Unicode Version
“သရဲဖိုးတေနှင့်နွားကျောင်းသား”(စ/ဆုံး)
————————————————-
လွန်ခဲ့သော အနှစ်လေးဆယ်ကျော်ခန့် လောက်ကအထက်မြို့ကျေးရွာဖြစ်သောမြင်းခြံ
နယ်အပိုင် ရွာတစ်ရွာတွင် နွားကျောင်းသား
လူပျိုလူရွယ် တစ်စုတို့သည် ရွာပြင်ဘက် လယ်
ကွင်းကလေးတွင် နွားကျောင်းလျက်နေကြစဉ်
လူငယ်တို့၏ သဘာဝအလျောက် သစ်ပင်ရိပ်
အောက်တွင် ကစားသူကကစား၊ သီချင်းဆို သူက ဆို၊ ပုလွေမှုတ်သူကမှတ်၊ စကားစုရုံးပြီး
ပြောသူကပြောနှင့် တောရွာဓလေ့အတိုင်း
ပျော်ပါး၍ နေကြလေ၏။
ထိုသူတို့အထဲမှ ဖိုးထူးဆိုသော လုလင်ပျို တစ်ယောက်သည်သီချင်းသီဆိုနေရာမှတသမ်း
သမ်း တဝေဝေနှင့် ဖြစ်လာပြီးသော် ထိုနေရာမှ ငိုက်ခနဲ မြေသို့ခေါင်းစိုက် လည်ကာ လဲကျသွားလေ၏။ ထိုအခါ အနီးရှိသူငယ်ချင်းတို့မှာ ဘာလုပ် ရမှန်းမသိဘဲ မိမိတို့ကြားဖူးသမျှ ပရိတ်ဂါထာတို့ကို စိုးရိမ်ကြီးစွာနှင့် ရွတ် ဖတ်မန်းမှုတ်ကြသော်လည်း ဖိုးထူးမှာ ခေါင်းမထောင်ဘဲ နေလေ၏။
ထိုသူတို့အထဲတွင် ပျော်ရွှင်တတ်သော ဖိုးဝဆိုသူက ထ၍ “အရှင်ကြီး အရှင်ကောင်းတို့ဗျာ၊ မှားမိရင်လည်း ခွင့်လွှတ်ပါ။ အိမ်ရောက်မှ အမဲခြောက် နှင့် တင်မြှောက်ပသပါ့မယ်”ဟု ပြောင်ရွှတ်ရွှတ်နှင့် ပြောလေလျှင် ဖိုးထူး သည် ကိုယ်ကို ယိမ်းယိုင်ကာထလျက် မျက်လုံးကိုမဖွင့်ဘဲ “မကြောက်ပါ နဲ့ သူငယ်ချင်းတို့ရယ်၊ ငါ အရှေ့ဘက်ရွာက ဖိုးတေပါ။ ဆာဆာရှိတာနဲ့ လျှောက်ပြီးအလာမှာ မင်းတို့ကိုအဆင်သင့်တွေ့တာနဲ့ ဝင်ပြီးလာခဲ့ပါတယ်။ စားစရာရှိရင် ကျွေးကြပါကွာ”ဟု ပြောမှ လွန်ခဲ့သော (၂)လခန့်က သေဆုံး သောမိမိတို့ သူငယ်ချင်းဖိုးတေကို သတိရကြလေ၏။ ထိုအခါမှ နွားကျောင်း သား သူငယ်ချင်းတို့သည် ဖိုးတေဖြစ်မှန်းသိသဖြင့် မိမိတို့၌ ပါလာသော နေ့လယ်စာထမင်းထုပ်များကိုဖြေ၍အနည်းငယ်စီကျွေးကြလေ၏။ (ထမင်း စားပြီးသော် ဖိုးထူးသည် ပကတိ လူကောင်းကဲ့သို့ ဖြစ်သွားလေ၏။)
ဖိုးဝကမွန်းရွှေထူး၊ ဘယ့်နှယ်နေသလဲ”ဟု မေးလျှင် ဖိုးထူးမှာ ဘယ့် နှယ်မှမနေကြောင်း ခေါင်းခါ၍ပြနေစဉ် မိမိတို့အနောက်ဘက်မှ“ကိစ္စမရှိပါ ဘူးကွာ၊ ငါ ဆာလို့ ငါမှန်းသိအောင် ဝင်လာတာပါ”ဟု ပြောသံကိုသာ ကြား ရ၏။ လူကိုကား မမြင်ရချေ။ နွားကျောင်းသားတို့ကလည်း သူငယ်ချင်း ဖြစ် သဖြင့် ကြောက်ရွံ့စိတ် မရှိကြချေ။
ဖိုးဝ
“သူငယ်ချင်း – မွန်းတေ၊ မင်း အခုဘာဖြစ်နေသလဲ”
သရဲဖိုးတေ ။ ။ “ငါသရဲဖြစ်နေတယ်ကွ၊ (၂)လရှိပြီ၊ ဟောဟိုကမန်ကျည်း
ပင်မှာနေတယ်။ ယခုတော့ မင်းတို့နဲ့တွေ့လို့ ဟောသည့်
