* လေးမည်ရ ထွန်းကြိုင်*📖📖📖(စ/ဆုံး)
*************************************
————————–
သူ့အမည်က ထွန်းကြိုင်။
အချို့က သူ့ကိုတယောထွန်းကြိုင် ဟုခေါ်ကြသည်။
အချို့က သူ့ကို ပန်းရန်ထွန်းကြိုင် ဟုခေါ်ကြသည်။
အချို့က သူ့ကို အရက်သမားထွန်းကြိုင် ဟုခေါ်ကြလေ သည်။
ပြောရလျှင် ထွန်းကြိုင်ကား လေးမည်ရထွန်းကြိုင် ဖြစ်
လေ၏။ အရပ်ပျပ်ပျပ် ဂင်တိုတို နှုတ်ခမ်းမွေးစုတ်ဖွား
ဖွား ဆံပင်က အမြဲတမ်း ဘိလပ်မြေမှုန့်တွေများနှင့်
ဖွေးကျံလျက်။
ဒီကြားထဲ အသားကမည်းလိုက်သမှ မီးသွေးက အဖေ
ခေါ်ရလောက်သည်။ သူ့အလုပ်က ပန်းရန်ဆရာ အလုပ်။ ပန်းရန်မှာတော့ အတော့်ကိုပညာကောင်း
သည်။ တိုက်အိမ်အမျိုးမျိုးကို တာဝန်ယူနိုင်သည်။
ဘုရားရုပ်တုလည်း နိုင်သည်။ ပန်းရန်သမားတိုင်း
စေတီမချိုးနိုင်။ မတည်နိုင်။ စေတီကိုင်ရတာကား
ထောင့်စကေး အဝိုင်းပညာစဉ်ကြီ၏။ ဒါမျှမကသေး။
ဘုရားရှေ့က ခြင်္သေ့ ရုပ်တုများကိုင်ရာတွင်လည်း ထွန်းကြိုင်က အလွန်ကျွမ်းကျင်လေ၏။
ကြွပြီးရင်ကော့နေသည်။ ခြင်္သေ့ရုပ်ထုကို မြင်ရသည်
နှင့် ဒီဘက်နယ်မှာ ဒါထွန်းကြိုင်လက်ရာ ဆိုတာ ပန်းရန်သမားတိုင်း သိကြသည်။
ဒါကြောင့် ထွန်းကြိုင် ငွေရ၏။
ငွေရွှင်တော့ အရက်ကို ဖောဖောသီသီသောက်၏။ ဖဲ
ရိုက်၏။ ပန်းရန် ပညာလိုချင်သူ တပည့်များ၍ တပည့်
များက အလိုက်သိစွာ ဧည့်ဝတ်ပြုရကား အရက်ဖိုး
အကုန်နည်း၏။ ပန်းရန်သမားလက်ကား သံလက်ကိုင်
ရသဖြင့် အမြဲတမ်း သွက်၏။ ဒါကြောင့် ထွန်းကြိုင်မှာ
မယားနှစ်ယောက် ရှိ၏။
ထိုမယားကား
သူ့ပန်းရန်ဆိုင်းမှ မဆလာရွက်သည့် ဖြောင့်ဖြောင့်
တောင့်တောင့်မိန်းကလေးများဖြစ်လေသတည်း။
ထူးကြိုင်မှာ ထူးခြားချက်များရှိ၏။
သူ့မှာညာဘက်နားရွက်တစ်ဖက်မရှိ။ ၄င်းနားရွက်ကို
အသုဘအိမ်က ဖဲဝိုင်းမှာ ပေးလှူခဲ့ရ၏။
တစ်ခါမှာ သူဖဲရိုက်၏။ ကန်ထရိုက်လုပ်ငန်းက ငွေလုံး
ငွေရင်း လေးရ၍ အရက်မူးသောအခါ ဖဲဝိုင်းမှာ ဒိုင်
ကိုင်၏။ ငွေကုန်တော့ ဖဲရှုံးတော့ ပြသနာရှာ၏။
ဒီမှာရန်ဖြစ်ကြလေရာ …………………
ဖဲသမားလူမိုက်တစ်ဦးက ဓားနှင့်ခုတ်လိုက်၍ ညာဘက် နားရွက်ပြုတ်ကျသွားခဲ့၏။ အဲ့ဒီအချိန်က
စ၍ နားရွက်ပြတ်ထွန်းကြိုင်ဟု အများကခေါ်ကြ
