” သူငယ်ချင်းတစ္ဆေ ”(စ/ဆုံး)

Unicode Version

” သူငယ်ချင်းတစ္ဆေ ”(စ/ဆုံး)
————————-
သော်တာဆွေ

“လူတွေဟာ အယူသီးတတ်ကြတယ်ကွ ”
ဆိပ်ကမ်းညစောင့် အလုပ်သမားကြီးသည် သူတစ်ယောက်တည်း စကားပြောစရာ လူမရှိ၍ တစ်နေရာရာမှ ရောက်လာသော သူ့ခြေထောက်အကြား ဘောင်းဘီစကို ကိုယ်နှင့် ပွတ်တိုက်နေသော မျက်စိတစ်ဖက်လပ် ကြောင်နက်ကြီး တစ်ကောင်အား အရေးတယူ ပြောဆိုနေလေသည်
“အထူးသဖြင့် … မင်းတို့လို ကြောင်နက်တွေကို တချို့လူတွေက အမင်္ဂလာ ကောင်လို့ ယူဆကြတယ်ကွ၊ သူတို့ စားသောက်မယ်လို့ ပြင်ဆင်ထားတဲ့ အစာအာဟာရတွေများ ကြောင်နက်တစ်ကောင်က အမှတ်မဲ့ ရောက်လာပြီး အလစ် ဝင်စားလိုက်မယ် ဆိုရင် မကောင်းဆိုးရွား ဝင်နှောက်ပြီရယ်လို့ အားလုံး သွန်ပစ်ကြရော… သူတို့ ကံဆိုးမိုးမှောင်ကျပြီလို့လည်း ယူဆကြရော၊ ငါ ကျွဲခေါင်းအရက်ဆိုင် သွားတုန်းက ကြားဖူးခဲ့တာဖြင့် ‘လူတစ်ယောက်ဟာ အဲလို ကိုယ့်ဆီလာပြီး ဂြိုဟ်ဆိုးဝင်တဲ့ ကြောင်နက် တစ်ကောင်ကို သတ်လိုက်မိတာနဲ့ သူ့တစ်သက်တာမှာ .အဲဒီ ကြောင်နက်တစ္ဆေက အမြဲ လိုက်ခြောက်နေတော့တာပဲ’ တဲ့။ စင်စစ်တော့ အဲဒီလူဟာ သူ့စိတ်နဲ့သူ ဥပါဒါန် ဖြစ်နေတာပါပဲ”
လို့ ပြောရင်း သူသည် ကြောင်ကြီး၏ လည်ပင်း၊ နားရွက်နောက်နားလေးကို ပွတ်သပ်ပေးကာ
“ဒီလို အယူသီးပြီး ကြောက်တတ်တဲ့ လူမျိုးတွေဟာ ငါတို့လို ညကြီးမင်းကြီး တစ်ယောက်တည်း ကိုယ့်တာဝန် ထမ်းဆောင်ရတဲ့ ညစောင့် အလုပ်သမားမျိုး ဘယ်ဖြစ်နိုင်ပါ့မလဲနော်၊ ကဲ.. အခုပဲ မင်း ငါ့ဆီလာနေတော့ မင်းကို ငါ မကောင်းဆိုးဝါးလို့ ယူဆရင် မခက်ပါလားကွာ၊ တကယ်တော့ အယူသီးမှုဟာ စိတ်သဘောထား သေးသိမ်နုနယ်ခြင်းပါပဲ”
ဟု ပြောပြီး သူသည် ထိုင်ရာမှထ၍ ဆိပ်ကမ်းတံတားပေါ်မှာ လမ်းအနည်းငယ် လျှောက်ရင်း သူ့ဆေးတံကို ဆေးထည့်သည်။ ထိုစဉ် ကြောင်ကြီးက တခြားမသွားသေးဘဲ သူ့ခြေကြား ကပ်ပါလာသည်၌ နေရာ သူပြန်ထိုင်၍ ဆေးတံကို မီးညှိကာ ဖွာလိုက်ပြီး ကြောင်ကြီးအား ..
“မင်း တခြားမသွားသေးဘူးဆိုရင် ငါ ပြောချင်ပါသေးတယ်၊ အယူသီးမှုဟာ ကောင်းတာလည်းရှိ၊ မကောင်းတာလည်း ရှိသကွ၊ ငါ့မိတ်ဆွေ တစ်ယောက်အကြောင်း ပြောပြမယ်၊ သူ့နာမည်က ဘီလ်ဘာတင်ရှော တဲ့”

အဲ.. ဘာတင်ရှောရဲ့ အမေကိုယ်တိုင်ကလည်း ဘယ်လောက် အယူသီးသလဲ ဆိုရင် လူတွေဟာ သေရင် တစ္ဆေဖြစ်တယ်အဲဒီတစ္ဆေဟာ သူ ခင်မင်တဲ့ အိမ်ကို လာပြီး နှုတ်ဆက်တတ်တယ်၊ ဒါကြောင့် သူ့ဆွေမျိုး မိတ်ဆွေထဲက သေပြီဆိုရင် သူ့အိမ်လာလာပြီး တံခါးခေါက်ကြသတဲ့။ ညအချိန်မှာ သူ့အိမ်နံရံကို သုံးချက်ခေါက်သံ ကြားရရင်ဖြင့် သူခင်မင်တဲ့လူထဲက တစ်ယောက်ယောက် သေပြီဆိုတာ မုချပဲတဲ့။ အဲ တစ်ခါလည်း ညလင်းအားကြီး သုံးနာရီလောက်မှာ နံရံကို တဒေါက်ဒေါက် ခေါက်နေတာ သုံးခါမကဘူး။

ထူးခြားပါတယ်ဆိုပြီး ထပြီး မီးဖွင့်ပြီး..
“ဟဲ့.. ဘယ်သူလဲဘယ်ဝါလဲ၊ ကောင်းရာ သုဂတိ သွားပေရော့ဆိုတော့ တစ်ဖက်ခန်းကလူက “ကျွန်တော့် ဓာတ်ပုံချိတ်ဖို့ သံရိုက်နေတာပါဗျ” လို့ ပြန်ပြောသတဲ့၊ ဟား ဟား..”

အဲဒီမိခင်ရဲ့ သား ဘီလ်ဘာတင်ရှောဟာ အချိန်အရွယ်ရောက် လူလားမြောက်တဲ့ အခါမှာ သင်္ဘောသားအလုပ်နဲ့ … ပင်လယ်ခရီးမှာ ပါသွားလေတော့ အယူသီးမှုမှာ ပိုမိုဆိုးရွားသတဲ့။ ဒီအဖြစ်ရောက်သွားတာက ဆိုက်လတ်စ်ဝင့်ချ် ဆိုတဲ့ အခြား သင်္ဘောသားတစ်ယောက်နဲ့ ပေါင်းသင်းမိခြင်းပဲကွ။ ဆိုက်လတ်စ်ဟာ မျက်နှာရှည်ရှည်မျက်လုံးပြူးပြူးပါးစပ်ပြဲပြဲနဲ့ သူ့ ပုံသဏ္ဌာန်ကိုကလည်း သရဲခြောက်နေတာနဲ့ တူတယ်။ သရဲတစ္ဆေ အကြောင်းတွေလည်း အင်မတန် ပြောတတ်တယ်။ သူကလည်း အပြောကောင်းတော့ သူ့စကား နားထောင်မိပြီဆိုရင် အဖော်သင်္ဘောသားတွေဟာ ညအချိန်မှာဆိုရင် တစ်ယောက်တည်း မနေဝံ့တော့ဘူး။
ဆိုက်လတ်စ်ဟာ သရဲတစ္ဆေကိုလည်း မြင်တတ်တယ်၊ တွေ့တတ်တယ်တဲ့။ တစ်ခါဟာဖြင့် သင်္ဘောသားကြီး ဘင်းဟတ်ဂင်ရဲ့ အိပ်ရာပေါ်မှာ လည်ပင်းပြတ်နေတဲ့ တစ္ဆေကြီး လဲလျောင်းနေတာ သူ မြင်နေရတယ်ဆိုတာနဲ့ ဘင်းဟတ်ဂင်ဟာ သူ့အိပ်ရာပေါ် သူ တက်မအိပ်ဝံ့တော့ဘူး။ ကြမ်းပြင်ပေါ်မှာချည်း အိပ်နေရတာ တစ်ပတ်လောက် ကြာတော့ မတတ်နိုင်တော့ဘူး၊ ဆိုက်လတ်စ်ကို ဒေါ်လာဝက်ပေးပြီး အိပ်ရာချင်း လဲအိပ်ရသတဲ့ကွာ၊ ဟား.. ဟား.. ဆိုက်လတ်စ်ဆိုတဲ့ ကောင်က အဲဒီလို လူစား။

ငါ့မိတ်ဆွေ ဘီလ်ဘာတင်ရှောဟာ အဲဒီ ဆိုက်လတ်စ်နဲ့ သူငယ်ချင်းအဖြစ် ပေါင်းသင်းလာခဲ့တာ သူ အိမ်ထောင်ကျပြီး၊ သင်္ဘောသားအလုပ်က ထွက်တော့မှပဲ လူချင်း ကွဲသွားတော့တယ်၊ ဒါပေမဲ့ သူ ဆိုက်လတ်စ်ကို မေ့မရ၊ အမြဲတမ်း စိတ်ထဲတထင့်ထင့်နဲ့ စိုးရိမ်နေရတဲ့ အဖြစ်ကို ဖန်တီးမိခဲ့တယ်။ ဘာလဲဆိုရင် တစ်ညနေ မူးမူးရူးရူးနဲ့ သူတို့နှစ်ယောက်ဟာ အချစ်ဆုံးသူငယ်ချင်း ဖြစ်တဲ့အတွက် နောင် လူချင်းကွဲသွားလို့ ရှိတောင်မှ တစ်ယောက်သေရင် တစ်ယောက်ဆီလာပြီး ကိုယ်ထင်ပြစတမ်းလို့ လက်မောင်းသွေးဖောက် အရက်ထဲ ထည့်သောက်ပြီး ကတိသစ္စာ ပြုခဲ့ကြသတဲ့ကွ။

ဒါကြောင့် ဘီလ်ဘာတင်ရှောစိတ်ထဲမှာ ဝင့်ချ်သေရင် တစ္ဆေဖြစ်ပြီး သူ့ဆီ ဘယ်နေ့ရောက်လာမလဲ စိတ်ထဲတထင့်ထင့်၊ ဆိုက်လတ်စ်ဝင့်ချ်ရဲ့ တစ္ဆေ အခြောက် မခံရအောင် ဆိုလည်း သူက အရင်သေပြီး ဆိုက်လတ်စ်ဆီ သွားခြောက်ပါမှ၊ မူးမူးရူးရူးနဲ့ ထားခဲ့ကြတဲ့ ကတိသစ္စာဟာ ဘီလ်အတွက် ဘယ်လိုမှ မသက်သာဘူး၊ ဒါကြောင့် သူ အရက်ကိုပဲ ဖိသောက်တော့တယ်။
သူ သောက်နိုင်လောက်အောင်ကလည်း သင်္ဘောသားအလုပ်က ထွက်လာပြီးနောက် ရတဲ့ အလုပ်ဝင်ငွေက တစ်ပတ်ကို နှစ်ပေါင်ဆိုတော့ မနည်းဘူး။ နို့ပြီး သားသမီးကလည်း မထွန်းကားတော့ လင်ကိုယ်မယား နှစ်ယောက်တည်းပဲ။ ဘီလ်မိန်းမ အေမီဟာ ရိုးသားပြီး သဘောကောင်းပါတယ်။ ဘီလ်လည်းပဲ.. အရက်မမူးခင်ဖြင့် မခုတ်တတ်တဲ့ ကြောင်လိုပဲ၊ သူ့မယားအပေါ်မှာ အင်မတန် သဘောကောင်းပါတယ်။ ရလာတဲ့ငွေကို အကုန်အပ်ပါတယ်။ အဲ.. မူးပြီဆိုရင်တော့ မယားကို ရိုက်လားပုတ်လား လုပ်တတ်တယ်။ သူပေးထားတဲ့ငွေကို ပြန်တောင်းတတ်တယ်။
လောကဓမ္မတာပဲ .. ဆိုရမယ်။ .. အရက်သမားတို့ ထုံးစံဟာ လူကြီးလာလေ … ဘီလ်ဟာ ကြာလာလေ … အရက်ပိုသောက်လေနဲ့ နောက်ဆုံးမှာ ဘယ်လောက်ဆိုးလာသလဲဆိုရင် သူတို့ မင်္ဂလာဦးတုန်းက ဝယ်ထားတဲ့ အိမ်ထောင် ပရိဘောဂတွေကိုပါ ရောင်းပြီး သောက်ပစ်တယ်။ အဲဒီနောက်တော့ သူတို့ဧည့်ခန်းမှာ စားပွဲကုလားထိုင်မှ မရှိတော့ သူ ဒီအိမ်မှာ နေချင်စရာ ကောင်းလောက်အောင် မသာယာတော့ဘူး ဆိုပြီး အခြားသွား သောက်စားနေရာက အိမ်ကို အချိန်မတော် သန်းခေါင်ကျော်မှ ပြန်လာလေ့ ရှိတော့တယ်။

အဲဒီလို ဘီလ်ဟာ အဆိုးသွမ်းဆုံး ဖြစ်နေတဲ့ အချိန်မှာ တစ်နေ့သ၌တော့ ဆိုက်လတ်စ်ဝင့်ချ်ဟာ ဘီလ်အိမ်ကို မေးစမ်းပြီး ရောက်လာတယ်။ စနေနေ့ မွန်းလွဲပိုင်း ဖြစ်လေတော့ ဘီလ် အိမ်မှာမရှိဘူး။ ဘီလ်မိန်းမကို သူဘယ်သူဖြစ်ကြောင်း ပြောပြတော့ အေမီဟာ သူ့လင် မကြာခဏ ပြောဖူးတဲ့အတိုင်း ဆိုက်လတ်စ်ဝင့်ချ်ဆိုတာ သိနေတော့ ဧည့်ခန်းထဲကို နောက်ဖေးက ကုလားထိုင်ဟောင်းတစ်လုံး ယူလာပြီးတော့ ထိုင်စေတယ်။

