သံလမ်းပေါ်ကသရဲသားအမိ

သံလမ်းပေါ်ကသရဲသားအမိ(စ/ဆုံး)

———————————

ကျွန်တော့နာမည် မောင်ထွေး

အလုပ်က နယ်ဘူတာရုံလေးရဲ့

သံလမ်းဂိတ်လေး တခုမှာ ဂိတ်

စောင့်ဝန်ထမ်း

ကျွန်တော် ဒီအလုပ်ကိုဝင်တာ

မကြာသေးဘူး အလုပ်စဝင်ဝင်

ချင်း ဘူတာရုံလေးမှာ အလုပ်ဝင်ရပေမဲ့ အခုတော့

မြို့လေးရဲ့ ခပ်လှမ်းလှမ်း သံလမ်းဂိတ်လေးမှာ ဂိတ်စောင့်တာဝန်ထမ်းဆောင်ရ

တယ်

သံလမ်းဂိတ်စောင့်ဆိုတာက

လည်း ရထားလာတဲ့အချိန်

ဂိတ်ပိတ်

ရထားဖြတ်သွားပြီဆို ဂိတ်

ပြန်ဖွင့်ပေးရတာလေ

လူကလည်း လူငယ် လူလွတ်

ဆိုတော့ တစ်ယောက်တည်း

ဂိတ်တဲလေးထဲမှာ ထမင်းချက်

စားလိုက် စာအုပ်လေးဖတ်လိုက် ဂစ်တာလေးတီးလိုက်နဲ့

နားအေးပါးအေးပေါ့

ကျွန်တော် ကျတဲ့ဂိတ်နားမှာ

အိမ်မရှိဘူးဗျ

ခပ်လှမ်းလှမ်းမှာ ရွာသေးသေး

လေး တစ်ရွာရှိတယ်

တခါတလေတော့ ရွာထဲက

လူငယ်လေးတွေ ပုလင်းလေး

တွေဆွဲပြီး ဂစ်တာလာတီး

တတ်တယ် အဲ့အချိန်မျိုးဆိုရင်

တော့ စည်စည်ကားကားလေး

ပေါ့

ဇာတ်လမ်းက ကျွန်တော်

အဲ့ဂိတ်လေးရောက်ပြီး တစ်လ

လောက်နေမှ စတာ

တနေ့မှာပေါ့ဗျာ

ညနေစောင်းလေး ဘူတာကနေ ရထားထွက်လာပြီဆိုတော့

ထုံးစံအတိုင်း ဂိတ်လေးပိတ်

အလံစိမ်းလေးပြပြီး ရထားလာ

တဲ့ ဘက်ကိုကြည့်နေမိတယ်

အဲ့အချိန်မှာ ‘ ဟာ’

ကျွန်တော်နဲ့ ခပ်လှမ်းလှမ်းက

နေ အမျိုးသမီးတစ်ဦး ၄ နှစ်

အရွယ် ကလေးမလေးကိုဆွဲပြီး

သံလမ်းပေါ် တတ်လာတာ

အဲ့အချိန်မှာ ရထားကလည်း

ဘူတာကထွက်လာတာ ကြာ

လာတော့ အရှိန်က တော်တော်

ပါနေပြီ

ကျွန်တော် ကြောင်ပြီး ကြည့်နေ

တုန်းမှာ အဲ့အမျိုးသမီးက

ကလေးလေးကို ရုတ်တရတ်

ကောက်ချီပြီး သံလမ်းအတိုင်း

ရထားဘက်ကို မျက်နှာချင်း

ဆိုင် ပြေးတာဗျ

ကျွန်တော် သိလိုက်ပြီ

ဒီအမျိုးသမီး တမင်တကာ

ရထားတိုက်ခံပြီး သေကြောင်း

ကြံတော့မှာ

ကျွန်တော်လည်း ‘ ဟေ့ ဟေ့

ဆက်မပြေးနဲ့ သံလမ်းဘေးကို

ခုန်ချ ခုန်ချ’

