သွေးပျက်တဲ့ည(စ/ဆုံး)

Unicode Version

သွေးပျက်တဲ့ည(စ/ဆုံး)
——————————
ကောင်းကင်မှာတိမ်မည်းများရွေ့လျားနေသည်။ မိစ္ဆာတွေ ပြေးလွှားနေ
သလိုပါပဲ။ ရာသီဥတုကလည်း ချမ်းစိမ့်စိမ့်။ ညငှက်တွေ
ကလည်း သစ်ပင် တစ်ပင်နှင့်တစ်ပင် ကူးလူးပျံသန်းလျက်။ ဖြူလွလွဝတ်ရုံရှင်တွေရဲ့အရိပ်တွေကလည်း လေထဲမှာ လွင့်ပါးမြူးထူး ၍ လေတစ်ချက်ဝှေ့လိုက်တိုင်းမှာ အေးခနဲဖြစ်သွားတာ ကြက်သီးထစရာ။ နက်မှောင်နေသော ညကတ္တီပါထဲမှာ လှုပ်ရှားလာတာ အရိပ်မည်းတစ်ခု။ သင်္ချိုင်းရှေ့မှာရပ်လျက်ရှိနေတာ လူလား၊ တစ္ဆေလား ဝေခွဲမရ။ ထွေပြား စေတဲ့ ညနက်နက်ထဲကို သက်ဝင်လှုပ်ရှားလာတာက ကားတစ်စီး။ လူငယ် တစ်ယောက် သီချင်းအသံကုန်ဖွင့်၍ သံစဉ်မှာမျောပါရင်း ကားကိုအရှိန်ဖြင့် မောင်းလာသည်။ တစ်နေရာအရောက် လူတစ်ယောက် လက်တားသဖြင့် ကားရပ်ပေးလိုက်၏။ ဒီအချိန်လူပြတ်သည့်လမ်းမကြီးပေါ်မှာကိုယ်ချင်းစာ၍
ကားကြုံခေါ်လာခဲ့သည်။လူငယ်ကသီချင်းစည်းချက်လိုက်၍ကားမောင်းရင်း
စကားပြောဖြစ်ကြသည်။

“ဦးလေးက ဘယ်သွားမလို့လဲ” “ကြံတော” “ဟင်”
လူငယ်ကမျက်မှောင်ကျုံ့၍ နောက်မှပြုံးပြီး… “ဦးလေးက တော်တော်နောက်တာပဲ”
“ဒါနဲ့ – ဘယ်မှာနေတာလဲ”
“လယ်ရွာ”
“ဟာ-ဦးလေးကြီးကလည်း သင်္ချိုင်းနာမည်တွေပဲ ပြောနေတယ်” “ကျွန်တော်ကကြောက်တတ်တယ်နော်။ ညအချိန်မတော်ကြီးမပြော
စမ်းပါနဲ့ဗျာ”
ဦးလေးကြီးက အရှေ့တည့်တည့်ကြည့်၍ စူးရှသောမျက်လုံးအစုံဖြင့် မကောင်းဆိုးဝါးတစ်ကောင်အလားပုံပေါက်နေပါသည်။ အနက်ရောင်ကုတ် အင်္ကျီအရှည်ကြီးကို ဝတ်ဆင်ထားပြီး မဲ့ပြုံး ပြုံး၍ ထိုင်နေသည်မှာ တစ္ဆေ တစ်ကောင်ဟု ထင်ရလောက်သည်။ ဦးလေးကြီး၏ ရုပ်ရည်ကလည်း ခက် ထန်၍ကြမ်းသယောင်ယောင်ရှိသည်။ လူငယ်ကလည်းအနက်ရောင်ဂျာကင် နှင့်ဘောင်းဘီရှည်ကိုဝတ်ဆင်ထားပြီး အနက်ရောင်ဝတ်ရုံကိုလည်းခြုံထား ပြန်သည်။ ဝတ်စားထားပုံကလည်း တစ်မျိုးကြီးပါလား။ လူငယ်၏ ရုပ်ရည် ရူပါကတော့ ရွက်ကြမ်းရေကျိုပါပဲ။ လူငယ်က ပီကေဝါးနေပြီး တစ်လောက လုံးကို ဂရုမစိုက်သောပုံစံဖြင့် သံစဉ်များ၌ စီးမျောလျက်ရှိသည်။ ခဏ အကြာ…
“ဦးလေးက တစ်ယောက်တည်း သမားလား”
“အခုပဲ ဇနီးဆီက ပြန်လာတာ လက်ဆောင်လာပေးတာလေ” “ေဩာ်-ဟုတ်လား၊ ဇနီးကိုတော်တော်ချစ်ပုံရတယ်။အတူတူမနေကြ
ဘူးလား”
“သူမကပြီးခဲ့တဲ့အပတ်ကပဲ ဆုံးသွားတာလေ။ သူမအတွက်ပန်းစည်း နဲ့ ထမင်းထုပ် လာပို့တာ”

