သားပျောက်ရှာသောသရဲမ(စ/ဆုံး)

Unicode Version

သားပျောက်ရှာသောသရဲမ(စ/ဆုံး)
——————————————
သူရိယနေမင်းသည် အနောက်အရပ်သို့
တရွေ့ရွေ့ဖြင့် ရွေ့လျားနေခဲ့သည်။
နွားရိုင်းသွင်းသော အချိန်ဖြစ်သည်မို့
နွားအုပ်များကိုလည်း
ရွာဆီသို့ပြန်လည် မောင်းသွင်းကြလေသည်။
ထိုအခါလမ်းမထက်၌ ဖုန်များသည်လည်း
တထောင်းထောင်းထနေခဲ့လေသည်။
ထိုအချိန် ရွာပြင်၌ လာရောက်ဆော့ကစားနေကြသော
မဲတူတို့ညီအစ်ကိုနှင့် ငပု၊ နွေမတို့ ကလေးအုပ်စုသည်လည်း ဆော့ကစားရာမှရပ်ပြီး…
“တို့ပြန်ကြစို့…နွားတွေတောင်ပြန်ကုန်ပြီ”
“အေး…ဒါဆိုပြန်မယ်လေ…”
“လာဟေ့…ရွာထဲဝင်ကြစို့”
ဆိုပြီး အပြန်အလှန်စကားပြောဆိုနေခဲ့ကြသည်။
ဤသို့ဖြင့်
ကလေးအုပ်စုသည် နွားအုပ်နှင့်ခပ်လှမ်းလှမ်းမှ ရွာထဲသို့
လိုက်ပါသွားကြတော့သည်။
***************************
ညသည်အမှောင်ဓာတ်ကိုဖြည့်တင်းပေး၏။
ထိန်ထိန်သာသော လမင်းသည်လည်း ယနေ့၌ တိမ်ဆိုင်များအကြားပုန်းကွယ်၍နေခဲ့သည်။
သန်းခေါင်ကျော်တော့မည်မို့ မည်သူတစ်ဦးတစ်လေမှ
ရွာလမ်းမထက်၌ ရှိမနေကြတော့ပေ။
ထိုသို့ဖြင့် တိတ်ဆိတ်ငြိမ်သက်ကာ အိပ်မောကျနေသည့် သောင်ထွန်းရွာ၌ ထူးခြားမှုတစ်ခုသည်
စတင်၍လာခဲ့တော့သည်။
လမ်းမထက်၌ သွားလာနေသော ခြေသံ…
“ရှက်…ရှက်….ရှက်…ရှက်…………”
ထိုခြေသံသည် လမ်းမနှင့် အိမ်ကြိုအိမ်ကြားလမ်းများပါ
မကျန်သွားလာလို့နေခဲ့သည်။
ထိုအသံရှင်အား မြင်ကြသည့် ခွေးများသည် ဆွဲဆွဲငင်ငင်အူသံပေးကြ၏။
အသံရှင်သွားရာနောက်သို့ ထိုခွေးအုပ်စုသည်
ဟောင်လိုက်၊အူလိုက်ဖြင့်တရုန်းရုန်းလိုက်ပါလာခဲ့ကြသည်။
“အူ…ဝူးးး…ဝူးး….အူ………….”
ခွေးတို့၏ဆူညံသံကြောင့် ရွာထဲရှိ အိမ်များ နိုးကုန်ကြတော့သည်။
ထိုခွေးအုပ်စုအား ခဲဖြင့်ပစ်ပေါက်ကြ၏။
“ဂိန်…ဂိန်…ဂိန်……….”
“ဝူးးးး…ဝူးးးး…..ဝူးးး…….”
ခွေးအုပ်စုသည်ပစ်ပေါက်ခံရသောခဲများအား
မမှုကြဘဲ
ဆက်လက်ဟောင်နေကြသည်။
မရသည့်အဆုံး၌သာ ထိုခွေးအုပ်စုအား ထားပစ်ခဲ့ကြပြီး
အိမ်ထဲသို့ပြန်ဝင်သွားကြတော့သည်။
**********************************
နွေရောက်တော့မည်မို့ ညကင်းတစ်ခုအား
ရွာရှိ လူသုံးဦးကျကင်းစောင့်ရ၏။
ရွာရှေ့၊ရွာနောက်၊ရွာမြောက်၊ရွာတောင် ကင်းလေးခုချထားလေသည်။
ယနေ့ ရွာရှေ့ကင်း၌ မောင်အုန်း၊မောင်တိုးနှင့်ငပေတို့
ကင်းကျလေသည်။
သူတို့သည်
ကင်းတဲ၌နေရင်း ခွေးအူသံများအား နားစွင့်နေကြ၏။
ခွေးအူသံသည် သူတို့ကင်းတဲရှိရာဆီသို့
တစတစနီးကပ်လာခဲ့သည်။
“ဟ…ခွေးတွေအူလှပါလားကွ”
“ဒီကောင်တွေအုပ်စုဖွဲ့ပြီး သောင်းကျန်းနေတယ်…။
လာပါစေဦး
လေးခွနဲ့ကိုအသေထုပစ်ဦးမယ်”
မောင်အုန်း၏စကားအား
ငပေ က သူ၏လောက်လေးခွကြီးအား
တကိုင်ကိုင်ဖြင့်ပြောလေသည်။
“ခွေးဆိုတာ သရဲမြင်တဲ့အကောင်တွေဗျ…
ကြည့်ရတာသရဲမြင်လို့များအူကြသလားနော်”
မောင်တိုးက ကြားဝင်ပြောလိုက်သည်။
ထိုအခါ၌လေးခွကိုင်ထားသော ငပေသည် …
“ဟာ…ငတိုးကလည်းကွာ…မင်းကလည်း
အဓိပ္ပါယ်မရှိလိုက်တာ ”
“ဖြစ်နိုင်တယ် ငပေရ…တို့နှစ်ယောက်က ဘွားနဲ့အမြဲလိုက်နေကြတော့ ဒီကိစ္စတွေဆိုတာ တို့အတွက်ရိုးအီလို့နေပြီမောင်”
“မင်းတို့ကလည်းကွာ…ငါသရဲကြောက်လို့များ
ပိုပိုသာသာပြောနေကြတာများလား”
လူချင်းသာ မိုက်ရဲ…သတ်ရဲသော ငပေသည် သရဲအား အလွန်ကြောက်ရှာသည်။
ယခုလည်း မောင်တိုးနှင့်မောင်အုန်း၏စကားများကြောင့်
