” သိုက်ကလာသော မိန်းမပျို ”(စ/ဆုံး)

Unicode Version

” သိုက်ကလာသော မိန်းမပျို ”(စ/ဆုံး)
———————————————-
” နှင်းပွင့်ဖြူ ” တဲ့။
ဦးဖိုးထိန်နဲ့ ဒေါ်လှလှတို့ရဲ့ သုံးယောက်မြောက်သမီးရတနာလေး။ ဒီသမီးလေးကိုယ်ဝန်စဆောင်ကထဲက ဒေါ်လှလှတစ်ယောက် ထူးထူးဆန်းဆန်းအိပ်မက်တွေကို မကြာခဏမက်လေ့ရှိခဲ့သည်။ အိပ်မက်ထဲမှာ နန်းဝတ်နန်းစားနဲ့ မိန်းမပျိုလေးတွေ , ချောင်းငယ်လေးတစ်ခု , ဧရာမမြွေကြီးများ အစရှိသည်များကို မကြာခဏမြင်မက်တတ်သည်။

ဒီသမီးလေးမွေးလာတော့လည်း တခြားမွေးချင်းများနှင့်မတူဘဲ အသားအရည်က နှင်းပွင့်နှင်းဖတ်ကလေးများလို ဖြူဖွေးနုဖတ်နေကာ လက်ကလေးတွေ ခြေထောက်ကလေးတွေကလည်း ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ သိပ်လှသည့်သမီးလေးမို့ သမီးလေးနာမည်ကို ချစ်စနိုးနဲ့ ” နှင်းပွင့်ဖြူ” လို့ ပေးခဲ့ကြလေသည်။

နှင်းပွင့်ဖြူလေးမှာ ငယ်ကထဲကပင် တခြားကလေးများကို အရမ်းဆော့ကစားတာမျိုးမရှိဘဲ တစ်ယောက်ထဲသာ ခပ်အေးအေး နေတတ်လေ့ရှိသည်။ တခါတရံတွင် ခပ်ဝေးဝေးတစ်နေရာသို့ ဆွေးဆွေးမြေ့မြေ့ငေးနေတတ်ပြီး တခါတရံတွင်မှာတော့ တစ်ယောက်ထဲ သဘောတကျ ပြုံးနေတတ်သည်။

ဒေါ်လှလှတို့ မိသားစုအတွက်တော့ ငယ်စဉ်ကထဲကပင် နှင်းပွင့်ဖြူလေးနှင့်ပက်သက်ပြီး စိတ်ညစ်စရာ စိတ်ရှုပ်စရာကိစ္စမျိုး တစ်ခုမှမရှိခဲ့။ သို့ပေမယ့် နှင်းပွင့်ဖြူလေး အသက် 16နှစ်အရွယ် ရောက်ချိန်မှာတော့ ……

” အမေ! အခုတလော ညီမလေးကိုကြည့်ရတာ တမျိုးပဲ တမှိုင်မှိုင် တထွေထွေနဲ့ …ဘာကိုမှလည်း ဟုတ်တိပတ်တိစားတာမျိုး မတွေ့ဘူး နည်းနည်းပါးပါးလည်းမေးကြည့်ပါဦး အမေ ”

”ဟုတ်တယ် အမေ ! ညီမလေးကြည့်ရတာ တစ်နေ့တခြား ဖြူဖတ်ဖြူလျော်နဲ့ ပိန်ပိန်လာတယ် အမေရဲ့ ”

” အင်းးးး အမေလည်း အဲ့ဒါစိုးရိမ်နေတာ သမီးတို့ရေ …သမီးတို့ ညီမလေးက အေးအေးနေတတ်တယ်ဆိုပေမယ့် ဒီလိုမှိုင်တွေ နေတာမျိုးတော့ အမေလည်း တစ်ခါမှ မတွေ့ဖူးဘူး … ခုဆို ဘာကျွေးကျွေးလည်း မစားဘူး တခါတရံမှသာ ဘီစကစ်လေး ပေါင်မုန့်လေး နည်းနည်းပဲစားတာ……သူ့ ရင်ထဲမှာ နေလို့မကောင်းဘူးတဲ့ ”

နှင်းပွင့်ဖြူတစ်ယောက် ဘာအစားအစာမှ ဟုတ်တိပတ်တိမစားဘဲ လူကလည်းတမှိုင်မှိုင် တထွေထွေဖြင့် တစ်နေ့တခြားပိန်လာသဖြင့် မိဘများ အမများက စိတ်ပူကာ ဆေးခန်းတွေသွားပြပြန်တော့လည်း ဘာမှထူးခြားမလာခဲ့ချေ။

” အမေရေ ! ညီမလေးကြည့်ရတာ ရိုးမှရိုးရဲ့လားမသိဘူး ဒီလိုလုပ်ပါလားအမေ… ချမ်းသာကြီးကျောင်းတိုက်ထဲက ဆရာတော်က ပယောဂတွေကုတဲ့နေရာမှာ အတော်စွမ်းတယ်ဆိုပဲ… သမီးတို့ ညီမလေးကို အဲ့ဆရာတော်နဲ့ပြကြည့်ကြရအောင် နော် အမေ”

” အေးး အမေလည်း ပြောမလို့ပဲ သမီးရေ ဆရာတော်က အမှောင့်ပယောဂတွေ ဖယ်ရှားတဲ့နေရာမှာအတော်စွမ်းတယ်တဲ့ ကဲ အဲ့ဒါဆို ဒီလိုလုပ်ရအောင် …သဘက်ခါကျ အမေတို့အိမ်မှာ အန္တရာယ်ကင်း ပရိတ်လေးဘာလေးရွတ်ကြမယ် သမီးရယ် အဲ့အတွက်ဆရာတော့်ကို သွားပင့်ရင်း သမီးညီမလေးအကြောင်းပါ တခါထဲလျောက်ခဲ့ကြမယ်လေ ဟုတ်ပြီလား ”

” ဟုတ်ကဲ့ !အမေ အဲ့အစီအစဉ်ကောင်းတယ် ”

×××× ×××× ××× × ××××
ဖယောင်းတိုင်များ အမွှေးတိုင်များထွန်းညှိုပူဇော်ထားသော ဘုရားခန်းတစ်ခုထဲတွင် ပရောဂကုရာ၌ အစွမ်းထက်သည်ဆိုသော ဆရာတော်နှင့် ကပ္ပိယကြီးအပါအဝင် နှင်းပွင့်ဖြူ၏ မိသားစုဝင်တစ်ချို့။ အသီးသီး၏ နဖူးနှင့် မျက်နှာပြင်တဝိုက်တွင် ချွေးစက်များက တွဲလွဲခိုနေကြလျက်။ ထိုသူများ၏ ရှေ့တွင်တော့ နှင်းပွင့်ဖြူမှာ ပက်လက်အနေအထားဖြင့် သတိလစ်မေ့မြောလျက်ရှိနေလေသည်။