ဆိုက်လတ်စ်ဟာ ဧည့်ခန်းထဲမှာ ဘာစားပွဲ ကုလားထိုင်မှ မရှိတာ ကြည့်ပြီး…
“ဟေ့… မင်းတို့လင်မယားက ဧည့်ခန်းထဲမှာ ဒီလိုပဲ ရှင်းရှင်းလင်းလင်း နေတတ်သလား”
ဆိုတော့ အေမီက သူ့လင်ရဲ့ လုပ်ပုံကိုင်ပုံ ဖြစ်ကြောင်းကုန်စင်ကို ပြောပြတယ်။ ဒီတော့ ဆိုက်လတ်စ်ရဲ့ မျက်နှာကြီးဟာ ပိုရှည်သွားတယ် ထင်ရပြီး..
“ဟင်း.. ဘီလ်ဟာ ဒီလောက်တောင် ဆိုးနေသလားကွာ၊ ဒီကောင်တော့ ငါ တွေ့ဦးမှပဲသူ ဘယ်အချိန် ပြန်လာတတ်သလဲ ”
ဆိုတော့ အေမီက ..
“သူ ပြန်လာမှာကတော့ သန်းခေါင်ကျော်မှပါပဲ ဒါပေမဲ့ ရှင် အဲဒီအချိန်မှာ သူနဲ့တွေ့လို့ မဖြစ်ဘူး ထင်တယ်ဘာကြောင့်လဲဆို သူက မူးရူးလာမှာမို့ ရှင်တို့ချင်း ကတိသစ္စာထားကြတာ သူကျွန်မကို အကုန် ပြောပြထားပါတယ်၊ တစ်ယောက်သေရင် တစ်ယောက်ဆီလာပြီး ကိုယ်ထင်ပြမယ်ဆိုထားတော့ သူက ရှင့်ကိုမြင်ရင် ဧကန္တ တစ္ဆေလာပြီး ခြောက်တယ် ထင်တော့မှာပဲ ”

အဲဒီအခါမှာ ဆိုက်လတ်စ်ဟာ သူ့ခေါင်းကို ကုတ်ရင်း ခေတ္တ စဉ်းစားပြီး..
“သူက ငါ့ကို တစ္ဆေထင်မယ် အေး.. ဒီလိုဆိုရင် ဟုတ်ပြီ၊ ငါက တစ္ဆေယောင် ဆောင်ပြီး သူ့ကို နောက်ထပ် အရက်မသောက်ဖို့ စကားပြောမယ်အဲဒီလိုဆိုရင် မင်းအဖို့ရော သူ့အဖို့ရော ကောင်းသွားမယ်”
အေမီဟာ ဆိုက်လတ်စ်စကားကို ရုတ်တရက် နားမလည်သေးဘူး။ နောက်ထပ် ဆိုက်လတ်စ်က ရှင်းပြတော့မှ သဘောပေါက်သွားပြီး သူတို့နှစ်ယောက် အစီအစဉ်ကို တိုင်ပင်ကြတယ်။ နောက်ဆုံးမှာ အေမီက..
“ဒီလို ရှင့်ကိုယ်ကျိုး မပါဘဲနဲ့၊ ကျွန်မတို့အတွက် ဆောင်ရွက်ပေးမှာကို အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်”
“အို… ဒါကတော့ အထူးပြောစရာ မလိုပါဘူးကွာ၊ ဘီလ်ဟာ ငါ့အချစ်ဆုံး သူငယ်ချင်းပဲ၊ သူ့အတွက် ငါဘာမဆို ဆောင်ရွက်ပေးရမှာပဲ၊ ဒါဟာ သူ့အတွက် ငါလုပ်ပေးတာ ပထမဦးဆုံးလည်း မဟုတ်ပါဘူး၊ နောက်ဆုံးလည်း မဟုတ်သေးပါဘူးကွယ် ”
“ကျေးဇူးပါပဲရှင်၊ … ဒါပေမဲ့ မတော်တဆ ရှင် တစ္ဆေ ယောင်ဆောင်တာ ပေါ်သွားရင်ဖြင့် ကျွန်မ ဘာမှမသိဘူး ပြောပါနော်၊ နို့မဟုတ်ရင် သူ ကျွန်မကို အရေဆုတ်ပါလိမ့်မယ် ”
“အေး ကောင်းပါပြီ၊ နို့ပြီး ငါ့အတွက်လည်းပဲ စိုးရိမ်ရသေးတယ်၊ သူ့အိပ်ရာနားမှာ ဘာ လက်နက်မှ မရှိပါစေနဲ့နော်၊ မင်းတို့ အိပ်ခန်းတံခါးကိုလည်း အသာလေး စေ့ရုံစေ့ထား၊ မီးရောင်ကလည်း မြင်သာရုံ ခပ်မှိန်မှိန်လေး လင်းပစေ၊ (၃) နာရီလောက် ငါလာခဲ့မယ် ကြားလား”

ထိုည၌ ဘီလ်ကား သူ့ထုံးစံအတိုင်း သန်းခေါင်ကျော်လောက်မှ အလွန်အကျွံ မူးကာ လိုက်ပို့သော သူ့အဖော်များနှင့် ရောက်လာလျှင် အိမ်အောက်မှ ရုန်းရင်းဆန်ခတ် ဖြစ်ကြပြီးနောက် … အိပ်ရာထဲရောက်၍ ဒုန်းခနဲလဲကျကာ အစန့်သား . အိပ်ပျော် သွားလေသည်။
အမူးသမားတို့ မည်သည်မှာ လူအိပ်ပျော်သော်လည်း နှုတ်နှင့် ခြေလက်တို့က အငြိမ်မနေ။ ယောင်ယမ်း လှုပ်ရှားခြင်းတို့ကြောင့် အေမီသည် တော်တော်ကြီးကြာမှ အိပ်ပျော်သွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော အသံကြီးတစ်ခုကြောင့် လန့်နိုး၍ မျက်စိကို ဖွင့်ကြည့်လိုက်တော့ ခုတင်ခြေရင်း၌ ဆိုက်လတ်စ် သင်္ဘောသား အဝတ်အစားနှင့်၊ သူ့ကိုယ်မှာလည်း ရေတွေရွဲရွဲစိုလျက် မျက်နှာတွင် ပြောင်လက်နေသော ဆေးရောင်များ ခြယ်ထားသည်။ ဦးထုပ်ကိုလည်း နောက်သို့ ခပ်လန်လန် ဆောင်းထား၍ နဖူးပေါ်မှ ဖွာရာကျနေသော ဆံပင်တို့မှာလည်း ရေညှိ ရေမှော်များ ကပ်လျက် ..
ဆိုက်လတ်စ်သည် ဝမ်းခေါင်းသံကြီးနှင့် ညည်းတွားတွား အသံမျိုး အော်လိုက်ပြန်သည်။ အကယ်တန္တု အေမီသည် ကြိုတင် သိရှိမထားဘူး ဆိုပါက ရုတ်တရက် အသက် ထွက်သွားလောက်ပါ၏။ သို့သော် မူးမူးနှင့် အိပ်မောကျနေသော ဘီလ်ကား အသက်ရှူ မပျက်။ ဆိုက်လတ်စ်က ဒီအသံမျိုး သုံးခါ ဆက်အော်သော်လည်း နကမ္ပတိ။ ဒီတော့ အေမီက အကြံပေး၏။
“စူးစူးရှရှအသံမျိုး အော်ပါလားရှင့်”
ဆိုက်လတ်စ်သည် အေမီ အကြံပေးသည့်အတိုင်း ငါးခါ အော်၏။ အာခေါင်ခြောက်၍ ချောင်းတဟွတ်ဟွတ်သာ ဆိုးလာသည်။ အရက်ရှိန်နှင့် လောကကြီးကို အဆက်ပြတ်နေသော ဘီလ်ကား တုတ်တုတ်မျှ မလှုပ်သေး။ ဒီတော့ အေမီက …
“ပထမလို အသံကြီးကြီးနဲ့ ခုနလို စူးစူးရှရှ အသံနှစ်မျိုးလုံး တွဲအော်ရှင့် ”
ဆိုက်လတ်စ်သည် အေမီကို မျက်စောင်းထိုးပြီး..
“ငါခွီးတဲ့.. လူကို သံစုံမင်းသားများ အောက်မေ့နေသလား ”
ဟု ပြန်ပြောသော်လည်း အေမီ အကြံပေးသည့်အတိုင်းပင် အသံနှစ်မျိုး တွဲအော်ရာ လေးငါးခါလောက်ရှိတော့မှ ဘီလ်သည် သဲ့သဲ့ ကြားဟန်တူ၏။ မျက်လုံးတော့ မဖွင့်ဘဲ အေမီကို တံတောင်နှင့်တွက်၍
“ဟေ့.. သတိထားစမ်း၊ ဘာတွေ အိပ်မက်ပြီး အော်နေတာလဲ”

အေမီက ဘာမျှပြန်မပြော။ ဆိုက်လတ်စ်က အားတက်လာပြီး တစ်ချီ ကျုံးအော်လိုက်တော့မှ ဘီလ် လန့်ဖျပ်ကာ မျက်လုံးဖွင့်ကြည့်လိုက်မိသည်၌ ခုတင် ခြေရင်းက ဆိုက်လတ်စ်ကို မြင်သည်နှင့် တစ်ပြိုင်နက် အမယ်လေး တစ်ချက်တပြီး စောင်ကို တအားဆွဲဆောင့်ခြုံလျက် သူ့ကိုယ် ပုဝင်သွားတော့၏။

ယင်း၌ ဆိုက်လတ်စ်က ဝမ်းခေါင်းသံကြီးနှင့်..
“ဘီလ်..”
ဘီလ်ကိုယ်သည် အိပ်ရာအောက် ယက်ဝင်တော့မည်ကဲ့သို့ ကျုံ့ဝင်သွားသည်။
“ဘီလ်.. မင်း ငါခေါ်နေတာကို ဘာလို့ ပြန်မထူးလဲကွ”
ဒီအခါမှာ သူ့အသံက လေးလေး အေးစက်စက်ကြီးဖြင့် ….
“ငါကတော့ မင်းနဲ့ ကတိသစွာ ထားခဲ့တဲ့အတိုင်း ပစိဖိတ်သမုဒ္ဒရာအောက် သေရွာကနေပြီး ထလာခဲ့ရတယ်၊ မင်း ငါ့ကို နှုတ်မဆက်တော့ဘူးလားကွာ သူငယ်ချင်း”
ဒီတော့ ဘီလ်က စောင်ခြုံအောက်က တုန်လှုပ်သောအသံဖြင့် ….
“ဂွဒ်.. ဂွဒ်.. ဂွဒ်ဘိုင်”

ယင်း၌ ဆိုက်လတ်စ်က စိတ်ပျက်သော အသံကြီးနှင့် တစ်ချက် ညည်းညူ လိုက်ပြီး..
“ဪ မင်းက ငါ့ကို ဒီတစ်ခွန်းပဲ ပြောစရာ ရှိတော့သလား၊ ငါဖြင့် သင်္ဘောပျက်လို့ သမုဒ္ဒရာအောက်ရောက်ပြီး သေသေချင်း ငါကတိအတိုင်း ငါ့အချစ်ဆုံး သူငယ်ချင်းတော့ သွားနှုတ်ဆက်မှပဲလို့ ရေမွန်းပြီး ငါ့ဖက်နေတဲ့ ကပ္ပတိန်ရဲ့ စားပွဲထိုးကလေးအလောင်းကို ခြေနဲ့ကန်ထပြီး မင်းဆီကို လာခဲ့ရတာကွ သိလား”
ဒီအချိန်မှာ ဘီလ်ဟာ အကြောက်လွန်ပြီး အရက်မူးတွေ ပြေနေလျက်
“ဟုတ် ဟုတ်.. ဟုတ်ပါပြီ ဆိုက်လတ်စ်ရယ်၊ မင်း ကတိတည်ပါပေတယ်၊ ကောင်း.. ကောင်း.. ကောင်းရာသုဂတိကို လားပါစေ”

အဲဒီတုန်း ဆိုက်လတ်စ်က ဘာမှပြန်မပြောရမီ အေမီက ကိုယ်ကို ပုတ်လိုက်ပြီး
“ဘီလ် ဘာတွေ ယောင်နေတာလဲ၊ ရှင် အိပ်မက်နေသလား၊ ဆိုက်လတ်စ်ဆိုတာ ဘယ်သူလဲ၊ ရှင် ဘာတွေ ပြောနေတာလဲ”
ဘီလ် စောင်ခြုံအောက်က သူ့မျက်လုံးကိုတော့ မဖွင့်ဘဲ အေမီကိုယ်ကို ဖျစ်ညှစ်လျက် လေသံတိုးတိုးဖြင့် .. ။
“ငါ အိပ်မက်နေတာ မဟုတ်ဘူးဟဲ့၊ ခုတင်ခြေရင်းမှာ ငါ့သူငယ်ချင်း ဆိုက်လတ်စ်ရယ် မတ်တတ်ရပ်နေတာ နင်မမြင်ဘူးလား”
“မြင်ပေါင်တော်၊ ရှင်အိပ်မက်ပြီး အရက်မူးမူးနဲ့ စိတ်ကြောင်တောင်တောင် ဖြစ်နေတာပါ”
“နင်တကယ် ဘာမှ မမြင်ဘူးလား”
“မြင်ပါဘူးတော်၊ အိပ်မက်မက်တာပါ။ ကဲ.. ကဲ.. ပြန်အိပ်တော့ ကျွန်မလည်း အိပ်ချင်လှပြီ၊ တကတဲတော် သရဲကြောက်တဲ့ ကလေးလေး ကျနေတာပဲ၊ စောင်ခြုံထဲ ဝင်ပုပြီး တွေ့ကရာတွေ လျှောက်ပြောနေတယ်”
ထို့နောက် အေမီသည် တစ်ဖက်သို့ လှည့်သွား၍ အိပ်ချင်ယောင် ဆောင်နေလိုက်တော့သည်။ ယင်းမှ ဆိုက်လတ်စ်က အသံသြကြီးနှင့်
“ဘီလ်”
ဘီလ်က မသက်သာသော အသံနှင့် ..
“ဗျာ..”
“မင်းမိန်းမဟာ ငါ့ကိုယ်ကို မြင်လည်း မမြင်ရဘူး၊ ငါပြောတာကို ကြားလည်း မကြားရဘူး”
“ဟုတ်ကဲ့ ..”
“ငါက မင်းဆီကို လာတာကိုးကွ၊ မင်းနဲ့ငါဟာ သင်္ဘောသားဘဝမှာ အချစ်ဆုံးသော သူငယ်ချင်း ဖြစ်ခဲ့တယ်၊ ပင်လယ်ခရီးများစွာ အတူတကွ သွားခဲ့ကြတယ်၊ တို့ဟာ အဲဒီတုန်းက သောက်အတူ၊ စားအတူ၊ နေအတူနော် ဘီလ်”
“ဟုတ်ပါတယ်”
ဘီလ်သည် စောင်ခေါင်းမြီးခြုံကိုတော့ မဖွင့်ပေ။
“နောက်ဆုံးမှာ တို့လူချင်း ခွဲခွာရသည့်တိုင် မမေ့ကြစတမ်း၊ သေသော်မှ အလျင်သေတဲ့လူဆီကို လာရောက်နှုတ်ဆက်ကြ စတမ်းလို့ တစ်ယောက်လက်မောင်းသွေး တစ်ယောက်ဖောက်ပြီး ကတိသစ္စာပြုခဲ့တယ် မဟုတ်လား ဘီလ်”
“ဟုတ်ပါတယ် ဆိုက်လတ်စ် ”
“အခု ငါက ငါ့ရဲ့ ကတိသစ္စာအတိုင်း ပစိဖိတ်သမုဒ္ဒရာအောက် သေရာက ထလာခဲ့တော့ မင်းကို တွေ့ရတာ ငါ စိတ်မချမ်းသာဘူး။ ဘာကြောင့်လဲဆို မင်းဟာ အရက်ကို အလွန်အကျွံ သောက်တယ်။ အိမ်ကို အချိန်မတော်မှ ပြန်လာတယ်။ အရက်မူးရင် မိန်းမကို ညှဉ်းဆဲတယ်။ ပေးထားတဲ့ ပိုက်ဆံကို ပြန်တောင်းတယ်။ နောက်ဆုံး ပိုက်ဆံမရှိတော့ကွာ အိမ်ထောင်ပရိဘောဂကိုတောင် ရောင်းသောက်တယ်။ ဒါတွေကို မင်းမငြင်းပါနဲ့၊ ငါက တစ္ဆေတို့ရဲ့ ကမ္မဇိဒ္ဓိ တန်ခိုးနဲ့ သိတာကွ။ ကဲ.. ငါပြောတာတွေ မဟုတ်ဘူးလား။ မင်း ဝန်ခံစမ်း”
ဘီလ်သည် အလွန် တုန်လှုပ်ကြောက်ရွံ့စွာနှင့် ..
“မှန်ပါတယ် သူငယ်ချင်း”
“ဒီတော့ ငါက မင်းရဲ့ မိတ်ဆွေကောင်းပီပီ မင်းရဲ့ ကောင်းကျိုးအတွက် ငါ ဆောင်ရွက်ရလိမ့်မယ်။ မင်း လက်ခံမလား ဘီလ်”
“ခံပါ့မယ် သူငယ်ချင်း ”
“တခြားတော့ မဟုတ်ပါဘူး။ မင်း ယနေ့ ယခုအချိန်မှစပြီး မူးယစ်စေတတ်သော သေရည်သေရက်မှန်သမျှ ဘာကိုမှ မသောက်ရတော့ဘူး ”
ဘီလ်သည် စောင်ခြုံအောက်မှ တုန်လှုပ်စွာနှင့် “ဆေးဖြစ် ဝါးဖြစ်ကလေးမှ မသောက်ရဘူးလား”
“တစ်စက်မှ မသောက်ရဘူး။ ခရစ္စမတ်ပွဲမှာတောင် မသောက်ရဘူး ကြားရဲ့လား”
“ကြားပါတယ်”
“ကြားရင် မင်းရဲ့ ညာလက်ကိုမြှောက် ”
ဘီလ်သည် သူ့စောင်ခြုံထဲမှ ညာလက်ကို မြှောက်ရသည်။

