သင်္ချိုင်းထဲက စိန်နားကပ်တစ်ရံ

သင်္ချိုင်းထဲက စိန်နားကပ်တစ်ရံ (စ/ဆုံး)
————————————————-

ကျုပ်တို့ရွာရဲ့အရှေ့ဘက်မှာ ထနောင်းကုန်းဆိုတာရှိတယ်ဗျ..

ထနောင်းကုန်းရဲ့ မြောက်ဘက်က သဖန်းကုန်းတဲ့ဗျ
ပေါက်ကုန်း ထနောင်းကုန်း သဖန်းကုန်း ဆိုတဲ့ရွာတွေက ဖိုကနောင့်
ဆိုင်ရှိတဲ့ ကုန်း ၃ ကုန်း ပါတဲ့ရွာတွေပေါ့ဗျာ..

ကျုပ်အမေက ပေါက်ကုန်း
သူမဟုတ်ဖူးဗျ အဖေနဲ့ညားလို့သာ ရောက်လာရတာ..
အမေဇာတိက သဖန်းကုန်းကဗျ သဖန်းကုန်းမှာ အမေရဲ့အကိုကြီး
ဘဒွေးလေးရှိတယ်ဗျ နာမည်က ဦးဖိုးစုံ တဲ့.. တကိုယ်တည်းလူပျိုကြီး..
အမေကသူ့အကိုစားဖို့ ရွာဘုရားပွဲအတွက်
လုပ်တဲ့ ဆနွင်းမကင်း..
မုန့်ဖက်ထုပ် အဲဒီမုန့်တွေကို ဘဒွေးလေးဆီကျုပ်ကိုပို့ခိုင်းတာဗျ..
ပေါက်ကုန်း နဲ့ သဖန်းကုန်းက နှစ်တိုင်ခွဲလောက်တော့ ဝေးတယ်..
ကျုပ်လည်း နေမမိအောင် ခပ်စောစောလေး အိမ်ကထွက်လာတာပေါ့ဗျာ..

သဖန်းကုန်းရောက်တော့ ဘဒွေးလေးတောင် မနက်ခင်းထမင်းကြမ်း
နဲ့ရေနွေးသောက်နေတုန်းရယ်ဗျာ ကျုပ်ကိုမြင်တော့ ဘဒွေးလေးက

“ဟ ဖိုးပီ စောလှချည်လားကွဲ့ လာ လာ ထမင်းကြမ်း၀င်စားကွာ
ရေနွေးလည်းသောက်”

“ဟုတ်တယ် ဘဒွေးလေးရေ အမေရယ်ဗျာ ဘဒွေးလေးဖို့
မုန့်တွေအပို့ခိုင်းလို့ဗျို့”

“တယ်ဟုတ်ပါလားကွ ဟန်ကျသဟေ့ မင်းအမေလက်ရာဆို
ကောင်းမှာ သေချာတယ်ကွ”

ကျုပ်လဲ ရေးနွေးတခွက်ကောက်သောက်ရင်းနဲ့

“ဘဒွေး ဒါဘာဟင်းတွေတုန်းဗျ””

“စားကြည့်လကွာ လုပ်ပါ”

ကျုပ်လည်း ဇွန်းနဲ့ခပ်စားကြည့်လိုက်တော့ ကောင်းချက်ဗျာ
တော်တော် အရသာရှိတာ ဒညင်းသီးနဲ့ အသားတစ်မျိုးရောထားတာဗျ..

“ဘဒွေး ဒညင်းသီးပါတာတော့သိတယ်ဗျ အသားက ဘာသားလဲဗျ”

“၀က်သားကို အဆီတွေ အသားတွေ မပါပဲ အခေါက်ကြည့်ကို
ဒညင်းသီးနဲ့ရောချက်ထားတာကွ ကောင်းရဲ့မဟုတ်လား..

“ဒုန်း ကောင်းပေါ့ ဘဒွေးလေးရာ ကိုယ်တိုင်ချက်တာလားဗျ”

“ဟ ငါကိုယ်တိုင်မချက်လို့ ဘယ်သူကလာချက်ပေးမှာတုန်း
မင်းအမေ ငါ့နှမတောင့် ငါ့ကိုထားပြီး သူ့လင်နောက်လိုက်သွားတာ
လေကွာ ငါချက်တာပေါ့ကွ”

“ကျုပ်တခါမှမစားဖူးဘူးဗျ ဘဒွေးလေးက ဟင်းချက်တော်လိုက်တာဗျာ
အမေလဲဒီတိုင်းဘဲဗျ ဟင်းချက် လွှတ်တော်တာဗျ”

“တော်ဆို ငါတို့မျိုးရိုးက ဘုရင့်စားတော်ပွဲတွေကို တာ၀န်ယူ
ချက်ြုပုတ်ြပီး ဆက်သရတဲ့ စားတော်ကဲမျိုးရိုးကွ”

“ဗျာ စားတော်ကဲ မျိုးရိုး ဟုတ်လားဘဒွေးလေး”

“သိပ်ဟုတ်တာပေါ့ကွာ တို့အဖိုးရဲ့အဖေ ဟာ မင်းတုန်းမင်းကြီး
လက်ထက်က စားတော်ကဲကြီး ဦးခဲရဲ့ မျိုးရိုးကပဲကွ
ဦးခဲဆို တာ ငါနဲ့ဆို ဘိုးကြီးတော့တော်မယ်
ထားပါလေဦးခဲဟာ မင်းတုန်းမင်းကြီးနဲ့ ရုပ်ချင်းခွဲမရအောင်တူတယ်
ဆိုပဲကွဦးခဲက ဘုရင်ထက် အသက်တော့ပိုကြီးတာပေါ့ကွာ..
ရှင်ဘုရင်ကြီးနဲ့ ဦးခဲ အတူလာရင်ခပ်လှမ်းလှမ်းကကြည့်လို့တော့
အရမ်းတူလို့အ၀တ်အစားကိုကြညြ့်ပီးမှ ခွဲလို့ရသတဲ့ကွ..
ဦးခဲကဘုရင့်စားဖိုဆောင်မှာ စားတော်ကဲကြီးသူ့အောက်မှာ
စားတော်ကဲ ၂၀၀ လောက်ကို စီမံအုပ်ချုပ်ရတယ်ကွ
ရှင်ဘုရင်ကြီးအတွက် တရုတ်စာ ကုလားအစားစာ ဗမာအစားစာ
အမျိုးမျိုး ကြော်လှော်ချက်ပြုတ်ပေးရတာပေါ့ကွာ.. တစ်နေ့ကို ပွဲတော်
၂၀၀ ဆက်သရတယ်သလို..ဟင်းတွေကလည်း တစ်မယ်မှမထပ်ဖူးတဲ့.. ဒါတွေကို ဦးခဲ ကိုယ်တိုင်ေ့နစဉ် စီမံကွပ်ကြဲပီး ချက်ပြုတ်ပေးရတာ
ပေါ့ကွာ ဘုရင်ရဲ့အစားစာတွေကို စားတော်ကဲတွေက ကိုယ့်သဘောနဲ့
ချက်လို့မရဘူးကွဲ့ ဘုရင်ရဲ့ကျန်းမာေ ရးနဲ့ တည့်မဲ့ဓာတ်စာတွေကို
သမားတော်တွေက တွက်ချက်ပြီး ဥတုနဲ့သက်ဘာရကျမဲ့ အစားစာကို
ညွန်ကြားပေးတယ် ဘုရင်ကိုယ်တိုင်ကလည်း.. တစ်ခုခုကို ဘယ်လောက်
ပဲစားချင်စားချင် သမားတော်တွေကမတည့်ဘူး စားတော်ကဲတွေက
ချက်ပြီး မဆက်သဘူးဆိုရင်စားခွင့်မရှိဘူးတဲ့ကွာ ဒီလိုနဲ့ဦးခဲဟာ
စားတော်ကဲကြီး တာ၀န်ကို ထမ်းဆောင်လာ အသက်၆၀ကျော်လို့
၇၀နားနီးရော့တဲ့ကွ ဒါပေမဲ့လည်း..ဲ ဦးခဲကတော့ တောင်ဝှေးတစ်ချောင်းနဲ့
စားဖိုဆောင်မှာ စီမံအုပ်ချုပ်တုန်းပဲတဲ့..
တစ်နေ့တော့ ရှင်ဘုရင်ကြီးဟာ ပဲကြီးဟင်းကို အလွန်စားချင်နေသတဲ့..
ဒါပေမဲ့ သမားတော်တွေက မတည့်ဘူး ဆိုတော့ စားတော်ကဲတွေကလည်း
ချက်ြပီး မဆက်သဘူးပေါ့ကွာ ဘုရင်ကြီးကတော့ အလွန်ကို
စားချင်တဲ့ အာသီသပြင်းနေတော့ ယုံကြည်ရတဲ့ မောင်းမတစ်ယောက်
ကို နန်းဆောင်ရဲ့ အနားမှာ ပဲကြီးဟင်းချက်ခိုင်းတာပေါ့ကွာ…
အခြွေရံမောင်းမကိုလည်း မီးခိုးမထွက်ဖို့ သေချာမှာရတာပေါ့ကွာ…
ပဲကြီးဟင်းကလည်း ကျက်ခါနီး အနံ့လေးကလည်းမွှေးနေပြီဆိုတော့
ဘု ရင်ကြီးလည်း… စားရတော့မယ်ဆိုပြီးကျေနပ်နေတာပေါ့ကွာ..
ဒီအချိန်မှာ ဦးခဲက တောင်ဝှေးကြီးတတောက်တောက်နဲ့ နန်းတော်ထဲ
လာရောတဲ့ဟေ၊့ ဒါကို ဟင်းချက်နေတဲ့ မောင်းမ ကမြင်တော့
ဦးခဲကို ကြောက်ြပီး ထွက်ပြေးတာပေါ့ကွာ. . ဘုရင်ကြီးကလည်းမြင်တော့
နန်းဆောင်ထဲ ၀င်သွားသတဲ့ကွ… ဦးခဲလည်းဟင်းအိုးနားရောက်တော့
အိုးကိုဖုန်းထားတဲ့ စလောင်းဖုန်းကို တောင်ဝှေးနဲ့ ထိုးလှန်ြပီး
ကြည့်တော့ ပဲကြီးဟင်းအိုးမှန်းလည်း သိရော အသံကျယ်ကျယ်နဲ့
ဘုရင်ကြီးကြားအောင်…

