” သင်္ချိုင်းမြေကို စမိသူ ” ( စ/ဆုံး)
=============================
အခန်း ၁
“နေသွေး မင်းမဟုတ် တာတွေမလုပ် နဲ့နော်”
“ကျစ် ထပ်သရီး အောင်ခန့် မင်းကြောက်ရင် မလိုက်နဲ့ ငါတို့. သုံး ယောက်မှာ မင်းက အရာရာကို ကြောက်လွန်းအားကြီးတယ်”
“ငါကြောက်လို့ ပြောနေတာ မဟုတ်ဘူး နေသွေး တော်ကြာ အမှားအယွင်း ရှိလာရင် ဒီကိစ္စက ရပ်ကွက်ပါ ထိခိုက်မှာ”
“ဟာ အောင်ခန့် မင်းက စကားများတယ်ကွာ အခု မင်းလိုက်မှာလား မလိုက်ဘူးလား?”
မျိုးကျော်က စိတ်မရှည်စွာ ဝင်ပြောသည်။
“မင်းတို့ သွားရင် ငါလဲ လိုက်မှာပါ ”
နေသွေး၊ အောင်ခန့်၊ မျိုးကျော် သူငယ်ချင်းသုံးယောက် ညဦးပိုင်းထဲက ဌ (ရပ်ကွက်)လေးရှိ နှင်းဆီ လမ်းမကြီးထိပ် ဇူးလူး လက်ဖက်ရည်ဆိုင်လေးမှာ ထိုင်ရင်း ည၁၀နာရီ ခန့်တွင်
မြောက်ဥက္ကလာ ရေဝေး သုသာန်ကို သွားပြီး သရဲခေါ်မည့် အစီအစဉ်ကို နေသွေးက ခေါင်းဆောင်ကြီး လုပ်ပြီး ပြောဆို နေခြင်းဖြစ်သည်။
ဒီသူငယ်ချင်း ၃ ယောက်ထဲမှာ အောင်ခန့်က အသက်အကြီးဆုံးဆိုတော့ အရာရာကို လက်လွတ်စပါယ် မလုပ်သလို သူ့ထက်ငယ်သော နေသွေးနှင့် မျိုးကျော်တို့အားလည်း စဉ်းစဉ်းစားစား လုပ်ဖို့ကို အမြဲပြောခဲ့သည်။
သို့သော်ငြား ဒီသူငယ်ချင်း ၃ယောက်က တနှစ်ကြီး တနှစ်ငယ်များမို့ အခုစကားဝိုင်းမှာ အောင်ခန့်ရဲ့ စကားက ဘောင်မဝင်ပေ။တရပ်ကွက်ထဲ ငယ်စဉ် နှပ်ချေး တွဲလောင်းထဲက လည်ပင်းဖက် ပေါင်းလာတဲ့ သူငယ်ချင်းများ ဖြစ်တော့လည်းနေသွေးနဲ့မျိုးကျော်က စိတ်အား ထက်သန် နေတော့
အောင်ခန့်လည်း မည်သို့မျှ စောဒက မတက်တော့ပဲ ည၁၀နာရီ ခန့်တွင် ရေဝေးသုသာန်ကို သွားဖို့ အစီအစဉ်ကို လက်ခံလိုက်ရလေသည်။
အောင်ခန့်တို့ ပြောနေသော အကြောင်းတို့ကိုတဖက်ဝိုင်းတွင် လက်ဖက်ရည် သောက်နေသော ရပ်ကွက်ထဲတွင် ရှေ့မှီ
နောက်မှီ ရှိသော ဘဘိုးဖြူ ကြားသွားပြီး သူသိသော အကြောင်းများကို ပြောပြရန် အောင်ခန့်တို့ ဝိုင်းကို ကူးသွားလိုက်သည်။
“လာ ဘဖြူ ”
“ခုန မင်းတို့ ပြောနေတာ ကြားလို့ သချိုင်းကို ညဖက် ဘာသွား လုပ်ကြ မလို့လဲ”
“ဒီမှာလေ ဘဖြူရယ် ဒီနှစ်ကောင် ဘယ်လိုမှ ပြောလို့ မရဘူး သချိုင်းသွားပြီး သရဲခေါ် မလို့ တဲ့လေ”
“ဒီမှာ လူလေးတို့ မင်းတို့ မသွားခင် ဘဖြူ ငယ်ငယ်က ကြုံခဲ့ ရတာကို နားထောင် ပြီးမှ မင်းတို့ ဆက်လုပ်သင့် မလုပ်သင့် ဆုံးဖြတ်ကြ ဟုတ်ပြီလား”
ဘဘိုးဖြူက သူရှေ့ရှိ လက်ဖက်ရည်ခွက် ထဲမှ ပေါ့ဆိမ့် လက်ကျန်လေးကို တကျိုက်ထဲ မော့လိုက်ပြီး အိတ်ကပ် တွင်းမှ နဂါးနီ ဆေးပေါ့လိပ်လေးကို နှုတ်ခမ်း၌ တေ့ကာ မီးခြစ်လေးနှင့် တို့လိုက်ပြီး အားပါးတရ ရှိုက်ဖွာ၍ မီးခိုးများကို မှုတ်ထုတ် လိုက်ကာ လွန်ခဲ့သော အနှစ်၄၀က အကြောင်းအရာ
