ဝမ်းတွင်း ကဝေပျံ (စ/ဆုံး)
———————-
တနေ့တ၌ ဣစ္ဆာသယ ဓါတ်ခမ်းသို့ ခပ်ချောချောမိန်းကလေးငယ်တစ်ယောက် ရောက်လာပါတယ်။
အသက်ကတော့(၃၀)ဝန်းကျင် အသားဖြူဖြူ ခပ်ပြည့်ပြည့် ခေတ်မီမီ ကောင်မလေးတစ်ယောက်ပါ့။
အဲ့ဒီမိန်းကလေး ဓါတ်ခမ်းသို့ရောက်လာပြီး
ဆရာမကြီး ” သမီးအိမ်မှာ လူအရိပ်တွေဖျတ်ခနဲဖျတ်ခနဲ ခဏခဏတွေ့ နေလို့ ” ဆရာမကြီးအား လာမေးတာပါ ကြည့်ပေးပါဦးဆရာမကြီးရယ်ပြောတော့
ဆရာမကြီးလည်း စိတ်အာရုံစူးစိုက်ပြီး
သမီးအိမ်မှာ အတိုက်အခိုက်ရှိကြောင်း အိမ်မသန့်ကြောင်း
ဆရာမကြီးကပြောပြလိုက်ပါတယ်။
ဆရာမကြီးကလည်း
လာရောက်မေးတဲ့မိန်းကလေးကို စိတ်ထဲတစ်မျိုး ခံစားမိတာနဲ့
စိတ်အာရုံစူးစိုက်ပြီး ကြည့်မိလိုက်တယ်။
အဲ့အချိန်မှာပဲ ဇာတ်လမ်းကစတော့တာပါပဲ
အနက်ရောင် အပေါ်အောက် ဝတ်စုံဝတ်ထားတဲ့
ယောကျာ်းလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။
အဲ့မှာတင်ပဲ ဆရာမကြီးရဲ့ စိတ်အာရုံထဲမှ အခုကောင်မလေးနဲ့ဘာတော်လဲလို့ မေးလိုက်တော့ သူ့ရဲ့အစ်ကိုတော်တယ်တဲ့ ပြီးတော့လည်း
အဲ့အနက်ရောင်ဝတ်စုံနဲ့ယောကျာ်းလေးက ဆရာမကြီးရယ်
သူ့ညီမခန္ဓာထဲဝင်ရောက်ပူးကပ်ပြီးစကားပြောခွင့်ပြုပါ
ဆရာမကြီးရယ်ဆိုပြီးခွင်းတောင်းတော့ ဆရာမကြီးကလည်း ခွင့်ပြုပေးလိုက်တယ်။
သူ့ညီမကိုမကျေနပ်ကြောင်းတွေစုံစီအောင်ပြောပြတာပေါ့။
ဆရာမကြီးကတော့ ပြေပြေလည်လည်ဖြစ်အောင်ပဲ ပြောပေးလိုက်ပါတယ်။
ဆရာမကြီးကလည်း အနက်ရောင်ဝတ်စုံဝတ်ထားတဲ့သူဆိုတော့
ပထမတော့ တိုင်းရင်းသား (သိုက်) တစ်ခုခုကလို့ထင်လိုက်မိပါသေးတယ်။
ဘယ်သာသနာကလည်းလို့ဆရာမကြီးကမေးတော့
မသိချင်ပါနဲ့ဆရာမကြီးရယ် လို့ပဲပြောပြီးထွက်သွားလေရဲ့။
ဆရာမကြီးကလည်းထပ်ပြီးစိတ်ဝင်စားသွားတယ်။
သိချင်တဲ့အတွက်ထပ်ပြီးအာရုံစူးစိုက်ပြီး အာရုံယူကြည့်မိတယ်
စိတ်ထဲမသင်္ကာတာနဲ့ သမီးစိတ်ထဲ မကျေနပ်တာတို့ စိတိဆိုးတာတို့ ဒေါသထွက်တာတို့ ဖြစ်လာရင်
သမီးစိတ်ထဲညှိုးလိုက်ရင် တစ်ဖက်သားမှာ တစ်ခုခုထိခိုက်တတ်သလား ကြုံဖူးသလားဆိုတော့
အဲ့မိန်းကလေးက သုံးယောက်သေသွားပြီးတဲ့
