သုံးပန်လှနတ်သမိုင်း

သုံးပန်လှနတ်သမိုင်း

 

“တပယ်” ဆိုတဲ့ ရွာလေးက မန္တလေးတိုင်း တံတားဦးမြို့ အနောက်ဖက် ဧရာဝတီမြစ်ကမ်းနား မနီးမဝေးရွာကလေးပါ..

 

တံတားဦးကနေ အခုဆိုရင် တာလမ်းကောင်းကောင်းပေါက်နေတော့ မိနစ် ၃၀ ပျော့ပျော့လောက် ကားမောင်းရင် လွယ်ကူစွာရောက်နိုင်နေပါပြီ…

 

ရွာကလေးက လယ်ယာစိုက်ပျိုးရေး လုပ်ရုံတင်မက နို့စားနွားတွေပါ မွေးပြီး အင်မတန်ကောင်းမွန်တဲ့နွားနို့တွေ ထွက်တော့ စီးပွားရေး သောင်သာရှာတယ်.. ရွာထဲ အိမ်ကြီးအိမ်ကောင်းတွေကြီးပါပဲ…

 

ကျနော် ထိုရွာကို ရွှေကြက်ယက်က မိတ်ဆွေမိသားစုနှင့် နှီးနွယ်ပြီး ရောက်ဖူးခဲ့တာ အကြိမ်မနည်းခဲ့…

နှစ်စဉ် ရွှေကြက်ယက်မိတ်ဆွေမိသားစုက အမေကြီးနန်းရင်း ရိုးရာဦးတိုက်ပွဲ ဆိုပြီး ပြောနေ သွားနေတာ မကြာမကြာ ကြားနေခဲ့ရပေမယ့် … စိတ်ထဲမယ် အော် … နယ်ပိုင်နတ်တစ်ပါးပဲ ဖြစ်မှာပါ ဆိုတာထက် ကျနော် ပိုမတွေးမိခဲ့…

 

ဒီနှစ် အကြောင်းတိုက်ဆိုင်လို့ သိခဲ့ရတာ အမေကြီးနတ်ပွဲဆိုတာ “သုံးပန်လှ နန်းရင်းဦးတိုက်ပွဲ” ဆိုတာ သိခဲ့ရတော့ အံ့အားသင့်ခဲ့ရပါတယ် …

 

ဘယ့်နှယ့် ၃၇မင်းစာရင်းဝင် နာမည်ကြီး သုံးပန်လှဟာ ဒီ မထင်မရှားရှိရှာတဲ့ တပယ်ရွာလေးမယ် နန်းရင်းရှိနေရတာလဲပေါ့… ဒါနဲ့ စိတ်ဝင်စားမိပြီး လိုက်ဖြစ်အောင် လိုက်သွားမိတယ်…

 

မနေ့ က တပေါင်းလဆုတ် ၉ရက် အဝင်/ ဒီနေ့ ၁၀ ရက် ပွဲရက်ဟာ အမေသုံးပန်လှရဲ့ နန်းရင်း ဦးတိုက်ပွဲပါ…

 

🔹”သုံးပန်လှ”

 

သုံးပန်လှဟာ ခေတ်အဆက်ဆက် ၃၇မင်း စာရင်းဝင် နတ်တစ်ပါးပါ၊ ၃၇ မင်း နတ်စာရင်း အကြောင်းကို ကျနော် ခဏခဏ ကြုံသလို ရေးခဲ့ဖူးပါတယ်ဗျ၊ ပိုသိချင်သူများ ကျနော် Link အောက်မယ် ပြန်ဖော်ပြပေးပါ့မယ်။

 

နောက်တစ်ခုက သုံးပန်လှ လို့ ပြောလိုက်တာနဲ့ လူတော်တော်များများ ဟာ နောက်ထပ် ပြည်သရေခေတ္တရာဖက်​က အခြားနတ်တစ်ပါးနဲ့ အမြဲရောထွေးတတ်ပါတယ်…

 

◾️”ပြည်/သရေခေတ္တရာနယ် လက်သည်းဆိတ်ကန်ကျောင်းမှ သုံးပန်လှ”

 

သူမဟာ ဒဏ္ဏာရီအဖြစ်ထိုနယ်မှာ ပြောနေကြပြီး သူ့နန်းပေါ်လာတာ မကြာသေးတဲ့ နှစ်အနဲငယ်ကမှပါ …

 

သူမကို ရှင်စောဖြူ ထိပ်ထားလို့လည်း ခေါ်ခဲ့ကြပါတယ်တဲ့.. သုံးပန်လှလို့ အမည်တွင်ရတဲ့အကြောင်းက သူမဟာ နေထွက်စမှာ ရွှေအဆင်းရှိသလို, မွန်းတည့်ချိန်မှာ ပွင့်လန်းနေတဲ့ ပန်းကလေးရဲ့အလှမျိုးရှိကာ, ဆည်းဆာအချိန်မှာတော့ ကိုယ်ယောင်ကိုယ်ဝါထွန်းလင်းနေသယောင် ထင်မှတ်မှားရတဲ့အထိ ဖြစ်ရတာကြောင့် ပုံစံသုံးမျိုးနဲ့ လှတဲ့ သုံးပန်လှမင်းသမီးလေးရယ်လို့ အမည်တွင်ရတာလိို့ ကျနော် ဖတ်ဖူးခဲ့တယ်…

