သောင်စပ်မှဦးခေါင်းပြတ်နှစ်လုံး(စ/ဆုံး)

Unicode Version

သောင်စပ်မှဦးခေါင်းပြတ်နှစ်လုံး(စ/ဆုံး)
———————————————-

ယခုရေးသားသောဝတ္ထု ဖြစ်ပျက်ခဲ့သော
အချိန် ကာလမှာ (၁၉၄၈)ခုနှစ် နောက်ပိုင်း ကာလဖြစ်ပေရာ..ထို အချိန်ကာလမတိုင်ခင်
ကိုလိုနီနယ်ချဲ့ခေတ်မှ
မလွတ်မြောက် ကြသေးသော (၁၉၀ဝ)ပြည့်နှစ် နောက်ပိုင်း ကာလများ တွင် ပင်လယ်ကမ်းခြေ၌ ရွာကြီး ရွာငယ်များ ရှိနေနှင့် ကြပြီ ဖြစ်ပေသည် ။
ဗိုလ်ကလေးမြို့အောက်ပိုင်းဒေသများ တွင် လူနေအိမ်ခြေ သိပ်မများ သော ရွာကြီးရွာ ငယ်အချို့လောက်သာ ရှိသေးသော်လည်းပင်လယ်ပိုင်းဒေသများမှာ တော့ အိမ်ခြေ ပေါင်း သုံးလေးရာခန့်များ သော ရွာကြီးများ
ပေါ်ပေါက်ခဲ့နှင့် ပေပြီ။
ထိုရွာသုံးရွာမှာ ကဒုံကနိရွာ၊ ဧရာရွာနှင့် ဖောင်ဝင်မြစ် အရှေ့ဘက်ကမ်း၌ ရှိသော အမာရွာတို့ ပင် ဖြစ်ကြလေသည် ။ (ထိုရွာသုံး ရွာမှာ ယခုမျက်မှောက်ကာလမှာ တော့ ရွာ အဆင့်မကတော့ဘဲ မြို့ငယ်ကလေးများ အ
ဆင့်သို့ရောက်ရှိကာ တိုးတက်စည်ကားနေကြပေပြီ။
ထိုရွာများ
မှတ်တမ်းများကိုကြည့်ပါက
ပေါ်ပေါက်ခဲ့သည့် သက်တမ်းမှာ နှစ်ပေါင်း
နှစ်ရာကျော်ခန့် ရှိကြပေသည် ။
အင်္ဂလိပ်တို့ ၏ ဒုတိယကျူးကျော်စစ်ပွဲ (၁၈၅၂)- (၁၂၁၄) နောက်ပိုင်းမှ ပေါ်ထွန်းလာ သော ရွာဖြစ်သည် ဟု ယူဆကြသည် ။ (၁၉၁၂)ခုနှစ် အစိုးရပုံနှိပ်တိုက်မှ ထုတ်ဝေသော ဘားမားဂေးဇက်တီးယား(ဖျာပုံခရိုင်) စာအုပ်တွင် (၁၉၁၁) ခုနှစ် ဘိုကလေး မြို့နယ်၏ မြို့၊ ကျေးရွာများ နှင့် လူဦးရေပြ
သန်းခေါင်းစာရင်းဇယား၌ ဘိုကလေး
မြို့နယ်တွင် ရွာပေါင်း (၆၈)ရွာပါဝင်ရာ ဧရာ ရွာကို (၆၀)မြောက်ရွာအဖြစ် ဖော်ပြ ထား
ပါသည် ။ထိုစာရင်းဇယားအရ
(၁၉၁၁)ခုနှစ်က
ဧရာရွာတွင် အိမ်ခြေ (၁၃၁)၊ လူဦးရေ (၆၆၉)ရှိသည် ဟု စာရင်းပြထားပါ သည် ။ ဧရာရွာ၏ အရှေ့မြောက်ရှိ ကဒုံကနိရွာမှာ အိမ်ခြေ (၃၁၂)၊ လူဦးရေ (၂၀၂၃)၊ အမာရွာ မှာ အိမ်ခြေ (၃၆၇)၊ လူ ဦးရေ (၁၄၈၇) ဟု ဖော်ပြထားသည် ။ ထိုစဉ်က ဘိုကလေးမြို့ မှာ အိမ်ခြေ (၅၀၁)၊ လူဦးရေ (၃၂၇၉)သာရှိ ပါသည် ။
ထိုခေတ်က ကဒုံကနိရွာတွင် ဗိုလ်တဲရှိ၍ ၊

အမာ ရွာတွင် ရဲဌာနရှိသည် ဟု ဖော်ပြ ထားသည် ။
ရှေးအခါက ဧရာရွာသည် မျှင်ထိုးဆိပ်မျှ သာဖြစ် သည် ။ ကျုံမငေး၊ ကျုံတာ၊ ဘို

အနီးပတ်ဝန်း ကျင်မှ
ရေလုပ်သားများ သည် ဆောင်းနှင့် နွေဘက် တွင် လှေများ ဖြင့် လာရောက်၍ ငါးပိ ပြုလုပ်သည့် မျှင်ကောင်ကလေး များကို ရင်တွန်းပိုက်ဖြင့် ဖမ်းယူသည့် ဆိပ်ကမ်း
စခန်းနေရာ ဖြစ်သည် ။ထိုနေရာများ သို့ လှေအစင်း (၉ဝ)၊
(၁၀၀)ခန့် လာ ရောက်ပြီး စခန်းစချ၍ မျှင်ထိုးကြသည် ။ မိုးကျလျှင်စခန်းသိမ်း ၍ ပြန်ကြသည် ။
မူလက ထိုဒေသများ သည် ပင်လယ်ဒီရေ ရောက် တောကြီးများ ဖြစ်၍ တစတစ ခုတ်ထွင်ရှင်းလင်းပြီး စခန်းချ မျှင်ထိုးကြရာမှ အခြေကျနေထိုင်ကာ ရွာများ ဖြစ်ပေါ်လာ ကြ သည် ။
ဗိုလ်ကလေးဦးကြွယ်ရေးသားသည့်
“ရန်ပြေမာန်ပြေ အောင်စကြာစေတီတော် မြတ်ကြီးနှင့် ဗိုလ်ကလေးမြို့သမိုင်း” စာအုပ် တွင် ရေးသားထားသည် ကို ကောက်နှုတ် ဖော်ပြပါ မည်။

ထိုခေတ်ထိုအခါက ရှိခဲ့ကြသော ကပ္ပနန်း၊ ကဒုံကနိ၊ အမာ၊ ပြင်ဒရယ်နှင့် ဧရာတို့ သည်
မွန်ရွာကြီးများ ဖြစ်ကြသည် ။ ယခုဘို
မြင်းကကုန်း၏
ကလေးမြို့နယ်၊ အရှေ့မြောက် ဘက်ယွန်းယွန်း ခူလံချောင်းနှ င့် မရဲ့ ချောင်း၏ အတွင်းတွင် မြို့စားကြီး ဗ ညားဇေယျအုပ်ချုပ်သော ကျုံတုံးခေါ် မွန်မြို့ ကြီး တစ်မြို့ ရှိခဲ့သည် ။
သက္ကရာဇ် (၁၁၁၉)(၁၇၅၇)တွင် ပဲခူးဟံ သာဝတီ မွန်နေပြည်တော်ကြီးသည် မြန်မာ

မင်းဦးအောင်ဇေယျလက် အောက်သို့ကျ
ရောက်ပြီး မိမိ၏ အရှင်သခင် မွန်ဘုရင်
အရေး နိမ့်ကြောင်းကြားသိရသောအခါ
မြို့စားကြီး ဗညားဇေယျ သည် ကျုံတုံးမြို့ရိုး
ကြီးကို မြေလှန်မီးရှို့ဖျက်ဆီးပြီး နောက်
လိုက်နောက်ပါ အခြံအရံတို့ နှင့် အတူ ခုံ
ညင်းတန်းမြစ်အတိုင်း အောက်ဘက်သို့ စုန်
ဆင်းခဲ့ကြသည် ။

မြို့စားကြီးဗညားဇေယျသည်
ကလေးမြို့ဖြစ် မည့် နေရာတွင် ညအိပ် စခန်းချရပ်နားခဲ့ပြီး ရေတပ်မှူးဗိုလ်က လေး
ယခုဘိုကို စကြာမုနိဓါတ်သားဘုရားရှင် ရုပ်တုတစ် ဆူနှင့် အတူ အခြွေအရံအချို့ကိုပါ ထားခဲ့
သည် ။

မြို့စားကြီးနှင့် နောက်ပါ အခြွေအရံများမှာ
ဘိုကလေးမြစ်အတိုင်းပင်လယ်ဘက်သို့
ဆက်လက်စုန်ဆင်းခဲ့သည် ။ မိန်းမလှကျွန်း