ဆိုက်လတ်စ်က..
“ကတိသစ္စာ ပြုရမယ်။ ငါပြောသလို လိုက်ဆို” ဟု ပြောပြီး ..
“ကျွန်ုပ်အချစ်ဆုံးသော သူငယ်ချင်း”
“ကျွန်ုပ်အချစ်ဆုံးသော သူငယ်ချင်း”
“သေရာမှ ထလာသော ”
“သေရာမှ ထလာသော”
“ပစိဖိတ်သမုဒ္ဒရာအောက်မှ တစ္ဆေကြီး”
“ပစိဖိတ်သမုဒ္ဒရာအောက်မှ တစ္ဆေကြီး”
“ဆိုက်လတ်စ်ဝင့်ချ်၏ ဝိညာဉ်အားဖြင့် ကျိန်ဆိုပါသည်”
“ဆိုက်လတ်စ်ဝင့်ချ်၏ ဝိညာဉ်အားဖြင့် ကျိန်ဆိုပါသည် ”
“မူးယစ်စေသော”
“မူးယစ်စေသော”
“သေရည် သေရက် မှန်သမျှကို”
“သေရည် သေရက် မှန်သမျှကို”
“ယနေ့ည ယခုအချိန်မှ စပြီး”
“ယနေ့ည ယခုအချိန်မှ စပြီး”
“တစ်စက်ကလေးမျှ မသောက်တော့ပါ ”
“တစ်စက်ကလေးမျှ မသောက်တော့ပါ ”
“သောက်ခဲ့သည်ရှိသော်”
“သောက်ခဲ့သည်ရှိသော်”
“တစ္ဆေကြီး ဆိုက်လတ်စ်ဝင့်ချ်သည်”
“တစ္ဆေကြီး ဆိုက်လတ်စ်ဝင့်ချသည်”
“စိတ်ဆိုးသဖြင့် ”
“စိတ်ဆိုးသဖြင့် ”
“တစ်ဖန် ပြန်လာသည်ရှိသော်”
“တစ်ဖန် ပြန်လာသည်ရှိသော်”
“အကြင်တစ္ဆေကြီးကို ဒုတိယအကြိမ် မြင်ရ၍”
“အကြင်တစ္ဆေကြီးကို ဒုတိယအကြိမ် မြင်ရ၍”
“ထိုကတိသစ္စာ ဖျက်သူသည်”
“ထိုကတိသစ္စာ ဖျက်သူသည်”
“ချက်ချင်းသေစေသတည်း”
“ချက်ချင်းသေစေသတည်း”
“အဟွတ် .. အဟွတ် ”
“အဟွတ် .. အဟွတ် ”

“ဟေ့.. ဒါမပါဘူးကွ။ ငါက ရေနစ်ပြီး အအေးမိနေလို့ ချောင်းဆိုးနေတာကွ”
အေမီသည် ရယ်ချင်သော်လည်း အောင့်အည်း၍ အိပ်ချင်ယောင်ဆောင်ကာ ဟောက်မြဲ ဟောက်နေရ၏။
ထို့နောက် ဆိုက်လတ်စ်က ဆက်လက်၍..
“အေး .. မင်း ငါ့ကို ဒုတိယအကြိမ် မြင်ရရင်တော့ မင်းကတိသစ္စာအတိုင်း မင်းသေပြီ မှတ်ပေရော့”
“ဒီတော့ မင်းကလည်း ငါ့ဆီမှာ တစ်ခါ ကိုယ်ထင်ပြပြီးဆိုတာလည်း သတိထားပါကွာ”
ဘီလ်က ပြန်ပြော၏။
“ကောင်းပြီ။ ဒါနဲ့ ငါမသွားမီ တစ်ခုပြောခဲ့ရဦးမယ်။ အခု ငါသေတော့ မိန်းမ မုဆိုးမဖြစ်ပြီး ကျန်ခဲ့တယ်။ ဘယ်သူမှ ကူညီထောက်ပံ့မယ့်လူ မရှိဘူး”
ဘီလ်က စုပ်သတ်၍..
“သွပ်.. သွပ်.. သွပ်.. သနားစရာ”
“ဒီတော့ ငါစဉ်းစားမိတယ်။ ငါသာ မင်းအလျင် သေလို့ မင်းမိန်းမက မုဆိုးမအဖြစ်နဲ့ ကျန်ခဲ့မယ်ဆိုရင် ငါမနေနိုင်ဘူး၊ ကိုယ်တတ်နိုင်သလောက်တော့ ကူညီမှာပဲ”
ဘီလ်သည် ဘာမှပြန်မပြောဘဲ ဆိတ်ဆိတ်နေလိုက်၏။ ဆိုက်လတ်စ်က ဆက်လက်၍ –
“အခု မင်းလောက်သာ ဝင်ငွေရမယ်ဆိုရင် တစ်ပတ်ကို (၁၅) သျှီလင်တော့ မှန်မှန် ပေးနေမှာပဲကွ”
ဒီတော့မှ ဘီလ်က.. “ဘာ တစ်ပတ်ကို (၁၅) သျှီလင်”
“အေးလေ.. မင်းအခု အရက် မသောက်တော့ဘူး ဆိုရင် ဒီလောက်ငွေဟာ ဘာခဲယဉ်းတော့မလဲ”

အေမီသည် သူနှင့် မူလအစီအစဉ်တွင် ဤကိစ္စမပါသဖြင့် မျက်လုံးပြူးသွားသည်။ သို့သော် ဝင်၍ဖြင့် မဖြစ်တော့၊ သူ့ယောက်ျား ဘာပြန်ပြောမလဲဟု နားထောင်နေစဉ် ဘီလ်က..
“ကောင်းပြီလေ။ မင်းမိန်းမကို ငါသွားကြည့်ပါ့မယ်”
ယင်း၌ ဆိုက်လတ်စ်က တင်းမာသော လေသံနှင့် ..
“အိုး.. ဒါကို ပြင်းထန်စွာ တားမြစ်တယ်။ ငါ့အမျိုးသမီးဆီကို မသွားလင့်။ သူမသည် ငါသေသည်ကို မသိသေး။ မသိစေချင်၊ သိသော် သူမသည် ပြင်းထန်စွာ ပူဆွေးသောက ရောက်လတ္တံ့။ ထို့ကြောင့် ယခင်က သူမဆီ ငါပို့သည့်နည်းတူ တစ်ပတ်ကို (၁၅) သျှီလင် စာတိုက်ကနေပို့ပါ။ နံပါတ် (၁၅)၊ ရှက်ပဲလမ်း၊ မစ္စဝင့်ချ်၊ ဒီလိပ်စာမှတ်မိလား ဘီလ်”
“မှတ်မိပါတယ်”
“ကောင်းပြီ၊ ဒါဖြင့် သင့်ညာဘက်လက်ကိုမြှောက် ကတိသစ္စာတစ်ဖန်ဆို ”
ဟုပြောပြီး ခုနအတိုင်း “မိန်းမထံသို့ တစ်ပတ်လျှင် (၁၅) သျှီလင် စာတိုက်က မှန်မှန်ပို့ပါမည်။ မပို့လျှင် တစ္ဆေကြီး ဆိုက်လတ်စ်ဝင့်ချ် ဒေါသထွက်၍ ဒုတိယအကြိမ် ကိုယ်ထင်ပြလာသည်၌ ဘီလ်သည် ချက်ချင်း သေစေသတည်း” ဟု ကျိန်ဆိုလိုက်ရပြန်၏။
အေမီမှာ အလကားသက်သက် ကိုယ့်လင်ငွေကြေး ထိတော့ မခံမရပ်နိုင် ဖြစ်၏။ သို့သော် အခြေအနေအရ ဘာမျှ မတတ်နိုင်။

မူလက ငွေအနည်းအကျဉ်းချေးရန် ဘီလ်ထံ လာခဲ့သော ဆိုက်လတ်စ်သည် ယခုတစ်ပတ်လျှင် (၁၅) သျှီလင် အရက်ဖိုး ထိုင်စောင့်ယူနေရမည့် အဖြစ်မျိုး ရောက်သည်၌ အားရကျေနပ်သွားကာ ..
“ကဲ.. ဒါဖြင့် ငါသွားမယ် ဘီလ်”
“ကောင်းပြီ ဆိုက်လတ်စ် ”
“အေး.. မင်း အဲဒီ ကတိသစ္စာ နှစ်ခုကိုတော့ သတိထားနော်၊ တစ်ခုခု ဖျက်မယ်ဆိုရင်တော့ ငါမနေသာဘူး၊ ဒုတိယတစ်ဖန် လာရတော့မှာပဲ”
“မလာပါနဲ့ သူငယ်ချင်းရယ်..၊ ငါလိုက်နာပါ့မယ် .. စိတ်ချပါ”
“အေး.. ဒီလိုဆိုရင်ဖြင့် ငါခု ပစိဖိတ်သမုဒ္ဒရာကြီးရဲ့ အောက်မှာ တာဝန် ငြိမ်းချမ်းစွာ လဲလျောင်းနေရတော့မှာပေါ့ကွာ၊ သွားပြီ…သွားပြီ၊ အချစ်ဆုံး သူငယ်ချင်းရေ..”
ဆိုက်လတ်စ်၏အသံ ပျောက်ကွယ် ဆိတ်ငြိမ်သွားပြီ ဖြစ်သော်လည်း ဘီလ်သည် တော်တော်နှင့် မျက်စိမဖွင့်ဝံ့သေးဘဲ နှစ်မိနစ်၊ သုံးမိနစ်လောက်ကြာမှ စောင်ခြုံကို ခွာ၍ ကြည့်လိုက်သော် သူ့ ခုတင်ခြေရင်းမှာ ဘာမျှ မမြင်ရတော့ချေ။ သည်တော့မှ သူ သက်ပြင်းကြီး ချလိုက်တော့၏။ အိပ်ချင်ယောင်ဆောင်နေသော သူ့မိန်းမ၏ တခေါခေါ ဟောက်သံကို ကြားရ၏။
ဘီလ်သည် ဆိုက်လတ်စ် နောက်တစ်ခါ ပြန်လာလျှင် သေရမှာ အလွန်ကြောက်ရွံ့၍ ‘မစွက်ဝင့်ချ် (၁၅) ရှက်ပဲလမ်း’ ဆိုသည့် လိပ်စာကို မမေ့ရန် အထပ်ထပ် ရွတ်ဆိုနေမိလျက် နှစ်နာရီလောက် မျက်လုံးကြောင်နေပြီးမှ ပြန်လည် အိပ်ပျော်သွားလေသည်။

နံနက်မိုးသောက်၌ အိပ်ရာထ၍ မျက်နှာသစ်ပြီးသော် အံ့သြဟန်နှင့် နားထောင်နေသော သူ့ဇနီးအား ညက သူငယ်ချင်းတစ္ဆေလာကာ သူ့အား မှာကြားသွားသည်များကို ပြောကြားပြီးနောက် သူ့လက်ကျန် အိမ်စောင့်အရက်ကလေးကို နှမြောလှစွာနှင့် သွန်ပစ်လိုက်ရတော့၏။
ထိုမှ ဘီလ်သည် တကယ်ပင် အရက်ဖြတ်လေရာ (၄-၅-၆) ရက်မျှလောက် စားမဝင် အိပ်မပျော်သော ဝေဒနာကို ခံစားရပြီးနောက် တစ်ပတ်ကျော်သော အခါတွင်မူ လူနာ နာလန်ထသကဲ့သို့ အလွန်စားကောင်း အိပ်ပျော် ဖြစ်သွားလေသည်။
ဒီတော့မှ သူသည် ယခင်က သောက်ခဲ့သော အချိန်တွေ၊ ကုန်ခဲ့သော အရက်ဖိုးတွေ တွေးတွေးပြီး နှမြောလျက် သူနှင့်ခင်မင်သော မိတ်ဆွေတို့အား အရက်ဖြတ်ရန် နှိုးဆော်သော အဖြစ်သို့ပင် ရောက်သွားလေသည်။ သူ့ခန္ဓာကိုယ်လည်း အရက်ဖော အရက်ပွ မဟုတ်တော့ဘဲ အသားအရေ ကျစ်လျစ်ကာ လန်းဆန်းစိုပြည်၍ လာသည်။