ဓါတ်ခမ်းမှာရောက်ရှိနေတဲ့သူရော ဆရာမကြီးအပါအဝင် အားလုံးမှင်သက် အံ့သြကြပါလေရော။ဒါပေမယ့် သူကတော့ အေးအေးဆေးဆေးပဲသူ့အကြောင်း ဖြစ်ရပ်မှန်လေးတွေ တစ်ခုချင်းတစ်ယောက်ချင်းအကြောင်းတွေဆက်ပြောပြပါလေရော
ပထမဦးဆုံးတစ်ယောက်ကတော့ သူ့ကိုသက်သက်မဲ့အနိုင်ကျင့်တာတဲ့။
အဲ့ဒီအနိုင်ကျင့်တဲ့အမျိုးသမီးက
ကျေးတောရွာတစ်ရွာက ပညာသည် အမျိုးသမီးပေါ့။
အဲ့အမျိုးသမီးကို တစ်ရွာလုံးက ကြောက်ကြရဆယ်တဲ့။
အဲ့အမျိုးသမီးခိုင်းတာဆိုအကုန်လုပ်ပေးရတယ်။
ဖြစ်ချင်တော့ ဆရာမကြီးဆီ လာမေးတဲ့မိန်းကလေးကလည်း အဲ့ရွာကိုရောက်သွားပြီးနေထိုင်ပါလေရော။
ရွာကပညာသည်မိန်းမကစပြီး ပညာပြတော့တာပေါ့။
ရွာထဲကလူတွေကို အနိုင်ကျင့်ခိုင်းသလိုမျိုးပေါ့။
ရွာကပညာသည်မိန်းမက သူ့အဝတ်အစားတွေကို လျှော်ခိုင်းပါလေရော။
အဲ့မှာတင်ပြဿနာကစတော့တာပါပဲ မလျှော်ပေးနိုင်ဘူး နင်ကဘာမို့လို့လည်းပြောရင်းနဲ့ ရန်ဖြစ်စကားများကြတာပေါ့။
ရွာကပညာသည်မိန်းမကလည်း
နင်ငါ့အကြောင်းကောင်းကောင်းသိစေရမယ်လို့ ပြောလိုက်တဲ့အချိန်မှာ
မိန်းကလေးကလည်းဒေါသထွက်ပြီး နင်(၃)ရက်အတွင်းသေစေရမယ် ဆိုပြီးပြောခဲ့တယ်။
ဒီလိုနဲ့နေနေရင်းနဲ့ သုံးရက်မြောက်နေ့ နံနက်မိုးမလင်းခင်မှာပဲ
အိမ်မက်လိုလို တကယ်လိုလိုနဲ့ အနက်ရောင်ဝတ်စုံနဲ့လူတစ်ယောက် ရောက်လာပြီး ပြောသွားတာက သူအဲ့မိန်းမကိုသတ်ပြီးသွားပြီလို့ပြောပြီး လေထဲပျံတက်သွားတယ်တဲ့။
သူလည်းလန့်နိုးသွားပြီးပြန်အိပ်မရတော့ဘူးပေါ့။ အဲ့လိုနဲ့နံနက်မိုးလည်းလင်းရော ရွာထဲဆူညံဆူညံနဲ့ အသံတွေကြားတော့ သူလည်းစပ်စုချင်တာနဲ့ ဘာဖြစ်တာလည်းမေးတော့ ရွာကပညာသည်မိန်းမ မနက်(၄)နာရီလောက်က ဆုံးသွားပြီဆိုတော့ သူလည်းသူ့ကိုယ်သူအံ့အားသင့်သွားတယ်။
သူလည်းဘယ်လိုဘာကြောင့်လည်းသိချင်တာနဲ့ ထပ်စပ်စုကြည့်တော့ ပထမတော့ အဲ့ပညာသည်အမျိုးသမီး လက်မှာ သွေးဆူနာပေါက်တယ်တဲ့။
ညော်မိပြီးဒုတိယနေ့မှာပဲအဖျားဝင်ပါလေရော။
တတိယမြာက်နေ့မှာပဲ အဲ့မိန်းကလေးအိမ်မက်လိုလိုမက်ပြီးလာပြောတဲ့နေ့မှာပဲ (၃)ရက်မြောက်နေ့မှာပဲ တကယ်ပဲဆုံးပါးခဲ့ရတယ်။
