ဝစီဗေဒထိတိုင်းရှ
တစ်ခါကရွာတစ်ရွာမှာ
မောင်ကျော်နဲ့ငထော်ဆိုတဲ့
ညီအစ်ကိုနှစ်ယောက်နေထိုင်ကြသည်။
မောင်ကျော်ကအကြီးဖြစ်ပြီး
ရိုးသားကြိုးစားသူတစ်ယောက်
လည်းဖြစ်သည်။
ညီငယ်ငထော်ကတော့
မိုးလင်းသည်နှင့်အရက်ဝိုင်းသို့
ရောက်နေတတ်သူဖြစ်သည်။
မိဘများမရှိတော့သည့်အတွက်
ညီဖြစ်သူငထော်အားလိုတာထက်
ပိုပြီးအလိုကြိုက်အလိုက်ဆောင်ခဲ့
သည်။
ထို့ကြောင့် ညီဖြစ်သူငထော်က
အကြီးဖြစ်သူမောင်ကျော်အပေါ်
လေးစားမှုမရှိပဲရိုင်းစိုင်းစွာဆက်ဆံ
တတ်သည်။
အကြီးဖြစ်သူ မောင်ကျော်ကတော့
ညီဖြစ်သူ၏အပြုအမူများကို
အပြစ်မမြင်ပဲချစ်မြဲအတိုင်းချစ်ခဲ့သည်။
တစ်ရက်တွင်တော့ သင်္ကန်းစည်းရန်
အတွက်ရည်မှန်းပြီးစုထားသည့်
မောင်ကျော်၏စုဘူးအိုးပျောက်ဆုံး
သွားလေသည်။
အလုပ်ကြမ်းများလုပ်ကာစုထားသည့်
စုဘူးအိုးလေးပျောက်ချင်းမလှ
ပျောက်သွားသည့်အတွက် မောင်ကျော်
စိတ်ဆိုးနေလေသည်။
အိမ်တစ်အိမ်တည်းတွင် ညီအစ်ကို
နှစ်ယောက်ပဲနေထိုင်သည့်အတွက်
တခြားလူ၏လက်ချက်တော့မဖြစ်နိုင်။
ညီဖြစ်သူငထော်သာလျှင်
စုဘူးအိုးကိုခိုးကာအရက်သောက်လိုက်
ခြင်းဖြစ်မည်ဟုသိလိုက်သည်။
ထို့ကြောင့် ညီဖြစ်သူ ငထော်ပြန်အလာအားအိမ်ရှေ့ထွက်ကာ
စောင့်နေလိုက်သည်။
“စိတ်ညစ်လို့အရက်ကိုသောက်တယ်
အရက်သောက်လို့ စိတ်ပိုညစ်တယ်
အေ့ ဂေ့ ”
“ဘယ်ခွေးမှ လူမထင်ဘူးကွ”
“ငါ့ကိုဘာကောင်မှတ်နေသလဲကွ”
“ဟေ”
မူးမူးရူးရူးဖြင့်လမ်းလျှောက်လာသည့်
ညီဖြစ်သူငထော်အားမြင်ပြီးပို၍
ဒေါသဖြစ်မိတော့သည်။
“ညီလေး ငထော် အစ်ကိုမင်းကို
မေးစရာရှိတယ်၊မင်းအမှန်အတိုင်းဖြေ”
“ဘာလဲ…ဘာကိုမေးမှာလဲ”
“မေးစမ်းဗျာ မေးမေး”
“မင်းငါ့စုဘူးအိုးကိုယူပြီးဘာလုပ်
ပစ်လိုက်တာလဲ”
“ဘယ်ကစုဘူးအိုးလဲ ဘာတွေလာပြောနေတာလဲ
ငကျော်ရ”
“မင်းအခုမှမသိချင်ယောင်