” ဆရာတော် ဘုရား ! ကယ်ပါဦး ဘုရား …သမီးလေး သတိလစ်နေတာ နေ့တစ်ပိုင်းတောင် ရှိနေပါပြီဘုရား …တပည့်တော်မ သမီးလေးကို ကယ်ပါဦး ဘုရား အီးးဟီးးဟီးး ”

” ဟဲ့ ကပ္ပိယကြီး ခုချက်ချင်း ကျုပ်မိတ်ဆွေ အထက်လမ်းဆရာ နှစ်ယောက်ဆီ သွားစမ်း။ ဆရာတော်က အရေးကြီးလို့ အခုချက်ချင်းအမြန်လိုက်ခဲ့ပါလို့ပြော ဟုတ်ပြီလား ကဲ သွား သွား ”

” တင်ပါ့ ဘုရား ”

”ကဲ ဒီမှာ ရှိနေကြတဲ့ မိသားစုဝင်တွေက ကျုပ်ကို ပန်းသီးအလုံးကြီးကြီးလတ်လတ်ဆတ်ဆတ် တစ်လုံးအမြန်ရှာခဲ့ပေး ဟုတ်ပြီလား ”

နောက်တစ်နာရီခန့်အကြာ ……

” ဆရာတော် ဘုရား တပည့်တော်တို့ရောက်ပါပြီဘုရား ”

” အေး အေး လာကြ လာကြ ! အဖြစ်ကတော့ ဒကာတို့မြင်တဲ့အတိုင်းပဲ ကလေးမလေးရဲ့ ဝိညာဉ် လိပ်ပြာကြိုးက လွင့်နေတယ်။ ကျုပ်တစ်ယောက်ထဲအားနဲ့ ဘယ်လိုမှ ပြန်ဆွဲခေါ်ဖို့ မရဘူး …ဒီကလေးမလေးရဲ့အသက်ကိုကယ်ဖို့က ဒကာတို့ အကူအညီပါမှ ဖြစ်လိမ့်မယ် ကဲ ကဲ အချိန်မရှိဘူး ဝိညာဉ်ကြိုးလွင့်သွားတာ အချိန်သိပ်ကြာနေရင် မကောင်းချေဘူး ကျုပ်တို့လုပ်စရာရှိတာ မြန်မြန်စလုပ်လိုက်ကြရအောင် …”

ထို့နောက် ဆရာတော်ဘုရားက ဘုရားစင်ရှေ့တွင်ထိုင်လျက် အနန္တော အနန္တငါးပါးအားရည်စူး၍ ဦးချကန်တော့လိုက်လေသည်။ ဆရာနှစ်ယောက်ကလည်း အနန္တော အနန္တငါးပါးနှင့်တကွ အထက်ပုဂ္ဂိုလ်ကြီးများကို ရည်စူးကာ ရှိခိုးကန်တော့လိုက်ကြသည်။ ထို့နောက် ဆရာတစ်ယောက်က ဂါထာတစ်ပုဒ်ကို နှုတ်မှဖွဖွရွတ်ဆိုရင်း လက်ထဲရှိဆေးကြိမ်လုံးနှင့် နှင်းပွင့်ဖြူ၏ ဘေးပတ်ပတ်လည်တွင် မျဉ်းတားကာ စည်းဝိုင်းဝိုင်းလိုက်လေသည်။ နောက်တစ်ယောက်ကလည်း ပန်းသီးကို လက်ဖဝါးပေါ်တွင်တင်ကာ နှုတ်မှ ဂါထာတစ်ခုကို တီးတိုးရွတ်ဆိုလိုက်ပြီးနောက် ထိုပန်းသီးကို နှင်းပွင့်ဖြူ၏ ရင်ဘတ်ပေါ်တွင် အသာအယာ တင်ထားလိုက်လေသည်။

တီးတိုး ရွတ်ဖတ်နေသော ဂါထာအသံများမှလွဲ၍ ငြိမ်သက်နေသောအခန်းထဲတွင်ထိုင်နေသော လူအသီးအသီး၏ နဖူးပြင်တွင် ချွေးစများက ယီးလေးယိုလျက်။ နှင်းပွင့်ဖြူကတော့ စည်းဝိုင်းအတွင်းမှာ ယခုချိန်ထိ မလှုပ်မယှက်အနေအထားဖြင့် ငြိမ်သက်လျက်ပင်။ တခဏအကြာမှာတော့ သူ၏ ရင်ဘတ်ပေါ်တွင်တင်ထားသော ပန်းသီးလေးမှာ လှုပ်ခါလာလေတော့သည်။ ပန်းသီးလေးလှုပ်ခါလာသည်ကို တွေ့မြင်လိုက်ရသည်နှင့် တပြိုင်နက်ထဲ ဆရာတစ်ယောက်က နှင်းပွင့်ဖြူ၏ နဖူးကို လက်ဖြင့်အုပ်ကိုင်ရင်း ……

” ဒီမိန်းကလေးရဲ့ ဝိညာဉ်ရောက်ရာအရပ်မှ အမြန်ပြန်လာစေ မည်သူမျှ တားမြစ်ပိတ်ပင်ခြင်းငြာ မစွမ်းစေရ တခြားမဆိုင်သည့်ဝိညာဉ်များ ဝေးဝေးသွားကြစေ ရတနာမြတ်သုံးပါးနှင့်တကွ အထက်ပုဂ္ဂိုလ်ကြီးများ၏အမိန့် ငါဆရာ၏အမိန့် အခု အမြန်ပြန်လာစေ ”

စက္ကန့်အနည်းငယ်ခန့်အကြာမှာတော့ ……

” အင်းးး ဟင်းးး ”

ငြီးငြူသံအချို့နှင့်အတူ နှင်းပွင့်ဖြူ၏မျက်ဝန်းများဖျတ်ခနဲ ပွင့်လာလေသည်။

” သမီးး အမလေးး အမေ့သမီးလေး ”
”ညီမလေးး ညီမလေးး သတိရလာပြီ ”

” ကဲ…… ဒကာမကြီး ကလေးမလေးကို တွဲထူပြီးရေတစ်ခွက်လောက်တိုက်လိုက်ပါ ”

