သာဓုခေါ်ပါအမေ(စ/ဆုံး)

Unicode Version

သာဓုခေါ်ပါအမေ(စ/ဆုံး)
——————————
နောင် ဝေ ဝေ ဝေ။
“အမေရေ အမေ့ကိုမခေါ်သွားကြပါနဲ့အီးဟီး”
နောင်မွန်ရွာကလေးအတွင်း
တဲအိမ်ကလေးရှေ့တွင် ရုတ်တရက်ထုချလိုက်သည့်
ကြေးစည်သံနှင့်အတူ
လူတစုက အလောင်းစင်အားမ,လိုက်နှင့်
ဆယ်နှစ်အရွယ်ကောင်လေးတယောက်သည်
ဝါးလုံးအားဆွဲခိုကာ ငိုယိုလေသည်။

“ဟာ ဒီကောင်လေး တင်မြတို့လာခေါ်ပါဟ
ညနေစောင်းတော့မယ်”
ငိုယိုနေသည့်မောင်လေးအား မိန်းမကြီးနှစ်ယောက်က
ဆွဲခေါ်သွားကြသည်ကို မိဂျမ်းသည် ညောင်ရေအိုးက
လေးကိုင်ပြီး ငေးကြည့်နေမိသည်။

မောင်လေးသည် ငယ်ရွယ်လွန်းသူမို့
လူကြီးများက သင်းချိုင်းသို့မလိုက်ခိုင်းပါ။
မိဂျမ်းကအသက်ဆယ့်သုံးနှစ်မို့ လိုက်ပါခွင့်ရသည်။
ရှားပါးမိသားစုဝင်မို့လည်းဖြစ်မည်။
မောင်နှမနှစ်ယောက်အနက် အကြီးမလေးမို့လည်း
ဖြစ်မည်။

မိဂျမ်းသေချာတော့နားမလည်။

မိဂျမ်းနားလည်သည်ကဖြင့်
အမေ့အသုဘတွင် လူများများမရှိတာရယ်
အမေ့ရုပ်အလောင်းထည့်ထားရာ ခေါင်းကလေးသည်
ပျဉ်ကြမ်းခပ်ကျဲကျဲဆိုတာရယ်ပင်ဖြစ်သည်။

ညောင်ရေအိုးအားကိုင်ရင်း အသုဘမြင်ကွင်းအား
အရောင်မဲ့ငေးကြည့်မိသည်။
စုတ်ချာလှသည့် တဲစုတ်ကလေးရယ်
အနည်းအကျဉ်းလူတစုရယ်။
သြော်….သူမတို့မောင်နှမကိုစိတ်မချနိုင်သည့်အမေသည် ခုတော့မပြန်လမ်းကိုမြန်းချေပြီ။

နောင်ဝေ ဝေ ဝေ
ထပ်ထုလိုက်သည့်ကြေးစည်ချက်ကြောင့်
အတွေးတို့ပျံ့လွင့်နေမိရာမှ သတိပြန်ဝင်လာသည်။
ခြေအစုံသည် လူစုနှင့်အတူ နောင်မွန်သုသာန်ဆီသို့။

သုသာန်တွင်
ဘုန်းဘုန်းကအဘယ်တရားကိုပေးနေသည်မိဂျမ်းမသိ။
မိဂျမ်းအသိက ခွမ်းဆိုသည့်အသံပေးပြီး ကျကွဲသွား
သည့်အိုးနှယ် …
သူ့ဘဝ၏ကောင်းကင်သည် အစိပ်စိပ်ကွဲကြေသည်။
…..
“ဟဲ့ ဟဲ့ အိမ်ရှေ့ကဘယ်သူလဲ”
“က္မပါအရီး ”
“ဘယ်ကကျမလဲအေ့ ညီးငါမသိပါဘူး”
လူပင်သေချာမမြင်ရသေး အိမ်ကြီးပေါ်မှအမျိုးသမီး
သည် မသိဘူးဟုဆိုလာသည်။

“ဟို ဟိုလေအရီး မိဂျမ်းပါ”
“ဟင် မိဂျမ်း”
ထိုအခါမှအမျိုးသမီးသည် အိမ်ကြီးပေါ်မှ ခပ်သွက်
သွက်ဆင်းသည်။

အိမ်အောက်ထဲဝင်သွားသည်။
ပြီးမှ အိမ်ရှေ့ထွက်လာသည်။
ခြံဝတွင် ကုပ်ကုပ်ကလေးရပ်နေသည့် မိဂျမ်းထံ
တခုခုအားကမ်းပေးသည်။

“ရော့ ဒါယူသွား နောက်မလာနဲ့နော်
မင့်ဘထွေးကလဲနေကောင်းတာမဟုတ်ဘူး”
လက်ထဲရောက်လာသည့် ပစ္စည်းလေးအားမိဂျမ်း
ငုံ့ကြည့်မိတော့ အဖုံးမပါသည့် ဒန်အိုးပေါက်တစ်လုံး။

“သွားသွား မိုးချုပ်ပီ”
အတင်းနှင်သဖြင့် စကားပင်မပြောလိုက်ရ။
လာရင်းကိစ္စအား မြိုချလိုက်သည်။
အမှန်ကသူဒီကိုလာတာက ပေါင်းနှုတ်နေ့စားခေါ်
ပေးဖို့။

မောင်လေးနေမကောင်းဖြစ်နေသည်။
အမေသေသွားပြီးနှစ်ရက်အတွင်း
သူတို့မောင်နမထံမည်သည့် ဆွေမျိုးသားချင်းတိူ့မှ
ရောက်မလာကြ။

ယခုတော့ အိုးပေါက်တစ်လုံးပေးကာနှင်လွှတ်ခံရ
လေပြီ။
“ဟင်း မတတ်နိုင်ပါဘူး မောင်လေးကိုဒါလေးရောင်း
ပီး ဆေးဝယ်တိုက်ရမှာပဲ”
အိမ်ဘက်အမြန်ပြန်ခဲ့သည်။

သူမတို့နေသည်က သူများအိမ်နောက်ဖေးဘက်တွင်
ဖြစ်သည်။
သူမတို့အိမ်အပြင် လယ်ကွင်းများသာရှိတော့သည်။
“မောင်လေး ထ ဆန်ပြုတ်သောက်ရအောင်”
“သားမသောက်ချင်ဘူးမမ အမေ့ကိုလွမ်းတယ်”

မျက်ရည်အဝဲသားနှင့်ပြောလာသည့်မောင်ငယ်လေး
အားကြည့်ရင်း ငိုချင်သည့်စိတ်ကိုတင်းထားရသည်။
သူသာငိုပြနေလျှင် ဖျားနာနေသည့်မောင်ငယ်မှာ
နလန်ထူနိုင်မည်မဟုတ်။

“ထထ နဲနဲသောက် မောင်လေးမသောက်ရင်
မမလဲမသောက်တော့ဘူး”
ထိုစကားကြားမှမောင်ငယ်သည် အိပ်နေရာမှထထိုင်
သည်။

သူမခွံ့ကျွေးသည့်ဆန်ပြုတ်အား အနည်းငယ်သာ
သောက်သည်။
“တော်ပီမမ စားလို့မရဘူး”
“ဒါဆိုခဏမှိန်းနေနော် မမဆေးသွားရှာလိုက်အုံးမယ်”
မောင်ငယ်မှာခေါင်းသာညိတ်ပြသည်။
စောင်လေးခြုံကာ ပြန်အိပ်သွားသည်။

နှဖူးအားအသာစမ်းကြည့်လ်ုက်တော့ ပူကျစ်နေသည်။
အဖျားတက်နေလေပြီ။
ဆန်ပြုတ်ခွက်အား အုပ်ဆောင်းအောက်ထိုးထည်ကာ
ရွာအတောက်ပိုင်းကဆေးဆိုင်ဘက်ပြေးသည်။
လက်ထဲမှာတော့ မနက်ကအရီးဖြစ်သူပေးခဲ့သော
ဒန်အိုးလေးအားကိုင်ထားသည်။

ရွာအနောက်ပိုင်းဆေးဆိုင်သည် ကုလားတစ်ဦးပိုင်
သောဆေးဆိုင်ဖြစ်သည်။
ထိုကုလားမှာ ပစ္စည်းအဟောင်းများလည်းဝယ်တတ်
သည်။

လုံချည်အား တိုတိုဝတ်ကာပြေးလာသဖြင့်
သိပ်မကြာခင် ဆေးဆိုင်နားရောက်လာသည်။
ဆိုင်ရှင်ကုလားကြီးပင် ဆိုင်သိမ်းစပြုနေလေပြီ။
ပြေးရှိန်အားရပ်ကာ နှဖူးမှချွေးအားလက်ခေါက်ဖြင့်
သိမ်းသုပ်ရင်း ဆိုင်တွင်းဝင်လိုက်သည်။

“ဦးလေး ကျမမောင်လေးဖျားနေတာသုံးရက်ရှိပီ
အဲ့တာဆေးလေးတိုက်ချင်လို့”
“ဘာဆေးဝယ်မလဲကောင်မလေး”
“ကိုယ်ပူကျဆေးတခုခုပေးပါ ဆေးဖိုးကတော့
ဟော့ဒီအိုးလေးပဲပါပါတယ်ရှင်”

ကုလားကြီးသည် ဒန်အိုးလေးအားကိုင်ကြည့်သည်။

“ဟလေး ဒန်အိုးစုတ်ကြီးနော် ကုလားမဝယ်ဘူး
ပဲကြီးလှော်ရှိတယ်နော် လဲသွား”
လူလည်ကြီးဦးကုလားသည် ဒန်အိုးအားပြန်ပေးသည်။
သူ့ဆိုင်သူပြန်သိမ်းနေသည်။

“ဦးလေးရယ် ကျမမောင်လေးဖျားနေတာကြာပီ
ဘယ်လိုပဲဖြစ်ဖြစ် ဆေးလေးတစ်ခွက်စာတော့ပေးပေး
ပါရှင့် အကြွေးအဖြစ်မှတ်ထားပေးပါ ကျမဆက်ဆက်
လာဆပ်ပါ့မယ်”
“လာပြန်ပီ အကြွေးရောင်းတာနော် လက်ငင်းရတာ
လောက်မကောင်းဘူး ဒါ့ကြောင့်အကြွေးမပေးဘူး”

ပြောရင်းသိမ်းနေသည်မှာ မိဂျမ်းပင်ဝင်လုတော့မည်
စိုးသည့်အတိုင်း မြန်ဆန်လှသည်။
ဆေးပေးမည့်အနေအထားမရှိသဖြင့် ဒန်အိုးအား
လမ်းဘေးတနေရာတွင်လွင့်ပစ်ကာ ပြန်လာခဲ့သည်။

သူပြန်ရောက်တော့မောင်လေးမှာ အိပ်ပျော်နေလေပြီ။
နှဖူးအားအသာစမ်းကြည့်ပြန်တော့ စောစောကလောက်
မပူတော့ဟုထင်သည်။
အင်း အဖျားကပျောက်သွားပီနေမှာ
ပြောရင်းအနားတွင်ဝင်အိပ်လိုက်သည်။

ညသည် ပိုးပုရစ်အော်မြည်သံတို့ကြောင့်
ဆူညံနေသည်။
မိဂျမ်းအိပ်မပျော်။
ထရံပေါက်ကြားမှ အပြင်ဘက်လှမ်းကြည့်လိုက်တော့
တမျှော်တခေါ်လယ်ကွင်းပြင်အားတွေ့ရသည်။

လယ်ကွင်းပြင်တွင်ငုတ်တုတ်ထိုင်နေသည့်နှယ်
လယ်စောင့်တဲများအား မြင်နေရသည်။
“”ဟင်းးးး””
အသက်မပြည့်သေးသည့် လူမမည်သူတို့ဘဝအား
တွေးမိကာ သက်ပြင်းရှည်ကြီးချလိုက်မိသည်။

မကြာခင်သူအိပ်ပျော်သွားသည်ဟု မိမိဘာသာထင်မှတ်
မိသည်။
မှေးခနဲဖြစ်သွားသည့်အခိုက်တွင်
အခေါင်းပျဉ်ခပ်ကျဲကျဲကြားမှ အမေ့မျက်နှာအား
မြင်ရသည်။

အမေသည် မသေ။

မျက်စိဖွင့်ကာ သူ့ဘက်ပြူးကြည့်နေသည်။

ထိတ်ခနဲဖြစ်သွားရင်း လန့်နိုးလာရသည်။
“ဘုရားဘုရား အမေမကျွတ်ဘူးထင်တယ်
သမီးတို့ကိုစိတ်ချပါအမေရဲ့ သွားမဲ့လမ်းကိုသာ
ဖြောင့်အောင်သွားပါနော် အမျှ အမျှ အမျှ”

တတ်သမျှမှတ်မိသမျှရေရွတ်နေမိသည့်အချိန်တွင်

အူးးးးအူးးဝူးဝူး
အူးးးး
အာဝူးးးးးးအုဝူးးး
မျိုးစုံပေးနေသည့် ခွေးအူသံများကြောင့်
ငုတ်တုတ်ထထိုင်မိသည်။

အနီးမှဓာတ်မီးဟောင်းလေးအားစမ်းကာ မောင်ငယ်
ဘက်ထိုးကြည့်မိသည်။
“အာ စူးတယ်မမ”
လက်ကာရင်း လှမ်းပြောလာသဖြင့်ဝမ်းသာရသည်။
မောင်လေးမသေသေးဘူး။

အူးးးးဝူးးးဝူး
အူး အူးးးအူးးးဝူးးး
ခွေးအူသံများသည် တဲနှင့်မလှမ်းမကမ်းမှပေါ်ထွက်
နေသည်မို့ အောက်ဘက်ဆင်းလာခဲ့သည်။
ဆယ့်သုံးနှစ်အရွယ်မိဂျမ်းတွင်အကျင့်ဆိုးတခုရှိသည်။

ထိုအရာက မကြောက်လန့်တတ်ခြင်းပင်ဖြစ်သည်။

ခွေးများသည် မကြာခင်ကမှသိမ်းသွားခဲ့သည်
လယ်ဘက်တွင်အူနေကြခြင်းပင်ဖြစ်သည်။
ထိုလယ်ကွင်းပြင်တွင် သလင်းအုံအပျက်နှင့်
နွားများအားမိုးအခါကျွေးရန်ပုံထားသည့်
ကောက်ရ်ုးပုံရှိသည်။

ပီးတော့ ကန်စွန်းခင်းပဲစားခင်းရှိသည်။
ထိုအခင်းရှင်မှာမိဂျမ်းတို့သားအမိအား မကြာခဏ
ကန်စွန်းဥများပေးကမ်းတတ်သဖြင့်
ကန်စွန်းဥခိုးတူးသူဆိုလျှင် သူမစောင့်ရှောက်ပေးရ
မည့်ဝတ္တရားရှိသည်ဟု လူသားဆန်စွာတွေးဖြစ်သည်။

အမှနိကသူမသည် လူမမည်အရွယ်ပင်ဖြစ်သေးသည်။
အရေးအကြောင်းဆိုလျှင် သူမသာခံရမည်ဟု
မတွေးမိသေး။
ဖြစ်မည့်ဘေးအားမမြင်။
ကောက်ရိုးပုံအနီး လက်နှိပ်မီးပိတ်ပြီးအသာကပ်လာခဲ့
သည်။

ရုတ်တရက်ခွေးအူသံများဟောင်သံများ
တိတ်ကျသွားသည်။
ခွေးများအား ခပ်မှိန်မှိန်အလင်းအောက်မိဂျမ်းရှာကြည့်
မိသည်။

မတွေ့။
“”အေမ့””
ရုတ်တရက်လန့်၍အသံထွက်မိသည်။
ကောက်ရိုးပုံဘေးအကွယ်တွင် သူ့ဘက်ရပ်ကာ
ကြိုနေသူတဦးက ရှိနေသည်။

ကန်စွန်းဥအားခိုးတူးမနေ။
ဟန်ပန်က သူ့အလာအားကြိုစောင့်နေပုံမျိုး။
ထိုပုံရိပ်မှာ မီးပင်ထွန်းစရာမလို။
မိဂျမ်းအလွတ်မှတ်မိနေသည့် အမေ့ကိုယ်ဟန်။

“အ အမေ”
“သမီးလေးမိဂျမ်း ”
“အေမ”
အမေ့အနီးသို့ အားရဝမ်းသာပြေးသွားမိသည်။
ကြောက်လန့်စိတ်ကသူ့မှာမရှိ။
အံ့သြဝမ်းသာစိတ်သာရှိသည်။
အမေ့ရင်ခွင်သည် အရင်လိုနွေးထွေးနေတုန်းပင်။

အမေ့ခန္ဓာကိုယ်မှအားအင်တရပ်က သူ့ခန္ဓာကိုယ်
တွင်းသို့ စီးဝင်လာသည်ဟု ခံစားရသည်။
“အမေ သမီးအမေ့ကိုလွမ်းတယ် အဟင့်ဟင့်”
“တိတ်တိတ်ပါကလေးရယ် မငိုနဲ့နော်”
“မောင်လေးကလည်းအမေ့ကိုနေ့တိုင်းသတိရနေတာ
နေ့တိုင်းငိုနေတာ သူဖျားလည်းဖျားနေတယ်အမေ
သမီးတို့ဆီပြန်လာခဲ့ပါနော်”

အမေသည် သူမကိုယ်လေးကိုသာထွေးဖက်ထား
သည်။
လက်ဖြင့် ကျောပြင်အားသပ်ပေးနေသည်။

“သမီးလေးမိဂျမ်း”
“ရှင်အမေ”
“အမေပြောမယ် သေချာနားထောင်နော်”
“ဟုတ်ကဲ့အမေ”
“သမီးမောင်အတွက်ဆေးဖိုးက အိမ်အောက်မှာရှိတယ်
မနက်ကျကောက်ပီးဆေးဝယ်လိုက်နော်”
“ဟင် ဘယ်ကပိုက်ဆံလဲအမေ”
“အမေသေတော့အမေ့အတွက်ကူးတို့ခဆိုပီး
ကျပ်စေ့တစ်စေ့ကိုထည့်ပေးတယ်မို့လား
လူတွေကအမေ့ကိုအခေါင်းထဲမ,အထဲ့မှာကျပ်စေ့ဟာ
ဟနေတဲ့ပျဉ်ချပ်ကြားကထွက်ပီး သမီးတို့အိပ်နေတဲ့
အောက်မှာကျနေခဲ့တယ်”,

“ဟင် ဒါကိုအမေဘယ်လိုသိလဲ”
အမေဒေါ်လှယဉ်သည် မချိပြုံးလေးပြုံးသည်။
“အမေက အိမ်နားကပ်မရလို့သာဒီကောက်ရိုးပုံမှာ
နေနေရတာ သမီးတို့အနားကနေဘယ်မှမသွားပါ
ဘူး ပီးတော့ ကူးတို့ခမပါတဲ့အတွက်
အမေ့ကို တံတားဖြတ်ခွင့်မပေးဘူးသမီး
အမေအခုလဲဒီကထွက်မသွားချင်သေးပါဘူး
အမေ့ဘဝဟာဆင်းရဲလွန်းတော့ အလှူအတန်းဘာ
မှမလုပ်နိုင်ဘူးသမီး စိတ်ကောင်းမွေးပီးဘုရားတရား
လုပ်ခဲ့တာကြောင့် လူ့ဘဝကိုပြန်ရနိုင်ရင်တောင်
ဒီဘဝလိုဆင်းရဲတဲ့ဘ၀ အနာရောဂါထူပီးဆေးမကုနိုင်
တဲ့ဘဝကိုပဲပြန်ရလိမ့်မယ်”

မိဂျမ်းသည် အမေ့မျက်နှာအားငေးကြည့်နေမိသည်။
အတန်ငယ်ပိန်ကျသွားသည့် ဖြူရော်ရော်မျက်နှာ။
အမေကဆက်ပြောသည်။
“အမေ့ရင်ထဲမှာ ဆန္ဒတစ်ခုရှိနေတယ်သမီး
သမီးလုပ်ပေးနိုင်မလား အမေ့အတွက်”

“ဘာများလဲအမေ အမေ့အတွက်ဆိုရင် သမီးကြိုးစား
ပေးမှာ”
“တခြားတော့မဟုတ်ပါဘူးသမီးရယ်
သမီးမောင်လေးကို ရှင်သာမဏေဝတ်စုံလေးနဲ့
အမေမြင်သွားချင်တယ် အမျှဝေသံတွေအမေကြားချင်
တယ်”

ထိုအခါမှမိဂျမ်းသတိရလိုက်သည်။
အမေ့အသုဘနေ့ကသုသာန်တွင်သာတရားနာခဲ့ရ
သည်။
အိမ်တွင်ရက်လည်မလုပ်ပေးနိုင်ခဲ့။

မိဂျမ်းအားတင်းလိုက်သည်။

အခြေအနေမဲ့လွန်းသည့်ဘဝက်ုထည့်မတွက်ချင်တော့။
“စိတ်ချပါအမေ ဒီတစ်ဝါဝင်တာနဲ့ မောင်လေးကို
သမီးရှင်ပြုပေးမယ်”
“အမေဝမ်းသာလိုက်တာသမီးရယ်”
ခြောက်လခန့်လိုသေးသည့်အချိန်ကိုပင်
အမေသည် ယနေ့မနက်ဖြန်ပင်ဖြစ်တော့မည်ကဲ့သို့
ဝမ်းမြောက်ရှာသည်။

