သေနေ့စေ့သော်ငြား

သေနေ့စေ့သော်ငြား(စ/ဆုံး)

——————————

အလုပ်သမားဆေးရုံကြီး၏အသည်းလူနာဆောင်
ကုတင်နံပါတ် ၅
တစ်ကိုယ်လုံးဝါထိန်နေပြီးခန္ဓာကိုယ်မှာအရိုးပြိုင်းပြိုင်းကျလျှက်လျှဲလျောင်းနေသောလူနာ
သူ၏ဖောင်းကားနေသောဝမ်းဗိုက်ကြီးကြောင့်
အပေါ့အလေးသွားရန်ပင်မစွမ်းနိုင်ပဲဇနီးသည်အကူအညီယူနေရသည်
`ဆရာဝန်ကဘာပြောလဲမအေးငါပြန်ကောင်းလာမယ်တဲ့လား´
`ဟင် ! အင်း -အင်း- ဟုတ်တယ် ရှင်အစားမှန်မှန်စားပြီးဆေးမှန်မှန်သောက်ရင်အကောင်းပြန်ဖြစ်မယ်တဲ့´
ကြည်လင်သွားသောခင်ပွန်းသည်ကိုလှမိုး၏မျက်နှာကိုကြည့်ပြီးရင်ထဲမကောင်းသဖြင့်အိမ်သာဘက်သို့ထလာခဲ့လိုက်သည်
`ကျမအိမ်သာခနသွားလိုက်ဦးမယ်´
နေလည်ကဆရာဝန်ဘာပြောခဲ့သည်ကိုကိုယ်တိုင်သာအသိဆုံးမို့မျက်ရည်များကစီးကျလာကြသည်
`မငိုပါနဲ့သမီးရယ်လူတိုင်းကဒီလမ်းကိုတစ်နေ့တော့လျှောက်ကြရမှာပဲလေ´
အသံကြောင့်မော့ကြည့်မိတော့အနားမှာဘယ်သူမှရှိမနေ
ကျောထဲစိမ့်သွားသလိုခံစားမိလိုက်၍အခန်းထဲပြန်ဝင်လာခဲ့လိုက်သည်
ဆေးရုံတက်တာတစ်ပါတ်ကျော်ပြီဖြစ်သော်လည်းကိုလှမိုး၏အခြေအနေမှာထူးထူးခြားခြားကောင်းမလာခဲ့
`ဘယ်လိုကြီးခံစားနေရတာလည်းမသိပါဘူးကွာတစ်ကိုယ်လုံးလေးလံနေတယ်
အား – – ကျွတ် – ကျွတ် – အင်း – ဟင်း – ဟင်း – – – ´
ပုလင်းကြီးပုလင်းငယ်ချိတ်၍မနက်ညဆေးမှန်မှန်ထိုးဆေးမှန်မှန်သောက်နေသော်လည်းပို၍သာဆိုးလာသလိုပင်
`ဆရာဝန်ကြီးတွေကိုယ်တိုင်ဂရုစိုက်ပေးနေတာပဲ
အားတင်းထားစမ်းပါ
ပြန်ကောင်းလာမှာပါ
ရှင်ကဆေးပဲသောက်တာ
အစာမှမစားပဲ
အစာဝင်အောင်ကြိုးစားပြီးစားကြည့်လိုက်နော်
သိသာလာမှာပါ´
ပါးစပ်မှတစ်တွတ်တွတ်ပြောရင်းဆန်ပြုတ်ကိုတိုက်ကြည့်တော့လည်းမသောက်နိုင်ပေ
`မမျိုချနိုင်ဘူးမအေးရယ် – ငါ – ငါ -´
ပြောပြီးတစ်ခြားဘက်လှည့်သွားတော့ပန်းကန်ကိုင်ပြီးမျက်ရည်ကျပြန်သည်
`သူရင်ထဲမှာမကောင်းလို့နေမှာပေါ့အမရယ်အမတို့လင်မယားဆေးရုံစတက်လာတည်းကအမဂရုစိုက်တာကျွန်တော်တို့အားလုံးသိပါတယ်အမအမြဲနောက်ကဓာတ်လှေခါးနားမှာသွားသွားငိုနေတာကိုရောပေါ့´