သူခမျာ မျက်နှာထက်၌ ချွေးများပင်စို့ချင်ချင်ဖြစ်နေလေပြီ။
ငပေ၏အသွင်ကြောင့် မောင်တိုးနှင့်မောင်အုန်းတို့
ရီမောကြတော့လေသည်။
ခဏကြာလေတော့ ခွေးအူသံတို့သည် တိတ်ဆိတ်သွား၏။
ထိုအသံတို့တိတ်ဆိတ်သွားသောအခါ…
“ငါအပေါ့သွားဦးမယ်ကွာ မင်းတို့ခဏနေခဲ့ကြဦး”
ဟု..ငပေ က ပြောရင်း ကင်းတဲနှင့် ခပ်လှမ်းလှမ်းရှိ မန်ကျည်းပင်ကြီးဆီသို့ထွက်သွားတော့သည်။
ငပေထွက်သွားသည်ကို မောင်အုန်းတို့ လှမ်းကြည့်ပြီးနောက် အချင်းချင်းစကားပြောနေခဲ့ကြလေသည်။
“အားးးး…..အမလေးးးး…..သ…သရဲ…သရဲ…သရဲ……”
ရုတ်တရက်ဆိုသလို
ငပေ၏ကြောက်လန့်တကြားအော်ဟစ်သံကြီးထွက်ပေါ်လာခဲ့သည်။
“ဟာ…ကိုငပေဘာဖြစ်တာလဲ”
“ငပေ…”
မောင်တိုးတို့နှစ်ယောက် ငပေရှိသော မန်ကျည်းပင်နားသို့အပြေးသွားကြလေသည်။
သူတို့ရောက်ချိန်၌ ငပေသည် မန်ကျည်းပင်ခြေရင်း၌
သတိလစ်နေခဲ့ပြီဖြစ်သည်။
“သံချောင်းခေါက်…သံချောင်းခေါက်ကွာ”
“ဟုတ်ကဲ့…ဟုတ်ကဲ့…ကိုကြီးအုန်း”
ငပေကြောင့် မောင်တိုးတို့ပြာယာခက်ကုန်ကြသည်။
“ဒေါင်…ဒေါင်…ဒေါင်…ဒေါင်…ဒေါင်…”
သံချောင်းခေါက်သံများဆူညံစွာထွက်ပေါ်လာတော့သည်။
ရွာရှေ့ကင်းတဲဆီမှသံချောင်းခေါက်သံကြောင့်
ကျန်ကင်းတဲများကလည်း သံချောင်းပြိုင်တူ
ခေါက်ကုန်ကြတော့သည်။
ရွာသူကြီးနှင့်ရွာသားများသည်လည်း သံချောင်းစခေါက်ရာ
မောင်အုန်းတို့၏ရွာရှေ့ပိုင်းကင်းတဲဆီသို့ အပြေးတပိုင်းဖြင့်လာကြကုန်၏။
“ဘာဖြစ်တာလဲကွ…ဒီနေ့ကင်းတဲစောင့်ကျတာ
ဘယ်သူတွေတုန်း”
“ဘာဖြစ်တာလဲ”
သူကြီးတို့၏မေးမြန်းသံတွေကြောင့် မောင်တိုးက…
“ဒီနေ့ကင်းတဲကျတာ ကျုပ်ရယ် ကိုကြီးအုန်းရယ်…ငပေရယ်ဗျ…အခုဟိုမှာ မန်ကျည်းပင်နားမှာ
ငပေသတိလစ်နေလို့ သံချောင်းခေါက်လိုက်တာ”
“ဟာ…လာကြ သွားကြည့်ကြမယ်ကွာ”
“ဒီကောင်အရက်တွေများမူးပြီးလဲသလားမသိတာ”
“အရက်မူးပြီးလဲလို့သံချောင်းခေါက်ပါ့မလားဗျ”
ရွာသားတို့၏တစ်ယောက်တစ်ပေါက်အသံများသည် ဆူညံလို့နေခဲ့သည်။
ရွာသူကြီးဦးနောင်ချိုတို့ မန်ကျည်းပင်အနီးသို့ရောက်သောအခါ
မောင်အုန်း၏လက်အတွင်း၌ သတိမေ့မြောနေသော ငပေအား တွေ့လိုက်ကြလေသည်။
“ဘယ်လိုဖြစ်တာတုန်းကွ”
“ဘယ်လိုဖြစ်တယ်နောက်မှမေး သူကြီးရာ… ။
ကျုပ်တို့ဒီကောင့်ကို ကင်းတဲဆီခေါ်သွားပေးကြရအောင်”
“အေး…ဒါဆိုလည်း ဝိုင်းမ ကြကွာ”
ငပေ အား ကင်းတဲဆီသို့ မချီသွားကြတော့သည်။
ငပေ ဖြစ်စဉ်ကို မောင်အုန်းက
သူသိသမျှပြောပြလိုက်သောအခါ
ရွာသူကြီးက မောင်တိုးအား
ဘွားမယ်စိန်ကို သွားရောက်ခေါ်ယူစေသည်။
*******************
“အမေ…သံချောင်းခေါက်သံတွေအတော်ဆူတယ်နော်…
ရွာကို လူစိမ်းများကပ်သလားမသိဘူး”
“အခြေအနေခဏစောင့်ကြည့်ကြတာပေါ့အေ…”
ဘွားမယ်စိန်တို့သည် သံချောင်းခေါက်သံများကြောင့်
ကွပ်ပျစ်ခင်း၌ ထိုင်ကာ အခြေအနေအားနားစွင့်နေခဲ့ကြသည်။
ကွပ်ပျစ်ထက်၌ ဆီမီးခွက်ထွန်းထားပြီး
ဘွားမယ်စိန်သည်က
ပြောင်းဖူးဖက်ဆေးလိပ်ကြီးအား ဖွာရှိုက်လို့နေခဲ့သည်။
“ဘွား…ဗျို့…ကျုပ်ပါမောင်တိုး…”
မောင်တိုး ခြံဝိုင်းအပြင်မှအော်ခေါ်နေသည်။
“လာပြီမောင်တိုးရေ…လာပြီ”
ဒေါ်ဝင်း ခြံဝိုင်းတံခါးအား သွားဖွင့်ပေးလေသည်။
ခြံဝိုင်းထဲဝင်လာခဲ့သောမောင်တိုးသည် ကွပ်ပျစ်ခင်း၌ ထိုင်နေသော ဘွားမယ်စိန်အား မြင်သောအခါ…
“ဘွား…ကျုပ်နဲ့လိုက်ခဲ့ဦးဗျ…။ကိုငပေ သတိလစ်နေလို့”
“သြော်…ဒါဆိုအစောက ကင်းတဲတွေသံချောင်းခေါက်တာ
ငပေကြောင့်လား”
