Unicode Version
အကျဉ်းစံချစ်ဝိညာဉ်(စ/ဆုံး)
———————————-
ညသည် . ပကတိဆိတ်ငြိမ်နေ၏။ စိုးစဉ်းမျှ မည်သည့်အသံမျှမကြားရ။
ယုတ်စွအဆုံး
ညင်းသွဲ့သော လေနုအေး၏ အထိအတွေ့ကို အမှန် ခံစားနေရသည့်တိုင် လေ၏ကျီစယ်မှု သင်္ကေတ အဖြစ် သစ်ရွက်ကလေးများ၌ပင်လျှင် အလှုပ်အရှား အယမ်းအခါကို မမြင်ရ။ အသံမဲ့၊ အရိပ်မဲ့၊ ခံစား ရမှု အာရုံတစ်ခုတည်းသာလျှင် သက်ရောက်စေ လျက် ကျန်အရာအားလုံးသည် ချောက်ချားဖွယ် ကောင်းလောက်အောင် . ငြိမ်သက်တိတ်ဆိတ်နေ
ကြသည်။
ကသစ်က ရောက်ရှိရာ နေရာတွင်ပင် တုံ့ဆိုင်း
ဆိုင်း ရပ်လိုက်မိသည်။
သူမနှင့် မလှမ်းမကမ်းတွင် ဆေးရုံအဆောက်
အအုံမည်းမည်းကြီးကို လှမ်းမြင်နေရ၏။
စင်္ကြံမီးများ ထွန်းထားသည်မှအပ အအောက်အအုံတစ်ခုလုံးသည် သက်ရှိဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိသည့်နှယ် ထီးတည်းအေးစက် စွာဝပ်စင်းနေလေသည်။
ဟင် .. လူတွေ … ဘယ်ရောက်ကုန်ကြတာလဲ။ ဘာလို့ တစ်ယောက်မှ မမြင်ရတာလဲ။ ညနက်လို့ အိပ်ပျော်နေကြတာလား။
ကသစ်တအံ့တဩတွေးလိုက်မိ၏။ ပတ်ဝန်းကျင်၏ ထူးထူးကဲကဲ ငြိမ် သက်နေမှုက ကသစ်၏ စိတ်ကို ပို၍ချောက်ချားအောင် လှုံ့ဆော်နေ သယောင် ရှိတော့၏။
“ဟင်း..”
အသံထွက်အောင်ပင် ကသစ်အကြောက်သက်ပြင်းကြီးတစ်ချက်ချ လိုက်မိ၏။ သူမက လက်ထဲတွင် ကိုင်ထားသော ကတ်စက္ကူအိတ်ကလေး ကို အမှတ်မဲ့ကြည့်သည်။ အမျိုးသားဝတ် အဝတ်အစားများ ထည့်ထားရာ အိမ်အပေါ်ဆုံးတွင် ကွမ်းရိုးစင်းရှပ်အင်္ကျီအစိမ်းနုလေးက သေသပ်ပြန့်စန့် စွာအကျော့သားနေရာယူထားသည်။
ကသစ် ရုတ်ခြည်းမျက်ရည်ဝဲချင်လာ၏။
ဤအင်္ကျီလေးသည်ကိုကို့ကိုသူမစတင်တွေ့ဆုံချိန်ကကိုကိုဝတ်ဆင် ထားခဲ့သော ကိုကိုနှင့် သူမအတွက် တစ်သက်တာ အမှတ်တရဖြစ်စေခဲ့ သောအင်္ကျီလေးဖြစ်ပါသည်။ ခုတော့ ….။
ကသစ်က မျက်လုံးအိမ်မှ ရုတ်တရက်ပြိုဆင်းလာသော မျက်ရည် ကာတာကို ကျိုးပေါက်မသွားအောင် မျက်လုံးအစုံအား တင်းတင်းမှိတ်၍ ပိတ်ထားလိုက်ရသည်။ ခေါင်းကိုမော့ကာ တစ်ချက်ခါယမ်းလိုက်ရင်း စိတ် ကိုတင်းသည်။ နောက် … လူသူမှအစလှုပ်ရှားမှုကင်းမဲ့ကာ ထီးတည်းရှိနေ သော ဆေးရုံအအောက်အအုံဆီသို့ သူမ ခပ်သွက်သွက် ဆက်လျှောက် သွားလိုက်၏။ ဝန်းကျင်၏မတော်မတရားတိတ်ဆိတ်နေမှုကသူမကိုအလို
လိုပို၍သွေးလန့်နေစေသလိုရှိနေလေသည်။
သူမကကော်ရစ်ဒါ ထောင့်ချိုးကွေ့အထိ ကြောက်ကြောက်နှင့် မပြေး ရုံတစ်မည်လျှောက်သွားကာ ချိုးကွေ့လိုက်သည်။
“အား..ကဲ .. ကဲကွာ …..အား
“ချွင် … ခွမ်း …ဒေါက်… ချွင်… ဘုန်း.. ဝုန်း..
“ကဲ….ကဲ….အား…”
ပိတ်ထားသောအခန်းတံခါး၏အတွင်းဘက်ဆီမှအော်ဟစ်ညည်းညူ
သံများနှင့်အတူ အရာဝတ္ထုတို့ ပြိုလဲကျသံ၊ ကွဲရှသံ အသံပေါင်းစုံက ရုတ် တရက် စီခနဲထွက်ပေါ်လာ၏။
“ဟင်”
ကသစ်… အထိတ်တလန့်ရပ်လိုက်မိပြီးမှ တံခါးဆီ ပြေးသွားကာ အလျင်စလို ဆွဲဖွင့်လိုက်၏။
“အို… အမလေး”
အံ့အားတသင့် စိုးထိတ်စွာ ရေရွတ်လိုက်မိရင်း ကသစ်လက်ထဲမှ အဝတ်အိတ်ကို အသိမဲ့လွှတ်ချလိုက်မိသည်။ အသံကုန်ဟစ်အော်မိမလို ပြင်လိုက်မိသောသူမ၏နှုတ်ခမ်းများကိုလည်းလက်ဝါးနှစ်ဖက်ဖြင့်အုပ်ကာ မနိုင်ရင်ကာ ပိတ်ဆို့မိ၏။ မြင်နေရသောမြင်ကွင်းကို ပြူးကျယ်သော မျက် ဝန်းအစုံဖြင့် စိုးရွံ့တကြီး စိုက်ကြည့်နေမိလျက်လည်း ဖြစ်နေတော့သည်။ “ကို….ကိုကို..ကို….ဘုရား…ဘုရား.
ဆေးရုံကုတင်ထက်တွင် ရှုပ်ထွေးသော ပိုက်ပေါင်းမြောက်မြားစွာနှင့် ဆက်သွယ်၍လူသေနှင့်မခြားထာဝရငြိမ်သက်စွာရှိနေခဲ့သောကိုကို….။ ကိုကိုသည် ကုတင်ဘေးတွင် မားမားကြီး ရပ်နေ၏။
သူသည် သူ၏ ဦးခေါင်း၊ နှာခေါင်း၊ ပါးစပ်၊ လည်ပင်း … စသည်တို့တွင် တန်းလန်းချိတ်ဆက်ထားသော ပိုက်မျိုးစုံကို ဒေါသတကြီးဆွဲဖြုတ်ပစ်နေ သည်။ ကိုကို၏ ရင်ဘတ်၊ လက်ဖျံ၊ လက်မောင်းတစ်ဝိုက်တွင် ဆွဲခွာထား၍ ပြုတ်ကျနေသော ပိုက်ကြိုးအချို့က တို့လို့တန်းလန်း စင်းစင်းကျသည်တို့ ကျလျက်။ ချိတ်သည်တို့ ချိတ်လျက်။
ထိုပိုက်ကြိုးတို့၏ ချိတ်ဆက်ရာ ကုတင်ပတ်လည်ရှိ စက်မျိုးစုံသည် ခလုတ်မပိတ်ဘဲဖြစ်သလို ဆွဲခွာချလိုက်ခြင်းကြောင့် ကျိုးကျိုးကျည်ကျည်၊ တတီတီ တစီစီ အသံပေါင်းစုံမြည်ကာ ဆူဆူညံညံအသံထွက်နေကြလေ သည်။
ကသစ်အံ့အားသင့်စွာ ကြည့်နေရင်းပင် ကိုကို့ပေါ်တွင် တပ်ဆင်ထား သော ပိုက်များစွာသည် ကိုကိုက မည်သို့ပင် ဆွဲခွာနေပါသော်လည်း ခွဲစဉ် ခဏသာ ပြုတ်ထွက်လျက် ချက်ချင်းလိုလို ကိုယ်သို့ ပြန်ကပ်သွားနေ ကြ၏။
ကိုကိုက ဒေါသတကြီး ကမူးရှူးထိုး ဆွဲခွာလိုက်၊ ပိုက်များက သူ့အလို လို ပြန်တွယ်ကပ်လိုက်၊ ကိုကိုက ထပ်ဆွဲဖြုတ်လိုက်နှင့် ကိုကိုသည် ပိုက် ကြိုးများအလယ် ပရမ်းပတာ ချာချာလည်နေလေသည်။
“အား….ကို….ကိုကို….မလုပ်..ပါနဲ့”
ကသစ် ထိတ်ထိတ်ပျာပျာအော်လိုက်မိသည်ထင်၏။ ပိုက်ကြိုးများ တယမ်းယမ်းနှင့်ချာလပတ်ယမ်းနေသောကိုကိုသည်ဗြုန်းခနဲရပ်သွားကာ ကသစ်ဘက်သို့ လှည့်ကြည့်လာသည်။ ကိုကို့မျက်နှာသည် ဒေါသရောင် ဖြင့် ရဲတွတ်ကာ ချွေးသီးလုံးများ စီနေ၏။ ပိုက်များက ဆွဲခွာ၍ မရဘဲ သူ့ကို အသေပြန်ကပ်နေကြခြင်းကြောင့် ဒေါသတကြီးဖြစ်နေဟန်ကို ကသစ် အတိုင်းသားမြင်နေရသည်။
“ကို….ကို… … မလုပ်ပါနဲ့ ….ကိုရယ်” ကသစ်ယောင်ကန်းကန်းနှင့်ထပ်၍တီးတိုးပြောမိသည်။ကသစ်သည် သူမ၏ လက်နှစ်ဖက်ကို နှုတ်ခမ်းပေါ်တွင် အုပ်လျက်သား ကပ်ထားရင်း ကြောက်စိတ်ဖြင့် တစ်ကိုယ်လုံးတုန်ယင်လှုပ်ခါနေ၏။ ဒေါသဖြင့် နီမြန်းနေ သော ကိုကို၏ မျက်နှာသည် ကသစ်ကို လှည့်ကြည့်နေရာက သနားစဖွယ် တဖြည်းဖြည်းညှိုးကျသွား၏။
ဒေါမာန်ကြီးစွာ သူဆွဲခွာနေသော ပိုက်များကိုလည်း ဆက်မဖြုတ် တော့ဘဲ ကိုကို့လက်နှစ်ဖက်က ဘေးသို့ အင်အားမဲ့စွာ တန်းလန်းကျသွား ခဲ့သည်။ ကိုကို့မျက်ဝန်းများသည် မျက်ရည်များအိုင်ထွန်းရစ်ဝဲလာလျက် မျက်နှာသွင်ပြင်မှာလည်း မြင်ရသူရင်နင့်စဖွယ် နွမ်းနယ်ညှိုးလျလာနေ လေသည်။ ကိုကိုသည် ကသစ်နှင့် မျက်နှာချင်းဆိုင်မိသည်ထိ သူ့ကိုယ်ကို ကသစ်ဘက်သို့ ဖြည်းညင်းစွာ လှည့်လာသည်။
“ကသစ် … ကိုကို… ကိုကို … သွားပါရစေ။ သွားပါရစေတော့ … ။ ကိုကို့ ကို … ကိုကို့ကို …. လွှတ် … လွှတ်ပေးပါ … ကိုကို့ကို … ကယ် .. ကယ်ပါ … ကသစ်ရယ်၊ ကိုကိုသွားချင်ပြီ…သွားချင်ပြီကသစ်”
သည်။
“ဝုန်း”
ပြောပြောဆိုဆိုပင် ကိုကိုသည် နေရာတွင် ဗုန်းခနဲ ပြိုလဲကျသွား
“အား….ကို….ကို….ကယ်…ကယ်ကြပါ….အား..”
ကသစ်၏ သည်းထိတ်ရင်ဖို အော်ဟစ်လိုက်သံက ဆွံ့အည၏ တိတ် ဆိတ်မှုကို ကြမ်းရှစွာ ဖြိုခွဲလိုက်တော့သည်။
“ဘယ် … ဘယ်လို … ဆရာ …. ဒီ … ဒီဟာ … ထပ် .. ထပ် ပြောပြန်ပြီ . လား..ဘယ်မလဲ..သူ…ဘယ်မလဲ”
ဝုန်းခနဲ ထရပ်ကာ ဒေါသတကြီးဖြစ်သွားသော ဒေါ်တင်တင်မာကို ခင်ပွန်းဖြစ်သူ ဦးမိုးဟန်က ဆွဲထိန်းလိုက်ရင်း..
“ဟာ…တင်တင်ရယ်….နေစမ်းပါကွာ..ဆရာ့ကို..ဆရာ့ကို …အားနာ
စရာ၊ စိတ်လျှော့စမ်းပါဦး”
“ဟီး … ဟင့် … ဟင့် … ကျွန်မမှာ ဒီသားလေးတစ်ယောက်တည်းရှိ… ရှိ တာရှင့်။ ကျွန်မသားကိုကျွန်မ… ရအောင်ကု….ကုမယ်။ ကုမှာပဲ…။ ဘာတဲ့… သားလေးကို အသက်ဆက်ထားတဲ့ ဒီပိုက်ကြိုးတွေ ဖြုတ်ပေးပါတဲ့လား.. ဟုတ်လား…။ ဆရာ့ကို သူဒီလိုထပ်ပြောသေးသတဲ့လား။
000
ဒီပိုက်ကြိုးတွေ ဖြုတ်ပစ်မှတော့ သားလေး သေသွားမှာပေါ့။ သူမို့ . ပြောထွက်ပါရဲ့။ ဒီဟာမက ကျွန်မသားကို မြန်မြန်သေစေချင်နေတာ။ အင်း ဒါမှ သူက လင့်အမွေရမှာကိုး။ ဟင့် .. ဟင့် … သားရေ … ဟီး … ဟင့် …ဟင့်…မင်းချစ်လှပါတယ်ဆိုတဲ့မင်းမိန်းမက …. မင်းကို… မသေနိုင်လို့စိတ်
မရှည်ဖြစ်နေပြီလေ … သားရဲ့။ မင်းကိုသေခိုင်းနေပါပကောလား…ဟီး… အစ်… အစ်”
အထူးခန်းထဲမှ စူးထွက်လာသော ငိုသံကို နားထောင်ရင်း ကသစ် မျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာသည်။
မဟုတ် … မဟုတ်ရပါဘူးမေမေရယ်။ ကသစ်လေ .. ကိုကို့ကို သိပ်ချစ် တာပါ။ ကသစ်…ကသစ်… ကိုကို့ကို သနားလွန်းလို့ပါ။ ကိုကို့ကို ကသစ် တို့ လွှတ်..လွှတ်ပေးကြရအောင်ပါနော်။ ကိုကိုက ထပ်ခါတလဲလဲ တောင်း ဆိုနေလွန်းလို့ပါမေမေရယ်။ ကိုကိုကိုယ်တိုင်ကတောင်းဆိုလွန်းလို့ပါ။ ကသစ်က အခန်းအကွယ်ထောင့်မှ အတွင်းဘက်သို့ မျက်ရည်များ ရစ်ဝိုင်းအုံဖွဲ့နေသော မျက်လုံးအစုံဖြင့် အသာခေါင်းပြူကြည့်သည်။ ကိုကို့ မေမေသည် ဆေးရုံကုတင်ပေါ်တွင် ပကတိလဲလျောင်းငြိမ်သက်နေသည့် သူ့သား၏ ပိုက်ကြိုးများ တပ်လျက် ရှိနေသော လက်ကို ဆုပ်ကိုင်ကာ နင့် နင့်နဲနဲငိုရင်း ရှိုက်ရင်း ပြောဆိုနေလေသည်။ သူမကို ဆရာဝန်ကြီးနှင့်တကွ ကသစ်၏ယောက္ခထီးက ချော့မော့ဖျောင်းဖျနေကြသည်။
ကသစ်…အခန်းနံရံကိုမျက်နှာအပ်ကာရှိုက်ကြီးတငင်ငိုမိတော့သည်။ သူ့ကိုယ်ပေါ်တွင် နှောင်ဖွဲ့နေသော ပိုက်ကြိုးများအား မွန်းကြပ်စွာ ဆွဲဖြုတ် နေဟန် ကိုကို့အသွင်ကို ကသစ်၏အတွေးမျက်ဝန်းထဲ မြင်ယောင်လာ မိ၏။
ကိုကိုသည်သူ့အားလွှတ်ပေးပါမည့်အကြောင်းကသစ်ကိုအကူအညီ တောင်းခံခဲ့သည်မှာ ကြိမ်ဖန်များစွာရှိခဲ့ပြီ။ မနေ့ညကကဲ့သို့ပင်လူနာစောင့် ရင်း မှေးခနဲ အိပ်ပျော်သွားမိချိန်တိုင်း ကိုကိုတစ်ယောက် ပိုက်ကြိုးများထံမှ ရုန်းထွက်နေပုံမျိုးကို ကသစ်မှာ ထပ်တလဲလဲ အိပ်မက်မက်နေခဲ့ရသည်။ မြင်မက်သည့် အကြိမ်တိုင်းလည်း ကိုကို၏ မွန်းကြပ်မှုများ ပေါက်ကွဲမှုများ ကို သနားစဖွယ်၊ ရင်နင့်စဖွယ် သူမ တွေ့နေရ၏။
“ကိုကို… ထောင်သားတစ်ယောက်လို ခံစားနေရတယ် ကသစ်ရယ်။ ကိုကို…ကိုကို့ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေတယ်။ အသက်ကယ်စက်တွေ၊ ဓာတ်ရောင်ခြည်တွေ၊ စက်ကိရိယာတွေနဲ့ ချိတ်ဆက်ပြီး ကိုကို့ကို အတင်း ဆွဲမထားပါနဲ့။ ကိုကို… သွားပါရစေ။ ကသစ်.. ကိုကို့ကို ကယ်ပါ။ ကယ်ပါဦး
ကသစ်”
ကိုကို၏ သနားစဖွယ် တောင်းပန်တိုးလျှိုးပြောနေသံလေးများကို ကသစ်၏ စိတ်နားတွင် အစဉ်ကြားနေရ၏။ ကိုကို့ကို သနားလွန်းသဖြင့် ကိုကိုဆန္ဒရှိသည့်အတိုင်း လွတ်မြောက်သွားစေလိုသော ကရုဏာစိတ် ကြောင့် ကိုကို့ကို ကုသနေသော တာဝန်ခံဆရာဝန်ကြီးကို ကသစ်အရဲစွန့် ကာ “သည်ကြိုးတွေ ဖြုတ်ပေးလို့ မဖြစ်ဘူးလား” ဟု ထပ်မံတောင်းဆိုမိခဲ့ ခြင်း ဖြစ်လေသည်။
ဆရာဝန်ကြီးကမူမျက်ရည်လည်ရွဲနှင့်တောင်းပန်နေသောကသစ်ကို အငေးသားကြည့်လျက် ကသစ်၏ ခံစားချက်အပေါ် နားလည်ဟန် ပြရှာပါ သည်။
ကသစ်ကို သည်ကြိုးများ ဖြုတ်ပေးပါရန် ကိုကိုစတင်၍ အိပ်မက်ပေး စဉ်ကတည်းက ကိုကို့မိဘများအား ကသစ်ကြေကွဲရှိုက်ငင်စွာ ပြောပြခဲ့မိ သည်။ အထူးသဖြင့် ကိုကို၏မိဘများယောက္ခမဒေါ်တင်တင်မာကကသစ်
ကိုကြောက်မက်ဖွယ်ရန်သူတစ်ယောက်နှယ်စူးစူးဝါးဝါးကြည့်ကာ သူ့သား ကို သတ်မယ့် မိန်းမယုတ်… ဟုပင် နင့်နင့်သီးသီးပြောဆိုငိုရှိုက်ခြင်း မေ့လဲ ကျသွားခဲ့ဖူးသည်။ ကသစ်က အိပ်မက်လိုလို တကယ်လိုလို ထင်ရသည့် တိုင် မြင်မက်သည့်အတိုင်း အမှန်အတိုင်း ပြောပြခဲ့ခြင်း ဖြစ်သော်လည်း သူမကိုမည်သူကမျှ မယုံကြ။ သည်ထဲကပင်….။
သူနာပြုဆရာမလေးမှတစ်ဆင့် ကသစ်၏ ထိုထပ်မံတောင်းဆိုမှုကို ဒေါ်တင်တင်မာသိသွားခဲ့သည့်အတွက် သူမ၏ ယောက္ခမ ယခုလို ပေါက် ကွဲနေခြင်းဖြစ်ပါသည်။ ကသစ်အပြစ်မတင်ရက်ပါ။ မိခင်တစ်ယောက်၏ ခံစားမှုကို ကသစ်ကိုယ်ချင်းစာနာမိပါ၏။
ကိုကို သည်သို့“ကိုမာ” ဝင်ပြီး ဦးနှောက်အလုပ်မလုပ်တော့ဘဲဆေးရုံ အထူးခန်းတွင် စက်များ၏ အကူအညီဖြင့်သာ အသက်ဆက်နေခဲ့ရသည် မှာ“လ”နှင့် ချီနေခဲ့ပြီ။
(ကိုမာ- အသက်ရှင်နေသေးသော်လည်း ဦးနှောက်က အလုပ် ကောင်းစွာ မလုပ်တော့သည့် အတွက် လူသေနီးပါး သတိလွတ်မေ့မြော နေသောဝေဒနာ)
ကိုကို့မိဘများသည် ကျိကျိတက်ချမ်းသာကြွယ်ဝကြသဖြင့် တစ်ဦး တည်းသောသား၏အသက်ကိုလက်မလွှတ်နိုင်ကြရှာဘဲပြန်လည်ကောင်း မွန်လာလေမည်လား … ဟူသော မျှော်လင့်ချက်ဖြင့် ဖြစ်နိုင်သမျှ နည်းလမ်း သုံးကာ ကုသစေလျက်ရှိ၏။ သို့သော် –
ကိုကို့ခံစားချက်ကို
ကသစ်သိပင်သိနေရသော်လည်း”အိပ်မက်ထဲမှာ
ကိုကိုကကသစ်ကိုအသည်းအသန်အကူအညီတောင်းနေတာ၊ ပြောပြနေ တာပါ” ဟူသော ကသစ်၏ စကားအတွက် ခိုင်မာသော သက်သေပြစရာ မရှိ။ ကိုကိုပေးသမျှ အိပ်မက်များကို ဖြစ်နိုင်လျှင် ဗီဒီယိုခွေရိုက်သလို ရိုက် ထားပြီး ပြန်ပြ၍ ရလျှင် အကောင်းသား။ ခုတော့ “အိပ်မက်ထဲမှာ” ဆိုသည် ကယုံတမ်းစကားလေ။
“သူက လီဆယ်ပြီး ဉာဏ်နီဉာဏ်နက်နဲ့ ပြောနေတာ။ အိပ်မက် မက် တယ်ဆိုတာတော့ လူတိုင်းကြိုက်သလို ပြောလို့ ရတာပဲ။ ငါ့သား အိပ်မက် ပေးရိုးမှန်ရင် ငါ့ကိုလည်း ပေးမှာပေါ့။ ငါလည်း အမေပဲ။ အလကား …။ ငါ့ သားကို သေအောင် သတ်ချင်နေတဲ့မိန်းမ။ စကတည်းက ငွေမက်လို့ ဖြား ယောင်းယူခဲ့တာဥစ္စာ။ ငါ့သားအမွေတွေကို သူလိုချင်လို့”
ယောက္ခမကြီး၏ စွပ်စွဲစကားများကို ကသစ်မည်သို့ ရှင်းနိုင်ပါအံ့နည်း။ မည်သို့ သက်သေတင်ပြနိုင်ပါအံ့နည်း။
ကိုကိုက ကိုကို့အမေကိုလည်း အိပ်မက်ပေးရင်ကောင်းမှာ။ ဘာလို့ … ကသစ်ကိုပဲ ပေးနေရတာလဲ ကိုကိုရယ်။ ကသစ်မြင်မက်သလို မေမေ့ကို လည်းကိုကိုအိပ်မက်ပေးနိုင်ရင် မေမေယုံချင်ယုံမှာ။
သနားစဖွယ် ကိုကို့အသွင်ကို မြင်ယောင်ရင်း ရင်နင့်ကြေကွဲစွာ ငိုရုံမှ တစ်ပါး ကသစ်က မျက်လုံးအစုံကို မှိတ်၍ မျက်ရည်များကို ပိတ်လိုက်၏။ မဝေးလှသော အတိတ်တို့သည် အရိပ်ပမာ။
“ကသစ်စံ . ရေ … ။ ပန်းကန်တွေ ဆေးပြီးရင် ရှေ့မှာ နေရာသွားစီစဉ် ပေးစမ်းပါဦး။ မောင်စိုးတစ်ယောက်ထဲမနိုင်တော့ဘူး”
ဒေါ်လေးမေကိုပြောရင်းဆေးပြီးသောပန်းကန်များကိုစားပွဲတွင်တင်
ပေးခဲ့ကာ ဆိုင်ရှေ့သို့ ကသစ်ပြေးရသည်။ သည်အချိန်က ထမင်းစားချိန်မို့ ဆိုင်တွင် လူကျသည်။ ဒါတောင် ကသစ်တို့ဆိုင်က ထောင့်ဆုံးဆိုင်သေး လေးမျှသာဖြစ်၏။အဝေးပြေးဂိတ်အတွင်းဆိုင်ခန်းကြီးများအနားမသီနိုင်။ လက်ဖက်ရည်ဆိုင်ကြီး တစ်ဆိုင်၏ ထောင့်နေရာလေးကို ငှားပြီးစားပွဲကြီး တစ်လုံး၌ ထမင်းဟင်းစတီးအိုးများ တန်းစီတင်ကာ ရောင်းရခြင်းဖြစ်၏။
ဆိုင်က သေး၍ ထောင့်ကျသော်လည်း ဒေါ်လေးနှင့်ကသစ်က ဟင်း ချက်လက်ရာကောင်းသဖြင့် အထိုက်အလျောက် ရောင်းရပါသည်။ ချောင် ကျသော ဆိုင်လေးမို့ … တော်ရုံလူမဝင်သည့်တိုင် ဆိုင်ကြီးများမှာ လူပြည့်ကျပ်နေလျှင် ကသစ်တို့ဆိုင်ဘက် လျှံပြီး ရောက်လာတတ်သည်။
သို့သော် ကသစ်တို့ ဆိုင်တွင် ဝင်စားဖူးပြီးပြီဆိုလျှင်တော့ လက်ရာ နှင့် စေတနာကို အသိအမှတ်ပြုသွားရသည်ချည်း။ နောင်ကြုံသည့်အခါ တိုင်း ကသစ်တို့ ဆိုင်လေးသို့ တကူးတက လာရောက်စားသောက်လေ့ရှိ ကြလေသည်။
တစ်နိုင်တစ်ပိုင် ဖွင့်ရသည့်ဆိုင်လေးမို့ လူငှားလည်း မခေါ်နိုင်ပါ။ ဒေါ်လေး၊ ကသစ်နှင့် ဒေါ်လေးယောက်ျားဘက်မှ ဆယ့်သုံးနှစ်အရွယ်တူ ဝမ်းကွဲမောင်စိုးသာရှိလေသည်။
ဒေါ်လေးသည် ကသစ်မေမေ၏အစ်မရင်းဖြစ်သည်။ ညီအစ်မနှစ် ယောက်သာရှိ၏။ကိုယ့်အိမ်ထောင်နှင့်ကိုယ်နေထိုင်ကြရင်းကသစ်၏မိဘ များက ကသစ်အပျိုဖော်ဝင်စတွင် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြ သည်။ မေမေက သားအိမ်ကင်ဆာဖြင့် ဆုံးပါးသွားခဲ့ပြီး နှစ်မကြာမီပင် အဖေက ကားအက်ဆီးဒင့်နှင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် တစ်ဦးတည်း သမီး၊ ခိုကိုးရာမဲ့ ကသစ်စံကိုအဒေါ်ဖြစ်သူက ခေါ်ယူစောင့်ရှောက်ခဲ့သည်။ အဒေါ်တို့လင်မယားမှာ သားသမီးမထွန်းကား ကြသူများဖြစ်၍ ကသစ်ကို သမီးရင်းကဲ့သို့ ချစ်ခင်စွာ စောင့်ရှောက်ခဲ့ကြပါ သည်။ အဒေါ်တို့က ဝါးဓနိအရောင်းအဝယ်လုပ်သူများဖြစ်ပြီး မိသားစုနည်း ခြင်းကြောင့် မချမ်းသာသော်လည်း မချို့မငဲ့ နေနိုင်ကြပါ၏။
သို့စဉ်ပြီးခဲ့သောနှစ်နှစ်လောက်ကဦးလေးစောနိုကျောက်ကပ်ရောဂါ ဖြင့် ဆုံးသွားခဲ့ရာ ယောက်ျားသားမရှိတော့သဖြင့် ဒေါ်လေးမေမှာ ဝါးဓနိ လုပ်ငန်းကို ဆက်မလုပ်နိုင်တော့။ ဦးလေးဘက်မှ ဆွေမျိုးများ အကူအညီ ဖြင့် ရန်ကုန်အောင်မင်္ဂလာအဝေးပြေးဂိတ်အတွင်း ဤထမင်းဆိုင်လေးကို ဖွင့်ကာ တူဝရီးနှစ်ယောက် စားဝတ်နေရေးကို ဖြေရှင်းခဲ့ရလေသည်။ ဆိုင်လေးက အထိုက်အလျောက်ရောင်းချခဲ့ရရာ ယောက်ျားဘက်မှ တူဝမ်းကွဲလေးတစ်ယောက်ကိုဒေါ်လေးကအတူခေါ်ထားခြင်းဖြစ်၏။ ဦးလေးဆုံးသည့်နှစ်က ကသစ်စံမှာ ဆယ်တန်းဖြစ်သည်။ ထိုနှစ်က ကသစ်ဆယ်တန်းကျ၏။ ဒေါ်လေးက ကျောင်းဆက်တက်ရန် ထားပေးပါ
သော်လည်း စားဝတ်နေရေးအခြေအနေအရ ကသစ်ကျောင်းထွက်လိုက် သည်။ ဒေါ်လေး၏ ထမင်းဆိုင်ကို ကူညီလုပ်ကိုင်ပေးကာ ဝမ်းရေးကိုအတူ ရုန်းကြရ၏။ အရောင်းအဝယ်တွင် အသားကျလာတော့ မူလက စာမေးပွဲ ရည်ရွယ်ချက်ကိုကသစ်စိတ်မပါတော့၍မဖြေဖြစ်တော့ပါ။
ပြန်ဖြေရန်
“ရော့ … ရော့ … မောင်စိုး။ အမဲသားဟင်းနဲ့ တစ်ပွဲချလို့ရပြီ။ ကသစ် .. ဟိုစားပွဲကလူ ပုစွန်ဟင်းမှာထားတာ သွားချလိုက်ပါဦးဟယ်။ ကြာနေပြီ” “ဟုတ်… ဘယ်စားပွဲလည်းဒေါ်လေး”
“ရှေ့ဆုံးက စားပွဲ၊ ရှပ်အင်္ကျီအစိမ်းနုရောင်နဲ့ ကောင်လေး။ ရော့ …. ဒီ ဝက်သားကဟိုဘက်စားပွဲကိုချပေးနော်”
ဒီ
ကသစ်က ဟင်းပန်းကန်များကို ရှေ့ဆုံးစားပွဲများဆီ သယ်လာသည်။ အဲ… ဘယ်မှာချရပါ့။ ရှေ့ဘက်စားပွဲနှစ်လုံးတွင် အစိမ်းနုရောင် ရှပ်အင်္ကျီနှင့် လူက နှစ်ယောက်ဖြစ်နေသည်။ တစ်ယောက်စားပွဲတစ်လုံးစီတွင် ထိုင်နေ ကြ၏။ တစ်ယောက်က အစိမ်းနုရောင်ကွမ်းရိုးစင်းရှပ်၊ နောက်တစ်ဦးက အစိမ်းနုရောင်ပြောင်ရှပ်။ ဘယ်အစိမ်းနုက ပုဇွန်လဲ။