 

ဒဏ္ဏာရီမှာ သူမဟာ သရေခေတ္တရာရဲ့ အနီးအပါးတိုင်းပြည်ငယ် ဖြစ်ခဲ့တဲ့ တောင်ညိုဘုရင်ရဲ့ နှမတော် ဖြစ်ပြီး သရေခေတ္တရာနဲ့ နှစ်ပြည်ထောင် ချစ်ကြည်ရေးအတွက် တောင်ညိုဘုရင်ဟာ သူ့ရဲ့နှမတော် ရှင်စောဖြူထိပ်ထားလေးကို ဒွတ္တပေါင်မင်းဆီဆက်သခဲ့ပါတယ်၊

 

ဒါပေမဲ့ ဒွတ္တပေါင်မင်းရဲ့ အချို့သောမိဖုရားတွေဟာ သုံးပန်လှမင်းသမီးလေးရဲ့အလှကို မနာလိုပြီး ရှင်ဘုရင်အား သုံးပန်လှမင်းသမီးဟာ စုန်းအတတ်နဲ့ လှပအောင် ဖန်ဆင်းစီရင်ထားတာဖြစ်ပြီး ကြောက်စရာ ရုပ်သဏ္ဍာန်ကတော့ တစ်နေ့ ၃ ကြိမ်ပေါ်လာတတ်ကြောင်း မကောင်းသတင်းတွေသာ လိမ်လည်ပြီး မဟုတ်မမှန်တင်လျှောက်စေခဲ့ပါတယ်တဲ့.. ရှင်ဘုရင် က ကြောက်လန့်ပြီး သုံးပန်လှကို ပြန်ပို့ဆောင်စေတော့ မင်းသမီးဟာ အပြန်လမ်းမယ် သူတစ်ကယ်အဲလောက် ရုပ်ဆိုးနေပြီလား သိချင်လို့ လက်သည်းနဲ့ရေထွက်အောင်တူးဆွ ရေကိုမှန်လိုပြန် ကြည့်တဲ့နေရာကို ယခု လက်သည်းဆိတ်ကန် လို့ခေါ်ပြီး… အရှက်ရ ရင်ကွဲနာကြ သေကာ မြုပ်နံတဲ့နေရာကို ကိုယ်ကြီးမြှုပ်ရွာ ဆိုပြီးယခုတိုင်ရှိနေပါတယ်…

 

ထိုနေရာဟာ ဒေသခံတွေ အဆိုအရ အင်မတန် နတ်ကြီးပြီး ကုန်းချော ကုန်းတိုက်တဲ့ စကားတွေပြောမရဘူးတဲ့ …နှစ်စဉ် ဝါဆိုလပြည့်နေ့မှာ သခင်မပွဲတော် ဆိုပြီး ကျင်းပတဲ့ဓလေ့ရှိပါတယ်။

 

နောက် မထင်ရှားတဲ့ Version တစ်ခုကတော့ သုံးပန်လှနတ်ဟာ ရှင်မအောင်ဖြူ(ဖျာလိပ်နတ်) ရဲ့ ယောင်းမ ဖြစ်ပြီး လင်ကြောင်းသားကြောင်းပြောရင် မကြိုက်တဲ့ အပျ်ိုကြီးနတ်ပါ… ထားပါလေ ပြောရင်ရှည်တော့မယ်..

 

အခု ၃၇မင်း စာရင်းဝင် သုံးပန်လှ အကြောင်းပြောကြပါစို့ဗျ ….

 

🔹”သုံးပန်လှ”

 

သုံးပန်လှဟာ နာမည်ကြီး အိမ်တွင်းမောင်နှမ ဦးတင့်တယ် နှင့် မမြတ်လှ တို့ ညီမ, တကောင်း အဆက်ပါ…

 

ဦးတင့်တယ်ကို တကောင်းဘုရင်က ဖမ်းလိုက်ကတည်းက ဆွေမျိုးတွေဟာ ရခိုင်ဖက်ထွက်ပြေးတိမ်းရှောင်ရင်း သူမကို ရခိုင်ဘုရင်က မွေးစားပြီး, တစ်နေ့ ဥက္ကလာပမင်း သမိန်ထောသို့ ဆက်ကာ မိဖုရားဖြစ်, သမီးရှင်နဲမိကို မွေးဖွားတယ်တဲ့..

