” လွမ်းစေတီမှချစ်သူမောင်နှံ “(စ/ဆုံး)

Unicode Version

” လွမ်းစေတီမှချစ်သူမောင်နှံ “(စ/ဆုံး)
————————————-

ကျွန်ုပ် နေထိုင်လျက်ရှိနေသော ရပ်ကွက်အနီးတွင်
ခြောက်ထပ်ကြီး ဘုရားကို အစွဲပြု၍ ခြောက်ထပ်
ကြီးကုန်းဟု ခေါ်ဆိုသော နေရာကျယ်ကြီး ရှိနေလေ၏။
ထိုနေရာသည် ယခင်ကာလများဆီကလွန်စွာနက်သော
တောကြီးဖြစ် လေ၏။ ရှေးအခါက သမင်၊ ဒရယ်များ၊
မြွေကြီးများရှိကြောင်း ဆိုကြလေ၏။
အဆိုပါနေရာသည် တောင်ကုန်းတွေရှိနေသလို
ချိုင့်ဝှမ်းကြီးတွေလည်း ပေါလှပေ၏။ သစ်ပင်ချုံနွယ်များမှာ
ရှုပ်ထွေးနေသလို တသွင်သွင် စီးဆင်း နေသော
စမ်းချောင်းများလည်း ရှိနေလေ၏။
ကျွန်ုပ်သည် ယခုနေထိုင်ရာသို့ ၁၉၅၀ ပြည့်ဝန်းကျင်
က ရောက်ခဲ့ခြင်း ဖြစ်ရာ အဆိုပါခြောက်ထပ်ကြီး
ကုန်းကိုတောတောင်ကြီးအဖြစ် တွေ့မြင်ခဲ့ရ
လေ၏။ မြွေပေါသည် ကင်းပေါသည်၊ သူခိုးသူဝှက်
တွေ ခိုးအောင်ရာ နေရာ ဖြစ်သည်။ နာနာဘား
ကောင်တွေရှိသည်၊ မကျွတ်မလွတ်သေးသည့်
ဂျပန် သူရဲတစ္ဆေတွေရှိသည်ဟူသော သတင်းများကြား
နေရသဖြင့် ဘယ်သူမှ ဖြတ်သန်းမသွားရဲကြပေ။
နောင်လေးငါးနှစ်လောက်အကြာတွင် ယင်းကုန်း
စပ်၌ပည်သည့်နေရာ ကရောက်လာမှန်းမသိသော
သူများက တဲအိမ်လေးများ တည်ဆောက်ကာ
နေထိုင်ကြလေ၏။ တစ်စတစ်စ များပြားလာလေတော့၏။
၁၉၅၉ – ခုနှစ်လောက်ခန့်တွင် ယင်းကျူးကျော်
တဲများကို နိုင်ငံတော် အမိန့်ဖြင့် သာကေတ၊
ဥက္ကလာပဟူသော မြို့သစ်များဆီသို့ ပို့လိုက်လေရာ
ယင်းနေရာသည် အတော်လေးပင်ရှင်းလင်းသွားလေတော့၏။
ထို့နောက် သက်ဆိုင်ရာ အဖွဲ့အစည်းများက
ချုံနွယ်များကို ရှင်းလင်း ကာ အဖွဲ့အစည်းနှင့်
ပတ်သက်သော အဆောက်အအုံတို့ကို ဆောက်ကြ လ၏။
၁၉၇ဝ -ပြည့်နှစ်ခန့်ကာလ၌လူနေအိမ်များပြန်
လည်များလာပြန်၏။ စည်ကား၍ပင်လာပြန်၏။
ရပ်ကွက်ပိုင်အိမ်များဖြစ်လာ၍ သန်းခေါင်စာရင်း
ချပေးခြင်း၊ ဧည့်စာရင်းပေးခြင်းတို့ကို ရရှိကြလေ၏။
ယင်းသို့စည်းကားလာသည့်အခါခြောက်ထပ်ကြီးကုန်းဟူသောအမည်
နာမသည် ကွယ်ပျောက်လုလုဖြစ်ခဲ့လေတော့၏။
ကျွန်ုပ်တို့နေထိုင်ရာ ပုလဲလမ်းကို အမှီပြုကာ
ပုလဲကုန်းဟု အမည်ဖွဲ့ ကြသလို၊ အောင်သိဒ္ဓိဘုရားနှင့်
နီးသောအပိုင်းကို အောင်သိဒ္ဓိကုန်းဟု ဒါဒါသ
မုတ်ကြလေ၏။ ထို့ပြင် ရေးသည်ကြီးမဇောင်းခါးနေသော
နေရာ ကို မကောင်းဝါးကုန်းဟု နောက်ပြောင်ခေါ်
ဝေါ်သော နေရာရှိသလို မက္ခရာ ကုန်းဟု ခေါ်
ဆိုသော နေရာလည်း ထင်ထင်ရှားရှား ရှိနေပြန်၏။
မက္ခရာကုန်းဟု ခေါ်ဆိုသော နေရာတွင်
ပျံကျနေထိုင်သူများ ပေါများ လေ၏။ လက်လုပ်
လက်စား ဘဝသမားများ ဖြစ်လေ၏။ သူတို့သည် ညနေ
စောင်းလျှင် ယမကာရည်လေးတွေသောက်
စားရင်းကစားငြင်းခုံသည်များ ရှိကြ၏။ ငှက်ကြီးတောင်ဓား
တဝင့်ဝင့်ဖြင့် ရန်ပွဲများ မကြာခဏ ဖြစ်ရလေ ၏
ထိုစဉ်က မက္ခရာ ဇာတ်လမ်းရုပ်ပြစာအုပ်
နာမည်ကြီးချိန်၊ မက္ခရာဓား ဟူသော ရုပ်ရှင်
ဇာတ်ကားပြနေချိန်မို့ ပက္ခရာကုန်းဟု အမည်တွင်ခဲ့သည် ဟူ၏။
ယင်းသို့ အမည်အမျိုးမျိုး သတ်မှတ်နေထိုင်ကြသော
အိမ်များတည် နေရာသည် ကျူးကျော်ရပ်ကွက်မျှသာ ဖြစ်လေ၏။
ကျွန်ုပ်ရေးမည့်ဇာတ်လမ်းတည်နေရာသည်
မက္ခရာကုန်းဝန်းကျင်၌ပင်ဖြစ်လေ၏။
မက္ခရာကုန်းအနီးရှိ တောင်ပူစာလေးတွင်
ထုံးစေတီလေးရှိနေလေ၏။ ကုန်းမြင့်လေးတွင်
တည်ရှိနေသည်မို့ အဝေးကပင် မြင်တွေ့နိုင်ကြဒလ၏။
အချို့ကယင်းစေတီလေးကိုလွမ်းစေတီဟုခေါ်
ဝေါ်ကြလေ၏။လွမ်းစရာ အဖြစ်အပျက်ကလေးတွေ၊
ကြေကွဲစရာဖြစ်ရပ်ကလေးတွေ နွယ်ယှက်နေ
သည်မို့ပေလားမသိ။ အဝေးမှ မြင်တွေ့ရသည်မှာ
လွမ်းဝေ့သီကာ လွမ်းစရာ လေးပင်တည်း။
ထိုစေတီလေး၏ သမိုင်းနောက်ခံဇာတ်ကြောင်းကို
ကျွန်ုပ်သည် အမှတ် မထင် ကြားသိခဲ့ရလေ၏။
အမှန်တကယ်ပင် ရင်နင့်ဖွယ်ရာဇာတ်ကြောင်း
လေးဖြစ်နေလေတော့၏။ထိုရင်နင့်စဖွယ် ဇာတ်ကြောင်းအစသည်
မောင်လူဖွေးနှင့် ပတ်သက် နေ၏။ မောင်လူဖွေး
သည်အသားအရေဖြူဖွေးလှပြီ၊ ရည်မွန်သောလူရွယ်
လေးဖြစ်လေ၏။ တရုတ်သွေးတစ်မတ်လောက်
