ဝဋ်လည်သောအပျိုကြီး(စ/ဆုံး)

Unicode Version

ဝဋ်လည်သောအပျိုကြီး(စ/ဆုံး)
————————————–
လွန်ခဲ့သောနှစ်များစွာကနာရေးလိုက်ပို့သောအပျိုကြီးတဦးရဲ့ဖြစ်ရပ်မှန်

အပျိုု ကြီးစပ်စုစိန်ကိုရပ်ကွက်ထဲကလူတွေကမသိသူမရှိပေ

အပျိုု ကြီးသည်စပ်စုစိန်ဆိုတာနံမည်အရင်းမဟုတ်ပေမဲ့အများပေးထားသောနံမည်ဖြစ်သည်။

ရပ်ကွက်ထဲမှာဘာပြသာနာပဲဖြစ်ဖြစ်အပျို ကြီးကရှေ့ဆုံးကရောက်နေတတ်သည်။

တရပ်ကွက်လုံးအပ်ကျတာကအစသိနေသောအပျိုကြီးသတင်းသည်ဟိုဘက်ရပ်ကွက်အထိပင်

သတင်းကကြီးနေသည်သာရေးနာရေးမှန်သမျှသူမပါလျှင်မပြီးပေ

ဒါပေမဲ့အပျိုု ကြီးတွင်မကောင်တဲ့အကျင့်တခုရှိလေသည်။

ထိုအကျင့်ကအပျိုကြီးသည်ဘယ်သူသေသေအသုဘလိုက်ပို့တတ်ပေမဲ့ဘယ်တော့မှ

င်္သချိုင်းအထိဆုံးအောင်လိုက်မပိုပါလမ်းတဝက်တပျက်တွင်ဆင်းကာနေခဲ့လေသည်။

အပျို ကြီးတို့ခေတ်ကရန်ကုန်မြို့ကင်္သချိုင်းသည်ဟံသာဝတီအဝိုင်းနားကကြံတောင်္သချိုင်းသာရှိလေသည်။

ထိုအခါမြို့ဆင်ခြေဖုန်းရပ်ကွက်မှာနေသောအပျိုကြီးတို့အတွက်

ကြံတောင်္သချို ုင်းသို့အသုဘလိုက်ပို့ရသည်မှာအနည်ငယ်ဝေးနေသည်။

အပျို ုကြီးအသုဘလိုက်ပို့သည်အခါလမ်းတဝက်ရောက်လျှင်သူသွားချင်သည့်နေရာနှင့်နီးသည့်နေရာတွင်ဆင်းကာ

သူ့ဆွေမျိ ုးများအသိမိတ်ဆွေများထံအလည်သွားတတ်လေသည်။

င်္သချိ ုင်းသို့လိုက်လေ့မရှိပါကြာတော့အပျိုကြီးအကြောင်းအားလုံးကသိလာကြသည်။

”’အပျိုကြီးရေတခါတလေများင်္သချိုင်းလိုက်ဖူးတယ်ရှိအောင်လိုက်ကြည့်ပါလား”’

ခင်မင်သူများကအပျို ကြီးအားပြောကြပေမဲ့သူမကတော့

”’ အိုအေလိုက်ပို့တာပဲလေလိုက်ပို့ရင်းအသိမိတ်ဆွေဆီဝင်လိုက်တော့တခါထဲအလုပ်နှစ်ခုပြီးသွားတာပေါ့””

””မသာလဲလိုက်ပို့ရင်းလမ်းကြုံလဲဝင်ရင်းပေါ့အေ”’