 

တစ်နေ့တော့ တကောင်းမြို့မှာရှိတဲ့ ဆွေမျိုးတို့ကို တွေ့လိုပြီး ဥက္ကလာပမြို့ကနေ ဆန်တက်လာရာ အင်းဝမြို့အနောက်ဖက် တပယ်-ထောင့်ရစ်ရွာနယ် ရောက်လျှင် ရုတ်တရက်ဖျား၍ သေရာမှနတ်ဖြစ်၊ နှစ်နှစ်သမီးမျှ ရှိသော ရှင်နဲမိသည်လည်း မယ်တော်ကို လွမ်းဆွတ်သည်နှင့် တပယ်ထောင့်ရစ်ရွာနယ် တွင်ပင်သေ၍ နတ်ဖြစ်သည်လို့… နတ်ရာဇဝင်တွေမယ် ဖတ်ခဲ့ရတယ်…

 

ဒါ့ကြောင့် နတ်ဖြစ်ခဲ့တဲ့ ယခု မန်းလေးတံတားဦးနယ် “တပယ်ရွာ”မှာ နန်းရင်းရှိပြီး နှစ်စဉ် တပေါင်းလဆုတ်၉ အဝင်/ ၁၀ ပွဲတော်နေ့ အဖြစ် တစ်နယ်လုံး ဆိုင်ရာ ဆိုင်ရာတွေ အရောက်လာ ဦးတိုက်ကြတာ ကျနော် မြင်ခဲ့ရတယ်… တံတားဦးကနေ စပြီး ကားကြီးကားငယ်နဲ့ စည်ကားစွာလာနေကြတာ မြင်ခဲ့ရတယ်…

 

ကျနော့ ရွှေကြက်ယက်က မိတ်ဆွေမိသားစု ပြောစကားအရ ဟိုးအရင်ကဆို တပယ်ရွာကို လမ်းမပေါက်လို့ မန်းလေး-စစ်ကိုင်း (ငှက်လှေနှင့်), ထိုမှတဆင့် စစ်ကိုင်းအစေခံတပ်ဆိပ်မှ စက်လှေတစ်မျှော်တစ်ခေါ် ဧရာဝတီကိုစုန်ဆင်း, နောက်ပြီး လှေဆိပ်ကနေ နွားလှည်းတစ်တန်နှင့် နေကုန်အောင် တပယ်ရွှာကို လာခဲ့ရပုံ, အသိ အမျိုးအိမ်တွေမှာ စုပြုံညအိပ်, ရွာခံတွေက ချက်ပြုတ်ကြွေးမွေးကြ ဆိုတာတွေ ကြားရတာဟာ ခင်ဗျားတို့ရဲ့ယုံကြည်မှု သဒ္ဒါကြီးလိုက်တာလို့ ကျနော် ပြောလိုက်မိတယ်… ခုတော့ဖြင့် ထိုတပယ်ကို မန်းလေးကနေ ဖွတ်ရွှတ်ဒိုင်းဆို ရောက်လာတာပါပဲ…

 

တစ်ခုပဲ လာလမ်းမှာ စိတ်မကောင်းမိတာက၊ ကလေး လူကြီးအများစုဟာ ပုပ္ပါး-ဗျတ္တပန်းဆက်လမ်းမှာလို ပိုက်ဆံကျဲချပါဗျို့လို့ အော်ရင်း အန္တရာယ်ကြီးစွာ ကားရှေ့ပိတ်ရပ် ကားနောက်ဘေး ပြေးလိုက်ကာ တောင်းရမ်းသလို ဖြစ်နေကြတာဟာ … ကျနော့် စိတ်ထဲအင်မတန် စိတ်မကောင်းမိစေပါတယ်…

 

ရှေ့က နတ်ပွဲသွားကားတစ်စင်းဟာ ပိုက်ဆံတစ်ချို့ကျဲချ အန္တရာယ်မမြင်ပဲ ပြေးကောက်တဲ့ ကလေးတွေကို မြင်ရတာ တော်တော်စိုးရိမ်ခဲ့ရတယ်… သူ့အရပ်နဲ့ သူ့ဇာတ်တော့ ကိုက်နေကြတော့ … ဒါကို မကောင်းဘူးလို့ တွေးမိတဲ့ ကျနော်ပဲ မှားနေတာလား မသိပါဘူးလေ… (စကားအမှားပါတောင်းပန်ပါတယ်)

 

တပယ်ရွာရောက်တဲ့ အခါ ရွာလည်နန်းရင်းကို ဈေးတန်းနဲ့အတူ မြင်ခဲ့ရပါတယ်… နန်းရင်းဆိုပေမယ့် တပယ်ရွာလည်နန်းဟာ အရမ်းကြီး မကြီးမားပါဘူး… ဘိုးဘွားအစဉ်အဆက် နတ်ထိန်းမိသားစု ရှိပြီး ပူဇော်ပသမှုကို ဦးဆောင်လုပ်ကိုင်နေကြပါတယ်…

 

