Unicode Version
ဝဋ်ကြွေး(စ/ဆုံး)
————————
“အမေ…ဒီမှာ ခဏနေဦးနော်…သား…ဆေးလိပ်သွားဝယ်လိုက်ဦးမယ်”
“အမေတို့ ဘယ်ရောက်နေပြီလဲသား…”
အမေအိုက စကားပြန်မရလိုက်သော်လည်း မျက်ရည်တွေ စီးကျလာသည်။ ညကတည်းက သူအိပ်ပျော်နေပြီထင်ပြီး သားနှင့်ချွေးမ ပြောကြသည့်စကားကို ကြားပြီးဖြစ်သည်။
“ရှင့်အမေ အကန်းကို ကျွန်မက ပြုစုဖို့ ရှင့်ကို ယူခဲ့တာ မဟုတ်ဘူး။ မနက်ဖြန်မှ ရှင်…ဒီအကန်းကို သွားပြီးတော့ တစ်နေ့ရာမှာ မထားခဲ့ဘူးဆိုရင် ရှင်လည်းပြန်မလာနဲ့။ ကျွန်မ အဆိုးလည်း မဆိုနဲ့နော်”
အမေအို မျက်ရည်တွေကိုသုတ်လိုက်ပြီး ခြေသံကို နားစွင့်နေသည်။ သူ့သားလေးက ဆိုးမည်မထင်။ သူ့ကိုစွန့်ပစ်ခဲ့တာ ဟုတ်မည်မထင်။ အချိန်တွေကြာသွားသည်။ ခြင်တွေကိုက်လာသည်။ မျက်နှာသုတ်ပဝါလေးကို ရမ်းရင်းက ခြေသံကြားလိုက်ရသဖြင့်
“သားလားဟင်…အမေ ဗိုက်ဆာနေပြီလား…အမေ့ကို မုန့်လေးတစ်ခုလောက် ကျွေးပါလား”
“ဒကာမကြီး ဘယ်ကလာတာလဲ…ဒီမှာတစ်ယောက်တည်း ဘာလုပ်နေတာလဲ…မျက်စေ့မမြင်ဘူးနဲ့ တူတယ်”
“သား…သားလားဟင်” ဟုမေးလိုက်သည်။
“ဒကာမကြီး သားမဟုတ်ဘူး။ ဦးဇေင်းပါ…ဒီကျောင်းကပါ”
“အလို…သံဃာတော်ပါလား…ကန်တော့ပါဘုရား…သားလေမှတ်လိုပါ”
“ဒကာမကြီးသားက ဘယ်သွားလို့လဲ”
“ဆေးလိပ်သွားဝယ်ဦးမယ်ဆိုပြီး ထွက်သွားတာကြာလှပေါ့ဘုရား။
ပြန်လည်း မလာဘူး။ တပည့်တော် ဆာလှပြီဘုရား။ ထင်ပါတယ် သူတို့ တပည့်တော်ကို ပစ်သွားကြပါပြီနဲ့တူတယ်”
“အကြောင်းစုံ ပြောပြပါလား ဒကာမကြီး”
အမေအိုက သူမ၏ အကြောင်းများကို ဦးဇင်းအားပြောပြနေသည်။ မျက်မမြင် လူပိုတစ်ယောက်ဖြစ်နေသည့် သူ့ကို နောက်ဆုံးတွင် မကြည်ဖြူသဖြင့် စွန့်ပစ်မည်ထင်ကြောင်းပြောကာ ငိုချလိုက်သည်။
“အို…ကြီးလှတဲ့ ဒုက္ခတွေပါလား…အေးလေ…ဒကာမကြီးသား လာပြီးတော့ ပြန်ခေါ်မှာပါ တစ်ရက် နှစ်ရက်လောက် ဦးဇင်းကျောင်းမှာ စောင့်ကြည့်ပါလား…လာ…လာဆွမ်းကျန်လေးမရှိလည်း ဌက်ပျော်သီးလေးလောက်တော့ စားလို့ရမယ်ထင်တယ်”
