ဝိညာဥ်လောကကိုဆက်သွယ်နေသူ

*ဝိညာဉ်လောကသို့ ဆက်သွယ်သူ*📖📖
________________________________________
***************

ခဗျားတို့လဲ ကြားဖူးကျမှာပေါ့
သရဲ တစ္ဆေ ဝိညာဉ်တို့ဆိုတာ
လူတွေပါးစပ်ဖျားမှာ အမြဲ
ရင်ပါးနေကျ စကားတွေပေါ့။

အဲ့ဒီစကားတွေထဲက (ပရလောက)
သို့မဟုတ်” ‌ဝိညာဉ်လောကသို့
ဆက်သွယ်နိုင်သူတွေ ဒီလောကကြီးမှာရှိနေတယ်လို့ပြောရင် ခဗျားတို့ရော လက်ခံနိုင်ပါ့မလား?။

အများစုကတော့ ” လက်မခံနိုင်ပဲ
ရှိကျလိမ့်မယ် ။

ကျုပ်လို ခေါင်းအင်မတန် မာတဲ့လူကို
တောင် လက်ခံစေခဲ့တာကတော့
ဒီလိုဗျ။

ကျုပ်တို့ရွာနောက်ပိုင်းက ထန်းတောထဲမှာ နေထိုင်ကျတဲ့ ဘိုးလူလှက
အသက် ၆၀ကျော် ၇၀နီးပါးရှိပြီ‌မို့
ရှေးလူကြီးတစ်ယောက်ဖြစ်သလို
စကားပြောလဲ အင်မတန်မှခက်ပြတ်
ပြတ်သာ ပြောတက်သူကြီးဗျ။

သူ့မှာ သားသမီးနှစ်ယောက်ရှိသလို
သူအရမ်းချစ်ရတဲ့ အရီးလေးထွေးငယ်က သူ့ထက် အသက်နှစ်ဆယ်လောက်ကို ငယ်တယ်ဗျ။

ခဗျားတို့လဲ ကြားဖူးမှာပေါ့ ကြီးရင်မှီ
ငယ်ရင်ချီဆိုတဲ့စကားအတိုင်းပဲ
သူ့မိန်းမက သူ့ထက်အရမ်းငယ်နေ
တော့လဲ အသက်တွေသာ
အရမ်းကြီးသွားတာဘိုးလူလှက
သူ့မိန်းမအရီးထွေးငယ်ကို
စပြီးယူထဲက သဲသဲလှုပ်ချစ်တာ
အခုအသက်အရွယ်ရောက်တဲ့အထိပဲ
သူ့မိန်းမကို အင်မတန်မှ ချစ်တက်သူကြီးပေါ့။

မိန်းမစကားလဲ အင်မတန်မှ နားထောင်သူကြီး လူပျိုကာလသား
ဘ၀တုန်းကဆို အရက်ကို ဂါလံပုံးလိုက်ချသူကြီးက အရီးလေးထွေးငယ်နဲ့ရတဲ့အချိန်ထဲက
အရက်ဆိုရင် ဝေးသာဝေးဗျာ
ထန်းရည်သာရောင်းတာ
ထန်းရည်တစ်စက်မှ
မသောက်တက်သူကြီးဗျို့။

ဒီလိုမိန်းမကို အရမ်းချစ်လွန်းတော့
မိန်းမစကားနားထောင်လွန်းတော့
ကျုပ်တို့အရပ်က အမျိုးသမီးတွေက
လင်သားတွေကို ပြောမရဆိုမရချိန်ဆို ကိုလူလှနဲ့တော့ ကွာပ” ဘာညာ
ခိုင်းနှိုင်းပြောတဲ့အထိ မိန်းမစကား
နားထောင်တဲ့လူတွေထဲ နှစ်ယောက်မရှိဘူးပြောရမယ်။

‌ဒီလူကြီးက “ကျုပ်ကိုတော့ မတရား
ခင်သားဗျ ။ ကျုပ်ကိုတွေ့ရင်
အမြဲပြုံးကာ ကောင်လေး ကောင်လေးနဲ့ ပါးစပ်ဖျားထဲကမချပဲ ခေါ်ကာ စနောက်တက်တယ်။