ဒေါ်ဝင်းက မေးသောအခါ မောင်တိုးက ခေါင်းညိတ်ပြပြီး…
“ဟုတ်တယ်ဗျ…သူနဲ့ကျုပ်တို့အတူတူ ကင်းတဲစောင့်ကျတာ ။
သူအပေါ့သွားစွန့်ရင်း သရဲ….သရဲ
အော်ပြီးသတိလစ်သွားတာပဲအရီးဝင်းရာ…။
အဲ့တာနဲ့ ကျုပ်တို့လည်းဘာဆက်လုပ်ရမယ်မသိလို့
သံချောင်းခေါက်လိုက်ရတာပဲ”
“နင်တို့ကဟယ်…ငပေဆိုတာ အရက်သမား ဖဲသမား
မူးရူးပြီးဖြစ်တာနေမှာပေါ့”
“အာ…အရီးဝင်းရဲ့…ငပေက သောက်မထားပါဘူးဗျ”
“နေကြစမ်းပါဦးကွယ်…ညဦးပိုင်းက
ခွေးတွေလည်းအတော်အူတယ်…။
အင်း…
ရွာထဲမှာတော့ တစ်ခုခုဖြစ်နေပြီထင်တယ်”
“ဗျာ…”
“ဟင်…”
ဘွားမယ်စိန်၏ခပ်လေးလေး စကားကြောင့်
မောင်တိုးနှင့်ဒေါ်ဝင်းတို့အံ့သြကုန်ကြသည်။
“ရွာထဲဘာဖြစ်တယ်လို့ဘွားကထင်တာလဲ”
“ရွာထဲတစ်ယောက်ယောက်ဝင်လာတာလို့ပဲဘွားထင်တယ်…။
ကဲပါလေ…လာ…လာ…ငပေဆီကိုသာ
ဘွားတို့အရင်သွားကြတာပေါ့”
ဘွားမယ်စိန်သည် သူ၏တောင်ဝှေးအားယူဆောင်၏။
ပြီးနောက် ဒေါ်ဝင်းအား ခြံတံခါးသေချာပိတ်ပြီးအိမ်၌
နေခဲ့စေသည်။
ဘွားမယ်စိန်တို့ရွာရှေ့ကင်းတဲဆီသို့ရောက်ချိန်၌
ရွာသားများက မီးတုတ်များကိုင်ဆောင်ကာ စောင့်ဆိုင်းနေကြသည်ကိုတွေ့ကြရလေသည်။
“လူအုပ်ကအများသားပါလား”
“များတယ်လည်းမဟုတ်ပါဘူးဘွားရယ်…။ကျုပ်တို့ရွာများ
တစ်ခုခုဖြစ်နေပြီလားလို့ အဲ့သည်ဇောနဲ့ရောက်လာကြတာပါ”
ဦးဘစီက ဘွားမယ်စိန်စကားအားဖြေကြာလေသည်။
ပြီးနောက်လူအုပ်ကိုဘေးသို့ဖယ်စေပြီး ဘွားမယ်စိန်အား ငပေရှိရာသို့ ခေါ်သွားလေ၏။
ငပေသည်က ကင်းတဲ၏ကြမ်းခင်း အထက်၌
မေ့မြောနေရှာသည်။
ငပေ အား ဘွားမယ်စိန်ကြည့်ရှု့လေသည်။
ငပေ၏ နံဘေး၌ ဝင်ထိုင်လိုက်ပြီး ငပေ၏ခေါင်းအား
ဘွားမယ်စိန်သူ၏လက်များဖြင့် ပွတ်သပ်ပေးလိုက်သည်။
ဘွားမယ်စိန်၏အပြုအမူများအား ရွာသားများအားလုံးက
စိတ်ဝင်တစားဖြင့်ကြည့်ကြ၏။
ထိုသူတို့ကြည့်နေစဉ်မှာပင် ဘွားမယ်စိန်သည်သူ၏ မျက်လုံးများအား မှိတ်ချလိုက်သည်။
သို့သော် သူ၏လက်သည် ငပေ၏ခေါင်းအထက်၌ရှိနေဆဲ ဖြစ်၏။
တခဏကြာလေတော့ ဘွားမယ်စိန်၏မျက်လုံးများက
ပြန်ဖွင့်လာခဲ့လေသည်။
ဘွားမယ်စိန်မျက်လုံးများဖွင့်လာလာခြင်းမှာပင်
ဘွားမယ်စိန်သည် ရွာသားများရှိရာသို့
ဝေ့ဝိုက်ကာကြည့်ပြန်၏။
ဘွားမယ်စိန်၏အကြည့်များကြောင့်ရွာသားများ ရှိုးတိုးရှန့်တန့်
ဖြစ်ကုန်ကြလေသည်။
“ဟဲ့…နင်ဘယ်သူလဲ…လာခဲ့ ဝင်ခဲ့…”
ဟု…ဘွားမယ်စိန်သည် လေသံမာမာဖြင့်ပြောလိုက်လေသည်။
ဘွားမယ်စိန်၏စကားအဆုံး၌ မေ့မြောနေသော ငပေသည်
လှဲလျောင်းနေရာမှ ထလာလေတော့သည်။
ငပေအားမြင်ကြသောရွာသားများသည်လည်း
ထိတ်လန့်ကုန်ကြ၏။
“ဟ…ဘာကြီးလဲ”
“ငပေ ပါဟ…မင်းကလည်း”
“ငပေ မှန်းတော့သိတာပေါ့…။
ဟိုမှာကြည့်
မျက်လုံးကြီးကစိုက်ကြည့်နေတာ…”
“သရဲပူးတယ်ထင်တယ်”
“တိတ်တိတ်နေကြစမ်း…။ဘွား စီမံလိမ့်မယ်…
မင်းတို့အပေါက်တွေသာပိတ်ထားကြ”
ဆူညံဆူညံဖြစ်နေသော ရွာသားအုပ်စုအား သူကြီးဦးနောင်ချိုက ဝင်ဟောက်လိုက်တော့သည်။
ထိုအခါမှ အသံတိတ်သွားတော့၏။
ဘွားမယ်စိန်သည် သူ၏အနီး၌ ငုပ်တုပ်ထ ထိုင်နေသော ငပေအား ကြည့်နေသည်။
ငပေကလည်း ငုပ်တုပ်ကြီးထိုင်၍ ဘွားမယ်စိန်အားကြည့်နေ၏။
ထိုသို့ကြည့်နေရင်း ငပေသည်…
“အီး…ဟီးးး….ဟီးး….ဟီးး…….ဟီး……”
ဟူသောအသံကြီးဖြင့် ဝမ်းနည်းတကြီးရှိုက်ငိုတော့သည်။
“နင်ဘယ်သူလဲ…တို့ရွာထဲဘာလာလုပ်တာလဲ”
ဘွားမယ်စိန်က ငိုကြွေးနေသောငပေအား
ကြည့်ကာမေးလေတော့…
“ကျုပ်…ကျုပ်သား…ကျုပ်သားလေး လာရှာတာပါ”