“အမေအဲ့ဒီနေ့ကို ဟော့ဒီလယ်စောင့်တဲကနေ
စောင့်နေမယ်သမီး အမေစောင့်နေမယ်နော်”
ထ်ုသို့ပြောရင်း အမေ့ရုပ်သွင်သည် သူ့ရှေ့ကနေ
ဝါး၍ဝါး၍လာနေချေပြီ။

“အမေ အမေမသွားပါနဲ့ဦးအမေ အမေ့”
“မမ မမ ဘာတွေယောင်အော်နေတာလဲ”
အနီးမှမောင်ဖြစ်သူကလှုပ်နှိုးမှ မိဂျမ်းနိုးသွားရသည်။
ကြည့်စမ်း နှစ်ဆင့်အိပ်မက်ကိုသူမက်ခဲ့သည်ဘဲ။
“အမေ အမေ့ကိုမမတွေ့တယ်”
“အမေ့ကို ဘယ်မှာတွေ့တာလဲ အိပ်မက်ထဲလားမမ
သားရေသောက်ချင်တယ် အာခေါင်တွေပူနေရော”

မောင်ဖြစ်သူစကားကြားမှ တခုခုအားသတိရလိုက်
သည်။
ဓာတ်မီးအားစမ်းကာ ထွန်းပြီး အိပ်ယာနှဘေးမှ
ကြမ်းအားဖြဲကာ အောက်ဘက်ထိုးကြည့်လိုက်သည်။

မီးရောင်ဖြင့်မြင်လိုက်ရသည်က ကျပ်စေ့ပြောင်ပြောင်
လေးတစ်စေ့။

တုန်ရီနေသောလက်လေးဖြင့်လှမ်းကောက်လိုက်
သည်။

“”အမေရယ်….””‘
……..
“အဘစိန် အဘစိန်”
“ဟေ ဘယ်သူတုန်း”
“ကျမတို့မောင်နှမပါ မိဂျမ်းနဲ့နိုင်ဝင်း”
“ဟင် မိဂျမ်း နင်တို့ယဉ်လှသားသမီးတွေမဟုတ်လား
ဒီကိုဘာကိစ္စလဲ”

“ဟိုလေ ကျမတို့မောင်နှမ စားရင်းငှားလုပ်ချင်လို့”
“ဘယ်လိုကွဲ့ စားရင်းငှား ဟုတ်စ”
အဘစိန်သည် မိမိထံတွင် သူရင်းငှားလုပ်ချင်ဟူသော
လူနှစ်ယောက်အားကြည့်ကာ ရယ်ချင်သွားရသည်။

“ဟုတ်ပါတယ်အဘစိန် အဘစိန်ရဲ့လယ်မှာသူရင်းငှား
အများကြီးခေါ်တယ်ဆိုလို့ ကျမတို့မောင်နှမကို
ခေါ်ပေးပါနော်
နွားရှဉ်းမနိုင်ရင်လဲ ထမင်းဟင်းချက် ကိုင်းခုတ်
မောင်လေးကပျိုးနှုတ်တတ်ပါတယ်
ခေါ်ပေးပါနော်အဘစိန်”

“ခက်တယ်ကွာ မင်းတို့လိုလူငယ်လေးတွေက
ဘာလုပ်တတ်မှာလဲ ငါ့လယ်ကအသစ်အသစ်တွေ
ချဲ့နေတဲ့မြေကွ ပြောရရင်လယ်ရိုင်း
မင့်တို့ဘာလုပ်နိုင်မှာလဲ မခေါ်ဘူး”

ထိုအခါ မိဂျမ်းသည် အဘစိန်ရှေ့တွင်ဒူးထောက်ချ
ပြီးလက်အုပ်လေးချီသည်။
“ကျမတို့မောင်နှမနောင်မွန်ကနေဒီအထိတောင်
ခြေကျင်လာကြတာပါအဘစိန် အဘစိန်ပေးချင်သလောက်သာပေးပါ
ထမင်းစားဖို့ရယ် မောင်လေးအတွက်ပရိက္ခရာရှစ်ပါး
ဖိုးရယ်သာပေးပါ အဘစိန်ဘာခိုင်းခိုင်းလူပ်ပါ့မယ်
နော် အမေနဲ့ခင်မင်ဘူးတဲ့မျက်နာလေး
ပြန်ကြည့်ပါတော့်”

ငိုယိုရင်းပြောနေသည့်မောင်နှမအားကြည့်ကာ
ဘိုးစိန်အကြံတခုရသည်။
သူ့လယ်သည် မိုင်းနောင်ရွာ ငွေတောင်ကွင်းတွင်
ဖြစ်သည်။
လယ်ယာမြေအသစ်ဖော်ထုတ်နေရာ လုပ်မရသည့်
ကွင်းတကွင်းရှိသည်။

သွားလုပ်သည့်သူတိုင်းဘေးတခုခုနှင့်တွေ့ကာ
ပြန်ပြေးကြရသည်။
အချို့လည်း သေကြရသည်။
ယခုကလေးနှစ်ယောက်အားလွှတ်လျှင်ကော။

မည်သို့ဖြစ်မည်မသိ။
သေလည်းသူတို့ကံ ။
ရှင်လည်းသူတို့စံဟု သဘောပိုက်လိုက်သည်။

“ကောင်းပီလေ မင်းတို့ကိုသနားလို့ အလုပ်တော့ပေး
မယ် ဦးလေးမှာ ကိုင်းကုန်းတစ်ကုန်းရှိတယ်
လယ်တော့လုပ်မရသေးဘူး မုန်ညှင်းခင်းဖြစ်အောင်
မင်းတို့လုပ်ပေးနိုင်မလား”

“ဟာ မုန့်ညှင်းခင်းလောက်ပဲလား ဟားဟား”
မောင်ငယ်နိုင်ဝင်းကရယ်သဖြင့် မိဂျမ်းပင်ပြုံးမိသည်။
အဘစိန်သည် သူတို့အားအထင်သေးလှချည့်လား။
ဟုပင်တွေးလိုက်မိကာ ဝမ်းသာရသည်။
အလုပ်တော့ရပေပြီ။

“ကောင်းပီအဘစိန် ကျမတို့မုန်ညှင်းခင်းဖြစ်အောင်
လုပ်ပေးမယ် အဘစိန်အနေနဲ့စားနပ်ရိက္ခာနဲ့
ငွေအစိတ်ပေးရမယ်”
“ကြိုက်ပီကွာ ဒီညနေ ပေါက်ပြား ဓားအစုံစားရိက္ခာ
အစုံနဲ့ ငါမင်းတို့ကိုပို့ပေးမယ်
အေ ပြဿနာတခုခုဖြစ်ရင်တော့ ငါနဲ့မဆိုင်သလို
ငါတာဝန်မယူဘူးနော်”,

“ရတယ်အဘစိန် လှည်းသာပြင်ပေးထားပါ
ကျမတို့မောင်နှမ အဝတ်ပြန်သိမ်းလိုက်မယ်”
“ကောင်းသကွားးး”
မိဂျမ်းတို့မောင်နှမသည် သွက်လက်သည့်ခြေလှမ်း
များဖြင့် အိမ်ပြန်လာကြသည်။

အမေ့ဆန္ဒအား ဖြည့်ပေးနိုင်တော့မည်လေ။

အိမ်ရောက်တော့ အမျိုးသမီးနှစ်ဦးက သူတိူ့အား
ဆီးကြိုနေသည်။
ထိုအမျိုးသမီးနှစ်ယောက်မှာ မိဂျမ်း၏အတန်းပိုင်ဆရာ
မများပင်ဖြစ်သည်။

“ဘယ်သွားနေကြသလဲ  ဆရာမတို့
စောင့်နေတာကြာလှပီ”
“ဟင်ဆရာမ ကျမတို့ငွေတောင်ကွင်းသွားကြမလို့”
“ဟာ ဒါကျောင်းချိန်လေသမီး သမီးအမေဆုံးတာ
ဆရာမသင်တန်းသွားနေလို့မသိလိုက်တာ
ခုကျောင်းပျက်နေတာကြာမှမေးကြည့်ပီးသိရတယ်
ကျောင်းပြန်နေမယ်မဟုတ်လားသမီး”

မိဂျမ်းခေါင်းခါလိုက်သည်။

“ကျမကျောင်းမမေတော့ဘူးဆရာမ အမေလဲမရှိတော့
ကျမတို့စားဝတ်နေရေးကိုတာဝန်ယူပေးမဲ့သူ
မရှိတော့ဘူးလေ ဒါ့ကြောင့်အလုပ်ပဲလုပ်တော့မယ်”

“ဟင် သမီးသာကျောင်းနေမယ်ဆိုရင် ကျောင်းပီးတဲ့
အထိဆရာမတို့နှစ်ယောက်က တာဝန်ယူပေးမယ်လို့
တိုင်ပင်ထားကြပီးပီ ကျောင်းပဲနေပါသမီး”
မိဂျမ်းခေါင်းခါမိသည်။
ရင်ထဲမှာ ညိုးငယ်နေသည့်အမေ့မျက်နှာအား
ဖျောက်မရသလို ထိုခေတ်ကပညာသင်စရိတ်နှင့်
မောင်ဖြစ်သူရှေ့ရေးအားတွေးကာ
ကျောင်းမတက်သင့်တော့ဟု သူမထင်သည်။

မောင်လေးအားစောင့်ရှောက်မည့်သူလိုသည်။
“ဆရာမတို့ သမီးကျောင်းမနေတော့ပါဘူး
မောင်လေးကိုလဲရှင်ပြုပေးချင်လို့ ပီးရင်ရှေ့နှစ်ခါ
ကျောင်းပြန်ဖွင့်ရင်တော့ သမီးဆရာမတို့ကိုဆက်သွယ်
ပါ့မယ်ရှင့်”

“ဒါဆိုနေမဝင်ခင်ဆရာမတို့ပြန်တော့မယ်
စောင့်နေတာလဲကြာပီ ကျောင်းဖွင့်ရင်ဆရာမတို့ကို
ဆက်သွယ်နော်သမီး ဆရာမတို့ပြန်တော့မယ်”
“ဟုတ်ကဲ့”
ဆရာမနှစ်ယောက်သည် မျက်နှာမကောင်းဖြစ်ရင်း
ပြန်သွားကြသည်။

မိဂျမ်းရင်ထဲမှာလည်းမကောင်း။
တပည့်မိုက်ကိုခွင့်လွှတ်ကြပါ။
မောင်နှမနှစ်ယောက်သည် အဝတ်အစားတို့အား
အမြန်သိမ်းပြီး ငါးမိုင်ခန့်ဝေးသည့်အဘစိန်ဆီ
ပြေးကြပြန်သည်။

သူမတို့တဲအိမ်လေးအားပူစရာမလို။
ပူပန်မိသည်က လယ်စောင့်တဲလေးမှာ
အမေအဆင်မှပြေပါ့မလား။
……
“ဟဲ့ ဟဲ့နွား ဟီး ဟီး ( သွား သွားဟ)”

အဘစိန်သည် နွားအားဆက်မောင်း၍မရတော့သဖြင့်
လှည်းအားရပ်တန့်လိုက်သည်။
“ကဲ ကလေးတို့ ဟော့ဟိုကကုန်းလေးကိုတွေ့လား
အဲ့မှာတဲလဲရှိတယ် ဟော့ဒီကပစ္စည်းတွေကို
ဒီကနေပဲသယ်ကြစို့ နွားကဆက်မောင်းလို့မရတော့ဘူး”

“ဟုတ်ကဲ့အဘစိန် မောင်လေးလာလာ
သယ်ရအောင်”
“ဟုတ်ကဲ့မမ သားအဝတ်ထုတ်တွေသယ်မယ်
ပုံးတွေသယ်မယ်နော်”
“အေး ရော့ရော့ ကောင်းကောင်းတက်နော်
လဲမယ်”
“ဟုတ်မမ”

မိဂျမ်းသည် ထိုစဉ်ကခပ်မို့မို့တောင်ကုန်းကလေးပေါ်
သို့ လှည်းလမ်းရှိပါလျှက်နှင့် အဘယ့်ကြောင့်
တက်မရမှန်း မတွေးတောတတ်ခဲ့။
အဘစိန်ကလည်း ပေါက်ပြားများ
ဆန်အိတ်များတခြားအလေးအပင်များအား
ကူသယ်ပေးသည်။

“ကိုင်းကလေးတို့ ဒီမှာမျိုးစေ့တွေ
အပင်ပေါက်တာနဲ့အဘကိုအကြောင်းကြားပါ
အဘစိန်ပြန်တော့မယ်နော”
“ဟုတ်ကဲ့အဘစိန် စိတ်ချပါ
ဟော့ဒီကိုင်းမြေမှာ အပင်ပေါက်စေရမယ်
ငွေအစိတ်သာပြင်ထားပေးပါ”
“ကြိုက်တယ်ဟေ့ အပြောနဲ့အလုပ်ညီပါစေ
အဘစိန်ပြန်တော့မယ် ကံကောင်းကြပါစေကွာ”

အဘစိန်ကား ငွေတောင်ကွင်း၏တနေရာကုန်းမြေတွင်
သူတို့မောင်နှမအားထားရစ်ကာ
လှည်းနွားနှင့်ပြန်သွားချေပြီ။
ညက အဘစိန်ကျွေးသည့်ထမင်းအားစားကာ
အဘစိန်အိမ်မှာပင်အိပ်သည်။

မနက်လင်းမှ အဘစိန်ကခုနေရာသို့ ပို့ပေးခြင်းပင်
ဖြစ်သည်။
ထိုမြေအား ပေါက်ပြားတူရွှင်းတို့ဖြင့်သာ
ခုတ်ထွင် တူးဆွရပေမည်။
ရေကတော့ ပူစရာမလို။
တဲနောက်ဘက်တောင်ကုန်းအောက်ဆီမှ
ဒီဘက်အဆင်းထိ ဝါးဖြင့်သွယ်ထားသည့်ရေလမ်း
ကြောင်းရှိနေသည်။

တောင်ကုန်းပေါ်ထိမရောက်နိုင်တောင်
တောင်ကုန်းအောက်ခြေပတ်ပတ်လည်ထိ
ရောက်နိုင်မည်မို့ မိဂျမ်းစိတ်မပူ။

//ဝုန် ဝရော  ဖျောဖျော//
“”အေမ့””
လန့်အော်လိုက်သည့်မောင်ဖြစ်သူကြောင့်
အပြင်ဘက်ကြည့်ရင်း နှစ်သိမ့်ရသည်။

“တဲခေါင်းရင်းက သစ်ပင်အကိုင်းကျိုးကျတာပါ
မောင်လေး မကြောက်နဲ့နော်”
“ဟုတ်ကဲ့မမ”
“လာလာဒီနေရာကိုရှင်းကြရအောင်ပီးမှအိပ်ယာတွေ
မီးဖိုတွေပြင်မယ် ပုံးထဲရေသယ်ထားမယ်
မနက်ကျ ကိုင်းခုတ်ယုံပဲ ကြည့်ကိုင်းမြေဟာ
မြေမွမွကလေး မာကျစ်မနေဘူး
မမတို့ခဏနဲ့အလုပ်တွေပီးမှာ တွေ့လား”
“ဟုတ်တယ်မမ”

မောင်နှစ်မနှစ်ယောက်သည်
လုပ်စရာရှိသည်တို့အား တက်ညီလက်ညီလုပ်ကြရာ
နေ့လည်ပိုင်းလောက်တွင် တဲအတွက်လိုအပ်သည့်
အလုပ်များပြီးစီးသည်။
ထမင်းဟင်းလည်းကျက်သည်။
ဟင်းမှာ အဘစိန်ထည့်ပေးလိုက်သည့် အာပြဲခြောက်
နှင့် ငရုပ်သီးကြော်။

မောမောနှင့်ခူးခပ်ကြရင်း
“နေအုံးမောင်မောင် မမ ဒီနားကနတ်တွေအစောင့်
ရှောက်တွေကို နဲနဲကျွေးအုံးမယ် စားနှင့်နော်”
မောင်ငယ်မှာ အမအားဦးဖယ်ကာ ခေါင်းမဖော်တမ်း
စားလေပြီ။

မိဂျမ်းသည် ဖက်ရွက်ကလေးနှင့်ထည့်လာသော
ထမင်းနှင့်ဟင်းအား မည်သည့်နေရာတွင်
ထားရမည်လည်းဟု တဲအောက်ရောက်မှ တောင်ကုန်း
တခွင်ကိုလှမ်းကြည့်မိသည်။

“”ဟုတ်ပီ””,

တဲငယ်လေးနှငိ့မလှမ်းမကမ်းတွင်ရှိနေသည့်
စောစောကသစ်ကိုင်းကျိုးကျသည့်အပင်အား
မျက်စိကျသွားလေသည်။
ထိုအပင်မှာအတော်မြင့်ပြီး အရွက်ဖားဖားရှိသည်။
မည်သည့်အပင်မှန်းမိဂျမ်းမသိ။
ဖက်ရွက်လေးအား သစ်ပင်ခြေရင်းတွငါအသာချရင်း

“ဟော့ဒီက စားဦးစားဖျားဖြင့် တောပိုင်ကွင်းပိုင်များကို
ကျွန်မတို့မောင်နှမကပူစော်ပါတယ် ပသပါတယ်”
ထိုမျှသာပြောတတ်သည်။
အမေဆိုလျှင်တော့ ထို့ထက်ပိုပြောတတ်လိမ့်မယ်ဟု
မိဂျမ်းတွေးလိုက်မိသည်။

အတွေးနှင့် သစ်ပင်အောက်မှအထွက်
“ဟင် ပုတ်သင်ညိုလေးတစ်ကောင်ပါလား
အူတောင်ထွက်နေပီမသေသေးဘူး စောစောက
သစ်ကိုင်းကျိုးပီးပိမိတာထင်တယ်
ရှင်လိုရှင်ညား ယူသွားမှပါ”
မိဂျမ်းသည် သနားတတ်သူဖြစ်သည့်အတွက်
ဒဏ်ရာရနေသည့် ပုတ်သင်လေးအား ကောက်ယူ
လာခဲ့သည်။

“မောင်မောင် ဒီမှာပုတ်သင်လေး အနာဖြစ်နေလို့
မမယူလာတယ်”
“သားကစားပီးတော့မှာ ပီးရင်သူ့ကိုဆေးကုပေးမယ်
လေ”
“အေးအေး မင်းဆေးပင်မြင်သလား”
“တဲတိုင်ဘေးမှာကပ်ပေါက်နေတာ အစောနကမြင်တယ်လေမမ နဘူးနွယ်ပဲရှိတာ”
“အေး အူတွေကိုဗိုက်ထဲပြန်ထဲ့ပီး နဘူးနွယ်ထုချေ
အုံပေးလိုက်’
“ဟုတ်ကဲ့မမ ရှင်ပါ့မလား သူကအူတွေထွက်နေတာ”

မောင်လေးသည်ပုတ်သင်အားကိုင်ကြည့်ကာ
ပြောနေသည်။
“ရှင်တာမရှင်တာသူ့ကံပဲ လုပ်စရာရှိနာလုပ်ပေးလိုက်”
နိုင်ဝင်းသည် သူ့လက်တွင်းမှာမှိန်းနေသည့်
ပုတ်သင်ပြာလေးအား သေချာကြည့်နေမိသည်။

ဗိုက်ကလေး ပိန်လိုက်ဖောင်းလိုင်ဖြင့်
သူ့အားပြန်ကြည့်နေသည်ဟု ထင်သည်။
“သနားစရာကွာ ဟေ့ကောင်မင်းငါ့ကိုမကိုက်နဲ့နော်
ဆေးလူးပေးမယ်”
“ပုတ်သင်ကနင်ပြောတာနားလည်ပါ့မလား”

“မသိဘူးလေ ပုတ်သင်ကိုက်ရင် မိုးကြိုးပစ်မှလွှတ်တာ
တဲ့ ကိုက်မှာကြောက်တာပေါ့”
ထိုသို့ပြောရင်း လုပ်စရာရှိသည်တို့အားလုပ်ပေးနေ
လေသည်။

ညနေစောင်းလေးတွင် မောင်နှမနှစ်ယောက်
ရေပုံးကိုယ်စီဖြင့် ရေသယ်ကြသည်။
သူတို့နှစ်ယောက်အားတနေရာမှ အမျိုးသမီးကြီး
တယောက်က အကွယ်မှစောင့်ကြည့်နေခဲ့သည်။
သူတို့ကတော့မသိ။

လုပ်စရာရှိသည်တို့ကိုသာ လုပ်နေကြသည်။
“ငါတို့ဒီကုန်းကိုအနဲဆုံးတစ်လတော့ရှင်းရမယ်ထင်တယ်မျိုးစေ့ပျိုးမှာနဲ့အပင်စောင့်ရမှာခွဲရမှာနဲ့ဆို
၂လနဲ့သုံးလကြာမယ် ဘာပဲဖြစ်ဖြစ် ဝါမဝင်မီ ပီးပါတယ်”

“မမရေ ပုတ်သင်က အပြာမဟုတ်တော့ဘူး
အညိုဖြစ်နေတယ်”
“ပုတ်သင်ပါဆိုမှနင်ကလဲ အရောင်ပြောင်းမှာပေါ့”
ဘာလိုလိုနှင့် တဲပါတ်ဝန်းကျင်ရှင်းလင်းပြီး
ရေဖြည့်ပြီးသည့်အခါ ညနေစောင်းချေပြီ။