လူငယ် လန့်ဖျပ်သွားသည်။
“ခင်ဗျာ၊ ဒါဆို ဦးလေး ခုနကရပ်နေတာ သင်္ချိုင်းရှေ့မှာပေါ့” “အေးပေါ့ကွ”
“ဒီအချိန်မှ သင်္ချိုင်းထဲ လာရတယ်လို့၊ မကြောက်ဘူးလား” “ဒီအချိန်က ငါတို့ အချိန်ပဲလေ”
ဦးလေးကြီး၏စကားကြောင့် လူငယ်က မျက်ခုံးပင့်၍ ပခုံးတွန့်လိုက်ပါ
“ဦးလေးကပျော်တတ်ပုံရတယ်။နောက်တဲ့စကားတွေပဲပြောနေတယ်။ ကျွန်တော်လည်း ပျော်တတ်ပါတယ်။ ညဘက်ကြီး သင်္ချိုင်းအကြောင်းတွေ မပြောစမ်းပါနဲ့။ အဲဒီအသံတွေနဲ့ ဝေးဝေးနေချင်လို့ပါဗျာ”
“မင်းကလည်း ယောက်ျားဖြစ်ပြီး ကြောက်တတ်သလားကွ” “သင်္ချိုင်းဆိုတဲ့အသံတွေ မကြားချင်တာပါ။ ဦးလေးဇနီး ဆုံးသွားတာ
တော့ စိတ်မကောင်းပါဘူးဗျာ”
“အေးပါကွာ – ခုလို ကားကြုံခေါ်လာတဲ့အတွက်လည်း ကျေးဇူးတင်ပါ
တယ်ကွာ”
“ကိစ္စမရှိပါဘူး။ ကျွန်တော်ကကူညီနေကျပါ”
“ဦးလေးဇနီးက ဘာလို့ ဆုံးသွားတာလဲ”
“ကလေးမွေးရင်း မီးတွင်းထဲမှာ ဆုံးသွားတာ၊ နှစ်ယောက်လုံး အဖတ်
မတင်ပါဘူးကွာ”
“ဪ- သနားစရာပဲ။ ဦးလေးတော့ တော်တော်ခံစားရမှာပဲ” “ဘယ်တတ်နိုင်ပါ့မလဲကွာ၊ သေခြင်းတရားဆိုတာ ရှောင်လွှဲလို့မှ မရ တာ။ ငါ ကိုယ်တိုင်လည်း မရှောင်နိုင်ခဲ့ဘူးလေ”
“ဟင်”
ဦးလေးကြီး စကားကိုကြား၍ လူငယ်မှာ အံ့အားသင့်စွာ ရှိနေသည်။ “ဦးလေးကလည်း မနောက်ပါနဲ့ဆို နောက်ပြန်ပြီ။ သေခြင်းတရားကို ဦးလေးတောင် မရှောင်နိုင်ခဲ့ဘူးဆိုတဲ့စကားက ဘာအဓိပ္ပာယ်လဲ”

ဦးလေးကြီးက သဘောကျစွာဖြင့်ရယ်လျက်လူငယ်ကိုတစ်ချက်လှမ်း ကြည့်လိုက်သည်။
“ဟား – ဟား – ဟား – ဟား၊ မင်းကြောက်နေတာလား” “မကြောက်ပါဘူးဗျာ။ ဒါဆို -ဦးလေးက ဘာလဲ”
“မသိချင်ပါနဲ့ကွာ”
“ကဲ-ကဲ-ထားပါလေ၊ ဘယ်မှာ ကားရပ်ပေးရမလဲ”
“ကြံတောသုသာန်ရှေ့
“လာပြန်ပြီ၊ မနောက်ပါနဲ့ဗျာ၊ လိုက်ပို့ရမယ့်နေရာသာ ပြောပါ” “ကြံတော သုသာန်ရှေ့”
ဦးလေးကြီးကဒီစကားပဲထပ်ခါတလဲလဲပြောနေ၍လူငယ်မှာ စိတ်တို
လာသည်။
“တော်ပါတော့-ကျွန်တော်စကားအကောင်းပြောနေတာ။ လူတစ်ဖက်
သားကို အဆင်ပြေအောင် ကူညီတတ်တာ ကျွန်တော့်အကျင့်ပဲ။ သွားမယ့် နေရာသာ ကောင်းကောင်းပြောစမ်းပါ”
ဦးလေးကြီးက မျက်တောင်တစ်ချက်မခက်ဘဲ ရှေ့တည့်တည့်သာ ကြည့်ပြီး သွေးအေးစွာဖြင့် ပြောနေသည်။ “ကြံတောသုသာန်ရှေ့ရောက်ရင်ရပြီ”
လူငယ်ကတော့ ဆံပင်တွေထောင်လာပြီး နက်မှောင်သော မျက်လုံး တွေကစူးရှတောက်ပ၍ရှည်လျားသော သွားဖွေးဖွေးများကို အံကြိတ်ထား သည်။ ထို့နောက် – သက်ပြင်းတစ်ချက်ချရင်း စိတ်ကို လျှော့ချလိုက်ပါ သည်။
သည်။
“ဟင်း…”
လူငယ်က ကားထဲမှ သီချင်းကို ပိတ်လိုက်ပြီး စက်အရှိန်မြှင့်လိုက်ပါ
“ဖြည်းဖြည်းမောင်းပါကွာ၊ မင်းတို့လူငယ်တွေကားမောင်းတော်တော် ကြမ်းတယ်။ ကိုယ့်အသက်ကိုယ် တန်ဖိုးထားကြကွ”

လူငယ်က ဦးလေးကြီးကို ဘုကြည့်ကြည့်၍ … “ဦးလေးက ကြံတော ဘာသွားလုပ်မှာလဲ” “အစည်းအဝေး သွားမှာလေ”
“ဟား – ဟား။ သုဘရာဇာအစည်းအဝေးလား။ ဦးလေးပုံက သုဘရာဇာ နဲ့တူတယ်၊ ဟား – ဟား”

ဦးလေးကြီး ခပ်တည်တည်ဖြင့် အသက်မပါစွာပြုံး၍ … “ဝိညာဉ်အစည်းအဝေး”
လူငယ်က မယုံကြည်သောပုံစံဖြင့် လှောင်ရယ် ရယ်ပြီး… “ဝိညာဉ်က တကယ်ရှိလို့လား”