အော်လည်းအော် သူ့နောက်ကို

လည်း ပြေးလိုက်

ရထားစက်ခေါင်းမောင်းက

လည်း အဲ့ အမျိုးသမီး ရထား

စီကို တည့်တည့်ကြီး ပြေးဝင်

လာတာကိုမြင်တော့

‘ ဘော် ဘော် ဘော် ‘

ဥသြကို အကျယ်ကြီးဆွဲ

စက်ခေါင်းထဲကနေ ကိုယ်

တစ်ပိုင်းထွက်ပြီး လက်ဟန်

ခြေဟန်နဲ့ ဘေးကို ဖယ်ခိုင်း

နေတာ တွေ့ရတယ်

အမျိုးသမီးကလည်း မရပ်ဘူး

ကျွန်တော် ပြေးလိုက်တုန်း

လှမ်းအော်နေတုန်းမှာပဲ

‘ ဘော် ဘော် ဒုံး အုန်း

အား အား ‘

သွားပြီ

အမျိုးသမီးနဲ့ ကလေးဟာ

ရထားနဲ့ တိုက်ခံရပြီး

ရထားနဲ့ သံလမ်းကြားထဲမှာ

အပိုင်းပိုင်းပြက်ပြက်နဲ့

ဒလိမ့်ကောက်ကွေး ပြက်ပါ

သွားတာကို မျက်ဝါးထင်ထင်

တွေ့လိုက်ရတယ်

‘ ဘော် ဘော် ရှုး ရှုး

ကျီ ကျီ ဥသြသံ ရထားဘရွတ်

ဆွဲသံ သံလမ်းနဲ့ ဘီးပွတ်သံ

တွေနဲ့ အတူ ရထားက

ခပ်လှမ်းလှမ်းမှာ ရပ်သွားတယ်

ရထားပေါ်ကနေ တာဝန်ရှိသူ

တွေ ရထားရဲတွေ ခရီးသည်

တွေ ဆင်းလာချိန်မှာတော့

ကျွန်တော်ဟာ သွေးအလူးလူး

နဲ့ အပိုင်းပိုင်းပြက်နေတဲ့

အလောင်းနှစ်လောင်းနားမှာ

ကြောင်ငေးပြီး ရပ်နေမိတယ်

စက်ခေါင်းမောင်းနဲ့ ဂါတ်ဗိုလ်က

‘ ဘယ်လိုဖြစ်တာလဲ

သူက ဘယ်ကလဲ’

‘ ကျွန်တော်လည်း မသိဘူး

ကျွန်တော် ဂိတ်ပိတ်ပြီး အလံ

ပြနေတုန်း သံလမ်းပေါ်ကို

ရုတ်တရတ် တက်လာပြီး

ရထားဘက်ကို ပြေးတာပဲ’