နှစ်ယောက်သား မနက်ကထမင်းကျန်အားစားကြသည်။
ပြီးနောက်
အိပ်ယာဝင်ကြသည်။

“ဒီကောင့်ကို ဒီအဝတ်နဲ့ထုတ်ထားလိုက်မယ်”
“အေး ပီးရင်ခြင်ထောင်ထဲဝင် မမဘုရားရှိခိုးမယ်”
မိဂျမ်းသည် ဘုရားရှိခိုးဦးသုံးကြိမ်ချသည်။
ပြီးနောက် အိတ်တလုံးဖြင့်ထည့်ယူလာသည့်
ချည်လုံးလေးအား ခုနှစ်ပတ်လက်ဖြင့်ထွာကာ
အကွင်းနှစ်ကွင်းပြုလုပ်သည်။

“မောင်လေး ရော့ ဒါပရိတ်ကြိုးလက်မှာချည်ရအောင်”
“ဟုတ်မမ မမရောမချည်ဘူးလား”
“ချည်မှာပေါ့ လာအရင်မမလုပ်ပေးမယ်”
ပရိတ်ကြိုးကွင်းအား မောင်လေးအားချည်ပေးလိုက်
သည်။

“ပေးမမဟာ သားချည်ပေးမယ်”
“မြဲအောင်ချည်နော် ”
“ဟုတ်ကဲ့”
နိုင်ဝင်းသည်အစ်မဖြစ်သူအား ကြည့်ရင်း
“မမ”
“ဟင်”
“ဒီနေရာဟိုးဘက်ကလယ်တွေနဲ့လှမ်းတယ်နော်”
“အေးလေ လူတွေကလယ်လာလုပ်မရလို့
ငါတို့ကိုအခင်းလုပ်ခိုင်းတာလို့ဘစိန်ကပြောတယ်လေ”

“မမ မကြောက်ဘူးလား”,

ထိုအခါမှမိဂျမ်းသည် မောင်ဖြစ်သူမျက်နှာအား
သေချာကြည့်မိသည်။
ဟုတ်တာပေါ့ လူသူမနီးသည့်ကိုင်းကွင်းတွင်
မိမိတို့ကလေးတွေချည်းမို့ ကြောက်ရှာမည်ပေါ့။
မောင်ဖြစ်သူအား ချော့သိပ်လိုက်သည်။

“အကြောင်တရားဆိုတာ လူတိုင်းမှာရှိတတ်တာပါပဲ
မောင်လေးရယ် အပြင်ကိုထုတ်မထုတ်တာကွာတာပါ
ဒီနေရာကိုရောက်တော့ မမစိတ်ထဲတစ်မျိုးကြီးပဲ
မမကြောက်တာပေါ့
ဒါပေမဲ့
အမေသေသွားတော့အိမ်မှာ မမနဲ့မောင်လေးနှစ်ယောက်တည်းနေရတယ်မဟုတ်လား လူတွေက ဒီနေရာမှာသရဲခြောက်တယ်
မလာချင်ဘူမဖြတ်ဘူးလို့ ရှိတတ်ကြပေမဲ့
ကိုယ်နေရမဲ့နေရာမဟုတ်သေးလို့ပါ
ဟောကြည့် မမတို့ကျတော့ ရက်လည်တောင်
မလုပ်ရတဲ့အိမ်မှာ ကိုယ့်အိမ်ဆိုတော့ အကြောက်တရားတွေသိမ်းပီး နေခဲ့ကြတယ်မဟုတ်လား”

“ဟုတ်မမ သားလဲအမေသေတော့ကြောက်တယ်
ဒါမဲ့ လွမ်းလဲလွမ်းတော့ တခါခါကျတွေ့ချင်တယ်
နောက်တော့မကြောက်တော့ဘူး လွမ်းပဲလွမ်းတယ်”
မိဂျမ်းသည် ရေနံမီးဖြင့်မြင်ရသည့်မောင်လေးအား
ကြည့်ကာ…
“ဒါဆိုအခုလဲဒီအတိုင်းပဲသဘောထားပေါ့
ဒါကမမတို့နေရမဲ့ မမတို့ရဲ့ယာယီအိမ်ပဲလေ”

ဝှီးးး
ဘုတ်
ပြောမဆုံးခင် တဲအမိုးပေါ်တခုခုထိမှန်သံ။

လှဲနေသည့်နိုင်ဝင်းသည် ဆက်ခနဲထထိုင်သည်။

ဖျော ဖျော ဝရော
ဖုန်း ဖုန်း ဒုန်း
ကျွီ ကျွီ ကျွီ
ထိမှန်သံ တ ရှောရှောပြေးလာသံနှင့်အတူ
တဲကလေးမှာယိမ်းခါနေလေပြီ။

“အမေရေ အမေ အမေ”
နိုင်ဝင်းသည် မိခင်အားတ,ကာ ငိုလေပြီ။
“သား သားလေးမမရှိတယ် မမရှိတယ် မကြောက်နဲ့
နော် ဟော့ဒီပရိတ်ကြိုးရှိနေသရွေ့မမတို့ကို
ဘာကောင်မှထိမရဘူး မငိုနဲ့မငိုနဲ့”
မောင်ဖြစ်သူအား အတင်းပင်ဖက်ထားမိသည်။

ခြင်ထောင်တွင်းကမူမထွက်ဝံ့။
မီးမှာငြိမ်းသွားလေပြီ။
လရောင်လဲ့လဲ့ဖြင့် တဲအပြင်ဘက်တွင်
မဲမဲအရိပ်ကြီးများဖြတ်ပြေးနေသည်ကို မိဂျမ်းတွေ့မြင်
နေရသည်။

မောင်ဖြစ်သူကြောက်မှာပူ၍ မျက်နှာမဖော်ခိုင်း။
အတင်းပင်ဖက်ထားသည်။
မိဂျမ်းသည် မျက်ရည်ကျလာလေသည်။
“ကျမတို့မောင်နှမဒုက္ခရောက်လာလို့ပါ မနှောင့်ယှက်
ကြပါနဲ့ရှင် ကျမမောင်လေးရှင်ပြုပေးချင်လွန်းလို့
ဒီအလုပ်ကိုလာလုပ်ရတာပါ ခွင့်လွှတိပါ ခွင့်လွှတ်ပေး
ကြပါ”

အူးးးဂူးးးးး
မာလာ၏တိုင်တည်မည်တမ်းသံအဆုံးတွင်
တောင်ကုန်းအောက်မှ အော်သံတသံပေါ်ထွက်
လာပါသည်။

ထိုအော်သံအဆုံးတွင် ဖြတ်ပြေးနေသည်များ
လှုပ်ယမ်းနေသည်များ ပစ်ပေါက်နေသည်များမှာ
တိခနဲ ရပ်တန့်သွားကြသည်။

‘ဟော တွေ့လား မောင်လေး သူတို့ထွက်သွားကြပီ”
“ဟုတ် ဟုတ်ကဲ့မမ”
“လာလာမမချော့သိပ်မယ် အိပ်နော် မနက်ကျရင်
လုပ်စရာတွေအများကြီးရှိသေးတယ်”
မောင်ဖြစ်သူအားဖက်ကာ ခြင်ထောင်တွင်းမှနေ၍
ထရံဘက်ကျောမှီလိုက်သည်။

စောင်အားနှစ်ယောက်လုံးပတ်ခြုံကာ ဖက်ထားလိုက်
သည်။
ကြောက်၍တုန်နေရှာသည့်မောင်ငယ်သည် ခဏအကြာတွင် မောပန်း၍ထင့် အိပ်သွားရှာလေပြီ။
မိဂျမ်းမှာမူ အိပ်မရ။
ဇာခြင်ထောင်အဟောင်းအားဖောက်ထွင်းကာ
တဲအပြင်ဘက် စူးစိုက်ကြည့်နေမိသည်။

ယခုတော့
မြေမွမွတောင်ကုန်းတွင် ထွန်ယက်လုပ်ကိုင်သူကင်းမဲ့
သည်ကို သဘောပေါက်လေပြီ။
“လက်စသတ်တော့အဘစိန်ဟာ တမင်အကျင့်ပုတ်
တာပါလား အင်းငါကလဲတခြားလုပ်စရာအလုပ်ကမရှိ
အမျိုးအဆွေတွေကလဲ အကပ်မခံကြ
အလုပ်လဲမပေးကြတော့ မတတ်နိုင်ဘူး
ဒီမှာပဲရပေါင်နေရမှာပဲ ဒီပရိတ်ကြိုးလေးတွေက
အသက်ကိုတော့စောင့်ရှောက်ကောင်းပါရဲ့
ငါတို့မှ သူတို့ကိုဘာမှလုပ်တာမှမဟုတ်တာပဲလေ”

မိဂျမ်းသည် တောင်တွေး မြောက်တွေးဖြင့်
အိပ်မပျော်။
မတော် သူအိပ်နေတုန်း တဲပေါ်တက်လာပြီး
လုံးလျှင်မခက်ပေဘူးလား။

ဓားရှည်အား အိပ်ယာအောက်တွင် နေရာရွေ့မရွေ့
မကြာမကြာစမ်းမိသည်။
“အပြင်ကနေကြိုက်သလောက်ခြောက်
တဲပေါ်တော့တက်မလာနဲ့ ဓားနဲ့ခုတ်မှာ”
ရင်ထဲကြုံးဝါးရင်းအချိန်တွေကုန်လာသည်။

မောင်လေးအုံးထားသည့်ပေါင်တဖက်သည်
ထုံကျင်နေသည်မို့ စောင်အစားထိုးအုံးခိုင်းလိုက်သည်။
စောင်မှာသုံးထည်ယူလာသည်။
အိမ်ကနှစ်ထည် အဘစိန်ဆီကတစ်ထည်ဖြစ်သည်။
တစ်ထည်ကိုခြုံပြီးကျန်တည်ထည်အား တဖက်ခြမ်း
ရှိခြင်ထောင်အားဖိထားမိသည်။

“ညညတွေအိပ်ရင်ခြင်ထောင်ဟာအကာအရံပဲ
လူကိုဘေးကင်းစေတယ်တောတောင်ထဲဆို ခြင်ထောင်
ထဲအိပ်တာ ဘေးအကင်းဆုံးပဲ”
ဟူသည့် မိခင်စကားများအား မိဂျမ်းမှတ်သားထားခဲ့သည်။

“ပီးတော့ လူကြီးတွေအနားမရှိတဲ့ညဆို ဓားကို
ဟဲ့ငါ့ကိုစောင့်ရှောက် ဘယ်သူလာလာငါ့ကိုနှိုး
နင်ကငါ့အပိုင် သူများပစ္စည်းမဟုတ်ဘူး
လို့မန်းမှုတ်ပီးအနားထားအိပ်ရင် မကောင်းတဲ့မိစ္ဆာတွေ
လာရင် ဓားမှာရှိတဲ့လိပ်ပြာဟာ ကိုယ့်ကိုနှိုးတယ်”

စသည့် အိပ်ယာဝင်ပုံပြင်မှတ်စရာများအားလည်း
မိဂျမ်းမမေ့။
တောင်တွေးမြောက်တွေးနှင့် မောင်ဖြစ်သူအနား
ဘယ်လှည့်ညာလှည့်နှင့် အချိန်တွေကုန်လာသည်။
မျက်တောင်များစင်းကျလာသည်။

“ငါငါ အိပ်လို့မဖြစ်သေးဘူး ဟိုကောင်တွေပြန်လာရင်
ငါမသိလိုက်ပဲနေမယ်”
မျက်စိအားအတင်းပင် ပြူးထားမိသည်။

အောက်အိအီး းးးးအွတ်
ထိုအသံသည် ကြားခဲ့ဘူးသည့်ကြက်တွန်သံများထဲ
တွင် ကြားရအကောင်းဆုံးဖြစ်သည်။

လင်းကြက်တွန်ရင် မိစ္ဆာတွေနာနာဘာဝတွေဟာ
လူကိုနှောင့်ယှက်မရတော့ဘူး
ဟူသည့်အတွေးဖြင့် အသိစိတ်သည်ကိုယ်မှ
လစ်ထွက်သွားတော့သည်။

မိဂျမ်းကား ထရံဘက်မှီရင်း အိပ်ပျော်ချေပြီ။
ထိုအချိန်မှာပင်
ဝေလီဝေလင်းဖြစ်နေသည့် မနက်ခင်းအလင်းရောင်
နှင့်အတူ ဆယ်နှစ်အရွယ်ကလေးတယောက်
သည် တဲပေါ်မှခုန်ဆင်းချသွားလေတော့သည်။

မိဂျမ်းတို့မောင်နှမမှာတခေါခေါဟောက်လျှက်။

မနက်လင်းသော်
“မမ မမ ထအုံးမိုးလင်းနေပီ ”
“ဟင် ဟင် ဟုတ်သား”
“ဟိုအကောင်လေးလဲမရှိတော့ဘူး”
“ဟုတ်လား သေသွားတာလား”
“သေရင်အကောင်ကျန်နေမှာပေါ့ ခုကသက်သာပီး
ထသွားတာထင်တယ်”
“အင်းထသွားလဲကောင်းတာပေါ့
ကဲမျက်နှာသစ်မယ် မမကကိုင်းခုတ်မယ်
မောင်လေးကထင်းခြောက်ဆွဲ ရလား”

“အာရတယ် ဟိုနားမှာထင်းခြောက်တွေရှိတယ်”
“အင်း ဆွဲထား မမဟော့ဒီလောက်အကွက်ပီးရင်
ထမင်းလာချက်မယ်”
“ဟုတ် ”
မိဂျမ်းသည် လျှာထားသည်အကွက်မပီးမချင်း
မနားပေ။

ညကကိစ္စအားမေ့ထားလိုက်သည်။
ဓားကိုင်တာကြာသဖြင့် အရည်ကြည်ဖုများထလာသည်။
“ပေါက်ပြဲကုန်တော့မှာပဲ စပ်မယ်ထင်တယ်”
အရည်ဖုအား အဝတ်ဖြင့်စည်းရန်တဲဘက်ပြန်လာခဲ့
တော့ တဲအောက်တွင် ထင်းပုံနေသည့် မောင်ဖြစ်သူ
က…

“မမထင်းတွေအများကြီးရနေပီနော် ထမင်းချက်တော့”
“အင်း မမပီးတော့မယ် ပီးမှချက်မယ် ဆာပီလား”
“မဆာသေးဘူးသား ဒါပုံးပီးရေစလောက်ဘက်သွားမ
လို့””
“ရေချိုးမလို့လားအစောကြီး အေးတယ်နော်”

“ချွေးတွေနဲ့မမရ ပီးတော့ လက်ကမဲနေတာ”
“အင်းမမမနေ့ကရွှေဝါဆပ်ပြာတောင့်ပိုင်းထားတယ်
ယူသွား အမြန်ပြန်လာနော်”
“ဟုတ်မမ’
မောင်လေးသည် ရေစလောက်ဘက်ခုန်ပေါက်၍
ပြေးထွက်သွားသည်။

ညကကိစ္စအားအမှတ်မထားလေသလား။
သို့မဟုတ်
အလင်းရောင်ကပင် ခွန်အားပေးလေသလားမသိ။

လက်အား အဝတ်စဖြင့်ပတ်ကာ ကိုင်းအားဆက်ခုတ်
နေမိသည်။
သတ်မှတ်ထားသည့်နေရာအရောက်တွင် ခြေတစုံ
အားငုံ့ရင်းမြင်ရသဖြင့် မတ်ခနဲ ရပ်ကြည့်လိုက်တော့
အသက်ငါးဆယ်အရွယ်လူကြီးတဦး။

မိဂျမ်းပါးစပ်ဟသွားရသည်။

ဘာ့ကြောင့်မျက်လုံးစိမ်းကြီးဖြင့်ကြည့်နေသလဲ။
ရင်ထဲမှမေးခွန်းသာ။
လက်တွေ့တွင်တော့ ထိုလူကြီးကပင်စပြောလာသညိ။
“ဒီမှာကလေးမ မင်းတို့ဒီကုန်းကနေပြန်တာကောင်းမယ်နော်”
“ဘာဖြစ်လို့လဲဦးကြီး ကျမတို့ကအလုပ်မရှိလို့ပါ
ပီးတော့ဦးကြီးကဘယ်သူများလဲ”
“မင်းမေးလို့ပြောပြလ်ုက်ပါမယ် ငါ့နာမည် တောက်ထိန်
ဒီကုန်းရဲ့အပိုင်စားရသူပဲ မင်းတို့နေခွင့်မရှိဘူး”

“ဒီနေရာပိုင်ရှင်က ဘကြီးစိန်လေ အဘစိန်လေ”
“မင့်ငစိန်ကသူနေမလို့မနေတာပေါ့ကွ
ငါရှည်ရှည်ဝေးဝေးမပြောချင်ဘူး မနက်ဖြန်မနက်လင်း
လို့မှမပြန်ကြရင် ငါ့အကြောင်းသိစေရမယ်”
ထိုလူကြီးသည် စကားအားဒေါသတကြီးပြောရင်း
ချာခနဲလှည့်ထွက်သွားလေပြီ။

မိဂျမ်းမှာပါးစပ်အဟောင်းသားဖြင့်ကျန်ရစ်ခဲ့သည်။

“ဘာလဲဟ လူပဲဒါ ညကသက်သက်ငါတို့မနေရဲအောင်
သရဲယောင်ဆောင်တာပဲ အဘစိန်နဲ့ကွင်းလုဘက်ပဲ
ဖြစ်ရမယ်”
မိဂျမ်းသည်မိမိဘာသာထင်ကြေးပေးရင်း စိတ်ချမ်းသာ
သွားရသည်။

ညကျအိပ်ရေးပျက်စရာအကြောင်းမရှိပြီလေ။

“မမရေ သားပြန်လာပြီ”
“အေးအေးမမလဲထမင်းချက်မယ်”
“မမသားလေ ရေချိုးရင်းသူငယ်ချင်းရခဲ့တာ”
“ဟေ ဘယ်သူလဲ ဒီနားမှာတို့ပဲရှိတာလေ”
“မဟုတ်ဘူးမမဒီကောင်က ဟိုးဘက်ကုန်းကတဲ့
သူလဲသားအရွယ်ပဲ လာမဲ့ဝါအဝင်မှာသူလဲ ရှင်ပြုမှာ
ဆိုပဲ အဲ့ဒါသားနဲ့ညှိခဲ့ကြသေးတယ် ရှင်အတူပြုဖို့”

“အေး ဒီနားသူငယ်ချင်းရတယ်ဆိုတော့လဲ
ကောင်းသား အဟေးဟေး”
မိဂျမ်းမှာဤတောင်ကုန်းတွင် သက်ရှိများရှိနေသည်
ဟုသိလိုက်ရသဖြင့် ထပ်ဆင့်ပျော်သွားသည်။

သို့နှင့်
တနေ့တာ ကုန်ဆုံးသွားရပြန်သည်။
အလုပ်သိမ်းလာသည့်မှောင်ရီဝိုးတဝါးအချိန်လေးတွင်
“မမရေမမ သားပြောစရာရှိတယ်”
“ပြောလေ ဆာပီလား”
“မဟုတ်ဘူးမမ ဒီည ငသင်တို့ဆီသွားအိပ်ကြရအောင်”

“ဘယ်က ငသင်တုန်း”
“မနက်ကသားပြောတဲ့သူပေါ့
သူ့အမေကပြောတယ်တဲ့ ဒီညမုန်တိုင်းရှိတယ်လို့
အဲ့ဒါ မငသင်ကသားတို့ကို သူတို့တဲလာအိပ်တဲ့
သူ့အမေကလဲ ထမင်းလာစားလို့ပြောတာ”
“အဝေးကြီးလား”
“ဟိုးဘက်နားတင်တဲ့မဝေးဘူးတဲ့”

မိဂျမ်းသည် ကောင်းကင်အားမော့ကြည့်မိပြန်သည်။
မိုးသားတိမ်လိပ်တို့အား မတွေ့ရ။

“အင်းလေ လူကြီးစကားဆိုတော့ သွားအိပ်တာမမှား
ပါဘူး မိတ်ဆွေတိုးတာပေါ့ သွားမယ်”
ထိုအချိန်တွင်
“ဝေးးးနိုင်ဝင်း နိုင်ဝင်းရေ”
ဟူသည့် သေးစူးစူးအသံလေးအား ကြားကြရသည်။

“လာပီဝေး ငသင် လာပီကွ”
“ကဲကဲ လာ မှောင်လာတော့မယ်”
မိဂျမ်းသည် မျိုးစေ့ထုတ်နှင့်စောင်များအား
မိုးကာဖြင့်ပတ်လိပ်ထားလိုက်သည်။
မုန်တိုင်းကြောင့်တဲအမိုင့်ပွင့်လျှင်တောင် ရေမစိုစေရန်
ဖြစ်သည်။

မောင်နှမနှစ်ယောက်သည် တဲလေးအားထားရစ်ကာ
ရေစလောက်ဘက် ထွက်ခဲ့ကြသည်။
ကိုင်းတောအစပ်တွင် ငသင်ဟုသည့် အသားဖြူဖြူ
ပိန်ပိန်သေးသေးကောင်လေးအား တွေ့ကြရသည်။

“လာနိုင်ဝင်း ငါ့အမေက စောင့်နေတာ”
ထိုနေရာမှ သိပ်မသွားကြရ။
ပျဉ်ခင်းပျဉ်ကာ သွပ်မိုးတဲလေးအား တွေ့ကြရသည်။
“ဒီအိမ်ပဲလေမမ သားတော့နေ့ခင်းကတစ်ခါ
ရောက်ပီးပီ ဟီးဟီး”
“နင်ငါမသိအောင်လည်တာပေါ့ ခွေးလေး”
“ဟီး ငသင်ကသားကိုထင်းဆွဲကူတော့ အမြန်ပီးတာပေါ့
အဲ့ဒါဆော့ရင်း ရောက်လာတာ”

ငသင့်အမေဖြစ်သူက…

“ကိုင်းပါသမီးရယ် ကြီးကြီးသားကလဲဒီမှာနေရတာ
ပျင်းနေတာ ခုသမီးတို့ရောက်လာတော့ အတော်ပဲ
အလုပ်မှာ လိုအပ်တာရှိလဲကြီးကြီးတို့ကိုပြောပေါ့
ကိုင်းစားကြစားကြ မုန်တိုင်းကတော်တော်ကြီးလိမ့်
မယ်ကြားတယ် စောစောအိပ်ယာဝင်ကြ!