“ပုစွန်မှာထားတာ ဘယ်သူလဲရှင်”
ကသစ်မေးသည်။ ကွမ်းရိုးစင်းရှပ်နှင့် လူငယ်က သူ့အဖော်များနှင့် စကားပြောနေ၍ မကြား။ တစ်ဖက်စားပွဲမှ ပြောင်ရှပ်အစိမ်းနုနှင့် လူငယ်က လည်း ဖုန်းပြောနေ၏။ ကသစ်မေးသည်ကို မဖြေအား။ လက်သာထောင် ပြ၏။ ထို့ကြောင့် ကသစ်က ထိုလူငယ်မှာသည်ထင်ပြီး ထိုလူငယ်ထံ ပုဇွန် ပန်းကန်ကို ချပေးလိုက်သည်။ သည်ဘက်စားပွဲသို့ ဝက်သားပန်းကန်တင် ပေးကာနောက်ဘက်မှ ဒေါ်လေးခေါ်ရာဆီ အပြေးသွားမည်အပြု…။ “ဟာ.. ကျွန်တော်မှာတာ… ဝက်သားဗျ”
“ဒီမှာ… ပုစွန်ဟင်းမှာတာလေ”
အစိမ်းနုရှပ်နှစ်ယောက်၏ပြောသံများ ပြိုင်တူလိုထွက်လာသည်။ “အို … ဆောရီးပါရှင်။ ကွမ်းရိုးစင်းအစ်ကိုက ပုစွန်မှာတာလား။ ရော့ … အစ်ကို”
ကသစ်က တောင်းပန်ရင်း ပန်းကန်ချင်းပြန်လဲပေးလိုက်၏။
“ဟာ … ဘာလဲဗျ။ ကွမ်းရိုးစင်း” “ဘာ..ပြောင်အစ်ကိုလဲဗျ”
လူငယ်နှစ်ယောက်၏
တအံ့တဩမေးသံထွက်လာသည်။ ထိုအခါမှ
ကိုယ့်အမှတ်နှင့် ကိုယ် အလျင်စလို သုံးလိုက်မိပုံကို သတိရပြီး ကသစ်ရှက်
ကာရှိန်းခနဲ ဖြစ်သွား၏။
“အဲ..ဟို…ဟို… ရှပ် .. ရှပ်အင်္ကျီအရောင်… တူ ……”
ရှက်ရှက်နှင့် ကသစ်စကားမဆုံးဘဲ နောက်သို့ ပြန်ပြေးမိတော့၏။ နောက်ရောက်မှ ကသစ်အသာလှည့်ကြည့်တော့ လူငယ်နှစ်ယောက်ရယ် နေကြသည်ကို တွေ့ရလေသည်။
ကသစ် … နှစ်ခြိုက်စွာ ပြုံးလိုက်မိ၏။ ကသစ်နှင့် ကိုကိုသည် ထိုမှစ၍ ခင်မင်သွားခဲ့ရသည်။ ကသစ်နှစ်ဦးစတင်တွေ့ဆုံခဲ့ရပုံလည်းဖြစ်ပါ၏။ ပြော ရလျှင် ကသစ်က ထိုစဉ်ကတည်းက လူချောကိုကိုအပေါ် ရင်ခုန်မိသလို ကိုကို့အကြည့်များကလည်း ကသစ်အပေါ်ထူးဆန်းခဲ့သည်ပင်။
ကိုကိုသည် ထိုနေ့က နယ်ပြန်မည့်သူငယ်ချင်းတစ်ယောက်ကို ကား ဂိတ်လိုက်ပို့ရင်း ဆိုင်ကြီးများ လူပြည့်နေခြင်းကြောင့် လူရှင်းသည့် ကသစ် တို့ဆိုင်တွင် ဝင်စားခြင်းဖြစ်သည်။ ရှပ်အင်္ကျီအစိမ်းနုအရောင်တူကိစ္စဖြင့် ကသစ်နှင့် ကိုကိုမျက်မှန်းတန်းမိသွားကာ နောက်ပိုင်း ကိုကိုက ဆိုင်သို့ မကြာခဏ လာစားတတ်လေသည်။ ထိုသို့ မကြာခဏ ရောက်လာတတ် သဖြင့်လည်း ကြာတော့ ကသစ်တို့နှင့် အတော်ရင်းနှီးခင်မင်နေခဲ့ကြပြီ။
ကိုကို့နာမည်က“မင်းခန့်ကို” ဟု သိရပြီး သူငယ်ချင်းအားလုံးကကိုကို ဟု ခေါ်ကြသည်။ သို့နှင့် ကသစ်ကလည်း “ကိုကို” ဖြစ်သွားခဲ့ရပါ၏။ ခရီး သွားရန် မရှိဘဲ အဝေးပြေးဝင်းအတွင်း ထမင်းဆိုင်သို့ တကူးတက ကိုကို လာစားခြင်းအကြောင်း ကသစ်မေးဖူးသည်။ ကိုကိုက နယ်သို့ စာ၊ ပစ္စည်း စသည်ကိုအဝေးပြေးကားနှင့်ထည့်ပေးခြင်း၊လာယူခြင်းချောပို့အလုပ်လုပ်
သည်ဟုပြောသည်။
ကိုကို့ကို တစ်ခါတစ်ခါ အဝတ်အစား ဖရိုဖရဲနှင့် နွမ်းနွမ်းနယ်နယ် ပုံစံ မျိုး တွေ့ရတတ်သည်။ တစ်ခါတစ်ခါ ထမင်းနပ်မှန်အောင် မစားရသူတစ်
ယောက်ကဲ့သို့ ဆာဆာလောင်လောင် ရောက်လာတတ်ပြီး ကသစ်တို့ဆိုင် တွင် အားပါးတရစားနေသည်မျိုးလည်းတွေ့ရ၏။
ကိုကိုအလုပ်အဆင်မပြေဘဲ သည်သို့ ငတ်တစ်လှည့်၊ ပြတ်တစ် လှည့်ပုံစံမျိုး တွေ့ရခြင်းအတွက် ကသစ်စိတ်မကောင်းပါ။ ကိုကို့ပုံစံက အပျင်းထူ၍ လက်ကြောမတင်းသော ပုံမျိုးမဟုတ်ဘဲ ကျန်းမာရေးချူချာ သဖြင့် အလုပ်ပျက်ရပုံမျိုးဖြစ်သဖြင့် ကသစ်နှင့်ဒေါ်လေးက သနားမိကြ သည်။ ထို့ကြောင့် တစ်နေ့ ကိုကိုဆိုင်တွင် ထမင်းလာစားပြီး ပြန်ခါနီး၌ ကသစ်က ခြစ်ခြစ်ကုတ်ကုတ်စုထားသောငွေငါးသောင်းကို ကိုကို့လက်ထဲ ထိုးထည့်ပေးရင်း ..
“ကိုကို…ဒါ…ကသစ်စုထားတဲ့ငွေပါ။ ကိုကိုလိုတာသုံးပါ။ ကိုကို့ကြည့်
ရတာတစ်ခါတစ်ခါနေမကောင်းသလိုပဲ။ကိုကိုကအစာကိုပုံမှန်မှမစားတာ၊
ဒါကြောင့် နေမကောင်းဖြစ်တာနေမှာ”
ထမင်းကိုဂရုစိုက်ပြီးစားပါကိုကိုရယ်။ ငွေမရှိရင်လည်းဒီတိုင်းကသစ် တို့ ဆိုင်ကို လာစားပါ။ ဒေါ်လေးကလည်း ကိုကို့ကို တူရင်းတစ်ယောက်လို ခင်နေပြီပဲ။ ကိုကို့တစ်ယောက်စာတော့ ကသစ်တို့ကျွေးနိုင်ပါတယ်။ အစာ မစားဘဲတော့ မနေပါနှင့်။ လာစရာလမ်းစရိတ်မရှိရင် ကားသာ ငှားလာခဲ့။ ဒီရောက်တော့ ကသစ်ကားခရှင်းပေးမယ်နော်ကိုကို”
ကိုကိုက ကသစ်ကို အံ့အားတသင့်ဟန်နှင့် ငေးကြည့်နေသည်။ ကိုကို့မျက်ဝန်းထဲတွင် အရိပ်အယောင်မျိုးစုံ တလဲ့လဲ့ ယှက်သန်းနေကြ၏။ ကြည်နူးခြင်းလား … ဝမ်းသာခြင်းလား … ။ ထူးဆန်းစွာ ဝမ်းနည်းရိပ်လည်း ပါသည် ထင်မိ၏။ ကိုကိုက ကိုကို့မှာ ငွေရှိပါတယ်ဟု ဆိုကာ ကသစ်၏ ငွေ ကို အတင်းပြန်ပေးသည်။ ကသစ်က ကိုကိုမယူ၍ ဝမ်းပန်းတနည်း ငိုမိမလို ဖြစ်လာတော့မှ ကိုကိုမငြင်းတော့။
ကိုကိုက ကျန်းမာရေး ချူချာသည်။ မကြာခဏ နေမကောင်းဖြစ်တတ် ၍ အင်အားချည့်နဲ့စွာ ရောက်လာတတ်သော ကိုကို့ကို ကသစ်ကပင် ဆိုင် တွင် နားခိုင်းကာ ဆေးခန်းပြပေး ပြုစုပေးရ၏။ နေမကောင်းရသည့်အထဲ ငွေမရှိက စိတ်ဓာတ်ကျမည်စိုး၍ ငွေမပြတ်အောင် ကသစ်က မကြာခဏ
တတ်နိုင်သမျှငွေကိုဇွတ်ပေးသည်။ကံကောင်းသည်ကဆိုင်နားဝန်းကျင်မှ ကလေးများကို အားလပ်ချိန်တွင် စာပြပေးရင်း ကျူရှင်ဆရာမဖြစ်မှန်းမသိ ဖြစ်လာကာဟိုကအပ်သည်ကအပ်နှင့်ကသစ်တွင်လစဉ်ဝင်ငွေလေးပုံမှန် ရလာခဲ့သည်။ ထိုငွေကိုကိုကို့အားကသစ်ပေးနိုင်ခဲ့ခြင်းဖြစ်ပါ၏။
သို့နှင့် စတွေ့စဉ်ကပင် ရင်ခုန်ခြင်းနှင့်စခဲ့သော ကိုကိုနှင့်ကသစ်သည် ကြာလေလေ သံယောဇဉ်တွယ်မိလေနှင့် တစ်ယောက်ကို တစ်ယောက် နင့်နင့်နဲနဲချစ်မိကြလေတော့သည်။ ကသစ်နှင့် ကိုကို့ကို ဒေါ်လေးကလည်း သဘောတူပါသည်။ ကိုကို့ကို ဒေါ်လေးကလည်း သဘောတူပါသည်။ ကိုကို့ကို ဒေါ်လေးက သံယောဇဉ်ဖြစ်နေ၏။ ကိုကိုက အလုပ်အကိုင် ဝင်ငွေ မကောင်းသော်လည်း လူကောင်းလူအေးမို့ သည်လိုပဲ နှစ်ယောက်ဒိုးတူ ပေါင်ဖက် လုပ်ကိုင်စားကြပေါ့ဟု ဆိုကာ လက်ထပ်ရန်လည်း ခွင့်ပြုထားပါ သည်။
ခက်သည်က ကိုကိုဖြစ်သည်။ ကိုကို ကသစ်ကို သိပ်ချစ်မှန်း ကသစ် သိပါသည်။ သို့သော် လက်ထပ်ရန် ကိစ္စ ကိုကိုက မစ။ ရှေ့ရေးအကြောင်း စကားရောက်သွားသည်နှင့် ကိုကို့မျက်နှာသွင်ပြင်က မှုန်မှိုင်းလာကာ ဝမ်း နည်းပန်းနည်းပုံစံဖြစ်သွားခဲ့သည်ချည်းမို့ ကသစ်စကားမဆက်ဖြစ်တော့ ပါ။ ကိုကိုသည် သူ့ဝင်ငွေနှင့် ကသစ်ကို လူတန်းစေ့မထားနိုင်မှာ စိုးရိမ်နေ သည်ဟုကသစ်နှင့်ဒေါ်လေးက တွေးမိကြသည်။
ကသစ်အတွက်တော့ ကိုကိုဝင်ငွေကောင်းသည်၊ မကောင်းသည်မှာ ပြဿနာမဟုတ်ပါ။ လိုလည်း မလိုအပ်ပါ။ ကိုကိုသည်လို ခဏခဏ နေ မကောင်းဖြစ်တတ်ပုံမျိုးကြောင့် ကိုကို့ကို အချိန်ပြည့်ပြုစုစောင့်ရှောက်နိုင် ရန် ကသစ်ကလက်ထပ်လိုပါသော်လည်း .. ကိုကိုစိတ်မထိခိုက်စေလို၍ အချိန်ပေးကာ စောင့်နေရတော့သည်။
သို့သော် ကသစ်၏အထင်နှင့်အမြင်တို့ ပါစင်အောင် လွဲသွားကြောင်း မကြာမီပင်ကသစ်သိရပါတော့သည်။
“ဟင်… ကိုကို…နေ… နေမကောင်းဘူးလား..ဟင်”
ကိုကိုဆိုင်သို့ ရောက်မလာသည်မှာ တစ်ပတ်ကျော်လောက်ရှိနေပြီးမှ တစ်နေ့အငှားကား တစ်စီးနှင့် ဗြုန်းစားကြီးရောက်လာသည်။ မျက်နှာက လည်း ဖြူဖပ်ဖြူရော်နှင့် ချုံးကျနေ၏။ ကသစ်ထိတ်ထိတ်ပျာပျာဖြစ်သွား သည်။ ယိုင်တိယိုင်ထိုး ဝင်လာသော ကိုကို့ကို ကသစ်နှင့် ဒေါ်လေးတွဲကာ နားနေနိုင်ရန် ပြင်ဆင်ပေးနေဆဲ ကိုကိုခေါင်းငိုက်စိုက်ကျကာ သတိလစ် သွားခဲ့သည်။ ကသစ်တို့ တူဝရီး ဆေးခန်းသို့ ပြေးကြရ၏။ ဆရာဝန်က အရေးပေါ်ဆေးရုံတင်ခိုင်းပြီးဆေးရုံရောက်မှ ကသစ်ကိုကို့အခြေအနေမှန် ကို သိလိုက်ရခြင်းဖြစ်သည်။
ကိုကိုတွင် အေအယ်လ်အက်စ်(လိုဂရစ်ရောဂါ) ရှိနေခဲ့သည်။ ရောဂါက တဖြည်းဖြည်းရင့်လာပြီမို့ … သက်တမ်းစေ့နေနိုင်မည် မဟုတ်…တဲ့။
ကိုကိုကြားထဲတွင် မလာနိုင်သည်မှာလည်း နေမကောင်းဖြစ်ကာ ဆေးရုံတက်နေရ၍ဟုကိုကိုသတိရလာတော့ပြောပြသည်။ကသစ်ကိုတွေ့ ချင်လွန်းသဖြင့် ဆေးရုံမှ ထွက်လာရာက ကသစ်ထံအရောက်တွင် သတိ လစ်သွားခဲ့ခြင်းဖြစ်လေသည်။
“ဒီလောက် ရောဂါကြီးနဲ့ နေမကောင်းဖြစ်နေတာကို ကသစ်ကို ဘာ လို့မပြောတာလဲကိုကိုရယ်”
“ကိုကိုပြောရင် ကသစ်စိတ်ဆင်းရဲရရုံပဲရှိမှာ။ ကိုကို့ရောဂါက ပြန် ကောင်းလာမှာ မဟုတ်တော့ဘူးလေ”
ကသစ်မျက်ရည်ပိုးပိုးပေါက်ပေါက်ကျရသည်။
“ကိုကိုရယ် … ဘာပဲဖြစ်ဖြစ် ကသစ်ကို ပြောရမှာပေါ့။ ကိုကို့မှာ ဘယ် သူရှိလို့လဲ။ ဆရာဝန်က ရောဂါရင့်နေပြီလို့ ဘယ်လိုပဲ ပြောပြော ကံဆိုတာ ရှိပါသေးတယ်ကိုကို။ ကုမရတော့ဘူးဆိုပြီး ဆရာဝန်လက်လွှတ်လိုက်တဲ့ ကင်ဆာလို ရောဂါမျိုးတောင် ကံအကြောင်းသင့်ပြီး တိုင်းရင်းဆေးဝါး ကောင်းနဲ့ ပျောက်ကင်းချမ်းသာရာရတာမျိုးလည်းရှိဖူးတာပဲ။
ကိုကို့ရောဂါကို ကသစ်ကုမယ်ကိုကို။ နယ်ဘယ်မှာ ရှေးတိုင်းရင်း သမားတော် ရွက်ပုန်းသီးဆရာအကျော်အမော်တွေ.ရှိတတ်ပါတယ်။
ကသစ်ဆရာရှာမယ်။ ကိုကို့ကို ကုပေးမယ်။ ဘာမှ စိတ်ဓာတ်မကျနဲ့နော်။ ကိုကိုစိတ်ဓာတ်ခိုင်မာဖို့ပဲလိုတာ”
ကိုကိုက မျက်ရည်လည်ရွဲ ငိုလျက်က စိတ်အားထက်သန်စွာ ပြောနေ သောကသစ်ကိုဝမ်းနည်းဝမ်းသာဟန်နှင့် စိုက်ကြည့်ရင်း …
“ကသစ်ခုတော့ကိုကို့ရောဂါအခြေအနေမှန်ကိုလည်းကသစ်သိသွား ခဲ့ရပြီမို့ ကိုကိုပြောပြမယ်နော်။ ကသစ်ကိုကိုကိုသိပ်ချစ်ပါတယ်။ ကိုကိုလေ ကသစ်နဲ့ လက်ထပ်ပြီး မခွဲမခွာနေချင်တယ်။ ဒါပေမဲ့-ကိုကို့ရောဂါကကျွမ်း နေပြီ။ ကိုကိုက သေမှာ ကသစ်။ လူ့လောကမှာ ဘယ်လောက်နေခွင့်ကျန် တော့လဲဆိုတာ ကိုကိုမပြောနိုင်ဘူး၊ အလွန်ဆုံးနေရလှ တစ်နှစ်နှစ်နှစ်ပေါ့။ ဒါ့ထက်လည်းပိုမြန်နိုင်တယ်လေ”
“အို … ဟင့် … ဟင့်အင်း … ကိုကို။ မပြောနဲ့ ကိုကိုမသေရဘူး။ ကိုကို့ကို ဆရာကောင်းတွေရှာပြီး ကသစ်ကုမယ်။ ကသစ်ရအောင် ကုမယ်”
ကိုကိုက သက်ပြင်မောကြီး ရှိုက်လိုက်ရင်း ရှိုက်ငင်ငိုကြွေးနေသော ကသစ်၏မျက်နှာကို ငြင်သာစွာ ဆွဲမော့လိုက်သည်။
“ကသစ်… ကိုကိုပြောတာကို ဆုံးအောင် နားထောင်နော်။ ကသစ် ကိုကို့ကို လက်ထပ်ဖို့ ကိစ္စပြောလာတိုင်း ကိုကိုဟိုရှောင်သည်ရှောင်လုပ်ခဲ့ တာဟာ ဒါကြောင့်ပါကသစ်ရယ်။ ကိုကိုလည်း ကသစ်နဲ့အတူ သိပ်နေချင် တာပေါ့။ ဒါပေမဲ့ ကိုကိုက သေလူလေ။ ကိုကိုအတ္တကြီးပြီး ကသစ်ကို လက် ထပ်လိုက်ရင် ကိုကိုသေသွားတဲ့အချိန်မှာ ကသစ်က ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်ကျန်ခဲ့မှာ။
ကိုကို အဲဒီလို ကသစ်ကို မလုပ်ရက်ဘူး။ မထားခဲ့ရက်ဘူး။ ကသစ်က ငယ်သေးတယ်။ ကသစ်မှာ အနာဂတ်ရှိတယ်။ မကြာခင်သေတော့မယ့်လူ နဲ့ လက်ထပ်ပြီး မုဆိုးမ အဖြစ်နဲ့ ကသစ်ရဲ့ရှေ့ရေးကို ကိုကိုဘယ်လို ပိတ်ပင် ရက်မှာလဲ။ ဒါကြောင့် ကိုကို… ကသစ်ကို … လက်.. လက်မထပ်နိုင်တာပါ။ ကိုကို့စေတနာကိုနားလည်ပါနော်”
ကိုကို့အသံက ဆို့နင့်တိမ်ဝင်သွား၏။
“ဟင့်အင်း ကိုကို။ ဟင့်အင်း …. ။ ကသစ် .. ကိုကို့ကို လက်ထပ်မယ်။ ကသစ်လက်ထပ်ရဲတယ်။ အေးအတူ ပူအမျှပေါ့ကိုကိုရယ်။ ကိုကိုနဲ့ လက်
ထပ်မှ ကိုကိုနဲ့ အတူရှိနေမှ ကသစ်ကိုကို့ကိုစိတ်တိုင်းကျ ပြုစုစောင့်ရှောက် ခွင့်ရမှာ။ ကသစ်ပြောခဲ့သလို ဆရာကောင်းတွေ ကသစ်လိုက်ရှာမယ်။ ကိုကို့ကိုကုမယ်.. သိလား
ဟို … ဖွဟဲ့ … လွဲပါစေ.. ဖယ်ပါစေ ….။ ကိုကို့ကို ရောဂါက နိုင်သွားရင် တောင်ကသစ်ကအကောင်းဆုံးပြုစုခွင့်ရခဲ့တဲ့အပေါ်ကသစ်ကျေနပ်နေမှာ ပါကိုကို။ နို့မို့ရင် တစ်သက်လုံး ဖြေနိုင်မှာမဟုတ်ဘူး။ ကိုကိုအသက်ရှင်ခွင့် ရတဲ့အချိန်ဟာ တစ်ရက်လေးပဲ ဖြစ်ပါစေ … အဲဒီတစ်ရက်ကို ကသစ်က ကိုကို့ဘေးမှာအတူရှိနေချင်တယ်။အဲဒီတစ်ရက်ပဲဖြစ်ဖြစ်ကိုကို့ကိုပျော်ရွှင် စေချင်တယ်။ စိတ်ချမ်းသာစေချင်တယ်။ ဒီအတွက် ဖြစ်လာသမျှ ကသစ် ရင်ဆိုင်ဝံ့ပါတယ်။ ကိုကိုပြောသလိုမုဆိုးမဖြစ်လည်းကသစ်ဂရုမစိုက်ဘူး။ ကသစ်… ကိုကို့ကိုလက်ထပ်မယ်ကိုကို”
ကိုကို၏ မျက်ရည်ဖုံးသော မျက်လုံးများထဲက ပီတိရိပ်၊ ချစ်မြတ်နိုးရိပ် ကိုကသစ်ထင်ထင်ရှားရှားမြင်ရသည်။ ကိုကိုလည်းကသစ်၏စစ်မှန်သော အချစ်မျက်ဝန်းကို ကောင်းစွာ ဖတ်နိုင်လိမ့်မည်ထင်ပါသည်။
တိုတိုဆိုရလျှင် ကိုကိုနှင့် ကသစ်ရုံးတက်လက်မှတ်ထိုးကာ အကျဉ်း ချုံး လက်ထပ်ခဲ့ကြပါသည်။ အလျင်စလို စီစဉ်ရသဖြင့် ပြည်နယ်တစ်ခု၏ ရွာလေးတွင် နေသော ကိုကို့မိဘများ လာရန် မလွယ်ကူဟု ဆိုသည်ကို လည်းကသစ်ကယုံကြည်ကာ နားလည်ပေးခဲ့ပါသည်။
လက်ထပ်ပြီးနောက် ကိုကို့ကျန်းမာရေးကိစ္စမှအပ ကိုကိုနှင့် ကသစ် နှစ်ယောက်တစ်ကမ္ဘာပျော်ရွှင်ခဲ့သည်။ ကိုကို့ကို ကသစ်ချစ်ကြင်စွာ ပြုစု သည်။ စိတ်ချမ်းသာအောင် ထားခဲ့သည်။ ထိုစဉ်က ကိုကိုသည် စီးပွားရေး လုပ်ငန်းကြီးမြောက်မြားစွာ၏ ဦးဆောင်သူ၊ ဆွေစဉ်မျိုးဆက် ကျိကျိတက် ချမ်းသာသောမိုးကုတ်ကျောက်တွင်းသူဌေးမိဘများ၏တစ်ဦးတည်းသော
သားဟုကသစ်အမှန်တကယ်မသိခဲ့ပါ။
ကိုကို့ကို သည်လိုမှန်းမသိ၍ ကသစ်က ကသစ်၏ ချွေးနှဲစာငွေ ကြေးကအစ ကူခဲ့မိသူမဟုတ်လား။ ကသစ်စိတ်ရှင်းသည်။ လိပ်ပြာသန့်ပါ သည်။ ကိုကိုသည် သူဌေးသားမှန်း၊ လုပ်ငန်းရှင်မှန်း ကသစ် တကယ်မသိ ဆိုသည်ကိုလည်း ကိုကိုသိပါ၏။ ကျန်းမာရေးအခြေအနေအရလူ့လောကတွင် နေရက် မကျန်လှတော့သော၊ မရေရာတော့သော ကိုကို့ကို ကိုကို အသက်ရှင်သ၍၊ နေရသ၍ စိတ်ချမ်းသာပျော်ရွှင်စေလိုသော ချစ်ခြင်း မေတ္တာမှန်ဖြင့် ကသစ်လက်ထပ်ခဲ့ခြင်းဖြစ်ပါ၏။ . ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမ ဖြစ်ရမည်ကိုပင် ဂရုမစိုက်ခဲ့သူဖြစ်ပါ၏။ လက်ထပ်ပြီး တစ်လကျော် ခန့်တွင် ကသစ်တို့ထံ ကိုကို့မိဘများက စုံစမ်းပြီး ဗြုန်းစားကြီးရောက်လာ ခါမှသာ ကိုကို့အခြေအနေမှန်ကို ကသစ်သိရခြင်းဖြစ်သည်။
ကိုကို့ မေမေကမူ ကသစ်အား ရုပ်ချောတာလေး ဗန်းပြပြီး သူ့သားကို ဖြားယောင်းသွေးဆောင်လက်ထပ်ခဲ့သည်ဟု ဒေါသတကြီးစွပ်စွဲပြောဆို ခဲ့သည်။ လုပ်ငန်းပေါင်းများစွာကို ဦးဆောင်ဦးရွက်ပြုနေသည့် အရည် အချင်းပြည့်ဝသော တစ်ဦးတည်းသောသား၊ မြောက်မြားစွာသော အမွေ များကိုဆက်ခံပိုင်ဆိုင်ရမည့်ကိုကို့လိုသူဌေးသားကိုထမင်းဆိုင်သေးသေး လေးက ထမင်းရောင်းသူ၊ ဆယ်တန်းပင် မအောင်သော ကသစ်လို မိန်းမ လည်၏ လက်တွင်း သူ့သားအမိခံလိုက်ရလေခြင်းဟု ရင်ထုမနာဟန်နှင့် ပက်ပက်စက်စက်ပြောသည်။
ရှက်စိတ်၊ ဝမ်းနည်းစိတ်ဖြင့်တနင့်တနဲငိုကြွေးခဲ့မိသော်လည်းကသစ် ကိုယ့်ကိုယ်ကိုယ် လိပ်ပြာလုံသည်။ ကသစ်သည်သို့ မဟုတ်ကြောင်း တစ် လောကလုံးမှ လူတွေ မသိသည့်တိုင် ကိုကိုသိသည်။ ကသစ်ချစ်ရလွန်း သောကိုကိုသိသည်။ ဒါဆိုလျှင်လုံလောက်ပါပြီ။
ကိုကိုက မကြာခဏ ဆေးရုံတက်ရပြီး ရောဂါကြောင့် အအိပ်ပျက်၊ အစားပျက်ဖြစ်ရာမှကသစ်တို့ဆိုင်ရောက်လာပုံ(ထိုစဉ်ကကသစ်တို့သည် ငွေကြေးအဆင်မပြေ၍ ကိုကို အစာကောင်းစွာ မစားရခြင်းဟု ထင်မြင်ခဲ့ ကြသည်။)ဝေဒနာကြောင့် တစ်ခါတစ်ခါ စိတ်ဓာတ်ကျဆင်းပြီးဖြစ်သလို နေခဲ့မိပုံများကိုနောက်ပိုင်းတွင် ပြန်ပြောပြသည်။ ကိုကို့တွင် ငွေမရှိဟုထင် ပြီးကသစ်ကစေတနာအပြည့်ဖြင့် ခြစ်ခြစ်ကုတ်ကုတ်စုထားသောငွေလေး
များပေးစဉ်ကကိုကိုနင့်နင့်နဲနဲခံစားခဲ့ရကြောင်းပြောပြသည်။
ကိုကို့ဘဝမှန်ကို ကသစ်အား ပြောပြရန် ကြံရွယ်သေးသော်လည်း တစ်ချိန်တွင် ကသစ်ကို လက်မထပ်ဘဲ ထားခဲ့ရသည့်အခါ သူဌေးသားမို့ သာမန်မိန်းကလေးကသစ်ကိုထားခဲ့သည်ဟု ထင်မြင်မှာစိုး၍လည်းကောင်း၊
ဂုဏ်ပကာသနကို အစွန်းရောက် အလေးထားတတ်သည့် ကိုကို့မိဘ များ၊ အထူးသဖြင့် တစ်ဇွတ်ထိုး မိခင်ကလည်း ဘယ်နည်းနှင့်မျှ ကသစ် နှင့် သဘောတူမည်မဟုတ်သည့်အတွက် ကသစ်စိတ်ထိခိုက်ရမည်ပင် ဖြစ် ၍ဖွင့်မပြောခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။
ကိုကိုသည် ရောဂါအခြေအနေအရ နောက်ဆုံးအချိန်များနှင့် နီးကပ် လာသည့်အခါ ကသစ်ကို လက်လွှတ်ရန် ရည်ရွယ်ခဲ့ကြောင်းနှင့် ကိုကို သေဆုံးသည့်အခါကိုကို့ကိုယ်ပိုင်ငွေသိန်းပေါင်းများစွာကိုကသစ်အတွက် လွှဲပေးရန် မူလကပင် ရှေ့နေနှင့် စီစဉ်ခဲ့ပြီး ဖြစ်ကြောင်းလည်း ပြောပြခဲ့ သည်။
ကသစ်မလိုချင်ပါ။ ကိုကို့အပေါ် မည်သည့်မျှော်လင့်ချက်မျှ မရှိဘဲ ရိုး သားသန့်စင်စွာ စိတ်ရင်းနှင့် ချစ်ခဲ့ခြင်းဖြစ်၍ ထိုငွေကြေးများကို ကသစ် မမက်မောပါ။
သို့သော် ဓနဂုဏ်မောက် အစွန်းရောက် အထင်များ လွဲမှားပြည့်နှက် နေသော ကိုကို့မိဘများနှင့် အသိုင်းအဝိုင်းကိုမူ ကသစ်မည်သို့ ရှင်းပြနိုင်ပါ အံ့နည်း။ မည်သို့ ယုံနိုင်ကြပါမည်နည်း။
ထိုစဉ်က ကိုကိုသည် ကသစ်ကို တရားဝင်လက်ထပ်ပြီးဖြစ်၍ ကသစ် နှင့်ခွဲ၍မနေနိုင်ပါ။ အကယ်၍ဖွတ်ခွဲလာခဲ့လျှင်ဆေးကုသမှုများအားလက် မခံတော့ပါဟု ပြတ်သားစွာ ရင်ဆိုင်ခဲ့သည်။ ကသစ်ကို မလွှဲမရှောင်သာ လက်ခံခဲ့ရသော ကိုကို့မိဘများ၏ သံသယအမုန်းတောင်ကြီးကို ကသစ် မည်သို့ထွင်းဖောက်နိုင်ပါအံ့နည်း။
“အမှန်တရားသည်ခရီးထွက်ရန်ဖိနပ်စီးနေခိုက်မုသာဝါဒမှာကမ္ဘာကို တစ်ပတ်ပတ်ခဲ့ပြီးဖြစ်သည်” ဟူသော စကားအတိုင်း ကသစ်၏ စိတ်ရင်း အမှန်တရားက ဖိနပ်စီးရန် ပြင်နေဆဲ၊ မဟုတ်မမှန်သော အတင်းအဖျင်း စကားတို့က ဝန်းကျင်အနှံ့ ကြေညာမောင်းခတ်ခဲ့လေပြီမို့-
ကိုကို့မိဘအသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင်၏ စကားတင်းဆိုမှုများ ကြားကသစ်မှာ မလူးသာမလွန့်သာမိနေခဲ့ရပါတော့သည်။
“ဝုတ်…ဝုတ်… အိုင်…အိုင်..”