ဆောင်မနေစမ်းနဲ့ ငထော်။
ဒီအိမ်မှာမင်းနဲ့ငါနှစ်ယောက်ပဲ
နေတာမင်းမယူလို့အဲ့ဒီစုဘူးဘယ်သူ
ယူမလဲ”
“ဟ…ငါမယူပါဘူးလို့
မင်းကိုဘယ်နှခါပြောရမလဲ…
မင်းမှာနားမပါဘူးလားကွ”
“ဘာ…ငါသိချင်တာကိုသာ
မင်းဖြေစမ်းပါ မင်းယောက်ျား
မဟုတ်ဘူးလား။
ကိုယ်လုပ်တာကိုယ်ဝန်ခံရဲရမှာပေါ့ကွ”
“မယူပါဘူးဆိုနေမှကွာ
ခေါင်းလာစားနေတယ်။
“မင်းယူတယ်လို့သာဝန်ခံလိုက်
ငါဘာမှထပ်မပြောတော့ဘူး”
“ယူလည်းမယူဘူး
သိလည်းမသိဘူး ဒါပဲ”
“ဟ…ညီလေးငထော်
မင်းကွာ ဒီစုဘူးအိုးလေးက
ငါသင်္ကန်းစည်းဖို့ အတွက်ဆိုပြီး
စုထားတာမင်းလည်းသိသားနဲ့။
မင်းမလို့လုပ်ရက်တယ်ကွာ”
“ငါမယူပါဘူးဆိုနေမှကွာ
မင်းစုဘူးအိုးကိုငါယူခဲ့တယ်ဆိုရင်
မနက်ဖြန်မှာပဲ ငါအသေဆိုးနဲ့
သေပါရစေကွာ ရပြီလား”
“မင်းဘာတွေလျှောက်ကျိန်နေတာလဲ
နိမိတ်မရှိဘာမရှိကွာ”
“မင်းဘာလို့မဟုတ်ပဲ
ငါ့ကိုလာစွပ်စွဲနေတာလဲ
ဒါကြောင့်မင်းယုံအောင်ငါကျိန်ပြတာပေါ့”
“တော်ပြီ တော်ပြီ
မင်းသွားအိပ်လိုက်တော့ ငထော်
ဒီထက်ပိုပြီးမပြောချင်တော့ဘူး”
“ကောင်းပါပြီဗျာ ကောင်းပါပြီ”
ငထော်လည်းအိမ်ထဲသို့
ဒယီးဒယိုင်ဖြင့်ဝင်သွားလေသည်။
မောင်ကျော်လည်းညီဖြစ်သူကို
ကြည့်ပြီးသက်ပြင်းတစ်ချက်ကိုသာ
ချလိုက်မိတော့သည်။
============
နောက်တစ်နေ့ ရောက်တော့
မောင်ကျော်လည်းအလုပ်လုပ်ရန်
အိမ်မှထွက်သွားသည်။
ညီဖြစ်သူငထော်ကတော့
ထုံးစံအတိုင်းအရက်ဆိုင်မှာ
မူးရူးနေပြီဖြစ်သည်။
မောင်ကျော် ဒီကနေ့မှ
အလုပ်လုပ်ရတာစိတ်မပါပဲဖြစ်နေသည်။
ရင်ထဲမှာလေးလံနေပြီး
တစ်ခုခုကိုစိုးရိမ်သလိုလိုဖြစ်နေသည်။
မျက်လုံးထဲမှာလည်းညီဖြစ်သူ
ငထော်ကိုပဲမြင်ယောင်နေမိသည်။
နောက်ဆုံးဘာမှစဉ်းစားမနေတော့ပဲ
အလုပ်ကိုသာအာရုံစိုက်ပြီးလုပ်နေ
လိုက်သည်။
ထိုအချိန် လူတစ်ယောက်
အပြေးအလွှားရောက်လာကာ.