လေ၏။
သည့်ထက် ထူးခြားမှုကား ……… သူသည်
‘ ဟွန်းတယော ‘ အထိုးကောင်းသူ ဖြစ်လေသတည်း။
ဟွန်းတယော ထိုးနည်းကို သူ့ဘကြီး ခေါင်းဖြူ
ဦးကြည် ထံမှာ ငယ်စဉ်ကာလသားကစ၍ သင်ယူ
ခဲ့ရကား …………… ဘွဲ့ ကြိုး ယိုးဒယားသီချင်းကြီး
( ၁၀ ) ပုဒ်ခန့်ရ၏။
ပန်းရန်လက်တို့မည်သည် သေးသွယ်ကော့ပျောင်း၏။
ဟွန်းတယော ကြိုးပေါ်မှ လက်ညှိုး လက်ခလယ်တင်
၍များကြိုးကစားပြီး ဘိုးတံနှင့်တယောကို နွဲလိုက်လျှင်
ကြားရသူများ ငေးငိုင်သွားအောင် ဖမ်းစားနိုင်စွမ်းရှိ၏
ပြီးလျှင် ‘ချစ်သမျှ’ သီချင်းနှင့် နွဲ့လေ၏။
သို့ဖြစ်၍ အကိုထွန်းကြိုင်နောက်တစ်ပုဒ် လုပ်ပါဦး။ ကာလပေါ်ထဲက ကိုစောညိန်းရဲ့ နွေနှောင်းဝသန်
တီးဆိုပါဦး။ စံပယ်သီချင်း ဆိုပါဦး။ သည်ဆောင်းဟေ
မာန်ဆိုပါဦးနှင့် မျက်နှာပွင့်လေရကား …………………
မကြာခဏ မယားနှစ်ယောက်နှင့် စကားများရ၏။
တစ်ခါတော့ မယားကြီးလုပ်သူ မဒေါင်းယဉ်စိန်က ဒီ
ဟွန်းတယောကြီးရှိနေလျှင် တတိယမြောက်မယား
ပါလာဦးလိမ့်မည်ဟု သဘောပေါက်ပြီး …… ထွန်းကြိုင်
၏ ဟွန်းတယောကြီးကို တရုတ် ‘ အရှင် ‘ အပေါင်
ဆိုင်မှာ သွားပေါင်ထားလိုက်၏။ မင်္ဂလာဆောင်ရှိ၍
ဟွန်းတယောလိုက်ရှာတော့ မတွေ့။ တရုတ်အရှင်
အပေါင်ဆိုင်မှာ ဒေါင်းယဉ်စိန် လာပေါင်သွားကြောင်း
ကြားသိသွားသောအခါ မယားကြီးဒေါင်းယဉ်စိန်ကို
ကောင်းစွာဗြင်းလေသည်။
အိမ်နီးနားချင်းများအဆွဲမြန်လို့ ………
နို့မဟုတ် မယားကြီးဒေါင်းယဉ်စိန် မြေကြီးထဲရောက်
ပြီးကိုယ်တိုင် အုတ်ဂူပန်းရန်ကိုင်ရမည့် ဘဝရောက်
သွားနိုင်၏။
သို့ကလို လေးမည်ရထွန်းကြိုင်သည် နာမည်လေးမျိုး
ဖြင့် ကျော်စောရကား အမြဲလိုလို မူးနေလေ့ရှိ၏။ မူး
ပင်မူးသော်လည်း အလုပ်အကိုင်မမှားယွင်းစေရ။
ငွေမရဘူးမဟုတ်။ ရ၏။ သို့သော်ရသည့်ငွေကြေးများ
သည် အရက် လောင်းကစား အပျော်မိန်းမများနှင့်
ကုန်နေရကား ( ၂၄ ) နာရီငွေလိုလေ့ရှိ၏။
တပည့်များထံ၌ ချေးဌားသုံးရလေ့ရှိ၏။ ဟိုဒီချေးရ၏။
မယားနှစ်ယောက်ကား ငတ်ချီတလှည့် ပြတ်ချီတခါ
စားစရာမရှိလျှင် ရှိတာပေါင်သုံးပြီး ထွန်းကြိုင်၏ လိုဘ
များကိုဖြည့်နေရရှာ၏။ မယားများ ၄င်းအိပ်ရာထဲ
မူးမူးရူးရူးကြည်နူးနေချိန်ရောက်လျှင် မစားရဝခမန်း