ပေါက်ပင်ကြီးမှာပဲ နေတော့မယ်။ ငါ့မှာ သရဲဖြစ်ကတည်း
က ခုထက်ထိ ဝအောင်တစ်ခါမှ မစားခဲ့ရဘူး။ ဒါကြောင့် နေ့တိုင်းနေ့တိုင်း ငါစားဖို့ ထမင်းကလေး၊ ဟင်းကလေး များ ယူခဲ့ကြပါကွာ။ မင်းတို့ နွားကိုမပျောက်ရအောင် ငါ ကြည့်စောင့်၍ ကျောင်းပေးပါ့မယ်”ဟု ပြောသဖြင့် ထို နေ့မှစ၍နွားကျောင်းသား သူငယ်ချင်းတို့မှာ သရဲဖိုးတေ နှင့် ရင်းနှီးစွာအကျွမ်းဝင်ကြလျက် သရဲဖိုးတေအတွက် ထမင်းဟင်းများ ပို၍ယူခဲ့ကြပြီး နေ့စဉ်ပင် ကျွေးမွေးကြ လေ၏။
နွားများကိုလည်းထိုနေ့မှစ၍ရပ်ဝေးသို့လိုက်ကာအထူးတလည်မရှာ ကြရတော့ပေ။ ပျင်းပျင်းရှိလျှင် သရဲဖိုးတေနှင့် ရယ်မောစရာစကားများကို ပြောဆိုလျက် ပျော်ရွှင်စွာ နေကြလေ၏။
တစ်နေ့သ၌ နွားကျောင်းသားသူငယ်ချင်းတို့သည် သရဲဖိုးတေနှင့် ရယ်မောစရာစကား ပြောဆိုနေကြစဉ် ဖိုးဝက“မွန်းတေရယ် – မင်းနဲ့စကား ပြောရတာ လူလည်းမမြင်ရ၊ ဘာလည်း မမြင်ရနဲ့ မင်းရုပ်ကို ငါတို့ တစ်ခါ လောက် ပြစမ်းပါကွယ်”ဟု ပြောသောအခါ သရဲဖိုးတေက “ဟာ-မကြည့် ချင်ပါနဲ့ သူငယ်ချင်းတို့ရယ်”ဟု အတန်တန် ငြင်းဆန်လေ၏။
နေ့စဉ်နေ့တိုင်း ကြည့်ချင်ကြကြောင်းကို ပြောဖန်များလတ်သော် သရဲ ဖိုးတေက “ကဲ-ဒါဖြင့် မင်းတို့ကို ငါ့တစ်ကိုယ်လုံးတော့ မပြလိုဘူး၊ လက် တစ်ဖက်ပဲကြည့်ကြပေတော့။ ကဲ- မျက်စိမှိတ်ထားကြ၊ ငါကကြည့်လို့ဆိုရင် ဟောဟိုက မန်ကျည်းပင်ကြီးကို ကြည့်လိုက်ကြ”ဟု ပြော၍ အသံပျောက် သွားလေ၏။ မကြာမီ “ကဲ- ကြည့်လိုက်ကြတော့”ဟု ပြောသံကြား၍ ကြည့်ကြလေရာ မန်ကျည်းပင်လုံးဘေးမှ ဆန့်တန်းလျက် ထန်းလုံးခန့်မျှ ရှိသော အမွေးရှည်ရှည်ကြီးနှင့် လက်ကြီးတစ်ဖက်မြင်ရလေလျှင် ပထမ၌ ကြောက်စိတ်မရှိသော်လည်း တဖြည်းဖြည်းကြောက်လာကြသဖြင့် “တော်
ပါတော့-တော်ပါတော့ဟေ့”ဟုပြောမှထိုလက်ကြီးကွယ်ပျောက်သွားလေ
၏။
ဤသို့ပင် (၃)လခန့်ကြာသောအခါ တစ်နေ့သောနေ့လယ်တွင် သရဲ ဖိုးတေအား အစာခေါ်၍ကျွေးသော်လည်း မလာရောက်ချေ။ အချိန် အတော်လွန်မှ အနီးသို့လာလျက် “မွန်းဝတို့၊ မွန်းထူးတို့၊ ရွှေဘိုးကြီးတို့ -ငါ
သတင်းတစ်ခု ရခဲ့တယ်ဟေ့။ ဟိုဘက်ကရွာတွေမှာ ဝမ်းရောဂါဖြစ်နေတာ တွေမင်းတို့ကြားကြရဲ့လား” ဟုမေးလေ၏။ ဖိုးဝက“အေး- ကြားတယ်၊ အဲဒါ ဘာဖြစ်သလဲ”ဟု မေးပြန်ရာ သရဲဖိုးတေက “သည်ရောဂါဟာ မကြာခင် မင်းတို့ရွာကို ကူးလာလိမ့်မယ်၊ တစ္ဆေ၊ သရဲ၊ သဘက်တွေက သည်ရွာလာ ပြီး ရောဂါနဲ့တိုက်ကြမလို့တဲ့။ ငါ့မှာတော့ မင်းတို့ကျေးဇူးလည်းရှိတယ်။ သည်ရွာကိုဝမ်းရောဂါမရောက်အောင်ဟာငါစောင့်ရှောက်မယ်၊