ကျုပ်လဲ’ သူ့ကိုတွေ့ရင်အမြဲနောက်တယ်”
‌ဒီလူကြီး’ အမြဲမိန်းမစကား မြေ၀ယ်မကျ နားထောင်တာကို ကျုပ်ကအမြဲ
နောက်နေကျဗျ နှာခေါင်းပေါက်
နှစ်ပေါက်ရှိတာကို သူ့မိန်းမက
တစ်ပေါက်ထဲနဲ့ပဲ အသက်ရူရမယ်လို့
ပြောရင် ကျန်တစ်ပေါက်ကို
လက်နဲ့ပိတ်ပြီး တစ်ပေါက်ထဲနဲ့သာ
အသက်ရူနေမဲ့ လူကြီးလို့ကျုပ်ပြောလိုက်ရင်”

ဘိုးလူလှနဲ့ကျန်ကာလသားတွေက
တစ်ဟားးး ဟားးးနဲ့ရယ်ကျရောဗျို့

အဲ့လိုနဲ့ တစ်နေ့ဘိုးလူလှက
ထန်းတက်နေရင်း ရုတ်တရက်
လေတွေမိုးတွေကျတော့
အရီးလေးထွေးငယ်က ထန်းတောထဲသို့ လေတွေမိုးတွေထဲယောင်္ကျား
အနောက်သို့လိုက်ခဲ့တယ်။

ကံဆိုးချင်တော့ သူလိုက်သွားတော့မှ
ထန်းပင်ကိုမိုးကြိုးပစ်‌၍ ထက်ပိုင်း
ကျိုးကာ သူ့အားပိကာ အသက်
ရှုံးဆုံးရလေတော့တယ်။

အဲ့ရက်ပိုင်းဆို ကျုပ်ဖြင့်။

ဘိုးလူလှကြီးကို အင်မတန်မှသနားပြီး ဘယ်လိုစကားလုံးတွေဖြင့်
ဖြေဆည်နိုင်အောင် နှစ်သိမ့်ပေးရ
မည်ကို မသိနိုင်အောင်ဖြစ်ခဲ့ရတယ်

သူ့မိန်းမက အရီးလေး ထွေးငယ်ကို
မီးသဂြိုဟ်တုန်းကဆို တစ်ရွာလုံး
သူ့ကိုကြည့်ပြီး ‌ဝိုင်းသနားကာ
ငိုနေကျတယ် ကျုပ်လဲ အတော့်ကို
ရင်ထဲမှာ မကောင်းဘူး။

အဲ့လိုနဲ့ ဘိုးလူလှတစ်ယောက်
ရွာကပါထွက်သွားတယ်ဗျ
တစ်လနီးပါးလောက်ကြာပြီးမှ
ပြန်ရောက်လာခဲ့တယ်။

တစ်လကြာတော့ ပြန်ရောက်လာပြီး
အရင်လိုပျော်ရွှင် မနေတော့ပဲ
ရွာကလူတွေနဲ့တောင် သိပ်မပက်သက်တော့ပဲ ခပ်ကင်းကင်း
သာနေတယ်အရင်တုန်းက
ခင်တဲ့လူတွေကို
လမ်းမှာတွေ့ရင်တောင် နုတ်မဆက်ပဲ
ရှောင်နေတယ်တဲ့။

အရမ်းကို ပြောင်းလဲသွားတယ်
ကျုပ်နဲ့လမ်းတွေ့တုန်းကဆို
ကျုပ်ကလှမ်းနုတ်ဆက်တာတောင်
သူက စကားပြန်မပြောပဲ နေတယ်
ကျုပ်လဲ စိတ်ထဲမကောင်းဖြစ်သွား
တယ်

ဒါပေမဲ့လဲ “နားလည်ပေးလိုက်ပါတယ်။

သူ့မှာလဲ သူ့အကြောင်းပြချက်တော့
ရှိမှာပေါ့။

တစ်နေ့ ကျုပ်နဲ့လယ်ချင်းကပ်ရပ်က
ကိုစိန်သောင်းနဲ့ နွားစာအတွက်
မြက်ရိတ်နေကျရင်း စုံတော့

ကိုစိန်သောင်းက “ကျုပ်ကို
ဘိုးလူလှအကြောင်းပြောတယ်ဗျ။

မောင်သိန်း” မင်းဘိုးလူလှသတင်း
ကြားပြီးပြီလားတဲ့။

ကျုပ်လဲ ” ဘာသတင်းလဲဗျလို့
ပြန်မေးလိုက်တော့။

ဟ ‘ ငါ့ကောင်ရ ” ဘာသတင်းလဲဆိုတော့ ကိုလူလှ ရွာကပျောက်သွားပြီး
အောက်လမ်းဆရာမကြီးတစ်ဦးဆီမှ
တစ်လတိတိ ပညာယူပြီးမှ
ပြန်ရောက်လာတာတဲ့ကွ။