ကြီးသို့ … ရောက်သောအခါ အခြေချနား နေထိုင်ခဲ့သည် ။
မြို့စားကြီးသည် မိမိနှင့် အတူပင့်ဆောင် လာခဲ့သည် … ဓါတ်သားဘုရားရှင်တစ်ဆူကို မိန်းမလှကျွန်းပေါ်တွင် ဌာပနာ၍ စေတီ တည်ခဲ့သည် ။
နှစ်ပေါင်းများ စွာကြာ၍ မြို့စားကြီး ကွယ်လွန်သော အခါ ဆွေတော်မျိုးတော်များ နှင့် အခြွေအရံ နောက်လိုက် နောက်ပါတို့ သည် ရေကြည်ရာမြက်နုရာသို့ ပြောင်းရွှေ့၍ ရွာများ တည်နေကြသည် ။
ကပ္ပနန်း၊ ကဒုံကနိ၊ အမာ၊ ပြင်ဒရယ်၊ ဧရာ
တို့ သည် မွန်အမည်များ ဖြစ်သည် ။ မွန်
အမည်များကို
သောအခါ
မြန်မာအဓိပ္ပါယ် ဖွင့်ဆို
ကပ္ပနန်းရွာသည် စစ်သားရွာ။
ကဒုံကနိရွာသည် အငူပေါ်တွင် ပြောင်း

ရွေ့၍ တည် သောရွာ။
အမာသည် အမတ်ကြီးတည်သောရွာ။ ပြင်ဒရယ်ရွာသည် ပင်လယ်ကမ်းခြေသို့ ပြောင်းရွှေ့ တည်သောရွာ။
ဧရာရွာသည် တပ်ကြပ်ကြီးတည်သောရွာ
ဟူ၍ ဖြစ် သည် ။
ဧရာရွာအနီး တောက်တာကုန်းဒေသတွင်
မွန်တပ် ကြပ်ကြီး၏ အဆက်အနွယ်များ
တည်ဆောက်လှူဒါန်းထားခဲ့
1
ရုပ်ပွားတော်၊ စေတီတော်နှင့် ကျောင်းအိုကြီး များ ရှိ ကြောင်း ဖော်ပြထားသည် ။
ကဒုံကနိရွာ၏ မြောက်ဘက် မရမ်းချောင်း ဒေသတွင် မူ မွန်များ တည်ထားခဲ့သည် ဟု ယူဆရသော အပြီးမသတ် သေးသည့် စေတီ ကြီးတစ်ဆူရှိပါသည် ။
ယခုအခါ တောက်တာကုန်းနှင့် ထိုရွာအနီး ရှိ အုန်း ပင်စုရွာတို့ တွင် မွန်လူမျိုးများ

နေထိုင်သည် ကို တွေ့ရသည် ။
ဧရာရွာတွင် မူ ဗမာ၊ မွန်၊ ရခိုင်တို့ အများ စုနေထိုင်ပြီး ကရင်၊ တရုတ် အနည်းငယ်
နေထိုင်ကြသည် ။
ဧရာကျေးရွာအုပ်စုတွင် တောက်တာကုန်း၊
အုန်းပင် စု၊ တောင်ယာကြီး၊ လတာချောင်း၊ သမစိတ္တ၊ သပြေရိုး၊ သဘော့အိုင်၊ ဆေးရိုး ကုန်း၊ လေးအိမ်တန်း၊ သောင်တာ၊ ဝါး တော ကုန်း၊ ရွာသာယာ၊ ရေကျော်ကြီး၊ ခေါင်ကြီး ကျွန်း စသည့် ရွာများ ပါဝင်သည် ။
ဧရာရွာနှင့် ကဒုံကနိရွာတို့ မှာ တဆက်တ စပ်တည်း ရှိနေကြသည့် ရွာများ ပင်ဖြစ်လေ
သည် ။
ကဒုံကနိရွာမှ
ရေကျော်ချောင်းအတိုင်း
သွားပါက ဧရာရွာသို့ရောက်နိုင်သကဲ့သို့ ဧရာ ရွာမှ လည်း ကဒုံကနိရွာ သို့ ရေလမ်း ကုန်းလမ်းမှ အလွယ်တကူလာနိုင်ကြသည် ။

ကဒုံကနိနှင့် ဧရာရွာမှာ ရေလမ်းခရီးဖြင့် သွားပါက (၈)မိုင်ခန့်သာဝေးပြီး ကုန်းလမ်း ခရီးဖြင့်သွားပါက (၇)မိုင်ခန့် သာဝေးလေ
သည် ။
ဧရာရွာကဲ့သို့ပင် ကဒုံရွာမှာ လည်း ရှေး အခါက တည်းကပင် နေထိုင်သူလူဦးရေများ ပြီး စည်ကားသောရွာ ကြီးတစ်ရွာ ဖြစ်သည်
လိပ်သောင်ရေကျော်ချောင်းဝနှင့် ကပ္ပလီ ပင်လယ် ပြင်ကမ်းခြေတို့ ဆုံရာ အငူစွန်းတွင် တည်ရှိသောရွာဖြစ်သည် ။
။အထက်၌ ရေးသားခဲ့သည် အတိုင်း..ရှေး အခါက တော့ မျှင်ထိုးသမားတို့ စခန်းချရာ အငူစွန်းဖြစ်သည် ။
ကဒုံကနိရွာအပိုင်အတွင်းမှာ
လည်း
ကျေးရွာအ တော်များများ ပါဝင်ကြသည်
ထိုရွာများ ထဲတွင် ကိုင်းသောင် ကျွန်းမြောက်။

ဘက်တွင် ရှိသော ထော်ပိုင်ချောင်းကြီးလည်း
အပါအဝင်ဖြစ်သည် ။
ထော်ပိုင်ချောင်းကြီးမှာ
ရှေးအခါကတော့
ကနစိုသစ် တောကြီးများ ဖုံးလွှမ်းထားသော
ပင်လယ်ကမ်းခြေဒေသပင် ဖြစ်သည် ။
ရှေးအခါက
လူနေထိုင်ခြင်းမရှိ
သော်လည်း ကဒုံ၊ ဧရာ၊ အမာရွာစသော
နေရာများ တွင် လူနေထိုင်ခြင်းများ ပြား လာ
ပြီး စီးပွားရေးသမားများ အခြေစိုက်လာ
သောအခါ အနီး ပတ်ဝန်းကျင်တဝိုက်မှာ ရှိ
ကြသောရွာကလေးများမှာလည်း
တစ်စတစ်စနှင့် တိုးတက်စည်ကား လာလေ
တော့သည် ။
ထိုရွာများ တွင် ထော်ပိုင်ချောင်း (ဆော်ပိုင် စစ်ဆင် ရေးဟု နာမည်ကြီးခဲ့သော ချောင်း)ကြီးအတွင်း၌ ရှိကြသော မြပဂိုးရွာ၊ ထိယာလိရွာနှင့် လမုတန်းရွာတို့ သည်အပါအဝင် ဖြစ်သည် ။ ထိုသုံးရွာမှာ
ထော်ပိုင်ချောင်းကြီး
အတွင်း၌ အစဉ်အ တိုင်းတည်ရှိနေသော ရွာ
များ ဖြစ်သည် ။
မြပဂိုးရွာနှင့် လမုတန်းရွာတို့ တွင် လူမျိုး ပေါင်းစုံတို့ နေ ထိုင်ကြသော်လည်း ထိယာ လိရွာတွင် တစ်ရွာလုံးကတော့ ကရင်လူမျိုး များ သာ စုဝေးနေထိုင်ကြသည် ။
ချောင်းရိုးအတိုင်း တည်ထားသော ရွာဖြစ် သော ကြောင့် တစ်ရွာနှင့် တစ်ရွာ ဆက် နေ
သကဲ့သို့ ရှိပေသည် ။
ထိုရွာသုံးရွာတွင်
မြပဂိုးရွာကတော့။အိမ်ခြေအများ ဆုံးရှိသော ရွာဖြစ်သည်
အိမ်ခြေတစ်ရာနီးပါးရှိပြီး သူကြီး အုပ်ချုပ်
သောရွာဖြစ်သည် ။
ထိယာလိရွာနှင့်
လမုတန်းရွာနှစ်ရွာ
ကတော့ အိမ် ခြေလေးငါးဆယ်လောက်သာ

ရှိသဖြင့် ရွာခေါင်းတစ်ဦးစီက စီမံအုပ်ချုပ်ကြ လေသည် ။
ထိုရွာများ တွင် နေကြသူများမှာ သားငါး
ရှာဖွေသော
အလုပ်ဖြင့်
အသက်မွေးဝမ်းကျောင်းပြုကြလေသည် ။
အချို့လည်း ရွာနှင့် နီးသောနေရာများ တွင် မြေကွက် များ ဖော်ပြီး ဝမ်းစာရစေရန် စပါး စိုက်ပျိုးကြလေသည် ။
နီမောင်တို့ မိသားစုက ‘မြပဂိုး’ရွာတွင် အခြေချနေ ထိုင်ကြသူများ ဖြစ်သည် ။
၎င်းတို့ မိသားစုတွင် မိခင်ဖခင်တို့ ဖြစ်
သော ဦးဘရှိန် နှင့် ဒေါ်ကျင်မေတို့ အပြင် သားနှစ်ယောက်ရှိကြလေသည် ။ နီမောင်က (၂၅)နှစ်ခန့်ရှိနေပြီး၊ ညီဖြစ်သူ ‘ရင်မောင်’က (၁၈)နှစ်ခန့်သာရှိပေသေးသည် ။
နီမောင်တို့ … နေသောရွာမှာ တောနှင့် သော်လည်း ကောင်း မြစ်ချောင်းများ နှင့်