ပါသဖြင့် တရုတ်ဟန်လည်း ပေါက်နေလေ၏။
မောင်လူမွှေးသည် ရိုးသားရည်မွန်ပြီး ဘာသာရေးပါ
ကိုင်းရှိုင်းသူဖြစ် လေ၏။ ထိုဂုဏ်ဒြပ်ကြောင့်
မောင်လူဖွေးအား ချစ်ခင်သူ ပေါများလှပေ၏။
လူပျိုရွယ်ဖြစ်သည်ကြောင့် သက်တူရွယ်သူ
မိန်းမပျိုလေးတွေကလည်း မောင်လူဋ္ဌေးအားမျက်စိကျ
နေကြလေ၏။ဒါကိုမောင်လူမွှေး သိသော်လည်း
မသိကျိုးနွံ ပြုနေလေ၏။
မောင်လူဖွေးကား အရှက်အကြောက် လွန်စွာကြီးသူ ဖြစ်လေ၏။ မိန်း
ကလေးတွေကို စေ့စေ့ကြည့်ရဲသူ မဟုတ်။
ထို့ကြောင့် မိန်းမပျိုလေးတွေက မောင်လူဖွေးကို
မာနကြီးသူ တစ်ယောက်ဟု လွဲမှားစွာ ထင်ကြလေတော့
တကယ်တော့ မောင်လူခွေးသည်မချစ်တတ်သူ မဟုတ်၊ ချစ်တတ်
သော အသည်းနှလုံးရှိသူသာ ဖြစ်လေ၏။
သူ၏အချစ်မှာ ခြောက်ထပ်ကြီး ဘုရားပွဲ၌
အမှတ်မထင် တွေ့ခဲ့ရသော မိန်းမပျိုလေးဆီသို့ ရောက်ရှိနေ၍ ဖြစ်ပါ၏။
မောင်လူဖွေး တွေ့ခဲ့ရသော မိန်းမပျိုလေးသည်
လွန်စွာလှပချောမွေ့ လေ၏။ နေထိုင်သွားလာပုံတွေက
ထီးဟန်နန်းဟန် ဆန်လှပေ၏။ မောင်လူဖွေးသည်
ထိုမိန်းမပျိုလေးကို တွေ့တွေ့ချင်း ချစ်ကြိုက်သွားလေ၏။
ထို့ ကြောင့် မိန်းမပျိုလေး သွားရာနောက်
ထက်ကြပ်မကွာ လိုက်သွားလေ၏။ မိန်းမပျိုလေး
မှလည်း မောင်လူဖွေး လိုက်လာနေမှန်း
မသိမဟုတ် သိလေ ၏။ မိန်းမပျိုလေးနေသည့်
နေအိမ်သို့ရောက်မှ မောင်လူဖွေး လှည့်ပြန်ခဲ့ လေ၏။
မိန်းမပျိုလေးနေသည့် နေရာကား မဟာစည်
ရိပ်သာအနီးမှ ခြံကြီး တစ်ခြံ ဖြစ်လေ၏။
မောင်လူဖွေးသည် ထိုခြံကြီးရှိရာသို့ မကြာခဏ
သွားကြည့်လေ၏။ ယောက်ျားကြိုက်တော့
စိုက်စိုက်လာ၊ မိန်းမကြိုက်တော့ မျှော်လိုက်တာ ဟူသော
စကားအတိုင်း မိန်းမပျိုလေးကလည်း
မောင်လူမွှေး အလာကို မျှော်နေမိလေ၏။
သိပ်မကြာလှပေ။ လာသူနှင့် မျှော်သူတို့ ချစ်သူတွေ ဖြစ်သွားကြလေ
တော့၏။ မိန်းမပျိုလေး၏အမည်သည် မြခွာညို
ဖြစ်လေ၏။ ရှမ်းတရုတ်စပ် လေးမို့ လွန်စွာချော
မောလှပြီး ရှမ်းသံဝဲဝဲလေးနှင့် ပြောတတ်လေ၏။
သွား တက်ကလေးပေါ်အောင် ပြုံးတတ်သော
မြခွာညို၏ အပြုံးသည် မောင်လူ ဖွေး၏ ရင်ထဲ စွဲငြိနေလေ၏။
သူတို့သည် မကြာမကြာ ခြောက်ထပ်ကြီးဘုရားကုန်း
တောင်ပူစာ လေးပေါ်တွင် ချိန်းတွေ့ကြ၊
စကားတွေ ဖောင်ဖွဲ့ကြလေ၏။ “ကိုယ့်တစ်သက်မှာ
တစ်ခါချစ်ခဲ့ဖူးတဲ့ ခွာညိုနဲ့ တစ်ရံမလပ်တောင်မခွဲ
ချင်တော့ဘူးကွယ်။ စာလည်း၊ ဒီစိတ်၊ အိပ်လည်း
ဒီစိတ် ဆိုသလို ကိုယ့်မျက် ဝန်းအစုံမှာ
ခွာညိုကိုပဲ မြင်နေမိတယ် ခွာညိုရယ်”
“ကျွန်မလည်း အစ်ကို့အတိုင်းပါပဲ၊ အစ်ကိုနဲ့တွေ့မှ
ချစ်စိတ်ဆိုတာ ပေါ် လာတာပါ အစ်ကိုရယ်။
ကျွန်မလည်း ဘာလုပ်လုပ် ဘာကိုင်ကိုင် အစ်ကို့ဆီ
ကိုပဲ စိတ်က ရောက်နေပါတယ်”
“အစ်ကိုတို့ အတူနေဖို့ ကြိုးစားကြရအောင်၊
ခွာညိုအနေနဲ့ ဘယ်လို သဘောရလဲဟင်”
“ဒါတော့ သိပ်မလွယ်ဘူး ထင်တယ်။ အဘိုးကခွာညိုကိုမျက်စိအောက်
ကအပျောက်ခံတာမဟုတ်ဘူး။ အဘိုးအပြင်
ထွက်တုန်း အစ်ကိုနဲ့ တွေ့ တွေ့ နေရတာ။
အစ်ကိုနဲ့မတွေ့ခင်ကဆို ခွာညိုက ဘယ်မှထွက်တာ
မဟုတ်တော့ အဘိုးက ခွာညို့ကို ယုံနေတာပေါ်
တစ်နေ့ မောင်လူဖွေးနှင့် မြခွာညိုကိုအဖြစ်
ကို အဘိုးဖြစ်သူ သိသွား လေတော့၏။
“ဪ – အချိန်တန်တော့လည်း ဒါမျိုးတွေ
ဖြစ်ကြတာ မဆန်းပါဘူး။ သီးချိန်တန် သီး၊
ပွင့်ချိန်တန် ပွင့်ဆိုသလို တစ်နေ့မဟုတ် တစ်နေ့ ငါ့မြေး ချစ်သူ
တွေ့လိမ့်မယ်ဆိုတာ အဘိုး တွက်ဆထားပြီးပါပြီ။
ငါ့မြေးရဲ့ချစ်သူက လည်း ဖော်ရွေပြီး ရိုးသားကြောင်းကို
အဘိုးလေ့လာထားပြီးပါပြီ။ အခုက စပြီး
ဘယ်မှာမှရိန်းမတွေ့ကြစို့တော့ ဟုတ်လားငါ့မြေးရဲ့
ချစ်သူကို ဒီခြံကြီး ထဲ တံခါးမရှိ ဓားမရှိ ဝင်
ထွက်နိုင်ပါတယ်။ ဒီမှာပဲ တွေ့ ကြပေါ့”ဟု ဆိုလေ၏။
သို့ဖြင့် – မောင်လူဖွေးနှင့်ပြခွာညိုတို့သည်
ခြံကြီးထဲတွင် လွတ်လပ်စွာ တွေ့ဆုံကြရလေတော့၏။
ချစ်သူနှစ်ဦးသည် စကားတွေ ဖောင်ဖွဲ့ကြ၏။
ပြော၍မကုန်ဆို၍ပင် မဆုံးလေတော့။ တစ်ခါတစ်ခါ
ရယ်စရာ မောစရာလေးတွေပြောပြီး အပြုံး တွေ ဖလှယ်ကြလေ၏။