ပုံမှန်ဆိုရင် နတ်ကနားပွဲကို ဆိုင်းကနားဖြင့် နှစ်စဉ် စည်စည်ကားကားဆူဆူညံညံလုပ်ပေမယ့် ကိုဗစ်ရော ကိုစစ်ရောကြောင့်ဒီနှစ် တွေမယ် မလုပ်ရဲကြဘူးလို့ ဒေသခံတွေက ပြောကြတယ်…

 

ဒါပေမယ့် ဆိုင်ရာဆိုင်ရာယုံကြည်သူတွေကတော့ မနဲမနော လာလိုက်ကြတာ ကိုဗစ်ဆိုတာတောင်မရှိသလိုပါပဲ… သူတို့ပြောတာတော့ “အမေကြီးက စောင့်ရှောက်တယ်လေတဲ့”…

 

နတ်နန်းထဲမှာ စီးတော်ကျားပေါ်က အမေသုံးပန်လှနတ်ရုပ်ထု အလည်မှာရှိနေပြီး ဘေးမယ် သမီးတော်ရှင်နဲမိ လေးရုပ်ထုဟာ မိခင်နားလေးမယ် ကလေးလို ကပ်နေတဲ့ ချစ်စရာ ပုံစံလေးမြင်ခဲ့ရတယ်.

 

အမေသုံးပန်လှ ရုပ်ထုဟာ အသစ်မဟုတ်တာတော့ သေချာပြီး.. သွင်ပြင်လက္ခဏာကြည့်ပြီး ကျနော့အထင်တော့ ညောင်ရမ်းခေတ်လောက်ထဲက ရုပ်ထုလို့ ထင်မိတယ် (ကျနော့် ထင်မြင်ယူဆချက်ပါ အတည်ယူလို့မရပါဗျ) ၊ သမီးတော် ရှင်မိနဲရုပ်ထုကတော့ အသစ်ပါ၊ နန်းထဲမှာ အကိုတော် ဦးတင့်တယ်နှင့် မြင်းစီး/ဓါးထမ်းကိုယ်တော် (ကိုကြီးကျော်) ရုပ်ထု နှစ်ခု ခြံရံနေတာကိုတွေ့ခဲ့ရတယ်… နယ်နီးနယ်ဝေး ယုံကြည်သူတွေဟာ အုန်းသီးငှက်ပျောသီးအုန်းပွဲ ကိုယ်စီရွက်ပြီး ဦးတိုက်ပူဇော် ဆုတောင်း နေတာတွေ့ရတာ ကြက်သီးထစရာပါ…

 

အမေသုံးပန်လှရုပ်ထု ဟာ ကျားကိုစီးထားတာတွေ့ခဲ့ရတာလဲ ကျနော့ အတွက်တော့ ထူးဆန်းနေပါတယ်… ဘယ်သမိုင်းရာဇဝင်မှာမ ကျနော် မဖတ်မိဖူးလို့ပါ၊

 

ဒေသခံတွေ ပြောစကားအရ ရှေးတုန်းကဆိုရင် တပယ်နယ်ကို လာတဲ့အခါ ကျားအရုပ်/ ကျားပုံ ပါတဲ့ ပစ္စည်းမှန်သမျှ သယ်မလာ ယူမလာရပါဘူးတဲ့… ကျား ဆိုတဲ့ စကားလုံးတောင် မပြောရဲ မသုံးရဲကြပါဖူးတဲ့၊ ခိုက်တတ်တယ်လို့ အယူသည်းကြပါတယ်…

 

ပွဲတော် နေ့မှာ ကျားရေတိုက်ပွဲ လုပ်ကြရပြီး တစ်နယ်လုံးမယ် “ကျား … ကျား … ကျား..” လို့ အော်ပေးကြရတယ်တဲ့…

 

တစ်ရွာတစ်ပုဒ်ဆန်း တစ်ကျောင်းတစ်ဂါထာပေါ့လေလို့ ရေရွတ်ရင်း ….

 

စာရေးသူ credit – ကိုစိုးကျော်သူ (ဧည့်လမ်းညွှန်-ပုဂံ)

 

#သုံးပန်လှ_တပယ်ရွာ

သုံးပန္လွနတ္သမိုင္း

“တပယ္” ဆိုတဲ့ ႐ြာေလးက မႏၲေလးတိုင္း တံတားဦးၿမိဳ႕ အေနာက္ဖက္ ဧရာဝတီျမစ္ကမ္းနား မနီးမေဝး႐ြာကေလးပါ..

