*အခေါင်းဆော့ခြင်း*📖📖📖
***************************
~~~~~~~~
{စ/ဆုံး}
{၁}
“”ဒေါင်•••ဒေါင်••ဒေါင်”””
သံချောင်းခေါက်သံက••
ညအမှောင်ထုကိုထိုးဖောက်လျက်•••
ကျယ်လောင်စွာထွက်ပေါ်လာလေသည်။
အချိန်မှာမနည်းတော့ပေ။
ညဆယ်နှစ်နာရီခွဲ•••
အကာလာအချိန်ဖြစ်ပေသည်။
ဒီလိုအချိန်ကြီးသံချောင်းခေါက်ခြင်းသည်
မီးသတိပေးသို့မဟုတ်••
ရွာထဲတွင်တစ်ယောက်ယောက်သေလို့သာ
ဖြစ်နိုင်ပေသည်။
သံချောင်းခေါက်သံကြောင့်•••
ညငှက်များမှာ••ဂီးကနဲ•••အော်လျက်
ထပြန်လေသည်။•••
သံချောင်းခေါက်သံကြောင့်
တစ်ရွာလုံးနိုးနိုးကြားကြား
ဖြစ်သွားကြလေသည်။•••
ဆီမီးရောင်လေးများက••
တဲအိမ်စုလေးများဆီမှ••ဟိုမှဒီမှထွက်ပေါ်လာလေသည်။
ထိုစဉ်ရွာစွန်ဘက်မှ••
လူတစ်စုသည်ရွာထဲသို့•••
မီးတုတ်များကိုင်ဆောင်လျက်
ရေးကြီးသုတ်ပြာပုံစံဖြင့်ဝင်လာလေသည်။•••
ထိုသူများမှာကား•••
ကာလသားခေါင်းသာခင်တို့အုပ်စုဖြစ်သည်။•••
“”အူ•••ဝူးးးးးဝူးးး””
“”ဝုတ်•••ဝုတ်••”””
“”တောက်ဒီခွေး”””
“”မလုပ်ပါနဲ့တာတီးရာ•••
ရွာထဲလူစိမ်းတွေဝင်ရင်သူတို့ကိုပဲ
အားကိုးရတာ”””
အနားနားကပ်၍••အူ၍လိုက်လာသော
ခွေးများအား••ခဲနှင့်ထုရန်ပြုနေသော•
တာတီးအားကာလသားခေါင်း
သာခင်ကဟန့်တားလိုက်လေသည်။•••
မကြာပါ••
ရွာလယ်မှခြေတံရှည်အိမ်မဲမဲကြီး
ရှိရာခြံဝင်းထဲသို့ချိုးကွေ့ဝင်လိုက်လေသည်။
“”ဗျို့သူကြီး””
“”ဟေ••သာခင်တို့ပါလား•••
ငါထင်သားသံချောင်းခေါက်သံကြားကတည်းက
မောင်ရင်တို့ရောက်လာမယ်ဆိုတာ
ကဲဘယ်သူဘာဖြစ်တာလဲ”
“”ရွာမြောက်ပိုင်းက•••
ဖွားခင်တုတ်ရဲ့ယောကျာ်းဘကြီးဘပုဆုံးလို့သူကြီး
လူကြီးအချို့ရောက်နေကြပြီ•••
သူကြီးကိုလာခေါ်တာ””
“”အေးငါထင်သားပဲဟ•••
သံချောင်းခေါက်သံကြားတည်းက
ထူးတော့ထူးဆန်းတယ်•••
နေမကောင်းတာကဖွားခင်တုတ်•••
သေတာကဘကြီးဘပု””
“”ဟုတ်တယ်ဘကြီးရေ•••
သူ့သားသမီးတွေလည်းတစ်ယောက်မှ
မရောက်ကြသေးဘူး””
သူကြီးကပြောပြောဆိုဆိုအိမ်အောက်
ရောက်လာလေသည်။•••
အဖွားခင်တုတ်နှင့်ဘကြီးဘပုတို့လင်မယား
ဘဝဟာသနားစရာပင်။
သားသမီးတွေရှိပါလျက်