ဒုတိယမြောက်တစ်ယောက်ကြပြန်တော့လည်း သူနဲ့စကားများရန်ဖြစ်ပြီး
စိတ်ဆိုးဒေါသထွက်ထွက်နဲ့ နင်အသေဆိုးနဲ့သေစေရမယ်ဆိုပြီး ကျိန်လိုက်တာ
သိပ်မကြာလိုက်ရပါဘူး အဲ့အမျိုးသမီးလည်း ကလေးပျက်ကျပြီး ဆုံးပါးသွားခဲ့ရပြန်တယ်။
တတိယမြောက်တစ်ယောက်လည်း စကားများရန်ဖြစ်ရင်းနဲ့ ကျိန်လိုက်တာ
သေတာပြန်တာပဲ။
နောက်ဆုံး သူ့အမျိုးသားခင်ပွန်းတောင် ခရီးသွားမယ့်နေ့
စကားများကြရင်းနဲ့ နင်သင်္ဘောပေါ်က ပြုတ်ကျပါစေလို့ ကျိန်လိုက်တာ
သူ့အမျိုးသားကသင်္ဘောင်္ဦးဘက်မှာ စီးနေရင်း သင်္ဘောနောက်ဖက်သွားချင်တာကြောင့် သင်္ဘောနောက်ဖက်သွားတော့ သင်္ဘောထဲလူကလည်းပြည့်ကျပ်နေတော့ အပြင်သင်္ဘောဘောင်ပေါ်ကနေသွားတာ အဲ့လူ့နောက်ကို ဘယ်သူကဆွဲချလိုက်မှန်းမသိဘဲ ရေထဲပြုတ်ကျသွားပါလေရော။
တော်သေးတာပေါ့ ရေကူးကလည်းကျွမ်းကျင် သင်္ဘောသားတွေလည်းအသိမြန်ပြီး ဝိုင်းကူညီကြတော့ သေကံမရောက်အသက်မပျောက်ခဲ့ရတာပေါ့။
အဲ့တာနဲ့ အဲ့မိန်းကလေးလည်း သူ့မှာဒီလိုမျိုးတွေဖြစ်ဖြစ်လာတာကိုသိရတော့ သူ့အစွမ်းကိုစမ်းသပ်ချင်လာပြန်ရော ။
ဘယ်လိုစမ်းသပ်ချင်လည်းဆိုတာကတော့ သူနဲ့ဘာပြဿနာမှလည်းမရှိ
ဘာမှလည်းမပတ်သတ်ပဲနဲ့ သူ့ဘာသာသူ စျေးရောင်းစားနေတဲ့
အဖွားကြီးတစ်ယောက်ကို သူ့စိတ်ထဲကနေပြီး အဲ့ဒီအဖွားကြီး နေမကောင်းဖြစ်ပါစေလို့ စိတ်ထဲကနေပြောမိတာ
နောက်တစ်နေ့အဲ့အဖွားကြီး စျေးရောင်းတာမတွေ့တော့ဘူး
သူလည်းသိချင်တာနဲ့ ဘာလို့စျေးရောင်းမထွက်လည်းမေးကြည့်တော့
နေမကောင်းလို့ စျေးမရောင်းနိုင်ဘူးဆိုတာသူသိရပြန်တယ်။
မိန်းကလေးကလည်းသူမှဖြစ်ခဲ့သော အကြောင်းအရာအားလုံးကို
အေးဆေးတည်ငြိမ်စွာနဲ့ပဲ ဆရာမကြီးအားပြောပြခဲ့တယ်။
အခုလိုပြောပြနေချိန်မှာ သူ့စိတ်ထဲမှာဒီလိုဖြစ်ပျက်နေတာတွေအားလုံးကို
ကျေနပ်နေတာလား?ဂုဏ်ယူနေတာလား?ဒီတိုင်းပဲပြောပြနေတာလားဆိုတာကတော့ အဲ့မိန်းကလေးကိုယ်တိုင်ပဲခံစားသိမှာပေါ့။
အဲ့ဒီအချိန်မှာ ဆရာမကြီးစိတ်မှာတော့ သူ့ကို ဘယ်လိုနားလည်အောင်ရှင်းပြရမလည်း အခုလိုမကောင်းသောအကြောင်းတရားတွေကို