တံတားဦးကေန အခုဆိုရင္ တာလမ္းေကာင္းေကာင္းေပါက္ေနေတာ့ မိနစ္ ၃၀ ေပ်ာ့ေပ်ာ့ေလာက္ ကားေမာင္းရင္ လြယ္ကူစြာေရာက္ႏိုင္ေနပါၿပီ…

႐ြာကေလးက လယ္ယာစိုက္ပ်ိဳးေရး လုပ္႐ုံတင္မက ႏို႔စားႏြားေတြပါ ေမြးၿပီး အင္မတန္ေကာင္းမြန္တဲ့ႏြားႏို႔ေတြ ထြက္ေတာ့ စီးပြားေရး ေသာင္သာရွာတယ္.. ႐ြာထဲ အိမ္ႀကီးအိမ္ေကာင္းေတြႀကီးပါပဲ…

က်ေနာ္ ထို႐ြာကို ေ႐ႊၾကက္ယက္က မိတ္ေဆြမိသားစုႏွင့္ ႏွီးႏြယ္ၿပီး ေရာက္ဖူးခဲ့တာ အႀကိမ္မနည္းခဲ့…
ႏွစ္စဥ္ ေ႐ႊၾကက္ယက္မိတ္ေဆြမိသားစုက အေမႀကီးနန္းရင္း ႐ိုးရာဦးတိုက္ပြဲ ဆိုၿပီး ေျပာေန သြားေနတာ မၾကာမၾကာ ၾကားေနခဲ့ရေပမယ့္ … စိတ္ထဲမယ္ ေအာ္ … နယ္ပိုင္နတ္တစ္ပါးပဲ ျဖစ္မွာပါ ဆိုတာထက္ က်ေနာ္ ပိုမေတြးမိခဲ့…

ဒီႏွစ္ အေၾကာင္းတိုက္ဆိုင္လို႔ သိခဲ့ရတာ အေမႀကီးနတ္ပြဲဆိုတာ “သုံးပန္လွ နန္းရင္းဦးတိုက္ပြဲ” ဆိုတာ သိခဲ့ရေတာ့ အံ့အားသင့္ခဲ့ရပါတယ္ …

ဘယ့္ႏွယ့္ ၃၇မင္းစာရင္းဝင္ နာမည္ႀကီး သုံးပန္လွဟာ ဒီ မထင္မရွားရွိရွာတဲ့ တပယ္႐ြာေလးမယ္ နန္းရင္းရွိေနရတာလဲေပါ့… ဒါနဲ႔ စိတ္ဝင္စားမိၿပီး လိုက္ျဖစ္ေအာင္ လိုက္သြားမိတယ္…

မေန႔ က တေပါင္းလဆုတ္ ၉ရက္ အဝင္/ ဒီေန႔ ၁၀ ရက္ ပြဲရက္ဟာ အေမသုံးပန္လွရဲ႕ နန္းရင္း ဦးတိုက္ပြဲပါ…

🔹”သုံးပန္လွ”

သုံးပန္လွဟာ ေခတ္အဆက္ဆက္ ၃၇မင္း စာရင္းဝင္ နတ္တစ္ပါးပါ၊ ၃၇ မင္း နတ္စာရင္း အေၾကာင္းကို က်ေနာ္ ခဏခဏ ႀကဳံသလို ေရးခဲ့ဖူးပါတယ္ဗ်၊ ပိုသိခ်င္သူမ်ား က်ေနာ္ Link ေအာက္မယ္ ျပန္ေဖာ္ျပေပးပါ့မယ္။

ေနာက္တစ္ခုက သုံးပန္လွ လို႔ ေျပာလိုက္တာနဲ႔ လူေတာ္ေတာ္မ်ားမ်ား ဟာ ေနာက္ထပ္ ျပည္သေရေခတၱရာဖက္​က အျခားနတ္တစ္ပါးနဲ႔ အၿမဲေရာေထြးတတ္ပါတယ္…

◾️”ျပည္/သေရေခတၱရာနယ္ လက္သည္းဆိတ္ကန္ေက်ာင္းမွ သုံးပန္လွ”

သူမဟာ ဒဏၰာရီအျဖစ္ထိုနယ္မွာ ေျပာေနၾကၿပီး သူ႔နန္းေပၚလာတာ မၾကာေသးတဲ့ ႏွစ္အနဲငယ္ကမွပါ …

သူမကို ရွင္ေစာျဖဴ ထိပ္ထားလို႔လည္း ေခၚခဲ့ၾကပါတယ္တဲ့.. သုံးပန္လွလို႔ အမည္တြင္ရတဲ့အေၾကာင္းက သူမဟာ ေနထြက္စမွာ ေ႐ႊအဆင္းရွိသလို, မြန္းတည့္ခ်ိန္မွာ ပြင့္လန္းေနတဲ့ ပန္းကေလးရဲ႕အလွမ်ိဳးရွိကာ, ဆည္းဆာအခ်ိန္မွာေတာ့ ကိုယ္ေယာင္ကိုယ္ဝါထြန္းလင္းေနသေယာင္ ထင္မွတ္မွားရတဲ့အထိ ျဖစ္ရတာေၾကာင့္ ပုံစံသုံးမ်ိဳးနဲ႔ လွတဲ့ သုံးပန္လွမင္းသမီးေလးရယ္လို႔ အမည္တြင္ရတာလိို႔ က်ေနာ္ ဖတ္ဖူးခဲ့တယ္…