သော်လည်းကောင်း၊ ပင်လယ်ပြင် နှင့်
သော်လည်းကောင်း နီးသဖြင့် သားငါး ပေါများ လှသည် ။
တောများ ထဲတွင် ဆတ်၊ ဒရယ်၊ တောဝက်
စသော တောတိရစ္ဆာန်များ ပေါလှသည် ။
အမဲလိုက်သူတို့ က ဝေးဝေး သွားစရာမလိုဘဲ
ထိုအနီးတဝိုက်မှာ
လိုက်လံရှာဖွေရုံဖြင့်
သားကောင်များ ရနိုင်ပေသည် ။
ထိုအတူ မြစ်ချောင်းများ အတွင်း သားငါး ရှာလျှင် လည်း လုပ်ငန်းမရှားပေ။ ငွေကြေး တတ်နိုင်သူတို့ က ကက္ကူ၊ လှေ၊ စက်လှေတို့ ဖြင့် ပင်လယ်ပြင်ထွက်ကာ ငါးပုဇွန်ဖမ်းဆီး ခြင်း၊ စန္ဒားထောင်ခြင်း၊ ဂါးဖောင်ထောင် ခြင်း စသောလုပ် ငန်းကြီးများကို လုပ်ကိုင် ကြသည် ။
ထိုလုပ်ငန်းလုပ်သူအများ စုမှာ ကဒုံကနိ၊ ဧရာ၊ အ မာ၊ ဆိပ်မ စသောနေရာများမှ

အထွက်များကြလေသည် ။
သာမန်ငါးပုဇွန်ရှာဖွေသူများကတော့ အနီး
ပတ်ဝန်း ကျင်တဝိုက်တွင် ရှိကြသည့် ရွာကြီး ရွာငယ်များ ၌ နေကြသည် ။
ပင်လယ်နှင့် နီးသော ဒီရေတက်ရာအရပ် ဒေသများ တွင် ငါးပုဇွန်ပေါလှပေရာ နည်း အမျိုးမျိုးဖြင့် ဖမ်းဆီးကြ သည် ။
ယင်း၊ ပိုက်များ ဖြင့် ချောင်းပိတ်ခြင်း၊ ဘ
ဝင်းပိတ်ခြင်း (ဘဝင်းပိတ်ခြင်းမှာ ချောင်းထဲ
ပေါ်၌
သို့မဝင်ဘဲ … သောင်ပြင်များ အလျားလိုက်ပိတ်ခြင်းဖြစ်သည် ။ ပိုက် ထောင်ခြင်း၊ ငါးမျှား တန်းချခြင်း၊ ဖော့မျှော ခြင်း၊ ကွန်ပစ်ခြင်း၊ မျှင်ထိုးခြင်း၊ ဂေါ် ထိုး ခြင်း၊ နောက်ဆုံး ဒိုင်းဝန်းတစ်လက်ဖြင့် ငါးပု ဇွန်ရှာသော အလုပ်အထိ လုပ်နိုင်လေသည် ။ နီမောင်တို့ ညီအစ်ကို လုပ်သောအလုပ်မှာ
ဘဝင်း ပိတ်ခြင်းဖြစ်သည် ။

ဘဝင်းပိတ်သောအလုပ်မှာ သာမန်ငါးဖမ်း သော လုပ်များ ထဲတွင် အတန်အသင့် ကြီးသော လုပ်ငန်းမျိုးဖြစ် သည် ။ ထိုခေတ် အချိန်အခါက ယခုခေတ်ကာလတွင် စီးပွား ဖြစ် လုပ်ကိုင်နေကြသည့် ဂဏန်းဖမ်းခြင်း၊ ပု ဇွန်တန်းချခြင်း စသောအလုပ်များကို မလုပ် ကြသေးပေ။)
ပုဇွန်ကို နည်းအမျိုးမျိုးဖြင့် ရှာဖွေဖမ်းဆီး ခဲ့ကြသော် လည်း ဂဏန်းကိုတော့ မည်သူက မှ စီးပွားဖြစ်ဖမ်းယူကြခြင်း မျိုး မရှိကြပေ။ ပိုက်ထောင်၊ ယင်းပိတ်သောအခါ ဂဏ ဏန်း ညပ် သဖြင့် ပျက်စီးမှုများကြုံရသဖြင့် ဂဏန်းမှာ စီးပွားဖြစ်လုပ် သော အလုပ်များ ထဲတွင် မပါဝင်ပေ။
ယခုအခါမှာ တော့ ဂဏန်းဖမ်းဆီး ရောင်းချသော လုပ်ငန်းမှာ ထိပ်တန်း စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်သို့ ရောက်နေပေတော့သည် ။
ဘဝင်းပိတ်သောလုပ်ငန်းမှာ အတန်အသ
င့်ကြီး သော ငါးရှာခြင်းအလုပ်မျိုးဖြစ်သဖြင့် နီမောင်တို့ ညီအစ်ကို နှစ်ယောက် လုပ်သော အလုပ်ဖြင့် မိသားစုများ စားလောက် သောက်လောက် ရှိကြလေသည် ။
(၁၄)တောင်ခန့်အလျားရှည်သော
ဘောက်တူတစ် စင်း၊ တိုက်စိုက်ရန် ဝါးတိုင်၊ သစ်သားတိုင်များ ၊ ယင်းချပ်များ ၊ ပိုက်များ ၊ ကနော်တံ စသောအသုံးအဆောင်ပစ္စည်းများ ပါ သည် ။ ငါးပုဇွန်ထည့်ရန် ခြင်းတောင်း များ ဓါး၊ လှံ၊ မှ ိ န်း၊ စလွတ် စသော လက်နက်များ ၊မီးအုပ်၊ မီးခွက်တို့ ပါ အလုပ် လုပ်ရာသို့ သယ်ယူသွားကြရသည် ။
၎င်းတို့ ညီအစ်ကို အလုပ်ဆင်းကာနီး
သောအခါ မိခင်
ထမင်းဟင်းများ
ဖြစ်သူဒေါ်ကျင်မေက
ချက်ပြုတ်ကာ ထည့်ပေးသည်||

ချက်ထားသောထမင်းအိုး၊
ဟင်းအိုး၊ ကျိုထား သော လက်ဘက်ရည်အိုး တို့ ကို တောင်းတစ်လုံးထဲသို့ထည့် ကာ အဝတ်ဖြင့် ဖုံးပေးလိုက်ခြင်းဖြစ်သည် ။
ထိုတောင်းထဲမှာ ပင် သံပန်းကန်ပြားနှစ် ချပ်၊ ဇွန်း၊ လက်ဘက်ရည်သောက်ရန် ပန်းကန်လုံးတို့ ကိုလည်း ထည့် ပေးလိုက်
သည် ။
မိခင်ထည့်ပေးသော ပစ္စည်းများကို လှေထဲ
ချပြီး နောက် ညနေစောင်းချိန်တွင် ညီအစ်ကို နှစ်ယောက် လှေဖြင့် ထွက်ခဲ့ကြလေသည် ။
ဘဝင်းပိတ်သောအလုပ်မှာ ချောင်းထဲပင်
စရာမလို ဘဲ မြစ်ကမ်းပါးတလျှောက်တွင်
အလျားလိုက်ပိတ်ရသော လုပ်ငန်းဖြစ်သဖြင့်
ငါးပုဇွန်အရများ တတ်သည့် လဗပင်မြစ် ကမ်းဘက်သို့ ဦးတည်ထွက်လာကြလေသည်

အချိန်ကာလမှာ
(၁၉၄၈)ခုနှစ်နောက်ပိုင်း
ဆောင်း ဝင်ပြီးစအချိန် ဖြစ်လေသည်
(၁၃၀၉)ခု ပြာသိုလ ဆောင်း ရာသီရောက်ပြီ ဖြစ်သောကြောင့် နေဝင်ကာနီးအချိန် ရောက် သည် နှင့် မြစ်ပြင်တဝိုက်မှာ မြူနှင်းများ ဝေ့ ဆိုင်း လာလေသည် ။ အအေးဓါတ်ကလည်း
များ လာလေသည် ။
။လဗပင်မြစ်ကမ်းမှာ ပတ်ဝန်းကျင်၌ ချောင်းများ ပေါ သည့် အပြင် ချိုင့်များ ၊
သောင်ပြန့်သောင်တန်းများ ကောင်းသ ဖြင့်
ဘဝင်းပိတ်သောအခါ ငါးပုဇွန်အရများ လေ
သည် ။
ထိုနေရာတဝိုက်တွင် ရှိသော ချောင်းများ အတွင်း၌ နေထိုင်ကြသော ရွာငယ်ကလေး များ ရှိကြသည် ။ အချို့လည်း လေးငါးအိမ်စု ပြီး ရွာတည်ထားခြင်းဖြစ်ပြီး အချို့လည်း နှစ် ဆယ်ခန့်ရှိသော ရွာများ ဖြစ်သည် ။

