Unicode Version
သိုက်ပြောင်းသည့်နေ့က မြင်ကွင်း(စ/ဆုံး)
————————————————–
ချောင်းရေပြင်သည် ကြည်လင်သန့်ရှင်း၍
နေ၏။ တောတောင်များ ပတ်လည်ဝိုင်းနေ သော ကြောင့် ကြည်လင်သော ချောင်း ရေပြင်၌ တောရိပ်တောင်ရိပ်များ ထင်ဟပ်၍ နေသည် ။ နွေရာသီ ဖြစ်သောကြောင့် ကြည်လင်သော ရေအောက်က ကျောက်တုံး
ကျောက်ခဲများ နှင့် သဲမြေများ အထိ မြင်နေရ သည် ။ ငါးလေးများ လည်း ကူးခတ်၍ နေ ကြသည် ။
မယ်ခွေးသည် ရေအခြေအနေ၊ ရေထဲက ငါးပုစွန်များ ၏ အခြေအနေများကို
အကဲခတ်နေရာ မှ သားကလေး ငပြည့်မောင် ဘက်ကို လှည့်ကြည့်မိပြန်သည် ။ ငပြည့် မောင်သည် သဲပြင်တွင် ပြေးလွှားရင်းကျောက်ခဲလေးများကို လိုက်ကောက်နေသည် ။
ချောင်းကမ်းနဖူးက ပန်းပွင့်ကလေး များကိုလည်း လိုက်ခူးနေသည် ။
နွေရာသီ ရေနည်းချိန်ဖြစ်၍ မယ်ခွေးတို့ ယက်သဲ့သမများ ငါးဖမ်း၍ အဆင်ပြေသည် ရေတိမ်တွင် ပြေးလွှားနေကြသော ငါး ကလေးများ အပြင် သဲထဲတွင် မြုပ်နေကြ သော ငါးသလဲထိုး လေးများ အထိ ဖမ်းယူ နိုင်လေသည် ။ ထို့ကြောင့် တစ်အိုးချက် တစ် နပ်စား ငါးရရှိရေးကို မည်သည့် အနား၊ မည်
သည့်အိုင်တွင် ဖမ်းယူသည်ဖြစ်စေ အလွယ်တကူ ဖမ်းယူနိုင်သည် ။
မယ်ခွေးသည် … ရေအခြေအနေ၊ အခြေအနေများကို တစ်အောင့်လေး
အကဲခတ်ကြည့် လိုက်ပြီးနောက် ထဘီကို ခပ်တိုတိုဝတ်လိုက်သည် ။ ခေါင်းပေါင်းကို မြဲ
အောင်ပေါင်းသည် ။ ပလိုင်းကို ခါးမှာ ချည်သည် ။ ထို့နောက် ကျောက်တုံးမှာ
ထောင်ထားသော ယက်သဲ့ကိုကိုင်ပြီး ရေအိုင် ထဲသို့ ဆင်းလိုက်သည်
ငါးလေးများကို ချောင်ပိတ်မောင်းသွင်းပြီး တစ်ဖက်မှ ယက်သဲ့ဖြင့်ခံကာ လက်နှင့်လှုပ် ခတ် ၍ ကပျာကယာ ဆွဲဖော်လိုက်သည် ။ ငါး၊ သုံးလေးကောင်မျှသာ ပါလာ၏။ ငါး ကောင်ရေ အတော်များများကို ချောင်ပိတ် ဖမ်းသည့်တိုင်အောင် လေး၊ ငါးကောင်မျှသာ ပါလာ၍ နည်းသည် ဟု ယူဆကာ နောက်
တစ်နည်းကို စဉ်းစားသည် ။ သိလိုက်ပြီ။ ယက်သဲ့က အသစ်ဖြစ်၍ ထင် ထင်ရှားရှား ပြောက်ပြောက်ကျားကျားကြီး
မြင်နေရသောကြောင့် ငါးကလေးများ
ယက်သဲ့ထဲသို့ မဝင်ဘဲ ရှောင်ထွက်ပြေးသွား ကြခြင်းပင် ဖြစ်ပေမည်။ ထို့ကြောင့် မယ်ခွေး သည် . နောက်တစ်နည်းကို … သုံးလိုက်၏။ ဦးစွာ ယက်သဲ့ထဲသို့ သစ်ရွက်၊ သစ်ခက်များ ကို ထည့်ထားလိုက်၏။ ထို့နောက် ငါး ကလေးများကို ယခင်ကအတိုင်း ချောင်ပိတ် လိုက်သွင်းပြီး ယက်သဲ့ဖြင့် ထောင်ဖမ်း ပြန်သည် ။ သည် အကြိမ်တွင် ပထမအကြိမ် ထက် သုံးဆခန့်ပို၍ ငါးကလေးများကို ဖမ်းမိ၏။ ထို့ကြောင့် သည် နည်းမဆိုးဘူးဟု မယ်ခွေး သိလိုက်သည် ။ ယက်သဲ့ဖြင့် ငါး ဖမ်းခြင်း၏ လျှို့ဝှက်နည်းကလေးတစ်ခုပင် ဖြစ်သည် ။
သည် ပတ်ဝန်းကျင်ကို တော်ရုံမိန်းမများ ငါးဖမ်းရန် မလာရဲကြပေ။ အုပ်စုဖွဲ့ပြီးလာ လျှင် လည်း ငါးဖမ်းနယ်က ကျဉ်းမြောင်း သွားရပြန်သည်
ထို့ကြောင့် လူနှင့်ငါး