သို့ရာတွင် ဘီလ်သည် ကျန်းမာရေး အခြေအနေ ကောင်းမွန်လာသလောက် သူ့ဇနီးအေမီမှာ တစ်နေ့တခြား ပိန်၍လာသည်။ အကြောင်းမှာ ဘီလ်သည် ဆိုက်လတ်စ်ကို ကတိ ပေးထားလိုက်သည့်အတိုင်း အပတ်စဉ်မှန်မှန် အမှတ်(၁၅) ရှက်ပဲလမ်းသို့ ငွေ (၁၅) သီလင် ပို့နေရသောကြောင့် “သက်သက် ငါ့လင်လုပ်စာကို ဒီ ဆိုက်လတ်စ်ဆိုတဲ့ကောင် သေချင်ယောင်ဆောင်ပြီး ရိက္ခာယူနေတယ်” ဟု မိန်းမသားပီပီ သဝန်တိုမိသည့်အတွက် ဘီလ် အပတ်စဉ်ငွေရ၍ စာတိုက်ကပို့သော သောကြာနေ့တိုင်း သူ ဒေါသထွက်ပြီး မစားနိုင်၊ မအိပ်နိုင်၊ ခေါင်းကိုက်သော ဝေဒနာကို ခံစားရ၏။
ယင်းသို့ဖြင့် တစ်လမျှ ကြာသောအခါ၌ အေမီမှာ အရိုးပေါ်အရေတင် ဖြစ်လာသည်။ သူ၏ ဝေဒနာရသည့် အကြောင်းကို လင်တော်မောင်အား ဖွင့်ပြော၍ကလည်း မဖြစ်၊ အကယ်တိ ဆိုက်လတ်စ်ညာကြောင်း အမှန်ကို သိသွားခဲ့သော် ဘီလ် အရက်ပြန်သောက်မည်။ နောက်တစ်ချက်က သူကပါ ဆိုက်လတ်စ်နှင့် ပေါင်းပြီး ညာထားသဖြင့် မိမိအား အရိုးကွဲအောင် ရိုက်ပေလိမ့်မည်။
စင်စစ်တော့ ဆိုက်လတ်စ်ကြောင့် ဘီလ် အရက်ပြတ်သွားသည်ကို အေမီက ကျေးဇူးတင်ဖို့ ကောင်းသည်။ ယခင်က ဘီလ် အရက်သောက်ပစ်သည့် ငွေများကို မိမိ ရနေသည်။ ထို့ပြင် လင်ယောက်ျား၏ အမူးဒဏ်ကိုလည်း မခံရ။ သို့ရာတွင် လူတို့မည်သည် ရလေလိုလေ အိုတစ္ဆေ ဆိုသည့်အတိုင်း ထိုတစ္ဆေ အယောင်ဆောင်ကာ မိမိ လင်ယောကျာ်း၏ လုပ်စာ၊ မိမိပိုင်သည့် ငွေကို လက်ဝေခံ အချောင်စားနေတာ မခံနိုင်ခြင်း၏ ဆင်းရဲသော ဝေဒနာကြောင့် သီတင်း (၆) ပတ်မျှ ကျော်သောအခါ၌ အေမီမှာ ကျောနှင့်ရင်နှင့် ထိလုခမန်း ဖြစ်လာသည်။

ယင်းသို့ဖြင့် အိပ်မပျော်သော ညများ၌ တစ်ခုသော သန်းခေါင်းကျော်တွင် အေမီသည် သူ့စိတ်ကူးထဲမှ အလွန်ကောင်းသော အကြံတစ်ခုကို ရလေ၏။ ယင်းအကြံကို ဘယ်ပြောင်းညာလှည့်ဖြင့် အထပ်ထပ် အခါခါ စဉ်းစားပြီးနောက် ယခုညပဲ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ချက် ချလိုက်ကာ မိမိနံဘေး၌ အိပ်ပျော်နေသော လင်တော်မောင်ကို ကြည့်လိုက်သည်။ ဘီလ်သည် အသက်မှန်မှန်ရှူလျက် သိပ်ပြီး အိပ်ပျော်နေသည် မဟုတ်ချေ။ အနည်းငယ်သော အသံကိုကြားလျှင် နိုးနိုင်သော အခြေတွင် ရှိသည်။
ထို့ကြောင့် သူ့စိတ်ကူးဉာဏ် အလုပ်ကို စ၏။ အေမီသည် ရုတ်တရက် စူးရှသောအသံဖြင့် ..
“သူပို့ပါတယ်ရှင် သူပို့ပါတယ်”
ဟု အော်လိုက်သည်၌ အိပ်၍ မပျော်တပျော် ဖြစ်နေသော ဘီလ်နိုးကာ အေမီကိုယ်ကို ပုတ်လိုက်ကာ..
“ဘာလဲ အေမီ .. မင်းဘာတွေ အိပ်မက်ယောင်နေတာလဲ ”
သို့သော် အေမီသည် သူ့စကားကို ကြားဟန်မပြုဘဲ တစ်စုံတစ်ခုအတွက် စိုးရိမ်သော အသံဖြင့်..
“သူပို့တယ်၊ သောကြာနေ့တိုင်း မှန်မှန်ပို့ပါတယ်၊ အို.. ရှင် သူ့ကိုတော့ နောက်တစ်ကြိမ် ကိုယ်ထင်မပြလိုက်ပါနဲ့ ”
ယင်းကို ကြားရသည်၌ ဘီလ်သည် ဆိုက်လတ်စ် တစ္ဆေကို သတိရကာ ကြောက်ရွံ့တုန်လှုပ်သွား၍ မျက်စိမဖွင့်ဝံ့ဘဲ ဆိတ်ဆိတ်နေတော့၏။
အေမီက ဆက်လက်၍
“သူ ပို့ရိုးတော့ အမှန်ပါ၊ စာတိုက်က တစ်စုံတစ်ခု ချွတ်ယွင်းလို့ ဖြစ်ပါလိမ့်မယ်၊ စောင့်ကြည့်ပါဦး”
အေမီသည် ခေတ္တ ရပ်နေပြီးမှ တစ်ဖန် ဆက်လက်၍..
“ကောင်းပြီရှင့်၊ ကျွန်မ ဘီလ်ကိုယ်စား ဆောင်ရွက်ပါ့မယ်၊ ဟုတ်ကဲ့ရှင့် .. ဟုတ်ကဲ့.. ဘီလ်ကိုယ်တိုင် မသွားစေရပါဘူး.. ဟုတ်ကဲ့.. ဟုတ်ကဲ့ ကျွန်မအားလုံး တာဝန်ယူပါ့မယ်၊ ကောင်းပါပြီရှင် ကောင်းပါပြီ.. မှန်ပါတယ်.. မှန်ပါတယ်.. စိတ်ချလက်ချသာ သွားပါတော့”
ထို့နောက် အေမီသည် သက်ပြင်းကြီး ချလိုက်ကာ စိတ်သက်သာရာ ရသွားသည့်ပုံနှင့် ဘီလ်ခေါင်းကို သူ့ရင်ခွင်ထဲသွင်း၍ ယုယစွာ ပွေ့ပိုက်လျက် ..
“အလိုလေး ကံကြီးပေလို့”
ဆိုသည့် ပုံသဏ္ဌာန်မျိုး။ ထိုအခါမှ ဘီလ်က..
“အေမီ..”
“အို.. ရှင်နိုးပြီလား.. ဘီလ်”
“ငါနိုးနေတာ ကြာပြီကွ၊ မင်းဘယ်သူနဲ့ ဘာတွေ ပြောနေတာလဲ”
“ရှင့်သူငယ်ချင်း တစ္ဆေကြီး လာတယ်ရှင့်၊ အမယ်လေး ကြောက်စရာကြီးပါလား၊ သူ့ကိုယ်မှာလည်း ရေတွေရွှဲစိုလို့ သူ့နဖူးမှာလည်း ဆံပင်တွေ စုတ်ဖွားနဲ့ ရေညှိရေမှော်တွေ ကပ်လို့”
ဘီလ်က စိုးရိမ်မကင်းသော အသံနှင့်..
“အခု သူသွားပြီလား”
“သွားပြီ.. သွားပြီ.. ဘယ့်နှယ်တော် ရှင့်ခေါ် နိုးနေဦးမှာစိုးလို့ ကျွန်မနဲ့တင် ကိစ္စပြီးအောင် လုပ်လိုက်ရတာပေါ့”
“မင်း တော်ပါတယ်ကွာ ”
ဘီလ်က သူ့မယားကို ကြည်သောအသံနှင့် ..
“သူဘာတွေ ပြောသွားလဲကွ”
“အခုတစ်ပတ် သူ့မယားဆီ ငွေမရောက်ဘူးတဲ့၊ ဒါကြောင့် ဘီလ် သစ္စာဖောက်ဆိုပြီး သူလာတာတဲ့ ”
“အို.. ငါ ပို့လိုက်သားပဲ”
“ဟုတ်ပါတယ်၊ ဒါကြောင့် ကျွန်မက ဘီလ်ဟာ ရှင့်မယားဆီကို အပတ်စဉ် မှန်မှန် ပို့ပါတယ်၊ စာတိုက်က တစ်စုံတစ်ခုကြောင့် ဖြစ်ပါလိမ့်မယ်၊ ကျွန်မကိုယ်တိုင် သူ့မယားဆီကို သွားပို့ပါတဲ့၊ ဒီတော့ ကျွန်မကလည်း သူကျေနပ်အောင် စိတ်ချပါ၊ ကျွန်မ ဆောင်ရွက်ပါ့မယ်လို့ တာဝန်ခံလိုက်ရတယ် ”
ဘီလ်က..
“အေး.. မင်းပြောတာ ငါကြားလိုက်ပါတယ်၊ ကောင်းပြီလေ ဒီကိစ္စကို မင်း တာဝန်ယူပေတော့၊ ငါ ငွေမှန်မှန် ပေးပါမယ်”
ဒီအခါမှာ အေမီက အလွန် ရိုသေကျိုးနွံသော အသံနှင့်..
“ကောင်းလှပါပြီ ဘီလ်ရယ်”
ထို့နောက် လင်မယားနှစ်ယောက် ဆိတ်ငြိမ်သွားကြသည်။ အေမီစိတ်ထဲမှာ သူ့အကြံအောင်၍ အကျေနပ်ကြီး ကျေနပ်သည်။ ဘီလ်က သူ့မယား အလိမ္မာကို ချီးမွမ်းမိသည်။

နံနက်လင်းလျှင်ပင် ဘီလ်သည် ယခုအပတ် မရသေးဘူးဆိုသော ငွေ (၁၅) ချီလင်ကို သွားပို့ရန် အေမီအား ပေးသည်။ ထို့နောက် အပတ်စဉ် မှန်မှန် သောကြာနေ့တိုင်း (၁၅) သျှီလင် (၁၅) သျှီလင်…. …
အေမီမှာ ယင်းသို့ အပိုငွေမပြတ် ရရနေတော့ သူသုံးချင်ရာသုံး၊ ဝတ်ချင်ရာဝတ်၊ စားချင်ရာစားဖြင့် စိတ်အေးချမ်းသာ ရှိလှ၍ တစ်နေ့တခြား ကျန်းမာဝဖြိုး အလှတိုး၍ လာလေသတည်း။

#သော်တာဆွေ

(သင်္ဘောသားသုံးယောက် ဟာသဝတ္ထုတိုများ)

Zawgyi Version

” သူငယ္ခ်င္းတေစၦ ”(စ/ဆုံး)
————————-
ေသာ္တာေဆြ

“လူေတြဟာ အယူသီးတတ္ၾကတယ္ကြ ”
ဆိပ္ကမ္းညေစာင့္ အလုပ္သမားႀကီးသည္ သူတစ္ေယာက္တည္း စကားေျပာစရာ လူမရွိ၍ တစ္ေနရာရာမွ ေရာက္လာေသာ သူ႔ေျခေထာက္အၾကား ေဘာင္းဘီစကို ကိုယ္ႏွင့္ ပြတ္တိုက္ေနေသာ မ်က္စိတစ္ဖက္လပ္ ေၾကာင္နက္ႀကီး တစ္ေကာင္အား အေရးတယူ ေျပာဆိုေနေလသည္
“အထူးသျဖင့္ … မင္းတို႔လို ေၾကာင္နက္ေတြကို တခ်ိဳ႕လူေတြက အမဂၤလာ ေကာင္လို႔ ယူဆၾကတယ္ကြ၊ သူတို႔ စားေသာက္မယ္လို႔ ျပင္ဆင္ထားတဲ့ အစာအာဟာရေတြမ်ား ေၾကာင္နက္တစ္ေကာင္က အမွတ္မဲ့ ေရာက္လာၿပီး အလစ္ ဝင္စားလိုက္မယ္ ဆိုရင္ မေကာင္းဆိုး႐ြား ဝင္ေႏွာက္ၿပီရယ္လို႔ အားလုံး သြန္ပစ္ၾကေရာ… သူတို႔ ကံဆိုးမိုးေမွာင္က်ၿပီလို႔လည္း ယူဆၾကေရာ၊ ငါ ကြၽဲေခါင္းအရက္ဆိုင္ သြားတုန္းက ၾကားဖူးခဲ့တာျဖင့္ ‘လူတစ္ေယာက္ဟာ အဲလို ကိုယ့္ဆီလာၿပီး ၿဂိဳဟ္ဆိုးဝင္တဲ့ ေၾကာင္နက္ တစ္ေကာင္ကို သတ္လိုက္မိတာနဲ႔ သူ႔တစ္သက္တာမွာ .အဲဒီ ေၾကာင္နက္တေစၦက အၿမဲ လိုက္ေျခာက္ေနေတာ့တာပဲ’ တဲ့။ စင္စစ္ေတာ့ အဲဒီလူဟာ သူ႔စိတ္နဲ႔သူ ဥပါဒါန္ ျဖစ္ေနတာပါပဲ”
လို႔ ေျပာရင္း သူသည္ ေၾကာင္ႀကီး၏ လည္ပင္း၊ နား႐ြက္ေနာက္နားေလးကို ပြတ္သပ္ေပးကာ
“ဒီလို အယူသီးၿပီး ေၾကာက္တတ္တဲ့ လူမ်ိဳးေတြဟာ ငါတို႔လို ညႀကီးမင္းႀကီး တစ္ေယာက္တည္း ကိုယ့္တာဝန္ ထမ္းေဆာင္ရတဲ့ ညေစာင့္ အလုပ္သမားမ်ိဳး ဘယ္ျဖစ္ႏိုင္ပါ့မလဲေနာ္၊ ကဲ.. အခုပဲ မင္း ငါ့ဆီလာေနေတာ့ မင္းကို ငါ မေကာင္းဆိုးဝါးလို႔ ယူဆရင္ မခက္ပါလားကြာ၊ တကယ္ေတာ့ အယူသီးမႈဟာ စိတ္သေဘာထား ေသးသိမ္ႏုနယ္ျခင္းပါပဲ”
ဟု ေျပာၿပီး သူသည္ ထိုင္ရာမွထ၍ ဆိပ္ကမ္းတံတားေပၚမွာ လမ္းအနည္းငယ္ ေလွ်ာက္ရင္း သူ႔ေဆးတံကို ေဆးထည့္သည္။ ထိုစဥ္ ေၾကာင္ႀကီးက တျခားမသြားေသးဘဲ သူ႔ေျခၾကား ကပ္ပါလာသည္၌ ေနရာ သူျပန္ထိုင္၍ ေဆးတံကို မီးညႇိကာ ဖြာလိုက္ၿပီး ေၾကာင္ႀကီးအား ..
“မင္း တျခားမသြားေသးဘူးဆိုရင္ ငါ ေျပာခ်င္ပါေသးတယ္၊ အယူသီးမႈဟာ ေကာင္းတာလည္းရွိ၊ မေကာင္းတာလည္း ရွိသကြ၊ ငါ့မိတ္ေဆြ တစ္ေယာက္အေၾကာင္း ေျပာျပမယ္၊ သူ႔နာမည္က ဘီလ္ဘာတင္ေရွာ တဲ့”

