အကျဉ်းကျနေတဲ့ဝိညာဉ်(စ/ဆုံး)

Unicode Version

အကျဉ်းကျနေတဲ့ဝိညာဉ်(စ/ဆုံး)
—————————————-
မြို့ကြီးပြကြီးလို အောက်လင်းမီးတွေမရှိတာမို့ ကျေးတောရွာသဘာဝ ညကိုးနာရီဆိုတာနဲ့ ညဉ့်နက်စပြုပါပြီ ။ လဆုတ်ရက်ဖြစ်တာနဲ့အညီ မစို့မပို့သာနေတဲ့လခြမ်းကလေးရဲ့အလင်းရောင်က မှိန်ပြပြထွက်ပေါ်နေခဲ့ပါတယ် ။
” ငါက ဘယ်ကိုလိုက်ရမှာပါလိမ့် ”
အမှောင်ထုကိုတိုးဝှေ့ပြီးဝိုးတဝါးစမ်းလျှောက်လာတဲ့ ဦးအောင်မောင်းအနေနဲ့ သက်ရှိဆိုလို့ညဉ့်ငှက်တစ်ကောင်တောင်မတွေ့ရတဲ့နေရာမှာ ယောင်လည်လည်ဖြစ်နေတဲ့အချိန် ။
” ငွေ..မျှင်…ရောင်.. ကြိုး..ကို..ရှာ …”
ဘေးကနေဖြတ်တိုက်သွားတဲ့ လေတိုက်သံလိုလို စကားပြောသံလိုလို အသံတစ်ခုကို မပီမသကြားလိုက်ရတာမလို့ ဦးအောင်မောင်းလည်း အတန်ကြာအောင်စဉ်းစားရင်း တရားမထိုင်ခင်က အသိဉာဏ်တစ်ချို့ကို ပြန်သတိရသွားခဲ့တယ် ။
မြေးဖြစ်သူက ဝတ်မတက်ခင် ” ငွေမျှင်ရောင်ကြိုးအတိုင်းလိုက်ခဲ့ပါ ” လို့ အမှာစကားထားခဲ့တာမို့ အဆိုပါကြိုးကို သူလိုက်ရှာတော့ ဘယ်မှာမှရှာမတွေ့ခဲ့ ။ ရှာရင်း မူလခန္ဓာဆီပြန်ရောက်လာလို့ အံ့သြနေတုန်း သူ့ရင်ညွန့်ကနေထွက်နေတဲ့ အုန်းဆံကြိုးအရွယ် အဖြူဖျော့ရောင်အငွေ့တန်းလေးကို သတိထားမိသွားခဲ့တယ် ။
ဘာလုပ်ရမှန်းမသိတာမို့ အငွေ့တန်းလေးကို လက်နဲ့လှမ်းကိုင်လိုက်တဲ့အချိန် သူ့ကိုယ်ကြီးကို တစ်ယောက်ယောက်က ဆောင့်ဆွဲလိုက်သလို စွေ့ခနဲပါသွားခဲ့တယ် ။ ဦးတည်ရာကိုမသိပေမယ့် သူဒုက္ခရောက်တိုင်း ကူညီနေတဲ့မြေးဖြစ်သူကိုသာ စိတ်ကနေ တမ်းတနေမိတယ် ။
” ဖိုးဖိုးကလည်း ကြာလိုက်တာ မျက်လုံးဖွင့်လို့ရပြီဖွင့်တော့လေ ”
” ဟမ် မြေးလေးက ဒီရောက်နေတယ်လား မြေးလေး ဆရာရော ”
” ဆရာက အမှောင်သခင်နဲ့ စကားသွားပြောနေတယ် ဖိုးဖိုးရောက်လာရင် ခဏစောင့်နေလို့ မှာသွားတယ် ”
” ဟုတ်လား မြေးလေးရဲ့ ဒါနဲ့ အဖိုးကိုဆွဲခေါ်လိုက်တာ မြေးလေးလား ”
” ဟုတ်တယ် ဖိုးဖိုး ဖိုးဖိုးက ဆရာ့ဗိမ္မာန်ကို သွားတဲ့လမ်းမှာ မျက်စိလည်နေလို့ ကိုယ့်ရဲ့ငွေမျှင်ကြိုးကို အတွေ့နောက်ကျနေတာ ”
” သြော် ဟုတ်ပမြေးလေးရေ ဒါတောင် ဖိုးဖိုးကို သတိလာပေးသွားလို့ မဟုတ်ရင် ရောက်လာမှာတောင်မဟုတ်ဘူး ဒါနဲ့ မြေးလေး အမှောင်သခင်ဆိုတာ ဘယ်သူလဲ သူကဘာစောင့်ရတာလဲ ”
” ကျုပ် မသိဘူး ဖိုးဖိုး ဆရာလာရင် မေးပေးမယ် ”
မြေးအဖိုးနှစ်ယောက်သား ငွေမျှင်ရောင်ကြိုးကိုယ်စီနဲ့ သစ်တောလို့ယူဆရတဲ့မည်းမည်းသဏ္ဍာန်တွေကြားမှာဟိုကြည့်သည်ကြည့်လိုက်ကြည့်နေတုန်း ခပ်ဝေးဝေးကနေ အရှိန်နဲ့ပြေးလာနေတဲ့ မီးလုံးနှစ်လုံးကို သတိထားမိခဲ့တယ် ။
” မသေချင်ရင် ချုံတွေထဲ…..ပုန်းနေကြ….. ငါကိုယ်တော်မှာ လာကယ်ဖို့ အချိန်မရှိဘူး ”
” မြေးလေး လာ လာ ပုန်းရအောင် အဲ့ဒါတွေက အန္တရာယ်ရှိနိုင်တယ် ”
” ဟုတ်လား အဖိုး ဆရာပြောလိုက်တာလား ဒီချုံလေး ကောင်းမယ်ထင်တယ် ”
အောင်ညိုတို့ချုံထဲဝင်လိုက်တာနဲ့ သူတို့လိုပဲပုန်းနေတဲ့ ဘဝတူနာမ်လောကသားတစ်ချို့ကိုမြင်လိုက်ရတယ် ။
” ဟာ အများကြီးပါပဲလား သင်တို့က ဘယ်သူတွေလဲ ”
” ကျနော်တို့ကလည်း သင်တို့လို ဝိညာဉ်လွှင့်နိုင်သူတွေပါ ဒါကိုအိမ်မက်ကမ္ဘာလို့လည်း ခေါ်ပါတယ် အခုပုန်းနေတာက အမှောင်လောကသခင်ရဲ့ ကျေးကျွန်အဖမ်းခံထိမှာစိုးလို့ပါ ”
” သူတို့ဖမ်းခံထိရင် ဘာဖြစ်နိုင်လဲဗျ ”
” ရှေ့ကအတွေ့အကြုံရှိပြီးသားလူတွေပြောခဲ့တာတော့ ကျန်ခဲ့တဲ့ သင်တို့ခန္ဓာကိုက သေရင်သေ မသေရင် မြောသလိုဖြစ်သွားလိမ့်မယ်တဲ့ ”
” ဟာ ဟုတ်လား ဒီနေရာမှာ အဲ့ဒီလိုရှိတာလား ”
” အား ကယ်ကြပါ ကယ်ကြပါ ”
သူတို့စကားပြောနေတုန်းမှာပဲ ဝိညာဉ်တစ်ချို့ရဲ့အော်ဟစ်သံတွေထွက်လာတာမလို့ ဦးအောင်မောင်းလည်း ပုန်းနေရာကနေ မသိမသာလှမ်းကြည့်လိုက်တော့ စောစောကတွေ့ခဲ့တဲ့ မီးလုံးတွေက ငွေမျှင်ရောင်ကြိုးနဲ့ဝိညာဉ်တွေကို လိုက်လံဖမ်းဆီးနေတာ မြင်လိုက်ရပါတယ် ။
” ဟာ ”
မြင်လိုက်ရတဲ့မြင်ကွင်းက ဦးအောင်မောင်းနဲ့အောင်ညိုကို ပါးစပ်ပြန်မစိနိုင်အောင် အံ့သြသွားစေခဲ့ပါတယ် ။ အကြောင်းကတော့ မီးလုံးတွေရဲ့ဖမ်းခံထိတဲ့ဝိညာဉ်တစ်ချို့က ငွေမျှင်ရောင်ကြိုးပြတ်သူကပြတ် ၊ အညိုရောင်ပြောင်းသူကပြောင်း ဖြစ်ကုန်ကြလို့ပါ ။
” တွေ့လား အဲ့ဒီမှာ အညိုရောင်ပြောင်းသွားတဲ့ဟာတွေက မြောကုန်တာ ပြတ်ပြီးမည်းသွားတဲ့ဟာတွေက သေကုန်တာ ”
” ဒါမတရားမှုပဲ ညတိုင်း ဒီလိုတွေလုလုပ်နေမှတော့ မြန်မာပြည်ကလူတွေ အကုန်ကုန်ကုန်တော့မှာပေါ့ ”
” ဟာ ဟေ့လူ တိုးတိုးပြောစမ်းပါဗျ သူတို့ကြားကုန်မှဖြင့် ဒီမှာ ခင်ဗျားနားလည်အောင်ပြောပြမယ် အခုအဖမ်းခံထိတာ မြန်မာပြည်ကလူတွေချည်းမဟုတ်ဘူး ကမ္ဘာအရပ်ရပ်က လူသားဝိညာဉ်တွေလည်း ပါတယ်ဗျ ”
” သြော် အဲ့ဒီလိုလား မသိပါဘူးဗျာ ကျုပ်ကတော့ အဖမ်းခံထိရင် အလကားတော့ မခံဘူး စွမ်းနိုင်သလောက်တော့ ပြန်တိုက်ခိုက်မှာပဲ ”
” မမိုက်ချင်စမ်းပါနဲ့ ကိုယ့်လူရယ် ဒီလောကရဲ့အရှင်သခင်ကို အာခံရဲတဲ့လူဆိုတာ မရှိသလောက်ရှားတယ် ရှိလည်း သူစည်းကိုယ်စည်းဆိုတာတွေကို ထိန်းပြီး ဝင်မပါတတ်ကြဘူး ဒါပေမယ့် ကျုပ်ကြားဖူးတာ တစ်ခုတော့ ရှိတယ် အဲ့ဒီလူကတော့ ကယ်နိုင်တယ်တဲ့ ”
သူစိမ်းဝိညာဉ်နောက်ဆုံးပြောလိုက်တဲ့စကားကြောင့် ဦးအောင်မောင်းနဲ့ အောင်ညိုတို့မျက်နာက သိချင်စိတ်ကြောင့် လတ်ခနဲ ဖြစ်သွားခဲ့တယ် ။
” သူက ဘယ်သူလဲ မိတ်ဆွေ ခင်ဗျားသိရင်ပြောပြပါလား ”
” ဟုတ်တယ် အစ်ကို ပြောပြပါနော် ”
အောင်ညိုတို့ဘယ်လောက်ပဲမေးမေး သူစိမ်းဝိညာဉ်က ဘာစကားမှပြန်မပြောတော့ပဲ မျက်လုံးကိုစုံမှိတ်ပြီး လေထုထဲမျောပါသွားတာမလို့ သူတို့လည်း ဘာမှမတက်နိုင်ကြတော့ ။
” ဟာ ပါသွားပြန်ပြီ သွားပါပြီကွာ ”
” နောင်ကြီး ဘယ်သူပါသွားတာလဲ ”
” စောစောက ခင်ဗျားတို့နဲ့ စကားပြောနေတဲ့လူလေ လူယဉ်ကျေးလေးပါဗျာ သူ့ဝမ်းတောင်သူမသထာပဲ မိဘညီအစ်ကိုမောင်နှမတွေကို လုပ်ကျွေးနေရှာတာ အခုလဲ အာဟာရပြတ်ပြီး အိပ်ရာထဲလဲနေရာကနေ ဒီနေရာကိုရောက်လာတာပဲ ”
” သနားစရာကောင်းလိုက်တာ ဖိုးဖိုးရယ် ”
အောင်ညိုက ခေါင်းလေးတစ်ခါခါလုပ်ပြီး စိတ်မကောင်းဖြစ်နေတဲ့ဟန်နဲ့ ပြောတော့ ဦးအောင်မောင်းက ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီး
” တစ်ဆိတ်လောက် နောင်ကြီး အဲ့ဒီဖမ်းခံထိတဲ့ညီလေးက ဘယ်နယ်မှာနေတာလဲ သိရမလား ”
” သူဒီကိုလာလာနေတာ ခြောက်လလောက်ရှိပြီဗျ မေမြို့ဘက်ကလို့ မောင်သက္က ပြောဖူးတယ် ”
” သူတို့ဖမ်းနည်းတွေက အဆန်းပါလား ဦးလေးရဲ့ လိုက်ဖမ်းလို့ကုန်တော့ ပုန်းနေတာတွေထွက်လာအောင် လုပ်တယ် ကိုသက္ကဆို ကျုပ်တို့မြေးအဖိုးကို သတိထားဖို့အမြဲပြောပြီး သူကျတော့ ဘာကြောင့်ပါသွားရတာလဲ သူလည်း ကျုပ်တို့နဲ့အတူတူ ပုန်းနေတာပါပဲ အဲ့ဒါဘယ်လိုဖြစ်ရတာလဲဟင် ”
” အဲ့ အဲ့ဒါတော့ ဦးလေးလဲမသိဘူး ငါ့တူရဲ့ ”
အောင်ညိုက နက်နဲဆန်းကြယ်မှုတွေနဲ့ပြည့်နေတဲ့ အိပ်မက်အမှောင်ကမ္ဘာကို ဘယ်လိုမှနားမလည်နိုင်သေးတော့ အတွေ့အကြုံရှိတဲ့ဝိညာဉ်မှန်သမျှကို မေးခွန်းတွေချည်း လိုက်မေးနေခဲ့တယ် ။ သို့ပေမယ့် သူ့အမေးကို ဘယ်သူမှမဖြေနိုင်ကြလို့ စိတ်ညစ်နေတုန်း ဆရာဖြစ်သူက သာမန်ဝိညာဉ်ပုံစံနဲ့ သူတို့အနားကို ပြန်ရောက်လာခဲ့တယ် ။
