”အကျိုးပေးသောလူခြောက်”(စ/ဆုံး)

Unicode Version

”အကျိုးပေးသောလူခြောက်”(စ/ဆုံး)
————————————————

”သမီးရှင်းသန့် ရေ နင့် မောင်ချစ်နိုင်ကို ရေနဲ့ထမင်းခူးကျွေးလိုက်ဦး”
”ဟုတ်ကဲ့အမေသမီး အခုပဲခူးကျွေးလိုက်မယ် ”ဒေါ်ကံပွင့်ကပြင်မှာအိမ်လာလည်တဲ့ဧည့်သည် နှင့်စကားပြောနေသည်။

”မမ သူကထမင်းဟင်းလည်းစားတတ်တာမဟုတ်ပဲနဲ့ဘာလို့ကျွေးနေတာလဲ၊ရှုပ်တယ်ပေးအဲ့ကြက်သားဟင်းကျွန်တော်ပဲစားလိုက်မယ် ”အစ်မလက်ထဲကနေ မြင့်နိုင်ကြက်သားပန်းကန်ကိုဆွဲယူပြီး ကြက်သားကြော်ကိုပါးစပ်ထဲ အတင်းထိုးထည့်စားလိုက်၏။

”ဟဲ့မြင့်နိုင်ခဏကနင့်ကိုလည်းထမင်းနဲ့ကြက်သားဟင်းကျွေးထားပြီးပြီလေ ၊ဒါကချစ်နိုင်ရဲ့ဝေစုလေ၊အမေသိရင်နင်အခုလိုလုပ်တာကိုဆူလိုက်မယ်နော် ”

”အိုးအစ်မကလည်းဗျာ ကျွန်တော်စားပစ်တာအမေကသိတာမှတ်လို့ ၊ပြီးတော့သူကလည်း ဘယ်လိုပြန်တိုင်လို့ရမလဲ၊အစ်မသာကျွန်တော်ကြက်သားကြော်တွေ စားပစ်တယ်လို့အမေ့မပြောနဲ့”ကြက်သားပန်းကန်ကိုယူသွားပြီ မြင့်နိုင်မီးဖိုချောင်းထဲမှာ ကြက်သားတွေထိုင်စားနေသည်။

ရှင်းသန့်ထမင်းနှင့်ရေကို သာမှန်ဘောင်းဘေးက စားပွဲမှာချထားလိုက်သည်။ အမေနှင့်အဖေကတော့ မှန်ဘောင်ထဲကလက်မခန့်အရွယ်လူခြောက်သေးသေးလေးကို လူတစ်ယောက်လို အချိန်တန်ထမင်းဟင်းကျွေးခိုင်းသည်။မောင်လေးမြင့်နိုင်နှင့် အတူမွေးဖွားလာသောကြောင့် ချစ်နိုင်ဟုနာမည်ပေးထားသည်။မြင့်နိုင်နှင့်ချစ်နိုင်ကအမွှာ တွေဟုလည်းတခါတခါပြောသည်။

ဦးဖိုးထူးနှင့်ဒေါ်ကံပွင့်အိမ်တွင် လူခြောက်ကလေးမွေးထားသည် ကို ဆွေမျိုးနီးစပ်များကို သာအသိပေးထားသည်။ ကျန်လူများကိုတော့လုံးဝမပြောထားဘဲ ရေငုံ့နှုတ်ပိတ်ထားသည်။ သမီးကြီးရှင်းသန့်မွေးပြီးသုံးနှစ်အကြာတော့ မြင့်နိုင်နှင့်ချစ်နိုင်အမွှာနှစ်ယောက်ကို အိမ်တွင်အရပ်လက်သည်နှင့်ဒေါ်ကံပွင့်မွေးဖွားခဲ့သည်။

”ဟယ် ကံပွင့်ငါညီမ ညည်းမလန့်သွားနဲ့ဦးနော်၊ညည်မွေးထားတဲ့အမွှာတစ်ယောက်က သာမန်ကလေးအတိုင်းပါပဲ၊ဒါပေမဲ့တစ်ယောက်ကတော့လူခြောက်လေးဟဲ့…”မီးတွင်းထဲတွင်ပြောလာတဲ့ အစ်မလက်သည်စကားကြောင့်ဒေါ်ကံပွင့် လူခြောက်ဆိုတဲ့စကားကြောင့် ဘယ်လိုပုံစံမျိုးပြောသလဲသိချင်သွားသည်။ တခါမှလည်းလူခြောက်ဆို တဲ့ပုံစံကိုတသက်နှင့်တကိုမမြင်ဖူးသေးပေ။ လက်သည်ကလည်းဒေါ်ကံပွင့်၏ အစ်မနှစ်ဝမ်းကွဲဖြစ်သည်။

”ကံပွင့်ဒီလိုကလေးမျိုးက တစ်သန်းမှာတစ်ယောက်မွေးခဲတယ်၊ဆေးရုံမှာမွေးလို့လူခြောက်လေးပါ ရင်တောင်နိုင်ငံတော်ကထိန်းသိမ်းသွားတာ။မွေးတဲ့မိဘတွေကိုပြန်မပေးဘူး၊သူတို့က ဘဏ်တွေ၊ဘာတွေဖောက်တတ်တယ်တဲ့၊ ပြီးတော့ဒီကလေးမွေးတဲ့အိမ်က စီးပွားအရမ်းတက်တာတဲ့ ”

”အစ်မရယ် ကြောက်စရာကြီး၊ကျွန်မတော့မကိုင်ရဲပါဘူး”အစ်မဖြစ်သူပြလာတဲ့လူခြောက်လေးကလက်မအရွယ် သာသာလေးကိုမှနေလှမ်းထားတဲ့အသားခြောက်ပုံစံလေး၊ သေချာကြည့်မှသူ့ရဲ့အင်္ဂါအစိတ်အပိုင်းသေးသေးလေးများကိုမြင်ရသည်။ လူခြောက်လေးတွင်မျက်လုံးနေရာကအရာလေး၊နှာခေါင်းနေရာကလည်းအရာလေးသာပါသည်။၊ပါးစပ်ကလေးဆိုတာကနည်းနည်းလေးအချိုင့်အရာလေးဖြစ်သည်။အမူမဲ့အမှတ်မဲ့ကြည့်တဲ့လူဆို အမဲသားကိုအခြောက်လှန်းထားသည့်ဟုထင်မည်။

”ကံပွင်…ဒီကလေးအရမ်းအကျိုးပေးမှာ ကြောက်မနေစမ်းနဲ့၊ပြီးတော့ဒီကလေးမွေးတယ်ဆိုတာ ဘယ်သူကိုမှပြောပြလို့မရဘူးနော်။တော်​ြကာသူများတွေကလာခိုးသွားလိုက်မယ်”ဒေါ်ဟေမာလက်သည်ဘဝတွင်လူခြောက်လေးဒါနှင့်မှနှစ်ယောက်မြင်ဖူးသည်။

”မမဟေမာ သူကိုဘယ်လိုထားရမလဲ”
”မှန်ဘောင်လေးထဲကို ဝါဂွမ်းတွေထည့်ပြီးထည့်ထားပေးလိုက်၊တော်ကြာကြွက်တွေဘာတွေကိုက်နေရင်ခက်မယ်။သေချာလေးသာမွေးထားဒီလူခြောက်လေးကညည်းတို့လင်မယားကို နေ့ခင်းညချင်းချမ်းသာအောင်လုပ်ပေးလိုက်မယ်”အမှန်တကယ်လည်း မဟေမာပြောသလို လူခြောက်ကလေး ကအကျိုးပေးပါသည်။

တစ်နှစ်သားအရွာ်ရောက်မှ သားချစ်နိုင်ကဒေါ်ကံပွင့်ကိုအိပ်မက်ပေးသည်။အိပ်မက်ထဲတွင် လည်းချဲဂဏန်းပေးသည်။ တခါမှလောင်းကစားဆို အကျိုးမပေးတဲ့ဒေါ်ကံပွင့်နှင့်ဦးဖိုးထူးသားချစ်နိုင်ကအိပ်မက်ပေး၍ ခဏခဏချဲပေါက်၊ထီပေါက်လာသည်။

” ကိုဖိုးထူး ညကအိပ်မက်ထဲမှာကျွန်မနားကို တစ်နှစ်အရွယ်ဖြူဖြူတုတ်တုတ်ပါးဖောင်းဖောင်းလေးနဲ့ယောကျာ်းလေးတစ်ယောက်လာတယ်။သူကကျွန်မကိုလည်း အမေလို့ခေါ်တယ်။အမေ ၁၂၃ထိုးနော်တဲ့ပြောပြီးပြုံးပြနေတယ်”

”ဟုတ်သည်ရှိ၊မဟုတ်သည်ရှိ တစ်ထောင်ဖိုးလောက် စမ်းထိုးကြည့်ရမယ်ကံပွင့်…မင်းအစ်မဟေမာပြောတဲ့လူခြောက်ကလေးကလည်းတို့တွေကိုအခုချိန်ထိအကျိုးမပေးသေးဘူး…၊တကယ်ကောအသက်ရှိပါ့မလားမသိဘူး မွေးတာမွေးထားရတာ”

”ဟုတ်တယ် ကျွန်မလည်းအဲ့ဒါပဲပြောချင်နေတာ ၊ဒီအတိုင်းကြီးထားမဲ့အစားသူ့ကိုမြေမြုပ်ပေး လိုက်ရမလားစဥ်းစားနေတာ”
”တစ်လနှစ်လလောက်စောင့်ကြည့်ပြီး အခြေနေမထူးလာရင်သူ့အတွက်လုပ် ပေးသင့်တာလုပ်ပေးကြတာပေါ့”နေခင်းဘက်တွင် လင်မယားနှစ်ယောက်သားချစ်နိုင်ကို အကြောင်းတွေပြောခဲ့ကြသည်။

”သားမြင့်နိုင်အိပ်သွားပြီလား မိန်းမ
”အင်းအိပ်သွားပြီအခုမှနို့ဝလို့အိပ်သွားတာ ။အိပ်ချင်နေတာကိုမအိပ်ပဲဂျီကျနေတာပေပြီး”
”အင်းပါသားအိပ်တုန်း မိန်းမလည်းအိပ်ရတာ အိပ်တော့အိပ်တော့မိန်းမ ”ဘေးတွင်သမီးရှင်းသန့်ကလည်းအိပ်ပျော်နေပြီမို့ ဦးဖိုးထူးကလေးတွေခြင်ကိုက်မှာစိုး၍ခြင်ထောင်ကိုသေချာထောင်လိုက်၏။
ဒေါ်ကံပွင့် နေ့ခင်းဘက်လည်းသားသည် အမေမို့ကောင်းကောင်းမနားရပေ။ထိုကြောင့်ကလေးတွေ အိပ်သည်နှင့်တခါတည်းအတူလိုက်အိပ်သည်။

”အမေ အဖေကသားကို ကျတော့ဂရုမစိုက်ဘူး၊မမနဲ့အစ်ကိုကိုပဲဂရုစိုက်ပြီးခြင်တောင်ထောင်ပေးတယ်။သားတစ်ကိုယ်လုံးခြင် ကိုက်ရာတွေချည်းပဲ၊သားကိုမြေမြုပ်ဖို့လဲနေ့လည်က အဖေနဲ့အမေပြောနေသံသားကြားတယ်။ သားကအမေနဲ့အဖေတို့ရဲ့သားချစ်နိုင်ပါ…. ။သားအသက်ရှိနေသေးတယ်၊သားကိုမြေမမြုပ်ပစ်ပါနဲ့နော်.။..သားအမေနဲ့အဖေကိုလုပ်ကျွေးချင်သေးတယ်။အစ်ကိုမြင့်နိုင်လိုသားကိုလည်းအဝတ်အစားတွေ ဝယ်ပေးပါဦး။သားအဝတ်တွေကသေးကုန်ပြီ လူကတဖြည်းဖြည်းကြီးလာတော့”

”အင်းပါသားရယ် အမေမနက်ဖြန်တော့ သားအတွက်အဝတ်အစားတွေဝယ်ပေးမယ်..။သားကချစ်စရာကောင်းလိုက်တာ”အိပ်မက်ထဲတွင်ဒေါ်ကံပွင့်ထိုကလေးကို ဖက်ပြီးပါးပြင်နုနုလေးကို ဘယ်ပြန်ညာပြန်နမ်းနေမိသည်။ နံနက်မိုးလင်းတော့ ညကအိပ်မက်အကြောင်းကို ယောကျာ်းဖြစ်သူကိုပြောပြလိုက်၏။

”မိန်းမ လာသူ့တစ်ကိုယ်လုံးခြင်ကိုက်ရာ တွေချည်းပဲလို့အိပ်မက်ထဲကပြောသလိုဟုတ်မဟုတ် မှန်ဘောင်ထဲသွားကြည့်ရအောင်”ဦးဖိုးထူးမိန်းမလုပ်သူ၏လက်ကိုဆွဲ၍ လူခြောက်လေးထားသည့်အခန်းထဲသို့ဝင်လာသည်။မှန်ဘောင်ထဲတွင်ရှိနေတဲ့ လူခြောက်ကလေးကိုဦးဖိုးထူးတစ်ယောက်ဂွမ်းကလေးခံကာယူလိုက်၏။သားခြောက်လေး၏ကိုယ်လုံးတွင်အနီစက်ကလေးတွေကို ပါတွေ့လိုက်ရ၍ ဦးဖိုးထူးမျက်လုံးပြူးသွားသည်။