အခန်းထဲမှအခြားလူနာများနှင့်လူနာရှင်များ၏အကြည့်ကအားပေးနှစ်သိမ်မှူ့့များနှင့်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
`မအေး မအေး ငါ့ကိုလုပ်ပေးပါဦး´
`ဟင် ရှင် ဘာဖြစ်လို့လဲ´
`မင်းကိုသနားလို့မနှိုးပဲအိမ်သာသွားလိုက်တယ်
ဆေးပုလင်းထဲမှာသွေးတွေဝင်ကုန်ပြီ´
ဆေးပုလင်းချိတ်ထားသောတိုင်မှာလဲကျနေပြီးပုလင်းထဲတွင်သွေးများကပြည့်လုနေပြီ
`အမလေးဒုက္ခပါပဲခနလေးကျမဆရာဝန်ဆီသွားလိုက်မယ်´
ဇောကြောင့်အပြေးအလွှားထွက်လာသော်လည်းအပြင်ဘက်တွင်မှောင်မဲနေ၍ခြေလှမ်းကတုံ့သွားသည်
ဆေးရုံကော်ရစ်ဒါတစ်လျှောက်မှိန်ဖျော့ဖျော့အလင်းရောင်ကအမှောင်ထုကိုမထွင်းဖောက်နိုင်
ဆရာဝန်များအခန်းသို့စမ်းတဝါးဝါးနှင့်လျှောက်လာရင်းလှေခါးနားမှအဖြတ်
လှေခါးမှတက်လာသောခြေသံကိုကြားလိုက်ရသဖြင့်လှည့်ကြည့်မိလိုက်သည်လှေခါးမီးအလင်းရောင်မှိန်မှိန်အောက်
လူတစ်ယောက်မိုးကာအနက်ရောင်ကိုခေါင်းပါဆောင်းထားပြီး
လက်ထဲတွင်လည်းထီးကောက်တစ်လက်ကိုင်ကာလှေခါးမှတက်လာပြီး
အနောက်ဘက်လမ်းအတိုင်းအထွေထွေကုသဆောင်ဘက်ကွေ့သွားသည်ကို
လှမ်းမြင်လိုက်ရသည်
`မိုးလဲမရွာပါဘူးဒီလူကရူးများနေတာလား´
စိတ်ထဲတွင်တွေးမိကာစူးစမ်းလိုစိတ်ဖြင့်လှမ်းအကြည့်
`မကြည့်နဲ့သမီး မကြည့်မိစေနဲ့´
ဘယ်ကပေါ်လာမှန်းမသိသောအသံကိုနီးကပ်စွာကြားလိုက်ရသည်
`ဒီ – ဒီအသံ ငါသိတယ် အမလေး ဆရာ ဆရာ လုပ်ကြပါဦး´
ဆရာဝန်းများအခန်းကိုရောက်ရန်ပြေးရသည်မှာပင်မရွေ့တော့သလိုပေ
တာဝန်ကျဆရာဝန်လေးသဘောကောင်း၍သာတော်တော့သည်
ကြောက်စိတ်ကစိုးမိုးနေ၍လား
မျက်စိကြောင်သွားတာလားမသိ
ပြန်အိပ်မပျော်တော့သောကြောင့်လူနာကုတင်ဘေးခုံလေးပေါ်တွင်ထိုင်ကာကုတင်ပေါ်ခေါင်းတင်ရင်းမှေးနေလိုက်သည်
`တံခါးတွေပိတ် – တံခါးတွေပိတ် – ´
`ဒုန် – ဒုန်း – ဂျစ်-ဂျစ်-ဂျစ-်ဂျီး-ဂျီး—´
ရုတ်တရက်ထွက်ပေါ်လာသောအော်သံကြီးနှင့်အတူလှည်းတွန်းသံတဂျီးဂျီးကနားဝင်ဆိုးလှသည်
အခန်းတွင်းမှလူများနိုးကုန်ကာမျက်စိပျက်မျက်နှာပျက်နှင့်ပွင့်နေသောအနောက်တံခါးကိုကြည့်ကာထိတ်လန့်နေကြသလိုပင်
အပေါက်ဝနှင့်အနီးဆုံးမို့ကျမအမြန်ထကာတံခါးကိုပြေးပိတ်လိုက်သော်လည်းဖြတ်သွားသောလှည်းကိုမြင်ဖြစ်အောင်မြင်လိုက်ရသည်
လူthayတင်ထားသောလှည်းဖြစ်ပြီးလှည်းဘီးသံတဂျီးဂျီးနှင့်တွန်းလာသောဆေးရုံဝန်ထမ်းကအော်နေခြင်းဖြစ်သည်
thayဆုံးသူ၏မိသားစုဖြစ်ပုံရသောလူအချို့ကိုလည်းတွေရသည်
`ဟင်း – ဘာများလည်းလို့´
တံခါးအပေါ်ဘက်မှန်မှလှမ်းကြည့်ရင်းတံခါးချက်ချပြီးစိတ်ထဲမှရေရွတ်မိသည်
`ဟာ- – – ဒါ – – ဒါ – – -´
အနောက်ဘက်လူthayချသောဓာတ်လှေခါးအပေါက်နားတွင်စောစောကမိုးကာနဲ့လူရပ်နေသည်
လူthayလှည်းဘေးရှိလူများကြားရော၍လိုက်ပါလာသောလူတစ်ယောက်ကထိုသူ၏အနားကိုဆက်လျှောက်သွားနေသည်ကိုမြင်ရပုံမှာခြေထောက်ကိုသုံးပြီးလမ်းလျှောက်ခြင်းမျိုးမဟုတ်ပဲအင်အားတစ်ခုခုမှစုတ်ယူခံနေရသလိုပင်
အသေအချာကြည့်မှမိုးကာဝတ်ပြီးထီးကိုင်လာသောသူသည်လူတစ်ယောက်မဟုတ်မှန်းသိလိုက်ရသောအခါ
~ ~ ~ ~ ~ ~ ~ ~ ~ ~
`ငါပြန်ကောင်းသွားရင်နောက်ထပ်အရက်လည်းမသောက်တော့ဘူး
မင်းငါ့အပေါ်အရမ်းကောင်းခဲ့တာတွေငါပြန်ပေးဆပ်ပါ့မယ်ကွာ
ငါအရမ်းမှားခဲ့မှန်းသိပါပြီ
အခွင့်အရေးတစ်ခါလောက်ပဲရချင်ပါတယ်
ငါတကယ်နောင်တရနေပါပြီ
မင်းကျေးဇူးတွေငါမှတ်ထားပါ့မယ်
ဟော ဟဲ ဟင်း ´
`ကျမသိပါတယ်မပြောနဲ့တော့ရှင်ပြန်ကောင်းလာရင်ကျမကျေနပ်ပါတယ်ရှင်မောနေပြီအခုအိပ်လိုက်တော့နော်´
ပြောရင်းနှင့်အမောဖောက်လာသောလင်ယောက်ျားကိုကြည့်ပြီးစိတ်မသက်မသာဖြစ်မိသည်
မချိမဆန့်ခံစားနေရမှန်းမြင်ရုံနှင့်သိသာလှသည်
`ဘုရာမှတပါးကိုးကွယ်ရာမရှိ
တရားမှတပါးကိုးကွယ်ရာမရှိ
သံဃာမှတပါးကိုးကွယ်ရာမရှိ ပါဘုရား´
တတ်သလောက်မှတ်သလောက်ဘုရားစာများကြိုးစားရွတ်ပေးနေမိသည်
ဘုရားဘုရားဒီတောင်ကိုကျော်နိုင်ပါတော့မလား
သက်ပြင်းချရင်းစို့တက်လာသောမျက်ရည်များကိုလူမမြင်အောင်သုတ်လိုက်ရသည်
ထိုညက – – – – –
ဝူး း း ဝူး း း အူးးးးအု အု
ဆေးရုံဝင်ထဲမှခွေးများအဆက်မပြတ်အူနေကြသည်
မီးရောင်မှိန်မှိန်ဆေးရုံလျှောက်လမ်းမှလမ်းလျှောက်လာသလိုခြေသံကြားမိ၍ခေါင်းထောင်ကြည့်လိုက်သည်