“ရှိတာပေါ့ကွ” “မြင်ဖူးလို့လား”
“ငါကိုယ်တိုင်က ဝိညာဉ်ပဲလေ”
“ဟား- ဟား- ဟား- ဟား- ဦးလေးကြီးက နောက်နေပြန်ပြီ။ ဒါဆို လူတွေသေပြီးရင် ဘာဖြစ်လဲ”
“ဝိညာဉ် ဖြစ်တာပေါ့”
“ဒါဆို ဝိညာဉ်တွေ ဘယ်သွားရလဲ”
“ဘယ်သွားရလဲဆိုတာ ပြောလို့မရဘူး”
“ဦးလေးကြီး မသိလို့နေမှာပါ။ ဟား- ဟား- ဟား- ဟား” “ဒါနဲ့ ဦးလေးကြီးက ဘယ်လိုသေခဲ့တာလဲ”
“ငါ့မိန်းမ ဆုံးသွားလို့ သူ့နောက် လိုက်မယ်ဆိုပြီး ငါ့ကိုယ်ငါ ဓားနဲ့ထိုးခဲ့ တာပဲကွ။ ဒီမှာ ငါ့နှလုံးသားမှာ သွေးတွေကျနေတာ မမြင်ဘူးလား”
လူငယ်က ဦးလေးကြီးကို လှမ်းကြည့်လိုက်ပြီး ဒေါသထွက်သော အမူ အရာဖြစ်သွားသည်။ လေပူတစ်ချက်ကို စိတ်ပျက်စွာ မှုတ်ထုတ်လိုက်
သည်။
“ဝူး”
ကဲ-ကဲ-နောက်တာတွေလည်းလျှော့၊ ဘယ်မှာ ချပေးရမလဲ”
“ကြံတော”
“ဟာ-ဒုက္ခပါပဲဗျာ၊ မနောက်ပါနဲ့တော့ ကျွန်တော် စိတ်တိုလာပြီ” ဦးလေးကြီးက တည်ငြိမ်စွာဖြင့် . . .
“မင်းကြောက်နေတာမဟုတ်လား။ ငါကဒုက္ခပေးမယ့်ဝိညာဉ်မဟုတ်
ပါဘူးကွာ”
“မကြောက်ပါဘူးဗျာ။ ခင်ဗျားက တကယ့်ဝိညာဉ်မှမဟုတ်ဘဲ။ ဝိညာဉ် အစစ်ဆိုရင် ကိုယ်ပျောက်လို့ရမှာပေါ့။ ခင်ဗျားက ကိုယ်မှမဖျောက်နိုင်ဘဲ။ ဝိညာဉ်အစစ်ဆိုရင် ဝိညာဉ်ရဲ့အစွမ်းတွေပြလေ”
“ပြခွင့် မရှိဘူးကွ”

ဦးလေးကြီးက မချိပြုံး ပြုံးလျက် အရှေ့တည့်တည့်ကြည့်ပြီး ပြောနေပါ
လူငယ်က သက်ပြင်းတစ်ချက်ချရင်း ကားကိုအရှိန်ပြင်းစွာ မောင်းနေ
“ဟင်း”
နှစ်ယောက်သား စကားမပြောဘဲ ခဏတာငြိမ်သက်လျက်ရှိသည်။ လူငယ်၏မျက်လုံးတွေကတစ္ဆေတစ်ကောင်ကဲ့သို့စူးရှတောက်ပနေသည်။ ဦးလေးကြီးက တည်တည်ငြိမ်ငြိမ်ပင်။ လူငယ်ကတော့ စိတ်လှုပ်ရှားပြီး ဒေါသထွက်လျက် ရှိပါသည်။ ကားကို အရှိန်ပြင်းစွာ မောင်းနေရင်းမှ ရုတ် တရက် ရပ်လိုက်သည်။
“ကဲ- ဒီမှာပဲ ဆင်းလိုက်တော့။ ခင်ဗျားကို ဆက်ပြီးခေါ်သွားချင်စိတ်မရှိ တော့ဘူး
“ဟာ- မလုပ်ပါနဲ့ကွာ၊ ပို့မယ့်ပို့ ကူးတို့ရောက်အောင် ပို့ပါကွာ” “ခင်ဗျားက ဝိညာဉ်ဆို၊ ဝိညာဉ်က သူ့ဘာသာ သွားနိုင်တာပဲ” “ငါက မင်းနဲ့ သွားချင်လို့ပါကွာ”
“ကျွန်တော်က ခင်ဗျားနဲ့သွားရတာ စိတ်ရှုပ်တယ်” “ငါ့ရင်ဘတ်က ဒဏ်ရာကြီးနဲ့ သွားဖို့ အဆင်မပြေလို့ပါကွာ”
“ခင်ဗျား – ကျွန်တော့်ကို ညာမနေပါနဲ့။ ဝိညာဉ်တွေအကြောင်း ခင်ဗျား ဘယ်လောက်သိလို့လဲ။ ဝိညာဉ်တွေ အမျိုးမျိုးရှိကြတယ်။ လူတွေကို ကူညီ တဲ့ဝိညာဉ်နဲ့ ခြောက်လှန့်တဲ့ဝိညာဉ်ဆိုပြီးရှိတယ်။ ခင်ဗျားက ဝိညာဉ်ဆိုရင် ဘာဝိညာဉ်လဲ။ ပြောလေ-ဝိညာဉ်ရဲ့ အစွမ်းပြလေ။ ပြလေ – မပြနိုင်ရင် ကားပေါ်က ဆင်း။ အခု ဆင်း -”
လား”
“မင်းကလည်း စိတ်လျှော့ပါကွာ”
“ကြံတောသုသာန်ကို ကျွန်တော်သွားမှာ၊ ခင်ဗျား တကယ်လိုက်မှာ