ကိုယ်စီကြင်ယာစုံလျက်အဝေးရောက်နေကြရာ
ရွာတွင်မိဘနှစ်ပါးမှာ^•
နီးရာလူများစောင့်ရှောက်ပေးရင်း
ဖြတ်သန်းနေရရှာသည်။•••
တကယ်တမ်းနေမကောင်းတာက••
အဖွားခင်တုတ်ဖြစ်ကာ••
ဘကြီးဘပုမှာမနက်ပိုင်းယာခင်းသွားရင်
ညနေစားသောက်ပြီး•••
အိပ်ရာဝင်တော့•••
တစ်ကိုယ်လုံးအေးစက်နေသဖြင့်••
အဖွားခင်တုတ်ကမသင်္ကာသဖြင့်•••
စမ်းကြည့်ရာအသက်မရှိတော့ကြောင်း
တွေ့ရတာဖြစ်သည်။••
“”သူတို့သားသမီးတွေမရောက်ကြသေးဘူးလား”
“”မရောက်ကြပါဘူးသူကြီးရာ
အကြောင်းကြားထားတာကြာလှပါပကော••
အတောင်တွေစုံလို့ရာပျံတော့
မိဘရယ်လို့ရှိမှန်းတောင်မသိကြတော့ဘူး
ထင်ပါရဲ့ဗျာ”””
“”တယ်လည်းမိုက်သကိုးးးးး
သူတို့အတွက်•••
ကိုဘပုတို့မှာဘယ်လောက်
ရုန်းကန်ခဲ့ရလဲ””
“”ဟုတ်တယ်သူကြီးရှိသမျှယာလေးနွားလေး
ရောင်းချပေါင်နှံပညာသင်ပေးထားတာ
ပညာလည်းစုံရော•••
သူတို့လမ်းသူတို့ဖောက်သွားတာ
သူတို့ပဲပညာတတ်လို့
ဒီတောဒီတောင်ကအမေအိုအဖေအိုတွေနဲ့
ပဲမတူမတန်တော့သလို””
“”” ခက်တယ်ကွယ်
ဒါနဲ့အောက်လင်းဓာတ်မီးတွေရော
စုံအောင်ရှိရဲ့လား””
“”ဟုတ်ကဲ့သူကြီး•••
ကျုပ်တို့ကာလသားအဖွဲ့တွေစီစဉ်ထားပြီးပါပြီ””
စကားတပြောပြောဖြင့်•••
မကြာမီ••
အဖွားခင်တုတ်တို့အိမ်သို့ရောက်လာခဲ့သည်။•••
လူကြီးတစ်ယောက်နှစ်ယောက်ဖြင့်•••
တဲအိမ်လေးပေါ်တွင်••
ဘကြီးဘပုအလောင်းဘေးတွင်••
တွေတွေလေးထိုင်နေသော•••
အဖွားခင်တုတ်အား^••
သနားစဖွယ်တွေ့ရသည်။
မျက်ရည်ကြည်အချို့က•••
နောက်ဆုံးအချိန်ထိအနားနားမရှိသော
သားနှင့်သမီးအတွက်လော•••
သွားလေသူလင်ယောကျာ်းအတွက်လော
ဝေခွဲမရရှာပေ။•••
~~~~~~~~~~~
{၂}
အလောင်းအားသုံးရက်တိတိ••
ထားကာစောင့်ပါသော်လည်း•••
အဖွားခင်တုတ်၏
သားနှင့်သမီးမှာပေါ်မလာ၍•••
ရပ်ရွာအစီအစဉ်ဖြင့်ပင်မသာချရန်
စီစဉ်ရလေသည်။••
ရပ်သူရွာသားများ၏
ကောင်းမှုဖြင့်ဘကြီးဘပု၏မသာတလားနှင့်
အခေါင်းထမ်းစင်လေးမှာသပ်သပ်ရပ်ရပ်ပင်။••
ကာလသားခေါင်းသာခင်အပါအဝင်
အလောင်းထမ်းသူကာလသားများမှာ•••
ခေါင်းတလားဘေးတွင်အသင့်ရှိနေကြ
ပြီဖြစ်သည်။•••
ကြေးစည်ထုသူနှစ်ယောက်နှင့်•••
သရဏဂုံတင်ရန်•••