အဲ.. ဘာတင္ေရွာရဲ႕ အေမကိုယ္တိုင္ကလည္း ဘယ္ေလာက္ အယူသီးသလဲ ဆိုရင္ လူေတြဟာ ေသရင္ တေစၦျဖစ္တယ္အဲဒီတေစၦဟာ သူ ခင္မင္တဲ့ အိမ္ကို လာၿပီး ႏႈတ္ဆက္တတ္တယ္၊ ဒါေၾကာင့္ သူ႔ေဆြမ်ိဳး မိတ္ေဆြထဲက ေသၿပီဆိုရင္ သူ႔အိမ္လာလာၿပီး တံခါးေခါက္ၾကသတဲ့။ ညအခ်ိန္မွာ သူ႔အိမ္နံရံကို သုံးခ်က္ေခါက္သံ ၾကားရရင္ျဖင့္ သူခင္မင္တဲ့လူထဲက တစ္ေယာက္ေယာက္ ေသၿပီဆိုတာ မုခ်ပဲတဲ့။ အဲ တစ္ခါလည္း ညလင္းအားႀကီး သုံးနာရီေလာက္မွာ နံရံကို တေဒါက္ေဒါက္ ေခါက္ေနတာ သုံးခါမကဘူး။

ထူးျခားပါတယ္ဆိုၿပီး ထၿပီး မီးဖြင့္ၿပီး..
“ဟဲ့.. ဘယ္သူလဲဘယ္ဝါလဲ၊ ေကာင္းရာ သုဂတိ သြားေပေရာ့ဆိုေတာ့ တစ္ဖက္ခန္းကလူက “ကြၽန္ေတာ့္ ဓာတ္ပုံခ်ိတ္ဖို႔ သံ႐ိုက္ေနတာပါဗ်” လို႔ ျပန္ေျပာသတဲ့၊ ဟား ဟား..”

အဲဒီမိခင္ရဲ႕ သား ဘီလ္ဘာတင္ေရွာဟာ အခ်ိန္အ႐ြယ္ေရာက္ လူလားေျမာက္တဲ့ အခါမွာ သေဘၤာသားအလုပ္နဲ႔ … ပင္လယ္ခရီးမွာ ပါသြားေလေတာ့ အယူသီးမႈမွာ ပိုမိုဆိုး႐ြားသတဲ့။ ဒီအျဖစ္ေရာက္သြားတာက ဆိုက္လတ္စ္ဝင့္ခ်္ ဆိုတဲ့ အျခား သေဘၤာသားတစ္ေယာက္နဲ႔ ေပါင္းသင္းမိျခင္းပဲကြ။ ဆိုက္လတ္စ္ဟာ မ်က္ႏွာရွည္ရွည္မ်က္လုံးျပဴးျပဴးပါးစပ္ၿပဲၿပဲနဲ႔ သူ႔ ပုံသဏၭာန္ကိုကလည္း သရဲေျခာက္ေနတာနဲ႔ တူတယ္။ သရဲတေစၦ အေၾကာင္းေတြလည္း အင္မတန္ ေျပာတတ္တယ္။ သူကလည္း အေျပာေကာင္းေတာ့ သူ႔စကား နားေထာင္မိၿပီဆိုရင္ အေဖာ္သေဘၤာသားေတြဟာ ညအခ်ိန္မွာဆိုရင္ တစ္ေယာက္တည္း မေနဝံ့ေတာ့ဘူး။
ဆိုက္လတ္စ္ဟာ သရဲတေစၦကိုလည္း ျမင္တတ္တယ္၊ ေတြ႕တတ္တယ္တဲ့။ တစ္ခါဟာျဖင့္ သေဘၤာသားႀကီး ဘင္းဟတ္ဂင္ရဲ႕ အိပ္ရာေပၚမွာ လည္ပင္းျပတ္ေနတဲ့ တေစၦႀကီး လဲေလ်ာင္းေနတာ သူ ျမင္ေနရတယ္ဆိုတာနဲ႔ ဘင္းဟတ္ဂင္ဟာ သူ႔အိပ္ရာေပၚ သူ တက္မအိပ္ဝံ့ေတာ့ဘူး။ ၾကမ္းျပင္ေပၚမွာခ်ည္း အိပ္ေနရတာ တစ္ပတ္ေလာက္ ၾကာေတာ့ မတတ္ႏိုင္ေတာ့ဘူး၊ ဆိုက္လတ္စ္ကို ေဒၚလာဝက္ေပးၿပီး အိပ္ရာခ်င္း လဲအိပ္ရသတဲ့ကြာ၊ ဟား.. ဟား.. ဆိုက္လတ္စ္ဆိုတဲ့ ေကာင္က အဲဒီလို လူစား။

ငါ့မိတ္ေဆြ ဘီလ္ဘာတင္ေရွာဟာ အဲဒီ ဆိုက္လတ္စ္နဲ႔ သူငယ္ခ်င္းအျဖစ္ ေပါင္းသင္းလာခဲ့တာ သူ အိမ္ေထာင္က်ၿပီး၊ သေဘၤာသားအလုပ္က ထြက္ေတာ့မွပဲ လူခ်င္း ကြဲသြားေတာ့တယ္၊ ဒါေပမဲ့ သူ ဆိုက္လတ္စ္ကို ေမ့မရ၊ အၿမဲတမ္း စိတ္ထဲတထင့္ထင့္နဲ႔ စိုးရိမ္ေနရတဲ့ အျဖစ္ကို ဖန္တီးမိခဲ့တယ္။ ဘာလဲဆိုရင္ တစ္ညေန မူးမူး႐ူး႐ူးနဲ႔ သူတို႔ႏွစ္ေယာက္ဟာ အခ်စ္ဆုံးသူငယ္ခ်င္း ျဖစ္တဲ့အတြက္ ေနာင္ လူခ်င္းကြဲသြားလို႔ ရွိေတာင္မွ တစ္ေယာက္ေသရင္ တစ္ေယာက္ဆီလာၿပီး ကိုယ္ထင္ျပစတမ္းလို႔ လက္ေမာင္းေသြးေဖာက္ အရက္ထဲ ထည့္ေသာက္ၿပီး ကတိသစၥာ ျပဳခဲ့ၾကသတဲ့ကြ။

ဒါေၾကာင့္ ဘီလ္ဘာတင္ေရွာစိတ္ထဲမွာ ဝင့္ခ်္ေသရင္ တေစၦျဖစ္ၿပီး သူ႔ဆီ ဘယ္ေန႔ေရာက္လာမလဲ စိတ္ထဲတထင့္ထင့္၊ ဆိုက္လတ္စ္ဝင့္ခ်္ရဲ႕ တေစၦ အေျခာက္ မခံရေအာင္ ဆိုလည္း သူက အရင္ေသၿပီး ဆိုက္လတ္စ္ဆီ သြားေျခာက္ပါမွ၊ မူးမူး႐ူး႐ူးနဲ႔ ထားခဲ့ၾကတဲ့ ကတိသစၥာဟာ ဘီလ္အတြက္ ဘယ္လိုမွ မသက္သာဘူး၊ ဒါေၾကာင့္ သူ အရက္ကိုပဲ ဖိေသာက္ေတာ့တယ္။
သူ ေသာက္ႏိုင္ေလာက္ေအာင္ကလည္း သေဘၤာသားအလုပ္က ထြက္လာၿပီးေနာက္ ရတဲ့ အလုပ္ဝင္ေငြက တစ္ပတ္ကို ႏွစ္ေပါင္ဆိုေတာ့ မနည္းဘူး။ ႏို႔ၿပီး သားသမီးကလည္း မထြန္းကားေတာ့ လင္ကိုယ္မယား ႏွစ္ေယာက္တည္းပဲ။ ဘီလ္မိန္းမ ေအမီဟာ ႐ိုးသားၿပီး သေဘာေကာင္းပါတယ္။ ဘီလ္လည္းပဲ.. အရက္မမူးခင္ျဖင့္ မခုတ္တတ္တဲ့ ေၾကာင္လိုပဲ၊ သူ႔မယားအေပၚမွာ အင္မတန္ သေဘာေကာင္းပါတယ္။ ရလာတဲ့ေငြကို အကုန္အပ္ပါတယ္။ အဲ.. မူးၿပီဆိုရင္ေတာ့ မယားကို ႐ိုက္လားပုတ္လား လုပ္တတ္တယ္။ သူေပးထားတဲ့ေငြကို ျပန္ေတာင္းတတ္တယ္။
ေလာကဓမၼတာပဲ .. ဆိုရမယ္။ .. အရက္သမားတို႔ ထုံးစံဟာ လူႀကီးလာေလ … ဘီလ္ဟာ ၾကာလာေလ … အရက္ပိုေသာက္ေလနဲ႔ ေနာက္ဆုံးမွာ ဘယ္ေလာက္ဆိုးလာသလဲဆိုရင္ သူတို႔ မဂၤလာဦးတုန္းက ဝယ္ထားတဲ့ အိမ္ေထာင္ ပရိေဘာဂေတြကိုပါ ေရာင္းၿပီး ေသာက္ပစ္တယ္။ အဲဒီေနာက္ေတာ့ သူတို႔ဧည့္ခန္းမွာ စားပြဲကုလားထိုင္မွ မရွိေတာ့ သူ ဒီအိမ္မွာ ေနခ်င္စရာ ေကာင္းေလာက္ေအာင္ မသာယာေတာ့ဘူး ဆိုၿပီး အျခားသြား ေသာက္စားေနရာက အိမ္ကို အခ်ိန္မေတာ္ သန္းေခါင္ေက်ာ္မွ ျပန္လာေလ့ ရွိေတာ့တယ္။

အဲဒီလို ဘီလ္ဟာ အဆိုးသြမ္းဆုံး ျဖစ္ေနတဲ့ အခ်ိန္မွာ တစ္ေန႔သ၌ေတာ့ ဆိုက္လတ္စ္ဝင့္ခ်္ဟာ ဘီလ္အိမ္ကို ေမးစမ္းၿပီး ေရာက္လာတယ္။ စေနေန႔ မြန္းလြဲပိုင္း ျဖစ္ေလေတာ့ ဘီလ္ အိမ္မွာမရွိဘူး။ ဘီလ္မိန္းမကို သူဘယ္သူျဖစ္ေၾကာင္း ေျပာျပေတာ့ ေအမီဟာ သူ႔လင္ မၾကာခဏ ေျပာဖူးတဲ့အတိုင္း ဆိုက္လတ္စ္ဝင့္ခ်္ဆိုတာ သိေနေတာ့ ဧည့္ခန္းထဲကို ေနာက္ေဖးက ကုလားထိုင္ေဟာင္းတစ္လုံး ယူလာၿပီးေတာ့ ထိုင္ေစတယ္။

ဆိုက္လတ္စ္ဟာ ဧည့္ခန္းထဲမွာ ဘာစားပြဲ ကုလားထိုင္မွ မရွိတာ ၾကည့္ၿပီး…
“ေဟ့… မင္းတို႔လင္မယားက ဧည့္ခန္းထဲမွာ ဒီလိုပဲ ရွင္းရွင္းလင္းလင္း ေနတတ္သလား”
ဆိုေတာ့ ေအမီက သူ႔လင္ရဲ႕ လုပ္ပုံကိုင္ပုံ ျဖစ္ေၾကာင္းကုန္စင္ကို ေျပာျပတယ္။ ဒီေတာ့ ဆိုက္လတ္စ္ရဲ႕ မ်က္ႏွာႀကီးဟာ ပိုရွည္သြားတယ္ ထင္ရၿပီး..
“ဟင္း.. ဘီလ္ဟာ ဒီေလာက္ေတာင္ ဆိုးေနသလားကြာ၊ ဒီေကာင္ေတာ့ ငါ ေတြ႕ဦးမွပဲသူ ဘယ္အခ်ိန္ ျပန္လာတတ္သလဲ ”
ဆိုေတာ့ ေအမီက ..
“သူ ျပန္လာမွာကေတာ့ သန္းေခါင္ေက်ာ္မွပါပဲ ဒါေပမဲ့ ရွင္ အဲဒီအခ်ိန္မွာ သူနဲ႔ေတြ႕လို႔ မျဖစ္ဘူး ထင္တယ္ဘာေၾကာင့္လဲဆို သူက မူး႐ူးလာမွာမို႔ ရွင္တို႔ခ်င္း ကတိသစၥာထားၾကတာ သူကြၽန္မကို အကုန္ ေျပာျပထားပါတယ္၊ တစ္ေယာက္ေသရင္ တစ္ေယာက္ဆီလာၿပီး ကိုယ္ထင္ျပမယ္ဆိုထားေတာ့ သူက ရွင့္ကိုျမင္ရင္ ဧကႏၲ တေစၦလာၿပီး ေျခာက္တယ္ ထင္ေတာ့မွာပဲ ”