ဒါကြောင့်
ငါ့ကိုတုတ်တစ်ချောင်းကောင်းကောင်းသာရှာပေးကြကွာ။ သည်အကောင် တွေကို ငါတစ်ယောက်တည်းနဲ့ တိုက်လိုက်မယ်။ ဟောသည့်နေ့ကစပြီး (၇)ရက်စေ့တဲ့နေ့ နေဝင်ဖျိုးဖျမှာလာကြလိမ့်မယ်။ သည်အခါငါထွက်တိုက် ပြမယ်။ မင်းတို့ရွာဘက်ကို ဖုန်တထောင်းထောင်းထပြီးလာရင် ငါရှုံးတာပဲ၊ ငါရှုံးရင် မင်းတို့ သည်ရွာမှာ မနေကြနဲ့။ တစ်ရွာလုံး ပြောင်းကြပေတော့။ ဟို ရွာဘက်ကိုဖုန်တထောင်းထောင်းထသွားတာကိုမြင်ရရင် ငါနိုင်တာပဲ။ ငါက နိုင်ရင် ကိစ္စမရှိဘူး။ အဲဒါမှတ်ပြီး ဖုန့်ထတာကို ဂရုစိုက်၍ ကြည့်ကြ။ ကဲ- ဘယ်မလဲကွ ငါ့ဖို့အစာ၊ တုတ်ကောင်းကောင်းလည်း မမေ့ကြနဲ့”ဟု ပြော ကာ ထမင်းကျန်ဟင်းကျန်များကို စားသောက်လေ၏။
တစ်ယောက်က ။ ။ “မွန်းတေရဲ့၊ မင်းလိုချင်တဲ့တုတ်ဆိုတာ ဘယ်အရွယ်
လဲကွဲ့”
သရဲဖိုးတေ ။ ။ “တုတ်အရှည် (၆) တောင်လောက်ပေါ့။ လုံးပတ်က တော့ လက်မောင်းလောက်ရှိရင် တော်ပါပြီ”
နွားကျောင်းသား သူငယ်ချင်းတို့လည်း သရဲဖိုးတေပြောသည့်အတိုင်း ရှားသားနှစ်ကောင်းကောင်းခြောက်တောင်ခန့် တုတ်တစ်ချောင်းကိုလုပ်၍ ပေးကြလေ၏။ (၇) ရက်စေ့သောနေ့ နေဝင်ရီတရောအချိန်၌ကား လူကို မမြင်ရ၊ လေလည်းမတိုက်ဘဲနှင့် လှည်းလမ်းတစ်လျှောက်၌ ဖုန်တထောင်း ထောင်း ထနေသည်ကို မြင်ရလေ၏။ ဖုန်တို့အကြားမှ ဟိုယမ်းသည်ယမ်း
နှင့် ရှားသားတုတ်ကြီးသည်လည်း ဖုန်ထဲတွင် ယမ်းလျက်နေသည်ကိုသာ မြင်ရလေ၏။ တစ်ခါတစ်ခါ ဖုန်တန်းကြီးသည် မိမိတို့၏ ရွာဘက်သို့ တထောင်းထောင်း ထလျက်လာလေ၏။ တစ်ခါတစ်ခါလည်း ဟိုဘက်ရွာ ဆီသို့တန်းလျက်ပြေးသွားသည်ကိုမြင်ရလေ၏။ နေလုံးပျောက်ပြီးမကြာမီ အချိန်ကလေးတွင်ကား ဖုန်ထောင်းထောင်းထလျက် ဟိုဘက်ရွာဆီသို့ အဆုံးစွန် ဖုန်ထသွားသည်ကို မြင်လိုက်ရလေ၏။ များမကြာမီ သရဲဖိုးတေ သည်ရွာဝ၌ရပ်နေကြောင်းကိုရှားသားတုတ်ကြီးကိုမြင်ရသဖြင့် သိရပေ၏။ ရွာသားများနှင့် နွားကျောင်းသားတို့သည်လည်း ဝမ်းသာအားရစွာ ဆန် ကွဲနှင့် ငါးခြောက်စသည်ကိုရောနှောကျိုချက်လျက်ဝလင်အောင်ကျွေးမွေး ကြလေ၏။ ထိုနေ့မှစ၍ထိုရွာကလေး၌ ရောဂါတစ်စုံတစ်ရာမျှ မဖြစ်ချေ။
ထို့နောက်တစ်လခန့်ကြာသောအခါသရဲဖိုးတေသည်နွားကျောင်းသား များရှိရာသို့လာပြီးလျှင် “သူငယ်ချင်းတို့ – ငါတော့ သည်ရွာမှာ မနေရတော့ ဘူး၊ ရွာစောင့်နတ်ကြီးက နှင်နေပြီ။ ဒါကြောင့် ငါမသွားခင် သုံးရက်လောက် ဝအောင်ကျွေးကြစမ်းပါကွာ”ဟုငိုသံပါနှင့်ပြောသဖြင့် ရွာသားများနှင့်တကွ နွားကျောင်းသားတို့သည်လည်း ဝမ်းနည်းစွာနှင့် သရဲဖိုးတေပြောဆိုတိုင်း ဝအောင် ကျွေးမွေးကြလေ၏။ သုံးရက်မြောက်သောနေ့၌ သရဲဖိုးတေကို မတွေ့ရတော့ချေ။