” ဟော မြေးတောင် ပြန်လာပြီ ဘာသွားလုပ်တာလဲ မြေး ”
” လာ လာ ပြန်ကြမယ် အဖိုး ဒီလောက်သိရတော်ရောပေါ့ ”
သိန်းခေါင်က အဲ့လိုပြောပြီး ဦးအောင်မောင်းတို့ရဲ့ငွေမျှင်ရောင်ကြိုးတွေကိုဆွဲသွားတော့ နှစ်ယောက်သားလည်း ဒရောသောပါးပါသွားခဲ့တယ် ။
အရှိန်တစ်ခုနဲ့သွားနေရင်း နောက်ကိုလှည့်ကြည့်လိုက်တော့ ပြေးလိုက်လာတဲ့ မီးလုံးတစ်ချို့ကို အောင်ညိုသတိထားမိတယ် ။
” ကြောက်နေကြပြီလား ဒါတွေက ကံနိမ့်နေတာရယ် သက်ဆိုင်ရာဘာသာရေးအားနည်းနေတာရယ် စရဏမရှိလို့ရယ် ကျန်းမာရေးချို့ယွင်းလို့ရယ်တွေကြောင့် ဖြစ်ရတာပါ နောက်ကြုံရင် အိပ်မက်အလင်းကမ္ဘာကိုပို့ပေးဦးမယ် ”
” သြော် အခုမှပဲ သိသွားတော့တယ် မြေးရယ် ဒါနဲ့ မြေးက ခါတိုင်းလို ဘာလို့အရောင်တွေထွက်မနေတာလဲ သိလို့ရမလား ”
” မောင်သက္ကပြောသွားတယ်မလား နေရာတိုင်းမှာ သူ့စည်းနဲ့သူဆိုတာလေ ကျနော်သာ အဖိုးပြောတဲ့ပုံစံနဲ့သွားရင် သူတို့ကမ္ဘာက အမှောင်စည်းတွေပျက်သွားလိမ့်မယ် ပျက်သွားရင် မိစ္ဆာတွေက ဒီနေရာကိုအပိုင်စီးပြီး အခုမြင်နေရတာထက်ပိုဆိုးတဲ့ အခြေနေတွေဖြစ်လာမှာ ”
” ဟာ ဆရာ ဒါဆို သူတို့အဖမ်းခံထိတဲ့လူတွေကရော ပြန်မလွတ်နိုင်တော့ဘူးလား သနားပါတယ် ”
” သြော် ဒါလား ကျန်ရစ်သူတွေက သူတို့ကို လိုလိုလားလား လက်ခံတမ်းတသေးရင် နောက်တစ်ခုက သူတို့အတွက်ရည်စူးတဲ့အလှူတစ်ခုခုလုပ်ပေးရင် ကံကောင်းပြီး ပြန်သတိရနိုင်ပါတယ်ကွ ကဲ့ကဲ့ မိုးလင်းခါနီးပြီ ပြန်ဝင်ပြီး အိပ်ကြတော့ ”
” မြေးက ဘယ်သွားမလို့လဲ ”
” အဖိုးတို့လိုက်လို့မရတဲ့နေရာတစ်ခုမှာ လုပ်စရာလေးရှိသေးလို့ပါ သွားကြတော့ ”
သိန်းခေါင်ရဲ့ တွန်းလွှတ်မှုနဲ့ နှစ်ယောက်သားခန္ဓာထဲပြန်ရောက်တော့ အတန်ကြာငြိမ်နေတဲ့ခန္ဓာကိုယ်က လက်မခံနိုင်သေးလို့ နဖူးနဲ့ကြမ်းပြင် မိတ်ဆက်ကုန်ကြပါတယ် ။
” ဒုန်း ” ဆိုတဲ့အသံကြားလို့ အအိပ်ဆတ်တဲ့ဒေါ်ရွှေမိက မီးခွက်ကောက်ထွန်းပြီး သူတို့အနား ပြာပြာသလဲရောက်လာကာ
” ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ ကိုမောင်း ”
” တရားထိုင်ရင်း အိပ်ငိုက်တာပါ မရွှေရဲ့ ဘာမှမဖြစ်ပါဘူး ”
” သြော် ကဲ့ အစ်ကိုတို့ဆိုတာလည်း ဒီလောက်ညဉ့်နက်အောင် တရားထိုင်ကြရသလား အိပ်ကြပါတော့ ခဏနေ လင်းကြက်တောင်တွန်တော့မယ့်ဟာ ”
” အေးပါကွာ သွား သွား မရွှေလည်း ပြန်အိပ်ချေတော့ ”
အိပ်ကောင်းကောင်းနဲ့အိပ်နေရင်း မြေးအဖိုးနှစ်ယောက် မိုးလင်းသွားတာတောင်မသိလိုက်ကြ ။ နေမြင့်လို့ ဈေးရောင်းပြန်လာတဲ့မကြည်ပြာလာနိုးမှာ နှစ်ယောက်သားနိုးလာကြတယ် ။ နိုးနိုးချင်း သိန်းခေါင်ကိုရှာကြည့်တော့ အိမ်ရှေ့စားပွဲမှာ အဒေါ်နှစ်ယောက်နဲ့အတူထိုင်ပြီး မုံ့စားနေတာကို မြင်လိုက်ရတယ် ။
ဒါကိုမြင်တော့ ဦးအောင်မောင်းက နှုတ်ခမ်းမွှေးတွေကားအောင်ပြုံးလိုက်တာမို့ အောင်ညိုက ခေါင်းကုပ်ပြီး
” ဘာတွေတွေးပြီး ဘာတွေသဘောကျနေတာလဲ ဖိုးဖိုးရဲ့ ”
” ဟိုမှာလေ မြေးလေးဆရာ မုံ့စားနေတာကြည့်ပြီး အဲ့ဒါ အစစ်မှဟုတ်ရဲ့လားလို့ တွေးမိလို့ပါ ”
” ဘယ်လိုကြီးတုန်း ဖိုးဖိုးရဲ့ အဲ့ဒါ ဆရာသိန်းခေါင်ပဲလေ ”
” ဟုတ်ပါပြီ ထားပါတော့ လာ ရေတွင်းမှာ ရေသွားချိုးရအောင် ”
ကိစ္စဝိစ္စတွေလုပ်ပြီးလို့ ဦးအောင်မောင်းအိမ်ရှေ့ထွက်လာတော့ သိန်းခေါင်နဲ့ ညိုကြီးက သူ့ကိုတစ်ချက်လှမ်းကြည့်ပြီး ဟန်မပျက် စကားပြန်ပြောနေတာ မြင်လိုက်ရတယ် ။ လေသံခပ်တိုးတိုးနဲ့ တိုင်ပင်နေကြတာမလို့ သူလည်း မသိကျေးကျွန်ပြုပြီး အသင့်ငှဲ့ထားတဲ့ ရေနွေးကြမ်းတစ်ခွက်ကို အသာအယာမော့သောက်လိုက်တယ် ။
” အဖိုးက ဘာလုပ်နေတာလဲ အထုပ်အပိုးတွေပြင်လေ ဘာလဲမလိုက်ချင်လို့လား ”
” အဟွပ် အဟွပ် အဟွပ် ဟမ် မြေး မြေးက ပြန်လာပြီလား အေး အေး အခုပဲ သွားပြင်လိုက်မယ် ဟီး ဟီး ”
ဦးအောင်မောင်းပြောသွားတာတွေကိုနားမလည်တဲ့ညိုကြီးက တူဖြစ်သူသိန်းခေါင်ကို လက်တို့လိုက်တော့ သိန်းခေါင်က သူမသိကြောင်း မျက်ခုံးပင့်ခေါင်းခါပြလိုက်တယ် ။ ယောက္ခမကြီးကျေးဇူးကို သူ့နေရာမှာအစားဝင်ပြီး ဆပ်ရမယ်ဆိုတော့ ညိုကြီးစိတ်ထဲ ပျော်နေမိတာတော့အမှန်ပါ ။
(၂)
အထုပ်အပိုးကိုယ်စီသယ်ပြီးတောင်ကုန်းတောင်ဆင်းတွေကို ဆင်းလိုက်တက်လိုက်ခရီးသွားနေတဲ့ နဲ့ လူသုံးယောက်ကိုမြင်တော့ ယာခင်းစိုက်တောင်သူတစ်ချို့က လက်ပြနှုတ်ဆက်နေကြတယ် ။ ဆယ်ခိုင်သူကြီးကို တကယ်ချစ်၍ပဲလား လွန်ခဲ့တဲ့တစ်ပတ်ကမှ ထောက်ပံ့ကြေးပေးထားလို့လား မသဲကွဲတာမလို့ အောင်ညိုက မသိမသာပြုံးလိုက်မိတယ် ။
နောက်ဆုံးကလိုက်ရင်း ပြုံးနေတဲ့သူ့ကို ရှေ့ဆုံးကသွားနေတဲ့ သိန်းခေါင်ကလှည့်တောင်မကြည့်ပဲ ” အဟမ်း ” ဆိုပြီး သတိပေးလိုက်တော့မှ အရာရာကိုသိမြင်နိုင်တဲ့ဆရာဖြစ်သူကို အောင်ညို ပိုလေးစားသွားခဲ့တယ် ။
” အဖိုး ကျနော်တို့ မန္တလေးကို အရင်သွားမှဖြစ်မယ် ဘာလို့လဲဆိုတော့ မေမြို့ကို တိုက်ရိုက်ရောက်တဲ့ ယာဉ်မရှိသေးဘူး ”
” သွားပေါ့ မြေးရဲ့ အဖိုးလဲ မရောက်တာကြာတော့ မြနန်းစံကျော်ရွှေနန်းတော်ကြီးရော ဘာတွေပြောင်းလဲသွားလဲ မြင်ချင်လှတယ်ကွယ့် ”
” အဖိုးတကယ်မသိလိုက်တာဖြစ်မှာပါ အေးပေါ့ တောကြိုအုံကြားကို သတင်းက ဘယ်ရောက်မှာလဲ ”
” ဘာ ဘာဖြစ်လို့လဲ မြေး အဖိုးကိုပြောပြပါဦး ”
” ဘယ်သူရှို့လိုက်တယ်မသိပါဘူး နန်းတော်အစစ်က မီးခသွားလို့ ကျုံးရေတွေနဲ့ မနည်းဝိုင်းငြိမ်းလိုက်ရတယ် ပျက်စီးသွားတဲ့နေရာတွေကိုလည်း ပညာရှင်တစ်ချို့က ပြန်ဆောက်နေကြလေရဲ့ ”
” ဟာကွာ …ဖြစ်မှဖြစ်ရလေ ”
နန်းတော်ထဲကြာကြာမနေလိုက်ရပေမယ့် ကင်းဝန်မင်းကြီးရဲ့အသက်အငယ်ဆုံးအပါးတော်ရွှေဓါးဗိုလ်အောင်မောင်းက သိန်းခေါင်စကားကိုကြားပြီး စိတ်မကောင်းဖြစ်သွားပုံရပါတယ် ။
” သင်္ခါရသဘောတွေလို့ပဲ သဘောထားပေါ့ အဖိုးရယ် လာပါ အဖိုးနဲ့ အောက်ညိုကိုသနားလို့ ဘာယာဉ်မှမစီးရအောင် ကူညီပေးပါ့မယ် ရှေ့က တောင်ပူစာလေးဆီ လိုက်လာခဲ့ကြ ”
ပြောပြီးတောင်ပူစာပေါ် ခပ်မြန်မြန်ပြေးတက်သွားတဲ့ သိန်းခေါင်ကိုမော့ကြည့်ပြီး ဆူးတောထဲလမ်းလျှောက်ရလွန်းလို့ ခြေထောက်တွေနာနေတဲ့ ဦးအောင်မောင်းတို့နှစ်ယောက်လည်း အချင်းချင်းပြန်ကြည့်ရင်း အားရပါးရရယ်မောမိလိုက်ကြတယ် ။
သူများလို သိဒ္ဓိဆယ်ပါးနဲ့ပြည့်စုံနေသူမဟုတ်တဲ့ သူတို့လိုသာမန်လူတွေက ထိကရုံးဆူးပင်တွေအပြည့်ပေါက်နေတဲ့တောင်ကုန်းပေါ်ကို ပြေးတက်ဖို့မဆိုထားနဲ့ ရိုးရိုးတက်ဖို့တောင် မနည်းကြိုးစားရဦးမှာမဟုတ်လား ။
ကြိုးစားပမ်းစားတက်ပြီး တောင်ပူစာလေးပေါ်ကိုရောက်လာတော့ သိန်းခေါင်ကို အသီးအပွင့်တွေဝေနေတဲ့ အင်ကြင်းပင်တစ်ပင်အောက်မှာ တရားထိုင်နေတာ မြင်လိုက်ရတယ် ။ ဦးအောင်မောင်းတို့လည်း သူ့အနားကိုသွားပြီး တရားဖြုတ်မယ့်အချိန်ကို ထိုင်စောင့်နေတဲ့အချိန် သိန်းခေါင်က လှုပ်ရှားလာပြီး စကားစပြောခဲ့တယ် ။
” မလိုအပ်တာ တစ်ခုခုထားခဲ့ဦးမလား အောင်ညို ထားခဲ့ချင်ရင် ရတယ်နော် သယ်နိုင်တယ်ဆိုလည်း သယ်သွားပေါ့ ”
အဖိုးဖြစ်သူရဲ့အထုပ်အပြင် တိုင်းရင်းဆေးဝါးတွေပါတဲ့အထုပ်ကိုပါသယ်ထားရတဲ့ အောင်ညိုအဖြစ်ကိုကြည့်ပြီး သိန်းခေါင်ကမေးလိုက်ပေမယ့်
