*သင်္ချိုင်းအတွင်းမှအစီအရင်*📖📖📖
**********************************
ရေးသားသူ—–ရဲဝင်းထွန်း
ကျုပ်ကလည်း မနေ့ကမှခုတ်လာတဲ့ ဖန်ခါးသားကိုတော့ လှည်းတံပိုးလုပ်နေတာပေါ့ဗျာ ကျုပ်ကတော့မလုပ်တတ်ဘူးဗျ အဖေကတော့တံပိုးလုပ်တာကျွမ်းကြင်တယ်ဗျ အဖေပြောပုံအရတော့ ဒီရွာကယောက်ျားသားတော်တော်များများက လှည်းတံပိုးလုပ်တတ်ကြတယ်တဲ့ဗျ “သာလှရေသာလှ” ခြံဝက ဖိုးတုတ်ရဲ့အသံကိုကြားပြီးတော့လည်း ဖိုးတုတ်ကတော့ ကျုပ်တို့ တံပိုးလုပ်နေတဲ့နေရာကိုလျှောက်လာတာဗျ “လှည်းတံပိုးလုပ်နေကြတာလားဒါနဲ့သာလှကူမလုပ်ပေးဘူးလားဟ” ဖိုးတုတ်ကလည်းဖိနပ်ကိုချွတ်ဖိနပ်ပေါ်မှာထိုင်ချလိုက်ပြီးတော့လည်းကျုပ်ကမေးတာပေါ့ “ဘယ်ကကူလုပ်ပေးနိုင်မှာလည်းကွာသူမှလှည်းတံပိုးမလုပ်တတ်တာ” အဖေပြောလိုက်တော့လည်းဖိုးတုတ်ကရီလိုက်ပြီးတော့လည်း “မင်းကလည်းကွာလှည်းတံပိုးလေးတော့လုပ်တတ်အောင်သင်ထားပေါ့ကွ” “အေးပေါ့သင်ရမှာပေါ့မဟုတ်ရင်လည်းမင်းနဲ့အဖေနဲ့ပြောတာကိုဘလောက်ထိခံရမယ်မှန်းမသိဘူး” “ဒါနဲ့သာလှအရီးမြအိမ်ဘက်တစ်ချက်သွားကြမလားမရောက်တာလည်းကြာပြီကွ” “အေးကွမင်းပြောမှသတိရတော့တယ်အရီးမြအိမ်ကိုလည်းပြန်ရောက်ကတည်းကမရောက်ဖြစ်သေးဘူးကွ” “ဒါဆိုလည်းခုသွားကြမယ်လေအရီးမြလည်းငါတို့ကိုမျှော်နေလောက်တယ်” ကျုပ်နဲ့ဖိုးတုတ်ကလည်း အရီးမြအိမ်ဘက်ကိုထွက်လာခဲ့တာပေါ့ဗျာ အဖေကတော့လှည်းတံပိုးလုပ်ရင်းကျန်ခဲ့တာပေါ့ “အရီးမြရေကျုပ်တို့ဝင်လာမယ်နော်” အရီးမြခြံရှေ့ရောက်တော့လည်း ကျုပ်ကတော့အသံပြုလိုက်ရင်း ခြံထည်းဝင်လာခဲ့တာပေါ့ အရီးမြခြံလေးကလည်း အမှိုက်များမရှိဘဲရှင်းလင်းနေတာဗျ ဘယ်သူကလည်းအမှိုက်သိမ်းပေးထားတယ်မဆိုနိုင်ဘူးလေ ကျုပ်တို့အိမ်ထည်းဝင်လိုက်တော့လည်း တန်းလျားပေါ်မှာ ထိုင်ရင်း ေရနွေးသောက်နေတဲ့အရီးမြကိုလည်းတွေ့ရတယ်ဗျ “အရီးမြကလည်းဗျာစိမ်းကားလိုက်တာကျုပ်တု့ိကိုလာလို့တောင်မခေါ်ဘူး” ကျုပ် တို့အိမ်ထည်းရောက်တာတောင် ကျုပ်တို့ကိုစကားမပြောတာနဲ့ကျုပ်ကလည်းပြောလို်က်တာပေါ့ “ပြောချင်စရာကောရှိလို့လားသေနာလေးတွေရဲ့ငါ့ဆီတစ်လနေလို့တစ်ခေါက်တောင်ပေါ်မလာခဲ့တဲ့ဟာတွေ” အရီးမြကလည်းမျက်နှာလေးကိုရွဲ့ရင်းနဲ့ပြောတာဗျ “ဟော..ဖိုးတုတ်ရေ အရီးမြကငါတို့ကိုစိတ်ကောက်နေတယ်တဲ့ကွ” “ဟုတ်ပါ့ကွာအရီးမြစိတ်ကောက်နေတာလေးကလည်းချစ်စရာလေး” ကျုပ်တို့ပြောလိုက်တော့လည်း တစ်ဖက်ကိုမျက်နှာလှည့်ထားတဲ့အရီးမြက ကျုပ်တို့ဘက်ကိုလှည့်ပြီးတော့လည်း “ပေါက်ကရတွေပြောမနေနဲ့နင်တို့ဘာလာလုပ်ကြတာလည်း” “အရီးမြဆီမရောက်တာကြာလို့လာခဲ့ကြတာပါဗျာအရီးမြကတော့ကျုပ်တို့ိကိုဆီးပြီးတော့တောင်ဆူနေသေးတယ်နော်” “ဆူမှာပေါ့ဟဲ့နင်တို့ငါ့ဆီလာကြလို့လားတော်သေးတာပေါ့ငါ့မြေးမလေးမိဖြူရှိနေလို့” မိဖြူဆိုတာကလည်းအရီးမြအိမ်ရဲ့တစ်အိမ်ကျော်ကကောင်မလေးဗျအသက်ကတော့ အခုမှ၁၄လောက်ပဲရှိသေးမယ်ထင်တယ်ဗျ “အရီးမြရေကျုပ်တို့ကိုအဆူစောမနေနဲ့အုံးဗျကျုပ်တို့ဘာလို့မလာလည်းမေးပါအုံး” “အေးလေကွာအကြောင်းအရင်းလေးတော့မေးသင့်တာပေါ့” ဖိုးတုတ်ပြောလိုက်တော့ ကျုပ်ကလည်းဖိုးတုတ်စကားကိုထောက်ခံရင်းပြောလိုက်တယ်ဗျ အရီးမြကလည်း ကျုပ်တို့ကိုမေးငေါ့ရင်းနဲ့လည်း “ပြောပါအုံးဘာအကြောင်းများရှိလို့ရှင်တို့ကမကြွလာရတာလည်း” “ပြောပြမယ်ဗျ ကျုပ်က ညောင်နှစ်ပင်ရွာကိုတစ်ပတ်ခရီးသွားနေရတယ်လေသာလှကတော့သူတို့တစ်မိသားစုလုံးဘယ်ရွာကိုဆိုလည်းမသိဘူးသွားကြတာလေဗျာကျုပ်ကမနေ့ကမှပြန်ရောက်တာလေသာလှကလည်းမနေ့ကမှပြန်ရောက်တာလေ” ဖိုးတုတ်ပြောလိုက်တော့မှအရီးမြက ဒေါသနည်းနည်းပြေသွားတာဗျ “အော်အဲ့လိုလား မသိဘူးလေနင်တို့တွေကငါ့ကိုမေ့နေကြပြီထင်နေတာငါ့လည်းအဲ့တာကြောင့်ထူးဆန်းနေတာသာလှမလာရင်တောင်သောင်းတင်နဲ့တင်စိန်ကတော့တစ်ခေါက်လောက်ရောက်လာကြမှာပါလို့” “ခုလည်းမလာဖြစ်တဲ့အကြောင်းသိပြီဆိုတော့ကျုပ်တို့ကိုစိတ်မဆိူးပါနဲ့တော့ဗျာနော်” ကျုပ်ပြောလိုက်တော့လည်းအရီးမြက ခေါင်းကိုတစ်ချက်ညိမ့်ရင်း “အေးပါအေးပါဒါနဲ့နင်တို့မနက်စာစားပြီးခဲ့ပီလား” “စားပြီးခဲ့ပြီဗျအရီးမြကကောစားပြိးပြီလား” “စားပြီးပါပီဟယ်နေမကောင်းပြီးကတည်းကလည်းစားရေးသောက်ရေးမိဖြူလာလာလုပ်ပေးနေတာ” “ဒါနဲ့ထင်းေတွပေါက်စရာရှိသေးလားအရီးမြရဲ့” “အေးရှိတယ်ခေါင်းရင်းဘက်မှာကုက္ကိုသားတွေပေါက်စရာရှိသေးတယ်မိဖြူကမိန်းကလေးဖြစ်တော့လည်းသူ့အဖေပဲလာလာပေါက်ပေးနေတာခုနေ့တော့နင်တို့ထင်းပေါက်ခဲ့လိုက်အုံး” “ဟုတ်ကဲ့ဆရာ” ကျုပ်တို့နှစ်ယောက်ကလည်းအရီးမြကိုပြောင်ချော်ချော်လုပ်ပြီးတော့လည်းပေါက်စိန်တွေကိုယူခြံခေါင်းရင်းကိုထွက်လာခဲ့တယ် “ဟဖိုးတုတ်ရေထင်းတွေကတော့အများသားကွပေါက်သာပေါက်ဟေ့အကုန်လုံးကမင်းအတွက်ပဲကွ ” ကျုပ်ကလည်းကုက္ကိုတုံးအပုံကြီးမြင်တော့လည်း ဖိုးတုတ်ကို ပြောလိုက်တာပေါ့ ဖိုးတုတ်ကလည်း တစ်ချက်ပြုံးရင်း “ထင်းတောင်မပေါက်ရသေးဘူးထင်းပုံကြည့်ပြီးမောချင်သွားသကွဟားဟား” “မောနေလို့မရဘူးကွပေါက်ပြီးမှအေးမှာပေါက်ကွာ” ကျုပ်နဲ့ဖိုးတုတ်ကလည်းမောတယ်ပန်းတယ်သဘောမထားဘဲ အားသွန်ခွန်စိုက်ပေါက်လိုက်ကြတော့လည်းကုက္ကိုသားပုံကြီးကမနည်း လျော့သွားတယ်ဗျ “ရပြီရပြီအကောင်လေးတွေလာလာမုန့်စားကြအုံး” အိမ်လေးထည်းကလည်းအရီးမြကတော့ ပေါက်ပေါက်စုပ်လေးတွေထည့်ထားတဲ့ ပန်းကန်လေးကိုင်ပြီးထွက်လာတာဗျ