အချို့ကို ပြောပြ လိုက်တော့သည်။
“အဖြစ်က ဒီလိုကွ အဲ့ဒိတုန်းက ငါ့အသက်ကလည်း ခုမင်းတို့အရွယ်ပေါ့ ငါနဲ့ မင်းအောင်က အရပ်ထဲမှာ အဆိုးဆုံး ကောင်တွေပေါ့ ဘာကို မှလည်း ယုံတတ်တဲ့ ကောင်တွေ မဟုတ်ကြဘူးလေ”
ဘဘိုးဖြူက အကြမ်းရည် တခွက်ကို ဌဲ့သောက်၍ အတိတ် ကာလ တခုဆီကို ပြန်လည်၍ စီးမျော သွားလေ တော့သည်။
*****************
အခန်း၂
မြောက်ဥက္ကလာမြို့နယ်သည် ဟိုအရင် အချိန်က ယခုကဲ့သို့ မီးရောင် တထိန်ထိန် နိုင်လွန် ကွန်ကရစ် လမ်းများနှင့် ခေတ်မီသော မြို့နယ် တခုတော့ မဟုတ်ခဲ့ ။တောရွာဆန်ဆန် အိမ်ခြေ အနည်းငယ်သာရှိပြီး လမ်းများသည်လဲ မြေသားလမ်း
များပင် ဖြစ်သည်။အဲ့အချိန်က ယခုကဲ့သို့ ရေဝေးသုသာန် ဟူ၍ မရှိခဲ့ပဲ ကြံတောသချိုင်း ဟူ၍သာ ထင်ရှားခဲ့သည်။
အရပ်ထဲ မှာ လူတယောက် သေပါက အဲ့ဒိမသာအိမ်ရှေ့မှာ အလောင်းစင် ဆောက်၍ ၃ရက်တိတိထားပြီးမှ မြေမြုပ်သဂြိုလ်ရသည့် အလေ့အထသာ ရှိခဲ့သည်။
အခု နေသွေးတို့ ပြောနေသည့် ရေဝေးသုသာန်သည် ယခင်က ကြံတောသချိုင်းကို ပြောင်းရွေ့ထားသော သုသာန်တခုသာဖြစ်သည်။
နောက်ပိုင်း သက်ဆိုင်ရာက မြောက်ဥက္ကလာမြို့ကြီးကို ခေတ်မီသော မြို့ကြီး တည်ဆောက်ပြီးတော့ အရင်လို ရပ်ကွက်ထဲ သေဆုံးသော အသုဘများကို သုံးရက် မထားခိုင်း
တော့ပဲ သေသည်နှင့် နာရေးကူညီမှု့ယာဉ်များက ချက်ချင်း လာသယ်၍ ရေဝေးအအေးခန်းကို ပို့ကာ သုံးရက်နေမှ သဂြိုလ်ရသည့် အလေ့အထသည် ယခုကာလထိတိုင်ပင်ဖြစ်တော့သည်။
ယခင် ကြံတောသချိုင်းကား မီးသဂြိုလ်စက်ဟူ၍ မရှိပဲမြေမြုပ်သဂြိလ်သည့် သချိုင်းမြေပုံများသာ ရှိသည်။နောင်သောအခါ
စည်ပင်သာယာရေးဌာနက လည်းကောင်း သချိုင်းကို ပြောင်းရွှေ့ပုံက ဤသို့ ပင်ဖြစ်တော့သည်။
ဘဘိုးဖြူ က သူ့ရှေ့မှာ ရှိနေသော လူငယ်လေး သုံးဦးအား အကြမ်းရည်သောက်ပြီး သူ့စကားကို စိတ်ဝင်စားမှု့ ရှိမှ ပြောလက်စကို ဆက်လေသည်။
“အဲ့ဒိတုန်းက ငါတို့ အဘိုးက စည်ပင် သာယာ ဌာနက ညွန်မှုး ဦးဝေလင်း သူတို့ အလုပ်ထဲ ငါနဲ့ အောင်မင်း ဝင်ရှုပ်မိလို့ ဘယ်လိုတွေ ဖြစ်တယ် ဆိုတာ နားထောင် ကြည့်တော့”
++++++++++++++
အခန်း ၃
ရန်ကုန် စည်ပင်သာယာရေး ဌာန၏ရုံးခန်း အတွင်းဝယ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနမှ ညွှန်/မှုး ဦးဝေလ င်းရောက်လာပြီး ဌာနေစာရေးလေး အားပြောလိုက်သည်။
“ဟေ့ ဝဏ္ဏ ရေဝေး သချိုင်းက ဆောက်ပြီးနေပြီ မင်းတို့ဖက်က ကြံတော သချိုင်းက မပြောင်းသေးဘူးလား?”
“ဟုတ် ညွန်မှုး ပြောင်းရွေ့မိန့် မနက်ဖြန် ချမယ် ပြောတယ်”
“အေး သိပ်မကြာစေနဲ့ ဆရာတော် သံဃာတော်တွေရော ပင့်ပြီးပြီလား?”