ခဗျာ” ကျုပ်ဖြင့်အံအားသင့်ပြီး
ကိုစိန်သောင်းရယ် ခဗျားသတင်းက
ဟုတ်ရော ဟုတ်ရဲ့လားဗျာ။

ဘိုးလူလှလို စိတ်ကောင်းရှိသူတစ်ဦးက အောက်လမ်းပညာက သင်ယူ
ထားပါ့မလားဗျာ ဟုတ်မှလဲ
ပြောပါလို့ ကျုပ်ပြောလိုက်တော့။

ကိုစိန်သောင်းကြီးက ” သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းချရင်း
ငါလဲ ” မင်းလိုပဲ မောင်သိန်း
အစကတော့ မယုံဘူးကွ
နောက်တော့ သေချာစုံစမ်းကြည့်တော့မှ သူ့ပညာသွားယူခဲ့တဲ့
ဘုရားလေးရွာက အောက်လမ်း
ဆရာမကြီး မယ်ခင်က အဲ့ဒီနယ်
တစ်ခွင်မှာ ပညာအရမ်းထက်တဲ့
ဆရာမကြီး ဖြစ်ချင်တော့ အဲ့ဒီ
ဘုရားလေးရွာမှာ ငါ့မယားညီအကို
မောင်စိုးတို့နေ နေတာမို့ ငါလဲ
အသေးစိပ်ကအစ သိရတာဟေ့။

ကိုစိန်သောင်းကြီးက “သူ့စကားကို
အခုလိုဆက်ပြောတယ်ဗျ။

ငါ”ကြားမိသလောက်ကတော့
ဘိုးလူလှက အောက်လမ်းပညာကို
သင်ယူလာခဲ့တာ လူတွေကို
ဒုက္ခပေးချင်လို့ တိုက်ခိုက်ပြုစားချင်လို့မဟုတ်ပဲ သူ့မိန်းမ အရီးထွေးငယ်ရဲ့ ဝိညာဉ်ကို ဆက်သွယ်ချိတ်ဆက်
ထားချင်လို့တဲ့ မင်းနားလည်အောင်
ရှင်းရှင်းပြောရရင် သူ့မိန်းမရဲ့
ဝိညာဉ်ကို ပညာဖြင့်ရှာဖွေပြီး
သူ့မိန်းမကို သူပြန်မွေးထားမလို့တဲ့လေ။

အမလေး ဘုရား”ကိုစိန်သောင်းရဲ့
စကားကြားပြီး ကျုပ်ဖြင့် ကြက်သီးထပြီး ဘုရားတမိတယ်။

အဲ့လောက်တောင်မှ အချစ်ကြီးရလား ဘိုးလူလှရေလို့ စိတ်ထဲ
ရေရွတ်နေမိတယ်။

ဒီလိုနဲ့ ကိုစိန်သောင်းနဲ့ကျုပ်လဲ
စကား‌ပြောပြီး ကျုပ်လဲ
အိမ်ကိုပြန်ခဲ့တယ်။

ညနေစောင်းကြီးပဲရှိသေးတယ်”

ထူးဆန်းလိုက်တာဗျာ
ကျုပ်တို့ရွာထဲရှိ ခွေးကြီးတွေ
ခွေးပေါက်စလေးတွေက
ငယ်သံပါအောင် အူကျတာဗျာ

ခွေးပိုင်ရှင်တွေက ခြောက်လှန့်ပြီး
တားတာတောင် မရဘူး
ရွာလမ်းမကြီးကိုပဲ ကြည့်၍
ဝိုင်းအူနေကျတယ်ဗျ။

ညနေစောင်းကြီးအခုလိုဖြစ်တာ
ကောင်းတဲ့နိမိတ်မဟုတ်ဘူးကွ”
ကျုပ်လှည့်ကြည့်လိုက်တော့
ဆရာကြီး ‌ဦးရန်သိန်းဗျ

ကျုပ်ဖြင့် အရမ်းကိုပျော်သွားတယ်ဗျ။

ဆရာကြီးက ဂန္ဓာရီခရီးထွက်နေတာ
၁၀နှစ်ကျော်ပြီလေ
ကျုပ်တို့ ဆရာ တပည့်တွေအဆက်သွယ်ပြတ်နေတာ ဒီနေ့မှ
ဆိုက်ဆိုက်မြိုက်မြိုက်ကြီး
ရောက်လာခဲ့တယ်။

