” ဝိညာဉ်ကလဲ့စား “📖📖📖(စ/ဆုံး)
**********************************
လေတိုက်ခတ်သံက တရှီးရှီး တရှဲရှဲ မြည်နေသည်။
လေတစ်ချက်အတိုက်တွင်အုန်းပင်ကွမ်းသီးပင်တို့၏
လှုပ်ရှားဟန်မှာယိမ်းကနေသလိုပင် လေတိုက်သံနှင့်
အတူ အိပ်တန်းပျံ ငှက်တို့၏ အော်မြည်သံအချို့ကည
ကို ပို၍ချောက်ချားနေစေသည်။“သားလေးရယ်အမေ
တစ်ယောက်ထဲပျင်းလို့ပါ…အမေနဲ့အတူလာအိပ်အသံ
ကမတိုးမကျယ်မို့လားမသိ၊ လေတိုက်သံနှင့်ဗလုံးဗ
ထွေးဖြစ်နေ သည်။ လူသံလား လေသံလား မကွဲပြား။
ညဦးက မိုးရွာပြီးစမို့ ပုစဉ်းအော်သံ၊ ဖားအော်သံမှလွဲ၍
ညသည်တိတ် ဆိတ်နေပါ၏။ တစ်ခါတစ်ရံဆွဲဆွဲငင်ငင်
အူလိုက်သောခွေးအူသံမှအပမပီ ဝိုးတဝါး လရောင်အောက်
ငယ်“ကျွန်းကြား” ရွာကလေးမှာ အိပ်ဒာကျနေ သည့်နှယ်
ပင်။ မောင်သီဟဖျတ်ခနဲလန့်နိုးလာ၏။မျက်လုံးအစုံကိုပွတ်သပ်
ကြည့်ရင်းမှအိပ်မက်လိုလိုတကယ်လိုလိုအဖြစ်ကိုစဉ်းစားနေမိ၏။
ကြောက်စိတ်ကြောင့်ချွေးများရွှဲရွှဲစိုနေတော့သည်။ပြီးမှ
မတိုးမကျယ်အသံများကပို၍ထင်ရှား ပီပြင်စွာ ကြားရသလိုပင်။
“သားလေးရယ် အဒမနဲ့အတူနေပါ။ အမေတစ်ယောက်ထဲ
ပျင်းလို့ ပါ။လာပါ သားလေးရယ်”
ခေါင်းကိုထောင်၍အိပ်ခန်းဝမှတစ်ဆင့်အိမ်ပေါ်ထပ်
လှေကားများဆီသို့ကြည့်လိုက်မိတော့အမေအပေမှ
အပေအစစ် လက်နှစ်ဖက်ကိုဆန့်တန်း၍ လှေကား
ထစ်များဆီမှသူ့ထံလာနေသည်။ သူစူးစူးဝါးဝါးအော်
လိုက်မိသည်။ “အမေ..မလာပါနဲ့”“အမေ..မလာပါနဲ့
လာကြပါဦးလို့သူ့အော်သံကြောင့် တစ်အိမ်လုံးလန့်
နိုးသွားကြသည်။ရေတိုက်သူက တိုက်၊ ချွေးသုတ်သူ
က သုတ်နှင့်၊ အောက်လင်းဓာတ်မီးကိုလည်း ပြန်၍
ထွန်းလိုက်ကြသည်။ သည်တော့မှပင် ကြောက်စိတ်
က ပြေးသွားသလိုလို ရှိသည်။ မိမိအိပ်ခန်းအပြင်ဘက်
တွင်တော့ အဖေရှိသည်။ အဖေက ညက အရက်ရှိန်
ကြောင့် အိပ်ကောင်းဆဲ ရှိသည်။ ဘာမျှ သိပုံပရ။
အော် .. အပေ သေဘာ (၂) ပတ်ကျော်ရှိခဲ့ပြီပဲ။
“ကျားကြီး”
သည်နာမည်ကို မသိသူမရှိ။ ရွာနီးချုပ်စပ်များကပင်