”ဟယ်ကိုဖိုးထူး မှန်ဘောင်ထဲမှာခြင်တွေ ဝင်နေတယ်ကြည့်စမ်းပါဦး”ဒေါ်ကံပွင့်ပြောလည်းပြော မှန်ဘောင်ထဲကခြင်တွေကို လက်နှစ်ဘက်နှင့်ရိုက်ပြီးအပြင်သို့ ယူလွှတ်ပစ်လိုက်၏။

”မိန်းမ တို့သားလေးချစ်နိုင်က အသက်ရှိနေသေးတယ်ကွ၊သူကရုပ်မရှိပေမဲ့နာမ်ဝဉာဥ်ရှိနေသလိုပဲ ၊ဒါကြောင့်လည်းတို့လင်မယားပြောတဲ့စကားတွေကို သူအကုန်သိနေတာနေမယ်”

”စိတ်မကောင်း လိုက်တာကိုဖိုးထူးရယ် သားကသူကိုကျဂရုမစိုက်ဘဲသူ့အစ်မနဲ့အစ်ကိုပဲဂရုစိုက်နေလို့ အိပ်မက်ထဲမှာမျက်နှာငယ်လေးနဲ့ပြောနေရှာတယ်၊ပြီးတော့ သူ့အတွက်အဝတ်အစားတွေ ဝယ်ပေးဦးတဲ့ ပြောတယ်”

ဒေါ်ကံပွင့်နေ့လည်တော့စျေးသို့ သွားကာတစ်နှစ်အရွယ်ဝတ်တဲ့အဝတ်အစားအချို့ နှင့်ကြိုးသိမ်းဖိနပ်အပြာလေးကိုဝယ်ပြီး မှန်ဘောင်ပေါ်က စားပွဲမှာ တင်ထားပေးလိုက်သည်။ ယောကျာ်းလုပ်သူက တောင်သူလုပ်သောကြောင့် မိုးလင်းမိုးချုပ်တောင်ယာမှာ သာအချိန်ကုန်နေတတ်သည်။အရမ်းဆင်းရဲတဲ့အထဲတွင် လည်းမပါဝင်သလိုအရမ်းချမ်းသာတဲ့စာရင်းထဲလည်း သူတို့လင်မယားမပါဝင်ပေ။သားချစ်နိုင်က အမေကိုသာအိပ်မက်ပေးပြီး သူ့အဖေဖြစ်သူကိုတခါမှအိပ်မက်မပေးဖူးချေ။

”ကိုဖိုးထူး….ရေ….ကိုဖိုးထူး….ခင်ဗျားချဲတထောင်ဖိုးပေါက်တယ်”အိမ်အောက်ကနေချဲရောင်းတဲ့ ဦးသာမောင်ကအော်ပြောလာသည်။
”ကိုဖိုးထူးက ယာတောသွားတယ်၊ကိုသာမောင် ချဲကဘာထွက်တာလဲ”
”၁၂၃တဲ့ မကံပွင့်ရေ တစ်ရွာလုံးမှာကိုဖိုးထူး တစ်ယောက်ပဲတစ်ထောင်ဖိုးပေါက်တယ်”ဒေါ်ကံပွင့် ကိုသာမောင်စကားကြောင့်ခေါင်းကြီးသွားသည်။တခါမှငယ်ငယ်ကတည်းက ချဲမပေါက်ဖူး​၍၊အခုချဲပေါက်သည်ဆိုတော့ အရမ်းပျော်သွားသည်။

”မိန်းမ တို့လင်မယားကို တို့သားချစ်နိုင်ကအခု ချိန်ကစပြီးအကျိုးပေးနပြီ၊မင်းလိုပဲသားကိုငါလည်း အိပ်မက်ထဲမှာတွေ့ဖူးချင် လိုက်တာကွာ.. ”ကိုဖိုးထူး မှန်ဘောင်လေးထဲကိုကြည့်၍ ပြောလိုက်၏။

”တနေ့နေ့တော့ရှင်ကို လည်းသားကအိပ်မက်ပေးမှာပေါ့ ဆန္ဒတွေမစောပါနဲ့”သားချစ်နိုင်ကသူ့တစ်ကိုယ်လုံးခြင်ကိုက်ရာတွေချည်းပဲဟူ၍အိပ်မက်ပေးပြီးကတည်းက ညရောက်ပြီဆိုဦးဖိုးထူးမှန်ဘောင်လေးထဲခြင်တွေမဝင် နိုင်အောင်သေချာလေး ကလေးအိပ်ခြင်ထောင်ဆန်ကာလေးကို ဝယ်ပြီးညစဥ်ညတိုင်းခြင်မ ကိုက်အောင်ခြင်ထောင်ပေးသည်။

တဖြည်းဖြည်း ချဲပေါက်လိုက်၊ထီပေါက်လိုက်မို့ ဦးဖိုးထူးနှင့်ဒေါ်ကံပွင့်တို့တောရွာကလေးတွင် အချမ်းသာဆုံးစာရင်းဝင်လာသည်။သားမြင့်နိုင်က်ို ငါးနှစ်သားအရွယ်တွင် ကျောင်းအပ်ပေးရသည်။
”သားမြင့်နိုင်ကျောင်းမှာ ဆရာမစကားနားထောင်နော်၊သူငယ်ချင်းတွေနဲ့လည်းရန်မဖြစ်နဲ့၊ သမီးရှင်းသန့်ကျောင်းမှာ သမီးမောင်လေးကိုဂရုစိုက်နော်”

”ဟုတ်ကဲ့ပါအမေ လာမောင်လေးမမတို့ ကျောင်းသွားမယ်”သမီးကြီးရှင်းသန့်ကလက်တစ်ဖက်က ဆွဲခြင်းလေးဆွဲ၍ကျန်လက်တ ဖက်ကသူ့မောင်ဖြစ်သူ၏လက်ကလေးကိုဆွဲ၍ ကျောင်းသို့ခေါ်သွားခဲ့သည်။ဦးဖိုးထူးသမီးနှင့်သားကျောင်း သွားခဲ့သည်ကိုမျက်စိတစ်ဆုံးကြည့်နေမိသည်။

”သားလေးချစ်နိုင်လည်း အသက်ငါးနှစ်ပြည့်ပြီဆိုတော့ သာမန်လူသာဆိုသူလည်းအခုချိန်ဆို သူ့အစ်မ၊အစ်ကိုနဲ့အတူကျောင်းအတူသွားရမှာ”
”ဟုတ်ပါ့ ကိုဖိုးထူးရယ် ကျွန်မသားလေး ချစ်နိုင်သနားပါတယ်”လင်မယားနှစ်ယောက် သားချစ်နိုင်အတွက် စိတ်မကောင်းဖြစ်နေကြသည်။

ညရောက်သောအခါတွင် ဒေါ်ကံပွင့်အိပ်မက်ထဲသို့ သားချစ်နိုင်ရောက်လာသည်။
”အမေသားလည်း အစ်မနဲ့အစ်ကိုလို့ ကျောင်းတက်ချင် လိုက်တာဒါပေမဲ့သား ကျောင်းတက် လည်းသားကို ဘယ်သူမှမြင်မှာမဟုတ်ဘူး”ညိုးငယ်သောမျက်နှာလေးနှင့် ပြောလာတဲ့သားချစ်နိုင်ကို ဒေါ်ကံပွင့်အနားသို့ သွားကာကိုယ်လုံးလေးကို ဖက်ထားလိုက်၏။

”သားရယ်အမေနဲ့အဖေလည်း သားအတွက်စိတ်မကောင်းပါဘူး၊သားကကျောင်းနေချင်လို့လား”ဒေါ်ကံပွင့်အမေးကို သားကပါးစပ်နှင့်မဖြေဘဲခေါင်းသာညိတ်ပြသည်။ သားပုံစံကသူ့အစ်မနှင့်အစ်ကိုကျောင်းသွားသောကြောင့်သူတစ်ယောက် တည်းအိမ်မှာကျန်နေခဲ့ရသည် အတွက်စိတ်ထိခိုက်နေပုံရသည်။

”သားဘာလိုချင်လည်း အမေဘာဝယ်ပေးရမလဲ”
”သားအဖော်တွေနဲ့ကစားဖိုး ဘောလုံးဝယ်ပေးအမေ၊ပြီးရင်ဘောလုံးကန်ဖိနပ်လည်းဝယ်ပေးပါ ”
”အေးပါအမေမနက်ဖြန်တော့ သားလိုချင်တာဝယ်ပေးမယ်”

”ဒါဆိုသားသွားကစားတော့မယ်နော်အမေ ”ဒေါ်ကံပွင့်ဝယ်ထားပေးတဲ့သားချစ်နိုင်ကအဝါ ရောင်တီရှပ်လေးရယ်၊ပြောက်ကျားဘောင်ဘီလေးကိုဝတ်ဆင်ထားသည်။သားကတစ်နေ့တခြားအသားတွေပိုဖြူပြီးဝတုတ်တုတ်လေးပိုဖြစ်လာသည်။ အိပ်မက်ထဲတွင်သားချစ်နိုင်ကသူလိုချင်တဲ့အရာကိုလည်း ဝယ်ပေးဖို့ပူဆာတတ်သည်။

”ကိုဖိုးထူး ကျွန်မနဲ့ရှင်ထင်တဲ့ အတိုင်းပဲသားချစ်နိုင်က သူ့အစ်မနဲ့အစ်ကိုကျောင်းတက် သလိုသူကျောင်းမတက်ရလို့တဲ့ ပြောနေတယ်၊သားကမျက်နှာလည်းမကောင်းဘူး”

”သားကိုအကျိုးအကြောင်း မပြောပြလိုက်ဘူးလားမိန်းမရယ်”
”ပြောပြလိုက်ပါတယ်၊သားကအခုသလောပိုပြီး ဝလာတယ်အသားတွေလည်းပိုဖြူလာတယ်။ပြီးတော့လည်းသားက သူ့အဖော်တွေနဲ့ဘောလုံးကန်ချင်လို့တဲ့ဘောလုံးကန် ဖိနပ်နဲ့ဘောလုံးကို ဝယ်ပေးဖို့ပူဆာတယ်”

”သားချစ်နိုင်လိုချင်တာ ဝယ်ပေးလိုက်မိန်းမ၊တို့သားလေးကသနားစရာလေးပါ။သားကလည်းဘာလို့ များငါးနှစ်တောင်ရှိနေပြီငါ့ကိုအိပ်မက်မပေးတာလဲမသိဘူး၊တခါလောက်တော့ သားကိုအိပ်မက်ထဲမှာတွေးဖူးချင်လိုက်တာ”

”သားကပြောတယ် သူတို့လိုခူခြောက်တွေက မိခင်တစ်ဦးကိုပဲအိပ်မက်ထဲကနေကိုယ်ထင်ပြပြီး စကားပြောပြီးဆက်သွယ်လို့ရတာတဲ့၊ကျန်တဲ့လူတွေနဲ့ဆို အိပ်မက်ကနေလည်း ကိုယ်ထင်ပြလို့မရဘူးတဲ့၊သူပြောချင်တဲ့စကားကို မိခင်နဲ့ပဲပြောခွင့်ရှိတယ်လို့ပြောတယ် အဖေကိုလည်းသူအိပ်မက်ထဲလာ မတွေ့လို့စိတ်မကောင်းမဖြစ်နဲ့တဲ့ ”မိန်းမဖြစ်သူစကားကြောင့် ကိုဖိုးထူးသားချစ်နိုင်နှင့် အိပ်မက်ထဲတွေ့ဖို့ဆိုတာမဖြစ်နိုင်တော့ပေ။ အေးလေ သူတို့ကမ္ဘာလောကသားတွေ ချမှတ်ထားတဲ့စည်းမျဥ်းဆိုတော့ လည်းဘယ်တတ်နိုင်ပါ့မလဲ။

”အမေသားအတွက်လား အဲ့ဘောလုံးနဲ့ဖိနပ်က”မြင့်နိုင်ကျောင်းကပြန်လာလာချင်းဖိနပ်နှင့် ဘောလုံးလေးကိုတွေ့၍မေးလိုက်၏။
”မဟုတ်ဘူးသား ညီချစ်နိုင်အတွက်။ သားလိုချင်ရင်နောက်နေ့မှအမေဝယ်ပေးမယ်”
”အမေသူကဘောလုံးမှ မကစားတတ်တာ ၊မှန်ဘောင်ထဲကနေတောင်မထွက်တတ်ပဲနဲ့များ”မြင့်နိုင်ပြောပြီးလွယ်အိတ်ကို ယူ၍အခန်းထဲဝင်လာခဲ့သည်။ဒေါ်ကံပွင့် ဘောလုံးနှင့်ဖိနပ်ကို ချစ်နိုင်၏သီးသန့်ခန်းကစားပွဲပေါ်တင်ထားပေး ခဲ့ပြီးထမင်းဟင်းချက်ရန်မီး ဖိုထဲဝင်လာသည်။

ထမင်းချက်ပြီးသည်နှင့် ကြက်သားကြော်လိုက်၏။သားချစ်နိုင်ကအိပ်မက်ထဲတွင်သူ့ကြိုက်တဲ့ ဟင်းများကိုလည်းပြောပြထားသည်။ သည်နေ့လည်းကြက်သားကြော်နှင့် ထမင်းစားချင်သည်ဟုပြောထားသည်။ ကြက်သားကြော်ပြီးနောက်တစ်ဘက်ရွာကအမျိုးတွေလာကြ၍စကားပြောနေရသည်။ထိုကြောင့်သမီးကြီးရှင်းသန့်ကို သူ့မောင်ချစ်နိုင်ကိုထမင်းကျွေးခိုင်းထားလိုက်၏။