ကျုပ်အိမ်ပေါ်သို့ ဖိတ်ပြီး
ဧည့်၀တ်ပြုရတာပေါ့ဗျာ။

ဆရာကြီးက ” ကျုပ်ကိုကြည့်ကာ
ပြုံးနေတယ်ဗျ။

ပြီးတော့မှ “ဒီဆယ်နှစ်ကျော်အတွင်းမှာ မင်းတောင် အတွေ့ကြုံသစ်များ
စွာနဲ့ရင်ကျင့်လာပြီပေါ့။

ငါအခုဒီကိုလာရတဲ့အကြောင်းရင်းက
မင်းတို့ရွာကြီး ကပ်ဆိုးဆိုက်မည့်
အရေးကြောင့်လာရတာကွဲ့။

ခဗျာ ” ဆရာကြီးဦးရန်သိန်းရဲ့
စကားကို ကြားကြားချင်း
ကျုပ် အံ့အားသင့်သွားတယ်။

ဘယ်လို’ ဆရာကြီး
ကျုပ်တို့ရွာကြီးကပ်ဆိုးဆိုက်တော့
မဲ့အရေးဟုတ်လားဗျာ။

အေး” ဟုတ်တယ်မောင်သိန်း။

ဒီကပ်ဆိုးကြီးကိုသာ ငါတို့တွေ
အချိန်မှီမတားနိုင်ခဲ့ရင်
မင်းတို့ရွာကနေစပြီး ဘေးရွာတွေကို
ပါ ဒီပြဿနာက မီးခိုးတောက်လျောက်လိုက်တော့မှာကွဲ့။

ကျုပ်လဲ” အခုထိတော့ရွာက
အေးအေးချမ်းချမ်းပဲရှိနေတာပါဗျာ
ဘယ်လိုလူက ကျုပ်တို့ရွာကို
ကပ်ဆိုးကိုဆိုက်စေတာလဲဗျာ။

ကျုပ်ရဲ့စကားဆုံးတော့_”

ဆရာကြီးက ” ဘယ်သူရှိရမှာလဲ
မိန်းမဆုံးတာမကြာသေးတော့
သောကအပူတပိုင်းက မီးလိုဝိုင်း
နေတဲ့ ကိုလူလှကြောင့် ဖြစ်မှာကွဲ့။

ဘိုးလူလှ‌ကြောင့်ဖြစ်မှာ ဟုတ်လား
ဆရာကြီး ?။

ဟုတ်တယ်ကွဲ့”

ကိုလူလှက “ဆုံးပါးသွားတဲ့
သူ့ရဲ့ဇနီးကို ခေါ်ယူမွေးထားနိုင်ဖို့ကို
အစွမ်းထက်တဲ့ အောက်လမ်းဆရာ
မှော် ‘ ကဝေ ‘ အစရှိတဲ့အရမ်းကို
ပညာထက်လွန်းတဲ့ဆရာမ
သုံးဦးဆီမှာပစ္စည်းဥစ္စာများပေးကာ တပည့်ခံလာပြီး ဝိညာဉ်လောကကို ထိန်းချုပ်ကာသူ့ရဲ့မိန်းမကို
ခေါ်ယူထားဖို့ကြံစည်နေတာကွဲ့။

အဲ့လိုတာ ဝိညာဉ်လောကနဲ့လူ့လောကနဲ့ခြားနားထားတဲ့
စည်းကိုဖျောက်ဖျက်လိုက်ရင်
သရဲ တစ္ဆေ ဖုတ် မှင်စာ သဘက်
ကြီးတွေက မင်းတို့ရွာကို တံခါးမရှိတဲ့
အိမ်ကြီးပမာ ‌၀င်ထွက်သွားလာပြီး
ရှိရှိသမျှ ရွာသားတွေကိုဒုက္ခပေးပြီး
ရွာကြီးက သင်္ချိုင်းကုန်းဖြစ်ကုန်မယ်
ကပ်ဆိုးဆိုက်ကုန်မယ်။

အဲ့လိုနဲ့တစ်ရွာပြီးတစ်ရွာကူးစပ်ကုန်ရင် များစွာသောအသက်တွေ
ဆုံးရှုံးရလိမ့်မယ်ကွဲ့

အဆိုးဆုံးက ကိုလူလှဆိုသူက
သူ့မိန်းမက အဲ့လိုနည်းဖြင့်သာ
ခေါ်ယူနိုင်တယ်ပဲထား သူ့မိန်းမက
အစိမ်းသရဲနာနာဘာ၀ အဖြစ်နဲ့
ဘ၀မကူးနိုင်ပဲ ရှိနေတော့မယ်
ချစ်တာမဟုတ်ပဲ နစ်တာဖြစ်သွားမယ် ‌သူ့ကိုကူညီပေးမဲ့
အောက်လမ်း မှော် ကဝေမတွေကလဲ အဲ့ဒီအခွင့်ရေးကို အသုံးချပြီး
‌ဝိညာဉ်လောက၌ရှိတဲ့ ဦးထုပ်နီ
တစ္ဆေကြီးကို ဖမ်းချုပ်ချင်လို့ပဲဖြစ်တယ် ။

ဦးထုပ်နီတစ္ဆေကြီးက ဘာများစွမ်းလို့ သူတို့တွေက ဖမ်းယူချင်တာလဲ
ဆရာကြီး?။

ကျုပ်လဲသိချင်လို့ မေးလိုက်တော့
အဲ့ဒီတ‌စ္ဆေကြီး ဆောင်းထားတဲ့
ဦးထုပ်နီကိုသာရရင် ဂန္ဓာရီကျမ်းထဲ
အရတော့ အဲ့ဒီဦးထုပ်နီထဲမှာ
များစွာသော ရတနာသိုက်ကြီးတွေ
တည်ရှိရာမြေပုံနှင့် စူဠဂန္ဓာရီအတက်
တွေကိုပြုစုထားတဲ့ပုရပိုက်တွေ
ရှိတယ်တဲ့ အဲ့ဒါတွေကိုသာရလို့ကတော့ ဘယ်ဆရာ ဘယ်ဝိဇ္ဇာကမှ
သူတို့ကိုတားဆီးချုပ်ချုယ်လို့
မရတော့ဘူးလို့ သူတို့က ယုံကြည်ထားကျတယ် ဒါကြောင့်ဒီတစ္ဆေကြီးကို ရအောင်ဖမ်းချင်ကျတယ်
‌ဒီတစ္ဆေကြီးရဲ့အစွမ်းထက်ပုံက
မဖဲဝါတောင် ကြောက်ရတဲ့စွမ်းအားတွေရှိတယ်တဲ့ တစ္ဆေဘုရင်ပေါ့ကွာ
အဲ့ဒီ ဝိညာဉ်လောကရဲ့စည်းကို
ဖောက်ဖျက်လိုက်ရင် ဒီတစ္ဆေကြီးက
ထွက်လာလိမ့်မယ်။

ဒါကြောင့် ဒီဖြစ်‌စဉ်တွေကိုတားဆီးဖို့
အထက်ဆရာကြီးများကငါ့ကို
မင်းတို့ရွာကို ပို့လိုက်တာပဲ။

ကျုပ်လဲ ” ဒါဆိုအမြန်ဆုံးတားဆီး
ပေးပါဗျာ။

ကျုပ်ရွာအတွက်ဆို ကျုပ်အသက်ကိုတောင်စွန့်ရဲပါတယ်ဆရာကြီး။

မင်း စိတ်ကိုတည်ငြိမ်အောင်ထားပါ
လပြည့်ညမှ ငါတို့ဘက်က
မနက်ဖြန်မှ စီရင်ရမှာပါ။

မနက်ဖြန်ကျရင် ရွာသူကြီးကိုပြောပြီး ရွာဦးကျောင်းမှာ အကုန်ပို့ခိုင်းထားပါ ငါတို့တွေအပြင်ရွာထဲမှာ
မည်သူမှမရှိစေချင်ဘူးကွဲ့

နောက်ပြီး ဝိညာဉ်လောကရဲ့
စည်းကို ဖျက်စီးမှာမို့ ကိုလူလှရဲ့
ဆရာကြီးမသုံးဦးက
ကြံတောသင်္ချိုင်းသို့ ရောက်လာမယ်
အစီမံပြုလုပ်ပြီး ရွာနောက်ပိုင်းက
ရိုးပျက်ကြီးထဲမှာ ကိုလူလှကို
အစီမံပြုလုပ်ပေးပြီး ဝိညာဉ်လောကကို ဆက်သွယ်ခိုင်းမှာ အဲ့တာကို
မင်းကရအောင်တားဆီးပြီး
သူ့တို့ရဲ့အစီမံတွေကိုဖျက်ဆီးပစ်ရမယ် မင်းသူတို့နဲ့ရင်ဆိုင်တဲ့အခါ
စိတ်ပူခြင်းမရှိလေနဲ့ မင်းနောက်မှာ
ဆရာကြီးရှိနေမယ်ကွဲ့မောင်သိန်းရဲ့