ငသင်၏အဖေဆိုသူမှာ ဘာစကားမှဝင်မပြော။
ကွမ်းကြီးတမြုံ့မြုံနှင့် အပြင်ဘက်လှမ်းလှမ်းကြည့်
နေသည်ကို မိဂျမ်းသတိထားမိသည်။
ထိုနေ့ညက
မိဂျမ်းအိပ်လိုက်သည်မှာ အသေအတိုင်းပင်။

မနေ့ကသေချာမအိပ်ထားတာရော အလုပ်ပမ်းတာပါ
ပါမည်ထင်သည်။
ထိုညက
မိဂျမ်းတို့မသိလိုက်သည်က
ကျန်နေခဲ့သည့် သူတို့တဲကလေးအနီးတွင်
အကောင်ကြီးနှစ်ကောင်လုံးသတ်နေသည်မှာ
တညလုံးနီးပါးပင်ဖြစ်သည်။

သန်းခေါင်ယံထိ တဒုန်းဒုန်းဆူညံနေသည်မှာ
ငွေတောင်ကွင်း တကွင်းလုံးကကြားကြရသည်။
သန်းခေါင်ယံအလွန်တွင်မူ
ငသင့်အမေက ပူပန်ဟန်ဖြင့် ပြောလာသည်။
ပုပန်စိတ်ကြောင့်လား ညအချိန်မို့လားမသိ
ဟန်ပန်တွေပါ ပြောင်းလာကြသည်။

“ဟဲ့ငသင် နင့်အဘတော့ရှုံးတော့မယ်ထင်တယ်
အေးလေ သူ့နယ်ကိုး ”

ငသင်သည်
အိပ်ပျော်နေကြရှာသည့် သူငယ်ချင်းမောင်နှမအားငုံ့ကြည့်သည်။

“အမေ အမေ့ကိုတော့ဒီအတိုင်းမထားနိုင်ဘူး
အမေဒီကသားသူငယ်ချင်းတွေကို စောင့်ရှောက်ထား
နော် သားအဖေ့ကိုသွားကူလိုက်မယ်”
“အို ဟဲ့ သား သား”
မိခင်ဖြစ်သူခေါ်နေသည့်ကြားမှ ငသင်သည်အိမ်ပေါ်မှ
ခုန်ချလိုက်သည်။

အံ့ဖွယ်ပင်ဖြစ်သည်။
အိမ်ပေါ်မှခုန်အချတွင် ငသင်မှာ ဧရာမအရိပ်မဲကြီး
ဖြစ်ကာ မိဂျမ်းတို့တဲဘက် ပြေးလေတော့သည်။
ငသင်ခုန်ချအပြီးတွင် မိဂျမ်းတို့အိပ်နေသည့် အိမ်လေးသည်လည်း
ပျောက်ကွယ်သွားသည်။

သတ်ပုတ်သံသည် ခေါင်းအားထိမတတ်မြည်ဟည်း
နေသည်မို့ မိဂျမ်းမှာနိုးလာပါသည်။
“ဟင် ဘာ ဘာသံ သံ အယ်”
ထိုအခါမှ
မိမိတို့အိပ်နေသည်မှာ သစ်ရွက်ခြောက်များကြားတွင်
ဖြစ်နေသည်ကို သိလိုက်ကာ ထိတ်ပျာသွားရသည်။

“မောင်လေးမောင်လေး ထထဒုက္ခပါပဲ”
“ကလေးမလေး ပြန်အိပ်ပါ”
ထိုအသံကြောင့်လှည့်ကြည့်မိရာ
“အမယ်လေး ဘုရားကယ်ပါ”
“ကြီးကြီးကိုမကြောက်ပါနဲ့ ကလေးတိူ့ကိုဒုက္ခမပေးပါ
ဘူး ခုအဲ့နေရာကနေ နေရာမရွေ့ပါနဲ့ ငြိမ်ငြိမ်လေး
နေကြပါ ”

“ဟာ ဘာ ဘာကောင် ”
“အိုမောင်လေး တိတ်တိတ်နေ”
“မမ ငသင်ငသင်ကော တဲအိမ်ကော”
ထိုအခါမှ ကြောက်စရာအသွင်ပြောင်းနေသည့်
ငသင်၏မိခင်ဆိုသူက ရှင်းပြလေသည်။

မိဂျမ်းတို့မှာ သစ်ရွက်ခြောက်ပုံကြားမှမထွက်ရဲပဲ
နားထောင်ကြရလေသည်။

“တစ်ကယ်တော့ ကြီးကြီးတို့က လူသားတွေမဟုတ်ကြ
ပါဘူး ဒီကုန်းမှာခိုကပ်နေကြရတဲ့ကျပ်တစ္ဆေမိသားစုပါ
ဟိုတောင်ကုန်းပေါ်က သရဲတောက်ထိန်ဟာ
ရောက်လာသမျှ လူတွေကိုခြောက်လှန် အသေသတ်တတ်သူပေါ့
ဘာပဲဖြစ်ဖြစ် ကြီးကြီးတို့ကကိုယ်နဲ့မဆိုင်တော့
ဒီအတိုင်းကြည့်နေခဲ့တာကြာပါပီ ကလေးတို့ရောက်လာတဲ့နေ့ကတော့ သားငသင်ဟာ
သူ့အရွယ်ကောင်လေးကို လိုက်ချောင်းရင်း သစ်ပင်
ပေါ်ကပြုတ်ကျပါလေရောလေ
အဲ့ဒီနေရာက သရဲတောက်ထိန်ရဲ့နေရာမို့ ကြီးကြီးတို့
ဝင်မရဖြစ်နေတုန်း ဟော့ဒီသားလေး နိုင်ဝင်းတို့မောင်
နှမက ကယ်ပေးခဲ့လို့အသက်ရှင်ခဲ့ပါတယ်”

မိဂျမ်းသည် အာစေးမိထားသူလို ပါးစပ်ဟမရ။
အဖွားကြီးကဆက်ပြောလာသည်။
“ဒီညကျတော့
သရဲတောက်ထိန်ဟာ ကလေးတို့နှစ်ယောက်ကို
မုန်တိုင်းကျတယ်ထင်အောင်လှည့်စားမယ်
ချည်မန်းကွင်း ကျွတ်အောင်လုပ်လိမ့်မယ်လို့
ပရလောကသားတွေပြောတာ ကြားနေရတယ်
သားရဲ့ကျေးဇူးရှင်တွေမို့ ခုလိုရှောင်ခိုင်းရတာပါပဲ”

“ခုကြားနေရတာတွေက …”
“အဲ့ဒါသရဲတောက်ထိန်နဲ့ ငသင်တို့သားအဖနဘမ်းလုံး
နေကြတာကွဲ့
ဘေးရန်ကင်းပီး နိုင်လာပါစေလို့ဆုတောင်းရတာပါပဲ”

မိဂျမ်းသည် မျှော်လင့်မထားမိသည့်စကားများမို့….
“ဟင်း မောင်လေးမကြောက်နဲ့နော်”
“မမကလဲ ငသင်ဆိုရင်သားမကြောက်ပါဘူး
သူသရဲဆိုလဲ သားသူငယ်ချင်းပါပဲ”

ခပ်လှမ်းလှမ်း အော်ဟစ်ငြီးတွားသံ
သတ်ပုတ်နေသံများအား ကြာနေရသည်မို့
ရင်တထိတ်ထိတ်ဖြင့် စောင့်စားကြရသည်။
ကြောက်၍ရင်ထိတ်ရသည်လား စိုးရိမ်၍ရင်ထိတ်ရ
သည်လား မိဂျမ်းမခွဲခြားတတ်ပါ။

မနက်ဝေလီဝေလင်းအချိန်တွင် လူနှစ်ယောက်သည်
သူတို့ဘက်လှမ်းလာနေသည်ကိုတွေ့ကြရသည်။
ထိုအခါမှ နိုင်ဝင်းမှာ သက်ပြင်းချသည်။
“ငသင် မင်းဘာမှမဖြစ်ဘူးနော်”
“ငါဘာမှမဖြစ်ပါဘူးကွာ အဖေတော့ဒဏ်ရာအကြီး
အကျယ်ပဲဟေ့ မင်းဆေးကုပေးလိုက်အုံး”

ငသင့်စကားကြောင့် မိဂျမ်းပြုံးမိသည်။
“မင်းကငါ့အကြောင်းသိသွားပီပေါ့လေနိုင်ဝင်း”
“အေးလေ”
“မင်းငါ့ကိုမကြောက်ဘူးလား”
“မကြောက်ဘူး”
“ငါနဲ့ဆော့အုံးမယ်ပေါ့”
“ဆော့မယ်”
“ဝေး ဟေး ဟေး ပျော်တယ်အမေ သားပျော်တယ်”

ငသင်သည် ကိုင်းတောထဲတွင် လူးလှိမ့်နေသည်။
မိဂျမ်းသည် ရင်ထဲတွင် အေးလိုက်ပူလိုက်ဖြစ်နေ
ရသည်။
မနက်လင်းတော့
သူတို့တဲလေးဆီ ငသင်ကလိုက်ပို့သည်။

“ဟိတ်ကောင်ငသင်မင့်အဖေကိုဂရုစိုက်လိုက်နော်”
“ဟားဟား နိုင်ဝင်းရာ ငါတို့အမ်ျုးကဒဏ်ရာရရင်
သူ့အလိုလ်ုကုစားနိုင်စွမ်းရှိတယ်ကွ ဟိုညကငါ့ဒဏ်ရာ
ဟာ နဘူးနွယ်နဲ့ပျောက်တယ်လို့မင်းထင်နေတာလား”

“မဟုတ်ဘူးလား”,

“ငတုံး ငါညကျမှလာတော့မယ် ဒီတဲမှာအေးဆေးနေ
ကြတော့ ဟိုကောင်ကြီး တော့ တခြားဘုံကိုကူးသွားပီ”

ငသင် သည်စနောက်ရင်း ပြန်ပြေးလေသည်။
သူပြောသွားသည့်စကားတချို့ကြောင့် မိဂျမ်းသည်
ဝမ်းသာဝမ်းနည်းဖြစ်ရသည်။

သို့နှင့် မိဂျမ်းတို့မောင်နှမသည်
ထိုကုန်းမြေတွင် အလုပ်က်ုကြိုးစားလုပ်သည်။
အနှောင့်အယှက်ပေးမည့်သူကားပေါ်မလာတော့ဘူး
မဟုတ်လား။

ငသင်နှင့် မိသားစုကလည်း လာကူညီကြသည်။
ကိုင်းကွင်းသည် ပြောင်ရှင်းနေသည်။
တဖက်မှစိမ်းစိုနေသည်။
ဘာလိုလိုနှင့်တလခွဲမျှကြာညောင်းခဲ့လေပြီ။

အဘစိန်ကားလာမကြည့်။

အကယ်၍ကလေးများသေနေလျှင်သူ့တွင်အမှုပါတ်
နိုင်သည်။
သေတာကြာမှသိလျှင် နေစရာမရှိ၍နေရင်းသူတို့ဘာသာသေသည်ဟု
သတ်မှတ်ကာ ကိစ္စပြီးပေမည်။

ထို့ကြောင့်
အိမ်ကသာစောင့်သည့် သတင်းနားထောင်သည်။
လယ်နားနီးချင်းတွေပြောကြသည်က
ထ်ုကုန်းသည် သစ်ပင်များစိမ်းလန်းနေသည်။
ကလေးသူငယ်နှင့် အခြားလူကြီးများလည်းရှိနေသညိ။
တောက်ထိန်ကွင်းသည် စပါးစိုက်၍ရနိုင်သည်တဲ့။
အဘစိန်သည် ငွေအစိတ်အားအသင့်ပြင်၍
အိမ်ကပင်စောင့်သည်။

“ငါထင်သားပဲ ဒီကလေးတွေဟာ မညံ့ဘူးလို”
……
“ရော့သမီး ဒါ ကြီးကြီးတို့မိသားစုရဲ့အလှူငွေ”
“ဟင်ဘာတွေလဲကြီးကြီး”
“ဖွင့်ကြည့်ပေါ့”
မိဂျမ်းသည် ပြန်ခါနီးတွင်ကမ်းပေးလာသည့်
အဝတ်အိတ်ကလေးအား ဖွင့်ကြည့်သည်။

“ဟာ ရွှေ ရွှေတုံးတွေလား”
“ငသင် ဒါရွှေတွေလားကွ”
“ဟုတ်ပါတယ်နိုင်ဝင်း ငါကမင်းလိုမျိုးရှင်ပြုချင်တာကွ
ခုငါမပြုရတော့ မင်းကိုလှူတာ
မင်းမောင်ရင်လောင်းဖြစ်ပီး သင်္ကန်းစီးပီးရင်
ငါ့ဖို့အမျှဝေပေးနော် ဒီဘဝမှာမနေချင်တော့ဘူးကွ”

မျက်နှာငယ်လေးနှင့်ပြောရှာသည့်ငသင်ဆိုသည့်
သူအားကြည့်ကာ နိုင်ဝင်းငိုလေပြီ။

“သမီးမိဂျမ်း ရေစက်ချတဲ့အခါကျရင်
ဦးလှဖေ ဒေါ်ကြင်မေ သားငသင်တို့သာဓုခေါ်ပါလို့
နာမည်ခေါ်ပြီး အမျှပေးပေးပါနော်သမီး”
“ဟုတ်ကဲ့ပါကြီးကြီး စိတ်ချပါ”

နိုင်ဝင်းကလည်း
“ငါငါ အမျှလဲဝေမယ် တသက်လုံးလဲသတိရနေပါ့မယ်
ငါရှင်ပြုမဲ့နေ့ကျ မင်းတို့ကိုလာဖိတ်ပါ့မယ်
ဆက်ဆက်လာနော်”
“စိတ်ချ ငါလာကိုလာမှာ”
“ဒါဆိုငါတို့သွားတော့မယ်နော်”

ငသင်သည် နှုတ်ပင်မဆက် လှည့်ထွက်သွားချေပြီ။
ငသင်၏မိဘများသည်လည်း သူ့နောက်မှလိုက်ပါသွား
ကြလေသည်။
မိဂျမ်းတို့မောင်နမလည်း မျက်ရည်များနှင့်….
…..
ဝါတွင်းပင်မရောက်လိုက်ပါ။
နောင်မွန်ရွာတွင် ခြိမ့်ခြိမ့်သဲ အလှူပွဲတခုရှိသည်။
မိဂျမ်းသည် ဆရာတော်၏နှဘေးတွင်
ဦးပြည်းစိမ်းစိမ်းကလေးနှင့်ထိုင်နေသည့်
မောင်ဖြစ်သူအားကြည့်ကာ
ရေစက်ခွက်ကလေးကိုင်ရင်း မျက်ရည်ကျမိသည်။

ဝမ်းသာဝမ်းနည်းသည့် မျက်ရည်များဖြစ်သည်။

တရာတော်ကြီး၏ သုံးဆယ့်တစ်ဘုံအမျှဝေသံနှင့်အတူ

“အမေရေ ခုတော့ မောင်လေးလဲ ရှင်ပြုပီးပီ
အမေ့ကိုရည်စူးပီးကုသိုလ်ကောင်းမှုတွေလဲပြုထားပါ
ပီ ရောက်ရာဘဝကနေ သာဓုခေါ်ပါအမေ

ဒီအလှူအတွက် ဘုံတစ်ခုမှလှူဒါန်းခဲ့ကြတဲ့
ဦးလှဖေ ဒေါ်ကြင်မေ သားမောင်သင်မိသားစု
ကျွန်ုပ်တို့နှင့်အတူ
သာဓုခေါ်ဆိုနိုင်ပါစေသား”

ထိုအမျှဝေသံအဆုံးတွင်
ကျောင်းဝင်အပြင်တွင် ရပ်နေသည့်
ဖြူဖပ်ပိန်လှီလွန်းသည့် အရိပ်တစ်ခုသည်
အဖြူရောင်အလင်းတန်းနှင့်အတူ ပျောက်ကွယ်သွား
လေသည်။

ထို့အတူပင်
လူမနေနိုင်ဟူသော ကိုင်းကွင်းအစပ်တွင်
နားကကြားသမျှအမျှဝေသံတိူ့အား
အာရုံပြုကာ သာဓုခေါ်ပီးနောက်တွင်
လင်းလက်သည့်အဝတ်အစား
တောက်ပသည့်အပြုံးများဖြင့် မိသားစုသုံးယောက်
သည်လည်း တပြိုက်နက်ပင် ထိုနေရာမှ ပျောက်ကွယ်လေသည်။

ပြီးပါပြီ။
ဆင်းရဲခြင်းမှန်သမျှ ကင်းကြပါစေ။
ဤစာမူဖြင့် မွေးသမိခင်ကျေးဇူးရှင်နှင့်
ဆရာသခင်နှစ်ပါးအား ကန်တော့ပါသည်။

ဧကရီအားလေးစားလျက်

Zawgyi Version

သာဓုေခၚပါအေမ(စ/ဆံုး)
——————————
ေနာင္ ေဝ ေဝ ေဝ။
“အေမေရ အေမ့ကိုမေခၚသြားၾကပါနဲ႔အီးဟီး”
ေနာင္မြန္႐ြာကေလးအတြင္း
တဲအိမ္ကေလးေရွ႕တြင္ ႐ုတ္တရက္ထုခ်လိုက္သည့္
ေၾကးစည္သံႏွင့္အတူ
လူတစုက အေလာင္းစင္အားမ,လိုက္ႏွင့္
ဆယ္ႏွစ္အ႐ြယ္ေကာင္ေလးတေယာက္သည္
ဝါးလုံးအားဆြဲခိုကာ ငိုယိုေလသည္။

“ဟာ ဒီေကာင္ေလး တင္ျမတို႔လာေခၚပါဟ
ညေနေစာင္းေတာ့မယ္”
ငိုယိုေနသည့္ေမာင္ေလးအား မိန္းမႀကီးႏွစ္ေယာက္က
ဆြဲေခၚသြားၾကသည္ကို မိဂ်မ္းသည္ ေညာင္ေရအိုးက
ေလးကိုင္ၿပီး ေငးၾကည့္ေနမိသည္။

ေမာင္ေလးသည္ ငယ္႐ြယ္လြန္းသူမို႔
လူႀကီးမ်ားက သင္းခ်ိဳင္းသို႔မလိုက္ခိုင္းပါ။
မိဂ်မ္းကအသက္ဆယ့္သုံးႏွစ္မို႔ လိုက္ပါခြင့္ရသည္။
ရွားပါးမိသားစု၀င္မို႔လည္းျဖစ္မည္။
ေမာင္ႏွမႏွစ္ေယာက္အနက္ အႀကီးမေလးမို႔လည္း
ျဖစ္မည္။

မိဂ်မ္းေသခ်ာေတာ့နားမလည္။

မိဂ်မ္းနားလည္သည္ကျဖင့္
အေမ့အသုဘတြင္ လူမ်ားမ်ားမရွိတာရယ္
အေမ့႐ုပ္အေလာင္းထည့္ထားရာ ေခါင္းကေလးသည္
ပ်ဥ္ၾကမ္းခပ္က်ဲက်ဲဆိုတာရယ္ပင္ျဖစ္သည္။

ေညာင္ေရအိုးအားကိုင္ရင္း အသုဘျမင္ကြင္းအား
အေရာင္မဲ့ေငးၾကည့္မိသည္။
စုတ္ခ်ာလွသည့္ တဲစုတ္ကေလးရယ္
အနည္းအက်ဥ္းလူတစုရယ္။
ေၾသာ္….သူမတို႔ေမာင္ႏွမကိုစိတ္မခ်ႏိုင္သည့္အေမသည္ ခုေတာ့မျပန္လမ္းကိုျမန္းေခ်ၿပီ။

ေနာင္ေဝ ေဝ ေဝ
ထပ္ထုလိုက္သည့္ေၾကးစည္ခ်က္ေၾကာင့္
အေတြးတို႔ပ်ံ႕လြင့္ေနမိရာမွ သတိျပန္၀င္လာသည္။
ေျခအစုံသည္ လူစုႏွင့္အတူ ေနာင္မြန္သုသာန္ဆီသို႔။

သုသာန္တြင္
ဘုန္းဘုန္းကအဘယ္တရားကိုေပးေနသည္မိဂ်မ္းမသိ။
မိဂ်မ္းအသိက ခြမ္းဆိုသည့္အသံေပးၿပီး က်ကြဲသြား
သည့္အိုးႏွယ္ …
သူ႔ဘ၀၏ေကာင္းကင္သည္ အစိပ္စိပ္ကြဲေၾကသည္။
…..
“ဟဲ့ ဟဲ့ အိမ္ေရွ႕ကဘယ္သူလဲ”
“ကၼပါအရီး ”
“ဘယ္ကက်မလဲေအ့ ညီးငါမသိပါဘူး”
လူပင္ေသခ်ာမျမင္ရေသး အိမ္ႀကီးေပၚမွအမ်ိဳးသမီး
သည္ မသိဘူးဟုဆိုလာသည္။

