အကြွေး (စ/ဆုံး)

Unicode Version

အကြွေး (စ/ဆုံး)
————————-
အဖေ့ အသက်က ၆၄ နှစ် ။
အမေ့ အသက်က ၅၈ နှစ် ။ အမိ အဘများ ၊ အသက်အရွယ် ရကြပြီး အဖေက အလုပ်လုပ်ချင်သေးသည် ။ လယ်တော လျှောက်သည် ။ နွား ဝင်ကျွေးသည် ။
ကျွန်တော်က အဖေ့ကို နားစေချင်သည် ။ လွတ်လွတ်လပ်လပ် နေစေချင်သည် ။ အဖေက ကျန်းမာ သန်စွမ်းသည် ။ ဖျတ်ဖျတ်လတ်လတ် ရှိသေးသည် ။ လူငှား များကို စိတ်တိုင်းမကျတိုင်း ပါချင်သည် ။ ကိုယ်တိုင် ဝင်လုပ်ချင်နေသည် ။
အဖေ စိတ်ချမ်းသာသလို နေပါစေလို့ ကျွန်တော် အောက်မေ့ လိုက်ရသည် ။ အဖေနှင့်စာလျှင် အမေက ကျန်းမာရေး မကောင်းပါ ။ မကြာခဏ အမေ ဖျားချင်သည် ။ ရင်ကျပ်ပန်းနာလည်း ရှိသည် ။ အဖေက အနေအေးသည် ။ တော်ရုံ နေမကောင်းဖြစ်ရုံမျှနှင့် အသိ မပေးပါ ။ အိမ်ကို ဒုက္ခ မရောက်စေချင်တာလည်း ပါမည် ။
ဦးပုတ်နေ့တိုင်း ရွာဦး ဆရာတော်ကျောင်းကို လှူဖွယ် ပစ္စည်းအစုံနှင့် အမေ သွားသည် ။ ဦးပုတ်သီလ ယူသည် ။ အမေက စကားများများ ပြောလေ့မရှိပါ ။ ဆရာတော်ကျောင်းကို သွားတိုင်း အမေက အဖေ့ကို ခေါ်တတ်ပါသည် ။ အဖေ လိုက်ချင်သည့်အခါမှ လိုက်သည် ။ မလိုက်တာ များသည် ။
“တရား ဆိုတာ ဘုရားကျောင်းကန် အမြဲသွားမှ ရတာ မဟုတ်ပါဘူးကွာ ၊ အိမ်မှာ နေရင်း စိတ်ထားတတ်ရင် ရတာပါပဲ” လို့ အဖေ အမြဲပြောတတ်သည် ။
ဓာတ်ခဲသုံး ရေဒီယို ကက်စက်ကလေးကို အဖေက မြတ်မြတ်နိုးနိုး ရှိသည် ။ ပြည်တွင်း သတင်း ၊ နိုင်ငံတကာ သတင်းများကို အမြဲ နားထောင်သည် ။ တရားတော် အခွေများ ဖွင့်သည် ။ တရားစာအုပ်များ ဖတ်သည် ။ မြေးများ ၊ တူ ၊ တူမ များနှင့် စကားပြောချင် ပြောနေပြီး ။ ရွာထဲက သက်တူ ရွယ်တူများနှင့် သူ ကြားခဲ့သမျှ သတင်း ၊ သူ ဖတ်ခဲ့သမျှ တရားစာအုပ်များ အကြောင်းကို ပြောတတ်သည် ။
ဝက်လက်မြို့လေးကို ကျွန်တော် လစာထုတ်သွားတိုင်း အဖေ့အတွက် ဓာတ်ခဲများ ၊ တရားခွေများ ၊ တရားစာအုပ်များနဲ့ ဝယ်ပေး ငှားပေး ဖြစ်သလို အမေ့အတွက် ထွန်းရွှေဝါ ၊ ဒေါ်လွန်းမေ ၊ ဒေါ်ထူးထူး ၊ ဆေးနီကျော် ၊ ပြည်သူ့ဆန္ဒ အစရှိသော အိမ်သုံးဆေးများ ပါအောင် ဝယ်ဖြစ်ခဲ့သည်။
“အဖေနဲ့ အမေ ဘာမှာဦးမှာလဲ” လို့ ကျွန်တော် မေးသည့်အခါတိုင်း အမေက ဘာမှမမှာ ၊ မပြောပေ ။ မင်းအဖေကတော့ ” အိမ်အတွက် လိုအပ်တာ မင်းအသိပဲကွာ ကြည့်ပြီး ဝယ်ခဲ့ပေါ့ ” လို့ ပြောတတ်သည် ။
မှာသည် ဖြစ်စေ ၊ မမှာသည် ဖြစ်စေ လိုအပ်သည် မှန်သမျှ ကျွန်တော် ဝယ်ခဲ့သည် ။ ကျွန်တော်တို့ရွာက ဝက်လက်မြို့နှင့် ရှစ်မိုင်ကျော် ကိုးမိုင်နီးပါး ဝေးသည် ။ တစ်လတစ်ခါ လစာထုတ် အစည်းအဝေးတက်ရသည် ။
(၂)
ရွှေဘိုမြို့မှာ အဖေ့ညီ ဝမ်းကွဲတစ်ယောက် ရွှေပန်းထိမ် လုပ်နေသည် ။ ရွာမှ ကျွန်တော် လေးတန်း အောင်သောအခါ အဖေက ရွှေဘိုကို ပို့သည် ။ သူ့ညီဝမ်းကွဲ အိမ်မှာနေပြီး အထက်တန်းပညာ ဆက်သင်စေပါသည် ။ စက်ဘီးတစ်စီး ဝယ်ပေးသည် ။
ရွှေဘိုရောက်စ ကျွန်တော် မပျော်ပါ ။ အိမ်နှင့် မခွဲဖူးသဖြင့် အိမ်ကို လွမ်းသည် ။ အဖေ့ညီ ဝမ်းကွဲက လူပျိုကြီး ဖြစ်သည် ။ ရဟန်းဘဝနှင့် အချိန်ကြာကြာ နေခဲ့ပြီးမှ လူထွက် ပန်းထိမ်ပညာသင်သည် ။ ပန်းထိမ်ဆရာ ဖြစ်နေပြီ ။
ကျွန်တော်ပျော်အောင် တစ်ပတ်တစ်ခါ ရုပ်ရှင် လိုက်ပြသည် ။ ဦးလေးက မြို့ဈေးထိပ်မှာ ပန်းထိမ်ဆိုင် ဖွင့်သည် ။ ကျောင်းပိတ်ရက် အိမ်မှာ ကျွန်တော် တစ်ယောက်တည်း ဖြစ်သည် ။ ရွာကို ပြန်ခွင့်ပေးသည် ။ စနေ ၊ တနင်္ဂနွေ နှစ်ရက် ပြန်ရသည် ။
