ဝဋ်ကြွေးကုန်ချိန်(စ/ဆုံး)

Unicode Version

ဝဋ်ကြွေးကုန်ချိန်(စ/ဆုံး)
——————————
အိမ်ပေါ်ရောက်တော့ ခေါင်းပေါ်က စကောလေးနဲ့ ခေါင်းဖုလေးကို ပစ်ချလိုက်ပြီး စုစုနှင်းအမောဖြေလိုက်ပါတယ်။
ခဏအမောဖြေပြီးတဲ့နောက် သိုင်းလွယ်ထားတဲ့လွယ်အိတ်လေးထဲက ငွေစအချို့ကို ထုတ်ပြီးရေတွက်လိုက်ပါတယ်။
အားလုံးပေါင်း..ခြေက်ထောင်ရှစ်ရာဆိုတော့ ပင်ပန်းခဲ့သမျှ အမောပြေရပြန်တယ်။
နာရီကိုလှမ်းကြည့်လိုက်တော့ မနက်ဆယ်နာရီထိုးနေပြီ။
အိမ်ပေါ်မှာ ဘယ်သူမှရှိမနေပေ။
မောင်လေး အထွန်း၊ ညီမလေး ပုတု ဘယ်တွေလျှောက်ဆော့နေကြပါလိမ့်…
အဖေကတော့ လမ်းထိပ်က ဖထီးတို့ဆိုင်မှာ ရှိနေပါလိမ့်မယ်။

“”အထွန်း ရေ ၊ ပုတုရေ…ဘယ်တွေသွားနေကြလဲ…
ငါရောက်နေပြီဟ…ပြန်လာကြပါဦး…””

“”လာပြီ မစု..ဒီနေ့ နောက်ကျတယ်နော်…
သားတို့ ဘာဝယ်ပေးရမလဲ၊ ဘာလုပ်ပေးရမလဲ..””

အထွန်းလေးက နူတ်ရွှင်ရွှင်နဲ့ ပြောလာတော့ အိမ်မကပ်ပဲလျှောက်ဆော့နေတဲ့ သူတို့လေးတွေကို စုစုနှင်း မဆူရက်တော့ပါ။
တကယ်ဆို သူတို့လေးတွေတင်မက စုစုနှင်းကိုယ်တိုင်လည်း ကလေးသာသာရှိပါသေးတယ်။
စုစုနှင်း က အသက်ဆယ်နှစ်နှစ်ရှိပြီဖြစ်သလို၊ အထွန်းလေးက ဆယ်နှစ်၊ ပုတုလေး က အသက်အားဖြင့်ရှစ်နှစ်ပဲရှိကြပါသေးတယ်။
စုစုနှင်းတို့ရဲ့အဖေ ဖြစ်သူက အခုမှ အသက်သုံးဆယ်တစ်နှစ်ပဲရှိပါသေးတယ်။
ဒါပေမဲ့..အဖေ ရုပ်ရည်ဟာ ရှိရင်းစွဲထက်အများကြီး ရင့်ရော်နေပါပြီ။
စုစုနှင်းသိတတ်စအရွယ်ကတည်းက အဖေဟာအရက်ကို စွဲစွဲ မြဲမြဲ သောက်လာခဲ့တဲ့ ယစ်ထုပ်ကြီးတစ်ယောက်ဖြစ်နေခဲ့တယ်လေ။

စုစုနှင်းတို့အမေက လွန်ခဲ့တဲ့သုံးနှစ်ကပဲ ဆုံးပါးခဲ့ပြီဖြစ်ပါတယ်။
အဆုတ်ရောဂါ ကို စနစ်တကျဆေးဝါးကုသမှု့မရှိခဲ့တာကြောင့် မေ သ သင့် ပဲ ေ သ ခဲ့ရတာလို့ အိမ်နီးနားချင်း တွေက ပြောကြတယ်။

“”ေ သ တော့လည်း ဝဋ် ကျွတ်တာပေါ့..
လင်ကောင်းသားကောင်းရထားတော့ ရထားတဲ့ လင်လုပ်စာကို မစားရတဲ့အပြင် ကိုယ့်ဝမ်းကိုယ်ရှာစားရတာလေ..
ဒီကြားထဲ တစ်ဗိုက်ပြီး တစ်ဗိုက်မွေးထားတဲ့ ကလေးတွေကို တူတူတန်တန်လည်း ရှာမကျွေးနိူင်၊ ပညာလည်း မသင်ပေးနိူင်။
ကိုယ်ကိုတိုင်လည်း ဆင်းရဲ၊ မွေးထားတဲ့ကလေးတွေလည်းဆင်းရဲ…မိသင်းရေ
ေ သ လို့လည်း ထူးပြီး စိတ်မကောင်းစရာမရှိပါဘူး…
နောက်ဘဝမှာတော့ ဒီလို လင်ယောကျ်ားမျိုးနဲ့ ထပ်မဆုံပါစေနဲ့ လို့ နင့်အမေ ငါ..ဆုတောင်းပေးပါတယ် “”

အမေနာရေးမှာ နယ်မြို့လေးက ရောက်လာတဲ့ အမေရဲ့ အမေ၊ စုစုနှင်းတို့ရဲ့ အဖွားဖြစ်သူ ပြောခဲ့တဲ့ စကားတွေပါ။
အမေနာရေးရက်လည်ပြီးတော့ အဖွားက သူနဲ့အတူ ရွာကိုလိုက်ခဲ့ဖို့ စုစုနှင်းတို့ မောင်နှမတွေကို ခေါ်ပါသေးတယ်။

“”မထည့်လိုက်နိူင်ပါဘူးဗျာ…
အခုပဲ စုစုနှင်းက အသက် ကိုးနှစ်ရှိနေပြီ၊ အထွန်းက ခုနှစ်နှစ်၊ သူတို့ နှစ်ယောက် ပုတုကို ထိန်းကြောင်းလို့ ရတယ်။
ပြီးတော့ ပုတု က အသက်ငါးနှစ်ဖြစ်နေပြီ..ချီပိုးထိန်းကြောင်းနေရတာမှ မဟုတ်တာ။
စုစုနှင်းလည်း လေးတန်းဖြေထားတာ။
ရေးတတ်၊ဖတ်တတ်နေပြီ…လူကောင်လည်းထွားတယ်။
သူ့အရွယ်က ဈေးဗန်းခေါင်းရွက်တတ်နေပြီလေဗျာ။
အဒေါ်က ခေါ်သွားပြီး ခိုင်းစားချင်တာမဟုတ်လား..””

အဖေစကားကြောင့် အဖွားဖြစ်သူနဲ့စကားတွေ အကြီးအကျယ်များကြပါတယ်။
နောက်ဆုံးတော့ စုစုနှင်းတို့ မောင်နှမတွေ အဖွားနောက်မလိုက်ရပဲ အဖေနဲ့သာ ကျန်ရစ်ခဲ့ရပါတယ်။
အဲ့အရွယ်ကလေးထဲက မိသားစုစားဝတ်နေရေးအတွက်ရုန်းကန်ခဲ့ရတဲ့အမေတာဝန်တွေဟာ စုစုနှင်းပခုံးပေါ်ပြောင်းရောက်လာသလိုပါပဲ။
အဖေက ကိုယ်တိုင်သာမိသားစုကိုရှာမကျွေးပေမယ့် စီမံခန့်ခွဲမှု့က တော်လွန်းတယ်လို့ပြောရမလိုပင်။
စုစုနှင်း ကို ကုန်စိမ်းအချို့ဈေးကြိုပေးပြီး ရပ်ကွက်ထဲ ပတ်ရောင်းခိုင်းပါတယ်။
ခေါင်းရွက်ဗျပ်ထိုးဈေးသည်လေးပေါ့။
အထွန်းလေးကိုတော့ ထမင်းချက်၊ ဟင်းချက်အဝယ်တော် လုပ်ခိုင်းပါတယ်။
ကျောင်းဖွင့်ချိန်ရောက်တော့ စုစုနှင်းရောအထွန်းပါ ကျောင်းမတက်ရတော့ပါပဲ ပုတုတစ်ယောက်ကိုသာ ကျောင်းတက်စေခဲ့ပါတယ်။