“ဟို ဟိုေလအရီး မိဂ်မ္းပါ”
“ဟင္ မိဂ်မ္း”
ထိုအခါမွအမ်ိဳးသမီးသည္ အိမ္ႀကီးေပၚမွ ခပ္သြက္
သြက္ဆင္းသည္။

အိမ္ေအာက္ထဲ၀င္သြားသည္။
ၿပီးမွ အိမ္ေရွ႕ထြက္လာသည္။
ၿခံ၀တြင္ ကုပ္ကုပ္ကေလးရပ္ေနသည့္ မိဂ်မ္းထံ
တခုခုအားကမ္းေပးသည္။

“ေရာ့ ဒါယူသြား ေနာက္မလာနဲ႔ေနာ္
မင့္ဘေထြးကလဲေနေကာင္းတာမဟုတ္ဘူး”
လက္ထဲေရာက္လာသည့္ ပစၥည္းေလးအားမိဂ်မ္း
ငုံ႔ၾကည့္မိေတာ့ အဖုံးမပါသည့္ ဒန္အိုးေပါက္တစ္လုံး။

“သြားသြား မိုးခ်ဳပ္ပီ”
အတင္းႏွင္သျဖင့္ စကားပင္မေျပာလိုက္ရ။
လာရင္းကိစၥအား ၿမိဳခ်လိုက္သည္။
အမွန္ကသူဒီကိုလာတာက ေပါင္းႏႈတ္ေန႔စားေခၚ
ေပးဖို႔။

ေမာင္ေလးေနမေကာင္းျဖစ္ေနသည္။
အေမေသသြားၿပီးႏွစ္ရက္အတြင္း
သူတို႔ေမာင္နမထံမည္သည့္ ေဆြမ်ိဳးသားခ်င္းတိူ႔မွ
ေရာက္မလာၾက။

ယခုေတာ့ အိုးေပါက္တစ္လုံးေပးကာႏွင္လႊတ္ခံရ
ေလၿပီ။
“ဟင္း မတတ္ႏိုင္ပါဘူး ေမာင္ေလးကိုဒါေလးေရာင္း
ပီး ေဆး၀ယ္တိုက္ရမွာပဲ”
အိမ္ဘက္အျမန္ျပန္ခဲ့သည္။

သူမတို႔ေနသည္က သူမ်ားအိမ္ေနာက္ေဖးဘက္တြင္
ျဖစ္သည္။
သူမတို႔အိမ္အျပင္ လယ္ကြင္းမ်ားသာရွိေတာ့သည္။
“ေမာင္ေလး ထ ဆန္ျပဳတ္ေသာက္ရေအာင္”
“သားမေသာက္ခ်င္ဘူးမမ အေမ့ကိုလြမ္းတယ္”

မ်က္ရည္အဝဲသားႏွင့္ေျပာလာသည့္ေမာင္ငယ္ေလး
အားၾကည့္ရင္း ငိုခ်င္သည့္စိတ္ကိုတင္းထားရသည္။
သူသာငိုျပေနလွ်င္ ဖ်ားနာေနသည့္ေမာင္ငယ္မွာ
နလန္ထူႏိုင္မည္မဟုတ္။

“ထထ နဲနဲေသာက္ ေမာင္ေလးမေသာက္ရင္
မမလဲမေသာက္ေတာ့ဘူး”
ထိုစကားၾကားမွေမာင္ငယ္သည္ အိပ္ေနရာမွထထိုင္
သည္။

သူမခြံ႕ေကြၽးသည့္ဆန္ျပဳတ္အား အနည္းငယ္သာ
ေသာက္သည္။
“ေတာ္ပီမမ စားလို႔မရဘူး”
“ဒါဆိုခဏမွိန္းေနေနာ္ မမေဆးသြားရွာလိုက္အုံးမယ္”
ေမာင္ငယ္မွာေခါင္းသာညိတ္ျပသည္။
ေစာင္ေလးၿခဳံကာ ျပန္အိပ္သြားသည္။

ႏွဖူးအားအသာစမ္းၾကည့္လ္ုက္ေတာ့ ပူက်စ္ေနသည္။
အဖ်ားတက္ေနေလၿပီ။
ဆန္ျပဳတ္ခြက္အား အုပ္ေဆာင္းေအာက္ထိုးထည္ကာ
႐ြာအေတာက္ပိုင္းကေဆးဆိုင္ဘက္ေျပးသည္။
လက္ထဲမွာေတာ့ မနက္ကအရီးျဖစ္သူေပးခဲ့ေသာ
ဒန္အိုးေလးအားကိုင္ထားသည္။

႐ြာအေနာက္ပိုင္းေဆးဆိုင္သည္ ကုလားတစ္ဦးပိုင္
ေသာေဆးဆိုင္ျဖစ္သည္။
ထိုကုလားမွာ ပစၥည္းအေဟာင္းမ်ားလည္း၀ယ္တတ္
သည္။

လုံခ်ည္အား တိုတို၀တ္ကာေျပးလာသျဖင့္
သိပ္မၾကာခင္ ေဆးဆိုင္နားေရာက္လာသည္။
ဆိုင္ရွင္ကုလားႀကီးပင္ ဆိုင္သိမ္းစျပဳေနေလၿပီ။
ေျပးရွိန္အားရပ္ကာ ႏွဖူးမွေခြၽးအားလက္ေခါက္ျဖင့္
သိမ္းသုပ္ရင္း ဆိုင္တြင္း၀င္လိုက္သည္။

“ဦးေလး က်မေမာင္ေလးဖ်ားေနတာသုံးရက္ရွိပီ
အဲ့တာေဆးေလးတိုက္ခ်င္လို႔”
“ဘာေဆး၀ယ္မလဲေကာင္မေလး”
“ကိုယ္ပူက်ေဆးတခုခုေပးပါ ေဆးဖိုးကေတာ့
ေဟာ့ဒီအိုးေလးပဲပါပါတယ္ရွင္”

ကုလားႀကီးသည္ ဒန္အိုးေလးအားကိုင္ၾကည့္သည္။

“ဟေလး ဒန္အိုးစုတ္ႀကီးေနာ္ ကုလားမ၀ယ္ဘူး
ပဲႀကီးေလွာ္ရွိတယ္ေနာ္ လဲသြား”
လူလည္ႀကီးဦးကုလားသည္ ဒန္အိုးအားျပန္ေပးသည္။
သူ႔ဆိုင္သူျပန္သိမ္းေနသည္။

“ဦးေလးရယ္ က်မေမာင္ေလးဖ်ားေနတာၾကာပီ
ဘယ္လိုပဲျဖစ္ျဖစ္ ေဆးေလးတစ္ခြက္စာေတာ့ေပးေပး
ပါရွင့္ အေႂကြးအျဖစ္မွတ္ထားေပးပါ က်မဆက္ဆက္
လာဆပ္ပါ့မယ္”
“လာျပန္ပီ အေႂကြးေရာင္းတာေနာ္ လက္ငင္းရတာ
ေလာက္မေကာင္းဘူး ဒါ့ေၾကာင့္အေႂကြးမေပးဘူး”

ေျပာရင္းသိမ္းေနသည္မွာ မိဂ်မ္းပင္၀င္လုေတာ့မည္
စိုးသည့္အတိုင္း ျမန္ဆန္လွသည္။
ေဆးေပးမည့္အေနအထားမရွိသျဖင့္ ဒန္အိုးအား
လမ္းေဘးတေနရာတြင္လြင့္ပစ္ကာ ျပန္လာခဲ့သည္။

သူျပန္ေရာက္ေတာ့ေမာင္ေလးမွာ အိပ္ေပ်ာ္ေနေလၿပီ။
ႏွဖူးအားအသာစမ္းၾကည့္ျပန္ေတာ့ ေစာေစာကေလာက္
မပူေတာ့ဟုထင္သည္။
အင္း အဖ်ားကေပ်ာက္သြားပီေနမွာ
ေျပာရင္းအနားတြင္၀င္အိပ္လိုက္သည္။

ညသည္ ပိုးပုရစ္ေအာ္ျမည္သံတို႔ေၾကာင့္
ဆူညံေနသည္။
မိဂ်မ္းအိပ္မေပ်ာ္။
ထရံေပါက္ၾကားမွ အျပင္ဘက္လွမ္းၾကည့္လိုက္ေတာ့
တေမွ်ာ္တေခၚလယ္ကြင္းျပင္အားေတြ႕ရသည္။

လယ္ကြင္းျပင္တြင္ငုတ္တုတ္ထိုင္ေနသည့္ႏွယ္
လယ္ေစာင့္တဲမ်ားအား ျမင္ေနရသည္။
“”ဟင္းးးး””
အသက္မျပည့္ေသးသည့္ လူမမည္သူတို႔ဘ၀အား
ေတြးမိကာ သက္ျပင္းရွည္ႀကီးခ်လိုက္မိသည္။

မၾကာခင္သူအိပ္ေပ်ာ္သြားသည္ဟု မိမိဘာသာထင္မွတ္
မိသည္။
ေမွးခနဲျဖစ္သြားသည့္အခိုက္တြင္
အေခါင္းပ်ဥ္ခပ္က်ဲက်ဲၾကားမွ အေမ့မ်က္ႏွာအား
ျမင္ရသည္။

အေမသည္ မေသ။

မ်က္စိဖြင့္ကာ သူ႔ဘက္ျပဴးၾကည့္ေနသည္။

ထိတ္ခနဲျဖစ္သြားရင္း လန္႔ႏိုးလာရသည္။
“ဘုရားဘုရား အေမမကြၽတ္ဘူးထင္တယ္
သမီးတို႔ကိုစိတ္ခ်ပါအေမရဲ႕ သြားမဲ့လမ္းကိုသာ
ေျဖာင့္ေအာင္သြားပါေနာ္ အမွ် အမွ် အမွ်”

တတ္သမွ်မွတ္မိသမွ်ေရ႐ြတ္ေနမိသည့္အခ်ိန္တြင္

အူးးးးအူးးဝူးဝူး
အူးးးး
အာဝူးးးးးးအုဝူးးး
မ်ိဳးစုံေပးေနသည့္ ေခြးအူသံမ်ားေၾကာင့္
ငုတ္တုတ္ထထိုင္မိသည္။

အနီးမွဓာတ္မီးေဟာင္းေလးအားစမ္းကာ ေမာင္ငယ္
ဘက္ထိုးၾကည့္မိသည္။
“အာ စူးတယ္မမ”
လက္ကာရင္း လွမ္းေျပာလာသျဖင့္၀မ္းသာရသည္။
ေမာင္ေလးမေသေသးဘူး။

အူးးးးဝူးးးဝူး
အူး အူးးးအူးးးဝူးးး
ေခြးအူသံမ်ားသည္ တဲႏွင့္မလွမ္းမကမ္းမွေပၚထြက္
ေနသည္မို႔ ေအာက္ဘက္ဆင္းလာခဲ့သည္။
ဆယ့္သုံးႏွစ္အ႐ြယ္မိဂ်မ္းတြင္အက်င့္ဆိုးတခုရွိသည္။

ထိုအရာက မေၾကာက္လန္႔တတ္ျခင္းပင္ျဖစ္သည္။

ေခြးမ်ားသည္ မၾကာခင္ကမွသိမ္းသြားခဲ့သည္
လယ္ဘက္တြင္အူေနၾကျခင္းပင္ျဖစ္သည္။
ထိုလယ္ကြင္းျပင္တြင္ သလင္းအုံအပ်က္ႏွင့္
ႏြားမ်ားအားမိုးအခါေကြၽးရန္ပုံထားသည့္
ေကာက္ရ္ုးပုံရွိသည္။

ပီးေတာ့ ကန္စြန္းခင္းပဲစားခင္းရွိသည္။
ထိုအခင္းရွင္မွာမိဂ်မ္းတို႔သားအမိအား မၾကာခဏ
ကန္စြန္းဥမ်ားေပးကမ္းတတ္သျဖင့္
ကန္စြန္းဥခိုးတူးသူဆိုလွ်င္ သူမေစာင့္ေရွာက္ေပးရ
မည့္၀တၱရားရွိသည္ဟု လူသားဆန္စြာေတြးျဖစ္သည္။

အမွနိကသူမသည္ လူမမည္အ႐ြယ္ပင္ျဖစ္ေသးသည္။
အေရးအေၾကာင္းဆိုလွ်င္ သူမသာခံရမည္ဟု
မေတြးမိေသး။
ျဖစ္မည့္ေဘးအားမျမင္။
ေကာက္႐ိုးပုံအနီး လက္ႏွိပ္မီးပိတ္ၿပီးအသာကပ္လာခဲ့
သည္။

႐ုတ္တရက္ေခြးအူသံမ်ားေဟာင္သံမ်ား
တိတ္က်သြားသည္။
ေခြးမ်ားအား ခပ္မွိန္မွိန္အလင္းေအာက္မိဂ်မ္းရွာၾကည့္
မိသည္။

မေတြ႕။
“”ေအမ့””
႐ုတ္တရက္လန္႔၍အသံထြက္မိသည္။
ေကာက္႐ိုးပုံေဘးအကြယ္တြင္ သူ႔ဘက္ရပ္ကာ
ႀကိဳေနသူတဦးက ရွိေနသည္။

ကန္စြန္းဥအားခိုးတူးမေန။
ဟန္ပန္က သူ႔အလာအားႀကိဳေစာင့္ေနပုံမ်ိဳး။
ထိုပုံရိပ္မွာ မီးပင္ထြန္းစရာမလို။
မိဂ်မ္းအလြတ္မွတ္မိေနသည့္ အေမ့ကိုယ္ဟန္။

“အ အေမ”
“သမီးေလးမိဂ်မ္း ”
“ေအမ”
အေမ့အနီးသို႔ အားရ၀မ္းသာေျပးသြားမိသည္။
ေၾကာက္လန္႔စိတ္ကသူ႔မွာမရွိ။
အံ့ၾသ၀မ္းသာစိတ္သာရွိသည္။
အေမ့ရင္ခြင္သည္ အရင္လိုေႏြးေထြးေနတုန္းပင္။

အေမ့ခႏၶာကိုယ္မွအားအင္တရပ္က သူ႔ခႏၶာကိုယ္
တြင္းသို႔ စီး၀င္လာသည္ဟု ခံစားရသည္။
“အေမ သမီးအေမ့ကိုလြမ္းတယ္ အဟင့္ဟင့္”
“တိတ္တိတ္ပါကေလးရယ္ မငိုနဲ႔ေနာ္”
“ေမာင္ေလးကလည္းအေမ့ကိုေန႔တိုင္းသတိရေနတာ
ေန႔တိုင္းငိုေနတာ သူဖ်ားလည္းဖ်ားေနတယ္အေမ
သမီးတို႔ဆီျပန္လာခဲ့ပါေနာ္”

အေမသည္ သူမကိုယ္ေလးကိုသာေထြးဖက္ထား
သည္။
လက္ျဖင့္ ေက်ာျပင္အားသပ္ေပးေနသည္။

“သမီးေလးမိဂ်မ္း”
“ရွင္အေမ”
“အေမေျပာမယ္ ေသခ်ာနားေထာင္ေနာ္”
“ဟုတ္ကဲ့အေမ”
“သမီးေမာင္အတြက္ေဆးဖိုးက အိမ္ေအာက္မွာရွိတယ္
မနက္က်ေကာက္ပီးေဆး၀ယ္လိုက္ေနာ္”
“ဟင္ ဘယ္ကပိုက္ဆံလဲအေမ”
“အေမေသေတာ့အေမ့အတြက္ကူးတို႔ခဆိုပီး
က်ပ္ေစ့တစ္ေစ့ကိုထည့္ေပးတယ္မို႔လား
လူေတြကအေမ့ကိုအေခါင္းထဲမ,အထဲ့မွာက်ပ္ေစ့ဟာ
ဟေနတဲ့ပ်ဥ္ခ်ပ္ၾကားကထြက္ပီး သမီးတို႔အိပ္ေနတဲ့
ေအာက္မွာက်ေနခဲ့တယ္”,

“ဟင္ ဒါကိုအေမဘယ္လိုသိလဲ”
အေမေဒၚလွယဥ္သည္ မခ်ိၿပဳံးေလးၿပဳံးသည္။
“အေမက အိမ္နားကပ္မရလို႔သာဒီေကာက္႐ိုးပုံမွာ
ေနေနရတာ သမီးတို႔အနားကေနဘယ္မွမသြားပါ
ဘူး ပီးေတာ့ ကူးတို႔ခမပါတဲ့အတြက္
အေမ့ကို တံတားျဖတ္ခြင့္မေပးဘူးသမီး
အေမအခုလဲဒီကထြက္မသြားခ်င္ေသးပါဘူး
အေမ့ဘ၀ဟာဆင္းရဲလြန္းေတာ့ အလႉအတန္းဘာ
မွမလုပ္ႏိုင္ဘူးသမီး စိတ္ေကာင္းေမြးပီးဘုရားတရား
လုပ္ခဲ့တာေၾကာင့္ လူ႔ဘ၀ကိုျပန္ရႏိုင္ရင္ေတာင္
ဒီဘ၀လိုဆင္းရဲတဲ့ဘ၀ အနာေရာဂါထူပီးေဆးမကုႏိုင္
တဲ့ဘ၀ကိုပဲျပန္ရလိမ့္မယ္”

မိဂ်မ္းသည္ အေမ့မ်က္ႏွာအားေငးၾကည့္ေနမိသည္။
အတန္ငယ္ပိန္က်သြားသည့္ ျဖဴေရာ္ေရာ္မ်က္ႏွာ။
အေမကဆက္ေျပာသည္။
“အေမ့ရင္ထဲမွာ ဆႏၵတစ္ခုရွိေနတယ္သမီး
သမီးလုပ္ေပးႏိုင္မလား အေမ့အတြက္”

“ဘာမ်ားလဲအေမ အေမ့အတြက္ဆိုရင္ သမီးႀကိဳးစား
ေပးမွာ”
“တျခားေတာ့မဟုတ္ပါဘူးသမီးရယ္
သမီးေမာင္ေလးကို ရွင္သာမေဏ၀တ္စုံေလးနဲ႔
အေမျမင္သြားခ်င္တယ္ အမွ်ေဝသံေတြအေမၾကားခ်င္
တယ္”

ထိုအခါမွမိဂ်မ္းသတိရလိုက္သည္။
အေမ့အသုဘေန႔ကသုသာန္တြင္သာတရားနာခဲ့ရ
သည္။
အိမ္တြင္ရက္လည္မလုပ္ေပးႏိုင္ခဲ့။

မိဂ်မ္းအားတင္းလိုက္သည္။

အေျခအေနမဲ့လြန္းသည့္ဘ၀က္ုထည့္မတြက္ခ်င္ေတာ့။
“စိတ္ခ်ပါအေမ ဒီတစ္ဝါ၀င္တာနဲ႔ ေမာင္ေလးကို
သမီးရွင္ျပဳေပးမယ္”
“အေမ၀မ္းသာလိုက္တာသမီးရယ္”
ေျခာက္လခန္႔လိုေသးသည့္အခ်ိန္ကိုပင္
အေမသည္ ယေန႔မနက္ျဖန္ပင္ျဖစ္ေတာ့မည္ကဲ့သို႔
၀မ္းေျမာက္ရွာသည္။

“အေမအဲ့ဒီေန႔ကို ေဟာ့ဒီလယ္ေစာင့္တဲကေန
ေစာင့္ေနမယ္သမီး အေမေစာင့္ေနမယ္ေနာ္”
ထ္ုသို႔ေျပာရင္း အေမ့႐ုပ္သြင္သည္ သူ႔ေရွ႕ကေန
ဝါး၍ဝါး၍လာေနေခ်ၿပီ။

“အေမ အေမမသြားပါနဲ႔ဦးအေမ အေမ့”
“မမ မမ ဘာေတြေယာင္ေအာ္ေနတာလဲ”
အနီးမွေမာင္ျဖစ္သူကလႈပ္ႏႈိးမွ မိဂ်မ္းႏိုးသြားရသည္။
ၾကည့္စမ္း ႏွစ္ဆင့္အိပ္မက္ကိုသူမက္ခဲ့သည္ဘဲ။
“အေမ အေမ့ကိုမမေတြ႕တယ္”
“အေမ့ကို ဘယ္မွာေတြ႕တာလဲ အိပ္မက္ထဲလားမမ
သားေရေသာက္ခ်င္တယ္ အာေခါင္ေတြပူေနေရာ”

ေမာင္ျဖစ္သူစကားၾကားမွ တခုခုအားသတိရလိုက္
သည္။
ဓာတ္မီးအားစမ္းကာ ထြန္းၿပီး အိပ္ယာႏွေဘးမွ
ၾကမ္းအားၿဖဲကာ ေအာက္ဘက္ထိုးၾကည့္လိုက္သည္။

မီးေရာင္ျဖင့္ျမင္လိုက္ရသည္က က်ပ္ေစ့ေျပာင္ေျပာင္
ေလးတစ္ေစ့။

တုန္ရီေနေသာလက္ေလးျဖင့္လွမ္းေကာက္လိုက္
သည္။

“”အေမရယ္….””‘
……..
“အဘစိန္ အဘစိန္”
“ေဟ ဘယ္သူတုန္း”
“က်မတို႔ေမာင္ႏွမပါ မိဂ်မ္းနဲ႔ႏိုင္၀င္း”
“ဟင္ မိဂ်မ္း နင္တို႔ယဥ္လွသားသမီးေတြမဟုတ္လား
ဒီကိုဘာကိစၥလဲ”