“ဟား – ဟား – မင်း အရမ်းလန့်သွားပြီ မဟုတ်လား”
“ကျွန်တော် မလန့်ပါဘူး။ ခင်ဗျားသာ တကယ်မလန့်အောင် စိတ်ထိန်း ထား။ ကျွန်တော်က ဝိညာဉ်ပဲ။ ဒီမှာကြည့်–”
ရုတ်တရက် ကားထဲမှ လူငယ်ပျောက်သွားသည်။ ဦးလေးကြီး ပျာယာ ခတ်၍ ယခုမှ နှလုံးခုန်နှုန်းတွေ မြန်ဆန်လာသည်။ ဘေးဘီဝဲယာကြည့်မိ တော့လည်း ညနက်နက်မှာ တစ်လောကလုံး တိတ်ဆိတ်လျက်ရှိသည်။ ချမ်းအေးသောဆောင်းညဖြစ်သဖြင့် လေအဝှေ့မှာ အေးခနဲ၊ စိမ့်ခနဲ ဖြစ်သွား သည်။ ထိုစဉ်ကားမှန်ဘေးမှာ ဘွားခနဲ မျက်နှာတစ်ခုဒေါသကြီးစွာဖြင့် သား ရိုင်းတစ်ကောင်အလား၊ စူးရှတဲ့မျက်လုံးတစ်စုံ၊ ရှည်လျားတဲ့အစွယ်ဖွေးဖွေး သွားများ၊ ချွန်မြနေတဲ့ လက်သည်းရှည်တို့နှင့် လက်များက ဦးလေးကြီး၏ မျက်နှာပေါ်သို့အုပ်မိုးနေသယောင်ယောင်၊ ဦးလေးကြီးထိုင်နေရာမှနောက် လန်လဲကျမတတ် ဖြစ်သွားသည်။
သူ့ကို အုပ်မိုးထားသော ကြောက်မက်ဖွယ် မျက်နှာကို မော့ကြည့်ရင်း အံ့ဩလျက် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ မလှုပ်နိုင်ဘဲ သတိလစ်သွားတော့ သည်။
အရုဏ်တက်ချိန် နံနက်ဝေလီဝေလင်းတွင် အစအနောက်သန်သူ ဦးသာခေါင်တစ်ယောက် မြို့ပြင်ကားလမ်းဘေးမှာ လဲကျနေသည်။ အမြင် မတော်သူများက သူ့အား အိမ်သို့ လာရောက်ပို့ပေးကြသည်။
“ကြီးမြရေဒီမှာ ကြီးမြရဲ့သားကိုသာခေါင်ကြီးမြို့ပြင် ကားလမ်းဘေးမှာ လဲနေတာ တွေ့လို့ ခေါ်လာတာ။ အင်္ကျီမှာလည်း အနီရောင်ဆေးရည်တွေ ပေလို့ပဲ”
“အို – ဒုက္ခပါပဲ၊ မကြီးမငယ်နဲ့ ဘယ်လိုဖြစ်ရတာလဲ သာခေါင်ရယ်”

ကြောင်တောင်တောင်ပုံစံဖြင့် စကားမေးမရတော့သော သာခေါင်ကြီး ဖြစ်လို့နေပါပြီ။ သရဲ၊ တစ္ဆေ၊ ဝိညာဉ်များကလူယောင်ဆောင်ပြီးခြောက်လှန့် သောပုံစံများနှင့် သူ၏အသိမိတ်ဆွေများကိုစနောက်တတ်သူ သာခေါင်ကြီး ပါ။ စနောက်ခံရသူများကြောက်နေသည်ကို မြင်လျှင် အလွန်ပျော်ရွှင်တတ် သူလည်း ဖြစ်သည်။
သရဲခြောက်နောက်တတ်သောသာခေါင်ကြီးတစ်ယောက်လွန်ခဲ့သော ညက ဘာတွေများဖြစ်ခဲ့သလဲဆိုတာ မေးမရတော့ပါ။
သာခေါင်ကြီး မျက်ဖြူလန်ပြီး ငူငူငိုင်ငိုင်ကြီး ထိုင်နေသည်မှာကြောက် စရာအသွင်ဆောင်နေသည်။ တစ်ခါတစ်ခါ (ဝူး – ဝူး – ဝါး – ဝါး) ဖြင့် ထအော် နေတတ်သည်။ ပါးစပ်မှလည်း ဗလုံးဗထွေးဖြင့် စကားများဆိုနေသည်မှာ ဘာပြောမှန်းမသိ။
သားဖြစ်သူကိုကြည့်ပြီး စိတ်ပျက်နေသူမှာ ကြီးမြပင် ဖြစ်သည်။ အနောက်သန်သော သားအဖြစ်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေရသည်။ ဘာဖြစ်ခဲ့သည်ဆိုတာလည်းမေးမရတော့စိတ်ညစ်နေရသည်။ စိတ်မသက် သာစွာဖြင့် သက်ပြင်းချရုံမှတစ်ပါး မတတ်နိုင်တော့ပါ။
ညအချိန်မတော်တွင် အသံနက်ကြီးဖြင့် အော်နေတတ်သော ဦးသာ ခေါင်ကြီး ဘာတွေမြင်နေရလဲမသိပါ။
“အား- မလာနဲ့ – မလာနဲ့”
နေ့ဘက်ဆို အဝေးကို ဝိုင်ပြီးစိုက်ကြည့်နေတတ်ပါရဲ့ ။ သူ့ကို မြင်သူ အားလုံးစိတ်မချမ်းသာကြပါ။ သူ၏စနောက်တတ်ပုံများကိုပင် သတိတရဖြင့် ပြန်ပြောနေကြသေးသည်။

သည်းခြေပျက်၍အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး ငြိမ်သက်ခြင်းဖြင့် သာ အဝေးကိုပဲ ကြည့်နေတတ်တော့သည်။
ဦးသာခေါင်ကြီး၏အာရုံထဲတွင်လွန်ခဲ့သောညကအဖြစ်အပျက်များကို တစ်ခုချင်းမြင်ယောင်၍ထိတ်လန့်မှုတို့ကနေရာယူနေကြသည်။ သည်လိုနှင့် ဦးသာခေါင်၏ စနောက်တတ်သော အကျင့်လေးကတော့ ရပ်တန်းက ရပ် သွားခဲ့ပြီပေါ့ . .။

Zawgyi Version

ေသြးပ်က္တဲ့ည(စ/ဆုံး)
——————————
ေကာင္းကင္မွာတိမ္မည္းမ်ားေ႐ြ႕လ်ားေနသည္။ မိစာၦေတြ ေျပးလႊားေန
သလိုပါပဲ။ ရာသီဥတုကလည္း ခ်မ္းစိမ့္စိမ့္။ ညငွက္ေတြ
ကလည္း သစ္ပင္ တစ္ပင္ႏွင့္တစ္ပင္ ကူးလူးပ်ံသန္းလ်က္။ ျဖဴလြလြဝတ္႐ုံရွင္ေတြရဲ႕အရိပ္ေတြကလည္း ေလထဲမွာ လြင့္ပါးျမဴးထူး ၍ ေလတစ္ခ်က္ေဝွ႔လိုက္တိုင္းမွာ ေအးခနဲျဖစ္သြားတာ ၾကက္သီးထစရာ။ နက္ေမွာင္ေနေသာ ညကတၱီပါထဲမွာ လႈပ္ရွားလာတာ အရိပ္မည္းတစ္ခု။ သခ်ႋဳင္းေရွ႕မွာရပ္လ်က္ရွိေနတာ လူလား၊ တေစၦလား ေဝခြဲမရ။ ေထြျပား ေစတဲ့ ညနက္နက္ထဲကို သက္ဝင္လႈပ္ရွားလာတာက ကားတစ္စီး။ လူငယ္ တစ္ေယာက္ သီခ်င္းအသံကုန္ဖြင့္၍ သံစဥ္မွာေမ်ာပါရင္း ကားကိုအရွိန္ျဖင့္ ေမာင္းလာသည္။ တစ္ေနရာအေရာက္ လူတစ္ေယာက္ လက္တားသျဖင့္ ကားရပ္ေပးလိုက္၏။ ဒီအခ်ိန္လူျပတ္သည့္လမ္းမႀကီးေပၚမွာကိုယ္ခ်င္းစာ၍
ကားႀကဳံေခၚလာခဲ့သည္။လူငယ္ကသီခ်င္းစည္းခ်က္လိုက္၍ကားေမာင္းရင္း
စကားေျပာျဖစ္ၾကသည္။