” ပထမတစ်ခေါက်တုန်းက ခရီးမသွားဖူးလို့ အထုပ်တွေအများကြီးယူခဲ့မိတယ် အခုတော့ ဆရာ့တပည့် လည်သွားပါပြီ အဓိဌာန်ဝင်မယ့်ယောဂီတစ်စုံရယ် ၊ လူကြားသူကြားဝင်ဆံ့မယ့် အဝတ်အစားနှစ်စုံရယ် ရှမ်းဘောင်းဘီနှစ်ထည်ရယ် ဒါပဲယူလာတယ် ဖိုးဖိုးဟာကိုတော့ ဒေါ်လေးကြည်ပြာထုပ်ပေးလိုက်တာပဲ ဘာမှမလေးပါဘူးဆရာရဲ့ ”
” ကဲ့ပါ အဆင်ပြေတယ်ဆိုလဲ ပြီးတာပါပဲ ထ ထ ဒီအင်ကြင်းပင်ကို ဘုရားဂုဏ်တော်ကိုးပါးရွတ်ပြီး ကိုးပတ်ပတ်ကြစို့ ဒီလောက်တော့ လုပ်နိုင်ကြတယ်မလား ”
” ရပါတယ်မြေးရဲ့ စကြရအောင် ”
သုံးယောက်သား အင်းကြင်ပင်ကိုကိုးပတ်ပြည့်ပတ်ပြီးတာနဲ့ ပင်စည်က လူကြီးတစ်ကိုယ်စာဟာလာတာမလို့ သိန်းခေါင်ကစပြီး ဝင်သွားခဲ့တယ် ။ တစ်ဖက်ကိုပြန်ထွက်တော့ အေးစိမ့်နေတဲ့လေထုက သူတို့ကိုဆီးကြိုနေပြီး ထင်းရှူးပင်တွေက ဟိုတစ်စု ဒီတစ်စုပေါက်နေတာမြင်လိုက်ရတယ် ။
” မြေး ဒါက ဘယ်လိုဖြစ်ရတာလဲ အဖိုးတို့ဆီမှာကျ ပူပြီး ဒီမှာ စိမ့်နေပါလား ”
” ဒါက မေမြို့ရဲ့အဝင်တောလေးလေ အဖိုးရဲ့ ကလောတို့ တောင်ကြီးတို့ မေမြို့တို့ဆိုတာ တစ်ဆယ့်နှစ်ရာသီအေးအေးလေးဖြစ်နေတာ စတော်ဘယ်ရီ လိမ္မော် ပန်းသီး စတဲ့ အအေးကြိုက်အပင်တွေလည်း ဒီဒေသတွေမှာ ဖြစ်ထွန်းကြတယ် ”
ဒေသရာသီလေးကလည်း အေးသလို မြေးဖြစ်သူကလည်း ရှေ့ကနေသွားရင်း စိတ်ရှည်လက်ရှည်ရှင်းပြနေတာမို့ ဦးအောင်မောင်းတို့လည်း နောက်ကနေလိုက်ရင်း ခေါင်းတစ်ညိမ့်ညိမ့်နားထောင်နေခဲ့တယ် ။ လူနေအိမ်ခြေတွေနားရောက်တော့ သက်ဆိုင်ရာမြို့အုပ်မင်းအိမ်ကို လိုက်ရှာပြီး တစ်ခါက ရန်ကုန်ကနေရလာတဲ့ အရေးပိုင်မင်းလက်မှတ်ပါ ခရီးသွားထောက်ခံစာကို ပြလိုက်တယ် ။ မြို့အုပ်မင်းလည်း စာကိုဖတ်ပြီးတာနဲ့ တပည့်တွေကိုလှမ်းခေါ်ပြီး သိန်းခေါင်တို့ကို နေစရာတွေ စီစဉ်ပေးခဲ့တယ် ။
” မောင်ရင်တို့ ဦးလေးတို့ကို မေးမယ် မေးမယ်နဲ့ မြို့အုပ်မင်းရှေ့မှာမလို့ မမေးရဲတာ မောင်ရင်တို့ကို ဒီမြို့မှာလည်း တစ်ခါမှမမြင်ဖူးဘူး ပြီးတော့ မြို့အုပ်မင်းကလည်း ဖော်ဖော်ရွေရွေနဲ့ အထူးဧည့်သည်လို ဆက်ဆံနေတာ ဘာလို့လဲ ”
” သြော် ဦးသန်းစိုးရယ် ကျနော်တို့က နယ်လှည့်ဆေးကုနေတဲ့တိုင်းရင်းဆေးဆရာတွေလေ တစ်ခါက အရေးပိုင်မင်းရဲ့သားမှာ သူတို့အနောက်တိုင်းဆေးပညာနဲ့ကုလို့မရတဲ့ ဝေဒနာကိုကုပေးရာကနေ သက်သာသွားလို့ ကျေးဇူးတင်တဲ့အနေနဲ့ ထောက်ခံစာလုပ်ပေးလိုက်တာကြောင့်ပါ ”
” သြော် ဒီလိုလား မသိပါဘူး ဦးလေးက မြို့အုပ်မင်းလက်ထောက်လုပ်လာတာကြာလှပြီ သူမခေါ်ရင် အခုထိတောင် သူ့ရုံးခန်းထဲမသွားရဲဘူးကွယ့် ”
” ဟား ဟား ဟား ”
မေမြို့မြို့အုပ်မင်းရဲ့လက်ထောက်ဦးသန်းစိုးအရွှန်းဖောက်မှုကြောင့် လေးယောက်သား အတွေးပေါက်ပြီး ရယ်မောလိုက်ကြတယ် ။ အဲ့ဒီအချိန် အောင်ညိုက တစ်စုံတစ်ခုကို သတိရသွားတဲ့ဟန်နဲ့ ရယ်နေတာရပ်လိုက်ပြီး
” ဦးလေးသန်းစိုးက ဒီမြို့မှာနေတာကြာပြီလားဗျ ”
” အေး ကြာပြီလို့ပဲပြောရမှာပေါ့ ဦးလေးလူပျိုပေါက်အရွယ်ကတည်းက ရောက်နေတာ တစ်ကောင်ကြွက်သမားဆိုတော့ ဒီမှာပဲ အိမ်ထောင်ပြုလိုက်တယ်ဆိုပါတော့ကွာ ”
” ဒါဖြင့် ဒီမြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ကိုသက္ကဆိုတဲ့အမည်နဲ့ မိဘကိုလုပ်ကျွေးရင်း အိပ်ရာထဲလဲနေတဲ့လူမမာကို ကြားဖူးလားဟင် ”
” ဟမ် သားက သက္ကကိုဘယ်လိုသိတာလဲ ဟုတ်တယ် ကောင်လေးက ဦးလေးအမျိုးသမီးနေတဲ့ ရပ်ကွက်မှာနေတာ အရမ်းလည်း သိတတ်လိမ္မာတယ်ကွ ”
မြို့ခံလူကြီးက သက္ကအကြောင်း အတိုချုုံးပြောပြတော့ သိန်းခေါင်လည်း အောင်ညိုကိုတစ်ချက်ကြည့်ပြီး ဆက်မမေးဖို့အချက်ပြလိုက်တယ် ။ ပြီးတော့ သူကပဲ
” ဟုတ်လား ဦးလေး ကျနော်တို့မှာ တစ်ခြားလူနာတွေလည်းရှိသေးတာဆိုတော့ နောက်နေ့ကျမှသွားကြည့်ပေးတော့မယ်ဗျာ ”
” ကုလို့တတ်ရင်ဖြင့် ကုပေးလိုက်ကြပါ ငါ့တူတို့ရယ် သက္ကဘဝကလေ အဖေက ခြေမသန် အမေက အိုကြီးအိုမ ကျန်တဲ့မွေးချင်းတွေကလည်း အိမ်ထောင်ကိုယ်စီတွေနဲ့ မိဘတွေကို ဆယ်ခါတစ်ခါလောက်ပဲ မစို့မပို့လေး ပြန်ကြည့်တာဆိုတော့ သူပဲ အနစ်နာခံနေရရှာတာ အခုလို အိပ်ရာထဲ ဘိုင်းကနဲလဲတော့ စဉ်းစားသာကြည့်ပေတော့ ”
” ဟုတ်ကဲ့ပါ ဦးလေး သဘက်ခါညကျရင် နက္ခတ်တာရာတွေစုံချိန်ဆိုတော့ ဆေးတွေက ပိုစွမ်းမှာ အဲ့ဒီတော့မှ အခြေအနေသွားကြည့်ကြတာပေါ့ ”
” အေးပါကွယ် ခဏနေ ညနေစာလာပို့ပေးမယ်နော် အပြင်မှာ သွားမဝယ်စားကြနဲ့ ဘာအသားမစားဘူးလဲ ပြောပြလို့ရလား ”
” စိတ်တော့မရှိပါနဲ့ ဦးလေး အမဲသားကလွဲရင် ကြက်ဖြစ်ဖြစ်ဝက်ဖြစ်ဖြစ် ပံ့သကူသားဆို အာဟာရအတွက်စားပါတယ် ”
” ရပါတယ် ရပါတယ် ငါ့တူက စကားပြောလည်း တယ်ကောင်းသကိုး သွားပြီဟေ့ ”
မြို့ခံဦးလေးကြီးထွက်သွားတော့ အောင်ညိုက မဝံ့မရဲလေသံနဲ့
” ကျုပ် ကျုပ်တောင်းပန်ပါတယ် ဆရာ ဖအေထက်သားတစ်လကြီးမိလို့ပါ ခွင့်လွှတ်ပေးပါနော် ”
” မေးလိုက်တဲ့လူက ကောင်းကောင်းဖြေသွားလို့ သက်သာတယ်မှတ် မဟုတ်ရင် မောင်မင်းတော့ တစ်ညလုံးမအိပ်ရပဲ မန္တာန်တွေချရေးရမယ် သွား ဒီဒေသက ညနေရောက်ရင် အေးလာမှာ အဖိုးကိုခေါ်ပြီး ရေမိုးချိုးကြ ”
” ဟုတ်ကဲ့ ”
ညနေရောက်တော့ သိန်းခေါင်ပြောထားသလို လေတိုက်တာကအစ အအေးဓာတ်ပါနေတာမို့ လေဖြန်းဖူးတဲ့ ဦးအောင်မောင်းလည်း ရုတ်ချည်းအနွေးထည်ထဝတ်လိုက်ရတယ် ။ ညဘက်သုံးယောက်သားဘုရားရှိခိုးပုတီးစိပ်ပြီးတာနဲ့ သိန်းခေါင်က
” မနက်လေးနာရီထရမှာဆိုတော့ အညောင်းအညာပြေအောင် လမ်းလျှောက်ပြီးရင် အိပ်ကြမယ်နော်အဖိုး အောင်ညို ညနေကရှာခိုင်းထားတဲ့ ဘူးသီးခြောက်ခွံမှာ ဓာတ်ကြီးလေးပါးမန္တာန်အုပ်ပြီးပြီလား ”
” အုပ်ပြီးပြီဆရာ အလုပ်ဖြစ်တယ်ထင်တယ် ဘူးသီးခြောက်ခွံက နည်းနည်းစိမ်းလာသလိုပဲ မနက်ကျရင် တစ်ကြိမ်ထပ်အုပ်လိုက်မယ် ရတယ်မလားဟင် ”
” အေး ရပြီ အိပ်ကြတော့ သြောင်းတစ်ရာ့ရှစ်ကွက်ဂါထာလည်း ရွတ်ဖို့မမေ့နဲ့ သတိဆိုတာ ပိုတယ်မရှိဘူး ”
ကိုသက္ကကိုကယ်ဖို့ စိတ်စောနေလို့လားမသိ အောင်ညိုတော်တော်နဲ့ အိပ်မပျော်နိုင်သေး ။ သန်းခေါင်ယံအချိန်ရောက်တော့ အိပ်ခန်းတစ်ခုလုံးလင်းထိန်လာတာမလို့ အောင်ညိုလည်း မိုးလင်းပြီအထင်နဲ့ ထထိုင်လိုက်တယ် ။ သေချာကြည့်တော့မှတစ်ဖက်ကိုစောင်းပြီးအိပ်နေတဲ့ဆရာဖြစ်သူရဲ့ရင်ညွန့်ကနေ အလင်းရောင်တွေထွက်နေမှန်းသိလိုက်ရတယ် ။ ဒါမျိုးတစ်ခါမှမမြင်ဖူးတဲ့သူ့အတွက်အထူးအဆန်းဖြစ်နေတာမလို့ ဘေးမှာ အိပ်ပျော်နေတဲ့ ဦးအောင်မောင်းကို အသာလှုပ်နှိုးကာ
” ဖိုးဖိုး ဆရာ့ကိုယ်က လင်းနေတယ် တွေ့လား ”
” အေး တွေ့တယ် မြေးလေး သူမရှိဘူးထင်တယ် သွား ပါရမီဖြည့်တဲ့အနေနဲ့ ခါတိုင်းရွတ်နေကျ ခန္ဓာစည်းချမန္တာန်လား ဘာလား တစ်ခေါက်လောက် သွားရွတ်ပေးလိုက် ပြီးရင် ပြန်အိပ်တော့ ”
စည်းချမန္တာန်ရွတ်ပြီးတော့ ထူးထူးဆန်းဆန်းဆိုသလို အောင်ညိုရဲ့မျက်ခွံတွေကလေးလံလာပြီး ဆရာဖြစ်သူအနားမှာပဲ ခွေခွေလေး အိပ်ပျော်သွားခဲ့တယ် ။
” တုံ တုံ တုံ တုံ ”
မနက်လေးနာရီ တုံးမောင်းခေါက်သံထွက်လာတော့ သုံးယောက်သားလည်း အိပ်ရာက ကပျာကယာထပြီး အုတ်ရေကန်က အေးစက်စက်ရေတစ်ချို့နဲ့ မျက်နာသစ်လိုက်ကြတယ် ။ အဲ့ဒီနောက် ညကကျန်တဲ့ အစားအစာတစ်ချို့ကို တစ်ယောက်နည်းနည်းစီစားကာ လူရိပ်လူခြေကြည့်လိုက်တယ် ။