“ဟိုေလ က်မတို႔ေမာင္ႏွမ စားရင္းငွားလုပ္ခ်င္လို႔”
“ဘယ္လိုကြဲ႕ စားရင္းငွား ဟုတ္စ”
အဘစိန္သည္ မိမိထံတြင္ သူရင္းငွားလုပ္ခ်င္ဟူေသာ
လူႏွစ္ေယာက္အားၾကည့္ကာ ရယ္ခ်င္သြားရသည္။

“ဟုတ္ပါတယ္အဘစိန္ အဘစိန္ရဲ႕လယ္မွာသူရင္းငွား
အမ်ားႀကီးေခၚတယ္ဆိုလို႔ က်မတို႔ေမာင္ႏွမကို
ေခၚေပးပါေနာ္
ႏြားရွဥ္းမႏိုင္ရင္လဲ ထမင္းဟင္းခ်က္ ကိုင္းခုတ္
ေမာင္ေလးကပ်ိဳးႏႈတ္တတ္ပါတယ္
ေခၚေပးပါေနာ္အဘစိန္”

“ခက္တယ္ကြာ မင္းတို႔လိုလူငယ္ေလးေတြက
ဘာလုပ္တတ္မွာလဲ ငါ့လယ္ကအသစ္အသစ္ေတြ
ခ်ဲ႕ေနတဲ့ေျမကြ ေျပာရရင္လယ္႐ိုင္း
မင့္တို႔ဘာလုပ္ႏိုင္မွာလဲ မေခၚဘူး”

ထိုအခါ မိဂ်မ္းသည္ အဘစိန္ေရွ႕တြင္ဒူးေထာက္ခ်
ၿပီးလက္အုပ္ေလးခ်ီသည္။
“က်မတို႔ေမာင္ႏွမေနာင္မြန္ကေနဒီအထိေတာင္
ေျခက်င္လာၾကတာပါအဘစိန္ အဘစိန္ေပးခ်င္သေလာက္သာေပးပါ
ထမင္းစားဖို႔ရယ္ ေမာင္ေလးအတြက္ပရိကၡရာရွစ္ပါး
ဖိုးရယ္သာေပးပါ အဘစိန္ဘာခိုင္းခိုင္းလူပ္ပါ့မယ္
ေနာ္ အေမနဲ႔ခင္မင္ဘူးတဲ့မ်က္နာေလး
ျပန္ၾကည့္ပါေတာ့္”

ငိုယိုရင္းေျပာေနသည့္ေမာင္ႏွမအားၾကည့္ကာ
ဘိုးစိန္အႀကံတခုရသည္။
သူ႔လယ္သည္ မိုင္းေနာင္႐ြာ ေငြေတာင္ကြင္းတြင္
ျဖစ္သည္။
လယ္ယာေျမအသစ္ေဖာ္ထုတ္ေနရာ လုပ္မရသည့္
ကြင္းတကြင္းရွိသည္။

သြားလုပ္သည့္သူတိုင္းေဘးတခုခုႏွင့္ေတြ႕ကာ
ျပန္ေျပးၾကရသည္။
အခ်ိဳ႕လည္း ေသၾကရသည္။
ယခုကေလးႏွစ္ေယာက္အားလႊတ္လွ်င္ေကာ။

မည္သို႔ျဖစ္မည္မသိ။
ေသလည္းသူတို႔ကံ ။
ရွင္လည္းသူတို႔စံဟု သေဘာပိုက္လိုက္သည္။

“ေကာင္းပီေလ မင္းတို႔ကိုသနားလို႔ အလုပ္ေတာ့ေပး
မယ္ ဦးေလးမွာ ကိုင္းကုန္းတစ္ကုန္းရွိတယ္
လယ္ေတာ့လုပ္မရေသးဘူး မုန္ညႇင္းခင္းျဖစ္ေအာင္
မင္းတို႔လုပ္ေပးႏိုင္မလား”

“ဟာ မုန္႔ညႇင္းခင္းေလာက္ပဲလား ဟားဟား”
ေမာင္ငယ္ႏိုင္၀င္းကရယ္သျဖင့္ မိဂ်မ္းပင္ၿပဳံးမိသည္။
အဘစိန္သည္ သူတို႔အားအထင္ေသးလွခ်ည့္လား။
ဟုပင္ေတြးလိုက္မိကာ ၀မ္းသာရသည္။
အလုပ္ေတာ့ရေပၿပီ။

“ေကာင္းပီအဘစိန္ က်မတို႔မုန္ညႇင္းခင္းျဖစ္ေအာင္
လုပ္ေပးမယ္ အဘစိန္အေနနဲ႔စားနပ္ရိကၡာနဲ႔
ေငြအစိတ္ေပးရမယ္”
“ႀကိဳက္ပီကြာ ဒီညေန ေပါက္ျပား ဓားအစုံစားရိကၡာ
အစုံနဲ႔ ငါမင္းတို႔ကိုပို႔ေပးမယ္
ေအ ျပႆနာတခုခုျဖစ္ရင္ေတာ့ ငါနဲ႔မဆိုင္သလို
ငါတာ၀န္မယူဘူးေနာ္”,

“ရတယ္အဘစိန္ လွည္းသာျပင္ေပးထားပါ
က်မတို႔ေမာင္ႏွမ အ၀တ္ျပန္သိမ္းလိုက္မယ္”
“ေကာင္းသကြားးး”
မိဂ်မ္းတို႔ေမာင္ႏွမသည္ သြက္လက္သည့္ေျခလွမ္း
မ်ားျဖင့္ အိမ္ျပန္လာၾကသည္။

အေမ့ဆႏၵအား ျဖည့္ေပးႏိုင္ေတာ့မည္ေလ။

အိမ္ေရာက္ေတာ့ အမ်ိဳးသမီးႏွစ္ဦးက သူတိူ႔အား
ဆီးႀကိဳေနသည္။
ထိုအမ်ိဳးသမီးႏွစ္ေယာက္မွာ မိဂ်မ္း၏အတန္းပိုင္ဆရာ
မမ်ားပင္ျဖစ္သည္။

“ဘယ္သြားေနၾကသလဲ  ဆရာမတို႔
ေစာင့္ေနတာၾကာလွပီ”
“ဟင္ဆရာမ က်မတို႔ေငြေတာင္ကြင္းသြားၾကမလို႔”
“ဟာ ဒါေက်ာင္းခ်ိန္ေလသမီး သမီးအေမဆုံးတာ
ဆရာမသင္တန္းသြားေနလို႔မသိလိုက္တာ
ခုေက်ာင္းပ်က္ေနတာၾကာမွေမးၾကည့္ပီးသိရတယ္
ေက်ာင္းျပန္ေနမယ္မဟုတ္လားသမီး”

မိဂ်မ္းေခါင္းခါလိုက္သည္။

“က်မေက်ာင္းမေမေတာ့ဘူးဆရာမ အေမလဲမရွိေတာ့
က်မတို႔စား၀တ္ေနေရးကိုတာ၀န္ယူေပးမဲ့သူ
မရွိေတာ့ဘူးေလ ဒါ့ေၾကာင့္အလုပ္ပဲလုပ္ေတာ့မယ္”

“ဟင္ သမီးသာေက်ာင္းေနမယ္ဆိုရင္ ေက်ာင္းပီးတဲ့
အထိဆရာမတို႔ႏွစ္ေယာက္က တာ၀န္ယူေပးမယ္လို႔
တိုင္ပင္ထားၾကပီးပီ ေက်ာင္းပဲေနပါသမီး”
မိဂ်မ္းေခါင္းခါမိသည္။
ရင္ထဲမွာ ညိဳးငယ္ေနသည့္အေမ့မ်က္ႏွာအား
ေဖ်ာက္မရသလို ထိုေခတ္ကပညာသင္စရိတ္ႏွင့္
ေမာင္ျဖစ္သူေရွ႕ေရးအားေတြးကာ
ေက်ာင္းမတက္သင့္ေတာ့ဟု သူမထင္သည္။

ေမာင္ေလးအားေစာင့္ေရွာက္မည့္သူလိုသည္။
“ဆရာမတို႔ သမီးေက်ာင္းမေနေတာ့ပါဘူး
ေမာင္ေလးကိုလဲရွင္ျပဳေပးခ်င္လို႔ ပီးရင္ေရွ႕ႏွစ္ခါ
ေက်ာင္းျပန္ဖြင့္ရင္ေတာ့ သမီးဆရာမတို႔ကိုဆက္သြယ္
ပါ့မယ္ရွင့္”

“ဒါဆိုေနမ၀င္ခင္ဆရာမတို႔ျပန္ေတာ့မယ္
ေစာင့္ေနတာလဲၾကာပီ ေက်ာင္းဖြင့္ရင္ဆရာမတို႔ကို
ဆက္သြယ္ေနာ္သမီး ဆရာမတို႔ျပန္ေတာ့မယ္”
“ဟုတ္ကဲ့”
ဆရာမႏွစ္ေယာက္သည္ မ်က္ႏွာမေကာင္းျဖစ္ရင္း
ျပန္သြားၾကသည္။

မိဂ်မ္းရင္ထဲမွာလည္းမေကာင္း။
တပည့္မိုက္ကိုခြင့္လႊတ္ၾကပါ။
ေမာင္ႏွမႏွစ္ေယာက္သည္ အ၀တ္အစားတို႔အား
အျမန္သိမ္းၿပီး ငါးမိုင္ခန္႔ေဝးသည့္အဘစိန္ဆီ
ေျပးၾကျပန္သည္။

သူမတို႔တဲအိမ္ေလးအားပူစရာမလို။
ပူပန္မိသည္က လယ္ေစာင့္တဲေလးမွာ
အေမအဆင္မွေျပပါ့မလား။
……
“ဟဲ့ ဟဲ့ႏြား ဟီး ဟီး ( သြား သြားဟ)”

အဘစိန္သည္ ႏြားအားဆက္ေမာင္း၍မရေတာ့သျဖင့္
လွည္းအားရပ္တန္႔လိုက္သည္။
“ကဲ ကေလးတို႔ ေဟာ့ဟိုကကုန္းေလးကိုေတြ႕လား
အဲ့မွာတဲလဲရွိတယ္ ေဟာ့ဒီကပစၥည္းေတြကို
ဒီကေနပဲသယ္ၾကစို႔ ႏြားကဆက္ေမာင္းလို႔မရေတာ့ဘူး”

“ဟုတ္ကဲ့အဘစိန္ ေမာင္ေလးလာလာ
သယ္ရေအာင္”
“ဟုတ္ကဲ့မမ သားအ၀တ္ထုတ္ေတြသယ္မယ္
ပုံးေတြသယ္မယ္ေနာ္”
“ေအး ေရာ့ေရာ့ ေကာင္းေကာင္းတက္ေနာ္
လဲမယ္”
“ဟုတ္မမ”

မိဂ်မ္းသည္ ထိုစဥ္ကခပ္မို႔မို႔ေတာင္ကုန္းကေလးေပၚ
သို႔ လွည္းလမ္းရွိပါလွ်က္ႏွင့္ အဘယ့္ေၾကာင့္
တက္မရမွန္း မေတြးေတာတတ္ခဲ့။
အဘစိန္ကလည္း ေပါက္ျပားမ်ား
ဆန္အိတ္မ်ားတျခားအေလးအပင္မ်ားအား
ကူသယ္ေပးသည္။

“ကိုင္းကေလးတို႔ ဒီမွာမ်ိဳးေစ့ေတြ
အပင္ေပါက္တာနဲ႔အဘကိုအေၾကာင္းၾကားပါ
အဘစိန္ျပန္ေတာ့မယ္ေနာ”
“ဟုတ္ကဲ့အဘစိန္ စိတ္ခ်ပါ
ေဟာ့ဒီကိုင္းေျမမွာ အပင္ေပါက္ေစရမယ္
ေငြအစိတ္သာျပင္ထားေပးပါ”
“ႀကိဳက္တယ္ေဟ့ အေျပာနဲ႔အလုပ္ညီပါေစ
အဘစိန္ျပန္ေတာ့မယ္ ကံေကာင္းၾကပါေစကြာ”

အဘစိန္ကား ေငြေတာင္ကြင္း၏တေနရာကုန္းေျမတြင္
သူတို႔ေမာင္ႏွမအားထားရစ္ကာ
လွည္းႏြားႏွင့္ျပန္သြားေခ်ၿပီ။
ညက အဘစိန္ေကြၽးသည့္ထမင္းအားစားကာ
အဘစိန္အိမ္မွာပင္အိပ္သည္။

မနက္လင္းမွ အဘစိန္ကခုေနရာသို႔ ပို႔ေပးျခင္းပင္
ျဖစ္သည္။
ထိုေျမအား ေပါက္ျပားတူ႐ႊင္းတို႔ျဖင့္သာ
ခုတ္ထြင္ တူးဆြရေပမည္။
ေရကေတာ့ ပူစရာမလို။
တဲေနာက္ဘက္ေတာင္ကုန္းေအာက္ဆီမွ
ဒီဘက္အဆင္းထိ ဝါးျဖင့္သြယ္ထားသည့္ေရလမ္း
ေၾကာင္းရွိေနသည္။

ေတာင္ကုန္းေပၚထိမေရာက္ႏိုင္ေတာင္
ေတာင္ကုန္းေအာက္ေျခပတ္ပတ္လည္ထိ
ေရာက္ႏိုင္မည္မို႔ မိဂ်မ္းစိတ္မပူ။

//ဝုန္ ဝေရာ  ေဖ်ာေဖ်ာ//
“”ေအမ့””
လန္႔ေအာ္လိုက္သည့္ေမာင္ျဖစ္သူေၾကာင့္
အျပင္ဘက္ၾကည့္ရင္း ႏွစ္သိမ့္ရသည္။

“တဲေခါင္းရင္းက သစ္ပင္အကိုင္းက်ိဳးက်တာပါ
ေမာင္ေလး မေၾကာက္နဲ႔ေနာ္”
“ဟုတ္ကဲ့မမ”
“လာလာဒီေနရာကိုရွင္းၾကရေအာင္ပီးမွအိပ္ယာေတြ
မီးဖိုေတြျပင္မယ္ ပုံးထဲေရသယ္ထားမယ္
မနက္က် ကိုင္းခုတ္ယုံပဲ ၾကည့္ကိုင္းေျမဟာ
ေျမမြမြကေလး မာက်စ္မေနဘူး
မမတို႔ခဏနဲ႔အလုပ္ေတြပီးမွာ ေတြ႕လား”
“ဟုတ္တယ္မမ”

ေမာင္ႏွစ္မႏွစ္ေယာက္သည္
လုပ္စရာရွိသည္တို႔အား တက္ညီလက္ညီလုပ္ၾကရာ
ေန႔လည္ပိုင္းေလာက္တြင္ တဲအတြက္လိုအပ္သည့္
အလုပ္မ်ားၿပီးစီးသည္။
ထမင္းဟင္းလည္းက်က္သည္။
ဟင္းမွာ အဘစိန္ထည့္ေပးလိုက္သည့္ အာၿပဲေျခာက္
ႏွင့္ င႐ုပ္သီးေၾကာ္။

ေမာေမာႏွင့္ခူးခပ္ၾကရင္း
“ေနအုံးေမာင္ေမာင္ မမ ဒီနားကနတ္ေတြအေစာင့္
ေရွာက္ေတြကို နဲနဲေကြၽးအုံးမယ္ စားႏွင့္ေနာ္”
ေမာင္ငယ္မွာ အမအားဦးဖယ္ကာ ေခါင္းမေဖာ္တမ္း
စားေလၿပီ။

မိဂ်မ္းသည္ ဖက္႐ြက္ကေလးႏွင့္ထည့္လာေသာ
ထမင္းႏွင့္ဟင္းအား မည္သည့္ေနရာတြင္
ထားရမည္လည္းဟု တဲေအာက္ေရာက္မွ ေတာင္ကုန္း
တခြင္ကိုလွမ္းၾကည့္မိသည္။

“”ဟုတ္ပီ””,

တဲငယ္ေလးႏွငိ့မလွမ္းမကမ္းတြင္ရွိေနသည့္
ေစာေစာကသစ္ကိုင္းက်ိဳးက်သည့္အပင္အား
မ်က္စိက်သြားေလသည္။
ထိုအပင္မွာအေတာ္ျမင့္ၿပီး အ႐ြက္ဖားဖားရွိသည္။
မည္သည့္အပင္မွန္းမိဂ်မ္းမသိ။
ဖက္႐ြက္ေလးအား သစ္ပင္ေျခရင္းတြငါအသာခ်ရင္း

“ေဟာ့ဒီက စားဦးစားဖ်ားျဖင့္ ေတာပိုင္ကြင္းပိုင္မ်ားကို
ကြၽန္မတို႔ေမာင္ႏွမကပူေစာ္ပါတယ္ ပသပါတယ္”
ထိုမွ်သာေျပာတတ္သည္။
အေမဆိုလွ်င္ေတာ့ ထို႔ထက္ပိုေျပာတတ္လိမ့္မယ္ဟု
မိဂ်မ္းေတြးလိုက္မိသည္။

အေတြးႏွင့္ သစ္ပင္ေအာက္မွအထြက္
“ဟင္ ပုတ္သင္ညိဳေလးတစ္ေကာင္ပါလား
အူေတာင္ထြက္ေနပီမေသေသးဘူး ေစာေစာက
သစ္ကိုင္းက်ိဳးပီးပိမိတာထင္တယ္
ရွင္လိုရွင္ညား ယူသြားမွပါ”
မိဂ်မ္းသည္ သနားတတ္သူျဖစ္သည့္အတြက္
ဒဏ္ရာရေနသည့္ ပုတ္သင္ေလးအား ေကာက္ယူ
လာခဲ့သည္။

“ေမာင္ေမာင္ ဒီမွာပုတ္သင္ေလး အနာျဖစ္ေနလို႔
မမယူလာတယ္”
“သားကစားပီးေတာ့မွာ ပီးရင္သူ႔ကိုေဆးကုေပးမယ္
ေလ”
“ေအးေအး မင္းေဆးပင္ျမင္သလား”
“တဲတိုင္ေဘးမွာကပ္ေပါက္ေနတာ အေစာနကျမင္တယ္ေလမမ နဘူးႏြယ္ပဲရွိတာ”
“ေအး အူေတြကိုဗိုက္ထဲျပန္ထဲ့ပီး နဘူးႏြယ္ထုေခ်
အုံေပးလိုက္’
“ဟုတ္ကဲ့မမ ရွင္ပါ့မလား သူကအူေတြထြက္ေနတာ”

ေမာင္ေလးသည္ပုတ္သင္အားကိုင္ၾကည့္ကာ
ေျပာေနသည္။
“ရွင္တာမရွင္တာသူ႔ကံပဲ လုပ္စရာရွိနာလုပ္ေပးလိုက္”
ႏိုင္၀င္းသည္ သူ႔လက္တြင္းမွာမွိန္းေနသည့္
ပုတ္သင္ျပာေလးအား ေသခ်ာၾကည့္ေနမိသည္။

ဗိုက္ကေလး ပိန္လိုက္ေဖာင္းလိုင္ျဖင့္
သူ႔အားျပန္ၾကည့္ေနသည္ဟု ထင္သည္။
“သနားစရာကြာ ေဟ့ေကာင္မင္းငါ့ကိုမကိုက္နဲ႔ေနာ္
ေဆးလူးေပးမယ္”
“ပုတ္သင္ကနင္ေျပာတာနားလည္ပါ့မလား”

“မသိဘူးေလ ပုတ္သင္ကိုက္ရင္ မိုးႀကိဳးပစ္မွလႊတ္တာ
တဲ့ ကိုက္မွာေၾကာက္တာေပါ့”
ထိုသို႔ေျပာရင္း လုပ္စရာရွိသည္တို႔အားလုပ္ေပးေန
ေလသည္။

ညေနေစာင္းေလးတြင္ ေမာင္ႏွမႏွစ္ေယာက္
ေရပုံးကိုယ္စီျဖင့္ ေရသယ္ၾကသည္။
သူတို႔ႏွစ္ေယာက္အားတေနရာမွ အမ်ိဳးသမီးႀကီး
တေယာက္က အကြယ္မွေစာင့္ၾကည့္ေနခဲ့သည္။
သူတို႔ကေတာ့မသိ။

လုပ္စရာရွိသည္တို႔ကိုသာ လုပ္ေနၾကသည္။
“ငါတို႔ဒီကုန္းကိုအနဲဆုံးတစ္လေတာ့ရွင္းရမယ္ထင္တယ္မ်ိဳးေစ့ပ်ိဳးမွာနဲ႔အပင္ေစာင့္ရမွာခြဲရမွာနဲ႔ဆို
၂လနဲ႔သုံးလၾကာမယ္ ဘာပဲျဖစ္ျဖစ္ ဝါမ၀င္မီ ပီးပါတယ္”

“မမေရ ပုတ္သင္က အျပာမဟုတ္ေတာ့ဘူး
အညိဳျဖစ္ေနတယ္”
“ပုတ္သင္ပါဆိုမွနင္ကလဲ အေရာင္ေျပာင္းမွာေပါ့”
ဘာလိုလိုႏွင့္ တဲပါတ္၀န္းက်င္ရွင္းလင္းၿပီး
ေရျဖည့္ၿပီးသည့္အခါ ညေနေစာင္းေခ်ၿပီ။