ကသစ်ဖျတ်ခနဲ နိုးလာသည်။ သူမ မွေးထားသော ခွေးလေး ချော်ကို (Choco) ၏ ထူးဆန်းသော မာန်ဖီသံ၊ ဟောင်သံ၊ ညည်းသံတို့ကြောင့် ဖြစ်၏။ ကသစ်ခါတိုင်းလို အိမ်အလုပ်များပင် မလုပ်ဖြစ်ဘဲ ဆေးရုံမှ ပြန် ရောက်သည်နှင့် ထိုးအိပ်ခဲ့မိသည်။ ချော်ကို ဘာဖြစ်လို့လဲ … ။ တွေးရင်း ကသစ်က အိပ်ရာမှ ထလိုက်ပြီး အိပ်ခန်းတံခါးကို ဆွဲဖွင့်လိုက်၏။ “ဟဲ့….. ဘယ်လိုဖြစ် …”
သူမ၏ ခွေးညိုလေး ချော်ကိုသည် တံခါးပွင့်သည်နှင့် သူမကို အတင်း တိုးတိုက်ကာ အိပ်ခန်းထဲသို့ ဝင်ပြေးလာ၏။ ကုတင်ခြေရင်းတွင် ပြေးကပ် လျက် အခန်းဝသို့ လှမ်းကြည့်ကာ တဂီးဂီး ခပ်တိုးတိုးမာန်ဖီနေလေသည်။ ခွေးလေးတစ်ကိုယ်လုံးကလည်း တုန်ယင်နေကာ ကြောက်ကြောက်ရွံ့ရွံ့
ပုံစံဖြစ်နေ၏။
“ချော်ကိုလေး… ဘာဖြစ်တာလဲ”
ကသစ်က ချော်ကို့ဆီ ပြန်လျှောက်သွားလျက် ချော်ကို့ဘေးတွင် ဆောင့်ကြောင့် ထိုင်ချလိုက်ရင်း မေးလိုက်သည်။ ခွေးကလေးက ကသစ် ဆီသို့ ကြောက်ရွံ့တကြီးတိုးကပ်လျက်ရှိသော်လည်း ခွေးလေးမျက်လုံးများ က အခန်းဝကို လှမ်းကြည့်ကာ ထူးထူးဆန်းဆန်း အသံတစ်မျိုးဖြင့် ခပ်တိုး တိုး ညည်းတွားမာန်ဖီနေလေသည်။ ခွေးလေးကြည့်ရာ အခန်းဝကို ကသစ် ကလည်းလှမ်းကြည့်မိ၏။
“ဟင်”
အခန်းအပြင်ဘက် တံခါးဝအနီးတွင် ကိုကို့ကို ရိပ်ခနဲမြင်လိုက်ရသလို ရှိ၍ ကသစ်အံ့အားသင့်သွားသည်။ ကသစ်က တံခါးဆီသို့ အပြေးတစ်ပိုင်း ထသွားကာ အခန်းပြင်ကို ထွက်ကြည့်မိ၏။ အပြင်တွင် မည်သူမျှ မတွေ့။ သူမ… ဇဝေဇဝါဖြစ်သွားသည်။ ကိုကိုမှကိုကိုပါ။မနေ့ကငါလဲဝတ်ပေးခဲ့တဲ့ ရှပ်အင်္ကျီအနီကွက်နဲ့။
ဧည့်ခန်းဆီထိ မတင်မကျဖြင့်ပင် သူမ ဆက်ထွက်လာကာ ဟိုသည် ကြည့်မိသည်။ အင်းလေ…ကိုကိုကထမှမထနိုင်တဲ့ဟာ။ ဘယ်လိုလုပ်ဒီကို ရောက်လာမှာလဲ။ ငါ အမြင်မှားတာပဲနေမှာ။ ငါလည်း ရူးနေပြီလား မသိ တော့ဘူး။
ကသစ်က သက်ပြင်းတစ်ချက်ချလိုက်ရင်းထမင်းစားခန်းဆီလျှောက် သွားသည်။ရေခဲသေတ္တာတွင်းမှရေတစ်ဘူးကိုဆွဲထုတ်လျက်တစ်ဖန်ခွက် မှဲ့ထည့်လိုက်ပြီး မော့သောက်လိုက်၏။ အေးစက်သော ရေသည် သူမ၏ လည်ချောင်းအတွင်း အအေးမြောင်းတစ်ခုနှယ်ဆင်းသွားသည်။
မနက်ရှစ်နာရီခန့်က ဆေးရုံမှ ပြန်ရောက်ပြီး ကသစ်ထိုးအိပ်သွားခဲ့ သည်။ စိတ်ပန်းကိုယ်ပန်းနှင့် အထီးကျန်နေ့ညပေါင်းများစွာကို ကသစ် တစ်ယောက်တည်း ချည့်နဲ့နဲ့ ဖြတ်သန်းနေရသည်မှာ လပေါင်းအတန်ကြာ ခဲ့ပြီ။
ကိုကို “ကိုမာ”ဝင်ပြီးဆေးရုံတင်ရသည့်နောက်ပိုင်း ဤကွန်ဒိုသို့ ကသစ်ပြောင်းနေခဲ့သည်။ သူမတို့ထံ ကိုကို့မိဘများ ရောက်လာပြီးနောက် ကိုကို့အိမ်သို့ ကသစ်လိုက်လာခဲ့ရ၏။ ကိုကို့မိဘများက ကသစ်ကို မကြည် ဖြူဟန်ပြသည့်တိုင်ရောဂါသည်ကိုကို့ကိုငဲ့၍လားမသိ။ကသစ်အားလက်ခံ ခဲ့ပါသည်။ သို့သော် လိုအပ်မှသာ မဖြစ်မနေမှသာ ကသစ်ကို စကားပြော သည်။ ကိုကို့မိဘများက ဥပက္ခောပြုသော်လည်း ကိုကိုတံတိုင်းကြီးရှိနေ၍ ကသစ်သည်းခံနိုင်၊ နေနိုင်ခဲ့ပါသည်။
ကိုကို့ကိုကုလက်စအင်္ဂလိပ်ဆေးများအပြင်ကိုကိုနှင့်တိုင်ပင်၍နယ်မှ
နာမည်ကျော် မြန်မာသမားတော် တိုင်းရင်းဆေးဆရာကြီးနှင့်လည်း ကုစေ သည်။ မိဘများက ဆရာဝန်နှင့် ကုသစေခြင်းကိုလည်း ဆရာကြီးအား
ပြောပြသည်။ကံကောင်းသည်ကထိုမြန်မာတိုင်းရင်းဆေးဆရာကြီးဦးမြတ် ကျော်နှင့် ကိုကို့ကို လက်ရှိကုသနေသော ဆရာဝန်ကြီး ဒေါက်တာအေး သောင်သည် နဂိုကပင် သိကျွမ်းရင်းနှီးခင်မင်နေခဲ့ပြီး ဝေဒနာရှင်များ၏ ဆန္ဒအရမကြာခဏပင် အတူညှိနှိုင်း၍ပူးတွဲကုသလေ့ရှိခြင်းပင်ဖြစ်သည်။
ထို့ကြောင့်ကာယကံရှင်ကိုကို့ဆန္ဒအတိုင်းဆရာကြီးနှင့်ကုသခြင်းကို ဆရာဝန်ကြီးက လက်ခံခဲ့ပါ၏။ ကိုကို့မိခင်၏သားချစ်စိတ်ဖြင့် တစ်ဖက်စွန်း ရောက်တတ်မှုကိုလည်း သိရှိထားသောကြောင့် ထိုသို့ မြန်မာတိုင်းရင်း ဆေးနှင့် ကုသနေခြင်းကို မိဘများအား လျှို့ဝှက်ထားပေးပါရန် ကိုကိုက တောင်းဆိုတော့လည်း ဆရာဝန်ကြီးက လက်ခံခဲ့ပါသည်။ အင်္ဂလိပ်ဆေးကိုမထိခိုက်စေဘဲတိုင်းရင်းဆေးနှင့်ပါကိုယ်ခံအားပြည့် အောင်တိုင်ပင်ကုသနိုင်ခဲ့သဖြင့်ကိုကို့ရောဂါကလက်ရှိတွင်မပျောက်ကင်း နိုင်သည့်တိုင် အရင်ကထက် ရောဂါဒဏ်ခံရချိန်များ အနည်းငယ်ခြားလာ သည်။ ရောဂါကြောင့် မကြာခဏ နေမကောင်းဖြစ်လေ့ရှိသော ကိုကိုသည် ထိုသို့ ကုသနေပြီး နောက်ပိုင်း နေမကောင်းဖြစ်ကြိမ် အတန်ခြားခဲ့ပါ၏။ ကသစ်နှင့်ကိုကိုမှာ တစ်ချိန်တွင် ရောဂါရှင်းရှင်းပျောက်သွားနိုင်လေမည် လားဟု မျှော်လင့်မိခဲ့ကြကာဝမ်းသာခဲ့ကြရသည်။
သို့သော် ထိုဝမ်းသာမှုလေးက ကြာရှည်မခံလိုက်ပါ။ တစ်နေ့ ကသစ် မြန်မာတိုင်းရင်းဆေးဆရာကြီးထံ ဆေးသွားယူပြီး ပြန်အလာ အိမ် အရောက်တွင် သတင်းဆိုးကို ကြားလိုက်ရပါတော့သည်။ ကိုကိုသည် ရုတ် တရက် တက်ပြီး သတိမေ့သွားရာမှ ဆေးရုံသို့ အရေးပေါ်တင်လိုက်ရသည် ဆိုသော သတင်းဖြစ်ပါ၏။
အတော်ကြီးကျန်းမာလာခါမှ ရုတ်တရက်တက်သည်ဆို၍ ကသစ် အံ့အားသင့်ရသည်။ ကိုကိုရှိရာဆေးရုံသို့ ကသစ်အပြေးအလွှား ရောက် သွားချိန်တွင်ကား ပြဿနာကြီးထွားနှင့်လေပြီ။ ကိုကို့အား မြန်မာတိုင်းရင်း ဆေးဆရာကြီးနှင့် ကသစ်တို့ ကြိတ်ကုသနေခြင်းကို ကိုကို့မိဘများ သိရှိ သွားခဲ့သည်။ ယခုလို ကိုကိုရုတ်တရက် သတိမေ့တက်ခြင်းမှာ ယခင် ကလည်း အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးသော်ငြား ခုတစ်ခေါက်မူ ကသစ်က ဖြား ယောင်းပြီး တိုင်းရင်းဆေးနှင့် ကုစေခြင်းကြောင့် အင်္ဂလိပ်ဆေး၊ တိုင်းရင်း ဆေးဆေးစုံ၍ဖြစ်ရသည်ဟု ကိုကိုမိဘများက စွပ်စွဲတော့သည်။
အကြောင်းစုံသိသော ဆရာဝန်ကြီးက ကိုကိုကိုယ်တိုင် ဆရာဝန်ကြီး အား တိုင်ပင်ပြီးမှ ကိုကို့ဆန္ဒအရ ထိုတိုင်းရင်းဆေးဆရာနှင့် ကုသခြင်းဖြစ်
ပါကြောင်း၊ တိုင်းရင်းဆေးဆရာကြီးမှာလည်း အမှန်တကယ် တတ်ကျွမ်း နားလည်သော သမားကောင်းဖြစ်ပြီး ဆရာဝန်ကြီးနှင့် ယခုလိုပင် လူနာကို ပူးတွဲတိုင်ပင်ကုသပေးကြရာမှ လူနာအများ ပျောက်ကင်းချမ်းသာရာရ ကြကြောင်းရှင်းလင်းပြောပြသဖြင့် ကသစ်သက်သာရာရခဲ့ဖြစ်ပါ၏။
သို့သော်ကံဆိုးစွာဖြင့် ကိုကိုသည် ထိုမှစ၍ သတိလုံးဝပြန်လည်မလာ တော့ဘဲ“ကိုမာ” ဝင်သွားခဲ့ရပါတော့သည်။ ကိုကို့ဆန္ဒအရဟုဆရာဝန်ကြီး ကိုယ်တိုင်ပြောပြခဲ့သဖြင့် ကိုကို့မိဘများက ကသစ်ကို အပြစ်မဆိုသာ တော့သော်လည်း နဂိုမကြည်လင်စိတ်ဖြင့် ကိုကို “ကိုမာ” ဝင်သွားခဲ့ရ သည်မှာကသစ်ကြောင့်ဟု ဇွတ်မြင်ကာ ကသစ်ကိုပြောင်ပြောင်တင်းတင်း ပင် ပို၍မုန်းတီးခဲ့ပါတော့သည်။
ကသစ်မျက်နှာကို မမြင်လို မကြည့်လိုပါဆိုသဖြင့် မြန်မာဆရာနှင့် ဆေးကုရန် ကိုကိုနှင့် ကသစ်အေးအေးဆေးဆေး နားနေနိုင်ရန် ကိုကို တိတ်တဆိတ်ဝယ်ထားခဲ့သော ဤကွန်ဒိုသို့ ကသစ်ပြောင်းလာနေခဲ့ရခြင်း ဖြစ်ပါသည်။ ကိုကို့မိဘများနှင့်လည်း မဆုံရအောင် ကသစ်မှာ ညတွင်သာ ကိုကို့ထံသွားခွင့်ရခဲ့ပါ၏။
ကသစ် စိတ်ထွေထွေနှင့် ဟိုသည် အတွေးပွားနေမိရာမှ သက်ပြင်း မောကြီး ရှိုက်လိုက်ရင်း ရေဘူးကို ရေခဲသေတ္တာနှင့် ပြန်ထည့်ကာ ထမင်း စားခန်းမှ အိပ်ခန်းဆီသို့ ပြန်လျှောက်လာသည်။
“ရှပ် .. ရှပ် .. ရှပ် ….”
“ဟင်…”
သူမနောက်မှ ခြေသံကြောင့် ကသစ်ချာခနဲ လှည့်ကြည့်မိသည်။ မရှိ။ ဘာမျှမရှိ။ သို့သော် ကိုကိုသုံးနေကျ Gucci ရေမွှေးနံ့ကို စူးခနဲရလိုက် သည်။ အံ့အားတသင့်ဖြင့် သေချာရပ်ပြီး အနံ့ခံတော့ မရတော့ပြန်။ ကသစ် စိတ်တွေ တစ်မျိုးကြီး ဖြစ်လာသည်။ ဒီနေ့မှ ကိုကို့ကို ဘာလို့ ခဏခဏ သတိရနေမိတာပါလိမ့်။
ကသစ်က အိပ်ခန်းဆီဆက်လျှောက်လာ၏။ အခန်းတံခါးကို ဆွဲဖွင့် ကာ အတွင်းသို့ ဝင်လိုက်သည်နှင့် ကုတင်ဘေးတွင် ကပ်၍ ကုပ်နေသော ခွေးလေးချော်ကိုကဂီး..ခနဲချက်ချင်းမာန်ဖီကာခေါင်းထောင်ထလာသည်။ ကသစ် ယခုမှ တွေးမိ၏။ ခါတိုင်း ကသစ်ဘယ်သွားသွား ကသစ်သွားသည့် နေရာတိုင်း နောက်မှ တကောက်ကောက်လိုက်လေ့ရှိသော ချော်ကို။ ယခု ကသစ်နောက်လိုက်မလာဘဲအခန်းထဲတွင်သာ ကျန်နေရစ်ခဲ့ပါကလား။
“ကလစ်”
နောက်ဘက်တံခါးလော့ခ် (Door Lock) မှ ချက်မြည်သံကြောင့် ကုတင်ဆီလျှောက်လာသော ကသစ် တအံ့တဩ လှည့်ကြည့်မိပြန်သည်။ တံခါးလက်ကိုင်ဘုက တစ်ယောက်ယောက်ဆွဲကိုင်လှည့် ပိတ်လိုက်သလို လည်ပြီး ပိတ်သွားသည်ကို ရိပ်ခနဲမြင်လိုက်ရ၏။ ဟာ…မဖြစ်နိုင်တာ။ ငါ.. ဘာတွေဖြစ်နေတာလဲ။ ငါ အမြင်မှားတာလား။
အို … တစ်ခန်းလုံး ကိုကို့ရနံ့တွေရနေပါလား။ ကိုကိုရေချိုးခန်းမှ ထွက် လာလျှင် ရသော Shower Cream (ရေချိုးဆပ်ပြာ) နံ့၊ ခေါင်းလျှော်ရည် နံ့၊ နောက် … ကိုကိုသုံးနေကျ Hair Coat ခေါင်းလိမ်းဆီနံ့၊ ရေမွှေးနံ့။ အို … အို…အခန်းထဲမှာ ကိုကိုရှိနေတဲ့အတိုင်းပါပဲလား။
ထိုစဉ် ကိုကို၏ အသုံးအဆောင်ပစ္စည်းများတင်ထားသော သုံးထပ် ဆင့်ဗီရိုစင်သေးအပေါ်ဆုံးမှ ကိုယ်လိမ်းပေါင်ဒါဘူးလေးက ရုတ်တရက် လဲ ကျကာ အောက်သို့ လိမ့်ကျလိမ့်ဆင်းသွားသည်။
“ဒေါက်…ကလောက်…ကလောက်…ကလောက်”
ပေါင်ဒါဘူးက အောက်ကျလျက် အဖုံးမပွင့် မဖိတ်ပါဘဲ ပေါင်ဒါနံ့တို့ ဖြင့် တစ်ခန်းလုံး မွှေးကြိုင်သွားပြန်၏။
“ကသစ် … တကယ်လို့ ကိုကိုသေသွားရင်လေ …ကသစ်ကို ကိုကိုက အမွှေးနံ့တွေပဲပေးမယ်နော်”
“ဟာ…ကိုကိုကလည်း… ဘာတွေ လျှောက်ပြောနေတာလဲ။ နမိတ်
မရှိ နမာမရှိ”
“ဟား… ဟား…ဟား.. တကယ်ပြောတာ။ ကသစ်သိသာအောင် ဟောဒီပေါင်ဒါဘူးလေးကိုလည်း အောက်ပစ်ချပြီး တစ်ခန်းလုံးမွှေးနေ
အောင်”
ကသစ်တစ်ကိုယ်လုံး တုန်သွားသည်။ ကိုကိုအိမ်တွင် ရှိစဉ်က ရေချိုး အပြီး ပေါင်ဒါလိမ်းရင်း ကသစ်အား ကိုကိုရယ်မောနောက်ပြောင်ခဲ့ဖူးသည့် အဖြစ်ကိုကသစ်ဗြုန်းခနဲ သတိရမိလိုက်၍ဖြစ်သည်။
“အို… ဘုရား… ဘုရား…..ကို….ကိုကို..ကိုကို…”
ကသစ်သတိလက်လွတ်ပင် ကိုကို့ကို ကျုံးအော်တလိုက်မိလေသည်။
“လုပ် … လုပ်ပါဦးဆရာ … သား … သားလေး … ဘာ … ဖြစ်.. ဘာဖြစ်
တာလဲ…ဟင်…”
“တီ”
600
နှလုံးခုန်စက်ဆီမှ“တီ” သံရှည်ဆွဲသံထွက်လာ၏။ “တီ” သံရှည်နှင့် အတူ သွေးခုန်နှုန်းအလိုက် ဖြစ်ပေါ်နေသော လှိုင်းတွန့်လိုင်းများ ပျောက် သွားလျက်မျဉ်းဖြောင့်တန်းရှည်ကိုသာတွေ့နေရသည်။
ဆရာဝန်ကြီးသည် လူနာ၏ နှလုံးနေရာကို လက်နှစ်ဖက်ယှက်ကာ ဖိ ၍ ဖိ၍ နှလုံးခုန်အောင် အရေးတကြီးကြိုးပမ်းနေသည်။ အစိမ်းဝတ်စစ္စတာ၊ အနီ အပြာဝတ် သူနာပြုဆရာမလေးများက အနားတွင် ထိတ်ထိတ်ပျာပျာ ဝိုင်းလျက် ။ ဆရာဝန်ညွှန်ကြားသည့်အတိုင်း အရေးပေါ်ဆေးထိုးရန် ပြင်သူ ပြင်နှင့် ရှုပ်ယှက်ခတ်နေကြတော့သည်။
“ဝုန်း”
တစ်စုံတစ်ယောက်က အခန်းတံခါးကို ဝုန်းခနဲဖွင့်ကာ အပြေးတစ်ပိုင်း ဝင်လာသည်။ ဆရာမအချို့နှင့် ဦးမိုးဟန်၊ ဒေါ်တင်တင်မာတို့က အလန့် တကြားလှည့်ကြည့်ကြ၏။ကျန်ဆရာမအချို့နှင့်ဆရာဝန်ကြီးကမူတစ်ချက် သာ လှမ်းကြည့်ပြီး လူနာနှင့် ဆက်၍ အလုပ်ရှုပ်နေသည်။ ဒေါ်တင်တင်မာ
၏မျက်နှာက ရုတ်ခြည်းပင် တင်းမာသွားသည်။
“ညည်းက..ဘာလို့..ရောက်လာရတာလဲ။ငါ့သား…အရေးပေါ်အခြေ အနေဖြစ်နေတာ ညည်း.. ဘယ်လိုသိပြီး ….။ ဘာလဲ .. သားသေပြီထင်လို့
လား”
ငိုရှိုက်နေရင်းမှခပ်ရွဲ့ရွဲ့ပြောလိုက်သောယောက္ခမ၏လေသံတင်းတင်း
က စူးထွက်လာသည်။ ကသစ်သည် ယောက္ခမဖြစ်သူ ဒေါ်တင်တင်မာ၏ မေးသံရင့်ရင့်ကိုမဖြေနိုင်။အပြည့်အစုံလည်းမကြား။ကုတင်ပေါ်မှကိုကိုနှင့် ကိုကို့ဘေးတွင် ဝိုင်းကာ ဆရာဝန်၊ ဆရာမများက အရေးပေါ်ပြုစုနေသည် များကိုသာ စိုးရိမ်တကြီး မျက်ဝန်းများနှင့် အထိတ်တလန့်ကြည့်နေမိလေ သည်။ ယောက္ခမများ ပြန်ချိန် ညရှစ်နာရီဝန်းကျင်လောက်ကျမှ ကိုကို့ထံ
လာခွင့်ရသောကသစ်တစ်ယောက်ယခုလိုနေ့လယ်တစ်နာရီခန့်တွင်ဆေး ရုံသို့ဗြုန်းစားကြီးရောက်လာသဖြင့် ယောက္ခမက မကျေမလည်ပြောလိုက်
ခြင်းဖြစ်ပါ၏။
သူမရောက်လာခြင်းက ကိုကိုခေါ်၍ဖြစ်ပါသည်။ “ကသစ်…ကိုကို့ဆီ…အခုလာပါ။ကိုကိုသွားတော့မယ်ကသစ်။ကိုကို
မသွားခင် ကသစ်လာမှ ဖြစ်မယ်”
ကိုကို၏ အငွေ့အသက်များနှင့် ကိုကိုပြောခဲ့။ နောက်ပြောင်ခဲ့ဖူးသော အခြေအနေများအတိုင်း တွေ့နေရခြင်းကြောင့် ကသစ်စိတ်များ ရှုပ်ထွေး လာသည်။ ကိုကို့ကိုလည်း စိတ်ပူပန်သွားမိခဲ့၏။ ထိုစဉ်မှာပင် ကသစ် ယခု ပင် လာရန် ခေါ်နေသော ကိုကို့အသံကို ကသစ်ကြားလိုက်ရသည်။ ကိုကို့ အသံက တကယ်ပဲ ထွက်နေသည်လား။ ကသစ်စိတ်ထင်လားတော့ မသိ။ ကသစ်နားထဲ ကိုကို့ခေါ်သံကိုသာ ထပ်တလဲလဲ ကြားယောင်နေမိလေ သည်။ထို့ကြောင့်ဘာကိုမျှမစဉ်းစားနိုင်တော့ဘဲဆေးရုံသို့ကသစ်ချက်ချင်း
ပြေးလာမိခဲ့ခြင်းဖြစ်ပါ၏။
“ဟင်း…”
ဆရာဝန်ကြီးထံမှ သက်ပြင်းသံကျယ်ကြီးကြောင့် ကသစ်ကို လှည့် မေး လှည့်ပြောနေသော ယောက္ခမများမှာ ဆရာဝန်ကြီးထံ အာရုံရောက် သွားကြသည်။
“ဒေါက်…ဒေါက်တာ…သားသား”
လူနာ၏ ရင်ဘတ်ကို ဖိကာ ဖိကာဖြင့် နှလုံးခုန်အောင် .. ကြိုးပမ်းနေ သော ဆရာဝန်ကြီးက လူနာအနီးမှခွာကာ မတ်မတ်ပြန်ရပ်လိုက်သဖြင့် ဒေါ်တင်တင်မာကပူပန်တကြီး မေးလိုက်ခြင်းဖြစ်သည်။
ဆရာဝန်ကြီးသည် လူနာရှင်များ၏ မျက်နှာကို စိတ်မသက်မသာဟန် နှင့် ဝေ့ကြည့်လိုက်၏။ စောစောက လူနာဘေးတွင် ဝိုင်းနေသော သူနာပြု ဆရာမများသည်လည်း ထိုနည်းအတိုင်း ဝိုင်းကြည့်လိုက်ကြပြီး စကား တစ်စုံတစ်ရာ မဆိုဘဲ အခန်းထဲမှ အလျှိုလျှိုထွက်သွားကြလေသည်။
ကသစ်အပါအဝင် ကိုကို့မိဘများသည် အခြေအနေကို မြင်နေရသည့် တိုင် ကျောက်ရုပ်လို အကြောင်သား ရပ်လျက် ဟိုကြည့်သည်ကြည့် ဖြစ် နေမိကြ၏။
“ဒေါက်တာ…သား”
“သား… သား……”
“ကိုကို… ဘုရား… ဘုရား…ကိုကို”
ယောက္ခမများနှင့် ကသစ်၏နှုတ်မှ မဆုံးသော ဝါကျဖြင့် တုန်တုန်လှုပ် လှုပ် မေးသံကိုယ်စီခပ်တိုးတိုးထွက်လာသည်။ ဆရာဝန်ကြီးက ခေါင်းကို ညင်သာစွာယမ်းရင်း စိတ်ထိခိုက်သော မျက်နှာဖြင့် –
“စိတ်မကောင်းပါဘူးဗျာ…မောင်မင်းခန့်ကို… ဆုံး.. သွားခဲ့ရှာ”
“အမလေး… သားရဲ့”
“သားသား”
“အင်.ဟင့်..”