မနက်စောစောသာနေတဲ့ လခြမ်းအလင်းရောင်လေးကိုအားပြုပြီး လမ်းမပေါ်ထွက်လာရင်း သိန်းခေါင်က တစ်နေရာကို လက်ညှိုးထိုးပြတာမို့ ကျန်တဲ့နှစ်ယောက်ကလည်း နောက်ကလိုက်ပါသွားခဲ့တယ် ။ သိန်းခေါင်ညွန်ပြတဲ့နေရာရောက်တော့ လူသူမရှိတဲ့တဲအိမ်လေးတစ်ခုကိုမြင်လိုက်ရတယ်။ တဲထဲဝင်ပြီး ပစ္စည်းတွေနေရာချလို့ပြီးတော့ ခပ်လှမ်းလှမ်းမှမြင်နေရတဲ့ စေတီတော်တစ်ဆူကို သုံးယောက်သား အာရုံပြုလိုက်ကြတယ် ။
” အဖိုး ကျနော်သွားပြီး ခဏနေရင် မီးတောက်နေတဲ့ ဒေါင်းငှက်အတောင်လေးကျလာလိမ့်မယ် အဲ့ဒီအခါကျရင် ဘူးသီးခြောက်လေးဟပေးလိုက် အောင်ညိုလည်း ပြောထားတာမမေ့နဲ့ ”
” မမေ့ပါဘူးဆရာ ”
မလှုပ်မယှက်ငြိမ်ပြီး ဘုန်းကြီးထိုင်ထိုင်နေတဲ့ဆရာဖြစ်သူကိုတစ်လှည့် ကောင်းကင်ကိုတစ်လှည့်ကြည့်ရင်း အောင်ညိုတစ်ယောက် ဘာရယ်မသိ စိတ်တွေလှုပ်ရှားနေခဲ့တယ် ။ သို့ပေမယ့် ဘုရားကြီးကိုမကြာမကြာလှမ်းဖူးရင်း ဂုဏ်တော်တွေပွားနေတာမို့ သတိတော့လွတ်မသွားခဲ့ ။
” မြေးလေး ဟိုမှာ ဟိုမှာ ကျလာပြီ ”
ဦးအောင်မောင်းလက်ညှိုးထိုးပြတဲ့နေရာကို အောင်ညိုကြည့်လိုက်တော့ ကောင်းကင်ထန်းတစ်ဖြားအမြင့်ကနေတစ်ဖြည်းဖြည်းလွှင့်မျောကျလာတဲ့ မီးတောက်လေးတစ်ခုကို မြင်လိုက်ရတယ်။ အောင်ညိုလည်း ချက်ချင်းဆိုသလို ကိုသက္ကမျက်နာကိုမြင်ယောင်ပြီး မီးတောက်လေးကို မေတ္တာပို့ပေးလိုက်တော့ မီးတောက်လေးက ဘူးသီးခြောက်ရေဘူးထဲကို တည့်တည့်ကျလာခဲ့တယ် ။
အရှေ့အရပ်ကနေ ရောင်ခြည်တစ်ထောင်အလင်းဆောင်ပြီးထွန်းလင်းလာတဲ့နေမင်းထွက်လာတော့ ဘုရားပေါ်မှာ ဆွမ်းရေချမ်းပန်းလာကပ်သူတွေက စည်ကားသိုက်မြိုက်နေခဲ့တယ် ။ အဲ့ဒီအချိန်သိန်းခေါင်က လှုပ်ရှားလာပြီး
” အဖိုး အောင်ညို မြို့စောင့်နတ်ပြောတာ ဒီနေ့ နေ့လည် သက္ကကို မြေချတော့မယ်တဲ့ ”
” ဟာ မဖြစ်ဘူးလေ မြေးရဲ့ သူ့ဝိညာဉ်က ဒီထဲမှာပဲဟာ ဘယ်လိုလုပ်ကြမလဲ ”
” အမြန်ရောက်အောင် သွားဖို့ကလွဲလို့ တစ်ခြားနည်းလမ်းမရှိဘူး ဆင်ခြေဖုံးရပ်ကွက်တွေက အများသားမဟုတ်လား ”
” မြေးက မောင်သက္ကအိမ်ရှိတဲ့နေရာကို မမြင်နိုင်ဘူးလား ”
” မြင်နိုင်တယ် ကျနော်လိုက်လို့မရဘူး အဖိုး ဘာကြောင့်လဲ ရှင်းပြဖို့ အချိန်မရှိလို့ ဒီတစ်ခါတော့ ကိုယ့်အားကိုယ်ကိုးကြပါ တောင်ဘက်အရပ်ကိုသွား သူ့ခြံထဲမှာ သရက်ပင်သုံးပင်ရှိတယ် အိမ်က ပျဉ်ကာထားတယ် ကျနော်ဘုရားပေါ်မှာပဲစောင့်နေမယ် ”
တုံးတိတိပြောပြီး လွယ်အိတ်လေးလွယ်ကာ ဘုရားကုန်းပေါ်တက်သွားတဲ့မြေးဖြစ်သူကိုကြည့်ပြီး ဦးအောင်နားမလည်နိုင်တော့ ။ သို့ပေမယ့် တစ်ဖက်ကလည်း အရေးပေါ်ဖြစ်နေတာမလို့ အောင်ညိုကို လက်တို့ပြီး သိန်းခေါင်ပြောတဲ့အရပ်ကို ထွက်လာလိုက်ကြတယ် ။ တစ်နာရီနီးပါး ဟိုလူ့မေး သည်လူ့မေးလုပ်ပြီးရှာလိုက်တော့ ကိုသက္ကနေတဲ့ရပ်ကွက်ကို သူတို့သိသွားခဲ့ပြီ ။
” ဒီ ဒီမှာ နောင်ကြီး ကိုသက္ကတို့အိမ်က ဘယ်နားမှာလဲ ”
” သြော် ဧည့်သည်တွေထင်တယ် ရှေ့တည့်တည့်သွားပြီး ဘယ်ဘက်ချိုးရင် သုံးအိမ်မြောက်က သက္ကတို့အိမ်ပဲ နာရေးလာကြတာလား ”
” ဟုတ်ပါတယ် ခွင့်ပြုပါဦးနော် ”
ကိုသက္ကတို့အိမ်ထဲဝင်လိုက်တာနဲ့ ငိုသံတွေက မနက်ခင်းရဲ့အလှနဲ့မထိုက်တန်အောင် ဆူညံနေခဲ့တယ် ။ မြေးအဖိုးနှစ်ယောက်လည်း ခပ်တည်တည်နဲ့ အိမ်ထဲဝင်လိုက်ပြီး အခေါင်းသွင်းဖို့ ကျွေးမွေးဖို့အလုပ်ရှုပ်နေတဲ့လူတွေကိုသတိနဲ့ရှောင်ကာ ကိုသက္ကအလောင်းနားကို အရောက်သွားလိုက်ကြတယ် ။
” အမေကြီး ကျုပ်တို့က တိုင်းရင်းဆေးဆရာတွေပါ နောက်ဆုံးအနေနဲ့ ကိုသက္ကကို ကြည့်ပေးပါရစေ ”
” ဆေးထိုးဆရာတောင် လက်လျှော့သွားပါပြီ သားလေးရယ် အမေကြီးသား အလိမ္မာတုံးက နှလုံးလဲမခုန်တော့ဘူးတဲ့ အီး ဟီး ဟီး ”
” သတိထားပါဦး အမေကြီးရယ် သူတော်ကောင်းနတ်ကောင်းမမှာပါ ခဏလွှတ်ပေးပါ ကျုပ်တို့ ကြည့်ပါရစေ ”
” ဟုတ်ပါတယ် ငါ့ညီမရယ် အစ်ကိုမြေးလေးက ဆေးပညာမှာ အရမ်းတော်တာပါ ကြည့်ခိုင်းလိုက်ပါကွယ် ”
” မသောင်း ဖယ်လိုက်စမ်း ဧည့်သည်တွေ ဒီလောက်ပြောနေတာ နင်က ဘာဖြစ်နေတာလဲ ”
ကိုသက္ကရဲ့ဖခင်လို့ယူဆရတဲ့သူက လေသံမာမာနဲ့ပြောလိုက်တော့ သားအလောင်းကိုဖက်ထားတဲ့အမေကြီးက အောင်ညိုတို့ကို မယုံသင်္ကာအကြည့်နဲ့ကြည့်ရင်း ဖယ်ပေးရှာတယ် ။ အောင်ညိုလည်း အခွင့်အရေးရတာနဲ့ လွယ်အိတ်ထဲဖွက်ယူလာတဲ့ ဘူးသီးခြောက်လေးကို အဖုံးဖွင့်လိုက်ပြီး မန္တာန်တစ်ပုဒ်ကိုခပ်တိုးတိုးရွတ်ဆိုလိုက်တယ် ။ ပြီးတော့ ကိုသက္ကပါးစပ်ကိုဖြဲပြီး တေ့လိုက်တယ်ဆိုရင်ပဲ လက်ဖက်ရည်ပန်းကန်တစ်ဝက်စာရှိတဲ့ အနီရောင်အရည်တစ်ချို့က ဘူးသီးခြောက်ထဲကထွက်လာခဲ့တယ် ။
” အင်း….. ”
” ဟာ ”
” ဟယ် သား အမေ့သားကြီး သတိရလာပြီ ”
” ဦးလေးနဲ့ ဒီကငါ့ညီကို ကျနော်တစ်နေရာမှာ မြင်ဖူးသလိုပဲ ”
” ရေစက်ပါတယ်လို့သဘောထားပါ ငါ့တူ တစ်ဦးမေတ္တာတစ်ဦးစေတနာပေါ့ ငါ့တူလို သူတော်ကောင်းကိုနတ်ကောင်းမတာမဆန်းပါဘူး ငါ့တူကိုအဓိကကယ်ပေးတဲ့လူဟာ ငါ့တူပြောဖူးတဲ့လူသားပါပဲ ဒါကို လျှို့ဝှက်ထားပေးပါ ”
” အမေ ကျနော် ရေဆာတယ် ”
” ရေရှိတယ် သား ရေရှိတယ် ဖြည်းဖြည်းသောက် သူတို့က ထူးထူးဆန်းဆန်းရောက်လာပြီး သားကိုကုပေးလိုက်တာ အမေ့မှာလည်း ဆေးဖိုးပေးစရာ ဘာမှမရှိဘူး ”
” မလိုပါဘူး ငါ့ညီမရယ် အောက်ကအခေါင်းရိုက်နေတဲ့လူတွေကိုသာ တစ်ခုခုအစားထိုးပြီး သင်္ဂြိုလ်ခိုင်းလိုက်ပါ တော်ကြာ ငါ့ညီမသားကို မှားပြီး လာသယ်နေဦးမယ် ”
ဦးအောင်မောင်းရဲ့အရွှန်းဖောက်စကားကြောင့် တစ်ချိန်လုံးငိုထားရလို့မျက်လုံးတွေမို့မောက်နေတဲ့ အမေကြီးမျက်နာပေါ်မှာ အပြုံးရိပ်တွေသန်းသွားခဲ့တယ် ။ အမေကြီးထသွားတာနဲ့ အောင်ညိုကသူ့အိတ်ထဲကနေ ငွေစက္ကူတစ်ထပ်ကို ကိုသက္ကလက်ထဲထည့်ပေးပြီး
” အစ်ကိုသက္ကသုံးချင်တာသုံးဖို့ ယူထားပါ ဘာကျေးဇူးမှပြန်ဆပ်စရာမလိုပါဘူး ”
” သူစိမ်းတွေအပေါ်ထားတဲ့ ညီလေးစိတ်ထားကို အစ်ကို အရမ်းလေးစားပါတယ်ကွာ အစ်ကို့ဘဝမှာ ဦးလေးတို့ညီလေးတို့နဲ့ဆုံရတာနဲ့တင် သေပျော်ပါပြီ အစ် အစ် ”
” သြော် အခုပဲ သေရွာကပြန်လာတာကို ဘာလို့ထပ်သေမှာလဲ ငါ့တူရယ် ကဲ့ကဲ့ အေးအေးဆေးဆေးနားနားနေနေနေနော် ဦးလေးတို့လည်း သွားစရာရှိလို့သွားဦးမယ် ”
” အစ်ကိုသက္က ကျုပ်နဲ့ထပ်တွေ့ချင်ရင် ခင်ဗျားမိန်းမမြန်မြန်ယူဗျ ပြီးရင်ကလေးယူ ယူပြီး အိမ်ထောင်သက်ဆယ့်ရှစ်နှစ်ပြည့်ရင် အစ်ကို့သမီးကို ကျုပ်လာတောင်းမယ် ”
” ဟား ဟား ဟား အေးပါကွာ အစ်ကိုကတော့ အခုကတည်းက သဘောတူတယ်ဟေ့ ”
ကိုသက္ကတစ်ယောက် ထွက်သွားတဲ့ လူနှစ်ယောက်ကို အိပ်ရာထဲကနေ လက်လှမ်းပြရင်း သူတို့ပေးခဲ့တဲ့ငွေစက္ကူအထပ်လေးကို ခေါင်းဦးအောက်ထိုးထည့်လိုက်တယ် ။
” သား သက္က သူတို့က ဘယ်သူတွေလဲ ”
” သားအသိတွေပါ အဖေ မြေပြန့်မှာနေကြတာ အဖေရောခြေထောက်သက်သာလား ကိုက်သေးလား ”
” သက်သာပါတယ် ငါ့သားနေမကောင်းတဲ့အချိန်မှ အဖေ ပိုသက်သာလာတယ် အားရှိအောင် အိပ်လိုက်ဦး အဖေအောက်ဆင်းပြီး ကာလသားတွေကို သွားကူဦးမယ် ”
တစ်ကြိမ်တစ်ခါမှ အပြင်မှာမဆုံဖူးပဲ အိပ်မက်ကမ္ဘာမှာတွေ့ရုံမျှဖြင့် ဤလူသားများက သူ့ကိုအိမ်အထိလာကူညီသွားကြတာဘာကြောင့်လဲ ကိုသက္ကမစဉ်းစားတတ်တော့ ။ တစ်ဖက်မှာလည်း ဆေးကုပြီးပြန်လာတဲ့ မြေးအဖိုးကို သိန်းခေါင်နဲ့ ဦးသန်းစိုးက ဘုရားမုခ်ဝကနေ အပြုံးလေးနဲ့ ဆီကြိုနေကြပါတယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဆက်လက်ဖော်ပြပါဦးမည်