“ဟုတ် အားလုံး အဆင်သင့်ပဲ ဆရာ”
“အေး အဲ့ဒါဆို ငါပြန်မယ် မနက်ကျမှ သချိုင်းပြောင်းမဲ့ အချိန်ကို ငါ့ကြို အကြောင်းကြားအုံး”
“စိတ်ချဆရာ စိတ်ချ”
နောက်တနေ့ ရောက်တော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဌာနမှ အရာရှိအချို့တို့က ကားတစီး ဆရာတော် သံဃာတော်တို့က ကားတစီးနှင့် ကြံတော သချိုင်းအတွင်းကို မောင်းဝင်လာကြသည်။
လည်းကောင်းကားနောက် များတွင်တော့ Te ကားကြီးများ ဆယ်စီးတို့က လိုက်ပါ လာကြသည်။ထိုကားကြီးများ ပေါ်တော့ ယာဉ်မောင်းသူ သာ ပါပြီး နောက်ခန်း များမှာတော့ အလွတ် များသာ ဖြစ်သည်။
သချိုင်းတွင်း ဝင်မိတော့ ဆရာတော်၊သံဃာတော်တို့က ပရိတ်တရားတော်များ ရွတ်ဖတ် ကြပြီး အထူးသဖြင့် မေတ္တာသုတ်ကို ရွတ်ဖတ်ကာ သချိုင်းစောင့် မဖဲဝါကို မေတ္တာပို့လိုက်သည်နှင့် ကြံတောသချိုင်းတဝန်းလုံးသည် မိုးတွင်းအခါ မဟုတ်ပါဘဲ မိုးခြိမ်းသံများ ကြားလာရပြီး လေပြင်းများ ရုတ်တရက်
ကျရောက်လာသည်။သချိုင်းအတွင်း၌ လေသံမိုးသံများ တဗြုန်းဗြုန်းကျနေပြီး ခဏနေသောအခါ အားလုံး တိတ်ဆိတ်သွားပြီး သံဃာတော်တို့ရှေ့မှောက်သို့ အဝါရောင် ဝတ်စုံကို
အထက်အောက် ဝတ်ထားပြီး ဆံပင်ဖားလျား ချထားသော အမျိုးသမီး တယောက်သည် ဒူးတုပ်၍ လက်အုပ်ချီလျက် ပေါ်လာလေပြီး သံဃာတော်တို့အား လျောက်တင်လိုက်သည်။
“တပည့်တော်မ သချိုင်းစောင့် မဖဲဝါ ဆရာတော်တို့အား ဦးခိုက်ပါတယ် ဘုရား”
“အိမ်း ဒကာမကြီး ရောက်လာပြီလား?”
“တင်ပါ့ ဘုရား”
“ဒီသချိုင်းကို ပြောင်းဖို့ကို အစိုးရ မင်းများရဲ့ အမိန့်ကလည်း ရှိနေတော့ သချိုင်းပြောင်းဖို့ကို ဒီက ဒကာမကြီးကလည်း ကြည်ကြည်ဖြူဖြူ ခွင့်ပြု ဖို့ကို ဦးဇင်းတို့က မေတ္တာရပ်ပါတယ်”’
“တင်ပါ့ ဘုရား တပည့်တော်မ ခွင့်ပြုပါတယ် ဘုရား အရှင်ဘုရားတို့ ပို့သတဲ့မေတ္တာကြောင့်လည်း တပည့်တော်မတို့ ချမ်းသာရပါတယ် တပည့်တော်မ ဒီသချိုင်းတွင်းမှာ ရှိနေတဲ့ ဝိညဉ်အပေါင်းကို ဆင့်ခေါ် ပေးပါမယ် ဘုရား”
သချိုင်းရှင်မ မဖဲဝါက ထိုသို့လျောက်တင်ပြီးသည်နှင့် သူမ၏ ဘယ်လက်ဖြင့် သချိုင်းမြေအား ရိုက်လိုက်သည်နှင့် မမြင်အပ်သော တစ္ဆေသရဲ အပေါင်းတို့သည် များပြားလှစွာ ပေါ်လာ
ကြပြီး သချိုင်းရှင်မ မဖဲဝါ၏ အမိန့်ကို နာခံရန် စောင့်နေကြလေသည်။မဖဲဝါလည်း သချိုင်းမြေအနှံ့ ကြားလောက်သော မိုးချိမ်းသံကဲ့သို့သော အသံဖြင့် ပြောလိုက်လေသည်။
“အသင် တို့ကို ဤနေရာမှ ပြောင်းဖို့ကို ငါသချိုင်း ရှင်မ မဖဲဝါ အမိန့်ပေးတယ် မနာခံပါက ငါရဲ့ လောင်မီးကျတဲ့ စက်နဲ့ ငရဲတမျှပူစေရမယ်”
မဖဲဝါလည်း သရဲတစ္ဆေအပေါင်း တို့အား အမိန့်ပေးပြီး ကွယ်ပျောက်သွားသည်နှင့် ဆရာတော် တပါးက အနီး၌ အသင့်ရှိနေသော စည်ပင် သာယာ အရာရှိတဦးကို ဤသို့ ပြောလိုက်တော့သည်။
“ကဲ ဒကာတို့ အမိန့်ပြန်တမ်း ရှိက ပြန်နိုင်ပါပြီ”
“တင်ပ ဘုရား”
သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး အရာရှိ ဦးဝေလင်းလည်း နိုင်ငံတော် အစိုးရ၏ အမိန့်ပြန်တမ်း စာကို သချိုင်းမြေအနှံ့ကြာအောင် အသံချဲ့စက်ဖြင့် အော်လေတော့သည်။
“ဤကြံတောသချိုင်း မြေ၌ နေထိုင်ကြကုန်သော မကောင်းဆိုးဝါး နာနာဘာဝ အပေါင်းတို့အား ကျွန်ုပ် နိုင်ငံတော်ကို အုပ်ချုပ်သော သူအဖြစ် အမိန့်ပေးသည် ယခုအချိန်မှစ၍ ဤနေရာ ဤအရပ်သည် အသင်တို့နှင့် မည်သို့မျှ မသက်ဆိုင်တော့ပေ။အသင်တို့ အတွတ် နားခိုရာ မြေနေရာကိုလည်း ကျွန်ုပ် စီမံထားပြီး ဖြစ်သည် ယခုအခါ အသင်တို့အားလုံးထိုနေရာ ထိုဒေသသို့ အပြီးအပိုင် ပြောင်းရွှေ့ရမည် မည်သို့မျှ ငြင်းဆန်ခြင်း မရှိစေရ။
အမိန့်(နိုင်ငံတော်အစိုးရ)
ထိုသို့ သချိုင်း အတွင်း အလုပ်ရှုပ် နေစဉ်မှာပင် ရပ်ကွက်ထဲ တေလေ ဂျပိုး နှစ်ကောင်ဘိုးးဖြူနှင့် အောင်မင်းက သချိုင်း အပြင်ရှိ ညောင်မုတ်ဆိတ်ပင်ကြီးပေါ်မှ ကြည့်၍ ဘိုးးဖြူက အောင်မင်းကို တီးတိုး ပြောလိုက်သည်။
“ဟရောင် အောင်မင်း ဟိုနားမှာ ရပ်ထားတဲ့ te ကားကြီးတွေကို တွေ့လား”
“အင်း တွေ့တယ် ဘာဖြစ်လို့လဲ?”