သုံးယောက်လုံး၏ ငိုရှိုက်သံများ စီခနဲထွက်လာ၏။ နောက် .. လူနာ ကုတင်ဆီသို့ အပြေးတစ်ပိုင်း ချဉ်းကပ်မိကြသည်။
“ဝုန်း…” “ဟင်…”
ကသစ်တို့က ကိုကို့ကုတင်ဆီတိုးကပ်အလာ ခုတင်ဘေးတွင် ရပ်ကာ ကိုကိုနှင့် . ဆက်သွယ်ထားသော စက်ကိရိယာကြိုးများ၊ ဒရစ်ပိုက်များ
စသည်ကို ဖြုတ်သိမ်းနေသော စပယ်ရှယ်နပ်စ်မလေးသည် ရုတ်တရက် ဝုန်းခနဲ လဲပြိုကျသွား၏။ အနီးဆုံးတွင် ရောက်နေသော ဒေါ်တင်တင်မာက လဲကျသွားသော နပ်စ်မလေးကို အလန့်လန့်အဖျပ်ဖျပ်နှင့် အမှတ်မဲ့ ဆွဲထူ ပေးရန် ဟန်ပြင်လိုက်စဉ် ဆရာမလေးသည် သူ့ဘာသာပင် ဆတ်ခနဲ ထ ထိုင်လိုက်သည်။ နောက်…ကသစ်တို့လူစုဘက်သို့လည်းချာခနဲလှည့်လာ လေသည်။
ဆရာမ၏ထူးထူးဆန်းဆန်းအပြုအမူကြောင့် ဆရာဝန်ကြီးနှင့်ကသစ် တို့အားလုံး အံ့အားသင့်ကာ ဆရာမလေးကို ဝိုင်းကြည့်မိကြ၏။
အို … ဆရာမလေးရဲ့ … မျက် …. မျက်လုံး .။ ဆရာမ၏ မျက်လုံးအစုံ သည်ပွင့်လျက်သားရှိနေသော်လည်းအရွေ့အလျားမရှိ၊ထူးခြားစွာကြောင်
ကြောင်ကြီး ဖြစ်နေ၏။
“အို….” “ဟာ..” “ဟင်…”
ဆရာမ၏ နှုတ်မှ ထွက်လာသော အသံသည် ဆရာမ၏ အသံ၊ မိန်းမ သံမဟုတ်ဘဲယောက်ျားသံဖြစ်နေသည်။ ယောက်ျားသံမှ ကိုကို့အသံ။ ကသစ်မှာဆရာမလေးကိုအံ့ဩမှင်တက်မိစွာစူးစူးကြီးစိုက်ကြည့်နေ
မိတော့သည်။ အားလုံးမှာလည်း ထိတ်လန့်အံ့အားသင့်လျက် ….။
“မေမေ … သား ခုလိုဖြစ်ရတာ … ကသစ်ကြောင့် မဟုတ်ပါဘူး။ သား ဆေးမှားသောက်ခဲ့လို့ဖြစ်တာပါ”
ဆရာမလေးနှုတ်မှ ကိုကို့အသံဖြင့် ထူးဆန်းစွာ ပြောဆိုနေပုံကို အံ့ဩ တကြီး ဖြစ်ကာ အားလုံးငေးကြည့်နေခိုက် ထပ်မံပြောလိုက်သော စကား ကြောင့် ပို၍အံ့အားသင့်သွားကြရသည်။
“ဘယ် … ဘယ်လို… ဆေးမှားသောက်တယ်…ဟုတ်လား” ဒေါ်တင်တင်မာက အံ့ဩတကြီး ပြောလိုက်ရင်း မသက်သာသော မျက်လုံးအကြည့်က ကသစ်ထံဝဲခနဲရောက်လာသည်။
“ဘယ်လို… သား… သားကို… ဘယ်… ဘယ်သူ… တိုက်တာလဲ”
ကိုကို့ဖခင် ဦးမိုးဟန်က ထပ်မေးလိုက်၏။ သူတို့အားလုံးသည် တွေ့ ကြုံနေရသော အကြောင်းအရာ အဖြစ်အပျက်အပေါ် စိတ်ဝင်စားလွန်း၍ ခေါင်းကြီးငုံ့ကာ ကိုကို့အသံဖြင့် ပြောနေသူ ဆရာမလေး၏ အဖြစ်ကိုပင် သတိမရကြတော့။
“ဟီး.. ဟင့် .. ဟင့် .. မင်း .. မင်းမိန်းမ .. မင်း .. မိန်း…မ တိုက်တာ လား … ဟင်၊ ဟင် .. သူ … လုပ်တာမို့လား… ဟီး… ဟင့် … သူက … ငါ့သား ကိုသေအောင်… ခု… ခုလို ဖြစ်အောင် … ဟင့် ..ဟင့်…ဟီး” ဒေါ်တင်တင်မာက ဟီးခနဲငိုချလိုက်ရင်း ရှိုက်ငင်လျက် ပြောလိုက်
သည်။
000
“မဟုတ်ပါဘူး မေမေ။ သားသတိပြန်လည်မလာတော့တာ တက်နေတုန်းကသောက်တဲ့ဆေးကြောင့်ပါ”
–
သား
ဒေါ်တင်တင်မာ မျက်လုံးဝိုင်းသွားသည်။ သား .. တက်နေတုန်းက တဲ့ လား။ သား ရုတ်တရက် ဝက်ရူးပြန်သကဲ့သို့ တက်သွားစဉ် အိမ်တွင် သား ဖခင်ဦးမိုးဟန်လည်းမရှိ။ ချွေးမ ကသစ်စံကလည်း အပြင်သွားနေသည်။ သူမနှင့် အိမ်ဖော်များသာရှိ၏။ ထမင်းစားခန်းထဲက ဒုန်းခနဲ အသံကြားရ၍ ဒေါ်တင်တင်မာပြေးဝင်သွားတော့ သားသည် ထမင်းစားပွဲအနီးတွင် လဲကျ လျက် တက်နေသည်ကို တွေ့ရသည်။ သားသည် ရောဂါကြောင့် အရင်က လည်း သည်သို့ မကြာမကြာတက်တတ်သည်။ ယခုနောက်ပိုင်းတော့ အတက်ကျဲသွား၏။
ထိုသို့ ရုတ်တရက်တက်လျှင် အတက်ကျအောင် ပြုလုပ်ရန် ရှေးဦးသူ နာပြုစုနည်းကို ဆရာဝန်ကြီးက သင်ကြားပေးထားသဖြင့် ဒေါ်တင်တင်မာ > ထိုနည်းအတိုင်း ပြုစုပေးခဲ့သည်။ ပြီးနောက် အတက်ကျသွားသည်နှင့် တိုက်ရမည့်ဆေးကို သူမတိုက်ခဲ့၏။
သား…တက်နေတုန်းကဆိုတော့…ဟင်… ဘုရား… ဘုရား ….။ ငါ..ငါ တိုက်ခဲ့တဲ့ ဆေးကြောင့်များလား…။ ဟင့်အင်း မဖြစ်နိုင်ပါဘူး။ အဲဒီဆေးက
သားတက်တဲ့အခါတိုင်း တိုက်ရတဲ့ တိုက်နေကျဆေးပဲဟာ။ ဆရာဝန်ကြီးပဲ တိုက်ခိုင်းထားတဲ့ဥစ္စာ …။
ဒေါ်တင်တင်မာ မျက်မှောင်ကြုတ်ကာ တအံ့တဩစဉ်းစားနေမိဆဲ … “ဟင်…ဒါ….ဒါဆို..ကိုကို..
ဟိုအရင်…ကိုကိုအတက်ကျတော့တိုက် ရတဲ့ ဆေးအဝါလုံးလေးတွေ … မေမေ .. တိုက် … တိုက်လိုက်…တာလား..
ဟင်”
ကသစ် ထိတ်ထိတ်ပျာပျာ ဝင်မေးလိုက်မိ၏။ ဒေါ်တင်တင်မာက ကသစ်ကို ဇဝေဇဝါလှည့်ကြည့်ရင်း။
“ဟုတ်တယ်လေ … ထမင်းစားခန်း Kitchen Cabinet အပေါ်ဆင့် ဗီရိုထဲက ဆေးလေ၊ အရင်ကလည်း တက်ရင် တိုက်နေကျဆေး” “အို…ဘုရား..ဘုရား ..” ကသစ်ယိုင်သွား၏။
“အော် … ဖြစ်ရလေဗျာ… ဒါကြောင့်ကိုး….”
ဆရာဝန်ကြီးထံမှလည်း အာမေဍိတ်စကားသံထွက်လာသည်။ ဦးမိုး ဟန်က ဇနီးနှင့် ကသစ်ကို တစ်လှည့်စီ နားမလည်သလို ကြည့်နေသည်။ ကသစ်မှာ ရင်ထဲဆို့နေပြီး စကားမပြောနိုင်တော့ဘဲမျက်ရည်များသာ ပိုးပိုး ပေါက်ပေါက် ကျလာသည်။ ဆရာဝန်ကြီးက သက်ပြင်းတစ်ချက် ချလိုက် ပြီး-
“အဲဒီဆေးက အရင် မောင်မင်းခန့်ကို တက်ရင် တိုက်ရတဲ့ဆေး မှန်ပါ တယ်။ ဒါပေမဲ့ အခု … ကျွန်တော်တို့က စောစောက ပြောခဲ့သလို မောင်မင်း ခန့် ဆန္ဒအတိုင်း၊ တိုင်းရင်းဆေးနဲ့ပါ တွဲကုနေတော့ ကျွန်တော်လည်း ဆေး ညွှန်းပြောင်းကုခဲ့တယ်။ ဒါကြောင့် အရင်က တိုက်ရတဲ့အဲဒီဆေးက နောက် ကုထုံးဆေးတွေရဲ့ အာနိသင်ရဲ့ မတည့်တာကြောင့် အဲဒီဆေးကို ဆက် မတိုက်ဘဲ ရပ်လိုက်ဖို့ ကသစ်ကို ညွှန်ကြားခဲ့ပါတယ်။
ဘာလို့လဲ ဆိုတော့ ဆေးတွေချင်း ဓာတ်မတည့်လို့ အခန့်မသင့်ရင် အခုလို “ကိုမာ” ဝင်သွားနိုင်တာကြောင့်ပါ”
ဆရာဝန်ကြီးက ရှင်းပြနေရင်းကသစ်ဘက်သို့ လှည့်ကာ-
“နေပါဦး… သမီးကသစ်ကို အဲဒီဆေးတွေ ဖယ်ပစ်လိုက်ဖို့ ဆရာပြော ခဲ့တယ်မို့လား… မသိရင်ယူသောက်မိမှာစိုးလို့လေ”
က
“ဟင့် .. ဟင့် .. ဟုတ် ..ဟုတ်……ဆရာ…ကသစ် … ဆေးဗီရိုထဲ
အဲဒီဆေးကို က . ဘယ်လို
ရှိနေတာ ကသစ် ဟင့်..ဟင့်..”
ဖယ်ပြီး
ဟို
လွှင့်ပစ်ခဲ့ပါတယ်။ ဘယ်လို ကတ်ဘိနက်ထဲမှာ .. အဲဒီဆေး
မသိ မသိလို့ မဖယ်မိ
ဒေါ်တင်တင်မာ မိုက်ခနဲဖြစ်သွား၏။ သူမတို့သည် သားသောက်ရမည့် ဆေးမှန်သမျှ ဆေးဗီရိုထဲတွင်သာ အစုံထည့်ထားလေ့ရှိသည်။ ကတ်ဘိ နက်ဗီရိုထဲတွင်ထိုဆေးထည့်ထားမိသူမှာ သူမကိုယ်တိုင်ဖြစ်ပါ၏။ဆေးဗီရို က အပေါ်ထပ် အိပ်ခန်းများအပြင် နံရံကပ်ဗီရိုတွင် ရှိရာ အရေးကြုံလျှင် အပေါ်တက်ယူမနေရဘဲ လွယ်လင့်တကူ သောက်နိုင်ရန်အတွက် အောက် ထပ် ထမင်းစားခန်း ကတ်ဘိနက် ဗီရိုထဲတွင် သူမက လိုလိုမည်မည် ဝယ် ထည့်ထားခဲ့သည်။ ယင်းကို သူမ၏ ချွေးမလည်း သိမည်မဟုတ်ပါ။ သူမက ဆေးပုလင်းထည့်ထားကြောင်းမည်သူ့အားမျှလည်းမပြောလိုက်မိပါ။ သားကသည်သို့မြန်မာတိုင်းရင်းဆေးနှင့်ပါတွဲ၍ကုသနေခြင်းကိုမသိ
သဖြင့် ဆရာဝန်ကြီးဆေးညွှန်းပြောင်းကုနေခြင်းကိုလည်း သူမတို့ မသိခဲ့။ ထိုသို့ ပူးတွဲကုသမှုကြောင့်မှန်း သူမတို့ မသိခဲ့သော်လည်း ကသစ်နှင့် လက်ထက်ပြီးနောက်ပိုင်း သားရောဂါအတော်သက်သာလာခဲ့သည်ကို တော့ သတိထားမိသည်။ အတက်လည်း ကျဲသွားခဲ့ပါ၏။ ဖြစ်ချင်တော့ ထိုနေ့ကမှ-
ထို့ကြောင့် ဖြစ်သည့်နေ့က မတက်သည်မှာ ကြာနေပြီဖြစ်သော သား ဖြစ်သူ ရုတ်တရက်တက်သောအခါ သူမကိုယ်တိုင် ထိုဆေးကို ခါတိုင်းလို တိုက်လိုက်မိခြင်းဖြစ်လေသည်။
“ဟင့် … ဟင့် … ကသစ် … ကသစ်ကလည်း အဲဒီဆေးနဲ့ မတည့်တာ မေမေ့ကိုမပြော…မိဘူး..ဟင့်..ဟီး”
ကသစ်အသံက ဆို့နင့်သွားသည်။
ကိုကို“ကိုမာ”မဖြစ်ခင် အိမ်တွင် ရှိစဉ်က ဆရာဝန်ကြီးနှင့် တိုင်ပင်ကာ တိုင်းရင်းဆေးနှင့်ပါ ကုသနေခြင်းကို ကိုကိုက မိဘများအား မသိစေခြင်း ကြောင့် ကသစ်ကလည်း ကုထုံးသစ်နှင့် ထိုဆေးဓာတ်မတည့်၍ မတိုက် ကျွေးရန် ယောက္ခမများကို မပြောဖြစ်ခဲ့။ နောက်ပြီး ကိုကို့ကို ဆေးတိုက်ရန် ကိစ္စအားလုံး ကသစ်ကသာ နေ့စဉ်ဆောင်ရွက်နေကျဖြစ်၍ ပြောရန် မလို ခြင်းကြောင့်လည်းပါပါသည်။ ခုတော့ ….။ ကသစ်မှာ ထိုစဉ်ကတည်းက စ၍ သတိပြန်လည် မလာတော့သော ခင်ပွန်းသည် ကိုကို့ကို နောက်ဆုံးအနေ နှင့်ပင် (သတိရှိလျက် အနေအထားဖြင့်) စကားပြောခွင့်၊ မြင်ခွင့် မရခဲ့ပါ
လေတော့။
လေး”
“ဟီး … ဟင့် … ဒါ … ဒါဆို … ကျွန်မ… ကျွန်မ… ကြောင့် .. သား… သား
ဒေါ်တင်တင်မာမှာ ယူကျုံးမရဟန်နှင့် ပြောဆိုငိုရှိုက်ရင်း စိတ်ထိခိုက် လွန်းစွာ ဖင်ထိုင်လျက် ကျသွားတော့သည်။ “အို … မေမေ”
“တင်တင် … တင်တင်”
ကသစ်က ဒေါ်တင်တင်မာကို ပြေးပွေ့သလို ဦးမိုးဟန်ကလည်း ပြေး ထိန်းလိုက်သည်။ ထိုစဉ် ဆရာမလေးထံမှ ကိုကို့အသံထွက်လာ၏။
“မေမေ… မေမေ့ကြောင့် မဟုတ်ပါဘူး။ သား … ကုသိုလ်ကံကြောင့် မမျှော်လင့်ဘဲ ခုလို ဖြစ်သွားရတာပါ။ မေမေ ဒီအတွက် စိတ်မကောင်းဖြစ် မနေပါနဲ့။ သား… ဖြစ်ချိန်တန်လို့ ဖြစ်ခဲ့ရတာပါ”
“သား … သွားချင်နေတာ ကြာပါပြီ။ မေမေတို့ကလည်း သားကောင်း လာနိုးနဲ့ စက်တွေနဲ့ ဆက်ပြီး ဆွဲထားကြလို့ သား မွန်းကြပ်ပြီး ကသစ်ကို အိပ်မက်အကြိမ်ကြိမ်ပေးခဲ့ပါတယ်။ မေမေနဲ့ ဖေဖေကတော့ ဆရာတော် ကြီးပေးတဲ့ ဓာတ်လုံးကို လက်စွပ်ကွင်းဝတ်ထားကြလို့ မေမေတို့ကို သား.. အိပ်မက်ပေးလို့မရဘူး။ ကသစ်ကိုပဲ ပေးခဲ့ရတယ်”
ဟင် … ဒါဆို .. ။ ဒေါ်တင်တင်မာက ရှိုက်ငင်ငိုကြွေးရင်းမှ ကသစ်ကို လှည့်ကြည့်သည်။ သူမ၏ချွေးမ အမှန်ပြောခဲ့တာပါလား။
“ဖေဖေနဲ့ မေမေ… သားကိုယ်စား … သားချစ်တဲ့ သားမိန်းမကို ချစ်ခင် စောင့်ရှောက်ပေးပါမေမေ။ကသစ်….ကသစ်ကိုကိုကိုပြဖူးတဲ့ကိုကို့ဒိုင်ယာ
ရီကို မေမေတို့ကို ပေးဖတ်လိုက်ပါ။ ကိုကိုသိမ်းထားခဲ့တဲ့ ကသစ်ကိုကို့ကို ပေးခဲ့တဲ့ငွေတွေလည်း ပြလိုက်ပါ”
ကသစ်က ငိုရင်းရှိုက်ရင်း ခေါင်းညိတ်လိုက်မိ၏။ ယောက္ခမများ လာ ခေါ်အပြီး ကိုကို့ဘဝမှန်ကို ကသစ်သိခဲ့ရပြီးနောက် ကိုကိုက ကသစ်ကို ထို ဒိုင်ယာရီအား ပြခဲ့ဖူးပါသည်။ ဒိုင်ယာရီထဲတွင် ကသစ်နှင့် စတွေ့စဉ်မှ စ၍ စိတ်ရင်းနှင့် ကသစ်ကူညီစောင့်ရှောက်ခဲ့သည်များ၊ ကသစ်၏ ဖြူစင်သော စိတ်သဘောထားများ၊ ချွေးနည်းစာစုငွေလေးများကို ကိုကို့အား အကြိမ် ကြိမ်ပေးခဲ့သည့်အကြောင်းများပါသည်။
ဆရာမလေးထံမှ ကိုကို့အသံ ဆက်၍ထွက်လာပြန်သည်။
။
“သား … ကသစ်ကို စိတ်မချလို့ … မသွားနိုင်သေးဘဲ ဖြစ်နေတယ် မေမေ။ ဒါကြောင့် ခုလို …သားဆန္ဒကို ပြောပြတာပါ။ ဖေဖေနဲ့ မေမေတို့ ကသစ်ကို ချစ်ခင်ပေးပါ။ သားကိုယ်စား သမီးရင်းလို စောင့်ရှောက်ပေးပါ။ ကသစ်ကလည်း ကိုကို့ကိုယ်စား ကိုကို့မိဘတွေကို မိဘရင်းလို စောင့် ရှောက်ပေးမယ်လို့ ကိုကိုယုံပါတယ်။ သားအတွက်လည်း အလှူအတန်းပြု ပြီးအမျှဝေပေးပါမေမေနဲ့ ဖေဖေ။ သားစောင့်နေပါမယ်”
စကားဆုံးသည်နှင့် ဆရာမလေးသည် ခေါက်ခနဲခွေကျသွားတော့ သည်။ သို့သော်ချက်ချင်းလိုပင်ခေါင်းထောင်ထထိုင်လိုက်ပြီး သူမပတ်ဝန်း ကျင်မှငိုရှိုက်နေကြသောတအံ့တဩဖြစ်နေကြသောလူများကိုနားမလည်
သလို ဟိုကြည့်သည်ကြည့်လုပ်နေသည်။
“ကျွန်မ…ကျွန်မ…ဘာ…ဖြစ်တာ…လဲ..ဟင်”
ဆရာမလေး၏ပင်ကိုအသံဖြင့်အံ့အားသင့်စွာမေးသံထွက်လာသည်။ ဆရာဝန်ကြီးအပါအဝင် ကသစ်တို့အားလုံးမှာ ထူးဆန်းလွန်းလှသောအဖြစ်
ကြောင့် မည်သူမျှ ပြန်စကားမဆိုနိုင်ကြသေးပါ။ ဆရာဝန်ကြီး ကိုယ်တိုင် လည်းမယုံနိုင်ဟန်ခေါင်းတယမ်းယမ်းနှင့် ရှိနေသည်။
ကသစ်က မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျရင်း ယောက္ခမများကို ကြေကွဲသောမျက်လုံးများဖြင့် ကြည့်လိုက်မိ၏။
သူမ၏ ယောက္ခမများသည်လည်း ကသစ်ကို ပြန်လည်စိုက်ကြည့်နေ ကြပါသည်။ သို့သော် ထိုမျက်လုံးများထဲတွင် ယခင်ကလို ကသစ်အပေါ် မကျေမလည် မုန်းတီးသော အရိပ်အယောင်များ လားလားမျှ မတွေ့
ရတော့။
သူတို့၏ မျက်ဝန်းတွင် ကိုကို့အတွက် ဝမ်းနည်းပူဆွေးနေသော သောကများ ဖုံးလွှမ်းနေသည်မှအပ အကြည့်များတွင် နားလည်မှု၊ ယူကျုံး မရဖြစ်မှုနှင့်နူးညံ့သောကရုဏာရိပ်များကိုထင်ထင်ရှားရှားကြီးတွေ့မြင်နေ
ရသည်။
ကသစ်ယုံကြည်ပါသည်။ ကိုကို၏ ဒိုင်ယာရီကို ဖတ်ရပြီးလျှင်ကား ယောက္ခမများသည် ခုထက်ပို၍ …၊
ဪ…. စစ်မှန်သော ချစ်ခြင်းမေတ္တာ၏တန်ခိုးစွမ်းအားကြောင့် ကမ္ဘာ
ပတ်နေခဲ့သောမုသာဝါဒကိုကျော်လွန်၍အမှန်တရားကသာရှေ့ကပန်းဝင်
ခဲ့လေပြီတကား။
>> ထားဥဿုံ
Zawgyi Version
အက်ဥ္းစံခ်စ္ဝိညာဥ္(စ/ဆုံး)
———————————-
ညသည္ . ပကတိဆိတ္ၿငိမ္ေန၏။ စိုးစဥ္းမွ် မည္သည့္အသံမွ်မၾကားရ။
ယုတ္စြအဆုံး
ညင္းသြဲ႕ေသာ ေလႏုေအး၏ အထိအေတြ႕ကို အမွန္ ခံစားေနရသည့္တိုင္ ေလ၏က်ီစယ္မႈ သေကၤတ အျဖစ္ သစ္႐ြက္ကေလးမ်ား၌ပင္လွ်င္ အလႈပ္အရွား အယမ္းအခါကို မျမင္ရ။ အသံမဲ့၊ အရိပ္မဲ့၊ ခံစား ရမႈ အာ႐ုံတစ္ခုတည္းသာလွ်င္ သက္ေရာက္ေစ လ်က္ က်န္အရာအားလုံးသည္ ေခ်ာက္ခ်ားဖြယ္ ေကာင္းေလာက္ေအာင္ . ၿငိမ္သက္တိတ္ဆိတ္ေန
ၾကသည္။
ကသစ္က ေရာက္ရွိရာ ေနရာတြင္ပင္ တုံ႔ဆိုင္း
ဆိုင္း ရပ္လိုက္မိသည္။
သူမႏွင့္ မလွမ္းမကမ္းတြင္ ေဆး႐ုံအေဆာက္
အအုံမည္းမည္းႀကီးကို လွမ္းျမင္ေနရ၏။
စႀကႍမီးမ်ား ထြန္းထားသည္မွအပ အေအာက္အအုံတစ္ခုလုံးသည္ သက္ရွိဟူ၍ တစ္ဦးတစ္ေယာက္မွ် မရွိသည့္ႏွယ္ ထီးတည္းေအးစက္ စြာဝပ္စင္းေနေလသည္။
ဟင္ .. လူေတြ … ဘယ္ေရာက္ကုန္ၾကတာလဲ။ ဘာလို႔ တစ္ေယာက္မွ မျမင္ရတာလဲ။ ညနက္လို႔ အိပ္ေပ်ာ္ေနၾကတာလား။
ကသစ္တအံ့တဩေတြးလိုက္မိ၏။ ပတ္ဝန္းက်င္၏ ထူးထူးကဲကဲ ၿငိမ္ သက္ေနမႈက ကသစ္၏ စိတ္ကို ပို၍ေခ်ာက္ခ်ားေအာင္ လႈံ႕ေဆာ္ေန သေယာင္ ရွိေတာ့၏။
“ဟင္း..”
အသံထြက္ေအာင္ပင္ ကသစ္အေၾကာက္သက္ျပင္းႀကီးတစ္ခ်က္ခ် လိုက္မိ၏။ သူမက လက္ထဲတြင္ ကိုင္ထားေသာ ကတ္စကၠဴအိတ္ကေလး ကို အမွတ္မဲ့ၾကည့္သည္။ အမ်ိဳးသားဝတ္ အဝတ္အစားမ်ား ထည့္ထားရာ အိမ္အေပၚဆုံးတြင္ ကြမ္း႐ိုးစင္းရွပ္အက်ႌအစိမ္းႏုေလးက ေသသပ္ျပန႔္စန႔္ စြာအေက်ာ့သားေနရာယူထားသည္။
ကသစ္ ႐ုတ္ျခည္းမ်က္ရည္ဝဲခ်င္လာ၏။
ဤအက်ႌေလးသည္ကိုကို႔ကိုသူမစတင္ေတြ႕ဆုံခ်ိန္ကကိုကိုဝတ္ဆင္ ထားခဲ့ေသာ ကိုကိုႏွင့္ သူမအတြက္ တစ္သက္တာ အမွတ္တရျဖစ္ေစခဲ့ ေသာအက်ႌေလးျဖစ္ပါသည္။ ခုေတာ့ ….။
ကသစ္က မ်က္လုံးအိမ္မွ ႐ုတ္တရက္ၿပိဳဆင္းလာေသာ မ်က္ရည္ ကာတာကို က်ိဳးေပါက္မသြားေအာင္ မ်က္လုံးအစုံအား တင္းတင္းမွိတ္၍ ပိတ္ထားလိုက္ရသည္။ ေခါင္းကိုေမာ့ကာ တစ္ခ်က္ခါယမ္းလိုက္ရင္း စိတ္ ကိုတင္းသည္။ ေနာက္ … လူသူမွအစလႈပ္ရွားမႈကင္းမဲ့ကာ ထီးတည္းရွိေန ေသာ ေဆး႐ုံအေအာက္အအုံဆီသို႔ သူမ ခပ္သြက္သြက္ ဆက္ေလွ်ာက္ သြားလိုက္၏။ ဝန္းက်င္၏မေတာ္မတရားတိတ္ဆိတ္ေနမႈကသူမကိုအလို
လိုပို၍ေသြးလန႔္ေနေစသလိုရွိေနေလသည္။
သူမကေကာ္ရစ္ဒါ ေထာင့္ခ်ိဳးေကြ႕အထိ ေၾကာက္ေၾကာက္ႏွင့္ မေျပး ႐ုံတစ္မည္ေလွ်ာက္သြားကာ ခ်ိဳးေကြ႕လိုက္သည္။
“အား..ကဲ .. ကဲကြာ …..အား
“ခြၽင္ … ခြမ္း …ေဒါက္… ခြၽင္… ဘုန္း.. ဝုန္း..