ကျားကြီးနာမည် ကြားရုံဖြင့်ကျောစိမ့်ကြရသည်။
ငယ်စဉ်ကပင်လောင်းကစားဝိုင်းအရက်ဝိုင်းများမှာသူ
နှင့်ကင်းတာမရှိ။ စိတ်ကဆတ်သလိုလက်ကလည်း
ယဉ်လှသည်။ ကျားကြီးနှင့် ပြဿနာ ဖြစ်ပြီဆိုလျှင်
ဝေးဝေး ရှောင်ပေရော့။ မိဘများက ချမ်းသာကြွယ်ဝ
သူပီပီ ရွာတွင် ဩဇာညောင်းသည်။ သည်တော့ကျားကြီး
ထင်ရာပေါက်သည်။ ကျားကြီး၏ ဆောင်ပုဒ်တစ်ခုရှိသည်။
ယင်းမှာ – ရအောင်ယူမယ် ဖြစ်အောင်လုပ်မယ်။
မရရင်ချမယ်…တဲ့။ပြောသည့်အတိုင်းပင် တစ်ဖက်ရွာ
“ခနွဲက ဘို”မှ ကွမ်းတောင်ကိုင် အလှဆုံး“ပြဒမ”ကို
မြင်းနှင့်တင်ပြေးသည်။မိဘများ၏အရှိန်အဝါနှင့်ငွေကြေး
ဂုဏ်တို့ကြောင့်အဒေါ်ဖြစ်သူဒေါ်စိန်ပိုင်းမှာမလွန်ဆန်ဝံ့။
သူတို့အလိုကျလိုက်လျောကာ ကျားကြီးနှင့် ပေးစားခဲ့
ရသည်။ မြမေရည်းစား “အောင်ကြည်” ကိုရွာမှာမနေ
နိုင်အောင်ရွာသူကြီးဦးသောင်းမြနှင့်ပေါင်း၍ကောင်း
ကောင်း နှိပ်ကွပ်ခဲ့ကြသည်။ ကြားက မြမေခမျာမှာ
သနားစရာပင်။ သူ့ဆောင်ပုဒ်အတိုင်းပင် သည်တစ်ခါ
တော့ ကျားကြီးခံရပေပြီ။ သူနှင့် ပေါင်းသင်းလာသည်
မှာသားလေးမောင်သီဟ(၃)နှစ်သားကျော်ပေပြီ။မြမေ
အချစ်ကိုသူမရခဲ့။ပြပေပြောသည်ကလည်းရှင်းပါ၏။
လူကိုသာရမည်။အချစ်ကိုဘယ်တော့မှမရစေရတဲ့။
သည်တော့ကျားကြီးပေါက်ကွဲလေပြီ။အရင်က ထက်
အရက်ကို ပိုသောက်သည်။ မူးလာလျှင် မြမေကို အပြစ်
မရှိအပြစ်ရှာ ၍နှိပ်စက်တတ်သည်။“ဟဲ့….နှင့်ပျက်နှာ
ကဘာဖြစ်နေတာလဲ။ ဘာလည်းနင့်လင်ကိုလွမ်းနေတာလား”
ဟုတစ်မျိုး။“သွား.. နင် ထွက်သွားစမ်း … နင့်မျက်နှာ
ကြည့်ရတာ ကျက်သရေကို မရှိဘူး”ဟုတစ်ဖုံ။
“နင့်ကို ငါ အမြည်းကောင်းကောင်း လုပ်ထားပါမှာ
ထားရက်သားနဲ့ အသုံးကိုမကျဘူး။ အလကားဟာမ- ထို့-”
ဟုတစ်နည်း ရန်လုပ်နေတတ်သည်။
မြမေကခါးစည်း၍ခံသည်။ ရွာထဲက မြမေကိုသနားကြ
သလိုကျားကြီးကိုမူမေတ္တာပို့ကြသည်။
သားလေးလူလားမြောက်စ(၁၃)နှစ်အရွယ်မှာပင်