ကျွန်တော်တို့ရွာနှင့် ရွှေဘိုမြို့က ဆယ့်လေးမိုင် ဝေးသည် ။ ကျွန်တော် အ.ထ.က (၁) မှာ ငါးတန်းတက်ရပြီး အင်္ဂလိပ်စာ စသင်ရသည် ။ ကျွန်တော်က မလိုက်နိုင်ပါ ။ အတန်းဖော်များက လေးတန်းအောင်စာရင်း ထွက်ပြီးချိန် နွေမှာ အင်္ဂလိပ်စာကြိုသင်ထားသဖြင့် တော်ကြသည် ။ အစမ်း စာမေးပွဲမှာ အင်္ဂလိပ်စာ ရမှတ် ဝလုံး မကွဲပါ ။ အတန်းပိုင် ဆရာမက ဒေါ်မေစီ ဖြစ်ပြီး အင်္ဂလိပ်စာသင်ပါသည် ။ အင်္ဂလိပ်စာချိန်မှာ အတန်းခုံပေါ်တက် မတ်တပ်ရပ်ရသဖြင့် ကျွန်တော် ရှက်သည် ။
သောကြာနေ့ ညနေ ကျောင်းဆင်းချိန် စက်ဘီးနှင့် ရွာကို ပြန်လာသည် ။ တနင်္လါနေ့ မနက်မှာ ကျွန်တော် ရွှေဘိုကို မပြန်တော့ ။ ကျွန်တော် ငိုပြီ ။
“ကျောင်း မနေချင်တော့ပါ”လို့ ကျွန်တော် ပြောခဲ့သည် ။
“ကလေးမပျော်ရင်လည်း မပြန်ပါစေနဲ့တော့”လို့ အမေက ဆိုသည် ။ သို့သော် မရပါ ။ ကျွန်တော် ဘာ့ကြောင့် မပြန်ချင်ကြောင်း အဖေက မေးတော့ “အင်္ဂလိပ်စာ မလိုက်နိုင်ပါ”လို့ ကျွန်တော် ဖြေခဲ့သည် ။ ပြောခဲ့ ရပါ၏ ။
“စာမတတ်ရင် ငါ့သားအဖေ့လို ပင်ပန်းလိမ့်မယ်” လို့ အဖေက ပြောပြီး အဖေကိုယ်တိုင် ရွှေဘိုကို ပြန်ပို့ပါသည် ။ ကျွန်တော့် အတန်းပိုင် ဆရာမနှင့်လည်း လိုက်တွေ့ပါသည် ။
နောက် ကျောင်းပိတ်ရက်များ ကျွန်တော် ရွာမပြန်ရတော့ပါ ၊ ကျောင်းပိတ်ရက်မှာ အတန်းပိုင် ဆရာမအိမ်သွားပြီး အင်္ဂလိပ်စာ သင်ခဲ့ရသည် ။ ကျွန်တော်ရွာကို ပြန်လိုက်ချင်ကြောင်း ပြောမည်စိုးသဖြင့် အဖေက ရွှေဘိုအိမ် လာသည်ပင် ကျွန်တော် ကျောင်းသွားချိန်မှ လာတော့သည် ။ မုန့်ဖိုး ၊ စာအုပ်ဖိုး ငွေများ ဦးလေးကို ပေးထားခဲ့သည် ။
နွေကျောင်းပိတ်ရက်မှာ ရွာကို ပြန်ရတော့သည် ။ သည်တုံးက အဖေ့မှာ လယ်မြေ ငါးဧကနှင့် ယာမြေဧက အနည်းငယ် ရှိသေးသည် ။ ကိုယ်တိုင်လုပ်သဖြင့် ပင်ပန်းလှသည် ။ အိမ်၏ လယ်ပြီးချိန် အဖေက သူများလယ်ကို အငှား လိုက်သည် ။ ထွန်အငှား လိုက်ပြီး ငွေ ရှာသည် ။ ကျွန်တော် ဆယ်တန်းအောင်ချိန်မှာ အိမ်စီးပွားက တက်နေပြီ ။ အဖေက နားချိန် မရှိအောင်ပင် အလုပ်လုပ်သူ ဖြစ်သည် ။ ကျွန်တော် တက္ကသိုလ်တက်ပြီး ဘွဲ့တစ်ခုရသည် ။ ရွာက မူလတန်း ကျောင်းကလေးမှာပင် မူလတန်းပြဆရာအလုပ် ဝင်လုပ်ရင်းနှင့် အဖေ့ကို ကျွန်တော် ကူသည် ။ မကြာပါ ၊ ရွာက အဖေ့ညီမဝမ်းကွဲ တစ်ယောက်၏သမီးနှင့် ကျွန်တော် လက်ထပ် ခဲ့ရသည် ၊ ခြိမ့်ခြိမ့်သဲသဲ မင်္ဂလာ ဆောင်ပေးခဲ့ပါသည် ။
ကျွန်တော့် ယောက္ခမများက လယ်မြေဧကများစွာ ပိုင်ဆိုင်သော တောင်သူကြီး ဖြစ်သည် ၊ သမီးနှစ်ယောက်သာ ရှိသည် ။ ကျွန်တော့်အိမ်သူက အကြီးမ ဖြစ်သည် ။ ကျွန်တော်က တစ်ဦးတည်းသောသား ဖြစ်သဖြင့် အိမ်ကို ခေါ်ရသည် ။
ယောက္ခမများက လယ်မြေဧက ၂၀ ၊ ယာမြေ ၁၀ ဧက ခွဲပေးသည် ။ နွားတစ်ရှဉ်း ၊ ကျွဲတစ်ရှဉ်း ၊ လှည်းတစ်စီး ၊ ထွန်ထယ်ပေးသည့်အပြင် လူငှားနှစ်ယောက် ငှားပေးသည် ၊ လူငှားခကို ယောက္ခမများက ရှင်းပေးသည် ။ သုံးနှစ် သုံးမိုး ယောက္ခမများက ကူပေးသည် ။ အိမ်သူက အနေရိုးသည် ။ သမီးလေးနှစ်ယောက် ဖွားပြီးချိန်မှာ ကျွန်တော်က မူလတန်း ကျောင်းအုပ်ဖြစ်နေပြီ ။
(၃)
တောင်သူ လုပ်ငန်းသုံးစက်များ ပေါ်လာ၏ ။ ရေစုပ် စက် ၊ ကောက်စိုက် စက် ၊ ကောက်ရိတ် စက် ၊ ခြွေလှေ့ စက်နှင့် ထွန်စက် ၊ ထော်လာဂျီ…။ စက်တွေ ပေါ်လာသဖြင့် လူအလွန်ကို သက်သာပါသည် ။ သို့ဖြစ်ငြား လောင်စာဆီဖိုးများ ကုန်ပါ၏ ။
ပေါ်လာသမျှစက် လိုက်ဝယ်ခဲ့ရသဖြင့် ရသမျှသီးနှံ ရောင်းရသည် ။ မနှစ်က စပါးခြွေစက် ဝယ်သည် ။ အိမ်လယ်များ သုံးပြီး လူတစ်ယောက် ခေါ်ကာ အိမ်သူက နာရီနှင့် အငှားလိုက်သည် ။