စုစုနှင်းမှာ လူကသာကလေးဖြစ်ပေမယ့် ခေါင်းရွက်ဗျပ်ထိုးဈေးသည်ကြီးဖြစ်မှန်းမသိဖြစ်ခဲ့ရပါတယ်။
တခါတလေ ဈေးရင်းပြုတ်သွားတာမျိုးတွေ မကြာခဏဖြစ်တတ်ပါတယ်။
အဲဒီလိုအခါမျိုးမှာတော့ ကန်တွေ၊ချောင်းတွေမှာအလေ့ကျပေါက်တဲ့ ကန်စွန်းရွက်တွေလိုက်ခူးပြီး ရောင်းရပါတယ်။
အခုလည်း ကန်စွန်းရွက်ရောင်းပြီးစုစုနှင်းပြန်လာခဲ့တာပါ။
စုစုနှင်းပြန်လာမှ ရတဲ့ငွေလေးနဲ့ ဆန်ပြေးဝယ်၊ မီးသွေး၊ဒါမှမဟုတ်ရင် ထင်းဝယ်၊ ဟင်းအဖို့ကတော့ ကြက်ဥကြော်၊ လက်ဖက်သုပ်၊ ကန်စွန်းရွက်ကြော် အစရှိတဲ့ လွယ်ကူသက်သာတဲ့ ဟင်းအမယ်တစ်ခုခုနဲ့ ပြီးလိုက်တာများပါတယ်။
ရှာလို့ရတာကို မိသားစု စားဖို့ ဝယ်ခြမ်းချက်ပြုတ်ရပြီး အဖေအရက်ဖိုးတော့ မပေးရပါဘူး။

အဖေအရက်သောက်နေကျ အရက်ဆိုင်က ရပ်ကွက်အတွင်းက ပျံကျဈေးလမ်းကလေးမှာရှိပါတယ်။
မနက်ဆို အဖေက ဈေးလမ်းထဲက ဈေးသည်အချို့ရဲ့ ကုန်တွေကို ဈေးကြိုကားကနေ ဆိုင်အထိ ထမ်းပိုးပို့ဆောင်ပေးပါတယ်။
အခကြေးငွေကတော့ ဘယ်လောက်ရယ်လို့မသတ်မှတ်ထားဘူးပေါ့။
အဖေအတွက် လုံလောက်တဲ့ အရက်ဖိုးလေး ရနေတာတော့အမှန်ပါပဲ။
ဘာပဲဖြစ်ဖြစ် အဖေ့ကို အရက်ဖိုးရှာမပေးရတာနဲ့တင် စုစုနှင်းကျေးဇူးတင်နေမိပါတယ်။
အခုတော့ အသက်ဆယ်နှစ်နှစ်အရွယ်စုစုနှင်းတို့ မောင်နှမသုံးယောက် စားဝတ်နေရေးအတွက် စုစုနှင်းက ခေါင်းရွက်ဗျပ်ထိုးဈေးသည်မလေးဘဝနဲ့ ရုန်းကန်နေခဲ့ရတာပဲဖြစ်ပါတယ်။

@@@@@@@@@@@@@@@@@@@@@@

အခန်း(နှစ်)

“”မစု ဒီနေ့ ကြက်ဥကြော်လေးက ပိုပြီးစားလို့ကောင်းသလိုပဲဗျာ…””

ကြက်ဥကြော်လေး အနည်းငယ်ကျန်နေတဲ့ပန်းကန်ကိုကြည့်ပြီး အထွန်းလေးက စကားဆိုလာတာဖြစ်ပါတယ်။

“”အေးပါ ကျန်ဖြတ်ကို နင်ရှင်းချင်နေတာမဟုတ်လား…စားလိုက်ပါဟယ် စကားတွေခေါ်မနေပါနဲ့..””

“”အာဆို စားမယ်နော် မစု
စားကောင်းလို့ပါဗျာ မစုကလည်း ဟဲ ဟဲ…””

“”ဟဲ့ အထွန်း ဒီနေ့ တခါမှ အဖေပြန်မလာသေးဘူးနော်…””

“”ဟုတ်တယ် မစု..””

စုစုနှင်းတို့ပြောနေကြတဲ့ စကားပင်မဆုံးလိုက်ပါ။
အိမ်ရှေ့ဆီမှ အဖေရဲ့ စကားသံခပ်ကျယ်ကျယ် ကို ကြားနေရပါတယ်။

“”စုစုနှင်း…စုစုနှင်း..””

စုစုနှင်းကို အော်ခေါ်နေတာမို့ စုစုနှင်း အိမ်ကလေး၏ ဖိနပ်ချွတ်ဆီ ရောက်လာပါတယ်။
အဖေ အမူးများလွန်နေလေသလား..
တခါတလေ နေ့တပိုင်းနဲ့ အဖေဇက်ကျိုးတတ်တဲ့အခြေအနေတွေရှိနေတာမို့ရင်ထဲထိတ်သွားပါတယ်။
ဘာလို့လဲဆိုတော့ မထင်ရင်မထင်သလို စုစုနှင်းတို့မောင်နှမသုံးယောက်ကို ရိုက် နှက် တတ်တာမို့ပါ။

“”ရှိ ရှိပါတယ် အဖေ..””

“”ဟဲ့ နင်တို့ ထမင်းစားပြီးကြပြီလား..””

“”ဟုတ် စားပြီးပါပြီ အဖေ..””

“”အေး..နင်တို့ကို ငါပြောစရာရှိတယ်
ဒီအိမ်ရဲ့ စာချုပ်စာတမ်းတွေကို နင်တို့အမေ နာရေးဖြစ်တုန်းက ဦးသိန်းစိုး ဆီ ပေးပြီး ငွေယူထားတာကို နင်တို့သိတယ်နော်..””

“”ဟုတ်…သိပါတယ် အဖေ..””

“”အေး ဟိုက သနားလို့ အတိုးမယူပဲ ပေးထားတာ။
အခုဆို သုံးနှစ်လောက်ရှိနေပြီ။
ယူထားတဲ့ငွေက ဆယ်သိန်း ဆိုတော့ အားလည်းနာလှပြီဟာ…အဲဒီတော့ အိမ်ကို ပေါက်ဈေးနဲ့ ရောင်းပြီး ဦးသိန်းစိုးကို သာတယ်နာတယ်မမှတ်ပါနဲ့ဆိုပြီး ဆယ့်ငါးသိန်းပေးလိုက်မယ်ဟာ…
ရောင်းရင် ဆယ်ပေ၊ပေခြောက်ဆယ် ပါမစ်အကွက်ဆိုတော့လေ မရဘူးဆိုရင်တောင် သိန်းတစ်ရာလောက်ရမှာ ဟ…ငါရောင်းချင်တယ်။
ရောင်းပြီးရင် နင်တို့ မောင်နှမသုံးယောက် ကို ပိုက်ဆံသိန်းသုံးဆယ် ပေးလိုက်မယ်။
နင်တို့အဖွားရှိတဲ့ ရွာမှာသွားနေကြပေါ့…””

အဖေစကားကြောင့် စုစုနှင်း စိတ်မောသွားပါတယ်။
ရန်ကုန်မြို့မှာ ကျောတစ်နေရာစာနေရာရဖို့ဆိုတာအတော်လေး ခက်ခဲတဲ့ အခြေအနေပါ။
ဒီမြေကွက်ကလေးက အဖေ့ အမေဖြစ်သူ အဖွားတို့ ရွာမမီးရထားသံလမ်းဘေးက ကျူး မှာနေထိုင်စဉ် ဖယ်ရှားခံရပြီး အစားထိုးရထားတဲ့မြို့သစ်မြေကွက်ကလေးဖြစ်ပါတယ်။
မြေကွက်ကို အဖွားမ ေ သ ခင် က တစ်ဝက်ရောင်းလိုက်တာမို့ ဆယ်ပေသာကျန်ရစ်ခဲ့တာဖြစ်ပါတယ်။
နေစရာလေးမပူရတာမို့ စားဖို့အတွက်လေးသာရှာရတယ်။
အခုတော့ အဖေက နေစရာနေရာလေးကို ဖျောက်ဖျက်ချင်နေပြီ။
အဖေကိုလည်း ပြန်ခံမပြောရဲပေ။
ဒါပေမဲ့ ဘယ်နည်းနဲ့မှ ဒီအိမ်လေးကို မရောင်းချစေလိုပါ။

“”ဝယ်ချင်တဲ့သူက အသင့်ရှိနေပြီ.. ငါက ရောင်းမှာ
အဲဒါ နင် ဘယ်လို သဘောရလဲ..””