အဲဒီအခါမွာ ဆိုက္လတ္စ္ဟာ သူ႔ေခါင္းကို ကုတ္ရင္း ေခတၱ စဥ္းစားၿပီး..
“သူက ငါ့ကို တေစၦထင္မယ္ ေအး.. ဒီလိုဆိုရင္ ဟုတ္ၿပီ၊ ငါက တေစၦေယာင္ ေဆာင္ၿပီး သူ႔ကို ေနာက္ထပ္ အရက္မေသာက္ဖို႔ စကားေျပာမယ္အဲဒီလိုဆိုရင္ မင္းအဖို႔ေရာ သူ႔အဖို႔ေရာ ေကာင္းသြားမယ္”
ေအမီဟာ ဆိုက္လတ္စ္စကားကို ႐ုတ္တရက္ နားမလည္ေသးဘူး။ ေနာက္ထပ္ ဆိုက္လတ္စ္က ရွင္းျပေတာ့မွ သေဘာေပါက္သြားၿပီး သူတို႔ႏွစ္ေယာက္ အစီအစဥ္ကို တိုင္ပင္ၾကတယ္။ ေနာက္ဆုံးမွာ ေအမီက..
“ဒီလို ရွင့္ကိုယ္က်ိဳး မပါဘဲနဲ႔၊ ကြၽန္မတို႔အတြက္ ေဆာင္႐ြက္ေပးမွာကို အထူးပဲ ေက်းဇူးတင္ပါတယ္ရွင္”
“အို… ဒါကေတာ့ အထူးေျပာစရာ မလိုပါဘူးကြာ၊ ဘီလ္ဟာ ငါ့အခ်စ္ဆုံး သူငယ္ခ်င္းပဲ၊ သူ႔အတြက္ ငါဘာမဆို ေဆာင္႐ြက္ေပးရမွာပဲ၊ ဒါဟာ သူ႔အတြက္ ငါလုပ္ေပးတာ ပထမဦးဆုံးလည္း မဟုတ္ပါဘူး၊ ေနာက္ဆုံးလည္း မဟုတ္ေသးပါဘူးကြယ္ ”
“ေက်းဇူးပါပဲရွင္၊ … ဒါေပမဲ့ မေတာ္တဆ ရွင္ တေစၦ ေယာင္ေဆာင္တာ ေပၚသြားရင္ျဖင့္ ကြၽန္မ ဘာမွမသိဘူး ေျပာပါေနာ္၊ ႏို႔မဟုတ္ရင္ သူ ကြၽန္မကို အေရဆုတ္ပါလိမ့္မယ္ ”
“ေအး ေကာင္းပါၿပီ၊ ႏို႔ၿပီး ငါ့အတြက္လည္းပဲ စိုးရိမ္ရေသးတယ္၊ သူ႔အိပ္ရာနားမွာ ဘာ လက္နက္မွ မရွိပါေစနဲ႔ေနာ္၊ မင္းတို႔ အိပ္ခန္းတံခါးကိုလည္း အသာေလး ေစ့႐ုံေစ့ထား၊ မီးေရာင္ကလည္း ျမင္သာ႐ုံ ခပ္မွိန္မွိန္ေလး လင္းပေစ၊ (၃) နာရီေလာက္ ငါလာခဲ့မယ္ ၾကားလား”

ထိုည၌ ဘီလ္ကား သူ႔ထုံးစံအတိုင္း သန္းေခါင္ေက်ာ္ေလာက္မွ အလြန္အကြၽံ မူးကာ လိုက္ပို႔ေသာ သူ႔အေဖာ္မ်ားႏွင့္ ေရာက္လာလွ်င္ အိမ္ေအာက္မွ ႐ုန္းရင္းဆန္ခတ္ ျဖစ္ၾကၿပီးေနာက္ … အိပ္ရာထဲေရာက္၍ ဒုန္းခနဲလဲက်ကာ အစန႔္သား . အိပ္ေပ်ာ္ သြားေလသည္။
အမူးသမားတို႔ မည္သည္မွာ လူအိပ္ေပ်ာ္ေသာ္လည္း ႏႈတ္ႏွင့္ ေျခလက္တို႔က အၿငိမ္မေန။ ေယာင္ယမ္း လႈပ္ရွားျခင္းတို႔ေၾကာင့္ ေအမီသည္ ေတာ္ေတာ္ႀကီးၾကာမွ အိပ္ေပ်ာ္သြားၿပီးေနာက္ ေၾကာက္မက္ဖြယ္ေကာင္းေသာ အသံႀကီးတစ္ခုေၾကာင့္ လန႔္ႏိုး၍ မ်က္စိကို ဖြင့္ၾကည့္လိုက္ေတာ့ ခုတင္ေျခရင္း၌ ဆိုက္လတ္စ္ သေဘၤာသား အဝတ္အစားႏွင့္၊ သူ႔ကိုယ္မွာလည္း ေရေတြ႐ြဲ႐ြဲစိုလ်က္ မ်က္ႏွာတြင္ ေျပာင္လက္ေနေသာ ေဆးေရာင္မ်ား ျခယ္ထားသည္။ ဦးထုပ္ကိုလည္း ေနာက္သို႔ ခပ္လန္လန္ ေဆာင္းထား၍ နဖူးေပၚမွ ဖြာရာက်ေနေသာ ဆံပင္တို႔မွာလည္း ေရညႇိ ေရေမွာ္မ်ား ကပ္လ်က္ ..
ဆိုက္လတ္စ္သည္ ဝမ္းေခါင္းသံႀကီးႏွင့္ ညည္းတြားတြား အသံမ်ိဳး ေအာ္လိုက္ျပန္သည္။ အကယ္တႏၲဳ ေအမီသည္ ႀကိဳတင္ သိရွိမထားဘူး ဆိုပါက ႐ုတ္တရက္ အသက္ ထြက္သြားေလာက္ပါ၏။ သို႔ေသာ္ မူးမူးႏွင့္ အိပ္ေမာက်ေနေသာ ဘီလ္ကား အသက္ရႉ မပ်က္။ ဆိုက္လတ္စ္က ဒီအသံမ်ိဳး သုံးခါ ဆက္ေအာ္ေသာ္လည္း နကမၸတိ။ ဒီေတာ့ ေအမီက အႀကံေပး၏။
“စူးစူးရွရွအသံမ်ိဳး ေအာ္ပါလားရွင့္”
ဆိုက္လတ္စ္သည္ ေအမီ အႀကံေပးသည့္အတိုင္း ငါးခါ ေအာ္၏။ အာေခါင္ေျခာက္၍ ေခ်ာင္းတဟြတ္ဟြတ္သာ ဆိုးလာသည္။ အရက္ရွိန္ႏွင့္ ေလာကႀကီးကို အဆက္ျပတ္ေနေသာ ဘီလ္ကား တုတ္တုတ္မွ် မလႈပ္ေသး။ ဒီေတာ့ ေအမီက …
“ပထမလို အသံႀကီးႀကီးနဲ႔ ခုနလို စူးစူးရွရွ အသံႏွစ္မ်ိဳးလုံး တြဲေအာ္ရွင့္ ”
ဆိုက္လတ္စ္သည္ ေအမီကို မ်က္ေစာင္းထိုးၿပီး..
“ငါခြီးတဲ့.. လူကို သံစုံမင္းသားမ်ား ေအာက္ေမ့ေနသလား ”
ဟု ျပန္ေျပာေသာ္လည္း ေအမီ အႀကံေပးသည့္အတိုင္းပင္ အသံႏွစ္မ်ိဳး တြဲေအာ္ရာ ေလးငါးခါေလာက္ရွိေတာ့မွ ဘီလ္သည္ သဲ့သဲ့ ၾကားဟန္တူ၏။ မ်က္လုံးေတာ့ မဖြင့္ဘဲ ေအမီကို တံေတာင္ႏွင့္တြက္၍
“ေဟ့.. သတိထားစမ္း၊ ဘာေတြ အိပ္မက္ၿပီး ေအာ္ေနတာလဲ”

ေအမီက ဘာမွ်ျပန္မေျပာ။ ဆိုက္လတ္စ္က အားတက္လာၿပီး တစ္ခ်ီ က်ဳံးေအာ္လိုက္ေတာ့မွ ဘီလ္ လန႔္ဖ်ပ္ကာ မ်က္လုံးဖြင့္ၾကည့္လိုက္မိသည္၌ ခုတင္ ေျခရင္းက ဆိုက္လတ္စ္ကို ျမင္သည္ႏွင့္ တစ္ၿပိဳင္နက္ အမယ္ေလး တစ္ခ်က္တၿပီး ေစာင္ကို တအားဆြဲေဆာင့္ၿခဳံလ်က္ သူ႔ကိုယ္ ပုဝင္သြားေတာ့၏။

ယင္း၌ ဆိုက္လတ္စ္က ဝမ္းေခါင္းသံႀကီးႏွင့္..
“ဘီလ္..”
ဘီလ္ကိုယ္သည္ အိပ္ရာေအာက္ ယက္ဝင္ေတာ့မည္ကဲ့သို႔ က်ဳံ႕ဝင္သြားသည္။
“ဘီလ္.. မင္း ငါေခၚေနတာကို ဘာလို႔ ျပန္မထူးလဲကြ”
ဒီအခါမွာ သူ႔အသံက ေလးေလး ေအးစက္စက္ႀကီးျဖင့္ ….
“ငါကေတာ့ မင္းနဲ႔ ကတိသစြာ ထားခဲ့တဲ့အတိုင္း ပစိဖိတ္သမုဒၵရာေအာက္ ေသ႐ြာကေနၿပီး ထလာခဲ့ရတယ္၊ မင္း ငါ့ကို ႏႈတ္မဆက္ေတာ့ဘူးလားကြာ သူငယ္ခ်င္း”
ဒီေတာ့ ဘီလ္က ေစာင္ၿခဳံေအာက္က တုန္လႈပ္ေသာအသံျဖင့္ ….
“ဂြဒ္.. ဂြဒ္.. ဂြဒ္ဘိုင္”

ယင္း၌ ဆိုက္လတ္စ္က စိတ္ပ်က္ေသာ အသံႀကီးႏွင့္ တစ္ခ်က္ ညည္းညဴ လိုက္ၿပီး..
“ဪ မင္းက ငါ့ကို ဒီတစ္ခြန္းပဲ ေျပာစရာ ရွိေတာ့သလား၊ ငါျဖင့္ သေဘၤာပ်က္လို႔ သမုဒၵရာေအာက္ေရာက္ၿပီး ေသေသခ်င္း ငါကတိအတိုင္း ငါ့အခ်စ္ဆုံး သူငယ္ခ်င္းေတာ့ သြားႏႈတ္ဆက္မွပဲလို႔ ေရမြန္းၿပီး ငါ့ဖက္ေနတဲ့ ကပၸတိန္ရဲ႕ စားပြဲထိုးကေလးအေလာင္းကို ေျခနဲ႔ကန္ထၿပီး မင္းဆီကို လာခဲ့ရတာကြ သိလား”
ဒီအခ်ိန္မွာ ဘီလ္ဟာ အေၾကာက္လြန္ၿပီး အရက္မူးေတြ ေျပေနလ်က္
“ဟုတ္ ဟုတ္.. ဟုတ္ပါၿပီ ဆိုက္လတ္စ္ရယ္၊ မင္း ကတိတည္ပါေပတယ္၊ ေကာင္း.. ေကာင္း.. ေကာင္းရာသုဂတိကို လားပါေစ”

အဲဒီတုန္း ဆိုက္လတ္စ္က ဘာမွျပန္မေျပာရမီ ေအမီက ကိုယ္ကို ပုတ္လိုက္ၿပီး
“ဘီလ္ ဘာေတြ ေယာင္ေနတာလဲ၊ ရွင္ အိပ္မက္ေနသလား၊ ဆိုက္လတ္စ္ဆိုတာ ဘယ္သူလဲ၊ ရွင္ ဘာေတြ ေျပာေနတာလဲ”
ဘီလ္ ေစာင္ၿခဳံေအာက္က သူ႔မ်က္လုံးကိုေတာ့ မဖြင့္ဘဲ ေအမီကိုယ္ကို ဖ်စ္ညႇစ္လ်က္ ေလသံတိုးတိုးျဖင့္ .. ။
“ငါ အိပ္မက္ေနတာ မဟုတ္ဘူးဟဲ့၊ ခုတင္ေျခရင္းမွာ ငါ့သူငယ္ခ်င္း ဆိုက္လတ္စ္ရယ္ မတ္တတ္ရပ္ေနတာ နင္မျမင္ဘူးလား”
“ျမင္ေပါင္ေတာ္၊ ရွင္အိပ္မက္ၿပီး အရက္မူးမူးနဲ႔ စိတ္ေၾကာင္ေတာင္ေတာင္ ျဖစ္ေနတာပါ”
“နင္တကယ္ ဘာမွ မျမင္ဘူးလား”
“ျမင္ပါဘူးေတာ္၊ အိပ္မက္မက္တာပါ။ ကဲ.. ကဲ.. ျပန္အိပ္ေတာ့ ကြၽန္မလည္း အိပ္ခ်င္လွၿပီ၊ တကတဲေတာ္ သရဲေၾကာက္တဲ့ ကေလးေလး က်ေနတာပဲ၊ ေစာင္ၿခဳံထဲ ဝင္ပုၿပီး ေတြ႕ကရာေတြ ေလွ်ာက္ေျပာေနတယ္”
ထို႔ေနာက္ ေအမီသည္ တစ္ဖက္သို႔ လွည့္သြား၍ အိပ္ခ်င္ေယာင္ ေဆာင္ေနလိုက္ေတာ့သည္။ ယင္းမွ ဆိုက္လတ္စ္က အသံၾသႀကီးႏွင့္
“ဘီလ္”
ဘီလ္က မသက္သာေသာ အသံႏွင့္ ..
“ဗ်ာ..”
“မင္းမိန္းမဟာ ငါ့ကိုယ္ကို ျမင္လည္း မျမင္ရဘူး၊ ငါေျပာတာကို ၾကားလည္း မၾကားရဘူး”
“ဟုတ္ကဲ့ ..”
“ငါက မင္းဆီကို လာတာကိုးကြ၊ မင္းနဲ႔ငါဟာ သေဘၤာသားဘဝမွာ အခ်စ္ဆုံးေသာ သူငယ္ခ်င္း ျဖစ္ခဲ့တယ္၊ ပင္လယ္ခရီးမ်ားစြာ အတူတကြ သြားခဲ့ၾကတယ္၊ တို႔ဟာ အဲဒီတုန္းက ေသာက္အတူ၊ စားအတူ၊ ေနအတူေနာ္ ဘီလ္”
“ဟုတ္ပါတယ္”
ဘီလ္သည္ ေစာင္ေခါင္းၿမီးၿခဳံကိုေတာ့ မဖြင့္ေပ။
“ေနာက္ဆုံးမွာ တို႔လူခ်င္း ခြဲခြာရသည့္တိုင္ မေမ့ၾကစတမ္း၊ ေသေသာ္မွ အလ်င္ေသတဲ့လူဆီကို လာေရာက္ႏႈတ္ဆက္ၾက စတမ္းလို႔ တစ္ေယာက္လက္ေမာင္းေသြး တစ္ေယာက္ေဖာက္ၿပီး ကတိသစၥာျပဳခဲ့တယ္ မဟုတ္လား ဘီလ္”
“ဟုတ္ပါတယ္ ဆိုက္လတ္စ္ ”
“အခု ငါက ငါ့ရဲ႕ ကတိသစၥာအတိုင္း ပစိဖိတ္သမုဒၵရာေအာက္ ေသရာက ထလာခဲ့ေတာ့ မင္းကို ေတြ႕ရတာ ငါ စိတ္မခ်မ္းသာဘူး။ ဘာေၾကာင့္လဲဆို မင္းဟာ အရက္ကို အလြန္အကြၽံ ေသာက္တယ္။ အိမ္ကို အခ်ိန္မေတာ္မွ ျပန္လာတယ္။ အရက္မူးရင္ မိန္းမကို ညႇဥ္းဆဲတယ္။ ေပးထားတဲ့ ပိုက္ဆံကို ျပန္ေတာင္းတယ္။ ေနာက္ဆုံး ပိုက္ဆံမရွိေတာ့ကြာ အိမ္ေထာင္ပရိေဘာဂကိုေတာင္ ေရာင္းေသာက္တယ္။ ဒါေတြကို မင္းမျငင္းပါနဲ႔၊ ငါက တေစၦတို႔ရဲ႕ ကမၼဇိဒၶိ တန္ခိုးနဲ႔ သိတာကြ။ ကဲ.. ငါေျပာတာေတြ မဟုတ္ဘူးလား။ မင္း ဝန္ခံစမ္း”
ဘီလ္သည္ အလြန္ တုန္လႈပ္ေၾကာက္႐ြံ႕စြာႏွင့္ ..
“မွန္ပါတယ္ သူငယ္ခ်င္း”
“ဒီေတာ့ ငါက မင္းရဲ႕ မိတ္ေဆြေကာင္းပီပီ မင္းရဲ႕ ေကာင္းက်ိဳးအတြက္ ငါ ေဆာင္႐ြက္ရလိမ့္မယ္။ မင္း လက္ခံမလား ဘီလ္”
“ခံပါ့မယ္ သူငယ္ခ်င္း ”
“တျခားေတာ့ မဟုတ္ပါဘူး။ မင္း ယေန႔ ယခုအခ်ိန္မွစၿပီး မူးယစ္ေစတတ္ေသာ ေသရည္ေသရက္မွန္သမွ် ဘာကိုမွ မေသာက္ရေတာ့ဘူး ”
ဘီလ္သည္ ေစာင္ၿခဳံေအာက္မွ တုန္လႈပ္စြာႏွင့္ “ေဆးျဖစ္ ဝါးျဖစ္ကေလးမွ မေသာက္ရဘူးလား”
“တစ္စက္မွ မေသာက္ရဘူး။ ခရစၥမတ္ပြဲမွာေတာင္ မေသာက္ရဘူး ၾကားရဲ႕လား”
“ၾကားပါတယ္”
“ၾကားရင္ မင္းရဲ႕ ညာလက္ကိုေျမႇာက္ ”
ဘီလ္သည္ သူ႔ေစာင္ၿခဳံထဲမွ ညာလက္ကို ေျမႇာက္ရသည္။