အိမ်လယ်များ ရေတင်ရန် ဘူဆိုတာ ငါးခြောက်စက်တစ်လုံးကို အစောဆုံး ဝယ်ခဲ့၏ ။ ဘူဆိုတာ ငါးခြောက်က ရေတင်လို့ ရသလို နွားစာစဉ်းစက်နှင့်ပါ တွဲလို့ ရသည် ။ ခြွေစက်က ထွက်သမျှသော ကောက်ရွေးကို နွားစာ စဉ်းစက်နှင့် စဉ်းပြန်သည် ။ ရသမျှ နွားစာများ နွားစာတိုက်မှာ သွင်းရသည် ။ နွားစာတိုက်ရန် ကောက်လှိုင်း သယ်ရန် ၊ စပါးသယ်ရန် လှည်းနှင့် အကြိမ်များစွာ တိုက်ရသဖြင့် ထော်လာဂျီတစ်စီး ဝယ်ချင်လာသည် ။ ကုမ္ပဏီတစ်ခုက ထော်လာဂျီကို အရစ်ကျ စနစ်ဖြင့် ရောင်းသည် ။ ပထမ အရစ် ငွေသွင်းပြီး ထော်လာဂျီက အိမ်ရောက်လာသည် ။
“အေးကွာ စက်တွေရှိတာ လူတော့ သက်သာသပေါ့ ၊ တို့များတုန်းက တစ်ရက် နှစ်ခါ နွားစာကို ခြေနင်းခုံနှင့် စဉ်းရတယ် ။ အချိန်လည်း ကုန်တယ် ။ လူလည်း ပင်ပန်းတယ် ။ တောင်သူလုပ်ငန်းမှာ နွားကျွေးရတာကိုက အလုပ်တစ်ခုပေါ့ကွာ ၊ မနက်တစ်ခါ ညနေတစ်ခါ ကျွေးရတော့ လူတစ်ယောက် ကုန်တယ် ၊ အခု စက်နဲ့ နှစ်ပေါက် တစ်စင်းထားတော့ နွားစာကျင်းထဲ တန်းထည့်ရုံပေါ့ ။ နောက်တစ်ခုက မနက် မိုးလင်းပြီဆိုရင် နောက်ချေးကျုံးရတာက အလုပ်တစ်ခု ၊ စက်တွေရှိလာတော့ ခိုင်းနွား ခိုင်းကျွဲတွေ လျှော့လာရတယ် ။ ဒါပေမယ့် နွားချေး အရနည်းလာလို့ မြေသြဇာ ဝယ်ပြီး သုံးလာရပြန်တယ် ။ နွားချေး ကျွဲချေး ကျုံးရတာ သက်သာပေမယ့် ကုန်ကျစရိတ်က ပိုလာတယ် ။ ခေတ်ပေါ် မြေသြဇာ ဘယ်လောက်ကောင်းကောင်း နွားချေး ကျွဲချေး ကိုတော့ မမှီပါဘူးကွာ ။
” အဖေက ထော်လာဂျီလေးကို လှည့်ပတ်ကြည့်လျက် ပြောခဲ့ခြင်း ဖြစ်ပါ၏ ။ ” ရိတ်ပြီးစပါး ကောက်လိုင်း တိုက်ရတာ ထော်လာဂျီနဲ့ဆိုတော့ ပိုပြီးလွယ်တယ် ။ နွားလှည်းနဲ့ဆို အကြိမ်ကြိမ် တိုက်ရ ၊ ကောက်လှိုင်းလှည်း မှောက်မှာက ပူရသေးတယ်ဗျာ ။ ” လို့ ကျွန်တော်က ဆိုသည် ။
အဖေက ပြုံးနေခဲ့ပါ၏ ။ အဖေ ကျေနပ်နေပါသည် ။ သီးနှံများ အထွက်နှုန်း ကောင်းသည် ဈေးကွက်ကောင်းလည်း ရသည် ။ သို့သော် သိသိသာသာ ပိုမလာပါ ။ မြေဆီ ဝယ်ရသည် ။ ပိုးသတ်ဆေး ၊ အပင်အားဆေး လိုက်ရသည် ၊ အကုန်ဆုံးက လောင်စာဆီ စရိတ်ဖြစ်သည် ၊ မြေဧက များသဖြင့် ပိုလျှံသင့်သမျှ ပိုလျှံပါသည် ။
ထော်လာဂျီက ငွေမကျေသေး…။ သမီးနှစ်ယောက် ဆယ်တန်းကို တစ်ပြိုင်တည်း အောင်သည် ၊ မုံရွာတက္ကသိုလ် ဝင်ခွင့် ကျလာသည် ။
သည်အထဲ ရွာဦးကျောင်းမှာ အဖိုးအဖွား ဆောက်လုပ် လှူဒါန်းခဲ့သော ကျောင်းကို အမေက ပြင်ချင်သည် ။ ကျောင်းက အိုပြီး ပြိုကျ လုနီးနီး ဖြစ်နေတာလဲ အမှန်ပင် ဖြစ်သည် ။ အသစ်နီးပါး ပြန်ဆောက်ရမည် ။ ကျွန်တော် ကုန်ကျစရိတ်များ စိတ်ထဲက တွက်နေမိသည် ။ အသားဖိုး ၊ အုတ်ဖိုး ၊ ထုံးဖိုး ၊ ဘိလပ်မြေဖိုး ၊ လက်သမားခ ၊ ပန်းရံခ ၊ ကုန်ကျစရိတ်က နည်းမည် မဟုတ်…။
“လုပ်ပေးလိုက်ပါ သားရယ် ” လို့ အဖေက ထူးကဲစွာ ပြောခဲ့သေးသည် ။ အမေ့ကို စိတ်ချမ်းသာစေချင်ပါသည် ။ အဘိုးအဘွား ကျောင်းက ယောက္ခမများနှင့်လည်း ဆိုင်ပါသည် ။ ကုန်ကျစရိတ် တစ်ဝက်ကို ထည့်ဝင်ပေးမည် ဆိုပါသည် ။
ကျွန်တော် ဘိလပ်မြေ ထုံးများ မှာရသည် ။ သစ်ခွဲစက်ကို သွားရသည် ။ ကျောင်းကိုလည်း အောင်ချက် မကျအောင် ကြိုးစားရသေးသည် ။ ဂရုစိုက်ရသည် ။ မုံရွာတက္ကသိုလ်သို့ သမီးနှစ်ယောက်ကို လိုက်ပို့ချိန်မှာ သမီးများက ပူဆာပြန်သည် ။ “ဖေဖေ အဆောင်နဲ့ ကျောင်းကဝေးတယ် ကျူရှင်ကလဲ မြို့ထဲတက်ရမှာ စက်ဘီးနဲ့ မဖြစ်ဘူးနော် ဆိုင်ကယ်ဝယ်ပို့ပေးပါ” လို့ဖြစ်သည် ။ ” အဖေ့မှာ အကုန်အကျ များနေတယ် သည်နှစ်တော့ စက်ဘီးနဲ့ တက်ကြပါဦး လာမဲ့နှစ်မှာ အဖေ ကြိုးစားဝယ်ပေးမယ်နော် သမီး ” လို့ နှစ်သိမ့် ခဲ့ရသည် ။ အဆောင်က အထွက်မှာ သမီးနှစ်ယောက်က လိုက်ပင်မပို့ပါ ။ စိတ်တိုင်းမကျဖြစ်တာ သေချာသည် ။ မုံရွာတက္ကသိုလ်မှာ ကျွန်တော့်တူ တစ်ယောက်က ဆရာ လုပ်နေသည် ။ သမီး နှစ်ယောက်ကိုလဲ စောင့်ရှောက်ဖို့ အပ်ခဲ့ရသည် ။ ရွာကိုပြန်ရောက်ပြီး တစ်လ မပြည့်သေးမီ ကျွန်တော့်တူက လူကြုံနှင့် စာရေးပေးလိုက်ပါသည် ။ လေးတန်းကျောင်းသားများ သင်္ချာသင်ပေးပြီး မောမောနှင့် ထိုင်နေစဉ် ကျောင်းစောင့်က ကျွန်တော့်ကို စာလာပေးသည် ။ ” ဘထွေး…ဘထွေး အပြစ်တင်မယ်ဆို ခံရမှာပါ ၊ ဘထွေးသမီးနှစ်ယောက် ဆွဲကြိုး ၊ လက်ကောက်နဲ့ အပြားဖြုတ် ရောင်းပြီး ဆိုင်ကယ် ဝယ်ခိုင်းလို့ ကျွန်တော် ဝယ်ပေးလိုက်ရပါတယ် ။ ဘထွေးသိအောင် အကြောင်းကြားခြင်း ဖြစ်ပါတယ် ” လို့ တူမောင် စာရေးလိုက်ချင်း ဖြစ်ပါ၏ ။ အိမ်အပြန် အိမ်သူက မည်သို့ပြောမည် မသိပါ ။ နှစ်ကျပ်သား ဆွဲကြိုး ကျပ်ပြား ကိုယ်စီဆွဲပြီး သမီးနှစ်ယောက်ကို ရွှေလက်ကောက် နှစ်ရံဆီ ဆင်ပေးခဲ့သည် ။
(၄)
ကျောင်းပိတ်ရက်မှာ ပွဲစားခေါ်ပြီး စပါး ရောင်းရသည် ။ စပါးကျီ ဖွင့်ပြီး စပါးခြင်ပေးချိန် ရွာဦးကျောင်းဆရာတော် လွှတ်လိုက်သည့်အတွက် ကိုရင်လေးတစ်ပါးက လာခေါ်ပြန်သည် ။ အဘိုးအဘွား ကျောင်းကဖျက်ပြီးပြီ ပန်းရံ ဝင်ရတော့မည့်ရက် ဆရာတော် သိချင်ပုံရသည် ။ ညက အမေ ပန်းနာရင်ကျပ် ထသည် ။ တော်တော်နှင့် မသက်သာသည့်အတွက် ဝက်လက် ဆေးခန်းကို လိုက်ပို့ ပြပေးရသည် ။ ကျွန်တော် နွမ်းနေသည် ။ မနားရသေး ၊ ညနေမှ လာမည့်အကြောင်း ကိုရင်ကို လျောက်ထားခိုင်းရန် စိတ်ကူးမိသည် ။
” လိုက်သွားလိုက်ပါ သားရယ် အဖေ စောင့်ပြီး စပါး ခြင်ပေးလိုက်ပါမယ်” လို့ ပြောသည့်အတွက် ဂရိချောင်းများ အဖေ့လက်ထဲ ထည့်လိုက်ရသည် ။ စိတ်ထဲမှာ ထင်သည့်အတိုင်း ဆရာတော်က ပန်းရံဝင်မည့်ရက် မေးသလို ။ “ပန်းရံများ အကျွေးအမွေးကိစ္စ ဘယ်လိုများ စီစဉ်ထားတုန်း” လို့ မိန့်ပါသည် ။ ပန်းရံလုပ်ငန်း အပျက် ပေးထားသဖြင့် အကျွေးအမွေးကိစ္စ စီစဉ်စရာ မရှိကြောင်း လျောက်ထားခဲ့ရသည် ။
ဆရာတော် ကျောင်းကပြန်လာချိန်ထိ စပါးက ခြင်နေဆဲ ဖြစ်သည် ။ စပါး ပွဲစားက ငွေချေပြီး ပြန်သွားသည် ။ ငွေများ အုပ်လိုက် အိမ်သူကို အပ်လိုက်သည် ။
” သမီးလေးတွေ ဆွဲကြိုးမရှိတော့ မျက်နှာငယ်ရလိမ့်မယ် ။ အဆောင်လခ ပေးရမဲ့ ရက်ကလည်း ရောက်နေပြီ ။ အဲ့တာ မနက်ဖြန် အကို မုံရွာကိုသွားလိုက်ဦး ။ တစ်ကျပ်သားဆွဲကြိုး တစ်ကုံးစီလည်း ဝယ်ပြီး ပေးခဲ့ပါ ။ မုန့်ဖိုးလဲ ပေးခဲ့ပါ ။ ” လို့ အိမ်သူက ပြောသည် ။
တစ်ညလုံး အိမ်သူက သမီးနှစ်ယောက်အတွက် ဟင်းကျွေး ဟင်းရံများ ချက်ပြုတ် ကြော်လှော် နေသည် ။ ဆန်နှင့်ဆီများ ထည့်နေသည် ။ လိုအပ်သမျှ ပြင်ဆင် ပေးထားသည် ။ ဟင်းချိုင့် ၊ ဆန်များ ၊ ဆီပုလင်းများ ၊ မုန့်များက ကြိမ်ခြင်းကြီးနှင့် တစ်လုံးအပြည့် ဖြစ်သည် ။
မနက်ခင်း ကျွန်တော့်အိမ်က မထွက်ရသေးမီ အဖေက သူ့ရေဒီယို ကက်စက်ကလေး ကိုင်ပြီး ရောက်လာသည် ။
“သားရေ…ရေဒီယိုက တဂျစ်ဂျစ်နဲ့ အသံထွက်နေတယ် ။ စက်ဘာဖြစ်မှန်း မသိဘူး…မုံရွာက ပြင်ခဲ့ကွာ” လို့ ပြောပြီး သူ့ရေဒီယိုလေး လှမ်းပေးသည် ။
” ဟာ… အဖေ့စက်က နှစ်ကြာပြီ ပြင်လဲ သိပ်ကောင်းမယ် မထင်ပါဘူး ။ ကျွန်တော်မုံရွာဈေးကြီးထဲ ရောက်ဦးမှာ အမေ့အတွက် ဆေးဝယ်ရဦးမယ် ။ အဖေ့အတွက် ရေဒီယိုကက်စက် အသစ်တစ်လုံး ဝယ်လာမယ် ” လို့ ပြောတော့ ” အေးအေး” လို့ ဆိုပြီး သူ့ရေဒီယို ကက်စက်ကလေး ကြိုးစားဖွင့်လျှက် ကျွန်တော့် အပါးမှ ထွက်သွားပါသည် ။ အိမ်သူက ကြိမ်ခြင်းရွက်ပြီး ကားလမ်းအထိ လိုက်ပို့သည် ။ ကျွန်တော်စီးရမည့် မုံရွာကားက မလာသေး…။
(၅)
ကျွန်တော့်မှာ အကြွေးများ ရှိသည် ။ အမိအဘ အတွက် အကြွေးဟောင်းများကို ဆပ်နေရသည် ။ သမီးနှစ်ယောက်အတွက် အကြွေးသစ်များ ချနေရသည် ။ ကျွန်တော် အကြွေး ကျေချင်ပါသည် ။
ကိုဇော်ဝင်း (လှတော)
သရပါ
ရသစာပေ မဂ္ဂဇင်းတွင်
