သစ်ပုပ်ပင်မှခေါင်းပြတ်တေစ္ဆ

*သစ်ပုပ်ပင်မှခေါင်းပြတ်တစ္ဆေ*📖📖📖
=====================
*****************************

==================================

   လက်ပံကုန်းရွာအရှေ့ဘက်မှ အသံတစ်သံ စူးဝါး

စွာ ရွာထဲသို့ ဝင်လာ၏….အမေရေ….ကျုပ်ကိုကယ်

ဦးဗျာ…ကြောက်ပါပြီဗျာ…မလိုက်ပါနဲ့…အီး..ဟီး..ဟီ

ရွာလူကြီး ဦးသာဒင် ရေနွေးကြမ်းလေးငှဲ့သောက်ရင်း

အိမ်ရှေ့မှဖြတ်ပြေး၍အော်လာသော အသံကြောင့်

လန့်ဖြန့်ကာ…ဒါမျိုးတော့ သာဒင်တို့ ဘယ်ရမလဲ

သာဒင်အုပ်ချုပ်တဲ့ ဟေ့ဒီ လက်ပံကုန်းရွာမှာ သာဒင်

မသိလိုက်ပဲနဲ့ ယင်တစ်ကောင်တောင် ဖြတ်ပျံလို့မရ

ဟဲ့…ရွှေမိ…ငါ့ကို…ငါ့ရဲ့လက်စွဲတော်

ပေးစမ်း.မြန်မြန်ပေးဟ..သူကြီးရဲ့ ကတော် ဒေါ်ရွှေမိ

မှာပြာပြာသလဲနှင့် မီးဖိုချောင်မှ တစ်ပိုင်းကုန်နေသော

အရက်ပုလင်းပြေးစွဲကာ…ကိုသာဒင်ရယ်..ရှင့်မလဲ

လုပ်လိုက်ရင်…အလန့်တကြားတော်…ပြောရင်း

လက်ထဲမှ ပုလင်းကို ကမ်းပေးလိုက်လေ၏…ဟဲ့ရွှေမိ

နင်ငါ့ကို…ဘာလို့အရက်ပုလင်း…လာပေးနေတာလဲ

ဦးသာဒင်၏ ရုတ်တရက်အမေးကြောင့် ဒေါ်ရွှေမိက

ကိုသာဒင်…ရှင်ပဲ…ရင်ရဲ့လက်စွဲတော်..အမြန်ပေးစမ်း

ဆို…ဦးသာဒင်၏ ဒေါသတို့ ငယ်ထိပ်ရောက်လေပြီ

သယ်….ဒီမိန်းမ…ငါ့ကိုသောက်ရှက်ခွဲပြန်ပြီ..ငါလုပ်

လိုက်ရနော်…နင့်ကို..ငါ့ရဲ့…လက်စွဲတော်…နှစ်လုံးပြူး

အမြန်ယူခိုင်းနေတာ..အဲ့ဒီပုလင်းက..ငါခွက်ပုန်းချတဲ့ဟာ..