စကားများဖြင့် မက်လုံးပေးလေ၏။
”အချီကြီးတစ်ခွင်ရတော့မယ် ။ မိန်းမ အဲ့ဒီကျရင် အချစ်ကို တစ်ကျပ်သား ဆွဲကြိုးကြီး အကိုကြိုင်လုပ်
ပေးမယ် …… ခဏလေးစောင့်”
”တော်ပါ …… ရှင်ဒီလိုပြောပြောပြီး ……… ဟိုဒင်း
…… အို …… ဖယ်ပါ”
”အကို့ အချစ်ကို ယုံစမ်းပါ မိန်းမရာ”
”သွား …… သွား ”
ဘယ်သွားလိမ့်မည်နည်း။ မိန်းမကြမ်းကျေနေသော
ထွန်းကြိုင် ဥစ္စာ။ စကားလုံးလှလှလေးတွေကျွေးပြီး
အနမ်းမိုး ခပ်သည်းသည်းရွာချလိုက်သောအခါ မိန်းမ
မာယာဖြစ်သည့် လှိုင်းတံပိုးထ၍လာခဲ့ကာ ……………
…………………………………
…………………………
*******
( ၂ )
အောင်ရတနာ ဘုန်းတော်ကြီးကျောင်းမှာ သူနဂါးရုံ
ဘုရား တည်နေ၏။ သူ့ရဲ့ပန်းရန်လက်ရာကို ဘုန်း
တော်ကြီး ဦးအာစရ လွန်စွာသဘောကျရ၏။ အမြင့်
( ၁၅ ) ပေကျော် နဂါးဦးခေါင်းအောက်မှာ တင်ပျဉ်
ခွေ ဗုဒ္ဓရုပ်ပွားတော် စံပယ်နေဟန်။
နဂါးခေါင်းနှင့် ကိုယ်လုံးသည် ဆေးမခြယ်ခင်ကပင်
အသက်ဝင်ပြီးကြွနေ၏။ နဂါးမျက်လုံးနှစ်လုံးကို အနီ
ရောင်ကျောက်ကြီးနှစ်လုံးထည့်ထားပြီးကိုင်တော့
နေ့ကြည့်ကြည့် ညကြည့်ကြည့် မီးရောင်နေရောင်ဟပ်
လိုက်လျှင် ……… နဂါးမီးတောက်စားနေသကဲ့သို့ ဝင်း
စူးလက်နေသည်။ ဆေးခြယ်လိုက်သော အခါတော်ရုံ
လူပင် အနားမကပ်ရဲကြ။ တကယ့်မြွေနဂါးကြီးအတိုင်း
ဖြစ်နေ၏။
”ကိုထွန်းကြိုင် …… တော်တယ်ဗျာ”
”အဟဲ …… ဟဲ …… ထွန်းကြိုင်ဗျာ …… လေးမည်ရ
ထွန်းကြိုင်ဥစ္စာ …… ဒီလောက်တော့ရှိမှာပေါ့ဗျာ ……
အဟတ်”
ဒီနေ့ နဂါးရုံအောက်မှာ ဗုဒ္ဓရုပ်ပွားတော် လက်စသတ်
၏။ နက်ဖြန်မှာ ဌာပနာပိတ်ပွဲရှိသည်။ စေတနာရှင်
များ လှူဒါန်းကြသည့် ကျောက်မျက်ရတနာများ ကို
ဗုဒ္ဓရုပ်ထု၏ ရင်ဘက်ထဲမှာ ဌာပနာမည်ဆို၍ ရင်ဘတ်
နေရာမှာ အခေါင်းပေါက်လုပ်ထားလိုက်ရ၏။ ဒီရင်
ဘက်ထဲမှာ အလှူရှင်များ၏ ကျောက်မျက်များဌာပနာ
ပြီးလျှင် သူက ဌာပနာပိတ်ပြီး အချောပန်းရန်ကိုင်ရ
မည်။
ပြီးလျှင် ……………
ပန်ချီရနေ၍ ဆေးတင်ရမည်။
လပြည့်နေ့သို့ ရောက်သောအခါ အတီးအမှုတ် အကျွေးအမွေးများဖြင့် ဌာပနာ ပိတ်ပွဲကိုကျင်းပကြ
၏။ အလှူရှင်များအသီးသီး ရောက်လာကြ၏။ နဂါးရုပ်ထုကိုကြည့်၍ ချီးမွမ်းကြ၏။ ကြည်ညိုစရာကောင်းသည်။ သူ့လက်ရာဗုဒ္ဓရုပ်ထု၏