ဖော်ပြခဲ့ဖူးသည့်
စာမူလေး ဖြစ်ပါသည်

Zawgyi Version

အေႂကြး (စ/ဆုံး)
————————-
အေဖ့ အသက္က ၆၄ ႏွစ္ ။
အေမ့ အသက္က ၅၈ ႏွစ္ ။ အမိ အဘမ်ား ၊ အသက္အ႐ြယ္ ရၾကၿပီး အေဖက အလုပ္လုပ္ခ်င္ေသးသည္ ။ လယ္ေတာ ေလွ်ာက္သည္ ။ ႏြား ဝင္ေကြၽးသည္ ။
ကြၽန္ေတာ္က အေဖ့ကို နားေစခ်င္သည္ ။ လြတ္လြတ္လပ္လပ္ ေနေစခ်င္သည္ ။ အေဖက က်န္းမာ သန္စြမ္းသည္ ။ ဖ်တ္ဖ်တ္လတ္လတ္ ရွိေသးသည္ ။ လူငွား မ်ားကို စိတ္တိုင္းမက်တိုင္း ပါခ်င္သည္ ။ ကိုယ္တိုင္ ဝင္လုပ္ခ်င္ေနသည္ ။
အေဖ စိတ္ခ်မ္းသာသလို ေနပါေစလို႔ ကြၽန္ေတာ္ ေအာက္ေမ့ လိုက္ရသည္ ။ အေဖႏွင့္စာလွ်င္ အေမက က်န္းမာေရး မေကာင္းပါ ။ မၾကာခဏ အေမ ဖ်ားခ်င္သည္ ။ ရင္က်ပ္ပန္းနာလည္း ရွိသည္ ။ အေဖက အေနေအးသည္ ။ ေတာ္႐ုံ ေနမေကာင္းျဖစ္႐ုံမွ်ႏွင့္ အသိ မေပးပါ ။ အိမ္ကို ဒုကၡ မေရာက္ေစခ်င္တာလည္း ပါမည္ ။
ဦးပုတ္ေန႔တိုင္း ႐ြာဦး ဆရာေတာ္ေက်ာင္းကို လႉဖြယ္ ပစၥည္းအစုံႏွင့္ အေမ သြားသည္ ။ ဦးပုတ္သီလ ယူသည္ ။ အေမက စကားမ်ားမ်ား ေျပာေလ့မရွိပါ ။ ဆရာေတာ္ေက်ာင္းကို သြားတိုင္း အေမက အေဖ့ကို ေခၚတတ္ပါသည္ ။ အေဖ လိုက္ခ်င္သည့္အခါမွ လိုက္သည္ ။ မလိုက္တာ မ်ားသည္ ။
“တရား ဆိုတာ ဘုရားေက်ာင္းကန္ အၿမဲသြားမွ ရတာ မဟုတ္ပါဘူးကြာ ၊ အိမ္မွာ ေနရင္း စိတ္ထားတတ္ရင္ ရတာပါပဲ” လို႔ အေဖ အၿမဲေျပာတတ္သည္ ။
ဓာတ္ခဲသုံး ေရဒီယို ကက္စက္ကေလးကို အေဖက ျမတ္ျမတ္ႏိုးႏိုး ရွိသည္ ။ ျပည္တြင္း သတင္း ၊ ႏိုင္ငံတကာ သတင္းမ်ားကို အၿမဲ နားေထာင္သည္ ။ တရားေတာ္ အေခြမ်ား ဖြင့္သည္ ။ တရားစာအုပ္မ်ား ဖတ္သည္ ။ ေျမးမ်ား ၊ တူ ၊ တူမ မ်ားႏွင့္ စကားေျပာခ်င္ ေျပာေနၿပီး ။ ႐ြာထဲက သက္တူ ႐ြယ္တူမ်ားႏွင့္ သူ ၾကားခဲ့သမွ် သတင္း ၊ သူ ဖတ္ခဲ့သမွ် တရားစာအုပ္မ်ား အေၾကာင္းကို ေျပာတတ္သည္ ။
ဝက္လက္ၿမိဳ႕ေလးကို ကြၽန္ေတာ္ လစာထုတ္သြားတိုင္း အေဖ့အတြက္ ဓာတ္ခဲမ်ား ၊ တရားေခြမ်ား ၊ တရားစာအုပ္မ်ားနဲ႔ ဝယ္ေပး ငွားေပး ျဖစ္သလို အေမ့အတြက္ ထြန္းေ႐ႊဝါ ၊ ေဒၚလြန္းေမ ၊ ေဒၚထူးထူး ၊ ေဆးနီေက်ာ္ ၊ ျပည္သူ႔ဆႏၵ အစရွိေသာ အိမ္သုံးေဆးမ်ား ပါေအာင္ ဝယ္ျဖစ္ခဲ့သည္။
“အေဖနဲ႔ အေမ ဘာမွာဦးမွာလဲ” လို႔ ကြၽန္ေတာ္ ေမးသည့္အခါတိုင္း အေမက ဘာမွမမွာ ၊ မေျပာေပ ။ မင္းအေဖကေတာ့ ” အိမ္အတြက္ လိုအပ္တာ မင္းအသိပဲကြာ ၾကည့္ၿပီး ဝယ္ခဲ့ေပါ့ ” လို႔ ေျပာတတ္သည္ ။
မွာသည္ ျဖစ္ေစ ၊ မမွာသည္ ျဖစ္ေစ လိုအပ္သည္ မွန္သမွ် ကြၽန္ေတာ္ ဝယ္ခဲ့သည္ ။ ကြၽန္ေတာ္တို႔႐ြာက ဝက္လက္ၿမိဳ႕ႏွင့္ ရွစ္မိုင္ေက်ာ္ ကိုးမိုင္နီးပါး ေဝးသည္ ။ တစ္လတစ္ခါ လစာထုတ္ အစည္းအေဝးတက္ရသည္ ။
(၂)
ေ႐ႊဘိုၿမိဳ႕မွာ အေဖ့ညီ ဝမ္းကြဲတစ္ေယာက္ ေ႐ႊပန္းထိမ္ လုပ္ေနသည္ ။ ႐ြာမွ ကြၽန္ေတာ္ ေလးတန္း ေအာင္ေသာအခါ အေဖက ေ႐ႊဘိုကို ပို႔သည္ ။ သူ႔ညီဝမ္းကြဲ အိမ္မွာေနၿပီး အထက္တန္းပညာ ဆက္သင္ေစပါသည္ ။ စက္ဘီးတစ္စီး ဝယ္ေပးသည္ ။
ေ႐ႊဘိုေရာက္စ ကြၽန္ေတာ္ မေပ်ာ္ပါ ။ အိမ္ႏွင့္ မခြဲဖူးသျဖင့္ အိမ္ကို လြမ္းသည္ ။ အေဖ့ညီ ဝမ္းကြဲက လူပ်ိဳႀကီး ျဖစ္သည္ ။ ရဟန္းဘဝႏွင့္ အခ်ိန္ၾကာၾကာ ေနခဲ့ၿပီးမွ လူထြက္ ပန္းထိမ္ပညာသင္သည္ ။ ပန္းထိမ္ဆရာ ျဖစ္ေနၿပီ ။
ကြၽန္ေတာ္ေပ်ာ္ေအာင္ တစ္ပတ္တစ္ခါ ႐ုပ္ရွင္ လိုက္ျပသည္ ။ ဦးေလးက ၿမိဳ႕ေဈးထိပ္မွာ ပန္းထိမ္ဆိုင္ ဖြင့္သည္ ။ ေက်ာင္းပိတ္ရက္ အိမ္မွာ ကြၽန္ေတာ္ တစ္ေယာက္တည္း ျဖစ္သည္ ။ ႐ြာကို ျပန္ခြင့္ေပးသည္ ။ စေန ၊ တနဂၤေႏြ ႏွစ္ရက္ ျပန္ရသည္ ။