ဤသို့ဖြင့် နှစ်လရှည်ကြာ၍ နွားကျောင်းသားတို့သည် သားမယားနှင့် အိမ်ထောင်ကျကုန်လျက်တစ်ရပ်တစ်ရွာသို့ စီးပွားရှာထွက်သူကထွက်ကြ လေ၏။ ဖိုးထူးသည်ကား လှေတက်နှင့် အထက်ကုန်အောက်ကုန် စုန်ဆင်း ခဲ့ရာ တရုတ်မှော်ဆိပ်ကမ်း၏ အောက်နားမှ “မင်းတို့လှေ ခဏဆိုက်ပါဦး
ဟေ့။ ဟိုဟာ- ဘိုးထူးမဟုတ်လား”ဟုအမည်ကိုထုတ်ခေါ်သံကြားရသဖြင့် လှေခဏဆိုက်ပြီး လူကို ရှာဖွေသော်လည်း ဘာမျှ မတွေ့ရဖြစ်လေ၏။ ထို့ နောက်မှ “ဟေ့- မွန်းဘိုးထူးရဲ့-လှေပေါ်က ဆင်းပါဦးကွာ။ ငါ ဖိုးတေလေ မင်းတို့ဆီက ထွက်လာပြီး သည်မှာရောက်နေတယ်”ဟုပြောမှ သရဲဖိုးတေ မှန်း သိရလေ၏။
သရဲဖိုးတေက“သူငယ်ချင်းရယ် ငါမင်းတို့ဆီကထွက်လာကတည်းက ထမင်းဝအောင် တစ်ခါမှ မစားရဘူး။ ဒါကြောင့် ငါ့ကို ကျွေးခဲ့ပါဦးကွာ”ဟု ပြောသဖြင့် နောက်က မိတ်ဆွေရင်းဖြစ်ခြင်းကြောင့် ထမင်းဟင်းလျာကို ကျွေးရလေ၏။ သရဲဖိုးတေသည် စားသောက်ပြီးသောအခါ “ဟေ့ – မွန်းဖိုး ထူးရဲ့ဖိုးဝကြီးတို့၊ ရွှေဘိုးတို့၊ ကျော်ဒင်တို့မာကြရဲ့လားကွဲ့။ ငါတော့ မင်းတို့ဆီ လာချင်ပေမယ့်နယ်ပိုင်ရှင်ကမသွားရဘူးတဲ့။ မင်းလည်းပဲသည်မှာ သုံးလေး ရက်လောက် နေပါဦးကွာ။ မင်း လှေ ဘာတစ်ခုမှ မဖြစ်ရပါဘူး။ အဆုံးပြော မယ် ကျီးတစ်ကောင်တောင်မှမနားရပါဘူး”ဟုပြောသဖြင့် ဖိုးထူးသည် သုံး လေးရက်မျှ ဝံ့၍နေရလေ၏။
ကုန်ရောင်းဝယ်ပြီး၍ အဆန်တွင်လည်း သုံးလေးရက်ခန့် ထိုနေရာ၌ နားနေပြီးလျှင် သရဲဖိုးတေအား ကျွေးမွေးရပြန်လေ၏။ အထက်သို့ ဆန်ခါနီး တွင် သရဲဖိုးတေက “မွန်းရွှေထူးရယ် – ဟိုရောက်ရင် တို့သူငယ်ချင်းတွေကို ပြောလိုက်စမ်းပါကွာ၊ ငါ့အတွက် ရည်မှန်းလျက် ဆွမ်းကလေးများသွတ်၍ ငါ့ကို အမျှအတန်းပေးဝေပါ”ဟု မှာကြားလိုက်သဖြင့် မောင်ဖိုးထူးရွာသို့ ရောက်သောအခါ သူငယ်ချင်းတစ်စုတို့နှင့်တိုင်ပင်၍ ဆွမ်းသွတ်ပြီး သရဲ ဖိုးတေအား အမျှအတန်းပေးဝေကြလေ၏။ နောက် ထိုအရပ်သို့ လှေနှင့် ရောက်လာသောအခါသရဲဖိုးတေအားမတွေ့ရတော့ချေ။ (သရဲဘဝမှ ကျွတ် လွတ်၍ သွားဟန်တူပေသည်။) ဤအထက်ပါပုံကို အရှင်ဦးသေနာပတိ သည် အထက်မန္တလေးသို့ စာသင်ရန်သွားစဉ် ပခုက္ကူ၊ မြင်းခြံ စသောအရပ်
တို့ကို ခေတ္တလှည့်လည်သွားရာ မြင်းခြံနယ်ဖြစ်သော ရွာတစ်ရွာမှ အသက် (၇၃)နှစ်ခန့်ရှိသော အဘိုးကြီး ဦးသာလန်း၏ ပြောကြားချက်ဟု သိရှိရ ပေ၏။