မျက်လွှာချ ရုပ်ထုကိုကြည့်ပြီး တော်လိုက်တာဟု
ချီးမွန်းကြ၏။
ဤသို့ချီးမွမ်းသံကြားတော့ ထွန်းကြိုင်မြောက်ကြွ မြောက်ကြွ။ မကြာခင် ဘုရားလူကြီးများက ငွေလင်
ပန်း ထဲမှာ အမည်စာတန်းရေးထိုးသည့် ကျောက်
မျက်ရတနာများ ယူလာပြီးကြေညာ၏။
”ဟောဒီမြလက်စွပ်က အလှူရှင်ကိုသောင်းရင်
ကောင်းမှု ပါခင်များ ”
သို့ကလိုပြောပြီး အလှူရှင်အများရှေ့မှာတင် ဌာပနာ
သွင်းလိုက်၏။
”ဟောဒီ …… ရွှေလက်စွပ်က ဘကြီးမှိုင်း နှင့် ဇနီး
ဒေါ်ခင်စန်းမြင့် ကောင်းမှုပါခင်များ”
ပြောပြီး သွင်းလိုက်၏။
”ဟောဒီ …… ဇာရံခြယ် နားကပ်နှစ်ခုဟာ ပွဲစားကြီး
ဦးမင်းကြည်လှိုင် ကောင်းမှုပါခင်များ”
ဌာပနာသွင်းလိုက်ပြန်၏။
”ဒီကျောက်စိမ်းလက်စွပ်က ပြဇာတ်မင်းသမီး ကြည်မွေးအိမ် ကောင်းမှုပါခင်များ”
အာပေါင်အာရင်းနှင့်ကြေညာရင်း သွင်းလိုက်ပြန်၏။
”ဟောဒီ …… ကျောက်နီလက်စွပ်က အလုပ်သမား
အရာရှိ ဦးတင်ဝင်းနှင့် ဇနီး ဒေါ်ကရီနာ ကောင်းမှု
ပါခင်များ”
ဒီလိုနှင့် အလှူရှင် ( ၁၅ ) ဦး၏ အမည်အရင်းများကို
ကြေညာပြီး အများရှေ့မှာ ဌာပနာသွင်းလိုက်၏။ပ
ပစ္စည်းကုန်သည်နှင့် ပန်းရန်ဆရာထွန်းကြိုင်အလှည့်
ရောက်လာ၏။ ပြီးနောက်အချောကိုင်၏။ မဆလာ
ခြောက်လောက်တော့မှ ဆေးတင်ရ၏။ မကြာခင် ကိစ္စ
ဝိစ္စအလုံးပြီးစီးသွားခဲ့သည်။ သည့်နောက်ရေစက်ချ
တရားနာပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်၍
အခမ်းအနားကို ရုတ်သိမ်းလိုက်လေသည်။
ပန်းရန်ထွန်းကြိုင်လည်း လုပ်အားခ ငွေကြေးယူပြီး
အရက်ဆိုင်ရှိရာသို့ခြေဦးလှည့်လိုက်လေတော့၏။
{ လေးမည်ရ ထွန်းကြိုင် }
( ၃ )
”ထွန်းကြိုင် …… မင်းငါ့ဆီကချေးထားတဲ့ငွေသုံး
သောင်း …… ဘယ်တော့ဆပ်မှာလဲ …… ရှင်းရှင်း
ပြော”
ကြွေးရှင် ကိုဘမောင် သည်ခါးထောက်၍ မေးလိုက်၏
”ခနလေးစောင့်ပါ …… ကိုဘမောင်ရာ …… မကြာခင်
တိုက်တစ်လုံး …… လက်ခံဖို့ရှိနေပါတယ်”
”မင်းဒီလိုနဲ့ညာပြောနေတာ …… အကြိမ်ပေါင်းမနည်း
တော့ဘူး …… ထွန်းကြိုင် …… အတိုးမပေးတာလဲ
သုံးလရှိပြီ …… ငါသည်းမခံနိုင်တော့ဘူး …… ဟေ့
ကောင်”
”ခနလေးတော့စောင့်ပါဗျာ …… အားလုံးအကြေဆပ်
ပါ့မယ်”