“မတည့်တာမှ စားချင်ရန်ကော”

ဆြိုပီး ဟင်းအိုးကို တောင်ဝှေးနဲ့ ဆောင့်ချပစ်လိုက်ရောတဲ့ကွာ ..
ဘုရင်ကြီးလည်း ကြားပေမဲ့ ဘာမှမပြောရဲဘူးတဲ့ကွ

ကျုပ်တို့ဘဒွေးလေးက ဖိုးစုံဆိုတဲ့ နာမည်လိုက်အောင် အလွန်စုံတဲ့
လူဗျ ဗဟုသုတကလည်းကြွယ်ချက်ဗျာ… ဘဒွေးလေးဆီရောက်တိုင်း
ဗဟုသုတ ရစရာတွေအမြဲကြားရတာဗျ ခုလည်း ကျုပ်တို့အမျိုး ဘိုးကြီး
ပေါ့ဗျာ ဦးခဲ အကြောင်း ပြောပြတာ နားထောင်လို့ကောင်းချက်ဗျာ..

ရေနွေးကြမ်းတစ်ခွက်ကို ဂွတ်ကနဲ့သောက်ပီး ဘဒွေးလေးက

“ဘုရင်စားတော်ကဲတစ်ယောက်ဖြစ်ဖို့ ဆိုတာ မလွယ်ဘူးကွ
စားတော်ကဲကျမ်းကို ကြေညက်အောင်လေ့လာ ရသလို…..
ချက်တဲ့ပြုတ်တဲ့ခါ ဆန်းသစ်တီထွင်ပြီး ထိုးထွင်းဥာဏ်လည်းရှိရတယ်…
ဦးခဲကိုယ်တိုင် စားတော်ကဲကျမ်းတစ်စောင်ပြုစုခဲ့တယ်လို့ဆိုတယ်
အဲဒီကျမ်းဟာ ခုထိအိန္ဒိယနိူင်ငံရဲ့ ရှေးဟောင်းစာကြည့်တိုက်မှာ ရှိသေးတယ်လို့ဆိုကြတယ်ကွ”

အဲဒါကြောင့် တို့မျိုးရိုးဟာ သာမည မျိုးရိုးမဟုတ်ဘူးကွ ဘုရင့်စား
တော်ကဲမျုးကွ မှတ်ထား ဖိုးပီ ကြားလား”

“ဟုတ်ကဲ့ ဘဒွေးလေးကျုပ်မှတ်ထားပါ့မယ်”

ကျုပ်လည်းတရေးတမောအိပ်ရေမိုးချိုးပြီး သဖန်းကုန်းကပြန်လာလိုက်
တာရွာကို နေ၀င်ခါနီးမှရောက်တော့တာဗျ..

အိမ်ရောက်လို့မောတာနဲ့
ကုလားထိုင်ပေါ်ထိုင်စရှိသေးတယ်ဗျာ အောင်ထွနိးဆိုတဲ့ကောင်
ကျုပ်ဆီရောက်လာရောဗျို့

“ကိုကြီးပီယ ဆိုတဲ့လူဗျာ နေ့လည်ကလည်း ကျုပ်ရောက်တယ်ဗျ
အရီးလေးးက သဖန်းကုန်းဘက်သွားတယ်ဆိုလို့
ခုတခါပြန်လာရတာဗျ”

“ဟ ဘာတွေအရေးပေါ်နေလုိ့လဲအောင်ထွန်းရ”

ပေါ်ဆို သီတာလွင်က ဒီကနေ့ည သူတို့ခြံထဲလာခဲ့ပါတဲ့ဗျာ
အရေးတကြီး ပြောစရာရှိလို့ပါတဲ့….

“ဟေ ဟုတ်လား အေးလာခဲ့မယ်လုိ့ပြောလိုက်ကွာ”

အောင်ထွန်းပြန်တော့ကျုပ်လည်း ထမင်းခပ်သုတ်သုတ်စား အဝတ်စားလေး
ဘာလေးလဲပေ့ါဗျာ သီတာလွင်က ကျုပ်ကို တကယ်ချစ်တာဗျ…
ကျုပ်ကလည်း တအားချစ်တာပါဗျာ ချစ်လို့လည်း သုသာန်ကုန်းထိ
ခက်ခက်ခဲခဲသွားပြီး ပီယဆေး ဖော်ခဲ့တာပေါ့ဗျာ..

မှတ်ချက် ။ပီယဆေးဝတ္ထု၌..ဖော်ပြခဲ့ပြီး[စာရေးသူ]

ကျုပ်လည်း အချိန်ကျအောင်စောင့်ရတာပေါ့ဗျာ.. ည၁၀နာရီလောက်
ကျတော့ရွာထဲအတော်ငြိမ်သွားပြီဗျ ကျုပ်တို့ အညာမှာ ည ၁၀ နာရီ
ဆိုတာ တော်တော့ကို ဥာဥ့်နက်နေပြီဗျ ဒါနဲ့ ကျုပ်လည်း အိပ်ယာ
ဘေးက သုံးတောင့်ထိုး ဓါတ်မီးလေးကိုင် ပုဆိုးလေးခြုံပြီး အိမ်ကထွက်
လာတာပေါ့ဗျာ ..
သီတာလွင်တို့အိမ်နဲ့ကျုပ်တို့ဝိုင်း က
နှစ်ဝိုင်းကျော်လေးဗျ…
ဒီညဘိုးတော်ကြီးမရှိဘူးတဲ့ဗျ.. ဘွားတော်ပဲရှိတယ်ဆိုတာ..
ကျုပ်အသေချာ လေ့လာထားတာ၊ပြောရအုံးမယ်ဗျို့ သီတာလွင်
ဘိုးတော် ကျုပ်ယောက္ခထီးကြီးက ကျုပ်တို့ရွာရဲ့့သူကြီးဗျ
အင်မတန် စိတ်ကြွတ်တဲ့လူကြီးပါဗျာ နာမည်က ဦီးမှိုင်းကြီးတဲ့ဗျ…
သူ့ကွယ်ရာမှာ ကျုပ်တို့ကတော့ ဦးမိုက်ကြီး လို့ခေါ်ကြတာဗျ…
သီတာလွင်တို့ ခြံနားလည်းကပ်ရော.. ဦးမှိုင်းကြီးအချစ်တော် တောကျော်
ဆိုတဲ့ခွေးက ဟောင်တော့တာဗျ.. ပီယလေဗျာ… ဘယ်ရမလည်း ပုဆိုး
ကပုံစထဲထည့်လာတဲ့ ထန်းလျှက်ခဲပစ်ကျွေးလိုက်တာ ချက်ချင်းကိုခွေးက
ငြိမ်ကျသွားတာဗျ ခါတိုင်းနေ့တွေကလည်း ယဉ်ပါးအောင်ကျုပ်က
ကျွေးမွေးထားတာ…ကျုပ်မှန်းလည်းသိရော အမြီးလေးနြံ့ပီးတောင်
နေသေးဗျာ ကျုပ်လည်းအရိပ်အကဲကြည့်ပြီး သီတာလွင်နဲ့ ချိန်းတွေ့
နေကြ ပုဏ္ဍရိပ်ပင်အောက်ရောက်တော့..
ဟောဗျာ….
ရောက်နေပြီဗျ လကြီးကသာတော့ မြင်နေရတာပေါ့ဗျာ ကျုပ်လာတာ
နောက်ကျတယ်ဆြိုပီး စိတ်ဆိုးရင်လည်း ချော့ယုံပေါ့ဗျာ..
နှင်းဆီပန်းလေး ပန်ထားတာဗျ ကျုပ်ကိုကျောပေးပြီး ရပ်နေတာဗျို့…
ဟ. .သီတာလွင်နည်းနည်းများ ပိုဝနေတာလား.. ကျုပ်စိတ်ကထင်တာနေမှာ
ပါလေ ဆြိုပီးအနားကပ်လိုက်တော့ ရှင်မတောင်နံ့လေးကို သင်းနေတာပဲဗျာ..သီတာလွင်နဲ့တွေ့တိုင်းရနေကျအနံ့လေးဗျ…

“ညီမ စောင့်နေရတာကြာပြီလား”