Zawgyi Version
“သရဲဖိုးေတႏွင့္ႏြားေက်ာင္းသား”(စ/ဆံုး)
————————————————-
လြန္ခဲ့ေသာ အႏွစ္ေလးဆယ္ေက်ာ္ခန႔္ ေလာက္ကအထက္ၿမိဳ႕ေက်း႐ြာျဖစ္ေသာျမင္းၿခံ
နယ္အပိုင္ ႐ြာတစ္႐ြာတြင္ ႏြားေက်ာင္းသား
လူပ်ိဳလူ႐ြယ္ တစ္စုတို႔သည္ ႐ြာျပင္ဘက္ လယ္
ကြင္းကေလးတြင္ ႏြားေက်ာင္းလ်က္ေနၾကစဥ္
လူငယ္တို႔၏ သဘာဝအေလ်ာက္ သစ္ပင္ရိပ္
ေအာက္တြင္ ကစားသူကကစား၊ သီခ်င္းဆို သူက ဆို၊ ပုေလြမႈတ္သူကမွတ္၊ စကားစု႐ုံးၿပီး
ေျပာသူကေျပာႏွင့္ ေတာ႐ြာဓေလ့အတိုင္း
ေပ်ာ္ပါး၍ ေနၾကေလ၏။
ထိုသူတို႔အထဲမွ ဖိုးထူးဆိုေသာ လုလင္ပ်ိဳ တစ္ေယာက္သည္သီခ်င္းသီဆိုေနရာမွတသမ္း
သမ္း တေဝေဝႏွင့္ ျဖစ္လာၿပီးေသာ္ ထိုေနရာမွ ငိုက္ခနဲ ေျမသို႔ေခါင္းစိုက္ လည္ကာ လဲက်သြားေလ၏။ ထိုအခါ အနီးရွိသူငယ္ခ်င္းတို႔မွာ ဘာလုပ္ ရမွန္းမသိဘဲ မိမိတို႔ၾကားဖူးသမွ် ပရိတ္ဂါထာတို႔ကို စိုးရိမ္ႀကီးစြာႏွင့္ ႐ြတ္ ဖတ္မန္းမႈတ္ၾကေသာ္လည္း ဖိုးထူးမွာ ေခါင္းမေထာင္ဘဲ ေနေလ၏။
ထိုသူတို႔အထဲတြင္ ေပ်ာ္႐ႊင္တတ္ေသာ ဖိုးဝဆိုသူက ထ၍ “အရွင္ႀကီး အရွင္ေကာင္းတို႔ဗ်ာ၊ မွားမိရင္လည္း ခြင့္လႊတ္ပါ။ အိမ္ေရာက္မွ အမဲေျခာက္ ႏွင့္ တင္ေျမႇာက္ပသပါ့မယ္”ဟု ေျပာင္႐ႊတ္႐ႊတ္ႏွင့္ ေျပာေလလွ်င္ ဖိုးထူး သည္ ကိုယ္ကို ယိမ္းယိုင္ကာထလ်က္ မ်က္လုံးကိုမဖြင့္ဘဲ “မေၾကာက္ပါ နဲ႔ သူငယ္ခ်င္းတို႔ရယ္၊ ငါ အေရွ႕ဘက္႐ြာက ဖိုးေတပါ။ ဆာဆာရွိတာနဲ႔ ေလွ်ာက္ၿပီးအလာမွာ မင္းတို႔ကိုအဆင္သင့္ေတြ႕တာနဲ႔ ဝင္ၿပီးလာခဲ့ပါတယ္။ စားစရာရွိရင္ ေကြၽးၾကပါကြာ”ဟု ေျပာမွ လြန္ခဲ့ေသာ (၂)လခန႔္က ေသဆုံး ေသာမိမိတို႔ သူငယ္ခ်င္းဖိုးေတကို သတိရၾကေလ၏။ ထိုအခါမွ ႏြားေက်ာင္း သား သူငယ္ခ်င္းတို႔သည္ ဖိုးေတျဖစ္မွန္းသိသျဖင့္ မိမိတို႔၌ ပါလာေသာ ေန႔လယ္စာထမင္းထုပ္မ်ားကိုေျဖ၍အနည္းငယ္စီေကြၽးၾကေလ၏။ (ထမင္း စားၿပီးေသာ္ ဖိုးထူးသည္ ပကတိ လူေကာင္းကဲ့သို႔ ျဖစ္သြားေလ၏။)
ဖိုးဝကမြန္းေ႐ႊထူး၊ ဘယ့္ႏွယ္ေနသလဲ”ဟု ေမးလွ်င္ ဖိုးထူးမွာ ဘယ့္ ႏွယ္မွမေနေၾကာင္း ေခါင္းခါ၍ျပေနစဥ္ မိမိတို႔အေနာက္ဘက္မွ“ကိစၥမရွိပါ ဘူးကြာ၊ ငါ ဆာလို႔ ငါမွန္းသိေအာင္ ဝင္လာတာပါ”ဟု ေျပာသံကိုသာ ၾကား ရ၏။ လူကိုကား မျမင္ရေခ်။ ႏြားေက်ာင္းသားတို႔ကလည္း သူငယ္ခ်င္း ျဖစ္ သျဖင့္ ေၾကာက္႐ြံ႕စိတ္ မရွိၾကေခ်။
ဖိုးဝ
“သူငယ္ခ်င္း – မြန္းေတ၊ မင္း အခုဘာျဖစ္ေနသလဲ”
သရဲဖိုးေတ ။ ။ “ငါသရဲျဖစ္ေနတယ္ကြ၊ (၂)လရွိၿပီ၊ ေဟာဟိုကမန္က်ည္း
ပင္မွာေနတယ္။ ယခုေတာ့ မင္းတို႔နဲ႔ေတြ႕လို႔ ေဟာသည့္