ထိုရွာများ ၌ နေကြသူတို့ မှာ ကရင်လူမျိုး အများ ဆုံးဖြစ်ပြီး မွန်လူမျိုးအချို့နှင့် ဗမာ လူမျိုးအချို့လည်း နေထိုင်ကြလေသည် ။ ထိုရွာငယ်ကလေးများ တွင် နေထိုင်ကြသူ အများ စုမှာ အမဲလိုက်ခြင်း၊ သားငါးရှာခြင်း စသောအလုပ်များ လုပ် ကိုင်စားသောက်ကြ ရသူများ ဖြစ်သောကြောင့် … တစ်နေ့လုပ် တစ်နေ့စား ဘဝမျိုး ဖြစ်ကြသည် ။
ထိုသို့ဆင်းရဲချို့တဲ့ ကြသော်လည်း နှိပ်စက် မည့် သူများက ရှိနေကြသည် ။
ပြင်ဒရယ်သစ်တောနှင့် ထော်ပိုင်ချောင်း အတွင်း၌ စခန်းချနေကြသော ရောင်စုံ
သောင်းကျန်းသူများ ပင် ဖြစ်ကြလေသည် ။
သောင်းကျန်းသူများကတော့
ဆင်းရဲတာ
ချမ်းသာ တာ နားမလည်ကြဘဲ..ရောက်လာ သည် နှင့် ငွေနှင့် စား သောက်စရာများ တောင်းရမ်းယူပြီးမှ သာ ပြန်သွားကြလေသည် ။
၎င်းတို့လိုချင်တာမရပါက စိတ်မထင်လျှင်
သတ်ဖြတ်သွားတတ်ကြသေးသည် ။
ယခုလည်း နီမောင်တို့ ညီအစ်ကိုနှစ် ယောက် ဘဝင်း ပိတ်ရန်အတွက် လှေတစင်း ဖြင့်လာရောက်ကြရာ နေဝင်ချိန် နီးတော့ လ
ဗပင်မြစ်ဆိပ်ဘက်သို့
သည် ။
ရောက်လာကြလေ
တစ်နေရာရောက်တော့ ချောင်းပေါက်ဝ တစ်ခုထိပ် တွင် ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို တွေ့ကြရလေသည် ။ “အစ်ကို…ဟိုမှာ ..”
လှေပဲ့ပိုင်းမှ ခတ်တက်ခတ်နေသော ရင် မောင်က အသံပြုသဖြင့် လှေဝမ်းအလယ် တွင် ပိုက်ပေါက်များကို ချည် ဖြင့်ဖာနေသော နိုမောင်က မော့ကြည့် လိုက်လေသည် ။
“ဘာလဲ..”

“ဟို…ကမ်းပေါ်မှာ ..”
ရင်မောင်ကဆက်မပြောသဖြင့် နီမောင်
လုပ်လက်စ အလုပ်ကိုရပ်ကာ သူကြည့်နေ သော ကမ်းဘက်သို့ လှမ်းကြည့် လိုက်လေ
သည် ။
“ဟင်..”
မြင်ကွင်းက မကောင်းလှပေ။
ချောင်းကမ်းစပ်ထိပ် လမုတောများ ရှင်း သောနေရာ တွင် လူဦးခေါင်းပြတ်နှစ်လုံးကို
ဝါးချွန်ဖြင့်ထိုးပြီးထောင်ထား ခြင်းဖြစ်သည်

နေဝင်ချိန်ရောက်နေပြီဖြစ်သော်လည်း
အလင်းရောင်အချို့က ကျန်နေပေသေးရာ မြင်ကွင်းက ကောင်းစွာမြင်နေရသေးသည် ။
ခေါင်းပြတ်များမှာ
ယောက်ျားဦးခေါင်း
တစ်လုံး၊ မိန်းမဦးခေါင်းတစ်လုံးဖြစ်သည်
မြစ်ဘက်သို့ မျက်နှာလှည့် ထားသောကြောင့် ကြောက်စရာကောင်းသော ၎င်းတို့ မျက် နှာ

ထိုနေရာရောက်တော့
များကို ဝိုးတဝါးလှမ်းမြင်နေရသည် ။
ရင်မောင်က
ခတ်တက်ကို အရှိန်လျော့ချလိုက်သည် ။
“သောင်းကျန်းသူတွေ
သတ်သွားတာဖြစ်
မယ်”
ရင်မောင်က နောက်ဘက်မှ တိုးတိုးလှမ်း
ပြောသည် ။
“ဟုတ်မှာ ပေါ့ကွာ..မြင်ရတာနဲ့ တင် စိတ်
မကောင်းစရာ ကောင်းလိုက်တာ..”
“အဲဒါထက် … အခုညဘဝင်းပိတ်မှာ … ဒီ
သောင်ထိပ်မှာ မ ဟုတ်လားအစ်ကို..”
နီမောင်က ခေါင်းညိတ်ပြလိုက်သည် ။ “upososus..”
“ဒီနေရာမှာ ပိတ်ရင်တော့ အခြောက်အလှ န့် ခံရဦးတော့မှာ ပဲ..တခြားနေရာမှာ ရွှေ့ပြီး
ပိတ်လို့ မဖြစ်ဘူးလား အစ်ကို”

ညီဖြစ်သူစကားကြားတော့
နီမောင်က
သက်ပြင်း တစ်ချက် ချလိုက်သည် ။ “ရေလုပ်ငန်းလုပ်တယ်ဆိုတာ ဘယ် အလုပ်ပဲလုပ်လုပ် သူ့ဂုဏ်နဲ့ သူ၊ သူ့နေရာနဲ့
သူ လုပ်ရတယ်ကွ၊ နေရာ ပြောင်းလို့ မရဘူး၊ နေရာပြောင်းရင် ငါးပုဇွန်မရတတ်ဘူး..”
ထိုစကားကြားတော့
ရင်မောင်က
ထွေထွေထူးထူး ထပ်မပြောတော့ဘဲ ခေါင်း ပြတ်နှစ်လုံးစိုက်ထားသောနေရာနှင့် မနီးမ ဝေးသောင်စပ်တစ်နေရာ၌ လှေကိုဝင်ကပ် ပေးလိုက် လေသည် ။
ပြီ။အချိန်က နေဝင်ရီတရောအချိန်ရောက်ပေ
ဝါးတိုင်ဖြင့်စိုက်ထားသော ဦးခေါင်းနှစ်လုံး အနက် မိန်းမဦးခေါင်းမှ ဆံပင်တို့ မှာ လေတိုက်လိုက်တိုင်း တလူလူ လွင့်နေကြ လေသည် ။

Zawagyi Version

ေသာင္စပ္မွဦးေခါင္းျပတ္ႏွစ္လုံး(စ/ဆုံး)
———————————————-

ယခုေရးသားေသာဝတၳဳ ျဖစ္ပ်က္ခဲ့ေသာ
အခ်ိန္ ကာလမွာ (၁၉၄၈)ခုႏွစ္ ေနာက္ပိုင္း ကာလျဖစ္ေပရာ..ထို အခ်ိန္ကာလမတိုင္ခင္
ကိုလိုနီနယ္ခ်ဲ႕ေခတ္မွ
မလြတ္ေျမာက္ ၾကေသးေသာ (၁၉၀ဝ)ျပည့္ႏွစ္ ေနာက္ပိုင္း ကာလမ်ား တြင္ ပင္လယ္ကမ္းေျခ၌ ႐ြာႀကီး ႐ြာငယ္မ်ား ရွိေနႏွင့္ ၾကၿပီ ျဖစ္ေပသည္ ။
ဗိုလ္ကေလးၿမိဳ႕ေအာက္ပိုင္းေဒသမ်ား တြင္ လူေနအိမ္ေျခ သိပ္မမ်ား ေသာ ႐ြာႀကီး႐ြာ ငယ္အခ်ိဳ႕ေလာက္သာ ရွိေသးေသာ္လည္းပင္လယ္ပိုင္းေဒသမ်ားမွာ ေတာ့ အိမ္ေျခ ေပါင္း သုံးေလးရာခန႔္မ်ား ေသာ ႐ြာႀကီးမ်ား
ေပၚေပါက္ခဲ့ႏွင့္ ေပၿပီ။
ထို႐ြာသုံး႐ြာမွာ ကဒုံကနိ႐ြာ၊ ဧရာ႐ြာႏွင့္ ေဖာင္ဝင္ျမစ္ အေရွ႕ဘက္ကမ္း၌ ရွိေသာ အမာ႐ြာတို႔ ပင္ ျဖစ္ၾကေလသည္ ။ (ထို႐ြာသုံး ႐ြာမွာ ယခုမ်က္ေမွာက္ကာလမွာ ေတာ့ ႐ြာ အဆင့္မကေတာ့ဘဲ ၿမိဳ႕ငယ္ကေလးမ်ား အ
ဆင့္သို႔ေရာက္ရွိကာ တိုးတက္စည္ကားေနၾကေပၿပီ။
ထို႐ြာမ်ား
မွတ္တမ္းမ်ားကိုၾကည့္ပါက
ေပၚေပါက္ခဲ့သည့္ သက္တမ္းမွာ ႏွစ္ေပါင္း
ႏွစ္ရာေက်ာ္ခန႔္ ရွိၾကေပသည္ ။
အဂၤလိပ္တို႔ ၏ ဒုတိယက်ဴးေက်ာ္စစ္ပြဲ (၁၈၅၂)- (၁၂၁၄) ေနာက္ပိုင္းမွ ေပၚထြန္းလာ ေသာ ႐ြာျဖစ္သည္ ဟု ယူဆၾကသည္ ။ (၁၉၁၂)ခုႏွစ္ အစိုးရပုံႏွိပ္တိုက္မွ ထုတ္ေဝေသာ ဘားမားေဂးဇက္တီးယား(ဖ်ာပုံခ႐ိုင္) စာအုပ္တြင္ (၁၉၁၁) ခုႏွစ္ ဘိုကေလး ၿမိဳ႕နယ္၏ ၿမိဳ႕၊ ေက်း႐ြာမ်ား ႏွင့္ လူဦးေရျပ
သန္းေခါင္းစာရင္းဇယား၌ ဘိုကေလး
ၿမိဳ႕နယ္တြင္ ႐ြာေပါင္း (၆၈)႐ြာပါဝင္ရာ ဧရာ ႐ြာကို (၆၀)ေျမာက္႐ြာအျဖစ္ ေဖာ္ျပ ထား
ပါသည္ ။ထိုစာရင္းဇယားအရ
(၁၉၁၁)ခုႏွစ္က
ဧရာ႐ြာတြင္ အိမ္ေျခ (၁၃၁)၊ လူဦးေရ (၆၆၉)ရွိသည္ ဟု စာရင္းျပထားပါ သည္ ။ ဧရာ႐ြာ၏ အေရွ႕ေျမာက္ရွိ ကဒုံကနိ႐ြာမွာ အိမ္ေျခ (၃၁၂)၊ လူဦးေရ (၂၀၂၃)၊ အမာ႐ြာ မွာ အိမ္ေျခ (၃၆၇)၊ လူ ဦးေရ (၁၄၈၇) ဟု ေဖာ္ျပထားသည္ ။ ထိုစဥ္က ဘိုကေလးၿမိဳ႕ မွာ အိမ္ေျခ (၅၀၁)၊ လူဦးေရ (၃၂၇၉)သာရွိ ပါသည္ ။
ထိုေခတ္က ကဒုံကနိ႐ြာတြင္ ဗိုလ္တဲရွိ၍ ၊