ရွာထဲကလူတွေ ရောက်လာမှ

သေသွားတဲ့ အမျိုးသမီးဟာ

ရွာထဲက ဖြစ်ကြောင်း ခင်ပွန်း

က အရက်သမား မူးလာတိုင်း

ရိုက်နှက်တတ်ကြောင်း

ကလေး ၃ ယောက်ရှိကြောင်း

ခု အတူသေသွားတဲ့ ကလေးမလေးက အငယ်ဆုံးဖြစ်ကြောင်း

အကုန် သိခဲ့ရတယ်

ရဲတွေလည်း စစ်ချက်ယူ

ဓာတ်ပုံတွေရိုက် အလောင်းက

အပိုင်းပိုင်းအပြက်တွေကိုလည်း

နာရေးကူညီမှု လူတွေက

တစ်စစီလိုက်ကောက်ပြီး ဆာလာအိတ်ထဲထည့် ကားပေါ်တင်သွားလေရဲ့

အဲ့ညက ကျွန်တော် ထမင်း

မစားနိုင်ဘူး ဒီ အပိုင်းပိုင်း

အပြက်တွေပဲ မျက်လုံးထဲ

ပြန်မြင်နေတာ

တသက်နဲ့ တစ်ကိုယ် ဒီလိုမျိုး

လဲ တခါမှ မမြင်ဘူး ဘူး

ည ၁၀ နာရီလောက်မှာ

အိပ်ယာလေးထဲ လှဲနေတုန်း

ညနေက ရထားတိုက်သွားတဲ့

နေရာမှာ စကားပြောသံလိုလို

နဲ့ ခွေးဟောင်သံတွေ ကြားရလို့

လက်စွဲတော် ဓာတ်မီးလေးယူ

ပြီး တဲအပြင်ကို ထွက်ကြည့်

တာ အဲ့နားမှာ လူလဲတစ်ယောက်မှ မရှိဘူး

ခွေး ၂ ကောင် ၃ ကောင်တော့

ဘာကိုမြင်လို့ဟောင်မှန်း

မသိဘူး သံလမ်းကို ကြည့်ပြီး

ဟောင်လိုက် အူလိုက်နဲ့

ကျွန်တော် ကြက်သီး ဖျန်းကနဲ

ထသွားတယ်

ညနေကတင် ကို့ရှေ့မှာ

ပိုးစိုးပက်စက် သေထားတဲ့

အပိုင်းပိုင်းပြက်တွေက မျက်စိ

ထဲက မထွက်သေးဘူး

ရွာထဲက လူငယ်တွေလည်း

ဒီနေ့မလာတော့ တစ်ယောက်

တည်း အားငယ်လာတယ်

မကြောက်တတ်ဘူး ဆိုပေမဲ့

တစ်ယောက်တည်းဆိုတဲ့

အသိက ဝင်လာတော့

ကြောက်စိတ်က ဝင်လာရော

စိတ်ကိုတင်းပြီး အဲ့ဒီ့ဘက်ကို

မကြည့်မိအောင် ထိန်းပြီးနေ

ပြန်တော့လဲ မရဘူး

‘ ဟူး ‘ သက်ပြင်းကိုမှုတ်ထုပ်

ရင်း စိတ်ထဲကနေ ဘုရားစာ

လေး ရွတ်နေလိုက်တယ်

၁၁ နာရီကျော်လောက်မှာ ဘူတာဘက်က ရထားတစ်စီး

ထွက်လာလို့ ဂိတ်ထပိတ်ပြီး

အလံစိမ်းပြရင်း ရထားဘက်ကို

မျက်နှာလှည့် ကြည့်နေတုန်း

ရထားမီးရောင်နဲ့ မြင်လိုက်

တာက ‘ ဟာ’

ဟုတ်တယ် ညနေက သေသွား

တဲ့ သားအမိ၂ ယောက်အောက်ကနေ

ရထားသံလမ်းပေါ် တက်လာ

နေတာ ညနေက အဝတ်အစား

အတိုင်းပဲ

‘ ဘုရား ဘုရား မဖြစ်နိုင်ဘူး

ဒါ မဖြစ်နိုင်ဘူး’

ကျွန်တော် ရေရွတ်နေတုန်း

မှာပဲ အဲ့သားအမိက မီးထိုးပြီး

မောင်းလာတဲ့ ရထားအရှေ့ကို

သွားရပ်နေတာ

‘ ဟာ ‘

ရထားစက်ခေါင်းမောင်းတော့

မြင်လားမမြင်လား မသိဘူး

ကျွန်တော်က အထင်းသား

မြင်နေရတာ ရထားခေါင်းတွဲ

က အဲ့သားအမိကို တိုက်​လိုက်

တဲ့အခါ သားအမိနှစ်ယောက်

စလုံး အပိုင်းပိုင်းလွင့်ထွက်သွား

တာကို ကျွန်တော် မြင်လိုက်

ရတော့ ‘ အား’

လက်ထဲက အလံကိုပစ်ချ

မျက်လုံးကို လက်နှစ်ဖက်နဲ့

အုပ်ပြီး နင်းကန်အော်ပလိုက်

တယ်

ဘော် ဘော် ရထားက ကို့အနားကနေ တဝေါဝေါနဲ့

ဖြတ်သွားတဲ့အချိန်မှာ ခုနက

နေရာကို ကြည့်လိုက်တော့

ဘာမမရှိဘူး

သေချာအောင် ဓာတ်မီးနဲ့ အနား သွားကြည့်တော့လဲ

ဘာမှ မတွေ့ဘူး

‘ ဘုရား ဘုရား ငါ ငါ

သရဲ အခြောက်ခံနေရပြီ’