“”မရောင်းပါနဲ့လား အဖေရယ်…
စုနှင်းလည်း ဒီရပ်ကွက်မှာ ဈေးရောင်းရတာ အဆင်ပြေနေတယ်။
အဖေလည်း ဈေးကုန်တွေ ထမ်းပေးရတာ အဆင်ပြေတယ်မဟုတ်လား…
အကြွေးဆပ်ရမယ်ဆိုလည်း စုနှင်းကြိုးစားပြီး ဆပ်ပါ့မယ်။
ဦးလေးသိန်းစိုးက သဘောကောင်းပါတယ် အဖေရယ် မရောင်းပါနဲ့ နော်…””

ငိုချင်လာတဲ့အသံကို မနည်းထိန်းပြီး စုနှင်းအဖေ့ကို တောင်းပန်ရပါတယ်။
အခုမှ အဖေ့ကို စုနှင်း သေချာကြည့်မိလိုက်တယ်။.မူးနေတာ မှန်ပေမယ့် အဖေ့ပုံစံက အရင်လို စုတ်နူတ်မနေပေ။
ဆံပင်တွေကိုလည်း ေ သ သေ သပ်သပ်ညှပ်ထားသလို ဝတ်နေကြအင်္ကျီမဟုတ်ပဲ အနည်းငယ်သစ်လွင်နေတဲ့ အင်္ကျီနဲ့ ပုဆိုးကို ဝတ်တင်ထားတာသတိပြုမိပါတယ်။

“”မရောင်းလို့မရဘူး ..ရောင်းမှ ရမှာ ဟဲ့။
နောက်ထပ်အကြွေးနည်းနည်းလည်း ရှိသေးတယ်။
ပြီးတော့…””

အဖေ က စကားကို မဆက်ပဲ ခဏရပ်ထားပြီး ပြောဖို့ကို ချင့်ချိန်နေပြန်ပါတယ်။

“”ဒေါ်မချို ကို နင်တို့သိတယ်မဟုတ်လား..
ဈေးလမ်းမှာ အသုပ်တို့၊မုန်ဟင်းခါးတို့ရောင်းတဲ့ မချိုလေ…””

စုစုနှင်း သိပါတယ်။
ဒေါ်မချို ဆိုတာ ကလေးသုံးယောက်အမေ တစ်ခုလပ်အဒေါ်ကြီးဖြစ်ပြီး သူ့သားသမီးတွေက စုစုနှင်းတို့ထက်အများကြီး ကြီးပါတယ်။
အကြီးမနဲ့ အလတ်မ က အထည်ချုပ်မှာအလုပ်လုပ်နေကြသူတွေဖြစ်ပြီး သားအငယ်ကတော့ စုစုနှင်းနဲ့ရွယ်တူဖြစ်ပြီး ကျောင်းတက်နေတာကိုသိပါတယ်။
အဖေ ဘာကြောင့် ဒေါ်မချို ရဲ့နံမည်ကို စကားထဲထည့်ပြောနေပါလိမ့်…
ဒေါ်မချို က လူရည်အလည်လွန်ပြီး အာကြမ်းလျှာကြမ်းအဒေါ်ကြီးတစ်ယောက်ပါ။
အဖေဆက်ပြောလာမယ့်စကားတို့ကို အထိတ်တလန့် နဲ့ နားစွင့်နေမိပါတယ်။

“”အေး… ငါ နဲ့ ဒေါ်မချို နဲ့ ယူကြတော့မယ်။
အဲ့ဒါကြောင့် အိမ်ကိုရောင်းချင်တာ…
နင်တို့ကို သိန်းသုံးဆယ်ပေးလိုက်မယ်။ အကြွေးက နှစ်ဆယ်လောက်ဆပ်ရမယ်။
ကျန်တာလေးကို ငါနဲ့ မချိုနဲ့ ရင်းနှီးလုပ်ကိုင်စားကြမယ်ပေါ့ဟာ…
နင်တို့ကိုလည်း ပစ်မထားပါဘူး။
ငါအဆင်ပြေရင်ပြေသလို ထောက်ပံ့မှာပါ.. “”

စုစုနှင်း အဖေ့ထောက်ပံ့မယ်ဆိုတာကို မယုံကြည်ပါဘူး။
လက်ထဲရှိတဲ့ ပိုက်ဆံနဲ့ အဖေက ဘာအလုပ်တွေ လုပ်မှာလဲ…အဖေက ဘာတွေလုပ်တတ်လို့လဲ…
တသက်တာလုံး စုစုနှင်းတို့ မောင်နှမတွေကို မွေးထုတ်ထားပြီး ဘာတာဝန်မှ မကျေပွန်ခဲ့တဲ့ အဖေက ပေးတဲ့ ကတိတွေကို ဘယ်လိုစိတ်နဲ့ ယုံကြည်ရမလဲ။
အထွန်းလေးနဲ့ ပုတုတို့ရဲ့ မျက်နှာကို လှမ်းကြည့်လိုက်တော့ ငိုမဲ့မဲ့ လေးတွေ ဖြစ်နေပါတယ်။
စုစုနှင်း ရင်ထဲမကောင်းလိုက်တာလေ။

“”ဟင့်အင်း ဟင့်အင်း အဖေဘာသာ ဒေါ်မချိုမကလို့ ယူချင်တဲ့သူကိုယူ..စုနှင်းတို့မတားဘူး။
အိမ်ကိုတော့ ရောင်းမပေးနိူင်ဘူး။
အရောင်းမခံနိူင်ဘူး။
ဟိုအဒေါ်ကြီးက မိန်းမလည်ကြီး အဖေလိုလူမျိူးကို အိမ်လေးရှိလို့ ယူချင်တာ။
အိမ်ရောင်းလို့ရတဲ့ငွေ ၊ သူ့လက်ထဲထည့်ပေးလိုက် သိပ်မကြာခင်အဖေကို ကန်ထုတ်မှာ။
အဲတော့ စုနှင်းတို့ လည်းဘယ်အဖွားဆီမှမသွားဘူး။
အိမ်လည်း အရောင်းမခံဘူး..ဟီး အီး.. ”

“”အောင်မယ် လူက လက်တောက်လောက်နဲ့ ငါ့ကို အာခံနေတယ်။ ဒီအိမ်က ငါ့အမေဘက်ကရတဲ့အိမ်
ငါ့အိမ်…ငါကြိုက်သလို လုပ်မယ်။
နင်တို့ကို ခြူးတစ်ပြားမှ မပေးပဲ ကန်ချပစ်လိုက်ရမလား…နင်တို့ ခွင့်ပြုချက်ကိုတောင်းနေတာလည်းမဟုတ်ဘူး။
ငါ့ပစ္စည်း ငါ့ရောင်းမှာပဲ…ဘာဖြစ်လဲ…
ပြီးတော် ဒေါ်မချိုက မိန်းမလည်လို့ နင်ပြောတယ်နော်…ပါး ဖြတ် ချလိုက်မယ် ကောင်မ..လူပါးမဝနဲ့
ဒီညနေ ဝယ်သူနဲ့ ချိန်းထားတယ်..ငါသဘော..
ငါပစ္စည်း ငါရောင်းမှာ…ရောင်းပြီးရင်.. မချိုကိုယူမှာ ဒါပဲ…””