နောက်နောင်မလုပ်မိအောင်ဘယ်လိုပြောရမလည်း ဆိုပြီး ဆရာမကြီးစိတ်ထဲမှာတော့အတွေမျိုးစုံနဲ့ပေါ့။
အဲ့မိန်းကလေး ကိုယ်တိုင်ကလည်းဒီမကောင်းတဲ့ပညာရပ်တွေကို ဆရာတစ်ယောက်ယောက်ဆီမှာတတ်မြောက်ချင်လို့ သွားသင်ခဲ့တာလည်းမဟုတ်ဘူး။သူ့နောက်မှာပါလာတဲ့မမြင်အပ်တဲ့သူ့အစ်ကိုဆိုတဲ့သူက အဲ့ပညာရပ်တွေကို အဲ့မိနိးကလေးကိုယ်ထဲထည့်ပေးသလို သူကိုယ်တိုင်ကလည်း အဲ့မိန်းကလေး ဖြစ်ချင်တာနောက်ကလိုက်ပါကူညီနေတယ်ဆိုတာဆရာမကြီးကောင်းကောင်းသိခဲ့ရတယ်။
ဒါကို (၇)ရက်သားသမီးကိုကယ်တင်နေတဲ့ ဆရာမကြီးတစ်ယောက်ရဲ့စိတ်ထဲမှာတော့ အခုလို လူတွေဒုက္ခရောက်နိုင်တဲ့ သူ့စိတ်အခန့်မသင့်တာနဲ့ စိတိဆိုးဒေါသထွက်တာနဲ့ လူကိုသေစေနိုင်တဲ့အကြောင်းတရားတွေ အပေါ်မှာ ဆရာသမားတစ်ယောက်အနေနဲ့ ဘယ်လိုနည်းနဲ့မှလက်မခံနိုင်ပါဘူး။ ခပ်တင်းတင်းပြောပြန်ရင်လည်း အဲ့မိန်းကလေးလက်ခံနိုင်မှာမဟုတ်ဖူးဆိုတာ သိနေတဲ့အတွက် သူလက်ခံနိုင်အောင် နားဝင်အောင်တော့ပြောပြရတော့မှာပေါ့။ ဆရာမကြီးရဲ့စိတ်ထဲမှာတော့ ဒီမိန်းကလေးကိုယ်ထဲမှာရှိနေတဲ့ မကောင်းတဲ့ပညာရပ်တွေကို ဖယ်ရှားပေးပါ ဆရာမကြီးရယ်လို့ ပြောစေချင်ပေမယ့်လည်း
လက်လျော့လိုက်ရပြိး
သမီးဆရာမကြီးပြောတာသေချားနားထာင်စဉ်းစားပါဆိုတာနဲ့ပဲ စကားဦးပဲစသန်းရတော့တာပေါ့။
အခုသမီးလူဖြစ်လာတဲ့အချိန်မှာ ကုသိုလ်တရားတွေပဲများစေရမယ်
အကုသိုလ်တရားတွေနည်းပါးစေရမယ်လို့ ဆရာမကြီးက ပြောရင် သမီးအနေနဲ့ လက်ခံနိုင်လားဆိုတော့ မိန်းကလေးလည်းချက်ချင်းပါပဲ လက်ခံနိုင်ပါတယ်ဆရာမကြီးရယ်ဆိုပြီးပြန်ဖြေပေးခဲ့တယ်။ဒါကြောင့်မို့သမီးစိတ်ကိုသမီးထိန်းနိုင်မှဖြစ်မယ်
မထိန်းသိမ်းပဲနဲ့ဒီတိုင်းသာဆက်သွားရင်
ကိုယ်ရဲ့မိသားစု ကိုယ်ရဲ့ခင်ပွန်း ကိုယ့်ရဲ့သားသမီိးတွေကို စိတိလိုက်မာနိပါနဲ့ ညှိုးမိ ကျိမ်မိလို့ တစ်ခုလုဖြစ်ခဲ့ရင် သမီးကိုယ်တိုင်ရင်ကျိုးရလိမ့်မယ် ဒါကြောင့်သမီးစိတ်သမီိးအတတ်နိုင်ဆုံးထိန်းပါ ဆရာမကြီးစကားကိုနားထောင်ပါလို့။နောက်ပြီးတော့သမီးကိုယ်တိုင်ကလည်း ဒီအပေါ်မှာဂုဏ်ယူဝင့်ကြွားမနေလို့လည်း ဆရာမကြီးကပြောပြ ဆုံးမတာလို့ပြောလိုက်ပါသေးတယ်။အဲ့မိန်းကလေးက ဆရာမကြီးဆီကို သူ့အမျိုးသားခေါ်ပြီး ပြန်လာမယ်လို့ပြောပြီးပြန်သွားခဲ့တာပါပဲ။