ထို့နောက် ဆရာတော်မှ…

” ကဲ ဒကာမလေး ! ဒကာမလေးရဲ့ ဝိညာဉ်ကြိုးလွင့်နေတာအတော်ကြာသွားတယ် မိသားစုတွေအားလုံးအတော်လေးစိတ်ပူနေခဲ့ကြတာကွဲ့ အဲ့ဒီအတောအတွင်းမှာ သမီးဘယ်တွေသွားပြီး ဘာတွေလုပ်နေခဲ့လဲဆိုတာ အားလုံးသိအောင်ပြောပြပေးပါဦး ”

” သမီး အစ်မတွေခေါ်လို့ သူတို့ဆီအလည်သွားနေတာပါ ဘုရား ”

” ဘယ်နေရာတုန်းကွဲ့ အစ်မတော်တို့ဆိုတာကရော ဘယ်နှယောက်တုန်း”

” ရွှေစာရံပါဘုရား အစ်မတော်ကတော့ နှစ်ယောက်ပါ ဒုဋ္ဌဝတီမြစ်ရဲ့တစ်ဖက်ကို လှေကလေးနဲ့ကူးပြီး အစ်မတော်တို့ကခေါ်သွားပါတယ် နေရာအတိအကျကိုတော့ သေချာမပြောတတ်ပါဘူးဘုရား …ဟိုဘက်ကမ်းရောက်တော့ သစ်ပင်ကြီးတစ်ပင်မှာ ပန်းတွေနဲ့အလှဆင်ထားတဲ့ ဒါန်းလေးတစ်ခုကို တွေ့ရပါတယ် ”

” အင်းးဆက်ပြောပါဦးကွဲ့ ”

” ပန်းဒါန်းလေးကအရမ်းလှလွန်းလို့ ငေးကြည့်မိနေတုန်းမှာပဲ အမတော်တို့က သမီးကို ဒါန်းပေါ်ထိုင်ခိုင်းပြီး တစ်ဖက်တစ်ချက်ကနေ ထိန်းပြီးလွှဲပေးကြပါတယ်။ အရမ်းကို ပျော်စရာကောင်းတာပါပဲ ဘုန်းဘုန်းရယ် …အမတော်တို့လွှဲပေးတဲ့ ဒါန်းလေးကို စီးကောင်းကောင်းနဲ့ စီးနေတုန်းမှာပဲ သတိတစ်ချက်လွတ်သွားသလိုဖြစ်ပြီး အသိပြန်ဝင်လာတော့ ဒီနေရာကိုပြန်ရောက်နေတာပါပဲရှင်……”

” အမလေးး ဘုရား ဘုရား မသေကောင်းမပျောက်ကောင်း သမီးလေးရယ် … အရှင်ဘုရား တပည့်တော်မရဲ့သမီးလေးကိုကယ်ပါဦးဘုရား… သမီးလေးသာ တစ်ခုခုဖြစ်ရင် တပည့်တော်မတို့ရင်ကျိ ုးရပါချည့်ရဲ့ဘုရား …”

” အိမ်းး ! ကောင်းပြီလေ ကျုပ်ကယ်လို့ရသလောက် ကူညီကယ်ဆယ်ပေးပါ့မယ် ကဲ! ဒကာကြီးတို့ အထက်ဆရာသခင်ကြီးတွေရဲ့ အမိန့် ကျ ုပ်အမိန့်နဲ့ ဒီကလေးမလေးရဲ့ ဘဝဆက်က ဆိုင်သူတွေကို ဒီကိုဆင့်ခေါ်ပေးပါ ”

” တင်ပါ့ ဘုရား ”

ဆရာတော်ဘုရား၏မိန့်ကြားချက်အဆုံး ဆရာတစ်ဦးမှ လက်ထဲရှိဆေးကြိမ်လုံးနှင့်ကြမ်းပြင်ကိုရိုက်လိုက်ရင်း ……

” ကဲ ဒီကလေးမလေးရဲ့ ဘဝဟောင်းက အဆက်အနွယ်များ ဤနေရာသို့ အရောက်လာကြစေ ကျုပ်အမိန့် အထက်ဆရာကြီးများရဲ့အမိန့် ”

” ဖြန်းးး ဖြန်းးး ”

တခဏအကြာတွင်တော့ နှင်းပွင့်ဖြူ မှာ တကိုယ်လုံးတဆတ်ဆတ်တုန်ခါလာလျက် ဆရာတော်ဘုရားသို့လှည့်ကာ လက်အုပ်ချီရင်း ……

” တပည့်တော်မတို့ရောက်ပါပြီဆရာတော်ဘုရား ”

” ကဲ ဟုတ်ပြီ ဒကာမတို့ဘယ်ကလဲ ဘာအကြောင်းကြောင့် ဒီကလေးမကို နှောက်ယှက်ရတာလဲ ”

” တပည့်တော်မတို့က ရွှေစာရံသိုက်နန်းကပါဘုရား အခု ဒီမိန်းကလေးက တပည့်တော်မတို့ရဲ့ ညီမအငယ်ဆုံးလေးပါ လူ့ပြည်ကို သွားချင်တယ်လိ့ု အတင်းအကြပ်ပူဆာပြီး ခွင့်တောင်းလာခဲ့တဲ့ အတွက် လူ့ပြည်သွားဖို့ ခွင့်ပြုလိုက်ရတာပါဘုရား …အခု ညီမတော်လေးကို အရမ်းသတိရလွန်းတာရော တပည့်တော်မတို့ ဘဝအတိတ်ဟောင်းကို လုံးဝမမှတ်မိပဲ မေ့သွားမှာစိုးတာရောကြောင့်ပါ အခုလို ခဏအလည်ခေါ်လိုက်ရတာပါဘုရား… ”

” အေးး ဘဝဟောင်းက ညီအစ်မတွေတော်ခဲ့ကြတယ်ဆိုပေမယ့် အခုအချိန်မှာ ဘဝတွေကခြားနေပြီလေ ဒကာမကြီး ကလေးမ သူ့ဘာသူနေပါစေ ထပ်ပြီး မနှောက်ယှက်ကြပါနဲ့ ဘုန်းကြီးကြားထဲကနေ မေတ္တာရပ်ခံပါတယ် ”

” တပည့်တော်မတို့နှောက်ယှက်တာမဟုတ်ရပါဘူး ဘုရား … ညီမလေးကို အရမ်းသတိရလွန်းလို့ လုပ်မိတာပါဘုရား ပြန်ခေါ်ဖို့လည်းမဟုတ်ရပါဘူးဘုရား … တပည့်တော်တို့ကို ခွင့်လွှတ်ပေးပါဘုရား ”

” နောက်တစ်ခါ ဒီလို အလားတူဖြစ်ရပ်မျိုးကို ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူးလို့ ဘုန်းကြီးကို ကတိပေးပါ …ကဲ ! ဘယ်လိုလဲ ဒကာမကြီးး ”

