိမ်ကြီးတွင် အလုပ်လုပ်ရန်အတွက် စပ်ပေး၍ နယ်မှ ရောက်လာခဲ့ခြင်းလည်းဖြစ်ပေသည်။ ဒေါ်နီသည် သူမအား အသေအချာမှာကြားလိုက်သည်က…
“ဟဲ့ ညိုမြ…နင်အဲ့ဒီအိမ်ကြီးကိုရောက်ရင် အဲ့ဒီအိမ်ရဲ့အကြောင်းကို လုံးဝ မစပ်စုရဘူးနော်။ အဲ့ဒီလိုသာမဟုတ်ရင် နင်လည်း မလွယ်ဘူး”
“ဟုတ်ပါပြီ ဒေါ်နီရယ်။ ကျွန်မက အဲ့လို စပ်စုရတာဝါသနာမပါပါဘူး”
“အေးပါအေ…ဒေါ်နီကလည်း ညည်းကိုစိတ်ပူလို့ သတိပေးတာပါ”
“ဟုတ်ကဲ့ပါရှင်…”
သည်လိုနှင့် ညိုမြသည် စိတ္တသုခ၊ ကာယသုခမြိုင် စံအိမ်ကြီးတွင် အိမ်ဖော်အလုပ်ကို အမှားအယွင်းမရှိရလေအောင် ဆောင်ရွက်၍ နေရပေတော့သည်။ ညိုမြသည် မည်သိုပင် မစပ်စု၍ နေနေချေသော်လည်း မကြာမီပင် အခြားအိမ်ဖော်များ၏ ပြောပြချက်အရ ဤအိမ်ကြီူရှိ မိသားစုအကြောင်းကို သိရှိခဲ့ရပြီ။ ဤအိမ်ကြီးသည် အမွေဆိုင်အိမ်ကြီးဖြစ်ကာ မောင်နှမသုံးယောက်ရှိလေ၏။ သုံးယောက် စလုံးသည် အိမ်ထောင်ကိုယ်စီနှင့်ဖြစ်ကာ ဤအိမ်ကြီး၌ပင် နေထိုင်ကြလေ၏။ အိမ်ကြီး၏ အရှင်သခင်ကြီးမှာ ဆုံးပါးသွားပြီဖြစ်ကာ သခင်မကြီးသာ ရှိပေတော့သည်။ အရှင်သခင်ကြီးသည် အင်မတန်ချမ်းသာကြွယ်ဝသူဖြစ်ကာ အိမ်၏ တစ်နေရာတွင် စိန်များမြှုပ်နှံထားသည်ဟု ယခင် အိမ်ဖော်များ၏ ပါးစပ်ရာဇဝင်အရ သိရှိခဲ့ရပေသည်။ ထိုစိန်များအား မည်သည့်နေရာတွင် မြှုပ်ထားခဲ့သည်ကိုမူ မည်သူမျှ မသိကြဟု ဆိုကြလေ၏။ သခင်မကြီးဆိုသော အဖွားကြီး၏ နားတွင် ပန်ဆင်ထားသော စိန်နားကပ်ကြီးကပင် အတော်တန်ဖိုးရှိပုံရကာ တဖျပ်ဖျပ်လက်နေသည်ကို ကြည့်ခြင်းဖြင့်သိနိုင်၏။ ဤအိမ်ကြီးတွင် ညိုမြအပါအဝင် အိမ်ဖော်ခြောက်ယောက်ရှိ၏။ အိမ်ဖော်များ မကြာခဏအလုပ်ထွက်ကြကာ အိမ်ဖော်မမြဲသော အိမ်ကြီးပင် ဖြစ်လေတော့၏။ ဤသို့ မမြဲရခြင်းတွင်လည်း အကြောင်းရင်းရှိ၏။ ၎င်းမှာ အခြားမဟုတ်ပေ။ ဤအိမ်ကြီးတွင် ပရလောကသားများ ရှိနေခြင်းကြောင့်ပင်တည်း။ ညဘက် သန်းခေါင်ယံ အချိန်တွင် အိမ်ကြီးအတွင်း ခုံများ တွန်းတိုက်ရွှေ့သံများ၊ အိုးခွက် ပန်းကန် လွတ်ကျသံများ၊ ဇွန်းသံ၊ ပန်းကန်သံများ၊ လမ်းလျှောက်သံများ၊ ညည်းတွားသံများ နေ့စဉ်နှင့်အမျှ ကြားကြားနေရလေ၏။ နံနက်ခင်းတွင် သွားရောက်ကြည့်ရှုသော်လည်း ခြေရာလက်ရာမပျက်ဘဲရှိနေတော့သည်။ အိုးခွက်များ ကွဲရှနေခြင်းမျိုးလည်း မတွေ့ရတက်ပေ။ ကြာတော့ ညိုမြပင် ဤအသံများနှင့် နားယဉ်လာခဲ့ပေပြီ။
တစ်နေ့တွင် ခြံထဲ၌ ညိုမြအမှိုက်သိမ်းနေစဉ် အိမ်ကြီးသခင်၏ မြေး ကိုကိုလေး အပြင်ထွက်သွားသည်ကို တွေ့လိုက်ရသည်။ ညိုမြ၏တာဝန်ထဲတွင်လည်း ကိုကိုကြီး၊ ကိုကိုလေးတို့၏ အခန်းသန့်ရှင်းရေးလုပ်ရန် တာဝန်ကျသည်ဖြစ်၍ ယခုကိုကိုလေး အပြင်ထွက်သွားစဉ် အခန်းသန့်ရှင်းရေးလုပ်ရန်အတွက် ကိုကိုလေး၏ အခန်းရှိရာသို့ လျှောက်လာခဲ့တော့သည်။ ထို့နောက် အခန်းတံခါးအား ဆွဲဖွင့်လိုက်ရာ ကုတင်ပေါ်တွင် လူတစ်ယောက်တွေ့နေသည်ကို တွေ့လိုက်ရသည်။ ထိုသူ၏ပုံစံမှာ ကိုကိုကြီးနှင့်တူသောကြောင့် အော်ခေါ်လိုက်မိဝည်။
“ကိုကိုကြီး…”
သူမ၏ ခေါ်သံအဆုံးတွင် ထိုကုတင်ပေါ်မှလူကြီးသည် သူမဘက်သို့ တစ်ဖြည်းဖြည်းချင်းလှည့်လာသည်။
“အား…”
ညိုမြတစ်ယောက် အားကုန်အော်ဟစ်ပြစ်တော့သည်။ သူမ၏အသံသည် တစ်အိမ်လုံးသို့ပင် ဟိန်း၍ထွက်သွားတော့သည်။ သူမကိုယ်တိုင်လည်း သတိလစ်သွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် သူမမြင်လိုက်ရသူမှာ ကိုကိုကြီးမဟုတ်ပေ။ မျက်နာပြင်တစ်ခုလုံး ဖြူစွတ်စွတ်ဖြစ်နေကာ အင်မတန်ကြောက်မက်ဖွယ်ကောင်းသော မျက်နာပိုင်ရှင်တစ်ဦးပင် ဖြစ်နေချေတော့သည်။
အတော်အတန်ကြာသောအခါ ညိုမြ သတိပြန်လည်လာခဲ့သည်။ ညိုမြအား အားလုံးမှ ဝိုင်းဝန်းမေးမြန်းသောကြောင့် ဖြစ်ကြောင်းကုန်စင်အား ပြောပြလိုက်လေရာ မိသားစု သုံးစုအနက် အငယ်ဆုံးမောင်၏ မိန်းမသည်
“ညည်းပေါက်ကရလေးဆယ် မပြောနဲ့။ ငါတို့ ဒီအိမ်မှာနေလာတာကြာပြီ ဘာသရဲမှမတွေ့ရဘူး။ ညည်းဒီအိမ်မှာ မနေချင်တော့လို့ ကလီကမာတွေပြောနေတာမဟုတ်လား…ဖြန်း…”
ပြောပြောဆိုဆိုနှင့် ညိုမြအား ပါးရိုက်လိုက်သည်။
“မ,မဟုတ်ပါဘူးအမလေးရယ်။ ကျွန်မ မလိမ်ရပါဘူး။ အမှန်အတိုင်းပြောတာပါရှင်။ ကျွန်မတို့ တောသူတောင်သားတွေက ကလီကမာတွေလည်း မလုပ်တက်ပါဘူးရှင်။ ကျွန်မ အမှန်အတိုင်းပြောတာပါ”
“တော်တော့ ကိုယ့်အလုပ်ကိုပဲ ကိုယ်လုပ်ပါ။ မဆိုင်တာတွေထည့်မပြောနဲ့ ခုချက်ချင်းထွက်သွား”
ညိုမြလည်း ဘာမျှ ဆက်ပြောမနေတော့ပဲ နေရာမှထ၍ လာခဲ့တော့သည်။ ယခင်ကမူ ညဘက်၌သာ ခြေညက်တက်သော်လည်း ယခုမူ နေ့ရော ညပါ တစ်အိမ်သားလုံးအား ခြောက်လှန့်ကာ နေလေတော့သည်။ ထို့အပြင် အမလေးဟုခေါ်သော အငယ်ဆုံးမောင်၏ မိန်းမကိုလည်း အိမ်ကြီးသခင်မကအစ ကြောက်ရ၏။
ယခင်အိမ်ကြီးသခင်၌ သမီးနှစ်ယောက်၊ သားတစ်ယောက်ရှိလေသည်။ သားတစ်ယောက်မှာ အငယ်ဆုံးပင်ဖြစ်သည်။ ထိုစဉ်က ဤအိမ်ကြီးတွင် မခင်လေးဟုခေါ်သော အိမ်ဖော်မလေး တစ်ယောက်တည်းသာ ရှိခဲ့၏။ မခင်လေး၏ ပုံပန်းသဏ္ဍာန်မှာ မျက်စံကျဉ်းကျဉ်း၊ အသားဖြူဖြူ၊ ကိုယ်သင်းရနံမှာ ဝိုင်ရနံဖြစ်ပြီး လိုချင်ရမ္မက်ကြီးသော၊ သွေးအေး၍ ရက်စက်တက်သော မိန်းမအမျိုးအစားထဲတွင် ပါဝင်လေသည်။ သူမသည် တစ်နေ့ ဤအိမ်ရှိပစ္စည်းအားလုံးကို ငါပိုင်ရမည် ဟူ၍ တွေထားသူဖြစ်သည်။ ဤအတွက် သူမတွင် အားသာချက်တစ်ခုရှိသည်။ ထိုအရာကား ရှည်လျားသွယ်တန်းနေသော ဆံပင်၊ ဖြူဝင်းမို့မောက်နေသော ရင်သား၊ အမြဲလိုလိုပင် နှင်းဆီဖူးရောင် သန်းနေသော နှုတ်ခမ်းအစုံ၊ အင်မတန်ချစ်ခင်စဖွယ်ကောင်းသော ခန္ဓာကိုယ်အလှပိုင်ရှင်မလေးဖြစ်သည့်အပြင် မာယာကြွယ်သော မိန်းမသားတစ်ဦးပင်ဖြစ်၏။ မူဟန်ကြွယ်သော မိန်းမသားမို့လည်း တစ်အိမ်လုံးက ချစ်ခင်ကြသည်။ အိမ်ဖော်ဟု ဆိုစေကာမူ မိမိတို့၏ သွေးသားအရင်းကဲ့သို့ပင် ချစ်ခင်ကြလေ၏။ ဤသည်ကို အခွင့်ကောင်းယူကာ တစ်နေ့သော ညနေစောင်းအချိန်၌ မခင်လေးသည် စကတ်အတိုနှင့် အင်္ကျီးလည်ဟိုက်ကိုဝတ်ဆင်ကာ ငယ်ဆုံးမောင်ဖြစ်သော ကျော်နန္ဒ၏ အိပ်ခန်းအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ကျော်နန္ဒမှာ ရေချိုးပြီး၍ ရေးချိုးခန်းထဲမှ ထွက်လာချိန်ဖြစ်သည်။ ရေချိုးပြီး တပတ်နှင့် ဆံပင်ကိုသုတ်လျှက် ထွက်လာချိန်တွင် အမှတ်မထင် အရာဝတ္ထုတစ်ခုအား တိုက်လိုက်မိသည်။