ရယ်မောသည်ဆိုသောစကားလုံးသည်ရယ်စရာတွေပြီးတိုင်းမောစရာ
တွေ ကပ်ငြိလာသည့် အဓိပ္ပာယ်ပါနေ၏။
အမှန်တကယ်ပင် မောင်လူဖွေး နှင့် မြခွာညိုတို့သည်
မောစရာ လွမ်းစရာအဖြစ်လေးတွေကိုကြုံတွေ့ကြရပါ တော့၏။
မောင်လူဖွေးနှင့် မြခွာညိုတို့သည် ခြံကျယ်ကြီးထဲတွင်
လွတ်လပ်စွာ တွေ့ဆုံကြရသည်ကိုအားပါးတရ
မရှိလှဟုထင်မိကြသည်နှင့် တူ၏။ အရင်
က ချိန်းတွေ့ရာနေရာ တောင်ကမူစာလေးကို
တမ်းတမ်းတတ ဖြစ်မိလေ၏။ လေပြေကလေး
တဖြူးဖြူးနှင့်မို့စိတ်တွင် တစ်မျိုးကြည်နူးမိလေရာ
နေရာမို့ မောင်လူဖွေးနှင့် မြခွာညိုတို့နှစ်ယောက်
အဘိုးဖြစ်သူ အပြင်ထွက်နေခိုက် တောင်ကမူလေး
ရှိရာသို့ သွားကြလေ၏။ တောင်ကမူလေးတွင်
ထိုင်ကြပြီး ဖြည်းညင်းစွာဝေ့ဝဲတိုက်ခိုက်နေသည့်
လေပြေလေညင်းအောက်တွင်စကား
ပြော ချစ်တင်းနာကြလေ၏။
သူတို့၏နံဘေးတွင် ခွေနေသော မြွေပွေးတစ်ကောင်
ရှိနေမှန်းမသိကြ ပေ။ မြွေပွေးဆိုသည်ကလည်း
သူ့ဘာသာသူ အေးအေးဆေးဆေးပင် ရွှေ
နေတတ်၏။ သူ့ကို မထိလို့ကတော့ ဘာမှမလုပ်။
ထိလာလျှင်တော့ ယင် ကောင်ကိုပင် အလွတ်မပေးတမ်း
ပေါက်တတ်၊ ကိုက်တတ်လေတော့၏။
မောင်လူဖွေးနှင့် မြခွာညိုချစ်သူမောင်နှံတို့သည်
ညနေစောင်းပြီး ပြန် ရန်အထ အလှမ်းတွင်
မြခွာညိုက မြွေပွေးကို တက်နင်းမိလေရာ “အား”
ဟု တစ်ချက်အော်ပြီး လဲပြိုကျသွားလေ၏။
မောင်လူမွှေးသည်မြွေပွေးတစ်ကောင်
လူးလွန့်နေသည်ကိုရရုတ်တရက်
တွေ့ရလေရာ အနီးတွင်ရှိနေသောသစ်ကိုင်း
ခြောက်ကြီးကိုကိုင်၍ မြွေပွေး အား အဆက်မပြတ်
ရိုက်သတ်လေတော့၏။ မြွေပွေးလည်း
ခန္ဓာကိုယ်တစ် ခုလုံး ကြေမွသွားပြီး ဇီဝိန်ချုပ်သွားလေ၏။
ထို့နောက် ..လဲပြိုကျနေသော မြခွာညိုကို ပွေ့ရှိ၏။
ခြေသလုံးတွင် မြွေစွယ်ရာမှ သွေးများစို့ကာ
နေသည်ကို တွေ့ရလေရာ မြွေဆိပ်တို့ကို မောင်လူမွေးမှ ပါး
စ်ဖြင့် စုပ်ယူ၍ထွေးထုတ်လေ၏။ သုံးလေး
ကြိမ်မျှ စုပ်၏။ ထွေးထုတ်၏။
“အစ်ကိုရယ် – အစ်ကိုရှိတယ်နော်၊ခွာညို
မျက်လုံးတွေဝေဝါးနေတယ်။ သိပ်မမြင်ရတော့ဘူး”
“အစ်ကို ရှိနေပါတယ် ခွာညို၊ ဘာမှ အားမငယ်နဲ့
ဟုတ်လား။ အစ်ကို ကရှေးဦးသူနာပြုအတတ်
သင်ထားပါတယ်။ ဘာမှ မဖြစ်တော့ဘူး။
အစ်ကို အိမ်ကို ပွေ့ချီသွားမယ်နော်”မောင်လူဖွေးသည်
မြခွာညိုကိုတွေ့ရှိ၍ခေါ်သွားလေ၏။ ချိမသွားသည့်
မောင်လူဖွေးသည် အင်အားဆုတ်ယုတ်သလို
ဖြစ်နေမိ၏။ ခေါင်းလည်း နောက်လာ၏။
မျက်လုံးတွေလည်း ဝေဝေဝါးဝါး ဖြစ်နေလေ၏။
မောင်လူဒွေးသည် မြခွာညိုကို အဘိုးဖြစ်သူ၏
ရှေ့သို့ ညင်သာစွာ ချလိုက်ပြီးအကျိုးအကြောင်း
ကိုရှင်းပြလေ၏။ထို့နောက်မောင်လူအဖွးသည်
ရုတ်တရက် လဲပြိုကျသွားလေတော့၏။
မောင်လူဖွေးသည် မြွေဆိပ်များကို ပါးစပ်ဖြင့်
စုပ်၍ ထုတ်ခဲ့ရာ မောင်လူဖွေး၏ သွားဖုံး၌
ကွဲအက်နေသော ဒဏ်ရာသို့ မြွေဆိပ်များ တွေ့ထိ သွားခဲ့လေ၏။
ထို့ကြောင့် မောင်လူဖွေးသည်လည်း မြွေဆိပ်သင့်ခဲ့ရလေပြီ တည်း။
“အဘိုး နောက်ကျခဲ့ပြီကွယ်။ အဘိုးထင်ထားတဲ့အတိုင်း ဖြစ်ခဲ့လေပြီကိုး”
ဟု အဘိုးဖြစ်သူမှ မြေးမလေး မြခွာညိုနှင့်
မောင်လူဖွေးကိုကြည့်ပြီး ရှိုက်ကြီးတငင် ငိုကြွေးလေတော့၏။
မောင်လူဖွေး မြခွာညိုတို့ ချစ်သူမောင်နှံသည်ကား
မြွေဆိပ်များ ပျံ့နှံ့ပြီး ဘဝတစ်ပါးသို့ ပြောင်းခဲ့ကြရှာလေပြီ။
မြခွာညို၏အဘိုးသည်ရှမ်းဆရာကြီးတစ်ဦးဖြစ်လေ၏။
ဘာသာရေးကို အထူးအလေးထား ဆောင်ရွက်သလို
အထက်ဂိုဏ်းကျင့်စဉ် ကျင့်ရပ်များ ကိုလည်း
လုပ်ဆောင်ခဲ့လေ၏ အသက်အရွယ်ထောက်
လာသဖြင့်ဆေးကု ခြင်း၊ အစွဲချွတ်ခြင်း စသည်တို့ကို
မလုပ်တော့ဘဲ ဘာသာရေးသက်သက် ကိုသာ
ဇောက်ချလုပ်ဆောင်နေလေ၏။ နေ့စဉ်ညတိုင်း
ခြောက်ထပ်ကြီး လျောင်းတော်မူ ဘုရားရှေ့တွင်
အဓိဋ္ဌာန်ပုတီး စိပ်နေခဲ့လေ၏။
မြေးမကလေး မြခွာညို ငယ်စဉ်ကပင် သူမ၏
မိဘနှစ်ပါးစလုံး ပိုးထိ (မြွေကိုက်)၍ဆုံးပါးခဲ့လေ၏။
သို့ဖြင့် မြေးမလေးကို ငယ်စဉ်ကစလို့ အရွယ်
ရောက်သည့်တိုင်အောင် ပိုးမွေးသလို မွေးခဲ့ရလေ၏။