” တပည့်တော်မတို့ ကတိပေးပါတယ်ဘုရား… နောက်တစ်ခါ ဒီလိုအဖြစ်မျိ ုးထပ်မဖြစ်စေရပါဘူး ဒါပေမယ့် ညီမတော်တို့မိသားစုဘက်ကလည်း တစ်ခုတော့လိုက်လျောပေးစေချင်ပါတယ် ဘုရား ”

” ပြောပါ ဒကာမ ”

” တပည့်တော်တို့ရှိတဲ့ ရွှေစာရံကို ညီမတော်လေးတို့ မကြာမကြာ လာစေချင်ပါတယ်ဘုရား… ညီမတော်ကို အဝေးက မြင်တွေ့ခွင့်ရယုံနဲ့ ကျေနပ်ပါ့မယ်ဘုရား… နောက်ပြီး ရွှေစာရံကိုရောက်ခဲ့လို့ ညီမတော်လေးစိတ်မှာ ပျော်ပါးပြီး ကချင် ခုန်ချင်စိတ်တွေပေါက်လာခဲ့ရင် ဇွတ်အတင်း မတားဆီးပဲ ခွင့်ပြုပေးဖို့ပါပဲ ဘုရား အဲ့ဒါကိုသာ လိုက်လျောပေးမယ်ဆိုရင် တပည့်တော်မတို့ဘက်ကလည်း ပေးထားတဲ့ ကတိအတိုင်း ညီမတော်လေးကို မနှောက်ယှက်ပါဘူး ဘုရား”

” ကဲ ကြားတယ်နော် ဒကာမကြီးတို့ဘက်ကရော ဘယ်လိုသဘောရလဲ ”

” သူတို့ဘက်ကသာ သမီးလေးကို ဆက်မနှောက်ယှက်ပဲ ပြောထားတဲ့ကတိအတိုင်းတည်မယ်ဆိုရင် တပည့်တော်မတို့ဘက်ကလည်း တောင်းဆိုတဲ့အတိုင်း လိုက်လျောပေးဖို့ အဆင်သင့်ပါပဲဘုရား ”

” ကဲ ! ဟုတ်ပြီ ဒီဘက်ကပြောတဲ့စကားကိုလည်း ကြားပြီးပြီဆိုတော့ သိုက်နန်းရှင်ဒကာမတို့ကလည်း ပေးထားတဲ့ကတိအတိုင်း တည်ပါစေ …… ကဲ ကဲ ဒီကလေးမလေးခန္ဓာလည်းသိပ်ပင်ပန်းလွန်းနေပြီ အခု နှစ်ဦးနှစ်ဖက်လည်း အပြန်အလှန်ကတိစကားတွေဆိုခဲ့ကြပြီးပြီဆိုတော့ သိုက်နန်းရှင်ဒကာမတို့ လာရာအရပ်ကို ပြန်နိုင်ပါပြီ ပေးထားတဲ့ကတိသာတည်ပါစေ ”

” တင်ပါ့ဘုရား တပည့်တော်မတို့ကို သွားခွင့်ပြုပါဦးဘုရား ”

ထို့နောက် ဘုရားစင်နှင့် ဆရာတော်ရှိရာဘက်သို့ ဦးချကန်တော့ရင်း နှင်းပွင့်ဖြူ၏ ကိုယ်လုံးလေးမှာ ခွေခနဲ လဲသွားလေတော့သည်။

” သမီး သမီးလေး ”
”ညီမလေးး ညီမလေးး ”

” အင်းး ဟင်းး ဟင်းး ”

ဆရာတော်က အနီးရှိလွယ်အိတ်ထဲမှ အဆောင်လက်ဖွဲ့ကြိုးလေးတစ်ခုကို ထုတ်လိုက်ရင်း……

” ကဲ ! အခု အားလုံးစိတ်အေးအေးထားလို့ရပါပြီ ဘာမှမဖြစ်တော့ပါဘူး ဒီအဆောင်လက်ဖွဲ့ကြိုးလေးကို ကလေးမလေးလက်မှာ ဝတ်ထားပေးလိုက်ပါ အနှောက်အယှက်တွေကို ဟန့်တားနိုင်ပါလိမ့်မယ် ”

” တင်ပါ့ဘုရား ကျေးဇူးကြီးပါပေတယ်ဘုရား ”

ထို့နောက်တွင်တော့ နှင်းပွင့်ဖြူတို့မိသားစုမှာ တစ်လတစ်ခါ ဖြစ်စေ နှစ်လတစ်ခါဖြစ်စေ ရွှေစာရံသို့သွားရောက်ကာ ဘဝဟောင်းမှတော်စပ်ခဲ့သော ဆွေတော်မျိ ုးတော်များအတွက်ရည်စူးကာ ကန်တော့ပွဲထိုးပြီး မေတ္တာပို့ အမျှဝေခြင်းများကို အမြဲပြုလုပ်ခဲ့ကြလေသည်မှာ ယနေ့ထိတိုင်အောင်ပင် ဖြစ်လေတော့သည်။

( ဖြစ်ရပ်မှန်တစ်ခုအား အမည်နာမများလွှဲပြောင်းကာ အနည်းငယ်ပြင်ဆင်ရေးသားထားပါသည် )

#အမ်နိုင်း(oasis)

Zawgyi Version

” သိုက္ကလာေသာ မိန္းမပ်ိဳ ”(စ/ဆုံး)
———————————————-
” ႏွင္းပြင့္ျဖဴ ” တဲ့။
ဦးဖိုးထိန္နဲ႔ ေဒၚလွလွတို႔ရဲ႕ သုံးေယာက္ေျမာက္သမီးရတနာေလး။ ဒီသမီးေလးကိုယ္ဝန္စေဆာင္ကထဲက ေဒၚလွလွတစ္ေယာက္ ထူးထူးဆန္းဆန္းအိပ္မက္ေတြကို မၾကာခဏမက္ေလ့ရွိခဲ့သည္။ အိပ္မက္ထဲမွာ နန္းဝတ္နန္းစားနဲ႔ မိန္းမပ်ိဳေလးေတြ , ေခ်ာင္းငယ္ေလးတစ္ခု , ဧရာမေႁမြႀကီးမ်ား အစရွိသည္မ်ားကို မၾကာခဏျမင္မက္တတ္သည္။