“အား…”
မူဟန်ကြွယ်သော မိန်းကလေးတစ်ယောက်၏ အော်သံ။ ကျော်နန္ဒ တပတ်ကိုဖယ်ကြည့်လိုက်ရာ အိပ်ယာပေါ်သို့ လဲကျသွားသော မခင်လေးကို တွေ့လိုက်ရသည်။
“မခင်လေးကလည်း မပြောမဆိုနဲ့ ဝင်လာတာကိုး”
“ဪ…အခန်းထဲဝင်တာတောင် ခွင့်တောင်းရဦးမှာတဲ့လား။ ဒီမှာ လဲကျသွားတဲ့သူကို ဘာဖြစ်သွားလဲကျတော့ မမေးဘူး။ ဟွန့် ယောကျာင်္မဟုတ်တာကျနေတာပဲ”
သည်လိုနှင့် သူတို့နှစ်ဦး မှားယွင်းခဲ့ကြလေတော့သည်။
“မခင်လေး ကိုလေးတောင်းပန်းပါတယ်နော်…”
“ကိုလေးက အရမ်းနဲ့ဆိုးတာပဲကွာ။ ခုတော့ ခင်လေးရဲ့ဘဝက ဘာမှသုံးစားလို့မရတော့ဘူးလေ။ အဲ့ဒါ ကိုလေးကြောင့် အဟင့်ဟင့်ဟင့်”
“ခင်လေးရယ် ကိုကယောကျာၤးလေးပါ။ ခင်းလေးရဲ့ဘဝကို ကိုလေးတာဝန်ယူပါရစေနော်…”
“ကိုလေး တစ်ကယ်ပြောနေတာလား”
“တကယ်ပေါ့ ခင်လေးရ”
“ဟွန့် အမြင်ကပ်ချင်စရာကြီး…”
“ချစ်ချင်စရာလေးပါကွာ…”
“လူလည်ကြီး”
ဤသို့နှင့်ပင် မခင်လေးနှင့် ကျော်နန္ဒတို့ လပ်ထပ်ခဲ့ကြတော့၏။ ဤသို့နှင့်ပင် မခင်လေးသည် သည်မိသားစုအပေါ် အတော်ပင် ဩဇာညောင်းခဲ့သည်။ အိမ်ကြီးအရှင်သခင် ဆုံးပါးပြီးနောက်တွင် ဤအိမ်ကြီး၏ တစ်နေရာရာတွင် စိမ်များ မြှုပ်နှံထားခဲ့သည်ဟု သူမကြားသိခဲ့၏။ ထို့ကြောင့် လောဘကြီးလွန်းသော မခင်လေးသည် အောက်လမ်းနှင့် လုပ်ကာ သရဲများမွေးမြူ၍ အဆိုပါ စိန်များအား လိုက်လံရှာဖွေစေခြင်း၊ ဤအိမ်ကြီးပေါ်၌ အခြားသူများ မနေနိုင်စေရန် ခြောက်လန့်စေခြင်းများကို ပြုလုပ်စေခဲ့သည်။ အိမ်ကြီး၏ ဘုရားအိုးစဉ် ပလ္လင်တွင် အစိမ်းသေ၏ သွေးနှင့် သုတ်ထားသော အဝတ်စအား အပေါ်မှ ကတီပါဖုံစ၍ ချုပ်ကာ ခင်းထားလေ၏။ အိမ်ရှေ့ ဖိနပ်ချွတ်ရာ ခြေသုတ်ခုံတွင်လည်း မိမိမှအပ အခြားအိမ်သူ အိမ်သားများ၏ အမည်များကိုရေးကာ ခြေသုတ်ခုံထဲတွင် ဖွက်ကာ ချုပ်ထားပြီး တစ်အိမ်လုံးအား နာမ်နှိမ်ထားလေသည်။
ကံနိမ့်နေသော တစ်မိသားစုလုံးမှာ မခင်လေး၏ အလိုတော်ကျ ဖြစ်ကြရလေ၏။ နောက်ဆုံးတွင် မောင်နှမအချင်းချင်း စိတ်ဝမ်းကွဲကြကာ အိမ်ပေါ်မှ ဆင်းသွားကြသည်။ မခင်လေးသည် အောက်လမ်းနှင့်လုပ်ကာ သခင်မကြီးအား မိမိဘက်ပါအောင် စည်းရုံးထား၏။ ယခုလည်း အိမ်ပေါ်မှဆင်းသွားသော မိသားနှစ်စုအား အမွေပြတ် ကြေငြာခိုင်းလိုက်၏။ သခင်မကြီးသည်လည်း မခင်လေး၏ စကားကို မလွန်ဆန်နိုင်ခဲ့ပေ။ ယခုမူ ဤအိမ်ကြီးတွင် အိမ်ကြီးအရှင်သခင်မနှင့် အငယ်ဆုံးကျော်နန္ဒတို့၏ မိသားစုသာ ကျန်ရှိတော့လေ၏။ အားလုံးက သတိမထားမိသော်လည်း ညိုမြမှာမူ ဤအခြင်းအရာများအား အသေးစိတ်လိုက်လံ၍ လေ့လာနေလေတော့သည်။ တစ်နေ့တွင်ညိုမြ ဘုရားခန်းအနီးနားတွင် တံမြက်စည်းလှည်းနေစဉ်…
“ဒီမယ်အဖွားကြီး။ စိန်တွေ ဘယ်မှာမြှုပ်ထားခဲ့လဲဆိုတာကို ငါ့ကိုအခုပြောပြ။ မပြောပြလို့ကတော့ မနက်ဖြန် ဒီနေရာမှာ သွေးစိမ်းစိမ်းအန်ပြီး သေစေရမယ်ဟိတ်…”
ဤအသံပိုင်ရှင်မှာ မခင်လေးပင်ဖြစ်၏။ အင်မတန် ပြတ်သား ခတ်ထန်သော အသံနှင့် စူးစူးဝါးဝါး အမိန့်ပေးနေခြင်းပင်။
“ငါအဲ့ဒါတွေကို လုံးဝမသိဘူးခင်ခင်လေး။ ငါသိခဲ့ရင်တောင် နင့်လို မိစ္ဆာမမျိုးကိုတော့ လုံးဝမပြောပြနိုင်ဘူး”
“အေး ညည်းမပြောပြလည်း ကျုပ်အစွမ်းအစနဲ့ မဖြစ်ဖြစ်အောင် ရှာပြမယ်”
ပြောပြောဆိုဆိုနှင့် မခင်လေး ဘုရားခန်းထဲမှ ထွက်လာခဲ့သည်။ ညိုမြလည်း တံခါးရွက်နောက်၌ ဝင်ကွယ်၍ နေလိုက်ရ၏။ ထို့နောက် ဘုရားခန်းထဲသို့ဝင်ကာ အိမ်ကြီးအရှင်သခင်မထံ သွားရောက်ခဲ့သည်။ ထို့အချိန်တွင် ဤအိမ်ကြီး၏ အရေးကြီးသော သတင်းတစ်ပုဒ်အား သူမ ရရှိခဲ့တော့၏။ ဤကား အိမ်ကြီးအရှင်သခင် မြှုပ်နှံခဲ့သော စိန်များအကြောင်းပင် ဖြစ်လေတော့သည်။
“အမေ…အမေ…မိန်းမရေ…လုပ်ပါဦးကွာ။ အမေ့ကိုခေါ်မရတော့ဘူး။ အမေ့ အမေ့…ဘယ်လိုဖြစ်ရတာလဲအမေရယ်။ သွေးတွေအန်ထားလိုက်တာလည်း အများကြီးပါလားအမေရယ်…”
ဘုရားခန်းထဲမှ ကျော်နန္ဒ၏ အသံပင်ဖြစ်၏။ ညိုမြအပါအဝင် အိမ်ဖော်ခြောက်ယောက်စလုံး ဘုရားခန်းသို့ ပြိုင်တူတက်သွားကြသည်။ ထိုစဉ်တွင် ဘုရားအိုးစဉ်အောင်တွင် သွေးများ ပါးစပ်အတွင်းမှ ယိုစီးကျလျှက် အသက်ဆုံးပါးသွားသော သခင်မကြီးအား တစ်အံ့တစ်ဩ တွေ့မြင်လိုက်ကြရလေ၏။ အားလုံးပင် ပါးစပ်အဟောင်းသားနှင့်။ မကြာမီတွင် မခင်လေးရောက်လာလေသည်။
“ကျော်နန္ဒ, ရှင်ယောကျာၤးမဟုတ်ဘူးလား။ သေတဲ့သူက သေသွားပြီပဲ။ ရှင်က ဘာလို့ငိုနေရတာလဲ။ မနက်ခက်းစောစောစီးစီး မင်္ဂလာမရှိလိုက်တာ”
“မိန်းမ ဒါငါ့အမေဟ။ ငါ့အမေ။ အရင်တုန်းက နင့်ရဲ့သခင်မကြီး။ ငါတို့မိသားစုက နင့်ကိုသနားလို့။ ချစ်ခင်ကြင်နာခဲ့လို့။ ကိုယ့်မွေးချင်းတစ်ယောက်လို ဆက်ဆံခဲ့တာ။ ခုတော့ နင်လုပ်ရက်တယ်။ ဒါနင့်ရဲ့လုပ်ရပ်ဆိုတာ ငါသိနေတယ်နော်ခင်ခင်လေး။ နင်ဟာ တကယ့်မကောင်းဆိုးဝါးမကြီးပဲ။ နင်ခုချက်ချင်းငါ့အိမ်ပေါ်ကထွက်သွား…”
မခင်လေးတစ်ယောက် ဘာမျှဆက်မပြောဘဲ ဘုရားခန်းထဲမှ ထွက်သွားခဲ့၏။ မခင်လေးသည် သွေးအေး၍ ရက်စက်တက်သော်လည်း ကျော်နန္ဒအပေါ်တွင် အင်မတန်ချစ်ရှာသည်။ ထို့ကြောင့်သာ သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့ခြင်းပင် ဖြစ်ပေမည်။