“သား…ဟုတ်သလား…နင့်သားကဘယ်သွားလို့တုန်း”
“ကျုပ်အစာရှာသွားပြီးအပြန် ကျုပ်သားကိုမတွေ့တော့ဘူး…။
အဲ့တာကြောင့်ရွာထဲကိုဝင်လိုက်ရှာရတာပါ”
“ဟဲ့. .နင့်သားရွာထဲဝင်တယ်လို့ နင်ဘယ်လိုသိတာတုန်း”
“ရွာထဲက ကလေးတွေ
ကျုပ်တို့သားအမိနေတဲ့နေရာမှာ
လာဆော့ကစားကြတယ်လေ…။ဒါကြောင့်ကျုပ်သား
သူတို့နဲ့ပါသွားတယ်ထင်လို့ပါ”
ဘွားမယ်စိန်နှင့်ငပေ၏ကိုယ်အတွင်း၌ ပူးကပ်နေသော သရဲမတို့ပြောဆိုနေကြခြင်းပင်။
သရဲမ ပူးကပ်စဉ် ငပေ၏အသံသည်ပျောက်ကွယ်ကာ မိန်းမအသံပေါက်နေသည်မို့ ရွာသားများအံ့သြနေကြသည်။
သို့ကြောင့် ဘွားမယ်စိန်တို့၏စကားဝိုင်းအား ထိုသူတို့
စိတ်ဝင်စားနေကြ၏။
“ဟဲ့…နင်တို့အိမ်ကသားသမီးတွေ
ရွာပြင်ကိုထွက်ဆော့ကြသေးလား…။
ထွက်ဆော့တဲ့ကလေးတွေရှိရင်ဒီကို
ခေါ်လာပေးကြ”
ဟု…ဘွားမယ်စိန်သည်ရွာသားများကိုပြောလိုက်လေသည်။
ထိုအခါ သားသမီးရှိသောရွာသားများ
မိမိအိမ်သို့အပြေးပြန်ကြတော့သည်။
ထိုသို့ဖြင့်ကလေးများ
ခေါ်အလာအားစောင့်ဆိုင်းကြရပြန်သည်။
ထိုသို့ဖြင့်တခဏအကြာ၌ ကလေးတစ်သိုက်ရောက်လာခဲ့ကြသည်။
အိမ်ချင်မူးတူးလေးများဖြင့်
ဖခင်တို့ခေါ်ရာသို့လိုက်ပါလာကြ၏။
ရွာပြင်သို့ဆော့ကစားသောကလေးများသည်
စုစုပေါင်းလေးဦးရှိလေသည်။
မဲတူတို့ညီအစ်ကိုနှင့် ငပု၊နွေမတို့ဖြစ်လေသည်။
ထိုကလေးများအားဘွားမယ်စိန်ကြည့်လိုက်သည်။
အိမ်ချင်နေကြသောကလေးလေးယောက်နှင့်
နည်းနည်းမျှအိပ်ချင်ပုံမရသော
ကလေးတစ်ဦးကိုဘွားမယ်စိန်မြင်ရလေသည်။
ထိုအခါ လက်ညှိုးထိုး၍…
“ဟိုဟာနင့်ကလေးမလား…”
ဟု မေးလိုက်သည်။
ဘွားမယ်စိန်ညွှန်ရာသို့သရဲမသည်လည်းကြည့်လိုက်ပြီးနောက်
ဝမ်းသာအားရခေါင်းငြိမ့်လေသည်။
“သွား…ခေါ်သွား…နောက်ကိုဒီရွာထဲကိုဝင်ပြီး
အခုလိုတွေလုပ်ရင်
မယ်စိန်အဆိုးလို့မဆိုလေနဲ့…ကြားလား”
သရဲမသည် ဘွားမယ်စိန်စကားအားခေါင်းငြိမ့်ကာ နားထောင်၏။
ပြီးနောက် ငပေ၏ ကိုယ်မှခွာထွက်သွားပြီး သူ၏ကလေးအား
လက်ဆွဲကာ ထွက်သွားတော့လေသည်။
ထိုမြင်ကွင်းအား ဘွားမယ်စိန်သာ မြင်တွေ့ရပေသည်။
“ငါ့မြေးတို့နောက်ကို ရွာပြင်မှာသွားဆော့ကြမယ်ဆိုရင် သူငယ်ချင်းအချင်းချင်း နာမည်ခေါ်ပြီးမှပြန်ခဲ့ကြ…။
လာဟေ့ ပြန်ကြစို့။ တို့…ရွာထဲဝင်ကြရအောင် လာတို့ ။
မပြောမိစေနဲ့…ကြားကြရဲ့လား”
“ကြားလား ဘွားပြောတာကို”
“မှတ်ထားကြနော် မင်းတို့”
ဘွားမယ်စိန်၏စကားအားကလေးများက ခေါင်းလေးတွေငြိမ့်ပြကြ၏။
သူတို့လေးတွေသည်လည်း
ကြောက်လန့်နေကြသည်မဟုတ်ပါလား။
“ကဲ…သရဲမက သူ့ကလေးပျောက်လို့လာရှာတာ…ဟောသည်
ငပေကသူ့ကိုတွေ့သွားပြီးသတိမေ့တာ…။
ကဲ…ကဲ…ရော့ ဒါပရိတ်ရေ…ငပေကိုတိုက်လိုက်ကြ”
ဘွားမယ်စိန်ပေးသော ပရိတ်ရေအား ငပေအားတိုက်လိုက်ကြသည်။
ငပေသတိလည်လာသောအခါ
အားလုံးအားပြူးကြောင်ကြောင်အသွင်ဖြင့်ကြည့်၏။
ပြီးလေတော့…
“ဟင်…ဟို…ဟို…သရဲမကြီးရော…သရဲမကြီးရော”
“မရှိတော့ဘူး…ဒီမှာဘွားရောက်နေပြီလေ ငပေရဲ့”
“ဟာ.. ဘွား…ကျုပ်…ကျုပ်ဖြင့်ကြောက်လိုက်တာဗျာ…
သရဲမက ကျုပ်အပေါ့သွားနေတာကို နောက်ကနေ လက်နဲ့ပုတ်တယ်ဗျ…ကျုပ်လည်း မောင်တိုးတို့မှတ်ပြီးခေါင်းလှည့်ကြည့်လိုက်တာ…အမလေး… မျက်လုံးပြူးပြူး ပါးစပ်ကြီးကပြဲပြဲနဲ့ရွံစရာကြီးပါဗျာ”
“အမယ်…ငပေတို့က သရဲမကိုချောတယ်များမှတ်နေလားမသိ”
“ဟုတ်ပါ့ ငပေ ဟတ်ထိသွားတာထင်တယ်…။တစ်ခါထဲသတိလစ်သွားတာဆိုတော့”
“ဟားး…ဟားး…ဟားး…ဟားး…….”