အားချင်းမမျှ၍ အုပ်စုဖွဲ့ ပြီးလည်း မလာကြ သလို တစ်ယောက်တည်းလည်း ဆိုခဲ့သည့် အတိုင်း မလာရဲကြသဖြင့် ဤနေရာ လေး တွင် ငါးပေါခြင်း ဖြစ်သည် ။ ဤနေရာနှင့် . အနီးအနားတွင် သိုက်ရှိ သည် ဟု နားလည်ကြသည် ။ သိုက်ရှိသည် ဟု လူတိုင်း သိထားကြသလို တချို့က သိုက် စောင့်များကိုပါ မြင်ဖူးကြသည် ။ တချို့က လည်း အသံဗလံများကို ကြားဖူးကြသည် ။ မယ်ခွေးလည်း သိုက်ရှိသည် ဟု ကြားဖူးရုံမျှ တော့ ရှိသည် ။ ထိုထက် သိုက်စောင့်များကို ကိုယ်တိုင်မမြင်ဖူးသလို သိုက်စောင့်များ ၏ အသံဗလံကိုလည်း မကြားဘူးပေ။
သို့သော် မယ်ခွေးလည်း သည် နေရာကို တစ်ယောက်တည်း လာရဲသည် တော့ မဟုတ်ပေ။
ထို့ကြောင့်လည်း တစ်ယောက်တည်း မလာရဲသောကြောင့်
သားကလေးကို အဖော်ခေါ်လာခြင်း
ဖြစ်သည် ။ သားကလေးက အသက် (၇) နှစ်
မျှသာရှိသေး၍ အားကိုးရသည် ။ မရသည်
ထား အဖော် အဖြစ်ဖြင့် အားရှိသည် ကတော့ အမှန်။
သားကလေးဆိုမှ မယ်ခွေး သတိရသွားပြီး ဆတ်ခနဲ ခေါင်းမော့ကာ သားကလေးကိုရှာ ကြည့်သည် ။ သားကလေးသည် ယခင်နေရာ တွင် မရှိတော့ပေ။ ထို့ကြောင့် မယ်ခွေးစိတ်ပူ သွား၏။ ယက်သဲ့ကို မြေမှာ ထောက်ပြီး ခါး ဆန့်ကာ သက်မတစ်ချက်ကို ရှူရှိုက်လိုက် သည် ။
“အစ်မ၊ အစ်မ”
သားကလေး ငပြည့်မောင်၏ အသံကို ကမ်းပါးထိပ်ဆီက ကြားလိုက်ရ၍ စိတ်အေး သွား၏။ သားလေးကို မမြင်ရဘဲ အသံကိုမျှ ကြားရသော်လည်း ကမ်းပါးထိပ်ဆီကိုသာ
ရောက်နေ၍ စိတ်ချ သည် ။ ချောင်းထဲ လျှောက်သွားနေလျှင် ရေနစ်မည်ကို စိုးရိမ်ရ သည် ။
“အစ်မရေ၊ အစ်မ၊ အစ်မ”
“ဟဲ့ တစ်မတည်း မ နေတာပဲ” ဟု မယ် ခွေးက လှမ်းအော်ပြောလိုက်သည် ။
“ဒီညနေ ရွာထဲမှာ ဇာတ်ကမယ်ထင်တယ်
အစ်မရဲ့ ” မယ်ခွေး ပြုံးမိ၏။
“ဒီကလေး တောပြောတောင်ပြောနဲ့ ဘာ များ လျှောက်ပြောနေပါလိမ့်” ဟု လည်း တွေးလိုက်မိသည် ။ သားလေးကား ယခု အချိန်ထိ ကမ်းပါးထိပ်မှ ဆင်းမလာသေးပေ။ “ဇာတ်သမားတွေ သွားကြပြီဗျ သိလား
အစ်မ” “ဘယ်က ဇာတ်သမားတုန်း” ဟု မယ်ခွေး
က ယက်သဲ့ထဲမှ ငါးကလေးများကို ပလိုင်း ထဲသို့ စောင့်ထည့်ရင်း ပြောလိုက်သည် ။
“ဘယ်က ဇာတ်သမားတွေလဲတော့ မသိ
ဘူးဗျ။ မင်းသား မင်းသမီးတွေအပြင်
ရှင်ဘုရင် တွေရော နတ်သိကြားတွေပါ
အများကြီးပဲ။ ဆင်တွေလည်း ပါတယ်။ ဆင်
ပေါ်မှာ ရွာသူကြီးမိန်းမ ဆွမ်းပို့တဲ့ အုပ်လို
ရွှေအုပ် သုံးလေးလုံးတင်ထားတယ်။ နွား
လှည်း၊ မြင်းလှည်းတွေပေါ်မှာ တင်ထား တဲ့
သေတ္တာကြီးတွေဟာလည်း
ရွှေရောင် တဖိတ်ဖိတ်တောက်နေတယ်။ ဆိုင်းဝိုင်းကြီး
ကလည်း မြိုင်မှ မြိုင်ပဲ” သားလေးငပြည့်မောင်က စီကာပတ်ကုံး
ပြောပြနေ၍ မယ်ခွေး၏ မျက်လုံး
အနည်းငယ် ကျယ်လာ၏။ ထို့နောက် မေး လိုက်သည် ။
“သားလေး မင်းတကယ် ပြောနေတာ များ လား”
မိခင်မျက်လုံးပြူးနေသည် ကိုမြင်၍ သား လေးသည် ချက်ချင်းမပြောဘဲ မိခင်၏ မျက်နှာကို သာ စိုက်ကြည့်နေ၏။ ထိုအခိုက် မှာ ပင် မယ်ခွေးကိုယ်တိုင် ငြိမ့်ညောင်းသော
ကြားလိုက်ရလေသည်
တူရိယာသံကို တူရိယာသံသည် … ခပေါင်းချောင်းအထက် ဘက် တောင်ကြောတန်းတစ်ခု အတိုင်း ခုန် ဆင်းလာသံမျိုး ဖြစ်၏။ မယ်ခွေးကိုယ်တိုင် သားကလေး ငပြည့် မောင်နှင့်အတူ ကြည့်သော်လည်း တူရိယာ
သံကိုသာ ကြားရပြီး ငပြည့်မောင်ပြောသော ဇာတ်အဖွဲ့ကြီးကို မမြင်ရပေ။ ထို့ကြောင့် မယ်ခွေးကြောက်လာ မိ၏။ ဇာတ်အဖွဲ့ကြီးကို ကလေးသာမြင်ပြီး လူကြီးမမြင် ဆို