ဒေါ်ကံပွင့်ခါတိုင်နေ့လို ညဆယ်နာရီတော့ အိပ်ရာဝင်ခဲ့သည်။
”အမေ..အစ်ကိုမြင့်နိုင်ကအကျင့်မကောင်းဘူး သားအတွက်ဝေစုကြက်သားဟင်းကိုသူယူစားသွားတယ်။ သားညနေစာ ဟင်းမရှိလို့ထမင်းမစားရဘူး၊အခုဗိုက်ဆာနေတယ်။နောက်တခါ အဲ့လိုမလုပ်ဖို့အစ်ကို မြင့်နိုင်ကိုအမေပြောပေးပါ”သည်နေ့သားက ဘောလုံးကန်ဖိနပ်လေးစီးပြီး ၊လက်မှာလည်းသူ့အတွက်ဝယ်ထားပေးသော ဘောလုံးလေးကိုလက်နှင့်ပိုက်ထားသည်။

”အေးပါနောက်တခါအဲ့လိုမလုပ်ဖို့ သားအစ်ကို ကို အမေပြောထားလိုက်မယ်နော်။ ဒါနဲ့အမေဒီနေ့ဝယ်လာပေးတဲ့ ဖိနပ်ကသားခြေထောက်နဲ့တန်ရဲ့လား”
”တန်တယ်ကွက်တိပဲအမေ ။သားအဖော်တွေက ဘောလုံးဝယ်ပေးတဲ့အမေကိုကျေးဇူးတင် တယ်လို့ပြောခိုင်းလိုက်တယ်။အမေ အဖေယာတောထဲမျာ သရက်ပင်ကြီးတစ်ပင်ရှိတယ်။အဲ့သရက်ပင်ခြေရင်းအောက်ကို မနက်ဖြန်သွားတူးလိုက်နော်”

”အေးပါအမေတို့သွားတူးလိုက်မယ်။ …မနက်ကြမှအမေ အစောသားအတွက်ကြက်သား ကြော်ပေးမယ်သားစားလိုက်နော် ”
”အမေ သားအတွက်ပုန်းရည်ကြီးလေးကောသုတ်ပေးနော်၊သားသွားတော့မယ်”စကားပြောနေရင်းလှစ်ခနဲဆိုသားချစ်နိုင်ကအမှောင်ရိပ်ထဲပြေးဝင်သွားသည်။ ဒေါ်ကံပွင့်သားပြောတဲ့စကားတွေကို မနက်ရောက်တော့ကိုဖိုးထူးကိုပြောပြလိုက်၏။

”သမီးရှင်းသန့်နဲ့သားမြင့်နိုင် ဒီနားခဏလာဦးအဖေမေးစရာရှိလို့”ဖခင်ခေါ်နေသောကြောင့်မြင့်နိုင်နှင့် ရှင်းသန့်တို့နှစ်ဦးလုံးအနားသို့ လာကြသည်။
”မနေ့ကသမီးအမေက သမီးကိုမောင်လေး ချစ်နိုင်ကိုထမင်းကျွေးခိုင်းတာ ၊သမီးသေချာသွားကျွေးလား။အဖေသမီးနဲ့သားဘာလုပ်ထားလဲဆိုတာသိတယ်နော် အရိုက်မခံချင်ရင်အမှန်တိုင်းပြော၊လိမ်ပြောရင်အဖေကရိုက်မှာ ”ဟုဖခင်ကပြောလာသောကြောင့် ရှင်းသန့်ကြောက်သွားသည်။

”ဟိုလေအဖေ မနေ့ကသမီးချစ်နိုင်ကို ထမင်းနဲ့ကြက်သားကြော်ကျွေးဖို့ပန်းကန်ထဲခူးပြီးစားပွဲ ပေါ်တင်ပေးနေတုန်း ၊မောင်လေးမြင့်နိုင်က ကြက်သားကြော်ပန်းကန်ကို ယူပြီးသူစားပစ်တယ်။ ချစ်နိုင်ကစားမှမစားတတ်တာ ၊ကျွေးနေလဲအပိုပဲလို့ပြောပြီးကြက်သားကြော်ပန်းကန်ကိုယူသွားတယ်အဖေ”အစ်မလုပ်သူကအမှန်တိုင်း အဖေကိုပြောလိုက်သောကြောင့်မြင့်နိုင်မျက်စောင်းနှင့် အစ်မလုပ်သူကိုကြည့်နေသည်။

”မြင့်နိုင်သားကိုကောအမေနဲ့အဖေကမကျွေးဘဲ ၊ချစ်နိုင်ကိုပဲသီးသန့်ကျွေးလားပြောစမ်း…သားကိုအငတ်ထားလို့လား”
”အငတ်မထားပါဘူးကျွေးပါတယ်အဖေ….”ဖခင်ဒေါသထွက်နေမှန်းသိ၍မြင့်နိုင် ခေါင်းလေးကိုငုံ့ပြီးဖြေလိုက်၏။

”ချစ်နိုင်ကသားရဲ့ အမွှာညီလေးနော်။ သူကရုပ်မရှိပေမဲ့သူ့မှာနမ်ဝဉာဥ်ရှိတယ်။သားတို့ ဘာလုပ်လုပ်သူကသိတယ်၊အမေ့ကိုညဆိုသားတို့ဘာလုပ်လုပ်တိုင်ပြောတယ်။ သားကသူကိုခဏခဏ လက်သည်းနဲ့လာထိုးတယ်၊ရိုက်တယ်လို့ လည်းတိုင်တယ်။ သားနောက်တခါ ညီလေးကိုအဲ့လိုမလုပ်ရဘူးနော်၊နောက် တခါလုပ်ရင်အမေကသားကိုရိုက်မှာ ။ ဒီလိုလုပ်တာဒါနောက်ဆုံးဖြစ်ပါစေ”

”ဟုတ်ကဲ့အမေ ”မြင့်နိုင်အဖေနှင့် အမေမရှိလျှင်ထိုအခန်းထဲသို့ သွားပြီးမှန်ဘောက်ထဲ ကိုလက်နှိုက်၍လူခြောက် လေးကိုဆွဲဆိတ်ကြည့်သည်။တုတ်ကလေးသေး သေးလေးနှင့်ထိုးစွကြည့်ခဲ့သည်။အခုတော့အမေထံကို သူလုပ်တဲ့အရာမှန်သမျှကို ပြန်အတိုင်ခံရလေသည်။

ဦးဖိုးထူးနှင့်ဒေါ်ကံပွင့် သားချစ်နိုင်ပြောသလိုယာတောကသရက်ပင်ကြီးအောက်သို့ နှစ်ယောက်သားသွားတူးသည်။သရက်ပင်ခြေရင်းတွင်ရွှေအိုးတစ်လုံးကိုတူးဖော်ရရှိသည်။ထိုရွှေအိုးကြီးကိုရပြီးနောက် ရွာတွင်မီးခိုးတိုက် အလှုကြီးကိုလှူခဲ့သည်။သားချစ်နိုင်နှင့်သူ့အပေါင်းအပါတွေအတွက်ပါရည်စူးပြီးကုသိုလ်တွေလုပ်ပေးသည်။လူခြောက်လေးကအကျိုးပေးသောကြောင့် ဦးဖိုးထူးနှင့်ဒါ်ကံပွင့် ချမ်းသာကြွယ်ဝမူတွေကသုံးလေးသက်စားမကုန်နိုင်တော့ပေ။

ရက်မှလ၊လမှနှစ်သို့ နွေ၊မိုး၊ဆောင်းရာသီဥတု တွေအလီလီပြောင်းလွှဲလာခဲ့သည်။
”အမေအစ်ကိုကသား အဝတ်စားတွေခိုးခိုးဝတ်နေတယ် ၊သားဖိနပ်ဖွေးဖွေးလေးကိုလည်းရွံတွေ ထဲစီးပစ်တာပေတူးနေတာပဲ။သားချစ်သူနဲ့သွားတွေ့ရင်အဝတ်အစားတွေ ကဝတ်စရာမရှိဘူး။အစ်ကိုကခိုးခိုးယူဝတ်နေတော့”

”ဟယ်သားကကောင်မလေးတောင်ရှိနေပြီလား ၊ဘယ်ကမိန်းကလေးလဲသားကောင်မလေးက”
”သားကောင်မလေးက ဟိုဘက်နှစ်ရွာကျော်ကပါအဖေ ၊သူ့နာမည်ကမနှင်းဖွေးပါ ၊သားကအခုမှသူ့ကိုပိုးပန်းနေတုန်း….”သားချစ်နိုင်ကရှက်ကိုးရှက်ကန်းအမူအရာနှင့် ဒေါ်ကံပွင့်ကိုပြောပြနေသည်။

”အေးပါအမေသားအတွက် အဝတ်အစားတွေ အသစ်ထပ်ဝယ်ပေးမယ်နော် ၊သားအစ်ကိုကိုလည်းနောက်အဝတ်အစားတွေခိုးမဝတ်ဖို့ပြောပေးမယ်”သားဖြစ်သူကတဖြည်းဖြည်းနှင့်မြူတွေကြားမှာ စကားပြောပြီးပျောက်သွားသည်။

ဒေါ်ကံပွင့်နောက်နေ့နံနက်အိပ်ရာနိုးတော့ အိမ်ပေါ်ထပ်ကနေအိမ်အောက်သို့မျက်နှာသစ်ရန်ဆင်းလာခဲ့သည်။ဖိနပ်ချွတ်တဲ့နေရာကိုကြည့်လိုက်တော့ သားချစ်နိုင်အတွက် ဝယ်ထားပေးသော ဆင်ကြယ်ဖိနစ်သံကြိုးအပြာရောင် လေးကရွံတွေနှင့်ပေတူးနေသည်။

ထုံးစံအတိုင်းသားမြင့်နိုင်ကသူ့ညီချစ်နိုင်ရဲ့ဖိနပ်ကိုခိုးစီးပြန်ပြီ။
သားချစ်နိုင်က အသန့်ကြိုက်သည်။သူအသုံးအဆောင်ပစ္စည်းတွေ ကိုသီးသန့်ထားခိုင်းထားသည်။ ဒါကိုသားမြင့်နိုင်ကအိမ်မှာ အဖေနှင့်အမေမရှိလျှင်မရှိသလို သူညီပစ္စည်းတွေခိုးခိုးသုံးသည်။

”သားမြင့်နိုင်မင်းညီကသူ့အဝတ်တွေ ခိုးခိုးဝတ်နေတယ်တဲ့ အမေကိုတိုင်နေတယ်၊သားညီက အသန့်ကြိုက်တယ်၊သူပစ္စည်းတွေကိုသူများယူသုံးတာမကြိုက်ဘူးဆိုတာသားလဲသိရက်နဲ့ကွယ်၊နောက်မလုပ်ပါနဲ့သားညီလေးကမကြိုက်ဘူး”

”ဟီးဟီး ဒီကောင်အတော်အတိုင် အတောထူတဲ့ကောင်ပဲအမေ”မြင့်နိုင်တစ်ယောက်မိခင်နှင့် ဖခင်ဘယ်လို ပြောပြောညီဖြစ်သူ၏ပစ္စည်းများကိုလူလှစ်သည်နှင့်ခိုးဝတ်မြဲ ၊ခိုးစီးမြဲ။

”သားချစ်နိုင်ကသူ့မှာ ကောင်မလေးရှိနေပြီလို့ ပြောတယ်ဲ့ကိုဖိုးထူး”
”ဟေ ဟုတ်လား သူတို့လောကမှာလည်းဒါမျိုးကရှိလားကံပွင့်ရာ”
”ရှိလို့ပဲသားကပြောတာပေါ့၊သူကြိုက်နေတဲ့ကောင်မလေးကဟိုဘက်နှစ်ရွာကျော်မှာရှိတယ်တဲ့ နာမည်ကမနှင်းဖွေးလို့ပြောတယ်”

”ဟုတ်လားမဟုတ်လား စုံးစမ်းကြည့်ဦးမယ်ကံပွင့်ရာ”ဦးဖိုးထူးသားပြောတဲ့လူခြောက်မလေးမနှင်းဖွေးရှိမရှိကို နှစ်ရွာကျော်မှာစုံစမ်းလိုက်၏။ အမှန်တကယ်လည်း သားချစ်နိုင်လိုလူခြောက်မိန်းကလေးမနှင်းဖွေးကနှစ်ရွာတွင်ရှိနေသည်။သားချစ်နိုင်က အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးသွားပြီမို့ သူ့တို့လောကသား ချင်းချင်းချစ်သူရှာဖွေထားပုံရသည်။

”အမေသားကောင်မလေးက သားကိုအဖြေပြန်ပေးပြီးပြီ၊သားတို့လက်ထပ်ချင်တယ်အမေ၊အဖေနဲ့ အမေကသူကိုသွားတောင်းပေးပါ။မနှင်းဖွေးကလည်းသူ့အမေကို သားလာတောင်းမယ်လို့ အိပ်မက်ပေးထားလိုက်မယ်၊အဆင်မပြေမှာမပူနဲ့အမေ ၊သူ့မိဘတွေကိုလည်းသူအာလုံးပြောထားပြီးပြီတဲ့၊လာမဲ့လဆန်းသုံးရက်ကိုအမေတို့မနှင်းဖွေးကိုသွားတောင်းလိုက်ပါ ”