“ကဲ….ကဲ….အား…”
ပိတ္ထားေသာအခန္းတံခါး၏အတြင္းဘက္ဆီမွေအာ္ဟစ္ညည္းညဴ
သံမ်ားႏွင့္အတူ အရာဝတၳဳတို႔ ၿပိဳလဲက်သံ၊ ကြဲရွသံ အသံေပါင္းစုံက ႐ုတ္ တရက္ စီခနဲထြက္ေပၚလာ၏။
“ဟင္”
ကသစ္… အထိတ္တလန႔္ရပ္လိုက္မိၿပီးမွ တံခါးဆီ ေျပးသြားကာ အလ်င္စလို ဆြဲဖြင့္လိုက္၏။
“အို… အမေလး”
အံ့အားတသင့္ စိုးထိတ္စြာ ေရ႐ြတ္လိုက္မိရင္း ကသစ္လက္ထဲမွ အဝတ္အိတ္ကို အသိမဲ့လႊတ္ခ်လိုက္မိသည္။ အသံကုန္ဟစ္ေအာ္မိမလို ျပင္လိုက္မိေသာသူမ၏ႏႈတ္ခမ္းမ်ားကိုလည္းလက္ဝါးႏွစ္ဖက္ျဖင့္အုပ္ကာ မႏိုင္ရင္ကာ ပိတ္ဆို႔မိ၏။ ျမင္ေနရေသာျမင္ကြင္းကို ျပဴးက်ယ္ေသာ မ်က္ ဝန္းအစုံျဖင့္ စိုး႐ြံ႕တႀကီး စိုက္ၾကည့္ေနမိလ်က္လည္း ျဖစ္ေနေတာ့သည္။ “ကို….ကိုကို..ကို….ဘုရား…ဘုရား.
ေဆး႐ုံကုတင္ထက္တြင္ ရႈပ္ေထြးေသာ ပိုက္ေပါင္းေျမာက္ျမားစြာႏွင့္ ဆက္သြယ္၍လူေသႏွင့္မျခားထာဝရၿငိမ္သက္စြာရွိေနခဲ့ေသာကိုကို….။ ကိုကိုသည္ ကုတင္ေဘးတြင္ မားမားႀကီး ရပ္ေန၏။
သူသည္ သူ၏ ဦးေခါင္း၊ ႏွာေခါင္း၊ ပါးစပ္၊ လည္ပင္း … စသည္တို႔တြင္ တန္းလန္းခ်ိတ္ဆက္ထားေသာ ပိုက္မ်ိဳးစုံကို ေဒါသတႀကီးဆြဲျဖဳတ္ပစ္ေန သည္။ ကိုကို၏ ရင္ဘတ္၊ လက္ဖ်ံ၊ လက္ေမာင္းတစ္ဝိုက္တြင္ ဆြဲခြာထား၍ ျပဳတ္က်ေနေသာ ပိုက္ႀကိဳးအခ်ိဳ႕က တို႔လို႔တန္းလန္း စင္းစင္းက်သည္တို႔ က်လ်က္။ ခ်ိတ္သည္တို႔ ခ်ိတ္လ်က္။
ထိုပိုက္ႀကိဳးတို႔၏ ခ်ိတ္ဆက္ရာ ကုတင္ပတ္လည္ရွိ စက္မ်ိဳးစုံသည္ ခလုတ္မပိတ္ဘဲျဖစ္သလို ဆြဲခြာခ်လိုက္ျခင္းေၾကာင့္ က်ိဳးက်ိဳးက်ည္က်ည္၊ တတီတီ တစီစီ အသံေပါင္းစုံျမည္ကာ ဆူဆူညံညံအသံထြက္ေနၾကေလ သည္။
ကသစ္အံ့အားသင့္စြာ ၾကည့္ေနရင္းပင္ ကိုကို႔ေပၚတြင္ တပ္ဆင္ထား ေသာ ပိုက္မ်ားစြာသည္ ကိုကိုက မည္သို႔ပင္ ဆြဲခြာေနပါေသာ္လည္း ခြဲစဥ္ ခဏသာ ျပဳတ္ထြက္လ်က္ ခ်က္ခ်င္းလိုလို ကိုယ္သို႔ ျပန္ကပ္သြားေန ၾက၏။
ကိုကိုက ေဒါသတႀကီး ကမူးရႉးထိုး ဆြဲခြာလိုက္၊ ပိုက္မ်ားက သူ႔အလို လို ျပန္တြယ္ကပ္လိုက္၊ ကိုကိုက ထပ္ဆြဲျဖဳတ္လိုက္ႏွင့္ ကိုကိုသည္ ပိုက္ ႀကိဳးမ်ားအလယ္ ပရမ္းပတာ ခ်ာခ်ာလည္ေနေလသည္။
“အား….ကို….ကိုကို….မလုပ္..ပါနဲ႔”
ကသစ္ ထိတ္ထိတ္ပ်ာပ်ာေအာ္လိုက္မိသည္ထင္၏။ ပိုက္ႀကိဳးမ်ား တယမ္းယမ္းႏွင့္ခ်ာလပတ္ယမ္းေနေသာကိုကိုသည္ျဗဳန္းခနဲရပ္သြားကာ ကသစ္ဘက္သို႔ လွည့္ၾကည့္လာသည္။ ကိုကို႔မ်က္ႏွာသည္ ေဒါသေရာင္ ျဖင့္ ရဲတြတ္ကာ ေခြၽးသီးလုံးမ်ား စီေန၏။ ပိုက္မ်ားက ဆြဲခြာ၍ မရဘဲ သူ႔ကို အေသျပန္ကပ္ေနၾကျခင္းေၾကာင့္ ေဒါသတႀကီးျဖစ္ေနဟန္ကို ကသစ္ အတိုင္းသားျမင္ေနရသည္။
“ကို….ကို… … မလုပ္ပါနဲ႔ ….ကိုရယ္” ကသစ္ေယာင္ကန္းကန္းႏွင့္ထပ္၍တီးတိုးေျပာမိသည္။ကသစ္သည္ သူမ၏ လက္ႏွစ္ဖက္ကို ႏႈတ္ခမ္းေပၚတြင္ အုပ္လ်က္သား ကပ္ထားရင္း ေၾကာက္စိတ္ျဖင့္ တစ္ကိုယ္လုံးတုန္ယင္လႈပ္ခါေန၏။ ေဒါသျဖင့္ နီျမန္းေန ေသာ ကိုကို၏ မ်က္ႏွာသည္ ကသစ္ကို လွည့္ၾကည့္ေနရာက သနားစဖြယ္ တျဖည္းျဖည္းညႇိဳးက်သြား၏။
ေဒါမာန္ႀကီးစြာ သူဆြဲခြာေနေသာ ပိုက္မ်ားကိုလည္း ဆက္မျဖဳတ္ ေတာ့ဘဲ ကိုကို႔လက္ႏွစ္ဖက္က ေဘးသို႔ အင္အားမဲ့စြာ တန္းလန္းက်သြား ခဲ့သည္။ ကိုကို႔မ်က္ဝန္းမ်ားသည္ မ်က္ရည္မ်ားအိုင္ထြန္းရစ္ဝဲလာလ်က္ မ်က္ႏွာသြင္ျပင္မွာလည္း ျမင္ရသူရင္နင့္စဖြယ္ ႏြမ္းနယ္ညႇိဳးလ်လာေန ေလသည္။ ကိုကိုသည္ ကသစ္ႏွင့္ မ်က္ႏွာခ်င္းဆိုင္မိသည္ထိ သူ႔ကိုယ္ကို ကသစ္ဘက္သို႔ ျဖည္းညင္းစြာ လွည့္လာသည္။
“ကသစ္ … ကိုကို… ကိုကို … သြားပါရေစ။ သြားပါရေစေတာ့ … ။ ကိုကို႔ ကို … ကိုကို႔ကို …. လႊတ္ … လႊတ္ေပးပါ … ကိုကို႔ကို … ကယ္ .. ကယ္ပါ … ကသစ္ရယ္၊ ကိုကိုသြားခ်င္ၿပီ…သြားခ်င္ၿပီကသစ္”
သည္။
“ဝုန္း”
ေျပာေျပာဆိုဆိုပင္ ကိုကိုသည္ ေနရာတြင္ ဗုန္းခနဲ ၿပိဳလဲက်သြား
“အား….ကို….ကို….ကယ္…ကယ္ၾကပါ….အား..”
ကသစ္၏ သည္းထိတ္ရင္ဖို ေအာ္ဟစ္လိုက္သံက ဆြံ႕အည၏ တိတ္ ဆိတ္မႈကို ၾကမ္းရွစြာ ၿဖိဳခြဲလိုက္ေတာ့သည္။
“ဘယ္ … ဘယ္လို … ဆရာ …. ဒီ … ဒီဟာ … ထပ္ .. ထပ္ ေျပာျပန္ၿပီ . လား..ဘယ္မလဲ..သူ…ဘယ္မလဲ”
ဝုန္းခနဲ ထရပ္ကာ ေဒါသတႀကီးျဖစ္သြားေသာ ေဒၚတင္တင္မာကို ခင္ပြန္းျဖစ္သူ ဦးမိုးဟန္က ဆြဲထိန္းလိုက္ရင္း..
“ဟာ…တင္တင္ရယ္….ေနစမ္းပါကြာ..ဆရာ့ကို..ဆရာ့ကို …အားနာ
စရာ၊ စိတ္ေလွ်ာ့စမ္းပါဦး”
“ဟီး … ဟင့္ … ဟင့္ … ကြၽန္မမွာ ဒီသားေလးတစ္ေယာက္တည္းရွိ… ရွိ တာရွင့္။ ကြၽန္မသားကိုကြၽန္မ… ရေအာင္ကု….ကုမယ္။ ကုမွာပဲ…။ ဘာတဲ့… သားေလးကို အသက္ဆက္ထားတဲ့ ဒီပိုက္ႀကိဳးေတြ ျဖဳတ္ေပးပါတဲ့လား.. ဟုတ္လား…။ ဆရာ့ကို သူဒီလိုထပ္ေျပာေသးသတဲ့လား။
000
ဒီပိုက္ႀကိဳးေတြ ျဖဳတ္ပစ္မွေတာ့ သားေလး ေသသြားမွာေပါ့။ သူမို႔ . ေျပာထြက္ပါရဲ႕။ ဒီဟာမက ကြၽန္မသားကို ျမန္ျမန္ေသေစခ်င္ေနတာ။ အင္း ဒါမွ သူက လင့္အေမြရမွာကိုး။ ဟင့္ .. ဟင့္ … သားေရ … ဟီး … ဟင့္ …ဟင့္…မင္းခ်စ္လွပါတယ္ဆိုတဲ့မင္းမိန္းမက …. မင္းကို… မေသႏိုင္လို႔စိတ္
မရွည္ျဖစ္ေနၿပီေလ … သားရဲ႕။ မင္းကိုေသခိုင္းေနပါပေကာလား…ဟီး… အစ္… အစ္”
အထူးခန္းထဲမွ စူးထြက္လာေသာ ငိုသံကို နားေထာင္ရင္း ကသစ္ မ်က္ရည္မ်ားပိုးပိုးေပါက္ေပါက္က်လာသည္။
မဟုတ္ … မဟုတ္ရပါဘူးေမေမရယ္။ ကသစ္ေလ .. ကိုကို႔ကို သိပ္ခ်စ္ တာပါ။ ကသစ္…ကသစ္… ကိုကို႔ကို သနားလြန္းလို႔ပါ။ ကိုကို႔ကို ကသစ္ တို႔ လႊတ္..လႊတ္ေပးၾကရေအာင္ပါေနာ္။ ကိုကိုက ထပ္ခါတလဲလဲ ေတာင္း ဆိုေနလြန္းလို႔ပါေမေမရယ္။ ကိုကိုကိုယ္တိုင္ကေတာင္းဆိုလြန္းလို႔ပါ။ ကသစ္က အခန္းအကြယ္ေထာင့္မွ အတြင္းဘက္သို႔ မ်က္ရည္မ်ား ရစ္ဝိုင္းအုံဖြဲ႕ေနေသာ မ်က္လုံးအစုံျဖင့္ အသာေခါင္းျပဴၾကည့္သည္။ ကိုကို႔ ေမေမသည္ ေဆး႐ုံကုတင္ေပၚတြင္ ပကတိလဲေလ်ာင္းၿငိမ္သက္ေနသည့္ သူ႔သား၏ ပိုက္ႀကိဳးမ်ား တပ္လ်က္ ရွိေနေသာ လက္ကို ဆုပ္ကိုင္ကာ နင့္ နင့္နဲနဲငိုရင္း ရႈိက္ရင္း ေျပာဆိုေနေလသည္။ သူမကို ဆရာဝန္ႀကီးႏွင့္တကြ ကသစ္၏ေယာကၡထီးက ေခ်ာ့ေမာ့ေဖ်ာင္းဖ်ေနၾကသည္။
ကသစ္…အခန္းနံရံကိုမ်က္ႏွာအပ္ကာရႈိက္ႀကီးတငင္ငိုမိေတာ့သည္။ သူ႔ကိုယ္ေပၚတြင္ ေႏွာင္ဖြဲ႕ေနေသာ ပိုက္ႀကိဳးမ်ားအား မြန္းၾကပ္စြာ ဆြဲျဖဳတ္ ေနဟန္ ကိုကို႔အသြင္ကို ကသစ္၏အေတြးမ်က္ဝန္းထဲ ျမင္ေယာင္လာ မိ၏။
ကိုကိုသည္သူ႔အားလႊတ္ေပးပါမည့္အေၾကာင္းကသစ္ကိုအကူအညီ ေတာင္းခံခဲ့သည္မွာ ႀကိမ္ဖန္မ်ားစြာရွိခဲ့ၿပီ။ မေန႔ညကကဲ့သို႔ပင္လူနာေစာင့္ ရင္း ေမွးခနဲ အိပ္ေပ်ာ္သြားမိခ်ိန္တိုင္း ကိုကိုတစ္ေယာက္ ပိုက္ႀကိဳးမ်ားထံမွ ႐ုန္းထြက္ေနပုံမ်ိဳးကို ကသစ္မွာ ထပ္တလဲလဲ အိပ္မက္မက္ေနခဲ့ရသည္။ ျမင္မက္သည့္ အႀကိမ္တိုင္းလည္း ကိုကို၏ မြန္းၾကပ္မႈမ်ား ေပါက္ကြဲမႈမ်ား ကို သနားစဖြယ္၊ ရင္နင့္စဖြယ္ သူမ ေတြ႕ေနရ၏။
“ကိုကို… ေထာင္သားတစ္ေယာက္လို ခံစားေနရတယ္ ကသစ္ရယ္။ ကိုကို…ကိုကို႔ခႏၶာကိုယ္ထဲမွာ ပိတ္မိေနတယ္။ အသက္ကယ္စက္ေတြ၊ ဓာတ္ေရာင္ျခည္ေတြ၊ စက္ကိရိယာေတြနဲ႔ ခ်ိတ္ဆက္ၿပီး ကိုကို႔ကို အတင္း ဆြဲမထားပါနဲ႔။ ကိုကို… သြားပါရေစ။ ကသစ္.. ကိုကို႔ကို ကယ္ပါ။ ကယ္ပါဦး
ကသစ္”
ကိုကို၏ သနားစဖြယ္ ေတာင္းပန္တိုးလွ်ိဳးေျပာေနသံေလးမ်ားကို ကသစ္၏ စိတ္နားတြင္ အစဥ္ၾကားေနရ၏။ ကိုကို႔ကို သနားလြန္းသျဖင့္ ကိုကိုဆႏၵရွိသည့္အတိုင္း လြတ္ေျမာက္သြားေစလိုေသာ က႐ုဏာစိတ္ ေၾကာင့္ ကိုကို႔ကို ကုသေနေသာ တာဝန္ခံဆရာဝန္ႀကီးကို ကသစ္အရဲစြန႔္ ကာ “သည္ႀကိဳးေတြ ျဖဳတ္ေပးလို႔ မျဖစ္ဘူးလား” ဟု ထပ္မံေတာင္းဆိုမိခဲ့ ျခင္း ျဖစ္ေလသည္။
ဆရာဝန္ႀကီးကမူမ်က္ရည္လည္႐ြဲႏွင့္ေတာင္းပန္ေနေသာကသစ္ကို အေငးသားၾကည့္လ်က္ ကသစ္၏ ခံစားခ်က္အေပၚ နားလည္ဟန္ ျပရွာပါ သည္။
ကသစ္ကို သည္ႀကိဳးမ်ား ျဖဳတ္ေပးပါရန္ ကိုကိုစတင္၍ အိပ္မက္ေပး စဥ္ကတည္းက ကိုကို႔မိဘမ်ားအား ကသစ္ေၾကကြဲရႈိက္ငင္စြာ ေျပာျပခဲ့မိ သည္။ အထူးသျဖင့္ ကိုကို၏မိဘမ်ားေယာကၡမေဒၚတင္တင္မာကကသစ္
ကိုေၾကာက္မက္ဖြယ္ရန္သူတစ္ေယာက္ႏွယ္စူးစူးဝါးဝါးၾကည့္ကာ သူ႔သား ကို သတ္မယ့္ မိန္းမယုတ္… ဟုပင္ နင့္နင့္သီးသီးေျပာဆိုငိုရႈိက္ျခင္း ေမ့လဲ က်သြားခဲ့ဖူးသည္။ ကသစ္က အိပ္မက္လိုလို တကယ္လိုလို ထင္ရသည့္ တိုင္ ျမင္မက္သည့္အတိုင္း အမွန္အတိုင္း ေျပာျပခဲ့ျခင္း ျဖစ္ေသာ္လည္း သူမကိုမည္သူကမွ် မယုံၾက။ သည္ထဲကပင္….။
သူနာျပဳဆရာမေလးမွတစ္ဆင့္ ကသစ္၏ ထိုထပ္မံေတာင္းဆိုမႈကို ေဒၚတင္တင္မာသိသြားခဲ့သည့္အတြက္ သူမ၏ ေယာကၡမ ယခုလို ေပါက္ ကြဲေနျခင္းျဖစ္ပါသည္။ ကသစ္အျပစ္မတင္ရက္ပါ။ မိခင္တစ္ေယာက္၏ ခံစားမႈကို ကသစ္ကိုယ္ခ်င္းစာနာမိပါ၏။
ကိုကို သည္သို႔“ကိုမာ” ဝင္ၿပီး ဦးေႏွာက္အလုပ္မလုပ္ေတာ့ဘဲေဆး႐ုံ အထူးခန္းတြင္ စက္မ်ား၏ အကူအညီျဖင့္သာ အသက္ဆက္ေနခဲ့ရသည္ မွာ“လ”ႏွင့္ ခ်ီေနခဲ့ၿပီ။
(ကိုမာ- အသက္ရွင္ေနေသးေသာ္လည္း ဦးေႏွာက္က အလုပ္ ေကာင္းစြာ မလုပ္ေတာ့သည့္ အတြက္ လူေသနီးပါး သတိလြတ္ေမ့ေျမာ ေနေသာေဝဒနာ)
ကိုကို႔မိဘမ်ားသည္ က်ိက်ိတက္ခ်မ္းသာႂကြယ္ဝၾကသျဖင့္ တစ္ဦး တည္းေသာသား၏အသက္ကိုလက္မလႊတ္ႏိုင္ၾကရွာဘဲျပန္လည္ေကာင္း မြန္လာေလမည္လား … ဟူေသာ ေမွ်ာ္လင့္ခ်က္ျဖင့္ ျဖစ္ႏိုင္သမွ် နည္းလမ္း သုံးကာ ကုသေစလ်က္ရွိ၏။ သို႔ေသာ္ –
ကိုကို႔ခံစားခ်က္ကို
ကသစ္သိပင္သိေနရေသာ္လည္း”အိပ္မက္ထဲမွာ
ကိုကိုကကသစ္ကိုအသည္းအသန္အကူအညီေတာင္းေနတာ၊ ေျပာျပေန တာပါ” ဟူေသာ ကသစ္၏ စကားအတြက္ ခိုင္မာေသာ သက္ေသျပစရာ မရွိ။ ကိုကိုေပးသမွ် အိပ္မက္မ်ားကို ျဖစ္ႏိုင္လွ်င္ ဗီဒီယိုေခြ႐ိုက္သလို ႐ိုက္ ထားၿပီး ျပန္ျပ၍ ရလွ်င္ အေကာင္းသား။ ခုေတာ့ “အိပ္မက္ထဲမွာ” ဆိုသည္ ကယုံတမ္းစကားေလ။
“သူက လီဆယ္ၿပီး ဉာဏ္နီဉာဏ္နက္နဲ႔ ေျပာေနတာ။ အိပ္မက္ မက္ တယ္ဆိုတာေတာ့ လူတိုင္းႀကိဳက္သလို ေျပာလို႔ ရတာပဲ။ ငါ့သား အိပ္မက္ ေပး႐ိုးမွန္ရင္ ငါ့ကိုလည္း ေပးမွာေပါ့။ ငါလည္း အေမပဲ။ အလကား …။ ငါ့ သားကို ေသေအာင္ သတ္ခ်င္ေနတဲ့မိန္းမ။ စကတည္းက ေငြမက္လို႔ ျဖား ေယာင္းယူခဲ့တာဥစၥာ။ ငါ့သားအေမြေတြကို သူလိုခ်င္လို႔”
ေယာကၡမႀကီး၏ စြပ္စြဲစကားမ်ားကို ကသစ္မည္သို႔ ရွင္းႏိုင္ပါအံ့နည္း။ မည္သို႔ သက္ေသတင္ျပႏိုင္ပါအံ့နည္း။
ကိုကိုက ကိုကို႔အေမကိုလည္း အိပ္မက္ေပးရင္ေကာင္းမွာ။ ဘာလို႔ … ကသစ္ကိုပဲ ေပးေနရတာလဲ ကိုကိုရယ္။ ကသစ္ျမင္မက္သလို ေမေမ့ကို လည္းကိုကိုအိပ္မက္ေပးႏိုင္ရင္ ေမေမယုံခ်င္ယုံမွာ။
သနားစဖြယ္ ကိုကို႔အသြင္ကို ျမင္ေယာင္ရင္း ရင္နင့္ေၾကကြဲစြာ ငို႐ုံမွ တစ္ပါး ကသစ္က မ်က္လုံးအစုံကို မွိတ္၍ မ်က္ရည္မ်ားကို ပိတ္လိုက္၏။ မေဝးလွေသာ အတိတ္တို႔သည္ အရိပ္ပမာ။
“ကသစ္စံ . ေရ … ။ ပန္းကန္ေတြ ေဆးၿပီးရင္ ေရွ႕မွာ ေနရာသြားစီစဥ္ ေပးစမ္းပါဦး။ ေမာင္စိုးတစ္ေယာက္ထဲမႏိုင္ေတာ့ဘူး”
ေဒၚေလးေမကိုေျပာရင္းေဆးၿပီးေသာပန္းကန္မ်ားကိုစားပြဲတြင္တင္
ေပးခဲ့ကာ ဆိုင္ေရွ႕သို႔ ကသစ္ေျပးရသည္။ သည္အခ်ိန္က ထမင္းစားခ်ိန္မို႔ ဆိုင္တြင္ လူက်သည္။ ဒါေတာင္ ကသစ္တို႔ဆိုင္က ေထာင့္ဆုံးဆိုင္ေသး ေလးမွ်သာျဖစ္၏။အေဝးေျပးဂိတ္အတြင္းဆိုင္ခန္းႀကီးမ်ားအနားမသီႏိုင္။ လက္ဖက္ရည္ဆိုင္ႀကီး တစ္ဆိုင္၏ ေထာင့္ေနရာေလးကို ငွားၿပီးစားပြဲႀကီး တစ္လုံး၌ ထမင္းဟင္းစတီးအိုးမ်ား တန္းစီတင္ကာ ေရာင္းရျခင္းျဖစ္၏။
ဆိုင္က ေသး၍ ေထာင့္က်ေသာ္လည္း ေဒၚေလးႏွင့္ကသစ္က ဟင္း ခ်က္လက္ရာေကာင္းသျဖင့္ အထိုက္အေလ်ာက္ ေရာင္းရပါသည္။ ေခ်ာင္ က်ေသာ ဆိုင္ေလးမို႔ … ေတာ္႐ုံလူမဝင္သည့္တိုင္ ဆိုင္ႀကီးမ်ားမွာ လူျပည့္က်ပ္ေနလွ်င္ ကသစ္တို႔ဆိုင္ဘက္ လွ်ံၿပီး ေရာက္လာတတ္သည္။
သို႔ေသာ္ ကသစ္တို႔ ဆိုင္တြင္ ဝင္စားဖူးၿပီးၿပီဆိုလွ်င္ေတာ့ လက္ရာ ႏွင့္ ေစတနာကို အသိအမွတ္ျပဳသြားရသည္ခ်ည္း။ ေနာင္ႀကဳံသည့္အခါ တိုင္း ကသစ္တို႔ ဆိုင္ေလးသို႔ တကူးတက လာေရာက္စားေသာက္ေလ့ရွိ ၾကေလသည္။
တစ္ႏိုင္တစ္ပိုင္ ဖြင့္ရသည့္ဆိုင္ေလးမို႔ လူငွားလည္း မေခၚႏိုင္ပါ။ ေဒၚေလး၊ ကသစ္ႏွင့္ ေဒၚေလးေယာက္်ားဘက္မွ ဆယ့္သုံးႏွစ္အ႐ြယ္တူ ဝမ္းကြဲေမာင္စိုးသာရွိေလသည္။
ေဒၚေလးသည္ ကသစ္ေမေမ၏အစ္မရင္းျဖစ္သည္။ ညီအစ္မႏွစ္ ေယာက္သာရွိ၏။ကိုယ့္အိမ္ေထာင္ႏွင့္ကိုယ္ေနထိုင္ၾကရင္းကသစ္၏မိဘ မ်ားက ကသစ္အပ်ိဳေဖာ္ဝင္စတြင္ ေရွ႕ဆင့္ေနာက္ဆင့္ ကြယ္လြန္သြားၾက သည္။ ေမေမက သားအိမ္ကင္ဆာျဖင့္ ဆုံးပါးသြားခဲ့ၿပီး ႏွစ္မၾကာမီပင္ အေဖက ကားအက္ဆီးဒင့္ႏွင့္ ေသဆုံးခဲ့ရျခင္းျဖစ္သည္။
ထို႔ေၾကာင့္ တစ္ဦးတည္း သမီး၊ ခိုကိုးရာမဲ့ ကသစ္စံကိုအေဒၚျဖစ္သူက ေခၚယူေစာင့္ေရွာက္ခဲ့သည္။ အေဒၚတို႔လင္မယားမွာ သားသမီးမထြန္းကား ၾကသူမ်ားျဖစ္၍ ကသစ္ကို သမီးရင္းကဲ့သို႔ ခ်စ္ခင္စြာ ေစာင့္ေရွာက္ခဲ့ၾကပါ သည္။ အေဒၚတို႔က ဝါးဓနိအေရာင္းအဝယ္လုပ္သူမ်ားျဖစ္ၿပီး မိသားစုနည္း ျခင္းေၾကာင့္ မခ်မ္းသာေသာ္လည္း မခ်ိဳ႕မငဲ့ ေနႏိုင္ၾကပါ၏။
သို႔စဥ္ၿပီးခဲ့ေသာႏွစ္ႏွစ္ေလာက္ကဦးေလးေစာႏိုေက်ာက္ကပ္ေရာဂါ ျဖင့္ ဆုံးသြားခဲ့ရာ ေယာက္်ားသားမရွိေတာ့သျဖင့္ ေဒၚေလးေမမွာ ဝါးဓနိ လုပ္ငန္းကို ဆက္မလုပ္ႏိုင္ေတာ့။ ဦးေလးဘက္မွ ေဆြမ်ိဳးမ်ား အကူအညီ ျဖင့္ ရန္ကုန္ေအာင္မဂၤလာအေဝးေျပးဂိတ္အတြင္း ဤထမင္းဆိုင္ေလးကို ဖြင့္ကာ တူဝရီးႏွစ္ေယာက္ စားဝတ္ေနေရးကို ေျဖရွင္းခဲ့ရေလသည္။ ဆိုင္ေလးက အထိုက္အေလ်ာက္ေရာင္းခ်ခဲ့ရရာ ေယာက္်ားဘက္မွ တူဝမ္းကြဲေလးတစ္ေယာက္ကိုေဒၚေလးကအတူေခၚထားျခင္းျဖစ္၏။ ဦးေလးဆုံးသည့္ႏွစ္က ကသစ္စံမွာ ဆယ္တန္းျဖစ္သည္။ ထိုႏွစ္က ကသစ္ဆယ္တန္းက်၏။ ေဒၚေလးက ေက်ာင္းဆက္တက္ရန္ ထားေပးပါ
ေသာ္လည္း စားဝတ္ေနေရးအေျခအေနအရ ကသစ္ေက်ာင္းထြက္လိုက္ သည္။ ေဒၚေလး၏ ထမင္းဆိုင္ကို ကူညီလုပ္ကိုင္ေပးကာ ဝမ္းေရးကိုအတူ ႐ုန္းၾကရ၏။ အေရာင္းအဝယ္တြင္ အသားက်လာေတာ့ မူလက စာေမးပြဲ ရည္႐ြယ္ခ်က္ကိုကသစ္စိတ္မပါေတာ့၍မေျဖျဖစ္ေတာ့ပါ။
ျပန္ေျဖရန္
“ေရာ့ … ေရာ့ … ေမာင္စိုး။ အမဲသားဟင္းနဲ႔ တစ္ပြဲခ်လို႔ရၿပီ။ ကသစ္ .. ဟိုစားပြဲကလူ ပုစြန္ဟင္းမွာထားတာ သြားခ်လိုက္ပါဦးဟယ္။ ၾကာေနၿပီ” “ဟုတ္… ဘယ္စားပြဲလည္းေဒၚေလး”
“ေရွ႕ဆုံးက စားပြဲ၊ ရွပ္အက်ႌအစိမ္းႏုေရာင္နဲ႔ ေကာင္ေလး။ ေရာ့ …. ဒီ ဝက္သားကဟိုဘက္စားပြဲကိုခ်ေပးေနာ္”
ဒီ
ကသစ္က ဟင္းပန္းကန္မ်ားကို ေရွ႕ဆုံးစားပြဲမ်ားဆီ သယ္လာသည္။ အဲ… ဘယ္မွာခ်ရပါ့။ ေရွ႕ဘက္စားပြဲႏွစ္လုံးတြင္ အစိမ္းႏုေရာင္ ရွပ္အက်ႌႏွင့္ လူက ႏွစ္ေယာက္ျဖစ္ေနသည္။ တစ္ေယာက္စားပြဲတစ္လုံးစီတြင္ ထိုင္ေန ၾက၏။ တစ္ေယာက္က အစိမ္းႏုေရာင္ကြမ္း႐ိုးစင္းရွပ္၊ ေနာက္တစ္ဦးက အစိမ္းႏုေရာင္ေျပာင္ရွပ္။ ဘယ္အစိမ္းႏုက ပုဇြန္လဲ။
“ပုစြန္မွာထားတာ ဘယ္သူလဲရွင္”
ကသစ္ေမးသည္။ ကြမ္း႐ိုးစင္းရွပ္ႏွင့္ လူငယ္က သူ႔အေဖာ္မ်ားႏွင့္ စကားေျပာေန၍ မၾကား။ တစ္ဖက္စားပြဲမွ ေျပာင္ရွပ္အစိမ္းႏုႏွင့္ လူငယ္က လည္း ဖုန္းေျပာေန၏။ ကသစ္ေမးသည္ကို မေျဖအား။ လက္သာေထာင္ ျပ၏။ ထို႔ေၾကာင့္ ကသစ္က ထိုလူငယ္မွာသည္ထင္ၿပီး ထိုလူငယ္ထံ ပုဇြန္ ပန္းကန္ကို ခ်ေပးလိုက္သည္။ သည္ဘက္စားပြဲသို႔ ဝက္သားပန္းကန္တင္ ေပးကာေနာက္ဘက္မွ ေဒၚေလးေခၚရာဆီ အေျပးသြားမည္အျပဳ…။ “ဟာ.. ကြၽန္ေတာ္မွာတာ… ဝက္သားဗ်”
“ဒီမွာ… ပုစြန္ဟင္းမွာတာေလ”
အစိမ္းႏုရွပ္ႏွစ္ေယာက္၏ေျပာသံမ်ား ၿပိဳင္တူလိုထြက္လာသည္။ “အို … ေဆာရီးပါရွင္။ ကြမ္း႐ိုးစင္းအစ္ကိုက ပုစြန္မွာတာလား။ ေရာ့ … အစ္ကို”
ကသစ္က ေတာင္းပန္ရင္း ပန္းကန္ခ်င္းျပန္လဲေပးလိုက္၏။
“ဟာ … ဘာလဲဗ်။ ကြမ္း႐ိုးစင္း” “ဘာ..ေျပာင္အစ္ကိုလဲဗ်”
လူငယ္ႏွစ္ေယာက္၏
တအံ့တဩေမးသံထြက္လာသည္။ ထိုအခါမွ
ကိုယ့္အမွတ္ႏွင့္ ကိုယ္ အလ်င္စလို သုံးလိုက္မိပုံကို သတိရၿပီး ကသစ္ရွက္
ကာရွိန္းခနဲ ျဖစ္သြား၏။
“အဲ..ဟို…ဟို… ရွပ္ .. ရွပ္အက်ႌအေရာင္… တူ ……”
ရွက္ရွက္ႏွင့္ ကသစ္စကားမဆုံးဘဲ ေနာက္သို႔ ျပန္ေျပးမိေတာ့၏။ ေနာက္ေရာက္မွ ကသစ္အသာလွည့္ၾကည့္ေတာ့ လူငယ္ႏွစ္ေယာက္ရယ္ ေနၾကသည္ကို ေတြ႕ရေလသည္။
ကသစ္ … ႏွစ္ၿခိဳက္စြာ ၿပဳံးလိုက္မိ၏။ ကသစ္ႏွင့္ ကိုကိုသည္ ထိုမွစ၍ ခင္မင္သြားခဲ့ရသည္။ ကသစ္ႏွစ္ဦးစတင္ေတြ႕ဆုံခဲ့ရပုံလည္းျဖစ္ပါ၏။ ေျပာ ရလွ်င္ ကသစ္က ထိုစဥ္ကတည္းက လူေခ်ာကိုကိုအေပၚ ရင္ခုန္မိသလို ကိုကို႔အၾကည့္မ်ားကလည္း ကသစ္အေပၚထူးဆန္းခဲ့သည္ပင္။
ကိုကိုသည္ ထိုေန႔က နယ္ျပန္မည့္သူငယ္ခ်င္းတစ္ေယာက္ကို ကား ဂိတ္လိုက္ပို႔ရင္း ဆိုင္ႀကီးမ်ား လူျပည့္ေနျခင္းေၾကာင့္ လူရွင္းသည့္ ကသစ္ တို႔ဆိုင္တြင္ ဝင္စားျခင္းျဖစ္သည္။ ရွပ္အက်ႌအစိမ္းႏုအေရာင္တူကိစၥျဖင့္ ကသစ္ႏွင့္ ကိုကိုမ်က္မွန္းတန္းမိသြားကာ ေနာက္ပိုင္း ကိုကိုက ဆိုင္သို႔ မၾကာခဏ လာစားတတ္ေလသည္။ ထိုသို႔ မၾကာခဏ ေရာက္လာတတ္ သျဖင့္လည္း ၾကာေတာ့ ကသစ္တို႔ႏွင့္ အေတာ္ရင္းႏွီးခင္မင္ေနခဲ့ၾကၿပီ။
ကိုကို႔နာမည္က“မင္းခန႔္ကို” ဟု သိရၿပီး သူငယ္ခ်င္းအားလုံးကကိုကို ဟု ေခၚၾကသည္။ သို႔ႏွင့္ ကသစ္ကလည္း “ကိုကို” ျဖစ္သြားခဲ့ရပါ၏။ ခရီး သြားရန္ မရွိဘဲ အေဝးေျပးဝင္းအတြင္း ထမင္းဆိုင္သို႔ တကူးတက ကိုကို လာစားျခင္းအေၾကာင္း ကသစ္ေမးဖူးသည္။ ကိုကိုက နယ္သို႔ စာ၊ ပစၥည္း စသည္ကိုအေဝးေျပးကားႏွင့္ထည့္ေပးျခင္း၊လာယူျခင္းေခ်ာပို႔အလုပ္လုပ္
သည္ဟုေျပာသည္။
ကိုကို႔ကို တစ္ခါတစ္ခါ အဝတ္အစား ဖ႐ိုဖရဲႏွင့္ ႏြမ္းႏြမ္းနယ္နယ္ ပုံစံ မ်ိဳး ေတြ႕ရတတ္သည္။ တစ္ခါတစ္ခါ ထမင္းနပ္မွန္ေအာင္ မစားရသူတစ္
ေယာက္ကဲ့သို႔ ဆာဆာေလာင္ေလာင္ ေရာက္လာတတ္ၿပီး ကသစ္တို႔ဆိုင္ တြင္ အားပါးတရစားေနသည္မ်ိဳးလည္းေတြ႕ရ၏။
ကိုကိုအလုပ္အဆင္မေျပဘဲ သည္သို႔ ငတ္တစ္လွည့္၊ ျပတ္တစ္ လွည့္ပုံစံမ်ိဳး ေတြ႕ရျခင္းအတြက္ ကသစ္စိတ္မေကာင္းပါ။ ကိုကို႔ပုံစံက အပ်င္းထူ၍ လက္ေၾကာမတင္းေသာ ပုံမ်ိဳးမဟုတ္ဘဲ က်န္းမာေရးခ်ဴခ်ာ သျဖင့္ အလုပ္ပ်က္ရပုံမ်ိဳးျဖစ္သျဖင့္ ကသစ္ႏွင့္ေဒၚေလးက သနားမိၾက သည္။ ထို႔ေၾကာင့္ တစ္ေန႔ ကိုကိုဆိုင္တြင္ ထမင္းလာစားၿပီး ျပန္ခါနီး၌ ကသစ္က ျခစ္ျခစ္ကုတ္ကုတ္စုထားေသာေငြငါးေသာင္းကို ကိုကို႔လက္ထဲ ထိုးထည့္ေပးရင္း ..