“အဲ့ဒိကားကြီးတွေက သရဲတွေကို တင်ဖို့ကွ”
“အင် ဘာသရဲလဲ ဘာမှလည်း မရှိပဲနဲ့”
“ဟဲ့ကောင်ရ အဲ့ဒိ သရဲတွေကို ငါတို့ မျက်လုံး နဲ့တော့ ဘယ် မြင်ရမလဲကွ”
“မမြင်ရပဲနဲ့ မယုံပါဘူး” ”မင်းတကယ် မယုံဘူးပေါ့”
“မယုံ ရေးချ မယုံ”
“အေး မင်းမယုံရင် အဲ့ဒိသရဲ တွေကို ငါခေါ် ပြမယ် မင်းကြည့်နေ”
ဘိုးဖြူက စိတ်မြန်သူပီပီ ညောင်မုတ်ဆိတ် ပင်ကြီးပေါ်မှ လျှင်မြန်စွာ ဆင်းသွားပြီး ခပ်လှမ်းလှမ်းရှိ အစာကောက် နေသော
ကြက်ကလေး တကောင်ကို သူ့လက်ထဲရှိ လောက်လေးနှင့် ခေါင်းကို ချိန်၍ ပစ်လိုက် သဖြင့် ဆန့်ငင်ဆန့်ငင် ဖြစ်နေသော ကြက်ကလေး၏ လည်ပင်းအား လက်ထဲရှိ ဓားဦးချွန်ဖြင့် ထိုးခွဲ လိုက်ပြီး ကျလာသော သွေးတို့ကို ခွက်နှင့် ခံ၍
အောင်မင်း ရှိနေရာ ညောင်မုတ်ဆိတ် ပင်ကြီးပေါ်ကို ပြန်တက်သွားပြီး သရဲတစ္တေတွေကို ဖိတ်ခေါ်သော စကားတို့ကို ပြောပြီး ခွက်နှင့် ခံလာသော ကြက်သွေးများကို ကြံတော သချိုင်း အတွင်းကို လှမ်းပက် လိုက်လေတော့သည်။
ဘိုးဖြူ လှမ်းပက် သောသွေးတို့သည် အနည်းငယ်သာပင် ဖြစ်သော်လည်း သချိုင်းမြေပေါ်ကို ရောက်သွားသည်နှင့် သွေးစီးကြောင်းကြီး
ဖြစ်သွားပြီး မြေပုံမို့မို့များနှင့် အုတ်ဂူ အပြိုအပျက် ကြားတွေပါ မကျန် သချိင်း မြေအနှံ့ စီးဆင်း သွားတော့သည်။
သချိုင်းအတွင်းလည်း ချက်ချင်း မှောင်ကျ သွားကာ ဟိုနား ဒီနား ဆီများမှ ညည်းသံ ကြီးများ တောက်ခေါက်သံကြီးများ ကြားလာရရုံမက အပုပ်နံ့ကြီးများနှင့် သွေးညီနံ့များပါ ရလာကြတော့သည်။
သချိုင်း အတွင်း ပြောင်းလဲ သွားသော အခြေအနေ တို့ကို ချက်ချင်း ရိပ်မိသော ဆရာတော် တပါးက စည်ပင်သာယာ အရာရှိတို့ကို ချက်ချင်း ပြန်ထွက် ကြရန် ပြောလိုက် တော့သည်။
“ကဲ ဒကာတို့ ဒီနေ့တော့ သချိုင်းပြောင်းဖို့ကို လက်လျော့ လိုက်တော့ အနှောင့် အယှက် ရှိနေတယ်”
စည်ပင် အရာရှိ ဦးဝေလင်းလည်း သူ့တပည့်များကို အမိန့်ပေး၍ ကားများကို သချိုင်း အတွင်းမှ ချက်ချင်း မောင်းထွက်
သွားကြတော့သည်။
အခန်း ၄ ….