“မောင်ကျော် မောင်ကျော်
မင်းညီ င ငထော်လေ၊အရက်ဆိုင်က
အပြန်တာလမ်းဘေးပြုတ်ကျတာ
ဝါးချွန်နဲ့ထိုးမိပြီးသေပြီကွ”
“ဗျာ…ကျုပ် ကျုပ်ညီသေပြီဟုတ်လား”
“ဟုတ်တယ် အဲ့ဒါမင်းကိုငါက
လာအကြောင်းကြားတာ မောင်ကျော်”
“ကျုပ်အခုပဲလိုက်ခဲ့ပါ့မယ်ဗျာ”
မောင်ကျော်လည်းဝမ်းနည်းခြင်းကို
ရင်မှာပိုက်ကာရွာသို့အပြေးတပိုင်း
ပြန်လာခဲ့သည်။
အိမ်ရောက်တော့ ညီဖြစ်သူ
ငထော်၏အလောင်းအားတွေ့လိုက်
ရသည်။
“ဖြစ်မှဖြစ်ရလေ ညီလေးရာ။
ဒါမို့ကြောင့် အစ်ကို့စိတ်တွေ
ဒီကနေ့လေးနေပါတယ်လို့
တွေးနေမိတာအခုတော့
ဖြစ်မှဖြစ်ရလေကွာ”
“မနေ့ညကမင်းကျိန်ခဲ့တဲ့
ဝစီကမင်းကိုထိသွားတာလား
ညီလေးရာ၊အစ်ကိုဘယ်လိုဖြေရမလဲ
ညီလေးရာ”
“ဒါကြောင့်မို့ လူကြီးတွေက
ပြောတာပေါ့ မဟုတ်ပဲမကျိန်နဲ့
မကျိန်ကြနဲ့ မကောင်းတာတွေ
မပြောကြနဲ့လို့ မှာတာတွေက
အကြောင်းမဲ့သက်သက်မဟုတ်ဘူး။
ဝစီဗေဒထိတိုင်းရှမှာစိုးလို့ပြောကြတာ
ကွယ့်။
အခုမင်းညီလေးငထော်လည်း
မနေ့ညကမင်းကိုကျိန်တွယ်ပြ
လိုက်တာဟောအခုကြည့်
ချက်ချင်းပဲဖြစ်ပြီ…
ကိုယ်ကမှန်ကန်မှုမရှိပဲ
ကျိန်တွယ်ပြနေလည်း အလကားပဲ
အဲ့ဒီကျိန်တွယ်မှုက ကိုယ့်ဆီပဲ
ပြန်ရောက်တတ်တယ် အဲ့ဒါကို
မှတ်သားထားပေတော့
မောင်ကျော်ရေ”
“ဟုတ်ကဲ့ ကျုပ်မှတ်သားထားပါ့မယ်”
မောင်ကျော်လည်း ညီဖြစ်သူ
ငထော်၏အဖြစ်ကိုမြင်ပြီး
နှုတ်ဝစီအားစောင့်ထိန်းရန်
လိုအပ်ချက်ကြောင်းသိရှိလိုက်
တော့သည်။
ပြီးပါပြီ။ ။
အားလုံးဘေးကင်းကြပါစေ
ကိုယ်နှင့်နှုတ်ကိုစောင့်ထိန်းနိုင်ပါစေ
လို့ဆုတောင်းရင်း အမြဲချစ်ခင်လျက်
#အောင်ဓူဝံ
ဝစီေဗဒထိတိုင္းရွ
တစ္ခါက႐ြာတစ္႐ြာမွာ
ေမာင္ေက်ာ္နဲ႔ငေထာ္ဆိုတဲ့
ညီအစ္ကိုႏွစ္ေယာက္ေနထိုင္ၾကသည္။
ေမာင္ေက်ာ္ကအႀကီးျဖစ္ၿပီး