ဈာပနပွဲအပြီးတွင် အားလုံးရှေ့မှောက်၌ မခင်လေး စာချုပ်တစ်ခုကို ကိုင်မြှောက်ပြခဲ့သည်။ ဤအရာကား သခင်းမကြီးသည် သူမအား အမွေအားလုံး လွှဲအပ်ခဲ့သည်ဟူသော စာချုပ်အတုပင်ဖြစ်သည်။ ထိုဈာပနပွဲ ပြီးသည့်နောက်တွင် ကာယသုခ၊ စိတ္တသုခမြိုင် စံအိမ်ကြီး၌ နေ့ညမလပ် သရဲတစ္ဆေများနှင့် စိန်ရှာဖွေခြင်းအလုပ်ကို ကြိုးစားပန်းစားလုပ်ကိုင်လေတော့သည်။ ညညအခါတွင် ဤအိမ်ကြီးသည် အင်မတန် ခြောက်ခြားစရာ ကောင်းလှ၏။ ကြောက်မက်ဖွယ်အတိနှင့် ပြည့်နေလေသောကြောင့် ဤအိမ်ကြီး၏ ယခင်နမည်ကိုပင် ပြောင်း၍ ပရလောကသားများ စံပျော်ရာ စံအိမ်ကြီးဟူ၍ပင် ခေါ်ရလောက်ပေတော့သည်။ ထို့ကြောင့်ပင် အိမ်ဖော်များ တစ်ဦးပြီးတစ်ဦးအလုပ်ထွက်ကုန်ကြကာ နောက်ဆုံး ယခင်အိမ်ကြီးအရှင်သခင်မ၏ ရက်လည်ရောက်သောနေ့တွင် ဤအိမ်ကြီး၌ အိမ်ဖော်ဟူ၍ ညိုမြတစ်ယောက်သာကျန်ရှိတော့လေ၏။ ညဆယ့်တစ်နာရီခန့်တွင် သခင်ကြီးကျော်နန္ဒနှင့် သခင်မ မခင်လေးတို့၏ အခန်းအတွင်းမှ ဆူငေါက်သံများထွက်ပေါ်လာတော့သည်။ ထို့ကြောင့် ညိုမြသည် အဆိုပါအခန်းနားသို့ ယှဉ်းကပ်ရောက်ရှိသွား၏။ ထို့နောက် တံခါးရွက်ဘေးနားသို့ နားကပ်ကာ အသေအချာနားထောင်နေတော့သည်။
“မိစ္ဆာမ ဒေါ်ခင်လေး။ မင်းက အတော်ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးမကြီးပဲကွ။ မင်းကြောင့် ငါ့အမေသေခဲ့ရတာ။ မင်းဟာ မကောင်းဆိုးဝါးမကြီးပဲကွ။ သားသမီးလို့ မွေးမြူခဲ့တဲ့ မျက်နာကိုမှမထောက်ကွာ…”
“ရှင်တော်တော့နော်။ ရှင့်ကို ကျွန်မက ချစ်လွန်းလို့ ဒီလောက်အထိ သည်းခံနေတာနော်။ နောက်တစ်ခါ ကျွန်မကို မကောင်းဆိုးဝါးမလို့ ထပ်ခေါ်လိုက်တာနဲ့ ရှင်အသက်ထွက်ပြီသာမှတ်…”
“ခေါ်မှာပဲ မကောင်းဆိုးဝါးမကြီး။ တစ်ခါတည်းမဟုတ်ဘူး။ ထပ်ခါထပ်ခါ ခေါ်နေဦးမှာဟဲ့ မကောင်းဆိုးဝါးမ၊ မိစ္ဆာမကြီးရဲ့။ ကျေးဇူးတရားမသိတက်တဲ့ နင့်ကို ငါကိုယ်တိုင်သတ်မယ်”
“သတ်လိုက်တော့…!!!”
“အား…!!!”
သခင်းကြီး ကျော်နန္ဒ၏အသံ။ ဟုတ်ပေသည်။ အမှန်တကယ် အသတ်ခံလိုက်ရသည်မှာ သခင်ကြီး ကျော်နန္ဒပင် ဖြစ်ချေတော့၏။
“ငါ့စကား နားမထောင်တဲ့သူမှန်သမျှ လုံးဝအသက်ရှင်လျှက် မကျန်စေရဘူးဟေ့…”
အသံမှာကပင် အင်မတန်ခြောက်ခြားစရာကောင်းလှ၏။ ညိုမြလည်း ဆက်လက်နားထောင်ခြင်းမရှိတော့ဘဲ အခန်းအနားမှ ခြေသံလုံလုံဖြင့် ပြန်ခွာထွက်သွားသည်။
“အဖေ့…သားတို့ကိုထားထားပြီလားအဖေရယ်။ ထကြည့်ပါဦးဗျာ။ အဖေမရှိဘဲနဲ့ သားတို့ ဒီအိမ်ကြီးမှာမနေရဲဘူးဗျ။ သားတို့အရမ်းကြောက်တယ်။ အဟင့်ဟင့်ဟင့်ဟင့်”
“ဟုတ်တယ်အဖေ အဖေမရှိဘဲ သမီးလည်း ဒီအိမ်ကြီးမှာ မနေရဲဘူး။ အဟင့်ဟင့်”
“အဖေ သားတို့ကို ဒီမကောင်းဆိုးဝါးမကြီးနဲ့ ထားခဲ့တော့မလို့လား အဖေ့ရဲ့။ သားတို့ကိုသားတို့ကို မသနားတော့ဘူးလားဗျာ”
“ဟုတ်တယ်အဖေ သမီးတို့ ဒီမကောင်းဆိုးဝါး မိစ္ဆာမကြီးနဲ့ အတူတူမနေနိုင်ဘူး အဟင့်ဟင့်”
သခင်မကြီး ဒေါ်ခင်လေးမှာ ပါးစပ်အဟောင်းသားနှင့် မျက်ရည်များပင် တသွင်သွင်စီးဆင်းကျနေတော့သည်။ သခင်ကြီးဦးကျော်နန္ဒ၏ ဈာပနပွဲအပြီးတွင် ဒေါ်ခင်လေးသည် သားနှင့်သမီးအား အမွေအားလုံးကို တစ်ယောက်တစ်ဝက်စီ ခွဲဝေပေးခဲ့တော့သည်။ စားနှင့်သမီးတို့၏ နှုတ်မှထွက်လာသော မကောင်းဆိုးဝါးမိစ္ဆာမကြီး ဟူသော စကားက သူ့နှလုံးသားအား နေ့စဉ်အချိန်နာရီမလပ် ရိုက်ခက်နေတော့လေ၏။ ဒေါ်ခင်လေးသည် လောဘစိတ်ဖုံးလွှမ်းခဲ့၍သာ မကောင်းမှုတို့ကို ထပ်ကာထပ်ကာ ပြုမိခဲ့သော်လည်း သူ့ယောကျာၤနှင့် သူ့သားသမီးများအပေါ်တွင် အင်မတန်ချစ်ရှာ၏။ ယခုမူ သူအင်မတန် ချစ်ရှာသော သူများက သူ့အား ကောင်းဆိုးဝါးမိစ္ဆာမကြီးဟု ပြောဆိုလာသောအခါတွင် သူ့စိတ်များ များစွာခြောက်ခြားခဲ့ရ၏။
ယခုအချိန်တွင် သူ့ထံသို့ မကောင်းမှု အကုသိုလ်ကံများ စုပြုံ၍ ရောက်ရှိလာခဲ့တော့သည်။ ဒေါ်ခင်လေး လည်ချောင်းကင်ဆာဖြစ်ကာ မရှုနိုင် မကယ်နိုင်အဆင့်သို့ ရောက်ရှိခဲ့တော့သည်။ သူမွေးထားသော မကောင်းဆိုးဝါးများမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုပို၍ သောင်းကျန်းလာတော့၏။ သားနှင့်သမီးမှာလည်း သူ့အနားသို့မကပ်ချေ။ ညအိပ်ယာတွင်တွင်း ညိုမြအားခေါ်ယူ၍ အိပ်ကြလေသည်။ စိတ္တသုခ၊ ကာယသုခမြိုင် စံအိမ်ကြီးတွင် ဒေါ်ခင်လေးသည် တစ်လတွင်တစ်ကြိမ် သရဲတစ္ဆေများအား ကြက်အကောင်နှစ်ဆယ်၏ လည်ချောင်းသွေးကို ပူဇော်ရ၏။ ထိုနေ့သည်ကား လစဉ် လကွယ်ညတွင်ဖြစ်၏။ ယနေ့သည်ပင် လကွယ်ညဖြစ်ပေတော့သည်။ ဒေါ်ခင်လေး ရောဂါဝေဒနာဖြင့် အိပ်ယာထဲတွင် ဘုံးဘုံးလဲနေ၏။ မှတ်မှတ်ရရ ထိုနေ့ည၏ ကောင်းကင်သည် မဟူရာကဲ့သို့ မဲမှောင်နေလေ၏။ အခန်းတစ်ခန်းမှအပ ကျန်အခန်းများအားလုံး မီးပိတ်ပြစ်လိုက်ကြတော့သည်။ ထိုအခန်းကား စံအိမ်ကြီး၏ အရှင်သခင်ဒေါ်ခင်လေး၏ အခန်းပင်။ လေးတို့သည် အခန်းမျက်နာကျက်ပေါ်သို့ လူးလားရိုက်ခက်ကစားနေလေ၏။
“ဝူး…ဝူး…ဝူး…”
ခွေးအူသံများ အဆင်မပြတ် ထွက်ပေါ်လာသည်။
“ဝူး…ဝူး…ဝူး…”
“ဝေါ…ဝုန်း…ခလွမ်း…”
“ဝုန်း…”
အိမ်ဖော်မလေး ညိုမြအပါအဝင် ဒေါ်ခင်းလေး၏ သားနှင့်သမီးပါ အဆိုပါအခန်းသို့ လာခဲ့ကြသည်။ အခန်းအတွင်းမှ ဗီရိုလဲကျသံများ ပစ္စည်းများ ကိုင်ပေါက်သံများ အဆက်မပြတ်ထွက်ပေါ်လာ၏။ လေတို့သည်လည်း သာမန်ညများထက် ပိုတိုး၍ တိုက်ခတ်နေ၏။ ထိုအခန်း၌သာ ဤသို့ဖြစ်နေခြင်းဖြစ်သည်။ အခြားအခန်းများတွင်ကား တိတ်ဆိတ်ငြိမ်သတ်လျှက်။ ညိုမြတို့သည်လည်း ကြက်သေသေ၍ နေလေ၏။
ထိုစဉ်…
“ကျွန်မတောင်းပန်ပါတယ်ရှင်။ ရှင်တို့ကို နှစ်ရှည်လများ တစ်လမှမလပ်စေဘဲ ကျွေးမွေးခဲ့တာပဲလေ။ ခုတစ်လတော့ သည်းခံပေးကြပါရှင်။ ကျွန်မ တကယ်မလှုပ်နိုင်လို့ပါ။ မနင်ဖြန်ကျရင် ညိူမြကို ကျွေးခိုင်းပေးပါ့မယ်။ ကျွန်မ ကတိပေးပါတယ်။ ဒီတစ်ညလေးပဲ စောင့်ခိုင်းတာပါ”
တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ အတော်ကြာမှ
“မလုပ်ကြပါနဲ့ရှင်။ ကျွန်မရဲ့ သားနဲ့သမီးကိုတော့ မသတ်ကြပါနဲ့။ သူတို့ကိုယ်စား ကျွန်မရဲ့ လည်ချောင်းသွေးကို သောက်သုံးတော်မူကြပါ…”
“အား…!!!”