ဒီမိန်းမကွာ…နင်နဲ့ငါ….ပြန်လာမှစရင်းရှင်းတော့မယ်

အခုမြန်မြန် သွားယူ…နို့..သိဘူးလေတော်က..အချိန်

ရှိသရွေ့ဒါပဲ ခိုးသောက်နေတာ..ရွာထဲမှာတော့

သူတော်ကောင်းလိုလိုဘာလိုလို…ဟာ…ဒီမိန်းမ

တော်တော်…စကားများတာပဲ….နှစ်လုံးပြူးက နင့်

အတွက်ဖြစ်တော့မယ်နော်…ဒေါ်ရွှေမိလည်း နံရံမှာ

ချိတ်ဆွဲထားသော နှစ်လုံးပြူး သေနတ်ကိုယူကာ

အမြန်ပေးလိုက်၏…

    ဟေ့…ခုဏ…ဖြတ်ပြေးတဲ့…သကောင့်သား..ဘယ်

မှာတုန်းကွာ…ရွာကလူတွေကို…အလန့်တကြားလုပ်

တဲ့ကောင်…ငါနဲ့တွေ့ပြီသာမှတ်…သာဒင်ကွ…မျိုးရိုး

အစဥ်အဆက်…ဟောက်စားလုပ်လာတာ…အဲ..ဟုတ်

ပါဘူး….သူကြီးလုပ်လာတာကွ…ရွာထဲရှိ အချို့အိမ်

များမှာ အရေးတောင်မလုပ်ကြ ဦးသာဒင်က ရုပ်ရှင်

ဇာတ်ကားထဲက ရဲတွေလိုပဲ ပွဲပြီးမှ ရောက်လာတတ်

သောကြောင့် ကလေးတောင် ဒါကိုသိနှင့်နေပြီဖြစ်၏

နှစ်လုံးပြူးကြီး တကားကားနဲ့ လူတွေအုံနေသော

နေရာသို့ ရောက်သောအခါ ဟန်ပါပါနဲ့  ဟေ့..အားလုံး

ဖယ်ကြစမ်း…. ဘယ်သူလဲကွ…ရွာကို အထိတ်တလန့်

ဖြစ်အောင်လုပ်တာ….ဒီတော့မှ လူအုပ်ကြီးရှဲသွားပြီး

ဖိုးပိန်ကို ဦးသာဒင် တွေ့လိုက်ရလေသည်…ဖိုးပိန်

အောက်ပိုင်း ပုဆိုးတောင်မပါတော့ ဘောင်းဘီအတို

လေးဖြင့် သွေးရူးသွေးတန်းတွေ အော်လျှက်ရှိသည်

ဖိုးပိန်…မင်းကိုငါ…ညနေက..ဟိုဘက်ရွာကို..အလှူ

အတွက်…ပစ္စည်းတွေ…သွားပို့ခိုင်းတာလေကွာ…

သူကြီးမျက်မှာမြင်တော့မှ ဖိုးပိန်လည်း ငိုကြီးချက်မနဲ့

အလိုလေး..သူကြီးမင်းရယ်…တော်ပါတော့…သူကြီး

အခိုင်းကောင်းလို့…ကျွန်တော်..အသက်မထွက်တာ

ကံသီပေလို့ပေါ့…အီး…ဟီး…ဟီး..ပြောလဲပြောရင်း

ဖိုးပိန်တစ်ယောက် အသံဗြဲကြီးနဲ့ ငိုပါလေရောဗျာ

ဒီတော့မှ ဦးသာဒင်လဲ အခြေအနေမဟန်မှန်း သိသွား

ပြီး မှောင်ကလဲမှောင် လူအုပ်ကြီးကလဲ သူ့ကို မျိုချ

တော့မယ်အတိုင်း ဝိုင်းကြည့်နေကြတာမို့

ဖိုးပိန်အားချော့ကာ အိမ်သို့ခေါ်လာပြီး မေးမြန်း

ရလေတော့သည်…ကဲ…ဆိုစမ်းပါဦးကွ…မင်းကဘယ်

လိုဖြစ်ရတာတုန်း…သူကြီးကမေးသောကြောင့် ဖိုးပိန်

တောင်ကြည့်မြောက်ကြည့်နဲ့…ကျုပ်…ကျုပ်…​

ကျုပ်ကြောက်တယ်ဗျ…မပြောရဲဘူး…သူကြီးသာဒင်

လူကလဲ ပုပြက်ပြက် စိတ်ကလဲမြန် …ဟိတ်ကောင်

ငါမေးနေတာလေကွာ..​မြတ်မြန်ပြော..ငါလုပ်လိုက်ရ

တစ်ကိုယ်လုံး… သေးနံ့က… တစ်ထောင်းထောင်းနဲ့

ဘယ်လိုတွေတောင်… ဖြစ်လာတာလဲ..မြန်မြန်ပြော

သူကြီးနှစ်လုံးပြူးရန်ကလဲ ကြောက်ရသေးသည်မို့

ဖိုးပိန်တစ်ယောက် ကြောက်ကြောက်နဲ့ ပြောရလေ

တော့သည်..ဒီလိုဗျ…သူကြီးရ ဟုအစချီကာ ပြောရပါ

တော့သည်……

      အချိန်အားဖြင့် နေဝင်ရီတရော်အချိန်ဖြစ်သည်

ပတ်ဝန်းကျင်သည် မှောင်စပြုနေပြီး နွေရာသီမို့

အညာဒေသ၏ သဘာဝအတိုင်း အပူရှိန်က မပျယ်

ချင်သေးပေ ချွင်….ချွင်….ချွင်….နွားခြူသံများ ဆူ

ညံလျှက် ဖိုးပိန်တစ်ယောက် နွားများကို ခပ်သုတ်

သုတ် မောင်းလာခဲ့သည် ဟိုဘက်ရွာသို့အလှူအတွက်

ဆန်အိတ်နဲ့ သီးနှံတစ်ချို့ကို ရွာလူကြီး ဦးသာဒင်၏

ခိုင်းစေချက်ကြောင့် ကြောက်လို့သာ သွားပို့ရတာ အချိန်

က မှောင်ရီပျိုးပြီမို့ ရွာထိပ် သစ်ပုပ်ပင်နားက မဖြတ်

ချင်ပေ ဒီအပင်ကြီးက တော်တော်မလွယ်ဘူးဗျ

ရွာသားတွေ မှောင်ပြီဆိုတာနဲ့ ယောင်လို့တောင်

မလာရဲကြတော့ဘူးလေ တအား​ချောက်တယ်လို့

ပြောကြတယ် အရီလေး ဒေါ်ဖွားရီဆို သူသားရှိတဲ့

မြို့ပေါ်ကို လိုက်သွားပြီးပြန်လာတော့ သူသားက

အရီးလေးဒေါ်ဖွားရီအတွက် အပြန်စားရအောင်

အိမ်ဟင်းစားအဖြစ်နဲ့ ဝက်သား ၁ပိသာ ထည့်ပေး

လိုက်တယ်လေ အရီးလေးပြန်လာတော့ ကားက

နောက်ကျနေလို့ မှောင်ရီသန်းချိန်ဖြစ်နေပြီ

အဲ့ဒီအပင်ကြီးအောက်က ခြင်းတောင်းလေးရွက်ပြီး