ေပါက္ပင္ႀကီးမွာပဲ ေနေတာ့မယ္။ ငါ့မွာ သရဲျဖစ္ကတည္း
က ခုထက္ထိ ဝေအာင္တစ္ခါမွ မစားခဲ့ရဘူး။ ဒါေၾကာင့္ ေန႔တိုင္းေန႔တိုင္း ငါစားဖို႔ ထမင္းကေလး၊ ဟင္းကေလး မ်ား ယူခဲ့ၾကပါကြာ။ မင္းတို႔ ႏြားကိုမေပ်ာက္ရေအာင္ ငါ ၾကည့္ေစာင့္၍ ေက်ာင္းေပးပါ့မယ္”ဟု ေျပာသျဖင့္ ထို ေန႔မွစ၍ႏြားေက်ာင္းသား သူငယ္ခ်င္းတို႔မွာ သရဲဖိုးေတ ႏွင့္ ရင္းႏွီးစြာအကြၽမ္းဝင္ၾကလ်က္ သရဲဖိုးေတအတြက္ ထမင္းဟင္းမ်ား ပို၍ယူခဲ့ၾကၿပီး ေန႔စဥ္ပင္ ေကြၽးေမြးၾက ေလ၏။
ႏြားမ်ားကိုလည္းထိုေန႔မွစ၍ရပ္ေဝးသို႔လိုက္ကာအထူးတလည္မရွာ ၾကရေတာ့ေပ။ ပ်င္းပ်င္းရွိလွ်င္ သရဲဖိုးေတႏွင့္ ရယ္ေမာစရာစကားမ်ားကို ေျပာဆိုလ်က္ ေပ်ာ္႐ႊင္စြာ ေနၾကေလ၏။
တစ္ေန႔သ၌ ႏြားေက်ာင္းသားသူငယ္ခ်င္းတို႔သည္ သရဲဖိုးေတႏွင့္ ရယ္ေမာစရာစကား ေျပာဆိုေနၾကစဥ္ ဖိုးဝက“မြန္းေတရယ္ – မင္းနဲ႔စကား ေျပာရတာ လူလည္းမျမင္ရ၊ ဘာလည္း မျမင္ရနဲ႔ မင္း႐ုပ္ကို ငါတို႔ တစ္ခါ ေလာက္ ျပစမ္းပါကြယ္”ဟု ေျပာေသာအခါ သရဲဖိုးေတက “ဟာ-မၾကည့္ ခ်င္ပါနဲ႔ သူငယ္ခ်င္းတို႔ရယ္”ဟု အတန္တန္ ျငင္းဆန္ေလ၏။
ေန႔စဥ္ေန႔တိုင္း ၾကည့္ခ်င္ၾကေၾကာင္းကို ေျပာဖန္မ်ားလတ္ေသာ္ သရဲ ဖိုးေတက “ကဲ-ဒါျဖင့္ မင္းတို႔ကို ငါ့တစ္ကိုယ္လုံးေတာ့ မျပလိုဘူး၊ လက္ တစ္ဖက္ပဲၾကည့္ၾကေပေတာ့။ ကဲ- မ်က္စိမွိတ္ထားၾက၊ ငါကၾကည့္လို႔ဆိုရင္ ေဟာဟိုက မန္က်ည္းပင္ႀကီးကို ၾကည့္လိုက္ၾက”ဟု ေျပာ၍ အသံေပ်ာက္ သြားေလ၏။ မၾကာမီ “ကဲ- ၾကည့္လိုက္ၾကေတာ့”ဟု ေျပာသံၾကား၍ ၾကည့္ၾကေလရာ မန္က်ည္းပင္လုံးေဘးမွ ဆန႔္တန္းလ်က္ ထန္းလုံးခန႔္မွ် ရွိေသာ အေမြးရွည္ရွည္ႀကီးႏွင့္ လက္ႀကီးတစ္ဖက္ျမင္ရေလလွ်င္ ပထမ၌ ေၾကာက္စိတ္မရွိေသာ္လည္း တျဖည္းျဖည္းေၾကာက္လာၾကသျဖင့္ “ေတာ္
ပါေတာ့-ေတာ္ပါေတာ့ေဟ့”ဟုေျပာမွထိုလက္ႀကီးကြယ္ေပ်ာက္သြားေလ
၏။
ဤသို႔ပင္ (၃)လခန႔္ၾကာေသာအခါ တစ္ေန႔ေသာေန႔လယ္တြင္ သရဲ ဖိုးေတအား အစာေခၚ၍ေကြၽးေသာ္လည္း မလာေရာက္ေခ်။ အခ်ိန္ အေတာ္လြန္မွ အနီးသို႔လာလ်က္ “မြန္းဝတို႔၊ မြန္းထူးတို႔၊ ေ႐ႊဘိုးႀကီးတို႔ -ငါ
သတင္းတစ္ခု ရခဲ့တယ္ေဟ့။ ဟိုဘက္က႐ြာေတြမွာ ဝမ္းေရာဂါျဖစ္ေနတာ ေတြမင္းတို႔ၾကားၾကရဲ႕လား” ဟုေမးေလ၏။ ဖိုးဝက“ေအး- ၾကားတယ္၊ အဲဒါ ဘာျဖစ္သလဲ”ဟု ေမးျပန္ရာ သရဲဖိုးေတက “သည္ေရာဂါဟာ မၾကာခင္ မင္းတို႔႐ြာကို ကူးလာလိမ့္မယ္၊ တေစၦ၊ သရဲ၊ သဘက္ေတြက သည္႐ြာလာ ၿပီး ေရာဂါနဲ႔တိုက္ၾကမလို႔တဲ့။ ငါ့မွာေတာ့ မင္းတို႔ေက်းဇူးလည္းရွိတယ္။ သည္႐ြာကိုဝမ္းေရာဂါမေရာက္ေအာင္ဟာငါေစာင့္ေရွာက္မယ္၊