ဒီသမီးေလးေမြးလာေတာ့လည္း တျခားေမြးခ်င္းမ်ားႏွင့္မတူဘဲ အသားအရည္က ႏွင္းပြင့္ႏွင္းဖတ္ကေလးမ်ားလို ျဖဴေဖြးႏုဖတ္ေနကာ လက္ကေလးေတြ ေျခေထာက္ကေလးေတြကလည္း ျပည့္ျပည့္ေဖာင္းေဖာင္းေလးနဲ႔ သိပ္လွသည့္သမီးေလးမို႔ သမီးေလးနာမည္ကို ခ်စ္စႏိုးနဲ႔ ” ႏွင္းပြင့္ျဖဴ” လို႔ ေပးခဲ့ၾကေလသည္။

ႏွင္းပြင့္ျဖဴေလးမွာ ငယ္ကထဲကပင္ တျခားကေလးမ်ားကို အရမ္းေဆာ့ကစားတာမ်ိဳးမရွိဘဲ တစ္ေယာက္ထဲသာ ခပ္ေအးေအး ေနတတ္ေလ့ရွိသည္။ တခါတရံတြင္ ခပ္ေဝးေဝးတစ္ေနရာသို႔ ေဆြးေဆြးေျမ့ေျမ့ေငးေနတတ္ၿပီး တခါတရံတြင္မွာေတာ့ တစ္ေယာက္ထဲ သေဘာတက် ၿပဳံးေနတတ္သည္။

ေဒၚလွလွတို႔ မိသားစုအတြက္ေတာ့ ငယ္စဥ္ကထဲကပင္ ႏွင္းပြင့္ျဖဴေလးႏွင့္ပက္သက္ၿပီး စိတ္ညစ္စရာ စိတ္ရႈပ္စရာကိစၥမ်ိဳး တစ္ခုမွမရွိခဲ့။ သို႔ေပမယ့္ ႏွင္းပြင့္ျဖဴေလး အသက္ 16ႏွစ္အ႐ြယ္ ေရာက္ခ်ိန္မွာေတာ့ ……

” အေမ! အခုတေလာ ညီမေလးကိုၾကည့္ရတာ တမ်ိဳးပဲ တမႈိင္မႈိင္ တေထြေထြနဲ႔ …ဘာကိုမွလည္း ဟုတ္တိပတ္တိစားတာမ်ိဳး မေတြ႕ဘူး နည္းနည္းပါးပါးလည္းေမးၾကည့္ပါဦး အေမ ”

”ဟုတ္တယ္ အေမ ! ညီမေလးၾကည့္ရတာ တစ္ေန႔တျခား ျဖဴဖတ္ျဖဴေလ်ာ္နဲ႔ ပိန္ပိန္လာတယ္ အေမရဲ႕ ”

” အင္းးးး အေမလည္း အဲ့ဒါစိုးရိမ္ေနတာ သမီးတို႔ေရ …သမီးတို႔ ညီမေလးက ေအးေအးေနတတ္တယ္ဆိုေပမယ့္ ဒီလိုမႈိင္ေတြ ေနတာမ်ိဳးေတာ့ အေမလည္း တစ္ခါမွ မေတြ႕ဖူးဘူး … ခုဆို ဘာေကြၽးေကြၽးလည္း မစားဘူး တခါတရံမွသာ ဘီစကစ္ေလး ေပါင္မုန႔္ေလး နည္းနည္းပဲစားတာ……သူ႔ ရင္ထဲမွာ ေနလို႔မေကာင္းဘူးတဲ့ ”

ႏွင္းပြင့္ျဖဴတစ္ေယာက္ ဘာအစားအစာမွ ဟုတ္တိပတ္တိမစားဘဲ လူကလည္းတမႈိင္မႈိင္ တေထြေထြျဖင့္ တစ္ေန႔တျခားပိန္လာသျဖင့္ မိဘမ်ား အမမ်ားက စိတ္ပူကာ ေဆးခန္းေတြသြားျပျပန္ေတာ့လည္း ဘာမွထူးျခားမလာခဲ့ေခ်။

” အေမေရ ! ညီမေလးၾကည့္ရတာ ႐ိုးမွ႐ိုးရဲ႕လားမသိဘူး ဒီလိုလုပ္ပါလားအေမ… ခ်မ္းသာႀကီးေက်ာင္းတိုက္ထဲက ဆရာေတာ္က ပေယာဂေတြကုတဲ့ေနရာမွာ အေတာ္စြမ္းတယ္ဆိုပဲ… သမီးတို႔ ညီမေလးကို အဲ့ဆရာေတာ္နဲ႔ျပၾကည့္ၾကရေအာင္ ေနာ္ အေမ”

” ေအးး အေမလည္း ေျပာမလို႔ပဲ သမီးေရ ဆရာေတာ္က အေမွာင့္ပေယာဂေတြ ဖယ္ရွားတဲ့ေနရာမွာအေတာ္စြမ္းတယ္တဲ့ ကဲ အဲ့ဒါဆို ဒီလိုလုပ္ရေအာင္ …သဘက္ခါက် အေမတို႔အိမ္မွာ အႏၲရာယ္ကင္း ပရိတ္ေလးဘာေလး႐ြတ္ၾကမယ္ သမီးရယ္ အဲ့အတြက္ဆရာေတာ့္ကို သြားပင့္ရင္း သမီးညီမေလးအေၾကာင္းပါ တခါထဲေလ်ာက္ခဲ့ၾကမယ္ေလ ဟုတ္ၿပီလား ”

” ဟုတ္ကဲ့ !အေမ အဲ့အစီအစဥ္ေကာင္းတယ္ ”

×××× ×××× ××× × ××××
ဖေယာင္းတိုင္မ်ား အေမႊးတိုင္မ်ားထြန္းညႇိဳပူေဇာ္ထားေသာ ဘုရားခန္းတစ္ခုထဲတြင္ ပေရာဂကုရာ၌ အစြမ္းထက္သည္ဆိုေသာ ဆရာေတာ္ႏွင့္ ကပၸိယႀကီးအပါအဝင္ ႏွင္းပြင့္ျဖဴ၏ မိသားစုဝင္တစ္ခ်ိဳ႕။ အသီးသီး၏ နဖူးႏွင့္ မ်က္ႏွာျပင္တဝိုက္တြင္ ေခြၽးစက္မ်ားက တြဲလြဲခိုေနၾကလ်က္။ ထိုသူမ်ား၏ ေရွ႕တြင္ေတာ့ ႏွင္းပြင့္ျဖဴမွာ ပက္လက္အေနအထားျဖင့္ သတိလစ္ေမ့ေျမာလ်က္ရွိေနေလသည္။

” ဆရာေတာ္ ဘုရား ! ကယ္ပါဦး ဘုရား …သမီးေလး သတိလစ္ေနတာ ေန႔တစ္ပိုင္းေတာင္ ရွိေနပါၿပီဘုရား …တပည့္ေတာ္မ သမီးေလးကို ကယ္ပါဦး ဘုရား အီးးဟီးးဟီးး ”