“ကိုကို…ဒါ…ကသစ္စုထားတဲ့ေငြပါ။ ကိုကိုလိုတာသုံးပါ။ ကိုကို႔ၾကည့္
ရတာတစ္ခါတစ္ခါေနမေကာင္းသလိုပဲ။ကိုကိုကအစာကိုပုံမွန္မွမစားတာ၊
ဒါေၾကာင့္ ေနမေကာင္းျဖစ္တာေနမွာ”
ထမင္းကိုဂ႐ုစိုက္ၿပီးစားပါကိုကိုရယ္။ ေငြမရွိရင္လည္းဒီတိုင္းကသစ္ တို႔ ဆိုင္ကို လာစားပါ။ ေဒၚေလးကလည္း ကိုကို႔ကို တူရင္းတစ္ေယာက္လို ခင္ေနၿပီပဲ။ ကိုကို႔တစ္ေယာက္စာေတာ့ ကသစ္တို႔ေကြၽးႏိုင္ပါတယ္။ အစာ မစားဘဲေတာ့ မေနပါႏွင့္။ လာစရာလမ္းစရိတ္မရွိရင္ ကားသာ ငွားလာခဲ့။ ဒီေရာက္ေတာ့ ကသစ္ကားခရွင္းေပးမယ္ေနာ္ကိုကို”
ကိုကိုက ကသစ္ကို အံ့အားတသင့္ဟန္ႏွင့္ ေငးၾကည့္ေနသည္။ ကိုကို႔မ်က္ဝန္းထဲတြင္ အရိပ္အေယာင္မ်ိဳးစုံ တလဲ့လဲ့ ယွက္သန္းေနၾက၏။ ၾကည္ႏူးျခင္းလား … ဝမ္းသာျခင္းလား … ။ ထူးဆန္းစြာ ဝမ္းနည္းရိပ္လည္း ပါသည္ ထင္မိ၏။ ကိုကိုက ကိုကို႔မွာ ေငြရွိပါတယ္ဟု ဆိုကာ ကသစ္၏ ေငြ ကို အတင္းျပန္ေပးသည္။ ကသစ္က ကိုကိုမယူ၍ ဝမ္းပန္းတနည္း ငိုမိမလို ျဖစ္လာေတာ့မွ ကိုကိုမျငင္းေတာ့။
ကိုကိုက က်န္းမာေရး ခ်ဴခ်ာသည္။ မၾကာခဏ ေနမေကာင္းျဖစ္တတ္ ၍ အင္အားခ်ည့္နဲ႔စြာ ေရာက္လာတတ္ေသာ ကိုကို႔ကို ကသစ္ကပင္ ဆိုင္ တြင္ နားခိုင္းကာ ေဆးခန္းျပေပး ျပဳစုေပးရ၏။ ေနမေကာင္းရသည့္အထဲ ေငြမရွိက စိတ္ဓာတ္က်မည္စိုး၍ ေငြမျပတ္ေအာင္ ကသစ္က မၾကာခဏ
တတ္ႏိုင္သမွ်ေငြကိုဇြတ္ေပးသည္။ကံေကာင္းသည္ကဆိုင္နားဝန္းက်င္မွ ကေလးမ်ားကို အားလပ္ခ်ိန္တြင္ စာျပေပးရင္း က်ဴရွင္ဆရာမျဖစ္မွန္းမသိ ျဖစ္လာကာဟိုကအပ္သည္ကအပ္ႏွင့္ကသစ္တြင္လစဥ္ဝင္ေငြေလးပုံမွန္ ရလာခဲ့သည္။ ထိုေငြကိုကိုကို႔အားကသစ္ေပးႏိုင္ခဲ့ျခင္းျဖစ္ပါ၏။
သို႔ႏွင့္ စေတြ႕စဥ္ကပင္ ရင္ခုန္ျခင္းႏွင့္စခဲ့ေသာ ကိုကိုႏွင့္ကသစ္သည္ ၾကာေလေလ သံေယာဇဥ္တြယ္မိေလႏွင့္ တစ္ေယာက္ကို တစ္ေယာက္ နင့္နင့္နဲနဲခ်စ္မိၾကေလေတာ့သည္။ ကသစ္ႏွင့္ ကိုကို႔ကို ေဒၚေလးကလည္း သေဘာတူပါသည္။ ကိုကို႔ကို ေဒၚေလးကလည္း သေဘာတူပါသည္။ ကိုကို႔ကို ေဒၚေလးက သံေယာဇဥ္ျဖစ္ေန၏။ ကိုကိုက အလုပ္အကိုင္ ဝင္ေငြ မေကာင္းေသာ္လည္း လူေကာင္းလူေအးမို႔ သည္လိုပဲ ႏွစ္ေယာက္ဒိုးတူ ေပါင္ဖက္ လုပ္ကိုင္စားၾကေပါ့ဟု ဆိုကာ လက္ထပ္ရန္လည္း ခြင့္ျပဳထားပါ သည္။
ခက္သည္က ကိုကိုျဖစ္သည္။ ကိုကို ကသစ္ကို သိပ္ခ်စ္မွန္း ကသစ္ သိပါသည္။ သို႔ေသာ္ လက္ထပ္ရန္ ကိစၥ ကိုကိုက မစ။ ေရွ႕ေရးအေၾကာင္း စကားေရာက္သြားသည္ႏွင့္ ကိုကို႔မ်က္ႏွာသြင္ျပင္က မႈန္မႈိင္းလာကာ ဝမ္း နည္းပန္းနည္းပုံစံျဖစ္သြားခဲ့သည္ခ်ည္းမို႔ ကသစ္စကားမဆက္ျဖစ္ေတာ့ ပါ။ ကိုကိုသည္ သူ႔ဝင္ေငြႏွင့္ ကသစ္ကို လူတန္းေစ့မထားႏိုင္မွာ စိုးရိမ္ေန သည္ဟုကသစ္ႏွင့္ေဒၚေလးက ေတြးမိၾကသည္။
ကသစ္အတြက္ေတာ့ ကိုကိုဝင္ေငြေကာင္းသည္၊ မေကာင္းသည္မွာ ျပႆနာမဟုတ္ပါ။ လိုလည္း မလိုအပ္ပါ။ ကိုကိုသည္လို ခဏခဏ ေန မေကာင္းျဖစ္တတ္ပုံမ်ိဳးေၾကာင့္ ကိုကို႔ကို အခ်ိန္ျပည့္ျပဳစုေစာင့္ေရွာက္ႏိုင္ ရန္ ကသစ္ကလက္ထပ္လိုပါေသာ္လည္း .. ကိုကိုစိတ္မထိခိုက္ေစလို၍ အခ်ိန္ေပးကာ ေစာင့္ေနရေတာ့သည္။
သို႔ေသာ္ ကသစ္၏အထင္ႏွင့္အျမင္တို႔ ပါစင္ေအာင္ လြဲသြားေၾကာင္း မၾကာမီပင္ကသစ္သိရပါေတာ့သည္။
“ဟင္… ကိုကို…ေန… ေနမေကာင္းဘူးလား..ဟင္”
ကိုကိုဆိုင္သို႔ ေရာက္မလာသည္မွာ တစ္ပတ္ေက်ာ္ေလာက္ရွိေနၿပီးမွ တစ္ေန႔အငွားကား တစ္စီးႏွင့္ ျဗဳန္းစားႀကီးေရာက္လာသည္။ မ်က္ႏွာက လည္း ျဖဴဖပ္ျဖဴေရာ္ႏွင့္ ခ်ဳံးက်ေန၏။ ကသစ္ထိတ္ထိတ္ပ်ာပ်ာျဖစ္သြား သည္။ ယိုင္တိယိုင္ထိုး ဝင္လာေသာ ကိုကို႔ကို ကသစ္ႏွင့္ ေဒၚေလးတြဲကာ နားေနႏိုင္ရန္ ျပင္ဆင္ေပးေနဆဲ ကိုကိုေခါင္းငိုက္စိုက္က်ကာ သတိလစ္ သြားခဲ့သည္။ ကသစ္တို႔ တူဝရီး ေဆးခန္းသို႔ ေျပးၾကရ၏။ ဆရာဝန္က အေရးေပၚေဆး႐ုံတင္ခိုင္းၿပီးေဆး႐ုံေရာက္မွ ကသစ္ကိုကို႔အေျခအေနမွန္ ကို သိလိုက္ရျခင္းျဖစ္သည္။
ကိုကိုတြင္ ေအအယ္လ္အက္စ္(လိုဂရစ္ေရာဂါ) ရွိေနခဲ့သည္။ ေရာဂါက တျဖည္းျဖည္းရင့္လာၿပီမို႔ … သက္တမ္းေစ့ေနႏိုင္မည္ မဟုတ္…တဲ့။
ကိုကိုၾကားထဲတြင္ မလာႏိုင္သည္မွာလည္း ေနမေကာင္းျဖစ္ကာ ေဆး႐ုံတက္ေနရ၍ဟုကိုကိုသတိရလာေတာ့ေျပာျပသည္။ကသစ္ကိုေတြ႕ ခ်င္လြန္းသျဖင့္ ေဆး႐ုံမွ ထြက္လာရာက ကသစ္ထံအေရာက္တြင္ သတိ လစ္သြားခဲ့ျခင္းျဖစ္ေလသည္။
“ဒီေလာက္ ေရာဂါႀကီးနဲ႔ ေနမေကာင္းျဖစ္ေနတာကို ကသစ္ကို ဘာ လို႔မေျပာတာလဲကိုကိုရယ္”
“ကိုကိုေျပာရင္ ကသစ္စိတ္ဆင္းရဲရ႐ုံပဲရွိမွာ။ ကိုကို႔ေရာဂါက ျပန္ ေကာင္းလာမွာ မဟုတ္ေတာ့ဘူးေလ”
ကသစ္မ်က္ရည္ပိုးပိုးေပါက္ေပါက္က်ရသည္။
“ကိုကိုရယ္ … ဘာပဲျဖစ္ျဖစ္ ကသစ္ကို ေျပာရမွာေပါ့။ ကိုကို႔မွာ ဘယ္ သူရွိလို႔လဲ။ ဆရာဝန္က ေရာဂါရင့္ေနၿပီလို႔ ဘယ္လိုပဲ ေျပာေျပာ ကံဆိုတာ ရွိပါေသးတယ္ကိုကို။ ကုမရေတာ့ဘူးဆိုၿပီး ဆရာဝန္လက္လႊတ္လိုက္တဲ့ ကင္ဆာလို ေရာဂါမ်ိဳးေတာင္ ကံအေၾကာင္းသင့္ၿပီး တိုင္းရင္းေဆးဝါး ေကာင္းနဲ႔ ေပ်ာက္ကင္းခ်မ္းသာရာရတာမ်ိဳးလည္းရွိဖူးတာပဲ။
ကိုကို႔ေရာဂါကို ကသစ္ကုမယ္ကိုကို။ နယ္ဘယ္မွာ ေရွးတိုင္းရင္း သမားေတာ္ ႐ြက္ပုန္းသီးဆရာအေက်ာ္အေမာ္ေတြ.ရွိတတ္ပါတယ္။
ကသစ္ဆရာရွာမယ္။ ကိုကို႔ကို ကုေပးမယ္။ ဘာမွ စိတ္ဓာတ္မက်နဲ႔ေနာ္။ ကိုကိုစိတ္ဓာတ္ခိုင္မာဖို႔ပဲလိုတာ”
ကိုကိုက မ်က္ရည္လည္႐ြဲ ငိုလ်က္က စိတ္အားထက္သန္စြာ ေျပာေန ေသာကသစ္ကိုဝမ္းနည္းဝမ္းသာဟန္ႏွင့္ စိုက္ၾကည့္ရင္း …
“ကသစ္ခုေတာ့ကိုကို႔ေရာဂါအေျခအေနမွန္ကိုလည္းကသစ္သိသြား ခဲ့ရၿပီမို႔ ကိုကိုေျပာျပမယ္ေနာ္။ ကသစ္ကိုကိုကိုသိပ္ခ်စ္ပါတယ္။ ကိုကိုေလ ကသစ္နဲ႔ လက္ထပ္ၿပီး မခြဲမခြာေနခ်င္တယ္။ ဒါေပမဲ့-ကိုကို႔ေရာဂါကကြၽမ္း ေနၿပီ။ ကိုကိုက ေသမွာ ကသစ္။ လူ႔ေလာကမွာ ဘယ္ေလာက္ေနခြင့္က်န္ ေတာ့လဲဆိုတာ ကိုကိုမေျပာႏိုင္ဘူး၊ အလြန္ဆုံးေနရလွ တစ္ႏွစ္ႏွစ္ႏွစ္ေပါ့။ ဒါ့ထက္လည္းပိုျမန္ႏိုင္တယ္ေလ”
“အို … ဟင့္ … ဟင့္အင္း … ကိုကို။ မေျပာနဲ႔ ကိုကိုမေသရဘူး။ ကိုကို႔ကို ဆရာေကာင္းေတြရွာၿပီး ကသစ္ကုမယ္။ ကသစ္ရေအာင္ ကုမယ္”
ကိုကိုက သက္ျပင္ေမာႀကီး ရႈိက္လိုက္ရင္း ရႈိက္ငင္ငိုေႂကြးေနေသာ ကသစ္၏မ်က္ႏွာကို ျငင္သာစြာ ဆြဲေမာ့လိုက္သည္။
“ကသစ္… ကိုကိုေျပာတာကို ဆုံးေအာင္ နားေထာင္ေနာ္။ ကသစ္ ကိုကို႔ကို လက္ထပ္ဖို႔ ကိစၥေျပာလာတိုင္း ကိုကိုဟိုေရွာင္သည္ေရွာင္လုပ္ခဲ့ တာဟာ ဒါေၾကာင့္ပါကသစ္ရယ္။ ကိုကိုလည္း ကသစ္နဲ႔အတူ သိပ္ေနခ်င္ တာေပါ့။ ဒါေပမဲ့ ကိုကိုက ေသလူေလ။ ကိုကိုအတၱႀကီးၿပီး ကသစ္ကို လက္ ထပ္လိုက္ရင္ ကိုကိုေသသြားတဲ့အခ်ိန္မွာ ကသစ္က ငယ္ငယ္႐ြယ္႐ြယ္နဲ႔ မုဆိုးမ ျဖစ္က်န္ခဲ့မွာ။
ကိုကို အဲဒီလို ကသစ္ကို မလုပ္ရက္ဘူး။ မထားခဲ့ရက္ဘူး။ ကသစ္က ငယ္ေသးတယ္။ ကသစ္မွာ အနာဂတ္ရွိတယ္။ မၾကာခင္ေသေတာ့မယ့္လူ နဲ႔ လက္ထပ္ၿပီး မုဆိုးမ အျဖစ္နဲ႔ ကသစ္ရဲ႕ေရွ႕ေရးကို ကိုကိုဘယ္လို ပိတ္ပင္ ရက္မွာလဲ။ ဒါေၾကာင့္ ကိုကို… ကသစ္ကို … လက္.. လက္မထပ္ႏိုင္တာပါ။ ကိုကို႔ေစတနာကိုနားလည္ပါေနာ္”
ကိုကို႔အသံက ဆို႔နင့္တိမ္ဝင္သြား၏။
“ဟင့္အင္း ကိုကို။ ဟင့္အင္း …. ။ ကသစ္ .. ကိုကို႔ကို လက္ထပ္မယ္။ ကသစ္လက္ထပ္ရဲတယ္။ ေအးအတူ ပူအမွ်ေပါ့ကိုကိုရယ္။ ကိုကိုနဲ႔ လက္
ထပ္မွ ကိုကိုနဲ႔ အတူရွိေနမွ ကသစ္ကိုကို႔ကိုစိတ္တိုင္းက် ျပဳစုေစာင့္ေရွာက္ ခြင့္ရမွာ။ ကသစ္ေျပာခဲ့သလို ဆရာေကာင္းေတြ ကသစ္လိုက္ရွာမယ္။ ကိုကို႔ကိုကုမယ္.. သိလား
ဟို … ဖြဟဲ့ … လြဲပါေစ.. ဖယ္ပါေစ ….။ ကိုကို႔ကို ေရာဂါက ႏိုင္သြားရင္ ေတာင္ကသစ္ကအေကာင္းဆုံးျပဳစုခြင့္ရခဲ့တဲ့အေပၚကသစ္ေက်နပ္ေနမွာ ပါကိုကို။ ႏို႔မို႔ရင္ တစ္သက္လုံး ေျဖႏိုင္မွာမဟုတ္ဘူး။ ကိုကိုအသက္ရွင္ခြင့္ ရတဲ့အခ်ိန္ဟာ တစ္ရက္ေလးပဲ ျဖစ္ပါေစ … အဲဒီတစ္ရက္ကို ကသစ္က ကိုကို႔ေဘးမွာအတူရွိေနခ်င္တယ္။အဲဒီတစ္ရက္ပဲျဖစ္ျဖစ္ကိုကို႔ကိုေပ်ာ္႐ႊင္ ေစခ်င္တယ္။ စိတ္ခ်မ္းသာေစခ်င္တယ္။ ဒီအတြက္ ျဖစ္လာသမွ် ကသစ္ ရင္ဆိုင္ဝံ့ပါတယ္။ ကိုကိုေျပာသလိုမုဆိုးမျဖစ္လည္းကသစ္ဂ႐ုမစိုက္ဘူး။ ကသစ္… ကိုကို႔ကိုလက္ထပ္မယ္ကိုကို”
ကိုကို၏ မ်က္ရည္ဖုံးေသာ မ်က္လုံးမ်ားထဲက ပီတိရိပ္၊ ခ်စ္ျမတ္ႏိုးရိပ္ ကိုကသစ္ထင္ထင္ရွားရွားျမင္ရသည္။ ကိုကိုလည္းကသစ္၏စစ္မွန္ေသာ အခ်စ္မ်က္ဝန္းကို ေကာင္းစြာ ဖတ္ႏိုင္လိမ့္မည္ထင္ပါသည္။
တိုတိုဆိုရလွ်င္ ကိုကိုႏွင့္ ကသစ္႐ုံးတက္လက္မွတ္ထိုးကာ အက်ဥ္း ခ်ဳံး လက္ထပ္ခဲ့ၾကပါသည္။ အလ်င္စလို စီစဥ္ရသျဖင့္ ျပည္နယ္တစ္ခု၏ ႐ြာေလးတြင္ ေနေသာ ကိုကို႔မိဘမ်ား လာရန္ မလြယ္ကူဟု ဆိုသည္ကို လည္းကသစ္ကယုံၾကည္ကာ နားလည္ေပးခဲ့ပါသည္။
လက္ထပ္ၿပီးေနာက္ ကိုကို႔က်န္းမာေရးကိစၥမွအပ ကိုကိုႏွင့္ ကသစ္ ႏွစ္ေယာက္တစ္ကမာၻေပ်ာ္႐ႊင္ခဲ့သည္။ ကိုကို႔ကို ကသစ္ခ်စ္ၾကင္စြာ ျပဳစု သည္။ စိတ္ခ်မ္းသာေအာင္ ထားခဲ့သည္။ ထိုစဥ္က ကိုကိုသည္ စီးပြားေရး လုပ္ငန္းႀကီးေျမာက္ျမားစြာ၏ ဦးေဆာင္သူ၊ ေဆြစဥ္မ်ိဳးဆက္ က်ိက်ိတက္ ခ်မ္းသာေသာမိုးကုတ္ေက်ာက္တြင္းသူေဌးမိဘမ်ား၏တစ္ဦးတည္းေသာ
သားဟုကသစ္အမွန္တကယ္မသိခဲ့ပါ။
ကိုကို႔ကို သည္လိုမွန္းမသိ၍ ကသစ္က ကသစ္၏ ေခြၽးႏွဲစာေငြ ေၾကးကအစ ကူခဲ့မိသူမဟုတ္လား။ ကသစ္စိတ္ရွင္းသည္။ လိပ္ျပာသန႔္ပါ သည္။ ကိုကိုသည္ သူေဌးသားမွန္း၊ လုပ္ငန္းရွင္မွန္း ကသစ္ တကယ္မသိ ဆိုသည္ကိုလည္း ကိုကိုသိပါ၏။ က်န္းမာေရးအေျခအေနအရလူ႔ေလာကတြင္ ေနရက္ မက်န္လွေတာ့ေသာ၊ မေရရာေတာ့ေသာ ကိုကို႔ကို ကိုကို အသက္ရွင္သ၍၊ ေနရသ၍ စိတ္ခ်မ္းသာေပ်ာ္႐ႊင္ေစလိုေသာ ခ်စ္ျခင္း ေမတၱာမွန္ျဖင့္ ကသစ္လက္ထပ္ခဲ့ျခင္းျဖစ္ပါ၏။ . ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ မုဆိုးမ ျဖစ္ရမည္ကိုပင္ ဂ႐ုမစိုက္ခဲ့သူျဖစ္ပါ၏။ လက္ထပ္ၿပီး တစ္လေက်ာ္ ခန႔္တြင္ ကသစ္တို႔ထံ ကိုကို႔မိဘမ်ားက စုံစမ္းၿပီး ျဗဳန္းစားႀကီးေရာက္လာ ခါမွသာ ကိုကို႔အေျခအေနမွန္ကို ကသစ္သိရျခင္းျဖစ္သည္။
ကိုကို႔ ေမေမကမူ ကသစ္အား ႐ုပ္ေခ်ာတာေလး ဗန္းျပၿပီး သူ႔သားကို ျဖားေယာင္းေသြးေဆာင္လက္ထပ္ခဲ့သည္ဟု ေဒါသတႀကီးစြပ္စြဲေျပာဆို ခဲ့သည္။ လုပ္ငန္းေပါင္းမ်ားစြာကို ဦးေဆာင္ဦး႐ြက္ျပဳေနသည့္ အရည္ အခ်င္းျပည့္ဝေသာ တစ္ဦးတည္းေသာသား၊ ေျမာက္ျမားစြာေသာ အေမြ မ်ားကိုဆက္ခံပိုင္ဆိုင္ရမည့္ကိုကို႔လိုသူေဌးသားကိုထမင္းဆိုင္ေသးေသး ေလးက ထမင္းေရာင္းသူ၊ ဆယ္တန္းပင္ မေအာင္ေသာ ကသစ္လို မိန္းမ လည္၏ လက္တြင္း သူ႔သားအမိခံလိုက္ရေလျခင္းဟု ရင္ထုမနာဟန္ႏွင့္ ပက္ပက္စက္စက္ေျပာသည္။
ရွက္စိတ္၊ ဝမ္းနည္းစိတ္ျဖင့္တနင့္တနဲငိုေႂကြးခဲ့မိေသာ္လည္းကသစ္ ကိုယ့္ကိုယ္ကိုယ္ လိပ္ျပာလုံသည္။ ကသစ္သည္သို႔ မဟုတ္ေၾကာင္း တစ္ ေလာကလုံးမွ လူေတြ မသိသည့္တိုင္ ကိုကိုသိသည္။ ကသစ္ခ်စ္ရလြန္း ေသာကိုကိုသိသည္။ ဒါဆိုလွ်င္လုံေလာက္ပါၿပီ။
ကိုကိုက မၾကာခဏ ေဆး႐ုံတက္ရၿပီး ေရာဂါေၾကာင့္ အအိပ္ပ်က္၊ အစားပ်က္ျဖစ္ရာမွကသစ္တို႔ဆိုင္ေရာက္လာပုံ(ထိုစဥ္ကကသစ္တို႔သည္ ေငြေၾကးအဆင္မေျပ၍ ကိုကို အစာေကာင္းစြာ မစားရျခင္းဟု ထင္ျမင္ခဲ့ ၾကသည္။)ေဝဒနာေၾကာင့္ တစ္ခါတစ္ခါ စိတ္ဓာတ္က်ဆင္းၿပီးျဖစ္သလို ေနခဲ့မိပုံမ်ားကိုေနာက္ပိုင္းတြင္ ျပန္ေျပာျပသည္။ ကိုကို႔တြင္ ေငြမရွိဟုထင္ ၿပီးကသစ္ကေစတနာအျပည့္ျဖင့္ ျခစ္ျခစ္ကုတ္ကုတ္စုထားေသာေငြေလး
မ်ားေပးစဥ္ကကိုကိုနင့္နင့္နဲနဲခံစားခဲ့ရေၾကာင္းေျပာျပသည္။
ကိုကို႔ဘဝမွန္ကို ကသစ္အား ေျပာျပရန္ ႀကံ႐ြယ္ေသးေသာ္လည္း တစ္ခ်ိန္တြင္ ကသစ္ကို လက္မထပ္ဘဲ ထားခဲ့ရသည့္အခါ သူေဌးသားမို႔ သာမန္မိန္းကေလးကသစ္ကိုထားခဲ့သည္ဟု ထင္ျမင္မွာစိုး၍လည္းေကာင္း၊
ဂုဏ္ပကာသနကို အစြန္းေရာက္ အေလးထားတတ္သည့္ ကိုကို႔မိဘ မ်ား၊ အထူးသျဖင့္ တစ္ဇြတ္ထိုး မိခင္ကလည္း ဘယ္နည္းႏွင့္မွ် ကသစ္ ႏွင့္ သေဘာတူမည္မဟုတ္သည့္အတြက္ ကသစ္စိတ္ထိခိုက္ရမည္ပင္ ျဖစ္ ၍ဖြင့္မေျပာခဲ့ျခင္းျဖစ္ေၾကာင္း ရွင္းျပခဲ့သည္။
ကိုကိုသည္ ေရာဂါအေျခအေနအရ ေနာက္ဆုံးအခ်ိန္မ်ားႏွင့္ နီးကပ္ လာသည့္အခါ ကသစ္ကို လက္လႊတ္ရန္ ရည္႐ြယ္ခဲ့ေၾကာင္းႏွင့္ ကိုကို ေသဆုံးသည့္အခါကိုကို႔ကိုယ္ပိုင္ေငြသိန္းေပါင္းမ်ားစြာကိုကသစ္အတြက္ လႊဲေပးရန္ မူလကပင္ ေရွ႕ေနႏွင့္ စီစဥ္ခဲ့ၿပီး ျဖစ္ေၾကာင္းလည္း ေျပာျပခဲ့ သည္။
ကသစ္မလိုခ်င္ပါ။ ကိုကို႔အေပၚ မည္သည့္ေမွ်ာ္လင့္ခ်က္မွ် မရွိဘဲ ႐ိုး သားသန႔္စင္စြာ စိတ္ရင္းႏွင့္ ခ်စ္ခဲ့ျခင္းျဖစ္၍ ထိုေငြေၾကးမ်ားကို ကသစ္ မမက္ေမာပါ။
သို႔ေသာ္ ဓနဂုဏ္ေမာက္ အစြန္းေရာက္ အထင္မ်ား လြဲမွားျပည့္ႏွက္ ေနေသာ ကိုကို႔မိဘမ်ားႏွင့္ အသိုင္းအဝိုင္းကိုမူ ကသစ္မည္သို႔ ရွင္းျပႏိုင္ပါ အံ့နည္း။ မည္သို႔ ယုံႏိုင္ၾကပါမည္နည္း။
ထိုစဥ္က ကိုကိုသည္ ကသစ္ကို တရားဝင္လက္ထပ္ၿပီးျဖစ္၍ ကသစ္ ႏွင့္ခြဲ၍မေနႏိုင္ပါ။ အကယ္၍ဖြတ္ခြဲလာခဲ့လွ်င္ေဆးကုသမႈမ်ားအားလက္ မခံေတာ့ပါဟု ျပတ္သားစြာ ရင္ဆိုင္ခဲ့သည္။ ကသစ္ကို မလႊဲမေရွာင္သာ လက္ခံခဲ့ရေသာ ကိုကို႔မိဘမ်ား၏ သံသယအမုန္းေတာင္ႀကီးကို ကသစ္ မည္သို႔ထြင္းေဖာက္ႏိုင္ပါအံ့နည္း။
“အမွန္တရားသည္ခရီးထြက္ရန္ဖိနပ္စီးေနခိုက္မုသာဝါဒမွာကမာၻကို တစ္ပတ္ပတ္ခဲ့ၿပီးျဖစ္သည္” ဟူေသာ စကားအတိုင္း ကသစ္၏ စိတ္ရင္း အမွန္တရားက ဖိနပ္စီးရန္ ျပင္ေနဆဲ၊ မဟုတ္မမွန္ေသာ အတင္းအဖ်င္း စကားတို႔က ဝန္းက်င္အႏွံ႔ ေၾကညာေမာင္းခတ္ခဲ့ေလၿပီမို႔-
ကိုကို႔မိဘအသိုင္းအဝိုင္းႏွင့္ ပတ္ဝန္းက်င္၏ စကားတင္းဆိုမႈမ်ား ၾကားကသစ္မွာ မလူးသာမလြန႔္သာမိေနခဲ့ရပါေတာ့သည္။
“ဝုတ္…ဝုတ္… အိုင္…အိုင္..”