မြမရုပ်ကလိုသည်ထက်ပို၍အိုမင်းလာရသည်။ယခင်က
”ကျွန်းကြား” ရွာ၏လှပဂေးဆိုလျှင်ပင်ယုံဖွယ်ရာမရှိ
တော့။သောကကိုရင်မှာပိုက်၍လင်ဆိုးမယားတဖားဖားဘဝ
ဖြင့်သာ မိမိဘဝကိုကုန်ဆုံး နိဂုံးချုပ်သွားခဲ့ရတော့သည်။
တစ်ဆင့်စကားတစ်ဆင့်နားဖြင့်ကျွန်းကြားရွာကလေး
မှာတီးတိုးစကားဆိုကြသည်။“ဦးကျားကြီးမိန်းမဒပြ
ခြောက်လို့တဲ့။ညဘက်ကြီးလှေကားပေါ်ကဆင်းလာပြီး
သူ့သား အိပ်ခန်းကို ဆင်းလာသတဲ့”အပေါက်တစ်ရာ
သာပိတ်ရမည်။လူတစ်ယောက်ပါးစပ်ပေါက်ကားပိတ်
ရန် ခက်ခဲပေစွ၊ ဦးကျားကြီး၏ ညီမဒေါ်ဆင့်နှင့်အဖော်
လာအိပ်သူ မိစန်းမှ တစ်ဆင့် တစ်ရွာလုံးပျံ့နှံ့ကုန်တော့သည်။
“ခြောက်တာတောင်နည်းသေးတယ်။ မိန်းမအရိုးအိုးများ
အိမ်ပေါ်တင် ထား ရတယ်လို့။ လူ့ခွစာကြီး ကလေးကို
မခြောက်ဘဲသူ့ကို ခြောက်ပါ စေတော်။ မှတ်လောက်သား
လောက် လည်ပင်းကို ညှစ်သတ်ပါစေ” တစ်ယောက်တစ်
မျိုးဝေဖန်ပြောဆိုသံများကတစ်ရွာလုံးအနှံ့ဖြစ်တော့သည်။
ဟုတ်ပါသည်။လွန်ခဲ့သောသီတင်း(၂)ပတ်လောက်က
ဒေါ်မြမေဆုံးပါးခဲ့သည်။ ရွာသင်္ချိုင်းတွင်ပင် မီးရှို့ သင်္ဂြိုဟ်
ခဲ့ကြသည်။ သာသာယာယာရှိမှ အုတ်ဂူသွင်းမည်ဟုဆို
ကာအိမ်ပေါ်ထပ်ထုပ်တန်းတွင်ချိတ်ဆွဲထားခဲ့သည်။
ရွာဦးဘုန်းတော်ကြီးက ဦးကျားကြီးကိုခေါ်၍ မလုပ်ကောင်း
ကြောင်း တားမြစ်ပါသေးသည်။လူ့ခွစာဦးကျားကြီးက
နားမဝင်။ဆရာတော်မှ ဆွမ်းခံ ပင်ကြွ၍မရကြောင်းပြောသော်လည်း –
“အရှင်ဘုရားတို့ဆွမ်းခံကြွမရတာကတော့တပည့်တော်
လည်းမတတ်နိုင်ဘူး ဘုရား၊ အရိုးအိုးကိုတော့ စွန့်မပစ်နိုင်ပါဘူး”
ဟုပြန်လည်လျှောက်ခဲ့သည်။ဦးကျားကြီး စိတ်ညစ်ညစ်နှင့်
အရက်ကိုသာအဖော်ပြုနေတော့သည်။
အိမ်တွင်ညီဖြစ်သူဦးထွန်းလှသူရင်းငှားများနှင့်လယ်ကို
ဦးစီးလုပ်ကိုင်သည်။ ဒေါ်မြမေဆုံးပြီးကတည်းကညီမ
ဖြစ်သူအပျိုကြီးဒေါ်ဆင့်လည်းရောက်လာသည်။ အစ်ကို
ဖြစ်သူဦးကျားကြီးကိုစိတ်မရ၍ဖြစ်သည်။တူတော်မောင်ကို
လည်း ပိတ်မချ။ သူ့အစ်ကိုဖြစ်သူ အခြေအနေဆိုးလာလျှင်