ဖြတ်ပြန်တာ နောက်က ခြေသံကြားလို့ လှည့်ကြည့်

တော့ ခေါင်းမပါတဲ့ တစ္ဆေကြီးက ဝက်သားထုပ်ကို

လက်ဖြန့်ပြီး လိုက်တောင်းလို့ ခြင်းပါပစ်ချပြီး ပြေး

ရတာ ၇ရက်လောက်ဖျားပါရောလား တွေးရင်းနဲ့

ကြက်သီးမွှေးညင်းများတောင် ထတယ်ဗျာ ဒီလိုနဲ့

တစ်ရွေ့ရွေ့ မောင်းလာလိုက်တာ ရွာထိပ်နားသို့

ရောက်လေပြီ ပတ်ဝန်းကျင်ကလဲ တစ်စတစ်စနဲ့

မှောင်လာခဲ့ပြီ ဖြစ်၍ ကြောက်စိတ်က ကြီးစိုးလို့နေ

တော့သည်…ညိုကြီးနဲ့…သီဟ…သွားစမ်း..ဘာပေ

ကပ်ကပ်လုပ်နေတာလဲ…မိမိ၏ နွားနှစ်ကောင်မှာ

ထိုသစ်ပုပ်ပင်ကြီး အနားရောက်မှ ပေကပ်ကပ်နှင့်

ရှေ့သို့မတိုးပဲ ရုန်းကန်နေကြ၍ ကြိမ်နှင်တံနဲ့ ရိုတ်ပုတ်

သော်လဲ မရပေ ….ဟဲ့..သွားကြလေ..ဘာလုပ်နေတာ

လဲ…ဖြန်း…ဖြန်း…ကြောက်ကြောက်နဲ့ ရိုတ်နေပါသော်

လဲ နွားများမှာ ရုန်းကန်နေမြဲသာ….ဟာ..ဒီနွားတွေ

တော့ကွာ…အမှောင်ထဲ လှည်းပေါ်မှာ နွားနှစ်ကောင်

ကလည်း ဘာဖြစ်နေမှန်းမသိ တစ်စုံတစ်ခုကို

ကြောက်လန့်နေကြပုံရသည် ထိုစဥ်…ညည်းသံကြီး

ကြားရလေတော့သည်….ဟီး….ဟီး…ဟီး….ဟင်

ဘာသံကြီးလဲ….နောက်သို့ လှည့်ကြည့်သော အခါ

အပင်ပေါ်မှ ဇောက်ထိုးကြီး ဆင်းလာသော အရာကြီး

ဟာ….ဘာ….ဘာ….ဘာကြီးလဲ…ကြောက်လွန်းလို့

စကားများအထစ်ထစ်အငေါ့ငေါ့ဖြင့်….မျက်လုံး

အပြူးသားဖြင် ကြောင်ပြီးကြည့်နေစဥ် လှည်းဘေး

သို့ ရောက်လာသည်….လဆန်းရက်မို့ အနည်းငယ်မျှ

မြင်နေရသည်က ဖိုးပိန်အတွက် ကံဆိုးပေခြင်းလော

ခေါင်းမပါသော ဧရာမ သတ္တဝါကြီး…လက်ကြီးကို

ဖြန့်ကာ သူ့ဆီက တစ်ခုခုကို တောင်းနေသည့်ပုံရ

သည် ဖိုးပိန် မအော်နိုင် ကြောက်သေးများထွက်လျှက်

မတ်တတ်အနေအထားဖြင့် ကြောင်နေတော့သည်

ထိုအခိုက် ထိုသတ္တဝါကြီးမှာ ကျန်လက်တစ်ဖက်ဖြင့်

လှည်းဘေးထောက်တိုင်အား လှမ်းကိုင်လိုက်သော

အခါ နွားများမှာ ဒရောသောပါး ​ရုန်းကန်ပြေးလေ

တော့သည်…ဖိုးပိန်လဲ…လှည်းပေါ်မှ ပြုတ်ကျကာ

ကျွမ်းပစ်သွားတော့မှ အသိစိတ်ဝင်ကာ ကျွတ်ကျ

သွားတဲ့ ပုဆိုးတောင် ပြန်မကောက်နိုင်တော့ပဲ

ဖနှောင့်နဲ့တင်ပါး တစ်သားထဲကျအောင် ပြေးလေ

တော့သည် ပြေးရင်း…အနောက်လှည့်ကြည့်တော့

ရွာအဝင်အဝအနားထိ လိုက်လာကာ ရွာထဲလဲဝင်ရော

ဆက်မလိုက်တော့ပဲ ထိုသတ္တဝါကြီးမှာ တစ်စုံတစ်

တစ်ယောက်က ဆောင့်တွန်းလိုက်သကဲ့သို့ နောက်ပြန်

လန်ကျကာ ပြန်လှည့်ပြေးလေတော့သည် ဒီတော့မှ

ဖိုးပိန်လဲ ရွာထဲသို့ အော်ကာ ပြေးရလေတော့သည်

     အဖြစ်အပျက်ကတော့… ဒါပါပဲ… သူကြီးရယ်…

ဦးသာဒင်လည်း ခေါင်းတစ်ဆတ်ဆတ်ဖြင့် နားထောင်

ရင်း….အေး…ငါအုပ်ချုပ်နေတဲ့…ဟော့ဒီရွာမှာ ဒီလို

ခြောက်လှန့်နေတာဟာ…ငါ့ကိုသက်သက်..မခန့်

မလေးစားလုပ်တာပဲ…ဒီကိစ္စကို…ဒီအတိုင်းတော့

ထားလို့မရဘူးကွ…အဲ့ဒီ​ကောင်ကြီးကို…လက်ရဖမ်း

ပြီးတော့…မြို့ဂတ်ကို…ပို့ရမယ်…ဦးသာဒင်စကား

ကြောင့် ဖိုးပိန်က မျက်နှာရှုံ့မဲ့ကာ…ဟုတ်မှလဲလုပ်ပါ

သူကြီးရယ်…ညဘက် အိမ်သာတတ်တာတောင်မှ….

မိန်းမကို…အဖော်ခေါ်တဲ့သူကြီးက …ဒါကြီးကိုဖမ်းပြီ

မြို့ဂတ်ပို့မလို့တဲ့လား…ဒီအတိုင်းလေး…နေတာက

သူကြီးအသက်ရှည်ပါဦးမယ်ဗျာ…ရွာထဲမှာ…ကျော်

မကောင်း…ကြားမ​ကောင်း..နဲ့…ဂန့်နေပါဦးမယ်….

အတွင်းသိ အစင်းဖြစ်သော ဖိုးပိန်စကားကြောင့်

သူကြီးလဲ…နှစ်လုံးပြူးထဆွဲကာ…ဒီ…ဗိုင်းတာမသား

ငါ့ကို…မခန့်မလေးစားလုပ်တာ…သေပေတော့…

ဖိုးပိန်လဲ သူကြီးဒေါသအိုးပေါက်ကွဲသွားမှန်း

အကင်းပါးသူပီပီ ဒုတိယအကြိမ် အိမ်ရှေ့ကွပ်ပစ်ပေါ်

မှ ခုန်ချကာ ပြေးရပါတော့သည်…

      ကဲ…ရွာသူရွာသားများ…အားလုံး..ငြိမ်ငြိမ်လေး

နားထောင်ပေးကြပါ…(ရွာသူရွာသားများသာဆိုတာ

သူ့ကိုကြောက်လို့လာတာက ၁၀ယောက်မပြည့်ဘူးဗျ )