ပြောချင်ရာပြောပြီး အိမ်ပေါ်ကနေ ဆင်းသွားပါတယ်။
အဖေ့ကျောပြင်ကို ကြည့်ရင်း စုစုနှင်းတို့ မောင်နှမတွေ ဖက်ငိုမိကြပါတယ်။
မိဘကျေးဇူးမြင့်မိုရ်ဦး လို့ စုစုနှင်းကြားဘူးပါတယ်။
ဒါပေမဲ့..စုစုနှင်းတို့အတွက်တော့ အဖေမေတ္တာက တောင်ပူစာတစ်ခုလောက်တောင်အမြင့်မရှိပါဘူး။
တခါမှ သားရယ်၊သမီးရယ်လို့ ကြင်နာတတ်ရကောင်းမှန်းမသိတဲ့အဖေ။
သူ့ဘဝ မှာ သူ့သာယာပြီး ရှေ့ရေး၊နောက်ရေး ၊ သားသမီးအရေးရယ်လို့တောင် မသိခဲ့တဲ့အဖေ။
ဘာလို့များဒီလို အဖေမျိုးဆီမှာ စုစုနှင်းတို့ လူလာဖြစ်ကြရတာလဲ…
စုစုနှင်းတို့ မောင်နှမတွေ ဘဝတစ်ခုခုမှာ အဖေ့အပေါ် ပေးဆပ်ရမယ့်အကြွေးတွေ တင်နေခဲ့လေသလား…

တွေးရင်းနဲ့ ပိုဝမ်းနည်းလာပြီး…စုစုနှင်းမျက်ရည်တွေဆည်မနိူင်ဖြစ်နေရပါတယ်။
စုစုနှင်းရဲ့ ဘဝနူံချာရင် နူံချာပါစေ…
အထွန်းလေးနဲ့ ပုတုလေးကိုတော့ ဒီလိုဘဝကြီးနဲ့ ရေစုန်မမျောစေချင်သူပါ။
သုညသာသာရှိနေတဲ့ဘဝကနေ ကြိုးစားဖို့တောင် အခြေအနေအခွင့်အရေးမရတဲ့ ဘဝတွေပါလား..
ဝဋ်ကြွေးတွေသာဆိုရင် ကြေရပါလို၏.. လို့ စုစုနှင်း ဘုရားရှင်တော်မြတ်ဆီမှာ ဦးချကန့်တော့ရင်းဆုတောင်းမိတယ်။

“”မငိုကြပါနဲ့ အထွန်းနဲ့ပုတုရယ်
ဖြစ်လာတဲ့ဘဝကနေ မစု ရုန်းကန်ပြီး ငါ့မောင်လေးနဲ့ ညီမလေး ကို လုပ်ကိုင်ကျွေးပါ့မယ်..မငိုကြနဲ့နော်..””

အဲ့အချိန်မှာပဲ အိမ်ရှေ့ဆီကို ရပ်ကွက်လူကြီးနဲ့ လူအချို့ရောက်လာပါတယ်။

“”စုစုနှင်းရေ…စုစုနှင်း..””

အိမ်ဝယ်မယ့်သူတွေနဲ့ ရပ်ကွက်လူကြီး လာတယ်လို့သာထင်မိပါတယ်။
မျက်ရည်တွေကိုသုတ်ပြီး အိမ်ရှေ့ ထွက်လိုက်ပါတယ်။

“”စုစုနှင်းရေ စိတ်မကောင်းစရာပဲ…
နင်တို့အဖေ ဈေးလမ်းထိပ်မှာ ကား တိုက် ခံရတာ ဆုံးသွားပြီ။
ဆေးရုံတောင်မရောက်လိုက်ဘူး…
အခု နာရေးကိစ္စတွေ ဦးလေးတို့ လိုက်လုပ်ပေးနေတယ်။
ကလေးတို့သိအောင်လာပြောတာ..””

“”ရှင်…အဖေ ဆုံး ပြီ ဟုတ်လား….
ဖြစ်မှ ဖြစ်ရလေ အဖေရယ်…””

@@@@@@@@@@@@@@@@@@@@@

အခန်း(သုံး)

ရပ်ကွက်က အဖေ့နာရေးကို အကျဉ်းရုံးပြီးအစအဆုံးစီစဉ်ပေးပါတယ်။.
ဦးသိန်းစိုး က ရစရာရှိတဲ့ကြွေးမြီတွေကို မယူတော့တဲ့အကြောင်း ရပ်ကွက်လူကြီးတွေရှေ့မှာပြောလာပါတယ်။..
စုစုနှင်းလေ ဦးလေးသိန်းစိုးကို လက်အုပ်ချီပြီးကန့်တော့မိပါတယ်။
ဝမ်းနည်းဝမ်းသာနဲ့ မျက်ရည်ကျမိတဲ့အထိပါပဲ။
အဖေရှိစဉ်ကလည်း ကိုယ့်ဝမ်းကိုယ်ရှာစားခဲ့ရတဲ့ စုစုနှင်းတို့အဖို့ အဖေရဲ့ ေ သဆုံးမှု့က အထူးတလည် ထိခိုက်သွားစေတာမျိုးတော့မရှိပါဘူး။
ရပ်ကွက်ကလည်း အမိမဲ့၊အဖမဲ့ စုစုနှင်းတို့ကို ဝိုင်းဝန်းပံ့ပိုးပေးကြပါတယ်။
စုစုနှင်း…မောင်လေးနဲ့ ညီမလေး အတွက် လောကကြီးကို ရင်ဆိုင်ရပါဦးမယ်။
အထွန်းလေးကိုရော၊ပုတုလေးကိုပါကျောင်းထားပေးနိူင်အောင်ကြိုးစားပါ့မယ်။
ရပ်ကွက်ကပံ့ပိုးပေးတဲ့ငွေအချို့နဲ့ကုန်စိမ်းလှည်းလေးပေါ်မှာကုန်စိမ်းစုံစုံလင်လင်တင်လို့ ဈေးသည်မလေးစုစုနှင်း လောကကြီးကို ရင်ဆိုင်နေပါပြီ။

ဒါပေမဲ့လေ..ဝဋ်ကြွေးတွေကြေရပါလို၏..လို့ စုစုနှင်းဆုတောင်းလိုက်မိလို့ များ အဖေနဲ့ ေ သ ကွဲကွဲရတာလား…
အဖေကို ဒီလိုမျိုးကြီးမဖြစ်စေချင်မိတာအမှန်ပါ။
အဲ့အတွေးကိုတွေးမိတိုင်း ရင်ထဲမကောင်းဖြစ်ရတယ်အဖေရယ်….
အဖေ ပီသတာ၊ မပီသ တာတွေထက် အဖေ့ကို ဖြစ်လေရာဘဝမှာ လူပီသပြီး၊ သားသမီးအပေါ်မေတ္တာပေးတတ်တဲ့အဖေတစ်ယောက်အဖြစ် ပြန်လည်ရှင်သန်ပါစေလို့ စုစုနှင်းဆုတောင်းနေမိပါတယ်။

#ယွန်းနှင်းဆီခိုင်အားလေးစားလျက်

Zawgyi Version

ဝဋ္ေႂကြးကုန္ခ်ိန္(စ/ဆံုး)
——————————
အိမ္ေပၚေရာက္ေတာ့ ေခါင္းေပၚက စေကာေလးနဲ႔ ေခါင္းဖုေလးကို ပစ္ခ်လိုက္ၿပီး စုစုႏွင္းအေမာေျဖလိုက္ပါတယ္။
ခဏအေမာေျဖၿပီးတဲ့ေနာက္ သိုင္းလြယ္ထားတဲ့လြယ္အိတ္ေလးထဲက ေငြစအခ်ိဳ႕ကို ထုတ္ၿပီးေရတြက္လိုက္ပါတယ္။
အားလုံးေပါင္း..ေျခက္ေထာင္ရွစ္ရာဆိုေတာ့ ပင္ပန္းခဲ့သမွ် အေမာေျပရျပန္တယ္။
နာရီကိုလွမ္းၾကည့္လိုက္ေတာ့ မနက္ဆယ္နာရီထိုးေနၿပီ။
အိမ္ေပၚမွာ ဘယ္သူမွရွိမေနေပ။
ေမာင္ေလး အထြန္း၊ ညီမေလး ပုတု ဘယ္ေတြေလွ်ာက္ေဆာ့ေနၾကပါလိမ့္…
အေဖကေတာ့ လမ္းထိပ္က ဖထီးတို႔ဆိုင္မွာ ရွိေနပါလိမ့္မယ္။

“”အထြန္း ေရ ၊ ပုတုေရ…ဘယ္ေတြသြားေနၾကလဲ…
ငါေရာက္ေနၿပီဟ…ျပန္လာၾကပါဦး…””

“”လာၿပီ မစု..ဒီေန႔ ေနာက္က်တယ္ေနာ္…
သားတို႔ ဘာဝယ္ေပးရမလဲ၊ ဘာလုပ္ေပးရမလဲ..””

အထြန္းေလးက ႏူတ္႐ႊင္႐ႊင္နဲ႔ ေျပာလာေတာ့ အိမ္မကပ္ပဲေလွ်ာက္ေဆာ့ေနတဲ့ သူတို႔ေလးေတြကို စုစုႏွင္း မဆူရက္ေတာ့ပါ။
တကယ္ဆို သူတို႔ေလးေတြတင္မက စုစုႏွင္းကိုယ္တိုင္လည္း ကေလးသာသာရွိပါေသးတယ္။
စုစုႏွင္း က အသက္ဆယ္ႏွစ္ႏွစ္ရွိၿပီျဖစ္သလို၊ အထြန္းေလးက ဆယ္ႏွစ္၊ ပုတုေလး က အသက္အားျဖင့္ရွစ္ႏွစ္ပဲရွိၾကပါေသးတယ္။
စုစုႏွင္းတို႔ရဲ႕အေဖ ျဖစ္သူက အခုမွ အသက္သုံးဆယ္တစ္ႏွစ္ပဲရွိပါေသးတယ္။
ဒါေပမဲ့..အေဖ ႐ုပ္ရည္ဟာ ရွိရင္းစြဲထက္အမ်ားႀကီး ရင့္ေရာ္ေနပါၿပီ။
စုစုႏွင္းသိတတ္စအ႐ြယ္ကတည္းက အေဖဟာအရက္ကို စြဲစြဲ ၿမဲၿမဲ ေသာက္လာခဲ့တဲ့ ယစ္ထုပ္ႀကီးတစ္ေယာက္ျဖစ္ေနခဲ့တယ္ေလ။

စုစုႏွင္းတို႔အေမက လြန္ခဲ့တဲ့သုံးႏွစ္ကပဲ ဆုံးပါးခဲ့ၿပီျဖစ္ပါတယ္။
အဆုတ္ေရာဂါ ကို စနစ္တက်ေဆးဝါးကုသမႈ႕မရွိခဲ့တာေၾကာင့္ ေမ သ သင့္ ပဲ ေ သ ခဲ့ရတာလို႔ အိမ္နီးနားခ်င္း ေတြက ေျပာၾကတယ္။

“”ေ သ ေတာ့လည္း ဝဋ္ ကြၽတ္တာေပါ့..
လင္ေကာင္းသားေကာင္းရထားေတာ့ ရထားတဲ့ လင္လုပ္စာကို မစားရတဲ့အျပင္ ကိုယ့္ဝမ္းကိုယ္ရွာစားရတာေလ..
ဒီၾကားထဲ တစ္ဗိုက္ၿပီး တစ္ဗိုက္ေမြးထားတဲ့ ကေလးေတြကို တူတူတန္တန္လည္း ရွာမေကြၽးႏိူင္၊ ပညာလည္း မသင္ေပးႏိူင္။
ကိုယ္ကိုတိုင္လည္း ဆင္းရဲ၊ ေမြးထားတဲ့ကေလးေတြလည္းဆင္းရဲ…မိသင္းေရ
ေ သ လို႔လည္း ထူးၿပီး စိတ္မေကာင္းစရာမရွိပါဘူး…
ေနာက္ဘဝမွာေတာ့ ဒီလို လင္ေယာက်္ားမ်ိဳးနဲ႔ ထပ္မဆုံပါေစနဲ႔ လို႔ နင့္အေမ ငါ..ဆုေတာင္းေပးပါတယ္ “”

အေမနာေရးမွာ နယ္ၿမိဳ႕ေလးက ေရာက္လာတဲ့ အေမရဲ႕ အေမ၊ စုစုႏွင္းတို႔ရဲ႕ အဖြားျဖစ္သူ ေျပာခဲ့တဲ့ စကားေတြပါ။
အေမနာေရးရက္လည္ၿပီးေတာ့ အဖြားက သူနဲ႔အတူ ႐ြာကိုလိုက္ခဲ့ဖို႔ စုစုႏွင္းတို႔ ေမာင္ႏွမေတြကို ေခၚပါေသးတယ္။

“”မထည့္လိုက္ႏိူင္ပါဘူးဗ်ာ…
အခုပဲ စုစုႏွင္းက အသက္ ကိုးႏွစ္ရွိေနၿပီ၊ အထြန္းက ခုႏွစ္ႏွစ္၊ သူတို႔ ႏွစ္ေယာက္ ပုတုကို ထိန္းေၾကာင္းလို႔ ရတယ္။
ၿပီးေတာ့ ပုတု က အသက္ငါးႏွစ္ျဖစ္ေနၿပီ..ခ်ီပိုးထိန္းေၾကာင္းေနရတာမွ မဟုတ္တာ။
စုစုႏွင္းလည္း ေလးတန္းေျဖထားတာ။
ေရးတတ္၊ဖတ္တတ္ေနၿပီ…လူေကာင္လည္းထြားတယ္။
သူ႔အ႐ြယ္က ေစ်းဗန္းေခါင္း႐ြက္တတ္ေနၿပီေလဗ်ာ။
အေဒၚက ေခၚသြားၿပီး ခိုင္းစားခ်င္တာမဟုတ္လား..””

အေဖစကားေၾကာင့္ အဖြားျဖစ္သူနဲ႔စကားေတြ အႀကီးအက်ယ္မ်ားၾကပါတယ္။
ေနာက္ဆုံးေတာ့ စုစုႏွင္းတို႔ ေမာင္ႏွမေတြ အဖြားေနာက္မလိုက္ရပဲ အေဖနဲ႔သာ က်န္ရစ္ခဲ့ရပါတယ္။
အဲ့အ႐ြယ္ကေလးထဲက မိသားစုစားဝတ္ေနေရးအတြက္႐ုန္းကန္ခဲ့ရတဲ့အေမတာဝန္ေတြဟာ စုစုႏွင္းပခုံးေပၚေျပာင္းေရာက္လာသလိုပါပဲ။
အေဖက ကိုယ္တိုင္သာမိသားစုကိုရွာမေကြၽးေပမယ့္ စီမံခန္႔ခြဲမႈ႕က ေတာ္လြန္းတယ္လို႔ေျပာရမလိုပင္။
စုစုႏွင္း ကို ကုန္စိမ္းအခ်ိဳ႕ေစ်းႀကိဳေပးၿပီး ရပ္ကြက္ထဲ ပတ္ေရာင္းခိုင္းပါတယ္။
ေခါင္း႐ြက္ဗ်ပ္ထိုးေစ်းသည္ေလးေပါ့။
အထြန္းေလးကိုေတာ့ ထမင္းခ်က္၊ ဟင္းခ်က္အဝယ္ေတာ္ လုပ္ခိုင္းပါတယ္။
ေက်ာင္းဖြင့္ခ်ိန္ေရာက္ေတာ့ စုစုႏွင္းေရာအထြန္းပါ ေက်ာင္းမတက္ရေတာ့ပါပဲ ပုတုတစ္ေယာက္ကိုသာ ေက်ာင္းတက္ေစခဲ့ပါတယ္။