စာဖတ်သူများ မလွတ်သောသတိရှိ ၍ မရှိဟူသောစကားကို မကြားရပါစေသား…
မောင်လူလှ~ကညင်မြေ

Zawgyi Version

အက်ဥ္းက်ေနတဲ့၀ိညာဥ္(စ/ဆံုး)
—————————————-
ၿမိဳ႕ႀကီးျပႀကီးလို ေအာက္လင္းမီးေတြမရွိတာမို႔ ေက်းေတာ႐ြာသဘာဝ ညကိုးနာရီဆိုတာနဲ႔ ညဥ့္နက္စျပဳပါၿပီ ။ လဆုတ္ရက္ျဖစ္တာနဲ႔အညီ မစို႔မပို႔သာေနတဲ့လျခမ္းကေလးရဲ႕အလင္းေရာင္က မွိန္ျပျပထြက္ေပၚေနခဲ့ပါတယ္ ။
” ငါက ဘယ္ကိုလိုက္ရမွာပါလိမ့္ ”
အေမွာင္ထုကိုတိုးေဝွ႔ၿပီးဝိုးတဝါးစမ္းေလွ်ာက္လာတဲ့ ဦးေအာင္ေမာင္းအေနနဲ႔ သက္ရွိဆိုလို႔ညဥ့္ငွက္တစ္ေကာင္ေတာင္မေတြ႕ရတဲ့ေနရာမွာ ေယာင္လည္လည္ျဖစ္ေနတဲ့အခ်ိန္ ။
” ေငြ..မွ်င္…ေရာင္.. ႀကိဳး..ကို..ရွာ …”
ေဘးကေနျဖတ္တိုက္သြားတဲ့ ေလတိုက္သံလိုလို စကားေျပာသံလိုလို အသံတစ္ခုကို မပီမသၾကားလိုက္ရတာမလို႔ ဦးေအာင္ေမာင္းလည္း အတန္ၾကာေအာင္စဥ္းစားရင္း တရားမထိုင္ခင္က အသိဉာဏ္တစ္ခ်ိဳ႕ကို ျပန္သတိရသြားခဲ့တယ္ ။
ေျမးျဖစ္သူက ဝတ္မတက္ခင္ ” ေငြမွ်င္ေရာင္ႀကိဳးအတိုင္းလိုက္ခဲ့ပါ ” လို႔ အမွာစကားထားခဲ့တာမို႔ အဆိုပါႀကိဳးကို သူလိုက္ရွာေတာ့ ဘယ္မွာမွရွာမေတြ႕ခဲ့ ။ ရွာရင္း မူလခႏၶာဆီျပန္ေရာက္လာလို႔ အံ့ၾသေနတုန္း သူ႔ရင္ၫြန္႔ကေနထြက္ေနတဲ့ အုန္းဆံႀကိဳးအ႐ြယ္ အျဖဴေဖ်ာ့ေရာင္အေငြ႕တန္းေလးကို သတိထားမိသြားခဲ့တယ္ ။
ဘာလုပ္ရမွန္းမသိတာမို႔ အေငြ႕တန္းေလးကို လက္နဲ႔လွမ္းကိုင္လိုက္တဲ့အခ်ိန္ သူ႔ကိုယ္ႀကီးကို တစ္ေယာက္ေယာက္က ေဆာင့္ဆြဲလိုက္သလို ေစြ႕ခနဲပါသြားခဲ့တယ္ ။ ဦးတည္ရာကိုမသိေပမယ့္ သူဒုကၡေရာက္တိုင္း ကူညီေနတဲ့ေျမးျဖစ္သူကိုသာ စိတ္ကေန တမ္းတေနမိတယ္ ။
” ဖိုးဖိုးကလည္း ၾကာလိုက္တာ မ်က္လုံးဖြင့္လို႔ရၿပီဖြင့္ေတာ့ေလ ”
” ဟမ္ ေျမးေလးက ဒီေရာက္ေနတယ္လား ေျမးေလး ဆရာေရာ ”
” ဆရာက အေမွာင္သခင္နဲ႔ စကားသြားေျပာေနတယ္ ဖိုးဖိုးေရာက္လာရင္ ခဏေစာင့္ေနလို႔ မွာသြားတယ္ ”
” ဟုတ္လား ေျမးေလးရဲ႕ ဒါနဲ႔ အဖိုးကိုဆြဲေခၚလိုက္တာ ေျမးေလးလား ”
” ဟုတ္တယ္ ဖိုးဖိုး ဖိုးဖိုးက ဆရာ့ဗိမၼာန္ကို သြားတဲ့လမ္းမွာ မ်က္စိလည္ေနလို႔ ကိုယ့္ရဲ႕ေငြမွ်င္ႀကိဳးကို အေတြ႕ေနာက္က်ေနတာ ”
” ​ေၾသာ္ ဟုတ္ပေျမးေလးေရ ဒါေတာင္ ဖိုးဖိုးကို သတိလာေပးသြားလို႔ မဟုတ္ရင္ ေရာက္လာမွာေတာင္မဟုတ္ဘူး ဒါနဲ႔ ေျမးေလး အေမွာင္သခင္ဆိုတာ ဘယ္သူလဲ သူကဘာေစာင့္ရတာလဲ ”
” က်ဳပ္ မသိဘူး ဖိုးဖိုး ဆရာလာရင္ ေမးေပးမယ္ ”
ေျမးအဖိုးႏွစ္ေယာက္သား ေငြမွ်င္ေရာင္ႀကိဳးကိုယ္စီနဲ႔ သစ္ေတာလို႔ယူဆရတဲ့မည္းမည္းသ႑ာန္ေတြၾကားမွာဟိုၾကည့္သည္ၾကည့္လိုက္ၾကည့္ေနတုန္း ခပ္ေဝးေဝးကေန အရွိန္နဲ႔ေျပးလာေနတဲ့ မီးလုံးႏွစ္လုံး​ကို သတိထားမိခဲ့တယ္ ။
” မေသခ်င္ရင္ ခ်ဳံေတြထဲ…..ပုန္းေနၾက….. ငါကိုယ္ေတာ္မွာ လာကယ္ဖို႔ အခ်ိန္မရွိဘူး ”
” ေျမးေလး လာ လာ ပုန္းရေအာင္ အဲ့ဒါေတြက အႏၲရာယ္ရွိႏိုင္တယ္ ”
” ဟုတ္လား အဖိုး ဆရာေျပာလိုက္တာလား ဒီခ်ဳံေလး ေကာင္းမယ္ထင္တယ္ ”
ေအာင္ညိဳတို႔ခ်ဳံထဲဝင္လိုက္တာနဲ႔ သူတို႔လိုပဲပုန္းေနတဲ့ ဘဝတူနာမ္ေလာကသားတစ္ခ်ိဳ႕ကိုျမင္လိုက္ရတယ္ ။
” ဟာ အမ်ားႀကီးပါပဲလား သင္တို႔က ဘယ္သူေတြလဲ ”
” က်ေနာ္တို႔ကလည္း သင္တို႔လို ဝိညာဥ္လႊင့္ႏိုင္သူေတြပါ ဒါကိုအိမ္မက္ကမာၻလို႔လည္း ေခၚပါတယ္ အခုပုန္းေနတာက အေမွာင္ေလာကသခင္ရဲ႕ ေက်းကြၽန္အဖမ္းခံထိမွာစိုးလို႔ပါ ”
” သူတို႔ဖမ္းခံထိရင္ ဘာျဖစ္ႏိုင္လဲဗ် ”
” ေရွ႕ကအေတြ႕အႀကဳံရွိၿပီးသားလူေတြ​ေျပာခဲ့တာေတာ့ က်န္ခဲ့တဲ့ သင္တို႔ခႏၶာကိုက ေသရင္ေသ မေသရင္ ေျမာသလိုျဖစ္သြားလိမ့္မယ္တဲ့ ”
” ဟာ ဟုတ္လား ဒီေနရာမွာ အဲ့ဒီလိုရွိတာလား ”
” အား ကယ္ၾကပါ ကယ္ၾကပါ ”
သူတို႔စကားေျပာေနတုန္းမွာပဲ ဝိညာဥ္တစ္ခ်ိဳ႕ရဲ႕ေအာ္ဟစ္သံေတြထြက္လာတာမလို႔ ဦးေအာင္ေမာင္းလည္း ပုန္းေနရာကေန မသိမသာလွမ္းၾကည့္လိုက္ေတာ့ ေစာေစာကေတြ႕ခဲ့တဲ့ မီးလုံးေတြက ေငြမွ်င္ေရာင္ႀကိဳးနဲ႔ဝိညာဥ္ေတြကို လိုက္လံဖမ္းဆီးေနတာ ျမင္လိုက္ရပါတယ္ ။
” ဟာ ”
ျမင္လိုက္ရတဲ့ျမင္ကြင္း​က ဦးေအာင္ေမာင္းနဲ႔ေအာင္ညိဳကို ပါးစပ္ျပန္မစိႏိုင္ေအာင္ အံ့ၾသသြားေစခဲ့ပါတယ္ ။ အေၾကာင္းကေတာ့ မီးလုံးေတြရဲ႕ဖမ္းခံထိတဲ့ဝိညာဥ္တစ္ခ်ိဳ႕က ေငြမွ်င္ေရာင္ႀကိဳးျပတ္သူကျပတ္ ၊ အညိဳေရာင္ေျပာင္းသူကေျပာင္း ျဖစ္ကုန္ၾကလို႔ပါ ။
” ေတြ႕လား အဲ့ဒီမွာ အညိဳေရာင္ေျပာင္းသြားတဲ့ဟာေတြက ေျမာကုန္တာ ျပတ္ၿပီးမည္းသြားတဲ့ဟာေတြက ေသကုန္တာ ”
” ဒါမတရားမႈပဲ ညတိုင္း ဒီလိုေတြလုလုပ္ေနမွေတာ့ ျမန္မာျပည္ကလူေတြ အကုန္ကုန္ကုန္ေတာ့မွာေပါ့ ”
” ဟာ ေဟ့လူ တိုးတိုးေျပာစမ္းပါဗ် သူတို႔ၾကားကုန္မွျဖင့္ ဒီမွာ ခင္ဗ်ားနားလည္ေအာင္ေျပာျပမယ္ အခုအဖမ္းခံထိတာ ျမန္မာျပည္ကလူေတြခ်ည္းမဟုတ္ဘူး ကမာၻအရပ္ရပ္က လူသားဝိညာဥ္ေတြလည္း ပါတယ္ဗ် ”
” ေၾသာ္ အဲ့ဒီလိုလား မသိပါဘူးဗ်ာ က်ဳပ္ကေတာ့ အဖမ္းခံထိရင္ အလကားေတာ့ မခံဘူး စြမ္းႏိုင္သေလာက္ေတာ့ ျပန္တိုက္ခိုက္မွာပဲ ”
” မမိုက္ခ်င္စမ္းပါနဲ႔ ကိုယ့္လူရယ္ ဒီေလာကရဲ႕အရွင္သခင္ကို အာခံရဲတဲ့လူဆိုတာ မရွိသေလာက္ရွားတယ္ ရွိလည္း သူစည္းကိုယ္စည္းဆိုတာေတြကို ထိန္းၿပီး ဝင္မပါတတ္ၾကဘူး ဒါေပမယ့္ က်ဳပ္ၾကားဖူးတာ တစ္ခုေတာ့ ရွိတယ္ အဲ့ဒီလူကေတာ့ ကယ္ႏိုင္တယ္တဲ့ ”
သူစိမ္းဝိညာဥ္ေနာက္ဆုံးေျပာလိုက္တဲ့စကားေၾကာင့္ ဦးေအာင္ေမာင္းနဲ႔ ေအာင္ညိဳတို႔မ်က္နာက သိခ်င္စိတ္ေၾကာင့္ လတ္ခနဲ ျဖစ္သြားခဲ့တယ္ ။
” သူက ဘယ္သူလဲ မိတ္ေဆြ ခင္ဗ်ားသိရင္ေျပာျပပါလား ”
” ဟုတ္တယ္ အစ္ကို ေျပာျပပါေနာ္ ”
ေအာင္ညိဳတို႔ဘယ္ေလာက္ပဲေမးေမး သူစိမ္းဝိညာဥ္က ဘာစကားမွျပန္မေျပာေတာ့ပဲ မ်က္လုံးကိုစုံမွိတ္ၿပီး ေလထုထဲ​ေမ်ာပါသြားတာမလို႔ သူတို႔လည္း ဘာမွမတက္ႏိုင္ၾကေတာ့ ။
” ဟာ ပါသြားျပန္ၿပီ သြားပါၿပီကြာ ”
” ေနာင္ႀကီး ဘယ္သူပါသြားတာလဲ ”
” ေစာေစာက ခင္ဗ်ားတို႔နဲ႔ စကားေျပာေနတဲ့လူေလ လူယဥ္ေက်းေလးပါဗ်ာ သူ႔ဝမ္းေတာင္သူမသထာပဲ မိဘညီအစ္ကိုေမာင္ႏွမေတြကို လုပ္ေကြၽးေနရွာတာ အခုလဲ အာဟာရျပတ္ၿပီး အိပ္ရာထဲလဲေနရာကေန ဒီေနရာကိုေရာက္လာတာပဲ ”
” သနားစရာေကာင္းလိုက္တာ ဖိုးဖိုးရယ္ ”
ေအာင္ညိဳက ေခါင္းေလးတစ္ခါခါလုပ္ၿပီး စိတ္မေကာင္းျဖစ္ေနတဲ့ဟန္နဲ႔ ေျပာေတာ့ ဦးေအာင္ေမာင္းက ခိုင္မာတဲ့ဆုံးျဖတ္ခ်က္တစ္ခုကိုခ်လိုက္ၿပီး
” တစ္ဆိတ္ေလာက္ ေနာင္ႀကီး အဲ့ဒီဖမ္းခံထိတဲ့ညီေလးက ဘယ္နယ္မွာေနတာလဲ သိရမလား ”
” သူဒီကိုလာလာေနတာ ေျခာက္လေလာက္ရွိၿပီဗ် ေမၿမိဳ႕ဘက္ကလို႔ ေမာင္သကၠ ေျပာဖူးတယ္ ”
” သူတို႔ဖမ္းနည္းေတြက အဆန္းပါလား ဦးေလးရဲ႕ လိုက္ဖမ္းလို႔ကုန္ေတာ့ ပုန္းေနတာေတြထြက္လာေအာင္ လုပ္တယ္ ကိုသကၠဆို က်ဳပ္တို႔ေျမးအဖိုးကို သတိထားဖို႔အၿမဲေျပာၿပီး သူက်ေတာ့ ဘာေၾကာင့္ပါသြားရတာလဲ သူလည္း က်ဳပ္တို႔နဲ႔အတူတူ ပုန္းေနတာပါပဲ အဲ့ဒါဘယ္လိုျဖစ္ရတာလဲဟင္ ”
” အဲ့ အဲ့ဒါေတာ့ ဦးေလးလဲမသိဘူး ငါ့တူရဲ႕ ”
ေအာင္ညိဳက နက္နဲဆန္းၾကယ္မႈေတြနဲ႔ျပည့္ေနတဲ့ အိပ္မက္အေမွာင္ကမာၻကို ဘယ္လိုမွနားမလည္ႏိုင္ေသးေတာ့ အေတြ႕အႀကဳံရွိတဲ့ဝိညာဥ္မွန္သမွ်ကို ေမးခြန္းေတြခ်ည္း လိုက္ေမးေနခဲ့တယ္ ။ သို႔ေပမယ့္ သူ႔အေမးကို ဘယ္သူမွမေျဖႏိုင္ၾကလို႔ စိတ္ညစ္ေနတုန္း ဆရာျဖစ္သူက သာမန္ဝိညာဥ္ပုံစံနဲ႔ သူတို႔အနားကို ျပန္ေရာက္လာခဲ့တယ္ ။