ကတည်းက အရမ်းထူးဆန်းနေသည် ။ တွေးရင်းက မယ်ခွေး၏ … မျက်လုံးများ
ကျယ်လာပြန်ပြီး သားကလေးကို လက်ဆွဲ၍ ရွာဘက်ကို လှည့်ပြေးလေသည် ။ သည်
နေရာသည် တောလည်း အတော်အတန်
နက်၊ သိုက်ရှိသည် ဟု လည်း နာမည်ကြီး နေ၍ လျှော့တွက်ရန် မသင့်ပေ။ ဒုက္ခ
တစ်စုံတစ်ရာ ဖြစ်မလာဟု မပြောနိုင်။ တွေး ရင်းက မယ်ခွေး ရွာကိုရောက်အောင် ပြေး လေသည် ။
အိမ်ခြေဆယ့်ငါးလုံးမျှသာရှိပြီး
မယ်ခွေးတို့ ၏ ရေလယ်ခုံရွာကလေးသည်
လူဦးရေ ခြောက် ဆယ်ခန့် ရှိသည် ။ အနောက်မှ
အရှေ့ဘက်ကိုစီးသည့် ပဲခူးရိုးမကြီးကို မြစ်ဖျားခံသော ခပေါင်းချောင်း ကြီး၏ လက်ဝဲဘက် ကမ်းနဖူးတွင် တည်သည်
ယခင်က ကျွန်းသဖွယ်ရှိ၍ ရေပတ်လည်ဝိုင်း နေခဲ့ ဖူးသောကြောင့် ရေလယ်ခုံရွာဟု တွင်
သည် ။ တောင်ငူမြို့မှ မိုင်နှစ်ဆယ်ခန့်လှမ်းသည်
ခပေါင်းချောင်းရိုးအတိုင်း ဆန်တက်လျှင်
တောင်ဘက်တွင် အုတ်တွင်းမြို့ရှိပြီး မြောက်
ဘက်တွင် ရွာစဉ် ဆယ်ရွာခန့်ရှိသည် ။
တောင်ယာ၊ ကိုင်းခင်း၊ လယ်လုပ်ခြင်းဖြင့်
အသက်မွေးကြသည် ။ ပဲခူးရိုးမကြီးကိုရော
ခပေါင်းချောင်းကြီးကိုပါ အမှီရသဖြင့်
လုပ်ခင်းလည်း ပေါသည် ။ တောလုပ်သား
ရွာသူ၊ ရွာသားတို့ ၏ ဘဝကို ကောင်းစွာ ဖြေ
ရှင်းပေးနိုင်ကြသည် ။
ထို့ကြောင့် မယ်ခွေးတို့ ရွာကလေးသည် ငယ်ပင်ငယ်သော်လည်း တောသူတောင်သား တို့ ၏ လုပ်ခင်းလယ်ယာများကို လုပ်ကိုင် စားသောက်ရသဖြင့် တောသဘာဝအတိုင်း မ ပူမပင် စားသောက် နေထိုင်ကြရသည် ။
ညနေ ထမင်းစား၍ အပြီးတွင် သားလေးင ပြည့်မောင်က ဖခင်ဖြစ်သူ ကိုမဲတူအား နေ့ခင်းက သူ့မိခင် မယ်ခွေးနှင့် ငါးသွားဖမ်း ဇာတ်အဖွဲ့
ရင်း … သူတွေ့ကြုံခဲ့ရသော အကြောင်းကို ပြောပြလေသည် ။ ကြားရစ တွင် ကိုမဲတူလည်း အံ့ဩမလို ဖြစ်သွား၏။ ထို့နောက်မှ အကြောင်းခြင်း ရာကို ပြောပြ လေသည် ။
“ဇာတ်အဖွဲ့ကြီးကို မြင်လိုက်ရတော့ သား လေး ကြောက်သွားသလား” ဟု အစချီသည်
“မကြောက်ပါဘူး အဖေရဲ့ ။ သားတို့ ဆရာတော်ကြီးက ဘာကိုမှ မကြောက်ရဘူး။ ဘယ်လို အခက်အခဲနဲ့ တွေ့ပါစေ ကြောက်တဲ့ စိတ်ဝင်မသွားအောင် ထိန်းထားရမယ်။ တစ် ကြောက်သွား မိရင် နောက်လည်း
ကြောက်စိတ်တွေ တစ်မျိုးပြီးတစ်မျိုး ဝင်လာ တတ်တယ်တဲ့ ။ ကြောက်တဲ့ စိတ်နဲ့ လုပ်ရင် လည်း ဘာမှ မအောင်မြင်ဘူးတဲ့ ။ ပြီးတော့ သားက ဇာတ်အဖွဲ့ကြီးကိုမြင်လိုက်ရတော့ ကြောက်တဲ့ အပြင် ညနေဇာတ်ကြည့်ရမယ် လို့ ထင်ပြီး ပျော်တောင်မှ ပျော်နေသေး တယ်”
ကိုမဲတူသည် သားလေး ငပြည့်မောင် ပြော ပြသည် ကို သဘောကျပြီး တဟားဟားဖြင့် ရယ်လေသည် ။ ထို့နောက် ပြောပြသည် ။
“အဲဒါက ဇာတ်အဖွဲ့ မဟုတ်ဘူး ကွယ့် သားရဲ့ ။ ဟိုး … ရှေးရှေးတုန်းက အခုရှင်ပင်
ကျောက် ဆောင် ဘုရားတည်တဲ့ နေရာမှာ ဧရာမကျောက်တုံးကြီးတစ်တုံး ရှိခဲ့ဖူးသတဲ့ ။
ခပေါင်းချောင်းကြီးက မိုးတွင်းတောင်ကျ ရေလွှမ်းချိန်မှာ … အဲဒီကျောက်တုံးကြီးအထိ ရေရောက်သတဲ့ ။ ကြက်ရိုးပင်ရဲ့ အနောက်
ဘက်ခြမ်းမှာ လည်း မြို့တည်ပြီး အုပ်ချုပ်တဲ့
ဘုရင်တစ်ပါးရှိသတဲ့ အဲဒီဘုရင်မှာ
အင်မတန် ချောမောလှပခန့်ညားတဲ့
မယ်တော်ကြီးတစ်ပါးလည်း ရှိသတဲ့ ”