ကြၽန္ေတာ္တို႔႐ြာႏွင့္ ေ႐ႊဘိုၿမိဳ႕က ဆယ့္ေလးမိုင္ ေဝးသည္ ။ ကြၽန္ေတာ္ အ.ထ.က (၁) မွာ ငါးတန္းတက္ရၿပီး အဂၤလိပ္စာ စသင္ရသည္ ။ ကြၽန္ေတာ္က မလိုက္ႏိုင္ပါ ။ အတန္းေဖာ္မ်ားက ေလးတန္းေအာင္စာရင္း ထြက္ၿပီးခ်ိန္ ေႏြမွာ အဂၤလိပ္စာႀကိဳသင္ထားသျဖင့္ ေတာ္ၾကသည္ ။ အစမ္း စာေမးပြဲမွာ အဂၤလိပ္စာ ရမွတ္ ဝလုံး မကြဲပါ ။ အတန္းပိုင္ ဆရာမက ေဒၚေမစီ ျဖစ္ၿပီး အဂၤလိပ္စာသင္ပါသည္ ။ အဂၤလိပ္စာခ်ိန္မွာ အတန္းခုံေပၚတက္ မတ္တပ္ရပ္ရသျဖင့္ ကြၽန္ေတာ္ ရွက္သည္ ။
ေသာၾကာေန႔ ညေန ေက်ာင္းဆင္းခ်ိန္ စက္ဘီးႏွင့္ ႐ြာကို ျပန္လာသည္ ။ တနလၤါေန႔ မနက္မွာ ကြၽန္ေတာ္ ေ႐ႊဘိုကို မျပန္ေတာ့ ။ ကြၽန္ေတာ္ ငိုၿပီ ။
“ေက်ာင္း မေနခ်င္ေတာ့ပါ”လို႔ ကြၽန္ေတာ္ ေျပာခဲ့သည္ ။
“ကေလးမေပ်ာ္ရင္လည္း မျပန္ပါေစနဲ႔ေတာ့”လို႔ အေမက ဆိုသည္ ။ သို႔ေသာ္ မရပါ ။ ကြၽန္ေတာ္ ဘာ့ေၾကာင့္ မျပန္ခ်င္ေၾကာင္း အေဖက ေမးေတာ့ “အဂၤလိပ္စာ မလိုက္ႏိုင္ပါ”လို႔ ကြၽန္ေတာ္ ေျဖခဲ့သည္ ။ ေျပာခဲ့ ရပါ၏ ။
“စာမတတ္ရင္ ငါ့သားအေဖ့လို ပင္ပန္းလိမ့္မယ္” လို႔ အေဖက ေျပာၿပီး အေဖကိုယ္တိုင္ ေ႐ႊဘိုကို ျပန္ပို႔ပါသည္ ။ ကြၽန္ေတာ့္ အတန္းပိုင္ ဆရာမႏွင့္လည္း လိုက္ေတြ႕ပါသည္ ။
ေနာက္ ေက်ာင္းပိတ္ရက္မ်ား ကြၽန္ေတာ္ ႐ြာမျပန္ရေတာ့ပါ ၊ ေက်ာင္းပိတ္ရက္မွာ အတန္းပိုင္ ဆရာမအိမ္သြားၿပီး အဂၤလိပ္စာ သင္ခဲ့ရသည္ ။ ကြၽန္ေတာ္႐ြာကို ျပန္လိုက္ခ်င္ေၾကာင္း ေျပာမည္စိုးသျဖင့္ အေဖက ေ႐ႊဘိုအိမ္ လာသည္ပင္ ကြၽန္ေတာ္ ေက်ာင္းသြားခ်ိန္မွ လာေတာ့သည္ ။ မုန႔္ဖိုး ၊ စာအုပ္ဖိုး ေငြမ်ား ဦးေလးကို ေပးထားခဲ့သည္ ။
ေႏြေက်ာင္းပိတ္ရက္မွာ ႐ြာကို ျပန္ရေတာ့သည္ ။ သည္တုံးက အေဖ့မွာ လယ္ေျမ ငါးဧကႏွင့္ ယာေျမဧက အနည္းငယ္ ရွိေသးသည္ ။ ကိုယ္တိုင္လုပ္သျဖင့္ ပင္ပန္းလွသည္ ။ အိမ္၏ လယ္ၿပီးခ်ိန္ အေဖက သူမ်ားလယ္ကို အငွား လိုက္သည္ ။ ထြန္အငွား လိုက္ၿပီး ေငြ ရွာသည္ ။ ကြၽန္ေတာ္ ဆယ္တန္းေအာင္ခ်ိန္မွာ အိမ္စီးပြားက တက္ေနၿပီ ။ အေဖက နားခ်ိန္ မရွိေအာင္ပင္ အလုပ္လုပ္သူ ျဖစ္သည္ ။ ကြၽန္ေတာ္ တကၠသိုလ္တက္ၿပီး ဘြဲ႕တစ္ခုရသည္ ။ ႐ြာက မူလတန္း ေက်ာင္းကေလးမွာပင္ မူလတန္းျပဆရာအလုပ္ ဝင္လုပ္ရင္းႏွင့္ အေဖ့ကို ကြၽန္ေတာ္ ကူသည္ ။ မၾကာပါ ၊ ႐ြာက အေဖ့ညီမဝမ္းကြဲ တစ္ေယာက္၏သမီးႏွင့္ ကြၽန္ေတာ္ လက္ထပ္ ခဲ့ရသည္ ၊ ၿခိမ့္ၿခိမ့္သဲသဲ မဂၤလာ ေဆာင္ေပးခဲ့ပါသည္ ။
ကြၽန္ေတာ့္ ေယာကၡမမ်ားက လယ္ေျမဧကမ်ားစြာ ပိုင္ဆိုင္ေသာ ေတာင္သူႀကီး ျဖစ္သည္ ၊ သမီးႏွစ္ေယာက္သာ ရွိသည္ ။ ကြၽန္ေတာ့္အိမ္သူက အႀကီးမ ျဖစ္သည္ ။ ကြၽန္ေတာ္က တစ္ဦးတည္းေသာသား ျဖစ္သျဖင့္ အိမ္ကို ေခၚရသည္ ။
ေယာကၡမမ်ားက လယ္ေျမဧက ၂၀ ၊ ယာေျမ ၁၀ ဧက ခြဲေပးသည္ ။ ႏြားတစ္ရွဥ္း ၊ ကြၽဲတစ္ရွဥ္း ၊ လွည္းတစ္စီး ၊ ထြန္ထယ္ေပးသည့္အျပင္ လူငွားႏွစ္ေယာက္ ငွားေပးသည္ ၊ လူငွားခကို ေယာကၡမမ်ားက ရွင္းေပးသည္ ။ သုံးႏွစ္ သုံးမိုး ေယာကၡမမ်ားက ကူေပးသည္ ။ အိမ္သူက အေန႐ိုးသည္ ။ သမီးေလးႏွစ္ေယာက္ ဖြားၿပီးခ်ိန္မွာ ကြၽန္ေတာ္က မူလတန္း ေက်ာင္းအုပ္ျဖစ္ေနၿပီ ။
(၃)
ေတာင္သူ လုပ္ငန္းသုံးစက္မ်ား ေပၚလာ၏ ။ ေရစုပ္ စက္ ၊ ေကာက္စိုက္ စက္ ၊ ေကာက္ရိတ္ စက္ ၊ ေႁခြေလွ႔ စက္ႏွင့္ ထြန္စက္ ၊ ေထာ္လာဂ်ီ…။ စက္ေတြ ေပၚလာသျဖင့္ လူအလြန္ကို သက္သာပါသည္ ။ သို႔ျဖစ္ျငား ေလာင္စာဆီဖိုးမ်ား ကုန္ပါ၏ ။
ေပၚလာသမွ်စက္ လိုက္ဝယ္ခဲ့ရသျဖင့္ ရသမွ်သီးႏွံ ေရာင္းရသည္ ။ မႏွစ္က စပါးေႁခြစက္ ဝယ္သည္ ။ အိမ္လယ္မ်ား သုံးၿပီး လူတစ္ေယာက္ ေခၚကာ အိမ္သူက နာရီႏွင့္ အငွားလိုက္သည္ ။