ဆိုပြီး ပခုံးလေးကို ကိုင်မယ်လည်းလုပ်ရော ကျုပ်ဘက်လှည့်လာတဲ့
မျက်နှာကိုမြင်ြပီး ကျုပ်နယ်ထိပ်ကို ဆယ်ပေါင်တူနဲ့ အထုခံလိုက်ရသလို
ခေါင်းနပမ်းကို ကြီးသွားတာဗျို့ ဒူးတွေကလည်း မခိုင်အောင်ကို
ညွှတ်ကျကုန်တာပဲဗျာ.. ကျုပ်လည်းကြောက်ကြောက်နဲ့…

” မမကြီး”

“ရောက်လာပြီလား မောင်ပီယ ••ဟင်း••ဟင်း

မမကြီးဆိုတာ သီတာလွင်ရဲ့အမေဗျ သူ့ယောက်ျား ဦးမှိုင်းကြီးထက်
၁၅နှစ်လောက်ကို ငယ်တာဗျ
ဦးမှိုင်းကြီးက ၄၀ကျော် ၅၀ နားနီး
နေပြီဗျ သီတာလွင်နဲ့ဆို သားမိဆိုတာယုံနိုင်စရာတောင်မရှိပါဘူးဗျာ..
အရွယ်ကလည်း တအားတင်တာဗျ
ဘယ်အရွယ်မှာ ယောက်ျားယြူပီး
ဘယ်အချိန်မှာ ကလေးယူတယ်တော့မသိဘူးဗျာ
အခုထိကို နုပျိုပြီး လှပနေတုံးပဲဗျာ.. ကျုပ်တို့ရွာမှာတော့ မမကြီး
လို့ပဲခေါ်ကြတာဗျ ..

“မင်းကို မမ စောင့်နေတာကွ လာမှလာပါ့မလားလို့”

ကျုပ်လည်း ဘာမှပြန်မပြောပဲ.. ခေါင်းကြီးငုံ့ထားတာပေါ့ဗျာ..

“သမီးက ပြောတယ် မောင်ပီယနဲ့ သူနဲ့ ရည်ငံနေကျတယ်ဆို”

“ဟုတ်”

ဘယ်လောက်သတ်ရဲဖျက်ရဲတဲ့ သတ္တိကောင်းတဲ့လူဖြစ်ပါစေ မတော်
ရသေးတဲ့ ယောက္ခမရှေ့ဆို အလိုလို ကြောက်ဒူးတုန်ကျတာဗျ
ဟုတ် ဆိုတဲ့စကားတလုံးပဲ ထွက်တော့တာဗျို့ .. ကျန်တာတွေက
ပြောလို့ကိုမထွက်ဖူးဗျာ ..

“မမ လိုရင်းပဲပြောမယ်ကွာ မင်း ငါ့သမီးကို လက်ထပ်ပြီးရင်..
အနီးစပ်ဆုံးကွာ ဦးမှိုင်း ထားသလို ငါ့သမီးကို ထားနိုင်ပါ့မလား”

“ကျုပ် မမကြီး နေရသလို
ချမ်းချမ်းသာသာကြီး
မထားနိုင်ပေမဲ့
သီတာလွင်ကို… ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင်ထားနိူင်ပါတယ်”

ကျုပ်အရဲစွန့်ပြီး ပြောချလိုက်တာဗျ …

“ဟင်း ဟင်း”

ကျုပ်စကားကိုကြားတော့ ခေါင်းလေးမော့ပြီး ဟန်ပါပါနဲ့တောင်
ရယ် နေသေးတာဗျ..

“မင်းက စိတ်ကူးယဉ်နေတာပဲ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ နေရ
ထမင်းရည်ပူ အတူ လျှက်ရစေတော့
ဆိုတာတွေက အိမ်ထောင်
မကျခင် ရူးတုန်း မူးတုန်း ပြောတာတွေပါကွယ်.. တကယ်တမ်း နစ်ယောက်
ပေါင်းသင်းကျတော့ အချစ်ဆိုတာကြီးက အလကားပါကွာ
ပိုက်ဆံမရှိတဲ့ အိမ်ထောင်ရေးက ဘယ်ကလာပြီး သာယာပါ့မလဲကွယ်…
ကိုယ်နဲ့ တူရာ တန်ရာ ပေါင်းသင်းနေတဲ့ အိမ်ထောင်ရှင်တွေကို
မမ မပြောဖူးနော်… အဆင့်အတန်းသိပ်ကွာလွန်းတဲ့သူတွေကိုပြောတာ”

ဟာ ဒီမိန်းမကြီး သူ့သမီးနဲ့ ကျုပ်ကို အဆင်တ့န်း မတူဘူးဆိုတာ
သွယ်ဝုိက်ြပီးပြောနေတာဗျ

“ဒါဆို ခင်ဗျားကြီးလည်း အဖေလောက်အရွယ်ရှိတဲ့ လူကြီးကို
ငွေမက်လို့ယူတာပေါ့ ဟုတ်လား”

အဲလိုပြောလိုက်ချင်တာဗျ ဒါပေမဲ့ ဘယ်ကလာပြောရဲမှာလည်းဗျာ..

“လိုရင်းပြောမယ်ကွာ ငါ့သမီးကို မြို့က သမာဓိ ပွဲရုံပိုင်ရှင် ကိုပေါများ
ရဲ့သား မောင်ဇော်ဟိတ်နဲ့ ပေးစားဖို့ သဘောတူထားကျတာကွဲ့
သူတို့က သမီးကို စိန်တစ်ဆင်စာ.. တင်တောင်းမယ်လို့ ကမ်းလှမ်း
ထားတယ်ကွ မင်းကလူတော်တစ်ယာက်ပါ တစ်ရွာလုံံံးနဲ့ပတ်၀န်းကျင်
ရွာတွေက ချစ်ကျခင်ကျတဲ့ လူပါ ဒါပေမဲ့..
ဲ့ မမ လိုချင်တာ
လူမှု့ရေး သမား မဟုတ်ဘူး.. ပစ္စည်းဥစ္စာကြွယ်၀တဲ့ စီးပွားရေးသမားပဲ..
ကဲ ဒီတော့ မင်းကို အခွင့်ရေးပေးမယ် ငါတို့ရွာဘုရားပွဲ မတိုင်ခင်
စိန်တစ်ဆင်စာ ..မဟုတ်ပါဘူးကွယ်
စိန်နားကပ် တစ်ရံလောက် ငါ့သမီးကို
တင်တောင်းနိုင်ရင်ကို မင်းကို ငါ့သမီးနဲ့ ပေးစားမယ်
ဘယ့်နဲ့လည်း ဖြစ်ပါ့မလား မောင်ပီယ”

စဉ်းစားကြည့်ဗျာ စိန်နားကပ်တစ်ရံ ဆိုတာ ကျုပ်အခုခိုင်းနေတဲ့
ကြာပေါ်နဲ့ ဖိုးစိန်ကြီး နွား၂ကောင်ရောင်းရင်တောင် မဖြစ်နိုင်ဘူးဗျ..
ဒါသက်သက်မဲ့ ကျုပ်ကို မဖြစ်နိုင်မှန်းသိလို့ ပြောတာဗျ ငွေတော်တော်..
မက်တဲ့ မိန်းမကြီးဗျာ

“မောင်ဇော်ဟိတ်က ရွာဘုရားပွဲမတိုင်ခင် ဒီကိုလာမှာကွဲ့ သူမလာခင်
မင်းက တင်တောင်းနိုင်အောင် ကြိုးစားပေါ့ သူလာလို့မှ မင်းက
စိန်နားကပ်တစ်ရံ မတင်နိုင်ရင်
မောင်ဇော်ဟိတ်က စိန်တစ်ဆင်စာ
တင်တောင်းပါလိမ့်မယ် …
အဲဒီအခါကျရင်သာ မင်းက ယောက်ျား
ပီပီသသနဲ့ နောက်ဆုတ်ပေးပါ ”

ပြောချင်တာပြောပြီး ကျုပ်နားက မမကြီး ထွက်သွားရောဗျ…

ပုဏ္ဏရိပ်ပင်အောက် ကျုပ်လည်း ငူငူငိုင်ငိုင်ကြီးကျန်နေခဲ့တာပေါ့ဗျာ..

လူတစ်ယောက်ရဲ့သိက္ခာ အထူးသဖြင့်ယောက်ျားတစ်ယောက်ရဲ့
မာနကို စော်ကားလိုက်တာဗျ ….

ရှက်လည်းရှက် တအားလည်း
ခံပြင်းပြီး ..တောက်… တစ်ချက်တောင်ခေါက်မိသေးတယ်ဗျာ…

“တောက်”

“အစ်ကို”

ကျုပ်နောက်ကျောက သီတာလွင်ခေါ်သံကြားပေမဲ့ကျုပ်ပြန်မထူး
လှည့်မကြည့်လုပ်နေလိုက်တာဗျ..