“ဦးေလးက ဘယ္သြားမလို႔လဲ” “ႀကံေတာ” “ဟင္”
လူငယ္ကမ်က္ေမွာင္က်ဳံ႕၍ ေနာက္မွၿပဳံးၿပီး… “ဦးေလးက ေတာ္ေတာ္ေနာက္တာပဲ”
“ဒါနဲ႔ – ဘယ္မွာေနတာလဲ”
“လယ္႐ြာ”
“ဟာ-ဦးေလးႀကီးကလည္း သခ်ႋဳင္းနာမည္ေတြပဲ ေျပာေနတယ္” “ကြၽန္ေတာ္ကေၾကာက္တတ္တယ္ေနာ္။ ညအခ်ိန္မေတာ္ႀကီးမေျပာ
စမ္းပါနဲ႔ဗ်ာ”
ဦးေလးႀကီးက အေရွ႕တည့္တည့္ၾကည့္၍ စူးရွေသာမ်က္လုံးအစုံျဖင့္ မေကာင္းဆိုးဝါးတစ္ေကာင္အလားပုံေပါက္ေနပါသည္။ အနက္ေရာင္ကုတ္ အက်ႌအရွည္ႀကီးကို ဝတ္ဆင္ထားၿပီး မဲ့ၿပဳံး ၿပဳံး၍ ထိုင္ေနသည္မွာ တေစၦ တစ္ေကာင္ဟု ထင္ရေလာက္သည္။ ဦးေလးႀကီး၏ ႐ုပ္ရည္ကလည္း ခက္ ထန္၍ၾကမ္းသေယာင္ေယာင္ရွိသည္။ လူငယ္ကလည္းအနက္ေရာင္ဂ်ာကင္ ႏွင့္ေဘာင္းဘီရွည္ကိုဝတ္ဆင္ထားၿပီး အနက္ေရာင္ဝတ္႐ုံကိုလည္းၿခဳံထား ျပန္သည္။ ဝတ္စားထားပုံကလည္း တစ္မ်ိဳးႀကီးပါလား။ လူငယ္၏ ႐ုပ္ရည္ ႐ူပါကေတာ့ ႐ြက္ၾကမ္းေရက်ိဳပါပဲ။ လူငယ္က ပီေကဝါးေနၿပီး တစ္ေလာက လုံးကို ဂ႐ုမစိုက္ေသာပုံစံျဖင့္ သံစဥ္မ်ား၌ စီးေမ်ာလ်က္ရွိသည္။ ခဏ အၾကာ…
“ဦးေလးက တစ္ေယာက္တည္း သမားလား”
“အခုပဲ ဇနီးဆီက ျပန္လာတာ လက္ေဆာင္လာေပးတာေလ” “ေဩာ္-ဟုတ္လား၊ ဇနီးကိုေတာ္ေတာ္ခ်စ္ပုံရတယ္။အတူတူမေနၾက
ဘူးလား”
“သူမကၿပီးခဲ့တဲ့အပတ္ကပဲ ဆုံးသြားတာေလ။ သူမအတြက္ပန္းစည္း နဲ႔ ထမင္းထုပ္ လာပို႔တာ”

လူငယ္ လန႔္ဖ်ပ္သြားသည္။
“ခင္ဗ်ာ၊ ဒါဆို ဦးေလး ခုနကရပ္ေနတာ သခ်ႋဳင္းေရွ႕မွာေပါ့” “ေအးေပါ့ကြ”
“ဒီအခ်ိန္မွ သခ်ႋဳင္းထဲ လာရတယ္လို႔၊ မေၾကာက္ဘူးလား” “ဒီအခ်ိန္က ငါတို႔ အခ်ိန္ပဲေလ”
ဦးေလးႀကီး၏စကားေၾကာင့္ လူငယ္က မ်က္ခုံးပင့္၍ ပခုံးတြန႔္လိုက္ပါ
“ဦးေလးကေပ်ာ္တတ္ပုံရတယ္။ေနာက္တဲ့စကားေတြပဲေျပာေနတယ္။ ကြၽန္ေတာ္လည္း ေပ်ာ္တတ္ပါတယ္။ ညဘက္ႀကီး သခ်ႋဳင္းအေၾကာင္းေတြ မေျပာစမ္းပါနဲ႔။ အဲဒီအသံေတြနဲ႔ ေဝးေဝးေနခ်င္လို႔ပါဗ်ာ”
“မင္းကလည္း ေယာက္်ားျဖစ္ၿပီး ေၾကာက္တတ္သလားကြ” “သခ်ႋဳင္းဆိုတဲ့အသံေတြ မၾကားခ်င္တာပါ။ ဦးေလးဇနီး ဆုံးသြားတာ
ေတာ့ စိတ္မေကာင္းပါဘူးဗ်ာ”
“ေအးပါကြာ – ခုလို ကားႀကဳံေခၚလာတဲ့အတြက္လည္း ေက်းဇူးတင္ပါ
တယ္ကြာ”
“ကိစၥမရွိပါဘူး။ ကြၽန္ေတာ္ကကူညီေနက်ပါ”
“ဦးေလးဇနီးက ဘာလို႔ ဆုံးသြားတာလဲ”
“ကေလးေမြးရင္း မီးတြင္းထဲမွာ ဆုံးသြားတာ၊ ႏွစ္ေယာက္လုံး အဖတ္
မတင္ပါဘူးကြာ”
“ဪ- သနားစရာပဲ။ ဦးေလးေတာ့ ေတာ္ေတာ္ခံစားရမွာပဲ” “ဘယ္တတ္ႏိုင္ပါ့မလဲကြာ၊ ေသျခင္းတရားဆိုတာ ေရွာင္လႊဲလို႔မွ မရ တာ။ ငါ ကိုယ္တိုင္လည္း မေရွာင္ႏိုင္ခဲ့ဘူးေလ”
“ဟင္”
ဦးေလးႀကီး စကားကိုၾကား၍ လူငယ္မွာ အံ့အားသင့္စြာ ရွိေနသည္။ “ဦးေလးကလည္း မေနာက္ပါနဲ႔ဆို ေနာက္ျပန္ၿပီ။ ေသျခင္းတရားကို ဦးေလးေတာင္ မေရွာင္ႏိုင္ခဲ့ဘူးဆိုတဲ့စကားက ဘာအဓိပၸာယ္လဲ”