မောင်သီဟကို ခေါ်၍သူ့ရွာဖြစ်သော“ဘုရားကုန်း ရွာသို့
ခေါ်သွားရန်သာကြံစည်နေတော့သည်။
“ဟေ့ကောင်ထွန်းလှ – ညကမြမေခြောက်လို့ဆိုကွ။
မင်းဒီညကလေးနဲ့ အိပ်စမ်းကွာ။ ခွေးမသားသီဟ၊ ဖအေက
ရဲရင့်ပါဒစလို့ သီဟလို့ နာမည် ပေးထားတာ။ သင်းက
သူရဲဘောကြောင်တဲ့ အလကားကောင် -ထွီ”
ပြောပြောဆိုဆို လက်တွင် ကိုင်နေကျ “ငှက်ကြီးတောင်ဓား”
ကို ဘေး တွင်ချကာ အိပ်ပါတော့သည်။ထိုညကမောင်သီဟ
တော်တော်နှင့် အိပ်မပျော်။ အမေ ဟိုညကလိုလာဦးမလား။
ငါ့စိတ်ကထင်တာဖြစ်မှာပါလေ။ ဦးလေးထွန်းလှလည်းရှိတာ
ပဲ။ အိပ်မပျော်တာမှအိမ်ရှေ့ကအဖေ့ဟောက်သံကြီးက
တစ်အိမ်လုံး၊လွှမ်းလို့နေသည်။တစ်ခါတစ်ရံခွေးများက
လည်း အူလိုက်သေး။
“ဂျလုံး .. ဂျလုံး ..ဒုန်း”
အား..ဟု အော်မိစဉ်မှာပင် ဝုန်းဆိုသောအသံနှင့်အတူ
ကြောင်မကြီး ပြေးဆင်းသွားသံကြားမှပင် သက်ပြင်း
ချမိတော့သည်။ ရင်ခုန်သံတွေမြန်နေ သည်။ ခြေဖျား
လက်ဖျားတွေလည်း အေးစက်လာသည်။ မြန်မြန်အိပ်
ပျော် ပါစေဟုသာ ဆုတောင်းနေမိတော့သည်။
မက်လိုက်သည့်အိပ်မက်ဆိုးတွေဘာတွေမက်မှန်းလည်း
မသိ။ မှတ်မိ သည်ကတော့ အမေနှင့် လိုက်တမ်းပြေးတမ်း
ကစားကြသည်။ အမေက ဆံပင်ဖားလျားချလို့သူ့ကိုလိုက်
ဖမ်းသည်။ သူကထွက်ပြေးသည်။ အမေက လိုက်၊ သူက
ပြေးနှင့် တစ်ခါတော့ သူက အပြေးမှာ ချောက်ကြီးတစ်ခု
ထဲသို့ ခြေချော်၍ကျသွားတော့သည်။
“အား”
အသံထွက်အောင်ပင် အော်၍ သူလန့်နိုးလာသည်။
နိုးလာတော့လည်းတစ်ကိုယ်လုံးတုန်ယင်လို့နေသည်။မောပန်းနေရင်း
မှရေဆာလိုက်သည်မှာလည်းမပြောနှင့်။
“သားရေ… မပြေးနဲ့ အမေလာပြီ”
“သား..လာပါသားရယ်…အမေတစ်ယောက်ထဲပျင်း
လို့ပါအမေနဲ့အတူလာအိပ်စမ်းပါ သားရယ်”
နားထဲအမှန်တကယ်ကြားနေရသလိုပင် သတိထား
၍မျက်လုံးများကလှေကားရင်းဆီသို့အကြည့်။တွေ့ရပါပြီ။
အိပ်မက်ထဲကအတိုင်းအမေဆံပင်ဖားလျားချလို့လက်
နှစ်ဖက်ကိုဆန့်တန်းရင်းမှသူ့ဆီလာနေသည်။နောက်ဆုံး
လှေကားထစ်ပင် ရောက်တော့သည်။