“ညီမကို စိတ်ဆိုးနေတာလားအစ်ကိုရယ်”

လက်လက်ဆက်ဆက်ကြီး အစော်ကားခံလိုက်ရတော့ ကျုပ်ပါးစပ်က
စကားတခွန်းမှပြန်မပြောမိဘူးဗျ
တော်တော်ကြာတော့
သီတာလွင်ဆီက ဟင့် ကနဲ့ ရှိုက်သံတစ်ချက်ထွက်လာပြီး…

“အကို ညီမ အကို့ကို အရမ်းချစ်တယ် ညီမကိုချစ်ရင်..
လွယ်လွယ်နဲ့တော့
မလျှော့လိုက်ပါနဲ့ အစ်ကိုရယ်”

အဲလိုပြောပြီး ချာကနဲ့ ပြေးထွက်သွားတာဗျ..
ကျပ်လဲ မလှမ်းချင်လှမ်းချင်..ခြေလှမ်းတွေနဲ့ အိမ်ပြန်လာခဲ့တာပေါ့ဗျာ…

အိမ်ရောက်တော့လည်း အိပ်လို့မပျော်တော့ဘူးဗျ
မမကြီးေ ပြာခဲ့တဲ့စကားတွေ မလျှော့လိုက်ပါနဲ့အကိုရယ် လို့ဆိုတဲ့
သီတာလွင်စကားတွေကြားပြီး
အိပ်မရတော့တာဗျ…

ဒီလိုနဲ့ မိုးလင်းကာနီးမှအိပ်ပျော်သွားတာ
နိုးကို မနိုးတော့ပါဘူးဗျာ….

“ဟဲ့ ပီယထစမ်း ဘယ်အချိန်ရှိနေပြီလဲ နင့်အဘတောင်ယာထဲ
ထွက်သွားပြီ”

ဟုတ်တယ်ဗျ နေတောင်အတော်မြင့်နေပြီ… ကျုပ်လည်း ကမန်းကတမ်း
မျက်နှာသစ်ပြီးနေတုန်း….

“ပီယ ရေ ဟေ့ပီယ”

“ဟ ဘယ်သူတုန်း လာလေဗျာ”

ကျုပ်က ရေကပြင်နားကဆိုတော့ မမြင်ရဘူးဗျ..

“သြော် ကိုကြီးတင် ပါလားဗျ စောစောစီး”

“လခွီးတယ် ဒါစောသေးလားဟကောင်ရ”

“ဆိုပါအုံးဗျ ဘာအရေးကြီးလို့လဲ”

“အေးကွ ကြာပင်အိုင်က နာရေးအကြောင်းကြားလိုက်လို့ဟေ့”

“ဗျာ နာရေးဘယ်သူတုန်းဗျ ကိုကြီးတင်”

“ကို၀င်းကြိုင်ကြီး မင်းသိတယ်မို့လား ”

“ဟာ ကို၀င်းကြိုင်ကြီး သေတာလားဗျ ကျုပ်နဲ့ တအားခင်တဲ့လူပါဗျာ…

“ဟကောင် မဟုတ်ဖူးဟ မင်းကွာ”

“ဟာဗျာ ဒါဆိုဘယ်သူတုန်း”

“သူ့သမီးလေးကွ ၁၉ နှစ်ရှိသေးတာ ”

“ဗျာ .. သြော် . ငယ်ငယ်ရွယ်ရွယ်နဲ့ဗျာ”

“အေး အဲဒါ ဒီနေ့ကိစ္စကုန်တဲ့ကွ…. အဲဒါလာပြောတာ”

ကိုကြီးတင်ပြန်သွားတော့ အမေ့ကိုပြောပီး ကြာပင်အိုင်ကို
သွားဖို့ပြင်ရတာပေါ့ဗျာ … ကြာပင်အိုင်ကကျုပ်တို့ရွာနဲ့ဆို ဘာမှမဝေးဘူးဗျ
ကျုပ်လည်း…ဲ နေပူမိမှာစိုးတာနဲ့ ခမောက်လေးဆောင်ပြီး အိမ်ကထွက်လာတာ
ပေါ့ဗျာ ရွာအထွက် ကျတော့ အောင်ထွန်းနဲ့ တွေ့ရောဗျ..

“ကိုကြီးပီယ ဘယ်တုန်းဗျ”

ကျုပ်လည်း အကြိုးအကြောင်းပြောပြရတာပေါ့ဗျာ..

“ဒါဆို ကျုပ်လည်း လိုက်ခဲ့မယ်ဗျာ”

ဆိုပြီး ၂ယောက်သား ကြာပင်အိုင်ဘက် ထွက်ခဲ့တာပေါ့….

လမ်းသွားယင်း ညက မမကြီးနဲ့ ဖြစ်တဲ့ကိစ္စ သီတာလွင်ကပြောလို့
သူသိတဲ့အကြောင်း အောင်ထွန်းကပြောတယ်ဗျ…
စကားတပြောပြောနဲ့ ကြာပင်အိုင်ရွာထဲရောက်လာတော့…
“ကျေးရွာအတွင်းမှာရှိတဲ့ ကျေးရွာသူကျေးရွာသားများခင်ဗျာ
ကွယ်လွန်သူ မပန်းမြတ်ကို သုသာန်သို့ ပို့ဆေါင်သဂြုင်္ိတေါ့မှာဖြစ်တဲ့
အတွက် လိုက်ပါပို့ဆောင်မည့်သူများ ခုကြွရောက်ပါရန်ဖိတ်ကြားအပ်ပါတယ်ခဗျား..

“သဂြုင်္ိတော့မှာဗျ သွက်သွက်လာဗျို့”

ကျုပ်တို့လည်း အသုဘအိမ်ဝင်ရော ကမ္ဘာပျက်နေတဲ့အတိုင်းဗျုိ့

ကောင်မလေးကို အခေါင်းထဲထည့်တော့မှာဗျ ကျုပ်မိတ်ဆွေကြီး
ကိုဝင်းကြိုင်ကြီးကတော့
သူ့သမီးအလောင်းကြညြ့်ပီး မျက်ရည်တွေ..
တွေတွေကြီးကျနေတာဗျ ..သူ့မိန်းမ မငွေလှကတော့ သမီးသေတာတောင်
လည်ပင်းဆွဲထားတဲ ဆွဲကြိုးကုန်းကြီးကို မဖြုတ်ဖူးဗျ
နွားတွေထိုးတဲ့နဖားကြိုးကြီးလောက်ကို မငွေလှဆွဲကြိုးကြီးက
တုတ်တာဗျ… ကြာပင်အိုင်တစ်ရွာလုံးက မငွေလှကွယ်ရာမှာ ငွေကြွား
လို့ခေါ်ကြဆိုပဲဗျ..ပြောလိုက် ငိုလိုက်နဲ့ ဧယဉ်ကြူး
မင်းသမီး
ကျနေတာပဲဗျ ို့ ငိုယင်းကနေ

“အဖြစ်ဆိုးလိုက်တာ..သမီးလေးရယ် သမီးလေးဝတ်ချင်တယ်
ဆိုလို့ အမေလေ စိန်တိုက်ကနေ စိန်နားကပ်တစ်ရံဝယ်လာတာ..
င့ါသမီးလေး ဝတ်တောင်မသွားရရှာဘူးကွယ်”

ဆိုပြီး ကတ္တီပါဗူး အနီလေးထဲက စိန်နားကပ်ကို ထုပ်ပီး သူ့သမီး
အလောင်းပေါ်ကိုဝဲဝဲပြယင်း ကြည့်နေတဲ့ လူတွေကို ကြွားတော့
တာဗျိူ့.. မငွေလှ ငိုနေတာကြီးကို မသနားကျတဲ့အပြင် နှာခေါင်းရှုံ့
တဲ့လူက ရှုံ့ ပေါ့ဗျာ.. ငိုနေယင်းက မငွေလှပြောလိုက်တဲ့
စကားကြောင့် ကျုပ်ဖြင့်… ကတုန်ကရင် ကြီးကို ဖြစ်သွားတာပဲဗျာ……

“သမီးလေး ငါ့သမီးလေး ၀တ်ချင်တဲ့ ဟောဒီ
စိန်နားကပ်ကြီးကို အမေလေ သမီးနောက်
ထည့်ပေးလိုက်မှာပါ သမီးလေးရယ် ဟီး ဟီး”

ဟာ ••ဝုိင်းကြည့်နေတဲ့လူတွေ ဟာ ကနဲ့ကို
ဖြစ်ကုန်တာဗျို့.. ဟုတ်တယ်လေဗျာ လူတွေသေ
ပြီဆိုတာနဲ့ နားတောင်းတို့ ဘာတို့ညာတို့ပေါ့ဗျာ
အဖိုးတန်တာမှန်သမျှ အကုန်ဖြုတ်ယူ ချွတ်ယူ
ကြတာလေဗျာ၊ ယုတ်စွအဆုံးဗျာ ဖိနပ်တောင်မှ
အလောင်းစင်နားချထားတုန်းက အသစ်လေး…
မသာအခေါင်းထဲလည်း ထည့်မယ်လုပ်ရော
အသစ်ပြန်ယူထားပြီး..ဖိနပ်အစုတ်လေးနဲ့
လြဲပီးထည့်လိုက်ကြတာ ခင်များတို့လည်း မြင်ဘူးတွေ့ဘူးနေတာပဲဗျာ ခု..
မငွေလှကစိန်နား
ကပ်ကြီးပါ ထည့်လိုက်မှာဆိုတော့ အကုန်လုံး
အံ့သြကြတာပေါ့ဗျာ .
လူတွေက သူ့အပေါ် အာ
ရုံရောက်နေမှန်းလည်းသိရော နောက်တစ်မျိုး
လုပ်ပြန်ရောဗျို့ သူ့သမီးအလောင်းနားကနေ
ငိုနေယင်းက ကောက်ခနဲ့ ထပြီး သမီးဖြစ်သူ
အလောင်းကို တွေတွေကြီးစိုက်ကြည့်ပြီး မျက်
ရည်တွေ တတောက်တတောက်ကျနေတဲ့ ကျုပ်
မိတ်ဆွေ ကို၀င်းကြိုင်ကြီးကို ဆက်..ဆိုဖက်ြပီး

“အဖေကြီး သမီးလေးနောက် စိန်နားကပ်ထည့်
ပေးလိုက်မယ်မဟုတ်လား ပြောပါအုံးတော်”

“မင်း သဘောပါကွာ”

ဆိုပြီး ငိုသံပါကြီးနဲ့ ပြောတော့တာပေါ့ဗျာ အမှန်
က ကို၀င်းကြိုင်ဆိုတာက လူရိုး လူအေးကြီးဗျ။
မငွေလှ ပြီးရာ ပြီးရတဲ့လူကြီးဗျ ဒါကိုမငွေလှက
သက်သက် လူတွေစိတ်၀င်စားအောင် လုပ်
တာ.. ကို၀င်းကြိုင်ကြီးကတော့ တကယ့်သနား
စရာပါဗျာ ….