ကျောင်းထိုင်ဆရာတော်နှင့်•••
ခန်းနေဦးပဉ္ဇင်းကိုရင်လေးနှစ်ပါး
ကလည်းအသင့်ဖြစ်နေပေပြီ။•••
ဘကြီးဘပုအတွက်•••
အဖွားခင်တုတ်ပူဆွေးသလို•••
ပူဆွေးနေသူတစ်ယောက်ရှိသည်။
ဘကြီးဘပုအတွက်တင်မဟုတ်
ရွာတွင်မည်သူသေသေသူပူဆွေးတာဖြစ်သည်။
ထိုသူကားကိုသောင်းအေး။
အဘယ်ကြောင့်ပူဆွေးရသနည်းဟူမူ••
ကိုသောင်းအေးသည်ရိုးသား၍
အကျင့်စာရိတ္တကောင်းမွန်သူ
တစ်ယောက်မဟုတ်ပေ။•••
ကိုသောင်းအေး၏လယ်များသည်••
သင်္ချိုင်းသို့သွားရာမသာလမ်းကြောင်း
တစ်ဖက်တစ်ချက်တွင်ရှိသည်။•••
ယခင်မသာလမ်းကြောင်းမှာ
ထော်လာဂျီတစ်စီးအသာသွားရန်
ကျယ်ဝန်းသော်လည်း•••
လယ်တစ်ခါလုပ်၍•••
ကန်သင်းတစ်ခါပြင်တိုင်း•••
မသာလမ်းကြောင်းအားလယ်မြေထဲသို့
ဖဲ့ယူထားရာ••မသာလမ်းကြောင်းမှာ
အခေါင်းထမ်းစင်နှင့်ထမ်း၍
သွားပါက••
လယ်ထဲမှဆင်းသွားမှရပေမည်။•••
လယ်ထဲဆင်းသွားလျှင်
စပါးကျေမည်။••
မတော်အလောင်းမြေကျပါက••
သူ့လယ်တွင်မသာမြုပ်ရမည်။
ရွာတွင်ဓလေ့တစ်ခုရှိလေသည်။
အလောင်းသည်••သင်္ချိုင်းမရောက်ခင်
မြေကျပါကကျသည့်နေရာမှာပင်မြုပ်ရလေသည်။••
ထိုသို့မမြုပ်ပါကရွာညံ့မည်။••
တစ်လောင်းပြီးတစ်လောင်း
လိုက်သေတတ်သည်ဟုအယူရှိလေသည်။•••
အလောင်းထမ်းသည့်အထဲတွင်•••
ကိုသောင်းအေးအားမကျေနပ်သူ
တစ်ဦးရှိလေသည်။•••
ထိုသူကားကိုစိုး••••
မကြာမီ••••
ကြေးစည်သံပေးလျက်
အလောင်းအားစထမ်းလေပြီ။
“”တူ•••နောင်••••””””
အဖွားခင်တုတ်မှာမျက်ရည်အား
တဘက်လေးနှင့်သုတ်လျက်•••
အခေါင်းနောက်မှ•••
နဘေးမှကူတွယ်သူများနှင့်
တရွေ့ရွေ့လိုက်လာလေသည်။••••
“””ဟေး•••ဝေး•••ဟေး•••ဟေး”””
“”အူဝူးးးးဝူးးးး””
ကြေးစည်သံ၊ခွေးအူသံများဖြင့်^••••
ညာသံပေးလျက်အခေါင်းအားဟိုဘက်ဆွဲ
ဒီဘက်ဆွဲလျက်•••
ဆော့နေကြတာမို့
ဆူညံပွက်လောရိုက်နေလေသည်။•••
ကိုသောင်းအေးမှာတော့အခေါင်းဝင်
ထမ်းခြင်းမရှိသော်လည်း•••
အခေါင်းဘေးတွင်ရင်တစ်ထိတ်ထိတ်လိုက်လာရင်း
မိမိလယ်စပ်သို့ရောက်ရှိလာခဲ့သည်။•••
ဒါကိုအကွက်ချောင်းနေသော••
ကိုသောင်းအေးအားအမြင်ကတ်သော
ကိုစိုးမှာအခေါင်းထမ်းစင်အား•••