ထိုအခါအပျို ကြီး၏တယူသန်စိတ်အားလက်မြှောက်အရှုံးပေးလိုက်ကြသည်။

ရန်ကုန်မြို့တွင်88အရေးအခင်းကြီးပေါ်ပေါက်လာသောအချိန်တွင်အပျိုကြီးသည်

အပြင်းအတန်နေမကောင်းဖြစ်လေသည်။

ကျမ်းမာရေးမကောင်း၍ရန်ကုန်ဆေးရုံကြီးတွင်တင်ထားရလေသည်။

လူတွေကလဲအပြင်မထွက်ရဲသောအချိန်မို့အပျိုကြီးအားသတင်းမေးမဲ့သူတယောက်မှမလာကြပါ

ဒီလိုနဲ့အပျိုကြီးဟာအရေးအခင်းကာလကြီးမှာဆုံးပါးသွားလေသည်။

အပျိုကြီးအလောင်းကိုဆေးရုံဝန်ထမ်းကလားကလေးအားပိုက်စံပေးကာ

င်္သချို င်းသို့ပို့ရလေသည်လူတွေလဲအပြင်မထွက်ရဲသောကြောင့်သူမအသုဘပို့ရန်

ဆွေမျိုးယောင်္ကျားလေးသုံးလေးယောက်သာရှိလေသည်။

အပျိုကြီးအလောင်းအားတွန်းလှည်းဖြင့်တင်ကာင်္သချိုင်းနားရောက်ခါနီးတွင်

ချီတက်ဆန္ဒပြလာသောလူအုပ်ကြီးနှင့်ပက်ပင်းတိုးလေသည်။

လူအုပ်ကြီးကညာသံပေးကာ”ဒို့အရေး”အော်၍ချီတက်လာရာလုံချုံရေးအစောင့်များနှင့်တွေ့၍

သေနပ်များမိုးပေါ်ထောင်ပြစ်လိုက်သည်ထိုအခါလူအုပ်ကြီးလဲကစဉ့်ကလျှားဖြင့်ထွက်ပြေးသွားကြလေသည်။

ထိုအခါအပျို ကြီး၏အလောင်တင်ထားသောတွန်းလှည်းကြီးအားတိုးတိုက်ကာသွားကြလေသည်။

အပျိုကြီးကိုလိုက်ပို့သောလူများနှင့်တွန်းလှည်းတွန်းသောကုလားလဲအပျိုကြီးအလောင်အားပြစ်ထားခဲ့ကာ

လူအုပ်နှင့်ရောကာထွက်ပြေးသွားကြလေသည်။

ထိုကြောင့်င်္သချိုင်းမရောက်ခင်လမ်းအလယ်တွင်အပျို ကြီးအလောင်တင်ထားသော

တွန်းလှည်းသည်ထီးထီးကြီးကျန်ရစ်ခဲ့လေသည်။

အတော်ကြာတော့မှအခြေအနေအေးသွား၍အပျိုကြီးအလောင်းအားသချိုင်းကလူများလာသယ်သွားကြလေသည်။

ထိုအခါမှဆွေမျိုးကောင်ကလေးများလဲလာ၍ကြည့်ကြလေသည်။

အပျိုကြီးနာရေးသည်လဲဗရုတ်သုတ်ခဖြင့်ပြီးသွားလေသည်။

အပျိုကြီးအိမ်နာရေးတွင်အပျို ကြီးသည်ဆွေမျိ ုးတစ်ယောက်အားဝင်ပူးကာငိုလေသည်။

”’အမလေး—–ငါ့အလောင်းကိုလမ်းလယ်မှာထားပြီးထွက်ပြေးသွားကြတယ်——-ငါ့အပေါ်အတော်ကောင်းကြပါလား——ငါကိုပို့မဲ့သူတောင်မရှိကြပါလား—–””

အပျို ကြီးသည်ပြော၍ဝမ်းနဲပက်လက်ငိုကြွေးနေရာအားလုံးကဖျောင်းဖျရလေသည်။

အပျို ကြီးဝင်ပူးနေသောအမျိုးသမီးသည်မျက်ထောင့်နီကြီးဖြင့်လူများကိုလိုက်ကြည့်နေကာ

အံတကြိတ်ကြိတ်ဖြစ်နေသည်ထိုအခါဆွေမျိုးထဲကလူကြီးများကအတင်းတောင်ပန်ကာထွက်ခိုင်းရလေသည်။