“နေ့ခင်းက ဇာတ်အဖွဲ့မှာ မြင်လိုက်ရတဲ့ ဘုရင်ကြီးများ လား အဖေ” ဟု သားလေးက
ဖောက်မေးလိုက်၍ ငြိမ်ပြီးနားထောင်နေ
သော မယ်ခွေးက အသံတိတ်ဖြင့်ရယ်ကာ ကို
မဲတူအား လှမ်းပုတ်လိုက်ပြီး …
“ဟုတ်တယ်လို့ ပြောလိုက်။ မဟုတ်ရင် နောက်လည်း မေးနေလိမ့်မယ်။ ဒီအကြောင်း ကို ကျုပ်လည်း ဟိုတစ်ခွန်း ဒီတစ်ခွန်းပဲ ကြားဖူးတယ်။ ဒါကြောင့် အပြည့်အစုံသိ ရအောင် ဆက်ပြော” ဟု တိုးတိုးလေး ပြော၏။
“အေးပေါ့ကွာ၊ အဲဒီဘုရင်နှင့် မယ်တော် ကြီးပေါ့။ ပြီးတော့ မယ်တော်ကြီးဟာ
နန်းတော်မှာ မပျော်ဘဲ တောထဲမှာ တရား ဘာဝနာပွားများ ချင်တယ်ဆိုလို့ ဘုရင် ကိုယ်တော်တိုင် မင်းခမ်းမင်းနား နဲ့ ဖောင်ဖွဲ့ ပြီး ခပေါင်းချောင်းဖျားကို ဆန်တက်သတဲ့ ဒါပေမဲ့ နွေရာသီဖြစ်လို့ ရေနည်းတဲ့ အတွက် ရှင်ပင်ကျောက်ဆောင် ဘုရားနားမှာ ခေတ္တ နားပြီး မိုးတွင်းရေများ ချိန်ကို ရောက်အောင် စောင့်ကြရ သတဲ့ ။ ရေစောင့်ရင်းနဲ့ သုံးနှစ် သုံးမိုးတိုင်အောင် ကြာသွားသတဲ့ ကြောင့် မယ်တော်ကြီးက ရှေ့ကို ဆက်သွားဖို့ ရာကို ဆန္ဒမရှိ။ ဘုရားတည်ရန်ကိုသာ သား တော်ဘုရင်အား ပြောကြားလို့ မယ်တော် စေတီငယ်ကို စပြီး တည်ကြသတဲ့ ။ ပြီးတော့
ဒါ နောင်တော်စေတီ၊ ညီတော်စေတီ များကိုပါ
တည်ကြသတဲ့ ပြီးတော့မှ ဘုရင်က
မယ်တော်ကြီးအတွက် တပ်တော် အချို့ကိုခွဲ
ထားခဲ့ပြီး နန်းတော်ကိုပြန်သတဲ့ ”
“ဒါဆို အဖေ၊ မယ်တော်ကြီးက ရှေ့ကို ဆက်မသွားဘဲ ရှင်ပင်ဘုရားနေရာမှာ
နေရစ်ခဲ့ သလား”
“ဟုတ်တယ်။ မယ်တော်ကြီးဟာ နောက်ပါ ခြွေရံသင်းပင်းတွေနဲ့ အတူတကွ တရားဓမ္မ ကိုလည်း ပွားများ ၊ လုပ်ခင်းလယ်ယာများကို လည်း ဖန်တီးလုပ်ကိုင်စားသောက်ရင်း ငါး နှစ်ကြာတဲ့ တပေါင်းလပြည့်တော် (၁၄) ရက် နေ့မှာ နတ်ရွာစံသတဲ့ ။ ဒါကြောင့် ဘုရင် ကိုယ်တော်တိုင် ဦးစီးပြီး ရွှေဖောင်တော်
ဆယ်စီးကို ပြုလုပ်တည်ဖန်ကာ
မင်းခမ်းမင်းနားနဲ့ တကွ ခြိမ့်ခြိမ့်သဲ သင်္ဂြိုဟ်
ကြသတဲ့ ။ မယ်တော်ကြီး သက်တော်
ထင်ရှားရှိစဉ်ကပင် ဘုရားကို လှူဒါန်းပူဇော်
ထားခဲ့တဲ့ ရွှေငွေရတနာ၊
ကျောက်သံပတ္တမြားတွေကိုလည်း ဘုရား
အနီးက … မယ်တော်ကြီး တရားဘာဝနာ
ပွားများ ခဲ့တဲ့ ဂူထဲထည့်ပိတ်လိုက်ကြလို့ များ ပြားလှတဲ့ ရတနာတွေကိုစွဲပြီး မယ်တော်ကြီး ဟာ နတ်ဘီလူးမကြီး ဖြစ်သွားသတဲ့ ။ ဒါ ကြောင့် မယ်တော်ကြီးဟာ သူ့ရတနာတွေကို မသမာတဲ့ လူတွေ လက်ထဲကို မရောက်နိုင် စေရန်အတွက် … သူ့ပေါင်းဖော်သဟာတွေနဲ့ ငါးနှစ်တစ်ကြိမ် နေရာ ပြောင်းလေ့ရှိလို့ နေ့ခင်းက သားမြင်လိုက်ရတဲ့ ဇာတ်အဖွဲ့ဆို တာကို သားပြောကတည်းက အဖေ သိလိုက် တယ်။ ဘာဇာတ်အဖွဲ့မှ မဟုတ်ဘူး မယ်တော်ကြီးနဲ့ အဖွဲ့တို့ သိုက်ပြောင်းကြတာ ကွယ့်”
မယ်တော်ကြီးနှင့်အဖွဲ့များ . သိုက်ပြောင်းကြ သည် ကို ထိုပတ်ဝန်းကျင်၌ နေထိုင်ကြသော လူများ ငါးနှစ်တစ်ကြိမ် ကြုံကြကြားကြရမြဲ ဖြစ်၏။ တပေါင်းလဆန်း (၁၄) ရက်၊ နေ့ခင်း (၁၂) နာရီ သို့တည်းမဟုတ် တပေါင်းလပြည့်ည (၁၂) နာရီ အချိန်များ တွင် မယ်တော်ကြီးနှင့် အဖွဲ့တို့ သိုက်ပြောင်းလေ့ရှိသည် ဟူ၏။
ထွန်းတောက်
သူရဇ္ဇမဂ္ဂဇင်း