ထူးခြားသည့်အရိပ်အယောင်မတွေ့ရသော်လည်းအနည်းငယ်ကြောက်စိတ်ဝင်လာသဖြင့်ကုတင်ဘေးခုံရှည်ပေါ်မှနေရာရွေ့ကာကုတင်ပေါ်တက်၍ကိုလှမိုး၏ခြေရင်းဘက်နေရာလွတ်ကလေးတွင်ခွေအိပ်နေလိုက်သည်
ညကတစ်စတစ်စနှင့်ခြောက်ခြားစရာကောင်းလာသလို
ခြေသံကလည်းနီးကပ်လာသလို
ခွေးအူသံကလည်းအဆက်မပြတ်တော့
မျက်စိကိုစုံမှိတ်ကာသံဗုဒ္ဓေဂါထာတော်ကိုပါးစပ်လှုပ်ရုံရွတ်ဆိုနေမိသည်
ခြေသံကားအနောက်ဘက်လမ်းမှလျှောက်လာနေသည်ကိုပီပြင်စွာကြားလာရသည်
အနောက်တံခါးမှအခန်းတွင်းသို့ဝင်လာနေသည်
ကိုလှမိုး၏ခြေထောက်ကိုဖက်တွယ်ပီးမျက်လုံးစုံမှိတ်ကာသံဗုဒ္ဓေဂါထာကိုအဆက်မပြတ်ရွတ်ဆိုနေသည်မှာဘယ်နှစ်ခေါက်မှန်းမသိတော့ပေ
ခြေသံကကိုလှမိုး၏ကုတင်ခြေရင်းတွင်ရပ်တန့်သွားပြီးအချိန်အတော်ကြာငြိမ်သက်နေပြီးမှအနောက်ဘက်တံခါးမှပြန်ထွက်သွားသံကိုကြားလိုက်ရသော်လည်း
ရွတ်ဆိုနေခြင်းကိုမရပ်ရဲရွတ်မြဲရွတ်နေမိသည်
အချိန်အတော်ကြာရွတ်ဆိုမိနေရင်းမှ
အိပ်ချင်စိတ်ကတားမရပဲအိပ်ပျော်သွားလေတော့သည်
– – – – – – – –
တရေးနိုးအပေါ့သွားချင်လာသဖြင့်ဘေးဘီလှည့်ကြည့်မိသည်ညသန်းခေါင်ချိန်မို့
အားလုံးငြိမ်သက်အိပ်မောကျနေကြပြီဖြစ်သည်
စိတ်ကကြောက်မိသော်လည်းအန္တရာယ်မလွယ်ထားနိုင်သဖြင့်အားတင်းကာအိမ်သာဘက်ထွက်ခဲ့လိုက်သည်
လျှောက်လမ်းတစ်လျှောက်လူပြတ်နေသော်လည်းအိမ်သာထဲတွင်လူရှိနေ၍တော်သေးသည်
အိမ်သာကန်တွင်ရေကုန်းခတ်နေသောအဖွားအိုတစ်ဦးနှင့်မတ်တတ်အပေါ့သွားနေသောအမျိူးသားတစ်ဦး
ပုံမှန်အတိုင်းမို့အနီးဆုံးအိမ်သာခန်းကိုဝင်ကာတံခါးပိတ်လိုက်စဉ်အဘွားအိုကလှမ်းပြောလိုက်သည်
`သမီးနင်တို့အခုကုတင်ကိုမနက်ကျလွတ်တဲ့ကုတင်နဲ့ပြောင်းပြီးနင့်ယောက်ျားရဲ့ဆံပင်ခြေသည်းလက်သည်းအဝတ်အစားဟောင်းရောပြီးအနောက်ဘက်လှေခါးကပစ်ချလိုက်စမ်းကြားလား´
ကျွန်မကဘယ်သူကိုပြောနေမှန်းပင်မသိ၍ဘာမှပြန်မပြောမိ
`လူဆိုတာအခွင့်အရေးတစ်ကြိမ်တစ်ခါတော့ရသင့်ပါတယ်အေ ဟဲ့နင့်ကိုပြောနေတာမကြားဘူးလား´
`ရှင်အဘွား ကျွန်မကိုပြောနေတာလား´
အိမ်သာတံခါးကိုတွန်းကာအပြင်သို့လှမ်းအကြည့်တွင်အိမ်သာအပြင်၌ဘယ်သူမှရှိမနေ