အိမ္လယ္မ်ား ေရတင္ရန္ ဘူဆိုတာ ငါးေျခာက္စက္တစ္လုံးကို အေစာဆုံး ဝယ္ခဲ့၏ ။ ဘူဆိုတာ ငါးေျခာက္က ေရတင္လို႔ ရသလို ႏြားစာစဥ္းစက္ႏွင့္ပါ တြဲလို႔ ရသည္ ။ ေႁခြစက္က ထြက္သမွ်ေသာ ေကာက္ေ႐ြးကို ႏြားစာ စဥ္းစက္ႏွင့္ စဥ္းျပန္သည္ ။ ရသမွ် ႏြားစာမ်ား ႏြားစာတိုက္မွာ သြင္းရသည္ ။ ႏြားစာတိုက္ရန္ ေကာက္လႈိင္း သယ္ရန္ ၊ စပါးသယ္ရန္ လွည္းႏွင့္ အႀကိမ္မ်ားစြာ တိုက္ရသျဖင့္ ေထာ္လာဂ်ီတစ္စီး ဝယ္ခ်င္လာသည္ ။ ကုမၸဏီတစ္ခုက ေထာ္လာဂ်ီကို အရစ္က် စနစ္ျဖင့္ ေရာင္းသည္ ။ ပထမ အရစ္ ေငြသြင္းၿပီး ေထာ္လာဂ်ီက အိမ္ေရာက္လာသည္ ။
“ေအးကြာ စက္ေတြရွိတာ လူေတာ့ သက္သာသေပါ့ ၊ တို႔မ်ားတုန္းက တစ္ရက္ ႏွစ္ခါ ႏြားစာကို ေျခနင္းခုံႏွင့္ စဥ္းရတယ္ ။ အခ်ိန္လည္း ကုန္တယ္ ။ လူလည္း ပင္ပန္းတယ္ ။ ေတာင္သူလုပ္ငန္းမွာ ႏြားေကြၽးရတာကိုက အလုပ္တစ္ခုေပါ့ကြာ ၊ မနက္တစ္ခါ ညေနတစ္ခါ ေကြၽးရေတာ့ လူတစ္ေယာက္ ကုန္တယ္ ၊ အခု စက္နဲ႔ ႏွစ္ေပါက္ တစ္စင္းထားေတာ့ ႏြားစာက်င္းထဲ တန္းထည့္႐ုံေပါ့ ။ ေနာက္တစ္ခုက မနက္ မိုးလင္းၿပီဆိုရင္ ေနာက္ေခ်းက်ဳံးရတာက အလုပ္တစ္ခု ၊ စက္ေတြရွိလာေတာ့ ခိုင္းႏြား ခိုင္းကြၽဲေတြ ေလွ်ာ့လာရတယ္ ။ ဒါေပမယ့္ ႏြားေခ်း အရနည္းလာလို႔ ေျမၾသဇာ ဝယ္ၿပီး သုံးလာရျပန္တယ္ ။ ႏြားေခ်း ကြၽဲေခ်း က်ဳံးရတာ သက္သာေပမယ့္ ကုန္က်စရိတ္က ပိုလာတယ္ ။ ေခတ္ေပၚ ေျမၾသဇာ ဘယ္ေလာက္ေကာင္းေကာင္း ႏြားေခ်း ကြၽဲေခ်း ကိုေတာ့ မမွီပါဘူးကြာ ။
” အေဖက ေထာ္လာဂ်ီေလးကို လွည့္ပတ္ၾကည့္လ်က္ ေျပာခဲ့ျခင္း ျဖစ္ပါ၏ ။ ” ရိတ္ၿပီးစပါး ေကာက္လိုင္း တိုက္ရတာ ေထာ္လာဂ်ီနဲ႔ဆိုေတာ့ ပိုၿပီးလြယ္တယ္ ။ ႏြားလွည္းနဲ႔ဆို အႀကိမ္ႀကိမ္ တိုက္ရ ၊ ေကာက္လႈိင္းလွည္း ေမွာက္မွာက ပူရေသးတယ္ဗ်ာ ။ ” လို႔ ကြၽန္ေတာ္က ဆိုသည္ ။
အေဖက ၿပဳံးေနခဲ့ပါ၏ ။ အေဖ ေက်နပ္ေနပါသည္ ။ သီးႏွံမ်ား အထြက္ႏႈန္း ေကာင္းသည္ ေဈးကြက္ေကာင္းလည္း ရသည္ ။ သို႔ေသာ္ သိသိသာသာ ပိုမလာပါ ။ ေျမဆီ ဝယ္ရသည္ ။ ပိုးသတ္ေဆး ၊ အပင္အားေဆး လိုက္ရသည္ ၊ အကုန္ဆုံးက ေလာင္စာဆီ စရိတ္ျဖစ္သည္ ၊ ေျမဧက မ်ားသျဖင့္ ပိုလွ်ံသင့္သမွ် ပိုလွ်ံပါသည္ ။
ေထာ္လာဂ်ီက ေငြမေက်ေသး…။ သမီးႏွစ္ေယာက္ ဆယ္တန္းကို တစ္ၿပိဳင္တည္း ေအာင္သည္ ၊ မုံ႐ြာတကၠသိုလ္ ဝင္ခြင့္ က်လာသည္ ။
သည္အထဲ ႐ြာဦးေက်ာင္းမွာ အဖိုးအဖြား ေဆာက္လုပ္ လႉဒါန္းခဲ့ေသာ ေက်ာင္းကို အေမက ျပင္ခ်င္သည္ ။ ေက်ာင္းက အိုၿပီး ၿပိဳက် လုနီးနီး ျဖစ္ေနတာလဲ အမွန္ပင္ ျဖစ္သည္ ။ အသစ္နီးပါး ျပန္ေဆာက္ရမည္ ။ ကြၽန္ေတာ္ ကုန္က်စရိတ္မ်ား စိတ္ထဲက တြက္ေနမိသည္ ။ အသားဖိုး ၊ အုတ္ဖိုး ၊ ထုံးဖိုး ၊ ဘိလပ္ေျမဖိုး ၊ လက္သမားခ ၊ ပန္းရံခ ၊ ကုန္က်စရိတ္က နည္းမည္ မဟုတ္…။
“လုပ္ေပးလိုက္ပါ သားရယ္ ” လို႔ အေဖက ထူးကဲစြာ ေျပာခဲ့ေသးသည္ ။ အေမ့ကို စိတ္ခ်မ္းသာေစခ်င္ပါသည္ ။ အဘိုးအဘြား ေက်ာင္းက ေယာကၡမမ်ားႏွင့္လည္း ဆိုင္ပါသည္ ။ ကုန္က်စရိတ္ တစ္ဝက္ကို ထည့္ဝင္ေပးမည္ ဆိုပါသည္ ။
ကြၽန္ေတာ္ ဘိလပ္ေျမ ထုံးမ်ား မွာရသည္ ။ သစ္ခြဲစက္ကို သြားရသည္ ။ ေက်ာင္းကိုလည္း ေအာင္ခ်က္ မက်ေအာင္ ႀကိဳးစားရေသးသည္ ။ ဂ႐ုစိုက္ရသည္ ။ မုံ႐ြာတကၠသိုလ္သို႔ သမီးႏွစ္ေယာက္ကို လိုက္ပို႔ခ်ိန္မွာ သမီးမ်ားက ပူဆာျပန္သည္ ။ “ေဖေဖ အေဆာင္နဲ႔ ေက်ာင္းကေဝးတယ္ က်ဴရွင္ကလဲ ၿမိဳ႕ထဲတက္ရမွာ စက္ဘီးနဲ႔ မျဖစ္ဘူးေနာ္ ဆိုင္ကယ္ဝယ္ပို႔ေပးပါ” လို႔ျဖစ္သည္ ။ ” အေဖ့မွာ အကုန္အက် မ်ားေနတယ္ သည္ႏွစ္ေတာ့ စက္ဘီးနဲ႔ တက္ၾကပါဦး လာမဲ့ႏွစ္မွာ အေဖ ႀကိဳးစားဝယ္ေပးမယ္ေနာ္ သမီး ” လို႔ ႏွစ္သိမ့္ ခဲ့ရသည္ ။ အေဆာင္က အထြက္မွာ သမီးႏွစ္ေယာက္က လိုက္ပင္မပို႔ပါ ။ စိတ္တိုင္းမက်ျဖစ္တာ ေသခ်ာသည္ ။ မုံ႐ြာတကၠသိုလ္မွာ ကြၽန္ေတာ့္တူ တစ္ေယာက္က ဆရာ လုပ္ေနသည္ ။ သမီး ႏွစ္ေယာက္ကိုလဲ ေစာင့္ေရွာက္ဖို႔ အပ္ခဲ့ရသည္ ။ ႐ြာကိုျပန္ေရာက္ၿပီး တစ္လ မျပည့္ေသးမီ ကြၽန္ေတာ့္တူက လူႀကဳံႏွင့္ စာေရးေပးလိုက္ပါသည္ ။ ေလးတန္းေက်ာင္းသားမ်ား သခ်ၤာသင္ေပးၿပီး ေမာေမာႏွင့္ ထိုင္ေနစဥ္ ေက်ာင္းေစာင့္က ကြၽန္ေတာ့္ကို စာလာေပးသည္ ။ ” ဘေထြး…ဘေထြး အျပစ္တင္မယ္ဆို ခံရမွာပါ ၊ ဘေထြးသမီးႏွစ္ေယာက္ ဆြဲႀကိဳး ၊ လက္ေကာက္နဲ႔ အျပားျဖဳတ္ ေရာင္းၿပီး ဆိုင္ကယ္ ဝယ္ခိုင္းလို႔ ကြၽန္ေတာ္ ဝယ္ေပးလိုက္ရပါတယ္ ။ ဘေထြးသိေအာင္ အေၾကာင္းၾကားျခင္း ျဖစ္ပါတယ္ ” လို႔ တူေမာင္ စာေရးလိုက္ခ်င္း ျဖစ္ပါ၏ ။ အိမ္အျပန္ အိမ္သူက မည္သို႔ေျပာမည္ မသိပါ ။ ႏွစ္က်ပ္သား ဆြဲႀကိဳး က်ပ္ျပား ကိုယ္စီဆြဲၿပီး သမီးႏွစ္ေယာက္ကို ေ႐ႊလက္ေကာက္ ႏွစ္ရံဆီ ဆင္ေပးခဲ့သည္ ။
(၄)
ေက်ာင္းပိတ္ရက္မွာ ပြဲစားေခၚၿပီး စပါး ေရာင္းရသည္ ။ စပါးက်ီ ဖြင့္ၿပီး စပါးျခင္ေပးခ်ိန္ ႐ြာဦးေက်ာင္းဆရာေတာ္ လႊတ္လိုက္သည့္အတြက္ ကိုရင္ေလးတစ္ပါးက လာေခၚျပန္သည္ ။ အဘိုးအဘြား ေက်ာင္းကဖ်က္ၿပီးၿပီ ပန္းရံ ဝင္ရေတာ့မည့္ရက္ ဆရာေတာ္ သိခ်င္ပုံရသည္ ။ ညက အေမ ပန္းနာရင္က်ပ္ ထသည္ ။ ေတာ္ေတာ္ႏွင့္ မသက္သာသည့္အတြက္ ဝက္လက္ ေဆးခန္းကို လိုက္ပို႔ ျပေပးရသည္ ။ ကြၽန္ေတာ္ ႏြမ္းေနသည္ ။ မနားရေသး ၊ ညေနမွ လာမည့္အေၾကာင္း ကိုရင္ကို ေလ်ာက္ထားခိုင္းရန္ စိတ္ကူးမိသည္ ။
” လိုက္သြားလိုက္ပါ သားရယ္ အေဖ ေစာင့္ၿပီး စပါး ျခင္ေပးလိုက္ပါမယ္” လို႔ ေျပာသည့္အတြက္ ဂရိေခ်ာင္းမ်ား အေဖ့လက္ထဲ ထည့္လိုက္ရသည္ ။ စိတ္ထဲမွာ ထင္သည့္အတိုင္း ဆရာေတာ္က ပန္းရံဝင္မည့္ရက္ ေမးသလို ။ “ပန္းရံမ်ား အေကြၽးအေမြးကိစၥ ဘယ္လိုမ်ား စီစဥ္ထားတုန္း” လို႔ မိန႔္ပါသည္ ။ ပန္းရံလုပ္ငန္း အပ်က္ ေပးထားသျဖင့္ အေကြၽးအေမြးကိစၥ စီစဥ္စရာ မရွိေၾကာင္း ေလ်ာက္ထားခဲ့ရသည္ ။
ဆရာေတာ္ ေက်ာင္းကျပန္လာခ်ိန္ထိ စပါးက ျခင္ေနဆဲ ျဖစ္သည္ ။ စပါး ပြဲစားက ေငြေခ်ၿပီး ျပန္သြားသည္ ။ ေငြမ်ား အုပ္လိုက္ အိမ္သူကို အပ္လိုက္သည္ ။
” သမီးေလးေတြ ဆြဲႀကိဳးမရွိေတာ့ မ်က္ႏွာငယ္ရလိမ့္မယ္ ။ အေဆာင္လခ ေပးရမဲ့ ရက္ကလည္း ေရာက္ေနၿပီ ။ အဲ့တာ မနက္ျဖန္ အကို မုံ႐ြာကိုသြားလိုက္ဦး ။ တစ္က်ပ္သားဆြဲႀကိဳး တစ္ကုံးစီလည္း ဝယ္ၿပီး ေပးခဲ့ပါ ။ မုန႔္ဖိုးလဲ ေပးခဲ့ပါ ။ ” လို႔ အိမ္သူက ေျပာသည္ ။
တစ္ညလုံး အိမ္သူက သမီးႏွစ္ေယာက္အတြက္ ဟင္းေကြၽး ဟင္းရံမ်ား ခ်က္ျပဳတ္ ေၾကာ္ေလွာ္ ေနသည္ ။ ဆန္ႏွင့္ဆီမ်ား ထည့္ေနသည္ ။ လိုအပ္သမွ် ျပင္ဆင္ ေပးထားသည္ ။ ဟင္းခ်ိဳင့္ ၊ ဆန္မ်ား ၊ ဆီပုလင္းမ်ား ၊ မုန႔္မ်ားက ႀကိမ္ျခင္းႀကီးႏွင့္ တစ္လုံးအျပည့္ ျဖစ္သည္ ။
မနက္ခင္း ကြၽန္ေတာ့္အိမ္က မထြက္ရေသးမီ အေဖက သူ႔ေရဒီယို ကက္စက္ကေလး ကိုင္ၿပီး ေရာက္လာသည္ ။
“သားေရ…ေရဒီယိုက တဂ်စ္ဂ်စ္နဲ႔ အသံထြက္ေနတယ္ ။ စက္ဘာျဖစ္မွန္း မသိဘူး…မုံ႐ြာက ျပင္ခဲ့ကြာ” လို႔ ေျပာၿပီး သူ႔ေရဒီယိုေလး လွမ္းေပးသည္ ။
” ဟာ… အေဖ့စက္က ႏွစ္ၾကာၿပီ ျပင္လဲ သိပ္ေကာင္းမယ္ မထင္ပါဘူး ။ ကြၽန္ေတာ္မုံ႐ြာေဈးႀကီးထဲ ေရာက္ဦးမွာ အေမ့အတြက္ ေဆးဝယ္ရဦးမယ္ ။ အေဖ့အတြက္ ေရဒီယိုကက္စက္ အသစ္တစ္လုံး ဝယ္လာမယ္ ” လို႔ ေျပာေတာ့ ” ေအးေအး” လို႔ ဆိုၿပီး သူ႔ေရဒီယို ကက္စက္ကေလး ႀကိဳးစားဖြင့္လွ်က္ ကြၽန္ေတာ့္ အပါးမွ ထြက္သြားပါသည္ ။ အိမ္သူက ႀကိမ္ျခင္း႐ြက္ၿပီး ကားလမ္းအထိ လိုက္ပို႔သည္ ။ ကြၽန္ေတာ္စီးရမည့္ မုံ႐ြာကားက မလာေသး…။
(၅)
ကြၽန္ေတာ့္မွာ အေႂကြးမ်ား ရွိသည္ ။ အမိအဘ အတြက္ အေႂကြးေဟာင္းမ်ားကို ဆပ္ေနရသည္ ။ သမီးႏွစ္ေယာက္အတြက္ အေႂကြးသစ္မ်ား ခ်ေနရသည္ ။ ကြၽန္ေတာ္ အေႂကြး ေက်ခ်င္ပါသည္ ။
ကိုေဇာ္ဝင္း (လွေတာ)
သရပါ
ရသစာေပ မဂၢဇင္းတြင္
ေဖာ္ျပခဲ့ဖူးသည့္
စာမူေလး ျဖစ္ပါသည္