ဒဏၰာရီမွာ သူမဟာ သေရေခတၱရာရဲ႕ အနီးအပါးတိုင္းျပည္ငယ္ ျဖစ္ခဲ့တဲ့ ေတာင္ညိဳဘုရင္ရဲ႕ ႏွမေတာ္ ျဖစ္ၿပီး သေရေခတၱရာနဲ႔ ႏွစ္ျပည္ေထာင္ ခ်စ္ၾကည္ေရးအတြက္ ေတာင္ညိဳဘုရင္ဟာ သူ႔ရဲ႕ႏွမေတာ္ ရွင္ေစာျဖဴထိပ္ထားေလးကို ဒြတၱေပါင္မင္းဆီဆက္သခဲ့ပါတယ္၊

ဒါေပမဲ့ ဒြတၱေပါင္မင္းရဲ႕ အခ်ိဳ႕ေသာမိဖုရားေတြဟာ သုံးပန္လွမင္းသမီးေလးရဲ႕အလွကို မနာလိုၿပီး ရွင္ဘုရင္အား သုံးပန္လွမင္းသမီးဟာ စုန္းအတတ္နဲ႔ လွပေအာင္ ဖန္ဆင္းစီရင္ထားတာျဖစ္ၿပီး ေၾကာက္စရာ ႐ုပ္သ႑ာန္ကေတာ့ တစ္ေန႔ ၃ ႀကိမ္ေပၚလာတတ္ေၾကာင္း မေကာင္းသတင္းေတြသာ လိမ္လည္ၿပီး မဟုတ္မမွန္တင္ေလွ်ာက္ေစခဲ့ပါတယ္တဲ့.. ရွင္ဘုရင္ က ေၾကာက္လန႔္ၿပီး သုံးပန္လွကို ျပန္ပို႔ေဆာင္ေစေတာ့ မင္းသမီးဟာ အျပန္လမ္းမယ္ သူတစ္ကယ္အဲေလာက္ ႐ုပ္ဆိုးေနၿပီလား သိခ်င္လို႔ လက္သည္းနဲ႔ေရထြက္ေအာင္တူးဆြ ေရကိုမွန္လိုျပန္ ၾကည့္တဲ့ေနရာကို ယခု လက္သည္းဆိတ္ကန္ လို႔ေခၚၿပီး… အရွက္ရ ရင္ကြဲနာၾက ေသကာ ျမဳပ္နံတဲ့ေနရာကို ကိုယ္ႀကီးျမႇဳပ္႐ြာ ဆိုၿပီးယခုတိုင္ရွိေနပါတယ္…

ထိုေနရာဟာ ေဒသခံေတြ အဆိုအရ အင္မတန္ နတ္ႀကီးၿပီး ကုန္းေခ်ာ ကုန္းတိုက္တဲ့ စကားေတြေျပာမရဘူးတဲ့ …ႏွစ္စဥ္ ဝါဆိုလျပည့္ေန႔မွာ သခင္မပြဲေတာ္ ဆိုၿပီး က်င္းပတဲ့ဓေလ့ရွိပါတယ္။

ေနာက္ မထင္ရွားတဲ့ Version တစ္ခုကေတာ့ သုံးပန္လွနတ္ဟာ ရွင္မေအာင္ျဖဴ(ဖ်ာလိပ္နတ္) ရဲ႕ ေယာင္းမ ျဖစ္ၿပီး လင္ေၾကာင္းသားေၾကာင္းေျပာရင္ မႀကိဳက္တဲ့ အပ်္ိုႀကီးနတ္ပါ… ထားပါေလ ေျပာရင္ရွည္ေတာ့မယ္..

အခု ၃၇မင္း စာရင္းဝင္ သုံးပန္လွ အေၾကာင္းေျပာၾကပါစို႔ဗ် ….

🔹”သုံးပန္လွ”

သုံးပန္လွဟာ နာမည္ႀကီး အိမ္တြင္းေမာင္ႏွမ ဦးတင့္တယ္ ႏွင့္ မျမတ္လွ တို႔ ညီမ, တေကာင္း အဆက္ပါ…

ဦးတင့္တယ္ကို တေကာင္းဘုရင္က ဖမ္းလိုက္ကတည္းက ေဆြမ်ိဳးေတြဟာ ရခိုင္ဖက္ထြက္ေျပးတိမ္းေရွာင္ရင္း သူမကို ရခိုင္ဘုရင္က ေမြးစားၿပီး, တစ္ေန႔ ဥကၠလာပမင္း သမိန္ေထာသို႔ ဆက္ကာ မိဖုရားျဖစ္, သမီးရွင္နဲမိကို ေမြးဖြားတယ္တဲ့..