ဆိုက္လတ္စ္က..
“ကတိသစၥာ ျပဳရမယ္။ ငါေျပာသလို လိုက္ဆို” ဟု ေျပာၿပီး ..
“ကြၽႏ္ုပ္အခ်စ္ဆုံးေသာ သူငယ္ခ်င္း”
“ကြၽႏ္ုပ္အခ်စ္ဆုံးေသာ သူငယ္ခ်င္း”
“ေသရာမွ ထလာေသာ ”
“ေသရာမွ ထလာေသာ”
“ပစိဖိတ္သမုဒၵရာေအာက္မွ တေစၦႀကီး”
“ပစိဖိတ္သမုဒၵရာေအာက္မွ တေစၦႀကီး”
“ဆိုက္လတ္စ္ဝင့္ခ်္၏ ဝိညာဥ္အားျဖင့္ က်ိန္ဆိုပါသည္”
“ဆိုက္လတ္စ္ဝင့္ခ်္၏ ဝိညာဥ္အားျဖင့္ က်ိန္ဆိုပါသည္ ”
“မူးယစ္ေစေသာ”
“မူးယစ္ေစေသာ”
“ေသရည္ ေသရက္ မွန္သမွ်ကို”
“ေသရည္ ေသရက္ မွန္သမွ်ကို”
“ယေန႔ည ယခုအခ်ိန္မွ စၿပီး”
“ယေန႔ည ယခုအခ်ိန္မွ စၿပီး”
“တစ္စက္ကေလးမွ် မေသာက္ေတာ့ပါ ”
“တစ္စက္ကေလးမွ် မေသာက္ေတာ့ပါ ”
“ေသာက္ခဲ့သည္ရွိေသာ္”
“ေသာက္ခဲ့သည္ရွိေသာ္”
“တေစၦႀကီး ဆိုက္လတ္စ္ဝင့္ခ်္သည္”
“တေစၦႀကီး ဆိုက္လတ္စ္ဝင့္ခ်သည္”
“စိတ္ဆိုးသျဖင့္ ”
“စိတ္ဆိုးသျဖင့္ ”
“တစ္ဖန္ ျပန္လာသည္ရွိေသာ္”
“တစ္ဖန္ ျပန္လာသည္ရွိေသာ္”
“အၾကင္တေစၦႀကီးကို ဒုတိယအႀကိမ္ ျမင္ရ၍”
“အၾကင္တေစၦႀကီးကို ဒုတိယအႀကိမ္ ျမင္ရ၍”
“ထိုကတိသစၥာ ဖ်က္သူသည္”
“ထိုကတိသစၥာ ဖ်က္သူသည္”
“ခ်က္ခ်င္းေသေစသတည္း”
“ခ်က္ခ်င္းေသေစသတည္း”
“အဟြတ္ .. အဟြတ္ ”
“အဟြတ္ .. အဟြတ္ ”

“ေဟ့.. ဒါမပါဘူးကြ။ ငါက ေရနစ္ၿပီး အေအးမိေနလို႔ ေခ်ာင္းဆိုးေနတာကြ”
ေအမီသည္ ရယ္ခ်င္ေသာ္လည္း ေအာင့္အည္း၍ အိပ္ခ်င္ေယာင္ေဆာင္ကာ ေဟာက္ၿမဲ ေဟာက္ေနရ၏။
ထို႔ေနာက္ ဆိုက္လတ္စ္က ဆက္လက္၍..
“ေအး .. မင္း ငါ့ကို ဒုတိယအႀကိမ္ ျမင္ရရင္ေတာ့ မင္းကတိသစၥာအတိုင္း မင္းေသၿပီ မွတ္ေပေရာ့”
“ဒီေတာ့ မင္းကလည္း ငါ့ဆီမွာ တစ္ခါ ကိုယ္ထင္ျပၿပီးဆိုတာလည္း သတိထားပါကြာ”
ဘီလ္က ျပန္ေျပာ၏။
“ေကာင္းၿပီ။ ဒါနဲ႔ ငါမသြားမီ တစ္ခုေျပာခဲ့ရဦးမယ္။ အခု ငါေသေတာ့ မိန္းမ မုဆိုးမျဖစ္ၿပီး က်န္ခဲ့တယ္။ ဘယ္သူမွ ကူညီေထာက္ပံ့မယ့္လူ မရွိဘူး”
ဘီလ္က စုပ္သတ္၍..
“သြပ္.. သြပ္.. သြပ္.. သနားစရာ”
“ဒီေတာ့ ငါစဥ္းစားမိတယ္။ ငါသာ မင္းအလ်င္ ေသလို႔ မင္းမိန္းမက မုဆိုးမအျဖစ္နဲ႔ က်န္ခဲ့မယ္ဆိုရင္ ငါမေနႏိုင္ဘူး၊ ကိုယ္တတ္ႏိုင္သေလာက္ေတာ့ ကူညီမွာပဲ”
ဘီလ္သည္ ဘာမွျပန္မေျပာဘဲ ဆိတ္ဆိတ္ေနလိုက္၏။ ဆိုက္လတ္စ္က ဆက္လက္၍ –
“အခု မင္းေလာက္သာ ဝင္ေငြရမယ္ဆိုရင္ တစ္ပတ္ကို (၁၅) သွ်ီလင္ေတာ့ မွန္မွန္ ေပးေနမွာပဲကြ”
ဒီေတာ့မွ ဘီလ္က.. “ဘာ တစ္ပတ္ကို (၁၅) သွ်ီလင္”
“ေအးေလ.. မင္းအခု အရက္ မေသာက္ေတာ့ဘူး ဆိုရင္ ဒီေလာက္ေငြဟာ ဘာခဲယဥ္းေတာ့မလဲ”

ေအမီသည္ သူႏွင့္ မူလအစီအစဥ္တြင္ ဤကိစၥမပါသျဖင့္ မ်က္လုံးျပဴးသြားသည္။ သို႔ေသာ္ ဝင္၍ျဖင့္ မျဖစ္ေတာ့၊ သူ႔ေယာက္်ား ဘာျပန္ေျပာမလဲဟု နားေထာင္ေနစဥ္ ဘီလ္က..
“ေကာင္းၿပီေလ။ မင္းမိန္းမကို ငါသြားၾကည့္ပါ့မယ္”
ယင္း၌ ဆိုက္လတ္စ္က တင္းမာေသာ ေလသံႏွင့္ ..
“အိုး.. ဒါကို ျပင္းထန္စြာ တားျမစ္တယ္။ ငါ့အမ်ိဳးသမီးဆီကို မသြားလင့္။ သူမသည္ ငါေသသည္ကို မသိေသး။ မသိေစခ်င္၊ သိေသာ္ သူမသည္ ျပင္းထန္စြာ ပူေဆြးေသာက ေရာက္လတၱံ့။ ထို႔ေၾကာင့္ ယခင္က သူမဆီ ငါပို႔သည့္နည္းတူ တစ္ပတ္ကို (၁၅) သွ်ီလင္ စာတိုက္ကေနပို႔ပါ။ နံပါတ္ (၁၅)၊ ရွက္ပဲလမ္း၊ မစၥဝင့္ခ်္၊ ဒီလိပ္စာမွတ္မိလား ဘီလ္”
“မွတ္မိပါတယ္”
“ေကာင္းၿပီ၊ ဒါျဖင့္ သင့္ညာဘက္လက္ကိုေျမႇာက္ ကတိသစၥာတစ္ဖန္ဆို ”
ဟုေျပာၿပီး ခုနအတိုင္း “မိန္းမထံသို႔ တစ္ပတ္လွ်င္ (၁၅) သွ်ီလင္ စာတိုက္က မွန္မွန္ပို႔ပါမည္။ မပို႔လွ်င္ တေစၦႀကီး ဆိုက္လတ္စ္ဝင့္ခ်္ ေဒါသထြက္၍ ဒုတိယအႀကိမ္ ကိုယ္ထင္ျပလာသည္၌ ဘီလ္သည္ ခ်က္ခ်င္း ေသေစသတည္း” ဟု က်ိန္ဆိုလိုက္ရျပန္၏။
ေအမီမွာ အလကားသက္သက္ ကိုယ့္လင္ေငြေၾကး ထိေတာ့ မခံမရပ္ႏိုင္ ျဖစ္၏။ သို႔ေသာ္ အေျခအေနအရ ဘာမွ် မတတ္ႏိုင္။

မူလက ေငြအနည္းအက်ဥ္းေခ်းရန္ ဘီလ္ထံ လာခဲ့ေသာ ဆိုက္လတ္စ္သည္ ယခုတစ္ပတ္လွ်င္ (၁၅) သွ်ီလင္ အရက္ဖိုး ထိုင္ေစာင့္ယူေနရမည့္ အျဖစ္မ်ိဳး ေရာက္သည္၌ အားရေက်နပ္သြားကာ ..
“ကဲ.. ဒါျဖင့္ ငါသြားမယ္ ဘီလ္”
“ေကာင္းၿပီ ဆိုက္လတ္စ္ ”
“ေအး.. မင္း အဲဒီ ကတိသစၥာ ႏွစ္ခုကိုေတာ့ သတိထားေနာ္၊ တစ္ခုခု ဖ်က္မယ္ဆိုရင္ေတာ့ ငါမေနသာဘူး၊ ဒုတိယတစ္ဖန္ လာရေတာ့မွာပဲ”
“မလာပါနဲ႔ သူငယ္ခ်င္းရယ္..၊ ငါလိုက္နာပါ့မယ္ .. စိတ္ခ်ပါ”
“ေအး.. ဒီလိုဆိုရင္ျဖင့္ ငါခု ပစိဖိတ္သမုဒၵရာႀကီးရဲ႕ ေအာက္မွာ တာဝန္ ၿငိမ္းခ်မ္းစြာ လဲေလ်ာင္းေနရေတာ့မွာေပါ့ကြာ၊ သြားၿပီ…သြားၿပီ၊ အခ်စ္ဆုံး သူငယ္ခ်င္းေရ..”
ဆိုက္လတ္စ္၏အသံ ေပ်ာက္ကြယ္ ဆိတ္ၿငိမ္သြားၿပီ ျဖစ္ေသာ္လည္း ဘီလ္သည္ ေတာ္ေတာ္ႏွင့္ မ်က္စိမဖြင့္ဝံ့ေသးဘဲ ႏွစ္မိနစ္၊ သုံးမိနစ္ေလာက္ၾကာမွ ေစာင္ၿခဳံကို ခြာ၍ ၾကည့္လိုက္ေသာ္ သူ႔ ခုတင္ေျခရင္းမွာ ဘာမွ် မျမင္ရေတာ့ေခ်။ သည္ေတာ့မွ သူ သက္ျပင္းႀကီး ခ်လိုက္ေတာ့၏။ အိပ္ခ်င္ေယာင္ေဆာင္ေနေသာ သူ႔မိန္းမ၏ တေခါေခါ ေဟာက္သံကို ၾကားရ၏။
ဘီလ္သည္ ဆိုက္လတ္စ္ ေနာက္တစ္ခါ ျပန္လာလွ်င္ ေသရမွာ အလြန္ေၾကာက္႐ြံ႕၍ ‘မစြက္ဝင့္ခ်္ (၁၅) ရွက္ပဲလမ္း’ ဆိုသည့္ လိပ္စာကို မေမ့ရန္ အထပ္ထပ္ ႐ြတ္ဆိုေနမိလ်က္ ႏွစ္နာရီေလာက္ မ်က္လုံးေၾကာင္ေနၿပီးမွ ျပန္လည္ အိပ္ေပ်ာ္သြားေလသည္။