”အေးကြည့်ကြသေးတာပေါ့ ထွန်းကြိုင်ရာ ……… ဒီ
တစ်ခါရရင်ရ မရရင် မင်း ဘမောင် အကြောင်းသိ
ပါတယ်နော် …… ထွန်းကြိုင်”
”စိတ်ချပါဗျာ”
”ထွီ ……… စောင့်ကကြည့်မယ်ဟေ့ ……… မရရင်
တော့လား …… ဟင်း”
ကြွေးရှင် ကိုဘမောင်ကြိမ်းဝါးပြီး တံတွေးတစ်ချက်
ထေ၍ ခြေဆောင့်ထွက်သွား၏။ ထွန်းကြိုင် လက်ကျန်
အရက်ကို မော့ချလိုက်သည်။
ထိုစဉ်ခြံထဲသို့လူသုံးယောက်ဝင်လာ၏ ။ ထိုလူများကို
မြင်လိုက်ရသော အခါ ထွန်းကြိုင်သောက်နေရာမှ ထ
ပြေးရန် ပြင်လိုက်သည်။
”ဟေ့ကောင် …… ထွန်းကြိုင် …… ဒါဘယ်လဲ”
ထွန်းကြိုင်နောက်ကျသွားခဲ့ပြီ။ ပြေးရန်ပြင်ပြီးမှ ပြန်
ထိုင်လိုက်၏။
ဝင်လာသူများကား ………… ဓားမ ငတင် ဖဲသုံးချပ်
အောင်ကြီးနှင့် ထောင်ထွက် ဘရီ။ လူမိုက်များ။ ဖဲ
သမားကြီးများ။
”ဟေ့ကောင် …… ”
”ဗျာ …… အကိုဘရီ”
”ဘယ်မှာလဲကွ …… ဖဲကြွေးနှစ်သောင်း”
”ဟို …… ဟို”
”ဟေ့ကောင် …… ဘာဟိုတွေ ဒီတွေ လုပ်မနေနဲ့။ ဖဲ
ဝိုင်းမှာ မင်းအသတ်ခံရမှာစိုးလို့ ငါတို့စိုက်ပေးခဲ့ရတာ
သိတယ်နော်။ အဲ့ဒီငွေ ။ ငါတို့ငွေပြတ်နေပြီ”
ထွန်းကြိုင်တစ်ခါက မသာအိမ်မှာ ဒိုင်ကိုင်ရင်း ငွေကုန်
သွား၏။ ဒါပေမယ့် ရှိသေးသယောင်ဟန်ပြုရင်း ဆက်
ကိုင်ရာ သူ့ဖဲဘူကျပြီး လက်ထိပ်အိမ်နှင့် လက်သန်းအိမ် နှစ်အိမ်ကို လျော်ရမည့် အခြေအနေရှိ
သွား၏။
ဒီမှာ မလျော်နိုင်တော့။ လျော်ရမည့်ငွေက သုံးသောင်း။ မလျော်နိုင်သည့်အခါ ဖဲသမားလူမိုက်
နှစ်ဦးက သူ့ကုပ်ကိုဆွဲ၍ လယ်ကွင်းထဲသို့ခေါ်သွား
၏။ သူ့ကိုသတ်တော့မည်။ ဒီမှာ ထောင်ထွက် ကိုဘရီ
တို့လိုက်လာပြီး ငွေနှစ်သောင်းနှင့်စျေးဆစ်ရွေးပေး
ခဲ့ရ၏။
၄င်းငွေကို တစ်ပတ်အတွက်း သူရှာပေးရမည်။ အခုနှစ်ပတ်ကြာသွားခဲ့သည်။ ထောင်ထွက်ဘရီတို့
အိမ်အရောက်လိုက်ခဲ့ကြပြီး
”ပေးလေကွာ”
ကိုဘရီ ဟိန်း၍ အော်လိုက်ရကား သူ့ရင်မှာ တုန်ခါ
သွားခဲ့၏။
”အကို …… ဘ ……… ဘရီ”
”ဘာလဲ”
”တစ်ပတ်လောက် ……… စောင့် ……… ”
”ဖောင်း”
”အား”
”အင်း”
လက်ဝါးနှင့် လက်သီးများက နာရင်းနှင့်အရှိုက်ကို
ပြေးဝင်လာ၍ သူမှောက်ခုံကျသွားလေ၏။
”မင်း …… မင်း …… လူလိမ် လူညာ …… အလကား
ကောင် မင်းကို …… ငါတို့ကိုယ်တိုင်သတ်မယ် ……
ထလိုက်ခဲ့ ……… ဟေ့ကောင်တွေ ဆွဲခေါ်ခဲ့”