တစ်ဖက်သို့အားယူတွန်းလိုက်ရာ•••
အခေါင်းထမ်းစင်သည်
ကိုသောင်းအေး၏လယ်ထဲသို့
ကျသွားလေသည်။•••
“””ဟေးးးးးသတိထားလေ”””
အခေါင်းမြေမကျတာမို့တော်တော့သည်။
ကိုသောင်းအေးမှာတစ်ယောက်ယောက်
တမင်ကြံစည်မှန်းသိတာမို့•••
ဒေါပွကာ•••
အခေါင်းတလာဘေးသွားလျက်
ခေါင်းတလားအားထုကာ
ဆဲရေးလေတော့သည်။
“”ဒါတမင်••လုပ်တာ••ကျုပ်မကျေနပ်ဘူး””
“”ကဲပါသောင်းအေးရယ်••
အလောင်းကမြေကျတာလည်းမဟုတ်ဘူး””
“”မကျေနပ်ဘူးဗျာ”””
“”ဒုန်းးး””
ကိုသောင်းအေးကပြောလည်းပြော••
အခေါင်းကိုထုလိုက်ပြန်ရာ•••
အခေါင်းထိပ်ပိုင်းမှခေါင်းတလားအား
ရိုက်ထားသောသံအချို့
ကျွတ်ထွက်သွားလေသည်။•••
ရွာသားများလည်းစိတ်တိုကာ
သူတစ်ခွန်းငါတစ်ခွန်းဖြင့်
စကားများကြရာ•••
ကျောင်းထိုင်ဆရာတော်ထပြောမှ•••
သောင်းအေးမှာမျက်ထောင့်ကြီး
နီလျက်ကျန်ခဲ့လေသည်။••••
ရွာသားများကအလောင်းကိုဆက်ထမ်းသွား
ကာသင်္ချိုင်းသို့ရောက်လာခဲ့သည်။^••
ထို့နောက်ဆရာတော်ကသာရဏဂုံတင်•••
ကာ••• အလောင်းအားကျင်းတူး၍
မြုပ်နှံလိုက်လေသည်။•••••
~~~~~~~~~~~~~
{၃}
အလောင်းအားမြုပ်နှံသဂြိုလ်ပြီးနောက်••
အဖွားခင်တုတ်အားအိမ်ပြန်ပို့ရာ••
အိမ်ပြင်တွင်•••
ဧည့်သည်များရောက်နေသည်ကို
တွေ့ရလေသည်။••
ထိုသူများမှာအခြားမဟုတ်ပေ။
အဖွားခင်တုတ်၏
သားနှင့်သမီးသူတို့၏
ယောကျာ်းနှင့်မိန်းမဖြစ်ဟန်တူသူ
တို့ဖြစ်သည်။••••
သူတို့ကိုမြင်သည်နှင့်
ရွာသားများမျက်နှာရှုံ့မဲ့ကာ
တစ်ဖက်လှည့်သွားကြလေသည်။•••
“”နင်တို့ခုမှဘာလာလုပ်ကြတာလဲ
သိန်းဟန်နဲ့ခင်ထွေး”””
အဖွားခင်တုတ်က•••
အသံမာမာဖြင့်ပြောလိုက်လေသည်။••
“”အမေတို့ပဲအဖေသေလို့အကြောင်းကြားတာလေ
အဖေဘယ်မှာသေလို့လဲ•••
ခင်ထွေးတို့လည်း•••
ကိုယ့်ကိုမလိုအပ်တဲ့နေရာမလာချင်ပါဘူး
ခုအိမ်ပေါ်ကိုတောင်တက်မလာနဲ့တဲ့”””
“”ညည်းဘယ်လိုပြောလိုက်တာလဲ
ခင်ထွေးအမေအိုအဖေအိုကိုကစ်ထားတာ
အားမရလို့သေ
ဆုံးသူပါထပ်စော်ကားလိုက်တာပေါ့လေ””
“”အမေဘာရည်ရွယ်ချက်နဲ့
ညာတာလဲ••”””
သိန်းဟန်ကပါဝင်ပြောတာမို့
နဂိုကတည်းကမကျေနပ်ကြသော
ရွာသူရွာသားများပါ•••
ပါဝင်လာကြလေသည်။••