သွားနှင့်ပြီအထင်နှင့်အပြင်သို့အထွက်အိမ်သာနှင့်မျက်စောင်းထိုးလူသေချသောဓာတ်လှေခါးဘက်မှအသံကြား၍လှည့်ကြည့်မိလိုက်သည်
ခုနကအဘွားကဓာတ်လှေခါး၏တံခါးများကိုမဖွင့်လမ်းမလျောက်ပဲတံခါးအတွင်းသို့လှမ်းဝင်သွားသည်
အံ့သြလွန်း၍ကြည့်နေစဉ်စောစောကအိမ်သာတွင်းမှယောကျာ်းကကျွန်မ၏အရှေ့ဘက်မှလှမ်းကြည့်ကာပြုံးပြနေသည်
ကြည့်နေရင်းမှသူ၏ခန္ဓာကိုယ်မှာတစ်စစီပဲ့ကျလာကာခြေလက်အပိုင်းအစများကကျွန်မဆီသို့တွန်ကာတွန့်ကာတိုးလာကြသည်
သွေးပျက်လောက်သောမြင်းကွင်းကြောင့်ငယ်သံပါအောင်အော်ဟစ်ရင်းပြေးသည်
ပြေး၍မရပေ
ဇောချွေးများပြန်ကာသံဗုဒ္ဓေဂါထာတော်ကိုအားကိုးတစ်ကြီးရွတ်မိတော့မှအိပ်ယာမှလန့်နိုးသွားလေတော့သည်
`အမလေးတော်ပါသေးရဲအိမ်မက်မလို့´
ကြောက်ကြောက်နဲ့ပြန်အိပ်ပျော်ရန်ကြိုးစားရပြန်သည်
ဇောချွေးများပြန်နေရင်းကတရားမှတ်ရင်းပြန်လည်အိပ်ပျော်သွားတော့သည်
*** ********
ဆူညံညံအသံများကြားမှကျမနိုးကာကိုလှမိုးကိုကြည့်မိသည်
`နိုးပီလားမင်အိပ်နေတုန်းမနက်စာလာဝေလို့ငါယူထားတယ်´
မျက်နှာကအရင်နေ့ကလိုမဟုတ်ပဲအနည်းငယ်ရွှင်လန်းနေပုံရသည်
ညကအကြောင်းသတိရမိကာအခန်းပါတ်လည်ဝေ့ကြည့်ရင်း
အရှေ့ဘက်တံခါးနားရှိကုတင်ပေါ်မှလူနာဆေးရုံဆင်းလက်မှတ်ယူလာသည်ကိုတွေ့လိုက်ရသည်
မိမိနှင့်မဆိုင်သော်လည်းဝမ်းသာသွားမိသည်
`ကိုလှမိုးကျမတို့အခုဆင်းမယ့်လူနာကုတင်ကိုပြောင်းကြမယ်´
`ဘာဖြစ်လို့လဲကွာ´
`မမေးပါနဲ့တော်ကျမစကားအတိုင်းသာလုပ်ပါ´
`အေးပါကွာအေးပါ´
ကျမလူနာကုတင်ပြောင်းခြင်းကိုအမြန်ဆုံးလုပ်ကာပြောင်းပြီးသည်နှင့်ဂုဏ်တော်ပွားသည်
သံဗုဒ္ဓေဂါထာတော်ကြီးအား၁၀၈ခေါက်ရွတ်သည်
ပြီးသည်နှင့်ကိုလှမိုးအားခေါင်းတုံးရိတ်သည်ခြေသည်းလက်သည်းညှပ်ယူကာသူ၏အင်္ကင်္ျီအဟောင်းနှင့်ထုတ်၍အနောက်ဘက်တံခါးမှထွက်ပြီးလူသေများသယ်ဆောင်သောဓာတ်လှေခါးခန်းအတွင်းပစ်ချလိုက်သည်
လုပ်စရာရှိသည်များလုပ်ပြီးကျမစိတ်အတော်လေးပေါ့ပါးသွားသော်လည်း
ညရောက်မှာကိုတော့ကြောက်ရွံ့စိတ်ကတော့ပျောက်မသွားခဲ့ပါ