*********
ထိုအချင်းအရာတို့ကို ပါးစပ် အဟောင်းသား ဖြစ်လျက် အံ့ဘြ ထိတ်လန့်စွာနှင့် ကြည့်နေသော ညောင်မုတ်ဆိတ် ပင်ကြီး ပေါ်မှ ဘိုးဖြူနှင့် အောင်မင်း ဆီကို သချိုင်းအတွင်းမှ မဲမဲအရိပ်များက ပြေးဝင် လာကြသည်နှင့် တေလေဂျပိုး နှစ်ကောင်လည်း နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ဆို
သည့်အတိုင်းပင် ညောင်မုတ်ဆိတ် ပင်ကြီးပေါ်က လျင်မြန်စွာ ဆင်း၍ လူနေ ရပ်ကွက် ဆီကို ခြေကုန် သုတ်လေတော့သည်။
“ဟရောင် ဘိုးဖြူ ငါ့ ငါ့ကို စောင့်အုံး ဟော ဟဲ ဟော ဟဲ…”
“ဒီအချိန်မှာ ပြေးနိုင်မှ လွတ်မယ်.. အောင်မင်း…ဟော..ဟောဟဲ..ဟော ဟဲ…”
“ဖျတ် ..ဖျတ်…ဖတ်..ဖတ်..” ”ဝေါ…ဝရော ..ဖရော..အူး…ဝု..ဝု..အု…ဝူး”
ဘိုးဖြူတို့ နောက်မှ လိုက်လာသော ခြေသံများ နေ့ဖက်ကြီး ဘယ်က ထွက်လာမှန်း မသိသော ခွေးအူသံကြီး များကြောင့်
သူငယ်ချင်း နှစ်ယောက်လည်း ကြောက်လန့်လျက် ခြေဦးတည့်ရာ ပြေးလွားရင်း လူနေရပ်ကွက်တွင်းကို ဝင်မိသည်နှင့် အောင်မင်း၏ နောက်ကျောအား နောက်မှ နေ၍ အကောင်အထည် မမြင်ရပါပဲ အားပြင်းသော လက်ဝါး နှင့် ရိုက်နှက်ခြင်းကို ခံလိုက်ရသည်နှင့် အောင်မင်း တယောက် ရှေ့ကို ခေါင်းငိုက်ကျ၍ လောကကြီးနှင့် အဆက်ပြတ် သွားလေတော့သည်။
“ဖုန်း.. ” ‘အ. အ. အမလေး သေပါပြီဗျ”
“ဟာ အောင်မင်း သူငယ်ချင်း..မင်းဘာဖြစ်သွားတာလဲ?”
“လာကြပါအုံးဗျို့. ဒီမှာ အောင်မင်း မေ့လဲသွားလို့. လာကြပါအုံး..”
ရပ်ကွက်တွင်းမှ လူများလည်း လမ်းထိပ်ဖက်မှ ခွေးအူသံများ ဘိုးဖြူတို့၏ အော်သံများကြောင့် အထိတ်တလန့် ဖြစ်ကာ လူစုပြီး ထွက်လာ ကြတော့သည်။
ဒဏ်ရာ ရ၍ မေ့လဲနေသော အောင်မင်းကို ဝိုင်းဝန်း မချီ၍ ရပ်ကွက်တွင်းကို ဝင်မိသည်နှင့် ကြက်သီးထဖွယ် တောက်ခေါက်သံကြီးကို အားလုံး ကြားလိုက် ရတော့သည်။
ထိုအဖြစ် အပျက်တို့ကား ထိုမျှနှင့် ပြီးဆုံး မသွားပဲ ရက်သတ္တ တပတ်ခန့်မျှ ကြာသောအခါ အောင်မင်း၏ နောက်ကျော၌
ရခဲ့သော လက်ဝါးရာကြီးသည် တဖြည်းဖြည်း ကြီးလာပြီး ထိုဒဏ်ရာကြီးမှ သွေးတို့ ယိုစီးကျလာကာ ပုပ်စော်ပင် နံလာတော့သည် ။
ဆရာစုံနှင့် ကုသပါသော်လည်း အောင်မင်းသည် သက်သာလာခြင်း မရှိပဲ နောက်ဆုံး၌ ပါးစပ်တွင်းမှ သွေးတို့ ယိုစီးကျလာပြီး ဂယောင်ခြောက်ခြား အော်ဟစ်လျက် မျက်လုံးအစုံတို့ ပြူးးထွက်လာပြီး မရဏမင်းခေါ်ရာ နောက်ကို လိုက်သွား
ရရှာသည်။အောင်မင်း သေဆုံးပြီး နှစ်ရက်မြောက်နေ့၌ ဘိုးဖြူတို့ နေထိုင်ရာ ရပ်ကွက်လေး အတွင်း၌ ရက်ခြားဆိုသလိုပင် ညနေ နေဝင်ရီတရော အချိန်မှ စ၍ တညလုံး နီးပါး
အပုပ်နံ့နှင့် သွေးညီနံ့ တို့သည် အော့အန် ချင်စရာ ကောင်းလောက်အောင် ရလာကြသည်။အောင်မင်းအလောင်းကိုလည်း သူ့အိမ်ရှေ့တွင် အလောင်းစင် ဆောက်၍ ထားထားသည်။
ရပ်ကွက်ထဲမှ လူငယ် သုံးလေးယောက် တို့ကလည်း အသုဘအိမ်ကို အလှည့်ကျ ညစဉ် စောင့်ပေးကြသည်။
မနက်ဖြန် အောင်မင်း အလောင်းကို သဂြိုလ်ကြ မှာ ဖြစ်တော့ ဒီညတွင် လုပ်စရာ ကိစ္စ အဝဝကို တာဝန် ခွဲပေးရန် ရပ်ကွက်ထဲတွင် အများက လေးစား ရသည့် အကျင့် သီလနှင့်
ပြည့်စုံသော ဦးရွှေသီး တယောက် အသုဘ အိမ်ဖက်ကို ထွက်လာခဲ့သည်။လူကြီးဝိုင်းတွင် အကြမ်းရည် သောက်နေသော သူတဦးက ဦးရွှေသီးကို တွေ့သွားပြီး လှမ်းခေါ်လိုက်၏။
“ဗျို့. ဦးရွှေရေ ဒီဖက် လာခဲ့ ဗျို့”
“ဘြော် ဦးအုန်း တို့တောင် ရောက်နေကြပေါ့”
“ဟုတ်ကဲ့ဗျာ လာဦးရွှေရေ အကြမ်းရည်သောက် လက်ဖက်စားဗျာ”
“အေးဗျာ ဒါထက် နက်ဖြန်ခါကို သဂြိုလ်မှာ ဆိုတော့ ကိစ္စ အဝဝကိုရော စီစဉ် ပြီးကြ ရဲ့လား?”