“ကဲဟေ့ နေမိနေမယ်ကွ ဆရာတော်လည်းကြွ
လာပြီဟေ့ သဂြုင်္ိလ် လိုက်ကျရအောင်ကွာ”

ကြာပင်အိုင်က ဘကြီးမှုံက ပြောတော့မှ
ပန်းအိုးကိုင်တဲ့လူကကိုင်ပေါ့ဗျာ ကြေးစည် ထမ်းတဲ့လူက ထမ်းပေါ့ ကန်တော့ပွဲ ရွက်
ကြနဲ့ သင်္ချိုင်းထွက်ဖို့ ပြင်ကြရတာပေါ့ဗျာ..

ကောင်မလေး အလောင်းကို အခေါင်းထဲထည့်
ပေါ့ဗျာ။ နောက်တော့ ယာယီပေါ် တင်ကြတာ
ပေါ့..ယာယီဆိုလို့ ပြောရအုံးမယ်ဗျ ၊ကျုပ်တို့
အညာမှာ လူသေပြီဆိုယင် ယာယီ လုပ်ကြ
တယ်ဗျ.. ပြသာဒ် လို့လည်းခေါ်တယ်..
ဘုန်းကြီး
ပျံတွေမှာ ရုပ်ကလာပ်ကို တင်တဲ့ တလားကြီး
တွေ မြင်ဘူးကြမှာပေါ့ဗျာ. အဲဒီပုံစံပဲဗျ တလား
ကြီးတွေလောက်တော့ မကြီးပေါ့ဘူးပေါ့ဗျာ..
ဝါးတွေ စက္ကူတွေကို သုံးပြီး ဆေးရောင်စုံတွေ
ဖေသုံးပြီးဖောက်ပန်းတွေ နဲ့ ပန်းချီရုပ်စုံတွေ အမျိုး
မျိုး ရေးဆွဲပြီး လှပအောင် လုပ်ထားကြတာဗျ..
အဲလိုလုပ်တဲ့ လူတွေကို ငှားရတာလေဗျာ..
တချို့က ပြသာဒ်ကို လှည်းပေါ်တင် ပြီး နွားနဲ့
ဆွဲကြတာဗျ တချို့ကျတော့ လူတွေကတွန်းပေါ့
ဗျာ ယာယီ ဆိုတာ ခေတ္တပေါ့ဗျာ သင်္ချိုင်းရောက်
ဖျက်ြပီးမီးရှို့ ပစ်လိုက်ကြတာပါပဲ..ဒီလိုနဲ့ သင်္ချိုင်း
ကုန်းရောက်လာတာပေါ့ဗျာ သရဏဂုံတင် ရေ
စက်ချ အမျှဝေပီး ကောင်မလေးအလောင်းကို
ဂူသွင်းဖို့ လုပ်ကျရောဗျ
” နေကျပါအုံးတော် ကျုပ်သမီးလေး ၀ အောင်
ကြည့်ပါရစေအုံး သမီးလေးရယ် ဟီး ဟီး”
“ဒီလောက်ဆို ကျေနပ်ြကပါတော့ဗျာ နေပူမိနေ
မယ်ဗျ”

ဆိုပြီး အုတ်ဂူ ပိတ်မဲ့ သံချောင်းဆိုတဲ့ကောင်က
ပြောတာဗျ ..

“နင်တို့ ကိုယ်ချင်းမစာ မလုပ်ပါနဲ့ဟဲ့”

ဆိုးပြီး မငွေလှက ရန်ပြန်ထောင်နေရောဗျာ. .

“ကဲ ကဲ ငွေလှကျေနပ်ရောပေါ့ကွယ် သွားတော့
သွားတော့ ”

လို့ ကို၀င်းကြိုင်ရဲ့ အကိုကြီး
ဦးလေး၀င်းဆိုင်ကြီး ၀င်ပြောမှရတော့တာဗျို့..

“နေပါအုံးတော် သမီးလေးရေ သမီးလေးအ
တွက် အမေ စိန်နားကပ် ကြီးထည့်လိုက်တယ်
နော် သွားတော့သမီးရေ”

ဆိုပြီးကတ္တီပါဗူး အနီလေးကို အခေါင်းထဲ
ထည့်ပေးလိုက်တာဗျ ဒီတော့မှ သံချောင်းလည်း
အုတ်ဂူကိုပိတ်ဖို့ပြင်ရတော့တာပါပဲ..

“ဟာ ခက်ကုန်ပြီဗျို့ ဘိလပ်မြေ မေ့နေခဲ့ပြီဗျ”

“မင်းနှယ်ကွာ လုပ်လိုက် ဒီတိုင်းကြည့်ပဲ..
ကဲပါကွာ ထုံးနဲ့သဲရောပြီးသာ အင်္ဂတေစပ်
လိုက်ကွာ မြဲမှာပါ”

လို့ ကို၀င်းရွှေကြီးကပြောပြီး..
အုတ်ဂူလေးကို အစိမ်းနုလေးဆေး
သုတ်ထားလိုက်ကြတယ်..ကွယ်လွန်သူ မပန်းမြတ်
အသက် (၁၉)နှစ် ရယ်လို့ ဂူပေါ်မှာရေးထား
တာဗျ.. ဂူပိတ်ပြီးတော့ သင်္ချိုင်းပေါ် ကျုပ်ရယ်
အောင်ထွန်းရယ်နဲ့ လူ၅ယောက်ပဲရှိတော့တာဗျ..

“ကဲ သံချောင်းယူခဲ့တော့ဟေ့ ဇရပ်ပေါ် သွား
စို့ကွာ”

လို့ ကို၀င်းရွှေကြီးက သံချောင်းကိုပြော
တာဗျ သံချောင်းလည်း ခြုံစပ်နားထားတဲ့
အိပ်တစ်လုံးကိုဆွဲပြီး…

“ကိုကြီးပီယ လာလိုက်ခဲ့လေ ကြုံတုန်းလေးဗျာ..

“လုပ်ပါကွာ ငါတို့လည်း ပြန်ရမှာကွ နေပူမိနေမှာ
စိုးလို့ဟေ့….

ဆိုပြီးအောင်ထွန်းနဲ့ကျုပ် ရွာဘက်ပြန်
လာခဲ့တာပေါ့ဗျာ ကျုပ်တို့အညာမှာ လူသေရင်
မီးရှို့ ဂူသွင်း မြေမြုပ်ဘာပဲလုပ်လုပ် မသာ
ရှင်က သဂြုင်္ိလ်ပေးတဲ့ လူတွေကို အရက်နဲ့
အမြီးကောင်းကောင်း ပေးရတာဗျ.. အဲဒါထုံးစံ
ဗျ ..လမ်းရောက်တော့အောင်ထွန်းက

“ကိုကြီးပီယ ကျုပ်ကတော့ သီတာလွင်ကို မြို့
သားနောက်အပါမခံနိုင်ဘူးဗျာ ကိုကြီးပီယ ဒီ
တိုင်း လက်လျှော့တော့မှာလားဗျာ”

“လက်မလျှော့လို့လည်း ငါဘာတက်နိုင်မှာ
တုန်းကွာ ငါမှ သူ့အမေ တင်ခိုင်းတဲ့ စိန်နား
ကပ် တင်မတောင်းနိုင်ပဲကွာ.. ခိုးပြီးတော့လည်း
မပြေးချင်ဘူးကွာ အဘနဲ့အမေကို မင်းသွားမ
ပြောပါနဲ့ကွာ စိတ်ဆင်းရဲနေမှာစိုးလို့ပါ”

ကျုပ်က အဲလိုပြောတော့ သနားစရာ သတ္တဝါ
တစ်ကောင်ကို ကြည့်နေတဲ့ပုံစံမျိုးနဲ့ ကြညြ့်ပီး
အောင်ထွန်းလည်း ကျုပ်ကို ဘာမှမပြောတော့ဘူးဗျ ဒီလိုနဲ့ရွာရောက်တော့ နှစ်ယောက်သား
လမ်းခွဲပြီး ကျုပ်ကအိမ်ပြန်ခဲ့တာပေါ့ဗျာ..