ဦးေလးႀကီးက သေဘာက်စြာျဖင့္ရယ္လ်က္လူငယ္ကိုတစ္ခ်က္လွမ္း ၾကည့္လိုက္သည္။
“ဟား – ဟား – ဟား – ဟား၊ မင္းေၾကာက္ေနတာလား” “မေၾကာက္ပါဘူးဗ်ာ။ ဒါဆို -ဦးေလးက ဘာလဲ”
“မသိခ်င္ပါနဲ႔ကြာ”
“ကဲ-ကဲ-ထားပါေလ၊ ဘယ္မွာ ကားရပ္ေပးရမလဲ”
“ႀကံေတာသုသာန္ေရွ႕
“လာျပန္ၿပီ၊ မေနာက္ပါနဲ႔ဗ်ာ၊ လိုက္ပို႔ရမယ့္ေနရာသာ ေျပာပါ” “ႀကံေတာ သုသာန္ေရွ႕”
ဦးေလးႀကီးကဒီစကားပဲထပ္ခါတလဲလဲေျပာေန၍လူငယ္မွာ စိတ္တို
လာသည္။
“ေတာ္ပါေတာ့-ကြၽန္ေတာ္စကားအေကာင္းေျပာေနတာ။ လူတစ္ဖက္
သားကို အဆင္ေျပေအာင္ ကူညီတတ္တာ ကြၽန္ေတာ့္အက်င့္ပဲ။ သြားမယ့္ ေနရာသာ ေကာင္းေကာင္းေျပာစမ္းပါ”
ဦးေလးႀကီးက မ်က္ေတာင္တစ္ခ်က္မခက္ဘဲ ေရွ႕တည့္တည့္သာ ၾကည့္ၿပီး ေသြးေအးစြာျဖင့္ ေျပာေနသည္။ “ႀကံေတာသုသာန္ေရွ႕ေရာက္ရင္ရၿပီ”
လူငယ္ကေတာ့ ဆံပင္ေတြေထာင္လာၿပီး နက္ေမွာင္ေသာ မ်က္လုံး ေတြကစူးရွေတာက္ပ၍ရွည္လ်ားေသာ သြားေဖြးေဖြးမ်ားကို အံႀကိတ္ထား သည္။ ထို႔ေနာက္ – သက္ျပင္းတစ္ခ်က္ခ်ရင္း စိတ္ကို ေလွ်ာ့ခ်လိုက္ပါ သည္။
သည္။
“ဟင္း…”
လူငယ္က ကားထဲမွ သီခ်င္းကို ပိတ္လိုက္ၿပီး စက္အရွိန္ျမႇင့္လိုက္ပါ
“ျဖည္းျဖည္းေမာင္းပါကြာ၊ မင္းတို႔လူငယ္ေတြကားေမာင္းေတာ္ေတာ္ ၾကမ္းတယ္။ ကိုယ့္အသက္ကိုယ္ တန္ဖိုးထားၾကကြ”

လူငယ္က ဦးေလးႀကီးကို ဘုၾကည့္ၾကည့္၍ … “ဦးေလးက ႀကံေတာ ဘာသြားလုပ္မွာလဲ” “အစည္းအေဝး သြားမွာေလ”
“ဟား – ဟား။ သုဘရာဇာအစည္းအေဝးလား။ ဦးေလးပုံက သုဘရာဇာ နဲ႔တူတယ္၊ ဟား – ဟား”

ဦးေလးႀကီး ခပ္တည္တည္ျဖင့္ အသက္မပါစြာၿပဳံး၍ … “ဝိညာဥ္အစည္းအေဝး”
လူငယ္က မယုံၾကည္ေသာပုံစံျဖင့္ ေလွာင္ရယ္ ရယ္ၿပီး… “ဝိညာဥ္က တကယ္ရွိလို႔လား”