ဒါေၾကာင့္
ငါ့ကိုတုတ္တစ္ေခ်ာင္းေကာင္းေကာင္းသာရွာေပးၾကကြာ။ သည္အေကာင္ ေတြကို ငါတစ္ေယာက္တည္းနဲ႔ တိုက္လိုက္မယ္။ ေဟာသည့္ေန႔ကစၿပီး (၇)ရက္ေစ့တဲ့ေန႔ ေနဝင္ဖ်ိဳးဖ်မွာလာၾကလိမ့္မယ္။ သည္အခါငါထြက္တိုက္ ျပမယ္။ မင္းတို႔႐ြာဘက္ကို ဖုန္တေထာင္းေထာင္းထၿပီးလာရင္ ငါရႈံးတာပဲ၊ ငါရႈံးရင္ မင္းတို႔ သည္႐ြာမွာ မေနၾကနဲ႔။ တစ္႐ြာလုံး ေျပာင္းၾကေပေတာ့။ ဟို ႐ြာဘက္ကိုဖုန္တေထာင္းေထာင္းထသြားတာကိုျမင္ရရင္ ငါႏိုင္တာပဲ။ ငါက ႏိုင္ရင္ ကိစၥမရွိဘူး။ အဲဒါမွတ္ၿပီး ဖုန႔္ထတာကို ဂ႐ုစိုက္၍ ၾကည့္ၾက။ ကဲ- ဘယ္မလဲကြ ငါ့ဖို႔အစာ၊ တုတ္ေကာင္းေကာင္းလည္း မေမ့ၾကနဲ႔”ဟု ေျပာ ကာ ထမင္းက်န္ဟင္းက်န္မ်ားကို စားေသာက္ေလ၏။
တစ္ေယာက္က ။ ။ “မြန္းေတရဲ႕၊ မင္းလိုခ်င္တဲ့တုတ္ဆိုတာ ဘယ္အ႐ြယ္
လဲကြဲ႕”
သရဲဖိုးေတ ။ ။ “တုတ္အရွည္ (၆) ေတာင္ေလာက္ေပါ့။ လုံးပတ္က ေတာ့ လက္ေမာင္းေလာက္ရွိရင္ ေတာ္ပါၿပီ”
ႏြားေက်ာင္းသား သူငယ္ခ်င္းတို႔လည္း သရဲဖိုးေတေျပာသည့္အတိုင္း ရွားသားႏွစ္ေကာင္းေကာင္းေျခာက္ေတာင္ခန႔္ တုတ္တစ္ေခ်ာင္းကိုလုပ္၍ ေပးၾကေလ၏။ (၇) ရက္ေစ့ေသာေန႔ ေနဝင္ရီတေရာအခ်ိန္၌ကား လူကို မျမင္ရ၊ ေလလည္းမတိုက္ဘဲႏွင့္ လွည္းလမ္းတစ္ေလွ်ာက္၌ ဖုန္တေထာင္း ေထာင္း ထေနသည္ကို ျမင္ရေလ၏။ ဖုန္တို႔အၾကားမွ ဟိုယမ္းသည္ယမ္း
ႏွင့္ ရွားသားတုတ္ႀကီးသည္လည္း ဖုန္ထဲတြင္ ယမ္းလ်က္ေနသည္ကိုသာ ျမင္ရေလ၏။ တစ္ခါတစ္ခါ ဖုန္တန္းႀကီးသည္ မိမိတို႔၏ ႐ြာဘက္သို႔ တေထာင္းေထာင္း ထလ်က္လာေလ၏။ တစ္ခါတစ္ခါလည္း ဟိုဘက္႐ြာ ဆီသို႔တန္းလ်က္ေျပးသြားသည္ကိုျမင္ရေလ၏။ ေနလုံးေပ်ာက္ၿပီးမၾကာမီ အခ်ိန္ကေလးတြင္ကား ဖုန္ေထာင္းေထာင္းထလ်က္ ဟိုဘက္႐ြာဆီသို႔ အဆုံးစြန္ ဖုန္ထသြားသည္ကို ျမင္လိုက္ရေလ၏။ မ်ားမၾကာမီ သရဲဖိုးေတ သည္႐ြာဝ၌ရပ္ေနေၾကာင္းကိုရွားသားတုတ္ႀကီးကိုျမင္ရသျဖင့္ သိရေပ၏။ ႐ြာသားမ်ားႏွင့္ ႏြားေက်ာင္းသားတို႔သည္လည္း ဝမ္းသာအားရစြာ ဆန္ ကြဲႏွင့္ ငါးေျခာက္စသည္ကိုေရာေႏွာက်ိဳခ်က္လ်က္ဝလင္ေအာင္ေကြၽးေမြး ၾကေလ၏။ ထိုေန႔မွစ၍ထို႐ြာကေလး၌ ေရာဂါတစ္စုံတစ္ရာမွ် မျဖစ္ေခ်။
ထို႔ေနာက္တစ္လခန႔္ၾကာေသာအခါသရဲဖိုးေတသည္ႏြားေက်ာင္းသား မ်ားရွိရာသို႔လာၿပီးလွ်င္ “သူငယ္ခ်င္းတို႔ – ငါေတာ့ သည္႐ြာမွာ မေနရေတာ့ ဘူး၊ ႐ြာေစာင့္နတ္ႀကီးက ႏွင္ေနၿပီ။ ဒါေၾကာင့္ ငါမသြားခင္ သုံးရက္ေလာက္ ဝေအာင္ေကြၽးၾကစမ္းပါကြာ”ဟုငိုသံပါႏွင့္ေျပာသျဖင့္ ႐ြာသားမ်ားႏွင့္တကြ ႏြားေက်ာင္းသားတို႔သည္လည္း ဝမ္းနည္းစြာႏွင့္ သရဲဖိုးေတေျပာဆိုတိုင္း ဝေအာင္ ေကြၽးေမြးၾကေလ၏။ သုံးရက္ေျမာက္ေသာေန႔၌ သရဲဖိုးေတကို မေတြ႕ရေတာ့ေခ်။