တကယ်တမ်းတော့ အဲ့အမျိုးသမီးက ဆရာမကြီးရယ် အခုလိုမျို ကပ်ငြိနေတဲ့မကောင်းတဲ့အတတ်ပညာတွေကို ဖယ်ရှားပေးပါလို့ ပြောစေချင်တာ ပြောရမှာ ဒါပေမယ့်သူပြောမသွားခဲ့ဘူး
ဆုတောင်းမပြည့်ခဲ့ဘူးပေါ့ဗျာ။
ဆရာဆိုတဲ့သဘောသဘာဝကလည်းသူ့စည်းသူ့ကမ်းနဲ့နေနေရတာလေ
တစ်ပါးသူမအပ်ပဲ ကိုယ့်သဘောနဲ့ကိုယ် ဖယ်ရှားလို့ လုပ်ပေးလို့မရဘူးလေ။ဒီတိုင်းလေးပဲကြည့်နေရတာပေါ့။ဘောင်တွေစည်းတွေကျော်လို့မရဘူးလေ။ဆရာသမားတစ်ယောက်စောင့်ထိန်းရမယ့်စည်းကမ်းပါပဲ။
အဲ့မိန်းကလေးမှာရှိတဲ့ပညာရပ်တွေကို
မကောင်းတဲ့လမ်းစဉ်လိုက်သောဆရာတွေကသာသိရှိသွားပြီး အဲ့မိန်းကလေးကိုအသုံးချပြီး လူတဖက်သားကို ဒုက္ခရောက်အောင် အသုံးချခံမရောက်ရပါစေနဲ့လို့ ဆုတောင်းပေးရင်း စိုရိမ်ပူပန်ရုံမှလွဲပြီး အရာရာကံတရားအတိုင်းပါပဲပေါ့။
၇-ရက်သားသမီးအားလုံးကိုလည်း သတိပေးချင်ပါတယ်။
အခုလို ဝမ်းတွင်း စုန်း မကောင်းတဲ့အတတ်ပညာဆိုတာ လူတွေထဲကလူပါပဲ တစ်မူထူးခြားပြီး ကွဲပြားပြီး ဂျို ပါမနေဘူးလေ သာမနိလူတွေနဲ့သိဖို့ မြင်နိုင်ဖို့ဆိုတာတာကလည်း လွယ်တဲ့အရာမှမဟုတ်တာလေ။
ယခု မိန်းကလေးလို ကောင်မလေးချောချောလေးလို
ကောင်လေးချောချောလေးလို ပညာသည်လူကြီးတွေကို ကိုယ်နဲ့တွေ့လို့ ပြောမှား ဆိုမှား မချေမငံ ဆက်ဆံမိရင် ရိုင်းပြမိရင် သူတို့မကျေနပ်လို့လုပ်ခဲ့သည်ရှိသော် ကိုယ့်မှာလည်း ဘာကျင့်ကြံအားထုတ်ထားတာ စရဏကလည်းမကောင်း အစောင့်အရှောက်ပုဂ္ဂိုလ်တွေ မရှိဘူးဆိုရင်တော့ အထက်ပါခံရတဲ့သူတွေလိုပဲခံရမှာတော့အသေအချာပါပဲ။
ဒါကြောင့်မို့ လောကီအတွက်လည်းအကျိုးရှိ လောကုတ္တရာအတွက်လည်း အထုံပါရမီရှိအောင် သမထ ဝိပဿနာ အလုပ်တွေကို များများကျင့်ကြံအားထုတ်ကြပါလို့ တိုက်တွန်းနိုးဆော်ရင်း
၇-ရက်သားသမီးများအားလုံး ဘေးရန်ကင်းကွာ အေးချမ်း ကျမ်းမာချမ်းသာကြရပါစေ၊
(ကူညီရေးသားသူ-အဘအောင်မင်းခေါင်အဖွဲ့)