မြေးမလေးသည်ကား သာမန်လူတစ်ယောက်မဟုတ်ပေ။
ဆိုရသော် သိုက်ကြိုးမပြတ်သူပင် ဖြစ်လေ၏။
ဤဖြစ်စဉ်ကို အဘိုးဖြစ်သူက မြခွာညို
ငယ်စဉ်ကပင် သိရှိခဲ့ပေ၏။ အိပ်မက်အရ သိရှိခြင်းဖြစ်လေ၏။
မြေးမလေးမြခွာညိုသည်ဟိုဘဝက အစ်ကို
အစ်မတွေထံ ခွင့်ပန်သစ္စာ ဆိုပြီး လူ့ဘဝတွင်
နေချင်ပါကြောင်း အချိန်တန်လျှင် ပြန်လာခဲ့မည်ဖြစ်
ကြောင်း ပြောဆိုကာ လာခဲ့သူဖြစ်လေ၏။
မိမိကိုလည်း သူတို့၏ ချစ်ညီမလေးအား
အန္တရာယ်တစ်စုံတစ်ရာ မရှိ အောင်စောင့်
ရှောက်ပါဆိုပြီးပြောဆိုခဲ့ကြလေ၏။ မိမိမှလည်းစောင့်ရှောက်
ပါမည့်အကြောင်း ကတိပေးခဲ့လေ၏။ သို့ဖြင့်
အဘိုးဖြစ်သူသည် တစ် ကြောင်းမဟုတ်တစ်ကြောင်းဖြင့်
ငွေတွေရခဲ့လေ၏။ထိုငွေတို့ဖြင့်မြေးမလေး
မြခွာညိုအားလိုလေသေမရှိ ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့လေ၏။
မြေးမလေး မြခွာညိုသည် မောင်လူဖွေးနှင့်
ချစ်သူဖြစ်နေစဉ်အတွင်း အိပ်မက် မက်ပြန်၏။
မြေးမလေး၏ ဟိုဘဝက အစ်ကိုနှင့် အစ်မတို့က
အိပ် မက်ပေးခြင်း ဖြစ်လေ၏။
“အဘိုးရယ် – ညီမလေးမှာ ချစ်သူရှိနေပြီ၊
ကျွန်မ ကျွန်မတို့ထက် သူ့ ချစ်သူကို ပိုချစ်နေပြီ။
ညီမလေးကို စိတ်မရဘူး။ ပြန်ခေါ်ချင်တယ်”
ဟူ၍ ပြောဆိုခဲ့လေ၏။
ဒါကို အဘိုးဖြစ်သူက အမှုမဲ့အမှတ်မဲ့
မနေခဲ့။ မြေးမလေးကို မျက်ခြည် မပြတ်
ကြည့်နေခဲ့လေ၏။ မြေးမလေးကို
သူ၏ချစ်သူနှင့် ခြံကြီးထဲတွင်
လွတ်လပ်စွာ နေခွင့်၊ တွေ့ဆုံခွင့်ပေးထား
ပါလျက်နှင့် မြေးမလေးတို့သည်
အပြင်သို့ထွက်ခဲ့ကြလေ၏။ထို့ကြောင့်
မြေးမလေးပိုးထိသေဆုံးခဲ့ရလေ၏။
သူ့ချစ်သူ မောင်လူမွေးပါမြွေဆိပ်သင့်
သေဆုံးသွားခဲ့လေတော့၏။
မြေးမလေးမြခွာညိုအား သူတို့၏အစ်ကို
အစ်မတွေက ပြန်ခေါ်လိုက် ခြင်း ဖြစ်မည်ဟု
အဘိုးဖြစ်သူက ထင်မှတ်ခဲ့လေ၏။ မောင်လူဖွေး၏ဖြစ်ရပ်
ကတော့ အဘယ်သို့ ဆုံးဖြတ်ရမည်မှန်း
မသိချေတော့။ သူတို့၏ ညီမလေး ကို
ခေါ်ယူလိုက်ရင်း သူတို့၏
ညီမလေးချစ်သူကိုပါ အတူပါလာစေလို၍
တစ်နည်းအားဖြင့် သူတို့၏ ချစ်ခြင်းကို
မခွဲစေလို၍ မောင်လူမွှေးအား လိပ်
ပြာ နတ်ခေါ်ယူလိုက်ခြင်းလား တွေးဆဖွယ်ရာတည်း။
အဘိုးသည် အိပ်မက် ထပ်မက်ပြန်၏။ အိပ်
မက်ထဲတွင် ပြေးမလေးတို့ ၏ ချစ်သူစုံတွဲကို
တွေ့ရလေ၏။ လှပသောနန်းတွင်းအဝတ်အစား
တွေနှင့်မို့ ကြည့်လို့ပင် ကောင်းသေးတော့၏။
အဘိုးရဲ့ကျေးဇူးကိုမမေ့ပါဘူးဆိုပြီးမြေးမလေးတို့
ချစ်သူစုံတွဲမှ အဘိုး အား ကန်တော့လေ၏။
အဘိုးသည် အိပ်မက်မှ နိုးထသော် ရင်ထဲ၌ ကြည်နူး
စိတ်လား၊ ဝမ်းနည်းစိတ်လား ဝေခွဲမရသော
စိတ်တွေဖြစ်နေမိလေ၏။ မျက်ဝန်းအစုံမှာတော့ မျက်ရည်စတွေနှင့်၊
အဘိုးသည် အမှတ်မထင် ထိုးခဲ့မိသော
(ထီထိုးချင်စိတ် တဖွဖွဖြစ်နေ သည်လည်းပါ၏)
နှစ်ကျပ်တန်ထီလေးတစ်စောင်မှ ငွေကျပ်တစ်သောင်းဆု
ပေါက်ခဲ့လေ၏။ အဘိုးသည် ထိုငွေဖြင့်
မြေးမလေးတို့ ချစ်သူစုံတွဲ ထိုင်လေ့ ရှိသော
တောင်ကမူလေးတွင်
ထုံးစေတီတစ်ဆူတည်ထားပြီး မြေးမလေး
အလွမ်းပြေအဖြစ် အဝေးမှ လှမ်းကြည့်နေလေတော့သတည်း။
ယခုအခါ ဤခြောက်ထပ်ကြီးကုန်းမှ
ပုလဲကုန်းဟု ခေါ်ဝေါ်ကြသော နေရာရှိ အိမ်များ၊
အောင်သိဒ္ဓိကုန်းဟု သတ်မှတ်သည့်နေရာရှိ အိမ်များ၊
မဇောင်းခါးကုန်း၊ မက္ခရာကုန်းဟု အမည်
သညာပြုခဲ့ကြသော နေရာအသီး သီးမှ အိမ်များ
(ကျူးကျော်အိမ်များ)သည် (၁၉၈၈) ခုနှစ်
နောက်ပိုင်း သက် ဆိုင်ရာမှ ဖျက်သိမ်းစေခဲ့ကာ မြောက်ဒဂုံ၊
တောင်ဒဂုံ၊ ငါးဆူတောင် စသည်
တို့သို့ မြေကွက်သီးသန့်ပေးပြီး စေလွှတ်ခဲ့ရာ
အိုးပိုင်အိမ်ပိုင်မြေများ ဖြစ်တည်နေကြလေပြီ။
ထိုထိုနေရာများ၌ နဝဒေးအိမ်ရာများဟုသတ်
မှတ်ကာ လေးထပ်တိုက် ခန်းတွဲပေါင်းများစွာဖြင့်
ခန့်ထည်လို့နေလေ၏။
မြခွာညို၏အဘိုးတည်ခဲ့သော စေတီလေးကား
ယခုထက်တိုင် ရှိနေ သေး၏။ လပြည့်လကွယ်
လိုညများ၌ တစ်ခါတစ်ခါ ချစ်သူစုံတွဲတစ်တွဲထိုင်
နေလေ့ရှိကြောင်း တွေ့ကြရသည်ဆို၏။
မှတ်ချက်။ ။(ထုံးစေတီလေးကို ခြုံငုံ၍ခန့်
ထည်းသွာယ်စွာ ရွှေရောင် တဝင်းဝင်းဖြင့်