႐ိုးသားႀကိဳးစားသူတစ္ေယာက္
လည္းျဖစ္သည္။
ညီငယ္ငေထာ္ကေတာ့
မိုးလင္းသည္ႏွင့္အရက္ဝိုင္းသို႔
ေရာက္ေနတတ္သူျဖစ္သည္။
မိဘမ်ားမရွိေတာ့သည့္အတြက္
ညီျဖစ္သူငေထာ္အားလိုတာထက္
ပိုၿပီးအလိုႀကိဳက္အလိုက္ေဆာင္ခဲ့
သည္။
ထို႔ေၾကာင့္ ညီျဖစ္သူငေထာ္က
အႀကီးျဖစ္သူေမာင္ေက်ာ္အေပၚ
ေလးစားမႈမရွိပဲ႐ိုင္းစိုင္းစြာဆက္ဆံ
တတ္သည္။
အႀကီးျဖစ္သူ ေမာင္ေက်ာ္ကေတာ့
ညီျဖစ္သူ၏အျပဳအမူမ်ားကို
အျပစ္မျမင္ပဲခ်စ္ၿမဲအတိုင္းခ်စ္ခဲ့သည္။
တစ္ရက္တြင္ေတာ့ သကၤန္းစည္းရန္
အတြက္ရည္မွန္းၿပီးစုထားသည့္
ေမာင္ေက်ာ္၏စုဘူးအိုးေပ်ာက္ဆုံး
သြားေလသည္။
အလုပ္ၾကမ္းမ်ားလုပ္ကာစုထားသည့္
စုဘူးအိုးေလးေပ်ာက္ခ်င္းမလွ
ေပ်ာက္သြားသည့္အတြက္ ေမာင္ေက်ာ္
စိတ္ဆိုးေနေလသည္။
အိမ္တစ္အိမ္တည္းတြင္ ညီအစ္ကို
ႏွစ္ေယာက္ပဲေနထိုင္သည့္အတြက္
တျခားလူ၏လက္ခ်က္ေတာ့မျဖစ္ႏိုင္။
ညီျဖစ္သူငေထာ္သာလွ်င္
စုဘူးအိုးကိုခိုးကာအရက္ေသာက္လိုက္
ျခင္းျဖစ္မည္ဟုသိလိုက္သည္။
ထို႔ေၾကာင့္ ညီျဖစ္သူ ငေထာ္ျပန္အလာအားအိမ္ေရွ႕ထြက္ကာ
ေစာင့္ေနလိုက္သည္။
“စိတ္ညစ္လို႔အရက္ကိုေသာက္တယ္
အရက္ေသာက္လို႔ စိတ္ပိုညစ္တယ္
ေအ့ ေဂ့ ”
“ဘယ္ေခြးမွ လူမထင္ဘူးကြ”
“ငါ့ကိုဘာေကာင္မွတ္ေနသလဲကြ”
“ေဟ”
မူးမူး႐ူး႐ူးျဖင့္လမ္းေလွ်ာက္လာသည့္
ညီျဖစ္သူငေထာ္အားျမင္ၿပီးပို၍
ေဒါသျဖစ္မိေတာ့သည္။
“ညီေလး ငေထာ္ အစ္ကိုမင္းကို
ေမးစရာရွိတယ္၊မင္းအမွန္အတိုင္းေျဖ”
“ဘာလဲ…ဘာကိုေမးမွာလဲ”
“ေမးစမ္းဗ်ာ ေမးေမး”
“မင္းငါ့စုဘူးအိုးကိုယူၿပီးဘာလုပ္
ပစ္လိုက္တာလဲ”
“ဘယ္ကစုဘူးအိုးလဲ ဘာေတြလာေျပာေနတာလဲ
ငေက်ာ္ရ”
“မင္းအခုမွမသိခ်င္ေယာင္
ေဆာင္မေနစမ္းနဲ႔ ငေထာ္။
ဒီအိမ္မွာမင္းနဲ႔ငါႏွစ္ေယာက္ပဲ