ကျုပ် ” ဆရာကြီးကိုယုံတာပေါ့ဗျာ။

ဒီလိုနဲ့” ရွာသူကြီးကိုပြောပြီး
ရွာသားတွေကိုအကုန်လုံးကို
ဘုန်းကြီးကျောင်းသို့ပို့လိုက်တယ်။

ရွာထဲမှာကျုပ်ရယ် ဆရာကြီးဦးရန်သိန်းရယ် ကပ္ပိယကြီးဦးရွှေမိုးရယ်
သုံး‌ယောက်ပဲနေခဲ့တယ်။

ညနေ မှောင်စပြုပြီဆိုတာနဲ့
ကောင်းကင်ယံကြီးတစ်ခုလုံးက
ညို့မှိုင်းနေတယ် ကျီကန်းလို
ငှက်ဆိုးမည်းမည်းကြီးတွေက
‌တဂျီဂျီနဲ့အော်၍ပျံနေကျတယ်

ကျုပ်ကို” ဆရာကြီးနဲ့ ကပ္ပိယကြီးက
မောင်သိန်း ‘အချိန်ကျပြီမို့
ဟော့ဒီ’ ဆေးဓာတ်လုံးလေးနဲ့
စမရေးဆွဲထားတဲ့ အင်းတချပ်ကို
ယူပြီး ကိုလူလှရဲ့ စိတ်ဝိညဉ်ကို
တွေ့အောင်ရှာပါ တွေ့တာနဲ့
တားဆီးပါတဲ့။

ကျုပ်ကို”ဆရာကြီးနဲ့ကပ္ပိယကြီးက
မှာစရာရှိတာမှာပြီး ပက်လက်
အနေထားအိပ်စေပြီး ဆရာကြီး
ဦးရန်သိန်းက ခေါင်းရင်းမှနေ၍
ရေခွက်ကိုကိုင်ကာ မန္တန်တစ်ပုဒ်ကို
တီးတိုးရွတ်နေတယ် ကပ္ပိယကြီးကတော့ သံသေပုတီးကို
တဂျောက်ဂျောက်နဲ့စိပ်နေတယ်ဗျို့

ကပ္ပိယကြီးက” မောင်သိန်းမင်းစိတ်ထဲ တခြားအတွေးတွေကိုထုတ်၍
ကိုလူလှကြီးရဲ့ပုံရိပ်ကိုမြင်အောင်
ကြည့်ကွယ့် မင်းရဲ့အားရုံနဲ့စိတ်က
တစ်နေရာထဲ တစ်စုတစည်းထဲ
ဖြစ်ပြီဆိုတာနဲ့ ကိုလူလှရှိရာအရပ်သို့
အော်တိုအလိုလျောက်မင်းရောက်နေလိမ့်‌မယ်လို့ ကျုပ်အနားပုတီးစိပ်ရင်း
သတိပေးနေတယ်။

ထိုအခါ” ဆရာကြီးက မန္တန်ဆုံးသည်နှင့်တပြိုင်နက် ခွက်ထဲကရေစင်နဲ့
ကျုပ်ကိုတောက်လိုက်သည့်နှင့်
တပြိုင်နက် အေးကနဲ တစ်ချက်
ခံစားရပြီး ကျုပ်ကိုယ်ထဲက
ကျုပ်ရဲ့စိတ်ဝိညဉ်က ပေါ့ပါးသော
အဟုန်ဖြင့် လေထဲသို့လွင့်ပါသွားတယ်ဗျ။

ကျုပ်လဲ “လေထဲလွင့်မျှောနေရင်း
ကပ္ပိယကြီးမှာကြားသလို စိတ်နဲ့
အာရုံကို စုစည်း၍ဘိုးလူလှပုံရိပ်ကို
မြင်ကြည့်လိုက်တော့ ဖျတ်ကနဲ
ရွာလယ်က ကုက္ကိုလ်ပင်ခြေရင်းသို့
ကျုပ်ရောက်သွားတယ်။