အမာ ႐ြာတြင္ ရဲဌာနရွိသည္ ဟု ေဖာ္ျပ ထားသည္ ။
ေရွးအခါက ဧရာ႐ြာသည္ မွ်င္ထိုးဆိပ္မွ် သာျဖစ္ သည္ ။ က်ဳံမေငး၊ က်ဳံတာ၊ ဘို

အနီးပတ္ဝန္း က်င္မွ
ေရလုပ္သားမ်ား သည္ ေဆာင္းႏွင့္ ေႏြဘက္ တြင္ ေလွမ်ား ျဖင့္ လာေရာက္၍ ငါးပိ ျပဳလုပ္သည့္ မွ်င္ေကာင္ကေလး မ်ားကို ရင္တြန္းပိုက္ျဖင့္ ဖမ္းယူသည့္ ဆိပ္ကမ္း
စခန္းေနရာ ျဖစ္သည္ ။ထိုေနရာမ်ား သို႔ ေလွအစင္း (၉ဝ)၊
(၁၀၀)ခန႔္ လာ ေရာက္ၿပီး စခန္းစခ်၍ မွ်င္ထိုးၾကသည္ ။ မိုးက်လွ်င္စခန္းသိမ္း ၍ ျပန္ၾကသည္ ။
မူလက ထိုေဒသမ်ား သည္ ပင္လယ္ဒီေရ ေရာက္ ေတာႀကီးမ်ား ျဖစ္၍ တစတစ ခုတ္ထြင္ရွင္းလင္းၿပီး စခန္းခ် မွ်င္ထိုးၾကရာမွ အေျခက်ေနထိုင္ကာ ႐ြာမ်ား ျဖစ္ေပၚလာ ၾက သည္ ။
ဗိုလ္ကေလးဦးႂကြယ္ေရးသားသည့္
“ရန္ေျပမာန္ေျပ ေအာင္စၾကာေစတီေတာ္ ျမတ္ႀကီးႏွင့္ ဗိုလ္ကေလးၿမိဳ႕သမိုင္း” စာအုပ္ တြင္ ေရးသားထားသည္ ကို ေကာက္ႏႈတ္ ေဖာ္ျပပါ မည္။

ထိုေခတ္ထိုအခါက ရွိခဲ့ၾကေသာ ကပၸနန္း၊ ကဒုံကနိ၊ အမာ၊ ျပင္ဒရယ္ႏွင့္ ဧရာတို႔ သည္
မြန္႐ြာႀကီးမ်ား ျဖစ္ၾကသည္ ။ ယခုဘို
ျမင္းကကုန္း၏
ကေလးၿမိဳ႕နယ္၊ အေရွ႕ေျမာက္ ဘက္ယြန္းယြန္း ခူလံေခ်ာင္းႏွ င့္ မရဲ႕ ေခ်ာင္း၏ အတြင္းတြင္ ၿမိဳ႕စားႀကီး ဗ ညားေဇယ်အုပ္ခ်ဳပ္ေသာ က်ဳံတုံးေခၚ မြန္ၿမိဳ႕ ႀကီး တစ္ၿမိဳ႕ ရွိခဲ့သည္ ။
သကၠရာဇ္ (၁၁၁၉)(၁၇၅၇)တြင္ ပဲခူးဟံ သာဝတီ မြန္ေနျပည္ေတာ္ႀကီးသည္ ျမန္မာ

မင္းဦးေအာင္ေဇယ်လက္ ေအာက္သို႔က်
ေရာက္ၿပီး မိမိ၏ အရွင္သခင္ မြန္ဘုရင္
အေရး နိမ့္ေၾကာင္းၾကားသိရေသာအခါ
ၿမိဳ႕စားႀကီး ဗညားေဇယ် သည္ က်ဳံတုံးၿမိဳ႕႐ိုး
ႀကီးကို ေျမလွန္မီးရႈိ႕ဖ်က္ဆီးၿပီး ေနာက္
လိုက္ေနာက္ပါ အၿခံအရံတို႔ ႏွင့္ အတူ ခုံ
ညင္းတန္းျမစ္အတိုင္း ေအာက္ဘက္သို႔ စုန္
ဆင္းခဲ့ၾကသည္ ။

ၿမိဳ႕စားႀကီးဗညားေဇယ်သည္
ကေလးၿမိဳ႕ျဖစ္ မည့္ ေနရာတြင္ ညအိပ္ စခန္းခ်ရပ္နားခဲ့ၿပီး ေရတပ္မႉးဗိုလ္က ေလး
ယခုဘိုကို စၾကာမုနိဓါတ္သားဘုရားရွင္ ႐ုပ္တုတစ္ ဆူႏွင့္ အတူ အေႁခြအရံအခ်ိဳ႕ကိုပါ ထားခဲ့
သည္ ။

ၿမိဳ႕စားႀကီးႏွင့္ ေနာက္ပါ အေႁခြအရံမ်ားမွာ
ဘိုကေလးျမစ္အတိုင္းပင္လယ္ဘက္သို႔
ဆက္လက္စုန္ဆင္းခဲ့သည္ ။ မိန္းမလွကြၽန္း

ႀကီးသို႔ … ေရာက္ေသာအခါ အေျခခ်နား ေနထိုင္ခဲ့သည္ ။
ၿမိဳ႕စားႀကီးသည္ မိမိႏွင့္ အတူပင့္ေဆာင္ လာခဲ့သည္ … ဓါတ္သားဘုရားရွင္တစ္ဆူကို မိန္းမလွကြၽန္းေပၚတြင္ ဌာပနာ၍ ေစတီ တည္ခဲ့သည္ ။
ႏွစ္ေပါင္းမ်ား စြာၾကာ၍ ၿမိဳ႕စားႀကီး ကြယ္လြန္ေသာ အခါ ေဆြေတာ္မ်ိဳးေတာ္မ်ား ႏွင့္ အေႁခြအရံ ေနာက္လိုက္ ေနာက္ပါတို႔ သည္ ေရၾကည္ရာျမက္ႏုရာသို႔ ေျပာင္းေ႐ႊ႕၍ ႐ြာမ်ား တည္ေနၾကသည္ ။
ကပၸနန္း၊ ကဒုံကနိ၊ အမာ၊ ျပင္ဒရယ္၊ ဧရာ
တို႔ သည္ မြန္အမည္မ်ား ျဖစ္သည္ ။ မြန္
အမည္မ်ားကို
ေသာအခါ
ျမန္မာအဓိပၸါယ္ ဖြင့္ဆို
ကပၸနန္း႐ြာသည္ စစ္သား႐ြာ။
ကဒုံကနိ႐ြာသည္ အငူေပၚတြင္ ေျပာင္း