“အမေ…အမေ မလာပါနဲ့။ အမမလာနဲ့နော်”
“ဦးလေးရေ… ဦးလေး အမေလာနေပြီဗျ”
ပါးဝပ်ကဟစ်အော်ရင်း ဦးလေးလုပ်သူကိုလှုပ်နိုးရသည်။
သည်တော့မှ ဦးလေးလုပ်သူက လူးလဲထရင်း –
“ဘယ်မှာလဲကွ”
ဟုမေးလည်းမေးကြည့်လည်းကြည့်ရာ
“ဟိုမှာ.. ဟိုမှာ လှေကားရင်းမှာ ”ဟု မျက်စေ့မှိတ်၍
စွတ်အော်နေမိ တော့သည်။“အောင်မယ်လေးဗျ
ဟုတ်တယ်။ မြမေမြမေလာနေပြီ။လာကြပါဦးဗျို့”
ဦးလေးထွန်းလှအော်သံကြီးနှင့်အတူ တစ်အိမ်လုံးလည်း
နိုးသွားကြ တော့သည်။ အိမ်နီးချင်းများလည်းလန့်နိုး
သွားကြရင်းမှလှုပ်လှုပ်ရွရွ ဖြစ်ကုန် တော့သည်။
“သွား … အိမ်မှာ တစ်ယောက်မှ မအိပ်ကြနဲ့။ အလကား
ကောင်တွေ ငါ့ဘာသာတစ်ယောက်တည်းအိပ်မယ်”
ဦးကျားကြီး ဒေါသဖြစ်နေသည်။ တစ္ဆေ သရဲဆိုတာကို
သူ မယုံ။ သူ့ တစ်သက်နှင့်တစ်ကိုယ်လည်းတစ်ခါမျှအ
ခြောက်မခံဘူးခဲ့။ သည်တော့မယုံ။ တစ်ယူသန်တဇွတ်
ထိုးသမားဖြစ်၍လည်းသူများအပြောကိုလက်မခံချင်ပေ။
ထိုညက အိမ်မှာ တစ်ယောက်မျှ မရှိ။ ရွာထဲရှိ အခြားအိမ်
မှာ အိပ်ကြ သည်။ ဦးကျားကြီးတစ်ယောက်တည်း။
“ထွန်းလှ…မင်းလုစီတို့အိပ်မသွားခင်အောက်လင်းမီးထွန်း
ပြီးလှေကားဝမှာချိတ်ထားခဲ့
ကဲ … မြမေရေ။ သည်တစ်ခါတော့ ငါ့အလှည့်ပဲ –
ထင်ထင်ရှားရှားသာ ပြစမ်းပါ။ နင်မသေသေးရင်တော့
ငါ့ဓားနဲ့သေချာအောင်ခုတ်ပြီး သတ်ပြမယ်။ ကျားကြီးတဲ့
ကြောက်လိမ့်မယ်လို့တော့ မထင်နဲ့”ဦးကျားကြီးပွဲ
ကြမ်းချေပြီ။ ထိုညကအရက်မသောက်ပြောမယ့်သာ
ပြောရသည်။ မြမကိုသူချစ်ပါသည်။ ချစ်လို့လည်း
သဝန်ကြောင်ပြီးပြောမိ ဆိုမိခြင်းဖြစ်သည်။ပြပေ
ဆုံးပြီဆိုတော့ သူ ဘယ်မျှ ခံစားရသည်ကိုသူသာ
အသိဆုံး။ နောက်ဆုံးအရိုးအိုးကိုပင် မပစ်ရက်ဖြစ်
နေခဲ့ရသည်။ အရက် သောက်၍မူးလာသည့်အခါ
ပြပေကို သူ နှိပ်စက်ခဲ့တာတွေကို နောင်တရမိ တော့သည်။
တစ်ခါဘလေတော့လည်းသင်းကိုစိတ်နာသည်။
သေသည်အထိသူကို ချစ်မသွားခဲ့။ သင်းရည်းစား
ကိုအောက်မေ့ သတိရပြီး လွမ်းနာကျသေတာဖြစ်