အဟမ်း…အဟမ်း…ဟန်ပါပါဖြင့် ချောင်းဟန့်လိုက်ပြီ

ကျုပ်အုပ်ချုပ်နေတဲ့… ဟော့ဒီ… လက်ပံကုန်းရွာမှာ

ခေါင်းပြတ်တစ္ဆေဟာ…အတော်ကို….ဒုက္ခပေးနေပါ

တယ်…ဒါကြောင့်…ကျုပ်…ကပ္ပိယကြီးနဲ့တိုင်ပင်ပြီး

ဒီသစ်ပုပ်ပင်က…ခေါင်းပြတ်တစ္ဆေကို..လက်ရဖမ်း

ပြီးတော့…မြို့ဂတ်ကို…အရောက်ပို့မှာ..ဖြစ်ပါတယ်

ရွာသား လေးငါးယောက်မှာ ရီချင်သောစိတ်ကို

မနည်းအောင့်အီးကာ ဆက်၍ နားထောင်ရလေသည်

ဒါကြောင့်…ခင်များတို့အနေနဲ့…ကျုပ်နဲ့အတူ….စကား

ကမဆုံးသေး..အတူ ဆိုတာနဲ့..ထပြေးချင်နေကြပြီ

မျက်နှာငယ်လေးတွေနဲ့ ဒါကို ကောင်းကောင်းရိပ်မိ

သော သူကြီးက …ကျုပ်နဲ့အတူ…ဟော့ဒီက..တပည့်

ကျော်…ဖိုးပိန်နဲ့…ဒီကိစ္စပြီးမြောက်အောင်မြင်သည်

အထိ…ဆောင်ရွက်သွားမှာ…ဖြစ်ပါတယ်…ဟေး….

ဖြောင်း…ဖြောင်း…ဖြောင်း…ရွာသားလေးငါးယောက်

ဝမ်းသာအားရနှင့် လက်ခုပ်သြဘာပေးကာ ပျော်ရွှင်

သွားကြလေတော့သည် ပြိုတော့မယ့်မိုးလို့ ငိုတော့

မယ့် ဖိုးပိန်မျက်နှာက ဖြူဖတ်ဖြူရော် သူကြီးရဲ့

နှလုံးပြူးကြောက်လို့သာ ပြန်မပြောရဲတာ အခုလိုမျိုး

စကားကိုကြားလိုက်ရထဲက ရွာမှာတောင် မနေချင်

တော့….ကဲ…ကဲ…အဟမ်း….ဟမ်း…ဂုဏ်ယူဝင့်ကြွား

သောချောင်းဟန့်သံနှင့်အတူ လူထူတော့ မိန်းမကိုက

ပါဝါပြချင်သေးသကိုးဗျ…ဟေ့…ရွှေမိ…ငါ့ဆေး

ပုလင်း…ယူခဲ့ပေးစမ်း…သြဇာသံအပြည့်ဖြင့် သူကြီး

လှမ်းအော်လိုက်သောကြောင့် ဒေါ်ရွှေမိက တစ်ဝက်

မရှိသော အရက်အပိုင်းပုလင်းလေး ဆွဲလာ၍ သူကြီး

အားပေးလေသည်…ဟာ…ဒီမိန်းမ…သူကြီးဒေါသတို့

ငယ်ထိပ်ရောက်လေပြီ…နင်က..ငါ့ကို..လူထူမှ…

သောက်ရှက်ခွဲတာပေါ့….နင့်ကိုယူခိုင်းတာ..ငါချောင်း

ဆိုးရင်သောက်နေကျ…တိုင်းရင်းဆေးပုလင်ကို..ပြော

တာ…နင်က..ဒီသောက်အရက်ပုလင်ပဲ…မြင်တော့တာ

လား…ဗိုင်းတာမရဲ့…ဒီတော့ ဒေါ်ရွှေမိတို့လဲ ပြန်၍

ရန်ထောင်ပါလေရောလား….သြော်..တော်ကြီးကို

ဒီအရက်သောက်လို့…မသောက်ပါနဲ့လို့…တားတုန်းက

ငါဆေးဖြစ်ဝါးဖြစ်…သောက်တာပါဆို..အခုလည်း

တော်က..ဆေးပုလင်းဆိုလို့…ယူလာပေးတာလေ

တော့်ကို…ကြည့်နေကြာပြီ…ရွှေမိတဲ့…တစ်မိထဲရှိ

တယ်နော်..အေးငါကလဲ..သာဒင်တဲ့…တစ်ဒင်ထဲရှိ

တယ်…ငါ့အကြောင်းပြရသေးတာပေါ့..လာခဲ့စမ်း…

အိမ်ပေါ်သို့လက်ကဆွဲကာ လင်မယားနှစ်ယောက်

တတ်သွားသောကြောင့် ရွာသားလေးငါးယောက်မှာ

ထ၍ပြေးကြလေတော့သည် မပြေးနိုင်သူ ဖိုးပိန်

မှာတော့ သူကြီးအကြောင်းသိနေသူမို့ အိမ်ရှေ့..

ကာထားသော သစ်ပြားအပေါက်မှ လှမ်း၍ချောင်း

ကြည့်လိုက်သည်…ထင်သားပဲ ထုံးစံအတိုင်း သူကြီး

ကအောက်မှာ ဒေါ်ရွှေမိက အပေါ်ကခွစီးလျှက်

သူကြီးဦးသာဒင်အား နအုံနရင်းများ စုံနေအောင်

ကျင်းနေလေတော့သည် ရိုးနေပြီဖြစ်၍ သူကြီးခြံထဲမှ

အထွက်.မှတ်ပြီလား..သာဒင်ကိုဒါမျိုးလာမစမ်းနဲ့ကွ..