”အေးပါသားပြောတဲ့အတိုင်း အမေတို့သွားတောင်းလိုက်ပါ့မယ်၊သားအခုသလောပိန်သွားသလိုပဲနေကောကောင်းရဲ့လား”
”သားနေသိပ်မကောင်းဘူးအမေ ၊စိတ်တော့မပူပါနဲ့၊သားဘာဆေးကုနေပါတယ်”
”အမေဘာလုပ်ပေးရမလဲသားရယ်။ သားနေမကောင်းတာကို အမေကဘာမှလုပ်ပေးလို့မရဘူးလား”

”သားတစ်ရက်နှစ်ရက်ဆို နေပြန်ကောင်းသွားမှာပါအမေရယ်၊ဒါပဲနော်လဆန်းသုံးရက်ကိုမေ့မနေနဲ့”ဟုပြော၍သားကအနားကနေပျောက်သွားသည်။ဒေါ်ကံပွင့်သားဖြစ်သူပိန်သွားသည်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေမိသည်။လူလိုလည်းဆရာဝန်ခေါ်ပြီးနေကောင်းဖြစ်နေသည်ကိုပြပေး၍မရပေ။

”ကိုဖိုးထူးသားကသူ့ကောင်မလေးကို လဆန်းသုံးရက်နေ့သွားတောင်းပေးပါတဲ့၊သူ့ကောင်မလေးကလည်းသူတို့မိဘတွေကို အိပ်မက်ပေးထားပြီးသားတဲ့အကုန် ပြင်ဆင်ထားလိုက်မယ်တဲ့ သားကပြောတယ်”
”အေးပေါ့သူတို့အချင်းချင်း ပြောဆိုထားပြီးသားဆို လည်းတို့တွေကမိဘဝတ္တရား အတိုင်းသွားတောင်းပေးရုံပေါ့”

”သားချစ်နိုင်က နေမကောင်းဘူးလို့ပြောတယ်၊အရမ်းလည်းပိန်သွားတယ်၊ဘာလုပ်ပေးရမလဲလို့မေးတော့လည်း သူ့ဘာသာဆေးကုနေတယ်လို့ပြောတယ်”
”ခက်တာပဲလူမဟုတ်တော့ ဆရာဝန်ခေါ်ပြပေးလို့ကမလည်းမရဘူး”ဦးဖိုးထူးသားဖြစ်သူကနေမကောင်းဟုပြောသောကြောင့်စိတ်ပူမိသည်။

လဆန်းတရက်နေ့တွင် ဒေါ်ကံပွင့်သားဖြစ်သူကို ထည့်ထားတဲ့မှန်ဘောင်လေးကို သန့်ရှင်းရေးလုပ်ပေးနေမိသည်။ခါတိုင်းလည်း တစ်နေ့ကိုငါးခါထပ်မနည်းမှန်ဘောင် ထဲသို့ကြည့်နေကြဖြစ်သည်။ မွေးစတည်းကအခုချိန်ထိလက်မခန့်အရွယ် သာသာရှိတဲ့လူခြောက်လေး ကလုံးဝအခြောက်ကြီးလည်းမဖြစ်သွားပါ။စိုထမ့်ထမ့်ပုံစံလေးအဖြစ်သာရှိနေသည်။

”ကိုဖိုးထူးရေး အခန်းထဲကိုခဏလာကြည့်ပါဦး”ယောကျားလုပ်သူကိုအော်ခေါ်ပြီးဂွမ်းကလေးနှင့်လူ ခြောက်လေးကိုကိုင်လိုက်၏။
”မိန်းမဘာဖြစ်လို့လဲ”
”ဒီမှာသားချစ်နိုင်ရဲ့အသားတွေ ကခြောက်ခြောက်ကြီးနဲ့ ကြွေကျနေလို့ကိုဖိုးထူးရဲ့၊ဘာဖြစ်တာလဲမသိဘူး။ကျွန်မသားအတွက်စိတ်ပူလိုက်တာ”ဦးဖိုးထူးမိန်းမလုပ်သူလက်ထဲကနေ လူခြောက်လေးကိုယူကြည့်လိုက်တော့မိန်းမပြောသလို အသားတွေကကြွေနေသည်။

”ညကသားချစ်နိုင်အိပ်မက်ထဲလာသေးလားမိန်းမ”
”မလာတာသုံးလေး ရက်ရှိပြီးကိုဖိုးထူးရယ်။ကျွန်မသားလေးတော့တခုခုဖြစ်ပြီထင်တယ် ကျွန်မရင်တွေပူလိုက်တာ”ဒေါ်ကံပွင့်မျက်ရည်တွေချက်ချင်းဝဲလာသည်။ သားချစ်နိုင်ကနေလည်း မကောင်းဘူးဟုပြော၍ပိုပြီးစိတ်ပူသည်။

မိသားစုလေးယောက်လုံးလူခြောက်လေးရဲ့ကိုယ်ခန္ဓာကအရင်လိုမဟုတ်သောကြောင့် ချစ်နိုင်အတွက်စိတ်ပူနေကြသည်။အတူနေခဲ့တဲ့အချိန်ကဆယ့်ရှစ်နှစ်လုံးလုံးမို့ မိသားစုဝင်တစ်ဦးလို အားလုံးကသဘောထားခဲ့ကြသည်။

လဆန်းနှစ်ရက်ညတွင်
”အမေ…သားသေသွားပြီ။သားနောက် ခန္ဓာအသစ်ကိုပြောင်းရတော့မယ်၊သားကောင်မလေးကို မနက်ဖြန်အမေတို့ သားသေသွားကြောင်းသွားပြောလိုက်ပါ။အမေနဲ့အဖေလည်းကျန်းမာရေးဂရုစိုက်ပါ။ အစ်မနဲ့အစ်ကိုကိုလည်း သားနှုတ်ဆက် တယ်လို့ပြောပေးပါ။သားသွားတော့မယ်….”ဖြတ်ခနဲဆို ဒေါ်ကံပွင့်အိပ်မက်ကလန့်နှိုးသွားသည်။

”အဟင့်…..အဟင့်အီးဟီး…..,အဟင့်”မိန်းမလုပ်သူကအိပ်ပျော်နေရာမှထထိုင်၍ ငိုနေသည်။
”မိန်းမဘာဖြစ်လို့လဲ….. ဘာဖြစ်တာလဲ”
”သားချစ်နိုင်က သူသေသွားပြီတဲ့လာပြောသွားတယ်။ကိုဖိုးထူး..သူသေတဲ့အကြောင်းကို သူကောင်မလေးအိမ်ကိုလည်းသွားပြောပေးပါတဲ့ ၊အဖေနဲ့အမေလည်းကျန်းမာရေးဂရစိုက်တဲ့၊ အစ်မနဲ့အစ်ကိုကိုလည်းသူနှုတ်ဆက် တယ်လို့ပြောပေးပါတဲ့အဟင့်အဟင့်ကျွန်မသားလေးချစ်နိုင် သေသွားပြီး….. ”

”မိန်းမရယ်ငိုမနေနဲ့ တို့တွေသားချစ်နိုင်အတွက် ကုသိုလ်ကောင်းမှုတွေလုပ်ပေးကြမယ်…မနက်ဖြန်သူ့ကောင်မလေးကတို့ လာတောင်းမယ်ဆိုပြီးမျှော်နေမှာသနားပါတယ်ဟာ ”နောက်တနေ့နံနက်ခင်း၌လူခြောက်မလေးမနှင်းဖွေးအိမ်သို့ ဦးဖိုးထူးနှင့်ဒေါ်ကံပွင့် သားဖြစ်သူအကြောင်းကိုသွားပြောပြလိုက်သည်။

မနှင်းဖွေ၏မိဘများက လည်းသူ့သမီးအိပ်မက် ပေးထားတဲ့အတိုင်းအိမ်ရှေ့တွင်မဂ်လာမဏ္ဍပ်ထ်ိုးပြီး စောင့်နေကြသည်။
”ကျွန်မတို့သားချစ်နိုင်ကမနေ့ညက ဆုံးသွားပြီလို့အိပ်မက်ပေးတယ်၊ဒီကမိန်းကလေးကိုလည်း သူဆုံးသွားတဲ့အကြောင်း ပြောခိုင်းလိုက်ပါတယ်”ဒေါ်ကံပွင့်မျက်ရည်အဝဲသားနှင့် သမီးရှင့်မိဘနှစ်ပါးကိုပြောလိုက်၏။

”အေးဗျာ ကံတရားကဒီလိုဆိုတော့ ကျုပ်တို့သမီးလေးအတွက်စိတ်ဆင်းရဲစရာပေါ့ဗျာ။ဘယ်တတ်နိုင်မလဲကံစီမံရပေါ့”မနှင်းဖွေးအဖေက ပြောပြီးမျက်ရည်တွေဝဲနေသည်။သားဖြစ်သူ ကောင်မလေးအိမ်ကိုအကြောင်းကြားပြီး နောက်သားဖြစ်သူချစ်နိုင်အတွက်နေအိမ်တွင်းဘုန်းကြီးငါးပါးပင့်၍ဆွမ်းပြင်ဆင်ပေးပြီးအမျှ အတန်းပေးဝေခဲ့ကြသည်။

ဖူးပွင့်နွယ်
သားညနေစာ ဟင်းမရှိလို့ထမင်းမစားရဘူး၊အခုဗိုက်ဆာနေတယ်။နောက်တခါ အဲ့လိုမလုပ်ဖို့အစ်ကို မြင့်နိုင်ကိုအမေပြောပေးပါ”သည်နေ့သားက ဘောလုံးကန်ဖိနပ်လေးစီးပြီး ၊လက်မှာလည်းသူ့အတွက်ဝယ်ထားပေးသော ဘောလုံးလေးကိုလက်နှင့်ပိုက်ထားသည်။

”အေးဗျာ ကံတရားကဒီလိုဆိုတော့ ကျုပ်တို့သမီးလေးအတွက်စိတ်ဆင်းရဲစရာပေါ့ဗျာ။ဘယ်တတ်နိုင်မလဲကံစီမံရပေါ့”မနှင်းဖွေးအဖေက ပြောပြီးမျက်ရည်တွေဝဲနေသည်။သားဖြစ်သူ ကောင်မလေးအိမ်ကိုအကြောင်းကြားပြီး နောက်သားဖြစ်သူချစ်နိုင်အတွက်နေအိမ်တွင်းဘုန်းကြီးငါးပါးပင့်ဖိတ်၍ဆွမ်းပြင်ဆင်ပေးပြီးအမျှ အတန်းပေးဝေခဲ့ကြသည်။

ဖူးပွင့်နွယ်
စာဖတ်သူများကိုအစဥ်ထာဝရလေးစားလျက်

#crd
#ပရလောက

Zawgyi Version

”အက်ိဳးေပးေသာလူေျခာက္”(စ/ဆုံး)
————————————————

”သမီးရွင္းသန္႔ ေရ နင့္ ေမာင္ခ်စ္ႏိုင္ကို ေရနဲ႔ထမင္းခူးေကြၽးလိုက္ဦး”
”ဟုတ္ကဲ့အေမသမီး အခုပဲခူးေကြၽးလိုက္မယ္ ”ေဒၚကံပြင့္ကျပင္မွာအိမ္လာလည္တဲ့ဧည့္သည္ ႏွင့္စကားေျပာေနသည္။

”မမ သူကထမင္းဟင္းလည္းစားတတ္တာမဟုတ္ပဲနဲ႔ဘာလို႔ေကြၽးေနတာလဲ၊ရႈပ္တယ္ေပးအဲ့ၾကက္သားဟင္းကြၽန္ေတာ္ပဲစားလိုက္မယ္ ”အစ္မလက္ထဲကေန ျမင့္ႏိုင္ၾကက္သားပန္းကန္ကိုဆြဲယူၿပီး ၾကက္သားေၾကာ္ကိုပါးစပ္ထဲ အတင္းထိုးထည့္စားလိုက္၏။

”ဟဲ့ျမင့္ႏိုင္ခဏကနင့္ကိုလည္းထမင္းနဲ႔ၾကက္သားဟင္းေကြၽးထားၿပီးၿပီေလ ၊ဒါကခ်စ္ႏိုင္ရဲ႕ေဝစုေလ၊အေမသိရင္နင္အခုလိုလုပ္တာကိုဆူလိုက္မယ္ေနာ္ ”

”အိုးအစ္မကလည္းဗ်ာ ကြၽန္ေတာ္စားပစ္တာအေမကသိတာမွတ္လို႔ ၊ၿပီးေတာ့သူကလည္း ဘယ္လိုျပန္တိုင္လို႔ရမလဲ၊အစ္မသာကြၽန္ေတာ္ၾကက္သားေၾကာ္ေတြ စားပစ္တယ္လို႔အေမ့မေျပာနဲ႔”ၾကက္သားပန္းကန္ကိုယူသြားၿပီ ျမင့္ႏိုင္မီးဖိုေခ်ာင္းထဲမွာ ၾကက္သားေတြထိုင္စားေနသည္။