၂ဝ၁၄ ခုနှစ်၊ မေလ။
Zawgyi Version
သိုက္ေျပာင္းသည့္ေန႔က ျမင္ကြင္း(စ/ဆုံး)
————————————————–
ေခ်ာင္းေရျပင္သည္ ၾကည္လင္သန႔္ရွင္း၍
ေန၏။ ေတာေတာင္မ်ား ပတ္လည္ဝိုင္းေန ေသာ ေၾကာင့္ ၾကည္လင္ေသာ ေခ်ာင္း ေရျပင္၌ ေတာရိပ္ေတာင္ရိပ္မ်ား ထင္ဟပ္၍ ေနသည္ ။ ေႏြရာသီ ျဖစ္ေသာေၾကာင့္ ၾကည္လင္ေသာ ေရေအာက္က ေက်ာက္တုံး
ေက်ာက္ခဲမ်ား ႏွင့္ သဲေျမမ်ား အထိ ျမင္ေနရ သည္ ။ ငါးေလးမ်ား လည္း ကူးခတ္၍ ေန ၾကသည္ ။
မယ္ေခြးသည္ ေရအေျခအေန၊ ေရထဲက ငါးပုစြန္မ်ား ၏ အေျခအေနမ်ားကို
အကဲခတ္ေနရာ မွ သားကေလး ငျပည့္ေမာင္ ဘက္ကို လွည့္ၾကည့္မိျပန္သည္ ။ ငျပည့္ ေမာင္သည္ သဲျပင္တြင္ ေျပးလႊားရင္းေက်ာက္ခဲေလးမ်ားကို လိုက္ေကာက္ေနသည္ ။
ေခ်ာင္းကမ္းနဖူးက ပန္းပြင့္ကေလး မ်ားကိုလည္း လိုက္ခူးေနသည္ ။
ေႏြရာသီ ေရနည္းခ်ိန္ျဖစ္၍ မယ္ေခြးတို႔ ယက္သဲ့သမမ်ား ငါးဖမ္း၍ အဆင္ေျပသည္ ေရတိမ္တြင္ ေျပးလႊားေနၾကေသာ ငါး ကေလးမ်ား အျပင္ သဲထဲတြင္ ျမဳပ္ေနၾက ေသာ ငါးသလဲထိုး ေလးမ်ား အထိ ဖမ္းယူ ႏိုင္ေလသည္ ။ ထို႔ေၾကာင့္ တစ္အိုးခ်က္ တစ္ နပ္စား ငါးရရွိေရးကို မည္သည့္ အနား၊ မည္
သည့္အိုင္တြင္ ဖမ္းယူသည္ျဖစ္ေစ အလြယ္တကူ ဖမ္းယူႏိုင္သည္ ။
မယ္ေခြးသည္ … ေရအေျခအေန၊ အေျခအေနမ်ားကို တစ္ေအာင့္ေလး
အကဲခတ္ၾကည့္ လိုက္ၿပီးေနာက္ ထဘီကို ခပ္တိုတိုဝတ္လိုက္သည္ ။ ေခါင္းေပါင္းကို ၿမဲ
ေအာင္ေပါင္းသည္ ။ ပလိုင္းကို ခါးမွာ ခ်ည္သည္ ။ ထို႔ေနာက္ ေက်ာက္တုံးမွာ
ေထာင္ထားေသာ ယက္သဲ့ကိုကိုင္ၿပီး ေရအိုင္ ထဲသို႔ ဆင္းလိုက္သည္
ငါးေလးမ်ားကို ေခ်ာင္ပိတ္ေမာင္းသြင္းၿပီး တစ္ဖက္မွ ယက္သဲ့ျဖင့္ခံကာ လက္ႏွင့္လႈပ္ ခတ္ ၍ ကပ်ာကယာ ဆြဲေဖာ္လိုက္သည္ ။ ငါး၊ သုံးေလးေကာင္မွ်သာ ပါလာ၏။ ငါး ေကာင္ေရ အေတာ္မ်ားမ်ားကို ေခ်ာင္ပိတ္ ဖမ္းသည့္တိုင္ေအာင္ ေလး၊ ငါးေကာင္မွ်သာ ပါလာ၍ နည္းသည္ ဟု ယူဆကာ ေနာက္
တစ္နည္းကို စဥ္းစားသည္ ။ သိလိုက္ၿပီ။ ယက္သဲ့က အသစ္ျဖစ္၍ ထင္ ထင္ရွားရွား ေျပာက္ေျပာက္က်ားက်ားႀကီး
ျမင္ေနရေသာေၾကာင့္ ငါးကေလးမ်ား
ယက္သဲ့ထဲသို႔ မဝင္ဘဲ ေရွာင္ထြက္ေျပးသြား ၾကျခင္းပင္ ျဖစ္ေပမည္။ ထို႔ေၾကာင့္ မယ္ေခြး သည္ . ေနာက္တစ္နည္းကို … သုံးလိုက္၏။ ဦးစြာ ယက္သဲ့ထဲသို႔ သစ္႐ြက္၊ သစ္ခက္မ်ား ကို ထည့္ထားလိုက္၏။ ထို႔ေနာက္ ငါး ကေလးမ်ားကို ယခင္ကအတိုင္း ေခ်ာင္ပိတ္ လိုက္သြင္းၿပီး ယက္သဲ့ျဖင့္ ေထာင္ဖမ္း ျပန္သည္ ။ သည္ အႀကိမ္တြင္ ပထမအႀကိမ္ ထက္ သုံးဆခန႔္ပို၍ ငါးကေလးမ်ားကို ဖမ္းမိ၏။ ထို႔ေၾကာင့္ သည္ နည္းမဆိုးဘူးဟု မယ္ေခြး သိလိုက္သည္ ။ ယက္သဲ့ျဖင့္ ငါး ဖမ္းျခင္း၏ လွ်ိဳ႕ဝွက္နည္းကေလးတစ္ခုပင္ ျဖစ္သည္ ။
သည္ ပတ္ဝန္းက်င္ကို ေတာ္႐ုံမိန္းမမ်ား ငါးဖမ္းရန္ မလာရဲၾကေပ။ အုပ္စုဖြဲ႕ၿပီးလာ လွ်င္ လည္း ငါးဖမ္းနယ္က က်ဥ္းေျမာင္း သြားရျပန္သည္
ထို႔ေၾကာင့္ လူႏွင့္ငါး