အိမ်ထဲမှာ ထွက်လာသော အသံကြောင့်

ဖိုးပိန် အူတွေနာအောင် ကြိတ်ရယ်ရလေတော့သည်

        ကပ္ပိယကြီး…အနောက်မှ လှမ်းခေါ်ခြင်းကြောင့်

ကပ္ပိယကြီး ဦးလူအေး လှည့်ကြည့်တော့ လက်ပံကုန်း

ရွာရဲ့ မျိုးရိုးစဥ်ဆက် ကိုယ့်ဘာသာကိုယ် မဲပေး

အုပ်ချုပ်လာသည့် သူကြီးမင်း ဦးသာဒင်ပင်ဖြစ်နေ၏

ဆိုလေဗျာ…လာထိုင်ဗျာ…အကြမ်းရေလေးသောက်

ဦး…ဒီတော့မှ သူကြီးမင်းလဲ ဝင်ထိုင်ကာ အကြမ်းရေ

တစ်ခွက်ငှဲ့လို့ စကားအစချီလိုက်သည်…ဒီလိုဗျ

ကပ္ပိယကြီးက စာပေဗဟုသုတ…နှံ့စပ်တယ်ဆိုတော့

ကျုပ်…ရွာထိပ်က..သစ်ပုပ်ပင်..တစ္ဆေကြီးရဲ့..နောက်

ခံသမိုင်းကြောင်းများ….သိနေမလားလို့ပါဗျာ…

ကပ္ပိယကြီးဦးလူအေးက ကွမ်းအစ်ထဲမှ ကွမ်းယာ

တစ်ယာကို ဖြေးညှင်စွာယာပြီး ပါးစပ်ထဲထည့်ကာ

ဝါးလိုက်ပြီးမှ…ဒါက.ဒီလိုဗျ…အရင်ကျောင်းထိုင်

ဆရာတော်ကြီး…နတ်ရွာစံပျံလွန်တော်…မမူခင်က

သူတပည့်ဖြစ်တဲ့….ယခုကျောင်းထိုင်ဆရာတော်ကို

အာ့ဒီသစ်ပုပ်ပင်ကြီးအကြောင်း…မိန့်ခဲ့ဘူးတာရှိတယ်

ပါးစပ်ထဲမှ ကွမ်းတံတွေးများ တစ်ချက်ထွေးလိုက်ပြီး

စကားကိုဆက်လေသည်. ဆရာတော်ကြီးရဲ့… ခမည်း

တော် မယ်တော်တို့ ခေတ်က..ဂျပန်ခေတ်ပေါ့ဗျာ…

ဟုတ်ကဲ့…ဦးသာဒင်စိတ်ဝင်စားလာ၏…အခုဒီရွာက

လူတွေ…တော်တော်များများက…ငွေကြေးချမ်းသာ

သူတွေများတယ်တဲ့ဗျ…သြော်…ဒါနဲ့…အဲ့ဒီထဲကမှ

ပိုပြီးချမ်းသာတဲ့…သူဌေးကြီးတစ်ဦးက…ခေတ်စနစ်

ကို…အခွင့်အရေးယူ….ဂျပန်တွေနဲ့ပေါင်းပြီး..ဒီရွာက

မရှိဆင်းရဲ့တဲ့သူအချို့အပေါ်…အမြတ်ကြီးစား….

ကုပ်သွေးစုပ်ရင်း..ရွာမှာ.ထင်တိုင်းကျဲနေတာပဲတဲ့ဗျာ

ဒါကို…တော်လှန်ရေး..ရဲဘော်တွေက…အကြိမ်ကြိမ်

သတိပေးခဲ့တယ်…သူကတော့..ဗိုလ်နေမြဲ..ကျားနေမြဲ

တစ်နေ့တော့…တော်လှန်ရေးရဲဘော်တွေ…ရောက်လာ

ပြီး…အဲ့ဒီသူဌေးကြီးကို…အခုရွာထိပ်က…သစ်ပုပ်ပင်

မှာ….ခေါင်းဖြတ်…ကွပ်မြတ်လိုက်တာပါပဲဗျာ…သူ့ရဲ့

ကျန်ခဲ့တဲ့ …ပစ္စည်းတွေကို…စွဲလမ်းနေတဲ့စိတ်ကြောင့်

မကျွတ်မလွတ်ဘဝနဲ့…အခုထိခြောက်လှန့်နေတာလို့

​ဆရာတော်က မိန့်ခဲ့တာ….ဟာ…ဖြစ်မှဖြစ်ရလေဗျာ

ဒါကြောင့်…သူက…အဲ့ဒီအနားကလူတွေကို…ခြောက်

လှန့်နေတာကိုး….သူကြီးဦးသာဒင်၏ စကားဆုံးမှ

ကပ္ပိယကြီးဦးလူအေးက ဒါနဲ့…သူကြီးလာရင်းကိစ္စ

ကိုပြောဦးလေ….သြော်…ဟုတ်သားပဲ…ဒီလိုဗျ….

ကျုပ်တို့…အဲ့ဒီတစ္ဆေကြီးကို…ဖမ်းမလို့ဗျ….ဦးလူ

အေးကြောင်သွားသည်…ဦးသာဒင်…ခင်များစိတ်ရော

မှန်သေးရဲ့လား….သူကြီးဦးသာဒင် ခေါင်းကုတ်လျှက်

ဘာဖြစ်လို့တုန်း…ကပ္ပိယကြီးရဲ့….ဟာ….သူကြီးက

ဒီလောက်ကြောက်တတ်တာ…အဲ့ဒီတစ္ဆေကိုလက်ရ

ဖမ်းမယ်ဆိုတော့ကား….ကိုယ့်သေတွင်းကိုယ်တူး

သလိုများဖြစ်မနေဘူးလားဗျာ….စဥ်းစားဦးနော်…..