“ပေါက်ပေါက်စုပ်တွေပါလားဗျအရီးမြဘယ်ကဝယ်ထားတာလည်း” “ငါဝယ်ထားတာမဟုတ်ပါဘူးဟယ်မိဖြူတို့အိမ်ကလာပေးထားတာ မိဖြူကလည်းအမေမရှိတော့ငါ့ကိုလည်းအမေတစ်ယောက်လိုချစ်နေတာနေမယ်အမေကလည်းငယ်ငယ်ကတည်းကဆုံးသွားတော့မိခင်မေတ္တာငတ်နေရရှာတာ…စားကြအုံး..စားစား” အရီးမြကလည်းကျုပ်တို့ဆီကိုပေါက်ပေါက်စုပ်ပန်းကန်လေးတိုးပေးရင်းနဲ့လည်းပြောတာဗျ ကျုပ်ကလည်းပေါက်ပေါက်စုပ်တစ်လုံးကို စားနေရင်းနဲ့လည်း လမ်းကိုငေးမိနေတာပေါ့ “အရီးမြတခြားဘာလုပ်စရာတွေရှိသေးလည်းရှိရင်ပြောနော်ကျုပ်တို့မပြန်ခင်လုပ်ပေးလို့ရတာပေါ့” “တခြားလုပ်စရာတော့မရှိပါဘူးဒါနဲ့နင်တို့ကပြန်တော့မလို့လား” “ဟုတ်တယ်အရီးမြရဲ့လုပ်စရာမရှိတော့ရင်လည်းပြန်တော့မယ်နော်နောက်နေ့မှလာခဲ့မ်” “အမလေးအေ နောက်နေ့ဆိုရင်တော့ဘယ်လောက်ကြာမလည်းမသိဘူး” “အရီးမြကတော့ပြောတော့မယ်ဗျာသွားပြီဗျို့” ကျုပ်တို့ကလည်း အရီးမြခြံထည်းကထွက်လာခဲ့တယ်ဗျ တခြားသွားစရာနေရာကိုလည်းစဉ်းစားနေမိတာပေါ့ “ဖိုးတုတ်ငါတို့ဘယ်ကိုသွားကြမလည်းကွပူကလည်းပူလိုက်တာကကွာ” ကျုပ်မေးလိုက်တော့လည်းဖိုးတုတ်ကခနမျှစဉ်းစားပြီးတော့လည်း “ငါတို့သောက်ရေအိုးစင်လေးဘယ်လိုဖြစ်နေပြီလည်းမသိဘူးကွသွားကြည့်ကြမလားအဲ့နေရာမှာဆိုအေးလည်းအေးတယ်ကွ” “ဟာဟုတ်သားပဲကွသွားကြမယ်လေ” ကျုပ်နဲ့ဖိုးတုတ်ကလည်းကျုပ်တို့ဆောက်ထားတဲ့ လူနားဇရပ်လေးဆီကိုလည်းထွက်လာခဲ့တာပေါ့ တစ်ခုကိုလိုချင်ရင်တစ်ခုပေးဆပ်ရမယ်ဆိုတာကလည်းမှန်တယ်ဗျ လေလေးတဖြူးဖြူးနဲ့ဇိမ်ကြတဲ့လူနားဇရပ်လေးကိုရောက်ဖို့ကလည်းနေပူကျဲကျဲကြီးကိုဖြတ်ခဲ့ရတာပေါ့ “ငါတုိ့ရဲ့ဇရပ်လေးကသစ်စိမ်းရောက်ပြောက်သွားတာကလွဲပြီးဘာမှတော့မပြောင်းလဲသေးဘူးပဲကွ”
ကျုပ်ကလည်း ထူးထူးခြားခြားမပြောင်းလဲတဲ့ဇရပ်လေးကိုကြည့်ပြီးတော့လည်းပြောလိုက်တာပေါ့ “အေးကွာဇရပ်ထည်းသွားကြရအောင်အပြင်မှာကနေပူတယ်ကွ” ဖုိးတုတ်နဲ့ကျုပ်ကလည်းဇရပ်လေးထည်းဝင်ပြီးတော့လည်း လှဲလိုက်ကြတယ် “ဒါနဲ့သာလှရေအိုးထည်းမှာတောင်ရေမရှိလောက်တော့ဘူးခနနားပြီးရင်ရွာပြန်ပီးရေခပ်ကြရအောင်ရေအိုးမှာကလည်းရေမပြက်ကောင်းဘူးမဟုတ်လား” ဖိုးတုတ်ပြောလိုက်တော့ကျုပ်ကလည်းပတ်ဝန်းကျင်ကိုငေးမောကြည့်နေရင်းကလည်းဖိုးတုတ်ဆီကိုအကြည့်လွှဲလိုက်ရင်း “အေးပေါ့ကွာဒါနဲ့ငါမင်းကိုဇီးဖြူကွင်းရွာမှာကြုံခဲ့တာတွေပြောပြမယ်ကွ” “အေးဟုတ်သားပဲမင်းငါ့ကိုပြောပြမယ်လို့ပြောထားသေးတယ်မလားပြောကွာငါနားထောင်မယ်ဘာထူးထူးဆန်းဆန်းတွေဖြစ်လာခဲ့လည်း” “ထူးဆန်းတာတွေကတော့အများကြီးပေါ့ကွာငါပြောပြမယ်” ကျုပ်ကလည်း ဇီးဖြူကွင်းမှာဉီးမိုးစွေနဲ့ရင်ဆိုင်ခဲ့ရပုံ ကစပြီးတော့လည်း သင်းနွယ်နဲ့ချစ်သူတွေဖြစ်ခဲ့တဲ့အထိပြောပြလို်က်တာပေါ့ ဒါပေမယ့်လည်း မှော်ပညာတွေပါတဲ့အကြောင်းတွေတော့လျှို့ဝှက်ရတာပေါ့ “မင်းရောက်သွားတာကလည်းအိမ်အလည်မှဟုတ်ရဲ့လားဒုက္ခတွေကများနေရတယ်” “ငါလည်းမသိတော့ပါဘူးကွာကြုံတာတော့ကြုံခဲ့ပြီးပြီပေါ့မသေတာပဲကံကောင်းတယ်ပြောရမယ်ကွ” ကျုပ်စကားကိုကြားတော့လည်းဖိုးတုတ်ကပြုံးနေတာဗျ “ဒါပေမယ့်လည်းကံကောင်းတယ်ပြောရပါမယ်ကွ” “ဟဘာလို့လည်းကွ” “မင်းကံကောင်းတာပေါ့ကွဇီးဖြူကွင်းမှာအတိတ်ဘဝက ကောင်မလေးချောချောလေးတစ်ယောက်နဲ့ချစ်သူဖြစ်ခဲ့သေးတယ်မဟုတ်လားအဲ့တာကံကောင်းတာပေါ့ကွ” ကျုပ်ကတော့ဖိုးတုတ်စကားကိုကြားတော့လည်း မျောက် မှိုင်မှိုင်သွားတာပေါ့ “ချက်ချင်းလက်ငင်းဘာဖြစ်သွားတာတုန်းသာလှရ” ကျုပ်ကလည်းခေါင်းခါရင်းနဲ့လည်း “ကံမကောင်းပါဘူးဖိုးတုတ်ရာချစ်သူရတာမှန်ပေမယ့်လည်းငါတို့ကအဝေးကြီးလေကွာတစ်နှစ်နေလို့မှနှစ်ခါတောင်တွေ့ရဖို့ကခက်တယ် အရင်ဘဝမှာလည်းဝေးခုဘဝမှာလည်းဝေးကြအူးမယ်ထင်ပါတယ်ကွာ ဝေးကွာနေတဲ့ဆက်ဆံရေးကဘယ်လိုကြာရှည်တည်မြဲနိုင်ပ့မလည်းကွာ” ကျုပ်စကားဆုံးတော့လည်းဖိုးတုတ်က ကျုပ်ပုခုံးကိုပုတ်ရင်းနဲ့ “ဒီလိုတွေရှောက်မတွေးနေပါနဲ့ကွာမင်းချစ်သူအပေါ်မှာမင်းစိတ်ချယုံကြည်ပေးနိုင်ရမယ်လေမြိုင်ကလေးဆိုတာကလည်းအရမ်းကြီးတော့ဝေးတာမှမဟုတ်တာသွားလို့ရပါတယ်စိတ်ကိုပျော်အောင်ထားစမ်းပါကွာ” ဖိုးတုတ်ကလည်းကျုပ်ကိုနှစ်သိမ့်ပေးတာပေါ့ “အေးပါဒါနဲ့ရေအိုးထည်းရေဖြည့်ရအောင်လေကွာနေတောင်အတော်မြင့်နေပြီရေအိုးထည်းရေဖြည့်ပြီးရင်အိမ်ပြန်ကြတာပေါ့” “အော်အေးအေးဒါနဲ့ရေကအမိသေးတို့အိမ်ကရေပဲထည့်ရမှာပေါ့” “အေးလေကွာအမမိသေးတို့အိမ်ကရွာအထွက်နားဆိုတော့ပိုနိးတာပေါ့ပြီးတော့ရေကလည်းကြည်တယ်လေကွာ” “ဒါဆိုလည်းသွားကြတာပေါ့” ကျုပ်ကလည်း ရေအိုးစင်ကရေအိုးကိုယူကြည့်လိုက်တော့လည်းထင်တဲ့အတိုင်းပါပဲရေကတော့တစ်စက်မှမရှိဘူးလေ “ငါ့တူတို့ခနရပ်ပါအုံး” ရေအိုးအလွတ်ကိုကိုင်ပြီးရွာထည်းပြန်မယ်လုပ်တုန်းကျုပ်တို့အနောက်ဘက်ကလည်းအသံတစ်ခုကြားရတာကြောင့်လှည့်ကြည့်လိုက်မိတာပေါ့ အသက်၄၀ ကျော်ခန့်အရွယ်ရှိလူကြီးတစ်ယောက်ကိုလည်းမြင်ရတယ်လေ ထိုသူရဲ့မျက်နှာကလည်းမုတ်ဆိတ်မွေးပသိုင်းမွှေးများနဲ့ရှုပ်ပွေနေပြီးမျက်လုံးတစ်ဖက်ကလည်းအဖြူရောင်ကြီးဖြစ်နေတာဗျ ရှမ်းလွယ်အိတ်ကြီးတစ်ခုကိုလွယ်ထားပြီးတော့လည်း ခေါင်းပေါင်းအနီကိုပေါင်းထားသေးတယ်ဗျ “ဟုတ်ကဲ့ဉီးလေးဘာကိစ္စများရှိလို့လည်းဗျ” “အော်….တစ်ခုလောက်မေးချင်လို့ပါပေါက်လှရွာကိုဘယ်လိုသွားရသလည်းငါ့တူတို့သိရင်လည်းလမ်းညွှန်ပေးပါအုံး” ထိုလူကြီးပြောလိုက်တော့ဖိုးတုတ်ကကျုပ်တို့ရွာဘက်ကိုလက်ညှိုးထိုးပြပီးတော့လည်း “အဲ့ဒါကျုပ်တို့ရွာပေါက်လှပဲဗျဒါနဲ့ဉီးလေးကပေါက်လှကိုဘာလာလုပ်တာလည်းဗျ” “ဉီးလေးအသိတစ်ယောက်စီလာတာပါမရောက်တာကြာပြီမိုလို့လည်းလမ်းတွေမေ့နေတာနဲ့ငါ့တူတို့ကိုလမ်းမေးရတာပါ” “ဒါနဲ့ဉီးလေးအသိကဘယ်သူလည်းဗျကျုပ်တို့သိတဲ့သူဆိုတစ်ခါထည်းလိုက်ပို့ပေးလို့ရတာပေါ့” ဖိုးတုတ်မေးလိုက်တော့လည်းထိုလူကြီးကတစ်ချက်စဉ်းစားပြီးတော့မှ “အောင်မန်း ဆီကိုလာတာပါကျုပ်ကသူ့အကိုပါ” “အော်ဉီးလေးအောင်မန်းရဲ့အကိုကိုးကဲပါကျုပ်တို့နဲ့လိုက်ခဲ့ကျုပ်တို့ကလည်းရွာပြန်မှာဗျ” “အခွင့်သင့်လိုက်တာငါ့တူတို့ရယ်” “အခွင့်သင့်ရင်လည်းကျုပ်တို့နဲ့သာလိုက်ခဲ့တော့” ဖိုးတုတ်ကလည်းပြောရင်းနဲ့ရှေ့ကထွက်သွားတာပေါ့ ကျုပ်ကလည်းရေအိုးလေးကိုဆွဲရင်းနဲ့လည်းလူစိမ်းဉီးလေးကြီးနဲ့နောက်ကလိုက်ခဲ့တာပေါ့ “ဒါနဲ့ဉီးလေးနာမည်ကဘယ်လိုခေါ်လည်းဗျ” လမ်းသွားနေရင်းကျုပ်ရုတ်တရက်မေးလို်က်တော့လည်း ထိုလူကတစ်ချက်တုန်သွားတာပေါ့ သူ့ကြည့်ရတာလည်း အတွေးနယ်ချဲ့နေပုံရပါတယ်ဘာတွေတွေးနေလည်းတော့ကျုပ်မသိဘူးပေါ့ဗျာ “ငါ့နာမည်က တင်ဖေကွမင်းနာမည်ကကော” “ကျုပ်နာမည်ကသာလှပါ” “အော်အေးအေးဒါနဲ့ အောင်မန်းအိမ်ကဝေးသေးလားကွ” “အရမ်းကြီးတော့မဝေးပါဘူးကျုပ်လိုက်ပို့ပေးမယ်” ကျုပ်ကလည်းဉီးတင်ဖေကိုလည်းဉီးလေးအောင်မန်းအိမ်ကိုလိုက်ပို့ပေးလိုက်ရတာပေါ့ ဖိုးတုတ်ကိုလည်းရေအိုးပေးထားခဲ့ပီးရေအရင်ခပ်ခိုင်းထားတာပေါ့ “ဉီးလေးအောင်မန်းရေဉီးလေးအောင်မန်းဧည့်သည်ပါတယ်ဗျ” “ဟေဘယ်သူလည်းကွ” ဉီးလေးအောင်မန်းကလည်းအိ်မ်ပေါ်ကဆင်းလာရင်းနဲ့ပြောတာဗျ “ညီလေးအောင်မန်းနေလို့မှကောင်းရဲ့လား”
“ဟာအကိုကြီးတင်ဖေအကိုကြီးဘယ်လိုရောက်လာတာလည်း” “ရှည်တယ်ကွအိမ်ထည်းရောက်မှပြောကြတာပေါ့” “လာကိုကြီးအိမ်ထည်းကိုဒါနဲ့သာလှရေအကိုကြီးကိုအိမ်အထိလိုက်ပို့ပေးလို့ကျေးဇူးကွာနော်” “ရပါတယ်ဗျာဒါဆိုကျုပ်ပြန်လိုက်အုံးမယ်ဗျ” ကျုပ်ကလည်းဉီးလေးအောင်မန်းကိုနှုတ်ဆက်ပြီးတော့လည်းဖိုးတုတ်ဆီကိုပြန်လာခဲ့တယ် “ဉိီးလေးအောင်မန်းကတကယ်ပဲသူ့ညီလားကွ” ကျုပ်ပြန်ရောက်လာချင်းဖိုးတုတ်ကတော့ဆီးမေးတယ်ဗျ “အေးဟုတ်တယ်ညီကို တေွတော်တော်ချစ်ပုံရတယ်စကားပြောရင်းလည်းညီလေးအကိုကြီးနဲ့” “အေးပါဒါနဲ့ချစ်တာတွေခင်တာတွေခနထားဇရပ်ဆီကိုရေအိုးထမ်းပြီးပြန်ရအုံးမယ်ကွ” ကျုပ်ကလည်းအမမိသေးအိမ်ထည်းကိုဝင်လာခဲ့ပြီးတော့လည်း ပုဆိုးတစ်ထည်ကိုတောင်းခေါင်းပုလုပ်ပေးပြီး ဖိုးတုတ်ခေါင်းပေါင်မှာရစ်ခွေလိုက်ပြီးရေအိုးတင်ပေးတာပေါ့ ဖိုးတုတ်ကတော့ရေအိုးလေးရွက်ပြီးရှေ့ကကော့တော့ကော့တော့နဲ့သွားတာကိုကြည့်ရင်းကျုပ်မှာရီချင်စိတ်ကိုမနည်းထိန်းထားရတာဗျ လမ်းတစ်ဝက်ရောက်တော့လည်းကျုပ်အလှည့်ပေါ့ကျုပ်ကလည်းရေအိုးလေးရွက်ပြီး သွားနေရတော့လည်းကျုပ်ကိုကြည့်ပြီးဖိုးတုတ်ကရီတယ်ဗျ မိန်းကလေးများကိုစသလိုဘယ်ညာဘယ်ညာဆိုပြီးတော့လည်းကျုပ်ကိုစနေသေးတာဗျ ကျုပ်တို့ကလည်းရေအိုးရေဖြည့်တဲ့အလုပ်ပြီးတော့လည်းအိမ်ပြန်ခဲ့တာပေါ့ အိမ်ရောက်တော့လည်း အမေချက်ထားတဲ့ အာလူးနဲ့ကြက်သားဟင်းလေးကတော့မွှေးလို့ဗျ ကျုပ်ကလည်းဆာဆာနဲ့စားလိုက်တာဗိုက်ကိုတင်းကားသွားတာဗျ