ႏွစ္ေယာက္သား မနက္ကထမင္းက်န္အားစားၾကသည္။
ၿပီးေနာက္
အိပ္ယာ၀င္ၾကသည္။

“ဒီေကာင့္ကို ဒီအ၀တ္နဲ႔ထုတ္ထားလိုက္မယ္”
“ေအး ပီးရင္ျခင္ေထာင္ထဲ၀င္ မမဘုရားရွိခိုးမယ္”
မိဂ်မ္းသည္ ဘုရားရွိခိုးဦးသုံးႀကိမ္ခ်သည္။
ၿပီးေနာက္ အိတ္တလုံးျဖင့္ထည့္ယူလာသည့္
ခ်ည္လုံးေလးအား ခုႏွစ္ပတ္လက္ျဖင့္ထြာကာ
အကြင္းႏွစ္ကြင္းျပဳလုပ္သည္။

“ေမာင္ေလး ေရာ့ ဒါပရိတ္ႀကိဳးလက္မွာခ်ည္ရေအာင္”
“ဟုတ္မမ မမေရာမခ်ည္ဘူးလား”
“ခ်ည္မွာေပါ့ လာအရင္မမလုပ္ေပးမယ္”
ပရိတ္ႀကိဳးကြင္းအား ေမာင္ေလးအားခ်ည္ေပးလိုက္
သည္။

“ေပးမမဟာ သားခ်ည္ေပးမယ္”
“ၿမဲေအာင္ခ်ည္ေနာ္ ”
“ဟုတ္ကဲ့”
ႏိုင္၀င္းသည္အစ္မျဖစ္သူအား ၾကည့္ရင္း
“မမ”
“ဟင္”
“ဒီေနရာဟိုးဘက္ကလယ္ေတြနဲ႔လွမ္းတယ္ေနာ္”
“ေအးေလ လူေတြကလယ္လာလုပ္မရလို႔
ငါတို႔ကိုအခင္းလုပ္ခိုင္းတာလို႔ဘစိန္ကေျပာတယ္ေလ”

“မမ မေၾကာက္ဘူးလား”,

ထိုအခါမွမိဂ်မ္းသည္ ေမာင္ျဖစ္သူမ်က္ႏွာအား
ေသခ်ာၾကည့္မိသည္။
ဟုတ္တာေပါ့ လူသူမနီးသည့္ကိုင္းကြင္းတြင္
မိမိတို႔ကေလးေတြခ်ည္းမို႔ ေၾကာက္ရွာမည္ေပါ့။
ေမာင္ျဖစ္သူအား ေခ်ာ့သိပ္လိုက္သည္။

“အေၾကာင္တရားဆိုတာ လူတိုင္းမွာရွိတတ္တာပါပဲ
ေမာင္ေလးရယ္ အျပင္ကိုထုတ္မထုတ္တာကြာတာပါ
ဒီေနရာကိုေရာက္ေတာ့ မမစိတ္ထဲတစ္မ်ိဳးႀကီးပဲ
မမေၾကာက္တာေပါ့
ဒါေပမဲ့
အေမေသသြားေတာ့အိမ္မွာ မမနဲ႔ေမာင္ေလးႏွစ္ေယာက္တည္းေနရတယ္မဟုတ္လား လူေတြက ဒီေနရာမွာသရဲေျခာက္တယ္
မလာခ်င္ဘူမျဖတ္ဘူးလို႔ ရွိတတ္ၾကေပမဲ့
ကိုယ္ေနရမဲ့ေနရာမဟုတ္ေသးလို႔ပါ
ေဟာၾကည့္ မမတို႔က်ေတာ့ ရက္လည္ေတာင္
မလုပ္ရတဲ့အိမ္မွာ ကိုယ့္အိမ္ဆိုေတာ့ အေၾကာက္တရားေတြသိမ္းပီး ေနခဲ့ၾကတယ္မဟုတ္လား”

“ဟုတ္မမ သားလဲအေမေသေတာ့ေၾကာက္တယ္
ဒါမဲ့ လြမ္းလဲလြမ္းေတာ့ တခါခါက်ေတြ႕ခ်င္တယ္
ေနာက္ေတာ့မေၾကာက္ေတာ့ဘူး လြမ္းပဲလြမ္းတယ္”
မိဂ်မ္းသည္ ေရနံမီးျဖင့္ျမင္ရသည့္ေမာင္ေလးအား
ၾကည့္ကာ…
“ဒါဆိုအခုလဲဒီအတိုင္းပဲသေဘာထားေပါ့
ဒါကမမတို႔ေနရမဲ့ မမတို႔ရဲ႕ယာယီအိမ္ပဲေလ”

၀ွီးးး
ဘုတ္
ေျပာမဆုံးခင္ တဲအမိုးေပၚတခုခုထိမွန္သံ။

လွဲေနသည့္ႏိုင္၀င္းသည္ ဆက္ခနဲထထိုင္သည္။

ေဖ်ာ ေဖ်ာ ဝေရာ
ဖုန္း ဖုန္း ဒုန္း
ကြၽီ ကြၽီ ကြၽီ
ထိမွန္သံ တ ေရွာေရွာေျပးလာသံႏွင့္အတူ
တဲကေလးမွာယိမ္းခါေနေလၿပီ။

“အေမေရ အေမ အေမ”
ႏိုင္၀င္းသည္ မိခင္အားတ,ကာ ငိုေလၿပီ။
“သား သားေလးမမရွိတယ္ မမရွိတယ္ မေၾကာက္နဲ႔
ေနာ္ ေဟာ့ဒီပရိတ္ႀကိဳးရွိေနသေ႐ြ႕မမတို႔ကို
ဘာေကာင္မွထိမရဘူး မငိုနဲ႔မငိုနဲ႔”
ေမာင္ျဖစ္သူအား အတင္းပင္ဖက္ထားမိသည္။

ျခင္ေထာင္တြင္းကမူမထြက္ဝံ့။
မီးမွာၿငိမ္းသြားေလၿပီ။
လေရာင္လဲ့လဲ့ျဖင့္ တဲအျပင္ဘက္တြင္
မဲမဲအရိပ္ႀကီးမ်ားျဖတ္ေျပးေနသည္ကို မိဂ်မ္းေတြ႕ျမင္
ေနရသည္။

ေမာင္ျဖစ္သူေၾကာက္မွာပူ၍ မ်က္ႏွာမေဖာ္ခိုင္း။
အတင္းပင္ဖက္ထားသည္။
မိဂ်မ္းသည္ မ်က္ရည္က်လာေလသည္။
“က်မတို႔ေမာင္ႏွမဒုကၡေရာက္လာလို႔ပါ မေႏွာင့္ယွက္
ၾကပါနဲ႔ရွင္ က်မေမာင္ေလးရွင္ျပဳေပးခ်င္လြန္းလို႔
ဒီအလုပ္ကိုလာလုပ္ရတာပါ ခြင့္လႊတိပါ ခြင့္လႊတ္ေပး
ၾကပါ”

အူးးးဂူးးးးး
မာလာ၏တိုင္တည္မည္တမ္းသံအဆုံးတြင္
ေတာင္ကုန္းေအာက္မွ ေအာ္သံတသံေပၚထြက္
လာပါသည္။

ထိုေအာ္သံအဆုံးတြင္ ျဖတ္ေျပးေနသည္မ်ား
လႈပ္ယမ္းေနသည္မ်ား ပစ္ေပါက္ေနသည္မ်ားမွာ
တိခနဲ ရပ္တန္႔သြားၾကသည္။

‘ေဟာ ေတြ႕လား ေမာင္ေလး သူတို႔ထြက္သြားၾကပီ”
“ဟုတ္ ဟုတ္ကဲ့မမ”
“လာလာမမေခ်ာ့သိပ္မယ္ အိပ္ေနာ္ မနက္က်ရင္
လုပ္စရာေတြအမ်ားႀကီးရွိေသးတယ္”
ေမာင္ျဖစ္သူအားဖက္ကာ ျခင္ေထာင္တြင္းမွေန၍
ထရံဘက္ေက်ာမွီလိုက္သည္။

ေစာင္အားႏွစ္ေယာက္လုံးပတ္ၿခဳံကာ ဖက္ထားလိုက္
သည္။
ေၾကာက္၍တုန္ေနရွာသည့္ေမာင္ငယ္သည္ ခဏအၾကာတြင္ ေမာပန္း၍ထင့္ အိပ္သြားရွာေလၿပီ။
မိဂ်မ္းမွာမူ အိပ္မရ။
ဇာျခင္ေထာင္အေဟာင္းအားေဖာက္ထြင္းကာ
တဲအျပင္ဘက္ စူးစိုက္ၾကည့္ေနမိသည္။

ယခုေတာ့
ေျမမြမြေတာင္ကုန္းတြင္ ထြန္ယက္လုပ္ကိုင္သူကင္းမဲ့
သည္ကို သေဘာေပါက္ေလၿပီ။
“လက္စသတ္ေတာ့အဘစိန္ဟာ တမင္အက်င့္ပုတ္
တာပါလား အင္းငါကလဲတျခားလုပ္စရာအလုပ္ကမရွိ
အမ်ိဳးအေဆြေတြကလဲ အကပ္မခံၾက
အလုပ္လဲမေပးၾကေတာ့ မတတ္ႏိုင္ဘူး
ဒီမွာပဲရေပါင္ေနရမွာပဲ ဒီပရိတ္ႀကိဳးေလးေတြက
အသက္ကိုေတာ့ေစာင့္ေရွာက္ေကာင္းပါရဲ႕
ငါတို႔မွ သူတို႔ကိုဘာမွလုပ္တာမွမဟုတ္တာပဲေလ”

မိဂ်မ္းသည္ ေတာင္ေတြး ေျမာက္ေတြးျဖင့္
အိပ္မေပ်ာ္။
မေတာ္ သူအိပ္ေနတုန္း တဲေပၚတက္လာၿပီး
လုံးလွ်င္မခက္ေပဘူးလား။

ဓားရွည္အား အိပ္ယာေအာက္တြင္ ေနရာေ႐ြ႕မေ႐ြ႕
မၾကာမၾကာစမ္းမိသည္။
“အျပင္ကေနႀကိဳက္သေလာက္ေျခာက္
တဲေပၚေတာ့တက္မလာနဲ႔ ဓားနဲ႔ခုတ္မွာ”
ရင္ထဲႀကဳံးဝါးရင္းအခ်ိန္ေတြကုန္လာသည္။

ေမာင္ေလးအုံးထားသည့္ေပါင္တဖက္သည္
ထုံက်င္ေနသည္မို႔ ေစာင္အစားထိုးအုံးခိုင္းလိုက္သည္။
ေစာင္မွာသုံးထည္ယူလာသည္။
အိမ္ကႏွစ္ထည္ အဘစိန္ဆီကတစ္ထည္ျဖစ္သည္။
တစ္ထည္ကိုၿခဳံၿပီးက်န္တည္ထည္အား တဖက္ျခမ္း
ရွိျခင္ေထာင္အားဖိထားမိသည္။

“ညညေတြအိပ္ရင္ျခင္ေထာင္ဟာအကာအရံပဲ
လူကိုေဘးကင္းေစတယ္ေတာေတာင္ထဲဆို ျခင္ေထာင္
ထဲအိပ္တာ ေဘးအကင္းဆုံးပဲ”
ဟူသည့္ မိခင္စကားမ်ားအား မိဂ်မ္းမွတ္သားထားခဲ့သည္။

“ပီးေတာ့ လူႀကီးေတြအနားမရွိတဲ့ညဆို ဓားကို
ဟဲ့ငါ့ကိုေစာင့္ေရွာက္ ဘယ္သူလာလာငါ့ကိုႏႈိး
နင္ကငါ့အပိုင္ သူမ်ားပစၥည္းမဟုတ္ဘူး
လို႔မန္းမႈတ္ပီးအနားထားအိပ္ရင္ မေကာင္းတဲ့မိစာၦေတြ
လာရင္ ဓားမွာရွိတဲ့လိပ္ျပာဟာ ကိုယ့္ကိုႏႈိးတယ္”

စသည့္ အိပ္ယာ၀င္ပုံျပင္မွတ္စရာမ်ားအားလည္း
မိဂ်မ္းမေမ့။
ေတာင္ေတြးေျမာက္ေတြးႏွင့္ ေမာင္ျဖစ္သူအနား
ဘယ္လွည့္ညာလွည့္ႏွင့္ အခ်ိန္ေတြကုန္လာသည္။
မ်က္ေတာင္မ်ားစင္းက်လာသည္။

“ငါငါ အိပ္လို႔မျဖစ္ေသးဘူး ဟိုေကာင္ေတြျပန္လာရင္
ငါမသိလိုက္ပဲေနမယ္”
မ်က္စိအားအတင္းပင္ ျပဴးထားမိသည္။

ေအာက္အိအီး းးးးအြတ္
ထိုအသံသည္ ၾကားခဲ့ဘူးသည့္ၾကက္တြန္သံမ်ားထဲ
တြင္ ၾကားရအေကာင္းဆုံးျဖစ္သည္။

လင္းၾကက္တြန္ရင္ မိစာၦေတြနာနာဘာဝေတြဟာ
လူကိုေႏွာင့္ယွက္မရေတာ့ဘူး
ဟူသည့္အေတြးျဖင့္ အသိစိတ္သည္ကိုယ္မွ
လစ္ထြက္သြားေတာ့သည္။

မိဂ်မ္းကား ထရံဘက္မွီရင္း အိပ္ေပ်ာ္ေခ်ၿပီ။
ထိုအခ်ိန္မွာပင္
ေဝလီေဝလင္းျဖစ္ေနသည့္ မနက္ခင္းအလင္းေရာင္
ႏွင့္အတူ ဆယ္ႏွစ္အ႐ြယ္ကေလးတေယာက္
သည္ တဲေပၚမွခုန္ဆင္းခ်သြားေလေတာ့သည္။

မိဂ်မ္းတို႔ေမာင္ႏွမမွာတေခါေခါေဟာက္လွ်က္။

မနက္လင္းေသာ္
“မမ မမ ထအုံးမိုးလင္းေနပီ ”
“ဟင္ ဟင္ ဟုတ္သား”
“ဟိုအေကာင္ေလးလဲမရွိေတာ့ဘူး”
“ဟုတ္လား ေသသြားတာလား”
“ေသရင္အေကာင္က်န္ေနမွာေပါ့ ခုကသက္သာပီး
ထသြားတာထင္တယ္”
“အင္းထသြားလဲေကာင္းတာေပါ့
ကဲမ်က္ႏွာသစ္မယ္ မမကကိုင္းခုတ္မယ္
ေမာင္ေလးကထင္းေျခာက္ဆြဲ ရလား”

“အာရတယ္ ဟိုနားမွာထင္းေျခာက္ေတြရွိတယ္”
“အင္း ဆြဲထား မမေဟာ့ဒီေလာက္အကြက္ပီးရင္
ထမင္းလာခ်က္မယ္”
“ဟုတ္ ”
မိဂ်မ္းသည္ လွ်ာထားသည္အကြက္မပီးမခ်င္း
မနားေပ။

ညကကိစၥအားေမ့ထားလိုက္သည္။
ဓားကိုင္တာၾကာသျဖင့္ အရည္ၾကည္ဖုမ်ားထလာသည္။
“ေပါက္ၿပဲကုန္ေတာ့မွာပဲ စပ္မယ္ထင္တယ္”
အရည္ဖုအား အ၀တ္ျဖင့္စည္းရန္တဲဘက္ျပန္လာခဲ့
ေတာ့ တဲေအာက္တြင္ ထင္းပုံေနသည့္ ေမာင္ျဖစ္သူ
က…

“မမထင္းေတြအမ်ားႀကီးရေနပီေနာ္ ထမင္းခ်က္ေတာ့”
“အင္း မမပီးေတာ့မယ္ ပီးမွခ်က္မယ္ ဆာပီလား”
“မဆာေသးဘူးသား ဒါပုံးပီးေရစေလာက္ဘက္သြားမ
လို႔””
“ေရခ်ိဳးမလို႔လားအေစာႀကီး ေအးတယ္ေနာ္”

“ေခြၽးေတြနဲ႔မမရ ပီးေတာ့ လက္ကမဲေနတာ”
“အင္းမမမေန႔ကေ႐ႊဝါဆပ္ျပာေတာင့္ပိုင္းထားတယ္
ယူသြား အျမန္ျပန္လာေနာ္”
“ဟုတ္မမ’
ေမာင္ေလးသည္ ေရစေလာက္ဘက္ခုန္ေပါက္၍
ေျပးထြက္သြားသည္။

ညကကိစၥအားအမွတ္မထားေလသလား။
သို႔မဟုတ္
အလင္းေရာင္ကပင္ ခြန္အားေပးေလသလားမသိ။

လက္အား အ၀တ္စျဖင့္ပတ္ကာ ကိုင္းအားဆက္ခုတ္
ေနမိသည္။
သတ္မွတ္ထားသည့္ေနရာအေရာက္တြင္ ေျခတစုံ
အားငုံ႔ရင္းျမင္ရသျဖင့္ မတ္ခနဲ ရပ္ၾကည့္လိုက္ေတာ့
အသက္ငါးဆယ္အ႐ြယ္လူႀကီးတဦး။

မိဂ်မ္းပါးစပ္ဟသြားရသည္။

ဘာ့ေၾကာင့္မ်က္လုံးစိမ္းႀကီးျဖင့္ၾကည့္ေနသလဲ။
ရင္ထဲမွေမးခြန္းသာ။
လက္ေတြ႕တြင္ေတာ့ ထိုလူႀကီးကပင္စေျပာလာသညိ။
“ဒီမွာကေလးမ မင္းတို႔ဒီကုန္းကေနျပန္တာေကာင္းမယ္ေနာ္”
“ဘာျဖစ္လို႔လဲဦးႀကီး က်မတို႔ကအလုပ္မရွိလို႔ပါ
ပီးေတာ့ဦးႀကီးကဘယ္သူမ်ားလဲ”
“မင္းေမးလို႔ေျပာျပလ္ုက္ပါမယ္ ငါ့နာမည္ ေတာက္ထိန္
ဒီကုန္းရဲ႕အပိုင္စားရသူပဲ မင္းတို႔ေနခြင့္မရွိဘူး”

“ဒီေနရာပိုင္ရွင္က ဘႀကီးစိန္ေလ အဘစိန္ေလ”
“မင့္ငစိန္ကသူေနမလို႔မေနတာေပါ့ကြ
ငါရွည္ရွည္ေဝးေဝးမေျပာခ်င္ဘူး မနက္ျဖန္မနက္လင္း
လို႔မွမျပန္ၾကရင္ ငါ့အေၾကာင္းသိေစရမယ္”
ထိုလူႀကီးသည္ စကားအားေဒါသတႀကီးေျပာရင္း
ခ်ာခနဲလွည့္ထြက္သြားေလၿပီ။

မိဂ်မ္းမွာပါးစပ္အေဟာင္းသားျဖင့္က်န္ရစ္ခဲ့သည္။

“ဘာလဲဟ လူပဲဒါ ညကသက္သက္ငါတို႔မေနရဲေအာင္
သရဲေယာင္ေဆာင္တာပဲ အဘစိန္နဲ႔ကြင္းလုဘက္ပဲ
ျဖစ္ရမယ္”
မိဂ်မ္းသည္မိမိဘာသာထင္ေၾကးေပးရင္း စိတ္ခ်မ္းသာ
သြားရသည္။

ညက်အိပ္ေရးပ်က္စရာအေၾကာင္းမရွိၿပီေလ။

“မမေရ သားျပန္လာၿပီ”
“ေအးေအးမမလဲထမင္းခ်က္မယ္”
“မမသားေလ ေရခ်ိဳးရင္းသူငယ္ခ်င္းရခဲ့တာ”
“ေဟ ဘယ္သူလဲ ဒီနားမွာတို႔ပဲရွိတာေလ”
“မဟုတ္ဘူးမမဒီေကာင္က ဟိုးဘက္ကုန္းကတဲ့
သူလဲသားအ႐ြယ္ပဲ လာမဲ့ဝါအ၀င္မွာသူလဲ ရွင္ျပဳမွာ
ဆိုပဲ အဲ့ဒါသားနဲ႔ညႇိခဲ့ၾကေသးတယ္ ရွင္အတူျပဳဖို႔”

“ေအး ဒီနားသူငယ္ခ်င္းရတယ္ဆိုေတာ့လဲ
ေကာင္းသား အေဟးေဟး”
မိဂ်မ္းမွာဤေတာင္ကုန္းတြင္ သက္ရွိမ်ားရွိေနသည္
ဟုသိလိုက္ရသျဖင့္ ထပ္ဆင့္ေပ်ာ္သြားသည္။

သို႔ႏွင့္
တေန႔တာ ကုန္ဆုံးသြားရျပန္သည္။
အလုပ္သိမ္းလာသည့္ေမွာင္ရီဝိုးတဝါးအခ်ိန္ေလးတြင္
“မမေရမမ သားေျပာစရာရွိတယ္”
“ေျပာေလ ဆာပီလား”
“မဟုတ္ဘူးမမ ဒီည ငသင္တို႔ဆီသြားအိပ္ၾကရေအာင္”

“ဘယ္က ငသင္တုန္း”
“မနက္ကသားေျပာတဲ့သူေပါ့
သူ႔အေမကေျပာတယ္တဲ့ ဒီညမုန္တိုင္းရွိတယ္လို႔
အဲ့ဒါ မငသင္ကသားတို႔ကို သူတို႔တဲလာအိပ္တဲ့
သူ႔အေမကလဲ ထမင္းလာစားလို႔ေျပာတာ”
“အေဝးႀကီးလား”
“ဟိုးဘက္နားတင္တဲ့မေဝးဘူးတဲ့”

မိဂ်မ္းသည္ ေကာင္းကင္အားေမာ့ၾကည့္မိျပန္သည္။
မိုးသားတိမ္လိပ္တို႔အား မေတြ႕ရ။

“အင္းေလ လူႀကီးစကားဆိုေတာ့ သြားအိပ္တာမမွား
ပါဘူး မိတ္ေဆြတိုးတာေပါ့ သြားမယ္”
ထိုအခ်ိန္တြင္
“ေဝးးးႏိုင္၀င္း ႏိုင္၀င္းေရ”
ဟူသည့္ ေသးစူးစူးအသံေလးအား ၾကားၾကရသည္။

“လာပီေဝး ငသင္ လာပီကြ”
“ကဲကဲ လာ ေမွာင္လာေတာ့မယ္”
မိဂ်မ္းသည္ မ်ိဳးေစ့ထုတ္ႏွင့္ေစာင္မ်ားအား
မိုးကာျဖင့္ပတ္လိပ္ထားလိုက္သည္။
မုန္တိုင္းေၾကာင့္တဲအမိုင့္ပြင့္လွ်င္ေတာင္ ေရမစိုေစရန္
ျဖစ္သည္။

ေမာင္ႏွမႏွစ္ေယာက္သည္ တဲေလးအားထားရစ္ကာ
ေရစေလာက္ဘက္ ထြက္ခဲ့ၾကသည္။
ကိုင္းေတာအစပ္တြင္ ငသင္ဟုသည့္ အသားျဖဴျဖဴ
ပိန္ပိန္ေသးေသးေကာင္ေလးအား ေတြ႕ၾကရသည္။

“လာႏိုင္၀င္း ငါ့အေမက ေစာင့္ေနတာ”
ထိုေနရာမွ သိပ္မသြားၾကရ။
ပ်ဥ္ခင္းပ်ဥ္ကာ သြပ္မိုးတဲေလးအား ေတြ႕ၾကရသည္။
“ဒီအိမ္ပဲေလမမ သားေတာ့ေန႔ခင္းကတစ္ခါ
ေရာက္ပီးပီ ဟီးဟီး”
“နင္ငါမသိေအာင္လည္တာေပါ့ ေခြးေလး”
“ဟီး ငသင္ကသားကိုထင္းဆြဲကူေတာ့ အျမန္ပီးတာေပါ့
အဲ့ဒါေဆာ့ရင္း ေရာက္လာတာ”

ငသင့္အေမျဖစ္သူက…

“ကိုင္းပါသမီးရယ္ ႀကီးႀကီးသားကလဲဒီမွာေနရတာ
ပ်င္းေနတာ ခုသမီးတို႔ေရာက္လာေတာ့ အေတာ္ပဲ
အလုပ္မွာ လိုအပ္တာရွိလဲႀကီးႀကီးတို႔ကိုေျပာေပါ့
ကိုင္းစားၾကစားၾက မုန္တိုင္းကေတာ္ေတာ္ႀကီးလိမ့္
မယ္ၾကားတယ္ ေစာေစာအိပ္ယာ၀င္ၾက!