အားခ်င္းမမွ်၍ အုပ္စုဖြဲ႕ ၿပီးလည္း မလာၾက သလို တစ္ေယာက္တည္းလည္း ဆိုခဲ့သည့္ အတိုင္း မလာရဲၾကသျဖင့္ ဤေနရာ ေလး တြင္ ငါးေပါျခင္း ျဖစ္သည္ ။ ဤေနရာႏွင့္ . အနီးအနားတြင္ သိုက္ရွိ သည္ ဟု နားလည္ၾကသည္ ။ သိုက္ရွိသည္ ဟု လူတိုင္း သိထားၾကသလို တခ်ိဳ႕က သိုက္ ေစာင့္မ်ားကိုပါ ျမင္ဖူးၾကသည္ ။ တခ်ိဳ႕က လည္း အသံဗလံမ်ားကို ၾကားဖူးၾကသည္ ။ မယ္ေခြးလည္း သိုက္ရွိသည္ ဟု ၾကားဖူး႐ုံမွ် ေတာ့ ရွိသည္ ။ ထိုထက္ သိုက္ေစာင့္မ်ားကို ကိုယ္တိုင္မျမင္ဖူးသလို သိုက္ေစာင့္မ်ား ၏ အသံဗလံကိုလည္း မၾကားဘူးေပ။
သို႔ေသာ္ မယ္ေခြးလည္း သည္ ေနရာကို တစ္ေယာက္တည္း လာရဲသည္ ေတာ့ မဟုတ္ေပ။
ထို႔ေၾကာင့္လည္း တစ္ေယာက္တည္း မလာရဲေသာေၾကာင့္
သားကေလးကို အေဖာ္ေခၚလာျခင္း
ျဖစ္သည္ ။ သားကေလးက အသက္ (၇) ႏွစ္
မွ်သာရွိေသး၍ အားကိုးရသည္ ။ မရသည္
ထား အေဖာ္ အျဖစ္ျဖင့္ အားရွိသည္ ကေတာ့ အမွန္။
သားကေလးဆိုမွ မယ္ေခြး သတိရသြားၿပီး ဆတ္ခနဲ ေခါင္းေမာ့ကာ သားကေလးကိုရွာ ၾကည့္သည္ ။ သားကေလးသည္ ယခင္ေနရာ တြင္ မရွိေတာ့ေပ။ ထို႔ေၾကာင့္ မယ္ေခြးစိတ္ပူ သြား၏။ ယက္သဲ့ကို ေျမမွာ ေထာက္ၿပီး ခါး ဆန႔္ကာ သက္မတစ္ခ်က္ကို ရႉရႈိက္လိုက္ သည္ ။
“အစ္မ၊ အစ္မ”
သားကေလး ငျပည့္ေမာင္၏ အသံကို ကမ္းပါးထိပ္ဆီက ၾကားလိုက္ရ၍ စိတ္ေအး သြား၏။ သားေလးကို မျမင္ရဘဲ အသံကိုမွ် ၾကားရေသာ္လည္း ကမ္းပါးထိပ္ဆီကိုသာ
ေရာက္ေန၍ စိတ္ခ် သည္ ။ ေခ်ာင္းထဲ ေလွ်ာက္သြားေနလွ်င္ ေရနစ္မည္ကို စိုးရိမ္ရ သည္ ။
“အစ္မေရ၊ အစ္မ၊ အစ္မ”
“ဟဲ့ တစ္မတည္း မ ေနတာပဲ” ဟု မယ္ ေခြးက လွမ္းေအာ္ေျပာလိုက္သည္ ။
“ဒီညေန ႐ြာထဲမွာ ဇာတ္ကမယ္ထင္တယ္
အစ္မရဲ႕ ” မယ္ေခြး ၿပဳံးမိ၏။
“ဒီကေလး ေတာေျပာေတာင္ေျပာနဲ႔ ဘာ မ်ား ေလွ်ာက္ေျပာေနပါလိမ့္” ဟု လည္း ေတြးလိုက္မိသည္ ။ သားေလးကား ယခု အခ်ိန္ထိ ကမ္းပါးထိပ္မွ ဆင္းမလာေသးေပ။ “ဇာတ္သမားေတြ သြားၾကၿပီဗ် သိလား
အစ္မ” “ဘယ္က ဇာတ္သမားတုန္း” ဟု မယ္ေခြး
က ယက္သဲ့ထဲမွ ငါးကေလးမ်ားကို ပလိုင္း ထဲသို႔ ေစာင့္ထည့္ရင္း ေျပာလိုက္သည္ ။
“ဘယ္က ဇာတ္သမားေတြလဲေတာ့ မသိ
ဘူးဗ်။ မင္းသား မင္းသမီးေတြအျပင္
ရွင္ဘုရင္ ေတြေရာ နတ္သိၾကားေတြပါ
အမ်ားႀကီးပဲ။ ဆင္ေတြလည္း ပါတယ္။ ဆင္
ေပၚမွာ ႐ြာသူႀကီးမိန္းမ ဆြမ္းပို႔တဲ့ အုပ္လို
ေ႐ႊအုပ္ သုံးေလးလုံးတင္ထားတယ္။ ႏြား
လွည္း၊ ျမင္းလွည္းေတြေပၚမွာ တင္ထား တဲ့
ေသတၱာႀကီးေတြဟာလည္း
ေ႐ႊေရာင္ တဖိတ္ဖိတ္ေတာက္ေနတယ္။ ဆိုင္းဝိုင္းႀကီး
ကလည္း ၿမိဳင္မွ ၿမိဳင္ပဲ” သားေလးငျပည့္ေမာင္က စီကာပတ္ကုံး
ေျပာျပေန၍ မယ္ေခြး၏ မ်က္လုံး
အနည္းငယ္ က်ယ္လာ၏။ ထို႔ေနာက္ ေမး လိုက္သည္ ။
“သားေလး မင္းတကယ္ ေျပာေနတာ မ်ား လား”
မိခင္မ်က္လုံးျပဴးေနသည္ ကိုျမင္၍ သား ေလးသည္ ခ်က္ခ်င္းမေျပာဘဲ မိခင္၏ မ်က္ႏွာကို သာ စိုက္ၾကည့္ေန၏။ ထိုအခိုက္ မွာ ပင္ မယ္ေခြးကိုယ္တိုင္ ၿငိမ့္ေညာင္းေသာ
ၾကားလိုက္ရေလသည္
တူရိယာသံကို တူရိယာသံသည္ … ခေပါင္းေခ်ာင္းအထက္ ဘက္ ေတာင္ေၾကာတန္းတစ္ခု အတိုင္း ခုန္ ဆင္းလာသံမ်ိဳး ျဖစ္၏။ မယ္ေခြးကိုယ္တိုင္ သားကေလး ငျပည့္ ေမာင္ႏွင့္အတူ ၾကည့္ေသာ္လည္း တူရိယာ
သံကိုသာ ၾကားရၿပီး ငျပည့္ေမာင္ေျပာေသာ ဇာတ္အဖြဲ႕ႀကီးကို မျမင္ရေပ။ ထို႔ေၾကာင့္ မယ္ေခြးေၾကာက္လာ မိ၏။ ဇာတ္အဖြဲ႕ႀကီးကို ကေလးသာျမင္ၿပီး လူႀကီးမျမင္ ဆို