” ေဟာ ေျမးေတာင္ ျပန္လာၿပီ ဘာသြားလုပ္တာလဲ ေျမး ”
” လာ လာ ျပန္ၾကမယ္ အဖိုး ဒီေလာက္သိရေတာ္ေရာေပါ့ ”
သိန္းေခါင္က အဲ့လိုေျပာၿပီး ဦးေအာင္ေမာင္းတို႔ရဲ႕ေငြမွ်င္ေရာင္ႀကိဳးေတြကိုဆြဲသြားေတာ့ ႏွစ္ေယာက္သားလည္း ဒေရာေသာပါးပါသြားခဲ့တယ္ ။
အရွိန္တစ္ခုနဲ႔​သြားေနရင္း ေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ ေျပးလိုက္လာတဲ့ မီးလုံးတစ္ခ်ိဳ႕ကို ေအာင္ညိဳသတိထားမိတယ္ ။
” ေၾကာက္ေနၾကၿပီလား ဒါေတြက ကံနိမ့္ေနတာရယ္ သက္ဆိုင္ရာဘာသာေရးအားနည္းေနတာရယ္ စရဏမရွိလို႔ရယ္ က်န္းမာေရးခ်ိဳ႕ယြင္းလို႔ရယ္ေတြေၾကာင့္ ျဖစ္ရတာပါ ေနာက္ႀကဳံရင္ အိပ္မက္အလင္းကမာၻကိုပို႔ေပးဦးမယ္ ”
” ​ေၾသာ္ အခုမွပဲ သိသြားေတာ့တယ္ ေျမးရယ္ ဒါနဲ႔ ေျမးက ခါတိုင္းလို ဘာလို႔အေရာင္ေတြထြက္မေနတာလဲ သိလို႔ရမလား ”
” ေမာင္သကၠေျပာသြားတယ္မလား ေနရာတိုင္းမွာ သူ႔စည္းနဲ႔သူဆိုတာေလ က်ေနာ္သာ အဖိုးေျပာတဲ့ပုံစံနဲ႔သြားရင္ သူတို႔ကမာၻက အေမွာင္စည္းေတြပ်က္သြားလိမ့္မယ္ ပ်က္သြားရင္ မိစာၦေတြက ဒီေနရာကိုအပိုင္စီးၿပီး အခုျမင္ေနရတာထက္ပိုဆိုးတဲ့ အေျခေနေတြျဖစ္လာမွာ ”
” ဟာ ဆရာ ဒါဆို သူတို႔အဖမ္းခံထိတဲ့လူေတြကေရာ ျပန္မလြတ္ႏိုင္ေတာ့ဘူးလား သနားပါတယ္ ”
” ေၾသာ္ ဒါလား က်န္ရစ္သူေတြက သူတို႔ကို လိုလိုလားလား လက္ခံတမ္းတေသးရင္ ေနာက္တစ္ခုက သူတို႔အတြက္ရည္စူးတဲ့အလႉတစ္ခုခုလုပ္ေပးရင္ ကံေကာင္းၿပီး ျပန္သတိရႏိုင္ပါတယ္ကြ ကဲ့ကဲ့ မိုးလင္းခါနီးၿပီ ျပန္ဝင္ၿပီး အိပ္ၾကေတာ့ ”
” ေျမးက ဘယ္သြားမလို႔လဲ ”
” အဖိုးတို႔လိုက္လို႔မရတဲ့ေနရာတစ္ခုမွာ လုပ္စရာေလးရွိေသးလို႔ပါ သြားၾကေတာ့ ”
သိန္းေခါင္ရဲ႕ တြန္းလႊတ္မႈနဲ႔ ႏွစ္ေယာက္သားခႏၶာထဲျပန္ေရာက္ေတာ့ အတန္ၾကာၿငိမ္ေနတဲ့ခႏၶာကိုယ္က လက္မခံႏိုင္ေသးလို႔ နဖူးနဲ႔ၾကမ္းျပင္ မိတ္ဆက္ကုန္ၾကပါတယ္ ။
” ဒုန္း ” ဆိုတဲ့အသံၾကားလို႔ အအိပ္ဆတ္တဲ့ေဒၚေ႐ႊမိက မီးခြက္ေကာက္ထြန္းၿပီး သူတို႔အနား ျပာျပာသလဲေရာက္လာကာ
” ဘာျဖစ္တာလဲ ဘာျဖစ္တာလဲ ကိုေမာင္း ”
” တရားထိုင္ရင္း အိပ္ငိုက္တာပါ မေ႐ႊရဲ႕ ဘာမွမျဖစ္ပါဘူး ”
” ေၾသာ္ ကဲ့ အစ္ကိုတို႔ဆိုတာလည္း ဒီေလာက္ညဥ့္နက္ေအာင္ တရားထိုင္ၾကရသလား အိပ္ၾကပါေတာ့ ခဏေန လင္းၾကက္ေတာင္တြန္ေတာ့မယ့္ဟာ ”
” ေအးပါကြာ သြား သြား မေ႐ႊလည္း ျပန္အိပ္ေခ်ေတာ့ ”
အိပ္ေကာင္းေကာင္းနဲ႔အိပ္ေနရင္း ေျမးအဖိုးႏွစ္ေယာက္ မိုးလင္းသြားတာေတာင္မသိလိုက္ၾက ။ ေနျမင့္လို႔ ေစ်းေရာင္းျပန္လာတဲ့မၾကည္ျပာလာႏိုးမွာ ႏွစ္ေယာက္သားႏိုးလာၾကတယ္ ။ ႏိုးႏိုးခ်င္း သိန္းေခါင္ကိုရွာၾကည့္ေတာ့ အိမ္ေရွ႕စားပြဲမွာ အေဒၚႏွစ္ေယာက္နဲ႔အတူထိုင္ၿပီး မုံ႔စားေနတာကို ျမင္လိုက္ရတယ္ ။
ဒါကိုျမင္ေတာ့ ဦးေအာင္ေမာင္းက ႏႈတ္ခမ္းေမႊးေတြကားေအာင္ၿပဳံးလိုက္တာမို႔ ေအာင္ညိဳက ေခါင္းကုပ္ၿပီး
” ဘာေတြေတြးၿပီး ဘာေတြသေဘာက်ေနတာလဲ ဖိုးဖိုးရဲ႕ ”
” ဟိုမွာေလ ေျမးေလးဆရာ မုံ႔စားေနတာၾကည့္ၿပီး အဲ့ဒါ အစစ္မွဟုတ္ရဲ႕လားလို႔ ေတြးမိလို႔ပါ ”
” ဘယ္လိုႀကီးတုန္း ဖိုးဖိုးရဲ႕ အဲ့ဒါ ဆရာသိန္းေခါင္ပဲေလ ”
” ဟုတ္ပါၿပီ ထားပါေတာ့ လာ ေရတြင္းမွာ ေရသြားခ်ိဳးရေအာင္ ”
ကိစၥဝိစၥေတြလုပ္ၿပီးလို႔ ဦးေအာင္ေမာင္းအိမ္ေရွ႕ထြက္လာေတာ့ သိန္းေခါင္နဲ႔ ညိဳႀကီးက သူ႔ကိုတစ္ခ်က္လွမ္းၾကည့္ၿပီး ဟန္မပ်က္ စကားျပန္ေျပာေနတာ ျမင္လိုက္ရတယ္ ။ ေလသံခပ္တိုးတိုးနဲ႔ တိုင္ပင္ေနၾကတာမလို႔ သူလည္း မသိေက်းကြၽန္ျပဳၿပီး အသင့္ငွဲ႔ထားတဲ့ ေရေႏြးၾကမ္းတစ္ခြက္ကို အသာအယာေမာ့ေသာက္လိုက္တယ္ ။
” အဖိုးက ဘာလုပ္ေနတာလဲ အထုပ္အပိုးေတြျပင္ေလ ဘာလဲမလိုက္ခ်င္လို႔လား ”
” အဟြပ္ အဟြပ္ အဟြပ္ ဟမ္ ေျမး ေျမးက ျပန္လာၿပီလား ေအး ေအး အခုပဲ သြားျပင္လိုက္မယ္ ဟီး ဟီး ”
ဦးေအာင္ေမာင္းေျပာသြားတာေတြကိုနားမလည္တဲ့ညိဳႀကီးက တူျဖစ္သူသိန္းေခါင္ကို လက္တို႔လိုက္ေတာ့ သိန္းေခါင္က သူမသိေၾကာင္း မ်က္ခုံးပင့္ေခါင္းခါျပလိုက္တယ္ ။ ေယာကၡမႀကီးေက်းဇူးကို သူ႔ေနရာမွာအစားဝင္ၿပီး ဆပ္ရမယ္ဆိုေတာ့ ညိဳႀကီးစိတ္ထဲ ေပ်ာ္ေနမိတာေတာ့အမွန္ပါ ။
(၂)
အထုပ္အပိုးကိုယ္စီသယ္ၿပီးေတာင္ကုန္းေတာင္ဆင္းေတြကို ဆင္းလိုက္တက္လိုက္ခရီးသြားေနတဲ့ နဲ႔ လူသုံးေယာက္ကိုျမင္ေတာ့ ယာခင္းစိုက္ေတာင္သူတစ္ခ်ိဳ႕က လက္ျပႏႈတ္ဆက္ေနၾကတယ္ ။ ဆယ္ခိုင္သူႀကီးကို တကယ္ခ်စ္၍ပဲလား လြန္ခဲ့တဲ့တစ္ပတ္ကမွ ေထာက္ပံ့ေၾကးေပးထားလို႔လား မသဲကြဲတာမလို႔ ေအာင္ညိဳက မသိမသာၿပဳံးလိုက္မိတယ္ ။
ေနာက္ဆုံးကလိုက္ရင္း ၿပဳံးေနတဲ့သူ႔ကို ေရွ႕ဆုံးကသြားေနတဲ့ သိန္းေခါင္ကလွည့္ေတာင္မၾကည့္ပဲ ” အဟမ္း ” ဆိုၿပီး သတိေပးလိုက္ေတာ့မွ အရာရာကိုသိျမင္ႏိုင္တဲ့ဆရာျဖစ္သူကို ေအာင္ညိဳ ပိုေလးစားသြားခဲ့တယ္ ။
” အဖိုး က်ေနာ္တို႔ မႏၲေလးကို အရင္သြားမွျဖစ္မယ္ ဘာလို႔လဲဆိုေတာ့ ေမၿမိဳ႕ကို တိုက္႐ိုက္ေရာက္တဲ့ ယာဥ္မရွိေသးဘူး ”
” သြားေပါ့ ​ေျမးရဲ႕ အဖိုးလဲ မေရာက္တာၾကာေတာ့ ျမနန္းစံေက်ာ္ေ႐ႊနန္းေတာ္ႀကီးေရာ ဘာေတြေျပာင္းလဲသြားလဲ ျမင္ခ်င္လွတယ္ကြယ့္ ”
” အဖိုးတကယ္မသိလိုက္တာျဖစ္မွာပါ ေအးေပါ့ ေတာႀကိဳအုံၾကားကို သတင္းက ဘယ္ေရာက္မွာလဲ ”
” ဘာ ဘာျဖစ္လို႔လဲ ေျမး အဖိုးကိုေျပာျပပါဦး ”
” ဘယ္သူရႈိ႕လိုက္တယ္မသိပါဘူး နန္းေတာ္အစစ္က မီးခသြားလို႔ က်ဳံးေရေတြနဲ႔ မနည္းဝိုင္းၿငိမ္းလိုက္ရတယ္ ပ်က္စီးသြားတဲ့ေနရာေတြကိုလည္း ပညာရွင္တစ္ခ်ိဳ႕က ျပန္ေဆာက္ေနၾကေလရဲ႕ ”
” ဟာကြာ …ျဖစ္မွျဖစ္ရေလ ”
နန္းေတာ္ထဲၾကာၾကာမေနလိုက္ရေပမယ့္ ကင္းဝန္မင္းႀကီးရဲ႕အသက္အငယ္ဆုံးအပါးေတာ္ေ႐ႊဓါးဗိုလ္ေအာင္ေမာင္းက သိန္းေခါင္စကားကိုၾကားၿပီး စိတ္မေကာင္းျဖစ္သြားပုံရပါတယ္ ။
” သခၤါရသေဘာေတြလို႔ပဲ သေဘာထားေပါ့ အဖိုးရယ္ ​လာပါ အဖိုးနဲ႔ ေအာက္ညိဳကိုသနားလို႔ ဘာယာဥ္မွမစီးရေအာင္ ကူညီေပးပါ့မယ္ ေရွ႕က ေတာင္ပူစာေလးဆီ လိုက္လာခဲ့ၾက ”
ေျပာၿပီးေတာင္ပူစာေပၚ ခပ္ျမန္ျမန္ေျပးတက္သြားတဲ့ သိန္းေခါင္ကိုေမာ့ၾကည့္ၿပီး ဆူးေတာထဲလမ္းေလွ်ာက္ရလြန္းလို႔ ေျခေထာက္ေတြနာေနတဲ့ ဦးေအာင္ေမာင္းတို႔ႏွစ္ေယာက္လည္း အခ်င္းခ်င္းျပန္ၾကည့္ရင္း အားရပါးရရယ္ေမာမိလိုက္ၾကတယ္ ။
သူမ်ားလို သိဒၶိဆယ္ပါးနဲ႔ျပည့္စုံေနသူမဟုတ္တဲ့ သူတို႔လိုသာမန္လူေတြက ထိက႐ုံးဆူးပင္ေတြအျပည့္ေပါက္ေနတဲ့ေတာင္ကုန္းေပၚကို ေျပးတက္ဖို႔မဆိုထားနဲ႔ ႐ိုး႐ိုးတက္ဖို႔ေတာင္ မနည္းႀကိဳးစားရဦးမွာမဟုတ္လား ။
​ ႀကိဳးစားပမ္းစားတက္ၿပီး ေတာင္ပူစာေလးေပၚကိုေရာက္လာေတာ့ သိန္းေခါင္ကို အသီးအပြင့္ေတြေဝေနတဲ့ အင္ၾကင္းပင္တစ္ပင္ေအာက္မွာ တရားထိုင္ေနတာ ျမင္လိုက္ရတယ္ ။ ဦးေအာင္ေမာင္းတို႔လည္း သူ႔အနားကိုသြားၿပီး တရားျဖဳတ္မယ့္အခ်ိန္ကို ထိုင္ေစာင့္ေနတဲ့အခ်ိန္ သိန္းေခါင္က လႈပ္ရွားလာၿပီး စကားစေျပာခဲ့တယ္ ။
” မလိုအပ္တာ တစ္ခုခုထားခဲ့ဦးမလား ေအာင္ညိဳ ထားခဲ့ခ်င္ရင္ ရတယ္ေနာ္ သယ္ႏိုင္တယ္ဆိုလည္း သယ္သြားေပါ့ ”
အဖိုးျဖစ္သူရဲ႕အထုပ္အျပင္ တိုင္းရင္းေဆးဝါးေတြပါတဲ့အထုပ္ကိုပါသယ္ထားရတဲ့ ေအာင္ညိဳအျဖစ္ကိုၾကည့္ၿပီး သိန္းေခါင္ကေမးလိုက္ေပမယ့္