“ဟုတ်ကဲ့ ဦးရွှေ အားလုံး စီစဉ် ပြီးပါပြီ ဒါထက် ဦးရွှေကို ပြောစရာ ရှိလို့ဗျ”
“အခုတလော ရပ်ကွက်ထဲ အပုပ်နံ့နဲ့ သွေးညီနံ့ အကြောင်း ပြောမလို့ မဟုတ်လား”
“အစစ်ပဲ ဦးရွှေ ဒီကိစ္စက သိပ်မရိုးသားဘူး”
“အေးဗျာ ဘာကိုမှ မယုံကြည် တတ်တဲ့ လူငယ်တွေကြောင့် လဲ မလိုလား အပ်တဲ့ ကိစ္စတွေ ထပ်ဖြစ် မလာ ပါနဲ့လို့ ဆုတောင်း ရမှာပဲ”
ဦးရွှေသီးက လက်ဖက် တလုပ်ကို စား၍ ရေနွေးကြမ်း တခွက်ကို ဌဲ့သောက်ကာ တခုခုကို အလေးအနက် တွေးတောဟန်ဖြင့် သူ၏ မဲနက် ထူထဲသော မျက်ခုံး တို့အောက်ရှိ တလက်လက်
စူးရှနေသော မျက်ဝန်း အစုံတို့သည် ကိစ္စကြီး တခုကို သေချာစွာ ဆောင်ရွတ် ရန်ဆုံးဖြတ် လိုက်လေတော့သည်။
__________________________________________
အခန်း၅…ဇာတ်သိမ်းပိုင်း
*********************
“ဂီး ဂစ် ဂစ်”
“ဟာကွာ ဒီဌက်ဆိုးက အိမ်ပေါ် ကနေ ဖြတ်ပျံ ရတယ်လို့. တောက်”
“အား..အ. အမလေး နာလှချည်ရဲ့ ”
“မြနှစ် သမီး နဲနဲလေး အားစိုက်ပြီး ညစ်ကြည့်”
“အီးးးးးး ဟီးးးး ဟီးးး အမလေး နာလှချည်ရဲ့. အား အ အ”
“ဒေါ်. ဒေါ်ဆုံ ကျုပ် မိန်းမ. အခြေအနေ ကောင်းရဲ့လားဗျာ”
“အေးပါ ငါလဲ ကြိုးစား မွေးပေး နေတာပဲ ဒါပေမဲ့ နင့်မိန်းမက အားနည်း နေတယ် ဖိုးထောင် တကယ်လို့ အခြေအနေ မကောင်းရင်တော့ ဆေးရုံ ပို့ရမယ်”
“ဘုရား ဘုရား မြနှစ်နဲ့ ကလေး ဘေးကင်း ပါစေ အရှင်ဘုရား ကယ်တော် မူပါ”
ဖိုးထောင်လည်း မြနှစ် ချောမောစွာ မွေးဖွား နိုင်ရန် မီးနေခန်း၏ ရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်၍ တတ်သမျှ
မှတ်သမျှ ဘုရားစာ များကို ရွတ်ဖတ် နေတော့သည်။သို့သော် သူစိတ် ထဲတွင်တော့ တခုခုကို စိုးရိမ် နေသလို ကြောက်လန့် နေသလိုကို ခံစား နေရသည်။
ခုန အိမ်ပေါ်ကနေ ဖြတ်ပျံ သွားသော ဌက်ဆိုး ကြောင့်လည်း ဖြစ်နိုင် လေသည်။ထိုစဉ် လမ်းထိပ် ဖက်ဆီက စူးစူးဝါးဝါး အူနေသော ခွေးများ၏ အသံသည် သူ့အိမ်ရှေ့ကို ရောက်လာ လေသည်။
ခွေးအူသံများနှင့် အတူလူနှစ်ယောက် လမ်းလျှောက် လာသော ခြေသံ များကို ဖိုးထောင် ကြားလိုက် ရပြီး သူ့အိမ်ရှေ့ ရောက်သော အခါ ရပ်တန့် သွားပြီး လှေကားမှ တက်လာသော ခြေသံများကို ကြားလိုက် ရပြီး ပိတ်ထားသော တံခါး
ကို လာခေါက် နေသည်ကို သတိပြုမိ သည်နှင့် တံခါး ဖွင့်ကြည့်လိုက်သောအခါ လွန်ခဲ့သော ရက်ကမှ သေဆုံး သွားသော အောင်မင်း ဖြစ်နေပြီး သူနှင့်အတူ အခေါင်းတလုံး
ထမ်းလာသော လူတယောက် ကိုပါ တွေ့လိုက် ရတော့သည်။
“ဟင် မင်း မင်း မကောင်းဆိုးဝါး ငါ့အိမ်ကို မလာနဲ့ သွား ထွက်သွား…”
“သွားမှာပါ မင်းမိန်းမ မြနှစ်ကို ငါတို့ လာခေါ်တာ ဟီးဟီး ဟားဟား အီးးးးးး အစ်..အစ်..”