ကတည္းက အရမ္းထူးဆန္းေနသည္ ။ ေတြးရင္းက မယ္ေခြး၏ … မ်က္လုံးမ်ား
က်ယ္လာျပန္ၿပီး သားကေလးကို လက္ဆြဲ၍ ႐ြာဘက္ကို လွည့္ေျပးေလသည္ ။ သည္
ေနရာသည္ ေတာလည္း အေတာ္အတန္
နက္၊ သိုက္ရွိသည္ ဟု လည္း နာမည္ႀကီး ေန၍ ေလွ်ာ့တြက္ရန္ မသင့္ေပ။ ဒုကၡ
တစ္စုံတစ္ရာ ျဖစ္မလာဟု မေျပာႏိုင္။ ေတြး ရင္းက မယ္ေခြး ႐ြာကိုေရာက္ေအာင္ ေျပး ေလသည္ ။
အိမ္ေျခဆယ့္ငါးလုံးမွ်သာရွိၿပီး
မယ္ေခြးတို႔ ၏ ေရလယ္ခုံ႐ြာကေလးသည္
လူဦးေရ ေျခာက္ ဆယ္ခန႔္ ရွိသည္ ။ အေနာက္မွ
အေရွ႕ဘက္ကိုစီးသည့္ ပဲခူး႐ိုးမႀကီးကို ျမစ္ဖ်ားခံေသာ ခေပါင္းေခ်ာင္း ႀကီး၏ လက္ဝဲဘက္ ကမ္းနဖူးတြင္ တည္သည္
ယခင္က ကြၽန္းသဖြယ္ရွိ၍ ေရပတ္လည္ဝိုင္း ေနခဲ့ ဖူးေသာေၾကာင့္ ေရလယ္ခုံ႐ြာဟု တြင္
သည္ ။ ေတာင္ငူၿမိဳ႕မွ မိုင္ႏွစ္ဆယ္ခန႔္လွမ္းသည္
ခေပါင္းေခ်ာင္း႐ိုးအတိုင္း ဆန္တက္လွ်င္
ေတာင္ဘက္တြင္ အုတ္တြင္းၿမိဳ႕ရွိၿပီး ေျမာက္
ဘက္တြင္ ႐ြာစဥ္ ဆယ္႐ြာခန႔္ရွိသည္ ။
ေတာင္ယာ၊ ကိုင္းခင္း၊ လယ္လုပ္ျခင္းျဖင့္
အသက္ေမြးၾကသည္ ။ ပဲခူး႐ိုးမႀကီးကိုေရာ
ခေပါင္းေခ်ာင္းႀကီးကိုပါ အမွီရသျဖင့္
လုပ္ခင္းလည္း ေပါသည္ ။ ေတာလုပ္သား
႐ြာသူ၊ ႐ြာသားတို႔ ၏ ဘဝကို ေကာင္းစြာ ေျဖ
ရွင္းေပးႏိုင္ၾကသည္ ။
ထို႔ေၾကာင့္ မယ္ေခြးတို႔ ႐ြာကေလးသည္ ငယ္ပင္ငယ္ေသာ္လည္း ေတာသူေတာင္သား တို႔ ၏ လုပ္ခင္းလယ္ယာမ်ားကို လုပ္ကိုင္ စားေသာက္ရသျဖင့္ ေတာသဘာဝအတိုင္း မ ပူမပင္ စားေသာက္ ေနထိုင္ၾကရသည္ ။
ညေန ထမင္းစား၍ အၿပီးတြင္ သားေလးင ျပည့္ေမာင္က ဖခင္ျဖစ္သူ ကိုမဲတူအား ေန႔ခင္းက သူ႔မိခင္ မယ္ေခြးႏွင့္ ငါးသြားဖမ္း ဇာတ္အဖြဲ႕
ရင္း … သူေတြ႕ႀကဳံခဲ့ရေသာ အေၾကာင္းကို ေျပာျပေလသည္ ။ ၾကားရစ တြင္ ကိုမဲတူလည္း အံ့ဩမလို ျဖစ္သြား၏။ ထို႔ေနာက္မွ အေၾကာင္းျခင္း ရာကို ေျပာျပ ေလသည္ ။
“ဇာတ္အဖြဲ႕ႀကီးကို ျမင္လိုက္ရေတာ့ သား ေလး ေၾကာက္သြားသလား” ဟု အစခ်ီသည္
“မေၾကာက္ပါဘူး အေဖရဲ႕ ။ သားတို႔ ဆရာေတာ္ႀကီးက ဘာကိုမွ မေၾကာက္ရဘူး။ ဘယ္လို အခက္အခဲနဲ႔ ေတြ႕ပါေစ ေၾကာက္တဲ့ စိတ္ဝင္မသြားေအာင္ ထိန္းထားရမယ္။ တစ္ ေၾကာက္သြား မိရင္ ေနာက္လည္း
ေၾကာက္စိတ္ေတြ တစ္မ်ိဳးၿပီးတစ္မ်ိဳး ဝင္လာ တတ္တယ္တဲ့ ။ ေၾကာက္တဲ့ စိတ္နဲ႔ လုပ္ရင္ လည္း ဘာမွ မေအာင္ျမင္ဘူးတဲ့ ။ ၿပီးေတာ့ သားက ဇာတ္အဖြဲ႕ႀကီးကိုျမင္လိုက္ရေတာ့ ေၾကာက္တဲ့ အျပင္ ညေနဇာတ္ၾကည့္ရမယ္ လို႔ ထင္ၿပီး ေပ်ာ္ေတာင္မွ ေပ်ာ္ေနေသး တယ္”
ကိုမဲတူသည္ သားေလး ငျပည့္ေမာင္ ေျပာ ျပသည္ ကို သေဘာက်ၿပီး တဟားဟားျဖင့္ ရယ္ေလသည္ ။ ထို႔ေနာက္ ေျပာျပသည္ ။
“အဲဒါက ဇာတ္အဖြဲ႕ မဟုတ္ဘူး ကြယ့္ သားရဲ႕ ။ ဟိုး … ေရွးေရွးတုန္းက အခုရွင္ပင္
ေက်ာက္ ေဆာင္ ဘုရားတည္တဲ့ ေနရာမွာ ဧရာမေက်ာက္တုံးႀကီးတစ္တုံး ရွိခဲ့ဖူးသတဲ့ ။
ခေပါင္းေခ်ာင္းႀကီးက မိုးတြင္းေတာင္က် ေရလႊမ္းခ်ိန္မွာ … အဲဒီေက်ာက္တုံးႀကီးအထိ ေရေရာက္သတဲ့ ။ ၾကက္႐ိုးပင္ရဲ႕ အေနာက္
ဘက္ျခမ္းမွာ လည္း ၿမိဳ႕တည္ၿပီး အုပ္ခ်ဳပ္တဲ့
ဘုရင္တစ္ပါးရွိသတဲ့ အဲဒီဘုရင္မွာ
အင္မတန္ ေခ်ာေမာလွပခန႔္ညားတဲ့
မယ္ေတာ္ႀကီးတစ္ပါးလည္း ရွိသတဲ့ ”