ဒေါ်ခင်လေး ဝမ်းဂေါင်းသံကြီးနှင့် တစ်ချက်အော်ကာ တိတ်ဆိတ်သွား၏။ မိစ္ဆာမကြီး၏ ဇာတ်သိမ်းကား ဤသို့ဖြစ်ဘာခဲ့သည်လော။ သားနှင့်သမီးမှာလည်း အခန်းတံခါးအား ဆွဲဖွင့်ကာ အခန်းအတွင်းသို့ ဝင်ရောက်သွား၏။ ညိုမြလည်း လိုက်ပါဝင်ရောက်သွားသောအခါတွင် ဒေါ်ခင်လေး၏ လည်ပင်း၌ ဓားပြတ်ရာကြီးနှင့်ဖြစ်ကာ လည်ပင်းမှ သွေးမှား ပန်း၍ထွက်နေလေ၏။ ညိုမြတို့ ကြက်သီးများပင် ထောင်းထောင်းထနေတော့သည်။ ဒေါ်ခင်လေးမှာ အသက်ငွေ့ ရှိနေသေးသည်။ ထိုစဉ် သူ့သားနှင့်သမီးနှစ်ယောက်စလုံး တွန့်ကနဲ့ဖြစ်သွားကြသည်။ မျက်လုံးများ ပိုမိုပြူးကျယ်လာသည်။ ကြောက်မက်ဖွယ်အသွင်ကို တစ်ဖြည်းဖြည်းဆောင်ကျဉ်းလာကြသည်။ မိခင်အနီးသို့ကပ်သွားကာ ဘေးရှိ ဓားအားကောက်ကိုင်လိုက်၏။ ညိူမြတစ်ယောက် သွေးပြန်ကာ ကြက်သေသေနေဆဲ။ သူတို့နှစ်ယောက်စလုံး ဓားနှင့် ကိုယ့်လည်ပင်ကို ပြန်လှီးပြစ်ခဲ့ကြသည်။ လည်ပင်းမှ သွေးများ ပန်းထွက်လာ၏။ ဒေါ်ခင်လေး၏ မျက်ဝန်းအိမ်တွင် မျက်ရည်များ တသွင်သွင် စီးကျလာသည်။
“ညိုမြ…ပြေးတော့…”
ထိုသို့ပြောပြီးခဏတွင် ဒေါ်ခင်လေး အရုပ်တစ်ရုပ် ကြိုးပြတ်သည့်ပမာ ခေါက်ကနဲ့ ခွေကျသွားလေတော့သည်။ ညိုမြလည်း သတိပြန်ဝင်ကာ နေရာမှ ဝရောသောပါး ထွက်ပြေးတော့လေသည်။ ထိုနေ့ညသည် ဤစိတ္တသုခ၊ ကာယသုခမြိုင် စံအိမ်ကြီး၏ မမေ့နိုင်စရာ သမိုင်းမှတ်တမ်းဝင် တစ်နေ့ပင်ဖြစ်လေပေတော့သည်။
ကာလပင် အတော်ကြာခဲ့လေပြီ။ ကျွန်တော်နှင့် ညိုမြ၊ ယခင်အိမ်ကြီးအရှင်သခင်၏ သမီးကြီးနှစ်ယောက် ငှါးရမ်းထားသော လုပ်သားငါးယောက်နှင့် ဤစံအိမ်ကြီးသို့ ဝင်ရောက်ခဲ့သည်။ အစီအစဉ်ကား အိမ်ကြီးအရှင်သခင်း မြှုပ်နှံထားခဲ့သော စိန်များအား ဖော်ယူရန်ဖြစ်သည်။ ကျွန်တော်သည် ရောက်လျှင်ရောက်ချင်း ညိုမြ၏ လမ်းညွှန်မှုဖြင့် ဘုရားခန်းသို့ဝင်လာခဲ့သည်။ ထို့နောက် ဘုရားရှိခိုးပြီး အာရုံပြုလိုက်ရာ ဘုရားစဉ်အောင်ရှိ အနီရောင် ကတိပါစနှင့် ခြေသုတ်ခုံအောက်ရှိ မှိုင်းခံစက္ကူတစ်ရွက်ကို အာရုံ၌ ပေါ်လာခဲ့သည်။ ထို့ကြောင့် အဆိုပါပစ္စည်းများအား ယူစေကာ ညိုမြပြောသော စိန်များမြှုပ်နှံခဲ့ရာ နေရာသို့ လာခဲ့တော့သည်။ အိမ်ရှေ့ သစ်ခွဥယျာဉ်ထဲတွင်ဖြစ်သည်။ မြေပုံမို့မို့ကလေးတစ်ခု။ တူးဖော်ကြည့်ရာတွင် စိန်များအား တွေ့ခဲ့ရသည်။ ထို့နောက် ပြုဖွယ်ကိစ္စအဝဝကိုပြုလုပ်၍ နောက်တစ်နေ့၌ ဘုရားအမှူးရှိသော သံဃာတော်များအား ပင့်၍ စိတ္တသုခ၊ ကာယသုခမြိုင် စံအိမ်အတွင်း၌ အမျှပေး အန္တရာယ်ကင်း ပရိတ်တရားတော်များ နားကြားပူဇော်ခဲ့ကြလေသည်။
ပြီးပါပြီ။

စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ၊ ကျန်းမာချမ်းသာကြပါစေ…
တဏှာလောဘ မာန်မာနများလည်း ကင်းဝေးနိုင်ကြပါစေ…
ဆန္ဒပြုလျှက်
ချစ်စွာသော
ဒေဝ

Zawgyi Version

ေလာဘအေမြ(စ/ဆံုး)
————————-
ေလာကတြင္ ေျပာေလ့ရွိေသာ စကားတစ္ခြန္းရွိသည္။ ဤအရာမွာ…
“အေမြဆိုတာ စံထိုက္မွစံရတာ”ဟူ၍ပင္တည္း။
ယခုေရးသားတင္ျပမည့္အေၾကာင္းမွာ အေမြလိုခ်င္၍ မျပဳသင့္၊ မျပဳထိုက္သည္ကို ျပဳလုပ္ခဲ့သူတစ္ေယာက္အေၾကာင္းပင္ ျဖစ္၏။ ဤအေၾကာင္စုံအား သိရွိခဲ့ရသူမွာ ညိဳျမပင္ျဖစ္သည္။
“စိတၱသုခ၊ ကာယသုခၿမိဳင္ စံအိမ္”
လူကုံထံရပ္ကြက္တြင္ တည္ရွိကာ ႀကီးမားခန႔္ထည္ေသာ ႏွစ္ထပ္တိုက္အိမ္တစ္လုံးျဖစ္သည္။ ၿခံ၏ တံခါးေပါက္ထိပ္တြင္ ေရးထားေသာ ဆိုင္းဘုတ္အရ ညိဳျမလာရမည့္အိမ္မွာ ဤအိမ္ပင္ အေသအခ်ာျဖစ္ေပ၏။ ညိဳျမသည္ အိမ္ေဖာ္တစ္ေယာက္ျဖစ္ကာ ယခုတြင္လည္း ပြဲစားေဒၚနီမွာ ဤအိမ္ႀကီးတြင္ အလုပ္လုပ္ရန္အတြက္ စပ္ေပး၍ နယ္မွ ေရာက္လာခဲ့ျခင္းလည္းျဖစ္ေပသည္။ ေဒၚနီသည္ သူမအား အေသအခ်ာမွာၾကားလိုက္သည္က…
“ဟဲ့ ညိဳျမ…နင္အဲ့ဒီအိမ္ႀကီးကိုေရာက္ရင္ အဲ့ဒီအိမ္ရဲ႕အေၾကာင္းကို လုံးဝ မစပ္စုရဘူးေနာ္။ အဲ့ဒီလိုသာမဟုတ္ရင္ နင္လည္း မလြယ္ဘူး”
“ဟုတ္ပါၿပီ ေဒၚနီရယ္။ ကြၽန္မက အဲ့လို စပ္စုရတာဝါသနာမပါပါဘူး”
“ေအးပါေအ…ေဒၚနီကလည္း ညည္းကိုစိတ္ပူလို႔ သတိေပးတာပါ”
“ဟုတ္ကဲ့ပါရွင္…”