ငပေ၏အဖြစ်အား အားလုံးက ဝိုင်းစနောက်ကျလေသည်။
သရဲမကိစ္စပြီးချိန်၌ လင်းကြက်ပင်တွန်နေလေပြီ။
ဘွားမယ်စိန်သည်လည်း အားလုံးကို နှုတ်ဆက်၍
သူ၏အိမ်သို့
ပြန်သွားတော့၏။
ပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)

Zawgyi Version

သားေပ်ာက္ရွာေသာသရဲမ(စ/ဆံုး)
——————————————
သူရိယေနမင္းသည္ အေနာက္အရပ္သို႔
တေ႐ြ႕ေ႐ြ႕ျဖင့္ ေ႐ြ႕လ်ားေနခဲ့သည္။
ႏြား႐ိုင္းသြင္းေသာ အခ်ိန္ျဖစ္သည္မို႔
ႏြားအုပ္မ်ားကိုလည္း
႐ြာဆီသို႔ျပန္လည္ ေမာင္းသြင္းၾကေလသည္။
ထိုအခါလမ္းမထက္၌ ဖုန္မ်ားသည္လည္း
တေထာင္းေထာင္းထေနခဲ့ေလသည္။
ထိုအခ်ိန္ ႐ြာျပင္၌ လာေရာက္ေဆာ့ကစားေနၾကေသာ
မဲတူတို႔ညီအစ္ကိုႏွင့္ ငပု၊ ေႏြမတို႔ ကေလးအုပ္စုသည္လည္း ေဆာ့ကစားရာမွရပ္ၿပီး…
“တို႔ျပန္ၾကစို႔…ႏြားေတြေတာင္ျပန္ကုန္ၿပီ”
“ေအး…ဒါဆိုျပန္မယ္ေလ…”
“လာေဟ့…႐ြာထဲဝင္ၾကစို႔”
ဆိုၿပီး အျပန္အလွန္စကားေျပာဆိုေနခဲ့ၾကသည္။
ဤသို႔ျဖင့္
ကေလးအုပ္စုသည္ ႏြားအုပ္ႏွင့္ခပ္လွမ္းလွမ္းမွ ႐ြာထဲသို႔
လိုက္ပါသြားၾကေတာ့သည္။
***************************
ညသည္အေမွာင္ဓာတ္ကိုျဖည့္တင္းေပး၏။
ထိန္ထိန္သာေသာ လမင္းသည္လည္း ယေန႔၌ တိမ္ဆိုင္မ်ားအၾကားပုန္းကြယ္၍ေနခဲ့သည္။
သန္းေခါင္ေက်ာ္ေတာ့မည္မို႔ မည္သူတစ္ဦးတစ္ေလမွ
႐ြာလမ္းမထက္၌ ရွိမေနၾကေတာ့ေပ။
ထိုသို႔ျဖင့္ တိတ္ဆိတ္ၿငိမ္သက္ကာ အိပ္ေမာက်ေနသည့္ ေသာင္ထြန္း႐ြာ၌ ထူးျခားမႈတစ္ခုသည္
စတင္၍လာခဲ့ေတာ့သည္။
လမ္းမထက္၌ သြားလာေနေသာ ​ေျခသံ…
“ရွက္…ရွက္….ရွက္…ရွက္…………”
ထိုေျခသံသည္ လမ္းမႏွင့္ အိမ္ႀကိဳအိမ္ၾကားလမ္းမ်ားပါ
မက်န္သြားလာလို႔ေနခဲ့သည္။
ထိုအသံရွင္အား ျမင္ၾကသည့္ ေခြးမ်ားသည္ ဆြဲဆြဲငင္ငင္အူသံေပးၾက၏။
အသံရွင္သြားရာေနာက္သို႔ ထိုေခြးအုပ္စုသည္
ေဟာင္လိုက္၊အူလိုက္ျဖင့္တ႐ုန္း႐ုန္းလိုက္ပါလာခဲ့ၾကသည္။
“အူ…ဝူးးး…ဝူးး….အူ………….”
ေခြးတို႔၏ဆူညံသံေၾကာင့္ ႐ြာထဲရွိ အိမ္မ်ား ႏိုးကုန္ၾကေတာ့သည္။
ထိုေခြးအုပ္စုအား ခဲျဖင့္ပစ္ေပါက္ၾက၏။
“ဂိန္…ဂိန္…ဂိန္……….”
“ဝူးးးး…ဝူးးးး…..ဝူးးး…….”
ေခြးအုပ္စုသည္ပစ္ေပါက္ခံရေသာခဲမ်ားအား
မမႈၾကဘဲ
ဆက္လက္ေဟာင္ေနၾကသည္။
မရသည့္အဆုံး၌သာ ထိုေခြးအုပ္စုအား ထားပစ္ခဲ့ၾကၿပီး
အိမ္ထဲသို႔ျပန္ဝင္သြားၾကေတာ့သည္။
**********************************
ေႏြေရာက္ေတာ့မည္မို႔ ညကင္းတစ္ခုအား
႐ြာရွိ လူသုံးဦးက်ကင္းေစာင့္ရ၏။
႐ြာေရွ႕၊႐ြာေနာက္၊႐ြာေျမာက္၊႐ြာေတာင္ ကင္းေလးခုခ်ထားေလသည္။
ယေန႔ ႐ြာေရွ႕ကင္း၌ ေမာင္အုန္း၊ေမာင္တိုးႏွင့္ငေပတို႔
ကင္းက်ေလသည္။
သူတို႔သည္
ကင္းတဲ၌ေနရင္း ေခြးအူသံမ်ားအား နားစြင့္ေနၾက၏။
ေခြးအူသံသည္ သူတို႔ကင္းတဲရွိရာဆီသို႔
တစတစနီးကပ္လာခဲ့သည္။
“ဟ…ေခြးေတြအူလွပါလားကြ”
“ဒီေကာင္ေတြအုပ္စုဖြဲ႕ၿပီး ေသာင္းက်န္းေနတယ္…။
လာပါေစဦး
​ေလးခြနဲ႔ကိုအေသထုပစ္ဦးမယ္”
ေမာင္အုန္း၏စကားအား
ငေပ က သူ၏ေလာက္​ေလးခြႀကီးအား
တကိုင္ကိုင္ျဖင့္ေျပာေလသည္။
“ေခြးဆိုတာ သရဲျမင္တဲ့အေကာင္ေတြဗ်…
ၾကည့္ရတာသရဲျမင္လို႔မ်ားအူၾကသလားေနာ္”
ေမာင္တိုးက ၾကားဝင္ေျပာလိုက္သည္။
ထိုအခါ၌ေလးခြကိုင္ထားေသာ ငေပသည္ …
“ဟာ…ငတိုးကလည္းကြာ…မင္းကလည္း
အဓိပၸါယ္မရွိလိုက္တာ ”
“ျဖစ္ႏိုင္တယ္ ငေပရ…တို႔ႏွစ္ေယာက္က ဘြားနဲ႔အၿမဲလိုက္ေနၾကေတာ့ ဒီကိစၥေတြဆိုတာ တို႔အတြက္႐ိုးအီလို႔ေနၿပီေမာင္”
“မင္းတို႔ကလည္းကြာ…ငါသရဲေၾကာက္လို႔မ်ား
ပိုပိုသာသာေျပာေနၾကတာမ်ားလား”
လူခ်င္းသာ မိုက္ရဲ…သတ္ရဲေသာ ငေပသည္ သရဲအား အလြန္ေၾကာက္ရွာသည္။