အချိန်များကလည်းဘာလိုလိုနဲ့၄ရက်လောက်ကြာသွားတယ်ဗျကျုပ်ကလည်း ဘာရယ်ကြောင့်မှန်းမသိခုရက်ပိုင်းအိမ်မှာကပ်နေဖြစ်တယ်ဗျ “ကိုသောင်းတင်ကိုသောင်းတင်” ကျုပ်လည်းကွပ်ပြစ်မှာထိုင်နေတုန်းအမေ့ရဲ့ခေါ်သံကိုကြားလိုက်ရတယ် ကျုပ်ဘေးမှာစာအုပ်ဖတ်နေတဲ့အဖေကလည်း ဘာတွေရှုပ်ပြန်ပြီလည်းဆိုတဲ့အထာနဲ့ ဖတ်လက်စစာအုပ်လေးကိုချလိုက်ပြီး အမေ့အသံလာရာမီးဖိုဘက်ကိုထွက်သွားတာပေါ့ ကျုပ်ကလည်းကြည့်နေမိတယ်လေ အမေကလည်းမီးဖိုထည်းကအထွက်အဖေကမီးဖိုထည်းအဝင်နဲ့တိုးတော့လည်းနဖူးချင်းဆောင့်မိကြတာပေါ့ အဖေနဲ့အမေကလည်းအရပ်ချင်းသိပ်မကွာဘူးဗျ “နာလိုက်တာတင်စိန်ရာမင်းဘာဖြစ်လို့ဒီလောက်ပြာကလက်ဆန်နေတာလည်း” အဖေကလည်းနဖူးကိုပွတ်ရင်းမေးလိုက်တာဗျ အမေကလည်းနဖူးကိုပွတ်ရင်း ”ကြက်တွေပြောက်နေပြီတော့” “ဟကြက်ပြောက်တာငါကဘယ်လိုလုပ်ပေးရမှာလည်းမိန်းမရာတခြားနေရာတစ်ခုခုမှာသေနေတာလည်းဖြစ်မှာပေါ့ဒါနဲ့ကြက်ကဘယ်နှစ်ကောင်ပြောက်လို့လည်း” “ပြောက်တာ၄ကောင်ရှိပြီကြက်ချောချောကြီးတွေကြည်းပဲရွေးပြောက်တာပထမတစ်ကောင်ပြောက်တော့သူများအိမ်ရောက်နေတယ်ထင်ပြီးအမှုမဲ့အမှတ်မဲ့နဲ့နေနေတာအခုတော့ပြောက်တာ၄ကောင်ရှိပြီဘယ်သေချင်းစိုးကများငါ့ကြက်တွေခိုးသွားလည်းမသိဘုး” အမေကလည်းပြောရင်းဒေါသထွက်လာတယ်ထင်ပါတယ်ဆဲတော့တာပဲဗျ အဖေကလည်း နားကိုကုလုတ်ရင်းနဲ့လည်းကွပ်ပြစ်ကိုပြန်လာတယ်ဗျ အမေကတော့ မီးဖိုထည်းပြန်ဝင်သွားတာပေါ့ မီးဖိုထည်းမှာလည်း ဒယ်အိုးဒယ်ဗိုင်းသံများဆူညံနေတာပေါ့ “ငါ့သားရေမီးဖိုထဲမှာတော့တစ်ကိုယ်တော်စစ်ပွဲဆင်နွှဲနေပီကွ” “ဟုတ်ပါ့အဖေရေဒီနေ့ထမင်းစားရမှာတောင်ကြောက်မိသဗျှ ခုတော့ဉီးကြီးမောင်အိမ်ကိုလစ်လိုက်အုံးမယ်ဗျာ” “လစ်ကွာလစ်ငါကတော့ ဘယ်လစ်ရမှန်းမသိဘူး” ကျုပ်ကလည်းဉီးကြီးမောင်အိမ်ဘက်ထွက်ခဲ့တာပေါ့ဗျာအဖေကတော့ဘယ်ကိုထွက်မလည်းမသိဘုးဗျ “ဉီးကြီးမောင်ဉီးကြီးမောင်” “သာလှလားဝင်ခဲ့လေကွာ” ကျုပ်ကလည်းခြံတံခါးကိုဖွင့်လိုက်ပြီးတော့လည်းဝင်လာခဲ့တာပေါ့ “ဉိးကြီးမောင်ဘာတွေရှာနေတာလည်းဗျ” ကျုပ်ခြံထည်းရောက်တော့လည်းခြံနောက်ဘက်မှာတစ်ခုခုရှာနေတဲ့ဉီးကြီးမောင်ကိုလည်းမြင်ရတာပေါ့ “ငါ့ကြက်ဖလေးတွေရှာနေတာပါကွာဘယ်ကောင်ခိုးသွားလည်းမသိပါဘူး” “ကြက်တွေပြောက်တယ်ဟုတ်လားအိမ်မှာလည်းကြက်တွေပြောက်နေတာဗျအဲ့ကိစ္စနဲ့ပက်သက်ပြီးအမေကြမ်းနေလို့ဉီးကြီးမောင်အိမ်ကိုထွက်လာခဲ့တာ” “ဟ..