” ဟဲ့ ကပၸိယႀကီး ခုခ်က္ခ်င္း က်ဳပ္မိတ္ေဆြ အထက္လမ္းဆရာ ႏွစ္ေယာက္ဆီ သြားစမ္း။ ဆရာေတာ္က အေရးႀကီးလို႔ အခုခ်က္ခ်င္းအျမန္လိုက္ခဲ့ပါလို႔ေျပာ ဟုတ္ၿပီလား ကဲ သြား သြား ”

” တင္ပါ့ ဘုရား ”

”ကဲ ဒီမွာ ရွိေနၾကတဲ့ မိသားစုဝင္ေတြက က်ဳပ္ကို ပန္းသီးအလုံးႀကီးႀကီးလတ္လတ္ဆတ္ဆတ္ တစ္လုံးအျမန္ရွာခဲ့ေပး ဟုတ္ၿပီလား ”

ေနာက္တစ္နာရီခန႔္အၾကာ ……

” ဆရာေတာ္ ဘုရား တပည့္ေတာ္တို႔ေရာက္ပါၿပီဘုရား ”

” ေအး ေအး လာၾက လာၾက ! အျဖစ္ကေတာ့ ဒကာတို႔ျမင္တဲ့အတိုင္းပဲ ကေလးမေလးရဲ႕ ဝိညာဥ္ လိပ္ျပာႀကိဳးက လြင့္ေနတယ္။ က်ဳပ္တစ္ေယာက္ထဲအားနဲ႔ ဘယ္လိုမွ ျပန္ဆြဲေခၚဖို႔ မရဘူး …ဒီကေလးမေလးရဲ႕အသက္ကိုကယ္ဖို႔က ဒကာတို႔ အကူအညီပါမွ ျဖစ္လိမ့္မယ္ ကဲ ကဲ အခ်ိန္မရွိဘူး ဝိညာဥ္ႀကိဳးလြင့္သြားတာ အခ်ိန္သိပ္ၾကာေနရင္ မေကာင္းေခ်ဘူး က်ဳပ္တို႔လုပ္စရာရွိတာ ျမန္ျမန္စလုပ္လိုက္ၾကရေအာင္ …”

ထို႔ေနာက္ ဆရာေတာ္ဘုရားက ဘုရားစင္ေရွ႕တြင္ထိုင္လ်က္ အနေႏၲာ အနႏၲငါးပါးအားရည္စူး၍ ဦးခ်ကန္ေတာ့လိုက္ေလသည္။ ဆရာႏွစ္ေယာက္ကလည္း အနေႏၲာ အနႏၲငါးပါးႏွင့္တကြ အထက္ပုဂၢိဳလ္ႀကီးမ်ားကို ရည္စူးကာ ရွိခိုးကန္ေတာ့လိုက္ၾကသည္။ ထို႔ေနာက္ ဆရာတစ္ေယာက္က ဂါထာတစ္ပုဒ္ကို ႏႈတ္မွဖြဖြ႐ြတ္ဆိုရင္း လက္ထဲရွိေဆးႀကိမ္လုံးႏွင့္ ႏွင္းပြင့္ျဖဴ၏ ေဘးပတ္ပတ္လည္တြင္ မ်ဥ္းတားကာ စည္းဝိုင္းဝိုင္းလိုက္ေလသည္။ ေနာက္တစ္ေယာက္ကလည္း ပန္းသီးကို လက္ဖဝါးေပၚတြင္တင္ကာ ႏႈတ္မွ ဂါထာတစ္ခုကို တီးတိုး႐ြတ္ဆိုလိုက္ၿပီးေနာက္ ထိုပန္းသီးကို ႏွင္းပြင့္ျဖဴ၏ ရင္ဘတ္ေပၚတြင္ အသာအယာ တင္ထားလိုက္ေလသည္။

တီးတိုး ႐ြတ္ဖတ္ေနေသာ ဂါထာအသံမ်ားမွလြဲ၍ ၿငိမ္သက္ေနေသာအခန္းထဲတြင္ထိုင္ေနေသာ လူအသီးအသီး၏ နဖူးျပင္တြင္ ေခြၽးစမ်ားက ယီးေလးယိုလ်က္။ ႏွင္းပြင့္ျဖဴကေတာ့ စည္းဝိုင္းအတြင္းမွာ ယခုခ်ိန္ထိ မလႈပ္မယွက္အေနအထားျဖင့္ ၿငိမ္သက္လ်က္ပင္။ တခဏအၾကာမွာေတာ့ သူ၏ ရင္ဘတ္ေပၚတြင္တင္ထားေသာ ပန္းသီးေလးမွာ လႈပ္ခါလာေလေတာ့သည္။ ပန္းသီးေလးလႈပ္ခါလာသည္ကို ေတြ႕ျမင္လိုက္ရသည္ႏွင့္ တၿပိဳင္နက္ထဲ ဆရာတစ္ေယာက္က ႏွင္းပြင့္ျဖဴ၏ နဖူးကို လက္ျဖင့္အုပ္ကိုင္ရင္း ……

” ဒီမိန္းကေလးရဲ႕ ဝိညာဥ္ေရာက္ရာအရပ္မွ အျမန္ျပန္လာေစ မည္သူမွ် တားျမစ္ပိတ္ပင္ျခင္းျငာ မစြမ္းေစရ တျခားမဆိုင္သည့္ဝိညာဥ္မ်ား ေဝးေဝးသြားၾကေစ ရတနာျမတ္သုံးပါးႏွင့္တကြ အထက္ပုဂၢိဳလ္ႀကီးမ်ား၏အမိန႔္ ငါဆရာ၏အမိန႔္ အခု အျမန္ျပန္လာေစ ”

စကၠန႔္အနည္းငယ္ခန႔္အၾကာမွာေတာ့ ……

” အင္းးး ဟင္းးး ”

ၿငီးျငဴသံအခ်ိဳ႕ႏွင့္အတူ ႏွင္းပြင့္ျဖဴ၏မ်က္ဝန္းမ်ားဖ်တ္ခနဲ ပြင့္လာေလသည္။

” သမီးး အမေလးး အေမ့သမီးေလး ”
”ညီမေလးး ညီမေလးး သတိရလာၿပီ ”

” ကဲ…… ဒကာမႀကီး ကေလးမေလးကို တြဲထူၿပီးေရတစ္ခြက္ေလာက္တိုက္လိုက္ပါ ”