ရွင္းသန္႔ထမင္းႏွင့္ေရကို သာမွန္ေဘာင္းေဘးက စားပြဲမွာခ်ထားလိုက္သည္။ အေမႏွင့္အေဖကေတာ့ မွန္ေဘာင္ထဲကလက္မခန္႔အ႐ြယ္လူေျခာက္ေသးေသးေလးကို လူတစ္ေယာက္လို အခ်ိန္တန္ထမင္းဟင္းေကြၽးခိုင္းသည္။ေမာင္ေလးျမင့္ႏိုင္ႏွင့္ အတူေမြးဖြားလာေသာေၾကာင့္ ခ်စ္ႏိုင္ဟုနာမည္ေပးထားသည္။ျမင့္ႏိုင္ႏွင့္ခ်စ္ႏိုင္ကအမႊာ ေတြဟုလည္းတခါတခါေျပာသည္။

ဦးဖိုးထူးႏွင့္ေဒၚကံပြင့္အိမ္တြင္ လူေျခာက္ကေလးေမြးထားသည္ ကို ေဆြမ်ိဳးနီးစပ္မ်ားကို သာအသိေပးထားသည္။ က်န္လူမ်ားကိုေတာ့လုံးဝမေျပာထားဘဲ ေရငုံ႔ႏႈတ္ပိတ္ထားသည္။ သမီးႀကီးရွင္းသန္႔ေမြးၿပီးသုံးႏွစ္အၾကာေတာ့ ျမင့္ႏိုင္ႏွင့္ခ်စ္ႏိုင္အမႊာႏွစ္ေယာက္ကို အိမ္တြင္အရပ္လက္သည္ႏွင့္ေဒၚကံပြင့္ေမြးဖြားခဲ့သည္။

”ဟယ္ ကံပြင့္ငါညီမ ညည္းမလန္႔သြားနဲ႔ဦးေနာ္၊ညည္ေမြးထားတဲ့အမႊာတစ္ေယာက္က သာမန္ကေလးအတိုင္းပါပဲ၊ဒါေပမဲ့တစ္ေယာက္ကေတာ့လူေျခာက္ေလးဟဲ့…”မီးတြင္းထဲတြင္ေျပာလာတဲ့ အစ္မလက္သည္စကားေၾကာင့္ေဒၚကံပြင့္ လူေျခာက္ဆိုတဲ့စကားေၾကာင့္ ဘယ္လိုပုံစံမ်ိဳးေျပာသလဲသိခ်င္သြားသည္။ တခါမွလည္းလူေျခာက္ဆို တဲ့ပုံစံကိုတသက္ႏွင့္တကိုမျမင္ဖူးေသးေပ။ လက္သည္ကလည္းေဒၚကံပြင့္၏ အစ္မႏွစ္ဝမ္းကြဲျဖစ္သည္။

”ကံပြင့္ဒီလိုကေလးမ်ိဳးက တစ္သန္းမွာတစ္ေယာက္ေမြးခဲတယ္၊ေဆး႐ုံမွာေမြးလို႔လူေျခာက္ေလးပါ ရင္ေတာင္ႏိုင္ငံေတာ္ကထိန္းသိမ္းသြားတာ။ေမြးတဲ့မိဘေတြကိုျပန္မေပးဘူး၊သူတို႔က ဘဏ္ေတြ၊ဘာေတြေဖာက္တတ္တယ္တဲ့၊ ၿပီးေတာ့ဒီကေလးေမြးတဲ့အိမ္က စီးပြားအရမ္းတက္တာတဲ့ ”

”အစ္မရယ္ ေၾကာက္စရာႀကီး၊ကြၽန္မေတာ့မကိုင္ရဲပါဘူး”အစ္မျဖစ္သူျပလာတဲ့လူေျခာက္ေလးကလက္မအ႐ြယ္ သာသာေလးကိုမွေနလွမ္းထားတဲ့အသားေျခာက္ပုံစံေလး၊ ေသခ်ာၾကည့္မွသူ႔ရဲ႕အဂၤါအစိတ္အပိုင္းေသးေသးေလးမ်ားကိုျမင္ရသည္။ လူေျခာက္ေလးတြင္မ်က္လုံးေနရာကအရာေလး၊ႏွာေခါင္းေနရာကလည္းအရာေလးသာပါသည္။၊ပါးစပ္ကေလးဆိုတာကနည္းနည္းေလးအခ်ိဳင့္အရာေလးျဖစ္သည္။အမူမဲ့အမွတ္မဲ့ၾကည့္တဲ့လူဆို အမဲသားကိုအေျခာက္လွန္းထားသည့္ဟုထင္မည္။

”ကံပြင္…ဒီကေလးအရမ္းအက်ိဳးေပးမွာ ေၾကာက္မေနစမ္းနဲ႔၊ၿပီးေတာ့ဒီကေလးေမြးတယ္ဆိုတာ ဘယ္သူကိုမွေျပာျပလို႔မရဘူးေနာ္။ေတာ္​ၾကာသူမ်ားေတြကလာခိုးသြားလိုက္မယ္”ေဒၚေဟမာလက္သည္ဘဝတြင္လူေျခာက္ေလးဒါႏွင့္မွႏွစ္ေယာက္ျမင္ဖူးသည္။

”မမေဟမာ သူကိုဘယ္လိုထားရမလဲ”
”မွန္ေဘာင္ေလးထဲကို ဝါဂြမ္းေတြထည့္ၿပီးထည့္ထားေပးလိုက္၊ေတာ္ၾကာႂကြက္ေတြဘာေတြကိုက္ေနရင္ခက္မယ္။ေသခ်ာေလးသာေမြးထားဒီလူေျခာက္ေလးကညည္းတို႔လင္မယားကို ေန႔ခင္းညခ်င္းခ်မ္းသာေအာင္လုပ္ေပးလိုက္မယ္”အမွန္တကယ္လည္း မေဟမာေျပာသလို လူေျခာက္ကေလး ကအက်ိဳးေပးပါသည္။

တစ္ႏွစ္သားအ႐ြာ္ေရာက္မွ သားခ်စ္ႏိုင္ကေဒၚကံပြင့္ကိုအိပ္မက္ေပးသည္။အိပ္မက္ထဲတြင္ လည္းခ်ဲဂဏန္းေပးသည္။ တခါမွေလာင္းကစားဆို အက်ိဳးမေပးတဲ့ေဒၚကံပြင့္ႏွင့္ဦးဖိုးထူးသားခ်စ္ႏိုင္ကအိပ္မက္ေပး၍ ခဏခဏခ်ဲေပါက္၊ထီေပါက္လာသည္။

” ကိုဖိုးထူး ညကအိပ္မက္ထဲမွာကြၽန္မနားကို တစ္ႏွစ္အ႐ြယ္ျဖဴျဖဴတုတ္တုတ္ပါးေဖာင္းေဖာင္းေလးနဲ႔ေယာက်ာ္းေလးတစ္ေယာက္လာတယ္။သူကကြၽန္မကိုလည္း အေမလို႔ေခၚတယ္။အေမ ၁၂၃ထိုးေနာ္တဲ့ေျပာၿပီးၿပဳံးျပေနတယ္”

”ဟုတ္သည္ရွိ၊မဟုတ္သည္ရွိ တစ္ေထာင္ဖိုးေလာက္ စမ္းထိုးၾကည့္ရမယ္ကံပြင့္…မင္းအစ္မေဟမာေျပာတဲ့လူေျခာက္ကေလးကလည္းတို႔ေတြကိုအခုခ်ိန္ထိအက်ိဳးမေပးေသးဘူး…၊တကယ္ေကာအသက္ရွိပါ့မလားမသိဘူး ေမြးတာေမြးထားရတာ”

”ဟုတ္တယ္ ကြၽန္မလည္းအဲ့ဒါပဲေျပာခ်င္ေနတာ ၊ဒီအတိုင္းႀကီးထားမဲ့အစားသူ႔ကိုေျမျမဳပ္ေပး လိုက္ရမလားစဥ္းစားေနတာ”
”တစ္လႏွစ္လေလာက္ေစာင့္ၾကည့္ၿပီး အေျခေနမထူးလာရင္သူ႔အတြက္လုပ္ ေပးသင့္တာလုပ္ေပးၾကတာေပါ့”ေနခင္းဘက္တြင္ လင္မယားႏွစ္ေယာက္သားခ်စ္ႏိုင္ကို အေၾကာင္းေတြေျပာခဲ့ၾကသည္။

”သားျမင့္ႏိုင္အိပ္သြားၿပီလား မိန္းမ
”အင္းအိပ္သြားၿပီအခုမွႏို႔ဝလို႔အိပ္သြားတာ ။အိပ္ခ်င္ေနတာကိုမအိပ္ပဲဂ်ီက်ေနတာေပၿပီး”
”အင္းပါသားအိပ္တုန္း မိန္းမလည္းအိပ္ရတာ အိပ္ေတာ့အိပ္ေတာ့မိန္းမ ”ေဘးတြင္သမီးရွင္းသန္႔ကလည္းအိပ္ေပ်ာ္ေနၿပီမို႔ ဦးဖိုးထူးကေလးေတြျခင္ကိုက္မွာစိုး၍ျခင္ေထာင္ကိုေသခ်ာေထာင္လိုက္၏။
ေဒၚကံပြင့္ ေန႔ခင္းဘက္လည္းသားသည္ အေမမို႔ေကာင္းေကာင္းမနားရေပ။ထိုေၾကာင့္ကေလးေတြ အိပ္သည္ႏွင့္တခါတည္းအတူလိုက္အိပ္သည္။

”အေမ အေဖကသားကို က်ေတာ့ဂ႐ုမစိုက္ဘူး၊မမနဲ႔အစ္ကိုကိုပဲဂ႐ုစိုက္ၿပီးျခင္ေတာင္ေထာင္ေပးတယ္။သားတစ္ကိုယ္လုံးျခင္ ကိုက္ရာေတြခ်ည္းပဲ၊သားကိုေျမျမဳပ္ဖို႔လဲေန႔လည္က အေဖနဲ႔အေမေျပာေနသံသားၾကားတယ္။ သားကအေမနဲ႔အေဖတို႔ရဲ႕သားခ်စ္ႏိုင္ပါ…. ။သားအသက္ရွိေနေသးတယ္၊သားကိုေျမမျမဳပ္ပစ္ပါနဲ႔ေနာ္.။..သားအေမနဲ႔အေဖကိုလုပ္ေကြၽးခ်င္ေသးတယ္။အစ္ကိုျမင့္ႏိုင္လိုသားကိုလည္းအဝတ္အစားေတြ ဝယ္ေပးပါဦး။သားအဝတ္ေတြကေသးကုန္ၿပီ လူကတျဖည္းျဖည္းႀကီးလာေတာ့”

”အင္းပါသားရယ္ အေမမနက္ျဖန္ေတာ့ သားအတြက္အဝတ္အစားေတြဝယ္ေပးမယ္..။သားကခ်စ္စရာေကာင္းလိုက္တာ”အိပ္မက္ထဲတြင္ေဒၚကံပြင့္ထိုကေလးကို ဖက္ၿပီးပါးျပင္ႏုႏုေလးကို ဘယ္ျပန္ညာျပန္နမ္းေနမိသည္။ နံနက္မိုးလင္းေတာ့ ညကအိပ္မက္အေၾကာင္းကို ေယာက်ာ္းျဖစ္သူကိုေျပာျပလိုက္၏။

”မိန္းမ လာသူ႔တစ္ကိုယ္လုံးျခင္ကိုက္ရာ ေတြခ်ည္းပဲလို႔အိပ္မက္ထဲကေျပာသလိုဟုတ္မဟုတ္ မွန္ေဘာင္ထဲသြားၾကည့္ရေအာင္”ဦးဖိုးထူးမိန္းမလုပ္သူ၏လက္ကိုဆြဲ၍ လူေျခာက္ေလးထားသည့္အခန္းထဲသို႔ဝင္လာသည္။မွန္ေဘာင္ထဲတြင္ရွိေနတဲ့ လူေျခာက္ကေလးကိုဦးဖိုးထူးတစ္ေယာက္ဂြမ္းကေလးခံကာယူလိုက္၏။သားေျခာက္ေလး၏ကိုယ္လုံးတြင္အနီစက္ကေလးေတြကို ပါေတြ႕လိုက္ရ၍ ဦးဖိုးထူးမ်က္လုံးျပဴးသြားသည္။

”ဟယ္ကိုဖိုးထူး မွန္ေဘာင္ထဲမွာျခင္ေတြ ဝင္ေနတယ္ၾကည့္စမ္းပါဦး”ေဒၚကံပြင့္ေျပာလည္းေျပာ မွန္ေဘာင္ထဲကျခင္ေတြကို လက္ႏွစ္ဘက္ႏွင့္႐ိုက္ၿပီးအျပင္သို႔ ယူလႊတ္ပစ္လိုက္၏။

”မိန္းမ တို႔သားေလးခ်စ္ႏိုင္က အသက္ရွိေနေသးတယ္ကြ၊သူက႐ုပ္မရွိေပမဲ့နာမ္ဝဉာဥ္ရွိေနသလိုပဲ ၊ဒါေၾကာင့္လည္းတို႔လင္မယားေျပာတဲ့စကားေတြကို သူအကုန္သိေနတာေနမယ္”

”စိတ္မေကာင္း လိုက္တာကိုဖိုးထူးရယ္ သားကသူကိုက်ဂ႐ုမစိုက္ဘဲသူ႔အစ္မနဲ႔အစ္ကိုပဲဂ႐ုစိုက္ေနလို႔ အိပ္မက္ထဲမွာမ်က္ႏွာငယ္ေလးနဲ႔ေျပာေနရွာတယ္၊ၿပီးေတာ့ သူ႔အတြက္အဝတ္အစားေတြ ဝယ္ေပးဦးတဲ့ ေျပာတယ္”

ေဒၚကံပြင့္ေန႔လည္ေတာ့ေစ်းသို႔ သြားကာတစ္ႏွစ္အ႐ြယ္ဝတ္တဲ့အဝတ္အစားအခ်ိဳ႕ ႏွင့္ႀကိဳးသိမ္းဖိနပ္အျပာေလးကိုဝယ္ၿပီး မွန္ေဘာင္ေပၚက စားပြဲမွာ တင္ထားေပးလိုက္သည္။ ေယာက်ာ္းလုပ္သူက ေတာင္သူလုပ္ေသာေၾကာင့္ မိုးလင္းမိုးခ်ဳပ္ေတာင္ယာမွာ သာအခ်ိန္ကုန္ေနတတ္သည္။အရမ္းဆင္းရဲတဲ့အထဲတြင္ လည္းမပါဝင္သလိုအရမ္းခ်မ္းသာတဲ့စာရင္းထဲလည္း သူတို႔လင္မယားမပါဝင္ေပ။သားခ်စ္ႏိုင္က အေမကိုသာအိပ္မက္ေပးၿပီး သူ႔အေဖျဖစ္သူကိုတခါမွအိပ္မက္မေပးဖူးေခ်။

”ကိုဖိုးထူး….ေရ….ကိုဖိုးထူး….ခင္ဗ်ားခ်ဲတေထာင္ဖိုးေပါက္တယ္”အိမ္ေအာက္ကေနခ်ဲေရာင္းတဲ့ ဦးသာေမာင္ကေအာ္ေျပာလာသည္။
”ကိုဖိုးထူးက ယာေတာသြားတယ္၊ကိုသာေမာင္ ခ်ဲကဘာထြက္တာလဲ”
”၁၂၃တဲ့ မကံပြင့္ေရ တစ္႐ြာလုံးမွာကိုဖိုးထူး တစ္ေယာက္ပဲတစ္ေထာင္ဖိုးေပါက္တယ္”ေဒၚကံပြင့္ ကိုသာေမာင္စကားေၾကာင့္ေခါင္းႀကီးသြားသည္။တခါမွငယ္ငယ္ကတည္းက ခ်ဲမေပါက္ဖူး​၍၊အခုခ်ဲေပါက္သည္ဆိုေတာ့ အရမ္းေပ်ာ္သြားသည္။

”မိန္းမ တို႔လင္မယားကို တို႔သားခ်စ္ႏိုင္ကအခု ခ်ိန္ကစၿပီးအက်ိဳးေပးနၿပီ၊မင္းလိုပဲသားကိုငါလည္း အိပ္မက္ထဲမွာေတြ႕ဖူးခ်င္ လိုက္တာကြာ.. ”ကိုဖိုးထူး မွန္ေဘာင္ေလးထဲကိုၾကည့္၍ ေျပာလိုက္၏။

”တေန႔ေန႔ေတာ့ရွင္ကို လည္းသားကအိပ္မက္ေပးမွာေပါ့ ဆႏၵေတြမေစာပါနဲ႔”သားခ်စ္ႏိုင္ကသူ႔တစ္ကိုယ္လုံးျခင္ကိုက္ရာေတြခ်ည္းပဲဟူ၍အိပ္မက္ေပးၿပီးကတည္းက ညေရာက္ၿပီဆိုဦးဖိုးထူးမွန္ေဘာင္ေလးထဲျခင္ေတြမဝင္ ႏိုင္ေအာင္ေသခ်ာေလး ကေလးအိပ္ျခင္ေထာင္ဆန္ကာေလးကို ဝယ္ၿပီးညစဥ္ညတိုင္းျခင္မ ကိုက္ေအာင္ျခင္ေထာင္ေပးသည္။

တျဖည္းျဖည္း ခ်ဲေပါက္လိုက္၊ထီေပါက္လိုက္မို႔ ဦးဖိုးထူးႏွင့္ေဒၚကံပြင့္တို႔ေတာ႐ြာကေလးတြင္ အခ်မ္းသာဆုံးစာရင္းဝင္လာသည္။သားျမင့္ႏိုင္က္ို ငါးႏွစ္သားအ႐ြယ္တြင္ ေက်ာင္းအပ္ေပးရသည္။
”သားျမင့္ႏိုင္ေက်ာင္းမွာ ဆရာမစကားနားေထာင္ေနာ္၊သူငယ္ခ်င္းေတြနဲ႔လည္းရန္မျဖစ္နဲ႔၊ သမီးရွင္းသန္႔ေက်ာင္းမွာ သမီးေမာင္ေလးကိုဂ႐ုစိုက္ေနာ္”

”ဟုတ္ကဲ့ပါအေမ လာေမာင္ေလးမမတို႔ ေက်ာင္းသြားမယ္”သမီးႀကီးရွင္းသန္႔ကလက္တစ္ဖက္က ဆြဲျခင္းေလးဆြဲ၍က်န္လက္တ ဖက္ကသူ႔ေမာင္ျဖစ္သူ၏လက္ကေလးကိုဆြဲ၍ ေက်ာင္းသို႔ေခၚသြားခဲ့သည္။ဦးဖိုးထူးသမီးႏွင့္သားေက်ာင္း သြားခဲ့သည္ကိုမ်က္စိတစ္ဆုံးၾကည့္ေနမိသည္။

”သားေလးခ်စ္ႏိုင္လည္း အသက္ငါးႏွစ္ျပည့္ၿပီဆိုေတာ့ သာမန္လူသာဆိုသူလည္းအခုခ်ိန္ဆို သူ႔အစ္မ၊အစ္ကိုနဲ႔အတူေက်ာင္းအတူသြားရမွာ”
”ဟုတ္ပါ့ ကိုဖိုးထူးရယ္ ကြၽန္မသားေလး ခ်စ္ႏိုင္သနားပါတယ္”လင္မယားႏွစ္ေယာက္ သားခ်စ္ႏိုင္အတြက္ စိတ္မေကာင္းျဖစ္ေနၾကသည္။

ညေရာက္ေသာအခါတြင္ ေဒၚကံပြင့္အိပ္မက္ထဲသို႔ သားခ်စ္ႏိုင္ေရာက္လာသည္။
”အေမသားလည္း အစ္မနဲ႔အစ္ကိုလို႔ ေက်ာင္းတက္ခ်င္ လိုက္တာဒါေပမဲ့သား ေက်ာင္းတက္ လည္းသားကို ဘယ္သူမွျမင္မွာမဟုတ္ဘူး”ညိဳးငယ္ေသာမ်က္ႏွာေလးႏွင့္ ေျပာလာတဲ့သားခ်စ္ႏိုင္ကို ေဒၚကံပြင့္အနားသို႔ သြားကာကိုယ္လုံးေလးကို ဖက္ထားလိုက္၏။

”သားရယ္အေမနဲ႔အေဖလည္း သားအတြက္စိတ္မေကာင္းပါဘူး၊သားကေက်ာင္းေနခ်င္လို႔လား”ေဒၚကံပြင့္အေမးကို သားကပါးစပ္ႏွင့္မေျဖဘဲေခါင္းသာညိတ္ျပသည္။ သားပုံစံကသူ႔အစ္မႏွင့္အစ္ကိုေက်ာင္းသြားေသာေၾကာင့္သူတစ္ေယာက္ တည္းအိမ္မွာက်န္ေနခဲ့ရသည္ အတြက္စိတ္ထိခိုက္ေနပုံရသည္။

”သားဘာလိုခ်င္လည္း အေမဘာဝယ္ေပးရမလဲ”
”သားအေဖာ္ေတြနဲ႔ကစားဖိုး ေဘာလုံးဝယ္ေပးအေမ၊ၿပီးရင္ေဘာလုံးကန္ဖိနပ္လည္းဝယ္ေပးပါ ”
”ေအးပါအေမမနက္ျဖန္ေတာ့ သားလိုခ်င္တာဝယ္ေပးမယ္”

”ဒါဆိုသားသြားကစားေတာ့မယ္ေနာ္အေမ ”ေဒၚကံပြင့္ဝယ္ထားေပးတဲ့သားခ်စ္ႏိုင္ကအဝါ ေရာင္တီရွပ္ေလးရယ္၊ေျပာက္က်ားေဘာင္ဘီေလးကိုဝတ္ဆင္ထားသည္။သားကတစ္ေန႔တျခားအသားေတြပိုျဖဴၿပီးဝတုတ္တုတ္ေလးပိုျဖစ္လာသည္။ အိပ္မက္ထဲတြင္သားခ်စ္ႏိုင္ကသူလိုခ်င္တဲ့အရာကိုလည္း ဝယ္ေပးဖို႔ပူဆာတတ္သည္။

”ကိုဖိုးထူး ကြၽန္မနဲ႔ရွင္ထင္တဲ့ အတိုင္းပဲသားခ်စ္ႏိုင္က သူ႔အစ္မနဲ႔အစ္ကိုေက်ာင္းတက္ သလိုသူေက်ာင္းမတက္ရလို႔တဲ့ ေျပာေနတယ္၊သားကမ်က္ႏွာလည္းမေကာင္းဘူး”

”သားကိုအက်ိဳးအေၾကာင္း မေျပာျပလိုက္ဘူးလားမိန္းမရယ္”
”ေျပာျပလိုက္ပါတယ္၊သားကအခုသေလာပိုၿပီး ဝလာတယ္အသားေတြလည္းပိုျဖဴလာတယ္။ၿပီးေတာ့လည္းသားက သူ႔အေဖာ္ေတြနဲ႔ေဘာလုံးကန္ခ်င္လို႔တဲ့ေဘာလုံးကန္ ဖိနပ္နဲ႔ေဘာလုံးကို ဝယ္ေပးဖို႔ပူဆာတယ္”

”သားခ်စ္ႏိုင္လိုခ်င္တာ ဝယ္ေပးလိုက္မိန္းမ၊တို႔သားေလးကသနားစရာေလးပါ။သားကလည္းဘာလို႔ မ်ားငါးႏွစ္ေတာင္ရွိေနၿပီငါ့ကိုအိပ္မက္မေပးတာလဲမသိဘူး၊တခါေလာက္ေတာ့ သားကိုအိပ္မက္ထဲမွာေတြးဖူးခ်င္လိုက္တာ”

”သားကေျပာတယ္ သူတို႔လိုခူေျခာက္ေတြက မိခင္တစ္ဦးကိုပဲအိပ္မက္ထဲကေနကိုယ္ထင္ျပၿပီး စကားေျပာၿပီးဆက္သြယ္လို႔ရတာတဲ့၊က်န္တဲ့လူေတြနဲ႔ဆို အိပ္မက္ကေနလည္း ကိုယ္ထင္ျပလို႔မရဘူးတဲ့၊သူေျပာခ်င္တဲ့စကားကို မိခင္နဲ႔ပဲေျပာခြင့္ရွိတယ္လို႔ေျပာတယ္ အေဖကိုလည္းသူအိပ္မက္ထဲလာ မေတြ႕လို႔စိတ္မေကာင္းမျဖစ္နဲ႔တဲ့ ”မိန္းမျဖစ္သူစကားေၾကာင့္ ကိုဖိုးထူးသားခ်စ္ႏိုင္ႏွင့္ အိပ္မက္ထဲေတြ႕ဖို႔ဆိုတာမျဖစ္ႏိုင္ေတာ့ေပ။ ေအးေလ သူတို႔ကမာၻေလာကသားေတြ ခ်မွတ္ထားတဲ့စည္းမ်ဥ္းဆိုေတာ့ လည္းဘယ္တတ္ႏိုင္ပါ့မလဲ။

”အေမသားအတြက္လား အဲ့ေဘာလုံးနဲ႔ဖိနပ္က”ျမင့္ႏိုင္ေက်ာင္းကျပန္လာလာခ်င္းဖိနပ္ႏွင့္ ေဘာလုံးေလးကိုေတြ႕၍ေမးလိုက္၏။
”မဟုတ္ဘူးသား ညီခ်စ္ႏိုင္အတြက္။ သားလိုခ်င္ရင္ေနာက္ေန႔မွအေမဝယ္ေပးမယ္”
”အေမသူကေဘာလုံးမွ မကစားတတ္တာ ၊မွန္ေဘာင္ထဲကေနေတာင္မထြက္တတ္ပဲနဲ႔မ်ား”ျမင့္ႏိုင္ေျပာၿပီးလြယ္အိတ္ကို ယူ၍အခန္းထဲဝင္လာခဲ့သည္။ေဒၚကံပြင့္ ေဘာလုံးႏွင့္ဖိနပ္ကို ခ်စ္ႏိုင္၏သီးသန္႔ခန္းကစားပြဲေပၚတင္ထားေပး ခဲ့ၿပီးထမင္းဟင္းခ်က္ရန္မီး ဖိုထဲဝင္လာသည္။