စုစုႏွင္းမွာ လူကသာကေလးျဖစ္ေပမယ့္ ေခါင္း႐ြက္ဗ်ပ္ထိုးေစ်းသည္ႀကီးျဖစ္မွန္းမသိျဖစ္ခဲ့ရပါတယ္။
တခါတေလ ေစ်းရင္းျပဳတ္သြားတာမ်ိဳးေတြ မၾကာခဏျဖစ္တတ္ပါတယ္။
အဲဒီလိုအခါမ်ိဳးမွာေတာ့ ကန္ေတြ၊ေခ်ာင္းေတြမွာအေလ့က်ေပါက္တဲ့ ကန္စြန္း႐ြက္ေတြလိုက္ခူးၿပီး ေရာင္းရပါတယ္။
အခုလည္း ကန္စြန္း႐ြက္ေရာင္းၿပီးစုစုႏွင္းျပန္လာခဲ့တာပါ။
စုစုႏွင္းျပန္လာမွ ရတဲ့ေငြေလးနဲ႔ ဆန္ေျပးဝယ္၊ မီးေသြး၊ဒါမွမဟုတ္ရင္ ထင္းဝယ္၊ ဟင္းအဖို႔ကေတာ့ ၾကက္ဥေၾကာ္၊ လက္ဖက္သုပ္၊ ကန္စြန္း႐ြက္ေၾကာ္ အစရွိတဲ့ လြယ္ကူသက္သာတဲ့ ဟင္းအမယ္တစ္ခုခုနဲ႔ ၿပီးလိုက္တာမ်ားပါတယ္။
ရွာလို႔ရတာကို မိသားစု စားဖို႔ ဝယ္ျခမ္းခ်က္ျပဳတ္ရၿပီး အေဖအရက္ဖိုးေတာ့ မေပးရပါဘူး။

အေဖအရက္ေသာက္ေနက် အရက္ဆိုင္က ရပ္ကြက္အတြင္းက ပ်ံက်ေစ်းလမ္းကေလးမွာရွိပါတယ္။
မနက္ဆို အေဖက ေစ်းလမ္းထဲက ေစ်းသည္အခ်ိဳ႕ရဲ႕ ကုန္ေတြကို ေစ်းႀကိဳကားကေန ဆိုင္အထိ ထမ္းပိုးပို႔ေဆာင္ေပးပါတယ္။
အခေၾကးေငြကေတာ့ ဘယ္ေလာက္ရယ္လို႔မသတ္မွတ္ထားဘူးေပါ့။
အေဖအတြက္ လုံေလာက္တဲ့ အရက္ဖိုးေလး ရေနတာေတာ့အမွန္ပါပဲ။
ဘာပဲျဖစ္ျဖစ္ အေဖ့ကို အရက္ဖိုးရွာမေပးရတာနဲ႔တင္ စုစုႏွင္းေက်းဇူးတင္ေနမိပါတယ္။
အခုေတာ့ အသက္ဆယ္ႏွစ္ႏွစ္အ႐ြယ္စုစုႏွင္းတို႔ ေမာင္ႏွမသုံးေယာက္ စားဝတ္ေနေရးအတြက္ စုစုႏွင္းက ေခါင္း႐ြက္ဗ်ပ္ထိုးေစ်းသည္မေလးဘဝနဲ႔ ႐ုန္းကန္ေနခဲ့ရတာပဲျဖစ္ပါတယ္။

@@@@@@@@@@@@@@@@@@@@@@

အခန္း(ႏွစ္)

“”မစု ဒီေန႔ ၾကက္ဥေၾကာ္ေလးက ပိုၿပီးစားလို႔ေကာင္းသလိုပဲဗ်ာ…””

ၾကက္ဥေၾကာ္ေလး အနည္းငယ္က်န္ေနတဲ့ပန္းကန္ကိုၾကည့္ၿပီး အထြန္းေလးက စကားဆိုလာတာျဖစ္ပါတယ္။

“”ေအးပါ က်န္ျဖတ္ကို နင္ရွင္းခ်င္ေနတာမဟုတ္လား…စားလိုက္ပါဟယ္ စကားေတြေခၚမေနပါနဲ႔..””

“”အာဆို စားမယ္ေနာ္ မစု
စားေကာင္းလို႔ပါဗ်ာ မစုကလည္း ဟဲ ဟဲ…””

“”ဟဲ့ အထြန္း ဒီေန႔ တခါမွ အေဖျပန္မလာေသးဘူးေနာ္…””

“”ဟုတ္တယ္ မစု..””

စုစုႏွင္းတို႔ေျပာေနၾကတဲ့ စကားပင္မဆုံးလိုက္ပါ။
အိမ္ေရွ႕ဆီမွ အေဖရဲ႕ စကားသံခပ္က်ယ္က်ယ္ ကို ၾကားေနရပါတယ္။

“”စုစုႏွင္း…စုစုႏွင္း..””

စုစုႏွင္းကို ေအာ္ေခၚေနတာမို႔ စုစုႏွင္း အိမ္ကေလး၏ ဖိနပ္ခြၽတ္ဆီ ေရာက္လာပါတယ္။
အေဖ အမူးမ်ားလြန္ေနေလသလား..
တခါတေလ ေန႔တပိုင္းနဲ႔ အေဖဇက္က်ိဳးတတ္တဲ့အေျခအေနေတြရွိေနတာမို႔ရင္ထဲထိတ္သြားပါတယ္။
ဘာလို႔လဲဆိုေတာ့ မထင္ရင္မထင္သလို စုစုႏွင္းတို႔ေမာင္ႏွမသုံးေယာက္ကို ႐ိုက္ ႏွက္ တတ္တာမို႔ပါ။

“”ရွိ ရွိပါတယ္ အေဖ..””

“”ဟဲ့ နင္တို႔ ထမင္းစားၿပီးၾကၿပီလား..””

“”ဟုတ္ စားၿပီးပါၿပီ အေဖ..””

“”ေအး..နင္တို႔ကို ငါေျပာစရာရွိတယ္
ဒီအိမ္ရဲ႕ စာခ်ဳပ္စာတမ္းေတြကို နင္တို႔အေမ နာေရးျဖစ္တုန္းက ဦးသိန္းစိုး ဆီ ေပးၿပီး ေငြယူထားတာကို နင္တို႔သိတယ္ေနာ္..””

“”ဟုတ္…သိပါတယ္ အေဖ..””

“”ေအး ဟိုက သနားလို႔ အတိုးမယူပဲ ေပးထားတာ။
အခုဆို သုံးႏွစ္ေလာက္ရွိေနၿပီ။
ယူထားတဲ့ေငြက ဆယ္သိန္း ဆိုေတာ့ အားလည္းနာလွၿပီဟာ…အဲဒီေတာ့ အိမ္ကို ေပါက္ေစ်းနဲ႔ ေရာင္းၿပီး ဦးသိန္းစိုးကို သာတယ္နာတယ္မမွတ္ပါနဲ႔ဆိုၿပီး ဆယ့္ငါးသိန္းေပးလိုက္မယ္ဟာ…
ေရာင္းရင္ ဆယ္ေပ၊ေပေျခာက္ဆယ္ ပါမစ္အကြက္ဆိုေတာ့ေလ မရဘူးဆိုရင္ေတာင္ သိန္းတစ္ရာေလာက္ရမွာ ဟ…ငါေရာင္းခ်င္တယ္။
ေရာင္းၿပီးရင္ နင္တို႔ ေမာင္ႏွမသုံးေယာက္ ကို ပိုက္ဆံသိန္းသုံးဆယ္ ေပးလိုက္မယ္။
နင္တို႔အဖြားရွိတဲ့ ႐ြာမွာသြားေနၾကေပါ့…””

အေဖစကားေၾကာင့္ စုစုႏွင္း စိတ္ေမာသြားပါတယ္။
ရန္ကုန္ၿမိဳ႕မွာ ေက်ာတစ္ေနရာစာေနရာရဖို႔ဆိုတာအေတာ္ေလး ခက္ခဲတဲ့ အေျခအေနပါ။
ဒီေျမကြက္ကေလးက အေဖ့ အေမျဖစ္သူ အဖြားတို႔ ႐ြာမမီးရထားသံလမ္းေဘးက က်ဴး မွာေနထိုင္စဥ္ ဖယ္ရွားခံရၿပီး အစားထိုးရထားတဲ့ၿမိဳ႕သစ္ေျမကြက္ကေလးျဖစ္ပါတယ္။
ေျမကြက္ကို အဖြားမ ေ သ ခင္ က တစ္ဝက္ေရာင္းလိုက္တာမို႔ ဆယ္ေပသာက်န္ရစ္ခဲ့တာျဖစ္ပါတယ္။
ေနစရာေလးမပူရတာမို႔ စားဖို႔အတြက္ေလးသာရွာရတယ္။
အခုေတာ့ အေဖက ေနစရာေနရာေလးကို ေဖ်ာက္ဖ်က္ခ်င္ေနၿပီ။
အေဖကိုလည္း ျပန္ခံမေျပာရဲေပ။
ဒါေပမဲ့ ဘယ္နည္းနဲ႔မွ ဒီအိမ္ေလးကို မေရာင္းခ်ေစလိုပါ။

“”ဝယ္ခ်င္တဲ့သူက အသင့္ရွိေနၿပီ.. ငါက ေရာင္းမွာ
အဲဒါ နင္ ဘယ္လို သေဘာရလဲ..””