သူကြီးဦးသာဒင်လည်း ခဏတွေဝေသွားပြီးနောက်

မရတော့ဘူး….ကပ္ပိယကြီးရေ…ကျုပ်…ရွာသားတွေ

အရှေ့မှာ…ဖမ်းပေးပါ့မယ်လို့…ပြောခဲ့ပြီးပြီဗျ…

ဒီတော့ကပ္ပိယကြီးက..ကဲဒါဆိုလည်း…ခင်များဘာ

တွေများစီမံထားတုန်းဗျ…တော်ရုံနဲ့တော့…မရဘူးနော်

သူကြီးဦးသာဒင်မျက်နှာ ဝင်းလက်သွားပြီး…ဒီလိုဗျ

ကျုပ်ရဲ့…သူကြီးအမိန့်နဲ့…နေရာပြောင်းခိုင်းမလို့ဗျ…

ဟာ….သူကြီး…မဖြစ်ဘူးထင်တယ်နော်….ကပ္ပိယကြီး

ရယ်ဘာလို့မဖြစ်ရမှာလဲ…ကျုပ်က…ဒီရွာသူကြီးပါဗျ

ကဲ…တားမရတော့လဲ…သဘောဗျာ…ကျုပ်တော့ရင်

လေးမိသား…သူကြီးရေ….ဒီလိုနဲ့ သူကြီးဟာ လကွယ်

ညကိုသာ စောင့်နေပါတော့သည်……

        လကွယ်ညဖြစ်၏ ကောင်းကယ်တစ်ခုလုံး

မှိန်တုတ်တုတ်ကြယ်ရောင်အောက်မှာ ပတ်ဝန်းကျင်

တစ်ခုလုံး ည၁၀နာရီခန့် ရှိပြီမို့ အမှောင်ကြီးစိုးလျှက်

ဦးသာဒင်နဲ့ဖိုးပိန်တို့ ဆရာတပည့်နှစ်ယောက် ရဲဆေး

တောအရက်တစ်ပုလင်းကို တစ်ပိုင်းစီ မော့ကာ

လက်စွဲတော် နှစ်လုံးပြူးစွဲလျှက် ရွာထိပ်ဘက်သို့

မီးအိမ်လေးစွဲကာ ထွက်ခဲ့လေတော့သည် သစ်ပုပ်ပင်

ကြီးနားရောက်တော့ လေလေးက တစ်ဖြူးဖြူး

ယမကာတန်ခိုးက ခပ်ထွေထွေနှင့် နှစ်ယောက်သား

တတ်ကြွလို့နေ၏ မီးအိမ်ကလေးမြေပေါ်ချကာ

သူကြီး ဦးသာဒင်မှ…ဟိတ်ကောင်…ဖိုးပိန်..တစ်ကယ်

လို့…တစ်ခုခုဆိုတာနဲ့…နောက်လှည့်မကြည့်နဲ့…ငါ့ကို

ဆွဲပြီး…ပြေးသာပြေးနော်…ဟာ…သူကြီးကလည်း

မောင်းတောင်မထုတ်ရသေးဘူး…ပြေးဖို့က..အရင်ပါ

လားဗျ….သူကြီးဦးသာဒင်က…စိတ်မရှည်ဟန်ဖြင့်

ဒီမယ်ဟကောင်…ငါက…အရံအစီအစဥ်ကို..ပြောတာ

ကွ…ဒီတစ္ဆေပြသနာရှာကြည့်ပါလား…ငါရဲ့လက်စွဲ

တော်နှစ်လုံးပြူးနဲ့….တွေ့သွားမှာပေါ့….ဖိုးပိန်လည်း

ဖြစ်ချင်ရာဖြစ်…လွှတ်သာပေးလိုက် လေတော့၏

​အဟမ်း…အဟမ်း…သြဇာသံအပြည့်နဲ့ ခေါင်းဟန့်

လိုက်ပြီး….ကဲ…ဒီအပင်မှာရှိတဲ့…နာနာဘဝအပယ်ဘုံ

သား…ခင်များကို…ဟော့ဒီ…လက်ပံကုန်းရွာသူကြီး

အမိန့်ပေးနေတယ်…ယနေ့ကစပြီး…ဒီသစ်ပုပ်ပင်ဟာ

ခင်များနဲ့မသက်ဆိုင်တော့ဘူး…သွားလိုသွားပေတော့

အဟမ်း…အဟမ်း…ဖိုးပိန်စိတ်မရှည်တော့ ဟာ…..

သူကြီး….တစ္ဆေလာမောင်းထုတ်လား…သူကြီးက..

ချောင်းလာဆိုးတာလား…..မြန်မြန်ပြောဗျာ…သူကြီး

လည်း ချောင်းဟန့်ခြင်းကို ခဏရပ်ကာ..နေစမ်းပါဦး

ဖိုးပိန်ရယ်…ငါနောက်ထပ်…နှစ်ကြိမ်ပြောရဦးမှာကွ…

မင်းကတစ်မှောင့်…ဖိုးပိန်အား လှည့်ဟောက်ပြီး

သူကြီးဦးသာဒင်လည်း နောက်ထပ်တစ်ကြိမ် ရှေ့က

ပြောခဲ့သည့်အတိုင်း ပြောလေ၏…ဒုတိယအကြိမ်

ပြောသောအခါ တော်တော်ထူးခြားလာသည် လေ

မတိုက်ပဲ သစ်ပင်များ ယိမ်းထိုးလျှက် အပုပ်နံ့များက

မသတီစရာ လှိုင်ထလို့နေ၏ အနောက်မှ ရပ်စောင့်နေ

သည့်ဖိုးပိန်မှာလည်း ပြေးချင်နေပြီး ဖြစ်၏ တတိယ

အကြိမ်လဲပြောရော သစ်ပုပ်ပင်ကြီးဆီက ညည်းသံ

အကျယ်ကြီးကြားရလျှက်…​ခေါင်းမပါသော

တစ္ဆေကြီး ဇောက်ထိုးဆင်းလာချေပြီ…သ…သ..သ

သူကြီး…အဲ့…အဲ့…ဒါကြီးပဲဗျ…ကျုပ်…ကျုပ်ကို

ခြောက်လွှတ်လိုက်တာ…ဖိုးပိန်စကားများထစ်လျှက်

သူကြီးဦးသာဒင်မှာတော့…လက်ထဲမှနှလုံးပြူးကြီး

မြေပါ်ပစ်ချလျှက်….မော့ကြည့်ကာ…ကြောက်းသေး

များထွက်ကာ မတ်တပ်သတိလစ်နေ၏….သ…သ..