ဓားမငတင်နှင့် ဖဲသုံးချပ်အောင်ကြီးက ကုက်မှ ဆွဲ၍
ထူလိုက်စဉ်
”အ…… အကို …… ဘ …… ဘရီ”
”ဖောင်း”
”အား …… ကျုပ် …… ကျုပ် …… ကတိပေး ………
ပေးပါတယ်ဗျာ”
”ဘာကတိလဲ …… ဘယ်လိုလိမ်ချင်သေးလို့လဲ ပြော
စမ်း”
”နက် …… နက်ဖြန် ကျုပ် …… ကျုပ်ရအောင်လုပ်
ပေးပါ့မယ်ဗျာ”
”မင်းတကယ်ပြောနေတာလား …… ထွန်းကြိုင်”
”ဘုရားစူး …… မိုးကြိုးပစ်ရစေရဲ့ …… အကိုရာ”
”ကောင်းပြီလေ …… နက်ဖြန်မနက် …… ငါတို့လာခဲ့
မယ် …… နက်ဖြန်မှမရရင် …… ထွန်းကြိုင် ……”
”ဗျာ …… ဗျာ”
”မင်းရင်ဝမှာ ဓားတန်းလန်းစိုက်ပြီသာမှတ်။ ကြား
လား ထွီး …… ခွေးတိရစ္ဆာန် လူလိမ်လူညာ ………
အလကားကောင် ……”
သို့ကလိုပြောပြီး သူ့ရင်ဘက်ကိုဆောင့်ကန်၍ ထွက်
သွားသည်။ ထွန်းကြိုင်နဖူးမှာ ချွေးများသီးနေသည်။
ကြွေးရှင် နှစ်ဦးစလုံးက လက်စလက်နရှိနေသူများ။
လူတစ်ယောက်သတ်ဖို့ ဝန်မလေးသူများ။ သူပေးပါ့
မည် ရက်အတိအကျ ကတိပြုခဲ့လိုက်ပြီ။
သူ ဘယ်လိုလုပ်ရမည်နည်း
”ဟူး ………………………………………………”
*******
( ၄ )
သူအမှောင်ကို အားပြု၍ ဘုရားကျောင်းဝိုင်းထဲသို့
ဝင်လိုက်၏ ။ အချိန်ကား ……… အိပ်မောကျကောင်း
သည့်……… လင်းပိုင်းဝင် တစ်ချက်တီးအချိန်။ ကျောင်းဝင်းသည် မီးမှိတ်ထား၍ မှောင်ကျ၏။ ကြယ်
ရောင်လရောင်များက သစ်ပင်ဝါးပင် ညောင်ပင်ရိပ်
များကြားမှ နဂါးရုံဘုရားပေါ်သို့ ဖိတ်စဉ်ကျနေ၏။
သူဝါးလှေကား ထောင်၍ နဂါးရုံဘုရား ပလ္လင်ပေါ်
တက်လိုက်သည်။ ထွန်းကြိုင်နဖူးမှာ ချွေးများသီးစို့
နေသည်။ သူမိုက်မဲသော အလုပ်ကိုလုပ်နေရပြီ။
သူ့ဘဝမှာ နောက်ဆုံးထွက်ပေါက်က အကြွေးဆပ်
ခြင်း ။ ဒါမှမဟုတ် အသတ်အသေခံခြင်း။ သူ အသေမ
ခံနိုင်။ ဒီတော့မိုက်ပြစ်ကြွေးများကို ဆပ်ရန် ဗုဒ္ဓရုပ်ထု
ရင်ဘက်မှ ဌာပနာခန်းကို ဖွင့်ရန်ဆုံးဖြတ်ချက်ချလိုက်
လေသည်။
ဒီဌာပနာခန်းကို လူမခိုးရန် သူလက်နှင့်ပိတ်ခဲ့ကာ အခု
သူကိုယ်တိုင်ဖွင့်ရတော့မည်။ သူ့လက်ရာနဂါးကြီးက
သူ့ကိုစူးစိုက်ကြည့်နေ၏။ လရောင်ထိုးထား၍ မြေနဂါး
ကြီးမျက်လုံးအစုံသည် ရဲတွတ်နေ၏ ။ သူမြွေနဂါးကြီး
မျက်လုံးကို စိုက်ကြည့်နေစဉ်မှာပင် မြွေနဂါးကြီး လူး
လွန့်လာသလိုရှိ၍ လန့်သွား၏။