ယခုလည္း ေမာင္တိုးႏွင့္ေမာင္အုန္း၏စကားမ်ားေၾကာင့္
သူခမ်ာ မ်က္ႏွာထက္၌ ေခြၽးမ်ားပင္စို႔ခ်င္ခ်င္ျဖစ္ေနေလၿပီ။
ငေပ၏အသြင္ေၾကာင့္ ေမာင္တိုးႏွင့္ေမာင္အုန္းတို႔
ရီေမာၾကေတာ့ေလသည္။
ခဏၾကာေလေတာ့ ေခြးအူသံတို႔သည္ တိတ္ဆိတ္သြား၏။
ထိုအသံတို႔တိတ္ဆိတ္သြားေသာအခါ…
“ငါအေပါ့သြားဦးမယ္ကြာ မင္းတို႔ခဏေနခဲ့ၾကဦး”
ဟု..ငေပ က ေျပာရင္း ကင္းတဲႏွင့္ ခပ္လွမ္းလွမ္းရွိ မန္က်ည္းပင္ႀကီးဆီသို႔ထြက္သြားေတာ့သည္။
ငေပထြက္သြားသည္ကို ေမာင္အုန္းတို႔ လွမ္းၾကည့္ၿပီးေနာက္ အခ်င္းခ်င္းစကားေျပာေနခဲ့ၾကေလသည္။
“အားးးး…..အမေလးးးး…..သ…သရဲ…သရဲ…သရဲ……”
႐ုတ္တရက္ဆိုသလို
ငေပ၏ေၾကာက္လန္႔တၾကားေအာ္ဟစ္သံႀကီးထြက္ေပၚလာခဲ့သည္။
“ဟာ…ကိုငေပဘာျဖစ္တာလဲ”
“ငေပ…”
ေမာင္တိုးတို႔ႏွစ္ေယာက္ ငေပရွိေသာ မန္က်ည္းပင္နားသို႔အေျပးသြားၾကေလသည္။
သူတို႔ေရာက္ခ်ိန္၌ ငေပသည္ မန္က်ည္းပင္ေျခရင္း၌
သတိလစ္ေနခဲ့ၿပီျဖစ္သည္။
“သံေခ်ာင္းေခါက္…သံေခ်ာင္းေခါက္ကြာ”
“ဟုတ္ကဲ့…ဟုတ္ကဲ့…ကိုႀကီးအုန္း”
ငေပေၾကာင့္ ေမာင္တိုးတို႔ျပာယာခက္ကုန္ၾကသည္။
“ေဒါင္…ေဒါင္…ေဒါင္…ေဒါင္…ေဒါင္…”
သံေခ်ာင္းေခါက္သံမ်ားဆူညံစြာထြက္ေပၚလာေတာ့သည္။
႐ြာေရွ႕ကင္းတဲဆီမွသံေခ်ာင္းေခါက္သံေၾကာင့္
က်န္ကင္းတဲမ်ားကလည္း သံေခ်ာင္းၿပိဳင္တူ
ေခါက္ကုန္ၾကေတာ့သည္။
႐ြာသူႀကီးႏွင့္႐ြာသားမ်ားသည္လည္း သံေခ်ာင္းစေခါက္ရာ
ေမာင္အုန္းတို႔၏႐ြာေရွ႕ပိုင္းကင္းတဲဆီသို႔ အေျပးတပိုင္းျဖင့္လာၾကကုန္၏။
“ဘာျဖစ္တာလဲကြ…ဒီေန႔ကင္းတဲေစာင့္က်တာ
ဘယ္သူေတြတုန္း”
“ဘာျဖစ္တာလဲ”
သူႀကီးတို႔၏ေမးျမန္းသံေတြေၾကာင့္ ေမာင္တိုးက…
“ဒီေန႔ကင္းတဲက်တာ က်ဳပ္ရယ္ ကိုႀကီးအုန္းရယ္…ငေပရယ္ဗ်…အခုဟိုမွာ မန္က်ည္းပင္နားမွာ
ငေပသတိလစ္ေနလို႔ သံေခ်ာင္းေခါက္လိုက္တာ”
“ဟာ…လာၾက သြားၾကည့္ၾကမယ္ကြာ”
“ဒီေကာင္အရက္ေတြမ်ားမူးၿပီးလဲသလားမသိတာ”
“အရက္မူးၿပီးလဲလို႔သံေခ်ာင္းေခါက္ပါ့မလားဗ်”
႐ြာသားတို႔၏တစ္ေယာက္တစ္ေပါက္အသံမ်ားသည္ ဆူညံလို႔ေနခဲ့သည္။
႐ြာသူႀကီးဦးေနာင္ခ်ိဳတို႔ မန္က်ည္းပင္​အနီးသို႔ေရာက္ေသာအခါ
ေမာင္အုန္း၏လက္အတြင္း၌ သတိေမ့ေျမာေနေသာ ငေပအား ေတြ႕လိုက္ၾကေလသည္။
“ဘယ္လိုျဖစ္တာတုန္းကြ”
“ဘယ္လိုျဖစ္တယ္ေနာက္မွေမး သူႀကီးရာ… ။
က်ဳပ္တို႔ဒီေကာင့္ကို ကင္းတဲဆီေခၚသြားေပးၾကရေအာင္”
“ေအး…ဒါဆိုလည္း ဝိုင္းမ ၾကကြာ”
ငေပ အား ကင္းတဲဆီသို႔ မခ်ီသြားၾကေတာ့သည္။
ငေပ ျဖစ္စဥ္ကို ေမာင္အုန္းက
သူသိသမွ်ေျပာျပလိုက္ေသာအခါ
႐ြာသူႀကီးက ေမာင္တိုးအား
ဘြားမယ္စိန္ကို သြားေရာက္ေခၚယူေစသည္။
*******************
“အေမ…သံေခ်ာင္းေခါက္သံေတြအေတာ္ဆူတယ္ေနာ္…
႐ြာကို လူစိမ္းမ်ားကပ္သလားမသိဘူး”
“အေျခအေနခဏေစာင့္ၾကည့္ၾကတာေပါ့ေအ…”
ဘြားမယ္စိန္တို႔သည္ သံေခ်ာင္းေခါက္သံမ်ားေၾကာင့္
ကြပ္ပ်စ္ခင္း၌ ထိုင္ကာ အ​ေျခအေနအားနားစြင့္ေနခဲ့ၾကသည္။
ကြပ္ပ်စ္ထက္၌ ဆီမီးခြက္ထြန္းထားၿပီး
ဘြားမယ္စိန္သည္က
ေျပာင္းဖူးဖက္ေဆးလိပ္ႀကီးအား ဖြာရႈိက္လို႔ေနခဲ့သည္။
“ဘြား…ဗ်ိဳ႕…က်ဳပ္ပါေမာင္တိုး…”
ေမာင္တိုး ၿခံဝိုင္းအျပင္မွေအာ္ေခၚေနသည္။
“လာၿပီေမာင္တိုးေရ…လာၿပီ”
ေဒၚဝင္း ၿခံဝိုင္းတံခါးအား သြားဖြင့္ေပးေလသည္။
ၿခံဝိုင္းထဲဝင္လာခဲ့ေသာေမာင္တိုးသည္ ကြပ္ပ်စ္ခင္း၌ ထိုင္ေနေသာ ဘြားမယ္စိန္အား ျမင္ေသာအခါ…
“ဘြား…က်ဳပ္နဲ႔လိုက္ခဲ့ဦးဗ်…။ကိုငေပ သတိလစ္ေနလို႔”
“ေၾသာ္…ဒါဆိုအေစာက ကင္းတဲေတြသံေခ်ာင္းေခါက္တာ
ငေပေၾကာင့္လား”