မည်ဟုတွေးမိတွေးရာ တွေးနေမိပြန်ပါသည်။သောက်
နေကျအရက်ကိုပင်မသောက်ရတော့မျက်စေ့က
ကြောင်ချင် သည်။တစ်ကိုယ်လုံးမရိုးမရွဖြစ်နေသည်။
ဟိုကယားသလိုလိုသည်ကယား သလိုလို နေမထိ
ထိုင်မသာကြီး ဖြစ်လို့နေသည်။ တစ်ခါတလေချမ်း
သလို လိုဖြစ်လာ၍တစ်ခါတစ်ခါပူအိုက်၍ချွေးပြန်
လာပြန်သည်။သည်ကြားထဲ အိမ်ပေါ်မှာလူဖြတ်
သွားသလိုမျိုးရိပ်ခနဲ ရိပ်ခနဲ မြင်တွေ့ နေရသည်။
မြမေများလား မြမေပင် ဖြစ်ရမည်။မီးဖိုချောင်ဘက်
သို့ ဝင်သွား သလိုမျိုးတွေ့ရပြန်သည်။ ထကြည့်မိပြန်
ပါသည်။မရှိ။ နောက်လှည့်ကြည့်မိတော့မြမေရပ်နေ
သည်ကို တွေ့ရသည်။ သူနှုတ်ကအလိုလို ထွက်သွားသည်။
မြမေကား မရှိပြန်တော့။ လှစ်ခနဲပင် သူ့ဘေးက
ဖြတ်သွားပြန်သည်။ မြမေအိမ်ရှေ့ရောက်နေပြန်သည်။
“ဟူး”
သက်ပြင်းကို ချရင်းမှ ငါ့စိတ်က ခြောက်နေတာဖြစ်
မှာပါလေဟု အားတင်းရပြန်သည်။ကြာတော့သူ့
ခေါင်းတွေမူးဝေလာသည်။ အရက်မသောက်ရတော့
အင်အားတွေချိနဲ့နေသလိုပင်။ အရက်ကြောင်ကြောင်
တယ်ဆိုတာ ဒါမျိုးလား။ ကြောင်အိမ်ထဲက ပုလင်းကို
ထုတ်ကြည့်တော့ အရက်က တစ်ပိုင်းလောက် ကျန်
သေးသည်။ ဝမ်းသာအားရပင်တစ်ကျိုက်တည်းမော့၍
သောက်ပစ်လိုက် ၏။ အူတစ်လျှောက် ပူဆင်းသွားပြီး
အခုမှပင် နေသာထိုင်သာ ရှိသွားတော့သည်။
အိပ်ရာထက်တွင်ပြန်လှဲကြည့်သည်။ မထူးခြား။
မြမေ၏ကိုယ်ပွားတွေ အိမ်မှာအနှံ့လျှောက်သွားနေ
ကြသည်။ သူ့ကိုလှောင်ပြုံးပင်ပြုံးပြသွားသေးသည်။
ကြာတော့ဦးကျားကြီးဆောက်တည်ရာမရတော့။
တစ်ယောက်တည်းအိမ်တံခါးကို ဖွင့်၍ငှက်ကြီးတောင်
ဓားကို ဆွဲကာထွက်လာခဲ့မိသည်။ဦးကျားကြီး၏ခြေ
လှမ်းများကားရွာတောင်ပိုင်းရှိဦးရွှေငြိမ်း၊အရက်ဆိုင်
သို့ပင် ဖြစ်ပါသတည်း။
“… ရွှေငြိမ်း – အရက်တစ်လုံးလောက် ပေးစမ်းပါဗျာ”
“ဟာ..ကိုကျားကြီးပါလား။ ဘယ့်နှယ်အချိန်မတော်
ကြီးဗျာ။(၁၂)နာရီ တောင်ထိုးတော့မယ်”
“အချိန်မတော်တွေဘာတွေလုပ်မနေနဲ့အရက်တစ်