သေချာကြည့်လိုက်တော့မှ အတုမှန်းသိရသည်။
သူ့စိတ်တွေ တုန်လှုပ်ခြောက်ချားနေလေသည်။ ဒီမှာ
သူ့ကျောကို လက်နှင့်ဆွဲချသလို ခံစားလိုက်ရ၍ လန့်
ပြီး နောက်ပြန်လှည့်ကြည့်လိုက်တော့ အုန်းလက်တစ်
ညွန့်က သူ့ကျောကို လေတိုးပြီးလာရိုက်မှန်းသိ၍
အကြောက်ပြေသွား၏။
ဒီနောက် သူ စူးနှင့်ဆောက်ကို ထုတ်လိုက်ပြီး ကျောက်မျက်ရတနာများ ဌာပနာထားသည့် ဗုဒ္ဓရုပ်
ထုရှေ့မှာ ရပ်လိုက်သည်။ ပါးစပ်မှ သူ့ကိုခွင့်လွတ်ပါ
ဟုလည်းတောင်းပန်ပြီးနောက် ကျောက်ဖြစ်လောက်
အောင်မမာကျောသေးသော မာဆလာသွင်းရင်ဘက်
ကို စူးဆောက်နှင့် ကော်၍ထိုး၍ ကခြစ်၍ ဖွင့်လိုက်
သည်။
”ဖူး”
”အမလေး”
အောက်မှ မှုတ်သံကြားရ၏ ။ မှုတ်သံကမြွေမှုတ်သံ
မျိုး။ သူနဂါးရုပ်တုကို မော့ကြည့်၏။ နဂါးမုတ်ဆိတ်
များက တွဲလောင်း။ ဒီမှာ နဂါးမျက်လုံး ကျောက်နီနှစ်
လုံးက ကစားနေသလိုမြင်လိုက်ရပြီး အံ့သြသွားကာ
လုပ်လက်စကို ရပ်လိုက်သည်။
”မဟုတ်သေးပါဘူး …… ငါထင်လို့ပါ”
သည်နောက်လုပ်လက်စကို ဆက်လုပ်နေလိုက်သည်။
”ဗူး”
”အလိုလေး’
စောစောမှုတ်သံက အောက်ကကြားရသည်။ အခုမှုတ်
သံက အပေါ်က ။ ဘုရားရေ ဒီကျောက်နဂါးရုပ်ထုက
ပဲမှုတ်နေသံပေးနေရော့လား။ သူအတန်ကြာစိုက်
ကြည့်နေလိုက်သည်။ ဘာသံမျှမကြားတော့မှ မဆလာ
များကိုကော်ထုတ်လိုက်သည်။ အထဲမှာ အစိုဓာတ်ရှိနေ၍ ၁၅ မိနစ်ခန့်အတွင်းရင်ဘက်ပွင့်
သွားသည်။
ဒီနောက် ကျောက်မျက်ရတနာများကို နှိုက်ယူလိုက်
ပြီး ပုဆိုးခါးပုံစကြားမှာ ထည့်လိုက်၏။ ပြီးသည်နှင့်
ဝါးလှေကားနှင့် အောက်ကိုအသာဆင်းလိုက်သည်။
မြေကြီးကိုခြေချမိသောအခါ … ……
”ဖူး”
”အလိုလေး”
”ဖောက် ”
”အောင်မလေးဗျ”
”ဝုန်း”
”ဂလုံး…… ဝုန်း”
”ဂွမ်း”
သူ့ညာဘက်ခြေထောက်ကို စူးရှသောအရာမျိုးနှင့်
ပေါက်ချ စိုက်ချသလို ခံစားလိုက်ရပြီး ခေါင်းထဲမှာ
မိုးကြိုးပစ်သလိုခံစားလိုက်ရကာ မျက်စိထဲဝင်းကနဲ
ဖြစ်သွား၏။ သည်မှာ ဝါးလှေကား ပက်လက်လှန်ကျ
သွားခဲ့တော့၏။ သူနာကျင်လွန်း၍ အားကုန်အော်
လိုက်ရကား
ဘုန်းကြီးကျောင်း မှ တံခါးဖွင့်သံ မေးမြန်းသံ ပြေး
လာသံ များကိုကြားလိုက်ရပြီးမြေပြင်မှာပုံလဲကျ
သွားသည်။
သူသိလိုက်ပြီ သူ့ကိုမြွေဆိုးတစ်ကောင်ကိုက်လိုက်