ညနေစောင်းလူနာများထမင်းဝေချိန်လူနာအသစ်တစ်ယောက်ထပ်ရောက်လာသည်
ထိုလူနာအားကုတင်နံပါတ်( ၅ )တွင်ထားပြီးမိသားစုမပါပဲလုပ်ဖော်ကိုင်ဖက်တစ်ယောက်သာပါသည်
ထိုလူနာကားဝမ်းမထိန်းနိုင်သောကြောင့်အဝတ်အစားလဲရန်အခက်တွေ့နေသဖြင့်အခန်းတွင်းမှအခြားလူနာများကဝိုင်းဝန်ကူညီနေကြသည်
ကျမလည်းမနေနိုင်ကိုလှမိုး၏ပုဆိုးတစ်ထည်နှင့့်အကျီင်္ီတစ်ထည်ပေးလိုက်သည်
အခန်း၏ထုံးစံအတိုင်းလူနာ၏ဗိုက်ကြီးမှာမြင်မကောင်းအောင်ပူထွက်နေသည်
အခြေအနေကောင်းဟန်မတူပေ
သန်းခေါင်ချိန်ရောက်၍စူးစူးဝါးဝါးအူလိုက်သောခွေးအူသံများထွက်ပေါ်လာသည်နှင့်
အခန်းတွင်းရှိဝိုင်းဝန်းကူညီနေကြသောလူနာများကုတင်ပေါ်အသီးသီးပြန်တက်ကုန်ကြသည်ကိုသတိထားမိလိုက်သည်
ကျမသည်လည်းညကအဖြစ်ကိုပြန်သတိရကာကုတင်ဘေးခုံရှည်ပေါ်တွင်အိပ်နေရာမှလူနာကုတင်ပေါ်တက်ကာကိုလှမိုးဘေးဝင်တိုးလိုက်သည်
အားလုံးအိပ်မပျော်သေးသော်လည်းတိတ်ဆိတ်သွားသောအခြေအနေမို့ကျမမျက်လုံးကိုမှိတ်ထားလိုက်သည်
ခွေးအူသံများကရပ်မသွားပဲပို၍ကျယ်လောင်လာသလိုကြားနေရင်းကြားမှလှမ်းလာနေသောခြေသံကိုသေချာကြားလိုက်ရသည်
သံဗုဒ္ဓေဂါထာကိုအားကိုးတကြီးရွတ်ဆိုရင်းနားစွင့်ထားမိသည်
နီးကပ်လာသောခြေသံကားအခန်းဝနားတွင်ရပ်တန့်ကာတိတ်ဆိတ်သွားလေသည်
မကြာလိုက်ပါသူနာပြုများဆရာဝန်များအခန်တွင်းရောက်လာပြီးညနေကလူနာအသစ်thayဆုံးသွားပြီဖြစ်ကြောင်းအတည်ပြုလိုက်ကြလေသည်
မှတ်မှတ်ရရထိုလူနာthayဆုံးသည့်အချိန်ဝတ်ဆင်ထားသည်မှာညနေကကျမပေးလိုက်သောကိုလှမိုး၏အဝတ်အစားများလဲလှယ်ဝတ်ဆင်ထားရက်သားဖြစ်နေသည်
ထူးထူးဆန်းဆန်းမိုးလင်းအိမ်မက်ထဲမှအဘွားစကားအတိုင်းလိုက်နာပြီးပြုလုပ်ခဲ့ခြင်းကြောင့်ကံအကြောင်းတရားပြောင်းလဲသွားရခြင်းပေလား
နေ့စဉ်မပြတ်ရွတ်ဆိုမိသောသံဗုဒ္ဓေဂါထာတော်ကြီး၏အစွမ်းပေလား
မသိနိုင်ပါ
ကျွန်မသေချာသိသည်ကတော့ကိုလှမိုးပြန်လည်သက်သာလာပြီးမကြာခင်ဆေးရုံမှဆင်းနိုင်တော့မည်ဟုဆရာဝန်ကြီး၏အားပေးစကားကြားရခြင်းပင်ဖြစ်သည်

(ပြီးပါပြီ)ကျေးဇူးတင်ပါသည်။

မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။