ေနတာမင္းမယူလို႔အဲ့ဒီစုဘူးဘယ္သူ
ယူမလဲ”
“ဟ…ငါမယူပါဘူးလို႔
မင္းကိုဘယ္ႏွခါေျပာရမလဲ…
မင္းမွာနားမပါဘူးလားကြ”
“ဘာ…ငါသိခ်င္တာကိုသာ
မင္းေျဖစမ္းပါ မင္းေယာက္်ား
မဟုတ္ဘူးလား။
ကိုယ္လုပ္တာကိုယ္ဝန္ခံရဲရမွာေပါ့ကြ”
“မယူပါဘူးဆိုေနမွကြာ
ေခါင္းလာစားေနတယ္။
“မင္းယူတယ္လို႔သာဝန္ခံလိုက္
ငါဘာမွထပ္မေျပာေတာ့ဘူး”
“ယူလည္းမယူဘူး
သိလည္းမသိဘူး ဒါပဲ”
“ဟ…ညီေလးငေထာ္
မင္းကြာ ဒီစုဘူးအိုးေလးက
ငါသကၤန္းစည္းဖို႔ အတြက္ဆိုၿပီး
စုထားတာမင္းလည္းသိသားနဲ႔။
မင္းမလို႔လုပ္ရက္တယ္ကြာ”
“ငါမယူပါဘူးဆိုေနမွကြာ
မင္းစုဘူးအိုးကိုငါယူခဲ့တယ္ဆိုရင္
မနက္ျဖန္မွာပဲ ငါအေသဆိုးနဲ႔
ေသပါရေစကြာ ရၿပီလား”
“မင္းဘာေတြေလွ်ာက္က်ိန္ေနတာလဲ
နိမိတ္မရွိဘာမရွိကြာ”
“မင္းဘာလို႔မဟုတ္ပဲ
ငါ့ကိုလာစြပ္စြဲေနတာလဲ
ဒါေၾကာင့္မင္းယုံေအာင္ငါက်ိန္ျပတာေပါ့”
“ေတာ္ၿပီ ေတာ္ၿပီ
မင္းသြားအိပ္လိုက္ေတာ့ ငေထာ္
ဒီထက္ပိုၿပီးမေျပာခ်င္ေတာ့ဘူး”
“ေကာင္းပါၿပီဗ်ာ ေကာင္းပါၿပီ”
ငေထာ္လည္းအိမ္ထဲသို႔
ဒယီးဒယိုင္ျဖင့္ဝင္သြားေလသည္။
ေမာင္ေက်ာ္လည္းညီျဖစ္သူကို
ၾကည့္ၿပီးသက္ျပင္းတစ္ခ်က္ကိုသာ
ခ်လိုက္မိေတာ့သည္။
============
ေနာက္တစ္ေန႔ ေရာက္ေတာ့
ေမာင္ေက်ာ္လည္းအလုပ္လုပ္ရန္
အိမ္မွထြက္သြားသည္။
ညီျဖစ္သူငေထာ္ကေတာ့
ထုံးစံအတိုင္းအရက္ဆိုင္မွာ
မူး႐ူးေနၿပီျဖစ္သည္။
ေမာင္ေက်ာ္ ဒီကေန႔မွ
အလုပ္လုပ္ရတာစိတ္မပါပဲျဖစ္ေနသည္။
ရင္ထဲမွာေလးလံေနၿပီး
တစ္ခုခုကိုစိုးရိမ္သလိုလိုျဖစ္ေနသည္။
မ်က္လုံးထဲမွာလည္းညီျဖစ္သူ
ငေထာ္ကိုပဲျမင္ေယာင္ေနမိသည္။
ေနာက္ဆုံးဘာမွစဥ္းစားမေနေတာ့ပဲ
အလုပ္ကိုသာအာ႐ုံစိုက္ၿပီးလုပ္ေန
လိုက္သည္။
ထိုအခ်ိန္ လူတစ္ေယာက္
အေျပးအလႊားေရာက္လာကာ.