“ရွိတာေပါ့ကြ” “ျမင္ဖူးလို႔လား”
“ငါကိုယ္တိုင္က ဝိညာဥ္ပဲေလ”
“ဟား- ဟား- ဟား- ဟား- ဦးေလးႀကီးက ေနာက္ေနျပန္ၿပီ။ ဒါဆို လူေတြေသၿပီးရင္ ဘာျဖစ္လဲ”
“ဝိညာဥ္ ျဖစ္တာေပါ့”
“ဒါဆို ဝိညာဥ္ေတြ ဘယ္သြားရလဲ”
“ဘယ္သြားရလဲဆိုတာ ေျပာလို႔မရဘူး”
“ဦးေလးႀကီး မသိလို႔ေနမွာပါ။ ဟား- ဟား- ဟား- ဟား” “ဒါနဲ႔ ဦးေလးႀကီးက ဘယ္လိုေသခဲ့တာလဲ”
“ငါ့မိန္းမ ဆုံးသြားလို႔ သူ႔ေနာက္ လိုက္မယ္ဆိုၿပီး ငါ့ကိုယ္ငါ ဓားနဲ႔ထိုးခဲ့ တာပဲကြ။ ဒီမွာ ငါ့ႏွလုံးသားမွာ ေသြးေတြက်ေနတာ မျမင္ဘူးလား”
လူငယ္က ဦးေလးႀကီးကို လွမ္းၾကည့္လိုက္ၿပီး ေဒါသထြက္ေသာ အမူ အရာျဖစ္သြားသည္။ ေလပူတစ္ခ်က္ကို စိတ္ပ်က္စြာ မႈတ္ထုတ္လိုက္
သည္။
“ဝူး”
ကဲ-ကဲ-ေနာက္တာေတြလည္းေလွ်ာ့၊ ဘယ္မွာ ခ်ေပးရမလဲ”
“ႀကံေတာ”
“ဟာ-ဒုကၡပါပဲဗ်ာ၊ မေနာက္ပါနဲ႔ေတာ့ ကြၽန္ေတာ္ စိတ္တိုလာၿပီ” ဦးေလးႀကီးက တည္ၿငိမ္စြာျဖင့္ . . .
“မင္းေၾကာက္ေနတာမဟုတ္လား။ ငါကဒုကၡေပးမယ့္ဝိညာဥ္မဟုတ္
ပါဘူးကြာ”
“မေၾကာက္ပါဘူးဗ်ာ။ ခင္ဗ်ားက တကယ့္ဝိညာဥ္မွမဟုတ္ဘဲ။ ဝိညာဥ္ အစစ္ဆိုရင္ ကိုယ္ေပ်ာက္လို႔ရမွာေပါ့။ ခင္ဗ်ားက ကိုယ္မွမေဖ်ာက္ႏိုင္ဘဲ။ ဝိညာဥ္အစစ္ဆိုရင္ ဝိညာဥ္ရဲ႕အစြမ္းေတြျပေလ”
“ျပခြင့္ မရွိဘူးကြ”

ဦးေလးႀကီးက မခ်ိၿပဳံး ၿပဳံးလ်က္ အေရွ႕တည့္တည့္ၾကည့္ၿပီး ေျပာေနပါ
လူငယ္က သက္ျပင္းတစ္ခ်က္ခ်ရင္း ကားကိုအရွိန္ျပင္းစြာ ေမာင္းေန
“ဟင္း”
ႏွစ္ေယာက္သား စကားမေျပာဘဲ ခဏတာၿငိမ္သက္လ်က္ရွိသည္။ လူငယ္၏မ်က္လုံးေတြကတေစၦတစ္ေကာင္ကဲ့သို႔စူးရွေတာက္ပေနသည္။ ဦးေလးႀကီးက တည္တည္ၿငိမ္ၿငိမ္ပင္။ လူငယ္ကေတာ့ စိတ္လႈပ္ရွားၿပီး ေဒါသထြက္လ်က္ ရွိပါသည္။ ကားကို အရွိန္ျပင္းစြာ ေမာင္းေနရင္းမွ ႐ုတ္ တရက္ ရပ္လိုက္သည္။
“ကဲ- ဒီမွာပဲ ဆင္းလိုက္ေတာ့။ ခင္ဗ်ားကို ဆက္ၿပီးေခၚသြားခ်င္စိတ္မရွိ ေတာ့ဘူး
“ဟာ- မလုပ္ပါနဲ႔ကြာ၊ ပို႔မယ့္ပို႔ ကူးတို႔ေရာက္ေအာင္ ပို႔ပါကြာ” “ခင္ဗ်ားက ဝိညာဥ္ဆို၊ ဝိညာဥ္က သူ႔ဘာသာ သြားႏိုင္တာပဲ” “ငါက မင္းနဲ႔ သြားခ်င္လို႔ပါကြာ”
“ကြၽန္ေတာ္က ခင္ဗ်ားနဲ႔သြားရတာ စိတ္ရႈပ္တယ္” “ငါ့ရင္ဘတ္က ဒဏ္ရာႀကီးနဲ႔ သြားဖို႔ အဆင္မေျပလို႔ပါကြာ”
“ခင္ဗ်ား – ကြၽန္ေတာ့္ကို ညာမေနပါနဲ႔။ ဝိညာဥ္ေတြအေၾကာင္း ခင္ဗ်ား ဘယ္ေလာက္သိလို႔လဲ။ ဝိညာဥ္ေတြ အမ်ိဳးမ်ိဳးရွိၾကတယ္။ လူေတြကို ကူညီ တဲ့ဝိညာဥ္နဲ႔ ေျခာက္လွန႔္တဲ့ဝိညာဥ္ဆိုၿပီးရွိတယ္။ ခင္ဗ်ားက ဝိညာဥ္ဆိုရင္ ဘာဝိညာဥ္လဲ။ ေျပာေလ-ဝိညာဥ္ရဲ႕ အစြမ္းျပေလ။ ျပေလ – မျပႏိုင္ရင္ ကားေပၚက ဆင္း။ အခု ဆင္း -”
လား”
“မင္းကလည္း စိတ္ေလွ်ာ့ပါကြာ”
“ႀကံေတာသုသာန္ကို ကြၽန္ေတာ္သြားမွာ၊ ခင္ဗ်ား တကယ္လိုက္မွာ