အပျို ကြီးသည်လူတွေကိုမကျေနပ်သွား၍လားတော့မသိပါမကျွတ်ပါ

ညဘက်များတွင်သူ့အိမ်ရှေ့ကဖြတ်သွားသူများအားခြောက်လှန့်နေသည်။

တခါတရံအပျိုကြီးသုံးသောပေါင်ဒါနံ့ကိုရတတ်ကာလမ်းဖြတ်ရှောက်သွားသူများနောက်

ဖိနပ်သံတဖျပ်ဖျပ်ပေးကာလိုက်တတ်လေသည်ထိုအခါနောက်လှည့်ကြည့်လိုက်တော့

မျက်နှာထားတင်းတင်းဖြင့်ကြောက်စရာကောင်းသောအပျို ကြီးအား

တွေ့ရသောကြောင့်သုတ်ချေတင်ပြေးကြလေသည်။

ရပ်ကွက်ထဲကလူအများစုကတော့အပျိုကြီးသည်သူများအသုဘလိုက်ပို့ပါက

ပြီးဆုံးအောင်မပို့သောကြောင့်ဝဠ်လည်သည်ဟုထင်ကြလေသည်။

တခါတရံတွင်သူ့ခြံထဲလမ်းရှောက်နေသောအပျို ကြီးအားမြင်ကြရပြန်သည်။

ထိုအရပ်တွင်တော့အချိန်အတော်ကြာမကျွတ်သောအပျိုကြီးအကြောင်းကိုပုံပြင်တပုဒ်လိုပြောနေကြဆဲဖြစ်ပါသည်။

ပြီး
D Moe Moe

Zawgyi Version

ဝဋ္လည္ေသာအပ်ိဳႀကီး(စ/ဆံုး)
————————————–
လြန္ခဲ့ေသာႏွစ္မ်ားစြာကနာေရးလိုက္ပို႔ေသာအပ်ိဳႀကီးတဦးရဲ႕ျဖစ္ရပ္မွန္

အပ်ိဳု ႀကီးစပ္စုစိန္ကိုရပ္ကြက္ထဲကလူေတြကမသိသူမရွိေပ

အပ်ိဳု ႀကီးသည္စပ္စုစိန္ဆိုတာနံမည္အရင္းမဟုတ္ေပမဲ့အမ်ားေပးထားေသာနံမည္ျဖစ္သည္။

ရပ္ကြက္ထဲမွာဘာျပသာနာပဲျဖစ္ျဖစ္အပ်ိဳ ႀကီးကေရွ႕ဆုံးကေရာက္ေနတတ္သည္။

တရပ္ကြက္လုံးအပ္က်တာကအစသိေနေသာအပ်ိဳႀကီးသတင္းသည္ဟိုဘက္ရပ္ကြက္အထိပင္

သတင္းကႀကီးေနသည္သာေရးနာေရးမွန္သမွ်သူမပါလွ်င္မၿပီးေပ

ဒါေပမဲ့အပ်ိဳု ႀကီးတြင္မေကာင္တဲ့အက်င့္တခုရွိေလသည္။

ထိုအက်င့္ကအပ်ိဳႀကီးသည္ဘယ္သူေသေသအသုဘလိုက္ပို႔တတ္ေပမဲ့ဘယ္ေတာ့မွ

သၤခ်ိဳင္းအထိဆုံးေအာင္လိုက္မပိုပါလမ္းတဝက္တပ်က္တြင္ဆင္းကာေနခဲ့ေလသည္။

အပ်ိဳ ႀကီးတို႔ေခတ္ကရန္ကုန္ၿမိဳ႕ကသၤခ်ိဳင္းသည္ဟံသာဝတီအဝိုင္းနားကႀကံေတာသၤခ်ိဳင္းသာရွိေလသည္။

ထိုအခါၿမိဳ႕ဆင္ေျခဖုန္းရပ္ကြက္မွာေနေသာအပ်ိဳႀကီးတို႔အတြက္

ႀကံေတာသၤခ်ိဳ ုင္းသို႔အသုဘလိုက္ပို႔ရသည္မွာအနည္ငယ္ေဝးေနသည္။

အပ်ိဳ ုႀကီးအသုဘလိုက္ပို႔သည္အခါလမ္းတဝက္ေရာက္လွ်င္သူသြားခ်င္သည့္ေနရာႏွင့္နီးသည့္ေနရာတြင္ဆင္းကာ