တော်သလင်းနေ ပုစွန်သေ ဆိုတဲ့အတိုင်း နေ
ကတော့ တအားကို ပူနေတာဗျ ကျုပ်လည်းရေအိုး
စင်ကရေလေးတစ်ခွက်သောက်ြပီး
ခေါင်းရင်း
က တမာပင်ရိပ် ၀င်ထိုးရတော့တာဗျို့ ပူတာကြီး
ကလွန်နေပြီလေဗျာ ကျုပ်လည်း နေပူမိလာတာဆိုတော့ တမာပင်ရိပ် က ကွပ်ပစ်လေးပေါ်
ပုခုံးပေါ်တင်တဲ့ပုဆိုးလေး ခေါင်းခြုပီး တုန်းလုံး
လှဲနေရင်း..ပက်လပ်အနေထားနဲ့ တမာပင်ပေါ်မော့ကြည့်မိတော့ သီတာလွင် မျက်နှာ
လေး သွားမြင်တာပေါ့ဗျာ ခါတိုင်းဆို ဒီအပင်
အောက်မှာ သီတာလွင်ပြောပုံ ဆိုပုံ လေးတွေ
အမူပိုပို အခရာပိုပိုလေးတွေကို တွေးပြီး ကျုပ်
ကျေနပ်ပြီး ပျော်နေကျပါဗျာ အခုတော့ ရင်ထဲ
ဘယ်လိုကြီးမှန်းကိုမသိဘူးဗျ တော်သလင်း
နေ ပူတာလောက်တော့ ကျုပ်စာမဖွဲ့တော့ပါဘူးဗျာ ကျုပ်ရင်ထဲက မီးက ပိုပူနေလို့လေဗျာ..
သီတာလွင်ကို ဆုံးရှုံးရတော့မှာပါလားဆိုတဲ့
အသိက ကျုပ်ကို နေမထိ ထိုင်မသာကြီးကို
ဖြစ်နေတာဗျာ.. ဒုက္ခအပေါင်းမှာ အချစ်ဒုက္ခက
ပိုပြီးဆိုးတယ်ဆိုတာ ကိုယ်တိုင်ကြုံမှ သိရတော့
တယ်…ဒီကြားထဲ ရင်ဘတ်က နာသလိုကြီး
ဖြစ်လာပြန်ရောဗျ.. ကျုပ်တို့ရွာကအရက်သမား ကိုပျော့ ကြီးမူးရင်
ငါ့နှလုံးသားတွေ နာကျင်နေတာမင်းကြောင့်
ဆိုပြီး ပြောပြောနေတာ ဟုတ်မယ်ဗျ အရေး
ထဲ ကိုရွှေမျက်လုံးက ပေါက်ကနဲ့ မျက်ရည်
တစ်စက် ကခုန်ထွက်ပြီး ပါးပေါ်လိမ့်ကျလာ
သေးတယ်ဗျာ တော်ပါပြီဗျာ အချစ်ဆိုတာကြီး
တော့ တစ်ခါထဲနဲ့ကို လန့်သွားတာပါ..
အရေးထဲဗျာ ကျပ်တို့အိမ်ဘေးက တင်မြ ဆိုတဲ့
ကောင်ကနေပူပူ နွားစာစင်းရင်း သီချင်းဆိုနေ
တာဗ် ”

ရွှေနားကပ်လောက်တော့ ပန်ရမယ်
မောင့်ကိုချစ်မလားကွယ် စိန်နားကပ်ကြီးတော့
မတက်နိူင်တယ် ကိုယ်ကအနုပညာသည်..

ကျုပ်လည်း တိုက်ဆိုင်သလိုရှိတာနဲ့ နားစွင့်နေ
မိတာဗျ..

“ကြိုးစားရင် ဘုရားဖြစ်တယ်လို့ ရှေးစကားက
ဆိုပြန်တယ် မောင်ကြိုးစားလို့ရှာပါ့မယ်”

ဟာ ဟုတ်တယ်ဗျို့ အလုပ်တစ်ခုကို မလုပ်ရ
သေးခင် လွယ်လွယ်အလျှော့ပေးတဲ့လူဟာ
လူပျော့ လူညံ့ပဲဗျ ကျုပ်လည်း အိပ်နေရာက
နေ ဆက်ဆိုထထိုင်ပြီး..

“စိန်နားကပ် တစ်ရံ ငါဘယ်လိုလုပ်ရမလဲ”

ဟုတ်ြပီ ပန်းမြတ်ကလေး အုတ်ဂူထဲက စိန်နား
ကပ် ငါဂူဖောက်ြပီးယူမယ်
မဟုတ်သေးပါဘူးလေ သူများပစ္စည်းယူရင်
ကံငါးပါးထဲက အ..ဒိန္နဒါနကံ မြောက်နေမှာပေါ့
ကျုပ်ဒီအသက်အရွယ်ထိ သူများပစ္စည်းကို
အပ်တို တစ်ချောင်းတောင် မသိအောင် မယူ
ဖူးဘူးဗျ ဟာကွာ.. သေတဲ့လူက ဘာအသုံး၀င်
မှာလည်း ကယကံရှင်တွေကလည်း အာရုံပျက်
ထားတဲ့ပစ္စည်းပဲကွာ ..ယူမယ်ကွာ..
ဖောက်မယ်..
နောက်ဆုံးတော့ အမျိုးမျိုး စိတ်က လွန်ဆွဲနေ
ရာက သီတာလွင်အပေါ်ထားတဲ့ ကျုပ်ရဲ့
တဏှာက အနိုင်ယူသွားတာဗျ..
တဏှာဆိုလို့. .
ကာမရာဂ ကိုပြောတာမဟုတ်ဘူးဗျ ..
လိုချင်တာလည်း…
တဏှာ …စားချင်တာလည်း တဏှာ..
သွားချင်တာလည်း တဏှာ.. လေဗျာ
ဒီတော့ကျုပ်က…
သီတာလွင် ကို ရယူပိုင်ဆိုင်ချင်တာကို တဏှာ
လို့ပြောတာ.. ကျုပ်လည်း ညအတွက်အစီစဉ်
တွေကို စိတ်ထဲဆွဲပြီး တရေးတမောအိပ်လိုက်
တယ်..ဟုတ်တယ်လေဗျာ လုပ်ငန်းတစ်ခုလုပ်
တော့မဲ့လူဟာ အာရုံစူးစိုက်မှု့ အပြည့်ရှိဖို့
အိပ်ရေ း၀ဖို့လိုတယ်ဆိုတာ ခင်ဗျားတို့လဲသိ
နေတာပဲဗျာ..

ကျုပ်လည်းအိပ်ပစ်လိုက်တာ နေစောင်းမှကို
နိုးတော့တာဗျို့ ဒါတောင်အမေကနှိုးလို့ဗျ
ကျုပ်လည်းရေမိုးချိုး သားဖ..၃ယောက် ညစာ
ထမင်းစားပေါ့..ထမင်းစားရင်း ကျုပ်အဘက..

“လူလေး မနက်က ကြာပင်အိုင်က ၀င်းကြိုင်
သမီးသေတော့ သူ့မိန်းမ ငွေလှက စိန်နားကပ်
တစ်ရံ သူ့သမီးအလောင်းထဲထည့်လိုက်ဆိုကွ”

“ဟုတ်တယ် အဘရ ဘာလို့လည်းဗျ”

“ဟာ မိုက်ချက်ကွာ ဘယ်သူမှ မတားကျဘူး
လားဟ ”

“မတားကြဘူး အဘရဲ့ ဂူသွင်းတဲ့နားကျုပ်ပါ
ရှိတယ်ဗျ အဟုတ်ကို ထည့်လိုက်တာ”

“သေတဲ့လူနောက်ကိ ု အဖိုးတန် လက်၀တ်
လက်စားမထည့်ရဘူးလို့ ရှေးလူကြီးတွေက ဆို
တယ်ကွဲ့ အင်းသေတဲ့လူတော့ ဖြောင့်ဖြောင့်နေရ
မှာမဟုတ်တော့ပါဘူးကွာ မိုက်ပါ့ကွယ်”

“ဘာဖြစ်လို့တုန်း ကိုဖိုးရှင်ရဲ့”

ဆိုပြီး အမေက ၀င်မေးတာဗျ …

“ဟအမေကြီးကလဲ.. မသမာတဲ့လူတွေက ဂူဖောက်
မှာပေါ့ကွ မင်းဒီလောက်မှ မတွေးမိဘူးလား”

“ကြာပင်အိုင်က လူတွေ ဒီလောက်သတ္တိမ
ကောင်းပါဘူးတော်”

“ခက်တယ်ကွာ ကြာပင်အိုင်မှ လူလားကွဲ့
ဒီနားပတ်၀န်းကျင်က လူတွေကရော လူမဟုတ်ဖူးလား မင်းနှယ်ကွာ”

“အို တော် ကျုပ်တစ်သက် ဒီနားတစ်ဝုိက် ဂူ
ဖောက်တယ်ဆိုတာ မကြားဖူးပါဘူးတော်”

“ဟဘယ်ကြားမလဲကွ လူသေရင်ဘယ်သူ
က နားတောင်းတို့ လက်စွပ်တို့ ဆွဲကြိုးတို့
ထည့်လိုက်လို့တုန်း အင်္ကျီစုတ် ဖိနပ်စုတ်တော့
ဘယ်သူကဖောက်မှာတုန်း ”

အဘက ချက်ကျ လက်ကျပြောတော့ အမေလည်း ငြိမ်သွားတာဗျ ကျုပ်လည်း အဘများငါ့
အကြံ သိလိုများလားဆိုပြီး မလုံမလဲ ဖြစ်နေ
တာပေါ့ဗျာ ..ထမင်းဝုိင်းကနေ ခပ်သုတ်သုတ်ထပြီး
ကျုပ်လည်း စဉ်းစား ရတော့တာပေါ့ဗျာ..
ဟုတ်တယ်ဗျ ဒီသတင်းက ဒီနားတစ်ဝုိက် ဟိုး
ဟိုးကို ကျော်နေတာဗျ ..ဂူဖောက်မဲ့လူတွေ
ကျုပ်အပါ၀င် တစ်ယောက်မက ရှိနေနိုင်တယ်..
ဒီတိုင်းဆိုရင် ကျုပ်အတွက် အန္တရာယ်
တွေက ပေါ့သေးသေးမဟုတ်တာတော့
အသေချာပဲဗျ..