ထို႔ေနာက္ ဆရာေတာ္မွ…

” ကဲ ဒကာမေလး ! ဒကာမေလးရဲ႕ ဝိညာဥ္ႀကိဳးလြင့္ေနတာအေတာ္ၾကာသြားတယ္ မိသားစုေတြအားလုံးအေတာ္ေလးစိတ္ပူေနခဲ့ၾကတာကြဲ႕ အဲ့ဒီအေတာအတြင္းမွာ သမီးဘယ္ေတြသြားၿပီး ဘာေတြလုပ္ေနခဲ့လဲဆိုတာ အားလုံးသိေအာင္ေျပာျပေပးပါဦး ”

” သမီး အစ္မေတြေခၚလို႔ သူတို႔ဆီအလည္သြားေနတာပါ ဘုရား ”

” ဘယ္ေနရာတုန္းကြဲ႕ အစ္မေတာ္တို႔ဆိုတာကေရာ ဘယ္ႏွေယာက္တုန္း”

” ေ႐ႊစာရံပါဘုရား အစ္မေတာ္ကေတာ့ ႏွစ္ေယာက္ပါ ဒု႒ဝတီျမစ္ရဲ႕တစ္ဖက္ကို ေလွကေလးနဲ႔ကူးၿပီး အစ္မေတာ္တို႔ကေခၚသြားပါတယ္ ေနရာအတိအက်ကိုေတာ့ ေသခ်ာမေျပာတတ္ပါဘူးဘုရား …ဟိုဘက္ကမ္းေရာက္ေတာ့ သစ္ပင္ႀကီးတစ္ပင္မွာ ပန္းေတြနဲ႔အလွဆင္ထားတဲ့ ဒါန္းေလးတစ္ခုကို ေတြ႕ရပါတယ္ ”

” အင္းးဆက္ေျပာပါဦးကြဲ႕ ”

” ပန္းဒါန္းေလးကအရမ္းလွလြန္းလို႔ ေငးၾကည့္မိေနတုန္းမွာပဲ အမေတာ္တို႔က သမီးကို ဒါန္းေပၚထိုင္ခိုင္းၿပီး တစ္ဖက္တစ္ခ်က္ကေန ထိန္းၿပီးလႊဲေပးၾကပါတယ္။ အရမ္းကို ေပ်ာ္စရာေကာင္းတာပါပဲ ဘုန္းဘုန္းရယ္ …အမေတာ္တို႔လႊဲေပးတဲ့ ဒါန္းေလးကို စီးေကာင္းေကာင္းနဲ႔ စီးေနတုန္းမွာပဲ သတိတစ္ခ်က္လြတ္သြားသလိုျဖစ္ၿပီး အသိျပန္ဝင္လာေတာ့ ဒီေနရာကိုျပန္ေရာက္ေနတာပါပဲရွင္……”

” အမေလးး ဘုရား ဘုရား မေသေကာင္းမေပ်ာက္ေကာင္း သမီးေလးရယ္ … အရွင္ဘုရား တပည့္ေတာ္မရဲ႕သမီးေလးကိုကယ္ပါဦးဘုရား… သမီးေလးသာ တစ္ခုခုျဖစ္ရင္ တပည့္ေတာ္မတို႔ရင္က်ိ ုးရပါခ်ည့္ရဲ႕ဘုရား …”

” အိမ္းး ! ေကာင္းၿပီေလ က်ဳပ္ကယ္လို႔ရသေလာက္ ကူညီကယ္ဆယ္ေပးပါ့မယ္ ကဲ! ဒကာႀကီးတို႔ အထက္ဆရာသခင္ႀကီးေတြရဲ႕ အမိန႔္ က် ုပ္အမိန႔္နဲ႔ ဒီကေလးမေလးရဲ႕ ဘဝဆက္က ဆိုင္သူေတြကို ဒီကိုဆင့္ေခၚေပးပါ ”

” တင္ပါ့ ဘုရား ”

ဆရာေတာ္ဘုရား၏မိန႔္ၾကားခ်က္အဆုံး ဆရာတစ္ဦးမွ လက္ထဲရွိေဆးႀကိမ္လုံးႏွင့္ၾကမ္းျပင္ကို႐ိုက္လိုက္ရင္း ……

” ကဲ ဒီကေလးမေလးရဲ႕ ဘဝေဟာင္းက အဆက္အႏြယ္မ်ား ဤေနရာသို႔ အေရာက္လာၾကေစ က်ဳပ္အမိန႔္ အထက္ဆရာႀကီးမ်ားရဲ႕အမိန႔္ ”

” ျဖန္းးး ျဖန္းးး ”

တခဏအၾကာတြင္ေတာ့ ႏွင္းပြင့္ျဖဴ မွာ တကိုယ္လုံးတဆတ္ဆတ္တုန္ခါလာလ်က္ ဆရာေတာ္ဘုရားသို႔လွည့္ကာ လက္အုပ္ခ်ီရင္း ……

” တပည့္ေတာ္မတို႔ေရာက္ပါၿပီဆရာေတာ္ဘုရား ”

” ကဲ ဟုတ္ၿပီ ဒကာမတို႔ဘယ္ကလဲ ဘာအေၾကာင္းေၾကာင့္ ဒီကေလးမကို ေႏွာက္ယွက္ရတာလဲ ”

” တပည့္ေတာ္မတို႔က ေ႐ႊစာရံသိုက္နန္းကပါဘုရား အခု ဒီမိန္းကေလးက တပည့္ေတာ္မတို႔ရဲ႕ ညီမအငယ္ဆုံးေလးပါ လူ႔ျပည္ကို သြားခ်င္တယ္လိ့ု အတင္းအၾကပ္ပူဆာၿပီး ခြင့္ေတာင္းလာခဲ့တဲ့ အတြက္ လူ႔ျပည္သြားဖို႔ ခြင့္ျပဳလိုက္ရတာပါဘုရား …အခု ညီမေတာ္ေလးကို အရမ္းသတိရလြန္းတာေရာ တပည့္ေတာ္မတို႔ ဘဝအတိတ္ေဟာင္းကို လုံးဝမမွတ္မိပဲ ေမ့သြားမွာစိုးတာေရာေၾကာင့္ပါ အခုလို ခဏအလည္ေခၚလိုက္ရတာပါဘုရား… ”

” ေအးး ဘဝေဟာင္းက ညီအစ္မေတြေတာ္ခဲ့ၾကတယ္ဆိုေပမယ့္ အခုအခ်ိန္မွာ ဘဝေတြကျခားေနၿပီေလ ဒကာမႀကီး ကေလးမ သူ႔ဘာသူေနပါေစ ထပ္ၿပီး မေႏွာက္ယွက္ၾကပါနဲ႔ ဘုန္းႀကီးၾကားထဲကေန ေမတၱာရပ္ခံပါတယ္ ”