ရှိနေလေပြီ။ နှောင်းလူတို့ ကောင်းမှုပင်တည်း)

Zawgyi Version

” လြမ္းေစတီမွခ်စ္သူေမာင္ႏွံ “(စ/ဆုံး)
————————————-

ကြၽႏ္ုပ္ ေနထိုင္လ်က္ရွိေနေသာ ရပ္ကြက္အနီးတြင္
ေျခာက္ထပ္ႀကီး ဘုရားကို အစြဲျပဳ၍ ေျခာက္ထပ္
ႀကီးကုန္းဟု ေခၚဆိုေသာ ေနရာက်ယ္ႀကီး ရွိေနေလ၏။
ထိုေနရာသည္ ယခင္ကာလမ်ားဆီကလြန္စြာနက္ေသာ
ေတာႀကီးျဖစ္ ေလ၏။ ေရွးအခါက သမင္၊ ဒရယ္မ်ား၊
ေႁမြႀကီးမ်ားရွိေၾကာင္း ဆိုၾကေလ၏။
အဆိုပါေနရာသည္ ေတာင္ကုန္းေတြရွိေနသလို
ခ်ိဳင့္ဝွမ္းႀကီးေတြလည္း ေပါလွေပ၏။ သစ္ပင္ခ်ဳံႏြယ္မ်ားမွာ
ရႈပ္ေထြးေနသလို တသြင္သြင္ စီးဆင္း ေနေသာ
စမ္းေခ်ာင္းမ်ားလည္း ရွိေနေလ၏။
ကြၽႏ္ုပ္သည္ ယခုေနထိုင္ရာသို႔ ၁၉၅၀ ျပည့္ဝန္းက်င္
က ေရာက္ခဲ့ျခင္း ျဖစ္ရာ အဆိုပါေျခာက္ထပ္ႀကီး
ကုန္းကိုေတာေတာင္ႀကီးအျဖစ္ ေတြ႕ျမင္ခဲ့ရ
ေလ၏။ ေႁမြေပါသည္ ကင္းေပါသည္၊ သူခိုးသူဝွက္
ေတြ ခိုးေအာင္ရာ ေနရာ ျဖစ္သည္။ နာနာဘား
ေကာင္ေတြရွိသည္၊ မကြၽတ္မလြတ္ေသးသည့္
ဂ်ပန္ သူရဲတေစၦေတြရွိသည္ဟူေသာ သတင္းမ်ားၾကား
ေနရသျဖင့္ ဘယ္သူမွ ျဖတ္သန္းမသြားရဲၾကေပ။
ေနာင္ေလးငါးႏွစ္ေလာက္အၾကာတြင္ ယင္းကုန္း
စပ္၌ပည္သည့္ေနရာ ကေရာက္လာမွန္းမသိေသာ
သူမ်ားက တဲအိမ္ေလးမ်ား တည္ေဆာက္ကာ
ေနထိုင္ၾကေလ၏။ တစ္စတစ္စ မ်ားျပားလာေလေတာ့၏။
၁၉၅၉ – ခုႏွစ္ေလာက္ခန႔္တြင္ ယင္းက်ဴးေက်ာ္
တဲမ်ားကို ႏိုင္ငံေတာ္ အမိန႔္ျဖင့္ သာေကတ၊
ဥကၠလာပဟူေသာ ၿမိဳ႕သစ္မ်ားဆီသို႔ ပို႔လိုက္ေလရာ
ယင္းေနရာသည္ အေတာ္ေလးပင္ရွင္းလင္းသြားေလေတာ့၏။
ထို႔ေနာက္ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားက
ခ်ဳံႏြယ္မ်ားကို ရွင္းလင္း ကာ အဖြဲ႕အစည္းႏွင့္
ပတ္သက္ေသာ အေဆာက္အအုံတို႔ကို ေဆာက္ၾက လ၏။
၁၉၇ဝ -ျပည့္ႏွစ္ခန႔္ကာလ၌လူေနအိမ္မ်ားျပန္
လည္မ်ားလာျပန္၏။ စည္ကား၍ပင္လာျပန္၏။
ရပ္ကြက္ပိုင္အိမ္မ်ားျဖစ္လာ၍ သန္းေခါင္စာရင္း
ခ်ေပးျခင္း၊ ဧည့္စာရင္းေပးျခင္းတို႔ကို ရရွိၾကေလ၏။
ယင္းသို႔စည္းကားလာသည့္အခါေျခာက္ထပ္ႀကီးကုန္းဟူေသာအမည္
နာမသည္ ကြယ္ေပ်ာက္လုလုျဖစ္ခဲ့ေလေတာ့၏။
ကြၽႏ္ုပ္တို႔ေနထိုင္ရာ ပုလဲလမ္းကို အမွီျပဳကာ
ပုလဲကုန္းဟု အမည္ဖြဲ႕ ၾကသလို၊ ေအာင္သိဒၶိဘုရားႏွင့္
နီးေသာအပိုင္းကို ေအာင္သိဒၶိကုန္းဟု ဒါဒါသ
မုတ္ၾကေလ၏။ ထို႔ျပင္ ေရးသည္ႀကီးမေဇာင္းခါးေနေသာ
ေနရာ ကို မေကာင္းဝါးကုန္းဟု ေနာက္ေျပာင္ေခၚ
ေဝၚေသာ ေနရာရွိသလို မကၡရာ ကုန္းဟု ေခၚ
ဆိုေသာ ေနရာလည္း ထင္ထင္ရွားရွား ရွိေနျပန္၏။
မကၡရာကုန္းဟု ေခၚဆိုေသာ ေနရာတြင္
ပ်ံက်ေနထိုင္သူမ်ား ေပါမ်ား ေလ၏။ လက္လုပ္
လက္စား ဘဝသမားမ်ား ျဖစ္ေလ၏။ သူတို႔သည္ ညေန
ေစာင္းလွ်င္ ယမကာရည္ေလးေတြေသာက္
စားရင္းကစားျငင္းခုံသည္မ်ား ရွိၾက၏။ ငွက္ႀကီးေတာင္ဓား
တဝင့္ဝင့္ျဖင့္ ရန္ပြဲမ်ား မၾကာခဏ ျဖစ္ရေလ ၏
ထိုစဥ္က မကၡရာ ဇာတ္လမ္း႐ုပ္ျပစာအုပ္
နာမည္ႀကီးခ်ိန္၊ မကၡရာဓား ဟူေသာ ႐ုပ္ရွင္
ဇာတ္ကားျပေနခ်ိန္မို႔ ပကၡရာကုန္းဟု အမည္တြင္ခဲ့သည္ ဟူ၏။
ယင္းသို႔ အမည္အမ်ိဳးမ်ိဳး သတ္မွတ္ေနထိုင္ၾကေသာ
အိမ္မ်ားတည္ ေနရာသည္ က်ဴးေက်ာ္ရပ္ကြက္မွ်သာ ျဖစ္ေလ၏။
ကြၽႏ္ုပ္ေရးမည့္ဇာတ္လမ္းတည္ေနရာသည္
မကၡရာကုန္းဝန္းက်င္၌ပင္ျဖစ္ေလ၏။
မကၡရာကုန္းအနီးရွိ ေတာင္ပူစာေလးတြင္
ထုံးေစတီေလးရွိေနေလ၏။ ကုန္းျမင့္ေလးတြင္
တည္ရွိေနသည္မို႔ အေဝးကပင္ ျမင္ေတြ႕ႏိုင္ၾကဒလ၏။
အခ်ိဳ႕ကယင္းေစတီေလးကိုလြမ္းေစတီဟုေခၚ
ေဝၚၾကေလ၏။လြမ္းစရာ အျဖစ္အပ်က္ကေလးေတြ၊
ေၾကကြဲစရာျဖစ္ရပ္ကေလးေတြ ႏြယ္ယွက္ေန
သည္မို႔ေပလားမသိ။ အေဝးမွ ျမင္ေတြ႕ရသည္မွာ
လြမ္းေဝ့သီကာ လြမ္းစရာ ေလးပင္တည္း။
ထိုေစတီေလး၏ သမိုင္းေနာက္ခံဇာတ္ေၾကာင္းကို
ကြၽႏ္ုပ္သည္ အမွတ္ မထင္ ၾကားသိခဲ့ရေလ၏။
အမွန္တကယ္ပင္ ရင္နင့္ဖြယ္ရာဇာတ္ေၾကာင္း
ေလးျဖစ္ေနေလေတာ့၏။ထိုရင္နင့္စဖြယ္ ဇာတ္ေၾကာင္းအစသည္
ေမာင္လူေဖြးႏွင့္ ပတ္သက္ ေန၏။ ေမာင္လူေဖြး
သည္အသားအေရျဖဴေဖြးလွၿပီ၊ ရည္မြန္ေသာလူ႐ြယ္
ေလးျဖစ္ေလ၏။ တ႐ုတ္ေသြးတစ္မတ္ေလာက္