တို့ရွာကိုတော့ဘယ်ကြက်သခိုးမွှေနေလည်းမသိပါဘူးကွာဒကောင့်သားမိရင်တော့နာပြီမှတ်” ဉီးကြီးမောင်ကလည်းဝါးလက်စကွမ်းလေးကိုထွေးရင်းနဲ့ပြောတာဗျ “ဉီးကြီးမောင်ဒါနဲ့ကျုပ်ကိုမှော်ကျင့်တဲ့နည်းပြောပြလို့မရသေးဘူးလားဗျစာအုပ်ဖတ်တာဘာမှနားမလည်လို့ပါဗျာ” “ဒါဆိုမင်းအချိန်မတန်သေးဘူးထင်တယ်ကွမှော်ဖြူကြိုးမှော်က တကယ်ဆိုစာအုပ်ဖတ်လိုက်တာနဲ့အလိုလိုနားလည်သွားရမှာလေ” “ဒါဆိုလည်းစောင့်ရအုံးမှာပေါ့ဗျာစိတ်ဓာတ်ကျသွားပြီဗျာ” “စိတ်ဓာတ်မကျပါနဲ့ကွာတနေ့နေ့တော့ဖြစ်လာမှာပါ” “ဟုတ်ပါပီဒါနဲ့ကျုပ်လည်းပြန်တော့မယ်ခုလောက်ဆိုအမေလည်းဒေါသပြေနေလောက်ပြီ” “အေးအေး” ကျုပ်ကလည်းဉီးကြီးမောင်ကိုနှုတ်ဆက်ပြိီးပြန်လာခဲ့တာပေါ့ အမေကလည်းကျုပ်ပြန်ရောက်တော့ ဒေါသတွေပြေနေပြီးတော့အဖေနဲ့တောင်စကားတွေပြောနေသေးတယ် ကျုပ်ကလည်းအဖေတို့နဲ့အတူစကားဝင်ထို်င်ပြောနေလိုက်ကြတာပေါ့
“သာလှဟေ့ကောင်ထစမ်း” ကျုပ်အိပ်နေတုန်းကျုပ်နားထည်းကိုဉီးကြီးမောင်အသံတစ်ခုဝင်လာတယ်ဗျ ကျုပ်ကလည်းငူငူကြီးထလိုက်မိတာပေါ့ “ခုချက်ချင်းရွာအပြင် သချိုင်းနားကိုလာခဲ့သာလှငါရှိနေမယ်အရမ်းအရေးကြီးတယ်ငါတို့တစ်ရွာလုံးအတွက်ဆိုင်တယ်” ကျုပ်နားထည်းမှာလည်းဉီးကြီးမောင်အသံကထပ်မံထွက်ပေါ်လာတယ်ဗျ ကျုပ်ကလည်း ပထမတော့စဉ်းစားနေပေမယ့်မထူးပါဘူးဆိုပြီး ရွာပြင် သချ်ိုင်းကိုလည်းထွက်လာခဲ့တယ် “သာလှရောက်လာပြီလား” “ဟုတ်ရောက်လာပြီလေအစကတော့….” “ရှုးတိုးတိုးကွသာလှရကျယ်ကျယ်ကျယ်ကျယ်မပြောနဲ့ဟိုနေရာမှာအစီအရင်လုပ်နေကြတဲ့သူတေရှိတယ်” ကျုပ်စကားမဆုံခင်မှာပဲဉီးကြီးမောင်ကကျုပ်ပါးစပ်ကိုပိတ်လိုက်ပြီးပြောတာဗျ ပြီးတော့မှလည်းပြန်ဖွင့်ပေးတယ်လေ ကျုပ်ကလည်းသချိ်ုင်းထည်းကြည့်လိုက်တော့မီးတုတ်အရောင်ကိုတွေ့လိုက်ရတယ် “ဟေ့ကောင်ရပ်လိုက်စမ်း” ဉီးကြီးမောင်ကလည်းကျုပ်တို့ပုန်းနေတဲ့နေရာကထွက်လိုက်ပြီးတော့လည်း အော်လိုက်တာပေါ့ ထိုသူကတော့ မိးတုတ်တစ်ချောင်းရှေ့မှာတပလ္လင်ခွေထိုင်နေတာဗျ ဘေးမှာကလည်း မဲမဲအပုံကြီးတစ်ခုဗျ ထိုသူကလည်းကျုပ်တို့အသံကြားတော့နောက်ကိုလှည့်ကြည့်လိုက်တယ်ဗျ “မင်းတို့ကငါအစီရင်လုပ်နေတာကိုဘာဝင်ရှုပ်ကြတာလည်းအကုန်သေသွားချင်လို့လား” “အောင်မယ်နေစရာမရှိလို့ရွာစောင့်နတ်ကိုအင်းချချုပ်ပြီးအောင်မန်းကိုမြွေမျက်စိအတိုက်နဲ့ညို့ပြီးမှအောင်မန်းအိမ်မှာကပ်နေရတဲ့ကောင်ကများရာရာစစ” “မင်းကဒီအကြောင်းတွေဘယ်လိုသိတာလည်း” “ဒီထက်မကသေးပါဘူးကွာမင်းကသရွန်ကုန်းအစီအရင်ကိုစီမံနေတာမဟုတ်လား” “ခင်ဗျားကတယ်လည်းဟုတ်ပါလားနေစမ်းပါအုံးခဗျားနာမည်ဘယ်သူလည်း” “အော်မိတ်ဆက်ရမယ်ဆိုငါ့နာမည်လွမ်းနောင်ပေါ့ကွာကဲကဲမင်းလည်းအစီအရင်တစ်ဝက်လောက်ရောက်နေပြီဆိုတော့မင်းလည်းပညာမနည်းရနေပါပြီအစီအရင်မပြီးသွားစေတဲ့အတွက်တောင်းပန်ပါတယ်ကွာခုတော့ငါတို့ပညာပြိုင်ကြရအောင်” “ကြာသလားလို့ဗျာလာလေရော့” ထိုသူကလည်းမိုးပေါ်ကိုမော့လိုက်ပြီးတော့လည်းတစ်ခုခုကိုရွတ်နေတာဗျ လျှပ်စီးတန်းတစ်ခုကလည်းမိုးပေါ်မှဉီးကြီးမောင်ဆီကိုလည်းပြေးသွားတာဗျ “အောက်မိစ္ဆာမိုးကြိုးပေါ့လေမရဘူးကွဒီလောက်နဲ့” ဉီးကြီးမောင်ကလည်းမျောက်ကလေးတစ်ကောင်လိုခုန်ရှောင်ပြီးတော့လည်းပြောတာဗျ ထိုသူကြီးကလည်း ပုံစံမျိုးစုံထုတ်ပြီးတော့လည်းဉီးကြီးမောင်ကိုတိုက်တာဗျ ဉီးကြီးမောင်ကလည်းအခွင့်သင့်ရင်စက်တွေထုတ်တာဗျ ထိုသူကလည်းစက်တွေကိုရှောင်ပြီး ပြန်တိုက်တာဗျ ဘေးနာမှာဆိုရင်လည်းနာနာဘာဝမျိုးစုံကပတ်ပြေးနေသလိုဆူညံနေတာဗျ နာရီဝက်ကျော်ကျော်လောက်တိုက်ပြီးတော့လည်း ဉီးကြီးမောင်ရဲ့စက်တစ်ခုကထိုသူကိုထိမှန်ပြီးတော့လည်းထူးထောက်ကျသွားတယ်ဗျ “ခဗျားကဘာလည်းအောက်ဝိဇ္ဇာလားကျုပ်ပညာတွေကုန်ပြီခဗျားကိုကျုပ်ရှုံးသွားပြီခဗျားကနိုင်လူဆိုတော့ခဗျားဘာလုပ်မှာလည်းကျုပ်ကိုသတ်မယ်ဆိုလည်းသတ်လိုက်” “ငါမင်းကိုမသတ်ပါဘူးမင်းဘယ်တော့မှဒီအောက်ပညာတွေမသူံးတော့ဘူးဆိုတဲ့ကတိပေးပါဒီပညာတွေကမင်းအတွက်အသုံးဝင်ကောင်းဝင်လိမ့်မယ် အခပ်မသင့်ရင်တစ်ရွာလုံးဒုက္ခရောက်တတ်တယ်သိရဲ့လား” “ကျုပ်သိပါတယ်ကျုပ်မှားပါတယ်ကျုပ် ဆရာကြီးဆီမှာတပည့််အဖြစ်ခံယူပါရစေ” “ငါကတပည့်မမွေးတတ်ဘူးမင်းမကောင်းတာတွေမလုပ်တော့ရင်ပဲမင်းဘဝကတော်တော်ကောင်းမွန်လာမာပါ” “ကျုပ်လည်းလောဘတစ်ခုကြောင့်ဘဝဆုံးတော့မလိုဖြစ်ခဲ့ရပါပြီကျုပ်ဆရာကြီးနဲ့ပြိုင်မိလို့သာအသက်ချမ်းသာရာရတာပါတခြားဆရာတွေဆိုကျုပ်သေတာကြာပါပီ” “အေးပါဒါတွေထားလိုက်တော့မင်းခုအချိန်ကစပြီးမကောင်းမူကြိးကြီးမားမားလုပ်ရင်ဒီလှံတံကမင်းကိုဖောက်ထွက်သွားလိမ့်မယ်” ဉီးကြီးမောင်ကလည်းပြောရင်းတန်းနဲ့ တစ်လက်မခန့်အပြားလေးကိုလည်းထိုသူရဲ့ရင်ဘက်မှာကပ်လိုက်တာဗျ အပြားလေးကလည်းအသားထည်းကိုနစ်ဝင်သွားပြီးတော့ပြောက်ကွယ်သွားတယ်ဗျ “မင်းအသက်ကမင်းအပေါ်မှာပဲမူတည်တော့တယ်ကောင်းကောင်းမွန်မွန်နဲ့ဘဝကိုရှေ့ဆက်ပါ” ထိုသူကလည်းဉီးကြီးမောင်ကိုအရိုအသေပေးပြီးတော့လည်းပြောက်ကွယ်သွားတယ်ဗျ “ဉီးကြီးမောင်..ခုနကလူကဘယ်သူ……” “မနက်ကျသိရမှာပေါ့အချိန်လည်းမရှိတော့ဘူးပြန်တော့” ကျုပ်ကိုပြောပြိီးတာနဲ့ဉီးကြီးမောင်ကလည်းပြောက်ကွယ်သွားတယ်ဗျ ခုတော့ကျုပ်တစ်ယောက်ထည်းကျန်ခဲ့တော့တာဗျ ပတ်ဝန်းကျင်ကလည်းတိတ်ဆိတ်နေတော့ကြောက်စိတ်အလိုလိုဝင်လာတာနဲ့အိမ်ကို်အမြန်ပြေးခဲ့ရတာပေါ့ အရေးထည်းကျမှဓာတ်မီးကလည်းလင်းတစ်ချက်မလင်းတစ်ချက်နဲ့ပါဗျာ ခုညဖြစ်ခဲ့တာတွေကိုတော့ကျုပ်ဘာမှနားမလည်နိုင်ဖြစ်နေတာဗျ သချိုင်းထည်းကသူကဘယ်သူလည်း တစ်ရွာလုံးဒုက္ခ ရောက်လိမ့်မယ်ဆိုတာကကောဘာလည်းဆိုတာ ကျုပ်စဉ်းစားလို့မရသေးဘူးဗျ ဒါပေမယ့်လည်းနောက်နေ့ရောက်တော့ကျုပ်သိလိုက်ရပါတယ်ဗျာဘယ်သူရှိမလည်းဉီးကြီးမောင်ကိုပဲအပူကပ်ရတာပေါ့ဒီနေ့တော့ဒီလောက်ပဲဗျာနောက်နေ့မှပဲခဗျားတို့ကိုပြောပြတော့မယ်။