သူ႔ေဆြမ်ိ ုးမ်ားအသိမိတ္ေဆြမ်ားထံအလည္သြားတတ္ေလသည္။

သၤခ်ိ ုင္းသို႔လိုက္ေလ့မရွိပါၾကာေတာ့အပ်ိဳႀကီးအေၾကာင္းအားလုံးကသိလာၾကသည္။

”’အပ်ိဳႀကီးေရတခါတေလမ်ားသၤခ်ိဳင္းလိုက္ဖူးတယ္ရွိေအာင္လိုက္ၾကည့္ပါလား”’

ခင္မင္သူမ်ားကအပ်ိဳ ႀကီးအားေျပာၾကေပမဲ့သူမကေတာ့

”’ အိုေအလိုက္ပို႔တာပဲေလလိုက္ပို႔ရင္းအသိမိတ္ေဆြဆီဝင္လိုက္ေတာ့တခါထဲအလုပ္ႏွစ္ခုၿပီးသြားတာေပါ့””

””မသာလဲလိုက္ပို႔ရင္းလမ္းႀကဳံလဲဝင္ရင္းေပါ့ေအ”’

ထိုအခါအပ်ိဳ ႀကီး၏တယူသန္စိတ္အားလက္ေျမႇာက္အရႈံးေပးလိုက္ၾကသည္။

ရန္ကုန္ၿမိဳ႕တြင္88အေရးအခင္းႀကီးေပၚေပါက္လာေသာအခ်ိန္တြင္အပ်ိဳႀကီးသည္

အျပင္းအတန္ေနမေကာင္းျဖစ္ေလသည္။

က်မ္းမာေရးမေကာင္း၍ရန္ကုန္ေဆး႐ုံႀကီးတြင္တင္ထားရေလသည္။

လူေတြကလဲအျပင္မထြက္ရဲေသာအခ်ိန္မို႔အပ်ိဳႀကီးအားသတင္းေမးမဲ့သူတေယာက္မွမလာၾကပါ

ဒီလိုနဲ႔အပ်ိဳႀကီးဟာအေရးအခင္းကာလႀကီးမွာဆုံးပါးသြားေလသည္။

အပ်ိဳႀကီးအေလာင္းကိုေဆး႐ုံဝန္ထမ္းကလားကေလးအားပိုက္စံေပးကာ

သၤခ်ိဳ င္းသို႔ပို႔ရေလသည္လူေတြလဲအျပင္မထြက္ရဲေသာေၾကာင့္သူမအသုဘပို႔ရန္

ေဆြမ်ိဳးေယာက်ၤားေလးသုံးေလးေယာက္သာရွိေလသည္။

အပ်ိဳႀကီးအေလာင္းအားတြန္းလွည္းျဖင့္တင္ကာသၤခ်ိဳင္းနားေရာက္ခါနီးတြင္

ခ်ီတက္ဆႏၵျပလာေသာလူအုပ္ႀကီးႏွင့္ပက္ပင္းတိုးေလသည္။

လူအုပ္ႀကီးကညာသံေပးကာ”ဒို႔အေရး”ေအာ္၍ခ်ီတက္လာရာလုံခ်ဳံုေရးအေစာင့္မ်ားႏွင့္ေတြ႕၍

ေသနပ္မ်ားမိုးေပၚေထာင္ျပစ္လိုက္သည္ထိုအခါလူအုပ္ႀကီးလဲကစဥ့္ကလွ်ားျဖင့္ထြက္ေျပးသြားၾကေလသည္။

ထိုအခါအပ်ိဳ ႀကီး၏အေလာင္တင္ထားေသာတြန္းလွည္းႀကီးအားတိုးတိုက္ကာသြားၾကေလသည္။

အပ်ိဳႀကီးကိုလိုက္ပို႔ေသာလူမ်ားႏွင့္တြန္းလွည္းတြန္းေသာကုလားလဲအပ်ိဳႀကီးအေလာင္အားျပစ္ထားခဲ့ကာ