လုံးမြန်မြန်ပေးစမ်းဦးကျားကြီးကို သူခံမပြောရဲ။
အရက်တစ်လုံးကိုသာ မြန်မြန် ထုတ်ပေး ရတော့သည်။
“ကိုရွှေငြိမ်း- ရေခွက်တစ်ခွက်လောက်ဗျာ- ဒီမှာနည်း
နည်း ချသွား မယ်။မထူးပါဘူးဗျာ၊ နှစ်လုံးသာပေါ်
ပြောပြောဆိုဆိုပင် အရက်တစ်ပိုင်းလောက်ကုန်အောင်
သောက်၍ ကျန်သည့်အရက်များကို အိမ်ယူလာခဲ့သည်။
အိမ်ရောက်တော့ အရက်တစ်လုံးနှင့်တစ်ပိုင်းကို စိမ်ပြေ
နပြေ ထိုင်၍ သောက်နေမိသည်။ ခွက်ပေါင်းများစွာ
သောက်အပြီးတွင် ဦးကျားကြီး ဇက်ကျိုးကျကာအိပ်
မောကျသွားပါတော့သည်။
ညကားတစ်စထက်တစ်စနက်လာချေပြီ။ ဘယ်ကလာ
မှန်းမသိသော ငှက်ဆိုးတစ်ကောင်က အိမ်ခေါင်မိုးပေါ်
ဂစ်ခနဲ တိုးသွားလိုက်သေးသည်။ ဦးကျားကြီးကားဘာမျှ
မသိတော့။ လူမှန်းသူမှန်းမသိအောင်ပင် မူးသွားချေ ပြီတကား။
“ဟား..ဟား..ဟားဟားကိုကျားကြီး – သနားစရာကောင်း
လိုက်တာ။ ရှင်ကျုပ်ကိုနှိပ်စက်ခဲ့သးညတော့ရှင်သေရ
တော့မယ်။ရှင့်အလှည့်ပဲလေ” ဦးကျားကြီးဘာမှပြန်မ
ပြောနိုင်ဒေါ်မြမေကိုသာမျက်လုံးအပြူးသားနှင့်စိုက်
ကြည့်နေမိသည်။
“ဘာကြည့်နေတာလဲကိုကျားကြီး – ရှင်သေရမှာကြောက်
နေပြီလား။ လူမိုက်ကြီးရဲ့ – စကားလေးဘာလေးပြောပါဦး”
အံ့ဩလွန်း၍ဦးကျားကြီး ဘာမျှ မပြောနိုင်၊
“ရှင်တို့ နှိပ်စက်လိုက်ကြလို့ ကျွန်မရဲ့ချစ်သူ ကိုအောင်ကြည်
အသေဆိုးနဲ့သေခဲ့ရတယ်။အခုတော့ ရှင့်အလှည့်ရောက်ပါပြီ။
သူသေသလို ရှင်လည်း အသေဆိုးနဲ့ သေစေရမယ်။
ကဲ ..ဘာပြောဦးမလဲ”
ဦးကျားကြီးကသွေးရူးသွေးတမ်းဖြင့် –
“ဒါတွေကိုမင်းသိနေတယ်ဟုတ်လား”
“သိပ်သိတာပေါ့ ။ ကိုကျားကြီးရယ် ရှင့်ကိုလေဒီည
လည်ပင်း ညှစ်သတ်ပြမယ် သိလား”
“နင် လာရဲရင် လာကြည့်လေ။ ငါ့မှာဓားရှိတယ်။
နင့်ကို ထပ်ပြီး၊ ငါ ခုတ် သတ်ပြမယ်သိလား”
“ဟား…ဟား…ဟား… ရှင့်ဓားလောက်များကြောက်
နေရင်ရှကိုစိန်မခေါ် ဘူး။ကဲ – ကျပ်သတ္တိရှိလို့လာပြီ”
“မြမေ …. မင်းမလာနဲ့နော်”
အသံကျယ်ကြီးဖြင့် ဦးကျားကြီး ထအော်ရင်းမှ