“”မေရာင္းပါနဲ႔လား အေဖရယ္…
စုႏွင္းလည္း ဒီရပ္ကြက္မွာ ေစ်းေရာင္းရတာ အဆင္ေျပေနတယ္။
အေဖလည္း ေစ်းကုန္ေတြ ထမ္းေပးရတာ အဆင္ေျပတယ္မဟုတ္လား…
အေႂကြးဆပ္ရမယ္ဆိုလည္း စုႏွင္းႀကိဳးစားၿပီး ဆပ္ပါ့မယ္။
ဦးေလးသိန္းစိုးက သေဘာေကာင္းပါတယ္ အေဖရယ္ မေရာင္းပါနဲ႔ ေနာ္…””

ငိုခ်င္လာတဲ့အသံကို မနည္းထိန္းၿပီး စုႏွင္းအေဖ့ကို ေတာင္းပန္ရပါတယ္။
အခုမွ အေဖ့ကို စုႏွင္း ေသခ်ာၾကည့္မိလိုက္တယ္။.မူးေနတာ မွန္ေပမယ့္ အေဖ့ပုံစံက အရင္လို စုတ္ႏူတ္မေနေပ။
ဆံပင္ေတြကိုလည္း ေ သ ေသ သပ္သပ္ညႇပ္ထားသလို ဝတ္ေနၾကအက်ႌမဟုတ္ပဲ အနည္းငယ္သစ္လြင္ေနတဲ့ အက်ႌနဲ႔ ပုဆိုးကို ဝတ္တင္ထားတာသတိျပဳမိပါတယ္။

“”မေရာင္းလို႔မရဘူး ..ေရာင္းမွ ရမွာ ဟဲ့။
ေနာက္ထပ္အေႂကြးနည္းနည္းလည္း ရွိေသးတယ္။
ၿပီးေတာ့…””

အေဖ က စကားကို မဆက္ပဲ ခဏရပ္ထားၿပီး ေျပာဖို႔ကို ခ်င့္ခ်ိန္ေနျပန္ပါတယ္။

“”ေဒၚမခ်ိဳ ကို နင္တို႔သိတယ္မဟုတ္လား..
ေစ်းလမ္းမွာ အသုပ္တို႔၊မုန္ဟင္းခါးတို႔ေရာင္းတဲ့ မခ်ိဳေလ…””

စုစုႏွင္း သိပါတယ္။
ေဒၚမခ်ိဳ ဆိုတာ ကေလးသုံးေယာက္အေမ တစ္ခုလပ္အေဒၚႀကီးျဖစ္ၿပီး သူ႔သားသမီးေတြက စုစုႏွင္းတို႔ထက္အမ်ားႀကီး ႀကီးပါတယ္။
အႀကီးမနဲ႔ အလတ္မ က အထည္ခ်ဳပ္မွာအလုပ္လုပ္ေနၾကသူေတြျဖစ္ၿပီး သားအငယ္ကေတာ့ စုစုႏွင္းနဲ႔႐ြယ္တူျဖစ္ၿပီး ေက်ာင္းတက္ေနတာကိုသိပါတယ္။
အေဖ ဘာေၾကာင့္ ေဒၚမခ်ိဳ ရဲ႕နံမည္ကို စကားထဲထည့္ေျပာေနပါလိမ့္…
ေဒၚမခ်ိဳ က လူရည္အလည္လြန္ၿပီး အာၾကမ္းလွ်ာၾကမ္းအေဒၚႀကီးတစ္ေယာက္ပါ။
အေဖဆက္ေျပာလာမယ့္စကားတို႔ကို အထိတ္တလန္႔ နဲ႔ နားစြင့္ေနမိပါတယ္။

“”ေအး… ငါ နဲ႔ ေဒၚမခ်ိဳ နဲ႔ ယူၾကေတာ့မယ္။
အဲ့ဒါေၾကာင့္ အိမ္ကိုေရာင္းခ်င္တာ…
နင္တို႔ကို သိန္းသုံးဆယ္ေပးလိုက္မယ္။ အေႂကြးက ႏွစ္ဆယ္ေလာက္ဆပ္ရမယ္။
က်န္တာေလးကို ငါနဲ႔ မခ်ိဳနဲ႔ ရင္းႏွီးလုပ္ကိုင္စားၾကမယ္ေပါ့ဟာ…
နင္တို႔ကိုလည္း ပစ္မထားပါဘူး။
ငါအဆင္ေျပရင္ေျပသလို ေထာက္ပံ့မွာပါ.. “”

စုစုႏွင္း အေဖ့ေထာက္ပံ့မယ္ဆိုတာကို မယုံၾကည္ပါဘူး။
လက္ထဲရွိတဲ့ ပိုက္ဆံနဲ႔ အေဖက ဘာအလုပ္ေတြ လုပ္မွာလဲ…အေဖက ဘာေတြလုပ္တတ္လို႔လဲ…
တသက္တာလုံး စုစုႏွင္းတို႔ ေမာင္ႏွမေတြကို ေမြးထုတ္ထားၿပီး ဘာတာဝန္မွ မေက်ပြန္ခဲ့တဲ့ အေဖက ေပးတဲ့ ကတိေတြကို ဘယ္လိုစိတ္နဲ႔ ယုံၾကည္ရမလဲ။
အထြန္းေလးနဲ႔ ပုတုတို႔ရဲ႕ မ်က္ႏွာကို လွမ္းၾကည့္လိုက္ေတာ့ ငိုမဲ့မဲ့ ေလးေတြ ျဖစ္ေနပါတယ္။
စုစုႏွင္း ရင္ထဲမေကာင္းလိုက္တာေလ။

“”ဟင့္အင္း ဟင့္အင္း အေဖဘာသာ ေဒၚမခ်ိဳမကလို႔ ယူခ်င္တဲ့သူကိုယူ..စုႏွင္းတို႔မတားဘူး။
အိမ္ကိုေတာ့ ေရာင္းမေပးႏိူင္ဘူး။
အေရာင္းမခံႏိူင္ဘူး။
ဟိုအေဒၚႀကီးက မိန္းမလည္ႀကီး အေဖလိုလူမ်ိဴးကို အိမ္ေလးရွိလို႔ ယူခ်င္တာ။
အိမ္ေရာင္းလို႔ရတဲ့ေငြ ၊ သူ႔လက္ထဲထည့္ေပးလိုက္ သိပ္မၾကာခင္အေဖကို ကန္ထုတ္မွာ။
အဲေတာ့ စုႏွင္းတို႔ လည္းဘယ္အဖြားဆီမွမသြားဘူး။
အိမ္လည္း အေရာင္းမခံဘူး..ဟီး အီး.. ”

“”ေအာင္မယ္ လူက လက္ေတာက္ေလာက္နဲ႔ ငါ့ကို အာခံေနတယ္။ ဒီအိမ္က ငါ့အေမဘက္ကရတဲ့အိမ္
ငါ့အိမ္…ငါႀကိဳက္သလို လုပ္မယ္။
နင္တို႔ကို ျခဴးတစ္ျပားမွ မေပးပဲ ကန္ခ်ပစ္လိုက္ရမလား…နင္တို႔ ခြင့္ျပဳခ်က္ကိုေတာင္းေနတာလည္းမဟုတ္ဘူး။
ငါ့ပစၥည္း ငါ့ေရာင္းမွာပဲ…ဘာျဖစ္လဲ…
ၿပီးေတာ္ ေဒၚမခ်ိဳက မိန္းမလည္လို႔ နင္ေျပာတယ္ေနာ္…ပါး ျဖတ္ ခ်လိုက္မယ္ ေကာင္မ..လူပါးမဝနဲ႔
ဒီညေန ဝယ္သူနဲ႔ ခ်ိန္းထားတယ္..ငါသေဘာ..
ငါပစၥည္း ငါေရာင္းမွာ…ေရာင္းၿပီးရင္.. မခ်ိဳကိုယူမွာ ဒါပဲ…””