” ပထမတစ္ေခါက္တုန္းက ခရီးမသြားဖူးလို႔ အထုပ္ေတြအမ်ားႀကီးယူခဲ့မိတယ္ အခုေတာ့ ဆရာ့တပည့္ လည္သြားပါၿပီ အဓိဌာန္ဝင္မယ့္ေယာဂီတစ္စုံရယ္ ၊ လူၾကားသူၾကားဝင္ဆံ့မယ့္ အဝတ္အစားႏွစ္စုံရယ္ ရွမ္းေဘာင္းဘီႏွစ္ထည္ရယ္ ဒါပဲယူလာတယ္ ဖိုးဖိုးဟာကိုေတာ့ ေဒၚေလးၾကည္ျပာထုပ္ေပးလိုက္တာပဲ ဘာမွမေလးပါဘူးဆရာရဲ႕ ”
” ကဲ့ပါ အဆင္ေျပတယ္ဆိုလဲ ၿပီးတာပါပဲ ထ ထ ဒီအင္ၾကင္းပင္ကို ဘုရားဂုဏ္ေတာ္ကိုးပါး႐ြတ္ၿပီး ကိုးပတ္ပတ္ၾကစို႔ ဒီေလာက္ေတာ့ လုပ္ႏိုင္ၾကတယ္မလား ”
” ရပါတယ္ေျမးရဲ႕ စၾကရေအာင္ ”
သုံးေယာက္သား အင္းၾကင္ပင္ကိုကိုးပတ္ျပည့္ပတ္ၿပီးတာနဲ႔ ပင္စည္က လူႀကီးတစ္ကိုယ္စာဟာလာတာမလို႔ သိန္းေခါင္ကစၿပီး ဝင္သြားခဲ့တယ္ ။ တစ္ဖက္ကိုျပန္ထြက္ေတာ့ ေအးစိမ့္ေနတဲ့ေလထုက သူတို႔ကိုဆီးႀကိဳေနၿပီး ထင္းရႉးပင္ေတြက ဟိုတစ္စု ဒီတစ္စုေပါက္ေနတာျမင္လိုက္ရတယ္ ။
” ေျမး ဒါက ဘယ္လိုျဖစ္ရတာလဲ အဖိုးတို႔ဆီမွာက် ပူၿပီး ဒီမွာ စိမ့္ေနပါလား ”
” ဒါက ေမၿမိဳ႕ရဲ႕အဝင္ေတာေလးေလ အဖိုးရဲ႕ ကေလာတို႔ ေတာင္ႀကီးတို႔ ေမၿမိဳ႕တို႔ဆိုတာ တစ္ဆယ့္ႏွစ္ရာသီေအးေအးေလးျဖစ္ေနတာ စေတာ္ဘယ္ရီ လိေမၼာ္ ပန္းသီး စတဲ့ အေအးႀကိဳက္အပင္ေတြလည္း ဒီေဒသေတြမွာ ျဖစ္ထြန္းၾကတယ္ ”
ေဒသရာသီေလးကလည္း ေအးသလို ေျမးျဖစ္သူကလည္း ေရွ႕ကေနသြားရင္း စိတ္ရွည္လက္ရွည္ရွင္းျပေနတာမို႔ ဦးေအာင္ေမာင္းတို႔လည္း ေနာက္ကေနလိုက္ရင္း ေခါင္းတစ္ညိမ့္ညိမ့္နားေထာင္ေနခဲ့တယ္ ။ လူေနအိမ္ေျခေတြနားေရာက္ေတာ့ သက္ဆိုင္ရာၿမိဳ႕အုပ္မင္းအိမ္ကို လိုက္ရွာၿပီး တစ္ခါက ရန္ကုန္ကေနရလာတဲ့ အေရးပိုင္မင္းလက္မွတ္ပါ ခရီးသြားေထာက္ခံစာကို ျပလိုက္တယ္ ။ ၿမိဳ႕အုပ္မင္းလည္း စာကိုဖတ္ၿပီးတာနဲ႔ တပည့္ေတြကိုလွမ္းေခၚၿပီး သိန္းေခါင္တို႔ကို ေနစရာေတြ စီစဥ္ေပးခဲ့တယ္ ။
” ေမာင္ရင္တို႔ ဦးေလးတို႔ကို ေမးမယ္ ေမးမယ္နဲ႔ ၿမိဳ႕အုပ္မင္းေရွ႕မွာမလို႔ မေမးရဲတာ ​ေမာင္ရင္တို႔ကို ဒီၿမိဳ႕မွာလည္း တစ္ခါမွမျမင္ဖူးဘူး ၿပီးေတာ့ ၿမိဳ႕အုပ္မင္းကလည္း ေဖာ္ေဖာ္ေ႐ြေ႐ြနဲ႔ အထူးဧည့္သည္လို ဆက္ဆံေနတာ ဘာလို႔လဲ ”
” ေၾသာ္ ဦးသန္းစိုးရယ္ က်ေနာ္တို႔က နယ္လွည့္ေဆးကုေနတဲ့တိုင္းရင္းေဆးဆရာေတြေလ တစ္ခါက အေရးပိုင္မင္းရဲ႕သားမွာ သူတို႔အေနာက္တိုင္းေဆးပညာနဲ႔ကုလို႔မရတဲ့ ေဝဒနာကိုကုေပးရာကေန သက္သာသြားလို႔ ေက်းဇူးတင္တဲ့အေနနဲ႔ ေထာက္ခံစာလုပ္ေပးလိုက္တာေၾကာင့္ပါ ”
” ေၾသာ္ ဒီလိုလား မသိပါဘူး ဦးေလးက ၿမိဳ႕အုပ္မင္းလက္ေထာက္လုပ္လာတာၾကာလွၿပီ သူမေခၚရင္ အခုထိေတာင္ သူ႔႐ုံးခန္းထဲမသြားရဲဘူးကြယ့္ ”
” ဟား ဟား ဟား ”
ေမၿမိဳ႕ၿမိဳ႕အုပ္မင္းရဲ႕လက္ေထာက္ဦးသန္းစိုးအ႐ႊန္းေဖာက္မႈေၾကာင့္ ေလးေယာက္သား အေတြးေပါက္ၿပီး ရယ္ေမာလိုက္ၾကတယ္ ။ အဲ့ဒီအခ်ိန္ ေအာင္ညိဳက တစ္စုံတစ္ခုကို သတိရသြားတဲ့ဟန္နဲ႔ ရယ္ေနတာရပ္လိုက္ၿပီး
” ဦးေလးသန္းစိုးက ဒီၿမိဳ႕မွာေနတာၾကာၿပီလားဗ် ”
” ေအး ၾကာၿပီလို႔ပဲေျပာရမွာေပါ့ ဦးေလးလူပ်ိဳေပါက္အ႐ြယ္ကတည္းက ေရာက္ေနတာ တစ္ေကာင္ႂကြက္သမားဆိုေတာ့ ဒီမွာပဲ အိမ္ေထာင္ျပဳလိုက္တယ္ဆိုပါေတာ့ကြာ ”
” ဒါျဖင့္ ဒီၿမိဳ႕ရဲ႕ ဆင္ေျခဖုံးရပ္ကြက္တစ္ခုမွာ ကိုသကၠဆိုတဲ့အမည္နဲ႔ မိဘကိုလုပ္ေကြၽးရင္း အိပ္ရာထဲလဲေနတဲ့လူမမာကို ၾကားဖူးလားဟင္ ”
” ဟမ္ သားက သကၠကိုဘယ္လိုသိတာလဲ ဟုတ္တယ္ ေကာင္ေလးက ဦးေလးအမ်ိဳးသမီးေနတဲ့ ရပ္ကြက္မွာေနတာ အရမ္းလည္း သိတတ္လိမၼာတယ္ကြ ”
ၿမိဳ႕ခံလူႀကီးက သကၠအေၾကာင္း အတိုခ်ဳုံးေျပာျပေတာ့ သိန္းေခါင္လည္း ေအာင္ညိဳကိုတစ္ခ်က္ၾကည့္ၿပီး ဆက္မ​ေမးဖို႔အခ်က္ျပလိုက္တယ္ ။ ၿပီးေတာ့ သူကပဲ
” ဟုတ္လား ဦးေလး က်ေနာ္တို႔မွာ တစ္ျခားလူနာေတြလည္းရွိေသးတာဆိုေတာ့ ေနာက္ေန႔က်မွသြားၾကည့္ေပးေတာ့မယ္ဗ်ာ ”
” ကုလို႔တတ္ရင္ျဖင့္ ကုေပးလိုက္ၾကပါ ငါ့တူတို႔ရယ္ သကၠဘဝကေလ အေဖက ေျခမသန္ အေမက အိုႀကီးအိုမ က်န္တဲ့ေမြးခ်င္းေတြကလည္း အိမ္ေထာင္ကိုယ္စီေတြနဲ႔ မိဘေတြကို ဆယ္ခါတစ္ခါေလာက္ပဲ မစို႔မပို႔ေလး ျပန္ၾကည့္တာဆိုေတာ့ သူပဲ အနစ္နာခံေနရရွာတာ အခုလို အိပ္ရာထဲ ဘိုင္းကနဲလဲေတာ့ စဥ္းစားသာၾကည့္ေပေတာ့ ”
” ဟုတ္ကဲ့ပါ ဦးေလး သဘက္ခါညက်ရင္ နကၡတ္တာရာေတြစုံခ်ိန္ဆိုေတာ့ ေဆးေတြက ပိုစြမ္းမွာ အဲ့ဒီေတာ့မွ အေျခအေနသြားၾကည့္ၾကတာေပါ့ ”
” ေအးပါကြယ္ ခဏေန ညေနစာလာပို႔ေပးမယ္ေနာ္ အျပင္မွာ သြားမဝယ္စားၾကနဲ႔ ဘာအသားမစားဘူးလဲ ေျပာျပလို႔ရလား ”
” စိတ္ေတာ့မရွိပါနဲ႔ ဦးေလး အမဲသားကလြဲရင္ ၾကက္ျဖစ္ျဖစ္ဝက္ျဖစ္ျဖစ္ ပံ့သကူသားဆို အာဟာရအတြက္စားပါတယ္ ”
” ရပါတယ္ ရပါတယ္ ငါ့တူက စကားေျပာလည္း တယ္ေကာင္းသကိုး သြားၿပီေဟ့ ”
ၿမိဳ႕ခံဦးေလးႀကီးထြက္သြားေတာ့ ေအာင္ညိဳက မဝံ့မရဲေလသံနဲ႔
” က်ဳပ္ က်ဳပ္ေတာင္းပန္ပါတယ္ ဆရာ ဖေအထက္သားတစ္လႀကီးမိလို႔ပါ ခြင့္လႊတ္ေပးပါေနာ္ ”
” ေမးလိုက္တဲ့လူက ေကာင္းေကာင္းေျဖသြားလို႔ သက္သာတယ္မွတ္ မဟုတ္ရင္ ေမာင္မင္းေတာ့ တစ္ညလုံးမအိပ္ရပဲ မႏၲာန္ေတြခ်ေရးရမယ္ သြား ဒီေဒသက ညေနေရာက္ရင္ ေအးလာမွာ အဖိုးကိုေခၚၿပီး ေရမိုးခ်ိဳးၾက ”
” ဟုတ္ကဲ့ ”
ညေနေရာက္ေတာ့ သိန္းေခါင္ေျပာထားသလို ေလ​တိုက္တာကအစ အေအးဓာတ္ပါေနတာမို႔ ေလျဖန္းဖူးတဲ့ ဦးေအာင္ေမာင္းလည္း ႐ုတ္ခ်ည္းအေႏြးထည္ထဝတ္လိုက္ရတယ္ ။ ညဘက္သုံးေယာက္သားဘုရားရွိခိုးပုတီးစိပ္ၿပီးတာနဲ႔ သိန္းေခါင္က
” မနက္ေလးနာရီထရမွာဆိုေတာ့ အေညာင္းအညာေျပေအာင္ လမ္းေလွ်ာက္ၿပီးရင္ အိပ္ၾကမယ္ေနာ္အဖိုး ေအာင္ညိဳ ညေနကရွာခိုင္းထားတဲ့ ဘူးသီးေျခာက္ခြံမွာ ဓာတ္ႀကီးေလးပါးမႏၲာန္အုပ္ၿပီးၿပီလား ”
” အုပ္ၿပီးၿပီဆရာ အလုပ္ျဖစ္တယ္ထင္တယ္ ဘူးသီးေျခာက္ခြံက နည္းနည္းစိမ္းလာသလိုပဲ မနက္က်ရင္ တစ္ႀကိမ္ထပ္အုပ္လိုက္မယ္ ရတယ္မလားဟင္ ”
” ေအး ရၿပီ အိပ္ၾကေတာ့ ေၾသာင္းတစ္ရာ့ရွစ္ကြက္ဂါထာလည္း ႐ြတ္ဖို႔မေမ့နဲ႔ သတိဆိုတာ ပိုတယ္မရွိဘူး ”
ကိုသကၠကိုကယ္ဖို႔ စိတ္ေစာေနလို႔လားမသိ ေအာင္ညိဳေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္ႏိုင္ေသး ။ သန္းေခါင္ယံအခ်ိန္ေရာက္ေတာ့ အိပ္ခန္းတစ္ခုလုံးလင္းထိန္လာတာမလို႔ ေအာင္ညိဳလည္း မိုးလင္းၿပီအထင္နဲ႔ ထထိုင္လိုက္တယ္ ။ ေသခ်ာၾကည့္ေတာ့မွတစ္ဖက္ကိုေစာင္းၿပီးအိပ္ေနတဲ့ဆရာျဖစ္သူရဲ႕ရင္ၫြန္႔ကေန အလင္းေရာင္ေတြထြက္ေနမွန္းသိလိုက္ရတယ္ ။ ဒါမ်ိဳးတစ္ခါမွမျမင္ဖူးတဲ့သူ႔အတြက္အထူးအဆန္းျဖစ္ေနတာမလို႔ ေဘးမွာ အိပ္ေပ်ာ္ေနတဲ့ ဦးေအာင္ေမာင္းကို အသာလႈပ္ႏႈိးကာ
” ဖိုးဖိုး ဆရာ့ကိုယ္က လင္းေနတယ္ ေတြ႕လား ”
” ေအး ေတြ႕တယ္ ေျမးေလး သူမရွိဘူးထင္တယ္ သြား ပါရမီျဖည့္တဲ့အေနနဲ႔ ခါတိုင္း႐ြတ္ေနက် ခႏၶာစည္းခ်မႏၲာန္လား ဘာလား တစ္ေခါက္ေလာက္ သြား႐ြတ္ေပးလိုက္ ၿပီးရင္ ျပန္အိပ္ေတာ့ ”
စည္းခ်မႏၲာန္႐ြတ္ၿပီးေတာ့ ထူးထူးဆန္းဆန္းဆိုသလို ေအာင္ညိဳရဲ႕မ်က္ခြံေတြကေလးလံလာၿပီး ဆရာျဖစ္သူအနားမွာပဲ ေခြေခြေလး အိပ္ေပ်ာ္သြားခဲ့တယ္ ။
” တုံ တုံ တုံ တုံ ”
မနက္ေလးနာရီ တုံးေမာင္းေခါက္သံထြက္လာေတာ့ သုံးေယာက္သားလည္း အိပ္ရာက ကပ်ာကယာထၿပီး အုတ္ေရကန္က ေအးစက္စက္ေရတစ္ခ်ိဳ႕နဲ႔ မ်က္နာသစ္လိုက္ၾကတယ္ ။ အဲ့ဒီေနာက္ ညကက်န္တဲ့ အစားအစာတစ္ခ်ိဳ႕ကို တစ္ေယာက္နည္းနည္းစီစားကာ လူရိပ္လူေျခၾကည့္လိုက္တယ္ ။