သည္လိုႏွင့္ ညိဳျမသည္ စိတၱသုခ၊ ကာယသုခၿမိဳင္ စံအိမ္ႀကီးတြင္ အိမ္ေဖာ္အလုပ္ကို အမွားအယြင္းမရွိရေလေအာင္ ေဆာင္႐ြက္၍ ေနရေပေတာ့သည္။ ညိဳျမသည္ မည္သိုပင္ မစပ္စု၍ ေနေနေခ်ေသာ္လည္း မၾကာမီပင္ အျခားအိမ္ေဖာ္မ်ား၏ ေျပာျပခ်က္အရ ဤအိမ္ႀကီဴရွိ မိသားစုအေၾကာင္းကို သိရွိခဲ့ရၿပီ။ ဤအိမ္ႀကီးသည္ အေမြဆိုင္အိမ္ႀကီးျဖစ္ကာ ေမာင္ႏွမသုံးေယာက္ရွိေလ၏။ သုံးေယာက္ စလုံးသည္ အိမ္ေထာင္ကိုယ္စီႏွင့္ျဖစ္ကာ ဤအိမ္ႀကီး၌ပင္ ေနထိုင္ၾကေလ၏။ အိမ္ႀကီး၏ အရွင္သခင္ႀကီးမွာ ဆုံးပါးသြားၿပီျဖစ္ကာ သခင္မႀကီးသာ ရွိေပေတာ့သည္။ အရွင္သခင္ႀကီးသည္ အင္မတန္ခ်မ္းသာႂကြယ္ဝသူျဖစ္ကာ အိမ္၏ တစ္ေနရာတြင္ စိန္မ်ားျမႇဳပ္ႏွံထားသည္ဟု ယခင္ အိမ္ေဖာ္မ်ား၏ ပါးစပ္ရာဇဝင္အရ သိရွိခဲ့ရေပသည္။ ထိုစိန္မ်ားအား မည္သည့္ေနရာတြင္ ျမႇဳပ္ထားခဲ့သည္ကိုမူ မည္သူမွ် မသိၾကဟု ဆိုၾကေလ၏။ သခင္မႀကီးဆိုေသာ အဖြားႀကီး၏ နားတြင္ ပန္ဆင္ထားေသာ စိန္နားကပ္ႀကီးကပင္ အေတာ္တန္ဖိုးရွိပုံရကာ တဖ်ပ္ဖ်ပ္လက္ေနသည္ကို ၾကည့္ျခင္းျဖင့္သိႏိုင္၏။ ဤအိမ္ႀကီးတြင္ ညိဳျမအပါအဝင္ အိမ္ေဖာ္ေျခာက္ေယာက္ရွိ၏။ အိမ္ေဖာ္မ်ား မၾကာခဏအလုပ္ထြက္ၾကကာ အိမ္ေဖာ္မၿမဲေသာ အိမ္ႀကီးပင္ ျဖစ္ေလေတာ့၏။ ဤသို႔ မၿမဲရျခင္းတြင္လည္း အေၾကာင္းရင္းရွိ၏။ ၎မွာ အျခားမဟုတ္ေပ။ ဤအိမ္ႀကီးတြင္ ပရေလာကသားမ်ား ရွိေနျခင္းေၾကာင့္ပင္တည္း။ ညဘက္ သန္းေခါင္ယံ အခ်ိန္တြင္ အိမ္ႀကီးအတြင္း ခုံမ်ား တြန္းတိုက္ေ႐ႊ႕သံမ်ား၊ အိုးခြက္ ပန္းကန္ လြတ္က်သံမ်ား၊ ဇြန္းသံ၊ ပန္းကန္သံမ်ား၊ လမ္းေလွ်ာက္သံမ်ား၊ ညည္းတြားသံမ်ား ေန႔စဥ္ႏွင့္အမွ် ၾကားၾကားေနရေလ၏။ နံနက္ခင္းတြင္ သြားေရာက္ၾကည့္ရႈေသာ္လည္း ေျခရာလက္ရာမပ်က္ဘဲရွိေနေတာ့သည္။ အိုးခြက္မ်ား ကြဲရွေနျခင္းမ်ိဳးလည္း မေတြ႕ရတက္ေပ။ ၾကာေတာ့ ညိဳျမပင္ ဤအသံမ်ားႏွင့္ နားယဥ္လာခဲ့ေပၿပီ။
တစ္ေန႔တြင္ ၿခံထဲ၌ ညိဳျမအမႈိက္သိမ္းေနစဥ္ အိမ္ႀကီးသခင္၏ ေျမး ကိုကိုေလး အျပင္ထြက္သြားသည္ကို ေတြ႕လိုက္ရသည္။ ညိဳျမ၏တာဝန္ထဲတြင္လည္း ကိုကိုႀကီး၊ ကိုကိုေလးတို႔၏ အခန္းသန႔္ရွင္းေရးလုပ္ရန္ တာဝန္က်သည္ျဖစ္၍ ယခုကိုကိုေလး အျပင္ထြက္သြားစဥ္ အခန္းသန႔္ရွင္းေရးလုပ္ရန္အတြက္ ကိုကိုေလး၏ အခန္းရွိရာသို႔ ေလွ်ာက္လာခဲ့ေတာ့သည္။ ထို႔ေနာက္ အခန္းတံခါးအား ဆြဲဖြင့္လိုက္ရာ ကုတင္ေပၚတြင္ လူတစ္ေယာက္ေတြ႕ေနသည္ကို ေတြ႕လိုက္ရသည္။ ထိုသူ၏ပုံစံမွာ ကိုကိုႀကီးႏွင့္တူေသာေၾကာင့္ ေအာ္ေခၚလိုက္မိဝည္။
“ကိုကိုႀကီး…”
သူမ၏ ေခၚသံအဆုံးတြင္ ထိုကုတင္ေပၚမွလူႀကီးသည္ သူမဘက္သို႔ တစ္ျဖည္းျဖည္းခ်င္းလွည့္လာသည္။
“အား…”
ညိဳျမတစ္ေယာက္ အားကုန္ေအာ္ဟစ္ျပစ္ေတာ့သည္။ သူမ၏အသံသည္ တစ္အိမ္လုံးသို႔ပင္ ဟိန္း၍ထြက္သြားေတာ့သည္။ သူမကိုယ္တိုင္လည္း သတိလစ္သြားခဲ့၏။ အဘယ့္ေၾကာင့္ဆိုေသာ္ သူမျမင္လိုက္ရသူမွာ ကိုကိုႀကီးမဟုတ္ေပ။ မ်က္နာျပင္တစ္ခုလုံး ျဖဴစြတ္စြတ္ျဖစ္ေနကာ အင္မတန္ေၾကာက္မက္ဖြယ္ေကာင္းေသာ မ်က္နာပိုင္ရွင္တစ္ဦးပင္ ျဖစ္ေနေခ်ေတာ့သည္။
အေတာ္အတန္ၾကာေသာအခါ ညိဳျမ သတိျပန္လည္လာခဲ့သည္။ ညိဳျမအား အားလုံးမွ ဝိုင္းဝန္းေမးျမန္းေသာေၾကာင့္ ျဖစ္ေၾကာင္းကုန္စင္အား ေျပာျပလိုက္ေလရာ မိသားစု သုံးစုအနက္ အငယ္ဆုံးေမာင္၏ မိန္းမသည္
“ညည္းေပါက္ကရေလးဆယ္ မေျပာနဲ႔။ ငါတို႔ ဒီအိမ္မွာေနလာတာၾကာၿပီ ဘာသရဲမွမေတြ႕ရဘူး။ ညည္းဒီအိမ္မွာ မေနခ်င္ေတာ့လို႔ ကလီကမာေတြေျပာေနတာမဟုတ္လား…ျဖန္း…”
ေျပာေျပာဆိုဆိုႏွင့္ ညိဳျမအား ပါး႐ိုက္လိုက္သည္။
“မ,မဟုတ္ပါဘူးအမေလးရယ္။ ကြၽန္မ မလိမ္ရပါဘူး။ အမွန္အတိုင္းေျပာတာပါရွင္။ ကြၽန္မတို႔ ေတာသူေတာင္သားေတြက ကလီကမာေတြလည္း မလုပ္တက္ပါဘူးရွင္။ ကြၽန္မ အမွန္အတိုင္းေျပာတာပါ”
“ေတာ္ေတာ့ ကိုယ့္အလုပ္ကိုပဲ ကိုယ္လုပ္ပါ။ မဆိုင္တာေတြထည့္မေျပာနဲ႔ ခုခ်က္ခ်င္းထြက္သြား”
ညိဳျမလည္း ဘာမွ် ဆက္ေျပာမေနေတာ့ပဲ ေနရာမွထ၍ လာခဲ့ေတာ့သည္။ ယခင္ကမူ ညဘက္၌သာ ေျခညက္တက္ေသာ္လည္း ယခုမူ ေန႔ေရာ ညပါ တစ္အိမ္သားလုံးအား ေျခာက္လွန႔္ကာ ေနေလေတာ့သည္။ ထို႔အျပင္ အမေလးဟုေခၚေသာ အငယ္ဆုံးေမာင္၏ မိန္းမကိုလည္း အိမ္ႀကီးသခင္မကအစ ေၾကာက္ရ၏။
ယခင္အိမ္ႀကီးသခင္၌ သမီးႏွစ္ေယာက္၊ သားတစ္ေယာက္ရွိေလသည္။ သားတစ္ေယာက္မွာ အငယ္ဆုံးပင္ျဖစ္သည္။ ထိုစဥ္က ဤအိမ္ႀကီးတြင္ မခင္ေလးဟုေခၚေသာ အိမ္ေဖာ္မေလး တစ္ေယာက္တည္းသာ ရွိခဲ့၏။ မခင္ေလး၏ ပုံပန္းသ႑ာန္မွာ မ်က္စံက်ဥ္းက်ဥ္း၊ အသားျဖဴျဖဴ၊ ကိုယ္သင္းရနံမွာ ဝိုင္ရနံျဖစ္ၿပီး လိုခ်င္ရမၼက္ႀကီးေသာ၊ ေသြးေအး၍ ရက္စက္တက္ေသာ မိန္းမအမ်ိဳးအစားထဲတြင္ ပါဝင္ေလသည္။ သူမသည္ တစ္ေန႔ ဤအိမ္ရွိပစၥည္းအားလုံးကို ငါပိုင္ရမည္ ဟူ၍ ေတြထားသူျဖစ္သည္။ ဤအတြက္ သူမတြင္ အားသာခ်က္တစ္ခုရွိသည္။ ထိုအရာကား ရွည္လ်ားသြယ္တန္းေနေသာ ဆံပင္၊ ျဖဴဝင္းမို႔ေမာက္ေနေသာ ရင္သား၊ အၿမဲလိုလိုပင္ ႏွင္းဆီဖူးေရာင္ သန္းေနေသာ ႏႈတ္ခမ္းအစုံ၊ အင္မတန္ခ်စ္ခင္စဖြယ္ေကာင္းေသာ ခႏၶာကိုယ္အလွပိုင္ရွင္မေလးျဖစ္သည့္အျပင္ မာယာႂကြယ္ေသာ မိန္းမသားတစ္ဦးပင္ျဖစ္၏။ မူဟန္ႂကြယ္ေသာ မိန္းမသားမို႔လည္း တစ္အိမ္လုံးက ခ်စ္ခင္ၾကသည္။ အိမ္ေဖာ္ဟု ဆိုေစကာမူ မိမိတို႔၏ ေသြးသားအရင္းကဲ့သို႔ပင္ ခ်စ္ခင္ၾကေလ၏။ ဤသည္ကို အခြင့္ေကာင္းယူကာ တစ္ေန႔ေသာ ညေနေစာင္းအခ်ိန္၌ မခင္ေလးသည္ စကတ္အတိုႏွင့္ အက်ႌးလည္ဟိုက္ကိုဝတ္ဆင္ကာ ငယ္ဆုံးေမာင္ျဖစ္ေသာ ေက်ာ္နႏၵ၏ အိပ္ခန္းအတြင္းသို႔ ဝင္ေရာက္ခဲ့သည္။ ေက်ာ္နႏၵမွာ ေရခ်ိဳးၿပီး၍ ေရးခ်ိဳးခန္းထဲမွ ထြက္လာခ်ိန္ျဖစ္သည္။ ေရခ်ိဳးၿပီး တပတ္ႏွင့္ ဆံပင္ကိုသုတ္လွ်က္ ထြက္လာခ်ိန္တြင္ အမွတ္မထင္ အရာဝတၳဳတစ္ခုအား တိုက္လိုက္မိသည္။