ပါသျဖင့္ တ႐ုတ္ဟန္လည္း ေပါက္ေနေလ၏။
ေမာင္လူေမႊးသည္ ႐ိုးသားရည္မြန္ၿပီး ဘာသာေရးပါ
ကိုင္းရႈိင္းသူျဖစ္ ေလ၏။ ထိုဂုဏ္ျဒပ္ေၾကာင့္
ေမာင္လူေဖြးအား ခ်စ္ခင္သူ ေပါမ်ားလွေပ၏။
လူပ်ိဳ႐ြယ္ျဖစ္သည္ေၾကာင့္ သက္တူ႐ြယ္သူ
မိန္းမပ်ိဳေလးေတြကလည္း ေမာင္လူေ႒းအားမ်က္စိက်
ေနၾကေလ၏။ဒါကိုေမာင္လူေမႊး သိေသာ္လည္း
မသိက်ိဳးႏြံ ျပဳေနေလ၏။
ေမာင္လူေဖြးကား အရွက္အေၾကာက္ လြန္စြာႀကီးသူ ျဖစ္ေလ၏။ မိန္း
ကေလးေတြကို ေစ့ေစ့ၾကည့္ရဲသူ မဟုတ္။
ထို႔ေၾကာင့္ မိန္းမပ်ိဳေလးေတြက ေမာင္လူေဖြးကို
မာနႀကီးသူ တစ္ေယာက္ဟု လြဲမွားစြာ ထင္ၾကေလေတာ့
တကယ္ေတာ့ ေမာင္လူေခြးသည္မခ်စ္တတ္သူ မဟုတ္၊ ခ်စ္တတ္
ေသာ အသည္းႏွလုံးရွိသူသာ ျဖစ္ေလ၏။
သူ၏အခ်စ္မွာ ေျခာက္ထပ္ႀကီး ဘုရားပြဲ၌
အမွတ္မထင္ ေတြ႕ခဲ့ရေသာ မိန္းမပ်ိဳေလးဆီသို႔ ေရာက္ရွိေန၍ ျဖစ္ပါ၏။
ေမာင္လူေဖြး ေတြ႕ခဲ့ရေသာ မိန္းမပ်ိဳေလးသည္
လြန္စြာလွပေခ်ာေမြ႕ ေလ၏။ ေနထိုင္သြားလာပုံေတြက
ထီးဟန္နန္းဟန္ ဆန္လွေပ၏။ ေမာင္လူေဖြးသည္
ထိုမိန္းမပ်ိဳေလးကို ေတြ႕ေတြ႕ခ်င္း ခ်စ္ႀကိဳက္သြားေလ၏။
ထို႔ ေၾကာင့္ မိန္းမပ်ိဳေလး သြားရာေနာက္
ထက္ၾကပ္မကြာ လိုက္သြားေလ၏။ မိန္းမပ်ိဳေလး
မွလည္း ေမာင္လူေဖြး လိုက္လာေနမွန္း
မသိမဟုတ္ သိေလ ၏။ မိန္းမပ်ိဳေလးေနသည့္
ေနအိမ္သို႔ေရာက္မွ ေမာင္လူေဖြး လွည့္ျပန္ခဲ့ ေလ၏။
မိန္းမပ်ိဳေလးေနသည့္ ေနရာကား မဟာစည္
ရိပ္သာအနီးမွ ၿခံႀကီး တစ္ၿခံ ျဖစ္ေလ၏။
ေမာင္လူေဖြးသည္ ထိုၿခံႀကီးရွိရာသို႔ မၾကာခဏ
သြားၾကည့္ေလ၏။ ေယာက္်ားႀကိဳက္ေတာ့
စိုက္စိုက္လာ၊ မိန္းမႀကိဳက္ေတာ့ ေမွ်ာ္လိုက္တာ ဟူေသာ
စကားအတိုင္း မိန္းမပ်ိဳေလးကလည္း
ေမာင္လူေမႊး အလာကို ေမွ်ာ္ေနမိေလ၏။
သိပ္မၾကာလွေပ။ လာသူႏွင့္ ေမွ်ာ္သူတို႔ ခ်စ္သူေတြ ျဖစ္သြားၾကေလ
ေတာ့၏။ မိန္းမပ်ိဳေလး၏အမည္သည္ ျမခြာညိဳ
ျဖစ္ေလ၏။ ရွမ္းတ႐ုတ္စပ္ ေလးမို႔ လြန္စြာေခ်ာ
ေမာလွၿပီး ရွမ္းသံဝဲဝဲေလးႏွင့္ ေျပာတတ္ေလ၏။
သြား တက္ကေလးေပၚေအာင္ ၿပဳံးတတ္ေသာ
ျမခြာညိဳ၏ အၿပဳံးသည္ ေမာင္လူ ေဖြး၏ ရင္ထဲ စြဲၿငိေနေလ၏။
သူတို႔သည္ မၾကာမၾကာ ေျခာက္ထပ္ႀကီးဘုရားကုန္း
ေတာင္ပူစာ ေလးေပၚတြင္ ခ်ိန္းေတြ႕ၾက၊
စကားေတြ ေဖာင္ဖြဲ႕ၾကေလ၏။ “ကိုယ့္တစ္သက္မွာ
တစ္ခါခ်စ္ခဲ့ဖူးတဲ့ ခြာညိဳနဲ႔ တစ္ရံမလပ္ေတာင္မခြဲ
ခ်င္ေတာ့ဘူးကြယ္။ စာလည္း၊ ဒီစိတ္၊ အိပ္လည္း
ဒီစိတ္ ဆိုသလို ကိုယ့္မ်က္ ဝန္းအစုံမွာ
ခြာညိဳကိုပဲ ျမင္ေနမိတယ္ ခြာညိဳရယ္”
“ကြၽန္မလည္း အစ္ကို႔အတိုင္းပါပဲ၊ အစ္ကိုနဲ႔ေတြ႕မွ
ခ်စ္စိတ္ဆိုတာ ေပၚ လာတာပါ အစ္ကိုရယ္။
ကြၽန္မလည္း ဘာလုပ္လုပ္ ဘာကိုင္ကိုင္ အစ္ကို႔ဆီ
ကိုပဲ စိတ္က ေရာက္ေနပါတယ္”
“အစ္ကိုတို႔ အတူေနဖို႔ ႀကိဳးစားၾကရေအာင္၊
ခြာညိဳအေနနဲ႔ ဘယ္လို သေဘာရလဲဟင္”
“ဒါေတာ့ သိပ္မလြယ္ဘူး ထင္တယ္။ အဘိုးကခြာညိဳကိုမ်က္စိေအာက္
ကအေပ်ာက္ခံတာမဟုတ္ဘူး။ အဘိုးအျပင္
ထြက္တုန္း အစ္ကိုနဲ႔ ေတြ႕ ေတြ႕ ေနရတာ။
အစ္ကိုနဲ႔မေတြ႕ခင္ကဆို ခြာညိဳက ဘယ္မွထြက္တာ
မဟုတ္ေတာ့ အဘိုးက ခြာညိဳ႕ကို ယုံေနတာေပၚ
တစ္ေန႔ ေမာင္လူေဖြးႏွင့္ ျမခြာညိဳကိုအျဖစ္
ကို အဘိုးျဖစ္သူ သိသြား ေလေတာ့၏။
“ဪ – အခ်ိန္တန္ေတာ့လည္း ဒါမ်ိဳးေတြ
ျဖစ္ၾကတာ မဆန္းပါဘူး။ သီးခ်ိန္တန္ သီး၊
ပြင့္ခ်ိန္တန္ ပြင့္ဆိုသလို တစ္ေန႔မဟုတ္ တစ္ေန႔ ငါ့ေျမး ခ်စ္သူ
ေတြ႕လိမ့္မယ္ဆိုတာ အဘိုး တြက္ဆထားၿပီးပါၿပီ။
ငါ့ေျမးရဲ႕ခ်စ္သူက လည္း ေဖာ္ေ႐ြၿပီး ႐ိုးသားေၾကာင္းကို
အဘိုးေလ့လာထားၿပီးပါၿပီ။ အခုက စၿပီး
ဘယ္မွာမွရိန္းမေတြ႕ၾကစို႔ေတာ့ ဟုတ္လားငါ့ေျမးရဲ႕
ခ်စ္သူကို ဒီၿခံႀကီး ထဲ တံခါးမရွိ ဓားမရွိ ဝင္
ထြက္ႏိုင္ပါတယ္။ ဒီမွာပဲ ေတြ႕ ၾကေပါ့”ဟု ဆိုေလ၏။
သို႔ျဖင့္ – ေမာင္လူေဖြးႏွင့္ျပခြာညိဳတို႔သည္
ၿခံႀကီးထဲတြင္ လြတ္လပ္စြာ ေတြ႕ဆုံၾကရေလေတာ့၏။
ခ်စ္သူႏွစ္ဦးသည္ စကားေတြ ေဖာင္ဖြဲ႕ၾက၏။
ေျပာ၍မကုန္ဆို၍ပင္ မဆုံးေလေတာ့။ တစ္ခါတစ္ခါ
ရယ္စရာ ေမာစရာေလးေတြေျပာၿပီး အၿပဳံး ေတြ ဖလွယ္ၾကေလ၏။