ထမင္းခ်က္ၿပီးသည္ႏွင့္ ၾကက္သားေၾကာ္လိုက္၏။သားခ်စ္ႏိုင္ကအိပ္မက္ထဲတြင္သူ႔ႀကိဳက္တဲ့ ဟင္းမ်ားကိုလည္းေျပာျပထားသည္။ သည္ေန႔လည္းၾကက္သားေၾကာ္ႏွင့္ ထမင္းစားခ်င္သည္ဟုေျပာထားသည္။ ၾကက္သားေၾကာ္ၿပီးေနာက္တစ္ဘက္႐ြာကအမ်ိဳးေတြလာၾက၍စကားေျပာေနရသည္။ထိုေၾကာင့္သမီးႀကီးရွင္းသန္႔ကို သူ႔ေမာင္ခ်စ္ႏိုင္ကိုထမင္းေကြၽးခိုင္းထားလိုက္၏။

ေဒၚကံပြင့္ခါတိုင္ေန႔လို ညဆယ္နာရီေတာ့ အိပ္ရာဝင္ခဲ့သည္။
”အေမ..အစ္ကိုျမင့္ႏိုင္ကအက်င့္မေကာင္းဘူး သားအတြက္ေဝစုၾကက္သားဟင္းကိုသူယူစားသြားတယ္။ သားညေနစာ ဟင္းမရွိလို႔ထမင္းမစားရဘူး၊အခုဗိုက္ဆာေနတယ္။ေနာက္တခါ အဲ့လိုမလုပ္ဖို႔အစ္ကို ျမင့္ႏိုင္ကိုအေမေျပာေပးပါ”သည္ေန႔သားက ေဘာလုံးကန္ဖိနပ္ေလးစီးၿပီး ၊လက္မွာလည္းသူ႔အတြက္ဝယ္ထားေပးေသာ ေဘာလုံးေလးကိုလက္ႏွင့္ပိုက္ထားသည္။

”ေအးပါေနာက္တခါအဲ့လိုမလုပ္ဖို႔ သားအစ္ကို ကို အေမေျပာထားလိုက္မယ္ေနာ္။ ဒါနဲ႔အေမဒီေန႔ဝယ္လာေပးတဲ့ ဖိနပ္ကသားေျခေထာက္နဲ႔တန္ရဲ႕လား”
”တန္တယ္ကြက္တိပဲအေမ ။သားအေဖာ္ေတြက ေဘာလုံးဝယ္ေပးတဲ့အေမကိုေက်းဇူးတင္ တယ္လို႔ေျပာခိုင္းလိုက္တယ္။အေမ အေဖယာေတာထဲမ်ာ သရက္ပင္ႀကီးတစ္ပင္ရွိတယ္။အဲ့သရက္ပင္ေျခရင္းေအာက္ကို မနက္ျဖန္သြားတူးလိုက္ေနာ္”

”ေအးပါအေမတို႔သြားတူးလိုက္မယ္။ …မနက္ၾကမွအေမ အေစာသားအတြက္ၾကက္သား ေၾကာ္ေပးမယ္သားစားလိုက္ေနာ္ ”
”အေမ သားအတြက္ပုန္းရည္ႀကီးေလးေကာသုတ္ေပးေနာ္၊သားသြားေတာ့မယ္”စကားေျပာေနရင္းလွစ္ခနဲဆိုသားခ်စ္ႏိုင္ကအေမွာင္ရိပ္ထဲေျပးဝင္သြားသည္။ ေဒၚကံပြင့္သားေျပာတဲ့စကားေတြကို မနက္ေရာက္ေတာ့ကိုဖိုးထူးကိုေျပာျပလိုက္၏။

”သမီးရွင္းသန္႔နဲ႔သားျမင့္ႏိုင္ ဒီနားခဏလာဦးအေဖေမးစရာရွိလို႔”ဖခင္ေခၚေနေသာေၾကာင့္ျမင့္ႏိုင္ႏွင့္ ရွင္းသန္႔တို႔ႏွစ္ဦးလုံးအနားသို႔ လာၾကသည္။
”မေန႔ကသမီးအေမက သမီးကိုေမာင္ေလး ခ်စ္ႏိုင္ကိုထမင္းေကြၽးခိုင္းတာ ၊သမီးေသခ်ာသြားေကြၽးလား။အေဖသမီးနဲ႔သားဘာလုပ္ထားလဲဆိုတာသိတယ္ေနာ္ အ႐ိုက္မခံခ်င္ရင္အမွန္တိုင္းေျပာ၊လိမ္ေျပာရင္အေဖက႐ိုက္မွာ ”ဟုဖခင္ကေျပာလာေသာေၾကာင့္ ရွင္းသန္႔ေၾကာက္သြားသည္။

”ဟိုေလအေဖ မေန႔ကသမီးခ်စ္ႏိုင္ကို ထမင္းနဲ႔ၾကက္သားေၾကာ္ေကြၽးဖို႔ပန္းကန္ထဲခူးၿပီးစားပြဲ ေပၚတင္ေပးေနတုန္း ၊ေမာင္ေလးျမင့္ႏိုင္က ၾကက္သားေၾကာ္ပန္းကန္ကို ယူၿပီးသူစားပစ္တယ္။ ခ်စ္ႏိုင္ကစားမွမစားတတ္တာ ၊ေကြၽးေနလဲအပိုပဲလို႔ေျပာၿပီးၾကက္သားေၾကာ္ပန္းကန္ကိုယူသြားတယ္အေဖ”အစ္မလုပ္သူကအမွန္တိုင္း အေဖကိုေျပာလိုက္ေသာေၾကာင့္ျမင့္ႏိုင္မ်က္ေစာင္းႏွင့္ အစ္မလုပ္သူကိုၾကည့္ေနသည္။

”ျမင့္ႏိုင္သားကိုေကာအေမနဲ႔အေဖကမေကြၽးဘဲ ၊ခ်စ္ႏိုင္ကိုပဲသီးသန္႔ေကြၽးလားေျပာစမ္း…သားကိုအငတ္ထားလို႔လား”
”အငတ္မထားပါဘူးေကြၽးပါတယ္အေဖ….”ဖခင္ေဒါသထြက္ေနမွန္းသိ၍ျမင့္ႏိုင္ ေခါင္းေလးကိုငုံ႔ၿပီးေျဖလိုက္၏။

”ခ်စ္ႏိုင္ကသားရဲ႕ အမႊာညီေလးေနာ္။ သူက႐ုပ္မရွိေပမဲ့သူ႔မွာနမ္ဝဉာဥ္ရွိတယ္။သားတို႔ ဘာလုပ္လုပ္သူကသိတယ္၊အေမ့ကိုညဆိုသားတို႔ဘာလုပ္လုပ္တိုင္ေျပာတယ္။ သားကသူကိုခဏခဏ လက္သည္းနဲ႔လာထိုးတယ္၊႐ိုက္တယ္လို႔ လည္းတိုင္တယ္။ သားေနာက္တခါ ညီေလးကိုအဲ့လိုမလုပ္ရဘူးေနာ္၊ေနာက္ တခါလုပ္ရင္အေမကသားကို႐ိုက္မွာ ။ ဒီလိုလုပ္တာဒါေနာက္ဆုံးျဖစ္ပါေစ”

”ဟုတ္ကဲ့အေမ ”ျမင့္ႏိုင္အေဖႏွင့္ အေမမရွိလွ်င္ထိုအခန္းထဲသို႔ သြားၿပီးမွန္ေဘာက္ထဲ ကိုလက္ႏႈိက္၍လူေျခာက္ ေလးကိုဆြဲဆိတ္ၾကည့္သည္။တုတ္ကေလးေသး ေသးေလးႏွင့္ထိုးစြၾကည့္ခဲ့သည္။အခုေတာ့အေမထံကို သူလုပ္တဲ့အရာမွန္သမွ်ကို ျပန္အတိုင္ခံရေလသည္။

ဦးဖိုးထူးႏွင့္ေဒၚကံပြင့္ သားခ်စ္ႏိုင္ေျပာသလိုယာေတာကသရက္ပင္ႀကီးေအာက္သို႔ ႏွစ္ေယာက္သားသြားတူးသည္။သရက္ပင္ေျခရင္းတြင္ေ႐ႊအိုးတစ္လုံးကိုတူးေဖာ္ရရွိသည္။ထိုေ႐ႊအိုးႀကီးကိုရၿပီးေနာက္ ႐ြာတြင္မီးခိုးတိုက္ အလႈႀကီးကိုလႉခဲ့သည္။သားခ်စ္ႏိုင္ႏွင့္သူ႔အေပါင္းအပါေတြအတြက္ပါရည္စူးၿပီးကုသိုလ္ေတြလုပ္ေပးသည္။လူေျခာက္ေလးကအက်ိဳးေပးေသာေၾကာင့္ ဦးဖိုးထူးႏွင့္ဒၚကံပြင့္ ခ်မ္းသာႂကြယ္ဝမူေတြကသုံးေလးသက္စားမကုန္ႏိုင္ေတာ့ေပ။

ရက္မွလ၊လမွႏွစ္သို႔ ေႏြ၊မိုး၊ေဆာင္းရာသီဥတု ေတြအလီလီေျပာင္းလႊဲလာခဲ့သည္။
”အေမအစ္ကိုကသား အဝတ္စားေတြခိုးခိုးဝတ္ေနတယ္ ၊သားဖိနပ္ေဖြးေဖြးေလးကိုလည္း႐ြံေတြ ထဲစီးပစ္တာေပတူးေနတာပဲ။သားခ်စ္သူနဲ႔သြားေတြ႕ရင္အဝတ္အစားေတြ ကဝတ္စရာမရွိဘူး။အစ္ကိုကခိုးခိုးယူဝတ္ေနေတာ့”

”ဟယ္သားကေကာင္မေလးေတာင္ရွိေနၿပီလား ၊ဘယ္ကမိန္းကေလးလဲသားေကာင္မေလးက”
”သားေကာင္မေလးက ဟိုဘက္ႏွစ္႐ြာေက်ာ္ကပါအေဖ ၊သူ႔နာမည္ကမႏွင္းေဖြးပါ ၊သားကအခုမွသူ႔ကိုပိုးပန္းေနတုန္း….”သားခ်စ္ႏိုင္ကရွက္ကိုးရွက္ကန္းအမူအရာႏွင့္ ေဒၚကံပြင့္ကိုေျပာျပေနသည္။

”ေအးပါအေမသားအတြက္ အဝတ္အစားေတြ အသစ္ထပ္ဝယ္ေပးမယ္ေနာ္ ၊သားအစ္ကိုကိုလည္းေနာက္အဝတ္အစားေတြခိုးမဝတ္ဖို႔ေျပာေပးမယ္”သားျဖစ္သူကတျဖည္းျဖည္းႏွင့္ျမဴေတြၾကားမွာ စကားေျပာၿပီးေပ်ာက္သြားသည္။

ေဒၚကံပြင့္ေနာက္ေန႔နံနက္အိပ္ရာႏိုးေတာ့ အိမ္ေပၚထပ္ကေနအိမ္ေအာက္သို႔မ်က္ႏွာသစ္ရန္ဆင္းလာခဲ့သည္။ဖိနပ္ခြၽတ္တဲ့ေနရာကိုၾကည့္လိုက္ေတာ့ သားခ်စ္ႏိုင္အတြက္ ဝယ္ထားေပးေသာ ဆင္ၾကယ္ဖိနစ္သံႀကိဳးအျပာေရာင္ ေလးက႐ြံေတြႏွင့္ေပတူးေနသည္။

ထုံးစံအတိုင္းသားျမင့္ႏိုင္ကသူ႔ညီခ်စ္ႏိုင္ရဲ႕ဖိနပ္ကိုခိုးစီးျပန္ၿပီ။
သားခ်စ္ႏိုင္က အသန္႔ႀကိဳက္သည္။သူအသုံးအေဆာင္ပစၥည္းေတြ ကိုသီးသန္႔ထားခိုင္းထားသည္။ ဒါကိုသားျမင့္ႏိုင္ကအိမ္မွာ အေဖႏွင့္အေမမရွိလွ်င္မရွိသလို သူညီပစၥည္းေတြခိုးခိုးသုံးသည္။

”သားျမင့္ႏိုင္မင္းညီကသူ႔အဝတ္ေတြ ခိုးခိုးဝတ္ေနတယ္တဲ့ အေမကိုတိုင္ေနတယ္၊သားညီက အသန္႔ႀကိဳက္တယ္၊သူပစၥည္းေတြကိုသူမ်ားယူသုံးတာမႀကိဳက္ဘူးဆိုတာသားလဲသိရက္နဲ႔ကြယ္၊ေနာက္မလုပ္ပါနဲ႔သားညီေလးကမႀကိဳက္ဘူး”

”ဟီးဟီး ဒီေကာင္အေတာ္အတိုင္ အေတာထူတဲ့ေကာင္ပဲအေမ”ျမင့္ႏိုင္တစ္ေယာက္မိခင္ႏွင့္ ဖခင္ဘယ္လို ေျပာေျပာညီျဖစ္သူ၏ပစၥည္းမ်ားကိုလူလွစ္သည္ႏွင့္ခိုးဝတ္ၿမဲ ၊ခိုးစီးၿမဲ။

”သားခ်စ္ႏိုင္ကသူ႔မွာ ေကာင္မေလးရွိေနၿပီလို႔ ေျပာတယ္ဲ့ကိုဖိုးထူး”
”ေဟ ဟုတ္လား သူတို႔ေလာကမွာလည္းဒါမ်ိဳးကရွိလားကံပြင့္ရာ”
”ရွိလို႔ပဲသားကေျပာတာေပါ့၊သူႀကိဳက္ေနတဲ့ေကာင္မေလးကဟိုဘက္ႏွစ္႐ြာေက်ာ္မွာရွိတယ္တဲ့ နာမည္ကမႏွင္းေဖြးလို႔ေျပာတယ္”