” တပည့္ေတာ္မတို႔ေႏွာက္ယွက္တာမဟုတ္ရပါဘူး ဘုရား … ညီမေလးကို အရမ္းသတိရလြန္းလို႔ လုပ္မိတာပါဘုရား ျပန္ေခၚဖို႔လည္းမဟုတ္ရပါဘူးဘုရား … တပည့္ေတာ္တို႔ကို ခြင့္လႊတ္ေပးပါဘုရား ”

” ေနာက္တစ္ခါ ဒီလို အလားတူျဖစ္ရပ္မ်ိဳးကို ဘယ္ေတာ့မွ ထပ္မလုပ္ေတာ့ပါဘူးလို႔ ဘုန္းႀကီးကို ကတိေပးပါ …ကဲ ! ဘယ္လိုလဲ ဒကာမႀကီးး ”

” တပည့္ေတာ္မတို႔ ကတိေပးပါတယ္ဘုရား… ေနာက္တစ္ခါ ဒီလိုအျဖစ္မ်ိ ုးထပ္မျဖစ္ေစရပါဘူး ဒါေပမယ့္ ညီမေတာ္တို႔မိသားစုဘက္ကလည္း တစ္ခုေတာ့လိုက္ေလ်ာေပးေစခ်င္ပါတယ္ ဘုရား ”

” ေျပာပါ ဒကာမ ”

” တပည့္ေတာ္တို႔ရွိတဲ့ ေ႐ႊစာရံကို ညီမေတာ္ေလးတို႔ မၾကာမၾကာ လာေစခ်င္ပါတယ္ဘုရား… ညီမေတာ္ကို အေဝးက ျမင္ေတြ႕ခြင့္ရယုံနဲ႔ ေက်နပ္ပါ့မယ္ဘုရား… ေနာက္ၿပီး ေ႐ႊစာရံကိုေရာက္ခဲ့လို႔ ညီမေတာ္ေလးစိတ္မွာ ေပ်ာ္ပါးၿပီး ကခ်င္ ခုန္ခ်င္စိတ္ေတြေပါက္လာခဲ့ရင္ ဇြတ္အတင္း မတားဆီးပဲ ခြင့္ျပဳေပးဖို႔ပါပဲ ဘုရား အဲ့ဒါကိုသာ လိုက္ေလ်ာေပးမယ္ဆိုရင္ တပည့္ေတာ္မတို႔ဘက္ကလည္း ေပးထားတဲ့ ကတိအတိုင္း ညီမေတာ္ေလးကို မေႏွာက္ယွက္ပါဘူး ဘုရား”

” ကဲ ၾကားတယ္ေနာ္ ဒကာမႀကီးတို႔ဘက္ကေရာ ဘယ္လိုသေဘာရလဲ ”

” သူတို႔ဘက္ကသာ သမီးေလးကို ဆက္မေႏွာက္ယွက္ပဲ ေျပာထားတဲ့ကတိအတိုင္းတည္မယ္ဆိုရင္ တပည့္ေတာ္မတို႔ဘက္ကလည္း ေတာင္းဆိုတဲ့အတိုင္း လိုက္ေလ်ာေပးဖို႔ အဆင္သင့္ပါပဲဘုရား ”

” ကဲ ! ဟုတ္ၿပီ ဒီဘက္ကေျပာတဲ့စကားကိုလည္း ၾကားၿပီးၿပီဆိုေတာ့ သိုက္နန္းရွင္ဒကာမတို႔ကလည္း ေပးထားတဲ့ကတိအတိုင္း တည္ပါေစ …… ကဲ ကဲ ဒီကေလးမေလးခႏၶာလည္းသိပ္ပင္ပန္းလြန္းေနၿပီ အခု ႏွစ္ဦးႏွစ္ဖက္လည္း အျပန္အလွန္ကတိစကားေတြဆိုခဲ့ၾကၿပီးၿပီဆိုေတာ့ သိုက္နန္းရွင္ဒကာမတို႔ လာရာအရပ္ကို ျပန္ႏိုင္ပါၿပီ ေပးထားတဲ့ကတိသာတည္ပါေစ ”

” တင္ပါ့ဘုရား တပည့္ေတာ္မတို႔ကို သြားခြင့္ျပဳပါဦးဘုရား ”

ထို႔ေနာက္ ဘုရားစင္ႏွင့္ ဆရာေတာ္ရွိရာဘက္သို႔ ဦးခ်ကန္ေတာ့ရင္း ႏွင္းပြင့္ျဖဴ၏ ကိုယ္လုံးေလးမွာ ေခြခနဲ လဲသြားေလေတာ့သည္။

” သမီး သမီးေလး ”
”ညီမေလးး ညီမေလးး ”

” အင္းး ဟင္းး ဟင္းး ”

ဆရာေတာ္က အနီးရွိလြယ္အိတ္ထဲမွ အေဆာင္လက္ဖြဲ႕ႀကိဳးေလးတစ္ခုကို ထုတ္လိုက္ရင္း……

” ကဲ ! အခု အားလုံးစိတ္ေအးေအးထားလို႔ရပါၿပီ ဘာမွမျဖစ္ေတာ့ပါဘူး ဒီအေဆာင္လက္ဖြဲ႕ႀကိဳးေလးကို ကေလးမေလးလက္မွာ ဝတ္ထားေပးလိုက္ပါ အေႏွာက္အယွက္ေတြကို ဟန႔္တားႏိုင္ပါလိမ့္မယ္ ”

” တင္ပါ့ဘုရား ေက်းဇူးႀကီးပါေပတယ္ဘုရား ”

ထို႔ေနာက္တြင္ေတာ့ ႏွင္းပြင့္ျဖဴတို႔မိသားစုမွာ တစ္လတစ္ခါ ျဖစ္ေစ ႏွစ္လတစ္ခါျဖစ္ေစ ေ႐ႊစာရံသို႔သြားေရာက္ကာ ဘဝေဟာင္းမွေတာ္စပ္ခဲ့ေသာ ေဆြေတာ္မ်ိ ုးေတာ္မ်ားအတြက္ရည္စူးကာ ကန္ေတာ့ပြဲထိုးၿပီး ေမတၱာပို႔ အမွ်ေဝျခင္းမ်ားကို အၿမဲျပဳလုပ္ခဲ့ၾကေလသည္မွာ ယေန႔ထိတိုင္ေအာင္ပင္ ျဖစ္ေလေတာ့သည္။

( ျဖစ္ရပ္မွန္တစ္ခုအား အမည္နာမမ်ားလႊဲေျပာင္းကာ အနည္းငယ္ျပင္ဆင္ေရးသားထားပါသည္ )

#အမ္ႏိုင္း(oasis)