အောင်မင်း ၏ပုပ်နံ ညီလှောင် နေသော ရုပ်ကလပ်သည် မသတီစရာ ကောင်းလောက်အောင် အကြည့်ရ ဆိုးလှပြီး ပါးစပ်တွင်းမှ သရည်များ တဖွားဖွား ကျနေသည်မှာ ကြက်သီး ထဖွယ် ကောင်းလှ ပေသည်။
ဖိုးထောင်လည်း ဆံပင်မွှေးများ ထောင်လောက်အောင် ကြောက်ရွံ့ သွားပြီး ပြီးမှ သတိဝင်လာ၍ ဘုရားကျောင်းဆောင်မှ ပရိတ်ရေကို ယူ၍ လှမ်းပက် လိုက်မှ ထိုမကောင်း ဆိုးဝါး
နှစ်ကောင်သည် ဝူးဝူးဝါးဝါး အော်ဟစ်လျက် နောက်ကို ဆုတ်သွား ကြသည်။
“အီးးးးးးး အားးးး အားးးး အ ပူတယ် ပူတယ် ကြောက်ပါပြီ အီးးးးးး အားးးး”
“ကဲပါ ဒီမကောင်းဆိုးဝါးတွေကို အရပ်ထဲ ကနေ တခါထည်း မောင်းထုတ် ရတာပေါ့”
“ဦးရွှေသီး ကျုပ်မိန်းမ မြနှစ်ကို ကယ်ပါအုံး”
“ဘာမှ မစိုးရိမ်နဲ့ ဖိုးထောင် ဒီမကောင်းဆိုးဝါးတွေ မင်းတို့ကို ဘာမှ မလုပ် နိုင်ပါဘူး”
ဖိုးထောင် အိမ်ကိုအချိန်မှီ ရောက်လာသော ဦးရွှေသီးက သူ့လက်ထဲတွင် အသင့် ယူလာသော သိမ်ဝင် သပိတ်ကွဲနှင့်
ပြုလုပ်ထားသော ပုတီးကို အဓိဌာန် ၍လွှတ်လိုက် သည်နှင့် ပုတီးသည် လေပေါ် ပျံတက်သွားပြီး တောက်ပသော ရွှေရောင် အလင်းတန်းတို့ ဖြစ်လျက် ထိုမကောင်းဆိုးဝါးများပေါ်
ကိုဖြန့်ကျတ် လိုက်လေတော့သည်။ဦးရွှေသီးလည်း နှုတ်မှ ပရိတ်တော်များကို အဆက် မပြတ် ရွတ်ဖတ် နေသာကြောငိ့
ရပ်ကွက်တွင်း ခိုအောင်း နေကြသော သရဲတစ္ဆေ များသည် ပုန်းအောင်း၍ မနေဝံ့ကြ တော့ပဲ ကြောက်လန့်စွာနှင့် လူနေရပ်ကွက် အတွင်းမှ ထွက်ပြေးကြ လေတော့သည်။
“အားးးးးးးး အ. အ. ကြောက်လှပါပြီ ပူလှ လောင်လှ ပါပြီ နောက်ကို မနှောင့် ယှက်တော့ ပါဘူး အီးးးးးးး ဟီးးးး ဟီးး”
“ဟဲ့ မကောင်းဆိုးဝါးတွေ သင်တို့ နေရာ သင်တို့ ပြန်သွားကြစမ်း”
“အဲ့ဒါပဲ လူလေးတို့ သူတို့က သူတို့နေရာ မှာနေတာ အဘတို့က မိုက်ရူးရဲပြီး သချိုင်းမြေကို သွားစမိလို့ အခုလို ရပ်ကွက်ထဲမှာ မကောင်းဆိုးဝါးတွေ ဝင်လာနိုင်တာ”
“ဒါဆို အဘ တို့က အဲ့ဒိသရဲ တွေကို ခေါ်လိုက်တော့ သူတို့က လိုက်လာ တာပေါ့နော်”
“အေးပေါ့ကွာ ဘာကိုမှ မယုံကြည်တတ်တဲ့ အဘတို့လို လူတွေကြောင့်ပဲ အဘ သူငယ်ချင်း အောင်မင်းလဲ အသက်ဆုံးရပြီး သူကိုယ်တိုင် သရဲတစ္ဆေ ဘဝကို ရောက်ရတာပဲလေ”
ဘဘိုးဖြူက ဆေးလိပ် ဖွာ၍ ရေနွေးတငုံသောက်ကာ သူ့သူငယ်ချင်း အတွတ် စိတ်မကောင်း စွာနှင့် အဝေးတနေရာကို ငေးကြည့် နေလေသည်။
နေသွေးတို့ လူငယ်သုံးဦးလည်း အဘဘိုးဖြူ ပြောပြသော အကြောင်းရာတို့ကို စဉ်းစား တွေးတောကာ အတန်ကြာ တိတ်ဆိတ် နေကြပြီးမှ မျိးကျော်က တိတ်ဆိတ်မှု့ကို ဖြိုခွင်း လိုက်လေသည်။
“ဒါဆို အဘ တို့ ရပ်ကွက်ထဲက ဦးရွှေသီးက အားလုံးရဲ့ အသက်ကို ကယ်လိုက် တာပေါ့နော်”
“ဒါပေါ့ လူလေးရာ ဦးရွှေသီးသာ မရှိရင် အဘတို့ ရပ်ကွက်တော့ ဘာတွေ ဆက်ဖြစ်မလဲ မတွေးရဲအောင်ပဲ ဒါကြောင့် လူလေးတို့ကို ပြောတာ လူငယ်ဆိုတာ အရာရာကို စူးစမ်းချင်တယ် တီထွင်ကြံဆ ချင်ကြတယ် အဲ့ဒိစိတ်ဓာတ်ကို အဘ တို့ လူကြီးတွေက အသိအမှတ် ပြုပါတယ် ဒါပေမဲ့ ကိုယ်စူးစမ်းချင်တဲ့ အကြောင်းအရာက လူအများကို ဒုက္ခရောက် စေမယ်ဆိုရင်တော့ အဲ့ဒိလို တွေးတော ကြံဆမှု့ကို လက်လျော့ရမယ် အဘ ဘာကို ဆိုလိုချင်လဲဆိုတာ လူလေးတို့ သိလိမ့်မယ်လို့ အဘ မျှော်လင့်တယ် ကဲစကားလဲ ရှည်သွားပြီ အဘကို ခွင့်ပြု ကြအုံး..”