ေျပာခ်င္ရာေျပာၿပီး အိမ္ေပၚကေန ဆင္းသြားပါတယ္။
အေဖ့ေက်ာျပင္ကို ၾကည့္ရင္း စုစုႏွင္းတို႔ ေမာင္ႏွမေတြ ဖက္ငိုမိၾကပါတယ္။
မိဘေက်းဇူးျမင့္မိုရ္ဦး လို႔ စုစုႏွင္းၾကားဘူးပါတယ္။
ဒါေပမဲ့..စုစုႏွင္းတို႔အတြက္ေတာ့ အေဖေမတၱာက ေတာင္ပူစာတစ္ခုေလာက္ေတာင္အျမင့္မရွိပါဘူး။
တခါမွ သားရယ္၊သမီးရယ္လို႔ ၾကင္နာတတ္ရေကာင္းမွန္းမသိတဲ့အေဖ။
သူ႔ဘဝ မွာ သူ႔သာယာၿပီး ေရွ႕ေရး၊ေနာက္ေရး ၊ သားသမီးအေရးရယ္လို႔ေတာင္ မသိခဲ့တဲ့အေဖ။
ဘာလို႔မ်ားဒီလို အေဖမ်ိဳးဆီမွာ စုစုႏွင္းတို႔ လူလာျဖစ္ၾကရတာလဲ…
စုစုႏွင္းတို႔ ေမာင္ႏွမေတြ ဘဝတစ္ခုခုမွာ အေဖ့အေပၚ ေပးဆပ္ရမယ့္အေႂကြးေတြ တင္ေနခဲ့ေလသလား…

ေတြးရင္းနဲ႔ ပိုဝမ္းနည္းလာၿပီး…စုစုႏွင္းမ်က္ရည္ေတြဆည္မႏိူင္ျဖစ္ေနရပါတယ္။
စုစုႏွင္းရဲ႕ ဘဝႏူံခ်ာရင္ ႏူံခ်ာပါေစ…
အထြန္းေလးနဲ႔ ပုတုေလးကိုေတာ့ ဒီလိုဘဝႀကီးနဲ႔ ေရစုန္မေမ်ာေစခ်င္သူပါ။
သုညသာသာရွိေနတဲ့ဘဝကေန ႀကိဳးစားဖို႔ေတာင္ အေျခအေနအခြင့္အေရးမရတဲ့ ဘဝေတြပါလား..
ဝဋ္ေႂကြးေတြသာဆိုရင္ ေၾကရပါလို၏.. လို႔ စုစုႏွင္း ဘုရားရွင္ေတာ္ျမတ္ဆီမွာ ဦးခ်ကန္႔ေတာ့ရင္းဆုေတာင္းမိတယ္။

“”မငိုၾကပါနဲ႔ အထြန္းနဲ႔ပုတုရယ္
ျဖစ္လာတဲ့ဘဝကေန မစု ႐ုန္းကန္ၿပီး ငါ့ေမာင္ေလးနဲ႔ ညီမေလး ကို လုပ္ကိုင္ေကြၽးပါ့မယ္..မငိုၾကနဲ႔ေနာ္..””

အဲ့အခ်ိန္မွာပဲ အိမ္ေရွ႕ဆီကို ရပ္ကြက္လူႀကီးနဲ႔ လူအခ်ိဳ႕ေရာက္လာပါတယ္။

“”စုစုႏွင္းေရ…စုစုႏွင္း..””

အိမ္ဝယ္မယ့္သူေတြနဲ႔ ရပ္ကြက္လူႀကီး လာတယ္လို႔သာထင္မိပါတယ္။
မ်က္ရည္ေတြကိုသုတ္ၿပီး အိမ္ေရွ႕ ထြက္လိုက္ပါတယ္။

“”စုစုႏွင္းေရ စိတ္မေကာင္းစရာပဲ…
နင္တို႔အေဖ ေစ်းလမ္းထိပ္မွာ ကား တိုက္ ခံရတာ ဆုံးသြားၿပီ။
ေဆး႐ုံေတာင္မေရာက္လိုက္ဘူး…
အခု နာေရးကိစၥေတြ ဦးေလးတို႔ လိုက္လုပ္ေပးေနတယ္။
ကေလးတို႔သိေအာင္လာေျပာတာ..””

“”ရွင္…အေဖ ဆုံး ၿပီ ဟုတ္လား….
ျဖစ္မွ ျဖစ္ရေလ အေဖရယ္…””

@@@@@@@@@@@@@@@@@@@@@

အခန္း(သုံး)

ရပ္ကြက္က အေဖ့နာေရးကို အက်ဥ္း႐ုံးၿပီးအစအဆုံးစီစဥ္ေပးပါတယ္။.
ဦးသိန္းစိုး က ရစရာရွိတဲ့ေႂကြးၿမီေတြကို မယူေတာ့တဲ့အေၾကာင္း ရပ္ကြက္လူႀကီးေတြေရွ႕မွာေျပာလာပါတယ္။..
စုစုႏွင္းေလ ဦးေလးသိန္းစိုးကို လက္အုပ္ခ်ီၿပီးကန္႔ေတာ့မိပါတယ္။
ဝမ္းနည္းဝမ္းသာနဲ႔ မ်က္ရည္က်မိတဲ့အထိပါပဲ။
အေဖရွိစဥ္ကလည္း ကိုယ့္ဝမ္းကိုယ္ရွာစားခဲ့ရတဲ့ စုစုႏွင္းတို႔အဖို႔ အေဖရဲ႕ ေ သဆုံးမႈ႕က အထူးတလည္ ထိခိုက္သြားေစတာမ်ိဳးေတာ့မရွိပါဘူး။
ရပ္ကြက္ကလည္း အမိမဲ့၊အဖမဲ့ စုစုႏွင္းတို႔ကို ဝိုင္းဝန္းပံ့ပိုးေပးၾကပါတယ္။
စုစုႏွင္း…ေမာင္ေလးနဲ႔ ညီမေလး အတြက္ ေလာကႀကီးကို ရင္ဆိုင္ရပါဦးမယ္။
အထြန္းေလးကိုေရာ၊ပုတုေလးကိုပါေက်ာင္းထားေပးႏိူင္ေအာင္ႀကိဳးစားပါ့မယ္။
ရပ္ကြက္ကပံ့ပိုးေပးတဲ့ေငြအခ်ိဳ႕နဲ႔ကုန္စိမ္းလွည္းေလးေပၚမွာကုန္စိမ္းစုံစုံလင္လင္တင္လို႔ ေစ်းသည္မေလးစုစုႏွင္း ေလာကႀကီးကို ရင္ဆိုင္ေနပါၿပီ။

ဒါေပမဲ့ေလ..ဝဋ္ေႂကြးေတြေၾကရပါလို၏..လို႔ စုစုႏွင္းဆုေတာင္းလိုက္မိလို႔ မ်ား အေဖနဲ႔ ေ သ ကြဲကြဲရတာလား…
အေဖကို ဒီလိုမ်ိဳးႀကီးမျဖစ္ေစခ်င္မိတာအမွန္ပါ။
အဲ့အေတြးကိုေတြးမိတိုင္း ရင္ထဲမေကာင္းျဖစ္ရတယ္အေဖရယ္….
အေဖ ပီသတာ၊ မပီသ တာေတြထက္ အေဖ့ကို ျဖစ္ေလရာဘဝမွာ လူပီသၿပီး၊ သားသမီးအေပၚေမတၱာေပးတတ္တဲ့အေဖတစ္ေယာက္အျဖစ္ ျပန္လည္ရွင္သန္ပါေစလို႔ စုစုႏွင္းဆုေတာင္းေနမိပါတယ္။

#ယြန္းႏွင္းဆီခိုင္အားေလးစားလ်က္