ကျုပ်လဲ ” ပတ်‌၀န်းကျင်အနေထား
အကဲခတ်ကြည့်လိုက်တော့
လျင်မြန်သောအရှိန်ဖြင့်
အရိပ်မဲမဲကြီး တစ်ခုက ကျုပ်ရှိရာသို့
တန်းလာနေတယ်ဗျ။

အနားရောက်မှ “သေချာကြည့်တော့
တကယ့်ကိုဘိုးလူလှကြီးဖြစ်နေတယ်
ကျုပ်က ” စပြီးခေါ်လိုက်တော့
သွားနေသောအရှိန်ကိုရပ်ကာ
ဟားးးးကောင်လေးပါလားကွ”

ကျုပ်ကိုတော့တန်းမှတ်မိသားဗျ။

ပြီးတော့ ” ကျုပ်ကိုအခုလိုပြောတယ်ဗျ။

မောင်သိန်း’ မင်းငါ့ကိုတားဆီးဖို့ဆို
မင်းအစီရင်တွေကို ရပ်လိုက်တာ
ကောင်းမယ်ကွဲ့ ငါက မင်းအမအတွက်ဆို ဘယ်သူ့မျက်နှာမှ
ထောက်မှာမဟုတ်ဘူးနော်။

ဘိုးလူလှက အရိပ်မည်းမည်းကြီး
အသွင်နဲ့ဆေးတန်ကြီးကိုခဲလို့
ကျုပ်ကိုသတိပေးနေတာဗျို့။

ကျုပ်ကလဲ” အဘိုးကြီး ခဗျား
သတိထားပါဦးဗျ ခဗျားရွေးချယ်တဲ့
လမ်းက ဘယ်သူ့အတွက်မှ
ကောင်းကျိုးမရှိနိုင်ပါဘူး အဆုံး
သတ်ကျရင်သူများပဲ အမြတ်ထုတ်
သွားလိမ့်မယ်။

ဟားးးဟားးးး ငါဘာမှကိုဂရုမစိုက်ဘူး ငါသိတာ ငါ့လမ်းကိုတားရင်
တားတဲ့သူရဲ့အဆုံးသတ်က
သေခြင်းပဲ ဖြစ်လိမ့်မယ်။

ပြောပြောဆိုဆိုဖြင့် ဘိုးလူလှက
ကျုပ်ကို သူ့ပါးစပ်ထဲက ကင်းခြေဖျားလို တစ်ထောင်ကျော်ကျော်
လောက်ရှိမဲ့ လက်တန်ကြီးများဖြင့်
ထိုးတယ်ဗျ။

ကျုပ်လဲ” သတိထားကာ ဘေးသို့
တိမ်းရှောင်ပြီး ကပ္ပိယကြီးပေးလိုက်တဲ့ စမအင်းတချပ်ကို ထုတ်ကာ
မိစ္ဆာရန်စွယ် အန္တရယ်ဟူသမျှ
ပပျောက်ပါစေဟု ရေရွတ်ကာ
စမအင်းတော်ကြီးအား ဘိုးလူလှ
တည့်တည့်သို့ ပစ်လွတ်လိုက်တယ်။

အားးးးးပူတယ် အားးးးပူတယ်ဆိုတဲ့
အသံနက်ကြီးက ကျယ်လောင်လာ၍ ချက်ချင်းဆိုသလို
‌ခွေးနက်ကြီးအသွင်ဆောင်ယူ၍
ကြံတောသင်္ချိုင်းဘက်သို့ ပြေးထွက်
သွားလေတော့တယ်။

ကျုပ်လဲ အနောက်က ထပ်ချမကွာ
လိုက်သွားတော့ ။

ဟုတ်ပဗျာ” ဆရာကြီးဦးရန်သိန်း။ပြောသလို ကဝေမကြီးသုံးဦးက
သင်္ချိုင်းရှိဇရပ်ကြီးပေါ်မှာ နေရာယူ
ပြင်ဆင်ထားတယ်ဗျို့။

ကျုပ်လိုက်သွားတော့  ခွေးနက်ကြီးက ဘိုးလူလှကြီး ပြန်ဖြစ်‌နေရောဗျ
ထူးခြားတာက သူတို့တွေ
ကာယူထားတဲ့ စည်းများကြောင့်
ကျုပ်ရဲ့ဝိညာဉ်က သချိုင်းထဲသို့
၀င်မရဘူးဖြစ်နေတယ်။