သူကြီး…ပစ်…ပစ်…တော့လေဗျာ…ဖိုးပိန်မှာ အထစ်

ထစ်အငေါ့ငေါ့ဖြင့် သတိပေးပါသော်လဲ သူကြီးဦးသာ

ဒင်မှာ ပါးစပ်ထဲမှ သရေများပင် ထွက်ကျလျှက်

သတိမရနိုင်သေး ဒီတော့ ဖိုးပိန်လည်း အစောထဲက

ကြိုခန့်မှန်းထားသည်မို့ ဖိနပ်ခါးကြားထိုးခဲ့ပြီးဖြစ်၍

သူကြီးအနားသို့ အလျှင်အမြန်ပြေးကာ လက်အား

လှမ်းဆွဲပြီး သူကြီးမှာခဲ့သည့်အတိုင်း နောက်လှည့်မ

ကြည့်နေတော့ပဲ ရွာထဲသို့ အားကုန်ပြေးလေတော့

သည် မည်မျှပြေးလာခဲ့သည်မသိ ရွာလည် ကုက္ကိုပင်

ကြီးနားရောက်လာခဲ့ပြီဖြစ်သည်….ဟော….ဟဲ…ဟာ.

သူကြီးရယ်…ကျုပ်…ပြောခဲ့သားပဲ…သူကြီးအခုတော့

သိပြီမဟုတ်လား…အဲ့ဒီကောင်ကြီးက…မလွယ်ပါဘူး

ဆို…ဖိုးပိန် နောက်လှည့်မကြည့်သေး ပြေးနေစဲ

ရုတ်တရက် ဖိုးပိန်နှာခေါင်းထဲ ခုဏရခဲ့သော အပုပ်နံ့

တို့ နံ့စော်လာပြန်၏…ဟာ…ဟိုကောင်ကြီး..လိုက်လာ

ပြန်ပြီထင်တယ်…သူကြီးကလဲ…အမြန်ပြေးပါဗျ…

သူကြီး…ဖိုးပိန်လှည့်အကြည့်…သ….သ…ကြီး…မ….