ရယ္ေမာသည္ဆိုေသာစကားလုံးသည္ရယ္စရာေတြၿပီးတိုင္းေမာစရာ
ေတြ ကပ္ၿငိလာသည့္ အဓိပၸာယ္ပါေန၏။
အမွန္တကယ္ပင္ ေမာင္လူေဖြး ႏွင့္ ျမခြာညိဳတို႔သည္
ေမာစရာ လြမ္းစရာအျဖစ္ေလးေတြကိုႀကဳံေတြ႕ၾကရပါ ေတာ့၏။
ေမာင္လူေဖြးႏွင့္ ျမခြာညိဳတို႔သည္ ၿခံက်ယ္ႀကီးထဲတြင္
လြတ္လပ္စြာ ေတြ႕ဆုံၾကရသည္ကိုအားပါးတရ
မရွိလွဟုထင္မိၾကသည္ႏွင့္ တူ၏။ အရင္
က ခ်ိန္းေတြ႕ရာေနရာ ေတာင္ကမူစာေလးကို
တမ္းတမ္းတတ ျဖစ္မိေလ၏။ ေလေျပကေလး
တျဖဴးျဖဴးႏွင့္မို႔စိတ္တြင္ တစ္မ်ိဳးၾကည္ႏူးမိေလရာ
ေနရာမို႔ ေမာင္လူေဖြးႏွင့္ ျမခြာညိဳတို႔ႏွစ္ေယာက္
အဘိုးျဖစ္သူ အျပင္ထြက္ေနခိုက္ ေတာင္ကမူေလး
ရွိရာသို႔ သြားၾကေလ၏။ ေတာင္ကမူေလးတြင္
ထိုင္ၾကၿပီး ျဖည္းညင္းစြာေဝ့ဝဲတိုက္ခိုက္ေနသည့္
ေလေျပေလညင္းေအာက္တြင္စကား
ေျပာ ခ်စ္တင္းနာၾကေလ၏။
သူတို႔၏နံေဘးတြင္ ေခြေနေသာ ေႁမြေပြးတစ္ေကာင္
ရွိေနမွန္းမသိၾက ေပ။ ေႁမြေပြးဆိုသည္ကလည္း
သူ႔ဘာသာသူ ေအးေအးေဆးေဆးပင္ ေ႐ႊ
ေနတတ္၏။ သူ႔ကို မထိလို႔ကေတာ့ ဘာမွမလုပ္။
ထိလာလွ်င္ေတာ့ ယင္ ေကာင္ကိုပင္ အလြတ္မေပးတမ္း
ေပါက္တတ္၊ ကိုက္တတ္ေလေတာ့၏။
ေမာင္လူေဖြးႏွင့္ ျမခြာညိဳခ်စ္သူေမာင္ႏွံတို႔သည္
ညေနေစာင္းၿပီး ျပန္ ရန္အထ အလွမ္းတြင္
ျမခြာညိဳက ေႁမြေပြးကို တက္နင္းမိေလရာ “အား”
ဟု တစ္ခ်က္ေအာ္ၿပီး လဲၿပိဳက်သြားေလ၏။
ေမာင္လူေမႊးသည္ေႁမြေပြးတစ္ေကာင္
လူးလြန႔္ေနသည္ကိုရ႐ုတ္တရက္
ေတြ႕ရေလရာ အနီးတြင္ရွိေနေသာသစ္ကိုင္း
ေျခာက္ႀကီးကိုကိုင္၍ ေႁမြေပြး အား အဆက္မျပတ္
႐ိုက္သတ္ေလေတာ့၏။ ေႁမြေပြးလည္း
ခႏၶာကိုယ္တစ္ ခုလုံး ေၾကမြသြားၿပီး ဇီဝိန္ခ်ဳပ္သြားေလ၏။
ထို႔ေနာက္ ..လဲၿပိဳက်ေနေသာ ျမခြာညိဳကို ေပြ႕ရွိ၏။
ေျခသလုံးတြင္ ေႁမြစြယ္ရာမွ ေသြးမ်ားစို႔ကာ
ေနသည္ကို ေတြ႕ရေလရာ ေႁမြဆိပ္တို႔ကို ေမာင္လူေမြးမွ ပါး
စ္ျဖင့္ စုပ္ယူ၍ေထြးထုတ္ေလ၏။ သုံးေလး
ႀကိမ္မွ် စုပ္၏။ ေထြးထုတ္၏။
“အစ္ကိုရယ္ – အစ္ကိုရွိတယ္ေနာ္၊ခြာညိဳ
မ်က္လုံးေတြေဝဝါးေနတယ္။ သိပ္မျမင္ရေတာ့ဘူး”
“အစ္ကို ရွိေနပါတယ္ ခြာညိဳ၊ ဘာမွ အားမငယ္နဲ႔
ဟုတ္လား။ အစ္ကို ကေရွးဦးသူနာျပဳအတတ္
သင္ထားပါတယ္။ ဘာမွ မျဖစ္ေတာ့ဘူး။
အစ္ကို အိမ္ကို ေပြ႕ခ်ီသြားမယ္ေနာ္”ေမာင္လူေဖြးသည္
ျမခြာညိဳကိုေတြ႕ရွိ၍ေခၚသြားေလ၏။ ခ်ိမသြားသည့္
ေမာင္လူေဖြးသည္ အင္အားဆုတ္ယုတ္သလို
ျဖစ္ေနမိ၏။ ေခါင္းလည္း ေနာက္လာ၏။
မ်က္လုံးေတြလည္း ေဝေဝဝါးဝါး ျဖစ္ေနေလ၏။
ေမာင္လူေဒြးသည္ ျမခြာညိဳကို အဘိုးျဖစ္သူ၏
ေရွ႕သို႔ ညင္သာစြာ ခ်လိုက္ၿပီးအက်ိဳးအေၾကာင္း
ကိုရွင္းျပေလ၏။ထို႔ေနာက္ေမာင္လူအဖြးသည္
႐ုတ္တရက္ လဲၿပိဳက်သြားေလေတာ့၏။
ေမာင္လူေဖြးသည္ ေႁမြဆိပ္မ်ားကို ပါးစပ္ျဖင့္
စုပ္၍ ထုတ္ခဲ့ရာ ေမာင္လူေဖြး၏ သြားဖုံး၌
ကြဲအက္ေနေသာ ဒဏ္ရာသို႔ ေႁမြဆိပ္မ်ား ေတြ႕ထိ သြားခဲ့ေလ၏။
ထို႔ေၾကာင့္ ေမာင္လူေဖြးသည္လည္း ေႁမြဆိပ္သင့္ခဲ့ရေလၿပီ တည္း။
“အဘိုး ေနာက္က်ခဲ့ၿပီကြယ္။ အဘိုးထင္ထားတဲ့အတိုင္း ျဖစ္ခဲ့ေလၿပီကိုး”
ဟု အဘိုးျဖစ္သူမွ ေျမးမေလး ျမခြာညိဳႏွင့္
ေမာင္လူေဖြးကိုၾကည့္ၿပီး ရႈိက္ႀကီးတငင္ ငိုေႂကြးေလေတာ့၏။
ေမာင္လူေဖြး ျမခြာညိဳတို႔ ခ်စ္သူေမာင္ႏွံသည္ကား
ေႁမြဆိပ္မ်ား ပ်ံ႕ႏွံ႔ၿပီး ဘဝတစ္ပါးသို႔ ေျပာင္းခဲ့ၾကရွာေလၿပီ။
ျမခြာညိဳ၏အဘိုးသည္ရွမ္းဆရာႀကီးတစ္ဦးျဖစ္ေလ၏။
ဘာသာေရးကို အထူးအေလးထား ေဆာင္႐ြက္သလို
အထက္ဂိုဏ္းက်င့္စဥ္ က်င့္ရပ္မ်ား ကိုလည္း
လုပ္ေဆာင္ခဲ့ေလ၏ အသက္အ႐ြယ္ေထာက္
လာသျဖင့္ေဆးကု ျခင္း၊ အစြဲခြၽတ္ျခင္း စသည္တို႔ကို
မလုပ္ေတာ့ဘဲ ဘာသာေရးသက္သက္ ကိုသာ
ေဇာက္ခ်လုပ္ေဆာင္ေနေလ၏။ ေန႔စဥ္ညတိုင္း
ေျခာက္ထပ္ႀကီး ေလ်ာင္းေတာ္မူ ဘုရားေရွ႕တြင္
အဓိ႒ာန္ပုတီး စိပ္ေနခဲ့ေလ၏။
ေျမးမကေလး ျမခြာညိဳ ငယ္စဥ္ကပင္ သူမ၏
မိဘႏွစ္ပါးစလုံး ပိုးထိ (ေႁမြကိုက္)၍ဆုံးပါးခဲ့ေလ၏။
သို႔ျဖင့္ ေျမးမေလးကို ငယ္စဥ္ကစလို႔ အ႐ြယ္
ေရာက္သည့္တိုင္ေအာင္ ပိုးေမြးသလို ေမြးခဲ့ရေလ၏။
ေျမးမေလးသည္ကား သာမန္လူတစ္ေယာက္မဟုတ္ေပ။