နိုးသွားတော့သည်။ အိပ်မက်မက်နေတာကိုး။
စိတ်မှ ရေရွတ်လိုက်ရင်း လှေကားထိပ်ဆီသို့ ကြည့်လိုက်မိတော့ –
“ဟာ
မြမေ …. မြမေ လာနေပြီ။ မြမေနင်မလာနဲ့နော်။
ငါ့လက်ထဲမှာ ဓားတွေ့လား။ နင့်ကို ငါ ခုတ်မှာနော်”
သောက်ထားသောအရက်များ ဘယ်ပျောက်ကုန်ပြီမသိ။
ချက်ချင်းပင် ချွေးတွေပြန်လာသည်။ဒေါ်မြကတော့လက်
နှစ်ဖကဆန်တန်းရင်းလာမြဲလာနေသည်။
“ဟာ..မြမေနင်မလာနဲ့နော်။ ငါတစ်ကယ်
ခုတ်လိုက်တော့မယ်” ပါးစပ်ကလည်း ပြော၊
လူကလည်း ပြေးသွားကာဒေါ်မြမေအား ခုတ်ရ
လိုက်သည်။မထိ။ ပို၍စိတ်ဆိုးလာပြီးမည်းမည်း
မြင်ရာလိုက်မှတ်မိနေသည်။ အချက်ပေါင်းများစွာ
ခုတ်မိသောအခါ…“ပုန်း ဒုန်း ဒုန်း… ချလွမ်း”
အောက်လင်းဓာတ်မီးကျကွဲသံနှင့်အတူ-
ရွာသားများပြေးလာချိန်တွင် ဦးကျားကြီးပါးစပ်မှ
လာကြပါဦး ကျုပ်ကို ပြမေလည်ပင်းညစ်နေလို့”
ဟုအော်နေကြောင်းပြောပြကြပါသည်။ အောက်
လင်းမီးကျကွဲ၍ ဦးကျားကြီးအိမ်မှာ မီးစွဲလောင်ခဲ့
ပါသည်။ ဦးကျားကြီးအလောင်းကိုပင် ရွာသားများ
ကောင်းမှုကြောင့် ပြန်ရခြင်း ဖြစ် သည်။ အလောင်း
ကား ပြင်ဆင်၍ပင် မကောင်း။ မဲနက်တူးခြစ်သွားပေပြီ။
ထူးခြားသည်ကဦးကျားကြီးအလောင်းကိုကြည့်ရှုရာ
လည်ပင်းတစ်ဝိုက်တွင်အညိုအမဲများစွဲနေကြောင်းတွေ့
ရပါသည်။ ဒေါ်မြမေလည်ပင်းညစ်တဲ့ ဒဏ်ရာဖြစ်မှာပေါ့
ဟုအချို့ကဆိုကြသည်။ မဖြစ်နိုင်ပါဘူး။ သူ့ဘာသာမူးမူးနဲ့
ထင်ရာလျှောက်ခုတ်ရင်းရတဲ့ဒဏ်ရာပါဟုဆိုကြပြန်ပါသည်။
အချို့ကလည်းအောက်လင်းမီးအကွဲက္ခတာပါတဲ့။
မည်သို့ဆိုစေ (၁၉၄၅) ခုနှစ်လောက်က အဖြစ်ကို
ဦးကျားကြီး၏ မြေး ဖြစ်သူကိုတင်ထွန်းကပြောပြ၍
ဇာတ်လမ်းဆင် ရေးဖွဲ့ရခြင်း ဖြစ်ပါသည်။ ထိုညက
ဦးကျားကြီးဒေါ်မြမေနှင့်တွေ့ဆုံတိုက်ခိုက်ခဲ့ရခြင်းမှာ
သွေးရိုးသားရိုးပေလော။ အရက်မူး၍ထင်ရာမြင်ရာ
ခုတ်ခဲ့ခြင်းလော။ စိတ်စွဲလမ်းမှု ကြောင့်လော။ တမ
လွန်ဘဝမှ ဒေါ်မြမေ၏ ဝိညာဉ်ကပင် ကလဲ့စားချေခြင်း လောဟူသည်ကိုကား။