အနားကပ်ကြည့်တာနဲ့ မီးထတောက်ရောဗျို့။

အဲ့တာနဲ့ ဝိညာဉ်လောကထဲက
စည်းကို ဖျောက်ပျက်ဖို့အထိ
သူတို့က ကြိုးစားအားထုတ်နေတယ်ဗျို့။

ကျုပ်လဲ လက်ထဲကဆေးဓာတ်လုံးကို ထုတ်ယူကာ အတားဆီး
အပိတ် အနှောင်ဖွဲ့ဟူသမျှ
မြူနှင်းတွေပမာ ကွယ်ပျောက်သွားပါစေဟု ရွတ်ဆိုကာ။

သင်္ချိုင်း၀တည့်တည့်တို့ ပစ်ထည့်လိုက်တော့”

အုန်းးးးကနဲဆိုတဲ့အော်မြည်သံကြီး
ထွက်ပေါ်လာကာ ကောင်းကင်၌
စုစည်းပြီးပျံနေကျတဲ့ ငှက်ဆိုးကြီး
များပါ တစ်ကောင်မကျန်ပြုတ်ကျလေပြီး ဇရပ်ပေါ်၌ ကဝေမကြီး
သုံးဦးတို့သည်လဲ မြေကြီးပေါ်၌
လိမ့်နေကျတယ်။

ထိုအခါ ” အလင်းတန်းကြီးတစ်ခုက
ကျုပ်အရှေ့သို့ လင်းထိန်လာပြီး
ထိုအလင်းတန်းကြီးထဲ၌ ၀တ်ဖြူ
စင်ကြယ်၀တ်ဆင်ထားတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး ထွက်ပေါ်လာပြီး
အဖန်ခါခါ သံသရာလည်နေမဲ့အလုပ်ကို ပြုလုပ်နေမဲ့အစား စစ်မှန်တဲ့
လမ်းစဉ်သို့ ကျင့်သုံးလေ့လာချိန်ကျပြီဆိုပြီး ကဝေမကြီးသုံးယောက်အား
ဆိုဆုံးမ၍ ကဝေမကြီးတွေနဲ့အတူ
ပျောက်ကွယ်သွားတယ်ဗျို့။

အဲ့တော့မှ” ငါ့အိပ်မက်တွေတော့
သွားပါပြီဟု ‌၀မ်းနည်းနေတဲ့လေသံကြီးဖြင့် ညဉ်းထွားနေတဲ့ဘိုးလူလှ
ကြီးအား ဇရပ်ရှိထုတ်တန်းလျားမှာ
ဇောက်ထိုးအနေထား မြင်တွေ့ရတယ်ဗျ ။

ထိုစဉ်’ ကပ္ပိယကြီးဦးရွှေမိုးအသံ
စတင်ကြားရ၍ လူလေးမောင်သိန်း
မင်း တာ၀န်ကျေပြီ ပြန်ခဲ့တော့
ကိုလူလှက လောကနိယာမတရားရဲ့
‌ဒဏ်ခတ်မှု့ကြောင့် သူ့၏မူလကိုယ်ထဲသို့ ပြန်နိုင်ချေမရှိတော့ချေ
ဒါကြောင့်လက်လျော့၍သာ
အမြန်ပြန်ခဲ့လို့ မှာသံကြီးကို
ကြားရသည်နှင့် ကျုပ်လဲသတိကပ်ကာ ကျုပ်‌ကိုယ်ထဲသို့
ပြန်ရောက်နေပြီဗျ။

ကျုပ်သတိရတော့ အစောက
ဝိညာဉ်ဘ၀နဲ့ရောက်ခဲ့လေတဲ့
သင်္ချိုင်း၀သို့ ချက်ချင်းဆိုသလို
ပြေးကြည့်တော့ တကယ်ပဲ
ကျီးကန်းပမာ ငှက်ဆိုးကြီးများ
နေရာအနှံပြားမှာ သေဆုံးနေသည်ကို
ကျုပ်နဲ့အတူ ရောက်ရှိနေတဲ့ကာလသားများပါအံ့ဩမှင်သက်စွာဖြင့် တွေ့မြင်ကျရလေတော့တယ်။

စာဖတ်သူများအား ကျေးဇူးအထူးတင်ရှိပါသည်။
(ကပ္ပိယလေးကြွက်ပုတ်)