မ….ဟုတ်…သ….သ….ရဲ…ရဲကြီး…ဟုတ်ပါသည်

ဖိုးပိန် လှည့်မကြည့်တမ်း တစ်လမ်းလုံး ဆွဲပြေးလာ

သည်မှာ သစ်ပုပ်ပင်မှ ခေါင်းပြတ်တစ္ဆေကြီးပင် ဖြစ်

နေတော့၏…အမေရေ….ကယ်ကြပါဦးဗျာ…အီး..ဟီး

သ….ရဲ…ကြီး….ဖိုးပိန်ခြေလှမ်းတို့..ဘုန်းကြီးကျောင်း

ဘက်သို့…ဦးတည်မိလျှက်သား…ခြေကုန်အောင်ပြေး

လေတော့သည် အနောက်မှလည်း လက်ကြီးဖြန့်ပြီး

လိုက်လာ၍နေသည် ရွာလမ်းတွေကို အလွတ်ရပေမဲ့

အမှောင်ထဲပြေးနေရသည်မို့ ခလုတ်များတိုက်ခါ

အကြိမ်ကြိမ် ကျွမ်းပစ်ခဲ့ပြီး ဖိုးပိန်မနာနိုင် မနားနိုင်ပါ

ဒီလိုနဲ့ ဘုန်ကြီးကျောင်းဝင်းထဲသို့ ဝင်လိုက်သည်နှင့်

ကျောင်းပေါက်ဝမှာရပ်၍ ကျန်နေခဲ့တော့သည်…

ကပ္ပယကြီးနေတဲ့ သိမ်ကြီးဘက်မှာ မီးရောင်တွေ့ရ

သည်မို့ ဖိုးပိန်အားတတ်သွားသည် တံခါးကို အပြေး

အလွှားထုခါ ….ကပ်…ကပ်….ကပ်ပ္ပိယကြီး…တံ..တံ

ခါး…ဖွင့်ပါဦးဗျ….ကျုပ်…ကျုပ်…ဖိုးပိန်ပါ…အေးလာ

ပြီကွ အထဲမှ ကပ္ပိယကြီးဦးလူအေး ထွက်လာပြီး

ဟာ…ဖိုးပိန်…မင်းဘယ်လိုဖြစ်လာတာလဲ…အဲ့ဒါတွေ

နောက်မှပြောဗျာ…တံ…တံခါး…ပိတ်လိုက်တော့ဗျ…

ကျုပ်ကို…ရေတစ်ခွက်လောက်တိုက်ပါဗျာ…အားကုန်

ပြေးရသည်က တစ်ကြောင်း လမ်းခရီးမယ် ချော်လဲ

ခဲ့တာက တစ်ကြောင်း ဖိုးပိန် ​​ချွေးများရွှဲကာ ဖုန်တွေ

တစ်ကိုယ်လုံးအလိမ်းလိမ်းနှင့် ရုပ်လုံးတောင်မပေါ်

တော့ ကပ္ပိယကြီးကမ်းပေးသော ရေတစ်ခွက်အား

ဖိုးပိန်အားရအောင် မော့သောက်လိုက်ပြီ အမောပြေ

တော့မှ ဒီလိုကပ္ပိယကြီးရေ ဖြစ်ကြောင်းကုန်စင်ကို

ဖိုးပိန်ပြောပြလိုက်ပြီးနောက် ကပ္ပိယကြီးက ဟာ…

ဒီလိုတော့ ဘယ်ဖြစ်မလဲကွ…ဆရာတော်ကို…. နှိုးပြီး

လိုက်သွားရမှာပေါ့….သူကြီးတစ်ယောက်ထဲ…ကျန်ခဲ့

တာ…မဟုတ်လား…ဟုတ်တယ်…ကပ္ပိယကြီးရေ…

ကျုပ်လဲ… သူကြီးပြောသလို…နောက်လှည့်မကြည့်ပဲ

သူကြီးအမှတ်နဲ့…အဲ့ဒီတစ္ဆေကြီးကို…ဆွဲပြေးလာမိ

တာ…အခုကျောင်းပေါက်ဝမှာ…ကျန်နေခဲ့တယ်ဗျ…

ကဲ…ကဲ…အချိန်ဆွဲနေလို့…မဖြစ်ဘူးကွ..ဆရာတော်

ကို…အမြန်သွားနှိုးကြမယ်…ဆရာတော်ကို

အကြောင်းစုံလျှောက်ပြီး ပင့်လာတော့ ကျောင်းအဝ

မှာ ထိုတစ္ဆေကြီးက ရှိနေချေတော့၏ ဒီတော့

ဆရာတော်လဲ မေတ္တာပို့ကာ..ထိုတစ္ဆေကြီးအား…

ဆုံးမလေတော့သည်…ကဲ…ဒကာကြီး…သင်ဟာ

လူဘုံလူ့ဘဝကို… ရခိုက်မှာ… အလှူဒါနနည်းခဲ့လို့

မကောင်းတဲ့အမှု့တွေကို…ကာယကံ..ဝစီကံ..မနောကံ

အလျှောက်…ကျူးလွန်ခဲ့တဲ့အတွက်…ယခုလို..ယုတ်

ညံ့တဲ့..ပြိတ္တာဘုံဘဝကို… ရောက်ရှိပြီး..ဒုက္ခဆင်းရဲ

ကို…ခံစားနေရတာ…ထပ်ပြီးတော့…သံသယာလည်

မယ့်…အမှု့ကို…မပြုပါနဲ့တော့ကွယ်…လာ…လာ..

ဒကာကြီးနဲ့…ရွာထိပ်နဲ့က…မအပ်စပ်ဘူးကွဲ…ဒကာ

ကြီးကို…ဘုန်းကြီးနေရာပေးမယ်…လာ…လာ….

ဆရာတော် ခေါ်သည့်နောက်သို့  လက်အုပ်လေးချီကာ

လိုက်သွားပါတော့သည် ….ကဲ…ဖိုးပိန်ရေလာကွ…

သူကြီးကို…သွားကြည့်ရအောင်…ကပ္ပိယကြီးနဲ့အတူ

ဖိုးပိန်လည်း သူကြီးဦးသာဒင်ရှိရာ ရွာထိပ်သစ်ပုပ်ပင်

ကြီးသို့ အပြေးသွားရလေတော့သည် ဟိုရောက်တော့

သူကြီးက အပင်ခြေရင်းနားမှာ နှစ်လုံးပြူးလွယ်တဲ့

ကြိုးက ခြေထောက်ကို စွပ်လျှက် ခွေခွေလေးလဲနေ

တော့သည် မြေပေါ်သို့ ချာထားသော မီးအိမ်လေးမှာ

မငြိမ်သေးသောကြောင့် မြင်နေရပြီး သူကြီးအား

ကပ္ပိယကြီးနဲ့ ဖိုးပိန်တို့နှစ်ယောက် ဝိုင်းမကာ ရွာထဲသို့

သယ်မရင်း ​သူကြီးရဲ့ ကြောက်သေးများကြောင့်

နံစော်လို့နေပါတော့သည်….

       နွေ၏မနက်ခင်းမှာ ကျေးငှက်သာရကာ အသံ

များဖြင့် သာယာလို့နေသည် သူကြီးအိမ်ရှေ့ကွပ်ပစ်

ပေါ်မှာ သူကြီးက စောင်ခြုံလျှက် ကပ္ပိယကြီးနဲ့ဖိုးပိန်

တို့ နှစ်ယောက်လဲ ရောက်နေ၍ သူကြီးကတော်

ဒေါ်ရွှေမိက လက်ဖက်သုပ်နဲ့ အကြမ်းအိုးချပေးကာ

ကပ္ပိယကြီးမှ စကားစလေသည် ….ဘယ်လိုလဲဗျ…

သူကြီးရ…သက်သာရဲ့လား…စောင်ခြုံထဲမှသူကြီးက

ရေနွေးပူပူတစ်ခွက်ကို… မှုတ်သောက်ကာ..သက်သာ

ပါတယ်ဗျာ….ဒါနဲ့ညက..သူကြီးဘယ်လိုဖြစ်ပြီးတော့

ကျန်ခဲ့တာလဲဗျ…ဖိုးပိန်ရဲ့အမေးကြောင့် သူကြီးလဲ

ရှက်ကိုးရှက်ကန်းဖြစ်ကာ …အေးကွ…ညကငါလဲ…

ကြောင်ပြီးတော့….နှလုံးပြူးသေနတ်လွတ်ကျတော့

ခြောက်ထောက်ပေါ်ကိုလေ… နာသွားလို့သတိရတော့

မင်းကငါ့အနားပြေးလာ..ငါလဲလှည့်အထွက် အဲ့ဒီမှာ

ခုဏကလွတ်ကျတဲ့…​နှလုံးပြူးလွယ်တဲ့ကြိုးက..ငါ့

ခြေထောက်ကိုချိတ်ပြီး…ပစ်လဲတာ…သစ်ပုပ်ပင်

အမြစ်နဲ့ငါနဖူးနဲ့မိတ်ဆက်ပြီး…သတိလစ်နေတော့

တာပဲဟေ့….ဟား….ဟား…ဟား…စကားဝိုင်းလေး

မှာအခုမှရယ်သံများဖုံးလွမ်းလျှက် ထိုနောက်ပိုင်း

သစ်ပုပ်ပင်မှ တစ္ဆေကြီးလဲ ဘုန်ကြီးကျောင်းအနောက်

က ပေပင်သို့ ရွေ့ပြောင်းလိုက်ခြင်းကြောင့် စိတ်ချကာ

သွားလာလို့ရတော့၏ လက်ပံကုန်းရွာသူကြီး

ဦးသာဒင်မှာလဲ ရွာထဲမှာ ဟိတ်ဟန်သိပ်မပြရဲတော့

ပါချေ ……
.
.
ပြီးပါပြီ
.
.
#လေလွင့်လူ(တွံတေး)
.
.
ဆက်လက်ကြိုးစားပါဦးမည်