“ေန႔ခင္းက ဇာတ္အဖြဲ႕မွာ ျမင္လိုက္ရတဲ့ ဘုရင္ႀကီးမ်ား လား အေဖ” ဟု သားေလးက
ေဖာက္ေမးလိုက္၍ ၿငိမ္ၿပီးနားေထာင္ေန
ေသာ မယ္ေခြးက အသံတိတ္ျဖင့္ရယ္ကာ ကို
မဲတူအား လွမ္းပုတ္လိုက္ၿပီး …
“ဟုတ္တယ္လို႔ ေျပာလိုက္။ မဟုတ္ရင္ ေနာက္လည္း ေမးေနလိမ့္မယ္။ ဒီအေၾကာင္း ကို က်ဳပ္လည္း ဟိုတစ္ခြန္း ဒီတစ္ခြန္းပဲ ၾကားဖူးတယ္။ ဒါေၾကာင့္ အျပည့္အစုံသိ ရေအာင္ ဆက္ေျပာ” ဟု တိုးတိုးေလး ေျပာ၏။
“ေအးေပါ့ကြာ၊ အဲဒီဘုရင္ႏွင့္ မယ္ေတာ္ ႀကီးေပါ့။ ၿပီးေတာ့ မယ္ေတာ္ႀကီးဟာ
နန္းေတာ္မွာ မေပ်ာ္ဘဲ ေတာထဲမွာ တရား ဘာဝနာပြားမ်ား ခ်င္တယ္ဆိုလို႔ ဘုရင္ ကိုယ္ေတာ္တိုင္ မင္းခမ္းမင္းနား နဲ႔ ေဖာင္ဖြဲ႕ ၿပီး ခေပါင္းေခ်ာင္းဖ်ားကို ဆန္တက္သတဲ့ ဒါေပမဲ့ ေႏြရာသီျဖစ္လို႔ ေရနည္းတဲ့ အတြက္ ရွင္ပင္ေက်ာက္ေဆာင္ ဘုရားနားမွာ ေခတၱ နားၿပီး မိုးတြင္းေရမ်ား ခ်ိန္ကို ေရာက္ေအာင္ ေစာင့္ၾကရ သတဲ့ ။ ေရေစာင့္ရင္းနဲ႔ သုံးႏွစ္ သုံးမိုးတိုင္ေအာင္ ၾကာသြားသတဲ့ ေၾကာင့္ မယ္ေတာ္ႀကီးက ေရွ႕ကို ဆက္သြားဖို႔ ရာကို ဆႏၵမရွိ။ ဘုရားတည္ရန္ကိုသာ သား ေတာ္ဘုရင္အား ေျပာၾကားလို႔ မယ္ေတာ္ ေစတီငယ္ကို စၿပီး တည္ၾကသတဲ့ ။ ၿပီးေတာ့
ဒါ ေနာင္ေတာ္ေစတီ၊ ညီေတာ္ေစတီ မ်ားကိုပါ
တည္ၾကသတဲ့ ၿပီးေတာ့မွ ဘုရင္က
မယ္ေတာ္ႀကီးအတြက္ တပ္ေတာ္ အခ်ိဳ႕ကိုခြဲ
ထားခဲ့ၿပီး နန္းေတာ္ကိုျပန္သတဲ့ ”
“ဒါဆို အေဖ၊ မယ္ေတာ္ႀကီးက ေရွ႕ကို ဆက္မသြားဘဲ ရွင္ပင္ဘုရားေနရာမွာ
ေနရစ္ခဲ့ သလား”
“ဟုတ္တယ္။ မယ္ေတာ္ႀကီးဟာ ေနာက္ပါ ေႁခြရံသင္းပင္းေတြနဲ႔ အတူတကြ တရားဓမၼ ကိုလည္း ပြားမ်ား ၊ လုပ္ခင္းလယ္ယာမ်ားကို လည္း ဖန္တီးလုပ္ကိုင္စားေသာက္ရင္း ငါး ႏွစ္ၾကာတဲ့ တေပါင္းလျပည့္ေတာ္ (၁၄) ရက္ ေန႔မွာ နတ္႐ြာစံသတဲ့ ။ ဒါေၾကာင့္ ဘုရင္ ကိုယ္ေတာ္တိုင္ ဦးစီးၿပီး ေ႐ႊေဖာင္ေတာ္
ဆယ္စီးကို ျပဳလုပ္တည္ဖန္ကာ
မင္းခမ္းမင္းနားနဲ႔ တကြ ၿခိမ့္ၿခိမ့္သဲ သၿဂႋဳဟ္
ၾကသတဲ့ ။ မယ္ေတာ္ႀကီး သက္ေတာ္
ထင္ရွားရွိစဥ္ကပင္ ဘုရားကို လႉဒါန္းပူေဇာ္
ထားခဲ့တဲ့ ေ႐ႊေငြရတနာ၊
ေက်ာက္သံပတၱျမားေတြကိုလည္း ဘုရား
အနီးက … မယ္ေတာ္ႀကီး တရားဘာဝနာ
ပြားမ်ား ခဲ့တဲ့ ဂူထဲထည့္ပိတ္လိုက္ၾကလို႔ မ်ား ျပားလွတဲ့ ရတနာေတြကိုစြဲၿပီး မယ္ေတာ္ႀကီး ဟာ နတ္ဘီလူးမႀကီး ျဖစ္သြားသတဲ့ ။ ဒါ ေၾကာင့္ မယ္ေတာ္ႀကီးဟာ သူ႔ရတနာေတြကို မသမာတဲ့ လူေတြ လက္ထဲကို မေရာက္ႏိုင္ ေစရန္အတြက္ … သူ႔ေပါင္းေဖာ္သဟာေတြနဲ႔ ငါးႏွစ္တစ္ႀကိမ္ ေနရာ ေျပာင္းေလ့ရွိလို႔ ေန႔ခင္းက သားျမင္လိုက္ရတဲ့ ဇာတ္အဖြဲ႕ဆို တာကို သားေျပာကတည္းက အေဖ သိလိုက္ တယ္။ ဘာဇာတ္အဖြဲ႕မွ မဟုတ္ဘူး မယ္ေတာ္ႀကီးနဲ႔ အဖြဲ႕တို႔ သိုက္ေျပာင္းၾကတာ ကြယ့္”
မယ္ေတာ္ႀကီးႏွင့္အဖြဲ႕မ်ား . သိုက္ေျပာင္းၾက သည္ ကို ထိုပတ္ဝန္းက်င္၌ ေနထိုင္ၾကေသာ လူမ်ား ငါးႏွစ္တစ္ႀကိမ္ ႀကဳံၾကၾကားၾကရၿမဲ ျဖစ္၏။ တေပါင္းလဆန္း (၁၄) ရက္၊ ေန႔ခင္း (၁၂) နာရီ သို႔တည္းမဟုတ္ တေပါင္းလျပည့္ည (၁၂) နာရီ အခ်ိန္မ်ား တြင္ မယ္ေတာ္ႀကီးႏွင့္ အဖြဲ႕တို႔ သိုက္ေျပာင္းေလ့ရွိသည္ ဟူ၏။
ထြန္းေတာက္
သူရဇၨမဂၢဇင္း
၂ဝ၁၄ ခုႏွစ္၊ ေမလ။