“ဟား – ဟား – မင္း အရမ္းလန႔္သြားၿပီ မဟုတ္လား”
“ကြၽန္ေတာ္ မလန႔္ပါဘူး။ ခင္ဗ်ားသာ တကယ္မလန႔္ေအာင္ စိတ္ထိန္း ထား။ ကြၽန္ေတာ္က ဝိညာဥ္ပဲ။ ဒီမွာၾကည့္–”
႐ုတ္တရက္ ကားထဲမွ လူငယ္ေပ်ာက္သြားသည္။ ဦးေလးႀကီး ပ်ာယာ ခတ္၍ ယခုမွ ႏွလုံးခုန္ႏႈန္းေတြ ျမန္ဆန္လာသည္။ ေဘးဘီဝဲယာၾကည့္မိ ေတာ့လည္း ညနက္နက္မွာ တစ္ေလာကလုံး တိတ္ဆိတ္လ်က္ရွိသည္။ ခ်မ္းေအးေသာေဆာင္းညျဖစ္သျဖင့္ ေလအေဝွ႔မွာ ေအးခနဲ၊ စိမ့္ခနဲ ျဖစ္သြား သည္။ ထိုစဥ္ကားမွန္ေဘးမွာ ဘြားခနဲ မ်က္ႏွာတစ္ခုေဒါသႀကီးစြာျဖင့္ သား ႐ိုင္းတစ္ေကာင္အလား၊ စူးရွတဲ့မ်က္လုံးတစ္စုံ၊ ရွည္လ်ားတဲ့အစြယ္ေဖြးေဖြး သြားမ်ား၊ ခြၽန္ျမေနတဲ့ လက္သည္းရွည္တို႔ႏွင့္ လက္မ်ားက ဦးေလးႀကီး၏ မ်က္ႏွာေပၚသို႔အုပ္မိုးေနသေယာင္ေယာင္၊ ဦးေလးႀကီးထိုင္ေနရာမွေနာက္ လန္လဲက်မတတ္ ျဖစ္သြားသည္။
သူ႔ကို အုပ္မိုးထားေသာ ေၾကာက္မက္ဖြယ္ မ်က္ႏွာကို ေမာ့ၾကည့္ရင္း အံ့ဩလ်က္ ေက်ာက္႐ုပ္တစ္႐ုပ္ကဲ့သို႔ မလႈပ္ႏိုင္ဘဲ သတိလစ္သြားေတာ့ သည္။
အ႐ုဏ္တက္ခ်ိန္ နံနက္ေဝလီေဝလင္းတြင္ အစအေနာက္သန္သူ ဦးသာေခါင္တစ္ေယာက္ ၿမိဳ႕ျပင္ကားလမ္းေဘးမွာ လဲက်ေနသည္။ အျမင္ မေတာ္သူမ်ားက သူ႔အား အိမ္သို႔ လာေရာက္ပို႔ေပးၾကသည္။
“ႀကီးျမေရဒီမွာ ႀကီးျမရဲ႕သားကိုသာေခါင္ႀကီးၿမိဳ႕ျပင္ ကားလမ္းေဘးမွာ လဲေနတာ ေတြ႕လို႔ ေခၚလာတာ။ အက်ႌမွာလည္း အနီေရာင္ေဆးရည္ေတြ ေပလို႔ပဲ”
“အို – ဒုကၡပါပဲ၊ မႀကီးမငယ္နဲ႔ ဘယ္လိုျဖစ္ရတာလဲ သာေခါင္ရယ္”

ေၾကာင္ေတာင္ေတာင္ပုံစံျဖင့္ စကားေမးမရေတာ့ေသာ သာေခါင္ႀကီး ျဖစ္လို႔ေနပါၿပီ။ သရဲ၊ တေစၦ၊ ဝိညာဥ္မ်ားကလူေယာင္ေဆာင္ၿပီးေျခာက္လွန႔္ ေသာပုံစံမ်ားႏွင့္ သူ၏အသိမိတ္ေဆြမ်ားကိုစေနာက္တတ္သူ သာေခါင္ႀကီး ပါ။ စေနာက္ခံရသူမ်ားေၾကာက္ေနသည္ကို ျမင္လွ်င္ အလြန္ေပ်ာ္႐ႊင္တတ္ သူလည္း ျဖစ္သည္။
သရဲေျခာက္ေနာက္တတ္ေသာသာေခါင္ႀကီးတစ္ေယာက္လြန္ခဲ့ေသာ ညက ဘာေတြမ်ားျဖစ္ခဲ့သလဲဆိုတာ ေမးမရေတာ့ပါ။
သာေခါင္ႀကီး မ်က္ျဖဴလန္ၿပီး ငူငူငိုင္ငိုင္ႀကီး ထိုင္ေနသည္မွာေၾကာက္ စရာအသြင္ေဆာင္ေနသည္။ တစ္ခါတစ္ခါ (ဝူး – ဝူး – ဝါး – ဝါး) ျဖင့္ ထေအာ္ ေနတတ္သည္။ ပါးစပ္မွလည္း ဗလုံးဗေထြးျဖင့္ စကားမ်ားဆိုေနသည္မွာ ဘာေျပာမွန္းမသိ။
သားျဖစ္သူကိုၾကည့္ၿပီး စိတ္ပ်က္ေနသူမွာ ႀကီးျမပင္ ျဖစ္သည္။ အေနာက္သန္ေသာ သားအျဖစ္ကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္ေနရသည္။ ဘာျဖစ္ခဲ့သည္ဆိုတာလည္းေမးမရေတာ့စိတ္ညစ္ေနရသည္။ စိတ္မသက္ သာစြာျဖင့္ သက္ျပင္းခ်႐ုံမွတစ္ပါး မတတ္ႏိုင္ေတာ့ပါ။
ညအခ်ိန္မေတာ္တြင္ အသံနက္ႀကီးျဖင့္ ေအာ္ေနတတ္ေသာ ဦးသာ ေခါင္ႀကီး ဘာေတြျမင္ေနရလဲမသိပါ။
“အား- မလာနဲ႔ – မလာနဲ႔”
ေန႔ဘက္ဆို အေဝးကို ဝိုင္ၿပီးစိုက္ၾကည့္ေနတတ္ပါရဲ႕ ။ သူ႔ကို ျမင္သူ အားလုံးစိတ္မခ်မ္းသာၾကပါ။ သူ၏စေနာက္တတ္ပုံမ်ားကိုပင္ သတိတရျဖင့္ ျပန္ေျပာေနၾကေသးသည္။

သည္းေျခပ်က္၍အ႐ူးတစ္ေယာက္ကဲ့သို႔ ျဖစ္ေနၿပီး ၿငိမ္သက္ျခင္းျဖင့္ သာ အေဝးကိုပဲ ၾကည့္ေနတတ္ေတာ့သည္။
ဦးသာေခါင္ႀကီး၏အာ႐ုံထဲတြင္လြန္ခဲ့ေသာညကအျဖစ္အပ်က္မ်ားကို တစ္ခုခ်င္းျမင္ေယာင္၍ထိတ္လန႔္မႈတို႔ကေနရာယူေနၾကသည္။ သည္လိုႏွင့္ ဦးသာေခါင္၏ စေနာက္တတ္ေသာ အက်င့္ေလးကေတာ့ ရပ္တန္းက ရပ္ သြားခဲ့ၿပီေပါ့ . .။