တသက်နဲ့ တကိုယ် တခါမှ

သရဲ အခြောက်မခံရဘူး ဘူး

ခြောက်ခံရတော့လည်း အကူ

အညီ တောင်းစရာအတွက်

ပါတ်ဝန်းကျင်မှာ လူမရှိဘူး

အားငယ်စိတ်ကော ကြောက်

စိတ်ကော ဝင်လာတော့

လူက ဆောင်းတွင်းကြီးကို

ချွေးတွေ ပြန်လာတယ်

ခြေတွေ လက်တွေ တုန်လာ

တယ်

ဘာလုပ်လို့ ဘာကိုင်ရမှန်းကို

မသိတော့ဘူး

ငါ ငါ ငါတစ်ယောက်တည်း

ထိုင်နေတုန်း အနားကိုသာ

ရောက်လာရင် ဘယ်လိုလုပ်

ရမလဲ ငါ့အနားမှာ ဘွားကနဲ

ပေါ်လာရင် ဘယ်လိုလုပ်မလဲ

အို ရူးတောင်ရူးချင်လာတယ်

ဗျာ

အဲ့ညက ရှိသမျှ ဘုရားစာတွေ

အကုန်ရွတ်တာ မနက်လင်းခါ

နီးမှ အိပ်ပျော်သွားတယ်

မနက်ကျတော့ ညကအဖြစ်အပျက်ကို ပြန်တွေးရင်း

ညရောက်မှာကို ကြောက်နေမိ

တယ်

ဒီလိုနဲ့ ည ၈ နာရီလောက်မှာ

ရွာထဲက ခင်နေတဲ့ လူငယ်လေးတွေ ပုလင်းလေးတွေနဲ့

ဂစ်တာလေးဆွဲပြီး ရောက်လာ

တော့ အားရှိသွားတယ်

ကိုကလည်း အမြည်းအဖြစ်

ရှိတာလေး ချပေး မချတတ်

ချတတ်နဲ့ တစ်ခွက်နှစ်ခွက်

ဝင်ကစ်လိုက်တော့ အာသွက်

လျှာသွက် ဖြစ်လာတယ်

အဲ့ဒီ့မှာ ဂစ်တာတီးတာ နားနေ

ရင်း ‘ ညီလေးတို့’

‘ ပြောလေ ကိုထွေး’

‘ ဟိုဟာကွာ ငါ့ညီတို့ သရဲ

ရှိတယ်ဆိုတာ ယုံလား’

‘ ဟားဟားဟား ကိုထွေးရယ်

ဘာများလဲလို့ မယုံပါဘူးဗျာ’

‘ ဘာလဲ ကိုထွေးက အခြောက်

ခံရလို့လား ဟားဟားဟား’

‘ အကို အတည်ပြောနေတာကွ’

‘ ကဲ ပြော ကိုထွေးဘယ်လို

ခြောက်ခံရလည်း ‘

ကျွန်တော်လည်း ညက အဖြစ်

အပျက်ကို ပြောပြလိုက်တော့

‘ ကိုထွေး က သူတို့သားအမိ

ရထားတိုက်ခံရတဲ့အချိန်

မျက်ဝါးထင်ထင်မြင်လိုက်ရ

တော့ စိတ်စွဲပြီး ထပ်မြင်နေ

တာ ဖြစ်မှာပါ’

‘ မဟုတ်ဘူး အကို အရက်

လည်း မသောက်တတ်ဘူး

ငါ့ညီတို့လာမှသာ တခါတလေ

သောက်တာ မနေ့က အကို

လုံးဝ မသောက်ဘူး

အမြင်လဲ မမှားဘူး’

‘ ကဲ ကိုထွေး ကိုထွေးပြောသ

လို ရွာထဲက သေသွားတဲ့

မိစန်း တကယ်ခြောက်မခြောက် ဒီည ရထားလာရင်

ကျွန်တော်တို့ ကြည့်မယ်’

‘ အေး ကောင်းတယ်’

အဲ့ဒါနဲ့ ကျွန်တော်တို့ ရထား

စောင့်နေကျတာ ဒီညမှ

ရထားကလည်း မလာဘူး

နောက်ကျနေတာဗျာ

ည ၁၂ လောက်ကျတော့

ချာတိတ်တွေက

‘ ကိုထွေး ရထားကလည်း

မလာဘူး

ကျွန်တော်တို့လည်း မနက်

အလုပ်ရှိသေးတယ်

ပြန်တော့မယ် နောက်ညမှ

ဆက်စောင့်ကြည့်တာပေါ့’

‘ အေးပါကွာ ဒီညမှ ရထားက

နောက်ကျနေသေးတယ်

မင်းတို့ပြန်သွားရင် ငါတစ်

ယောက်တည်း အားငယ်

တယ်ကွာ’

‘ အားမငယ်ပါနဲ့ ကိုထွေးရာ

ကိုထွေး စိတ်ထင်လို့နေမှာပါ’

‘ ကဲ ပြန်ကျစို့’

သူတို့တွေ သံလမ်းအတိုင်း

ရွာဘက်ကို ပြန်သွားနေကျတာ

ကို ကြည့်နေတုန်း

‘ ဟာ ‘

သူတို့နောက်မှာ ဟိုသားအမိ

ကို တွေ့လိုက်တော့

‘ ညီလေးတို့ ညီလေးတို့

မင်းတို့နောက်မှာ ‘

သူတို့အားလုံး ကျွန်တော့ကို

ပြန်လှည့်ကြည့်ပြီးတော့

‘ ဟာ မိစန်း

ဟာ သရဲ သရဲ

ပြေးဟ ပြေး ပြေး’