“”ဒီမှာသိန်းဟန်နဲ့ခင်ထွေး•••
နင်တို့ဒီအမေအိုကို••တာဝန်မယူနိုင်ဘူးဆိုရင်
လည်းငါတို့တာဝန်ယူမယ်•••
သေသွားပြီးတဲ့အဖေကိုတပြီးစော်ကား
နေတာတော့တရားလွန်တယ်
ခုလေးတင်သင်္ချိုင်းကပြန်လာတာ
မယုံရင်သင်္ချိုင်းလိုက်သွား'””
“”ဒါဆိုအိမ်ပေါ်ကငါတို့ကိုနှင်နေတာ
ဘယ်သူလဲ”””
“”ဟင်•••”””
“”ဘာ”””
သိန်းဟန်ကပြောပြောဆိုဆိုတဲသာသာအိမ်လေး
ပေါ်လှမ်းတက်လိုက်ရာ•••
လန့်လွန်းသဖြင့်ဝုန်းဆိုဖင်ထိုင်လဲလေသည်။
အိမ်ပေါ်တွင်•••
မသာပို့ရင်းလမ်းခုလတ်မှပြန်လာသော
သောင်းအေးတစ်ယောက်•••
အိမ်ပေါ်တွင် ထိုင်လျက်•••
ကြက်အရှင်လတ်လတ်ကြီးအား
ပယ်ပယ်နယ်နယ်ကိုက်စားနေလေသည်။
“”အားးးးအမလေးဗျ”””
သိန်းဟန်မှာလဲနေရာမှလှေကားသုံးဆင့်
ပင်မနင်းပဲအိမ်အောက်ခုန်ပြန်ဆင်း
လာနေသည်။
အဖွားခင်တုတ်၏သားနှင့်သမီးလာသည်ဆို၍
လိုက်လာသောသူကြီးနှင့်•••
ကာလသားခေါင်းသာခင်တို့အဖွဲ့မှာ^••
သိန်းဟန်အဖြစ်ကြောင့်အံ့သြသွား
လေသည်။•••
သိန်းဟန်က•••
“”အိမ်••ပေါ်••မှာ””””
သိန်းဟန်စကားမဆုံးသေး
အိမ်ပေါ်မှတစ်စုံတစ်ခုကျလာ၍
ကြည့်လိုက်ရာ^••
သွေးအလိမ်းလိမ်းနှင့်•••
ကြေသေတစ်ကောင်ဖြစ်နေလေသည်။•••
သာခင်နှင့်ကာလသားများမှာ
အိမ်ပေါ်သို့တက်သွားလျက်••
သောင်းအေးအားချုပ်လိုက်လေသည်။
“”အီးးးဟီးးဟီးးးး”””
“”သောင်းအေး••သတိထားလေ””
မကြာမီလူကြီးများပါ
ရောက်လာကြလေသည်။•••
သောင်းအေးမှာ••
ပိန်ပိန်သေးသေးနှင့်•••
လူဗလံလေး•••ဖြစ်သော်လည်း
ယခုမူ••သာခင်တို့လို
လူထွားထွားကြီးငါးယောက်လောက်
ချုပ်ထားရလေသည်။•••
“”သောင်းအေး””
“”ငါ••ငါ••ဘပု•••အီးးးးဟီးးး”””
ဘပုဆိုသောအသံကြောင့်ချုပ်ထားသူ
များပင်လန့်သွားလေသည်။
သူကြီးမှာ••ပါးစပ်တွင်
ကြက်သွေးအလိမ်းလိမ်းဖြင့်
မျက်ထောင့်ကြီးနီအံကြိတ်နေသော••
သောင်းအေးအား••ကြည့်လျက်•••
“”ကိုဘပုဘာအလိုမကျလို့လိုက်လာတာလဲ”””
“”ခင်••တုတ်••ကိုစိတ်မချလို့”””
“”အမလေး••ကိုဘပုရယ်••••
အီးးဟီးးးဟီးးးတော်သာလွှတ်ရာကျွတ်ရာ
သွားပါ””””
“”အီးးးးငါ••မသှားဘူး”””
သိန်းဟန်နှင့်ခင်ထွေးမှာ•••
အဖေနှင့်အမေ၏ဖြစ်အင်ကြောင့်••