လူအုပ္ႏွင့္ေရာကာထြက္ေျပးသြားၾကေလသည္။

ထိုေၾကာင့္သၤခ်ိဳင္းမေရာက္ခင္လမ္းအလယ္တြင္အပ်ိဳ ႀကီးအေလာင္တင္ထားေသာ

တြန္းလွည္းသည္ထီးထီးႀကီးက်န္ရစ္ခဲ့ေလသည္။

အေတာ္ၾကာေတာ့မွအေျခအေနေအးသြား၍အပ်ိဳႀကီးအေလာင္းအားသခ်ိဳင္းကလူမ်ားလာသယ္သြားၾကေလသည္။

ထိုအခါမွေဆြမ်ိဳးေကာင္ကေလးမ်ားလဲလာ၍ၾကည့္ၾကေလသည္။

အပ်ိဳႀကီးနာေရးသည္လဲဗ႐ုတ္သုတ္ချဖင့္ၿပီးသြားေလသည္။

အပ်ိဳႀကီးအိမ္နာေရးတြင္အပ်ိဳ ႀကီးသည္ေဆြမ်ိ ုးတစ္ေယာက္အားဝင္ပူးကာငိုေလသည္။

”’အမေလး—–ငါ့အေလာင္းကိုလမ္းလယ္မွာထားၿပီးထြက္ေျပးသြားၾကတယ္——-ငါ့အေပၚအေတာ္ေကာင္းၾကပါလား——ငါကိုပို႔မဲ့သူေတာင္မရွိၾကပါလား—–””

အပ်ိဳ ႀကီးသည္ေျပာ၍ဝမ္းနဲပက္လက္ငိုေႂကြးေနရာအားလုံးကေဖ်ာင္းဖ်ရေလသည္။

အပ်ိဳ ႀကီးဝင္ပူးေနေသာအမ်ိဳးသမီးသည္မ်က္ေထာင့္နီႀကီးျဖင့္လူမ်ားကိုလိုက္ၾကည့္ေနကာ

အံတႀကိတ္ႀကိတ္ျဖစ္ေနသည္ထိုအခါေဆြမ်ိဳးထဲကလူႀကီးမ်ားကအတင္းေတာင္ပန္ကာထြက္ခိုင္းရေလသည္။

အပ်ိဳ ႀကီးသည္လူေတြကိုမေက်နပ္သြား၍လားေတာ့မသိပါမကြၽတ္ပါ

ညဘက္မ်ားတြင္သူ႔အိမ္ေရွ႕ကျဖတ္သြားသူမ်ားအားေျခာက္လွန႔္ေနသည္။

တခါတရံအပ်ိဳႀကီးသုံးေသာေပါင္ဒါနံ႔ကိုရတတ္ကာလမ္းျဖတ္ေရွာက္သြားသူမ်ားေနာက္

ဖိနပ္သံတဖ်ပ္ဖ်ပ္ေပးကာလိုက္တတ္ေလသည္ထိုအခါေနာက္လွည့္ၾကည့္လိုက္ေတာ့

မ်က္ႏွာထားတင္းတင္းျဖင့္ေၾကာက္စရာေကာင္းေသာအပ်ိဳ ႀကီးအား

ေတြ႕ရေသာေၾကာင့္သုတ္ေခ်တင္ေျပးၾကေလသည္။

ရပ္ကြက္ထဲကလူအမ်ားစုကေတာ့အပ်ိဳႀကီးသည္သူမ်ားအသုဘလိုက္ပို႔ပါက

ၿပီးဆုံးေအာင္မပို႔ေသာေၾကာင့္ဝဠ္လည္သည္ဟုထင္ၾကေလသည္။

တခါတရံတြင္သူ႔ၿခံထဲလမ္းေရွာက္ေနေသာအပ်ိဳ ႀကီးအားျမင္ၾကရျပန္သည္။

ထိုအရပ္တြင္ေတာ့အခ်ိန္အေတာ္ၾကာမကြၽတ္ေသာအပ်ိဳႀကီးအေၾကာင္းကိုပုံျပင္တပုဒ္လိုေျပာေနၾကဆဲျဖစ္ပါသည္။

ၿပီး
D Moe Moe