တစ္ေန႔ေတာ့ တေကာင္းၿမိဳ႕မွာရွိတဲ့ ေဆြမ်ိဳးတို႔ကို ေတြ႕လိုၿပီး ဥကၠလာပၿမိဳ႕ကေန ဆန္တက္လာရာ အင္းဝၿမိဳ႕အေနာက္ဖက္ တပယ္-ေထာင့္ရစ္႐ြာနယ္ ေရာက္လွ်င္ ႐ုတ္တရက္ဖ်ား၍ ေသရာမွနတ္ျဖစ္၊ ႏွစ္ႏွစ္သမီးမွ် ရွိေသာ ရွင္နဲမိသည္လည္း မယ္ေတာ္ကို လြမ္းဆြတ္သည္ႏွင့္ တပယ္ေထာင့္ရစ္႐ြာနယ္ တြင္ပင္ေသ၍ နတ္ျဖစ္သည္လို႔… နတ္ရာဇဝင္ေတြမယ္ ဖတ္ခဲ့ရတယ္…

ဒါ့ေၾကာင့္ နတ္ျဖစ္ခဲ့တဲ့ ယခု မန္းေလးတံတားဦးနယ္ “တပယ္႐ြာ”မွာ နန္းရင္းရွိၿပီး ႏွစ္စဥ္ တေပါင္းလဆုတ္၉ အဝင္/ ၁၀ ပြဲေတာ္ေန႔ အျဖစ္ တစ္နယ္လုံး ဆိုင္ရာ ဆိုင္ရာေတြ အေရာက္လာ ဦးတိုက္ၾကတာ က်ေနာ္ ျမင္ခဲ့ရတယ္… တံတားဦးကေန စၿပီး ကားႀကီးကားငယ္နဲ႔ စည္ကားစြာလာေနၾကတာ ျမင္ခဲ့ရတယ္…

က်ေနာ့ ေ႐ႊၾကက္ယက္က မိတ္ေဆြမိသားစု ေျပာစကားအရ ဟိုးအရင္ကဆို တပယ္႐ြာကို လမ္းမေပါက္လို႔ မန္းေလး-စစ္ကိုင္း (ငွက္ေလွႏွင့္), ထိုမွတဆင့္ စစ္ကိုင္းအေစခံတပ္ဆိပ္မွ စက္ေလွတစ္ေမွ်ာ္တစ္ေခၚ ဧရာဝတီကိုစုန္ဆင္း, ေနာက္ၿပီး ေလွဆိပ္ကေန ႏြားလွည္းတစ္တန္ႏွင့္ ေနကုန္ေအာင္ တပယ္႐ႊာကို လာခဲ့ရပုံ, အသိ အမ်ိဳးအိမ္ေတြမွာ စုၿပဳံညအိပ္, ႐ြာခံေတြက ခ်က္ျပဳတ္ေႂကြးေမြးၾက ဆိုတာေတြ ၾကားရတာဟာ ခင္ဗ်ားတို႔ရဲ႕ယုံၾကည္မႈ သဒၵါႀကီးလိုက္တာလို႔ က်ေနာ္ ေျပာလိုက္မိတယ္… ခုေတာ့ျဖင့္ ထိုတပယ္ကို မန္းေလးကေန ဖြတ္႐ႊတ္ဒိုင္းဆို ေရာက္လာတာပါပဲ…

တစ္ခုပဲ လာလမ္းမွာ စိတ္မေကာင္းမိတာက၊ ကေလး လူႀကီးအမ်ားစုဟာ ပုပၸါး-ဗ်တၱပန္းဆက္လမ္းမွာလို ပိုက္ဆံက်ဲခ်ပါဗ်ိဳ႕လို႔ ေအာ္ရင္း အႏၲရာယ္ႀကီးစြာ ကားေရွ႕ပိတ္ရပ္ ကားေနာက္ေဘး ေျပးလိုက္ကာ ေတာင္းရမ္းသလို ျဖစ္ေနၾကတာဟာ … က်ေနာ့္ စိတ္ထဲအင္မတန္ စိတ္မေကာင္းမိေစပါတယ္…

ေရွ႕က နတ္ပြဲသြားကားတစ္စင္းဟာ ပိုက္ဆံတစ္ခ်ိဳ႕က်ဲခ် အႏၲရာယ္မျမင္ပဲ ေျပးေကာက္တဲ့ ကေလးေတြကို ျမင္ရတာ ေတာ္ေတာ္စိုးရိမ္ခဲ့ရတယ္… သူ႔အရပ္နဲ႔ သူ႔ဇာတ္ေတာ့ ကိုက္ေနၾကေတာ့ … ဒါကို မေကာင္းဘူးလို႔ ေတြးမိတဲ့ က်ေနာ္ပဲ မွားေနတာလား မသိပါဘူးေလ… (စကားအမွားပါေတာင္းပန္ပါတယ္)