ဦးဇင်းလေးက အမေအိုကိုတွဲကာ ကျောင်းထဲကိုခေါ်ရန်ပြင်လိုက်သည်။
အမေအိုက ထလိုက်ရာတွင် အင်္က ျီထဲက မှတ်ပုံတင် ထွက်ကျသွားသည်။ ဦးဇင်းလေးက မှတ်ပုံတင်ကို ကောက်ကြည့်လိုက်ပြီး ငေးငိုင်နေသည်။ အမည်၊ နေရပ်အားလုံး ကျွမ်းဝင်ဖူးသည့်နေရာများဖြစ်နေသည်။ သေချာသွားပြီ။ တွေ့လိုက်ကတည်းက စိတ်ထဲတွင် ရင်းနှီးနေသလိုဖြစ်နေသည်မှာ အခုတော့ရှင်းသွားသည်။
“ဒကာမကြီး…လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က သားတစ်ယောက်ကို လက်ဖက်ရည်ဆိုင်မှာ ရောင်းစားသွားဖူးသလား”
“ဟင်…ကိုထွေး…ကိုထွေးလေးလာဟင်”
“ဒကာမကြီး ဦးဇင်းဘွဲ့အမည်က ဝိမလလို့ ခေါ်ပါတယ်။ ဘုရားသားတော်ပါ ဒကာမကြီး။ ချမ်းသာစွာနေပါ။ ကပ္ပိယကြီးက ထမင်းလာပေးလိမ့်မယ်”
တင်ညွန့်
အညာစောင်
လေးစားစွာဖြင့်
#credit
Zawgyi Version
ဝဋ္ေႂကြး(စ/ဆံုး)
————————
“အေမ…ဒီမွာ ခဏေနဦးေနာ္…သား…ေဆးလိပ္သြားဝယ္လိုက္ဦးမယ္”
“အေမတို႔ ဘယ္ေရာက္ေနၿပီလဲသား…”
အေမအိုက စကားျပန္မရလိုက္ေသာ္လည္း မ်က္ရည္ေတြ စီးက်လာသည္။ ညကတည္းက သူအိပ္ေပ်ာ္ေနၿပီထင္ၿပီး သားႏွင့္ေခြၽးမ ေျပာၾကသည့္စကားကို ၾကားၿပီးျဖစ္သည္။
“ရွင့္အေမ အကန္းကို ကြၽန္မက ျပဳစုဖို႔ ရွင့္ကို ယူခဲ့တာ မဟုတ္ဘူး။ မနက္ျဖန္မွ ရွင္…ဒီအကန္းကို သြားၿပီးေတာ့ တစ္ေန႔ရာမွာ မထားခဲ့ဘူးဆိုရင္ ရွင္လည္းျပန္မလာနဲ႔။ ကြၽန္မ အဆိုးလည္း မဆိုနဲ႔ေနာ္”
အေမအို မ်က္ရည္ေတြကိုသုတ္လိုက္ၿပီး ေျခသံကို နားစြင့္ေနသည္။ သူ႔သားေလးက ဆိုးမည္မထင္။ သူ႔ကိုစြန္႔ပစ္ခဲ့တာ ဟုတ္မည္မထင္။ အခ်ိန္ေတြၾကာသြားသည္။ ျခင္ေတြကိုက္လာသည္။ မ်က္ႏွာသုတ္ပဝါေလးကို ရမ္းရင္းက ေျခသံၾကားလိုက္ရသျဖင့္