နံနက္မိုးေသာက္၌ အိပ္ရာထ၍ မ်က္ႏွာသစ္ၿပီးေသာ္ အံ့ၾသဟန္ႏွင့္ နားေထာင္ေနေသာ သူ႔ဇနီးအား ညက သူငယ္ခ်င္းတေစၦလာကာ သူ႔အား မွာၾကားသြားသည္မ်ားကို ေျပာၾကားၿပီးေနာက္ သူ႔လက္က်န္ အိမ္ေစာင့္အရက္ကေလးကို ႏွေျမာလွစြာႏွင့္ သြန္ပစ္လိုက္ရေတာ့၏။
ထိုမွ ဘီလ္သည္ တကယ္ပင္ အရက္ျဖတ္ေလရာ (၄-၅-၆) ရက္မွ်ေလာက္ စားမဝင္ အိပ္မေပ်ာ္ေသာ ေဝဒနာကို ခံစားရၿပီးေနာက္ တစ္ပတ္ေက်ာ္ေသာ အခါတြင္မူ လူနာ နာလန္ထသကဲ့သို႔ အလြန္စားေကာင္း အိပ္ေပ်ာ္ ျဖစ္သြားေလသည္။
ဒီေတာ့မွ သူသည္ ယခင္က ေသာက္ခဲ့ေသာ အခ်ိန္ေတြ၊ ကုန္ခဲ့ေသာ အရက္ဖိုးေတြ ေတြးေတြးၿပီး ႏွေျမာလ်က္ သူႏွင့္ခင္မင္ေသာ မိတ္ေဆြတို႔အား အရက္ျဖတ္ရန္ ႏႈိးေဆာ္ေသာ အျဖစ္သို႔ပင္ ေရာက္သြားေလသည္။ သူ႔ခႏၶာကိုယ္လည္း အရက္ေဖာ အရက္ပြ မဟုတ္ေတာ့ဘဲ အသားအေရ က်စ္လ်စ္ကာ လန္းဆန္းစိုျပည္၍ လာသည္။

သို႔ရာတြင္ ဘီလ္သည္ က်န္းမာေရး အေျခအေန ေကာင္းမြန္လာသေလာက္ သူ႔ဇနီးေအမီမွာ တစ္ေန႔တျခား ပိန္၍လာသည္။ အေၾကာင္းမွာ ဘီလ္သည္ ဆိုက္လတ္စ္ကို ကတိ ေပးထားလိုက္သည့္အတိုင္း အပတ္စဥ္မွန္မွန္ အမွတ္(၁၅) ရွက္ပဲလမ္းသို႔ ေငြ (၁၅) သီလင္ ပို႔ေနရေသာေၾကာင့္ “သက္သက္ ငါ့လင္လုပ္စာကို ဒီ ဆိုက္လတ္စ္ဆိုတဲ့ေကာင္ ေသခ်င္ေယာင္ေဆာင္ၿပီး ရိကၡာယူေနတယ္” ဟု မိန္းမသားပီပီ သဝန္တိုမိသည့္အတြက္ ဘီလ္ အပတ္စဥ္ေငြရ၍ စာတိုက္ကပို႔ေသာ ေသာၾကာေန႔တိုင္း သူ ေဒါသထြက္ၿပီး မစားႏိုင္၊ မအိပ္ႏိုင္၊ ေခါင္းကိုက္ေသာ ေဝဒနာကို ခံစားရ၏။
ယင္းသို႔ျဖင့္ တစ္လမွ် ၾကာေသာအခါ၌ ေအမီမွာ အ႐ိုးေပၚအေရတင္ ျဖစ္လာသည္။ သူ၏ ေဝဒနာရသည့္ အေၾကာင္းကို လင္ေတာ္ေမာင္အား ဖြင့္ေျပာ၍ကလည္း မျဖစ္၊ အကယ္တိ ဆိုက္လတ္စ္ညာေၾကာင္း အမွန္ကို သိသြားခဲ့ေသာ္ ဘီလ္ အရက္ျပန္ေသာက္မည္။ ေနာက္တစ္ခ်က္က သူကပါ ဆိုက္လတ္စ္ႏွင့္ ေပါင္းၿပီး ညာထားသျဖင့္ မိမိအား အ႐ိုးကြဲေအာင္ ႐ိုက္ေပလိမ့္မည္။
စင္စစ္ေတာ့ ဆိုက္လတ္စ္ေၾကာင့္ ဘီလ္ အရက္ျပတ္သြားသည္ကို ေအမီက ေက်းဇူးတင္ဖို႔ ေကာင္းသည္။ ယခင္က ဘီလ္ အရက္ေသာက္ပစ္သည့္ ေငြမ်ားကို မိမိ ရေနသည္။ ထို႔ျပင္ လင္ေယာက္်ား၏ အမူးဒဏ္ကိုလည္း မခံရ။ သို႔ရာတြင္ လူတို႔မည္သည္ ရေလလိုေလ အိုတေစၦ ဆိုသည့္အတိုင္း ထိုတေစၦ အေယာင္ေဆာင္ကာ မိမိ လင္ေယာက်ာ္း၏ လုပ္စာ၊ မိမိပိုင္သည့္ ေငြကို လက္ေဝခံ အေခ်ာင္စားေနတာ မခံႏိုင္ျခင္း၏ ဆင္းရဲေသာ ေဝဒနာေၾကာင့္ သီတင္း (၆) ပတ္မွ် ေက်ာ္ေသာအခါ၌ ေအမီမွာ ေက်ာႏွင့္ရင္ႏွင့္ ထိလုခမန္း ျဖစ္လာသည္။

ယင္းသို႔ျဖင့္ အိပ္မေပ်ာ္ေသာ ညမ်ား၌ တစ္ခုေသာ သန္းေခါင္းေက်ာ္တြင္ ေအမီသည္ သူ႔စိတ္ကူးထဲမွ အလြန္ေကာင္းေသာ အႀကံတစ္ခုကို ရေလ၏။ ယင္းအႀကံကို ဘယ္ေျပာင္းညာလွည့္ျဖင့္ အထပ္ထပ္ အခါခါ စဥ္းစားၿပီးေနာက္ ယခုညပဲ အေကာင္အထည္ေဖာ္ရန္ ဆုံးျဖတ္ခ်က္ ခ်လိုက္ကာ မိမိနံေဘး၌ အိပ္ေပ်ာ္ေနေသာ လင္ေတာ္ေမာင္ကို ၾကည့္လိုက္သည္။ ဘီလ္သည္ အသက္မွန္မွန္ရႉလ်က္ သိပ္ၿပီး အိပ္ေပ်ာ္ေနသည္ မဟုတ္ေခ်။ အနည္းငယ္ေသာ အသံကိုၾကားလွ်င္ ႏိုးႏိုင္ေသာ အေျခတြင္ ရွိသည္။
ထို႔ေၾကာင့္ သူ႔စိတ္ကူးဉာဏ္ အလုပ္ကို စ၏။ ေအမီသည္ ႐ုတ္တရက္ စူးရွေသာအသံျဖင့္ ..
“သူပို႔ပါတယ္ရွင္ သူပို႔ပါတယ္”
ဟု ေအာ္လိုက္သည္၌ အိပ္၍ မေပ်ာ္တေပ်ာ္ ျဖစ္ေနေသာ ဘီလ္ႏိုးကာ ေအမီကိုယ္ကို ပုတ္လိုက္ကာ..
“ဘာလဲ ေအမီ .. မင္းဘာေတြ အိပ္မက္ေယာင္ေနတာလဲ ”
သို႔ေသာ္ ေအမီသည္ သူ႔စကားကို ၾကားဟန္မျပဳဘဲ တစ္စုံတစ္ခုအတြက္ စိုးရိမ္ေသာ အသံျဖင့္..
“သူပို႔တယ္၊ ေသာၾကာေန႔တိုင္း မွန္မွန္ပို႔ပါတယ္၊ အို.. ရွင္ သူ႔ကိုေတာ့ ေနာက္တစ္ႀကိမ္ ကိုယ္ထင္မျပလိုက္ပါနဲ႔ ”
ယင္းကို ၾကားရသည္၌ ဘီလ္သည္ ဆိုက္လတ္စ္ တေစၦကို သတိရကာ ေၾကာက္႐ြံ႕တုန္လႈပ္သြား၍ မ်က္စိမဖြင့္ဝံ့ဘဲ ဆိတ္ဆိတ္ေနေတာ့၏။
ေအမီက ဆက္လက္၍
“သူ ပို႔႐ိုးေတာ့ အမွန္ပါ၊ စာတိုက္က တစ္စုံတစ္ခု ခြၽတ္ယြင္းလို႔ ျဖစ္ပါလိမ့္မယ္၊ ေစာင့္ၾကည့္ပါဦး”
ေအမီသည္ ေခတၱ ရပ္ေနၿပီးမွ တစ္ဖန္ ဆက္လက္၍..
“ေကာင္းၿပီရွင့္၊ ကြၽန္မ ဘီလ္ကိုယ္စား ေဆာင္႐ြက္ပါ့မယ္၊ ဟုတ္ကဲ့ရွင့္ .. ဟုတ္ကဲ့.. ဘီလ္ကိုယ္တိုင္ မသြားေစရပါဘူး.. ဟုတ္ကဲ့.. ဟုတ္ကဲ့ ကြၽန္မအားလုံး တာဝန္ယူပါ့မယ္၊ ေကာင္းပါၿပီရွင္ ေကာင္းပါၿပီ.. မွန္ပါတယ္.. မွန္ပါတယ္.. စိတ္ခ်လက္ခ်သာ သြားပါေတာ့”
ထို႔ေနာက္ ေအမီသည္ သက္ျပင္းႀကီး ခ်လိုက္ကာ စိတ္သက္သာရာ ရသြားသည့္ပုံႏွင့္ ဘီလ္ေခါင္းကို သူ႔ရင္ခြင္ထဲသြင္း၍ ယုယစြာ ေပြ႕ပိုက္လ်က္ ..
“အလိုေလး ကံႀကီးေပလို႔”
ဆိုသည့္ ပုံသဏၭာန္မ်ိဳး။ ထိုအခါမွ ဘီလ္က..
“ေအမီ..”
“အို.. ရွင္ႏိုးၿပီလား.. ဘီလ္”
“ငါႏိုးေနတာ ၾကာၿပီကြ၊ မင္းဘယ္သူနဲ႔ ဘာေတြ ေျပာေနတာလဲ”
“ရွင့္သူငယ္ခ်င္း တေစၦႀကီး လာတယ္ရွင့္၊ အမယ္ေလး ေၾကာက္စရာႀကီးပါလား၊ သူ႔ကိုယ္မွာလည္း ေရေတြ႐ႊဲစိုလို႔ သူ႔နဖူးမွာလည္း ဆံပင္ေတြ စုတ္ဖြားနဲ႔ ေရညႇိေရေမွာ္ေတြ ကပ္လို႔”
ဘီလ္က စိုးရိမ္မကင္းေသာ အသံႏွင့္..
“အခု သူသြားၿပီလား”
“သြားၿပီ.. သြားၿပီ.. ဘယ့္ႏွယ္ေတာ္ ရွင့္ေခၚ ႏိုးေနဦးမွာစိုးလို႔ ကြၽန္မနဲ႔တင္ ကိစၥၿပီးေအာင္ လုပ္လိုက္ရတာေပါ့”
“မင္း ေတာ္ပါတယ္ကြာ ”
ဘီလ္က သူ႔မယားကို ၾကည္ေသာအသံႏွင့္ ..
“သူဘာေတြ ေျပာသြားလဲကြ”
“အခုတစ္ပတ္ သူ႔မယားဆီ ေငြမေရာက္ဘူးတဲ့၊ ဒါေၾကာင့္ ဘီလ္ သစၥာေဖာက္ဆိုၿပီး သူလာတာတဲ့ ”
“အို.. ငါ ပို႔လိုက္သားပဲ”
“ဟုတ္ပါတယ္၊ ဒါေၾကာင့္ ကြၽန္မက ဘီလ္ဟာ ရွင့္မယားဆီကို အပတ္စဥ္ မွန္မွန္ ပို႔ပါတယ္၊ စာတိုက္က တစ္စုံတစ္ခုေၾကာင့္ ျဖစ္ပါလိမ့္မယ္၊ ကြၽန္မကိုယ္တိုင္ သူ႔မယားဆီကို သြားပို႔ပါတဲ့၊ ဒီေတာ့ ကြၽန္မကလည္း သူေက်နပ္ေအာင္ စိတ္ခ်ပါ၊ ကြၽန္မ ေဆာင္႐ြက္ပါ့မယ္လို႔ တာဝန္ခံလိုက္ရတယ္ ”
ဘီလ္က..
“ေအး.. မင္းေျပာတာ ငါၾကားလိုက္ပါတယ္၊ ေကာင္းၿပီေလ ဒီကိစၥကို မင္း တာဝန္ယူေပေတာ့၊ ငါ ေငြမွန္မွန္ ေပးပါမယ္”
ဒီအခါမွာ ေအမီက အလြန္ ႐ိုေသက်ိဳးႏြံေသာ အသံႏွင့္..
“ေကာင္းလွပါၿပီ ဘီလ္ရယ္”
ထို႔ေနာက္ လင္မယားႏွစ္ေယာက္ ဆိတ္ၿငိမ္သြားၾကသည္။ ေအမီစိတ္ထဲမွာ သူ႔အႀကံေအာင္၍ အေက်နပ္ႀကီး ေက်နပ္သည္။ ဘီလ္က သူ႔မယား အလိမၼာကို ခ်ီးမြမ္းမိသည္။

နံနက္လင္းလွ်င္ပင္ ဘီလ္သည္ ယခုအပတ္ မရေသးဘူးဆိုေသာ ေငြ (၁၅) ခ်ီလင္ကို သြားပို႔ရန္ ေအမီအား ေပးသည္။ ထို႔ေနာက္ အပတ္စဥ္ မွန္မွန္ ေသာၾကာေန႔တိုင္း (၁၅) သွ်ီလင္ (၁၅) သွ်ီလင္…. …
ေအမီမွာ ယင္းသို႔ အပိုေငြမျပတ္ ရရေနေတာ့ သူသုံးခ်င္ရာသုံး၊ ဝတ္ခ်င္ရာဝတ္၊ စားခ်င္ရာစားျဖင့္ စိတ္ေအးခ်မ္းသာ ရွိလွ၍ တစ္ေန႔တျခား က်န္းမာဝၿဖိဳး အလွတိုး၍ လာေလသတည္း။

#ေသာ္တာေဆြ

(သေဘၤာသားသုံးေယာက္ ဟာသဝတၳဳတိုမ်ား)