မိမိတို့အမှားကိုတွေးမိသွားရသည်။
မိမိတို့ပစ်ထားစဉ်တစ်လျှောက်လုံး•••
အမေနှင့်အဖေသည်တစ်ယောက်ကို
တစ်ယောက်ဖေးမရပ်တည်လျက်•••
ယခုသေသည့်တိုင်အောင်
စိတ်မချဖြစ်ကာ•••
မခွဲနိုင်မခွာရက်ဖြစ်ဟန်တူသည်။
ခင်ထွေးနှင့်သိန်းဟန်မှာ•••
အဖေ့ရှေ့တွင်ဒူးထောက်ကာ••••
“””သားနဲ့သမီးကိုခွင့်လွတ်ပါဖေဖေ
မေမေ့ကိုအသက်ထက်ဆုံး
စောင့်ရှောက်သွားပါ့မယ်””
“”အီးးးဟီးးးးမယုံဘူး••””
“”ယုံပါဖေဖေရယ်ဖေဖေ့အတွက်ပါအတိုးချပြီး
မေမေ့ကိုပိုဂရုစိုက်ပါ့မယ်”””
ဘကြီးဘပုဝင်နေသောသောင်းအေးမှာ
အံကြိတ်လျက်တဟင်းဟင်း
ညည်းနေတာမို့•••
သားမက်နှင့်ချွေးမမှာ•••
ပါဝင်တောင်ပန်းလေသည်။•••
ထိုစဉ်သူကြီးလူလွှတ်၍ပင့်ခိုင်းလိုက်သော
ဆရာတော်ဘုရားကြွလာလေသည်။••••
“”ဒကာကြီးဘယ်လိုဖြစ်ရတာလဲ””
“”အင့်•••အီးးးဟီးးးး””””
“”ဒကာကြီးကဒီလိုပုံစံမဟုတ်ပါဘူး•••
သားတွေသမီးတွေလည်း•••
တောင်းပန်နေပြီပဲ••
ဒကာကြီးစိတ်ချပါ^•••
လွှတ်ရာကျွတ်ရာသွားပါ••••”””
ဆရာတော်ကတရားချရင်း•••
ဆုံးမရင်းဖြင့်•••
သောင်းအေးမှာတဖြည်းဖြည်းငြိမ်ကျ
လာလေသည်။•••
ထို့နောက်သတိလစ်သွားသလို
အသံတိတ်သွားလေသည်။^••
ထို့နောက်ပရိတ်ရေများဖြင့်ပက်ဖြန်းရင်း
သတိလည်လာလေသည်။•••
“”ကျုပ်ဘယ်လိုဖြစ်တာလဲ”””
“”သွေးးးသွေးတွေက””
“”ပြန်စဉ်းစားကြည့်ပါသောင်းအေး”””
သူကြီးပြောမှသောင်းအေးသေချာစဉ်စား
ဟန်ပြုသည်။••••
“” အခေါင်းစင်စောင်းကျတုန်းက••
ကျုပ်တလားကိုထုရင်း•••
ကျုပ်ကိုယ်လေးလာတာပဲသိတော့တယ်””
“”ငမိုက်သား•••
မင်းကအခေါင်းကိုသွားပုပ်တော့ခေါ်
လာသလိုဖြစ်ပြီး••ဘကြီးဘပု
လိုက်လာတာပေါ့””
“”ဗျာ”””
သောင်းအေးမှာခုမှနောင်တရသွား
လေသည်။••
မိမိတို့အမှားကိုသိသွားကြပြီးသော
ခင်ထွေးနှင့်သိန်းဟန်မှာ••
ရွာသူရွာသားများအားတောင်းပန်လျက်
မိခင်ကြီးအား•••
အသက်ထက်ဆုံးလုပ်ကျွေးရန်ဝန်ခံလေသည်။••
ထို့နောက်ဖခင်အတွက်••ရည်စူးလျက်•
တစ်ရွာလုံးထမင်းရည်ချောင်းစီးလှူကာ
မိခင်အားမိမိတို့နေထိုင်ရာ
မြို့သို့ခေါ်ဆောင်သွားလေတော့သည်။•••
The end
Mon Mon Khaing