အကုန်လုံး ဝရုန်းသုန်းကား

ရွာဘက်ကို ထွက်ပြေးကုန်

ရော

ကျွန်တော်သာ ကို့ တဲရှေ့မှာ

ကျွန်တော် ကြည့်နေတုန်း

ရှိသေးတယ်

အဲ့သားအမိက နောက်ပြန်

လှည့်လာပြီး ကျွန်တော့ဆီ

တည့်တည့်မတ်မတ်ကြီး

လျောက်လာတာ

သွေးတွေက တစက်စက်နဲ့

အောက်ကို ကျလို့

‘ သွား သွား ငါ့နားမလာနဲ့’

ကျွန်တော်လည်း အော်လည်း

အော် နောက်ကိုလည်း လှည့်

မကြည့်တော့ဘူး ဘူတာဘက်ကို အားကုန်ပြေးတော့တာပဲ

ဘူတာထဲလည်း ရောက်ရော

လူက ဖုတ်လိုက်ဖုတ်လိုက်နဲ့

လျှာထွက်နေပြီ

‘ ရုံပိုင်လေး ရုံပိုင်လေး’

‘ ဟာ ကိုထွေး ချွေးတွေရွှဲလို့

ဘာဖြစ်လာတာလဲ ဘာဖြစ်

လို့လဲ’

‘ ကျွန်တော် ကျွန်တော်

အလုပ်ထွက်ပရစေ

အလုပ်ထွက်ပရစေ’

‘ ဖြည်းဖြည်းပြောပါ နေပါအုံး

ဘာဖြစ်လာတာလဲ ကျွန်တော်

ရှင်းအောင် ပြောပြပါအုံး’

ကျွန်တော် ကျွန်တော် သရဲ

အခြောက်ခံရလို့ ကျွန်တော်

တစ်ယောက်တည်း ဂိတ်မှာ

မနေရဲဘူး’

‘ ဘယ်လို သရဲ အခြောက်ခံရ

လို့ ဟုတ်လား ဟုတ်ရဲ့လား

ကိုထွေးရယ်’

‘ ဟုတ်တယ် မနေ့ ညနေက

ရထားတိုက်ပြီး သေသွားတဲ့

သားအမိ မနေ့ညကလည်း

ခြောက်တယ် ခု ဒီညလည်း

ခုလေးတင်ခြောက်တာ

ကျွန်တော် တစ်ယောက်တည်း

မဟုတ်ဘူး ရွာထဲက ချာတိတ်

တွေပါ အခြောက်ခံရတာ’

‘ ဟေ’

ကျွန်တော်ပြောတာကို မယုံလို့

ရုံပိုင်လေးနဲ့ နောက်တစ်ယောက် ကျွန်တော်နေတဲ့

ဂိတ်ဘက်သွားကြည့်တယ်

နောက် ရွာထဲ သတင်းစုံစမ်း

တယ်

ရွာထဲက ချာတိတ်တွေကပါ

တကယ်ခြောက်ခံရမှန်း ပြောပြလိုက်တာ့ မယုံရခက် ယုံရခက် ဖြစ်ကုန်ရော

ကျွန်တော်ကတော့ အဲ့ညတွင်း

ချင်းပဲ အလုပ်ထွက်ပလိုက်တယ်

နောက်မှ သတင်းကြားရတာ

ကတော့ နောက်ရောက်လာတဲ့

ဂိတ်စောင့်တွေလည်း အကုန်

ခြောက်ခံရလို့ ၃ ယောက်

လောက် လူချိန်းသွားရတယ်

ဆိုတာရယ်

ရွာနဲ့ ဘူတာက တာဝန်ရှိသူ

တွေ ပေါင်းပြီး အဲ့နေရာမှာ

ပရိတ်ရွတ်လိုက်မှ မခြောက်

တော့ဘူးဆိုတာရယ်ကို

ကြားသိခဲ့ရတယ်

ကျွန်တော်ကတော့ နှစ်ညဆက်

တိုက် ကိုယ်တွေ့မြင်ထားတာ

ကို ခုထိ မျက်လုံးထဲက ထုတ်

လို့ မရသေးဘူးဗျာ။

 

မိတ်ဆွေတစ်ယောက်ရဲ့

ကိုယ်တွေ့အဖြစ်အပျက်အား

ခံစားရေးဖွဲ့ပါသည်

 

crd #Myo Minn Thu

 

အားလုံးကို ခင်မင်လျက်

 

မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။