နောက်တော့ လိုအပ်မဲ့ပစ္စည်းတွေယူ ပြီး အောင်ထွန်း
အိမ်ဘက်ထွက်လာခဲ့တာပေါ့ဗျာ…

“အောင်ထွန်း”

“ဗျာ ကိုကြီးပီယ ဘာခိုင်းစရာရှိလို့လဲ”

“ငါနဲ့ ဟိုနား ခဏ လိုက်ခဲ့စမ်းပါကွာ”

“ဟုတ်ကဲ့ ကျုပ်နွားတွေ စားကျင်းကနေ ရွေ့ခဲ့အုံးမယ်”

ဒီကောင့်ကို အမှန်ပြောလို့မရဘူးဗျ တော်ကြာ ကြောက်လနြ့်ပီး
မလိုက်ဖူးလုပ်နေမှာရယ်…

ဒါနဲ့ ကျုပ်ရယ် အောင်ထွန်းရယ် ကြာပင်အိုင်ဘက်ထွက်
လာခဲ့ကြရောဗျ.. လမ်းကျမှ အောင်ထွန်းက

“ကိုကြီးပီယ မှောင်နေပြီ ဒါဘယ်လဲဗျ”

“မင်း ငါ့ ကို သီတာလွင်နဲ့ ပေါင်းစေချင်တယ်မို့လား”

“ဒါပေါ့ဗျ အခုဟာက ဘာဆိုင်လို့လဲဗျာ ”

ဒီကောင့်ကို ပြောမှရတော့မယ်ဗျ..

ခုမို့ဆို တစ်လမ်းလုံး လေကြောရှည်မဲ့ကောင်ဗျ

“ငါ သီတာလွင့်ကို ဆုံးရှုံးမခံနိုင်ဘူး”

“ဟုတ်တာပေါ့ဗျာ ”

“အေး အဲဒါကြောင့် ငါ စိန်နားကပ် သွားယူမလို့”

“ဗျာ….

အောင်ထွန်းဆိုတဲ့ကောင်မျက်လုံးပြူး
မျက်ဆံပြူးကို ဖြစ်
သွားတာဗျ….

“ကျုပ်မလိုက်ရဲဘူး ကြောက်တယ်”

နေလည်က သူလည်းပါတော့ ကျုပ်ပြောတာကို
တန်းပြီး သဘောပေါက်တာပေါ့…

“ဘာမှ ကြောက်စရာမရှိပါဘူးကွာ သင်္ချိုင်း ဆိုတာ
လူသေတွေပဲရှိတာပါကွာ ဘာမှ ကြောက်စရာမလိုပါဘူး”

ချော့မော့ပြီး အောင်ထွန်းကို ခေါ်ခဲ့ရတာပေါ့ဗျာ..
ကြာပင်အိုင်သင်္ချိုင်းရောက်တော့ အတော်မှောင်နေပြီဗျ….

“အောင်ထွန်း နေ့လည်က ဟိုကောင်မလေး
အုတၢဴ….
မင်းမှတ်မိတယ်မို့လား”

“ဟိုဘက်မယ်လေဗျာ တောင်ဘက်ခြုံစပ်မယ်”

ကျုပ်နဲ့ အောင်ထွန်းလည်း အခြေနေသိရအောင် ခဏ
သချူင်္ိင်းပေါ်က ညောင်ပင်ကြီးအောက် အသာနေလိုက်တယ်ဗျ…
မကြာဘူးဗျို့ လူတစ်စု တဘုန်းဘုန်းနဲ့ တောင်ဘက်ခြုံစပ်တွေ
ကနေ ကျုပ်တို့ ပုန်းနေတဲ့ညောင်ပင်ကြီးနား အတိုင်း
သရဲ သရဲ ပြေးဟ… ဆိုပြီး ဒရောသောပါး ပြေးသွားရောဗျို့..

“ကိုကြီးပီယ ပြန်ရအောင်ဗျာ ဒါကျုပ်တို့လို ဂူဖောက်
ပြီးနားကပ် ယူဖို့ လာတဲ့လူတွေနေမှာဗျ.. ဘာတွေ့လို့
ပြေးပါလိမ့်ဗျာ…သရဲခြောက်လြို့ဖစ်မယ်ဗျ…

တဆတ်ဆတ်တုန်နေယင်း အောင်ထွန်းကပြောတော့…
ကျုပ်လည်း နည်းနည်းတော့ ရှိန် သွားတာပေါ့ဗျာ..
နောက်တော့ သီတာလွင် ရဲ့ မျက်နှာလေးမြင်ပြီး

“အေးပါကွာ အခြေနေ ခဏ လောက်တော့ စောင့်ကြည့်ပါအုံး”

တော်တော် ကြာတဲ့အထိ အခြေနေက ငြိမ်သက်နေလေတော့
သွားဖို့ ကျုပ်ဆုံးဖြတ်လိုက်တယ်ဗျာ…

“လာစမ်းပါကွာ ငါ့ကိုယုံစမ်းပါ”

ကျုပ်လည်း ပြောပြောဆိုဆို အောင်ထွန်းလက်ကိုဆွဲပြီး
ကောင်မလေးဂူ ရှိတဲ့ဘက်သုတ်ခြေတင်ရတော့တာပေါ့ဗျာ..
ရောက်ပြီဗျ မှောင်နေတော့ ဘာမှသဲသဲကွဲကွဲ.. မမြင်ရဘူး…
ဒါနဲ့ကျုပ်လည်း လွယ်အိတ်ထဲက သုံးတောင့်ထိုး ဓာတ်မီး
ကို ပုဆိုး ကပုံစနဲ့ အုပ်ပြီး ဂူ ကိုထိုးကြည့်ရတာပေါ့..
ဟုတ်တယ်လေဗျာ ခုမို့ဆို မီးအလင်းရောင်က ပြနြ့်ပီး…
ကြာပင်အိုင်ရွာဘက်က မြင်သွားနိုင်တယ်
ဒါကြောင့် ပုဆိုးလေး အပေါ်က အုပ်ထိုးရတော့တာပေါ့…

“ဟာ အောင်ထွန်း ဂူက တစ်၀က်တစ်ပျက် ဖွင့်ပြီးသားကြီး
ပါလားကြ….

“ဟုတ်တယ်ဗျို့ စောစောက လူတွေဖြစ်မယ်ဗျ
တစ်ခုခုကိုကြောက်လန့်ပြီး ထွက်ပြေးသွားတာနဲ့..
ပြီးအောင် မဖောက်လိုက်ရတာဖြစ်မယ်ဗျ”

“ကဲ ကြာတယ်ကွာ ငါ့ကို မင်းက ဓာတ်မီး ထိုးပြ ရော့”

အချိန်ဆွဲလို့မရဘူုးဗျ တော်ကြာ လူတွေရောက်မလာနိုင်ဘူး
လို့ပြောမရဘူး ..ကျုပ်လည်း အသင့်ပါလာတဲ့
တူကို ပုဆိုးစုတ်နဲ့ ခပ်ထူထူ ပတ်လိုက်တယ်ဗျ..
ဒါမှလည်း တူ ထု တဲ့အသံကို မကြားမှာလေဗျာ..
အုပ်သရွေးက ဘိလပ် မပါလေတော့ သိပ်တော့မခက်ခဲဘူးဗျ..
ခတ်ဆက်၂ရိုက်လိုက်တာနဲ့တင် အုတ်ခဲတွေက ပွင့်ကုန်ရော….
နောက်တစ်ချက် ထု လိုက်တော့
ဒုတ် ခွမ်းးးးး
ရပြီဗျ ပွင့်သွားပြီ အထဲမှာတော့ ဘာမှ မမြင်ရဘူးဗျ
အခေါင်းလိုက် ဂူ ထဲ ထည့်သွင်းထားကြတာ..

“ဟာ ကိုကြီး ပီယ မွှေးလိုက်တာဗျာ ဘယ်ကလဲမသိဘူး”

ကျုပ်လည်းအသေချာ အနံ့ ရှုကြည့်တော့ အတော်
မွှေးနေတာဗျ…

“သြော် ကောင်မလေး သေတော့ အလောင်းမှာ စံပယ်ပန်းတွေ
အများကြီး ဖြန့်ကြဲပေးလိုက်တယ်လေကွာ အဲဒီအနံ့ပါကွ”

နောက်တော့ အခေါင်းပုန်းရဲ့ ဘောင်ကို လက်နဲ့
မိမိရရကိုင်ပြီး ဂူ ရဲ့အပြင်ကို ဆွဲထုတ်ရတာပေါ့ဗျာ
အဲဒီမှာတင်
် ဂလုပ် ခွပ် …ဂလောက်..