ကသစ္ဖ်တ္ခနဲ ႏိုးလာသည္။ သူမ ေမြးထားေသာ ေခြးေလး ေခ်ာ္ကို (Choco) ၏ ထူးဆန္းေသာ မာန္ဖီသံ၊ ေဟာင္သံ၊ ညည္းသံတို႔ေၾကာင့္ ျဖစ္၏။ ကသစ္ခါတိုင္းလို အိမ္အလုပ္မ်ားပင္ မလုပ္ျဖစ္ဘဲ ေဆး႐ုံမွ ျပန္ ေရာက္သည္ႏွင့္ ထိုးအိပ္ခဲ့မိသည္။ ေခ်ာ္ကို ဘာျဖစ္လို႔လဲ … ။ ေတြးရင္း ကသစ္က အိပ္ရာမွ ထလိုက္ၿပီး အိပ္ခန္းတံခါးကို ဆြဲဖြင့္လိုက္၏။ “ဟဲ့….. ဘယ္လိုျဖစ္ …”
သူမ၏ ေခြးညိဳေလး ေခ်ာ္ကိုသည္ တံခါးပြင့္သည္ႏွင့္ သူမကို အတင္း တိုးတိုက္ကာ အိပ္ခန္းထဲသို႔ ဝင္ေျပးလာ၏။ ကုတင္ေျခရင္းတြင္ ေျပးကပ္ လ်က္ အခန္းဝသို႔ လွမ္းၾကည့္ကာ တဂီးဂီး ခပ္တိုးတိုးမာန္ဖီေနေလသည္။ ေခြးေလးတစ္ကိုယ္လုံးကလည္း တုန္ယင္ေနကာ ေၾကာက္ေၾကာက္႐ြံ႕႐ြံ႕
ပုံစံျဖစ္ေန၏။
“ေခ်ာ္ကိုေလး… ဘာျဖစ္တာလဲ”
ကသစ္က ေခ်ာ္ကို႔ဆီ ျပန္ေလွ်ာက္သြားလ်က္ ေခ်ာ္ကို႔ေဘးတြင္ ေဆာင့္ေၾကာင့္ ထိုင္ခ်လိုက္ရင္း ေမးလိုက္သည္။ ေခြးကေလးက ကသစ္ ဆီသို႔ ေၾကာက္႐ြံ႕တႀကီးတိုးကပ္လ်က္ရွိေသာ္လည္း ေခြးေလးမ်က္လုံးမ်ား က အခန္းဝကို လွမ္းၾကည့္ကာ ထူးထူးဆန္းဆန္း အသံတစ္မ်ိဳးျဖင့္ ခပ္တိုး တိုး ညည္းတြားမာန္ဖီေနေလသည္။ ေခြးေလးၾကည့္ရာ အခန္းဝကို ကသစ္ ကလည္းလွမ္းၾကည့္မိ၏။
“ဟင္”
အခန္းအျပင္ဘက္ တံခါးဝအနီးတြင္ ကိုကို႔ကို ရိပ္ခနဲျမင္လိုက္ရသလို ရွိ၍ ကသစ္အံ့အားသင့္သြားသည္။ ကသစ္က တံခါးဆီသို႔ အေျပးတစ္ပိုင္း ထသြားကာ အခန္းျပင္ကို ထြက္ၾကည့္မိ၏။ အျပင္တြင္ မည္သူမွ် မေတြ႕။ သူမ… ဇေဝဇဝါျဖစ္သြားသည္။ ကိုကိုမွကိုကိုပါ။မေန႔ကငါလဲဝတ္ေပးခဲ့တဲ့ ရွပ္အက်ႌအနီကြက္နဲ႔။
ဧည့္ခန္းဆီထိ မတင္မက်ျဖင့္ပင္ သူမ ဆက္ထြက္လာကာ ဟိုသည္ ၾကည့္မိသည္။ အင္းေလ…ကိုကိုကထမွမထႏိုင္တဲ့ဟာ။ ဘယ္လိုလုပ္ဒီကို ေရာက္လာမွာလဲ။ ငါ အျမင္မွားတာပဲေနမွာ။ ငါလည္း ႐ူးေနၿပီလား မသိ ေတာ့ဘူး။
ကသစ္က သက္ျပင္းတစ္ခ်က္ခ်လိုက္ရင္းထမင္းစားခန္းဆီေလွ်ာက္ သြားသည္။ေရခဲေသတၱာတြင္းမွေရတစ္ဘူးကိုဆြဲထုတ္လ်က္တစ္ဖန္ခြက္ မွဲ႔ထည့္လိုက္ၿပီး ေမာ့ေသာက္လိုက္၏။ ေအးစက္ေသာ ေရသည္ သူမ၏ လည္ေခ်ာင္းအတြင္း အေအးေျမာင္းတစ္ခုႏွယ္ဆင္းသြားသည္။
မနက္ရွစ္နာရီခန႔္က ေဆး႐ုံမွ ျပန္ေရာက္ၿပီး ကသစ္ထိုးအိပ္သြားခဲ့ သည္။ စိတ္ပန္းကိုယ္ပန္းႏွင့္ အထီးက်န္ေန႔ညေပါင္းမ်ားစြာကို ကသစ္ တစ္ေယာက္တည္း ခ်ည့္နဲ႔နဲ႔ ျဖတ္သန္းေနရသည္မွာ လေပါင္းအတန္ၾကာ ခဲ့ၿပီ။
ကိုကို “ကိုမာ”ဝင္ၿပီးေဆး႐ုံတင္ရသည့္ေနာက္ပိုင္း ဤကြန္ဒိုသို႔ ကသစ္ေျပာင္းေနခဲ့သည္။ သူမတို႔ထံ ကိုကို႔မိဘမ်ား ေရာက္လာၿပီးေနာက္ ကိုကို႔အိမ္သို႔ ကသစ္လိုက္လာခဲ့ရ၏။ ကိုကို႔မိဘမ်ားက ကသစ္ကို မၾကည္ ျဖဴဟန္ျပသည့္တိုင္ေရာဂါသည္ကိုကို႔ကိုငဲ့၍လားမသိ။ကသစ္အားလက္ခံ ခဲ့ပါသည္။ သို႔ေသာ္ လိုအပ္မွသာ မျဖစ္မေနမွသာ ကသစ္ကို စကားေျပာ သည္။ ကိုကို႔မိဘမ်ားက ဥပေကၡာျပဳေသာ္လည္း ကိုကိုတံတိုင္းႀကီးရွိေန၍ ကသစ္သည္းခံႏိုင္၊ ေနႏိုင္ခဲ့ပါသည္။
ကိုကို႔ကိုကုလက္စအဂၤလိပ္ေဆးမ်ားအျပင္ကိုကိုႏွင့္တိုင္ပင္၍နယ္မွ
နာမည္ေက်ာ္ ျမန္မာသမားေတာ္ တိုင္းရင္းေဆးဆရာႀကီးႏွင့္လည္း ကုေစ သည္။ မိဘမ်ားက ဆရာဝန္ႏွင့္ ကုသေစျခင္းကိုလည္း ဆရာႀကီးအား
ေျပာျပသည္။ကံေကာင္းသည္ကထိုျမန္မာတိုင္းရင္းေဆးဆရာႀကီးဦးျမတ္ ေက်ာ္ႏွင့္ ကိုကို႔ကို လက္ရွိကုသေနေသာ ဆရာဝန္ႀကီး ေဒါက္တာေအး ေသာင္သည္ နဂိုကပင္ သိကြၽမ္းရင္းႏွီးခင္မင္ေနခဲ့ၿပီး ေဝဒနာရွင္မ်ား၏ ဆႏၵအရမၾကာခဏပင္ အတူညႇိႏႈိင္း၍ပူးတြဲကုသေလ့ရွိျခင္းပင္ျဖစ္သည္။
ထို႔ေၾကာင့္ကာယကံရွင္ကိုကို႔ဆႏၵအတိုင္းဆရာႀကီးႏွင့္ကုသျခင္းကို ဆရာဝန္ႀကီးက လက္ခံခဲ့ပါ၏။ ကိုကို႔မိခင္၏သားခ်စ္စိတ္ျဖင့္ တစ္ဖက္စြန္း ေရာက္တတ္မႈကိုလည္း သိရွိထားေသာေၾကာင့္ ထိုသို႔ ျမန္မာတိုင္းရင္း ေဆးႏွင့္ ကုသေနျခင္းကို မိဘမ်ားအား လွ်ိဳ႕ဝွက္ထားေပးပါရန္ ကိုကိုက ေတာင္းဆိုေတာ့လည္း ဆရာဝန္ႀကီးက လက္ခံခဲ့ပါသည္။ အဂၤလိပ္ေဆးကိုမထိခိုက္ေစဘဲတိုင္းရင္းေဆးႏွင့္ပါကိုယ္ခံအားျပည့္ ေအာင္တိုင္ပင္ကုသႏိုင္ခဲ့သျဖင့္ကိုကို႔ေရာဂါကလက္ရွိတြင္မေပ်ာက္ကင္း ႏိုင္သည့္တိုင္ အရင္ကထက္ ေရာဂါဒဏ္ခံရခ်ိန္မ်ား အနည္းငယ္ျခားလာ သည္။ ေရာဂါေၾကာင့္ မၾကာခဏ ေနမေကာင္းျဖစ္ေလ့ရွိေသာ ကိုကိုသည္ ထိုသို႔ ကုသေနၿပီး ေနာက္ပိုင္း ေနမေကာင္းျဖစ္ႀကိမ္ အတန္ျခားခဲ့ပါ၏။ ကသစ္ႏွင့္ကိုကိုမွာ တစ္ခ်ိန္တြင္ ေရာဂါရွင္းရွင္းေပ်ာက္သြားႏိုင္ေလမည္ လားဟု ေမွ်ာ္လင့္မိခဲ့ၾကကာဝမ္းသာခဲ့ၾကရသည္။
သို႔ေသာ္ ထိုဝမ္းသာမႈေလးက ၾကာရွည္မခံလိုက္ပါ။ တစ္ေန႔ ကသစ္ ျမန္မာတိုင္းရင္းေဆးဆရာႀကီးထံ ေဆးသြားယူၿပီး ျပန္အလာ အိမ္ အေရာက္တြင္ သတင္းဆိုးကို ၾကားလိုက္ရပါေတာ့သည္။ ကိုကိုသည္ ႐ုတ္ တရက္ တက္ၿပီး သတိေမ့သြားရာမွ ေဆး႐ုံသို႔ အေရးေပၚတင္လိုက္ရသည္ ဆိုေသာ သတင္းျဖစ္ပါ၏။
အေတာ္ႀကီးက်န္းမာလာခါမွ ႐ုတ္တရက္တက္သည္ဆို၍ ကသစ္ အံ့အားသင့္ရသည္။ ကိုကိုရွိရာေဆး႐ုံသို႔ ကသစ္အေျပးအလႊား ေရာက္ သြားခ်ိန္တြင္ကား ျပႆနာႀကီးထြားႏွင့္ေလၿပီ။ ကိုကို႔အား ျမန္မာတိုင္းရင္း ေဆးဆရာႀကီးႏွင့္ ကသစ္တို႔ ႀကိတ္ကုသေနျခင္းကို ကိုကို႔မိဘမ်ား သိရွိ သြားခဲ့သည္။ ယခုလို ကိုကို႐ုတ္တရက္ သတိေမ့တက္ျခင္းမွာ ယခင္ ကလည္း အႀကိမ္ႀကိမ္ျဖစ္ခဲ့ဖူးေသာ္ျငား ခုတစ္ေခါက္မူ ကသစ္က ျဖား ေယာင္းၿပီး တိုင္းရင္းေဆးႏွင့္ ကုေစျခင္းေၾကာင့္ အဂၤလိပ္ေဆး၊ တိုင္းရင္း ေဆးေဆးစုံ၍ျဖစ္ရသည္ဟု ကိုကိုမိဘမ်ားက စြပ္စြဲေတာ့သည္။
အေၾကာင္းစုံသိေသာ ဆရာဝန္ႀကီးက ကိုကိုကိုယ္တိုင္ ဆရာဝန္ႀကီး အား တိုင္ပင္ၿပီးမွ ကိုကို႔ဆႏၵအရ ထိုတိုင္းရင္းေဆးဆရာႏွင့္ ကုသျခင္းျဖစ္
ပါေၾကာင္း၊ တိုင္းရင္းေဆးဆရာႀကီးမွာလည္း အမွန္တကယ္ တတ္ကြၽမ္း နားလည္ေသာ သမားေကာင္းျဖစ္ၿပီး ဆရာဝန္ႀကီးႏွင့္ ယခုလိုပင္ လူနာကို ပူးတြဲတိုင္ပင္ကုသေပးၾကရာမွ လူနာအမ်ား ေပ်ာက္ကင္းခ်မ္းသာရာရ ၾကေၾကာင္းရွင္းလင္းေျပာျပသျဖင့္ ကသစ္သက္သာရာရခဲ့ျဖစ္ပါ၏။
သို႔ေသာ္ကံဆိုးစြာျဖင့္ ကိုကိုသည္ ထိုမွစ၍ သတိလုံးဝျပန္လည္မလာ ေတာ့ဘဲ“ကိုမာ” ဝင္သြားခဲ့ရပါေတာ့သည္။ ကိုကို႔ဆႏၵအရဟုဆရာဝန္ႀကီး ကိုယ္တိုင္ေျပာျပခဲ့သျဖင့္ ကိုကို႔မိဘမ်ားက ကသစ္ကို အျပစ္မဆိုသာ ေတာ့ေသာ္လည္း နဂိုမၾကည္လင္စိတ္ျဖင့္ ကိုကို “ကိုမာ” ဝင္သြားခဲ့ရ သည္မွာကသစ္ေၾကာင့္ဟု ဇြတ္ျမင္ကာ ကသစ္ကိုေျပာင္ေျပာင္တင္းတင္း ပင္ ပို၍မုန္းတီးခဲ့ပါေတာ့သည္။
ကသစ္မ်က္ႏွာကို မျမင္လို မၾကည့္လိုပါဆိုသျဖင့္ ျမန္မာဆရာႏွင့္ ေဆးကုရန္ ကိုကိုႏွင့္ ကသစ္ေအးေအးေဆးေဆး နားေနႏိုင္ရန္ ကိုကို တိတ္တဆိတ္ဝယ္ထားခဲ့ေသာ ဤကြန္ဒိုသို႔ ကသစ္ေျပာင္းလာေနခဲ့ရျခင္း ျဖစ္ပါသည္။ ကိုကို႔မိဘမ်ားႏွင့္လည္း မဆုံရေအာင္ ကသစ္မွာ ညတြင္သာ ကိုကို႔ထံသြားခြင့္ရခဲ့ပါ၏။
ကသစ္ စိတ္ေထြေထြႏွင့္ ဟိုသည္ အေတြးပြားေနမိရာမွ သက္ျပင္း ေမာႀကီး ရႈိက္လိုက္ရင္း ေရဘူးကို ေရခဲေသတၱာႏွင့္ ျပန္ထည့္ကာ ထမင္း စားခန္းမွ အိပ္ခန္းဆီသို႔ ျပန္ေလွ်ာက္လာသည္။
“ရွပ္ .. ရွပ္ .. ရွပ္ ….”
“ဟင္…”
သူမေနာက္မွ ေျခသံေၾကာင့္ ကသစ္ခ်ာခနဲ လွည့္ၾကည့္မိသည္။ မရွိ။ ဘာမွ်မရွိ။ သို႔ေသာ္ ကိုကိုသုံးေနက် Gucci ေရေမႊးနံ႔ကို စူးခနဲရလိုက္ သည္။ အံ့အားတသင့္ျဖင့္ ေသခ်ာရပ္ၿပီး အနံ႔ခံေတာ့ မရေတာ့ျပန္။ ကသစ္ စိတ္ေတြ တစ္မ်ိဳးႀကီး ျဖစ္လာသည္။ ဒီေန႔မွ ကိုကို႔ကို ဘာလို႔ ခဏခဏ သတိရေနမိတာပါလိမ့္။
ကသစ္က အိပ္ခန္းဆီဆက္ေလွ်ာက္လာ၏။ အခန္းတံခါးကို ဆြဲဖြင့္ ကာ အတြင္းသို႔ ဝင္လိုက္သည္ႏွင့္ ကုတင္ေဘးတြင္ ကပ္၍ ကုပ္ေနေသာ ေခြးေလးေခ်ာ္ကိုကဂီး..ခနဲခ်က္ခ်င္းမာန္ဖီကာေခါင္းေထာင္ထလာသည္။ ကသစ္ ယခုမွ ေတြးမိ၏။ ခါတိုင္း ကသစ္ဘယ္သြားသြား ကသစ္သြားသည့္ ေနရာတိုင္း ေနာက္မွ တေကာက္ေကာက္လိုက္ေလ့ရွိေသာ ေခ်ာ္ကို။ ယခု ကသစ္ေနာက္လိုက္မလာဘဲအခန္းထဲတြင္သာ က်န္ေနရစ္ခဲ့ပါကလား။
“ကလစ္”
ေနာက္ဘက္တံခါးေလာ့ခ္ (Door Lock) မွ ခ်က္ျမည္သံေၾကာင့္ ကုတင္ဆီေလွ်ာက္လာေသာ ကသစ္ တအံ့တဩ လွည့္ၾကည့္မိျပန္သည္။ တံခါးလက္ကိုင္ဘုက တစ္ေယာက္ေယာက္ဆြဲကိုင္လွည့္ ပိတ္လိုက္သလို လည္ၿပီး ပိတ္သြားသည္ကို ရိပ္ခနဲျမင္လိုက္ရ၏။ ဟာ…မျဖစ္ႏိုင္တာ။ ငါ.. ဘာေတြျဖစ္ေနတာလဲ။ ငါ အျမင္မွားတာလား။
အို … တစ္ခန္းလုံး ကိုကို႔ရနံ႔ေတြရေနပါလား။ ကိုကိုေရခ်ိဳးခန္းမွ ထြက္ လာလွ်င္ ရေသာ Shower Cream (ေရခ်ိဳးဆပ္ျပာ) နံ႔၊ ေခါင္းေလွ်ာ္ရည္ နံ႔၊ ေနာက္ … ကိုကိုသုံးေနက် Hair Coat ေခါင္းလိမ္းဆီနံ႔၊ ေရေမႊးနံ႔။ အို … အို…အခန္းထဲမွာ ကိုကိုရွိေနတဲ့အတိုင္းပါပဲလား။
ထိုစဥ္ ကိုကို၏ အသုံးအေဆာင္ပစၥည္းမ်ားတင္ထားေသာ သုံးထပ္ ဆင့္ဗီ႐ိုစင္ေသးအေပၚဆုံးမွ ကိုယ္လိမ္းေပါင္ဒါဘူးေလးက ႐ုတ္တရက္ လဲ က်ကာ ေအာက္သို႔ လိမ့္က်လိမ့္ဆင္းသြားသည္။
“ေဒါက္…ကေလာက္…ကေလာက္…ကေလာက္”
ေပါင္ဒါဘူးက ေအာက္က်လ်က္ အဖုံးမပြင့္ မဖိတ္ပါဘဲ ေပါင္ဒါနံ႔တို႔ ျဖင့္ တစ္ခန္းလုံး ေမႊးႀကိဳင္သြားျပန္၏။
“ကသစ္ … တကယ္လို႔ ကိုကိုေသသြားရင္ေလ …ကသစ္ကို ကိုကိုက အေမႊးနံ႔ေတြပဲေပးမယ္ေနာ္”
“ဟာ…ကိုကိုကလည္း… ဘာေတြ ေလွ်ာက္ေျပာေနတာလဲ။ နမိတ္
မရွိ နမာမရွိ”
“ဟား… ဟား…ဟား.. တကယ္ေျပာတာ။ ကသစ္သိသာေအာင္ ေဟာဒီေပါင္ဒါဘူးေလးကိုလည္း ေအာက္ပစ္ခ်ၿပီး တစ္ခန္းလုံးေမႊးေန
ေအာင္”
ကသစ္တစ္ကိုယ္လုံး တုန္သြားသည္။ ကိုကိုအိမ္တြင္ ရွိစဥ္က ေရခ်ိဳး အၿပီး ေပါင္ဒါလိမ္းရင္း ကသစ္အား ကိုကိုရယ္ေမာေနာက္ေျပာင္ခဲ့ဖူးသည့္ အျဖစ္ကိုကသစ္ျဗဳန္းခနဲ သတိရမိလိုက္၍ျဖစ္သည္။
“အို… ဘုရား… ဘုရား…..ကို….ကိုကို..ကိုကို…”
ကသစ္သတိလက္လြတ္ပင္ ကိုကို႔ကို က်ဳံးေအာ္တလိုက္မိေလသည္။
“လုပ္ … လုပ္ပါဦးဆရာ … သား … သားေလး … ဘာ … ျဖစ္.. ဘာျဖစ္
တာလဲ…ဟင္…”
“တီ”
600
ႏွလုံးခုန္စက္ဆီမွ“တီ” သံရွည္ဆြဲသံထြက္လာ၏။ “တီ” သံရွည္ႏွင့္ အတူ ေသြးခုန္ႏႈန္းအလိုက္ ျဖစ္ေပၚေနေသာ လႈိင္းတြန႔္လိုင္းမ်ား ေပ်ာက္ သြားလ်က္မ်ဥ္းေျဖာင့္တန္းရွည္ကိုသာေတြ႕ေနရသည္။
ဆရာဝန္ႀကီးသည္ လူနာ၏ ႏွလုံးေနရာကို လက္ႏွစ္ဖက္ယွက္ကာ ဖိ ၍ ဖိ၍ ႏွလုံးခုန္ေအာင္ အေရးတႀကီးႀကိဳးပမ္းေနသည္။ အစိမ္းဝတ္စစၥတာ၊ အနီ အျပာဝတ္ သူနာျပဳဆရာမေလးမ်ားက အနားတြင္ ထိတ္ထိတ္ပ်ာပ်ာ ဝိုင္းလ်က္ ။ ဆရာဝန္ၫႊန္ၾကားသည့္အတိုင္း အေရးေပၚေဆးထိုးရန္ ျပင္သူ ျပင္ႏွင့္ ရႈပ္ယွက္ခတ္ေနၾကေတာ့သည္။
“ဝုန္း”
တစ္စုံတစ္ေယာက္က အခန္းတံခါးကို ဝုန္းခနဲဖြင့္ကာ အေျပးတစ္ပိုင္း ဝင္လာသည္။ ဆရာမအခ်ိဳ႕ႏွင့္ ဦးမိုးဟန္၊ ေဒၚတင္တင္မာတို႔က အလန႔္ တၾကားလွည့္ၾကည့္ၾက၏။က်န္ဆရာမအခ်ိဳ႕ႏွင့္ဆရာဝန္ႀကီးကမူတစ္ခ်က္ သာ လွမ္းၾကည့္ၿပီး လူနာႏွင့္ ဆက္၍ အလုပ္ရႈပ္ေနသည္။ ေဒၚတင္တင္မာ
၏မ်က္ႏွာက ႐ုတ္ျခည္းပင္ တင္းမာသြားသည္။
“ညည္းက..ဘာလို႔..ေရာက္လာရတာလဲ။ငါ့သား…အေရးေပၚအေျခ အေနျဖစ္ေနတာ ညည္း.. ဘယ္လိုသိၿပီး ….။ ဘာလဲ .. သားေသၿပီထင္လို႔
လား”
ငိုရႈိက္ေနရင္းမွခပ္႐ြဲ႕႐ြဲ႕ေျပာလိုက္ေသာေယာကၡမ၏ေလသံတင္းတင္း
က စူးထြက္လာသည္။ ကသစ္သည္ ေယာကၡမျဖစ္သူ ေဒၚတင္တင္မာ၏ ေမးသံရင့္ရင့္ကိုမေျဖႏိုင္။အျပည့္အစုံလည္းမၾကား။ကုတင္ေပၚမွကိုကိုႏွင့္ ကိုကို႔ေဘးတြင္ ဝိုင္းကာ ဆရာဝန္၊ ဆရာမမ်ားက အေရးေပၚျပဳစုေနသည္ မ်ားကိုသာ စိုးရိမ္တႀကီး မ်က္ဝန္းမ်ားႏွင့္ အထိတ္တလန႔္ၾကည့္ေနမိေလ သည္။ ေယာကၡမမ်ား ျပန္ခ်ိန္ ညရွစ္နာရီဝန္းက်င္ေလာက္က်မွ ကိုကို႔ထံ
လာခြင့္ရေသာကသစ္တစ္ေယာက္ယခုလိုေန႔လယ္တစ္နာရီခန႔္တြင္ေဆး ႐ုံသို႔ျဗဳန္းစားႀကီးေရာက္လာသျဖင့္ ေယာကၡမက မေက်မလည္ေျပာလိုက္
ျခင္းျဖစ္ပါ၏။
သူမေရာက္လာျခင္းက ကိုကိုေခၚ၍ျဖစ္ပါသည္။ “ကသစ္…ကိုကို႔ဆီ…အခုလာပါ။ကိုကိုသြားေတာ့မယ္ကသစ္။ကိုကို
မသြားခင္ ကသစ္လာမွ ျဖစ္မယ္”
ကိုကို၏ အေငြ႕အသက္မ်ားႏွင့္ ကိုကိုေျပာခဲ့။ ေနာက္ေျပာင္ခဲ့ဖူးေသာ အေျခအေနမ်ားအတိုင္း ေတြ႕ေနရျခင္းေၾကာင့္ ကသစ္စိတ္မ်ား ရႈပ္ေထြး လာသည္။ ကိုကို႔ကိုလည္း စိတ္ပူပန္သြားမိခဲ့၏။ ထိုစဥ္မွာပင္ ကသစ္ ယခု ပင္ လာရန္ ေခၚေနေသာ ကိုကို႔အသံကို ကသစ္ၾကားလိုက္ရသည္။ ကိုကို႔ အသံက တကယ္ပဲ ထြက္ေနသည္လား။ ကသစ္စိတ္ထင္လားေတာ့ မသိ။ ကသစ္နားထဲ ကိုကို႔ေခၚသံကိုသာ ထပ္တလဲလဲ ၾကားေယာင္ေနမိေလ သည္။ထို႔ေၾကာင့္ဘာကိုမွ်မစဥ္းစားႏိုင္ေတာ့ဘဲေဆး႐ုံသို႔ကသစ္ခ်က္ခ်င္း
ေျပးလာမိခဲ့ျခင္းျဖစ္ပါ၏။
“ဟင္း…”
ဆရာဝန္ႀကီးထံမွ သက္ျပင္းသံက်ယ္ႀကီးေၾကာင့္ ကသစ္ကို လွည့္ ေမး လွည့္ေျပာေနေသာ ေယာကၡမမ်ားမွာ ဆရာဝန္ႀကီးထံ အာ႐ုံေရာက္ သြားၾကသည္။
“ေဒါက္…ေဒါက္တာ…သားသား”
လူနာ၏ ရင္ဘတ္ကို ဖိကာ ဖိကာျဖင့္ ႏွလုံးခုန္ေအာင္ .. ႀကိဳးပမ္းေန ေသာ ဆရာဝန္ႀကီးက လူနာအနီးမွခြာကာ မတ္မတ္ျပန္ရပ္လိုက္သျဖင့္ ေဒၚတင္တင္မာကပူပန္တႀကီး ေမးလိုက္ျခင္းျဖစ္သည္။
ဆရာဝန္ႀကီးသည္ လူနာရွင္မ်ား၏ မ်က္ႏွာကို စိတ္မသက္မသာဟန္ ႏွင့္ ေဝ့ၾကည့္လိုက္၏။ ေစာေစာက လူနာေဘးတြင္ ဝိုင္းေနေသာ သူနာျပဳ ဆရာမမ်ားသည္လည္း ထိုနည္းအတိုင္း ဝိုင္းၾကည့္လိုက္ၾကၿပီး စကား တစ္စုံတစ္ရာ မဆိုဘဲ အခန္းထဲမွ အလွ်ိဳလွ်ိဳထြက္သြားၾကေလသည္။
ကသစ္အပါအဝင္ ကိုကို႔မိဘမ်ားသည္ အေျခအေနကို ျမင္ေနရသည့္ တိုင္ ေက်ာက္႐ုပ္လို အေၾကာင္သား ရပ္လ်က္ ဟိုၾကည့္သည္ၾကည့္ ျဖစ္ ေနမိၾက၏။
“ေဒါက္တာ…သား”
“သား… သား……”
“ကိုကို… ဘုရား… ဘုရား…ကိုကို”
ေယာကၡမမ်ားႏွင့္ ကသစ္၏ႏႈတ္မွ မဆုံးေသာ ဝါက်ျဖင့္ တုန္တုန္လႈပ္ လႈပ္ ေမးသံကိုယ္စီခပ္တိုးတိုးထြက္လာသည္။ ဆရာဝန္ႀကီးက ေခါင္းကို ညင္သာစြာယမ္းရင္း စိတ္ထိခိုက္ေသာ မ်က္ႏွာျဖင့္ –
“စိတ္မေကာင္းပါဘူးဗ်ာ…ေမာင္မင္းခန႔္ကို… ဆုံး.. သြားခဲ့ရွာ”
“အမေလး… သားရဲ႕”
“သားသား”
“အင္.ဟင့္..”