ေ႐ြ႕၍ တည္ ေသာ႐ြာ။
အမာသည္ အမတ္ႀကီးတည္ေသာ႐ြာ။ ျပင္ဒရယ္႐ြာသည္ ပင္လယ္ကမ္းေျခသို႔ ေျပာင္းေ႐ႊ႕ တည္ေသာ႐ြာ။
ဧရာ႐ြာသည္ တပ္ၾကပ္ႀကီးတည္ေသာ႐ြာ
ဟူ၍ ျဖစ္ သည္ ။
ဧရာ႐ြာအနီး ေတာက္တာကုန္းေဒသတြင္
မြန္တပ္ ၾကပ္ႀကီး၏ အဆက္အႏြယ္မ်ား
တည္ေဆာက္လႉဒါန္းထားခဲ့
1
႐ုပ္ပြားေတာ္၊ ေစတီေတာ္ႏွင့္ ေက်ာင္းအိုႀကီး မ်ား ရွိ ေၾကာင္း ေဖာ္ျပထားသည္ ။
ကဒုံကနိ႐ြာ၏ ေျမာက္ဘက္ မရမ္းေခ်ာင္း ေဒသတြင္ မူ မြန္မ်ား တည္ထားခဲ့သည္ ဟု ယူဆရေသာ အၿပီးမသတ္ ေသးသည့္ ေစတီ ႀကီးတစ္ဆူရွိပါသည္ ။
ယခုအခါ ေတာက္တာကုန္းႏွင့္ ထို႐ြာအနီး ရွိ အုန္း ပင္စု႐ြာတို႔ တြင္ မြန္လူမ်ိဳးမ်ား

ေနထိုင္သည္ ကို ေတြ႕ရသည္ ။
ဧရာ႐ြာတြင္ မူ ဗမာ၊ မြန္၊ ရခိုင္တို႔ အမ်ား စုေနထိုင္ၿပီး ကရင္၊ တ႐ုတ္ အနည္းငယ္
ေနထိုင္ၾကသည္ ။
ဧရာေက်း႐ြာအုပ္စုတြင္ ေတာက္တာကုန္း၊
အုန္းပင္ စု၊ ေတာင္ယာႀကီး၊ လတာေခ်ာင္း၊ သမစိတၱ၊ သေျပ႐ိုး၊ သေဘာ့အိုင္၊ ေဆး႐ိုး ကုန္း၊ ေလးအိမ္တန္း၊ ေသာင္တာ၊ ဝါး ေတာ ကုန္း၊ ႐ြာသာယာ၊ ေရေက်ာ္ႀကီး၊ ေခါင္ႀကီး ကြၽန္း စသည့္ ႐ြာမ်ား ပါဝင္သည္ ။
ဧရာ႐ြာႏွင့္ ကဒုံကနိ႐ြာတို႔ မွာ တဆက္တ စပ္တည္း ရွိေနၾကသည့္ ႐ြာမ်ား ပင္ျဖစ္ေလ
သည္ ။
ကဒုံကနိ႐ြာမွ
ေရေက်ာ္ေခ်ာင္းအတိုင္း
သြားပါက ဧရာ႐ြာသို႔ေရာက္ႏိုင္သကဲ့သို႔ ဧရာ ႐ြာမွ လည္း ကဒုံကနိ႐ြာ သို႔ ေရလမ္း ကုန္းလမ္းမွ အလြယ္တကူလာႏိုင္ၾကသည္ ။

ကဒုံကနိႏွင့္ ဧရာ႐ြာမွာ ေရလမ္းခရီးျဖင့္ သြားပါက (၈)မိုင္ခန႔္သာေဝးၿပီး ကုန္းလမ္း ခရီးျဖင့္သြားပါက (၇)မိုင္ခန႔္ သာေဝးေလ
သည္ ။
ဧရာ႐ြာကဲ့သို႔ပင္ ကဒုံ႐ြာမွာ လည္း ေရွး အခါက တည္းကပင္ ေနထိုင္သူလူဦးေရမ်ား ၿပီး စည္ကားေသာ႐ြာ ႀကီးတစ္႐ြာ ျဖစ္သည္
လိပ္ေသာင္ေရေက်ာ္ေခ်ာင္းဝႏွင့္ ကပၸလီ ပင္လယ္ ျပင္ကမ္းေျခတို႔ ဆုံရာ အငူစြန္းတြင္ တည္ရွိေသာ႐ြာျဖစ္သည္ ။
။အထက္၌ ေရးသားခဲ့သည္ အတိုင္း..ေရွး အခါက ေတာ့ မွ်င္ထိုးသမားတို႔ စခန္းခ်ရာ အငူစြန္းျဖစ္သည္ ။
ကဒုံကနိ႐ြာအပိုင္အတြင္းမွာ
လည္း
ေက်း႐ြာအ ေတာ္မ်ားမ်ား ပါဝင္ၾကသည္
ထို႐ြာမ်ား ထဲတြင္ ကိုင္းေသာင္ ကြၽန္းေျမာက္။

ဘက္တြင္ ရွိေသာ ေထာ္ပိုင္ေခ်ာင္းႀကီးလည္း
အပါအဝင္ျဖစ္သည္ ။
ေထာ္ပိုင္ေခ်ာင္းႀကီးမွာ
ေရွးအခါကေတာ့
ကနစိုသစ္ ေတာႀကီးမ်ား ဖုံးလႊမ္းထားေသာ
ပင္လယ္ကမ္းေျခေဒသပင္ ျဖစ္သည္ ။
ေရွးအခါက
လူေနထိုင္ျခင္းမရွိ
ေသာ္လည္း ကဒုံ၊ ဧရာ၊ အမာ႐ြာစေသာ
ေနရာမ်ား တြင္ လူေနထိုင္ျခင္းမ်ား ျပား လာ
ၿပီး စီးပြားေရးသမားမ်ား အေျခစိုက္လာ
ေသာအခါ အနီး ပတ္ဝန္းက်င္တဝိုက္မွာ ရွိ
ၾကေသာ႐ြာကေလးမ်ားမွာလည္း
တစ္စတစ္စႏွင့္ တိုးတက္စည္ကား လာေလ
ေတာ့သည္ ။
ထို႐ြာမ်ား တြင္ ေထာ္ပိုင္ေခ်ာင္း (ေဆာ္ပိုင္ စစ္ဆင္ ေရးဟု နာမည္ႀကီးခဲ့ေသာ ေခ်ာင္း)ႀကီးအတြင္း၌ ရွိၾကေသာ ျမပဂိုး႐ြာ၊ ထိယာလိ႐ြာႏွင့္ လမုတန္း႐ြာတို႔ သည္အပါအဝင္ ျဖစ္သည္ ။ ထိုသုံး႐ြာမွာ
ေထာ္ပိုင္ေခ်ာင္းႀကီး
အတြင္း၌ အစဥ္အ တိုင္းတည္ရွိေနေသာ ႐ြာ
မ်ား ျဖစ္သည္ ။
ျမပဂိုး႐ြာႏွင့္ လမုတန္း႐ြာတို႔ တြင္ လူမ်ိဳး ေပါင္းစုံတို႔ ေန ထိုင္ၾကေသာ္လည္း ထိယာ လိ႐ြာတြင္ တစ္႐ြာလုံးကေတာ့ ကရင္လူမ်ိဳး မ်ား သာ စုေဝးေနထိုင္ၾကသည္ ။
ေခ်ာင္း႐ိုးအတိုင္း တည္ထားေသာ ႐ြာျဖစ္ ေသာ ေၾကာင့္ တစ္႐ြာႏွင့္ တစ္႐ြာ ဆက္ ေန
သကဲ့သို႔ ရွိေပသည္ ။
ထို႐ြာသုံး႐ြာတြင္
ျမပဂိုး႐ြာကေတာ့။အိမ္ေျခအမ်ား ဆုံးရွိေသာ ႐ြာျဖစ္သည္
အိမ္ေျခတစ္ရာနီးပါးရွိၿပီး သူႀကီး အုပ္ခ်ဳပ္
ေသာ႐ြာျဖစ္သည္ ။
ထိယာလိ႐ြာႏွင့္
လမုတန္း႐ြာႏွစ္႐ြာ
ကေတာ့ အိမ္ ေျခေလးငါးဆယ္ေလာက္သာ

ရွိသျဖင့္ ႐ြာေခါင္းတစ္ဦးစီက စီမံအုပ္ခ်ဳပ္ၾက ေလသည္ ။
ထို႐ြာမ်ား တြင္ ေနၾကသူမ်ားမွာ သားငါး
ရွာေဖြေသာ
အလုပ္ျဖင့္
အသက္ေမြးဝမ္းေက်ာင္းျပဳၾကေလသည္ ။
အခ်ိဳ႕လည္း ႐ြာႏွင့္ နီးေသာေနရာမ်ား တြင္ ေျမကြက္ မ်ား ေဖာ္ၿပီး ဝမ္းစာရေစရန္ စပါး စိုက္ပ်ိဳးၾကေလသည္ ။
နီေမာင္တို႔ မိသားစုက ‘ျမပဂိုး’႐ြာတြင္ အေျခခ်ေန ထိုင္ၾကသူမ်ား ျဖစ္သည္ ။
၎တို႔ မိသားစုတြင္ မိခင္ဖခင္တို႔ ျဖစ္
ေသာ ဦးဘရွိန္ ႏွင့္ ေဒၚက်င္ေမတို႔ အျပင္ သားႏွစ္ေယာက္ရွိၾကေလသည္ ။ နီေမာင္က (၂၅)ႏွစ္ခန႔္ရွိေနၿပီး၊ ညီျဖစ္သူ ‘ရင္ေမာင္’က (၁၈)ႏွစ္ခန႔္သာရွိေပေသးသည္ ။
နီေမာင္တို႔ … ေနေသာ႐ြာမွာ ေတာႏွင့္ ေသာ္လည္း ေကာင္း ျမစ္ေခ်ာင္းမ်ား ႏွင့္