ပေါက်လိုက်ပြီ။ သူအားတင်းပြီးပြေးရန်ကြိုးစားလိုက်
သည်။ အသားများတုန်လာသည်။ အကြောများတွန့်
လိမ်လာသည်။ မျက်လုံးနှစ်လုံးပြာလာသည်။သူဘာ
ကိုမှ ဝေဝေဝါးဝါး မမြင်ရတော့။ ဒီမှာပဲ တစ်တစ်လုံး
နှင့်တိုက်မိကာ လဲကျသွားပြီး အကျောများတွန့်လိမ်
ကာ လေးလို့နေတော့၏။
ကပ္ပိယကြီး ဦးကုလားနှင့် ဦးဇင်းဝိမလ တို့ လက်နှိပ်
ဓာတ်မီးဖြင့် ထိုး၍ ကြည့်လိုက်သောအခါ
”လူတစ်ယောက်လဲလို့ပါလား …… ဦးဇင်း”
”ဟုတ်တယ် …… ဘာဖြစ်လို့လဲ …… ဘယ်သူလဲ
ကြည့်စမ်း …… ကပ္ပိယကြီး”
”ဟာ …… ဒါ …… ဒါ …… ပန်းရန်ထွန်းကြိုင်”
”အလိုလေး ……… သူ့ဘေးမှာ ကျောက်မျက်ရတနာ
တွေပါလား”
ပြန့်ကျဲနေသော ကျောက်မျက်ရတနာများကို ကပ္ပိယ
ကြီးနှင့် ဦးဇငိးတို့ မမျှော်လင့်ဘဲ တွေ့လိုက်ရသောအ
ခါ ဗုဒ္ဓရုပ်ပွားတော် ရှိရာသို့လက်နှိပ်ဓာတ်မီးဖြင့် ထိုး
ကြည့်လိုက်၏။
”ဟော …… ဦးဇင်းကြီး”
”ဘာတုန်း …… ကပ္ပိယကြီး”
”နဂါးရုံဘုရားရုပ်ထု ဌာပနာခန်း အဖောက်ခံရတာဗျ
ဟိုမှာ ရင်ဘက်ပွင့်လို့”
”ဟင် …… ဒါ …… ဒါဆ်ု …… ဒီကောင် ပန်းရန်ထွန်းကြိုင်”
”ဒီကောင်မှ ……ဒီကောင်ပဲဗျ။ ဟေ့ကောင် …… ထွန်းကြိုင် …… ”
ကပ္ပိယကြီးက မေးနေသည့် ထွန်းကြိုင်ကို လှုပ်၍ ပွေ့
၍ ခေါ်လိုက်သည်။
”ထွန်းကြိုင်”
”အင်း …… အင်း”
”ဟင် …… မင်းဌာပနာခန်းဖွင့်ပြီးကျောက်တွေပြိ
ယူလိုက်တာလားဟင် …… ဟင်လို့”
”ကပ္ပိယကြီး …… ကျုပ် …… မှား…… မှား …… အင့်”
”ဟာသွားပြီ”
လောဘသား လူမိုက် လူအန္ဓ ထွန်းကြိုင် ဇက်ကျိုးကျ
သွားခဲ့လေပြီ။
”ဖူး”
ဒီမှာ မြွေဟောက်ကြီးတစ်ကောင်က ပါးပျဉ်းထောင်
၍ ဖူး ဟုအသံပြုလိုက်ပြီး ချုံထဲပြေးဝင်သွားသည်ကို
မြင်လိုက်ရသောအခါ …………
”အင်း …… အတော့်ကို မိုက်မဲတဲ့ကောင်ပဲ ခုဘဝမှာ
လည်း သင်းမစံစားရ နောင်ဘဝမှာလည်း အဝီစိ ချိုး
ကပ် ရမည့်ဘဝ ကျိန်းသေပြီပေါ့ …… ထွန်းကြိုင်
ဒီ ဒုစရိုက် အမှုသာ မင်းမကျူးလွန်ရင် …… မင်းရဲ့
လုပ်အား ကုသိုလ်ကြောင့် နတ်ပြည်ရောက်ရမှာ ……
ခုတော့ …… ကျပေါ့ ……… ငရဲ ”””””
ဟူ၍ ကပ္ပိယကြီး စိတ်မချမ်းမြေ့စွာ ရေရွတ်လိုက်
ပါတော့၏။
************
စာရေးဆရာကြီး မောင်ညိုမှိုင်း ( သန်လျင် )