“အား…”
မူဟန္ႂကြယ္ေသာ မိန္းကေလးတစ္ေယာက္၏ ေအာ္သံ။ ေက်ာ္နႏၵ တပတ္ကိုဖယ္ၾကည့္လိုက္ရာ အိပ္ယာေပၚသို႔ လဲက်သြားေသာ မခင္ေလးကို ေတြ႕လိုက္ရသည္။
“မခင္ေလးကလည္း မေျပာမဆိုနဲ႔ ဝင္လာတာကိုး”
“ဪ…အခန္းထဲဝင္တာေတာင္ ခြင့္ေတာင္းရဦးမွာတဲ့လား။ ဒီမွာ လဲက်သြားတဲ့သူကို ဘာျဖစ္သြားလဲက်ေတာ့ မေမးဘူး။ ဟြန႔္ ေယာက်ာမၤဟုတ္တာက်ေနတာပဲ”
သည္လိုႏွင့္ သူတို႔ႏွစ္ဦး မွားယြင္းခဲ့ၾကေလေတာ့သည္။
“မခင္ေလး ကိုေလးေတာင္းပန္းပါတယ္ေနာ္…”
“ကိုေလးက အရမ္းနဲ႔ဆိုးတာပဲကြာ။ ခုေတာ့ ခင္ေလးရဲ႕ဘဝက ဘာမွသုံးစားလို႔မရေတာ့ဘူးေလ။ အဲ့ဒါ ကိုေလးေၾကာင့္ အဟင့္ဟင့္ဟင့္”
“ခင္ေလးရယ္ ကိုကေယာက်ာၤးေလးပါ။ ခင္းေလးရဲ႕ဘဝကို ကိုေလးတာဝန္ယူပါရေစေနာ္…”
“ကိုေလး တစ္ကယ္ေျပာေနတာလား”
“တကယ္ေပါ့ ခင္ေလးရ”
“ဟြန႔္ အျမင္ကပ္ခ်င္စရာႀကီး…”
“ခ်စ္ခ်င္စရာေလးပါကြာ…”
“လူလည္ႀကီး”
ဤသို႔ႏွင့္ပင္ မခင္ေလးႏွင့္ ေက်ာ္နႏၵတို႔ လပ္ထပ္ခဲ့ၾကေတာ့၏။ ဤသို႔ႏွင့္ပင္ မခင္ေလးသည္ သည္မိသားစုအေပၚ အေတာ္ပင္ ဩဇာေညာင္းခဲ့သည္။ အိမ္ႀကီးအရွင္သခင္ ဆုံးပါးၿပီးေနာက္တြင္ ဤအိမ္ႀကီး၏ တစ္ေနရာရာတြင္ စိမ္မ်ား ျမႇဳပ္ႏွံထားခဲ့သည္ဟု သူမၾကားသိခဲ့၏။ ထို႔ေၾကာင့္ ေလာဘႀကီးလြန္းေသာ မခင္ေလးသည္ ေအာက္လမ္းႏွင့္ လုပ္ကာ သရဲမ်ားေမြးျမဴ၍ အဆိုပါ စိန္မ်ားအား လိုက္လံရွာေဖြေစျခင္း၊ ဤအိမ္ႀကီးေပၚ၌ အျခားသူမ်ား မေနႏိုင္ေစရန္ ေျခာက္လန႔္ေစျခင္းမ်ားကို ျပဳလုပ္ေစခဲ့သည္။ အိမ္ႀကီး၏ ဘုရားအိုးစဥ္ ပလႅင္တြင္ အစိမ္းေသ၏ ေသြးႏွင့္ သုတ္ထားေသာ အဝတ္စအား အေပၚမွ ကတီပါဖုံစ၍ ခ်ဳပ္ကာ ခင္းထားေလ၏။ အိမ္ေရွ႕ ဖိနပ္ခြၽတ္ရာ ေျခသုတ္ခုံတြင္လည္း မိမိမွအပ အျခားအိမ္သူ အိမ္သားမ်ား၏ အမည္မ်ားကိုေရးကာ ေျခသုတ္ခုံထဲတြင္ ဖြက္ကာ ခ်ဳပ္ထားၿပီး တစ္အိမ္လုံးအား နာမ္ႏွိမ္ထားေလသည္။
ကံနိမ့္ေနေသာ တစ္မိသားစုလုံးမွာ မခင္ေလး၏ အလိုေတာ္က် ျဖစ္ၾကရေလ၏။ ေနာက္ဆုံးတြင္ ေမာင္ႏွမအခ်င္းခ်င္း စိတ္ဝမ္းကြဲၾကကာ အိမ္ေပၚမွ ဆင္းသြားၾကသည္။ မခင္ေလးသည္ ေအာက္လမ္းႏွင့္လုပ္ကာ သခင္မႀကီးအား မိမိဘက္ပါေအာင္ စည္း႐ုံးထား၏။ ယခုလည္း အိမ္ေပၚမွဆင္းသြားေသာ မိသားႏွစ္စုအား အေမြျပတ္ ေၾကျငာခိုင္းလိုက္၏။ သခင္မႀကီးသည္လည္း မခင္ေလး၏ စကားကို မလြန္ဆန္ႏိုင္ခဲ့ေပ။ ယခုမူ ဤအိမ္ႀကီးတြင္ အိမ္ႀကီးအရွင္သခင္မႏွင့္ အငယ္ဆုံးေက်ာ္နႏၵတို႔၏ မိသားစုသာ က်န္ရွိေတာ့ေလ၏။ အားလုံးက သတိမထားမိေသာ္လည္း ညိဳျမမွာမူ ဤအျခင္းအရာမ်ားအား အေသးစိတ္လိုက္လံ၍ ေလ့လာေနေလေတာ့သည္။ တစ္ေန႔တြင္ညိဳျမ ဘုရားခန္းအနီးနားတြင္ တံျမက္စည္းလွည္းေနစဥ္…
“ဒီမယ္အဖြားႀကီး။ စိန္ေတြ ဘယ္မွာျမႇဳပ္ထားခဲ့လဲဆိုတာကို ငါ့ကိုအခုေျပာျပ။ မေျပာျပလို႔ကေတာ့ မနက္ျဖန္ ဒီေနရာမွာ ေသြးစိမ္းစိမ္းအန္ၿပီး ေသေစရမယ္ဟိတ္…”
ဤအသံပိုင္ရွင္မွာ မခင္ေလးပင္ျဖစ္၏။ အင္မတန္ ျပတ္သား ခတ္ထန္ေသာ အသံႏွင့္ စူးစူးဝါးဝါး အမိန႔္ေပးေနျခင္းပင္။
“ငါအဲ့ဒါေတြကို လုံးဝမသိဘူးခင္ခင္ေလး။ ငါသိခဲ့ရင္ေတာင္ နင့္လို မိစာၦမမ်ိဳးကိုေတာ့ လုံးဝမေျပာျပႏိုင္ဘူး”
“ေအး ညည္းမေျပာျပလည္း က်ဳပ္အစြမ္းအစနဲ႔ မျဖစ္ျဖစ္ေအာင္ ရွာျပမယ္”
ေျပာေျပာဆိုဆိုႏွင့္ မခင္ေလး ဘုရားခန္းထဲမွ ထြက္လာခဲ့သည္။ ညိဳျမလည္း တံခါး႐ြက္ေနာက္၌ ဝင္ကြယ္၍ ေနလိုက္ရ၏။ ထို႔ေနာက္ ဘုရားခန္းထဲသို႔ဝင္ကာ အိမ္ႀကီးအရွင္သခင္မထံ သြားေရာက္ခဲ့သည္။ ထို႔အခ်ိန္တြင္ ဤအိမ္ႀကီး၏ အေရးႀကီးေသာ သတင္းတစ္ပုဒ္အား သူမ ရရွိခဲ့ေတာ့၏။ ဤကား အိမ္ႀကီးအရွင္သခင္ ျမႇဳပ္ႏွံခဲ့ေသာ စိန္မ်ားအေၾကာင္းပင္ ျဖစ္ေလေတာ့သည္။
“အေမ…အေမ…မိန္းမေရ…လုပ္ပါဦးကြာ။ အေမ့ကိုေခၚမရေတာ့ဘူး။ အေမ့ အေမ့…ဘယ္လိုျဖစ္ရတာလဲအေမရယ္။ ေသြးေတြအန္ထားလိုက္တာလည္း အမ်ားႀကီးပါလားအေမရယ္…”
ဘုရားခန္းထဲမွ ေက်ာ္နႏၵ၏ အသံပင္ျဖစ္၏။ ညိဳျမအပါအဝင္ အိမ္ေဖာ္ေျခာက္ေယာက္စလုံး ဘုရားခန္းသို႔ ၿပိဳင္တူတက္သြားၾကသည္။ ထိုစဥ္တြင္ ဘုရားအိုးစဥ္ေအာင္တြင္ ေသြးမ်ား ပါးစပ္အတြင္းမွ ယိုစီးက်လွ်က္ အသက္ဆုံးပါးသြားေသာ သခင္မႀကီးအား တစ္အံ့တစ္ဩ ေတြ႕ျမင္လိုက္ၾကရေလ၏။ အားလုံးပင္ ပါးစပ္အေဟာင္းသားႏွင့္။ မၾကာမီတြင္ မခင္ေလးေရာက္လာေလသည္။
“ေက်ာ္နႏၵ, ရွင္ေယာက်ာၤးမဟုတ္ဘူးလား။ ေသတဲ့သူက ေသသြားၿပီပဲ။ ရွင္က ဘာလို႔ငိုေနရတာလဲ။ မနက္ခက္းေစာေစာစီးစီး မဂၤလာမရွိလိုက္တာ”