ဆိုရေသာ္ သိုက္ႀကိဳးမျပတ္သူပင္ ျဖစ္ေလ၏။
ဤျဖစ္စဥ္ကို အဘိုးျဖစ္သူက ျမခြာညိဳ
ငယ္စဥ္ကပင္ သိရွိခဲ့ေပ၏။ အိပ္မက္အရ သိရွိျခင္းျဖစ္ေလ၏။
ေျမးမေလးျမခြာညိဳသည္ဟိုဘဝက အစ္ကို
အစ္မေတြထံ ခြင့္ပန္သစၥာ ဆိုၿပီး လူ႔ဘဝတြင္
ေနခ်င္ပါေၾကာင္း အခ်ိန္တန္လွ်င္ ျပန္လာခဲ့မည္ျဖစ္
ေၾကာင္း ေျပာဆိုကာ လာခဲ့သူျဖစ္ေလ၏။
မိမိကိုလည္း သူတို႔၏ ခ်စ္ညီမေလးအား
အႏၲရာယ္တစ္စုံတစ္ရာ မရွိ ေအာင္ေစာင့္
ေရွာက္ပါဆိုၿပီးေျပာဆိုခဲ့ၾကေလ၏။ မိမိမွလည္းေစာင့္ေရွာက္
ပါမည့္အေၾကာင္း ကတိေပးခဲ့ေလ၏။ သို႔ျဖင့္
အဘိုးျဖစ္သူသည္ တစ္ ေၾကာင္းမဟုတ္တစ္ေၾကာင္းျဖင့္
ေငြေတြရခဲ့ေလ၏။ထိုေငြတို႔ျဖင့္ေျမးမေလး
ျမခြာညိဳအားလိုေလေသမရွိ ေကြၽးေမြးျပဳစုေစာင့္ေရွာက္ခဲ့ေလ၏။
ေျမးမေလး ျမခြာညိဳသည္ ေမာင္လူေဖြးႏွင့္
ခ်စ္သူျဖစ္ေနစဥ္အတြင္း အိပ္မက္ မက္ျပန္၏။
ေျမးမေလး၏ ဟိုဘဝက အစ္ကိုႏွင့္ အစ္မတို႔က
အိပ္ မက္ေပးျခင္း ျဖစ္ေလ၏။
“အဘိုးရယ္ – ညီမေလးမွာ ခ်စ္သူရွိေနၿပီ၊
ကြၽန္မ ကြၽန္မတို႔ထက္ သူ႔ ခ်စ္သူကို ပိုခ်စ္ေနၿပီ။
ညီမေလးကို စိတ္မရဘူး။ ျပန္ေခၚခ်င္တယ္”
ဟူ၍ ေျပာဆိုခဲ့ေလ၏။
ဒါကို အဘိုးျဖစ္သူက အမႈမဲ့အမွတ္မဲ့
မေနခဲ့။ ေျမးမေလးကို မ်က္ျခည္ မျပတ္
ၾကည့္ေနခဲ့ေလ၏။ ေျမးမေလးကို
သူ၏ခ်စ္သူႏွင့္ ၿခံႀကီးထဲတြင္
လြတ္လပ္စြာ ေနခြင့္၊ ေတြ႕ဆုံခြင့္ေပးထား
ပါလ်က္ႏွင့္ ေျမးမေလးတို႔သည္
အျပင္သို႔ထြက္ခဲ့ၾကေလ၏။ထို႔ေၾကာင့္
ေျမးမေလးပိုးထိေသဆုံးခဲ့ရေလ၏။
သူ႔ခ်စ္သူ ေမာင္လူေမြးပါေႁမြဆိပ္သင့္
ေသဆုံးသြားခဲ့ေလေတာ့၏။
ေျမးမေလးျမခြာညိဳအား သူတို႔၏အစ္ကို
အစ္မေတြက ျပန္ေခၚလိုက္ ျခင္း ျဖစ္မည္ဟု
အဘိုးျဖစ္သူက ထင္မွတ္ခဲ့ေလ၏။ ေမာင္လူေဖြး၏ျဖစ္ရပ္
ကေတာ့ အဘယ္သို႔ ဆုံးျဖတ္ရမည္မွန္း
မသိေခ်ေတာ့။ သူတို႔၏ ညီမေလး ကို
ေခၚယူလိုက္ရင္း သူတို႔၏
ညီမေလးခ်စ္သူကိုပါ အတူပါလာေစလို၍
တစ္နည္းအားျဖင့္ သူတို႔၏ ခ်စ္ျခင္းကို
မခြဲေစလို၍ ေမာင္လူေမႊးအား လိပ္
ျပာ နတ္ေခၚယူလိုက္ျခင္းလား ေတြးဆဖြယ္ရာတည္း။
အဘိုးသည္ အိပ္မက္ ထပ္မက္ျပန္၏။ အိပ္
မက္ထဲတြင္ ေျပးမေလးတို႔ ၏ ခ်စ္သူစုံတြဲကို
ေတြ႕ရေလ၏။ လွပေသာနန္းတြင္းအဝတ္အစား
ေတြႏွင့္မို႔ ၾကည့္လို႔ပင္ ေကာင္းေသးေတာ့၏။
အဘိုးရဲ႕ေက်းဇူးကိုမေမ့ပါဘူးဆိုၿပီးေျမးမေလးတို႔
ခ်စ္သူစုံတြဲမွ အဘိုး အား ကန္ေတာ့ေလ၏။
အဘိုးသည္ အိပ္မက္မွ ႏိုးထေသာ္ ရင္ထဲ၌ ၾကည္ႏူး
စိတ္လား၊ ဝမ္းနည္းစိတ္လား ေဝခြဲမရေသာ
စိတ္ေတြျဖစ္ေနမိေလ၏။ မ်က္ဝန္းအစုံမွာေတာ့ မ်က္ရည္စေတြႏွင့္၊
အဘိုးသည္ အမွတ္မထင္ ထိုးခဲ့မိေသာ
(ထီထိုးခ်င္စိတ္ တဖြဖြျဖစ္ေန သည္လည္းပါ၏)
ႏွစ္က်ပ္တန္ထီေလးတစ္ေစာင္မွ ေငြက်ပ္တစ္ေသာင္းဆု
ေပါက္ခဲ့ေလ၏။ အဘိုးသည္ ထိုေငြျဖင့္
ေျမးမေလးတို႔ ခ်စ္သူစုံတြဲ ထိုင္ေလ့ ရွိေသာ
ေတာင္ကမူေလးတြင္
ထုံးေစတီတစ္ဆူတည္ထားၿပီး ေျမးမေလး
အလြမ္းေျပအျဖစ္ အေဝးမွ လွမ္းၾကည့္ေနေလေတာ့သတည္း။
ယခုအခါ ဤေျခာက္ထပ္ႀကီးကုန္းမွ
ပုလဲကုန္းဟု ေခၚေဝၚၾကေသာ ေနရာရွိ အိမ္မ်ား၊
ေအာင္သိဒၶိကုန္းဟု သတ္မွတ္သည့္ေနရာရွိ အိမ္မ်ား၊
မေဇာင္းခါးကုန္း၊ မကၡရာကုန္းဟု အမည္
သညာျပဳခဲ့ၾကေသာ ေနရာအသီး သီးမွ အိမ္မ်ား
(က်ဴးေက်ာ္အိမ္မ်ား)သည္ (၁၉၈၈) ခုႏွစ္
ေနာက္ပိုင္း သက္ ဆိုင္ရာမွ ဖ်က္သိမ္းေစခဲ့ကာ ေျမာက္ဒဂုံ၊
ေတာင္ဒဂုံ၊ ငါးဆူေတာင္ စသည္
တို႔သို႔ ေျမကြက္သီးသန႔္ေပးၿပီး ေစလႊတ္ခဲ့ရာ
အိုးပိုင္အိမ္ပိုင္ေျမမ်ား ျဖစ္တည္ေနၾကေလၿပီ။
ထိုထိုေနရာမ်ား၌ နဝေဒးအိမ္ရာမ်ားဟုသတ္
မွတ္ကာ ေလးထပ္တိုက္ ခန္းတြဲေပါင္းမ်ားစြာျဖင့္
ခန႔္ထည္လို႔ေနေလ၏။
ျမခြာညိဳ၏အဘိုးတည္ခဲ့ေသာ ေစတီေလးကား
ယခုထက္တိုင္ ရွိေန ေသး၏။ လျပည့္လကြယ္
လိုညမ်ား၌ တစ္ခါတစ္ခါ ခ်စ္သူစုံတြဲတစ္တြဲထိုင္
ေနေလ့ရွိေၾကာင္း ေတြ႕ၾကရသည္ဆို၏။
မွတ္ခ်က္။ ။(ထုံးေစတီေလးကို ၿခဳံငုံ၍ခန႔္
ထည္းသြာယ္စြာ ေ႐ႊေရာင္ တဝင္းဝင္းျဖင့္
ရွိေနေလၿပီ။ ေႏွာင္းလူတို႔ ေကာင္းမႈပင္တည္း)