ေသာ္လည္းေကာင္း၊ ပင္လယ္ျပင္ ႏွင့္
ေသာ္လည္းေကာင္း နီးသျဖင့္ သားငါး ေပါမ်ား လွသည္ ။
ေတာမ်ား ထဲတြင္ ဆတ္၊ ဒရယ္၊ ေတာဝက္
စေသာ ေတာတိရစာၦန္မ်ား ေပါလွသည္ ။
အမဲလိုက္သူတို႔ က ေဝးေဝး သြားစရာမလိုဘဲ
ထိုအနီးတဝိုက္မွာ
လိုက္လံရွာေဖြ႐ုံျဖင့္
သားေကာင္မ်ား ရႏိုင္ေပသည္ ။
ထိုအတူ ျမစ္ေခ်ာင္းမ်ား အတြင္း သားငါး ရွာလွ်င္ လည္း လုပ္ငန္းမရွားေပ။ ေငြေၾကး တတ္ႏိုင္သူတို႔ က ကကၠဴ၊ ေလွ၊ စက္ေလွတို႔ ျဖင့္ ပင္လယ္ျပင္ထြက္ကာ ငါးပုဇြန္ဖမ္းဆီး ျခင္း၊ စႏၵားေထာင္ျခင္း၊ ဂါးေဖာင္ေထာင္ ျခင္း စေသာလုပ္ ငန္းႀကီးမ်ားကို လုပ္ကိုင္ ၾကသည္ ။
ထိုလုပ္ငန္းလုပ္သူအမ်ား စုမွာ ကဒုံကနိ၊ ဧရာ၊ အ မာ၊ ဆိပ္မ စေသာေနရာမ်ားမွ

အထြက္မ်ားၾကေလသည္ ။
သာမန္ငါးပုဇြန္ရွာေဖြသူမ်ားကေတာ့ အနီး
ပတ္ဝန္း က်င္တဝိုက္တြင္ ရွိၾကသည့္ ႐ြာႀကီး ႐ြာငယ္မ်ား ၌ ေနၾကသည္ ။
ပင္လယ္ႏွင့္ နီးေသာ ဒီေရတက္ရာအရပ္ ေဒသမ်ား တြင္ ငါးပုဇြန္ေပါလွေပရာ နည္း အမ်ိဳးမ်ိဳးျဖင့္ ဖမ္းဆီးၾက သည္ ။
ယင္း၊ ပိုက္မ်ား ျဖင့္ ေခ်ာင္းပိတ္ျခင္း၊ ဘ
ဝင္းပိတ္ျခင္း (ဘဝင္းပိတ္ျခင္းမွာ ေခ်ာင္းထဲ
ေပၚ၌
သို႔မဝင္ဘဲ … ေသာင္ျပင္မ်ား အလ်ားလိုက္ပိတ္ျခင္းျဖစ္သည္ ။ ပိုက္ ေထာင္ျခင္း၊ ငါးမွ်ား တန္းခ်ျခင္း၊ ေဖာ့ေမွ်ာ ျခင္း၊ ကြန္ပစ္ျခင္း၊ မွ်င္ထိုးျခင္း၊ ေဂၚ ထိုး ျခင္း၊ ေနာက္ဆုံး ဒိုင္းဝန္းတစ္လက္ျဖင့္ ငါးပု ဇြန္ရွာေသာ အလုပ္အထိ လုပ္ႏိုင္ေလသည္ ။ နီေမာင္တို႔ ညီအစ္ကို လုပ္ေသာအလုပ္မွာ
ဘဝင္း ပိတ္ျခင္းျဖစ္သည္ ။

ဘဝင္းပိတ္ေသာအလုပ္မွာ သာမန္ငါးဖမ္း ေသာ လုပ္မ်ား ထဲတြင္ အတန္အသင့္ ႀကီးေသာ လုပ္ငန္းမ်ိဳးျဖစ္ သည္ ။ ထိုေခတ္ အခ်ိန္အခါက ယခုေခတ္ကာလတြင္ စီးပြား ျဖစ္ လုပ္ကိုင္ေနၾကသည့္ ဂဏန္းဖမ္းျခင္း၊ ပု ဇြန္တန္းခ်ျခင္း စေသာအလုပ္မ်ားကို မလုပ္ ၾကေသးေပ။)
ပုဇြန္ကို နည္းအမ်ိဳးမ်ိဳးျဖင့္ ရွာေဖြဖမ္းဆီး ခဲ့ၾကေသာ္ လည္း ဂဏန္းကိုေတာ့ မည္သူက မွ စီးပြားျဖစ္ဖမ္းယူၾကျခင္း မ်ိဳး မရွိၾကေပ။ ပိုက္ေထာင္၊ ယင္းပိတ္ေသာအခါ ဂဏ ဏန္း ညပ္ သျဖင့္ ပ်က္စီးမႈမ်ားႀကဳံရသျဖင့္ ဂဏန္းမွာ စီးပြားျဖစ္လုပ္ ေသာ အလုပ္မ်ား ထဲတြင္ မပါဝင္ေပ။
ယခုအခါမွာ ေတာ့ ဂဏန္းဖမ္းဆီး ေရာင္းခ်ေသာ လုပ္ငန္းမွာ ထိပ္တန္း စီးပြားေရးလုပ္ငန္းတစ္ခုအျဖစ္သို႔ ေရာက္ေနေပေတာ့သည္ ။
ဘဝင္းပိတ္ေသာလုပ္ငန္းမွာ အတန္အသ
င့္ႀကီး ေသာ ငါးရွာျခင္းအလုပ္မ်ိဳးျဖစ္သျဖင့္ နီေမာင္တို႔ ညီအစ္ကို ႏွစ္ေယာက္ လုပ္ေသာ အလုပ္ျဖင့္ မိသားစုမ်ား စားေလာက္ ေသာက္ေလာက္ ရွိၾကေလသည္ ။
(၁၄)ေတာင္ခန႔္အလ်ားရွည္ေသာ
ေဘာက္တူတစ္ စင္း၊ တိုက္စိုက္ရန္ ဝါးတိုင္၊ သစ္သားတိုင္မ်ား ၊ ယင္းခ်ပ္မ်ား ၊ ပိုက္မ်ား ၊ ကေနာ္တံ စေသာအသုံးအေဆာင္ပစၥည္းမ်ား ပါ သည္ ။ ငါးပုဇြန္ထည့္ရန္ ျခင္းေတာင္း မ်ား ဓါး၊ လွံ၊ မွ ိ န္း၊ စလြတ္ စေသာ လက္နက္မ်ား ၊မီးအုပ္၊ မီးခြက္တို႔ ပါ အလုပ္ လုပ္ရာသို႔ သယ္ယူသြားၾကရသည္ ။
၎တို႔ ညီအစ္ကို အလုပ္ဆင္းကာနီး
ေသာအခါ မိခင္
ထမင္းဟင္းမ်ား
ျဖစ္သူေဒၚက်င္ေမက
ခ်က္ျပဳတ္ကာ ထည့္ေပးသည္||

ခ်က္ထားေသာထမင္းအိုး၊
ဟင္းအိုး၊ က်ိဳထား ေသာ လက္ဘက္ရည္အိုး တို႔ ကို ေတာင္းတစ္လုံးထဲသို႔ထည့္ ကာ အဝတ္ျဖင့္ ဖုံးေပးလိုက္ျခင္းျဖစ္သည္ ။
ထိုေတာင္းထဲမွာ ပင္ သံပန္းကန္ျပားႏွစ္ ခ်ပ္၊ ဇြန္း၊ လက္ဘက္ရည္ေသာက္ရန္ ပန္းကန္လုံးတို႔ ကိုလည္း ထည့္ ေပးလိုက္
သည္ ။
မိခင္ထည့္ေပးေသာ ပစၥည္းမ်ားကို ေလွထဲ
ခ်ၿပီး ေနာက္ ညေနေစာင္းခ်ိန္တြင္ ညီအစ္ကို ႏွစ္ေယာက္ ေလွျဖင့္ ထြက္ခဲ့ၾကေလသည္ ။
ဘဝင္းပိတ္ေသာအလုပ္မွာ ေခ်ာင္းထဲပင္
စရာမလို ဘဲ ျမစ္ကမ္းပါးတေလွ်ာက္တြင္
အလ်ားလိုက္ပိတ္ရေသာ လုပ္ငန္းျဖစ္သျဖင့္
ငါးပုဇြန္အရမ်ား တတ္သည့္ လဗပင္ျမစ္ ကမ္းဘက္သို႔ ဦးတည္ထြက္လာၾကေလသည္