ငသင္၏အေဖဆိုသူမွာ ဘာစကားမွ၀င္မေျပာ။
ကြမ္းႀကီးတၿမဳံ႕ၿမဳံႏွင့္ အျပင္ဘက္လွမ္းလွမ္းၾကည့္
ေနသည္ကို မိဂ်မ္းသတိထားမိသည္။
ထိုေန႔ညက
မိဂ်မ္းအိပ္လိုက္သည္မွာ အေသအတိုင္းပင္။

မေန႔ကေသခ်ာမအိပ္ထားတာေရာ အလုပ္ပမ္းတာပါ
ပါမည္ထင္သည္။
ထိုညက
မိဂ်မ္းတို႔မသိလိုက္သည္က
က်န္ေနခဲ့သည့္ သူတို႔တဲကေလးအနီးတြင္
အေကာင္ႀကီးႏွစ္ေကာင္လုံးသတ္ေနသည္မွာ
တညလုံးနီးပါးပင္ျဖစ္သည္။

သန္းေခါင္ယံထိ တဒုန္းဒုန္းဆူညံေနသည္မွာ
ေငြေတာင္ကြင္း တကြင္းလုံးကၾကားၾကရသည္။
သန္းေခါင္ယံအလြန္တြင္မူ
ငသင့္အေမက ပူပန္ဟန္ျဖင့္ ေျပာလာသည္။
ပုပန္စိတ္ေၾကာင့္လား ညအခ်ိန္မို႔လားမသိ
ဟန္ပန္ေတြပါ ေျပာင္းလာၾကသည္။

“ဟဲ့ငသင္ နင့္အဘေတာ့ရႈံးေတာ့မယ္ထင္တယ္
ေအးေလ သူ႔နယ္ကိုး ”

ငသင္သည္
အိပ္ေပ်ာ္ေနၾကရွာသည့္ သူငယ္ခ်င္းေမာင္ႏွမအားငုံ႔ၾကည့္သည္။

“အေမ အေမ့ကိုေတာ့ဒီအတိုင္းမထားႏိုင္ဘူး
အေမဒီကသားသူငယ္ခ်င္းေတြကို ေစာင့္ေရွာက္ထား
ေနာ္ သားအေဖ့ကိုသြားကူလိုက္မယ္”
“အို ဟဲ့ သား သား”
မိခင္ျဖစ္သူေခၚေနသည့္ၾကားမွ ငသင္သည္အိမ္ေပၚမွ
ခုန္ခ်လိုက္သည္။

အံ့ဖြယ္ပင္ျဖစ္သည္။
အိမ္ေပၚမွခုန္အခ်တြင္ ငသင္မွာ ဧရာမအရိပ္မဲႀကီး
ျဖစ္ကာ မိဂ်မ္းတို႔တဲဘက္ ေျပးေလေတာ့သည္။
ငသင္ခုန္ခ်အၿပီးတြင္ မိဂ်မ္းတို႔အိပ္ေနသည့္ အိမ္ေလးသည္လည္း
ေပ်ာက္ကြယ္သြားသည္။

သတ္ပုတ္သံသည္ ေခါင္းအားထိမတတ္ျမည္ဟည္း
ေနသည္မို႔ မိဂ်မ္းမွာႏိုးလာပါသည္။
“ဟင္ ဘာ ဘာသံ သံ အယ္”
ထိုအခါမွ
မိမိတို႔အိပ္ေနသည္မွာ သစ္႐ြက္ေျခာက္မ်ားၾကားတြင္
ျဖစ္ေနသည္ကို သိလိုက္ကာ ထိတ္ပ်ာသြားရသည္။

“ေမာင္ေလးေမာင္ေလး ထထဒုကၡပါပဲ”
“ကေလးမေလး ျပန္အိပ္ပါ”
ထိုအသံေၾကာင့္လွည့္ၾကည့္မိရာ
“အမယ္ေလး ဘုရားကယ္ပါ”
“ႀကီးႀကီးကိုမေၾကာက္ပါနဲ႔ ကေလးတိူ႔ကိုဒုကၡမေပးပါ
ဘူး ခုအဲ့ေနရာကေန ေနရာမေ႐ြ႕ပါနဲ႔ ၿငိမ္ၿငိမ္ေလး
ေနၾကပါ ”

“ဟာ ဘာ ဘာေကာင္ ”
“အိုေမာင္ေလး တိတ္တိတ္ေန”
“မမ ငသင္ငသင္ေကာ တဲအိမ္ေကာ”
ထိုအခါမွ ေၾကာက္စရာအသြင္ေျပာင္းေနသည့္
ငသင္၏မိခင္ဆိုသူက ရွင္းျပေလသည္။

မိဂ်မ္းတို႔မွာ သစ္႐ြက္ေျခာက္ပုံၾကားမွမထြက္ရဲပဲ
နားေထာင္ၾကရေလသည္။

“တစ္ကယ္ေတာ့ ႀကီးႀကီးတို႔က လူသားေတြမဟုတ္ၾက
ပါဘူး ဒီကုန္းမွာခိုကပ္ေနၾကရတဲ့က်ပ္တေစၦမိသားစုပါ
ဟိုေတာင္ကုန္းေပၚက သရဲေတာက္ထိန္ဟာ
ေရာက္လာသမွ် လူေတြကိုေျခာက္လွန္ အေသသတ္တတ္သူေပါ့
ဘာပဲျဖစ္ျဖစ္ ႀကီးႀကီးတို႔ကကိုယ္နဲ႔မဆိုင္ေတာ့
ဒီအတိုင္းၾကည့္ေနခဲ့တာၾကာပါပီ ကေလးတို႔ေရာက္လာတဲ့ေန႔ကေတာ့ သားငသင္ဟာ
သူ႔အ႐ြယ္ေကာင္ေလးကို လိုက္ေခ်ာင္းရင္း သစ္ပင္
ေပၚကျပဳတ္က်ပါေလေရာေလ
အဲ့ဒီေနရာက သရဲေတာက္ထိန္ရဲ႕ေနရာမို႔ ႀကီးႀကီးတို႔
၀င္မရျဖစ္ေနတုန္း ေဟာ့ဒီသားေလး ႏိုင္၀င္းတို႔ေမာင္
ႏွမက ကယ္ေပးခဲ့လို႔အသက္ရွင္ခဲ့ပါတယ္”

မိဂ်မ္းသည္ အာေစးမိထားသူလို ပါးစပ္ဟမရ။
အဖြားႀကီးကဆက္ေျပာလာသည္။
“ဒီညက်ေတာ့
သရဲေတာက္ထိန္ဟာ ကေလးတို႔ႏွစ္ေယာက္ကို
မုန္တိုင္းက်တယ္ထင္ေအာင္လွည့္စားမယ္
ခ်ည္မန္းကြင္း ကြၽတ္ေအာင္လုပ္လိမ့္မယ္လို႔
ပရေလာကသားေတြေျပာတာ ၾကားေနရတယ္
သားရဲ႕ေက်းဇူးရွင္ေတြမို႔ ခုလိုေရွာင္ခိုင္းရတာပါပဲ”

“ခုၾကားေနရတာေတြက …”
“အဲ့ဒါသရဲေတာက္ထိန္နဲ႔ ငသင္တို႔သားအဖနဘမ္းလုံး
ေနၾကတာကြဲ႕
ေဘးရန္ကင္းပီး ႏိုင္လာပါေစလို႔ဆုေတာင္းရတာပါပဲ”

မိဂ်မ္းသည္ ေမွ်ာ္လင့္မထားမိသည့္စကားမ်ားမို႔….
“ဟင္း ေမာင္ေလးမေၾကာက္နဲ႔ေနာ္”
“မမကလဲ ငသင္ဆိုရင္သားမေၾကာက္ပါဘူး
သူသရဲဆိုလဲ သားသူငယ္ခ်င္းပါပဲ”

ခပ္လွမ္းလွမ္း ေအာ္ဟစ္ၿငီးတြားသံ
သတ္ပုတ္ေနသံမ်ားအား ၾကာေနရသည္မို႔
ရင္တထိတ္ထိတ္ျဖင့္ ေစာင့္စားၾကရသည္။
ေၾကာက္၍ရင္ထိတ္ရသည္လား စိုးရိမ္၍ရင္ထိတ္ရ
သည္လား မိဂ်မ္းမခြဲျခားတတ္ပါ။

မနက္ေဝလီေဝလင္းအခ်ိန္တြင္ လူႏွစ္ေယာက္သည္
သူတို႔ဘက္လွမ္းလာေနသည္ကိုေတြ႕ၾကရသည္။
ထိုအခါမွ ႏိုင္၀င္းမွာ သက္ျပင္းခ်သည္။
“ငသင္ မင္းဘာမွမျဖစ္ဘူးေနာ္”
“ငါဘာမွမျဖစ္ပါဘူးကြာ အေဖေတာ့ဒဏ္ရာအႀကီး
အက်ယ္ပဲေဟ့ မင္းေဆးကုေပးလိုက္အုံး”

ငသင့္စကားေၾကာင့္ မိဂ်မ္းၿပဳံးမိသည္။
“မင္းကငါ့အေၾကာင္းသိသြားပီေပါ့ေလႏိုင္၀င္း”
“ေအးေလ”
“မင္းငါ့ကိုမေၾကာက္ဘူးလား”
“မေၾကာက္ဘူး”
“ငါနဲ႔ေဆာ့အုံးမယ္ေပါ့”
“ေဆာ့မယ္”
“ေဝး ေဟး ေဟး ေပ်ာ္တယ္အေမ သားေပ်ာ္တယ္”

ငသင္သည္ ကိုင္းေတာထဲတြင္ လူးလွိမ့္ေနသည္။
မိဂ်မ္းသည္ ရင္ထဲတြင္ ေအးလိုက္ပူလိုက္ျဖစ္ေန
ရသည္။
မနက္လင္းေတာ့
သူတို႔တဲေလးဆီ ငသင္ကလိုက္ပို႔သည္။

“ဟိတ္ေကာင္ငသင္မင့္အေဖကိုဂ႐ုစိုက္လိုက္ေနာ္”
“ဟားဟား ႏိုင္၀င္းရာ ငါတို႔အမ္်ဳးကဒဏ္ရာရရင္
သူ႔အလိုလ္ုကုစားႏိုင္စြမ္းရွိတယ္ကြ ဟိုညကငါ့ဒဏ္ရာ
ဟာ နဘူးႏြယ္နဲ႔ေပ်ာက္တယ္လို႔မင္းထင္ေနတာလား”

“မဟုတ္ဘူးလား”,

“ငတုံး ငါညက်မွလာေတာ့မယ္ ဒီတဲမွာေအးေဆးေန
ၾကေတာ့ ဟိုေကာင္ႀကီး ေတာ့ တျခားဘုံကိုကူးသြားပီ”

ငသင္ သည္စေနာက္ရင္း ျပန္ေျပးေလသည္။
သူေျပာသြားသည့္စကားတခ်ိဳ႕ေၾကာင့္ မိဂ်မ္းသည္
၀မ္းသာ၀မ္းနည္းျဖစ္ရသည္။

သို႔ႏွင့္ မိဂ်မ္းတို႔ေမာင္ႏွမသည္
ထိုကုန္းေျမတြင္ အလုပ္က္ုႀကိဳးစားလုပ္သည္။
အေႏွာင့္အယွက္ေပးမည့္သူကားေပၚမလာေတာ့ဘူး
မဟုတ္လား။

ငသင္ႏွင့္ မိသားစုကလည္း လာကူညီၾကသည္။
ကိုင္းကြင္းသည္ ေျပာင္ရွင္းေနသည္။
တဖက္မွစိမ္းစိုေနသည္။
ဘာလိုလိုႏွင့္တလခြဲမွ်ၾကာေညာင္းခဲ့ေလၿပီ။

အဘစိန္ကားလာမၾကည့္။

အကယ္၍ကေလးမ်ားေသေနလွ်င္သူ႔တြင္အမႈပါတ္
ႏိုင္သည္။
ေသတာၾကာမွသိလွ်င္ ေနစရာမရွိ၍ေနရင္းသူတို႔ဘာသာေသသည္ဟု
သတ္မွတ္ကာ ကိစၥၿပီးေပမည္။

ထို႔ေၾကာင့္
အိမ္ကသာေစာင့္သည့္ သတင္းနားေထာင္သည္။
လယ္နားနီးခ်င္းေတြေျပာၾကသည္က
ထ္ုကုန္းသည္ သစ္ပင္မ်ားစိမ္းလန္းေနသည္။
ကေလးသူငယ္ႏွင့္ အျခားလူႀကီးမ်ားလည္းရွိေနသညိ။
ေတာက္ထိန္ကြင္းသည္ စပါးစိုက္၍ရႏိုင္သည္တဲ့။
အဘစိန္သည္ ေငြအစိတ္အားအသင့္ျပင္၍
အိမ္ကပင္ေစာင့္သည္။

“ငါထင္သားပဲ ဒီကေလးေတြဟာ မညံ့ဘူးလို”
……
“ေရာ့သမီး ဒါ ႀကီးႀကီးတို႔မိသားစုရဲ႕အလႉေငြ”
“ဟင္ဘာေတြလဲႀကီးႀကီး”
“ဖြင့္ၾကည့္ေပါ့”
မိဂ်မ္းသည္ ျပန္ခါနီးတြင္ကမ္းေပးလာသည့္
အ၀တ္အိတ္ကေလးအား ဖြင့္ၾကည့္သည္။

“ဟာ ေ႐ႊ ေ႐ႊတုံးေတြလား”
“ငသင္ ဒါေ႐ႊေတြလားကြ”
“ဟုတ္ပါတယ္ႏိုင္၀င္း ငါကမင္းလိုမ်ိဳးရွင္ျပဳခ်င္တာကြ
ခုငါမျပဳရေတာ့ မင္းကိုလႉတာ
မင္းေမာင္ရင္ေလာင္းျဖစ္ပီး သကၤန္းစီးပီးရင္
ငါ့ဖို႔အမွ်ေဝေပးေနာ္ ဒီဘ၀မွာမေနခ်င္ေတာ့ဘူးကြ”

မ်က္ႏွာငယ္ေလးႏွင့္ေျပာရွာသည့္ငသင္ဆိုသည့္
သူအားၾကည့္ကာ ႏိုင္၀င္းငိုေလၿပီ။

“သမီးမိဂ်မ္း ေရစက္ခ်တဲ့အခါက်ရင္
ဦးလွေဖ ေဒၚၾကင္ေမ သားငသင္တို႔သာဓုေခၚပါလို႔
နာမည္ေခၚၿပီး အမွ်ေပးေပးပါေနာ္သမီး”
“ဟုတ္ကဲ့ပါႀကီးႀကီး စိတ္ခ်ပါ”

ႏိုင္၀င္းကလည္း
“ငါငါ အမွ်လဲေဝမယ္ တသက္လုံးလဲသတိရေနပါ့မယ္
ငါရွင္ျပဳမဲ့ေန႔က် မင္းတို႔ကိုလာဖိတ္ပါ့မယ္
ဆက္ဆက္လာေနာ္”
“စိတ္ခ် ငါလာကိုလာမွာ”
“ဒါဆိုငါတို႔သြားေတာ့မယ္ေနာ္”

ငသင္သည္ ႏႈတ္ပင္မဆက္ လွည့္ထြက္သြားေခ်ၿပီ။
ငသင္၏မိဘမ်ားသည္လည္း သူ႔ေနာက္မွလိုက္ပါသြား
ၾကေလသည္။
မိဂ်မ္းတို႔ေမာင္နမလည္း မ်က္ရည္မ်ားႏွင့္….
…..
ဝါတြင္းပင္မေရာက္လိုက္ပါ။
ေနာင္မြန္႐ြာတြင္ ၿခိမ့္ၿခိမ့္သဲ အလႉပြဲတခုရွိသည္။
မိဂ်မ္းသည္ ဆရာေတာ္၏ႏွေဘးတြင္
ဦးျပည္းစိမ္းစိမ္းကေလးႏွင့္ထိုင္ေနသည့္
ေမာင္ျဖစ္သူအားၾကည့္ကာ
ေရစက္ခြက္ကေလးကိုင္ရင္း မ်က္ရည္က်မိသည္။

၀မ္းသာ၀မ္းနည္းသည့္ မ်က္ရည္မ်ားျဖစ္သည္။

တရာေတာ္ႀကီး၏ သုံးဆယ့္တစ္ဘုံအမွ်ေဝသံႏွင့္အတူ

“အေမေရ ခုေတာ့ ေမာင္ေလးလဲ ရွင္ျပဳပီးပီ
အေမ့ကိုရည္စူးပီးကုသိုလ္ေကာင္းမႈေတြလဲျပဳထားပါ
ပီ ေရာက္ရာဘ၀ကေန သာဓုေခၚပါအေမ

ဒီအလႉအတြက္ ဘုံတစ္ခုမွလႉဒါန္းခဲ့ၾကတဲ့
ဦးလွေဖ ေဒၚၾကင္ေမ သားေမာင္သင္မိသားစု
ကြၽႏ္ုပ္တို႔ႏွင့္အတူ
သာဓုေခၚဆိုႏိုင္ပါေစသား”

ထိုအမွ်ေဝသံအဆုံးတြင္
ေက်ာင္း၀င္အျပင္တြင္ ရပ္ေနသည့္
ျဖဴဖပ္ပိန္လွီလြန္းသည့္ အရိပ္တစ္ခုသည္
အျဖဴေရာင္အလင္းတန္းႏွင့္အတူ ေပ်ာက္ကြယ္သြား
ေလသည္။

ထို႔အတူပင္
လူမေနႏိုင္ဟူေသာ ကိုင္းကြင္းအစပ္တြင္
နားကၾကားသမွ်အမွ်ေဝသံတိူ႔အား
အာ႐ုံျပဳကာ သာဓုေခၚပီးေနာက္တြင္
လင္းလက္သည့္အ၀တ္အစား
ေတာက္ပသည့္အၿပဳံးမ်ားျဖင့္ မိသားစုသုံးေယာက္
သည္လည္း တၿပိဳက္နက္ပင္ ထိုေနရာမွ ေပ်ာက္ကြယ္ေလသည္။

ၿပီးပါၿပီ။
ဆင္းရဲျခင္းမွန္သမွ် ကင္းၾကပါေစ။
ဤစာမူျဖင့္ ေမြးသမိခင္ေက်းဇူးရွင္ႏွင့္
ဆရာသခင္ႏွစ္ပါးအား ကန္ေတာ့ပါသည္။

ဧကရီအားေလးစားလ်က္