“မိန္းမ ဒါငါ့အေမဟ။ ငါ့အေမ။ အရင္တုန္းက နင့္ရဲ႕သခင္မႀကီး။ ငါတို႔မိသားစုက နင့္ကိုသနားလို႔။ ခ်စ္ခင္ၾကင္နာခဲ့လို႔။ ကိုယ့္ေမြးခ်င္းတစ္ေယာက္လို ဆက္ဆံခဲ့တာ။ ခုေတာ့ နင္လုပ္ရက္တယ္။ ဒါနင့္ရဲ႕လုပ္ရပ္ဆိုတာ ငါသိေနတယ္ေနာ္ခင္ခင္ေလး။ နင္ဟာ တကယ့္မေကာင္းဆိုးဝါးမႀကီးပဲ။ နင္ခုခ်က္ခ်င္းငါ့အိမ္ေပၚကထြက္သြား…”
မခင္ေလးတစ္ေယာက္ ဘာမွ်ဆက္မေျပာဘဲ ဘုရားခန္းထဲမွ ထြက္သြားခဲ့၏။ မခင္ေလးသည္ ေသြးေအး၍ ရက္စက္တက္ေသာ္လည္း ေက်ာ္နႏၵအေပၚတြင္ အင္မတန္ခ်စ္ရွာသည္။ ထို႔ေၾကာင့္သာ သားတစ္ေယာက္၊ သမီးတစ္ေယာက္ ထြန္းကားခဲ့ျခင္းပင္ ျဖစ္ေပမည္။
ဈာပနပြဲအၿပီးတြင္ အားလုံးေရွ႕ေမွာက္၌ မခင္ေလး စာခ်ဳပ္တစ္ခုကို ကိုင္ေျမႇာက္ျပခဲ့သည္။ ဤအရာကား သခင္းမႀကီးသည္ သူမအား အေမြအားလုံး လႊဲအပ္ခဲ့သည္ဟူေသာ စာခ်ဳပ္အတုပင္ျဖစ္သည္။ ထိုဈာပနပြဲ ၿပီးသည့္ေနာက္တြင္ ကာယသုခ၊ စိတၱသုခၿမိဳင္ စံအိမ္ႀကီး၌ ေန႔ညမလပ္ သရဲတေစၦမ်ားႏွင့္ စိန္ရွာေဖြျခင္းအလုပ္ကို ႀကိဳးစားပန္းစားလုပ္ကိုင္ေလေတာ့သည္။ ညညအခါတြင္ ဤအိမ္ႀကီးသည္ အင္မတန္ ေျခာက္ျခားစရာ ေကာင္းလွ၏။ ေၾကာက္မက္ဖြယ္အတိႏွင့္ ျပည့္ေနေလေသာေၾကာင့္ ဤအိမ္ႀကီး၏ ယခင္နမည္ကိုပင္ ေျပာင္း၍ ပရေလာကသားမ်ား စံေပ်ာ္ရာ စံအိမ္ႀကီးဟူ၍ပင္ ေခၚရေလာက္ေပေတာ့သည္။ ထို႔ေၾကာင့္ပင္ အိမ္ေဖာ္မ်ား တစ္ဦးၿပီးတစ္ဦးအလုပ္ထြက္ကုန္ၾကကာ ေနာက္ဆုံး ယခင္အိမ္ႀကီးအရွင္သခင္မ၏ ရက္လည္ေရာက္ေသာေန႔တြင္ ဤအိမ္ႀကီး၌ အိမ္ေဖာ္ဟူ၍ ညိဳျမတစ္ေယာက္သာက်န္ရွိေတာ့ေလ၏။ ညဆယ့္တစ္နာရီခန႔္တြင္ သခင္ႀကီးေက်ာ္နႏၵႏွင့္ သခင္မ မခင္ေလးတို႔၏ အခန္းအတြင္းမွ ဆူေငါက္သံမ်ားထြက္ေပၚလာေတာ့သည္။ ထို႔ေၾကာင့္ ညိဳျမသည္ အဆိုပါအခန္းနားသို႔ ယွဥ္းကပ္ေရာက္ရွိသြား၏။ ထို႔ေနာက္ တံခါး႐ြက္ေဘးနားသို႔ နားကပ္ကာ အေသအခ်ာနားေထာင္ေနေတာ့သည္။
“မိစာၦမ ေဒၚခင္ေလး။ မင္းက အေတာ္ေၾကာက္စရာေကာင္းတဲ့ မေကာင္းဆိုးဝါးမႀကီးပဲကြ။ မင္းေၾကာင့္ ငါ့အေမေသခဲ့ရတာ။ မင္းဟာ မေကာင္းဆိုးဝါးမႀကီးပဲကြ။ သားသမီးလို႔ ေမြးျမဴခဲ့တဲ့ မ်က္နာကိုမွမေထာက္ကြာ…”
“ရွင္ေတာ္ေတာ့ေနာ္။ ရွင့္ကို ကြၽန္မက ခ်စ္လြန္းလို႔ ဒီေလာက္အထိ သည္းခံေနတာေနာ္။ ေနာက္တစ္ခါ ကြၽန္မကို မေကာင္းဆိုးဝါးမလို႔ ထပ္ေခၚလိုက္တာနဲ႔ ရွင္အသက္ထြက္ၿပီသာမွတ္…”
“ေခၚမွာပဲ မေကာင္းဆိုးဝါးမႀကီး။ တစ္ခါတည္းမဟုတ္ဘူး။ ထပ္ခါထပ္ခါ ေခၚေနဦးမွာဟဲ့ မေကာင္းဆိုးဝါးမ၊ မိစာၦမႀကီးရဲ႕။ ေက်းဇူးတရားမသိတက္တဲ့ နင့္ကို ငါကိုယ္တိုင္သတ္မယ္”
“သတ္လိုက္ေတာ့…!!!”
“အား…!!!”
သခင္းႀကီး ေက်ာ္နႏၵ၏အသံ။ ဟုတ္ေပသည္။ အမွန္တကယ္ အသတ္ခံလိုက္ရသည္မွာ သခင္ႀကီး ေက်ာ္နႏၵပင္ ျဖစ္ေခ်ေတာ့၏။
“ငါ့စကား နားမေထာင္တဲ့သူမွန္သမွ် လုံးဝအသက္ရွင္လွ်က္ မက်န္ေစရဘူးေဟ့…”
အသံမွာကပင္ အင္မတန္ေျခာက္ျခားစရာေကာင္းလွ၏။ ညိဳျမလည္း ဆက္လက္နားေထာင္ျခင္းမရွိေတာ့ဘဲ အခန္းအနားမွ ေျခသံလုံလုံျဖင့္ ျပန္ခြာထြက္သြားသည္။
“အေဖ့…သားတို႔ကိုထားထားၿပီလားအေဖရယ္။ ထၾကည့္ပါဦးဗ်ာ။ အေဖမရွိဘဲနဲ႔ သားတို႔ ဒီအိမ္ႀကီးမွာမေနရဲဘူးဗ်။ သားတို႔အရမ္းေၾကာက္တယ္။ အဟင့္ဟင့္ဟင့္ဟင့္”
“ဟုတ္တယ္အေဖ အေဖမရွိဘဲ သမီးလည္း ဒီအိမ္ႀကီးမွာ မေနရဲဘူး။ အဟင့္ဟင့္”
“အေဖ သားတို႔ကို ဒီမေကာင္းဆိုးဝါးမႀကီးနဲ႔ ထားခဲ့ေတာ့မလို႔လား အေဖ့ရဲ႕။ သားတို႔ကိုသားတို႔ကို မသနားေတာ့ဘူးလားဗ်ာ”
“ဟုတ္တယ္အေဖ သမီးတို႔ ဒီမေကာင္းဆိုးဝါး မိစာၦမႀကီးနဲ႔ အတူတူမေနႏိုင္ဘူး အဟင့္ဟင့္”
သခင္မႀကီး ေဒၚခင္ေလးမွာ ပါးစပ္အေဟာင္းသားႏွင့္ မ်က္ရည္မ်ားပင္ တသြင္သြင္စီးဆင္းက်ေနေတာ့သည္။ သခင္ႀကီးဦးေက်ာ္နႏၵ၏ ဈာပနပြဲအၿပီးတြင္ ေဒၚခင္ေလးသည္ သားႏွင့္သမီးအား အေမြအားလုံးကို တစ္ေယာက္တစ္ဝက္စီ ခြဲေဝေပးခဲ့ေတာ့သည္။ စားႏွင့္သမီးတို႔၏ ႏႈတ္မွထြက္လာေသာ မေကာင္းဆိုးဝါးမိစာၦမႀကီး ဟူေသာ စကားက သူ႔ႏွလုံးသားအား ေန႔စဥ္အခ်ိန္နာရီမလပ္ ႐ိုက္ခက္ေနေတာ့ေလ၏။ ေဒၚခင္ေလးသည္ ေလာဘစိတ္ဖုံးလႊမ္းခဲ့၍သာ မေကာင္းမႈတို႔ကို ထပ္ကာထပ္ကာ ျပဳမိခဲ့ေသာ္လည္း သူ႔ေယာက်ာၤႏွင့္ သူ႔သားသမီးမ်ားအေပၚတြင္ အင္မတန္ခ်စ္ရွာ၏။ ယခုမူ သူအင္မတန္ ခ်စ္ရွာေသာ သူမ်ားက သူ႔အား ေကာင္းဆိုးဝါးမိစာၦမႀကီးဟု ေျပာဆိုလာေသာအခါတြင္ သူ႔စိတ္မ်ား မ်ားစြာေျခာက္ျခားခဲ့ရ၏။