တပယ္႐ြာေရာက္တဲ့ အခါ ႐ြာလည္နန္းရင္းကို ေဈးတန္းနဲ႔အတူ ျမင္ခဲ့ရပါတယ္… နန္းရင္းဆိုေပမယ့္ တပယ္႐ြာလည္နန္းဟာ အရမ္းႀကီး မႀကီးမားပါဘူး… ဘိုးဘြားအစဥ္အဆက္ နတ္ထိန္းမိသားစု ရွိၿပီး ပူေဇာ္ပသမႈကို ဦးေဆာင္လုပ္ကိုင္ေနၾကပါတယ္…

ပုံမွန္ဆိုရင္ နတ္ကနားပြဲကို ဆိုင္းကနားျဖင့္ ႏွစ္စဥ္ စည္စည္ကားကားဆူဆူညံညံလုပ္ေပမယ့္ ကိုဗစ္ေရာ ကိုစစ္ေရာေၾကာင့္ဒီႏွစ္ ေတြမယ္ မလုပ္ရဲၾကဘူးလို႔ ေဒသခံေတြက ေျပာၾကတယ္…

ဒါေပမယ့္ ဆိုင္ရာဆိုင္ရာယုံၾကည္သူေတြကေတာ့ မနဲမေနာ လာလိုက္ၾကတာ ကိုဗစ္ဆိုတာေတာင္မရွိသလိုပါပဲ… သူတို႔ေျပာတာေတာ့ “အေမႀကီးက ေစာင့္ေရွာက္တယ္ေလတဲ့”…

နတ္နန္းထဲမွာ စီးေတာ္က်ားေပၚက အေမသုံးပန္လွနတ္႐ုပ္ထု အလည္မွာရွိေနၿပီး ေဘးမယ္ သမီးေတာ္ရွင္နဲမိ ေလး႐ုပ္ထုဟာ မိခင္နားေလးမယ္ ကေလးလို ကပ္ေနတဲ့ ခ်စ္စရာ ပုံစံေလးျမင္ခဲ့ရတယ္.

အေမသုံးပန္လွ ႐ုပ္ထုဟာ အသစ္မဟုတ္တာေတာ့ ေသခ်ာၿပီး.. သြင္ျပင္လကၡဏာၾကည့္ၿပီး က်ေနာ့အထင္ေတာ့ ေညာင္ရမ္းေခတ္ေလာက္ထဲက ႐ုပ္ထုလို႔ ထင္မိတယ္ (က်ေနာ့္ ထင္ျမင္ယူဆခ်က္ပါ အတည္ယူလို႔မရပါဗ်) ၊ သမီးေတာ္ ရွင္မိနဲ႐ုပ္ထုကေတာ့ အသစ္ပါ၊ နန္းထဲမွာ အကိုေတာ္ ဦးတင့္တယ္ႏွင့္ ျမင္းစီး/ဓါးထမ္းကိုယ္ေတာ္ (ကိုႀကီးေက်ာ္) ႐ုပ္ထု ႏွစ္ခု ၿခံရံေနတာကိုေတြ႕ခဲ့ရတယ္… နယ္နီးနယ္ေဝး ယုံၾကည္သူေတြဟာ အုန္းသီးငွက္ေပ်ာသီးအုန္းပြဲ ကိုယ္စီ႐ြက္ၿပီး ဦးတိုက္ပူေဇာ္ ဆုေတာင္း ေနတာေတြ႕ရတာ ၾကက္သီးထစရာပါ…

အေမသုံးပန္လွ႐ုပ္ထု ဟာ က်ားကိုစီးထားတာေတြ႕ခဲ့ရတာလဲ က်ေနာ့ အတြက္ေတာ့ ထူးဆန္းေနပါတယ္… ဘယ္သမိုင္းရာဇဝင္မွာမ က်ေနာ္ မဖတ္မိဖူးလို႔ပါ၊

ေဒသခံေတြ ေျပာစကားအရ ေရွးတုန္းကဆိုရင္ တပယ္နယ္ကို လာတဲ့အခါ က်ားအ႐ုပ္/ က်ားပုံ ပါတဲ့ ပစၥည္းမွန္သမွ် သယ္မလာ ယူမလာရပါဘူးတဲ့… က်ား ဆိုတဲ့ စကားလုံးေတာင္ မေျပာရဲ မသုံးရဲၾကပါဖူးတဲ့၊ ခိုက္တတ္တယ္လို႔ အယူသည္းၾကပါတယ္…

ပြဲေတာ္ ေန႔မွာ က်ားေရတိုက္ပြဲ လုပ္ၾကရၿပီး တစ္နယ္လုံးမယ္ “က်ား … က်ား … က်ား..” လို႔ ေအာ္ေပးၾကရတယ္တဲ့…

တစ္႐ြာတစ္ပုဒ္ဆန္း တစ္ေက်ာင္းတစ္ဂါထာေပါ့ေလလို႔ ေရ႐ြတ္ရင္း ….

စာေရးသူ credit – ကိုစိုးေက်ာ္သူ (ဧည့္လမ္းၫႊန္-ပုဂံ)

#သုံးပန္လွ_တပယ္႐ြာ