မနက္ေစာေစာသာေနတဲ့ လျခမ္းအလင္းေရာင္ေလးကိုအားျပဳၿပီး လမ္းမေပၚထြက္လာရင္း သိန္းေခါင္က တစ္ေနရာကို လက္ညႇိဳးထိုးျပတာမို႔ က်န္တဲ့ႏွစ္ေယာက္ကလည္း ေနာက္ကလိုက္ပါသြားခဲ့တယ္ ။ သိန္းေခါင္ၫြန္ျပတဲ့ေနရာေရာက္ေတာ့ လူသူမရွိတဲ့တဲအိမ္ေလးတစ္ခုကိုျမင္လိုက္ရတယ္။ တဲထဲဝင္ၿပီး ပစၥည္းေတြေနရာခ်လို႔ၿပီးေတာ့ ခပ္လွမ္းလွမ္းမွျမင္ေနရတဲ့ ေစတီေတာ္တစ္ဆူကို သုံးေယာက္သား အာ႐ုံျပဳလိုက္ၾကတယ္ ။
” အဖိုး က်ေနာ္သြားၿပီး ခဏေနရင္ မီးေတာက္ေနတဲ့ ေဒါင္းငွက္အေတာင္ေလးက်လာလိမ့္မယ္ အဲ့ဒီအခါက်ရင္ ဘူးသီးေျခာက္ေလးဟေပးလိုက္ ေအာင္ညိဳလည္း ေျပာထားတာမေမ့နဲ႔ ”
” မေမ့ပါဘူးဆရာ ”
မလႈပ္မယွက္ၿငိမ္ၿပီး ဘုန္းႀကီးထိုင္ထိုင္ေနတဲ့ဆရာျဖစ္သူကိုတစ္လွည့္ ေကာင္းကင္ကိုတစ္လွည့္ၾကည့္ရင္း ေအာင္ညိဳတစ္ေယာက္ ဘာရယ္မသိ စိတ္ေတြလႈပ္ရွားေနခဲ့တယ္ ။ သို႔ေပမယ့္ ဘုရားႀကီးကိုမၾကာမၾကာလွမ္းဖူးရင္း ဂုဏ္ေတာ္ေတြပြားေနတာမို႔ သတိေတာ့လြတ္မသြားခဲ့ ။
” ေျမးေလး ဟိုမွာ ဟိုမွာ က်လာၿပီ ”
ဦးေအာင္ေမာင္းလက္ညႇိဳးထိုးျပတဲ့ေနရာကို ေအာင္ညိဳၾကည့္လိုက္ေတာ့ ေကာင္းကင္ထန္းတစ္ျဖားအျမင့္ကေနတစ္ျဖည္းျဖည္းလႊင့္ေမ်ာက်လာတဲ့ မီးေတာက္ေလးတစ္ခုကို ျမင္လိုက္ရတယ္။ ေအာင္ညိဳလည္း ခ်က္ခ်င္းဆိုသလို ကိုသကၠမ်က္နာကိုျမင္ေယာင္ၿပီး မီးေတာက္ေလးကို ေမတၱာပို႔ေပးလိုက္ေတာ့ မီးေတာက္ေလးက ဘူးသီးေျခာက္ေရဘူးထဲကို တည့္တည့္က်လာခဲ့တယ္ ။
အေရွ႕အရပ္ကေန ေရာင္ျခည္တစ္ေထာင္အလင္းေဆာင္ၿပီးထြန္းလင္းလာတဲ့ေနမင္းထြက္လာေတာ့ ဘုရားေပၚမွာ ဆြမ္းေရခ်မ္းပန္းလာကပ္သူေတြက စည္ကားသိုက္ၿမိဳက္ေနခဲ့တယ္ ။ အဲ့ဒီအခ်ိန္သိန္းေခါင္က လႈပ္ရွားလာၿပီး
” အဖိုး ေအာင္ညိဳ ၿမိဳ႕ေစာင့္နတ္ေျပာတာ ဒီေန႔ ေန႔လည္ သကၠကို ေျမခ်ေတာ့မယ္တဲ့ ”
” ဟာ မျဖစ္ဘူးေလ ေျမးရဲ႕ သူ႔ဝိညာဥ္က ဒီထဲမွာပဲဟာ ဘယ္လိုလုပ္ၾကမလဲ ”
” အျမန္ေရာက္ေအာင္ သြားဖို႔ကလြဲလို႔ တစ္ျခားနည္းလမ္းမရွိဘူး ဆင္ေျခဖုံးရပ္ကြက္ေတြက အမ်ားသားမဟုတ္လား ”
” ေျမးက ေမာင္သကၠအိမ္ရွိတဲ့ေနရာကို မျမင္ႏိုင္ဘူးလား ”
” ျမင္ႏိုင္တယ္ က်ေနာ္လိုက္လို႔မရဘူး အဖိုး ဘာေၾကာင့္လဲ ရွင္းျပဖို႔ အခ်ိန္မရွိလို႔ ဒီတစ္ခါေတာ့ ကိုယ့္အားကိုယ္ကိုးၾကပါ ေတာင္ဘက္အရပ္ကိုသြား သူ႔ၿခံထဲမွာ သရက္ပင္သုံးပင္ရွိတယ္ အိမ္က ပ်ဥ္ကာထားတယ္ က်ေနာ္ဘုရားေပၚမွာပဲေစာင့္ေနမယ္ ”
တုံးတိတိေျပာၿပီး လြယ္အိတ္ေလးလြယ္ကာ ဘုရားကုန္းေပၚတက္သြားတဲ့​ေျမးျဖစ္သူကိုၾကည့္ၿပီး ဦးေအာင္နားမလည္ႏိုင္ေတာ့ ။ သို႔ေပမယ့္ တစ္ဖက္ကလည္း အေရးေပၚျဖစ္ေနတာမလို႔ ေအာင္ညိဳကို လက္တို႔ၿပီး သိန္းေခါင္ေျပာတဲ့အရပ္ကို ထြက္လာလိုက္ၾကတယ္ ။ တစ္နာရီနီးပါး ဟိုလူ႔ေမး သည္လူ႔ေမးလုပ္ၿပီးရွာလိုက္ေတာ့ ကိုသကၠေနတဲ့ရပ္ကြက္ကို သူတို႔သိသြားခဲ့ၿပီ ။
” ဒီ ဒီမွာ ေနာင္ႀကီး ကိုသကၠတို႔အိမ္က ဘယ္နားမွာလဲ ”
” ေၾသာ္ ဧည့္သည္ေတြထင္တယ္ ေရွ႕တည့္တည့္သြားၿပီး ဘယ္ဘက္ခ်ိဳးရင္ သုံးအိမ္ေျမာက္က သကၠတို႔အိမ္ပဲ နာေရးလာၾကတာလား ”
” ဟုတ္ပါတယ္ ခြင့္ျပဳပါဦးေနာ္ ”
ကိုသကၠတို႔အိမ္ထဲဝင္လိုက္တာနဲ႔ ငိုသံေတြက မနက္ခင္းရဲ႕အလွနဲ႔မထိုက္တန္ေအာင္ ဆူညံေနခဲ့တယ္ ။ ေျမးအဖိုးႏွစ္ေယာက္လည္း ခပ္တည္တည္နဲ႔ အိမ္ထဲဝင္လိုက္ၿပီး အေခါင္းသြင္းဖို႔ ေကြၽးေမြးဖို႔အလုပ္ရႈပ္ေနတဲ့လူေတြကိုသတိနဲ႔ေရွာင္ကာ ကိုသကၠအေလာင္းနားကို အေရာက္သြားလိုက္ၾကတယ္ ။
” အေမႀကီး က်ဳပ္တို႔က တိုင္းရင္းေဆးဆရာေတြပါ ေနာက္ဆုံးအေနနဲ႔ ကိုသကၠကို ၾကည့္ေပးပါရေစ ”
” ေဆးထိုးဆရာေတာင္ လက္ေလွ်ာ့သြားပါၿပီ သားေလးရယ္ အေမႀကီးသား အလိမၼာတုံးက ႏွလုံးလဲမခုန္ေတာ့ဘူးတဲ့ အီး ဟီး ဟီး ”
” သတိထားပါဦး အေမႀကီးရယ္ သူေတာ္ေကာင္းနတ္ေကာင္းမမွာပါ ခဏလႊတ္ေပးပါ က်ဳပ္တို႔ ၾကည့္ပါရေစ ”
” ဟုတ္ပါတယ္ ငါ့ညီမရယ္ အစ္ကိုေျမးေလးက ေဆးပညာမွာ အရမ္းေတာ္တာပါ ၾကည့္ခိုင္းလိုက္ပါကြယ္ ”
” မေသာင္း ဖယ္လိုက္စမ္း ဧည့္သည္ေတြ ဒီေလာက္ေျပာေနတာ နင္က ဘာျဖစ္ေနတာလဲ ”
ကိုသကၠရဲ႕ဖခင္လို႔ယူဆရတဲ့သူက ေလသံမာမာနဲ႔ေျပာလိုက္ေတာ့ သားအေလာင္းကိုဖက္ထားတဲ့အေမႀကီးက ေအာင္ညိဳတို႔ကို မယုံသကၤာအၾကည့္နဲ႔ၾကည့္ရင္း ဖယ္ေပးရွာတယ္ ။ ေအာင္ညိဳလည္း အခြင့္အေရးရတာနဲ႔ လြယ္အိတ္ထဲဖြက္ယူလာတဲ့ ဘူးသီးေျခာက္ေလးကို အဖုံးဖြင့္လိုက္ၿပီး မႏၲာန္တစ္ပုဒ္ကိုခပ္တိုးတိုး႐ြတ္ဆိုလိုက္တယ္ ။ ၿပီးေတာ့ ကိုသကၠပါးစပ္ကိုၿဖဲၿပီး ေတ့လိုက္တယ္ဆိုရင္ပဲ လက္ဖက္ရည္ပန္းကန္တစ္ဝက္စာရွိတဲ့ အနီေရာင္အရည္တစ္ခ်ိဳ႕က ဘူးသီးေျခာက္ထဲကထြက္လာခဲ့တယ္ ။
” အင္း….. ”
” ဟာ ”
” ဟယ္ သား အေမ့သားႀကီး သတိရလာၿပီ ”
” ဦးေလးနဲ႔ ဒီကငါ့ညီကို က်ေနာ္တစ္ေနရာမွာ ျမင္ဖူးသလိုပဲ ”
” ေရစက္ပါတယ္လို႔သေဘာထားပါ ငါ့တူ တစ္ဦးေမတၱာတစ္ဦးေစတနာေပါ့ ငါ့တူလို သူေတာ္ေကာင္းကိုနတ္ေကာင္းမတာမဆန္းပါဘူး ငါ့တူကိုအဓိကကယ္ေပးတဲ့လူဟာ ငါ့တူေျပာဖူးတဲ့လူသားပါပဲ ဒါကို လွ်ိဳ႕ဝွက္ထားေပးပါ ”
” အေမ က်ေနာ္ ေရဆာတယ္ ”
” ေရရွိတယ္ သား ေရရွိတယ္ ျဖည္းျဖည္းေသာက္ သူတို႔က ထူးထူးဆန္းဆန္းေရာက္လာၿပီး သားကိုကုေပးလိုက္တာ အေမ့မွာလည္း ေဆးဖိုးေပးစရာ ဘာမွမရွိဘူး ”
” မလိုပါဘူး ငါ့ညီမရယ္ ေအာက္ကအေခါင္း႐ိုက္ေနတဲ့လူေတြကိုသာ တစ္ခုခုအစားထိုးၿပီး သၿဂႋဳလ္ခိုင္းလိုက္ပါ ေတာ္ၾကာ ငါ့ညီမသားကို မွားၿပီး လာသယ္ေနဦးမယ္ ”
ဦးေအာင္ေမာင္းရဲ႕အ႐ႊန္းေဖာက္စကားေၾကာင့္ တစ္ခ်ိန္လုံးငိုထားရလို႔မ်က္လုံးေတြမို႔ေမာက္ေနတဲ့ အေမႀကီးမ်က္နာေပၚမွာ အၿပဳံးရိပ္ေတြသန္းသြားခဲ့တယ္ ။ အေမႀကီးထသြားတာနဲ႔ ေအာင္ညိဳကသူ႔အိတ္ထဲကေန ေငြစကၠဴတစ္ထပ္ကို ကိုသကၠလက္ထဲထည့္ေပးၿပီး
” အစ္ကိုသကၠသုံးခ်င္တာသုံးဖို႔ ယူထားပါ ဘာေက်းဇူးမွျပန္ဆပ္စရာမလိုပါဘူး ”
” သူစိမ္းေတြအေပၚထားတဲ့ ညီေလးစိတ္ထားကို အစ္ကို အရမ္းေလးစားပါတယ္ကြာ အစ္ကို႔ဘဝမွာ ဦးေလးတို႔ညီေလးတို႔နဲ႔ဆုံရတာနဲ႔တင္ ေသေပ်ာ္ပါၿပီ အစ္ အစ္ ”
” ေၾသာ္ အခုပဲ ေသ႐ြာကျပန္လာတာကို ဘာလို႔ထပ္ေသမွာလဲ ငါ့တူရယ္ ကဲ့ကဲ့ ေအးေအးေဆးေဆးနားနားေနေနေနေနာ္ ဦးေလးတို႔လည္း သြားစရာရွိလို႔သြားဦးမယ္ ”
” အစ္ကိုသကၠ က်ဳပ္နဲ႔ထပ္ေတြ႕ခ်င္ရင္ ခင္ဗ်ားမိန္းမျမန္ျမန္ယူဗ် ၿပီးရင္ကေလးယူ ယူၿပီး အိမ္ေထာင္သက္ဆယ့္ရွစ္ႏွစ္ျပည့္ရင္ အစ္ကို႔သမီးကို က်ဳပ္လာေတာင္းမယ္ ”
” ဟား ဟား ဟား ေအးပါကြာ အစ္ကိုကေတာ့ အခုကတည္းက သေဘာတူတယ္ေဟ့ ”
ကိုသကၠတစ္ေယာက္ ထြက္သြားတဲ့ လူႏွစ္ေယာက္ကို အိပ္ရာထဲကေန လက္လွမ္းျပရင္း သူတို႔ေပးခဲ့တဲ့ေငြစကၠဴအထပ္ေလးကို ေခါင္းဦးေအာက္ထိုးထည့္လိုက္တယ္ ။
” သား သကၠ သူတို႔က ဘယ္သူေတြလဲ ”
” သားအသိေတြပါ အေဖ ​ေျမျပန္႔မွာေနၾကတာ အေဖေရာေျခေထာက္သက္သာလား ကိုက္ေသးလား ”
” သက္သာပါတယ္ ငါ့သားေနမေကာင္းတဲ့အခ်ိန္မွ အေဖ ပိုသက္သာလာတယ္ အားရွိေအာင္ အိပ္လိုက္ဦး အေဖေအာက္ဆင္းၿပီး ကာလသားေတြကို သြားကူဦးမယ္ ”
တစ္ႀကိမ္တစ္ခါမွ အျပင္မွာမဆုံဖူးပဲ အိပ္မက္ကမာၻမွာေတြ႕႐ုံမွ်ျဖင့္ ဤလူသားမ်ားက သူ႔ကိုအိမ္အထိလာကူညီသြားၾကတာဘာေၾကာင့္လဲ ကိုသကၠမစဥ္းစားတတ္ေတာ့ ။ တစ္ဖက္မွာလည္း ေဆးကုၿပီးျပန္လာတဲ့ ေျမးအဖိုးကို သိန္းေခါင္နဲ႔ ဦးသန္းစိုးက ဘုရားမုခ္ဝကေန အၿပဳံးေလးနဲ႔ ဆီႀကိဳေနၾကပါတယ္ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဆက္လက္ေဖာ္ျပပါဦးမည္
စာဖတ္သူမ်ား မလြတ္ေသာသတိရွိ ၍ မရွိဟူေသာစကားကို မၾကားရပါေစသား…
ေမာင္လူလွ~ကညင္ေျမ