ယခုအခ်ိန္တြင္ သူ႔ထံသို႔ မေကာင္းမႈ အကုသိုလ္ကံမ်ား စုၿပဳံ၍ ေရာက္ရွိလာခဲ့ေတာ့သည္။ ေဒၚခင္ေလး လည္ေခ်ာင္းကင္ဆာျဖစ္ကာ မရႈႏိုင္ မကယ္ႏိုင္အဆင့္သို႔ ေရာက္ရွိခဲ့ေတာ့သည္။ သူေမြးထားေသာ မေကာင္းဆိုးဝါးမ်ားမွာလည္း တစ္ေန႔ထက္တစ္ေန႔ ပိုပို၍ ေသာင္းက်န္းလာေတာ့၏။ သားႏွင့္သမီးမွာလည္း သူ႔အနားသို႔မကပ္ေခ်။ ညအိပ္ယာတြင္တြင္း ညိဳျမအားေခၚယူ၍ အိပ္ၾကေလသည္။ စိတၱသုခ၊ ကာယသုခၿမိဳင္ စံအိမ္ႀကီးတြင္ ေဒၚခင္ေလးသည္ တစ္လတြင္တစ္ႀကိမ္ သရဲတေစၦမ်ားအား ၾကက္အေကာင္ႏွစ္ဆယ္၏ လည္ေခ်ာင္းေသြးကို ပူေဇာ္ရ၏။ ထိုေန႔သည္ကား လစဥ္ လကြယ္ညတြင္ျဖစ္၏။ ယေန႔သည္ပင္ လကြယ္ညျဖစ္ေပေတာ့သည္။ ေဒၚခင္ေလး ေရာဂါေဝဒနာျဖင့္ အိပ္ယာထဲတြင္ ဘုံးဘုံးလဲေန၏။ မွတ္မွတ္ရရ ထိုေန႔ည၏ ေကာင္းကင္သည္ မဟူရာကဲ့သို႔ မဲေမွာင္ေနေလ၏။ အခန္းတစ္ခန္းမွအပ က်န္အခန္းမ်ားအားလုံး မီးပိတ္ျပစ္လိုက္ၾကေတာ့သည္။ ထိုအခန္းကား စံအိမ္ႀကီး၏ အရွင္သခင္ေဒၚခင္ေလး၏ အခန္းပင္။ ေလးတို႔သည္ အခန္းမ်က္နာက်က္ေပၚသို႔ လူးလား႐ိုက္ခက္ကစားေနေလ၏။
“ဝူး…ဝူး…ဝူး…”
ေခြးအူသံမ်ား အဆင္မျပတ္ ထြက္ေပၚလာသည္။
“ဝူး…ဝူး…ဝူး…”
“ေဝါ…ဝုန္း…ခလြမ္း…”
“ဝုန္း…”
အိမ္ေဖာ္မေလး ညိဳျမအပါအဝင္ ေဒၚခင္းေလး၏ သားႏွင့္သမီးပါ အဆိုပါအခန္းသို႔ လာခဲ့ၾကသည္။ အခန္းအတြင္းမွ ဗီ႐ိုလဲက်သံမ်ား ပစၥည္းမ်ား ကိုင္ေပါက္သံမ်ား အဆက္မျပတ္ထြက္ေပၚလာ၏။ ေလတို႔သည္လည္း သာမန္ညမ်ားထက္ ပိုတိုး၍ တိုက္ခတ္ေန၏။ ထိုအခန္း၌သာ ဤသို႔ျဖစ္ေနျခင္းျဖစ္သည္။ အျခားအခန္းမ်ားတြင္ကား တိတ္ဆိတ္ၿငိမ္သတ္လွ်က္။ ညိဳျမတို႔သည္လည္း ၾကက္ေသေသ၍ ေနေလ၏။
ထိုစဥ္…
“ကြၽန္မေတာင္းပန္ပါတယ္ရွင္။ ရွင္တို႔ကို ႏွစ္ရွည္လမ်ား တစ္လမွမလပ္ေစဘဲ ေကြၽးေမြးခဲ့တာပဲေလ။ ခုတစ္လေတာ့ သည္းခံေပးၾကပါရွင္။ ကြၽန္မ တကယ္မလႈပ္ႏိုင္လို႔ပါ။ မနင္ျဖန္က်ရင္ ညိဴျမကို ေကြၽးခိုင္းေပးပါ့မယ္။ ကြၽန္မ ကတိေပးပါတယ္။ ဒီတစ္ညေလးပဲ ေစာင့္ခိုင္းတာပါ”
တစ္ခန္းလုံး တိတ္ဆိတ္သြားသည္။ အေတာ္ၾကာမွ
“မလုပ္ၾကပါနဲ႔ရွင္။ ကြၽန္မရဲ႕ သားနဲ႔သမီးကိုေတာ့ မသတ္ၾကပါနဲ႔။ သူတို႔ကိုယ္စား ကြၽန္မရဲ႕ လည္ေခ်ာင္းေသြးကို ေသာက္သုံးေတာ္မူၾကပါ…”
“အား…!!!”
ေဒၚခင္ေလး ဝမ္းေဂါင္းသံႀကီးႏွင့္ တစ္ခ်က္ေအာ္ကာ တိတ္ဆိတ္သြား၏။ မိစာၦမႀကီး၏ ဇာတ္သိမ္းကား ဤသို႔ျဖစ္ဘာခဲ့သည္ေလာ။ သားႏွင့္သမီးမွာလည္း အခန္းတံခါးအား ဆြဲဖြင့္ကာ အခန္းအတြင္းသို႔ ဝင္ေရာက္သြား၏။ ညိဳျမလည္း လိုက္ပါဝင္ေရာက္သြားေသာအခါတြင္ ေဒၚခင္ေလး၏ လည္ပင္း၌ ဓားျပတ္ရာႀကီးႏွင့္ျဖစ္ကာ လည္ပင္းမွ ေသြးမွား ပန္း၍ထြက္ေနေလ၏။ ညိဳျမတို႔ ၾကက္သီးမ်ားပင္ ေထာင္းေထာင္းထေနေတာ့သည္။ ေဒၚခင္ေလးမွာ အသက္ေငြ႕ ရွိေနေသးသည္။ ထိုစဥ္ သူ႔သားႏွင့္သမီးႏွစ္ေယာက္စလုံး တြန႔္ကနဲ႔ျဖစ္သြားၾကသည္။ မ်က္လုံးမ်ား ပိုမိုျပဴးက်ယ္လာသည္။ ေၾကာက္မက္ဖြယ္အသြင္ကို တစ္ျဖည္းျဖည္းေဆာင္က်ဥ္းလာၾကသည္။ မိခင္အနီးသို႔ကပ္သြားကာ ေဘးရွိ ဓားအားေကာက္ကိုင္လိုက္၏။ ညိဴျမတစ္ေယာက္ ေသြးျပန္ကာ ၾကက္ေသေသေနဆဲ။ သူတို႔ႏွစ္ေယာက္စလုံး ဓားႏွင့္ ကိုယ့္လည္ပင္ကို ျပန္လွီးျပစ္ခဲ့ၾကသည္။ လည္ပင္းမွ ေသြးမ်ား ပန္းထြက္လာ၏။ ေဒၚခင္ေလး၏ မ်က္ဝန္းအိမ္တြင္ မ်က္ရည္မ်ား တသြင္သြင္ စီးက်လာသည္။
“ညိဳျမ…ေျပးေတာ့…”
ထိုသို႔ေျပာၿပီးခဏတြင္ ေဒၚခင္ေလး အ႐ုပ္တစ္႐ုပ္ ႀကိဳးျပတ္သည့္ပမာ ေခါက္ကနဲ႔ ေခြက်သြားေလေတာ့သည္။ ညိဳျမလည္း သတိျပန္ဝင္ကာ ေနရာမွ ဝေရာေသာပါး ထြက္ေျပးေတာ့ေလသည္။ ထိုေန႔ညသည္ ဤစိတၱသုခ၊ ကာယသုခၿမိဳင္ စံအိမ္ႀကီး၏ မေမ့ႏိုင္စရာ သမိုင္းမွတ္တမ္းဝင္ တစ္ေန႔ပင္ျဖစ္ေလေပေတာ့သည္။
ကာလပင္ အေတာ္ၾကာခဲ့ေလၿပီ။ ကြၽန္ေတာ္ႏွင့္ ညိဳျမ၊ ယခင္အိမ္ႀကီးအရွင္သခင္၏ သမီးႀကီးႏွစ္ေယာက္ ငွါးရမ္းထားေသာ လုပ္သားငါးေယာက္ႏွင့္ ဤစံအိမ္ႀကီးသို႔ ဝင္ေရာက္ခဲ့သည္။ အစီအစဥ္ကား အိမ္ႀကီးအရွင္သခင္း ျမႇဳပ္ႏွံထားခဲ့ေသာ စိန္မ်ားအား ေဖာ္ယူရန္ျဖစ္သည္။ ကြၽန္ေတာ္သည္ ေရာက္လွ်င္ေရာက္ခ်င္း ညိဳျမ၏ လမ္းၫႊန္မႈျဖင့္ ဘုရားခန္းသို႔ဝင္လာခဲ့သည္။ ထို႔ေနာက္ ဘုရားရွိခိုးၿပီး အာ႐ုံျပဳလိုက္ရာ ဘုရားစဥ္ေအာင္ရွိ အနီေရာင္ ကတိပါစႏွင့္ ေျခသုတ္ခုံေအာက္ရွိ မႈိင္းခံစကၠဴတစ္႐ြက္ကို အာ႐ုံ၌ ေပၚလာခဲ့သည္။ ထို႔ေၾကာင့္ အဆိုပါပစၥည္းမ်ားအား ယူေစကာ ညိဳျမေျပာေသာ စိန္မ်ားျမႇဳပ္ႏွံခဲ့ရာ ေနရာသို႔ လာခဲ့ေတာ့သည္။ အိမ္ေရွ႕ သစ္ခြဥယ်ာဥ္ထဲတြင္ျဖစ္သည္။ ေျမပုံမို႔မို႔ကေလးတစ္ခု။ တူးေဖာ္ၾကည့္ရာတြင္ စိန္မ်ားအား ေတြ႕ခဲ့ရသည္။ ထို႔ေနာက္ ျပဳဖြယ္ကိစၥအဝဝကိုျပဳလုပ္၍ ေနာက္တစ္ေန႔၌ ဘုရားအမႉးရွိေသာ သံဃာေတာ္မ်ားအား ပင့္၍ စိတၱသုခ၊ ကာယသုခၿမိဳင္ စံအိမ္အတြင္း၌ အမွ်ေပး အႏၲရာယ္ကင္း ပရိတ္တရားေတာ္မ်ား နားၾကားပူေဇာ္ခဲ့ၾကေလသည္။
ၿပီးပါၿပီ။

စာဖတ္သူအားလုံး ကိုယ္စိတ္ႏွစ္ျဖာ၊ က်န္းမာခ်မ္းသာၾကပါေစ…
တဏွာေလာဘ မာန္မာနမ်ားလည္း ကင္းေဝးႏိုင္ၾကပါေစ…
ဆႏၵျပဳလွ်က္
ခ်စ္စြာေသာ
ေဒဝ