ေဒၚဝင္းက ေမးေသာအခါ ေမာင္တိုးက ေခါင္းညိတ္ျပၿပီး…
“ဟုတ္တယ္ဗ်…သူနဲ႔က်ဳပ္တို႔အတူတူ ကင္းတဲေစာင့္က်တာ ။
သူအေပါ့သြားစြန္႔ရင္း သရဲ….သရဲ
ေအာ္ၿပီးသတိလစ္သြားတာပဲအရီးဝင္းရာ…။
အဲ့တာနဲ႔ က်ဳပ္တို႔လည္းဘာဆက္လုပ္ရမယ္မသိလို႔
သံေခ်ာင္းေခါက္လိုက္ရတာပဲ”
“နင္တို႔ကဟယ္…ငေပဆိုတာ အရက္သမား ဖဲသမား
မူး႐ူးၿပီးျဖစ္တာေနမွာေပါ့”
“အာ…အရီးဝင္းရဲ႕…ငေပက ေသာက္မထားပါဘူးဗ်”
“ေနၾကစမ္းပါဦးကြယ္…ညဦးပိုင္းက
ေခြးေတြလည္းအေတာ္အူတယ္…။
အင္း…
႐ြာထဲမွာေတာ့ တစ္ခုခုျဖစ္ေနၿပီထင္တယ္”
“ဗ်ာ…”
“ဟင္…”
ဘြားမယ္စိန္၏ခပ္ေလးေလး စကားေၾကာင့္
ေမာင္တိုးႏွင့္ေဒၚဝင္းတို႔အံ့ၾသကုန္ၾကသည္။
“႐ြာထဲဘာျဖစ္တယ္လို႔ဘြားကထင္တာလဲ”
“႐ြာထဲတစ္ေယာက္ေယာက္ဝင္လာတာလို႔ပဲဘြားထင္တယ္…။
ကဲပါေလ…လာ…လာ…ငေပဆီကိုသာ
ဘြားတို႔အရင္သြားၾကတာေပါ့”
ဘြားမယ္စိန္သည္ သူ၏ေတာင္ေဝွးအားယူေဆာင္၏။
ၿပီးေနာက္ ေဒၚဝင္းအား ၿခံတံခါးေသခ်ာပိတ္ၿပီးအိမ္၌
ေနခဲ့ေစသည္။
ဘြားမယ္စိန္တို႔႐ြာေရွ႕ကင္းတဲဆီသို႔ေရာက္ခ်ိန္၌
႐ြာသားမ်ားက မီးတုတ္မ်ားကိုင္ေဆာင္ကာ ေစာင့္ဆိုင္းေနၾကသည္ကိုေတြ႕ၾကရေလသည္။
“လူအုပ္ကအမ်ားသားပါလား”
“မ်ားတယ္လည္းမဟုတ္ပါဘူးဘြားရယ္…။က်ဳပ္တို႔႐ြာမ်ား
တစ္ခုခုျဖစ္ေနၿပီလားလို႔ အဲ့သည္ေဇာနဲ႔ေရာက္လာၾကတာပါ”
ဦးဘစီက ဘြားမယ္စိန္စကားအားေျဖၾကာေလသည္။
ၿပီးေနာက္လူအုပ္ကိုေဘးသို႔ဖယ္ေစၿပီး ဘြားမယ္စိန္အား ငေပရွိရာသို႔ ေခၚသြားေလ၏။
ငေပသည္က ကင္းတဲ၏ၾကမ္းခင္း အထက္၌
ေမ့ေျမာေနရွာသည္။
ငေပ အား ဘြားမယ္စိန္ၾကည့္ရႈ႕ေလသည္။
ငေပ၏ နံေဘး၌ ဝင္ထိုင္လိုက္ၿပီး ငေပ၏ေခါင္းအား
ဘြားမယ္စိန္သူ၏လက္မ်ားျဖင့္ ပြတ္သပ္ေပးလိုက္သည္။
ဘြားမယ္စိန္၏အျပဳအမူမ်ားအား ႐ြာသားမ်ားအားလုံးက
စိတ္ဝင္တစားျဖင့္ၾကည့္ၾက၏။
ထိုသူတို႔ၾကည့္ေနစဥ္မွာပင္ ဘြားမယ္စိန္သည္သူ၏ မ်က္လုံးမ်ားအား မွိတ္ခ်လိုက္သည္။
သို႔ေသာ္ သူ၏လက္သည္ ငေပ၏ေခါင္းအထက္၌ရွိေနဆဲ ျဖစ္၏။
တခဏၾကာေလေတာ့ ဘြားမယ္စိန္၏မ်က္လုံးမ်ားက
ျပန္ဖြင့္လာခဲ့ေလသည္။
ဘြားမယ္စိန္မ်က္လုံးမ်ားဖြင့္လာလာျခင္းမွာပင္
ဘြားမယ္စိန္သည္ ႐ြာသားမ်ားရွိရာသို႔
ေဝ့ဝိုက္ကာၾကည့္ျပန္၏။
ဘြားမယ္စိန္၏အၾကည့္မ်ားေၾကာင့္႐ြာသားမ်ား ရႈိးတိုးရွန႔္တန႔္
ျဖစ္ကုန္ၾကေလသည္။
“ဟဲ့…နင္ဘယ္သူလဲ…လာခဲ့ ဝင္ခဲ့…”
ဟု…ဘြားမယ္စိန္သည္ ေလသံမာမာျဖင့္ေျပာလိုက္ေလသည္။
ဘြားမယ္စိန္၏စကားအဆုံး၌ ေမ့ေျမာေနေသာ ငေပသည္
လွဲေလ်ာင္းေနရာမွ ထလာေလေတာ့သည္။
ငေပအားျမင္ၾကေသာ႐ြာသားမ်ားသည္လည္း
ထိတ္လန္႔ကုန္ၾက၏။
“ဟ…ဘာႀကီးလဲ”
“ငေပ ပါဟ…မင္းကလည္း”
“ငေပ မွန္းေတာ့သိတာေပါ့…။
ဟိုမွာၾကည့္
မ်က္လုံးႀကီးကစိုက္ၾကည့္ေနတာ…”
“သရဲပူးတယ္ထင္တယ္”
“တိတ္တိတ္ေနၾကစမ္း…။ဘြား စီမံလိမ့္မယ္…
မင္းတို႔အေပါက္ေတြသာပိတ္ထားၾက”
ဆူညံဆူညံျဖစ္ေနေသာ ႐ြာသားအုပ္စုအား သူႀကီးဦးေနာင္ခ်ိဳက ဝင္ေဟာက္လိုက္ေတာ့သည္။
ထိုအခါမွ အသံတိတ္သြားေတာ့၏။
ဘြားမယ္စိန္သည္ သူ၏အနီး၌ ငုပ္တုပ္ထ ထိုင္ေနေသာ ငေပအား ၾကည့္ေနသည္။
ငေပကလည္း ငုပ္တုပ္ႀကီးထိုင္၍ ဘြားမယ္စိန္အားၾကည့္ေန၏။
ထိုသို႔ၾကည့္ေနရင္း ငေပသည္…
“အီး…ဟီးးး….ဟီးး….ဟီးး…….ဟီး……”
ဟူေသာအသံႀကီးျဖင့္ ဝမ္းနည္းတႀကီးရႈိက္ငိုေတာ့သည္။
“နင္ဘယ္သူလဲ…တို႔႐ြာထဲဘာလာလုပ္တာလဲ”
ဘြားမယ္စိန္က ငိုေႂကြးေနေသာငေပအား
ၾကည့္ကာေမးေလ​ေတာ့…
“က်ဳပ္…က်ဳပ္သား…က်ဳပ္သားေလး လာရွာတာပါ”
“သား…ဟုတ္သလား…နင့္သားကဘယ္သြားလို႔တုန္း”
“က်ဳပ္အစာရွာသြားၿပီးအျပန္ က်ဳပ္သားကိုမေတြ႕ေတာ့ဘူး…။