ဤသို႔ျဖင့္ ႏွစ္လရွည္ၾကာ၍ ႏြားေက်ာင္းသားတို႔သည္ သားမယားႏွင့္ အိမ္ေထာင္က်ကုန္လ်က္တစ္ရပ္တစ္႐ြာသို႔ စီးပြားရွာထြက္သူကထြက္ၾက ေလ၏။ ဖိုးထူးသည္ကား ေလွတက္ႏွင့္ အထက္ကုန္ေအာက္ကုန္ စုန္ဆင္း ခဲ့ရာ တ႐ုတ္ေမွာ္ဆိပ္ကမ္း၏ ေအာက္နားမွ “မင္းတို႔ေလွ ခဏဆိုက္ပါဦး
ေဟ့။ ဟိုဟာ- ဘိုးထူးမဟုတ္လား”ဟုအမည္ကိုထုတ္ေခၚသံၾကားရသျဖင့္ ေလွခဏဆိုက္ၿပီး လူကို ရွာေဖြေသာ္လည္း ဘာမွ် မေတြ႕ရျဖစ္ေလ၏။ ထို႔ ေနာက္မွ “ေဟ့- မြန္းဘိုးထူးရဲ႕-ေလွေပၚက ဆင္းပါဦးကြာ။ ငါ ဖိုးေတေလ မင္းတို႔ဆီက ထြက္လာၿပီး သည္မွာေရာက္ေနတယ္”ဟုေျပာမွ သရဲဖိုးေတ မွန္း သိရေလ၏။
သရဲဖိုးေတက“သူငယ္ခ်င္းရယ္ ငါမင္းတို႔ဆီကထြက္လာကတည္းက ထမင္းဝေအာင္ တစ္ခါမွ မစားရဘူး။ ဒါေၾကာင့္ ငါ့ကို ေကြၽးခဲ့ပါဦးကြာ”ဟု ေျပာသျဖင့္ ေနာက္က မိတ္ေဆြရင္းျဖစ္ျခင္းေၾကာင့္ ထမင္းဟင္းလ်ာကို ေကြၽးရေလ၏။ သရဲဖိုးေတသည္ စားေသာက္ၿပီးေသာအခါ “ေဟ့ – မြန္းဖိုး ထူးရဲ႕ဖိုးဝႀကီးတို႔၊ ေ႐ႊဘိုးတို႔၊ ေက်ာ္ဒင္တို႔မာၾကရဲ႕လားကြဲ႕။ ငါေတာ့ မင္းတို႔ဆီ လာခ်င္ေပမယ့္နယ္ပိုင္ရွင္ကမသြားရဘူးတဲ့။ မင္းလည္းပဲသည္မွာ သုံးေလး ရက္ေလာက္ ေနပါဦးကြာ။ မင္း ေလွ ဘာတစ္ခုမွ မျဖစ္ရပါဘူး။ အဆုံးေျပာ မယ္ က်ီးတစ္ေကာင္ေတာင္မွမနားရပါဘူး”ဟုေျပာသျဖင့္ ဖိုးထူးသည္ သုံး ေလးရက္မွ် ဝံ့၍ေနရေလ၏။
ကုန္ေရာင္းဝယ္ၿပီး၍ အဆန္တြင္လည္း သုံးေလးရက္ခန႔္ ထိုေနရာ၌ နားေနၿပီးလွ်င္ သရဲဖိုးေတအား ေကြၽးေမြးရျပန္ေလ၏။ အထက္သို႔ ဆန္ခါနီး တြင္ သရဲဖိုးေတက “မြန္းေ႐ႊထူးရယ္ – ဟိုေရာက္ရင္ တို႔သူငယ္ခ်င္းေတြကို ေျပာလိုက္စမ္းပါကြာ၊ ငါ့အတြက္ ရည္မွန္းလ်က္ ဆြမ္းကေလးမ်ားသြတ္၍ ငါ့ကို အမွ်အတန္းေပးေဝပါ”ဟု မွာၾကားလိုက္သျဖင့္ ေမာင္ဖိုးထူး႐ြာသို႔ ေရာက္ေသာအခါ သူငယ္ခ်င္းတစ္စုတို႔ႏွင့္တိုင္ပင္၍ ဆြမ္းသြတ္ၿပီး သရဲ ဖိုးေတအား အမွ်အတန္းေပးေဝၾကေလ၏။ ေနာက္ ထိုအရပ္သို႔ ေလွႏွင့္ ေရာက္လာေသာအခါသရဲဖိုးေတအားမေတြ႕ရေတာ့ေခ်။ (သရဲဘဝမွ ကြၽတ္ လြတ္၍ သြားဟန္တူေပသည္။) ဤအထက္ပါပုံကို အရွင္ဦးေသနာပတိ သည္ အထက္မႏၲေလးသို႔ စာသင္ရန္သြားစဥ္ ပခုကၠဴ၊ ျမင္းၿခံ စေသာအရပ္
တို႔ကို ေခတၱလွည့္လည္သြားရာ ျမင္းၿခံနယ္ျဖစ္ေသာ ႐ြာတစ္႐ြာမွ အသက္ (၇၃)ႏွစ္ခန႔္ရွိေသာ အဘိုးႀကီး ဦးသာလန္း၏ ေျပာၾကားခ်က္ဟု သိရွိရ ေပ၏။