“ဟုတ်ကဲ့ ဘဖြူ ကျနော်တို့ သရဲခေါ်မဲ့အစီအစဉ်ကို ဖျက်လိုက်ပါပြီ”
“အေး အေး ကောင်းတယ် ကဲ အဘကို ခွင့်ပြုကြအုံး”
“ဟုတ်ကဲ့ ဘဖြူ”’
ဘဘိုးဖြူလည်း လူငယ်လေး သုံးဦးကို နှုတ်ဆတ်၍ လက်ဖက်ရည် ဆိုင်လေး အတွင်းမှ ထွက်ခွာ သွားတော့သည်။
နေသွေး၊အောင်ခန့်၊မျိးကျော်တို့ သူငယ်ချင်း သုံးယောက်လည်းအဘဘိုးဖြူ၏ တရွေ့ရွေ့ ဝေးကွာ သွားသော ပုံရိပ်ကိုငေးကြည့်နေမိကြပြီး အတန်ကြာမှ တဦးကို တဦးကြည့်၍ ပြုံးမိကြတော့သည်။
ထိုအပြုံးသည်ကား သူငယ်ချင်း သုံးယောက် သက်ဆုံးတိုင် အတူတူ နေထိုင် သွားမည် ဆိုတာကို အဘဘိုးဖြူ ပြောပြသော အကြောင်းအရာ တို့မှ သင်ခန်းစာ ယူမိခြင်းကြောင့် ဖြစ်သည်။
လောကမှာ စမ်းသပ်လို့ မကောင်းသော အရာတို့တွင် နာမ်လောကနှင့် ပက်သက်သော အရာတို့ကိုကား သွား၍ လက်တည့်မစမ်း သင့်ပေ။
မိမိက ကံအရမ်း နိမ့်နေပါက လက်တည့် စမ်းမိသော လူသာလျှင် ပေးဆပ် ရတတ် လေသည်။ အခုလည်း အဘဘိုးဖြူတို့
သူငယ်ချင်း နှစ်ယောက်တွင် ကံနိမ့်နေသော အောင်မင်းက သူ၏ အသက်ကိုပင် စတေးလိုက်ရလေသည်။ဦးရွှေသီးလို အကျင့်စာရဏ နှင့်ပြည့်စုံသော လူတဦး ရှိနေခြင်းကြောင့်သာ တရပ်ကွက်လုံး၏ အသက်တွေ ပါမသွား ခြင်းဖြစ်တော့သည်။
အောင်ခန့်က နေသွေးနှင့်မျိုးကျော်ကို ကြည့်၍…
“ကဲ ဘယ်လိုလဲ အခုည သုသာန် သွားဖို့ကို စီစဉ် လိုက်ရတော့မလား”
“မလုပ်ပါနဲ့ သူငယ်ချင်းရယ် အခုက ဒို့ရပ်ကွက်ထဲမှာ ဦးရွှေသီးလို အစွမ်း ထက်တဲ့ ပုဂ္ဂိုလ် မရှိဘူးကွ တော်ကြာ မင်းတို့ငါတို့တင်မဟုတ်ဘူး တရပ်ကွက်လုံးပါ ပျောက်သွားပါအုံးမယ်”
“ဘာပျောက်မှာလဲ မင်းစကားက”
“အသက်တွေလေ”
“ဟားဟား ဟားဟား ဟား ဟားဟား ”
သူငယ်ချင်း သုံးဦး၏ လွတ်လပ်ပေါ့ပါးစွာ ရီသံ တို့ကား လက်ဖက်ရည် ဆိုင်လေးအတွင်းမှ လွင့်ပျံ့၍ ညအဇဠာ ကောင်းကင်ထက်သို့ပင် ပေါ့ပါး စွာဖြင့် ထိုးဖောက်၍ သွားပေတော့သည်။
❤❤❤❤❤ပြီးပါပြီ❤❤
စာဖတ်သူလေးတွေရေ ဝါသနာ အရ ရေးတာမို့ အမှားအယွင်း လေးတွေနဲ့ လိုအပ်ချက်တွေ ရှိနေအုံးမှာပါ။
သည်းခံပြီး ဖတ်ပေး ကြပါနော်😇😇😇
စာဖတ်သူတွေကို အစဉ် လေးစားလျက်…
ရေးသားသူ-ရောင်နီ(ရွှေဥက္ကလာ)
#crd