“ေမာင္ေက်ာ္ ေမာင္ေက်ာ္
မင္းညီ င ငေထာ္ေလ၊အရက္ဆိုင္က
အျပန္တာလမ္းေဘးျပဳတ္က်တာ
ဝါးခြၽန္နဲ႔ထိုးမိၿပီးေသၿပီကြ”
“ဗ်ာ…က်ဳပ္ က်ဳပ္ညီေသၿပီဟုတ္လား”
“ဟုတ္တယ္ အဲ့ဒါမင္းကိုငါက
လာအေၾကာင္းၾကားတာ ေမာင္ေက်ာ္”
“က်ဳပ္အခုပဲလိုက္ခဲ့ပါ့မယ္ဗ်ာ”
ေမာင္ေက်ာ္လည္းဝမ္းနည္းျခင္းကို
ရင္မွာပိုက္ကာ႐ြာသို႔အေျပးတပိုင္း
ျပန္လာခဲ့သည္။
အိမ္ေရာက္ေတာ့ ညီျဖစ္သူ
ငေထာ္၏အေလာင္းအားေတြ႕လိုက္
ရသည္။
“ျဖစ္မွျဖစ္ရေလ ညီေလးရာ။
ဒါမို႔ေၾကာင့္ အစ္ကို႔စိတ္ေတြ
ဒီကေန႔ေလးေနပါတယ္လို႔
ေတြးေနမိတာအခုေတာ့
ျဖစ္မွျဖစ္ရေလကြာ”
“မေန႔ညကမင္းက်ိန္ခဲ့တဲ့
ဝစီကမင္းကိုထိသြားတာလား
ညီေလးရာ၊အစ္ကိုဘယ္လိုေျဖရမလဲ
ညီေလးရာ”
“ဒါေၾကာင့္မို႔ လူႀကီးေတြက
ေျပာတာေပါ့ မဟုတ္ပဲမက်ိန္နဲ႔
မက်ိန္ၾကနဲ႔ မေကာင္းတာေတြ
မေျပာၾကနဲ႔လို႔ မွာတာေတြက
အေၾကာင္းမဲ့သက္သက္မဟုတ္ဘူး။
ဝစီေဗဒထိတိုင္းရွမွာစိုးလို႔ေျပာၾကတာ
ကြယ့္။
အခုမင္းညီေလးငေထာ္လည္း
မေန႔ညကမင္းကိုက်ိန္တြယ္ျပ
လိုက္တာေဟာအခုၾကည့္
ခ်က္ခ်င္းပဲျဖစ္ၿပီ…
ကိုယ္ကမွန္ကန္မႈမရွိပဲ
က်ိန္တြယ္ျပေနလည္း အလကားပဲ
အဲ့ဒီက်ိန္တြယ္မႈက ကိုယ့္ဆီပဲ
ျပန္ေရာက္တတ္တယ္ အဲ့ဒါကို
မွတ္သားထားေပေတာ့
ေမာင္ေက်ာ္ေရ”
“ဟုတ္ကဲ့ က်ဳပ္မွတ္သားထားပါ့မယ္”
ေမာင္ေက်ာ္လည္း ညီျဖစ္သူ
ငေထာ္၏အျဖစ္ကိုျမင္ၿပီး
ႏႈတ္ဝစီအားေစာင့္ထိန္းရန္
လိုအပ္ခ်က္ေၾကာင္းသိရွိလိုက္
ေတာ့သည္။
ၿပီးပါၿပီ။ ။
အားလုံးေဘးကင္းၾကပါေစ
ကိုယ္ႏွင့္ႏႈတ္ကိုေစာင့္ထိန္းႏိုင္ပါေစ
လို႔ဆုေတာင္းရင္း အၿမဲခ်စ္ခင္လ်က္
#ေအာင္ဓူဝံ