အခ်ိန္ကာလမွာ
(၁၉၄၈)ခုႏွစ္ေနာက္ပိုင္း
ေဆာင္း ဝင္ၿပီးစအခ်ိန္ ျဖစ္ေလသည္
(၁၃၀၉)ခု ျပာသိုလ ေဆာင္း ရာသီေရာက္ၿပီ ျဖစ္ေသာေၾကာင့္ ေနဝင္ကာနီးအခ်ိန္ ေရာက္ သည္ ႏွင့္ ျမစ္ျပင္တဝိုက္မွာ ျမဴႏွင္းမ်ား ေဝ့ ဆိုင္း လာေလသည္ ။ အေအးဓါတ္ကလည္း
မ်ား လာေလသည္ ။
။လဗပင္ျမစ္ကမ္းမွာ ပတ္ဝန္းက်င္၌ ေခ်ာင္းမ်ား ေပါ သည့္ အျပင္ ခ်ိဳင့္မ်ား ၊
ေသာင္ျပန႔္ေသာင္တန္းမ်ား ေကာင္းသ ျဖင့္
ဘဝင္းပိတ္ေသာအခါ ငါးပုဇြန္အရမ်ား ေလ
သည္ ။
ထိုေနရာတဝိုက္တြင္ ရွိေသာ ေခ်ာင္းမ်ား အတြင္း၌ ေနထိုင္ၾကေသာ ႐ြာငယ္ကေလး မ်ား ရွိၾကသည္ ။ အခ်ိဳ႕လည္း ေလးငါးအိမ္စု ၿပီး ႐ြာတည္ထားျခင္းျဖစ္ၿပီး အခ်ိဳ႕လည္း ႏွစ္ ဆယ္ခန႔္ရွိေသာ ႐ြာမ်ား ျဖစ္သည္ ။

ထို႐ြာမ်ား ၌ ေနၾကသူတို႔ မွာ ကရင္လူမ်ိဳး အမ်ား ဆုံးျဖစ္ၿပီး မြန္လူမ်ိဳးအခ်ိဳ႕ႏွင့္ ဗမာ လူမ်ိဳးအခ်ိဳ႕လည္း ေနထိုင္ၾကေလသည္ ။ ထို႐ြာငယ္ကေလးမ်ား တြင္ ေနထိုင္ၾကသူ အမ်ား စုမွာ အမဲလိုက္ျခင္း၊ သားငါးရွာျခင္း စေသာအလုပ္မ်ား လုပ္ ကိုင္စားေသာက္ၾက ရသူမ်ား ျဖစ္ေသာေၾကာင့္ … တစ္ေန႔လုပ္ တစ္ေန႔စား ဘဝမ်ိဳး ျဖစ္ၾကသည္ ။
ထိုသို႔ဆင္းရဲခ်ိဳ႕တဲ့ ၾကေသာ္လည္း ႏွိပ္စက္ မည့္ သူမ်ားက ရွိေနၾကသည္ ။
ျပင္ဒရယ္သစ္ေတာႏွင့္ ေထာ္ပိုင္ေခ်ာင္း အတြင္း၌ စခန္းခ်ေနၾကေသာ ေရာင္စုံ
ေသာင္းက်န္းသူမ်ား ပင္ ျဖစ္ၾကေလသည္ ။
ေသာင္းက်န္းသူမ်ားကေတာ့
ဆင္းရဲတာ
ခ်မ္းသာ တာ နားမလည္ၾကဘဲ..ေရာက္လာ သည္ ႏွင့္ ေငြႏွင့္ စား ေသာက္စရာမ်ား ေတာင္းရမ္းယူၿပီးမွ သာ ျပန္သြားၾကေလသည္ ။
၎တို႔လိုခ်င္တာမရပါက စိတ္မထင္လွ်င္
သတ္ျဖတ္သြားတတ္ၾကေသးသည္ ။
ယခုလည္း နီေမာင္တို႔ ညီအစ္ကိုႏွစ္ ေယာက္ ဘဝင္း ပိတ္ရန္အတြက္ ေလွတစင္း ျဖင့္လာေရာက္ၾကရာ ေနဝင္ခ်ိန္ နီးေတာ့ လ
ဗပင္ျမစ္ဆိပ္ဘက္သို႔
သည္ ။
ေရာက္လာၾကေလ
တစ္ေနရာေရာက္ေတာ့ ေခ်ာင္းေပါက္ဝ တစ္ခုထိပ္ တြင္ ထိတ္လန႔္ဖြယ္ေကာင္းေသာ ျမင္ကြင္းတစ္ခုကို ေတြ႕ၾကရေလသည္ ။ “အစ္ကို…ဟိုမွာ ..”
ေလွပဲ့ပိုင္းမွ ခတ္တက္ခတ္ေနေသာ ရင္ ေမာင္က အသံျပဳသျဖင့္ ေလွဝမ္းအလယ္ တြင္ ပိုက္ေပါက္မ်ားကို ခ်ည္ ျဖင့္ဖာေနေသာ ႏိုေမာင္က ေမာ့ၾကည့္ လိုက္ေလသည္ ။
“ဘာလဲ..”

“ဟို…ကမ္းေပၚမွာ ..”
ရင္ေမာင္ကဆက္မေျပာသျဖင့္ နီေမာင္
လုပ္လက္စ အလုပ္ကိုရပ္ကာ သူၾကည့္ေန ေသာ ကမ္းဘက္သို႔ လွမ္းၾကည့္ လိုက္ေလ
သည္ ။
“ဟင္..”
ျမင္ကြင္းက မေကာင္းလွေပ။
ေခ်ာင္းကမ္းစပ္ထိပ္ လမုေတာမ်ား ရွင္း ေသာေနရာ တြင္ လူဦးေခါင္းျပတ္ႏွစ္လုံးကို
ဝါးခြၽန္ျဖင့္ထိုးၿပီးေထာင္ထား ျခင္းျဖစ္သည္

ေနဝင္ခ်ိန္ေရာက္ေနၿပီျဖစ္ေသာ္လည္း
အလင္းေရာင္အခ်ိဳ႕က က်န္ေနေပေသးရာ ျမင္ကြင္းက ေကာင္းစြာျမင္ေနရေသးသည္ ။
ေခါင္းျပတ္မ်ားမွာ
ေယာက္်ားဦးေခါင္း
တစ္လုံး၊ မိန္းမဦးေခါင္းတစ္လုံးျဖစ္သည္
ျမစ္ဘက္သို႔ မ်က္ႏွာလွည့္ ထားေသာေၾကာင့္ ေၾကာက္စရာေကာင္းေသာ ၎တို႔ မ်က္ ႏွာ

ထိုေနရာေရာက္ေတာ့
မ်ားကို ဝိုးတဝါးလွမ္းျမင္ေနရသည္ ။
ရင္ေမာင္က
ခတ္တက္ကို အရွိန္ေလ်ာ့ခ်လိုက္သည္ ။
“ေသာင္းက်န္းသူေတြ
သတ္သြားတာျဖစ္
မယ္”
ရင္ေမာင္က ေနာက္ဘက္မွ တိုးတိုးလွမ္း
ေျပာသည္ ။
“ဟုတ္မွာ ေပါ့ကြာ..ျမင္ရတာနဲ႔ တင္ စိတ္
မေကာင္းစရာ ေကာင္းလိုက္တာ..”
“အဲဒါထက္ … အခုညဘဝင္းပိတ္မွာ … ဒီ
ေသာင္ထိပ္မွာ မ ဟုတ္လားအစ္ကို..”
နီေမာင္က ေခါင္းညိတ္ျပလိုက္သည္ ။ “upososus..”
“ဒီေနရာမွာ ပိတ္ရင္ေတာ့ အေျခာက္အလွ န႔္ ခံရဦးေတာ့မွာ ပဲ..တျခားေနရာမွာ ေ႐ႊ႕ၿပီး
ပိတ္လို႔ မျဖစ္ဘူးလား အစ္ကို”

ညီျဖစ္သူစကားၾကားေတာ့
နီေမာင္က
သက္ျပင္း တစ္ခ်က္ ခ်လိုက္သည္ ။ “ေရလုပ္ငန္းလုပ္တယ္ဆိုတာ ဘယ္ အလုပ္ပဲလုပ္လုပ္ သူ႔ဂုဏ္နဲ႔ သူ၊ သူ႔ေနရာနဲ႔
သူ လုပ္ရတယ္ကြ၊ ေနရာ ေျပာင္းလို႔ မရဘူး၊ ေနရာေျပာင္းရင္ ငါးပုဇြန္မရတတ္ဘူး..”
ထိုစကားၾကားေတာ့
ရင္ေမာင္က
ေထြေထြထူးထူး ထပ္မေျပာေတာ့ဘဲ ေခါင္း ျပတ္ႏွစ္လုံးစိုက္ထားေသာေနရာႏွင့္ မနီးမ ေဝးေသာင္စပ္တစ္ေနရာ၌ ေလွကိုဝင္ကပ္ ေပးလိုက္ ေလသည္ ။
ၿပီ။အခ်ိန္က ေနဝင္ရီတေရာအခ်ိန္ေရာက္ေပ
ဝါးတိုင္ျဖင့္စိုက္ထားေသာ ဦးေခါင္းႏွစ္လုံး အနက္ မိန္းမဦးေခါင္းမွ ဆံပင္တို႔ မွာ ေလတိုက္လိုက္တိုင္း တလူလူ လြင့္ေနၾက ေလသည္ ။