“အမလေးဗျ”

အောင်ထွန်းက လန်ပြီး ကုန်းအော်တော့တာဗျိူ့

လူအရိုး ခေါင်းခွံတွေက ကျုပ်တို့ဆီကို
တခွပ်ခွပ်နဲ့..
လိမ့်လာနေတာဗျ..

“ပြန်ရအောင် ကိုကြီးပီယ ကျုပ် တအား ကြောက်နေပြီဗျ”

ကျုပ်လည်း လန့်သွားတာပေါ့ဗျာ ကြောက်လွန်းလို့
ကျီးကန်းတောင်းမှောက် ဟိုကြည့် ဒီကြည့်လုပ်နေရင်း
ကျုပ်တို့နောက်ကနေ ….

ဆံပင်ဖားယားကြီးနဲ့ တကိုယ်လုံး
အနက်ရောင်၀တ်ထားတဲ့ ကြောက်စရာအကောင်ကြီးက
တဟီးဟီးနဲ့ ထွက်လာရောဗျို့…
သူ့လက်ထဲကလည်း
လူသေရဲ့ ဒူးရိုးကြီးကိုင်လို့ဗျ..
အောင်ထွန်းဆို အကြောက်လွန်ပြီး သေးတွေကို
တဗျောဗျောနဲ့ ထွက်ကုန်တာဗျ…

ကြောက်ပေမဲ့..ကျုပ်လည်း လက်ထဲက
ကိုင်ထားတဲ့…
တူနဲ့ အဲဒီကောင်ကြီးကိုပစ်လိုက်တာ
လျင်ချက်ဗျာ…
ဖျက်ဆို ကိုယ်ကို တိမ်းပြီးရှောင်ထွက်သွားတာဗျ..
ကျုပ်လည်း မကျေနပ်တာနဲ့ အနားက တွေ့တဲ့ တုတ်ချောင်း
နဲ့ အတင်းပြေးရိုက်တာ အကောင်ကြီးက သူ့လက်ထဲက
ဒူးရိုးကြီးနဲ့ ခံထားတာ ဘယ်လိုမှရိုက်လို့မရဘူးဗျ..
နောက်တော့ အကောင်ကြီးရဲ့ ညာခြေတစ်ဖက်က ဆက်ကနဲ့
မြှောက်တက်သွားပြီး ကျုပ်ရင်၀ကို ကန်လိုက်တာများ
ထောင်ထားတဲ့ သွပ်ပြားချပ်ကို ကန်လိုက်တဲ့အတိုင်း
ဘုန်း ကနဲ့နေတာပဲဗျာ ..ကျုပ်လည်း….ဲ နာလွန်းတော့
တော်တော်နဲ့ကို မထနိူင်ဘူးပေါ့ဗျာ..

“ဟားးး ဟားးးး ကောင်လေး တော်တော်နာနေပြီလားကွ”

“အဘစီ”

“အရူး ဘစီ”

ကျုပ်ရော အောင်ထွန်းရော နှစ်ယောက်စလုံး အံ့သြကုန်တာပေါ့..

သရဲလို့ ကျုပ်တို့ထင်နေတဲ့ အကောင်ကြီးက
ဒီနား ပတ်ပတ်လည်ရွာတွေကို လှည့်လည်သွားနေတဲ့ အရူးဘစီ
ဖြစ်နေတာလေဗျာ..

“အင်း …လူတွေဟာ လောဘ အင်မတန်ကြီးတာပဲကိုး”

တစ်ယောက်တည်း ညီးသလိုလိုနဲ့ သူဖာသူ ပြောနေတာဗျ..

“စဉ်းစား ဆင်ခြင်နိူင်စွမ်းလည်းမရှိကြဘူး အင်းပေါ့လေ….
လောဘတက်တော့မမြင်နိုင်တော့ဘူးပေါ့”

“ကဲကဲ ကောင်လေး မင်းလိုချင်တဲ့ နားကပ် ဒီအခေါင်းထဲပါမယ်လို့ …
မင်းထင်သလား”

“ဒါတော့ ကျုပ်တို့မျက်စိရှေ့တင် ထည့်လိုက်တာပဲဗျာ
ပါတာပေါ့”

“ဒါဆို ယူကြည့်လိုက်ပါအုံးကွာ”

ဒါနဲ့ ကျုပ်ရယ်အောင်ထွန်းရယ် ဂူထဲက တစ်၀က်တစ်ပျက်…
ဆွဲထုတ်ရသေးတဲ့ အခေါင်းပုံးကြီးကို အပြင်ရောက်အောင်
ဆွဲထုတ်လိုက်ကြတာပေါ့ဗျာ…

အခေါင်းပုံးကြီး အပြင်ရောက်တာနဲ့ အောင်ထွန်းလက်ထဲက
ဓာတ်မီးကိုယူပြီး ကမန်းကတန်း ထိုးကြည့်လိုက်တော့
နေ့လည်က အတိုင်း ကောင်မလေးရဲ့ ရင်ဘတ်ပေါ်မှာ
ကတ္တီပါ ဗူး အနီလေးက ခြေရာလက်ရာတောင်မပျက်ဘူးဗျ ..

“ဖွင့်ကြည့်လိုက်လေ ကောင်လေး”

အရူးဘစီက ပြောတော့ ကျုပ်လည်း ဖွင့်ကြည့်လိုက်တာ. .

“ဟာ”

ဗူးလေးထဲမှာ ဘာမှမရှိဘူးဗျ ဒီတော့မှ အရူးဘစီက
တဟားဟားနဲ့ ရယ်တော့တာဗျို့….

“လူတွေ အကြောင်း ငါသိလို့ ခုလို လာပြီးစောင့်လျှောက်
နေတာကွ တကယ်တော့ ကြာပင်အိုင်တစ်ရွာလုံးနဲ့
ဒီနားရွာနီးချုပ်စပ်က လူတွေဟာ မငွေလှ ကလီကမာ
ဥာဏ်ထွင်တာကို ခံလိုက်ရတာကွ ….
တကယ်တော့…..
မငွေလှဟာ လူတွေရှေ့မှာတင် စိန်နားကပ်ကိုထုတ်ပြပြီး
သချိုင်းရောက်တော့ ဘာမှမပါတဲ့ ဗူး အခွံကြီးကိုထုတ်ပြီး
ထည့်လိုက်တာပဲကွ …..
သူ့ယောက်ျား လူရိူးလူအကြီးနဲ့
တရွာလုံးကို အရူးဖမ်းလိုက်တာလေကွာ ….
ဒီမိန်းမဟာ …
အလောင်းအစား အရမ်းဝါသနာထုံတယ်ကွ…
ဒီမှာတင် အကြွေးတွေ..
အများကြီးထူလာတော့ ခုလို…
အားလုံးကို လိမ်ညာလှည့်စားလိုက်တာပါပဲကွာ”

အရူး ဘစီရှင်းပြမှ ကျုပ်လည်းသဘောပေါက်တော့တာဗျို့…

တကယ့်မိန်းမကြီးဗျာ သမီးသေတာတောင် အမြတ်ထုတ်လိုက်
သေးတယ်..

“ဒါဆို အဘစီက ဘယ်လိုလုပ် ပြီး သိနေတာလဲ”

“ဒါလည်း မဆန်းပါဘူးကွာ လောဘ ကွ ငါ့မှာ လောဘမရှိ
တော့ ကျိုးကြောင်းစပ်ဟပ်ပြီး တွေးတောနိုင်တယ်
အေး ..လူတွေဟာ လောဘ တက်နေကြတော့ အမှန်ကို ဘယ်သူမှ
မမြင်နိုင်ဘူးပေါ့ကွာ… ကဲမင်းတို့လည်းပြန်ကျတော့….

“ဒါဆို ဒီအလောင်းကြီးက”

အပြင်ဘက်ဆွဲထုတ်ထားတဲ့ အခေါင်းကြီးကိုကျုပ်ကပြတော့

“ထားလိုက်ပါကွာ ဒါမှ သင်္ချိုင်းထဲက စိန်နားကပ်တစ်ရံ
လူယူသွားပြီ ဆိုပြီး ကောင်မလေး ကို ဒုက္ခမပေးကြ
တော့မှာကွ”

ကျုပ်နဲ့ အောင်ထွန်းလည်း ကြာပင်အိုင် သင်္ချိုင်း ထဲက
ခပ်သုတ်သုတ်ထွက်လာလိုက်တာ ကြက်ဦးတွန်မှ
အိမ်ရောက်တော့တာဗျ..
အဘနဲ့ အမေ မသိအောင်
အိပ်ရာထဲ အသာ၀င်ယင်း မနက်လင်းတာနဲ့…

“သင်္ချိုင်းထဲက စိန်နားကပ် တစ်ရံ ဂူဖောက်ပြီး ယူသွားကျ
တယ် ဆိုပြီး တရွာလုံး ဟိုးလေး တကျော် ဖြစ်မှာ
မြင်ယောင်ပါသေးတယ်ဗျာ”

ပြီးပါပြီ…

#ပီယ