“သားလားဟင္…အေမ ဗိုက္ဆာေနၿပီလား…အေမ့ကို မုန္႔ေလးတစ္ခုေလာက္ ေကြၽးပါလား”
“ဒကာမႀကီး ဘယ္ကလာတာလဲ…ဒီမွာတစ္ေယာက္တည္း ဘာလုပ္ေနတာလဲ…မ်က္ေစ့မျမင္ဘူးနဲ႔ တူတယ္”
“သား…သားလားဟင္” ဟုေမးလိုက္သည္။
“ဒကာမႀကီး သားမဟုတ္ဘူး။ ဦးေဇင္းပါ…ဒီေက်ာင္းကပါ”
“အလို…သံဃာေတာ္ပါလား…ကန္ေတာ့ပါဘုရား…သားေလမွတ္လိုပါ”
“ဒကာမႀကီးသားက ဘယ္သြားလို႔လဲ”
“ေဆးလိပ္သြားဝယ္ဦးမယ္ဆိုၿပီး ထြက္သြားတာၾကာလွေပါ့ဘုရား။
ျပန္လည္း မလာဘူး။ တပည့္ေတာ္ ဆာလွၿပီဘုရား။ ထင္ပါတယ္ သူတို႔ တပည့္ေတာ္ကို ပစ္သြားၾကပါၿပီနဲ႔တူတယ္”
“အေၾကာင္းစုံ ေျပာျပပါလား ဒကာမႀကီး”
အေမအိုက သူမ၏ အေၾကာင္းမ်ားကို ဦးဇင္းအားေျပာျပေနသည္။ မ်က္မျမင္ လူပိုတစ္ေယာက္ျဖစ္ေနသည့္ သူ႔ကို ေနာက္ဆုံးတြင္ မၾကည္ျဖဴသျဖင့္ စြန္႔ပစ္မည္ထင္ေၾကာင္းေျပာကာ ငိုခ်လိုက္သည္။
“အို…ႀကီးလွတဲ့ ဒုကၡေတြပါလား…ေအးေလ…ဒကာမႀကီးသား လာၿပီးေတာ့ ျပန္ေခၚမွာပါ တစ္ရက္ ႏွစ္ရက္ေလာက္ ဦးဇင္းေက်ာင္းမွာ ေစာင့္ၾကည့္ပါလား…လာ…လာဆြမ္းက်န္ေလးမရွိလည္း ဌက္ေပ်ာ္သီးေလးေလာက္ေတာ့ စားလို႔ရမယ္ထင္တယ္”
ဦးဇင္းေလးက အေမအိုကိုတြဲကာ ေက်ာင္းထဲကိုေခၚရန္ျပင္လိုက္သည္။
အေမအိုက ထလိုက္ရာတြင္ အကၤ ်ီထဲက မွတ္ပုံတင္ ထြက္က်သြားသည္။ ဦးဇင္းေလးက မွတ္ပုံတင္ကို ေကာက္ၾကည့္လိုက္ၿပီး ေငးငိုင္ေနသည္။ အမည္၊ ေနရပ္အားလုံး ကြၽမ္းဝင္ဖူးသည့္ေနရာမ်ားျဖစ္ေနသည္။ ေသခ်ာသြားၿပီ။ ေတြ႕လိုက္ကတည္းက စိတ္ထဲတြင္ ရင္းႏွီးေနသလိုျဖစ္ေနသည္မွာ အခုေတာ့ရွင္းသြားသည္။
“ဒကာမႀကီး…လြန္ခဲ့တဲ့ ၁၅ ႏွစ္ေလာက္က သားတစ္ေယာက္ကို လက္ဖက္ရည္ဆိုင္မွာ ေရာင္းစားသြားဖူးသလား”
“ဟင္…ကိုေထြး…ကိုေထြးေလးလာဟင္”
“ဒကာမႀကီး ဦးဇင္းဘြဲ႕အမည္က ဝိမလလို႔ ေခၚပါတယ္။ ဘုရားသားေတာ္ပါ ဒကာမႀကီး။ ခ်မ္းသာစြာေနပါ။ ကပၸိယႀကီးက ထမင္းလာေပးလိမ့္မယ္”
တင္ၫြန္႔
အညာေစာင္
ေလးစားစြာျဖင့္
#credit