အဲ့တာေၾကာင့္႐ြာထဲကိုဝင္လိုက္ရွာရတာပါ”
“ဟဲ့. .နင့္သား႐ြာထဲဝင္တယ္လို႔ နင္ဘယ္လိုသိတာတုန္း”
“႐ြာထဲက ကေလးေတြ
က်ဳပ္တို႔သားအမိေနတဲ့ေနရာမွာ
လာေဆာ့ကစားၾကတယ္ေလ…။ဒါေၾကာင့္က်ဳပ္သား
သူတို႔နဲ႔ပါသြားတယ္ထင္လို႔ပါ”
ဘြားမယ္စိန္ႏွင့္ငေပ၏ကိုယ္အတြင္း၌ ပူးကပ္ေနေသာ သရဲမတို႔ေျပာဆိုေနၾကျခင္းပင္။
သရဲမ ပူးကပ္စဥ္ ငေပ၏အသံသည္ေပ်ာက္ကြယ္ကာ မိန္းမအသံေပါက္ေနသည္မို႔ ႐ြာသားမ်ားအံ့ၾသေနၾကသည္။
သို႔ေၾကာင့္ ဘြားမယ္စိန္တို႔၏စကားဝိုင္းအား ထိုသူတို႔
စိတ္ဝင္စားေနၾက၏။
“ဟဲ့…နင္တို႔အိမ္ကသားသမီးေတြ
႐ြာျပင္ကိုထြက္ေဆာ့ၾကေသးလား…။
ထြက္ေဆာ့တဲ့ကေလးေတြရွိရင္ဒီကို
ေခၚလာေပးၾက”
ဟု…ဘြားမယ္စိန္သည္႐ြာသားမ်ားကိုေျပာလိုက္ေလသည္။
ထိုအခါ သားသမီးရွိေသာ႐ြာသားမ်ား
မိမိအိမ္သို႔အေျပးျပန္ၾကေတာ့သည္။
ထိုသို႔ျဖင့္ကေလးမ်ား
ေခၚအလာအားေစာင့္ဆိုင္းၾကရျပန္သည္။
ထိုသို႔ျဖင့္တခဏအၾကာ၌ ကေလးတစ္သိုက္ေရာက္လာခဲဲ့ၾကသည္။
အိမ္ခ်င္မူးတူးေလးမ်ားျဖင့္
ဖခင္တို႔ေခၚရာသို႔လိုက္ပါလာၾက၏။
႐ြာျပင္သို႔ေဆာ့ကစားေသာကေလးမ်ားသည္
စုစုေပါင္းေလးဦးရွိေလသည္။
မဲတူတို႔ညီအစ္ကိုႏွင့္ ငပု၊ေႏြမတို႔ျဖစ္ေလသည္။
ထိုကေလးမ်ားအားဘြားမယ္စိန္ၾကည့္လိုက္သည္။
အိမ္ခ်င္ေနၾကေသာကေလးေလးေယာက္ႏွင့္
နည္းနည္းမွ်အိပ္ခ်င္ပုံမရေသာ
ကေလးတစ္ဦးကိုဘြားမယ္စိန္ျမင္ရေလသည္။
ထိုအခါ လက္ညႇိဳးထိုး၍…
“ဟိုဟာနင့္ကေလးမလား…”
ဟု ေမးလိုက္သည္။
ဘြားမယ္စိန္ၫႊန္ရာသို႔သရဲမသည္လည္းၾကည့္လိုက္ၿပီးေနာက္
ဝမ္းသာအားရေခါင္းၿငိမ့္ေလသည္။
“သြား…ေခၚသြား…ေနာက္ကိုဒီ႐ြာထဲကိုဝင္ၿပီး
အခုလိုေတြလုပ္ရင္
မယ္စိန္အဆိုးလို႔မဆိုေလနဲ႔…ၾကားလား”
သရဲမသည္ ဘြားမယ္စိန္စကားအားေခါင္းၿငိမ့္ကာ နားေထာင္၏။
ၿပီးေနာက္ ငေပ၏ ကိုယ္မွခြာထြက္သြားၿပီး သူ၏ကေလးအား
လက္ဆြဲကာ ထြက္သြားေတာ့ေလသည္။
ထိုျမင္ကြင္းအား ဘြားမယ္စိန္သာ ျမင္ေတြ႕ရေပသည္။
“ငါ့ေျမးတို႔ေနာက္ကို ႐ြာျပင္မွာသြား​ေဆာ့​ၾကမယ္ဆိုရင္ သူငယ္ခ်င္းအခ်င္းခ်င္း နာမည္ေခၚၿပီးမွျပန္ခဲ့ၾက…။
လာေဟ့ ျပန္ၾကစ္ို႔။ တို႔…႐ြာထဲဝင္ၾကရေအာင္ လာတ္ို႔ ။
မေျပာမိေစနဲ႔…ၾကားၾကရဲ႕လား”
“ၾကားလား ဘြားေျပာတာကို”
“မွတ္ထားၾကေနာ္ မင္းတို႔”
ဘြားမယ္စိန္၏စကားအားကေလးမ်ားက ေခါင္းေလးေတြၿငိမ့္ျပၾက၏။
သူတို႔ေလးေတြသည္လည္း
ေၾကာက္လန္႔ေနၾကသည္မဟုတ္ပါလား။
“ကဲ…သရဲမက သူ႔ကေလးေပ်ာက္လို႔လာရွာတာ…ေဟာသည္
ငေပကသူ႔ကိုေတြ႕သြားၿပီးသတိေမ့တာ…။
ကဲ…ကဲ…ေရာ့ ဒါပရိတ္ေရ…ငေပကိုတိုက္လိုက္ၾက”
ဘြားမယ္စိန္ေပးေသာ ပရိတ္ေရအား ငေပအားတိုက္လိုက္ၾကသည္။
ငေပသတိလည္လာေသာအခါ
အားလုံးအားျပဴးေၾကာင္ေၾကာင္အသြင္ျဖင့္ၾကည့္၏။
ၿပီးေလေတာ့…
“ဟင္…ဟို…ဟို…သရဲမႀကီးေရာ…သရဲမႀကီးေရာ”
“မရွိ​ေတာ့ဘူး…ဒီမွာဘြားေရာက္ေနၿပီေလ ငေပရဲ႕”
“ဟာ.. ဘြား…က်ဳပ္…က်ဳပ္ျဖင့္ေၾကာက္လိုက္တာဗ်ာ…
သရဲမက က်ဳပ္အေပါ့သြားေနတာကို ေနာက္ကေန လက္နဲ႔ပုတ္တယ္ဗ်…က်ဳပ္လည္း ေမာင္တိုးတို႔မွတ္ၿပီးေခါင္းလွည့္ၾကည့္လိုက္တာ…အမေလး… မ်က္လုံးျပဴးျပဴး ပါးစပ္ႀကီးကၿပဲၿပဲနဲ႔႐ြံစရာႀကီးပါဗ်ာ”
“အမယ္…ငေပတို႔က သရဲမကိုေခ်ာတယ္မ်ားမွတ္ေနလားမသိ”
“ဟုတ္ပါ့ ငေပ ဟတ္ထိသြားတာထင္တယ္…။တစ္ခါထဲသတိလစ္သြားတာဆို​ေတာ့”
“ဟားး…ဟားး…ဟားး…ဟားး…….”
ငေပ၏အျဖစ္အား အားလုံးက ဝိုင္းစေနာက္က်ေလသည္။
သရဲမကိစၥၿပီးခ်ိန္၌ လင္းၾကက္ပင္တြန္ေနေလၿပီ။
ဘြားမယ္စိန္သည္လည္း အားလုံးကို ႏႈတ္ဆက္၍
သူ၏အိမ္သို႔
ျပန္သြားေတာ့၏။
ၿပီးပါၿပီ။
ယဥ္မင္း(ကန္႔ဘလူ)