သုံးေယာက္လုံး၏ ငိုရႈိက္သံမ်ား စီခနဲထြက္လာ၏။ ေနာက္ .. လူနာ ကုတင္ဆီသို႔ အေျပးတစ္ပိုင္း ခ်ဥ္းကပ္မိၾကသည္။
“ဝုန္း…” “ဟင္…”
ကသစ္တို႔က ကိုကို႔ကုတင္ဆီတိုးကပ္အလာ ခုတင္ေဘးတြင္ ရပ္ကာ ကိုကိုႏွင့္ . ဆက္သြယ္ထားေသာ စက္ကိရိယာႀကိဳးမ်ား၊ ဒရစ္ပိုက္မ်ား
စသည္ကို ျဖဳတ္သိမ္းေနေသာ စပယ္ရွယ္နပ္စ္မေလးသည္ ႐ုတ္တရက္ ဝုန္းခနဲ လဲၿပိဳက်သြား၏။ အနီးဆုံးတြင္ ေရာက္ေနေသာ ေဒၚတင္တင္မာက လဲက်သြားေသာ နပ္စ္မေလးကို အလန႔္လန႔္အဖ်ပ္ဖ်ပ္ႏွင့္ အမွတ္မဲ့ ဆြဲထူ ေပးရန္ ဟန္ျပင္လိုက္စဥ္ ဆရာမေလးသည္ သူ႔ဘာသာပင္ ဆတ္ခနဲ ထ ထိုင္လိုက္သည္။ ေနာက္…ကသစ္တို႔လူစုဘက္သို႔လည္းခ်ာခနဲလွည့္လာ ေလသည္။
ဆရာမ၏ထူးထူးဆန္းဆန္းအျပဳအမူေၾကာင့္ ဆရာဝန္ႀကီးႏွင့္ကသစ္ တို႔အားလုံး အံ့အားသင့္ကာ ဆရာမေလးကို ဝိုင္းၾကည့္မိၾက၏။
အို … ဆရာမေလးရဲ႕ … မ်က္ …. မ်က္လုံး .။ ဆရာမ၏ မ်က္လုံးအစုံ သည္ပြင့္လ်က္သားရွိေနေသာ္လည္းအေ႐ြ႕အလ်ားမရွိ၊ထူးျခားစြာေၾကာင္
ေၾကာင္ႀကီး ျဖစ္ေန၏။
“အို….” “ဟာ..” “ဟင္…”
ဆရာမ၏ ႏႈတ္မွ ထြက္လာေသာ အသံသည္ ဆရာမ၏ အသံ၊ မိန္းမ သံမဟုတ္ဘဲေယာက္်ားသံျဖစ္ေနသည္။ ေယာက္်ားသံမွ ကိုကို႔အသံ။ ကသစ္မွာဆရာမေလးကိုအံ့ဩမွင္တက္မိစြာစူးစူးႀကီးစိုက္ၾကည့္ေန
မိေတာ့သည္။ အားလုံးမွာလည္း ထိတ္လန႔္အံ့အားသင့္လ်က္ ….။
“ေမေမ … သား ခုလိုျဖစ္ရတာ … ကသစ္ေၾကာင့္ မဟုတ္ပါဘူး။ သား ေဆးမွားေသာက္ခဲ့လို႔ျဖစ္တာပါ”
ဆရာမေလးႏႈတ္မွ ကိုကို႔အသံျဖင့္ ထူးဆန္းစြာ ေျပာဆိုေနပုံကို အံ့ဩ တႀကီး ျဖစ္ကာ အားလုံးေငးၾကည့္ေနခိုက္ ထပ္မံေျပာလိုက္ေသာ စကား ေၾကာင့္ ပို၍အံ့အားသင့္သြားၾကရသည္။
“ဘယ္ … ဘယ္လို… ေဆးမွားေသာက္တယ္…ဟုတ္လား” ေဒၚတင္တင္မာက အံ့ဩတႀကီး ေျပာလိုက္ရင္း မသက္သာေသာ မ်က္လုံးအၾကည့္က ကသစ္ထံဝဲခနဲေရာက္လာသည္။
“ဘယ္လို… သား… သားကို… ဘယ္… ဘယ္သူ… တိုက္တာလဲ”
ကိုကို႔ဖခင္ ဦးမိုးဟန္က ထပ္ေမးလိုက္၏။ သူတို႔အားလုံးသည္ ေတြ႕ ႀကဳံေနရေသာ အေၾကာင္းအရာ အျဖစ္အပ်က္အေပၚ စိတ္ဝင္စားလြန္း၍ ေခါင္းႀကီးငုံ႔ကာ ကိုကို႔အသံျဖင့္ ေျပာေနသူ ဆရာမေလး၏ အျဖစ္ကိုပင္ သတိမရၾကေတာ့။
“ဟီး.. ဟင့္ .. ဟင့္ .. မင္း .. မင္းမိန္းမ .. မင္း .. မိန္း…မ တိုက္တာ လား … ဟင္၊ ဟင္ .. သူ … လုပ္တာမို႔လား… ဟီး… ဟင့္ … သူက … ငါ့သား ကိုေသေအာင္… ခု… ခုလို ျဖစ္ေအာင္ … ဟင့္ ..ဟင့္…ဟီး” ေဒၚတင္တင္မာက ဟီးခနဲငိုခ်လိုက္ရင္း ရႈိက္ငင္လ်က္ ေျပာလိုက္
သည္။
000
“မဟုတ္ပါဘူး ေမေမ။ သားသတိျပန္လည္မလာေတာ့တာ တက္ေနတုန္းကေသာက္တဲ့ေဆးေၾကာင့္ပါ”
–
သား
ေဒၚတင္တင္မာ မ်က္လုံးဝိုင္းသြားသည္။ သား .. တက္ေနတုန္းက တဲ့ လား။ သား ႐ုတ္တရက္ ဝက္႐ူးျပန္သကဲ့သို႔ တက္သြားစဥ္ အိမ္တြင္ သား ဖခင္ဦးမိုးဟန္လည္းမရွိ။ ေခြၽးမ ကသစ္စံကလည္း အျပင္သြားေနသည္။ သူမႏွင့္ အိမ္ေဖာ္မ်ားသာရွိ၏။ ထမင္းစားခန္းထဲက ဒုန္းခနဲ အသံၾကားရ၍ ေဒၚတင္တင္မာေျပးဝင္သြားေတာ့ သားသည္ ထမင္းစားပြဲအနီးတြင္ လဲက် လ်က္ တက္ေနသည္ကို ေတြ႕ရသည္။ သားသည္ ေရာဂါေၾကာင့္ အရင္က လည္း သည္သို႔ မၾကာမၾကာတက္တတ္သည္။ ယခုေနာက္ပိုင္းေတာ့ အတက္က်ဲသြား၏။
ထိုသို႔ ႐ုတ္တရက္တက္လွ်င္ အတက္က်ေအာင္ ျပဳလုပ္ရန္ ေရွးဦးသူ နာျပဳစုနည္းကို ဆရာဝန္ႀကီးက သင္ၾကားေပးထားသျဖင့္ ေဒၚတင္တင္မာ > ထိုနည္းအတိုင္း ျပဳစုေပးခဲ့သည္။ ၿပီးေနာက္ အတက္က်သြားသည္ႏွင့္ တိုက္ရမည့္ေဆးကို သူမတိုက္ခဲ့၏။
သား…တက္ေနတုန္းကဆိုေတာ့…ဟင္… ဘုရား… ဘုရား ….။ ငါ..ငါ တိုက္ခဲ့တဲ့ ေဆးေၾကာင့္မ်ားလား…။ ဟင့္အင္း မျဖစ္ႏိုင္ပါဘူး။ အဲဒီေဆးက
သားတက္တဲ့အခါတိုင္း တိုက္ရတဲ့ တိုက္ေနက်ေဆးပဲဟာ။ ဆရာဝန္ႀကီးပဲ တိုက္ခိုင္းထားတဲ့ဥစၥာ …။
ေဒၚတင္တင္မာ မ်က္ေမွာင္ၾကဳတ္ကာ တအံ့တဩစဥ္းစားေနမိဆဲ … “ဟင္…ဒါ….ဒါဆို..ကိုကို..
ဟိုအရင္…ကိုကိုအတက္က်ေတာ့တိုက္ ရတဲ့ ေဆးအဝါလုံးေလးေတြ … ေမေမ .. တိုက္ … တိုက္လိုက္…တာလား..
ဟင္”
ကသစ္ ထိတ္ထိတ္ပ်ာပ်ာ ဝင္ေမးလိုက္မိ၏။ ေဒၚတင္တင္မာက ကသစ္ကို ဇေဝဇဝါလွည့္ၾကည့္ရင္း။
“ဟုတ္တယ္ေလ … ထမင္းစားခန္း Kitchen Cabinet အေပၚဆင့္ ဗီ႐ိုထဲက ေဆးေလ၊ အရင္ကလည္း တက္ရင္ တိုက္ေနက်ေဆး” “အို…ဘုရား..ဘုရား ..” ကသစ္ယိုင္သြား၏။
“ေအာ္ … ျဖစ္ရေလဗ်ာ… ဒါေၾကာင့္ကိုး….”
ဆရာဝန္ႀကီးထံမွလည္း အာေမဍိတ္စကားသံထြက္လာသည္။ ဦးမိုး ဟန္က ဇနီးႏွင့္ ကသစ္ကို တစ္လွည့္စီ နားမလည္သလို ၾကည့္ေနသည္။ ကသစ္မွာ ရင္ထဲဆို႔ေနၿပီး စကားမေျပာႏိုင္ေတာ့ဘဲမ်က္ရည္မ်ားသာ ပိုးပိုး ေပါက္ေပါက္ က်လာသည္။ ဆရာဝန္ႀကီးက သက္ျပင္းတစ္ခ်က္ ခ်လိုက္ ၿပီး-
“အဲဒီေဆးက အရင္ ေမာင္မင္းခန႔္ကို တက္ရင္ တိုက္ရတဲ့ေဆး မွန္ပါ တယ္။ ဒါေပမဲ့ အခု … ကြၽန္ေတာ္တို႔က ေစာေစာက ေျပာခဲ့သလို ေမာင္မင္း ခန႔္ ဆႏၵအတိုင္း၊ တိုင္းရင္းေဆးနဲ႔ပါ တြဲကုေနေတာ့ ကြၽန္ေတာ္လည္း ေဆး ၫႊန္းေျပာင္းကုခဲ့တယ္။ ဒါေၾကာင့္ အရင္က တိုက္ရတဲ့အဲဒီေဆးက ေနာက္ ကုထုံးေဆးေတြရဲ႕ အာနိသင္ရဲ႕ မတည့္တာေၾကာင့္ အဲဒီေဆးကို ဆက္ မတိုက္ဘဲ ရပ္လိုက္ဖို႔ ကသစ္ကို ၫႊန္ၾကားခဲ့ပါတယ္။
ဘာလို႔လဲ ဆိုေတာ့ ေဆးေတြခ်င္း ဓာတ္မတည့္လို႔ အခန႔္မသင့္ရင္ အခုလို “ကိုမာ” ဝင္သြားႏိုင္တာေၾကာင့္ပါ”
ဆရာဝန္ႀကီးက ရွင္းျပေနရင္းကသစ္ဘက္သို႔ လွည့္ကာ-
“ေနပါဦး… သမီးကသစ္ကို အဲဒီေဆးေတြ ဖယ္ပစ္လိုက္ဖို႔ ဆရာေျပာ ခဲ့တယ္မို႔လား… မသိရင္ယူေသာက္မိမွာစိုးလို႔ေလ”
က
“ဟင့္ .. ဟင့္ .. ဟုတ္ ..ဟုတ္……ဆရာ…ကသစ္ … ေဆးဗီ႐ိုထဲ
အဲဒီေဆးကို က . ဘယ္လို
ရွိေနတာ ကသစ္ ဟင့္..ဟင့္..”
ဖယ္ၿပီး
ဟို
လႊင့္ပစ္ခဲ့ပါတယ္။ ဘယ္လို ကတ္ဘိနက္ထဲမွာ .. အဲဒီေဆး
မသိ မသိလို႔ မဖယ္မိ
ေဒၚတင္တင္မာ မိုက္ခနဲျဖစ္သြား၏။ သူမတို႔သည္ သားေသာက္ရမည့္ ေဆးမွန္သမွ် ေဆးဗီ႐ိုထဲတြင္သာ အစုံထည့္ထားေလ့ရွိသည္။ ကတ္ဘိ နက္ဗီ႐ိုထဲတြင္ထိုေဆးထည့္ထားမိသူမွာ သူမကိုယ္တိုင္ျဖစ္ပါ၏။ေဆးဗီ႐ို က အေပၚထပ္ အိပ္ခန္းမ်ားအျပင္ နံရံကပ္ဗီ႐ိုတြင္ ရွိရာ အေရးႀကဳံလွ်င္ အေပၚတက္ယူမေနရဘဲ လြယ္လင့္တကူ ေသာက္ႏိုင္ရန္အတြက္ ေအာက္ ထပ္ ထမင္းစားခန္း ကတ္ဘိနက္ ဗီ႐ိုထဲတြင္ သူမက လိုလိုမည္မည္ ဝယ္ ထည့္ထားခဲ့သည္။ ယင္းကို သူမ၏ ေခြၽးမလည္း သိမည္မဟုတ္ပါ။ သူမက ေဆးပုလင္းထည့္ထားေၾကာင္းမည္သူ႔အားမွ်လည္းမေျပာလိုက္မိပါ။ သားကသည္သို႔ျမန္မာတိုင္းရင္းေဆးႏွင့္ပါတြဲ၍ကုသေနျခင္းကိုမသိ
သျဖင့္ ဆရာဝန္ႀကီးေဆးၫႊန္းေျပာင္းကုေနျခင္းကိုလည္း သူမတို႔ မသိခဲ့။ ထိုသို႔ ပူးတြဲကုသမႈေၾကာင့္မွန္း သူမတို႔ မသိခဲ့ေသာ္လည္း ကသစ္ႏွင့္ လက္ထက္ၿပီးေနာက္ပိုင္း သားေရာဂါအေတာ္သက္သာလာခဲ့သည္ကို ေတာ့ သတိထားမိသည္။ အတက္လည္း က်ဲသြားခဲ့ပါ၏။ ျဖစ္ခ်င္ေတာ့ ထိုေန႔ကမွ-
ထို႔ေၾကာင့္ ျဖစ္သည့္ေန႔က မတက္သည္မွာ ၾကာေနၿပီျဖစ္ေသာ သား ျဖစ္သူ ႐ုတ္တရက္တက္ေသာအခါ သူမကိုယ္တိုင္ ထိုေဆးကို ခါတိုင္းလို တိုက္လိုက္မိျခင္းျဖစ္ေလသည္။
“ဟင့္ … ဟင့္ … ကသစ္ … ကသစ္ကလည္း အဲဒီေဆးနဲ႔ မတည့္တာ ေမေမ့ကိုမေျပာ…မိဘူး..ဟင့္..ဟီး”
ကသစ္အသံက ဆို႔နင့္သြားသည္။
ကိုကို“ကိုမာ”မျဖစ္ခင္ အိမ္တြင္ ရွိစဥ္က ဆရာဝန္ႀကီးႏွင့္ တိုင္ပင္ကာ တိုင္းရင္းေဆးႏွင့္ပါ ကုသေနျခင္းကို ကိုကိုက မိဘမ်ားအား မသိေစျခင္း ေၾကာင့္ ကသစ္ကလည္း ကုထုံးသစ္ႏွင့္ ထိုေဆးဓာတ္မတည့္၍ မတိုက္ ေကြၽးရန္ ေယာကၡမမ်ားကို မေျပာျဖစ္ခဲ့။ ေနာက္ၿပီး ကိုကို႔ကို ေဆးတိုက္ရန္ ကိစၥအားလုံး ကသစ္ကသာ ေန႔စဥ္ေဆာင္႐ြက္ေနက်ျဖစ္၍ ေျပာရန္ မလို ျခင္းေၾကာင့္လည္းပါပါသည္။ ခုေတာ့ ….။ ကသစ္မွာ ထိုစဥ္ကတည္းက စ၍ သတိျပန္လည္ မလာေတာ့ေသာ ခင္ပြန္းသည္ ကိုကို႔ကို ေနာက္ဆုံးအေန ႏွင့္ပင္ (သတိရွိလ်က္ အေနအထားျဖင့္) စကားေျပာခြင့္၊ ျမင္ခြင့္ မရခဲ့ပါ
ေလေတာ့။
ေလး”
“ဟီး … ဟင့္ … ဒါ … ဒါဆို … ကြၽန္မ… ကြၽန္မ… ေၾကာင့္ .. သား… သား
ေဒၚတင္တင္မာမွာ ယူက်ဳံးမရဟန္ႏွင့္ ေျပာဆိုငိုရႈိက္ရင္း စိတ္ထိခိုက္ လြန္းစြာ ဖင္ထိုင္လ်က္ က်သြားေတာ့သည္။ “အို … ေမေမ”
“တင္တင္ … တင္တင္”
ကသစ္က ေဒၚတင္တင္မာကို ေျပးေပြ႕သလို ဦးမိုးဟန္ကလည္း ေျပး ထိန္းလိုက္သည္။ ထိုစဥ္ ဆရာမေလးထံမွ ကိုကို႔အသံထြက္လာ၏။
“ေမေမ… ေမေမ့ေၾကာင့္ မဟုတ္ပါဘူး။ သား … ကုသိုလ္ကံေၾကာင့္ မေမွ်ာ္လင့္ဘဲ ခုလို ျဖစ္သြားရတာပါ။ ေမေမ ဒီအတြက္ စိတ္မေကာင္းျဖစ္ မေနပါနဲ႔။ သား… ျဖစ္ခ်ိန္တန္လို႔ ျဖစ္ခဲ့ရတာပါ”
“သား … သြားခ်င္ေနတာ ၾကာပါၿပီ။ ေမေမတို႔ကလည္း သားေကာင္း လာႏိုးနဲ႔ စက္ေတြနဲ႔ ဆက္ၿပီး ဆြဲထားၾကလို႔ သား မြန္းၾကပ္ၿပီး ကသစ္ကို အိပ္မက္အႀကိမ္ႀကိမ္ေပးခဲ့ပါတယ္။ ေမေမနဲ႔ ေဖေဖကေတာ့ ဆရာေတာ္ ႀကီးေပးတဲ့ ဓာတ္လုံးကို လက္စြပ္ကြင္းဝတ္ထားၾကလို႔ ေမေမတို႔ကို သား.. အိပ္မက္ေပးလို႔မရဘူး။ ကသစ္ကိုပဲ ေပးခဲ့ရတယ္”
ဟင္ … ဒါဆို .. ။ ေဒၚတင္တင္မာက ရႈိက္ငင္ငိုေႂကြးရင္းမွ ကသစ္ကို လွည့္ၾကည့္သည္။ သူမ၏ေခြၽးမ အမွန္ေျပာခဲ့တာပါလား။
“ေဖေဖနဲ႔ ေမေမ… သားကိုယ္စား … သားခ်စ္တဲ့ သားမိန္းမကို ခ်စ္ခင္ ေစာင့္ေရွာက္ေပးပါေမေမ။ကသစ္….ကသစ္ကိုကိုကိုျပဖူးတဲ့ကိုကို႔ဒိုင္ယာ
ရီကို ေမေမတို႔ကို ေပးဖတ္လိုက္ပါ။ ကိုကိုသိမ္းထားခဲ့တဲ့ ကသစ္ကိုကို႔ကို ေပးခဲ့တဲ့ေငြေတြလည္း ျပလိုက္ပါ”
ကသစ္က ငိုရင္းရႈိက္ရင္း ေခါင္းညိတ္လိုက္မိ၏။ ေယာကၡမမ်ား လာ ေခၚအၿပီး ကိုကို႔ဘဝမွန္ကို ကသစ္သိခဲ့ရၿပီးေနာက္ ကိုကိုက ကသစ္ကို ထို ဒိုင္ယာရီအား ျပခဲ့ဖူးပါသည္။ ဒိုင္ယာရီထဲတြင္ ကသစ္ႏွင့္ စေတြ႕စဥ္မွ စ၍ စိတ္ရင္းႏွင့္ ကသစ္ကူညီေစာင့္ေရွာက္ခဲ့သည္မ်ား၊ ကသစ္၏ ျဖဴစင္ေသာ စိတ္သေဘာထားမ်ား၊ ေခြၽးနည္းစာစုေငြေလးမ်ားကို ကိုကို႔အား အႀကိမ္ ႀကိမ္ေပးခဲ့သည့္အေၾကာင္းမ်ားပါသည္။
ဆရာမေလးထံမွ ကိုကို႔အသံ ဆက္၍ထြက္လာျပန္သည္။
။
“သား … ကသစ္ကို စိတ္မခ်လို႔ … မသြားႏိုင္ေသးဘဲ ျဖစ္ေနတယ္ ေမေမ။ ဒါေၾကာင့္ ခုလို …သားဆႏၵကို ေျပာျပတာပါ။ ေဖေဖနဲ႔ ေမေမတို႔ ကသစ္ကို ခ်စ္ခင္ေပးပါ။ သားကိုယ္စား သမီးရင္းလို ေစာင့္ေရွာက္ေပးပါ။ ကသစ္ကလည္း ကိုကို႔ကိုယ္စား ကိုကို႔မိဘေတြကို မိဘရင္းလို ေစာင့္ ေရွာက္ေပးမယ္လို႔ ကိုကိုယုံပါတယ္။ သားအတြက္လည္း အလႉအတန္းျပဳ ၿပီးအမွ်ေဝေပးပါေမေမနဲ႔ ေဖေဖ။ သားေစာင့္ေနပါမယ္”
စကားဆုံးသည္ႏွင့္ ဆရာမေလးသည္ ေခါက္ခနဲေခြက်သြားေတာ့ သည္။ သို႔ေသာ္ခ်က္ခ်င္းလိုပင္ေခါင္းေထာင္ထထိုင္လိုက္ၿပီး သူမပတ္ဝန္း က်င္မွငိုရႈိက္ေနၾကေသာတအံ့တဩျဖစ္ေနၾကေသာလူမ်ားကိုနားမလည္
သလို ဟိုၾကည့္သည္ၾကည့္လုပ္ေနသည္။
“ကြၽန္မ…ကြၽန္မ…ဘာ…ျဖစ္တာ…လဲ..ဟင္”
ဆရာမေလး၏ပင္ကိုအသံျဖင့္အံ့အားသင့္စြာေမးသံထြက္လာသည္။ ဆရာဝန္ႀကီးအပါအဝင္ ကသစ္တို႔အားလုံးမွာ ထူးဆန္းလြန္းလွေသာအျဖစ္
ေၾကာင့္ မည္သူမွ် ျပန္စကားမဆိုႏိုင္ၾကေသးပါ။ ဆရာဝန္ႀကီး ကိုယ္တိုင္ လည္းမယုံႏိုင္ဟန္ေခါင္းတယမ္းယမ္းႏွင့္ ရွိေနသည္။
ကသစ္က မ်က္ရည္မ်ား ပိုးပိုးေပါက္ေပါက္က်ရင္း ေယာကၡမမ်ားကို ေၾကကြဲေသာမ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္မိ၏။
သူမ၏ ေယာကၡမမ်ားသည္လည္း ကသစ္ကို ျပန္လည္စိုက္ၾကည့္ေန ၾကပါသည္။ သို႔ေသာ္ ထိုမ်က္လုံးမ်ားထဲတြင္ ယခင္ကလို ကသစ္အေပၚ မေက်မလည္ မုန္းတီးေသာ အရိပ္အေယာင္မ်ား လားလားမွ် မေတြ႕
ရေတာ့။
သူတို႔၏ မ်က္ဝန္းတြင္ ကိုကို႔အတြက္ ဝမ္းနည္းပူေဆြးေနေသာ ေသာကမ်ား ဖုံးလႊမ္းေနသည္မွအပ အၾကည့္မ်ားတြင္ နားလည္မႈ၊ ယူက်ဳံး မရျဖစ္မႈႏွင့္ႏူးညံ့ေသာက႐ုဏာရိပ္မ်ားကိုထင္ထင္ရွားရွားႀကီးေတြ႕ျမင္ေန
ရသည္။
ကသစ္ယုံၾကည္ပါသည္။ ကိုကို၏ ဒိုင္ယာရီကို ဖတ္ရၿပီးလွ်င္ကား ေယာကၡမမ်ားသည္ ခုထက္ပို၍ …၊
ဪ…. စစ္မွန္ေသာ ခ်စ္ျခင္းေမတၱာ၏တန္ခိုးစြမ္းအားေၾကာင့္ ကမာၻ
ပတ္ေနခဲ့ေသာမုသာဝါဒကိုေက်ာ္လြန္၍အမွန္တရားကသာေရွ႕ကပန္းဝင္
ခဲ့ေလၿပီတကား။
>> ထားဥႆုံ