”ဟုတ္လားမဟုတ္လား စုံးစမ္းၾကည့္ဦးမယ္ကံပြင့္ရာ”ဦးဖိုးထူးသားေျပာတဲ့လူေျခာက္မေလးမႏွင္းေဖြးရွိမရွိကို ႏွစ္႐ြာေက်ာ္မွာစုံစမ္းလိုက္၏။ အမွန္တကယ္လည္း သားခ်စ္ႏိုင္လိုလူေျခာက္မိန္းကေလးမႏွင္းေဖြးကႏွစ္႐ြာတြင္ရွိေနသည္။သားခ်စ္ႏိုင္က အသက္ဆယ့္ရွစ္ႏွစ္ျပည့္ၿပီးသြားၿပီမို႔ သူ႔တို႔ေလာကသား ခ်င္းခ်င္းခ်စ္သူရွာေဖြထားပုံရသည္။

”အေမသားေကာင္မေလးက သားကိုအေျဖျပန္ေပးၿပီးၿပီ၊သားတို႔လက္ထပ္ခ်င္တယ္အေမ၊အေဖနဲ႔ အေမကသူကိုသြားေတာင္းေပးပါ။မႏွင္းေဖြးကလည္းသူ႔အေမကို သားလာေတာင္းမယ္လို႔ အိပ္မက္ေပးထားလိုက္မယ္၊အဆင္မေျပမွာမပူနဲ႔အေမ ၊သူ႔မိဘေတြကိုလည္းသူအာလုံးေျပာထားၿပီးၿပီတဲ့၊လာမဲ့လဆန္းသုံးရက္ကိုအေမတို႔မႏွင္းေဖြးကိုသြားေတာင္းလိုက္ပါ ”

”ေအးပါသားေျပာတဲ့အတိုင္း အေမတို႔သြားေတာင္းလိုက္ပါ့မယ္၊သားအခုသေလာပိန္သြားသလိုပဲေနေကာေကာင္းရဲ႕လား”
”သားေနသိပ္မေကာင္းဘူးအေမ ၊စိတ္ေတာ့မပူပါနဲ႔၊သားဘာေဆးကုေနပါတယ္”
”အေမဘာလုပ္ေပးရမလဲသားရယ္။ သားေနမေကာင္းတာကို အေမကဘာမွလုပ္ေပးလို႔မရဘူးလား”

”သားတစ္ရက္ႏွစ္ရက္ဆို ေနျပန္ေကာင္းသြားမွာပါအေမရယ္၊ဒါပဲေနာ္လဆန္းသုံးရက္ကိုေမ့မေနနဲ႔”ဟုေျပာ၍သားကအနားကေနေပ်ာက္သြားသည္။ေဒၚကံပြင့္သားျဖစ္သူပိန္သြားသည္ကိုၾကည့္ၿပီးစိတ္မေကာင္းျဖစ္ေနမိသည္။လူလိုလည္းဆရာဝန္ေခၚၿပီးေနေကာင္းျဖစ္ေနသည္ကိုျပေပး၍မရေပ။

”ကိုဖိုးထူးသားကသူ႔ေကာင္မေလးကို လဆန္းသုံးရက္ေန႔သြားေတာင္းေပးပါတဲ့၊သူ႔ေကာင္မေလးကလည္းသူတို႔မိဘေတြကို အိပ္မက္ေပးထားၿပီးသားတဲ့အကုန္ ျပင္ဆင္ထားလိုက္မယ္တဲ့ သားကေျပာတယ္”
”ေအးေပါ့သူတို႔အခ်င္းခ်င္း ေျပာဆိုထားၿပီးသားဆို လည္းတို႔ေတြကမိဘဝတၱရား အတိုင္းသြားေတာင္းေပး႐ုံေပါ့”

”သားခ်စ္ႏိုင္က ေနမေကာင္းဘူးလို႔ေျပာတယ္၊အရမ္းလည္းပိန္သြားတယ္၊ဘာလုပ္ေပးရမလဲလို႔ေမးေတာ့လည္း သူ႔ဘာသာေဆးကုေနတယ္လို႔ေျပာတယ္”
”ခက္တာပဲလူမဟုတ္ေတာ့ ဆရာဝန္ေခၚျပေပးလို႔ကမလည္းမရဘူး”ဦးဖိုးထူးသားျဖစ္သူကေနမေကာင္းဟုေျပာေသာေၾကာင့္စိတ္ပူမိသည္။

လဆန္းတရက္ေန႔တြင္ ေဒၚကံပြင့္သားျဖစ္သူကို ထည့္ထားတဲ့မွန္ေဘာင္ေလးကို သန္႔ရွင္းေရးလုပ္ေပးေနမိသည္။ခါတိုင္းလည္း တစ္ေန႔ကိုငါးခါထပ္မနည္းမွန္ေဘာင္ ထဲသို႔ၾကည့္ေနၾကျဖစ္သည္။ ေမြးစတည္းကအခုခ်ိန္ထိလက္မခန္႔အ႐ြယ္ သာသာရွိတဲ့လူေျခာက္ေလး ကလုံးဝအေျခာက္ႀကီးလည္းမျဖစ္သြားပါ။စိုထမ့္ထမ့္ပုံစံေလးအျဖစ္သာရွိေနသည္။

”ကိုဖိုးထူးေရး အခန္းထဲကိုခဏလာၾကည့္ပါဦး”ေယာက်ားလုပ္သူကိုေအာ္ေခၚၿပီးဂြမ္းကေလးႏွင့္လူ ေျခာက္ေလးကိုကိုင္လိုက္၏။
”မိန္းမဘာျဖစ္လို႔လဲ”
”ဒီမွာသားခ်စ္ႏိုင္ရဲ႕အသားေတြ ကေျခာက္ေျခာက္ႀကီးနဲ႔ ေႂကြက်ေနလို႔ကိုဖိုးထူးရဲ႕၊ဘာျဖစ္တာလဲမသိဘူး။ကြၽန္မသားအတြက္စိတ္ပူလိုက္တာ”ဦးဖိုးထူးမိန္းမလုပ္သူလက္ထဲကေန လူေျခာက္ေလးကိုယူၾကည့္လိုက္ေတာ့မိန္းမေျပာသလို အသားေတြကေႂကြေနသည္။

”ညကသားခ်စ္ႏိုင္အိပ္မက္ထဲလာေသးလားမိန္းမ”
”မလာတာသုံးေလး ရက္ရွိၿပီးကိုဖိုးထူးရယ္။ကြၽန္မသားေလးေတာ့တခုခုျဖစ္ၿပီထင္တယ္ ကြၽန္မရင္ေတြပူလိုက္တာ”ေဒၚကံပြင့္မ်က္ရည္ေတြခ်က္ခ်င္းဝဲလာသည္။ သားခ်စ္ႏိုင္ကေနလည္း မေကာင္းဘူးဟုေျပာ၍ပိုၿပီးစိတ္ပူသည္။

မိသားစုေလးေယာက္လုံးလူေျခာက္ေလးရဲ႕ကိုယ္ခႏၶာကအရင္လိုမဟုတ္ေသာေၾကာင့္ ခ်စ္ႏိုင္အတြက္စိတ္ပူေနၾကသည္။အတူေနခဲ့တဲ့အခ်ိန္ကဆယ့္ရွစ္ႏွစ္လုံးလုံးမို႔ မိသားစုဝင္တစ္ဦးလို အားလုံးကသေဘာထားခဲ့ၾကသည္။

လဆန္းႏွစ္ရက္ညတြင္
”အေမ…သားေသသြားၿပီ။သားေနာက္ ခႏၶာအသစ္ကိုေျပာင္းရေတာ့မယ္၊သားေကာင္မေလးကို မနက္ျဖန္အေမတို႔ သားေသသြားေၾကာင္းသြားေျပာလိုက္ပါ။အေမနဲ႔အေဖလည္းက်န္းမာေရးဂ႐ုစိုက္ပါ။ အစ္မနဲ႔အစ္ကိုကိုလည္း သားႏႈတ္ဆက္ တယ္လို႔ေျပာေပးပါ။သားသြားေတာ့မယ္….”ျဖတ္ခနဲဆို ေဒၚကံပြင့္အိပ္မက္ကလန္႔ႏႈိးသြားသည္။

”အဟင့္…..အဟင့္အီးဟီး…..,အဟင့္”မိန္းမလုပ္သူကအိပ္ေပ်ာ္ေနရာမွထထိုင္၍ ငိုေနသည္။
”မိန္းမဘာျဖစ္လို႔လဲ….. ဘာျဖစ္တာလဲ”
”သားခ်စ္ႏိုင္က သူေသသြားၿပီတဲ့လာေျပာသြားတယ္။ကိုဖိုးထူး..သူေသတဲ့အေၾကာင္းကို သူေကာင္မေလးအိမ္ကိုလည္းသြားေျပာေပးပါတဲ့ ၊အေဖနဲ႔အေမလည္းက်န္းမာေရးဂရစိုက္တဲ့၊ အစ္မနဲ႔အစ္ကိုကိုလည္းသူႏႈတ္ဆက္ တယ္လို႔ေျပာေပးပါတဲ့အဟင့္အဟင့္ကြၽန္မသားေလးခ်စ္ႏိုင္ ေသသြားၿပီး….. ”

”မိန္းမရယ္ငိုမေနနဲ႔ တို႔ေတြသားခ်စ္ႏိုင္အတြက္ ကုသိုလ္ေကာင္းမႈေတြလုပ္ေပးၾကမယ္…မနက္ျဖန္သူ႔ေကာင္မေလးကတို႔ လာေတာင္းမယ္ဆိုၿပီးေမွ်ာ္ေနမွာသနားပါတယ္ဟာ ”ေနာက္တေန႔နံနက္ခင္း၌လူေျခာက္မေလးမႏွင္းေဖြးအိမ္သို႔ ဦးဖိုးထူးႏွင့္ေဒၚကံပြင့္ သားျဖစ္သူအေၾကာင္းကိုသြားေျပာျပလိုက္သည္။

မႏွင္းေဖြ၏မိဘမ်ားက လည္းသူ႔သမီးအိပ္မက္ ေပးထားတဲ့အတိုင္းအိမ္ေရွ႕တြင္မဂ္လာမ႑ပ္ထ္ိုးၿပီး ေစာင့္ေနၾကသည္။
”ကြၽန္မတို႔သားခ်စ္ႏိုင္ကမေန႔ညက ဆုံးသြားၿပီလို႔အိပ္မက္ေပးတယ္၊ဒီကမိန္းကေလးကိုလည္း သူဆုံးသြားတဲ့အေၾကာင္း ေျပာခိုင္းလိုက္ပါတယ္”ေဒၚကံပြင့္မ်က္ရည္အဝဲသားႏွင့္ သမီးရွင့္မိဘႏွစ္ပါးကိုေျပာလိုက္၏။

”ေအးဗ်ာ ကံတရားကဒီလိုဆိုေတာ့ က်ဳပ္တို႔သမီးေလးအတြက္စိတ္ဆင္းရဲစရာေပါ့ဗ်ာ။ဘယ္တတ္ႏိုင္မလဲကံစီမံရေပါ့”မႏွင္းေဖြးအေဖက ေျပာၿပီးမ်က္ရည္ေတြဝဲေနသည္။သားျဖစ္သူ ေကာင္မေလးအိမ္ကိုအေၾကာင္းၾကားၿပီး ေနာက္သားျဖစ္သူခ်စ္ႏိုင္အတြက္ေနအိမ္တြင္းဘုန္းႀကီးငါးပါးပင့္၍ဆြမ္းျပင္ဆင္ေပးၿပီးအမွ် အတန္းေပးေဝခဲ့ၾကသည္။

ဖူးပြင့္ႏြယ္
သားညေနစာ ဟင္းမရွိလို႔ထမင္းမစားရဘူး၊အခုဗိုက္ဆာေနတယ္။ေနာက္တခါ အဲ့လိုမလုပ္ဖို႔အစ္ကို ျမင့္ႏိုင္ကိုအေမေျပာေပးပါ”သည္ေန႔သားက ေဘာလုံးကန္ဖိနပ္ေလးစီးၿပီး ၊လက္မွာလည္းသူ႔အတြက္ဝယ္ထားေပးေသာ ေဘာလုံးေလးကိုလက္ႏွင့္ပိုက္ထားသည္။

”ေအးဗ်ာ ကံတရားကဒီလိုဆိုေတာ့ က်ဳပ္တို႔သမီးေလးအတြက္စိတ္ဆင္းရဲစရာေပါ့ဗ်ာ။ဘယ္တတ္ႏိုင္မလဲကံစီမံရေပါ့”မႏွင္းေဖြးအေဖက ေျပာၿပီးမ်က္ရည္ေတြဝဲေနသည္။သားျဖစ္သူ ေကာင္မေလးအိမ္ကိုအေၾကာင္းၾကားၿပီး ေနာက္သားျဖစ္သူခ်စ္ႏိုင္အတြက္ေနအိမ္တြင္းဘုန္းႀကီးငါးပါးပင့္ဖိတ္၍ဆြမ္းျပင္ဆင္ေပးၿပီးအမွ် အတန္းေပးေဝခဲ့ၾကသည္။

ဖူးပြင့္ႏြယ္
စာဖတ္သူမ်ားကိုအစဥ္ထာဝရေလးစားလ်က္

#crd
#ပရေလာက